အခန်း ၁၅၇
Vol. 16 Ch. 157
157 01
အပိုင်း 157
….
ပြီးနောက် သူမသည် ညနေ၌ ချယ်ရီသီးများ ခူးရန်အတွက် ချယ်ရီခြံသို့ တန်းသွားလိုက်သည်။ သူမ ရောက်သည့်အချိန်၌ ရွာသားများအားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။
သူတို့အားလုံး အလုပ်ကြိုးစားကြပြီး မနက်စောစော၌ အလုပ်ပို လုပ်ချင်ကြသည်။ သို့မှသာ အိမ်တွင် နေ့လည်စာစားပြီး ခဏတဖြုတ် နားနိုင်မှာ ဖြစ်သည်။ ဆိုရလျှင် ယခု နွေရာသီ ရောက်နေပြီ ဖြစ်ကာ နေ့လည်၌ အလွန် ပူနေသေး၏။
ယွင်ယွီက လူတိုင်းကို နှုတ်ဆက်စကား ပြောလိုက်၏။ ရွာမှ ချန်ကွေ့ကျစ်က ရောက်လာပြီး သူ့ကို ပြောလိုက်၏။
“သူဌေးလေး ဒီမနက် ကျွန်တော်တို့ လာတဲ့ အချိန်တုန်းက တောအုပ်အပြင်ဘက်မှာ သုံးဘီးတစ်စီး ရပ်ထားတာ တွေ့တယ်”
ယွင်ယွီသည် ချန်ကွေ့ကျစ် ညွှန်ပြရာ ဘက်ကို ကြည့်လိုက်ချိန်တွင် ခပ်လှမ်းလှမ်း၌ ရပ်ထားသည့် ဟောင်းနွမ်းနေသော သုံးဘီးတစ်စီးကို တွေ့လိုက်ရ၏။ ပြီးနောက် သူ မှတ်မိသွားတော့သည်။
“သူခိုးဖြစ်လောက်တယ်။ ဒါပေမဲ့ သူ အထဲမှာ ပိတ်မိနေလောက်သေးလားဆိုတာ တစ်ချက် သွားကြည့်လိုက်မယ်”
သူတို့သည် ယင်းက သူခိုးဖြစ်ကြောင်း ကြားသောအခါ လူတိုင်းက သူမနောက် လိုက်ပြီး သစ်သီးခြံထဲ ရောက်သွား၏။ မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် သူတို့သည် ချယ်ရီပင်အောက်၌ လဲနေသည့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက အသက် ၂၀ ဝန်းကျင်ခန့်ရှိသည့် လူငယ်တစ်ယောက် ဖြစ်ကာ တစ်ကိုယ်လုံးတွင် ချွေးများနှင့်် သစ်ရွက်များ ပေပွနေကာ မုတ်ဆိတ်များ ညင်းသိုးသိုး ဖြစ်နေလေ၏။ သူက သစ်ပင်ကို မှီပြီး အိပ်ပျော်နေကာ ဘေး၌ ချယ်ရီအိတ်ရှိနေသည်။
“သူခိုးပဲ”
ရွာသားများက တီးတိုး ပြောလိုက်တော့သည်။
“ဘယ်လို သူခိုးက သစ်သီးခိုးဖို့ သူဌေးရဲ့ ခြံကို လာရဲရတာလဲ။ အသက်ရှင်ရတာ ညည်းငွေ့နေပြီလား”
ယွင်ယွီက ရှေ့တိုးလျှက် ထိုလူကို ကန်လိုက်သည်။
“ထစမ်း”
ထိုလူက နိုးလာပြီး မျက်လုံးကို ပွတ်လိုက်၏။ သူ တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်ကာ မျက်နှာက ရုတ်ချည်း ပြောင်းလဲသွားလေ၏။ သူ့နားရှိ လူများကို မော့ကြည့်ပြီးနောက် အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်၏။
“ဒီ… ဒီနေရာက သရဲ ခြောက်တယ်”
ယင်းသည် သရဲနံရံဟု သူ တွေးမိသွား၏။
“ရှင် ဘယ်သူလဲ။ ဒီမှာ ဘာလာလုပ်တာလဲ”
ယွင်ယွီက မေးလိုက်သည်။
ထိုလူက ပါးစပ်ပိတ်သွားကာ တစ်စုံတစ်ခု ခိုးယူရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်ကြောင်း မှတ်မိသွားလေ၏။
“မင်းကို မေးနေတယ်လေ”
157 02
ချန်ကွေ့ကျစ်က သူ့ကို ကန်လိုက်၏။
“သစ်သီးခြံကနေ တစ်ခုခု ခိုးဖို့ ဒီရောက်လာတာလား”
ထိုလူငယ်က ချန်ကွေ့ကျစ်ကို စိမ်းစိမ်းဝါးဝါး ကြည့်ကာ ပြောလိုက်လေ၏။
“ဒီကို ခိုးဖို့လာတယ်လို့ ဘယ်သူက ပြောလဲ။ ပျော်ရအောင် တောင်ပေါ် လျှောက်သွားရုံပဲ”
ထိုစကားသည် အနီးရှိ ရွာသူရွာသားများကို ရယ်မောစေ၏။
“မောင်ရင် မင်းက အမှန်အတိုင်း ပြောဖို့ ငြင်းနေသေးတာကို။ မင်းဘေးက အိတ်ထဲက ချယ်ရီသီးတွေက သူ့ဘာသာသူ မင်းဆီ ပြေးလာတာလား”
ယွင်ယွီက ထိုလူကို မသိပေ။ သူသည် ရွာမှ မဟုတ်သလို ရွာနီးစပ်မှလည်း မဟုတ်။ အပန်းဖြေစခန်းရှိ ဧည့်သည် မဟုတ်တာ သေချာ၏။
အပန်းဖြေစခန်းရှိ ဧည့်သည်များက အတော်လေး ကြွယ်ဝချမ်းသာ၏။ ထိုကြောင့် ကျန်သည့်က အပန်းဖြေစခန်းရှိ စားပွဲထိုးများသာ ဖြစ်မည်။ သူမသည် အပန်းဖြေစခန်းရှိ အမျိုးမျိုးသော ဌာနများ၏ မန်နေဂျာတို့၏ ကဏ္ဏာများကို ကြည့်ကာ ဖတ်ခဲ့သည်။ သို့သော် ဝန်ထမ်းများစွာ ရှိနေသေး၏။ သူမက သူတို့ကို တစ်ယောက်ချင်းစီ မရွေးနိုင်ပေ။ ဝန်ထမ်းများကို ဌာနအသီးသီး၏ မန်နေဂျာများက စီမံ့ခန့်ခွဲတာ ဖြစ်သည်။
“မင်းက အပန်းဖြေစခန်းက စားပွဲထိုးတစ်ယောက် ဟုတ်တယ် မှတ်လား”’
ယွင်ယွီသည် စခန်းကို မကြာခဏ သွားလေ့ မရှိပေ။ ထိုကြောင့် သူ့ကို မသိသည့် စားပွဲထိုး များစွာ ရှိနေသေးသည်။
လူငယ်က ခေါင်းငုံထားလျှက် ဘာမှ မပြောပေ။
ယွင်ယွီက ပြောလိုက်လေ၏။
“မပြောရင် ရဲကို ခေါ်လိုက်တော့မယ်”
“ရာရာစစ ရဲခေါ်ရဲတယ်ပေါ့”
သူသည် ရဲခေါ်တော့မည့် စကားကို ကြားသောအခါ လူငယ်က ခေါင်းမော့လျှက် ယွင်ယွီကို ခက်ထန်စွာ ကြည့်လိုက်၏။
“ငါရဲ့ဘော်ဒါက မြို့ထဲက သူဌေးပဲ။ သူက မင်း အလွယ်တကူ သွားရှုပ်လို့ ရတဲ့ လူ မဟုတ်ဘူး။ ရဲခေါ်မယ်ဆိုရင် သူ မင်းအိမ်ကို ပြဿနာ လာရှာမှာ ကြည့်ထား”
ချန်ကွေ့ကျစ်က ရယ်မောပြီး ပြောလိုက်၏။
“ဪ ဒီကောင်က သူဌေးလေးကို ခြိမ်းခြောက်ရဲနေတာပဲ။ ငါတို့ သူဌေးလေး ဘယ်သူမှန်း သူ တကယ် မသိမှာ စိုးရတယ်”
လူတိုင်းက ရယ်မောလိုက်ကြပြီး လူငယ်၏ မျက်နှာက နီသွားတော့သည်။ ယွင်ယွီက ပြောလိုက်လေ၏။
“မစ္စတာ ချန်။ ရှင် သွားပြီး အရင် ချယ်ရီသီးတွေ ခူးလိုက်အုန်း။ ငါ ဒီရက်တွေထဲ အလုပ်များနေတာ။ မင်းကို ဒုက္ခပေးမိတာ အားနာပါတယ်”
ထိုသို့ ပြောတာကို ကြားပြီးနောက် ရွာသူရွာသားများက ချယ်ရီသီး ခူးရန် ထွက်သွားတော့သည်။ ယွင်ယွီက ရှေ့တိုးလျှက် လူငယ်ကို မေးလိုက်တော့သည်။
“မင်းက အပန်းဖြေစခန်းရဲ့ ဝန်ထမ်းလား။ မင်းကို ဘယ်သူက ဒီလာခိုင်းတာလဲ။ ဘာလို့ အမှန်တိုင်း မပြောတာလဲ။ ဒီနေရာကို အဲဒီလူက ဘာလို့ ကိုယ်တိုင် မလာရဲလဲ သိလား။ ညတုန်းက ဘာလို့ သစ်သီးခြံထဲကနေ ထွက်မသွားနိုင်တာလဲ သိလား။ ဒီလောက် အသက်ကြီးနေပြီကို စဉ်းတောင် မစဉ်းစားနိုင်ဘူး”
157 03
လူငယ်၏ မျက်နှာက ဖြူဖျော့သွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားတော့သည်။ ဒီမိန်းကလေးက ဘာကို ဆိုလိုတာလဲ။
သစ်သီးခြံက ရိုးရိုးရှင်းရှင်းပဲ မဟုတ်ဘူးလား။ မနေ့တုန်းက ဟာက ဆန်းကြယ်မှု တစ်ရပ်လား။ သူက ငါ မနေ့တုန်းက သစ်သီးခြံထဲကနေ မထွက်နိုင်တာကို ဘယ်လိုလုပ် သိတာလဲ။
ထိုမိန်းမလှလေး ပြောတာကို ကြားပြီး သူ၏ စိတ်က ရှုပ်ထွေးသွားတော့သည်။
“ရှင်မှာ မိဘတွေ မရှိဘူး။ မိဘတွေက ရှင် ငယ်ငယ်တုန်းက ယာဉ်မတော်တဆမှုကြောင့် သေသွားပြီး ရှင်နဲ့ ရှင့်အဘွားပဲ ကျန်ခဲ့တာ။ တစ်ယောက်ကို တစ်ယောက် မှီခိုအားထားနေရတာ။ ရှင့်အဘွားက မနှစ်တုန်းက ဆုံးသွားပြီး ရှင် ဒီလို မကောင်းတာတွေ လုပ်နေတာ သူသာ သိသွားရင် သူ မပျော်မှာ စိုးရတယ်”
ဤလူငယ်သည် လူဆိုးတစ်ယောက်နှင့် မတူပေ။ သူသည် ယခင်က ခိုးဝှက်သည့် အလုပ်တချို့ လုပ်ခဲ့ဖူး၏။ သူ့မျက်နှာကို အကဲခတ်ကြည့်လျှင် ယခုအခေါက်၌ သူ အလိမ်ခံရပုံပေါ်သည်။ ဤလူငယ်သည် ယွင်ယွီကို ကြည့်ကာ ထိတ်လန့်သွားလေ၏။
“ငါ့မိသားစုအကြောင်း ဘယ်လိုလုပ် သိနေတာလဲ”
ယွင်ယွီက အဓိပ္ပာယ်ပါပါ ပြောလိုက်လေ၏။
“ရှင် ဒီတစ်ခေါက် မပြောင်းလဲရင် နောင်ကျ နောက်ထပ် လမ်းမှားလျှောက်မိရင် ရှင် ထောင်ထဲရောက်မယ်ဆိုတာလည်း ကျွန်မ သိတယ်”
လူငယ်၏ မျက်နှာက ဖြူဖျော့သွားလေ၏။ သူသည် ယွင်ယွီ၏ နောက်ခံကို တကယ် မဖော်ထုတ်နိုင်ပေ။ ခဏတဖြုတ် စဉ်းစားပြီးနောက် အံ့ကြိတ်ကာ ပြောလိုက်တော့သည်။
“ကျွန်တော့်နာမည်က ဟုန်ကျဲဟိုင်။ ကျွန်တော်က ချန်းရွှေမြို့ကနေ လာပြီး စားပွဲထိုးအလုပ်ကို လျှောက်ထားတာ လဝက်ကျော်လောက်ရှိပြီ။ ချန်းရွှေမြို့မှာ မိတ်ဆွေတချို့ကို သိတယ်။ ကျွန်တော့်ကို မနေ့တုန်းက အဲဒီသူငယ်ချင်းက လာရှာပြီး ညလယ်ခေါင်မှာ ချယ်ရီသီးခူးဖို့ ချယ်ရီခြံထဲ လာခိုင်းခဲ့တာ။ သူက တစ်ပေါင်ကို ယွမ် ၃၀ ပေးတယ်။ ကျွန်တော့်အဘွားက မကွယ်လွန်ခင် အပြင်းအထန် မနာမကျန်း ဖြစ်ခဲ့တာလေ။ သူ စုဆောင်းထားသမျှ အားလုံး ကုန်သွားပြီး ကျွန်တော်လည်း အကြွေးတင်နေတယ်။ သူက ကျွန်တော့်ကို ချယ်ရီသီး ခူးခိုင်းခဲ့ပြီး တန်ကြေးကလည်း ဒီလောက် မြင့်တာ။ ကုန်တင်ကား တစ်စီးစာဆိုရင် ယွမ် တစ်သောင်း၊ နှစ်သောင်းလောက် ရမှာ။ နေ့လည်တုန်းက သစ်သီးခြံထဲမှာ သစ်သီးတွေ အများကြီး တွေ့ပြီး ကျွန်တော် လောဘတက်လာတာ”
ယွင်ယွီက မျက်ခုံးတစ်ဖက် ပင့်လိုက်လေ၏။
“အဲဒီသူငယ်ချင်းက ဘာလုပ်တာလဲ”
ဟုန်ကျဲဟိုင်က ပြောလိုက်သည်။
“သူက အရင်တုန်းက ငွေတိုးချေးစားသူ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ နောင်ကျ ပိတ်လိုက်ရကာ မြို့ထဲမှာ သစ်သီးဆိုင် ဖွင့်ပြီး နေ့အချိန်မှာ သူက ကျွန်တော်ကို အပန်းဖြေစခန်းမှာ အလုပ်လုပ်ခိုင်းပြီး ညအချိန်မှာ သစ်သီး ခိုးခိုင်းတာ။ တစ်ညကို ယွမ် တစ်သောင်း၊ နှစ်သောင်း ရနိုင်တယ်။ ရက်ပိုင်းအတွင်း အကြွေးဆပ်နိုင်မှာလေ”
ယွင်ယွီသည် ထိုလူ မည်သူဖြစ်ကြောင်း သိလောက်ပေ၏။ အကြောင်းမှာ ရွှီဖုန်းသည် ထိုအကြောင်း သူမကို ယခင်က ပြောပြထားဖူးသောကြောင့် ဖြစ်သည်။
သူမ သစ်သီးခြံထဲရှိ သစ်သီးများကို ဖန်ချွင်ရှန်နှင့် ရွှီဖုန်းဆီသာ ပို့ပေး၏။ ထိုကြောင့် မနာလိုဖြစ်သည့် လူများစွာ ရှိလိမ့်မည်။ မြို့တော်အကြောင်း သူမ သိသော်ငှား ရွှီဖုန်းသည် မြို့ထဲ၌ ကုန်စိမ်းဆိုင် တစ်ဆိုင် ဖွင့်ထားပြီး အတော်လေး စီးပွားဖြစ်နေကြောင်း သိထား၏။ သူက သူမကို ဆက်သွယ်ကာ မြို့ထဲရှိ တခြားသော ဆိုင်များကလည်း သူမ၏ ချယ်ရီသီးကို ဓာတ်ကျနေကြပြီး ဝယ်ယူနိုင်ရန် ကြိုးစားလိမ့်မည်ဖြစ်ကြောင်း ပြောလာ၏။
သူမ ယခင်က ထိုအကြောင်းကို ကြားခဲ့သော်ငှား အလေးမထားခဲ့ပေ။ သို့သော် လွန်ခဲ့သည့် နှစ်ရက်ခန့်က ရွှေရောင် နာရီ ပတ်ထားသည့် အသက် ၄၀ အရွယ်ခန့်ရှိသည့် ကတုံးတစ်ဉီးသည် သူမသစ်သီးခြံထဲရှိ ချယ်ရီ လာရောက် မြည်းစမ်းခဲ့သည်။ ပြီးနောက် သူမသည် သစ်သီးခြံ၏ပိုင်ရှင်ဖြစ်ကြောင်း ရှာတွေ့သွားသောအခါ သူမနှင့် လုပ်ငန်း ဆွေးနွေးရန် ရောက်လာသည်။ ထိုကတုံးက အတော်လေး မောက်မာထောင်လွှားပြီး သူမနှင့် စကားပြောချိန်တွင် မော့ချီနေလေ၏။
157 04
“ကောင်မလေး မင်း စိုက်ထားတဲ့ ချယ်ရီသီးတွေက တော်တော် ကောင်းတယ်။ တစ်ပေါင်ကို ယွမ် ၃၀၊ ဒီနှစ်ရဲ့ ချယ်ရီသီးတွေ အားလုံး ယူမယ် ဟုတ်ပြီလား”
ထိုတွင်သာမက ထိုလူသည် ယွင်ယွီကို ခေါင်းစခြေဆုံး တအံ့တဩ ကြည့်နေကာ သူ၏မျက်လုံးထဲတွင် တက်မက်မှုနှင့် လောဘတို့ ရှိနေသည်။
ယွင်ယွီက ထိုလူကို သဘောမကျသဖြင့် ပြောလိုက်၏။
“ထွက်သွား”
ထိုလူ၏ မျက်နှာထားက ပြောင်းလဲ သွားလေ၏။
“ကောင်မလေး မင်း ငါ ဘယ်သူလဲ သိလား။ ငါ့ကို ရန်စရဲရင် မင်း ဆိုးရွားတဲ့ ကံကြမ္မာကို တွေ့ကြုံ့ရလိမ့်မယ်။ ငါ ပေးတဲ့ ဈေးက သင့်တော်နေပြီကို ချယ်ရီသီးထွက်တဲ့ တခြားနေရာတွေမှာတောင် ဝယ်ဈေးက ၁၂ ယွမ်လောက်ပဲ ရှိတာ။ ယွမ် ၃၀ က မြင့်နေပြီးသား”
ယွင်ယွီသည် ထိုစဉ်က သူ့ကို စကားတောင် မပြောချင်တော့သဖြင့် အေးတိအေးစက်သာ ပြောလိုက်သည်။
“ငါ့ကို အမြတ်ထုတ်ဖို့ လာတဲ့အချိန် ငါ ဘာလုပ်လဲဆိုတာ မမေးခဲ့ဘူးလား”
သူမ၏ အပြုအမှုသည် ထိုလူကို တကယ် ကြောက်လန့်သွားစေ၏။ သူ ဘာမှ မပြောတော့ဘဲ ချက်ချင်း ထွက်သွားပြီး သူသည် မထွက်သွားခင် သူမ့အကြောင်း ရွာသားများဆီ မေးခဲ့ဟန်တူ၏။ ပြီးနောက် သူမဆီ ထပ်မလာရဲတော့ချေ။ သူမသည် သူ၌ တခြားသော မကောင်းသည့် ရည်ရွယ်ချက်များ ရှိနေလိမ့်မည်ဟု မထင်ထားချေ။
ယွင်ယွီက ပြောလိုက်လေ၏။
“ဟုတ်ပြီ။ အခွင့်အရေး တစ်ခု ပေးမယ်။ ဒီကနေ ထွက်သွားပြီး အလုပ်လုပ်တော့ နောင်ကျ မကောင်းတာ မလုပ်နဲ့။ မဟုတ်ရင် အနှေးနဲ့ အမြန် ရှင့်ကိုယ်ရှင် ဖျက်ဆီးမိလိမ့်မယ်”
ဟုန်ကျဲဟိုင်က သူမကို ကြည့်နေမိသည်။
“ကျွန်တော့်ကို ဒီအတိုင်း တကယ် လွှတ်ပေးတော့မှာလား”
ယွင်ယွီက အမှန် ဖြစ်ကြောင်း လက်ဝှေ့ရမ်းပြလိုက်၏။ ဟုန်ကျဲဟိုင်က ထရပ်လျှက် အပြင်သို့ ထွက်သွားသည်။ နှစ်လှမ်း လှမ်းပြီးနောက် သူက ရုတ်တရက် ရပ်ကာ ယွင်ယွီဘက် လှည့်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်။ နောင်ကျ ကျွန်တော် မှန်မှန်ကန်ကန် နေပါ့မယ်”
ထိုသို့ ပြောပြီးနောက် သူသည် အလျင်စလို လှည့်ထွက်သွား၏။
ဟုန်ကျဲဟိုင်ကို ပိုတောင် ကြက်သေ သေသွားစေသည့်က သူသည် မိနစ်ပိုင်းအတွင်း သစ်သီးခြံထဲမှ ထွက်လာနိုင်ခဲ့တာပဲ ဖြစ်သည်။ သစ်သီးခြံဘေး၌ သူက နောက်ကို ကြည့်ကာ ပိုပိုပြီး သိချင်စိတ် ပြင်းပြလာ၏။
သူသည် သုံးဘီးကို အပန်းဖြေစခန်းဆီ မောင်းသွားချိန်၌ အလုပ်မှ ပြန်လာသည့် လုပ်ဖော်ကိုင်ဖက် တစ်ယောက်နှင့် တွေ့လေ၏။ ထိုမိန်းကလေးက သူ့ကို မေးလိုက်သည်။
“ဟုန်ကျဲဟိုင် သုံးဘီး ဘယ်က ရတာလဲ”
ဟုန်ကျဲဟိုင်က ပြုံးပြီး သုံးဘီးရပ်ကာ မိန်းကလေးဆီ လျှောက်သွားလျှက် အသံတိုးတိုးဖြင့် မေးလိုက်သည်။
157 05
“ထင်းထင်း တောင်ပေါ်က သစ်ခွခြံကို ဘယ်သူပိုင်လဲ သိလား”
ထင်းထင်းဟု အမည်ရသည့် မိန်းကလေးက ပြုံးပြီး ပြောလိုက်၏။
“ငါတို့ သူဌေးလေး ပိုင်တာပေါ့”
“ငါတို့ သူဌေးလား။ အပန်းဖြေစခန်း ပိုင်ရှင်လား”
ဟုန်ကျဲဟိုင်က စိတ်ရှုပ်ထွေးသွားလေ၏။ သူသည် ယွင်လန်ကို တွေ့ခဲ့ဖူးပြီး သူမက အပန်းဖြေစခန်း ပိုင်ရှင် ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သူမအပေါ် သူ၏အမြင်ကလည်း အလွန် နူးညံ့သိပ်မွေ့သည့် အမျိုးသမီးတစ်ယောက်ဟုသာ ဖြစ်ခဲ့သည်။ သူမက ဤကဲ့သို့ အပန်းဖြေစခန်းကြီးကို ဦးစီးနိုင်လိမ့်မည်ဟု မထင်ထားပေ။
ထင်းထင်းက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်။ နင်လာတာ နောက်ကျလို့ မသိတာ။ သစ်သီးခြံပိုင်ရှင်ကလည်း ငါတို့ သူဌေးပဲ။ သူရဲ့နာမည်က ယွင်ယွီ။ သူက ငါတို့ သူဌေး ယွင်လန်ရဲ့ ညီမလေး။ သူက ယွင်လန်ထက် ရှယ်ယာပိုများတယ်လို့ ကြားတယ်။ ဒါပေမဲ့ သူက ဒီနေရာကို ခဏခဏ မလာဘူး။ သူက သစ်သီးခြံကိုပဲ သွားလေ့ရှိတာ။ အပန်းဖြေစခန်းထဲမှာ သူ့ကို မသိတဲ့ လူများတယ်”
ဟုန်ကျဲဟိုင်က တုံ့ဆိုင်းစွာ မေးလိုက်လေ၏။
“ဒီသူဌေးမှာ တခြား အထောက်အထား ရှိသေးလား”
******