← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

160 01

အခန်း 160

ယွင်ယွီက မီးဖိုချောင်ထဲတွင် ထိုင်လိုက်လျက် သူတော်စင်သားတော်အကြောင်း ဂရုတစိုက် စဉ်းစားလိုက်သည်။ သူမ လုံချီရှောင်၊ စုန့်ချင်းမင်တို့နှင့် ဆွေးနွေးစဉ်က ဖြစ်ရပ်နောက်ကွယ်ရှိလူသည် အစီအရင်တစ်ခုအတွက် သန္ဓေသားဝိညာဉ်များကို စုဆောင်းနေတာဖြစ်လောက်မှန်း သိထားသော်ငြား ယင်းက မည်ကဲ့သို့သော မကောင်းဆိုးဝါးအစီအရင်မျိုးဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရပေ။ ဤကိစ္စက အစီအရင်သန့်စင်ခြင်းနှင့်သက်ဆိုင်နေတာလည်း ဖြစ်သည်။ သန္ဓေသားဝိညာဉ်ကို စုဆောင်းခြင်းက ပထမအဆင့်သာဖြစ်လောက်၏။ မည်ကဲ့သို့သော အစီအရင်မျိုးသည် သန္ဓေသားဝိညာဉ် ၉၉ ခုနှင့် ငယ်ရွယ်သောမိန်းကလေးများကို လိုအပ်သနည်း။

ယွင်ယွီက ဇဝေဇဝါဖြစ်သွားလေ၏။

သူမ၏တတိယနတ်မျက်စိဖြင့် မြင်လိုက်ရသည်မှာ ရှားရွှမ်းနှင့် ကောင်းရီတုကို ပြန်ပေးဆွဲသွားသည့်လူတို့သည် တောင်ခြေရှိကျေးရွာတွင် နေသောမိသားစုတစ်စုမှ လာတာဖြစ်ပြီး သူတို့စကားပြောခန့်အရ သူတို့က သားအမိနှင့် ချွေးမဖြစ်လိမ့်မည်။ သူတို့က အမေ၊ သားနှစ်ယောက်နှင့် ချွေးမတစ်ယောက်ဖြစ်ကြောင်း ပြောနိုင်၏။ သူတို့အားလုံး၌ ဖြူဖျော့သောအသားအရေရှိပြီး ပိန်ပါးကြသည်။ အသက်ပိုကြီးသည့်အမျိုးသမီးက သူတော်စင်သားတော်သည် သူတို့ကို ကာကွယ်ပေးမည်ဖြစ်ကြောင်းနှင့် သူတို့ရောဂါဝေဒနာ ကုသပျောက်ကင်းမည်ဟု ဆိုခဲ့သေး၏။

ဒီတော့ မိသားစုဝင်လေးယောက်လုံး နေမကောင်းဖြစ်နေတာလား။

သိထားသည့်သဲလွန်စများက နည်းပါးပြီး ယိုယွင်းနေသော ကျေးရွာ၌ အိမ်ခြေ ၂၀၊ ၃၀ ဝန်းကျင်သာရှိ၏။ ကလေးကို ခေါ်သွားသည့်မိသားစုက နေမကောင်းဖြစ်နေပုံပေါ်ကာ သူတော်စင်သားတော်ကို အကျိုးဆောင်ပေးခြင်းက သူတို့ ရောဂါဝေဒနာကို ကုသပေးနိုင်မည်ဟု ယုံကြည်၏။

ယွင်ယွီသည် ဤကိစ္စကို သူမဘာသာ မဖြေရှင်းနိုင်ပေ။ တစ်ဖက်ခြမ်းရှိ လူအရေအတွက်ကို အတိအကျမသိသလို ရွာတည်နေရာကိုလည်း မသိ။ ဤဖြစ်ရပ်နောက်ကွယ်ရှိ လူကလည်း ရှိနေသေးသည်။ သူမ အကူအညီလိုအပ်၏။ အချိန်က တရွေ့ရွေ့ ကုန်ဆုံးနေသည်။ သူမဧည့်ခန်းထဲ ရောက်လာချိန်တွင် နတ်မျက်စိဖွင့်ထားသည့် အစီအရင်က မြေပြင်ပေါ်တွင် ရှိနေသေးဆဲဖြစ်သည်။ သူမ၎င်းကို ဖျက်ကာ ဆိုဖာပေါ်တွင်ထိုင်လိုက်လျက် သူမကို စိုးရိမ်ပူပန်စွာ ကြည့်နေသည့် လူများဘက် လှည့်လိုက်၏။ ချိုက်ရွှယ်တုန်းက စိုးရိမ်ပူပန် တုန်ဆိုင်းစွာ မေးလိုက်သည်။

"ဆရာ အဆင်ပြေရဲ့လား။"

ယွင်ယွီက ခေါင်းခါလိုက်၏။ "ပြေပါတယ်။ နည်းနည်းမောပန်းသွားရုံပဲ။"

"ဆရာ..." ရှားကျင်းရယ်က ယွင်ယွီကို နီရဲရောင်ကိုင်းနေသောမျက်လုံးများဖြင့် ကြည့်လိုက်၏။ "ရွှမ်းရွှမ်းနဲ့သူ အခုဘယ်လိုလဲ။ ဘယ်လိုနေလဲ။"

ယွင်ယွီက သူတို့ကိုပြောလိုက်သည်။ "ကလေးတွေအခုတော့ ဘေးကင်းတယ်။ ကလေးနှစ်ယောက်ကို မိသားစုတစ်စုက ဝေးလံတဲ့ကျေးရွာဆီ ခေါ်သွားတာ။ ရွာရဲ့တည်နေရာကိုရှာဖို့ အခု ကျွန်မလူတစ်ယောက်ကို အကူအညီ တောင်းဖို့လိုအပ်တယ်။ ကလေးတွေကို ကယ်ဖို့ အကောင်းဆုံးကြိုးစားမယ်။ ရှင်တို့ အရင်ပြန်သွားနှင့်။ ဒီမှာရှိလည်း အကူအညီ မပေးနိုင်ဘူး။ ကျွန်မဆီ ကသတင်းကို စောင့်နေပါ။"

ရှားကျင်းရယ်က မငိုဘဲ မနေနိုင်တော့ပေ။ "ဆရာ သူတို့တွေက မိန်းကလေးတွေကို ဘာလို့ဖမ်းတာလဲ။ တခြားသူတွေပြောသလိုမျိုး သူတို့တွေက ကလေးကို ဒုက္ခိတဖြစ်အောင် လုပ်ပြီး ပိုက်ဆံတောင်းစားခိုင်းမလို့လား။"

ယွင်ယွီက ခေါင်းခါလိုက်၏။ "မဟုတ်ဘူး။ သူတို့တွေက တခြားရည်ရွယ်ချက်ကြောင့် မိန်းကလေးတွေကို ဖမ်းတာ။ ပူဇော်ဖို့ ဒါမှမဟုတ် တစ်ခုခုဖြစ်လောက်တယ်။ ရှင်တို့တွေ အရင်ဆုံးပြန်သွားသင့်ပြီ။"

သူတို့ဤနေရာတွင်နေလျှင်လည်း အကူအညီမဖြစ်ပေ။

မိသားစုဝင်လေးယောက်သည် ကြောက်လန့်နေကြကာ ဤနေရာတွင် ဆက်နေခြင်းက အကျိုးမထူးမှန်းသိနေလေ၏။ ထို့ကြောင့် သူတို့ပြန်သွားပြီး သတင်းစောင့်ရုံသာ တတ်နိုင်သည်။ ယွင်ယွီကို ကျေးဇူးတင်စကားပြောပြီးနောက် သူတို့သည် ယွင်အိမ်မှထွက်လာကာ မြို့သို့ပြန်သွားလေ၏။ ထိုစဉ် လမ်းဘေး၌ လေအေးကို ခံစားနေသည့်ရွာသားများကလည်း အဖြစ်အပျက်ကို သိသွားကြ၏။ ဤမိသားစု၏မိန်းကလေးနှစ်ယောက် ပြန်ပေးဆွဲခံလိုက်ရမှန်းသိပြီး သူတို့က သစ်ပင်အရိပ်အောက်တွင်ထိုင်ကာ ဆွေးနွေးနေကြသည်။

160 02

"မြို့ထဲက မိန်းကလေးနှစ်ယောက် လူကုန်ကူးသမားတွေ ခေါ်သွားတာခံရတယ်တဲ့။ မြို့ကနေ ပြန်လာကတည်းက နေ့လယ်တုန်းက လူအများကြီး သူတို့ကို လိုက်ရှာပေးသေးတယ်။ နောက်ပိုင်းကျ ရဲကိုခေါ်လိုက်တဲ့အချိန် ကလေးနှစ်ယောက် ခေါ်သွားခံရမှန်း သိလိုက်ရတာ။"

"သူတို့က ဆရာယွင်ကို ငိုယိုပြီး လာရှာကြတာ အံ့ဩစရာမရှိဘူးပဲ။ ဆရာယွင်က ပြန်ပေးဆွဲခံလိုက်ရတဲ့ ကလေးနှစ်ယောက်ကို ရှာပေးနိုင်လား။"

"ငါမသိဘူး။ ဒါပေမဲ့ ဒါနည်းနည်းလေး ကျိုးကြောင်းမဆီလျော်ရာ ရောက်မနေဘူးလား။" ရဲစခန်းက တစ်စုံတစ်ယောက်က CCTV ကိုကြည့်ပြီးတော့ တစ်စုံတစ်ယောက်က ကလေးကို တောင်ပေါ်ကို ခေါ်သွားတယ်လို့ ကြားမိတယ်။ သူ့ကို ဘယ်လိုရှာမှာလဲ။"

"အို ခက်ခဲလိုက်တာ။ သနားစရာမိန်းကလေးနှစ်ယောက်။ သူတို့တွေက ပြန်ပေးဆွဲခံရပြီး ဒုက္ခိတဖြစ်အောင် ရိုက်နှက်ခံရပြီးရင် တောင်းစားရတော့မယ်။ ပြောရရင် ကလေးနှစ်ယောက်က မငယ်တော့ဘူး။ ဘယ်သူကများ ဒီလိုကလေးနှစ်ယောက်ကို သမီးအဖြစ် မွေးစားချင်မှာလဲ။"

ရွာသူရွာသားများက ထိုအကြောင်း ပြောနေကြစဉ် မိဘ လေးယောက် ထွက်လာတာမြင်သောအခါ သူတို့မျက်နှာထက်တွင် ဂရုဏာသက်သည့်အကြည့်များရှိနေလေ၏။ သူတို့အားလုံး၌ အိမ်၌ကလေးများရှိထားပြီး ကလေးတစ်ယောက်ဆုံးရှုံးခြင်း၏ နာကျင်မှုကို နားလည်နိုင်သည်။

ယွင်ယွီက အပြင်လူများပြောတာကို ဂရုမစိုက်ဘဲ မိဘများထွက်သွားလျှင် ထွက်သွားချင်း သူမက Wechat စကားပြောခန်းကနေ စာတစ်စောင် ချက်ချင်းပို့လိုက်၏။ ရုပ်လွန်နယ်ပယ်ရှိ ရင်းနှီးသောမိတ်ဆွေတချို့က အဖွဲ့ထဲတွင်ပါပြီး

မြေခွေးလေး: "အားလုံးပဲ မြန်မြန်လာကြဦး။ သူတော်စင်သားတော်အကြောင်း သတင်းရထားတယ်။"

မကြာမီ၌ လူတိုင်းပေါ်လာလေ၏။

စုန့်ချင်းမင်: "ရှောင်ယွီအာ..."

စုန့်ချင်းမင်: "ရှောင်ယွီအာ ဘာပြောလိုက်တာလဲ။ သူတော်စင်သားတော်နဲ့ တွေ့ပြီလား။"

လေးထောင့်ခွင် မြေခွေးလေး: မဟုတ်ဘူး။ မိန်းကလေးနှစ်ယောက်က ငါ့မြို့မှာ ပြန်ပေးဆွဲခံလိုက်ရတယ်။ အဲ့ဒါ သူတော်စင်သားတော်နဲ့ ဆက်စပ်နေလောက်တယ်။ မိဘတွေက သူတို့ကလေးကို ရှာပေးဖို့ ငါ့ကို အကူအညီလာတောင်းထားတာ။ ငါ့ရဲ့နတ်မျက်စိကို ဖွင့်လိုက်တဲ့အချိန် သူတော်စင်သားတော်နဲ့ သက်ဆိုင်နေတာ တွေ့လိုက်ရတယ်။ ပြန်ပေးဆွဲခံရတဲ့ ကလေးနှစ်ယောက်က မိန်းကလေးနှစ်ယောက်ပဲ။ သူတို့ ဗန်ကားမောင်းပြီး ကလေးနှစ်ယောက်ကို ကျင်းလင်တောင်ဆီ ခေါ်သွားပြီး ကားကို စွန့်ပစ်ပြီးတော့ တောင်ရဲ့တခြားတစ်ဖက်ကနေ ထွက်သွားတာ။ သူတို့တွေက ၄ နာရီ ၅ နာရီဝန်းကျင်လောက်မှာ တောင်ဘက်တစ်ဖက်ကနေ ထွက်လာပြီး ကျေးရွာလေးတစ်ခုဆီ ဝင်သွားတာ။ ရွာက သိပ်ပြီး လူမစည်ကားဘူး။ အိမ်ခြေ ၂၀၊ ၃၀ ပဲရှိတယ်။ သူတို့တွေက ကလေးနှစ်ယောက်ကို ခေါ်သွားပြီး အကြီးအကဲနှစ်ယောက်က သူတို့ကို နောက်နေ့မနက်မှာ လာခေါ်မယ်လို့ ပြောတယ်။ သူတို့မိန်းကလေးတွေ အများကြီး ဖမ်းပြီးပြီဆိုတော့ သူတော်စင်သားတော်က သူတို့ကို ကောင်းချီးပေးပြီး သူတို့ရဲ့ရောဂါကို ပျောက်အောင် လုပ်ပေးလိမ့်မယ်လို့လည်း ပြောသေးတယ်။"

သူမသည် နတ်မျက်စိဖြင့် မြင်ခဲ့သမျှကို ပြောပြလိုက်၏။

ရဲများသည် သူတို့က ဗန်ကားကိုစွန့်ပစ်ပြီး ကျင်းလင်တောင်ပေါ်၌ ထားခဲ့ကြောင်း CCTV ကနေ ရှာတွေ့ထားပြီးသားဖြစ်သည်။ ယွင်ယွီက စစ်ဆေးကြည့်လိုက်ရာ ကျင်းလင်တောင်သည် အိမ်နီးချင်းခရိုင်မြို့ထဲရှိ ကောင်တီမြို့တွင်ရှိသော တောင်ဖြစ်ကြောင်း သိလိုက်ရသည်။ တောင်က အတော်လေး ကျယ်ဝန်းပြီး လိုင်းထနေ၏။ တောင်နားတစ်ဝိုက်တွင် ကျေးရွာများ၊ မြို့များနှင့်ရွာများစွာရှိ၏။ သူမက ထိုလူများက မည်သည့်ရွာမှဖြစ်ကြောင်း မသိနိုင်ပေ။

["ယွီရှောင်ရှောင်:ရှောင်ယွီအာ နင့်ရဲ့တတိယမျက်လုံးကို ဖွင့်နိုင်တယ်လား။"]

["စုန့်ချင်းမင်; ရှောင်ယွီအာက ဒီလောက်အစွမ်းထက်တာလား။"]

["ချန်ဝမ်ရှု; ရှောင်ယွီအာက အံ့ဩဖို့ကောင်းလိုက်တာ။"]

["လုံချီရှောင်နှင့် လုံဝမ့်ရင်း; ရှောင်ယွီအာက အံ့ဩဖို့ကောင်းတယ်"]

160 03

လူတိုင်း၏မျက်လုံးများ အံ့ဩနေတာ အံ့ဩစရာမရှိပေ။ ဆိုရလျှင် သူတို့အဖို့နတ်မျက်စိ သူတို့ဘဝ၌ နတ်မျက်စိဖွင့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ယနေ့တရုတ်နိုင်ငံ၌ နတ်မျက်စိ ဖွင့်နိုင်သည့်သူသည် ဘိုးဘေးလုံတစ်ယောက်သာ ရှိလိမ့်မည်။ ယွင်ယွီ၏အသက်အရွယ်ဖြင့် ကျင့်ကြံစဉ်က တတိယမျက်လုံးကို ယာယီဖွင့်နိုင်သောအဆင့်အထိ ရောက်နေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားပေ။

ယွင်ယွီက ကူကယ်ရာ မဲ့နေလေ၏။

["မြေခွေးလေး ကျွန်မ အားအင်ကုန်ခမ်းလုနီးပါး ဖြစ်သွားတာ။ နောက်ထပ်ခြောက်လအတွင်း ထပ်မဖွင့်နိုင်လောက်ဘူး။"]

မဟုတ်လျှင် ထိခိုက်သွားလိမ့်မည်။

["လုံချီရှောင်; ရှောင်ယွီအာ ပြောတဲ့နေရာကို စစ်ဆေးကြည့်ပြီး ဟယ်ရှန်းမြို့က ရဲကို ဆက်သွယ်ထားပြီးပြီ။ ပြန်ပေးဆွဲသမားတွေက နှစ်နာရီဝန်းကျင်လောက်တုန်းက ကျင်းလင်တောင်ခြေကို ရောက်တာဖြစ်လောက်တယ်။ ကျင်းလင်တောင်က ကျယ်ဝန်းပြီး မြေမညီညာဘူး။ ရွာက ရှောင်ယွီအာ ပြောတဲ့ အိမ်ခြေ ၂၀၊ ၃၀ ဝန်းကျင်ပဲရှိတဲ့ရွာက ယွင်ကျင်းကျေးရွာဖြစ်ပြီး ကျင်းလင်တောင်နားက အသေးဆုံးရွာဖြစ်လိမ့်မယ်။ အခြေအနေက အပြောင်းအလဲမရှိဘူး။ ပြောင်းအလဲ မရှိသလောက်ပဲ။ ဘာလို့လဲဆိုတော့ ရွာထဲက ရွာသားတွေအားလုံးက ထူးဆန်းတဲ့ရောဂါရှိကြပြီး ပြင်ပလောကနဲ့အဆက်အသွယ် မရှိသလောက်ပဲ။ သူတို့ကားကို စွန့်ပစ်ခဲ့တဲ့နေရာကနေ တောင်ထဲကို ရောက်ဖို့ နှစ်နာရီ၊ သုံးနာရီအတွင်း လမ်းလျှောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဆယ်နာရီလောက် အချိန်ယူရလိမ့်မယ်။ ဒါ့အပြင် ညတွင်းချင်း ခရီးနှင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ ရှောင်ယွီအာ နတ်မျက်စိကနေ မြင်ရတဲ့အချိန်က နောက်နေ့မနက် လေးနာရီ၊ ငါးနာရီလောက်ဖြစ်မယ်။"]

["စုန့်ချင်းမင်; အစ်ကိုလုံက အံ့ဩဖို့ကောင်းလိုက်တာ။ မိနစ်ပိုင်းလေးပဲ အချိန်ယူရပြီး အမှန်တရားကို ဖော်ထုတ်နိုင်တယ်။"]

["ယွီ‌ရှောင်းရှောင်း ; ဒီတော့ ဒီကိစ္စက ပြီးခဲ့တဲ့အခေါက်က သူတော်စင်သားတော်နဲ့ သက်ဆိုင်နေတာလား။ သူတော်စင်သားတော်က အခုမိန်းကလေးတွေကို ဘာလုပ်နေတာလဲ။"]

["လုံချီရှောင်; ဘိုးဘေးတွေ ချန်ရစ်ခဲ့တဲ့မှတ်စုတွေအားလုံးကို ဖတ်ပြီးပြီ။ ဒီလိုအစီအစဉ်နဲ့ သက်ဆိုင်တဲ့မှတ်တမ်းကို ရှာမတွေ့သေးပေမဲ့ ကောင်းတဲ့အရာ မဟုတ်တာတော့ သေချာတယ်။ ဒါကြောင့် ဒီသူတော်စင်သားတော်ကို တတ်နိုင်သမျှ မြန်မြန်ရှာရမယ်။ ဒါ့အပြင် မင်းတို့ကို ပြောချင်တာ တစ်ခုရှိတယ်။ လက်တလော ကိန်းဂဏန်းအချက်အလက်တွေအရ ပျောက်ဆုံးသွားတဲ့နှုန်းက လက်တလောလတွေထဲမှာ နှစ်ဆနီးပါး ဖြစ်လာတယ်။ ဒါ လုံးဝမူမမှန်ဘူး။ ပျောက်သွားတဲ့လူတွေ လူအများစုက မိန်းကလေးတွေဖြစ်ပြီး သုံးနှစ်ကနေအသက် ၂၀ ဝန်းကျင် ဒီကိစ္စနဲ့ သက်ဆိုင်နေလောက်တယ်။ ဒီတော့ မြန်မြန်လုပ်ရမယ်။"]

ယွင်ယွီသာ ယခုအခေါက်တွင် သူမ၏နတ်မျက်စိဖြင့် သဲလွန်စကို ရှာမတွေ့ခဲ့လျှင် သူတို့သည် မည်သည့်သဲလွန်စမှ ရမှာမဟုတ်ပေ။ ထိုလူများက ချမ်းသာကြွယ်ဝ၏။ သူတို့က ပိုက်ဆံအတွက် မိန်းကလေးများကို ပြန်ပေးဆွဲတာ မဖြစ်နိုင်ပေ။ လူတိုင်းက သတိထားနေပြီး ခြေရာလက်ရာ မချန်ခဲ့ချေ။ ကံကောင်းသည်မှာ သူတို့၌ ယခုသဲလွန်စတစ်ချို့ ရထားပြီးဖြစ်၏။

["ယွီရှောင်းရှောင်း; ရှောင်ယွီအာ နတ်မျက်စိကနေ မြင်ထားတာက မနက်ဖြန်မနက်ဆိုတော့ အကြီးအကဲတွေက မိန်းကလေးနှစ်ယောက်ကို နောက်နေ့ကျ ခေါ်သွားလောက်တယ်။ ဒီတော့ ငါတို့ ညတွင်းချင်း ယွင်ကျင်းကျေးရွာကို အလျင်စလို သွားရမှာမလား။"]

["လုံဝမ့်ရင်း ; အရင်ဆုံး ဘာလုပ်မလဲ စီစဉ်ကြတာပေါ့။ အဆင်အခြင်မဲ့ လုပ်လို့မရဘူး။"]

နောက်ဆုံး၌ ယနေ့တွင် စထွက်ကာ ရှေးဦးစွာ ယွင်ကျင်းကျေးရွာနားရှိ မြို့၌ စုဝေးရန် ပြင်ဆင်လိုက်သည်။

ယွင်ကျင်းကျေးရွာနား၌ မြို့လေးများစွာရှိပြီး လူတိုင်းက အတော်ဝေးသည့်မြို့၌ အတော်အတန်ကြီးသည့်မြို့၌ စုဝေးရန် ဆုံးဖြတ်လိုက်၏။ ယင်းက ယွင်ကျင်းကျေးရွာနှင့် ကီလိုမီတာတစ်ဒါဇင်ခန့်သာ ကွာဝေး၏။ ယွင်ကျင်းကျေးရွာနားတွင် နေထိုင်သည့်သူ များများစားစားမရှိပေ။ ဆိုရလျှင် ရွာထဲရှိလူတိုင်းက ထူးဆန်းသည့်ရောဂါများ ရှိနေပြီး လူတိုင်းက အနည်းငယ်ကြောက်ရွံ့၏။ ကီလိုမီတာတစ်ဒါဇင်ခန့်အတွင်း၌ လူသူကင်းမဲ့နေပြီး ရွာ၌ CCTV တောင်မရှိပေ။ ထို့ကြောင့် ရဲများ ဤမြို့နေရာကို ခြေရာမခံနိုင်တာ ပုံမှန်ပဲဖြစ်သည်။

ရှေးဦးစွာ ထိုနေရာ၌ လူစုရန် သဘောတူညီချက် ယူထားပြီးဖြစ်သောကြောင့် လူတိုင်းက ထုတ်ပိုးပြင်ဆင်လျက် ထွက်ခွာရန် အသင့်ပြင်ကြတော့သည်။

160 04

ယွင်ယွီကလည်း မူ့မူ့ရှိနေသောကြောင့် အတော်လေးဒွိဟ ဖြစ်နေသည်။ ပထမချက်အနေဖြင့် သူမ မူမူကို မထားခဲ့နိုင်ပေ။ တကယ်တော့ အိမ်တွင် နို့ရှိသော်ငြား ယခုအခေါက်တွင် နှစ်ရက်၊ သုံးရက်သွားရမည်ဖြစ်သောကြောင့် အနည်းငယ် စိုးရိမ်ပူပန်နေ၏။

သို့သော် သူမ မသွား၍မရပေ။ ယခုသူမက ရွှမ်းမန်ထဲ ဝင်ပြီးဖြစ်သောကြောင့် တချို့ကိစ္စရပ်များက သူမ၏တာဝန်များဖြစ်လာပြီး နောက်ချန်နေခဲ့၍မရပေ။

နောက်ဆုံးတွင် ယွင်ယွီက အပေါ်ထပ်အိပ်ခန်းသို့ တက်သွားသည်။

ရှောင်ပိုင်က မူမူ့ဘေးတွင် လဲနေ၏။ သူမကို မြင်သောအခါ "ညောင်" ဟု နှစ်ကြိမ် အော်လိုက်၏။ အန်တီကျောက်က မိုးဘေးပေါက်ဘေးတွင် သိုးမွေးထိုးနေသည်။ ယွင်ယွီကို မြင်သောအခါ တိုးတိုးလေး မေးလိုက်သည်။ "သမီးလေးယွင်အာ သူတို့ သွားပြီလား။"

ယွင်ယွီက ခေါင်းညိတ်လိုက်၏။ "အန်တီကျောက် သမီးဒီတစ်ခေါက် နှစ်ရက်သုံးရက်လောက် အပြင်သွားရလောက်တယ်။ ဒီရက်တွေတော့ မူမူ့အတွက်ကတော့ ဒီရက်တွေ အန်တီကျောက်ကိုပဲ ဒုက္ခပေးရတော့မယ်။"

အန်တီကျောက်က မေးလိုက်၏။ "တစ်ခုခုဖြစ်လို့လား။"

ယွင်ယွီက သက်ပြင်းချပြီး ပြောလိုက်သည်။ "သူတို့ကလေးက မြို့ထဲကနေ ခေါ်သွားခံရတာလေ။ ဒီကိစ္စက မရိုးရှင်းဘူး။ သမီးအဘိုးကို သွားပြောလိုက်မယ်။"

အန်တီကျောက်သည် ကလေးပြန်ပေးဆွဲခံလိုက်ရကြောင်း ကြားသောအခါ ယင်းသည် မကောင်းသည့်ကိစ္စဖြစ်ကြောင်း ဆက်တိုက်ပြောနေ၏။

ယွင်ယွီသည် အဝတ်အစားထုပ် နှစ်စုံထုတ်ပိုးပြီးနောက် ကျောပိုးအိတ်ထဲထည့်ကာ ထိုထဲ၌ ဟင်္သာပြဒါးရိုင်းကိုပါ ထည့်လိုက်ပြီး သူမရေးဆွဲထားသည့်အဆောင်များကိုလည်း ထည့်လိုက်သည်။ ပြီးနောက် ဗိုလ်ချုပ်လုံဆီသို့ သွားကာ မူမူကို ဂရုစိုက်ပေးဖို့ ပြောခဲ့သည်။

ယွင်မိသားစုခြံဝင်းထဲသို့သွားပြီး အဘွားယွင်နှင့် အမေယွင်ကိုလည်း ပြောခဲ့၏။ မိသားစုဝင်များအားလုံးက မူမူ့ကို ကူဂရုစိုက်ပေးမည်ဖြစ်ကြောင်း၊ စိတ်မပူရန်နှင့် ဂရုတစိုက်နေသင့်ကြောင်း မှာကြားလိုက်သည်။

ချင်ယွီစွေကမူ သူ မစ်ရှင်တွင် ရှိနေသေးမှန်း ယွင်ယွီ သိသည့်အပြင် ထိုသို့ရှိနေသေးပြီး ပြင်ပလောကသို့ မဆက်သွယ်နိုင်မှန်း သိသည်။

သူမကလည်း သူ့ကို ဆက်သွယ်၍မရပေ။ သူမ အပြင်ထွက်စဉ်၌ သူက နောက်မှ အမြဲတစေလိုက်တတ်သော်ငြား ယွင်ယွီသည် ယခုအခေါက်၌ သူ မရှိသောကြောင့် စိတ်မသက်မသာ ဖြစ်သလိုခံစားရသည်။

သူမမိသားစုဆီ အားလုံးရှင်းပြပြီးနောက် ယွင်ယွီသည် မူမူ့ကို သွားတွေ့လေ၏။

ကလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသေးဆဲဖြစ်သည်။ ယွင်ယွီက သူ၏ဖြူဖွေးနူးညံ့နေသောပါးကို နမ်းလိုက်ပြီး အန်တီကျောက်ကို တစ်စုံတစ်ရာပြောပြီးနောက် ထွက်သွားလေ၏။

ရှေးဦးစွာ မြို့သို့ ဘတ်စ်ကား စီးသွားပြီးနောက် အိမ်နီးချင်းခရိုင်မြို့ဆီသို့ လေယာဉ် စီးသွားလိုက်သည်။ ပြီးနောက် ကားလဲလိုက်၏။ သူတို့ ချိန်းထားသည့်နေရာသို့ ရောက်ရန် နှစ်နာရီနီးပါး အချိန်ယူလိုက်ရသည်။ မြို့က အတော်အတန်ကြီးမားပြီး ဟယ်ရှန်းမြို့ထက် ပိုကြီးကာ အတော်လေး စည်ကား၏။

ယွင်ယွီသည် ည ၁၀ နာရီဝန်းကျင်၌ရောက်လာ၏။ ကျန်သည့်သူများကလည်း တစ်ယောက်ပြီးတစ်ယောက် ည ၁၁ နာရီဝန်းကျင်တွင် ရောက်လာကြသည်။

******

All Chapters