အခန်း ၁၅၃
Vol. 16 Ch. 153
153 01
အပိုင်း 153
…
နှစ်ရက်၊ သုံးရက်ခန့် ကြာပြီးနောက် ချင်ယွီစွေသည် ဗိုလ်ချုပ်လုံကို သူ ကလေးထိန်းတစ်ယောက် ရှာတော့မည် ဖြစ်ကြောင်း ပြောခဲ့လေ၏။
ဗိုလ်ချုပ်လုံသည် စကားတစ်ခွန်းမှ မပြောဘဲ မြို့တော်သို့ ဆက်သွယ်ခဲ့၏။ နှစ်ရက်အတွင်း သေသပ်စွာ ဝတ်စားထားသည့် အသက် ၄၀၊ ၅၀ ခန့်ရှိသည့် အမျိုးသမီး သုံးဦးက မြို့တော်မှ ရောက်လာလေ၏။ ထိုသုံးယောက်လုံးသည် အေဂျင်စီကနေ ဗိုလ်ချုပ်လုံ ရှာတွေ့ထားသည့် ယုံကြည်အားကိုးရသည့် လူများ ဖြစ်သည်။
ယွင်ယွီသည် အန်တီကြည်က ထိုလူသုံးယောက်ကို ခေါ်လာတာကို ကြည့်ပြီး ရယ်မောလိုက်၏။
“ကျွန်မတို့တွေ ဒီလောက်အများကြီး ဘာလို့ လိုမှာလဲ”
အန်တီကြည်က ပြောလိုက်လေ၏။
“ဗိုလ်ချုပ်လုံပြောတာ သမီး နှစ်သက်တဲ့လူကို ရွေးလို့ရတယ်။ ဒါမှမဟုတ် အားလုံး ခေါ်ထားလည်း ရတယ်။ အိမ်အလုပ်လည်း ကူလုပ်ပေးနိုင်တယ်တဲ့”
“တစ်ယောက်ဆို လုံလောက်ပါပြီ”
ယွင်ယွီက ခေါင်းခါလိုက်မိ၏။ သူမက မူမူအတွက် ကလေးထိန်းတစ်ယောက် ရှာချင်ရုံသာ ဖြစ်ပြီး အိမ်သန့်ရှင်းရေး လုပ်ဖို့ တစ်စုံတစ်ယောက်က ပုံမှန် လာမှာပဲ ဖြစ်သည်။
သူမနှင့်ချင်ယွီစွေ အိမ်တွင် မရှိချိန်တွင် ကလေးထိန်းကာ မူမူကို အပန်းဖြေစခန်းသို့ ခေါ်လာနိုင်၏။ သူမ စိုက်ခင်းမှ ထွက်ကုန်များဖြင့် ပြုလုပ်ထားသည့် အစားအသောက်များကို သူမ စိတ်ချထားနိုင်သည်။
တကယ်တော့ သူမသည် ကလေးထိန်းကိုပဲ အယုံအကြည်ထားတာ မဟုတ်ပေ။ အိမ်ထဲ၌ ဝိညာဉ်ဖြစ်လုနီးပါး နှင့် ဝိညာဉ်ဖြစ်နှင့်နေပြီးသား တိရစ္ဆာန်သုံးကောင် ရှိနေသည်။ သူတို့က အိမ်ကို စောင့်ကြပ်ပေးရန် ကူညီပေးကြကာ အထူးသဖြင့် မူမူနား ကပ်ရသည်လည်း နှစ်သက်၏။ မူမူကလည်း သူတို့ကို အလွန် သဘောကျသည်။
အဘွားဟွမ်သည် ဝိညာဉ်ဖြစ်လာပြီးနောက် နေ့စဉ်နေ့တိုင်း အိမ်ကို စောင့်ကြပ်ရန် ကူညီပေး၏။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ယွင်ယွီသည် သူ့ကို ကိုးကွယ်လိုစိတ်ရှိသည့် တစ်စုံတစ်ယောက် ရှာခိုင်းခဲ့သည်။
အဘွားဟွမ်က သဘောမတူခဲ့ဘဲ ရွာက သာယာဝပြောကာ ဝိညာဉ်စွမ်းအင်များ ပြည့်နေကြောင်းနှင့် လူတစ်ယောက်ကို ပူးကပ်ပြီး ကူညီခိုင်းမည့်ထက် ဤနေရာတွင် ကျင့်ကြံရတာ ပိုလွယ်ကူကြောင်း ပြောခဲ့သည်။
ထိုကြောင့် အဘွားဟွမ်သည် ယွင်ယွီအား သူ့ကို ဆက်ခေါ်ထားခိုင်းရန်နှင့် နေ့စဉ်နေ့တိုင်း သူစားသောက်ဖို့ အနည်းအကျဉ်း ပေးရုံမျှသာ လိုအပ်ကြောင်း ပြောခဲ့သည်။
ယွင်ယွီကလည်း ဆန္ဒရှိ၏။ မိသားစုထဲ၌ တိရစ္ဆာန်သုံးကောင် ရှိနှင့်နေပြီးသား ဖြစ်သည်။ ထိုကြောင့် တစ်ယောက်ပိုလာလည်း မထူးပေ။
အဘွားဟွမ်က အလွန်ထက်မြက်သည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမက တစ်စုံတစ်ခုအတွက် အပြင်သွားဖို့ လိုအပ်လာလျှင် မူမူကို ရှာနိုင်သည်။
သို့သော်ငြား ကလေးထိန်း ရွေးချယ်သည့် အချိန်၌ ဂရုစိုက်ရမည်။ ယွင်ယွီသည် အန်တီကြည်ခေါ်လာသည့် အမျိုးသမီး သုံးယောက်၏ မျက်နှာကို ကြည့်လိုက်သည်။
နောက်ဆုံး၌ အပြာနုရောင် အင်္ကျီနှင့်ဘောင်းဘီကို ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ကို လက်ညိုးထိုးပြလျှက် ပြောလိုက်သည်။
“အန်တီပဲ”
ထိုအမျိုးသမီး၌ ကောင်းမွန်သော မျက်နှာထားရှိကာ တောက်ပသည့် မျက်ဝန်းရှိလျှက် သူမသည် လူတို့၏ အကြည့်ကို ဘယ်တော့မှ မရှောင်ပေ။ မျက်ခုံးများ တန်းနေကာ အလွန် သဘောထားကြီးပုံ ပေါ်၏။ လေးထောင့်ဆန်သည့် မေးစေ့ရှိကာ စည်းကမ်း စည်းမျဉ်းများအတိုင်း လုပ်တတ်သူ ဖြစ်သည်။
ဤလူကိုသာ မူမူကို ဂရုစိုက်ဖို့ ခေါ်နိုင်၏။ ကြောက်လွန်းသည့်လူကို ရှာ၍ မရပေ။ မဟုတ်လျှင် အပြင်ထွက်ရင် အနည်းအကျဉ်း ခံရလိမ့်မည်။
153 02
ဤအမျိုးသမီး၏ မျက်နှာသည် သူမက ကြင်နာတတ်ရုံသာမက အလွန်ပျော်ရွှင်တတ်သည့် အကျင့်စရိုက်ရှိကြောင်း ပြသနေသည်။ သူမ မူမူနှင့် ရှိလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ကျန်သည့် နှစ်ယောက်အတွက်ကမှု တစ်ဖက်က ကြင်နာပုံပေါ်သော်ငြား ကြောက်ရွံ့တတ်လွန်းနေ၏။ ညာဖက်ခြမ်းကမှု ယွင်ယွီက သူမကို တစ်ချက်ကြည့်လိုက်သည်။
ထိုအမျိုးသမီးက စိတ်မပျော်ဖြစ်ကာ ပြောလိုက်လေ၏။
“ဘာလို့ ကျွန်မကို မရွေးတာလဲ။ ကျွန်မ လုပ်နိုင်တာတွေ လုပ်နိုင်တာပဲ”
သူတို့ ရွေးချယ်ခံရသည့်အချိန်၌ သူတို့သူဌေးသည် ဗိုလ်ချုပ်လုံ၏ မြစ်လေးအတွက် ကလေးထိန်းတစ်ယောက် ရှာနေကြောင်း သူဌေးက ပြောခဲ့၏။ ၎င်းက ရှားပါးသော အခွင့်အရေးတစ်ရပ် ဖြစ်သည်။
မြို့တော်၌ လုံမိသားစုက မည်ကဲ့သို့သော တည်ရှိမှုဆိုတာ လူတိုင်း သိကြသည်။ ဗိုလ်ချုပ်လုံ၏ မြစ်လေးအတွက် ကလေးထိန်းတစ်ယောက် ဖြစ်ချင်ကာ ကိစ္စကောင်းတစ်ရပ် ဖြစ်သည်။ သူတို့အားလုံး မြို့တော်မှ လာတာ ဖြစ်ပြီး သူတို့၏ မျိုးဆက်များကလည်း မြို့တော်တွင် နေထိုင်ကြသည်။ သူတို့သည် လုံမိသားစုနှင့် ဆက်သွယ်နိုင်ခဲ့မည်ဆိုလျှင် သူတို့ကလေးများက နောင်ကျ အဆက်အသွယ် ပိုရလာနိုင်မည်ဖြစ်၏။ ယင်းက ကျန်သည့်သူများ တိုက်ခိုက်နေမည့် အရာပဲ ဖြစ်သည်။
ယွင်ယွီသည် ညာဘက်ခြမ်းရှိ အမျိုးသမီးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေ၏။
“ရှင့်ကို ဘာလို့ မရွေးတာလဲ ရှင် မသိဘူးလား။ ရှင်က အရင်အိမ်မှာတုန်းက ခိုးမှုတွေ ကျူးလွန်ခဲ့တယ် မဟုတ်လား”
ထိုအမျိုးသမီးသည် အခွင့်အရေးငယ်လေးများကို အမြတ်ထုတ်ကာ ခိုးကြောင်ခိုးဝှက် လုပ်ရတာ နှစ်သက်၏။ တစ်စုံတစ်ယောက်က ထိုကဲ့သို့ အရာ လုပ်နိုင်လျှင် နောင်ကျ ပိုက်ဆံအတွက် ပိုတောင် ဆိုးရွားသည့် အရာ မလုပ်ဟု မည်သူမှ အာမ မခံနိုင်ပေ။
“နင် … နင် ငါ့ကို စွပ်စွဲနေတာ”
ထိုအမျိုးသမီး၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားပြီး ဝန်ခံရန် ငြင်းဆန်နေလေ၏။
အန်တီကြည်နှင့် ကျန်သည့်သူများက မှင်သက်သွားသည်။ သူတို့အားလုံးသည် အိမ်တစ်ခုတည်းတွင် အလုပ်လုပ်ကြတာ ဖြစ်သည်။ လူတစ်ယောက်နှင့် တစ်ယောက် သိပ်မရင်းနှီးသော်ငြား အသိအကျွမ်းများ ဖြစ်သည်။
အန်တီကြည်သည် ဗိုလ်ချုပ်လုံနှင့်အတူ ဟယ်ချင်ကျေးရွာ၌ နေလာတာ သုံးလကြာသွားပြီ ဖြစ်သည်။ သူမက ယွင်ယွီ၏ အရည်အချင်းကို သိသောကြောင့် သူမ ပြောတာကို ယုံသည်။
ယွင်ယွီက သူမကို ပြောရမှာ ပျင်းရိလွန်းနေကာ အန်တီကြည်ကို ပြောလိုက်သည်။
“အလယ်က အန်တီကိုပဲ ရွေးလိုက်တာပေါ့”
အန်တီကြည်သည် ကျန်သည့်သူနှစ်ယောက်ကို ခေါ်သွားမှာကို စောင့်နေစဉ် ထိုအမျိုးသမီးက ကျိန်ဆဲလေ၏။ အန်တီကြည်က အေးတိအေးစက် ပြောလိုက်သည်။
“လျော့ပြော သူက ဗိုလ်ချုပ်လုံရဲ့ မြေးချွေးမပဲ။ သူက ရွာမှာ ဂုဏ်သတင်း မြင့်ပြီးသား။ သူက နာမည်ကျော်ကြားတဲ့ ဖုန်းရွှေပညာရှင်။ ပြီးတော့ သိပ်တိကျတယ်။ သူ လက်လွတ်စပယ် ပြောမှာ မဟုတ်ဘူး”
ထိုအမျိုးသမီးက အိုသို့အမ်းတမ်းဖြင့် ပါးစပ်ပိတ်သွားလေ၏။
ခြံဝန်းထဲတွင် ယွင်ယွီက မေးလိုက်တော့သည်။
“အန်တီ ကျွန်မ အခုကစပြီး အန်တီကို ဘယ်လိုခေါ်ရမလဲတော့ မသိဘူး။ ကျွန်မရဲ့ မူမူကို ဂရုစိုက်ပေးဖို့အတွက် ဒုက္ခပေးရတော့မှာပဲ”
ကျန်ရစ်ခဲ့သည့် အမျိုးသမီးက ရွှင်ပြစွာ ပြောလိုက်၏။
“အန်တီ့နာမည်က ကျောက်ရင်ချုံ။ အခုကစပြီး အန်တီကို အန်တီကျောက်လို့ ခေါ်လို့ရတယ်”
“အန်တီကျောက် ဒါဆိုရင် ကျေးဇူးပြုပြီး အခန်းတစ်ခန်း လိုက်ရွေးပါအုန်း။ နောင်ကျ ဒီမှာ အဆင်ပြေသလို နေလို့ ရတယ်”
ယွင်ယွီက အန်တီကျောက်ကို အခန်းရွေးခိုင်းလိုက်ပြီးနောက် လက်ဆွဲသေတ္တာ ထုတ်ပိုးခိုင်းလိုက်ပြီး တစ်ရက်တာ အနားယူခိုင်းလိုက်၏။
153 03
တကယ်တော့ မူမူကို ဂရုစိုက်ရတာ တော်တော် လွယ်ကူသည်။ သူက လိမ္မာပြီး ဗိုက်ပြည့်နေသ၍ ပြဿနာ မရှာတတ်ပေ။ သူက ညအချိန်တွင် ယွင်ယွီနှင့် အိပ်နေသေးသောကြောင့် ညတိုင်း ကလေးထိန်းထားရန် မလိုအပ်ပေ။
နေ့အချိန်တွင်လည်း အလွန် သက်သာ၏။ မူမူကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွားရုံသာ လို၏။
လွယ်ကူလွန်းနေသောကြောင့် ဖြစ်ဟန်တူသည့် အန်တီကျောက်က ရှက်ရွံ့လာသောကြောင့် အိမ်တွင် တစ်ရက် သုံးနပ်ချက်ပေးရန် တာဝန်ယူလိုက်၏။ အန်တီကျောက်က အလွန်အချက်အပြုတ် ကောင်းသည်။
နှစ်ရက်ခန့် ကြာပြီးနောက် ယွင်မေ့ကျန်းကလည်း ကစားရန်အတွက် ချန်းရွှေမြို့မှ ရွာသို့ ရောက်လာသည်။
သေတ္တာကြီး တစ်လုံးကို သယ်လာပြီး ယွင်ယွီကို မြင်သောအခါ သူက မကျေမချမ်း ပြောလိုက်၏။
“အစ်မ သမီး ဒီမှာ ကစားဖို့လာတာ။ အိမ်မှာ မနေချင်ဘူး”
ယွင်ယွီက နေ့အချိန်က စာမေးပွဲ ကောင်းကောင်း မဖြေနိုင်ခဲ့ကြောင်းနှင့် သူမဦးလေးနှင့် ဒေါ်လေး မျှော်မှန်းသည့် ရလဒ်ရကြောင်း သိထား၏။ သို့သော်ငြား သူမသည် ဒုတိယအဆင့် တက္ကသိုလ်ဝင်ခွင့်ဖို့ ပြဿနာ မရှိသေးပေ။ ဦးလေးနှင့် ဒေါ်လေးက နောက်တစ်နှစ် သူမကို စာလေ့လာစေချင်သည်။ နောက်နှစ်၌ ထိပ်တန်းတက္ကသိုလ်ကို ဝင်စေချင်ပုံပေါ်၏။
မေ့ကျန်းက မပျော်တော့ပေ။ သူမ စာလေ့လာရာ၌ ပါရမီ မရှိ။ စာလေ့လာရန် အကောင်းဆုံး ကြိုးစားခဲ့ပြီး အထက်တန်းကျောင်း စီနီယာနှစ်၌ စာမေးပွဲအတွက် လေ့လာခဲ့သည်။ ဒုတိယအဆင့် တက္ကသိုလ်ကို ဝင်ရောက်ခွင့်ရလာတာပင် တော်လှပြီဖြစ်သည်။ သူမ စာလေ့လာတာ အဆုံးသတ်ပြီး စာသုံးသပ်စရာ မလိုတော့ဟု ထင်ခဲ့သည်။ သူမ အိမ်တွင် နေစဉ် မိဘများနှင့် အမြဲတစေ ရန်ဖြစ်နေ၏။ သူမ သည်းမခံနိုင်တော့သည့် အချိန်၌ ဤနေရာသို့ ထွက်လာပြီး လာကစားတာပဲ ဖြစ်သည်။
ဒုတိယဦးလေး မိသားစုမှ ရွှမ်းရွှမ်းကလည်း ဒီနှစ်အတွင်း ရောက်လာ၏။ ယွင်ယွီက သူမကို လာခိုင်းလိုက်သည်။ ဆိုရလျှင် ယွင်မိသားစုမှ ကလေးဖြစ်သည့် သူမက အရာအားလုံး အဆင်ပြေနေသ၍ မျှော်လင့်နိုင်၏။ သူမက လူ့အသိုင်းအဝိုင်းအတွက် အကျိုးမဆောင်နိုင်လျှင်တောင် အနည်းဆုံးတော့ ပြဿာနာ မရှာဘဲ မှန်ကန်သော တန်ဖိုးဖြင့် လူတစ်ယောက် ဖြစ်သင့်သည်။
အိမ်တွင် အခန်းလွှတ်များစွာ ရှိ၏။ သို့သော် မိန်းကလေးနှစ်ယောက်က တစ်ခန်းထဲ နေရသေးသည်။
အိမ်ရှိ မိသားစုဝင်အရေအတွက်က တိုးလာပြီး ယွင်ယွီက အိမ်၌ မူမူကို ထားရတာ ပိုစိတ်ချလာသည်။
ဇူလိုင်လကုန်တွင် ချင်ယွီစွေက တာဝန် ထမ်းဆောင်ရန် ထွက်သွားပြီး ယွင်ယွီကမှု သူ့အား အဆောင်များစွာ လုပ်ပေးလိုက်ပြီး ပို့လိုက်၏။
သူ ရုတ်တရက် ထွက်သွားတာ ဖြစ်သည်။ ယွင်ယွီက မနက်ခင်း နိုးလာချိန်တွင် အနည်းငယ် မသက်မသာ ဖြစ်နေ၏။ သူမဘေးရှိ နေရာလွတ်ကို စိုက်ကြည့်နေမိသည်။ သူ အိမ်မှ ထွက်သွားကြောင်း သဘောပေါက်ရန် အချိန်တစ်ခဏယူလိုက်ရသည်။
အန်တီကျောက်က မနက်ခင်း၌ မနက်စာ လုပ်ထားပေး၏။ ရွှမ်းရွှမ်းနှင့် မေ့ကျန်းတို့ကလည်း ရောက်လာပြီး အိပ်ရာ စောစောဝင်ပြီး အနားယူသည့် အချိန်ဇယားက အလွန်ကောင်းမွန်၏။
မနက်စာ စားပြီးနောက် ယွင်ယွီသည် အပန်းဖြေစခန်း သွားတော့မည်အချိန်တွင် လုံချီရှောင်ဆီမှ ဖုန်းခေါ်ဆိုမှု ရလိုက်သည်။
“ဟယ်လို အစ်ကိုဝမ်းကွဲ”
ဖုန်းထဲရှိ လုံချီရှောင်၏ အသံက အတော်လေး ပျော်ရွှင်နေသည်။
“ရှောင်ယွီအာ ပြီးခဲ့တဲ့ တစ်ခေါက်က ဖြေရှင်းခိုင်းတဲ့ ကိစ္စလေ။ အဲဒီလူက ရဲစခန်းထဲ ရောက်သွားပြီး စန်းမိဘတွေရဲ့ လွှမ်းမိုးမှုဆို သူက အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀လောက် နေရမှာ။ ဒါတင်မကဘူး။ စန်းမိသားစုက သူ့ကို အလွယ်တကူ အလွှတ်မပေးမှာ သေချာတယ်။ စန်းရှုယန်ရဲ့ တကယ့်ပိုင်ဆိုင်မှုလည်း ဖော်ထုတ်ခံလိုက်ရပြီ။ ဒါ့အပြင် စန်းမိဘတွေကလည်း အာဏာရှိတာ။ အဲဒီလူ ထောင်ကျသွားပြီးတော့ စန်းမိဘတွေက အိမ်ဆီကို လူတွေ ခေါ်သွားပြီး ကလေးနှစ်ယောက်ကို ချက်ချင်း ခေါ်လာလိုက်တယ်လေ”
153 04
မြို့တော်က စန်းမိသားစု၏ ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပေးနိုင်သည့် မော့အန်လော့၏ မိဘများက မိုင်ထောင်ချီ ကွာဝေးသည့် ကျေးလက်မှ လာတာ ဖြစ်သည်။ သူတို့ အငိုက်မိသွားကာ သူတို့ကလေးကို မည်သို့ ပြန်ထုတ်ရမည်မှန်း မသိချေ။
လုံချီရှောင်က စီးကရက် ခဲထားလျှက် ဆက်ပြောလိုက်သည်။
“အခု အဲဒီကောင်ရဲ့ မိဘတွေက သူတို့ သားကို ပြန်မရနိုင်တော့ ငိုယိုနေကြပြီး သူတို့ အိမ်ထဲကလည်း ကန်ထုတ်ခံလိုက်ရတော့သည်။ စန်းရှုယန်ကြောင့် သေသွားတဲ့ ကလေးမိဘတွေကလည်း ဒီအဖြစ်အပျက်ကို သိပြီး မော့အန်လော့က တရားခံမှန်း သိသွားပြီး သူတို့က အိမ်ကို လာပြီး မော့အန်လော့ရဲ့ မိဘတွေကို ရိုက်နှက်နေကြတာ။ အခု အခြေအနေက ထိန်းချုပ်လို့ မရတော့ဘူး”
“ကျေးဇူးပါပဲ အစ်ကိုဝမ်းကွဲ”
ယွင်ယွီက မေးလိုက်သည်။
“ဒါဘယ်လိုလုပ် ဖြစ်ရတာလဲ”
သူမသည် တချို့တလေ ခန့်မှန်းမိပြီးသား ဖြစ်သည်။
လုံချီရှောင်က ပြောလိုက်၏။
“သူ့ကို ခြောက်လှန့်နိုင်တဲ့ တစ်ခုခု ရှာလိုက်တာလေ”
သူတို့အားလုံးသည် ရွှမ်းမန်မှ ဖြစ်သောကြောင့် သရဲတစ်ကောင်၊ နှစ်ကောင်သိတာ ပုံမှန်ပဲ ဖြစ်သည်။
လုံချီရှောင်က အကူအညီတောင်းရန် သရဲမတစ်ကောင်ကို ရှာပြီးနောက် ဆန်းရှုယန်ပုံစံ ဝတ်စားပြင်ဆင်ခိုင်းကာ နေ့ရောညပါ မော့အန်လော့ကို ခြောက်လှန့်ခိုင်း၏။
ထိုသရဲမက တကယ် ရက်စက်သည်။ သူမက စန်းရှုယန်အတွက် စိတ်မကောင်းဖြစ်သွားတာ ဖြစ်ဟန်တူသည်။ ထိုကြောင့် မော့အန်လော့ကို ခြောက်လှန့်ချိန်၌ သူ့ကို သေလုနီးပါး ခြောက်လှန့်ခဲ့၏။ သူမက ကြောက်စရာအကောင်းဆုံး ပုံစံဖြစ်အောင် ခြောက်လှန့်ခဲ့သည်။ ထိုလအတွင်း မော့အန်လော့ သည်းမခံနိုင်တော့ဘဲ ထိုအမျိုးသမီးသရဲမ တောင်းဆိုသည့်အတိုင်း ဝန်ခံခဲ့သည်။
သူ အကူအညီတောင်းရန် တာအို ရသေ့ဆီ သွားချင်ခဲ့သော်ငြား လုံချီရှောင်တားတာ ခံခဲ့ရ၏။
နောက်ဆုံးတွင် မော့အန်လော့သည် ရွေးချယ်စရာ မရှိတော့ချေ။ သရဲမက သူသာ အညံ့မခံပါက သူမသည် သူ့ကို ဆယ်ရက်အတွင်း သတ်မည်ဟု ဆိုခဲ့သည်။ ထိုကြောင့် သူ စိတ်ပိုင်းဆိုင်ရာ ပြိုလဲကာ ဝန်ခံရန် ရဲစခန်းသို့ သွားခဲ့၏။
ဤအဖြစ်အပျက်က သူတို့ နယ်ပယ် အသိုင်းအဝိုင်းထဲ ပြန့်သွားပြီးနောက် သူတို့က ဝမ်းနည်းနေခဲ့၏။ မော့အန်လော့သည် ကြင်နာတတ်သော အသွင်အပြင်အောက်၌ တိရစ္ဆာန်များထက်တောင် ဆိုးသည့် စိတ်နှလုံး ရှိလိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။
မထင်မှတ်ထားသည့်အရာ ဖြစ်မလာလျှင် မော့အန်လော့သည် သေချာပေါက် ပြစ်ဒဏ်ချခံရလိမ့်မည်။ သူ ထောင်ကျသွားပြီးနောက် ပြစ်မှု မှတ်တမ်း ရှိသွားပြီ ဖြစ်၏။ နှစ်နှစ်ကျော် ကြာပြီးနောက် သူ ထွက်လာသည့်တိုင် သူ့ဘဝက ပျက်စီးသွားလိမ့်မည်။ ဆေးရုံက သူ့ကို မလိုချင်တော့ပေ။ သူ၌ ဘာမှ မကျန်တော့ပေ။ ကလေးနှစ်ယောက်ကလည်း သူ့အပေါ် သံယောဇဉ် မရှိ။ သူက သနားစဖွယ် သေဖို့တာ စောင့်နေရုံ ရှိသည်။
ယွင်ယွီက ဤရလဒ်ကို ကျေနပ်နေ၏။
ယင်းသည် ဉပဒေ၏ မျှတမှုပဲ ဖြစ်သည်။ စန်းရှုယန်က မလှုပ်ရှားခဲ့ပေ။ သူမ၏ ဝိညာဉ်ပြန်လည် ဖွဲ့တည်နိုင်သည့်အချိန်၌ သူမက မြေအောက်လောကသို့ သွားကာ ပြန်လည် မွေးဖွားဖို့ စောင့်နိုင်သည်။
ဖုန်းချပြီးနောက် ယွင်ယွီသည် စန်းရှုယန်၏ အခန်းသို့ သွားလိုက်၏။ ထိုအခန်းထဲတွင် ဝိညာဉ်စုစည်းခြင်း အစီအရင် ပြုလုပ်ထားကာ အတော်လေး ခြောက်ခြားဖွယ်တော့ ကောင်းသည်။
စန်းရှုယန်သည် အိတ်ကို တွယ်ကပ်နေရန် မလိုပဲ အခန်းထဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ ဖြစ်သည်။ ယွင်ယွီက စန်းရှုယန်ကို ရလဒ် ပြောပြလိုက်သောအခါ စန်းရှုယန်က သွေးမျက်ရည်များ ကျလာလေ၏။
“ဆရာသခင် ယွင် ကျေးဇူးတင်ပါတယ်”
ယွင်ယွီက လက်ဝှေ့ရမ်းလိုက်၏။
“ရပါတယ်။ နောင်ကျ ရှင် ဘာတွေ စီစဉ်ထားလဲ”
သူမ၏ ဤနယ်ပယ်ထဲ ဝင်လာချိန်မှ စပြီး သူမ တတ်နိုင်သမျှ ကူညီပေးမှာပဲ ဖြစ်သည်။
စန်းရှုယန်က ပြောလိုက်၏။
“ကျွန်မ ပိုကောင်းလာတဲ့အချိန်အထိ စောင့်ပြီး မိဘနဲ့ ကလေးတွေကို သွားကြည့်ချင်သေးတယ်”
သူတို့က သူမ ဂရုအစိုက်ဆုံး လူများ ဖြစ်၏။ သူမ သေလွန်ပြီးသည့်တိုင် လက်မလွှတ်နိုင်သေးသည့် ခံစားချက် ဖြစ်သည်။
******