← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

159 01

အခန်း 159

ထိုစုံတွဲသည် အသက် ၃၀ ဝန်းကျင်ခန့် ရှိပုံပေါ်၏။ သူတို့ ဟယ်ချင်းကျေးရွာသို့ ရောက်သည့်အချိန်တွင် သူတို့ငိုထားသောကြောင့် မျက်လုံးက နီရဲရောင်ကိုင်းနေလေ၏။ သူတို့က ယွင်ယွီ၏လိပ်စာကို ရွာသူရွာသားများထံ လှည့်ပတ်မေးခဲ့သည်။ ရွာသားများက သူတို့၏ ဤပုံစံကိုမြင်တွေ့ပြီး အိမ်၌မဖြေရှင်းနိုင်သည့် အရေးကြီးကိစ္စ ကြုံတွေ့ခဲ့မှန်း သိလိုက်၏။ ထို့ကြောင့် သူတို့သည် ဆရာယွင်၊ သခင်ယွင်ကို အကူအညီတောင်းခိုင်း၏။ ကြင်နာတတ်သော ရွာသားများက ယွင်ယွီ၏ အိမ်လိပ်စာကို သူတို့ဆီ ညွှန်ပြပေးလိုက်သည်။

နှစ်ယောက်သား ကျေးဇူးတင်စကားတောင် မပြောရသေးခင် အမျိုးသားသည် ပြိုလဲတော့မည့်ဇနီးကို ကူတွဲပေးကာ ယွင်ယွီ၏အိမ်ကို လိုက်ရှာ၏။ ရွာသားအချို့မှာမူ နေ့လယ်နေ့ခင်းတွင် အနားမယူဘဲ အေးမြသောလေထဲတွင် စစ်တုရင်ကစားဖို့ တောအုပ်နေရာတွင် နေလေ့ရှိသည်။ ထိုကဲ့သို့ စိတ်လှုပ်ရှားတုန်လှုပ်ဖွယ်ရာ မြင်ကွင်းကိုတွေ့သောအခါ သူတို့ လိုက်မကြည့်ဘဲ မနေနိုင်တော့ပေ။

ထိုစဉ် ယွင်ယွီက မူမူအိပ်ရန် ချော့မြူနေကာစဖြစ်ပြီး ရှောင်ပိုင်မှာမူ ယခု ၁၀ ပေါင်ကျော်လေးလာပြီဖြစ်ပြီး တပိုင်က အလွန်နူးညံ့သည့် နှင်းဖြူရောင်အမွေးများဖြင့် ဘေးတွင် ရှိနေလေသည်။ ယွင်လန်က ရှောင်ပိုင်ကို ပွေ့ချီထားရတာ နှစ်သက်ပြီး ၎င်း၏အမွေးကို ပွတ်သပ်လေ့ရှိ၏။ ယခင်က အနိုင်ကျင့်ခံစားခဲ့ရသောကြောင့် ဖြစ်ဟန်တူသည်။ အိမ်မွေးတိရစ္ဆာန်များစွာအနက် ရှောင်ပိုင်သည် အလိမ္မာဆုံးနှင့် အယဉ်ဆုံးဖြစ်သည်။ မူမူ့တရေးအိပ်ချိန်တိုင်းတွင် သူ့ဘေးနားနေပေးတတ်၏။

ယွင်ယွီက မူမူ တရေးအိပ်ရန် အဖော်လုပ်ပေးဖို့ ရှောင်ပိုင်ကို ခေါ်လိုက်သည်။ သူမက ယွင်မိသားစုခြံဝင်းဆီ သွားရန် အောက်ထပ်ဆင်းတော့မည့်အချိန်တွင် ခြံဝ၌ ဆူညံပူညံလုပ်နေသည့် လူတစ်စုကို တွေ့သွား၏။ သူမရှေ့တွင် မျက်လုံးများနီရဲနေသည့် စုံတွဲတစ်တွဲရှိသည်။ သူတို့က သနားစရာကောင်းနေကာ သူတို့၏ခန္ဓာကိုယ်၌ ချွေးများ ရွှဲနစ်နေ၏။ သူမက သွားမေးလိုက်တော့သည်။ “ဘာဖြစ်လို့လဲ”

“ဆရာ ကျွန်မသမီးလေးကို ကယ်ပါဦး။ ကျေးဇူးပြုပြီး ကျွန်မသမီးလေးကို ကယ်ပါဦးရှင်” မြေပြင်ပေါ်တွင် ပြိုလဲလုနီးပါးဖြစ်နေသော အမျိုးသမီးသည် မျက်ရည်များဖြင့် ပြောလေ၏။

ယွင်ယွီက ထိုစုံတွဲကို ဧည့်ခန်းထဲ ဖိတ်ခေါ်ကာ ပွဲကြည့်ရန် ရောက်လာသည့် ရွာသားများကို တောင်းပန်လိုက်၏။ လူတိုင်း လူစုခွဲသွားတော့သည်။ ယွင်ယွီက ဧည့်ခန်းထဲသို့သွားကာ ထိုစုံတွဲအတွက် ရေနွေးနှစ်ခွက် ငှဲ့ပေးလိုက်သည်။ “ဖြည်းဖြည်းချင်းပြော ဘာတွေ ဖြစ်ခဲ့တာလဲ”

ထိုအမျိုးသမီး၏ နှုတ်ခမ်းက တုန်ယင်နေသေး၏။ သူမ ကြောက်လန့်နေသေးတာ သိသာသည်။ အမျိုးသားက မျက်ရည်သုတ်ကာ ပြောလိုက်တော့သည်။ “ဆရာဠွင် ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က ဟယ်ရှန်းမြို့ကပါ။ ကျွန်တော့်နာမည်က ချိုက်ရွှယ်တုန်းဖြစ်ပြီး ကျွန်တော့်ဇနီးနာမည်က ရှားကျင်းရယ်ပါ။ ကျွန်တော်တို့မှာ ငါးနှစ်အရွယ် သမီးလေးတစ်ယောက်ရှိတယ်။ နွေရာသီအားလပ်ရက်မှာတုန်းက ကလေးက အိမ်မှာနေပြီး ကစားနေတာ။ ကျွန်တော့်မိန်းမနဲ့ကျွန်တော်က မြို့ထဲမှာ အလုပ်ရှိကြတယ်။ နှစ်ယောက်လုံး အလုပ်လုပ်နေရတာ မနက်စောစောသွား ညမိုးချုပ်မှ ပြန်လာနိုင်တာ။ ဒါ့ကြောင့် ကျွန်တော့်အမေက ကလေးကို ဂရုစိုက်ပေးတယ်။ ဒါပေမဲ့ ဒီနေ့ကျ ကျွန်တော့်မိန်းမ နေ့လယ်စာစားဖို့ အလုပ်ကနေဆင်းလာတဲ့အချိန် ကလေးရော အမေပါမရှိတာ တွေ့လိုက်ရတယ်။ ဒီတော့ သူ့အမေက ကလေးခေါ်ပြီး မာကျောက် သွားဆော့နေတာလို့ ထင်လိုက်တာ။ ဒါ့ကြောင့် သွားရှာတော့ ရလဒ်ကတော့ဖြင့်...”

ချိုက်ရွှယ်တုန်းသည် ပြောနေစဉ် ငိုရှိုက်လာမိပြီး ရှားကျင်းရယ်ကလည်း မျက်ရည်များ ကျလာလေ၏။

ယွင်ယွီသည် နောက်ထပ်ဖြစ်ပုံကို ခန့်မှန်းမိခဲ့ပြီးဖြစ်သည်။ သူမက ဇာတ်လမ်းနောက်ဆက်တွဲကို ချိုက်ရွှယ်တုန်း ဆက်ပြောပြတာကို ကြားလိုက်ရသည်။

ရှားကျင်းရယ်သည် သူမ၏ယောက္ခမက မာကျောက်ခန်းထဲတွင် မာကျောက် ကစားနေတာကို တွေ့လိုက်ရ၏။ သူမသမီးကို မတွေ့သဖြင့် မေးလိုက်သည်။ “အမေ ရွှမ်းရွှမ်းဘယ်မှာလဲ”

သူမ၏ယောက္ခမသည် ခေါင်းတစ်ချက်တောင် မမော့ဘဲ မာကျောက်ကို ကိုင်ထား၏။ “ခုနတုန်းက ငါ့ဘေးမှာ ဆော့နေတာပဲ။ ဘေးအခန့် ထွက်သွားသလား ကြည့်ဦးလေ။ သုံးသောင်း ငါနိုင်ထားတာ ငါ့ပိုက်ဆံ ငါ့ပိုက်ဆံ” ဆူညံသံများက ပေါ်ထွက်လာ၏။

ရှားကျင်းရယ်က ကလေးကိုရှာရန် ဘေးအခန်းသို့ ထွက်သွားသော်ငြား အိမ်နီးချင်းက ကလေးမလာကြောင်း ပြောခဲ့၏။ ထိုစဉ်က ရှားကျင်းရယ်သည် များများစားစား မတွေးခဲ့မိပေ။ သူမ၏ယောက္ခမက ကလေးကို ဤသို့သာ ကြည့်ရှုတတ်ကြောင်းနှင့် ကလေးက ပြေးလွှားဆော့ကစားနေတာ ဖြစ်ရမည်ဟု ထင်ခဲ့သည်။ သူမ ဆက်ရှာခဲ့ပြီး နောက်ဆုံး ဆယ်မိနစ်ကျော် ရှာပြီးနောက် စတင်ကြောက်လန့်လာ၏။ သူမကလေးကို ရှာမတွေ့ခဲ့ပေ။ သူမ မာကျောက်ခန်းသို့ ပြန်လာပြီး သူမ၏ယောက္ခမကို ပြောပြရာ သူမ၏ယောက္ခမက လှောင်ပြောင်ပြောဆိုတော့၏။ “သူ လူပြန်ပေးဆွဲခံရတာ ဖြစ်နိုင်မှာတဲ့လား”

159 02

ရှားကျင်းရယ်က ဒေါသလည်းထွက် စိတ်လည်း ပျက်သွားတော့သည်။ သူမကလေးကို နာရီဝက်ကြာ ဆက်ရှာခဲ့၏။ သူမယောက္ခမတောင် စတင်ထိတ်လန့်လာတော့သည်။ သူမသည် မိန်းကလေးကို သဘောမကျသော်ငြား နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့သောကြောင့် သံယောဇဉ်အနည်းငယ် ရှိသည်။ သူမမြေး၏ အသေအရှင်ရေးကို မည်ကဲ့သို့ ဂရုမစိုက်ဘဲ နေမည်နည်း။ ရှားကျင်းရယ်၏ယောက္ခမက ဆက်မဆော့နိုင်တော့ပေ။ သူမ၏ကစားဖော်များ၊ ဆွေမျိုးများနှင့်အတူ ကလေးကိုလိုက်ရှာသော်ငြား အဆုံး၌ ရှာမတွေ့ခဲ့ကြပေ။

နောက်ပိုင်း၌ CCTV ကနေ ရှာတွေ့လိုက်သည်မှာ သူတို့ကလေး ရှားရွှမ်းသည် သူ့ဘာသာသူ လမ်းဘေး၌ ကျောက်တုံးများ ကောက်ပြီး ကစားနေတာဖြစ်ပြီး ရုတ်တရက် လိုင်စင်မပါသည့် ဗန်ကားတစ်စီး ရောက်လာ၏။ အနက်ရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသည့်အမျိုးသားက ကားနောက်ခန်းထဲက ထွက်လာသည်။ သူက ရှားရွှမ်း၏ပါးစပ်ကို ပိတ်ပြီး ကလေးကို ဗန်ကားထဲ သယ်သွားလေ၏။

ထိုစောင့်ကြည့်ခန်းဗီဒီယိုကို ကြည့်ပြီးနောက် ရှားကျင်းရယ်က ပြိုလဲကာ ငိုကြွေးလေ၏။ သူမ ယောက္ခမကို သတ်ချင်သွားသည်။ သူမယောက္ခမကလည်း သူမ၏ပေါင်ကိုရိုက်ကာ ငိုယိုလေ၏။ “ရွှမ်းရွှမ်း အားလုံးအဘွားရဲ့အမှားပါပဲ။ ဒီလိုဖြစ်မယ်မှန်း မသိခဲ့ဘူး”

သူမ၏အမြင်တွင် မိန်းကလေးတစ်ယောက်ကို မည်သူက ပြန်ပေးဆွဲမည်နည်း။ သူတို့သည် ယောက်ျားလေးများကိုသာ ပြန်ပေးဆွဲတတ်၏။ အစိုးရလက်ထက်တွင် ယောက်ျားလေးများကသာ တန်ဖိုးရှိသည်။

ယင်းက အမှုကြီးဖြစ်၏။ ဟယ်ရှန်းမြို့၌ လူကုန်ကူးမှု တစ်ခါမှမဖြစ်ဖူးပေ။

ရဲများက မိန်းကလေး၏ခြေရာကို ဆက်ရှာခဲ့ပြီး စောင့်ကြည့်ကင်မရာများဆီကနေ ရှာတွေ့လိုက်သည်မှာ ဗန်ကားသည် ကျေးရွာဝင်ပေါက်နားရောက်သည့်အချိန်တွင် နောက်ထပ် ခြောက်နှစ်ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်ကိုပါခေါ်ပြီး ထွက်သွားတာ တွေ့လိုက်ရ၏။ သူမကိုလည်း မျက်နှာဖုံးတပ်ထားသည့်လူက ဗန်ကားထဲ ထည့်သွားပြီး မောင်းထွက်သွားတာ တွေ့လိုက်ရသည်။ နောက်ဆုံး၌ ဗီဒီယိုတွင် ပြထားသည်မှာ ကားသည် ကီလိုပေါင်းရာချီဝေးသည့် တောင်ခြေဆီ မောင်းသွားတာဖြစ်ကာ အမျိုးသားသည် ဗန်ကားကို စွန့်ပစ်လိုက်လျက် ကလေးကို တောင်ပေါ်သို့သယ်သွားသည်။ တောင်ပေါ်၌ မည်သည့် CCTV မှမရှိပေ။ ထို့ကြောင့် ကလေးကို ခေါ်သွားဖို့လွယ်ကူပြီး CCTV ကတောင် သူမကို ခြေရာမခံနိုင်ပေ။

ချိုက်ရွှယ်တုန်းသည် ပြောပြီးနောက် ယောက်ျားရင့်မာကြီးသည် ဝမ်းနည်းပက်လက် ငိုကြွေးလေ၏။ “ဆရာ ကျွန်တော့်သမီးကို ကယ်ပေးနိုင်မလား”

သူသည် ရဲများကို အားမကိုးနိုင်တော့ပေ။ အထူးသဖြင့် ၂၄ နာရီကြာပြီးနောက် ဖြစ်သည်။

ကင်မရာတွင် မြင်တွေ့ပြထားသည်မှာ လူကုန်ကူးသမားများသည် ကားကို စွန့်ပစ်ပြီး ကလေးနှစ်ယောက်ကို တောင်ပေါ်သို့ ခေါ်သွား၏။ ထို့ကြောင့် သူတို့ကိုဆက်လက်ရှာဖွေဖို့ အင်မတန်ခက်ခဲသည်။

ပြောပြီးချိန်၌ ခြံဝင်းအပြင်ဘက်၌ နောက်ထပ်ငိုသံ ပေါ်ထွက်လာပြီး ယွင်ယွီက အပြင်ထွက်ကြည့်လိုက်ရာ တံခါးဝ၌ ရပ်နေသည့် သက်ကြီးရွယ်အိုစုံတွဲတစ်တွဲကို တွေ့လိုက်ရ၏။ သူတို့က ယွင်ယွီ၏အကူအညီကို တောင်းတာပဲဖြစ်သည်။

ယွင်ယွီက သူတို့ကို အထဲဖိတ်ခေါ်ပြီးချိန် သိလိုက်ရသည်မှာ ထိုအဘိုးအဘွားတို့သည် နောက်ထပ် ဗန်ကားထဲသို့ အသယ်ခံလိုက်ရသည့် ကောင်းရီတုဟုခေါ်သော မိန်းကလေး၏အဘိုးအဘွားများ ဖြစ်သည်။ ကောင်းရီတု၏မိဘများက တခြားနေရာတွင် အလုပ်လုပ်နေပြီး နှစ်သစ်ကူးမှသာ ပြန်လာတတ်ပေသည်။ သူတို့က ကလေးကို ကြည့်ရသည်။ အဘိုးအဘွားနှစ်ယောက်လုံးက ကလေးမိဘများကို မပြောရဲချေ။

ယွင်ယွီက အနည်းငယ်ထူးဆန်းနေလေ၏။ သူမအမြင်တွင် ယောက်ျားလေးများကို ပြန်ပေးဆွဲခြင်းက တန်ဖိုးပိုရှိပြီး ပိုငယ်သည့်သူများကို ရွေးလေ့ရှိ၏။

သို့သော် ယခုအခေါက်တွင် လူကုန်ကူးသမားများက ပြန်ပေးဆွဲသူများက ငါးနှစ်နှင့် ခုနစ်နှစ်အရွယ် မိန်းကလေးနှစ်ယောက်ကို ရွေးခဲ့၏။ သူတို့က ကလေးတွေကို ဒုက္ခိတဖြစ်အောင်လုပ်ပြီး တောင်းစားခိုင်းမလို့လား။ ကမ္ဘာအနှံ့တွင် ထိုကဲ့သို့ အဖွဲ့အစည်းများစွာရှိ၏။ ထိုသို့ဆိုလျှင် သူတို့သည် ကုန်ကျစရိတ်မြင့်မားသည့်ဗန်ကားကို အဘယ်ကြောင့် စွန့်ပစ်ပြီး မိန်းကလေးနှစ်ယောက်ကို ပြန်ပေးဆွဲရန်အတွက် ဝေးလံသည့်မြို့သို့ လာရောက်မည်နည်း။

159 03

ယွင်ယွီက မေးလိုက်လေ၏။ “အမေရှား၊ အဘွားကောင်း ကလေးနှစ်ယောက်ရဲ့မွေးနေ့ ပြပေးနိုင်မလား”

သူတို့နှစ်ယောက်သည် သူတို့ကလေး၏မွေးနေ့မွေးရက်နှင့်ဇာတာခွင်များကို အမြန်ပြောပြလာ၏။ ယွင်ယွီက လက်ချောင်းများဖြင့် တွက်ချက်လိုက်ရာ ကလေးများသည် ယခုနှစ်၌ ပြင်းထန်သောကပ်ဘေးတစ်ခုကို ခံစားရမည်မှန်း ရှာတွေ့လိုက်သည်။ သေခြင်းတရားကပ်ဘေးက ပုံမှန်ဆိုဖြေရှင်းရန် ခက်ခဲလေ့ရှိ၏။ သို့သော် ဖြေရှင်းဖို့မဖြစ်နိုင်တာ မဟုတ်ပေ။ အခွင့်အရေးသာ လိုအပ်သည်။ သူမက နောက်ထပ် တွက်ချက်မှုလုပ်ရန် လျိုယောင်ကို သုံးလိုက်သည်။ လျိုယောင်သည် ပါ့ကွာကိုအခြေခံထားသည့် တွက်ချက်မှုနည်းစနစ်ဖြစ်၏။ အကြွေစေ့သုံးခုကို တစ်နေရာတည်း ထားလိုက်ပြီး ၎င်းကို လည်နေသည့်ပန်းကန်ပြားပေါ် ပစ်တင်လိုက်သည်။ ခြောက်ကြိမ်တွင် ဆဌဂံတစ်ခု ဖွဲ့တည်လာပြီးနောက် ဆဌဂံနှင့်ယောင်က ပေါ်လာလိမ့်မည်။

ဆဌဂံသည် ကလေးနှစ်ယောက်က လက်ရှိတွင် အသက်အန္တရာယ်မရှိကြောင်း ပြသနေ၏။ သို့သော် ကလေးနှစ်ယောက်၏နေရာကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖို့ လိုအပ်သည်။ မဟုတ်လျှင် သူတို့အန္တရာယ်တွေ့နိုင်၏။

ယွင်ယွီသည် ကြေးပြားများကို ဖယ်ရှားပြီး ကျန်သည့်သူများကို ပြောလိုက်တော့သည်။ “ကလေးနှစ်ယောက်က အခုအဆင်ပြေတယ်။ ဒါပေမဲ့ သူတို့နေရာကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖို့ လိုအပ်တယ်”

လူလေးယောက်က ငိုယိုပြီး ယွင်ယွီအား သူတို့ကလေးအသက်ကို ကယ်တင်ပေးရန် တောင်းပန်နေကြသည်။

ယွင်ယွီက ထိုအကြောင်းကို စဉ်းစားလိုက်သည်။ သူမ၏လက်ရှိကျင့်ကြံဆင့်ဖြင့် တတိယမျက်လုံးကို ဖွင့်နိုင်ရုံမျှသာရှိသည်။ သူမသည် ဝိညာဉ်ရေးရာနယ်ပယ်ကို အသုံးပြုနိုင်သော်ငြား ကလေးများက ငယ်ရွယ်ပြီး ကလေးနားတဝိုက်ရှိ အခြေအနေကိုသာ မြင်တွေ့နိုင်၏။ ထိုကဲ့သို့ တောင်ပေါ်တွင် သူမနယ်မြေ မသိပါက ကလေး၏အခြေအနေကို တွေ့ရလျှင်တောင် ရှာမတွေ့တာဖြစ်လောက်သည်။

သူမ၏ကျင့်ကြံအဆင့်ဖြင့် နှစ်ဝက်လျှင်တစ်ကြိမ်သာ တတိယမျက်လုံး ဖွင့်နိုင်သည်။

ယွင်ယွီက ပြောလိုက်၏။ “ကျွန်မ အခု တစ်ခုခုလုပ်ဖို့ရှိတယ်။ ရှင်ကို ကျွန်မကို နှောင့်ယှက်ခွင့် မရှိဘူး။ ကလေးနှစ်ယောက်ရဲ့နေရာအကြောင်း သိချင်တယ်”

လေးယောက်သားက အမြန်ခေါင်းညိတ်လိုက်သည်။

ယွင်ယွီက ဧည့်ခန်းတံခါးကို ပိတ်ပြီးနောက် ဆိုဖာပေါ်တွင် စိုးရိမ်ပူပန်စွာ ထိုင်နေသည့် အန်တီကျောက်ကို ပြောလိုက်တော့သည်။ “အန်တီကျောက် အပေါ်ထပ်တက်ပြီး မူမူ့ကို ကြည့်ပေးပါဦး”

အန်တီကျောက်သည် ယွင်ယွီက ဖုန်းရွှေပညာရှင်မှန်း သိနေ၏။ သူမ ဤနေရာသို့ရောက်တာ မကြာသေးသော်ငြား ယွင်ယွီသည် ရွာသူရွာသားများစွာကို သူတို့ပြဿနာများ ဖြေရှင်းရန် ကူညီပေးတာကို များစွာတွေ့ခဲ့ပြီးဖြစ်သည်။

အန်တီကျောက်က ခေါင်းညိတ်လျက် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ “သမီးလည်း ဂရုစိုက်ဦးနော်”

ယွင်ယွီက ခေါင်းညိတ်လျက် အန်တီကျောက် အပေါ်ထပ်ထွက်သွားတာကို ကြည့်ပြီးနောက် ကျောပိုးအိတ် ပြင်ဆင်လျှက် သစ်ကြံပိုးခေါက်ကိုရှာကာ ဧည့်ခန်းကြမ်းပြင်ပေါ်တွင် အစီအရင်တစ်ခု စတင်ရေးဆွဲ၏။ အစီအရင်က ဆယ်မိနစ်အတွင်း ပြီးမြောက်သွားသည်။ အစီအရင်ကို ကြည့်ပြီးနောက် လူကြီးလေးယောက်သည် စကားတစ်ခွန်းမှ မပြောရဲချေ။

ယွင်ယွီက အစီအရင်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်ထားလျက် လက်ညှိုးကိုဖိကာ ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်။ လက်သင်္ကေတများနှင့်ဂါထာများ သူမ၏တတိယမျက်လုံးကိုဖွင့်ရန် လက်သင်္ကေတများနှင့်ဂါထာများက အင်မတန်ရှုပ်ထွေး၏။ ဂါထာ ရွတ်ဆိုပြီးသည်နှင့် သူမခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်က လျင်မြန်စွာလှည့်ပတ်လာသည်။ အချိန်မည်မျှကြာသွားသည်မသိ ယွင်ယွီသည် အမှောင်ထုထဲမှာ နိုးထလာတော့သည်။ သူမ မျက်လုံးမှိတ်ထားသော်ငြား အရာအားလုံးကို မြင်နိုင်ပုံပေါ်၏။ သူမ တောင်ခြေရှိကျေးရွာကို တွေ့ရသည်။ ရွာနောက်ဘက်တွင် ဖြစ်လောက်ပေ၏။ ရွာထဲရှိ အိမ်အများစုက ဘန်ဂလိုများဖြစ်ပြီး ရွာက သိပ်မကြီးမားပေ။ စုစုပေါင်းအိမ်ခြေ နှစ်ဆယ်၊သုံးဆယ်ဝန်းကျင်သာရှိကာ အိမ်များက တစ်ခုနှင့်တစ်ခု လှမ်းသည်။

ရွာဆီသို့ဦးတည်နေသည့် ရွှံ့ထူသောလမ်းတစ်ခုသာရှိသည်။

159 04

အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီးနှစ်ယောက်သည် ကြောက်လန့်တကြား ငိုယိုနေသည့် ရှားရွှမ်းနှင့် ကောင်းရီတုတို့ကို သယ်သွားပြီး ရွာထဲရှိ အတော်လေး ယိုယွင်းနေသည့် လယ်ယာစိုက်ပျိုးရေးခြံနေရာသို့ ခေါ်သွားတာ တွေ့လိုက်ရသည်။

အနီရောင်အုတ်နီခဲ ကြမ်းခင်းများဖြင့် ပြည့်နေသည့် အခန်းထဲဝင်ပြီးနောက် အသက် ၄၀ အရွယ်ခန့်ရှိသည့် အမျိုးသမီးနှစ်ယောက်ထဲမှတစ်ယောက်က မိန်းကလေးနှစ်ယောက်ကို နှစ်ချက်ရိုက်ပြီး ပြောလိုက်သည်။ “ဆက်ငိုနေရင် သေအောင်ရိုက်ပစ်မယ်”

ကလေးနှစ်ယောက်က ကြောက်လန့်သဖြင့် မငိုရဲတော့ဘဲ ခြံဝင်းထဲထောင့်တွင်ပုန်းကာ တုန်ယင်နေတော့သည်။

အသက် ၂၀ အရွယ်ခန့်ရှိသည့် နောက်ထပ်အမျိုးသမီးပျိုလေးတစ်ဦးက အသက်ပိုကြီးသည့်အမျိုးသမီးကို ပြောလိုက်သည်။ “အစ်မ ဘယ်အချိန်ကျမှ လူလာခေါ်မှာလဲ။ ဒီတစ်ခေါက် မိန်းကလေးနှစ်ယောက်ကို ဖမ်းထားတာ။ အကြီးအကဲက ပျော်နေမှာ သေချာတယ်။ မွန်မြတ်တဲ့သားတော်က ကျွန်မတို့ အကျိုးဆောင်တာကို တွေ့ရတော့မယ်”

အသက်ပိုကြီးသော အမျိုးသမီးသည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ “ဒါပေါ့ အမေတို့က မိန်းကလေးအများစုကို ဖမ်းခဲ့တာပဲ။ မွန်မြတ်တဲ့သားတော်က ငါတို့ကို ကောင်းချီးပေးမှာသေချာပြီး ငါတို့ရောဂါဝေဒနာလည်း ပျောက်ကင်းလိမ့်မယ်”

အမျိုးသားနှစ်ဦးသည် ငယ်ရွယ်ပုံပေါ်သော်ငြား အမျိုးသမီးနှင့် သက်တူရွယ်တူဖြစ်ပြီး မျက်နှာလေးထောင့်၊မျက်ပေါက်ကျင်းသည့်အမျိုးသားက အသက်ပိုကြီးသည့် အမျိုးသမီးကို ပြောလိုက်၏။ “အမေ သားတို့ ဗိုက်ဆာနေပြီ။ အမေနဲ့မရီးတို့ မြန်မြန် တစ်ခုခုသွားချက်ဦး။ အကြီးအကဲဆီက မနက်ဖြန်မနက်ကျ ပစ္စည်းလာယူမှာ။ ဒါ့ကြောင့် ဒီည စောစောအနားယူဖို့ လိုတယ်”

အသက်ပိုကြီးသည့်အမျိုးသမီးနှင့် အသက်ငယ်သည့်အမျိုးသမီးတို့သည် ကလေးနှစ်ယောက်ကို ကြည့်ရန် အမျိုးသားနှစ်ယောက်ဆီ အပ်ပေးပြီးနောက် ချက်ပြုတ်ရန် မီးဖိုချောင်သို့ သွားလိုက်၏။

မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ယွင်ယွီက မျက်လုံးဖွင့်လိုက်၏။ သူမမျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းက သွေးရောင်ကင်းမဲ့နေကာ နဖူး၌ ချွေးစေးများ ပြန်နေ၏။ သူမပုံစံကြည့်ရတာ ရေထဲမှဆွဲထုတ်ခံထားရသလိုပင်။

မိဘများက တစ်ခွန်းမှမပြောရဲဘဲ ယွင်ယွီကိုစိုးရိမ်ပူပန်စွာကြည့်နေသည်။

ယွင်ယွီ၏ကိုယ်က အနည်းငယ် တုန်ယင်နေ၏။ အသက်ပြင်းပြင်းရှူပြီးနောက် နောက်ဆုံး၌ ထရပ်လိုက်သည်။ သူမ နံရံကို ကိုင်ထားပြီး တုန်ယင်နေသောနှုတ်ခမ်းဖြင့် မိဘများကို ပြောလိုက်သည်။ “ကျွန်မ အရင်ဆုံး ရေသွားသောက်လိုက်ဦးမယ်။ ပြီးရင်လာခဲ့မယ်”

မိဘများက ခေါင်းညိတ်လျက် အနေအထိုင်ခက်စွာ ထိုင်နေလေ၏။ ယွင်ယွီက မီးဖိုချောင်သို့သွားကာ လင်ဇီးရည် တစ်ခွက်သောက်လိုက်၏။

သူမတတိယမျက်လုံးသည် သူမကိုယ်ထဲ သူမတတိယမျက်လုံးကိုဖွင့်ခြင်းက ဝိညာဉ်စွမ်းအင်အားလုံးကို သုံးလိုက်ပြီး မောပန်းနွမ်းနယ်မှုကြောင့် သတိလစ်လုနီးပါး ဖြစ်သွားသည်။ ကံကောင်းသည်မှာ သူမ ထိန်းထားနိုင်၏။

ဝိညာဉ်စမ်းရည်ကို သောက်ပြီးနောက် ယွင်ယွီ နေထိုင်ရ ပိုကောင်းသွားသော်ငြား အားမရှိသလို ခံစားနေရသေးကာ သူမခွန်အားပြန်ဖြည့်ရန် အချိန်ခဏယူလိုက်ရသည်။

မီးဖိုချောင်ထဲတွင် ထိုင်နေပြီးနောက် ခဏတဖြုတ်အနားယူနေစဉ် တတိယမျက်လုံးထဲတွင် မြင်ခဲ့ရသည့်လူများအကြောင်း စဉ်းစားလိုက်၏။ သူတို့သည် အကြီးအကဲများထံ ကလေးနှစ်ယောက်ကို ပေးပြီး မွန်မြတ်သောသားတော်အကြောင်းလည်း ပြောခဲ့၏။

မွန်မြတ်သောသားတော်တဲ့လား။ ယွင်ယွီက စဉ်းစားလိုက်သည်။ ပြီးခဲ့သည့်အခေါက်၌ သူမသည် အတန်းဖော်ရှန့်ယုံကို ကူညီပေးပြီး သူ့အိမ်ဖုန်းရွှေကို စစ်ဆေးပေးခဲ့၏။ ပြီးနောက် သူ့အတန်းဖော်သည် အိမ်၌ကိုးကွယ်ရန် သူတော်စင်သားတော်၏ရုပ်တုကို ဝယ်ရန် လှည့်စားခံခဲ့ရသည်။ ရလဒ်အနေဖြင့် ထိုမိသားစုသည် သုံးလသားအရွယ် သန္ဓေသားပျက်သည့် မတော်တဆမှု ကြုံတွေ့ခဲ့ရသည်။ သန္ဓေသားဝိညာဉ်ကိုလည်း တစ်စုံတစ်ယောက် ခေါ်သွား၏။ ယင်းက သူတော်စင်သားတော်နှင့် သက်ဆိုင်နေသည်။

ဒီတော့ ဒီအဖြစ်အပျက်ကလည်း သူတော်စင်သားတော်နဲ့ သက်ဆိုင်နေတာလား။ သူတော်စင်သားတော်က ဘယ်သူလဲ။ သူ ဘာလုပ်ချင်နေတာလဲ။

******

All Chapters