Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

YY. (125.1)

156 01

အပိုင်း 156

ကောင်းကင်ထဲ၌ လခြမ်းကွေး ရှိနေပြီး ကမ္ဘာမြေက မည်းမှောင်နေ၏။ တစ်ခုတည်းသော လရောင်သည် သစ်သီးများဖြင့် ပြည့်နှက်နေသော ချယ်ရီပင် ပိတ်ဆို့ခံထားရသည့် သူက ချယ်ရီခြံထဲ၌ လမ်းလျှောက်နေစဉ် မည်သည့် အလင်းရောင်မှ မရှိချေ။ သူခိုးက သူ၏ ကျော၌ ချယ်ရီသီးအိတ်ကို လွယ်ထားလျှက် ခြံထဲလျှောက် နေလေ၏။ ချယ်ရီရနံ့က နှာခေါင်းဝထဲတွင် ပြည့်နေတော့သည်။ သူ တံတွေး မျိုချလိုက်မိ၏။ ဤနေရာရှိ သစ်သီးများကို မည်သို့ စိုက်ပျိုးထားမှန်း သူ မသိပေ။ အတန်းလိုက် စိုက်ထားတာ မဟုတ်ဘဲ စိုက်ပျိုးပုံက ရှုပ်ထွေး၏။ သူက ၁၀ မိနစ်ကျော်ကြာအောင် သစ်သီးခြံထဲတွင် လျှောက်နေသော်ငြား ခြံထဲမှ မထွက်နိုင်သေးပေ။

သူခိုးသည် အနည်းငယ် စိတ်မရှည် ဖြစ်လာတော့သည်။ သူက ချယ်ရီသီးအိတ်ကို ခြေရင်းသို့ ပစ်ချလိုက်ပြီး မတ်မတ်ထိုင်ကာ နဖူးမှ ချွေးကို သုတ်လိုက်၏။ သူ အထဲသို့ ဝင်လာစဉ်က ခြံထဲ အချိန်ကြာမြင့်စွာ မလျှောက်ခဲ့ရဘဲ အလွန်ဆုံး ၂ မိနစ်ခန့်သာ ကြာအောင် သူမှတ်မိသည်။ သူ လမ်းမှားနေလား မသိပေ။ သို့သော် ၁၀ မိနစ်ကျော်ကြာ လျှောက်ပြီးသည့်တိုင် အပြင်မထွက်နိုင်သေးချေ။ သူက တည့်တည့်လျှောက်နေတာ ဖြစ်၏။ လမ်းမှားဖို့ဆိုတာ မဖြစ်နိုင်။ ဘာဖြစ်နေတာလဲ။ ဝင်္ကပါထဲတွင် ပိတ်မိနေတာလား။

ထိုလူသည် မကောင်းမူကို မယုံကြည်။ ပစ္စည်းကို ကျောပိုးလွယ်လျှက် တည့်တည့် လျှောက်လေ၏။

အချိန်အတော်ကြာ ပြီးနောက် သူ ဖုန်းထုတ်ကာ ဖုန်းဆက်ကြည့်လိုက်သည်။ နောက်ထပ် နာရီဝက် ကြာသွားပြီဖြစ်ကာ သူက လည်နေသေးဆဲ ဖြစ်သည်။ ဒီတော့မှ သူ ကြောက်လန့်လာလေ၏။ သူ၏မျက်နှာက ဖြူဖျော့သွားကာ ရေထဲက ထွက်လာသည့် ငါးတစ်ကောင် ပမာ ချွေးများ နစ်နေလေ၏။ သူက မျက်နှာပေါ်ရှိ ချွေးကို သုတ်ကာ အကူအညီလည်း မတောင်းရဲချေ။ မဟုတ်လျှင် ညသန်းခေါင်ယံအချိန်၌ သစ်ခွခြံထဲ သူရောက်လာရသည့် အကြောင်းအရင်းကို သူ မည်သို့ ရှင်းပြရမည်နည်း။

ဝမ်ယုလင်နှင့် ဝမ်ကျစ်ရှင်းတို့က သူ့နောက်လိုက်သွားပြီး သရဲ နှစ်ကောင်က ဆွေးနွေးနေလေ၏။

“ဝင်သွားပြီး သူ့ကို ခြောက်သင့်လား”

ဝမ်ယုလင်က ထိုလူ၏ ပြာနှမ်းနေသော နှုတ်ခမ်းကို ကြည့်ကာ တုံဆိုင်းသွားတော့သည်။

“အဲလို မလုပ်ကြရအောင်။ သူ ကြောက်လန့်နေမိလေပြီ။ သူ့ကို ခြောက်လှန့်ပြီးပြီ။ သူ နေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဆရာယွင်ကို ဒုက္ခရောက်စေလိမ့်မယ်”

သူနှင့်အတူ ဆော့ကစားရန် ကလေးဝိညာဉ်ကို ခေါ်ဖို့သာ သိသည့် သရဲမလေး မဟုတ်တော့ပေ။ တစ်နှစ်အတွင်း သူမသည် အမှန်အမှားကို ဝေဖန်ပိုင်းခြားနိုင်လာပြီ ဖြစ်သည်။

ဝမ်ကျစ်ရှင်းက နံရံကျော်ဖြတ်ပြီး ထွက်သွားပြီးနောက် ယွင်ယွီက မူမူကို ချော့သိပ်ပြီး ဆက်အိပ်လိုက်သည်။ သူမသည် သစ်ခွခြံထဲရှိ သူခိုးကို စိတ်မပူချေ။ သာမန်လူများအဖို့ ညအချိန်တွင် ထိုနေရာသို့ လမ်းလျှောက်လာဖို့ မဖြစ်နိုင်ပေ။ နေ့အချိန်တွင်တောင် အချိန်အတော်ကြာ ယူရလိမ့်မည်။ သူမသည် ဓာတ်ကြီးငါးပါး အစီအရင်အတိုင်း သစ်သီးခြံကို စိုက်ထားတာပဲ ဖြစ်သည်။ တကယ်တော့ တည့်တည့််ဝင်လာသည်ဟု ထင်သော်ငြား တကယ်တော့ မဟုတ်ပေ။ သူက ဝိုင်းပတ်ဝင်လာရတာပဲ ဖြစ်သည်။

156 02

၎င်းသည် ရိုးရှင်းသော ဝင်္ကပါဟု ဆိုနိုင်ပေ၏။

တစ်စုံတစ်ယောက်က သူမ သစ်သီးခြံထဲ ဝင်လာပြီး ပစ္စည်းခိုးရဲတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုလူသည် ရွာမှ မဟုတ်။ အနည်းဆုံးတော့ ဟယ်ချင်ကျေးရွာမှ ရွာသား မဟုတ်ပေ။ ဒီရွာထဲရှိ ရွာသူရွာသားများက သူမအရည်အချင်းကို သိကြ၏။ နေ့အချိန်တွင်တောင် သူတို့ လာဖို့ အချိန်ယူရသည်။ ရွာသူရွာသားများကလည်း သစ်သီးခြံထဲ ထူးဆန်းနေတာကို သိသောကြောင့် ညအချိန်တွင် သူတို့ မလာကြပေ။

တစ်ညတာ ကောင်းမွန်စွာ အိပ်စက်ပြီးနောက် ယွင်ယွီသည် မနက် ငါးနာရီတွင် ထကာ တစ်နာရီကြာ လေ့ကျင့်ပြီးနောက် မူမူကို နို့တိုက်လေ၏။

အပြင်ဘက်မှ သင်းပျံ့သော ရနံ့ပေါ်ထွက်လာ၏။ အန်တီကျောက်က မနက်စာ ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။ ယွင်ယွီက မနက်စာစားရန် မူမူကို အောက်ထပ်သို့ ချီသွားပြီး ထိုကလေးကို ပွေ့ဖက်ကာ နှစ်ချက်ခန့် နမ်းရှိုက်လိုက်၏။

“မူမူ လိမ်လိမ်မာမာနေ။ မားမား အခု သစ်သီးခြံသွားပြီး နေ့လည်ကျ ပြန်လာမယ်။ ဒါကြောင့် အဖွားကျောက်နဲ့ လိမ်လိမ်မာမာ နေနော်”

မူမူက ယွင်ယွီကို ကြည့်နေလေ၏။

အန်တီကျောက်က ပြုံးပြီး ပြောလိုက်တော့သည်။

“မြန်မြန်သွား ပြီးမှ မူမူကို မစ္စတာလုံဆီ ခေါ်သွားလိုက်မယ်။ မစ္စတာလုံက မူ့မူ့ကို လွမ်းနေပြီတဲ့”

ယွင်ယွီက ခေါင်းညိတ်လိုက်၏။

“ဒါဆိုရင် ကျွန်မ အန်တီကျောက်ကို ဒုက္ခပေးရတော့မှာပဲ။ ကျွန်မ အရင် သွားနှင့်မယ်”

******