← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

158 01

အပိုင်း 158

…

သူမေးတာကို ကြားသောအခါ ထင်းထင်းက သူ့နားကပ်ကာ တီးတိုးပြောလိုက်၏။

“နင်က ဒီမှာ လူသစ်ဆိုတော့ မသိလောက်သေးဘူး။ ငါတို့ရဲ့ သူဌေး ယွင်ယွီက ဖုန်းရွှေပညာရှင်လေ။ သူက အင်မတန် တော်တယ်လို့ ကြားထားတယ်။ ရွာသူရွာသား တော်တော်များများ သူ့ကို အကူအညီ လာတောင်းကြတာ ရွာသားတွေက သူ့ကို ယုံကြည်ကြတယ်။ ဒါနဲ့ နင် ဘာလို့ မေးတာလဲ ပြောအုန်းမယ်။ ငါတို့ ဘော့စ် ယွင်ယွီက လှပေ့မဲ့ အိမ်ထောင်ရှိတယ်။ ကလေး ရှိတယ်။ နင်နော်”

ဟုန်ကျဲဟိုင်က ပြောလိုက်၏။

“အဓိပ္ပာယ် မရှိတာတွေ ရပ်တော့။ ငါ ကြုံ့လို့ မေးကြည့်တာပါ။ အခု ယူနီဖောင်း လဲပြီး သွားတော့မယ်။ ပြီးမှ တွေ့မယ်”

နေ့လည်စာစားချိန်၌ ဟုန်ကျဲဟိုင်သည် ထိုလူဆီမှ ဖုန်းခေါ်ဆိုမှု ရလိုက်၏။

ထိုလူ၏ နာမည်က လူ့ချိုက် ဖြစ်သည်။ ဟုန်ကျဲဟိုင်က ယွင်ယွီကို သူတို့ မိတ်ဆွေများ ဖြစ်ကြောင်း ပြောထား၏။ သို့သော်ငြား တကယ်တော့ လူ့ချိုက်က သူ့ထက် ၁၀ နှစ် ပိုကြီးသည်။ သူ့အဘွား မနာမကျန်း ဖြစ်စဉ်က လူ့ချိုက်ဆီမှ ယွမ် နှစ်သောင်း ချေးခဲ့ဖူး၏။ လူ့ချိုက်က ပိုက်ဆံရှာရန် နည်းလမ်း ပြောခဲ့ကာ သူ့ကို ပြန်ပေးခိုင်းခဲ့၏။

သူ ဖုန်းဖြေလိုက်သည့်အချိန်တွင် လူ့ချိုက်အသံကို ကြားလိုက်ရ၏။

“ရှောင်ဟိုင် ချယ်ရီသီးတွေ ဘာလို့ မပို့သေးတာလဲ”

လူ့ချိုက်သည် သစ်သီးဝလံ စူပါးမားကတ်ကို ဉီးစီးနေပြီး ရွှီဖုန်းနှင့် စီးပွားရေး တူ၏။ သို့သော် ရွှီဖုန်း၏ လုပ်ငန်းက သူ့ထက် ပိုကောင်းသည်။ သူသည် အမျိုးမျိုးသော အရင်းအမြစ်များဆီမှ စုံစမ်း မေးမြန်းပြီးနောက် ရွှီဖုန်း၏ အကန့်အသတ်ဖြင့် ရောင်းချသည့် ဟင်းသီးဟင်းရွက်များနှင့် မက်မွန်သီးတို့သည် ဟယ်ချင်းရွာမှ လာကြောင်း သိလိုက်၏။ သူ သွားကြည့်ချိန်တွင် သစ်သီးခြံထဲရှိ ချယ်ရီများက မှည့်ခါနီးပြီမှန်း သိလိုက်ရသည်။ တစ်လုံး မြည်းကြည့်ပြီး ၎င်းက သူ စားဖူးသမျှထဲတွင် အကြွတ်ဆုံးနှင့် အချိုဆုံး ဖြစ်ကြောင်း သိလိုက်ရသည်။

သူက ထိုအကြောင်းကို တွေးပူနေမိသောကြောင့် သစ်သီးဆိုင်ပိုင်ရှင်ကြောင်း တစ်စုံတစ်ယောက်ကို မေးခဲ့၏။ ယွင်ယွီက ရွှီဖုန်းဆီ သစ်သီးနှင့် ဟင်းသီးဟင်းရွက် ပို့ပေးသူ ဖြစ်ရမည်ဟု သူ ခန့်မှန်း မိသွားသည်။

လူ့ချိုက်သည် ပိုက်ဆံရှာရန် တရားမဝင် နည်းလမ်းများ လုပ်လေ့ရှိပြီး သူက အလွန် ရက်စက်ကာ အညှာအတာ ကင်းမဲ့သည်။ သူသည် ယွင်ယွီကို အလေးမထားခဲ့ပေ။ သူမ၏ လှပသော အသွင်အပြင်ကြောင့် သူ့စိတ်ထဲ၌ အခြားသော အကြံအဉာဏ်များ ရှိနေပြီးသား ဖြစ်သည်။ မထင်မှတ်ထားပဲ အဆုံးကျ ယွင်ယွီကြောင့် သူ မှင်သက်သွားလေ၏။ သူသည် ရွာသူရွာသားများကို လိုက်မေးကြည့်ရာ ထိုမိန်းကလေးသည် ဖုန်းရွှေပညာရှင် ဖြစ်မှန်း သိလိုက်ရ၏။ ယွင်ယွီက အစစ်အမှန် ပညာရှင် ဟုတ်မဟုတ် မဖော်ထုတ်နိုင်သော်ငြား သူ အဆင်ခြေမဲ့စွာ မပြုခဲ့ချေ။ သူက ယွင်ယွီ၏ သစ်ခွခြံထဲရှိ ချယ်ရီသီးများ အကြောင်းကို စဉ်းစားပြီး စားသုံးသူများကို ဆွဲဆောင်ရန် တွေးမိ၏။ ထိုကြောင့် သူသည် ဟုန်ကျဲဟိုင်အား ချယ်ရီသီး ခိုးယူခိုင်းလိုက်တာပဲ ဖြစ်သည်။ ဟုန်ကျဲဟိုင်သည် လူ့ချိုက် ပြောတာကို ကြားသောအခါ သူက ပြောလိုက်၏။

“အစ်ကိုလူ့ မနေ့ညတုန်းက သစ်သီးခြံပိုင်ရှင် ဘာလုပ်လိုက်လဲ မသိဘူးနော်။ ကျွန်တော် တစ်ညလုံး သစ်သီးခြံထဲမှာ ပိတ်မိနေတာ။ မနက်မိုးလင်းတော့မှ သစ်သီးခြံရှင်က ကျွန်တော့်ကို ရှာတွေ့ပြီး လွှတ်ပေးလိုက်တယ်။ နောင်ကျ ဒီကိစ္စတွေ မကူညီပေးတော့ဘူး။ ပြီးတော့ ယွမ် နှစ်သောင်းကို တတ်နိုင်သမျှ မြန်မြန် ပြန်ဆပ်ပါ့မယ်”

သူသည် လူကောင်းတစ်ယောက် လုပ်ဖို့ ပြင်ဆင်ထား၏။ ထိုမိန်းကလေးသည် အစွမ်းထက်လွန်းပြီး သူမ စိုက်ပျိုးသည့် သစ်သီးခြံကတောင် သူတို့ကို ချုပ်နှောင် ထားနိုင်စွမ်း ရှိသည်။ သူက မပြောင်းလဲပါက နောင်ကျ ထောင်ကျမည်ဟုတောင် သူမ ပြောခဲ့သေးသည်။ ယင်းက အမှန်ပဲ ဖြစ်ရမည်။ သူက ကောင်းကင်ဘုံရှိ သူ၏အဘွားကို အရှက် မကွဲစေချင်ပေ။

တစ်ဖက်တွင်မှု ဖုန်းထဲရှိ လူ့ချိုက်က အံ့ဩသွားလေ၏။

“သစ်သီးခြံထဲမှာ ပိတ်မိနေတာလား။ ရှောင်ဟိုင် ငါ့ကို မလိမ်နဲ့။ လူတစ်ယောက်က သစ်သီးခြံထဲ ဘယ်လိုလုပ် ပိတ်မိနေနိုင်မှာလဲ။ မနေ့တုန်းက မင်း ချယ်ရီသီး သွား မခူးခဲ့တာပဲ နေမယ်။ မဟုတ်ရင် ဘယ်သူက ဒီလောက် ကြင်နာပြီး သူခိုးကို လွှတ်ပေးမှာလဲ”

158 02

ထိုမိန်းကလေးက သူ့ကို ထွက်သွားဟုပြောတာ မှတ်မိသေးသည်။

ဟုန်ကျဲဟိုင်က မျက်မှောင် ကြုတ်လျှက် ပြောလိုက်၏။

“အစ်ကိုလူ့ ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ကူညီပေးတော့မှာ မဟုတ်ဘူး။ တတ်နိုင်သမျှ မြန်မြန် ပိုက်ဆံ ပြန်ဆပ်မယ်”

လူ့ချိုက်ကလည်း ဒေါသထွက်သွားလေ၏။

“မင်း ငါ့ကို ဘယ်လို ပြန်ပေးမှာလဲ”

ဟုန်ကျဲဟိုင်သည် ငယ်ရွယ်စဉ်ထဲက သူ့အဘွား ပျိုးထောင်မှုကို ခံခဲ့ရတာ ဖြစ်သည်။ သူ၏ အဘွားက ကျန်းမာရေး မကောင်းပေ။ သူတို့ ချန်းရွှေမြို့တွင် နေသော်ငြား အိမ်တစ်လုံးတောင် မပိုင်ဆိုင်ပဲ အမြဲတမ်း ငှားရမ်း နေခဲ့ရ၏။ အတော်လေး ဟောင်းနွမ်းနေသည့် နေအိမ်ဖြစ်ပြီး ငှားရမ်းခက တစ်လကို ယွမ် လေး၊ငါးရာ ဝန်းကျင်ခန့် ရှိသည်။

ဟုန်ကျဲဟိုင်က မပြောဘဲ အားလပ်ရက်၌ သူ့အဘွား ချန်ခဲ့သည့် ပစ္စည်းများကို ထုတ်ပိုးရန် ငှားထားသည့် အိမ်သို့ ပြန်မည်ဟု စဉ်းစားထားသည်။ အပန်းဖြေစခန်းသည် စားစရာ၊ နေစရာ ပံ့ပိုးပေး၏။ ထိုကြောင့် သူသည် အဲဒီနေရာတွင် နေခြင်းဖြင့် ငှားခ ချွေတာနိုင်သည်။ အပန်းဖြေစခန်း၌ အဆိုင်း သုံးဆိုင်းရှိကာ သူသည် ကျန်သည့် အချိန်၌ တခြား အလုပ်များ လုပ်နိုင်၏။

လူ့ချိုက်သည် ကျိန်ဆဲလျှက် ဟုန်ကျဲဟိုင်ကို ပိုက်ဆံ မြန်မြန် ပြန်ဆပ်ရန် သတိပေးပြီး ဖုန်းချလိုက်တော့သည်။

ဟုန်ကျဲဟိုင်က ဖုန်းချပြီး အလုပ်ဆင်းပြီးနောက် သစ်သီးခူးရန် ယွင်ယွီ၏ ချယ်ရီခြံသို့ သွားရန် ပြင်ဆင်လိုက်သည်။ သူက စကားတစ်ခွန်းမှ မပြောဘဲ သွားကူညီကာ သူ့အပြစ်ကြွေးကို ဖြေချင်၏။

ယွင်ယွီက ဘာမှ မပြောဘဲ ရွာသားများက သူ့ကို စကားအနည်းအကျဉ်းဖြင့်သာ စနောက် ကြသည်။

နောက်ဆုံး၌ ငါးနာရီ ဝန်းကျင်၌ လူတိုင်း အလုပ်ပြီးသွားသည်။ သူသည် ချယ်ရီသီးခြင်းများ ပြည့်ကြပ်နေသည့် ကားကို ကြည့်ပြီး ကားမောင်းထွက်သွားတာ မြင်သောအခါ သူသည် နေ့လည်စာစားရန် ကန်တင်းသို့ သွားလိုက်၏။

မထင်မှတ်ထားပဲ ယွင်ယွီက သူ့ကို လှမ်းခေါ်လာသည်။

“ဟုန်ကျဲဟိုင် နေအုန်း”

ဟုန်ကျဲဟိုင်က လှည့်လာပြီး မေးလိုက်၏။

“သူဌေးလေး ကိစ္စရှိလို့လား”

ယွင်ယွီက သူ့မျက်နှာကို ဂရုတစိုက် လေ့လာလိုက်ရာ သူ၏ မျက်နှာ ပြောင်းလဲသွားတာ တွေ့လိုက်ရသည်။ သူသည် ရက်အနည်းငယ်အတွင်း ထောင်ထဲရောက်တော့မှာ မဟုတ်တော့ပေ။ သူက သူမ ပြောတာ နားထောင်ပြီး လူကောင်းတစ်ယောက် ဖြစ်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်မည်။ ထိုကြောင့် သူ၏မျက်နှာ ပြောင်းလဲသွား၏။ သူမက သူ ထောင်ထဲရောက်မှာ မဟုတ်။ သို့သော် လက်တလော၌ ပိုက်ဆံ ဆုံးရှုံးမည်ဆိုတာ မြင်နေ၏။ ပြီးနောက် ပေါ့သေးသေး ပမာဏ မဟုတ်ပေ။

သူမက ပြောလိုက်၏။

“လက်တလောမှာ တစ်ခုခု ရောင်းရင် ဒါမှမဟုတ် ပိုက်ဆံနဲ့ဆိုင်တာ တစ်ခုခု လုပ်မယ်ဆိုရင် နှစ်ခေါက် စဉ်းစား။ အလိမ်မခံရစေနဲ့။ မင်းရဲ့ မျက်နှာကို ကြည့်ရင် နောက်ရက်ပိုင်းအတွင်း ပိုက်ဆံအများကြီး ဆုံးရှုံးမှာ မြင်နေတယ်။ ဂရုစိုက်”

“ကျေးဇူးပါ သူဌေးလေး”

ဟုန်ကျဲဟိုင်က ခေါင်းညိတ်လိုက်၏။

နှစ်ရက်၊ သုံးရက်ခန့်ကြာပြီးနောက် ဟုန်ကျဲဟိုင်သည် အားလပ်ရက် ရကာ သူ့ပစ္စည်းများ ယူရန် အိမ်သို့ သွားရန် ပြင်ဆင်လိုက်သည်။

သူသည် ချန်းရွှေမြို့မှ ငှားထားသည့် အိမ်ကို ပြန်ရောက်သောအခါ ပစ္စည်းများ ထုတ်ပိုးပြီး နောက်ဆုံး၌ သစ်သားသေတ္တာထဲမှ ပစ္စည်းများစွာကို တွေ့လိုက်ရသည်။ သူတို့ကို အဘွား ချန်ပေးခဲ့တာပဲ ဖြစ်သည်။ အားလုံးကို အောက်ထပ်သို့ ယူသွားပြီး ရောင်းရန် စဉ်းစားလိုက်သည်။ သူဌေးက ထိုပစ္စည်းများကို ကြည့်နေစဉ် သူက သစ်သီးခြံရှင်ပြောတာကို ရုတ်တရက် သတိရသွား၏။ သူသည် သစ်သားသေတ္တာထဲရှိ ဟောင်းနွမ်းနေသော ပစ္စည်းများကို ကြည့်ကာ ရုတ်တရက် ပြောလိုက်တော့သည်။

158 03

“သူဌေး ကျွန်တော် ဒါတွေ မရောင်းချင်တော့ဘူး”

သူသည် နောက်ထပ် ပစ္စည်းများကို အလျင်စလို သယ်သွားတော့သည်။

ဟုန်ကျဲဟိုင် ပြန်လာပြီးနောက် သေတ္တာကို ဂရုတစိုက် ဖွင့်လိုက်ရာ တန်ဖိုးကြီးသည့် ပစ္စည်း မရှိတာ တွေ့လိုက်ရသည်။ အတော်လေး ဟောင်းနွမ်းနေပုံပေါ်သည့် မှင်တုံးတစ်တုံးသာ တွေ့ရ၏။ သူသည် တုံဆိုင်းနေပြီး နောက်ဆုံး၌ မှင်တုံးကို ထုတ်ကာ သူ၏ အိတ်ထဲရှိ ကျောက်တုံးနှစ်တုံးကို ထုတ်ပြီး ရှေးဟောင်းပစ္စည်းဆိုင်သို့ သွားရန် ပြင်ဆင်လိုက်သည်။

သေတ္တာထဲရှိ ကျန်သည့် ပစ္စည်းများကမှု သူ ငယ်စဉ်က ဆော့ကစားခဲ့သည့် ကစားစရာများနှင့် ပန်းချီစာအုပ်များ ဖြစ်သည်။ သူ၏အဘွား သိမ်းထားအုန်းမည်ဟု မထင်ထားပေ။

သူသည် ရှေးဟောင်းလမ်းထဲရှိ ရှေးဟောင်းပစ္စည်းဆိုင်သို့ ပစ္စည်းများ သယ်သွားပြီး ကောင်တာပေါ် ပစ္စည်း သုံးခု တင်ကာ စျေးမေးလိုက်သည်။

သူဌေးက ကောင်တာပေါ်ရှိ ပစ္စည်းများကို ကြည့်ကာ ပစ္စည်း သုံးခု ကို ကောက်ကြည့်ပြီး ဟုန်ကျဲဟိုင်ကို ပြောလိုက်သည်။

"မောင်ရင် ဒီကျောက်တုံးနှစ်တုံးနဲ့ ငါ့ကို ဘာလို့ အရူးလုပ်ဖို့ ကြိုးစားတာလဲ။ ဒါက သာမန်ကျောက်တုံးတွေပဲ။ ဒါပေမဲ့ ဒီမှင်က ကောင်းတယ်။ ယွမ် တစ်ထောင် ပေးမယ်”

ထိုကျောက်တုံးသည် တကယ်တော့ သာမန်ကျောက်တုံး ဖြစ်သည်။ သို့သော် မှင်တုံးကမှု ပစ္စည်းကောင်း ဖြစ်ပေ၏။

ရှေးဟောင်းဆိုင်ပိုင်ရှင်ကလည်း ကောက်ကျစ်ပေ၏။ သူ၏ စကားများက အမှန်တစ်ဝက် အမှားတစ်ဝက် ဖြစ်၏။ ထိုကြောင့် လူအများစုက သူ့ကို ယုံကာ ပစ္စည်းများ ရောင်းကြသည်။

ထိုစကားကိုကြားပြီး ဟုန်ကျဲဟိုင်က ကျောက်တုံး နှစ်တုံးကို ကောက်ယူပြီး လွယ်အိတ်ထဲ ထည့်လိုက်သည်။ သူက မှင်တုံးကို ယူကြည့်ပြီး ပြောလိုက်၏။

"ဘော့စ် ဒါပစ္စည်းကောင်းဆိုတာ သိတယ်။ ကျွန်တော့်ကို လိမ်လို့ မရဘူး”

သူ ပိုက်ဆံများစွာ ဆုံးရှုံးလိမ့်မည်ဟု သူဌေးက ပြောခဲ့သည်။

ရှေးဟောင်းဆိုင်ရှင်က သက်ပြင်းချလျှက် ပြောလိုက်၏။

"မင်းက သတ္တိရှိသားပဲ လူငယ်လေး”

နောက်ဆုံး၌ တန်ကြေးက ယွမ်သုံးသောင်းအထိ တက်သွား၏။ သို့သော်ငြား သူ့ကြည့်ရတာ နာကျင်နေပုံပေါ်သည်။ ဟုန်ကျဲဟိုင်က မှင်တုံးကို ယူပြီး ထွက်သွားရန် ပြင်လိုက်သော်ငြား မှင်တုံးအတွက် တစ်သိန်းခွဲ ဖြစ်သွားလေ၏။ အဓိက နာကျင်မူကို ခံစားနေရသည့် သူသည် ဤတစ်သိန်းခွဲထဲမှ လေး၊ငါးသောင်းသာ ရှာနိုင်လိမ့်မည်။ ဤလူက တကယ် လိမ်ရ ခက်ခဲပေ၏။

ဟုန်ကျဲဟိုင်သည် ဤမှင်တုံးက ရှေးဟောင်းပန်းအိုးများနှင့် မတူညီကြောင်း သိ၏။ ထိုကြောင့် ဤတန်ကြေးနှင့် ရောင်းသည်ကပင် ကောင်းလှပြီ ဖြစ်သည်။

သူဌေးက သူ့ကို ယွမ် တစ်သိန်းခွဲ လွှဲပေးပြီးနောက် သူက အိတ်ယူကာ ထွက်သွားပြီး လူ့ချိုက်၏ ယွမ် ငါးသောင်းကို သွားဆပ်သည်။ လူ့ချိုက်က သူ့ကို သုန်မှုန်နေသော မျက်နှာဖြင့် အကြွေးစာရွက်ကို ပေးလိုက်သည်။ ရက်အနည်းငယ်အတွင်း ဟုန်ကျဲဟိုင်က ယွင်ယွီကို ကျေးဇူးတင်စကားပြောကာ ယွင်ယွီအား ယွမ် တစ်သောင်း ပေးပြီး ပြောလိုက်၏။

"သူဌေးကြောင့်သာ မဟုတ်ရင် အဲဒီပစ္စည်းကို ရောင်းမိမှာပဲ။ ကျေးဇူးပါပဲ သူဌေး အခု ကျွန်တော် အကြွေးကြေသွားပြီ။ နောင်ကျ အလုပ် ကြိုးစားမယ်။ ဒီယွမ် တစ်သောင်းက ကျေးဇူးတင်လို့ပါ”

"မလိုဘူး။"

ယွင်ယွီသည် သူ့ပိုက်ဆံကို အဘယ်ကြောင့် လိုချင်မည်နည်း။

"ပိုက်ဆံ သိမ်းထား။ နောင်ကျ ကိုယ့်အတွက် အစီအစဉ် ချမှတ်။"

သူသည် လမ်းမှားနေသည့် လူငယ်လေးကို တည်မတ်ပေးရတာ ကောင်းမှုကုသိုလ်တစ်ရပ်ပဲ ဖြစ်သည်။

ထိုအချိန်မှ စပြီး ဟုန်ကျဲဟိုင်က အပန်းဖြေစခန်း၌ နေကာ အလုပ်ကြိုးစား၏။ နောက်ဆုံး၌ သူသည် မီးဖိုချောင်၌ ပညာသင်တစ်ယောက်ဖြစ်ပြီး စွမ်းရည်တစ်ခု သင်ယူရန် မျှော်လင့်နေမိ၏။ သူသည် နောင်ကျ အပန်းဖြေစခန်း၏ စာဖိုမှုး ဖြစ်လာနိုင်မည်။ သို့မဟုတ် သူ ကိုယ်ပိုင်ဆိုင်ဖွင့်ရန် ပိုက်ဆံလုံလုံလောက်လောက် စုနိုင်လိမ့်မည်။

ယွင်ယွီကမှု သစ်သီးခြံ၌ အလုပ်များနေပြီး နောက်ဆုံး၌ မှည့်သွားသည့် ချယ်ရီသီးများအားလုံး တင်ပို့ပြီးသွားပြီ ဖြစ်သည်။

သူမ အနားယူနိုင်ပြီ ဖြစ်ကာ နှစ်ရက် နားလိုက်၏။ လူ့ချိုက်ကိုမှု သူမစိတ်ထဲ မထားပေ။ သူသာ မကောင်းတာ လုပ်ရဲလျှင် သူမ သူ့ကို နောင်တရအောင် လုပ်မှာပဲ ဖြစ်သည်။

ယွင်ယွီက နှစ်ရက်တာ အနားယူခဲ့၏။ ဤနှစ်ရက်၌ သူမက မူမူကို ခေါ်ကာ တရေးအိပ်ရန် ချော့မြူနေစဉ် ခြံဝန်းထဲ၌ လင်မယားနှစ်ယောက်က ကျယ်လောင်စွာ အော်ငိုနေကာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်နေ၏။ သူတို့က မြို့မှ လာတာ ဖြစ်ပြီး ယွင်ယွီကို အကူအညီ လာတောင်းတာ ဖြစ်သည်။

******

All Chapters