← Chapters

အခန်း ၅၅၀

Vol. 46 Ch. 550

အခန်း ၅၅၀

Vol. 46 Ch. 550

အခန်း(၅၅၀)

ဒီကြားထဲမှာတော့ ပွဲစဉ်အတွင်းက ထူးခြားတဲ့ အပြောင်းအလဲသစ်တွေကြောင့် ပရိသတ်တွေကြားထဲ ဆူညံပွက်လောရိုက်ကုန်ကြတယ်။

"အလို ဘုရားရေ။ ပြိုင်ဘက်နှစ်ယောက်က ပေါင်းသွားကြတာလား။ ဒါက တကယ်ကို မထင်မှတ်ထားစရာပဲ။ ဒါပေမဲ့ တစ်ဖက်က ပြန်တွေးကြည့်ရင်လည်း ဟုတ်တုတ်တုတ်ပဲ။ သူတို့တွေ ဘိုး ကို ယှဉ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်တာပဲ ရှိတာကိုး"

"ဒါပေမဲ့ ငါ ရိန်နာ အတွက်တော့ နည်းနည်း သနားမိသား။ သူက ဧရာမမြေတူးတီကောင်ကြီးရဲ့ ဝါးမြိုတာကနေ လွတ်ရုံတင် ရှိသေးတာ။ အခုကျတော့ ပိုပြီး ကြီးမားတဲ့ ပြဿနာနဲ့ တိုးနေပြန်ပြီ"

"သူက မိုက်ကယ် နဲ့ တိုက်ခိုက်တုန်းကတင် သူ့ရဲ့ အားအင်အများစုကို သုံးပစ်လိုက်ရတာလေ။ အခုကျတော့ ရိုင်းဇင်းဆစ် ထဲက အဆင့် ၃ နဲ့ အဆင့် ၄ နှစ်ယောက်လုံးကို ရင်ဆိုင်ရတော့မှာ"

သူတို့တွေသာ တိုက်ခိုက်ကြရင် ရိန်နာ ဘက်က ချက်ချင်း ရှုံးသွားမှာကို လူတိုင်း သိကြတယ်။ ဒါကြောင့်လည်း ရိန်နာ အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အထင်ရှားဆုံး အပြုအမူက သူတို့ဆီကနေ အမြန်ဆုံး ဝေးဝေးပြေးဖို့ပဲ ဖြစ်နေတာပေါ့။

ရိန်နာ ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် ဒီအခြေအနေကနေ လွတ်မြောက်ဖို့က တခြားသူတွေထက် ပိုလွယ်ကူပါလိမ့်မယ်။

ဒါက လူတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ထားကြတဲ့ အရာပါ။

ဒါပေမဲ့ သူက ထွက်ပြေးမယ့်အစား ဘာအကြောင်းပြချက်မှန်း မသိဘဲ အဲဒီနှစ်ယောက်လုံးကို ဝင်တိုက်ဖို့ ဇွတ်လုပ်နေခဲ့တယ်။

"သူ ဘာလုပ်နေတာလဲ။ အခုချက်ချင်း ထွက်ပြေးသင့်တာကို"

"သူက သူတို့ကို ပြန်ချဖို့ ကြံနေတာလား။ ဘာအတွက်ကြောင့်လဲ"

"အခုမှ ပြန်စဉ်းစားကြည့်မိတာ။ ရက်ပ်တာ နဲ့ အာလော့စ် တို့ရဲ့ စွမ်းရည် တွေက တစ်ယောက်နဲ့တစ်ယောက် အပေးအယူ အင်မတန် တည့်တာပဲ။ ဘိုး တောင်မှ ဒါကို သတိထားရလိမ့်မယ်"

* * * * * * * *

ရိန်နာ ဟာ သူမရဲ့ လခြမ်းဓားနှစ်လက်လုံးကို ထုတ်လိုက်ပြီး တွဲဖက်နှစ်ယောက်ထဲမှာ အားအနည်းဆုံးဖြစ်တဲ့ အာလော့စ် ဆီကို ပြေးဝင်သွားတယ်။ အာလော့စ် ကို အရင် အနိုင်ယူနိုင်ပြီး ရက်ပ်တာ ကို နောက်မှ တစ်လှည့်စီ ကိုင်တွယ်နိုင်ရင် သူတို့ကို အောင်နိုင်ဖို့ အခွင့်အရေးရှိမှန်း သူမ သိနေလို့ပဲ။

သူမက လေထဲကို ခုန်တက်လိုက်ပြီး ခန္ဓာကိုယ်ကို ဝေ့ဝဲကာ ထိမိသမျှ အရာအားလုံးကို မွှေနှောက်ဖျက်ဆီးပစ်မယ့် သူ့ရဲ့ အမှတ်သညာဖြစ်တဲ့ ဝဲပျံဓားကွက်ကို ဖန်တီးလိုက်တယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ အာလော့စ် က သူ့ရဲ့ ကြာပွတ်ကို မြှောက်ပြီး ခေါင်းပေါ်မှာ ဝှေ့ယမ်းလိုက်တယ်။ ပြီးတော့ အချိန်အခါကောင်းကို စောင့်ဆိုင်းပြီးတဲ့နောက် ကြာပွတ်ကို သူမဆီ လွှဲရိုက်လိုက်ပါတော့တယ်။

ကြာပွတ်က ရိန်နာ ရဲ့ ဝဲပျံဓားကွက်တွေကို သွားထိမိတဲ့အချိန်မှာတော့ မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်ပျက်သွားခဲ့တယ်။

ရိန်နာ ဟာ လေထဲမှာတင် သူ့ရဲ့ အရှိန်အဟုန်တစ်ခုလုံး လုံးဝ ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။ သူမ အံ့ဩသွားပြီး သူ့ရဲ့ လခြမ်းဓားကို ကြည့်လိုက်တဲ့အခါ အာလော့စ် ရဲ့ ကြာပွတ်က ဓားသွားတွေအပေါ်မှာ ရစ်ပတ်နှောင်ဖွဲ့ထားတာကို မြင်လိုက်ရတယ်။

ဒီလောက် ပျော့ဖတ်ဖတ်နိုင်တဲ့ လက်နက်မျိုးနဲ့ဆိုရင် အဲဒီကြာပွတ်ဟာ အပိုင်းအစပေါင်း သန်းချီဖြစ်အောင် အလွယ်တကူ မွှေနှောက်ဖျက်ဆီးခံလိုက်ရမယ်လို့ လူတိုင်း ထင်ကြမှာပါ။

ဒါပေမဲ့ အဲဒီကြာပွတ်က သာမန်လက်နက်တစ်ခု မဟုတ်ခဲ့ဘူး။

ဒါက မီသရယ် မှော်ဝင်ပစ္စည်း တစ်ခုဖြစ်ပြီး အာလော့စ် ရဲ့ စွမ်းရည် နဲ့ ပေါင်းစပ်လှုံ့ဆော်ထားတာ ဖြစ်ပါတယ်။

နှာတံရှည် မိကျောင်းတစ်ကောင်ရဲ့ အရိုးခေါင်းမေးရိုးကြီးတွေက အာလော့စ် ရဲ့ ခေါင်းပေါ်မှာ ပေါ်လာခဲ့တယ်။ ဒီအရိုးစုက သာမန်မိကျောင်းတွေနဲ့ မတူတာက သူ့ရဲ့ သွားတွေက တစ်ခုနဲ့တစ်ခု ကွက်တိကျနေပြီး စိပိတ်လိုက်တဲ့အခါ ဘယ်လို အကြားအလပ်မှ တင်ကျန်မနေတာပဲ။

ရိန်နာ ဟာ သူ့ရဲ့ ဓားသွားတွေကို ကြည့်လိုက်တဲ့အခါ သေးငယ်တဲ့ အရိုးစုမေးရိုးတစ်ခုက သူမ ရဲ့ လခြမ်းဓါးပေါ်မှာ ကိုက်ညှပ်ထားတာကို မြင်လိုက်ရတယ်။

သူမရဲ့ လခြမ်းဓါးကို ဘယ်လောက်ပဲ လှုပ်ရှားဖို့ ကြိုးစားပါစေ၊ ဒါက လုံးဝကို ရုန်းမရ ဖြစ်နေခဲ့တယ်။

ဒီမှာတင် အာလော့စ် က ကြာပွတ်ကို သူ့ဆီ ပြန်ဆွဲငင်လိုက်တာကြောင့် ရိန်နာ ရော သူမရဲ့ လခြမ်းဓါးသွားတွေပါ အတူတူ ပါသွားတော့တယ်။

ရိန်နာ က ဒါကို အာလော့စ် နဲ့ အနီးကပ်တိုက်ပွဲ ဝင်နိုင်မယ့် အခွင့်အရေးတစ်ခုအဖြစ် သတ်မှတ်ပြီး သူမရဲ့ ကျန်တဲ့ဓားတစ်လက်ကို ပြင်ဆင်လိုက်တယ်။

ဒါပေမဲ့ ဒီအချိန်မှာပဲ မျက်လုံးထောင့်ကနေ ရက်ပ်တာ ဟာ တစ်နေရာဆီကို တိတ်တဆိတ် ရွှေ့ပြောင်းသွားပြီး သူမကို ကြားဖြတ်တားဆီးဖို့ အသင့်ပြင်နေတာကို သတိပြုမိလိုက်တယ်။

ရက်ပ်တာ ရဲ့ လက်နှစ်ဖက်က အနားကို ကပ်လာသမျှ အရာအားလုံးကို ခြေမွှပစ်ဖို့ စောင့်ဆိုင်းနေတဲ့ မိကျောင်းမေးရိုးကြီးတစ်ခုလို ဖြန့်ကားထားတာပါ။

သူမဟာ အနီးကပ်တိုက်ဖို့အစီအစဉ်ကိုဖျက်လိုက်ပြီး လက်တစ်ဖက်ဓါးကို ရစ်ပတ်ထားတဲ့ ကြာပွတ်ကို ကျန်တဲ့ဓါးတစ်လက်နဲ့ ဖြတ်တောက်ဖို့ ခုတ်ပိုင်းလိုက်တယ်။

သူ့ရဲ့ ဓားသွားတွေက သားရေကြာပွတ်ကို သွားထိမိပြီး 'ချွင်' ဆိုတဲ့ အသံ ထွက်ပေါ်လာတယ်။ အဲဒီအချိန်မှာပဲ အရိုးစုမိကျောင်းကြီး ပေါ်လာပြီး ကြာပွတ်ဘေးပတ်ပတ်လည်မှာ အကာအကွယ်အလွှာတစ်ခုကို ဖန်တီးလိုက်တယ်။

ဒါက အာလော့စ် ရဲ့ စွမ်းရည် ပါပဲ။ အဲဒီအရိုးစုမိကျောင်းခေါင်းတွေကသာ တစ်ခုခုအပေါ်မှာ ကိုက်ခဲသွားပြီဆိုရင် ဘယ်အရာမှ သူ့ရဲ့ ကိုက်ခဲမှုကနေ မလွတ်မြောက်နိုင်တော့ဘူး။

သူ့မှာ ကမ္ဘာပေါ်မှာ အသန်မာဆုံးနဲ့ အထက်မြက်ဆုံး လက်နက်တွေ ရှိနေရင်တောင်မှ အဲဒီကိုက်ခဲမှုကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။

သူမက ရက်ပ်တာ ရဲ့ မေးရိုးတွေနဲ့ တော်တော်နီးကပ်နေပြီ။ အကယ်၍သာ သူက ရက်ပ်တာ ရဲ့ တိုက်ခိုက်မှုနယ်ပယ်ထဲကို ရောက်သွားရင်တော့ လုံးဝကို ခုခံနိုင်စွမ်းမရှိ ဖြစ်သွားရတော့မှာပေါ့။

နောက်ဆုံးမှာတော့ အနီရောင်ဖုန်မှုန့်လေးတွေကို စုစည်းလိုက်ပြီး ကျန်တဲ့လခြမ်းဓါးတစ်လက်ရဲ့ ဓားသွားအနားသတ်ကို ဖုံးလွှမ်းဖို့ စေခိုင်းလိုက်တယ်။

ဒီလို ပေါင်းစပ်မှုနဲ့အတူ သူက ကြာပွတ်ဆီကို ထပ်မံ ပိုင်းဖြတ်လိုက်ပြန်တယ်။

ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ မျက်နှာသုံးခုပါတဲ့ ဒီဗာ အမျိုးသမီးက သူ့လက်နက်ထဲကို တန်ခိုး တွေ ထည့်သွင်းပေးပြီး အရိုးစုမိကျောင်းရဲ့ တန်ခိုး ကို ပြန်လည် တိုက်ခိုက်လိုက်တာပါ။

နှစ်ခု ထိပ်တိုက်တွေ့သွားပြီး မမြင်နိုင်တဲ့ ရိုက်ခတ်မှုလှိုင်းတစ်ခု ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ မိကျောင်းဟာ ဆက်ပြီး ဖမ်းဆုပ်မထားနိုင်တော့ဘူး ဖြစ်သွားတယ်။

ဒါက နောက်ဆုံးတော့ လခြမ်းဓါးကို လွှတ်ပေးလိုက်ပြီး အာလော့စ် ရဲ့ ကြာပွတ်လက်ကိုင်ဆီ ပြန်လည် လျှောဝင်သွားတော့တယ်။

ဒါပေမဲ့ ဒါက နည်းနည်းလေး နောက်ကျသွားခဲ့ပြီ။ ဘာလို့လဲဆိုတော့ သူမက အရှိန်လွန်ပြီး ရက်ပ်တာ ရဲ့ သံမဏိလက်အိတ်တွေ တိုက်ခိုက်နိုင်တဲ့ နယ်ပယ်ထဲကိုကျရောက်သွားခဲ့တယ်။ ရွေးချယ်စရာမရှိတော့တဲ့အတွက် သူက စိတ်ကိုတင်းထားပြီး လခြမ်းဓါးတွေကို ကာကွယ်ရေးပုံစံအနေနဲ့ ကြက်ခြေခတ် ပိတ်လိုက်တယ်။

သူမနဲ့ ရက်ပ်တာ ကြားထဲက အကွာအဝေးနီးကပ်သွားချိန်မှာ ဧရာမ မိကျောင်း ဒီဗာကြီးက မျက်လုံးတွေက ဝါးခနဲ ဝါထိန်သွားပြီး ဘေးပတ်ပတ်လည်မှာ အားလှိုင်းတစ်ခု ဖြစ်ပေါ်လာစေလောက်အောင် ပြင်းထန်လှတဲ့ အရှိန်အဟုန်နဲ့ အားမာန်တွေနဲ့ ကိုက်ခဲပစ်လိုက်တော့တယ်။

ဒါက ရက်ပ်တာ ရဲ့ စွမ်းရည် ပါပဲ။ သူ့ရဲ့ တိုက်ခိုက်မှုနယ်ပယ်နဲ့ နီးကပ်လာသမျှ ဘယ်အရာမဆို ခြေမွှဖျက်ဆီးခြင်း ခံရလိမ့်မယ်။ ကမ္ဘာပေါ်မှာ အကြမ်းခံဆုံး ဒြပ်စင်ပဲဖြစ်ဖြစ် ဂရုစိုက်နေမှာ မဟုတ်ဘူး။ သူတို့တွေက မုန့်ပြားလေးလို ညပ်ပိခြေမွှခံရမှာပဲ။

ရက်ပ်တာ ရဲ့ လက်အိတ်တွေက ရိန်နာ ဆီကို ပိတ်ဆို့သွားပေမဲ့ ရိန်နာ က သူ့ရဲ့ လခြမ်းဓါးနှစ်လက်ကို သုံးပြီး အပေါ်နဲ့အောက်ကနေ အချိန်မီ ကာကွယ်လိုက်နိုင်တယ်။

သူမက လခြမ်းဓါးတွေအပေါ် သက်ရောက်လာတဲ့ ဧရာမ အားပမာဏကို ခံစားလိုက်ရပြီး သွားကို ကြိတ်ထားလိုက်မိတယ်။ ရက်ပ်တာကတော့ အဲဒီမေးရိုးတွေတန်ခိုးနဲ့ ပိုမိုသန်မာလာတယ်။

ရိန်နာကတော မေးရိုးတွေရဲ့ဖိအားဒဏ်ကို လက်လျှော့ဖို့ ငြင်းဆန်နေခဲ့တယ်။ ဒါပေမဲ့ ရက်ပ်တာ ရဲ့ ခြေမွှဖျက်ဆီးနိုင်တဲ့ တန်ခိုး က တကယ်ကို ပြင်းထန်လွန်းလှပါတယ်။

အဲဒီအလေးချိန်အောက်မှာ လခြမ်းဓါးတွေဆီက သွေးပျက်မတတ် အက်ကွဲသံတွေက ထွက်ပေါ်လာပြီး စတင် ပျက်စီးလာတော့တယ်။ သူမရဲ့ မီသရယ် မှော်ဝင်ပစ္စည်း လက်နက်တွေတောင်မှ ရက်ပ်တာ ရဲ့ တန်ခိုး ကို မတောင့်ခံနိုင်ခဲ့ဘူး။

ရိန်နာ မခံချင်စိတ် ဖြစ်သွားပြီး ကျန်ရှိနေတဲ့ အနီရောင်ဖုန်မှုန့်တွေကို သုံးကာ လခြမ်းဓါးတွေပေါ်က အက်ကြောင်းတွေကို ဖာထေးဖို့ လုပ်လိုက်တယ်၊ ဒီအခြေအနေကနေ သူ့မဟာမိတ် လွတ်မြောက်ဖို့ အချိန်ပိုရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

ဒါပေမဲ့ သူ့ရဲ့ အနီရောင်ဖုန်မှုန့်တွေတောင်မှ သူ့ကို စတင် သစ္စာဖောက်လာခဲ့ပြီ။ မေးရိုးကြီးတွေက အနီရောင်ဖုန်မှုန့်တွေကို ဘာမှမဟုတ်တဲ့ အမှုန်အမွှားတွေဖြစ်အောင် စတင် ကြိတ်ခြေပစ်နေတာပဲ။

မျက်နှာသုံးခုပါတဲ့ ဒီဗာ တောင်မှ ဒီဖိအားကို စတင် ခံစားနေရပြီ။ မမြင်ရတဲ့ မိကျောင်းတစ်ကောင်က သူ့ခေါင်းကို ခဲထားသလိုမျိုး လည်ပင်းက စတင် ကိုင်းညွတ်လာခဲ့တယ်။

ဆက်ပြီး မတောင့်ခံနိုင်တော့တဲ့အဆုံး ရိန်နာ ဟာ လက်နက်တွေကို ဖမ်းဆုတ်မထားနိုင်တော့ဘဲ ဘေးကင်းရာဆီကို ခုန်ထွက်လိုက်ရပါတော့တယ်။ မျက်နှာသုံးခုပါတဲ့ ဒီဗာ ရဲ့ အကာအကွယ် မရှိတော့တာနဲ့ အဲဒီ လခြမ်းဓါးတွေက ကမ္ဘာပေါ်က တခြား သာမန်လက်နက်တွေလိုပဲ ဖြစ်သွားခဲ့တယ်။

ရက်ပ်တာ က လခြမ်းဓါးတွေအပေါ် သူ့ရဲ့ သံမဏိလက်အိတ်တွေကို ဖိချလိုက်ပြီး အပိုင်းအစပေါင်း သန်းချီဖြစ်အောင် ကြိတ်ခြေပစ်လိုက်တာကြောင့် အဲဒီအစအနတွေက လေထဲမှာ ဖုန်မှုန့်တွေအဖြစ် ပြာကျသွားတော့တယ်။

"ဒီလိုမျိုး ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး"

ရက်ပ်တာ က သူ့ရဲ့ သံမဏိလက်အိတ်နဲ့ဆုတ်ကိုင်ထားတဲ့ မှုန့်မှုန့်ညက်ညက် ကြေမွသွားတဲ့ လခြမ်းဓါးအမှုန့်တွေကို မြေပြင်ပေါ် ဖွေချရင်း ပြောလိုက်တယ်။

"မင်း အခုပဲ အရှုံးပေးလိုက်သင့်ပြီ၊ ဒါမှ ထပ်ပြီး ဒဏ်ရာမရတော့မှာ"

အာလော့စ် က အကြံပြုလိုက်တယ်။

သူတို့နှစ်ယောက်လုံးက သူ့ဆီကနေ ခြေလှမ်းစတင် ထွက်ခွာသွားကြတယ်။ အခုဆို သူ့မှာ မီသရယ် မှော်ဝင်ပစ္စည်း မရှိတော့တဲ့အတွက် သူ့ရဲ့ စွမ်းရည် တွေကို သုံးစွဲခွင့် မရှိတော့ဘူးလေ။

ဒါပေမဲ့ သူတို့တွေ နောက်ထပ် ခြေတစ်လှမ်းတောင် မလှမ်းရသေးခင်မှာပဲ ရိန်နာ ဟာ မြေပြင်ပေါ်ကနေ သူတွေ့လိုက်တဲ့ ထက်မြက်တဲ့ ကျောက်ခဲတစ်လုံးကို ကိုင်ပြီး သူတို့ဆီကို ပြေးဝင်လာတာကို ခံစားလိုက်ရတယ်။

"မင်း ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ။ အဲဒီကောင်လေးကြောင့်လား။ မင်း ဘာလို့ သူ့ကို ကာကွယ်ပေးနေရတာလဲ"

သူက ဘာမှ ပြန်မပြောဘဲ ရူးသွပ်နေတဲ့ မျက်လုံးတွေနဲ့ သူတို့ဆီကို ပြေးဝင်လာခဲ့တယ်။

"ငါ ဒါကို မလုပ်ချင်ဘူး၊ ဒါပေမဲ့ မင်းက ငါတို့ကို ဆက်ပြီး နှောင့်ယှက်နေမယ်ဆိုရင်တော့ မင်း သတိလစ်သွားအောင်အထိ ငါ လုပ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး"

ရက်ပ်တာ က သူ့လက်တွေကို မြှောက်လိုက်ပြီး မိကျောင်းမေးရိုးတွေကို ဆင့်ခေါ်လိုက်တယ်။

ဒီလိုမျိုး ခုခံနိုင်စွမ်းမရှိတဲ့ အားနည်းနေတဲ့ အခိုက်အတန့်မှာပဲ ရိန်နာ ဟာ စကားတစ်ခွန်းကို မဟချင်ဘဲ ဟလိုက်မိတယ်၊

"ငါ့ကို ကယ်ဦး..."

* * * * * * * *

စာစဉ်(၄၆)

All Chapters