← Chapters

အခန်း ၅၄၃

Vol. 46 Ch. 543

အခန်း ၅၄၃

Vol. 46 Ch. 543

အခန်း(၅၄၃)

အဲဒီကလစ်ခနဲ အသံကို ကြားလိုက်ရတာနဲ့တစ်ပြိုင်နက် ရိန်နာတစ်ယောက် မိုက်ကယ်က အဆိပ်မိပြီး အားအင်ချိနဲ့နေတဲ့ လူတစ်ယောက်အဖြစ်ကနေ မွေးကင်းစကလေးတစ်ယောက်လို ကျန်းမာသန်စွမ်းတဲ့သူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားတာကို မြင်လိုက်ရတော့တယ်။

သူ့အသားအရေဆီ သွေးရောင်တွေ ပြန်လည်လွှမ်းမိုးလာပြီး ကိုယ်ဟန်အနေအထားကလည်း မတ်ကနဲ ပြန်ဖြစ်သွားသလို သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ မှော်စွမ်းအင်တန်ခိုးတွေ လှည့်ပတ်စီးဆင်းလာပြီး သူ့ရဲ့အသက်စွမ်းအားတွေ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ပြည့်ဖြိုးလာတာကို ခံစားလိုက်ရစေတယ်။

ရိန်နာတစ်ယောက် သူ့မျက်စိရှေ့မှာ မြင်နေရတဲ့အရာကိုတောင် မယုံနိုင်ဘဲ ဖြစ်နေမိတယ်။ အသက် ကိုးဆယ်အရွယ် အဖိုးအိုတစ်ယောက်လို ခြေပစ်လက်ပစ်ဖြစ်သွားစေရမယ့် အဆိပ်က မျက်စိတစ်မှိတ်အတွင်းမှာတင် အမြန်ဆုံး ဓာတ်ပြယ်သွားခဲ့ပြီ။ ဒါက တကယ့်ကို အချိန်ပိုင်းအတွင်းမှာ ဖြစ်ပျက်သွားတာပါ။

ဒါပေမဲ့ မိုက်ကယ့်ရဲ့တစ်ကိုယ်လုံးကို သေချာကြည့်လိုက်တဲ့အခါမှာတော့ အဖြေက ချက်ချင်းပဲ ရှင်းလင်းသွားခဲ့တယ်။

သူ့ခေါင်းအပေါ်ဘက်မှာ ရေးရေးမျှမျှ ပေါ်ထွက်နေတဲ့ လက်တစ်စုံရဲ့ ပုံရိပ်တစ်ခု ရှိနေလို့ပါပဲ။

ဒါက သူ့ရဲ့ဒီဗာပဲ။ သူက သူ့ရဲ့စွမ်းရည်ကို သုံးပြီးတော့ ရိန်နာ့ရဲ့အဆိပ်ခတ်မှုကို တစ်နည်းနည်းနဲ့ ပြန်လည်တိုက်ဖျက်ပြီး ဘာပြဿနာမှမရှိဘဲ အဆိပ်ကို ပျယ်ပြယ်သွားအောင် လုပ်လိုက်တာဖြစ်တယ်။

ရိန်နာ မယုံကြည်နိုင်စရာ အဖြစ်အပျက်ကြောင့် နောက်ကို တစ်လှမ်း ဆုတ်လိုက်မိတယ်။ သူ အန်တောင် အန်ချင်လာမိတယ်။ ဒါက သူ့ရဲ့ အစွမ်းထက်ဆုံး နောက်ဆုံးပိတ်ကွက် ဖြစ်ရမှာလေ။ ဘိုးနဲ့ တခြားရိုင်းဇင်းဆစ် အဖွဲ့ဝင်တွေအားလုံးကို အလွယ်တကူ အနိုင်ယူနိုင်မယ့် ကွက်ဖြစ်ရမှာပါ။

ဘာလို့လဲဆိုတော့ သူသုံးခဲ့တဲ့ ဝါကျင်ကျင် ဖုန်မှုန့်တွေက ရိုးရိုးအဆိပ်ငွေ့သက်သက် မဟုတ်လို့ပဲ။ ဒါက ထိတွေ့မိရုံနဲ့ ကူးစက်တာမျိုး မဟုတ်ဘဲ သူ့ရဲ့ဒီဗာတန်ခိုးကို သုံးပြီး မိုက်ကယ့်ကို သူ့ရဲ့စွမ်းရည်နဲ့ ဘယ်လိုနည်းနဲ့မဆို အဆိပ်သင့်အောင် လုပ်လိုက်တာဖြစ်တယ်။ မိုက်ကယ့်မှာ ဘယ်လိုမှ ဖောက်ထွင်းလို့မရတဲ့ အကာအကွယ်ဒိုင်း ရှိနေရင်တောင်မှ သူ့အဆိပ်ရဲ့ ဒဏ်ကို ခံစားရမှာပဲလေ။

သူကတော့ မိုက်ကယ့်ကို အပိုင်ရပြီလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ အခုတော့ မိုက်ကယ့်မှာ ဘာမှမဖြစ်ခဲ့သလိုမျိုး ဖြစ်နေပြီး အဲဒီအချိန်မှာ သူကိုယ်တိုင်ကတော့ သူ့အဆိပ်ဒဏ်ကြောင့် နာမကျန်းဖြစ်နေတုန်းပဲ။

"အဟွတ်... နင်ကလည်း အဆင့်လေးကို ရောက်နေတာပဲလား... နင့်ရဲ့စွမ်းရည်က ငါ့စွမ်းရည်ကို ဘယ်လိုလုပ်ပြီး အသာစီးရသွားတာလဲ"

သူကတော့ သူ့ကိုယ်သူနဲ့ သူ့ရဲ့စွမ်းရည်တွေကို တစ်နှစ်ပတ်လုံး လေ့ကျင့်ခဲ့ရတာပါ။ အဲဒီအချိန်မှာ မိုက်ကယ်ကတော့ အဆင့်လေးကို အခုတလောမှ ကူးပြောင်းရောက်ရှိလာတဲ့ ပုံစံမျိုးပဲ ရှိသေးတယ်။ သိထားသမျှ စံနှုန်းတွေအရဆိုရင် သူ့ရဲ့စွမ်းရည်က မိုက်ကယ့်ကို အသာစီး ရရမှာလေ။

* * * * * * * *

ပွဲကြည့်ပရိသတ်တွေကလည်း ရိန်နာလိုပဲ မိုက်ကယ်တစ်ယောက် ဝါကျင်ကျင် အဆိပ်ငွေ့တွေထဲကနေ ဘာမှမဖြစ်သလိုမျိုး ထွက်လာတာကို မြင်ပြီး အံ့ဩကုန်ကြတယ်။

ရိန်နာက ကြောက်စရာကောင်းတဲ့ သံလိုက်စွမ်းအားရှင်တစ်ယောက်ဆိုတာ သူတို့ သိကြတယ်လေ။ ဘိုးတောင်မှ ရိန်နာ သယ်ဆောင်လာတဲ့ အဲဒီဝါကျင်ကျင် ဖုန်မှုန့်တွေနဲ့ အထိခံလိုက်ရရင် ဒုက္ခလှလှတွေ့သွားနိုင်တာပဲ။

"ဝိုး... ဟိုမှာ ကြည့်စမ်း... ဒါ မိုက်ကယ့်ရဲ့ ဒီဗာ ဖြစ်ရမယ်"

"သူ့မှာက ဘယ်လိုစွမ်းရည်မျိုး ရှိနေတာလဲ... သူ ဘာလုပ်လိုက်လဲဆိုတာ တစ်ယောက်ယောက် မြင်လိုက်မိလား"

"သူ သူ့ရင်ဘတ်ထဲကို တစ်ခုခု ထည့်လိုက်တာတော့ ငါ မြင်လိုက်တယ်၊ ဒါပေမဲ့ ဘာလဲဆိုတာတော့ မသိဘူး။ ငါ့ထင်တော့ သူ့စွမ်းရည်က ကုသရေးစွမ်းအားတစ်မျိုး ထင်တယ်"

မိုက်ကယ့်ရဲ့ဒီဗာ ပေါ်ထွက်လာတာနဲ့အတူ လူတွေက မိုက်ကယ်ဟာ ပိုက်ဆံအများကြီးရှိတဲ့ ကလေးတစ်ယောက်သက်သက် မဟုတ်ဘူးဆိုတာကို ချက်ချင်း သဘောပေါက်သွားကြတယ်။ သူက ရိုင်းဇင်းဆစ်လို လူမျိုးတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့သူတစ်ယောက်ပဲ။ အထူးသဖြင့် ရိန်နာလို လူမျိုးကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိတယ်ဆိုတာ ပြသလိုက်ကတည်းက ဒါက ထင်ရှားသွားခဲ့ပြီလေ။

"အသက် တစ်ဆယ့်သုံးနှစ်ပဲ ရှိသေးတာကို အဆင့်လေးကို ရောက်နေပြီတဲ့လား။ ဒါက ပါရမီရှင်ထက်ကို သာနေပြီ"

"ဒါပေမဲ့ နေဦး၊ သူ့ရဲ့ မီသရယ်မှော်ဝင်ပစ္စည်းကကော ဘယ်မှာလဲ... ဘယ်နေရာမှာမှလည်း မမြင်ရပါလား"

"အော်... သူက အဲလ်ရစ်ရဲ့ လက်စွပ်လိုမျိုး အဆောင်အယောင် ပစ္စည်းအသေးစား မီသရယ်မှော်ဝင်ပစ္စည်းကို သုံးနေတာ ဖြစ်မှာပေါ့"

* * * * * * * *

ဂိမ်းထဲ ပြန်ရောက်တဲ့အခါမှာတော့ မိုက်ကယ်က တိုက်ခိုက်နေတာဟာ အလကားပဲဆိုတာကို ရိန်နာ သဘောပေါက်အောင် နောက်တစ်ကြိမ် ထပ်ပြီး ဖျောင်းဖျပြောဆိုတယ်။

"မဟာမိတ်လုပ်ဖို့ မနောက်ကျသေးပါဘူး" လို့ သူက သတိပေးလိုက်ပြီး "ငါတို့ အချင်းချင်း တိုက်ထုတ်နေဖို့ မလိုပါဘူး"

ဒါပေမဲ့ သူ့ရဲ့ သနားညှာတာမှုက ရိန်နာ့ကို သူ့အကြံပြုချက်အပေါ် ပိုပြီး ငြင်းဆန်ချင်စိတ် ဖြစ်ပေါ်စေခဲ့တဲ့ပုံပဲ။

"ငါ... ငါ မလုပ်နိုင်ဘူး... ငါ... ငါ ဒါကို ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရမယ်" လို့ သူက ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလုနီးပါး ဖြစ်ရင်း ပြောလိုက်တယ်။ အဆိပ်ကြောင့် သူက ခါတိုင်းထက် ပိုပြီး စိတ်ထိခိုက်လွယ်သလို ခံစားနေရတာပါ။

မိုက်ကယ် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိပြီး သူ့အတွက် နည်းနည်း စိတ်မကောင်း ဖြစ်မိသွားတယ်။ သူက ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ပုခုံးပေါ် ထမ်းထားရတဲ့ ပုံစံမျိုး ဖြစ်နေလို့ပဲ။

သူ့ကိုယ်သူ ပေးထားတဲ့ ဖိအားတွေကြောင့် သူက စိတ်ဓာတ်ကျဆင်းနေရတာ ဖြစ်တယ်။

ရိန်နာ့ကို ဘယ်လိုပဲဖြစ်ဖြစ် ဖျောင်းဖျလို့ရမှာမဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အတွက် မိုက်ကယ် သူ့မှာ ရွေးချယ်စရာ မရှိတော့မှန်း သိလိုက်ပြီ။

သူ့လက်ကို မြှောက်လိုက်ပြီး လက်ဖဝါးရှေ့မှာ ခရမ်းရောင် မှော်စက်ဝိုင်းတစ်ခု ဖန်တီးလိုက်တယ်။ ခရမ်းသန်းနေတဲ့ အစိမ်းရောင် အရည်တွေက သူ့လက်ထဲကနေ ပန်းထွက်လာပြီး အလုံး အဝိုင်းပုံစံ စုစည်းသွားခဲ့တယ်။

ဒါက သန့်စင်တဲ့ အဆိပ်မှော်စွမ်းအင်ပဲ။ ပြီးတော့ အဲဒီအပေါ်မှာ သူ့ရဲ့ အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့အတူ အဲဒီအရည်ကို အဆိပ်ပြင်းတဲ့ ခရမ်းဖျော့ ပင့်ကူနက်ကြီးတစ်ကောင်ရဲ့ ပုံသဏ္ဌာန်အဖြစ် ပုံဖော်ဖန်တီးလိုက်တယ်။ ဒါက သာမန်ပင့်ကူတွေထက် ဆယ်ဆလောက် ပိုကြီးပြီး ခရမ်းရောင်နဲ့ အနက်ရောင် ရောယှက်နေကာ သူ့အရေပြားကနေ အဆိပ်တွေ တစက်စက် ကျနေခဲ့တယ်။

အဲဒီခရမ်းဖျော့ ပင့်ကူနက်ကြီးက မြေပြင်ပေါ် ခုန်ဆင်းလိုက်ပြီး ရိန်နာ့ဆီကို လှမ်းခုန်လိုက်တော့တယ်။

ရိန်နာကလည်း မိုက်ကယ် မှော်ပညာနဲ့ ဆင့်ခေါ်လိုက်တဲ့ ပင့်ကူလို သတ္တဝါမျိုးကို အဓိက အမဲလိုက်လေ့ရှိတဲ့ လင်းယုန်ငှက်ကြီးတစ်ကောင်ကို ဖန်တီးလိုက်ရင်း သူ့လက်ချောင်းထိပ်တွေမှာ အနီရောင် ဖုန်မှုန့်တွေ စုစည်းလာစေတယ်။

လင်းယုန်ငှက်ကြီးက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး အဆိပ်ပင့်ကူနက်ကြီးရဲ့ ခုန်အုပ်မယ့် လမ်းကြောင်းကို သူ့ရဲ့ ခြေသည်းတွေနဲ့ ကြားကနေ ဖြတ်တောက် တိုက်ခိုက်လိုက်တယ်။

အန္တရာယ်ကို အာရုံခံမိတဲ့ ပင့်ကူက လင်းယုန်ငှက်ကို အဆိပ်သင့်စေပြီး အရှိန်လျှော့သွားစေဖို့ ရည်ရွယ်ချက်နဲ့ အဆိပ်မျှင်ကွန်ရက်တစ်ခုကို မှုတ်ထုတ်လိုက်တယ်။

ဒါပေမဲ့ လင်းယုန်ငှက်က စွမ်းရည်တစ်ခုနဲ့ ဖန်တီးထားတာဖြစ်လို့ သာမန်မှော်ပညာနဲ့ မှော်စွမ်းအင်တွေကို လုံးဝ ဂရုစိုက်စရာ မလိုဘဲ အာခံနိုင်စွမ်း ရှိနေတယ်။ ဒါကြောင့် အဆိပ်မျှင်တွေကို ဖောက်ထွက်ပြီး ပင့်ကူကို ဆက်လက် အမဲလိုက်ဖို့ ကြိုးစားတော့တယ်။

ဒါပေမဲ့ ပင့်ကူနက်ကြီးက အပေါ်က သစ်ကိုင်းဆီကို ပင့်ကူမျှင်တစ်ချက် ပစ်လွှတ်လိုက်ပြီး သူ့ကိုယ်သူ အပေါ်ကို ဆွဲတင်လိုက်ကာ လင်းယုန်ငှက်ရဲ့ အမဲလိုက်မှုကို လုံးဝ ရှောင်ကွင်းသွားနိုင်ခဲ့တယ်။

မိုက်ကယ်က ဒါတင်နဲ့ မလုံလောက်သေးဘူးဆိုတာ သိတဲ့အတွက် လေထဲမှာ နောက်ထပ် မှော်စက်ဝိုင်းတစ်ခု ထပ်ပြီး ဆင့်ခေါ်လိုက်ပြန်တယ်။

ဒီတစ်ကြိမ်မှာတော့ ဒါက တောက်ပတဲ့ အပြာရောင် ဖြစ်နေပြီး တကယ့် မိုးကြိုးအရှိန်နှုန်းအတိုင်း ပစ်လွှတ်လိုက်တဲ့ မိုးကြိုးလျှပ်စီးတစ်ခု ထွက်ပေါ်လာခဲ့တယ်။

အဆိပ်မိနေတုန်းဖြစ်တဲ့ ရိန်နာက အဲဒီလျှပ်စစ်တိုက်ခိုက်မှုကို ခုခံဖို့ သူ့ရဲ့ အနီရောင် ဖုန်မှုန့်တွေကနေ ထူထဲတဲ့ အကာအကွယ်အတားအဆီးတစ်ခုကို ဖန်တီးလိုက်တယ်။

ဒါပေမဲ့ အဲဒီမိုးကြိုးက သူ့ကို ရည်ရွယ်တာ မဟုတ်တဲ့ပုံပဲ။

မိုးကြိုးက ဂျိမ်းဂျိမ်းဂျတ်ဂျတ် မြည်ဟည်းသွားပြီး အပေါ်ဘက်ကို ကွေးညွတ်တက်သွားကာ ရိန်နာ့ကို လုံးဝ ရှောင်ကွင်းပြီး ခရမ်းရောင် ပင့်ကူနက်ကြီးကိုပဲ တည့်တည့် သွားမှန်ခဲ့တယ်။

ပင့်ကူက အပူချိန်မြင့်မားတဲ့ ပလာစမာဓာတ်ငွေ့တွေနဲ့ ထိမိသွားတဲ့အတွက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။ သူ တွဲလွဲခိုနေတဲ့ သစ်ကိုင်းကလည်း မီးကျွမ်းပြီး မည်းတူးသွားခဲ့သလို မိုးကြိုးလျှပ်စီးအချို့ကလည်း သစ်ပင်ထဲအထိ စီးဆင်းသွားခဲ့တယ်။

ရိန်နာကတော့ မိုက်ကယ်တစ်ယောက် သူ့ရဲ့ ကိုယ်ပိုင်မှော်မန္တန်ကို သူကိုယ်တိုင် ပြန်ဖျက်ဆီးလိုက်သလို ဖြစ်သွားတာကြောင့် တိုက်ခိုက်မှု လွဲချော်သွားပြီလို့ ထင်လိုက်တာ။

ဒါပေမဲ့ သူ အပေါ်ကို မော့ကြည့်လိုက်တဲ့အခါမှာတော့ အဆိပ်ပင့်ကူနက်ကြီးက တစ်စစီ ပျက်စီးမသွားတဲ့အပြင် သူ့တစ်ကိုယ်လုံးမှာ လျှပ်စစ်စီးကြောင်းတွေ တဖြုန်းဖြုန်း ဖြစ်နေပြီး မိုးကြိုးတန်ခိုးတွေက အဲဒီဖန်တီးမှုထဲမှာ ပေါင်းစပ် တည်ရှိနေတာကို မြင်လိုက်ရတဲ့အတွက် လုံးဝကို အံ့ဩမှင်တက်သွားရတော့တယ်။

* * * * * * * *

ပထမဆုံးအနေနဲ့ ပွဲကြည့်ပရိသတ်တွေက မိုက်ကယ်တစ်ယောက် သန့်စင်တဲ့ အဆိပ်မှော်စွမ်းအင် သက်သက်ကိုပဲ သုံးပြီး ပင့်ကူတစ်ကောင်ရဲ့ ပုံသဏ္ဌာန်ကို တကယ့်အသက်ရှိသတ္တဝါလို ပီပြင်အောင် ဖန်တီးနိုင်တာကို မြင်ပြီး နောက်တစ်ကြိမ် ထပ်မံ အံ့ဩသွားကြပြန်တယ်။ မှော်ဆရာတွေနဲ့ ကဝေတွေအားလုံးက မှော်စွမ်းအင် တစ်မျိုးတည်းကိုပဲ သုံးပြီး သက်ရှိပုံသဏ္ဌာန်တစ်ခုကို တုပဖန်တီးဖို့ဆိုတာ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ သိကြတာကိုး။

"သူက အဆိပ်မှော်စွမ်းအင်ဘက်မှာ ပါရမီပါတာ ဖြစ်ရမယ်၊ ဒါက တကယ့်ကို ရှားမှ ရှားပဲ"

"ဟုတ်တယ်၊ သူက အဲဒီပင့်ကူနက်ကြီးကို အလွယ်တကူ ထိန်းချုပ်နိုင်နေတာဆိုတော့ ဒီဘက်မှာ တကယ့်ကို ကျွမ်းကျင်တာ ဖြစ်ရမယ်"

ပြီးတော့ အဲဒီအချိန်မှာပဲ မိုက်ကယ်က သူ့ရဲ့ ကိုယ်ပိုင်ပင့်ကူဆီကို မိုးကြိုးလျှပ်စီး ပစ်လွှတ်လိုက်တာကို သူတို့ မြင်လိုက်ရတာ ဖြစ်တယ်။

ပရိသတ်တွေက မိုက်ကယ်တစ်ယောက် သူ့ရဲ့ မှော်စွမ်းအင်တွေကို အလဟဿ ဖြုန်းတီးပစ်လိုက်ပြီလို့ ပြစ်တင်ပြောဆိုတော့မယ့် အချိန်မှာပဲ သူတို့ကို အံ့ဩလွန်းလို့ ရှေ့ကို ငေါက်ခနဲ ကိုင်းညွတ်သွားစေမယ့် အရာတစ်ခုကို မြင်လိုက်ရပြန်တယ်။

အဆိပ်ပင့်ကူနက်ကြီးမှာ အခုတော့ မိုးကြိုးမှော်စွမ်းအင် တန်ခိုးတွေပါ ကိန်းအောင်းသွားခဲ့ပြီ။ ဒါက ပင့်ကူကြီးက လျှပ်စစ်ရေချိုးလိုက်ရသလိုမျိုး ဖြစ်နေပြီး အခုဆိုရင် မုန်တိုင်းတိမ်တိုက်တစ်ခုလိုမျိုး လျှပ်စီးတန်ခိုးတွေကို အသုံးပြုနိုင်နေပြီလေ။

"ဘာကြီးလဲ... သူက မန္တန်ကို ထုတ်လွှတ်နေတုန်းမှာတင် သူ့ရဲ့ ကိုယ်ပိုင်မန္တန်ကို ပြောင်းလဲလိုက်တာလား"

"ဒါမျိုးတောင် လုပ်လို့ရတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး"

"ဒါက ပုံမှန်ဆို လုပ်လို့မရရမှာလေ... မှော်စွမ်းအင် နှစ်ခုစလုံးအပေါ်မှာ အဆင့်မြင့်မားစွာ ကျွမ်းကျင်ပိုင်နိုင်မှု ရှိတဲ့သူမျိုးမှပဲ ဒါက ဖြစ်နိုင်တာ"

* * * * * * * *

စာစဉ်(၄၆)

All Chapters