← Chapters

အခန်း ၅၅၅

Vol. 47 Ch. 555

အခန်း ၅၅၅

Vol. 47 Ch. 555

အခန်း(၅၅၅)

ပျံဝဲနေတဲ့ ဒရုန်းဆိုတဲ့အရာကြီးဟာ သူ့ရဲ့ ပြောင်းဝမှာ သဟဇာတစွမ်းအင်တွေ စုစည်းလာတာနဲ့အမျှ လင်းထိန်လာခဲ့ရတယ်။ ခဏအကြာမှာတော့ အလင်းရောင်က အထွတ်အထိပ်ကို ရောက်သွားပြီး အာလော့စ်ဆီကို ပြင်းထန်လှတဲ့ သဟဇာတမှော်စွမ်းအင် အမြောက်အမြားကို ဝုန်းခနဲ မှုတ်ထုတ်လွှတ်လိုက်ပါတော့တယ်။

အာလော့စ်က လွတ်အောင်ရုန်းဖို့ ကြိုးစားလိုက်ပေမဲ့၊ ဒရုန်းရဲ့ သဟဇာတသေနတ်ပစ်ချက်က သူ့ခြေထောက်ဆီ တည့်တည့်မှန်သွားခဲ့တာမို့ လမ်းလျှောက်ရင် ခဏတာ ထော့နဲ့ထော့နဲ့ ဖြစ်သွားရတဲ့အထိ ဒဏ်ရာရသွားခဲ့ရတာပေါ့။

ချက်ကောင်းထိသွားပြီးတဲ့နောက်မှာတော့ ဒရုန်းဟာ မိုက်ကယ်ရှိတဲ့နေရာဆီ တည့်တည့် ပျံသန်းသွားပြီး သူ့ပခုံးအထက်နားမှာပဲ ငြိမ်ငြိမ်လေး ပျံဝဲနေလိုက်တော့တယ်။

နောက်ဆုံးတော့ အားလုံးရဲ့ အကြည့်တွေက သတ္တုရောင် ပျံသန်းရေးပစ္စည်းကြီးဆီ ရောက်သွားကြတာပေါ့။ ဒါက သူတို့တစ်ခါမှ မမြင်ဖူးတဲ့ အရာမျိုးပါ။ တချို့ဆိုရင် ဒါက သူတို့တိုက်ပွဲထဲကို ဘယ်လိုနည်းနဲ့မဆို အတင်းဝင်ရောက်လာတဲ့ မိစ္ဆာတစ်ကောင်လို့တောင် ထင်နေကြတာကိုး။

"ဒီအရာကြီးက မိုက်ကယ်သုံးခဲ့တဲ့ မန္တန်အတိုင်း သုံးသွားတာပဲ။ ဒါကြောင့် သူ ဒီလိုလုပ်နိုင်ခဲ့တာကိုး။"

"ဒါက ဘာကြီးလဲ။ ဒါက သတ္တုနဲ့လုပ်ထားတဲ့ သူ့ရဲ့ယဉ်ပါးနေတဲ့ မိစ္ဆာလား။ ဒါမှမဟုတ် သူ့ရဲ့နောက်ထပ် မှော်ဖန်တီးမှုတစ်ခုလား။"

မှော်မျှော်စင်ရဲ့ မျှော်စင်သခင်နဲ့ အခြားအဆင့်မြင့်မှော်ပညာရှင်တွေကတော့ မိုက်ကယ်သုံးလိုက်တဲ့ သဟဇာတသေနတ်ကို မြင်လိုက်ရကတည်းက လုံးဝကို ပျာယာခတ်ကုန်ကြပြီ ဖြစ်ပါတယ်။ မှော်အတတ်ပညာကို ထာဝရလေ့လာဆည်းပူးနေသူတွေပီပီ သဟဇာတအလင်းတန်းထဲမှာရှိတဲ့ ဒြပ်စင်ရှစ်မျိုးလုံးရဲ့ တန်ခိုး ကို သူတို့ ချက်ချင်း သိလိုက်ကြတာကိုး။

"မျှော်စင်သခင်... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ...အဲဒီအလင်းတန်းက ဘာကြီးလဲ။ ဒြပ်စင်ရှစ်မျိုးလုံးက ဧရာမပေါက်ကွဲမှုကြီး မဖြစ်ပေါ်စေဘဲ တူညီတဲ့နေရာတစ်ခုထဲမှာ ဘယ်လိုလုပ် အတူတူတည်ရှိနေနိုင်ရတာလဲ"

"ပြီးတော့ သူက ဒြပ်စင်ရှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်တယ်ဆိုတာ သိပေမဲ့ အဲဒီအလင်းတန်းကို သုံးလိုက်တာနဲ့ သူ့လက်ညှိုး ဒါမှမဟုတ် သူ့တစ်ကိုယ်လုံး ချက်ချင်း ပျက်စီးသွားရမှာလေ။"

မျှော်စင်သခင်ကိုယ်တိုင်လည်း လုံးဝကို အဖြေရှာမရဖြစ်နေခဲ့တာပါ။

"မင်းတို့အားလုံးက ဘာလို့ ငါတို့ကို ဒြပ်စင်ရှစ်မျိုးမန္တန်ရဲ့ ရုပ်ပိုင်းဆိုင်ရာသဘောတရားတွေကို ကျွမ်းကျင်တဲ့သူတွေလို လာလုပ်ပြနေကြတာလဲ။ အစကတည်းက ဒါက ဖြစ်နိုင်တယ်လို့ ငါတို့ မတွေးခဲ့မိဘူး။ ဒါပေမဲ့ မိုက်ကယ်ကတော့ မဖြစ်နိုင်တာကို ဖြစ်နိုင်အောင်လုပ်မယ့် နည်းလမ်းသစ်တွေကို ဖန်တီးတီထွင်ဖို့ သူ့တစ်ဘဝလုံး အချိန်ပေးခဲ့တာ နေမှာပါ။"

မျှော်စင်သခင်ရဲ့ မျက်နှာမှာ စူးစမ်းလိုစိတ်တွေ ဖြစ်ပေါ်နေပြီး သဟဇာတသေနတ်ကို လုံးဝကို သဘောကျစွဲလန်းလို့ နေပါတယ်။

"ဒါကိုတော့ ကျွန်တော်တို့ နားလည်နိုင်ပါတယ် မျှော်စင်သခင်။ ဒါပေမဲ့ ပျံဝဲနေတဲ့ အဲဒီအရာကြီးကျတော့ကော။ အဲဒါက ဘယ်လိုလုပ် လုံးဝထပ်တူကျတဲ့ အလင်းတန်းမျိုးကို ဖန်တီးနိုင်ရတာလဲ။ အဲဒီအရာကလည်း ဒြပ်စင်ရှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်ထားတယ်လို့ ယူဆရမှာလား။"

"ဒါတင်မကဘူးနော်... ကျွန်တော်မြင်ရသလောက်တော့ အဲဒီသတ္တုပစ္စည်းက သူ့ဘာသာပျံသန်းဖို့ ဘယ်ကလာတဲ့ ပြင်ပမှော်စွမ်းအားကိုမှ မသုံးထားဘူး။ မျှော်စင်သခင်... တစ်ခုခု ထူးခြားတာကို မြင်ရတယ်လို့ ပြောပါဦး။"

သူတို့အတွက် ကံဆိုးတာကတော့ မျှော်စင်သခင်မှာ သူတို့အတွက် အဖြေမရှိခဲ့ပါဘူး။

"သူ့ရဲ့ ပျံသန်းနိုင်စွမ်းက ရိုးရှင်းတဲ့ ရုပ်ပိုင်းဆိုင်ရာသဘောတရားပေါ်မှာပဲ အခြေခံထားတာ။ သူ့အောက်က လေထုကို ဖိထုတ်ပြီး ပျံသန်းနေတာကို ငါတို့ မြင်နိုင်တယ်။ ဒါကို လုပ်နိုင်မယ့် စက်မှုပိုင်းဆိုင်ရာ သဘောတရားတွေကို သူ ဘယ်လို ရှာဖွေတွေ့ရှိခဲ့လဲဆိုတာတော့ ငါလည်း ပိုပြီး မသိပါဘူး။

ပြီးတော့ အလင်းတန်းကို သုံးနိုင်တဲ့ သူ့ရဲ့စွမ်းရည်ကျတော့လည်း... ငါလည်း မင်းတို့လိုပဲ ဝေခွဲမရ ဖြစ်နေတာပဲ။"

မိုက်ကယ်ရဲ့ သဟဇာတအလင်းတန်းနဲ့ သူ့ရဲ့ဒရုန်းကို စိတ်ဝင်စားနေတာက မှော်မျှော်စင်က မှော်ပညာရှင်တွေတင် မဟုတ်ပါဘူး။

အဲလ်ရစ်လည်း တိုက်ပွဲရဲ့ တိုးတက်ပြောင်းလဲလာမှုကို စောင့်ကြည့်ရင်း ကိုယ်ကို ရှေ့ကို မကိုင်းဘဲမနေနိုင် ဖြစ်နေခဲ့ရတယ်။ 'အဲဒီအလင်းတန်းက အစွမ်းထက်လွန်းတယ်၊ ရက်ပ်တာနဲ့ အာလော့စ်တို့ တုံ့ပြန်ဖို့ အချိန်မရသလောက် ဖြစ်သွားတာပဲ' လို့ သူ သဘောပေါက်လိုက်တာပေါ့။ အံ့ဩစရာကောင်းလှပေမဲ့ အဲလ်ရစ်က အခုဆိုရင် မိုက်ကယ်ကို အဲဒီနှစ်ယောက်အပေါ် နိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းလောက် ပေးထားလိုက်ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကသာ ဒါကို သူ့ဘာသာ ပြန်ပြောခဲ့ရင် သူကိုယ်သူ အရူးလို့ ထင်မိမှာ အသေအချာပါပဲ။

* * * * * * * *

ရက်ပ်တာက အောက်ကို ဆင်းသွားပြီး အာလော့စ်ကို တွဲထူပေးလိုက်တယ်။ အဲဒီနှစ်ယောက်လုံး ဒဏ်ရာတွေရပြီး သွေးထွက်နေကြပြီဖြစ်ကာ၊ နှိုင်းယှဉ်ကြည့်ရင် မိုက်ကယ်ရဲ့ ကိုယ်ပေါ်မှာတော့ ဒဏ်ရာအစအနလေးတောင် မရှိသလောက်ပါပဲ။

"အဲဒါ ဘာကြီးလဲ မင်းသိလား" လို့ ရက်ပ်တာက အာလော့စ်ကို တိုးတိုးလေး မေးလိုက်တယ်။

"မသိဘူး။ ဒါပေမဲ့ ငါ့ရင်ဘတ်ကို မှန်ခဲ့တာ အဲဒါပဲဆိုတာ ငါသေချာတယ်" လို့ အာလော့စ်က သူ့ဒဏ်ရာကို နှိပ်နယ်ရင်း ပြန်ဖြေလိုက်တယ်။

သူတို့နှစ်ယောက်လုံး မိုက်ကယ်နဲ့ သူ့ဘေးမှာ ပျံဝဲနေတဲ့ ဒရုန်းကို ကြည့်လိုက်ကြတယ်။ အဲဒီသတ္တုပစ္စည်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က အဲဒီလူကိုယ်တိုင်လိုပဲ ခြိမ်းခြောက်မှု ဖြစ်နေခဲ့တာပေါ့။

သူ့ရဲ့လက်ညှိုးမှာ ပေါ်လာမယ့် တောက်ပတဲ့ အဖြူရောင်အလင်းတန်းကို သူတို့ရဲ့ မျက်လုံးတွေက အခုတော့ သတိကြီးကြီးနဲ့ စောင့်ကြည့်နေကြပြီ။ အဲဒီ ရိုးနေတဲ့ အလင်းရောင်ကို မြင်တာနဲ့ ချက်ချင်း ထွက်ပြေးရမယ်ဆိုတာ သူတို့ သိနေကြပြီလေ။

"ငါတို့ ဒါကို နိုင်ပါသေးတယ်" လို့ အာလော့စ်က ပြောလိုက်ရင်း၊ "မင်း သူ့ကို တိုက်ခိုက်၊ ငါကတော့ အဲဒီအရာကြီးကို စောင့်ကြည့်ထားမယ်" လို့ ရက်ပ်တာကို တိုးတိုးပြောဆိုလိုက်တော့တယ်။

ရက်ပ်တာက ခေါင်းညိတ်ပြီး သူ့ရဲ့ ကောင်းဘွိုင်ဦးထုပ်ကို ပြင်ဆင်လိုက်ကာ၊ လက်နှစ်ဖက်ကို ကျားဟန်ပြင်ပြီး မိုက်ကယ်ဆီကို အရှိန်နဲ့ ဝုန်းခနဲ ပြေးဝင်သွားတော့တယ်။ သူ့ရဲ့ လက်အိတ်တွေပေါ်မှာ မိကျောင်းခေါင်းအသေးစားနှစ်ခု ပေါ်လာပြီး နှစ်ကောင်လုံးက ပါးစပ်တွေဟပြီး ကိုက်ဖို့ အသင့်ပြင်ထားကြတာပေါ့။

သူ ဒါကို လုပ်နေတုန်းမှာပဲ အာလော့စ်က ဒရုန်းဆီ အာရုံစိုက်ထားလိုက်ပေမဲ့၊ သူ့ဒဏ်ရာတွေကနေ နာကျင်မှုက ပြင်းထန်လာပြီး ကြာပွတ်က လွဲချော်သွားခဲ့ရတာမို့ ဒရုန်းဟာ ရက်ပ်တာဆီကိုပဲ ဦးတည်ပြီး တောက်ပတဲ့ သဟဇာတအလင်းတန်းကို ထပ်မံထုတ်လွှတ်လိုက်ပြန်တယ်။

မိုက်ကယ်က ဒီအခွင့်အရေးကို အသုံးချပြီး မှော်စက်ဝိုင်းနှစ်ခုကို တစ်ပြိုင်တည်း ထပ်မံဖန်တီးလိုက်တာပေါ့။ မှော်ဝင် ငါးနှစ်ကောင်ထဲက တစ်ကောင်က အလင်းနဲ့ အဆိပ်မှော်စွမ်းအင်နဲ့ ပြုလုပ်ထားပြီး နောက်တစ်ကောင်ကတော့ အမှောင်နဲ့ မိုးကြိုးမှော်စွမ်းအင်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

နှစ်ကောင်လုံးက လေထဲမှာ ကူးခတ်သွားပြီး ရက်ပ်တာဆီကို အရှိန်ပြင်းပြင်း ပြေးဝင်သွားကြတာမို့၊ ရက်ပ်တာက သွားကိုကြိတ်ပြီး ငါးနှစ်ကောင်လုံးကို သူ့လက်အိတ်တွေနဲ့ ဖမ်းချုပ်ကာ သေမင်းလှည့်ကွက်နဲ့ ခြေမှုန်းပစ်လိုက်ရတယ်။

ဒါပေမဲ့ ဒါက သူ့အလုပ်ကိုတော့ လုပ်သွားခဲ့တာပေါ့။ ရက်ပ်တာမှာ ဒရုန်းရဲ့ ပစ်ကွင်းထဲကနေ ဖယ်ရှားဖို့ အချိန်မရတော့ဘဲ အမှန်ခံရဖို့ စက္ကန့်ပိုင်းအလိုပဲ လိုပါတော့တယ်။ အဲဒီအချိန်မှာပဲ အာလော့စ်ရဲ့ ကြာပွတ်က ရက်ပ်တာဆီ လှမ်းရိုက်လာပြီး သူ့ခါးကို ပတ်ကာ နောက်သို့ အတင်းဆွဲထုတ်လိုက်တဲ့အတွက် ရင်ဘတ်မှာ နောက်ထပ် သေနတ်ဒဏ်ရာတစ်ခု မရအောင် ကယ်တင်နိုင်ခဲ့တာပေါ့။

ဒါပေမဲ့ သူတို့ နောက်ဆုံးမှာ ဘေးကင်းသွားပြီလို့ ထင်လိုက်တဲ့ အချိန်မှာပဲ၊ မိုက်ကယ်ရဲ့ လက်ညှိုးက သဟဇာတ တန်ခိုးတွေနဲ့ လင်းထိန်နေပြီး ပစ်လွှတ်ဖို့ စက္ကန့်ပိုင်းအလိုပဲ လိုပါတော့တယ်။

* * * * * * * *

စာစဉ်(၄၇)

All Chapters