← Chapters

အခန်း ၅၅၇

Vol. 47 Ch. 557

အခန်း ၅၅၇

Vol. 47 Ch. 557

အခန်း(၅၅၇)

ဟင်းလင်းပြင်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့တဲ့ ပြင်းထန်လှတဲ့ ရိုက်ခတ်မှုလှိုင်းတွေ ဖြည်းဖြည်းချင်း ငြိမ်သက်သွားပြီးတဲ့နောက်မှာတော့၊ ဖုန်မှုန့်တွေကြားထဲမှာ အရာအားလုံးဟာ ပကတိအတိုင်း ပြန်လည်ပြီး အခြေကျသွားခဲ့ရတာပေါ့။

ဒါပေမဲ့လည်း စစ်မြေပြင်ရဲ့ အခြေအနေတွေက အရင်လို ပုံစံမျိုးတော့ လုံးဝ မဟုတ်တော့ပါဘူး။

အာလော့စ်နဲ့ ရက်ပ်တာတို့ရဲ့ အပေါ်တည့်တည့် ကောင်းကင်ယံထက်မှာတော့... ခေါင်းတစ်ခုလုံးကို မာကျောလှတဲ့ အရိုးချပ်ဝတ်တန်ဆာတွေ ပတ်ပတ်လည် ကျစ်လျစ်စွာ ရစ်ပတ်ဖုံးလွှမ်းထားပြီး၊ အရင်ကထက် ပိုမိုစူးရှကာ ပိုပြီးတော့လည်း အသက်အန္တရာယ်ကို လျှပ်တပြတ် ပေးအပ်နိုင်စွမ်းရှိတဲ့ သွေးဆာနေတဲ့ သွားတွေ ဗလပွနဲ့ ဧရာမ ခရိုကိုဒိုင်းကြီး တစ်ကောင်ရဲ့ ပုံရိပ်ဆန်းကြီးက ဝုန်းခနဲ ရုပ်လုံးပေါ်လို့ တည်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

အာလော့စ်ရဲ့ အရိုးအကြွင်းအကျန် မိကျောင်းခေါင်းတို နဲ့ ရက်ပ်တာရဲ့ ဧရာမ မိကျောင်း ဆိုတဲ့ ကမ္ဘာဦးဒီဗာနှစ်ကောင်ဟာ အခုဆိုရင် တစ်ကောင်နဲ့တစ်ကောင်ရဲ့ ပင်ကိုယ်အနှစ်သာရတွေကို သွေးသားတစ်သားတည်းအဖြစ် အတူတကွ ပေါင်းစပ်လိုက်ကြပြီး၊ ပိုမိုကြောက်မက်ဖွယ်ကောင်းတဲ့ အမြင့်ဆုံးဖြစ်တည်မှုအသစ်တစ်ခု အဖြစ်ကို ရက်စက်စွာ ပုံဖော်ဖန်တီးလိုက်ကြပြီ ဖြစ်ပါတယ်။

လူတိုင်းဟာ မိမိတို့မျက်လုံးကိုတောင် မိမိတို့ မယုံကြည်နိုင်အောင် ဖြစ်နေရတယ်။

"မဖြစ်နိုင်တာ။ သူတို့တွေ အောင်အောင်မြင်မြင်နဲ့ တစ်ယောက်နဲ့တစ်ယောက် တသားတည်းပေါင်းစည်းသွားကြတာလား"

"ဒါက မဖြစ်နိုင်ဘူး။ သူတို့က သူငယ်ချင်းတွေ နေနေသာသာ အဖွဲ့ဝင်တွေတောင် မဟုတ်ကြဘူးလေ။ သူတို့ရဲ့ ဒီဗာတွေ အတူတကွ ပူးတွဲတည်ရှိဖို့ သဘောတူညီလောက်တဲ့အထိ ကောင်းမွန်တဲ့ ဆက်နွှယ်မှုမျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိသင့်ဘူး"

"ဒါမှမဟုတ် သူတို့ရဲ့ ဒီဗာတွေက သဘာဝအတိုင်းကို သဟဇာတဖြစ်နေကြတာလည်း ဖြစ်နိုင်တာပဲ။ သူတို့ရဲ့ စွမ်းရည်တွေက တစ်ယောက်နဲ့တစ်ယောက် အံဝင်ခွင်ကျ ဖြစ်နေတာကို ငါတို့ မြင်နေရတာပဲလေ"

မက်ဂ်နက်တစ် နှစ်ယောက်က သူတို့ရဲ့ အားသာချက်တွေကို အတူတကွ ရောနှောဖို့အတွက် သူတို့ရဲ့ ဒီဗာတွေကို အတူတူ ချိတ်ဆက်ရတဲ့ သဟဇာတ ပေါင်းစည်းခြင်း အတတ်ပညာဟာ လုပ်ဖို့အတွက် မယုံနိုင်လောက်အောင် ခက်ခဲမှန်း လူတိုင်း သိကြပါတယ်။ လူတစ်ယောက်အနေနဲ့ သူတို့အချင်းချင်း သဟဇာတ မဖြစ်နိုင်ခင်မှာ အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက်တော့ အတူတကွ အချိန်ဖြုန်းပြီး ကြိုးစားခဲ့ရမှာ အသေအချာပါပဲ။

"သူတို့ မိုက်ကယ့်ကို ရှုံးလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒီ တသားတည်းပေါင်းစည်းခြင်းနဲ့ဆိုရင်တော့ သူတို့ နိုင်ဖို့ သေချာသွားပြီ၊ တကယ့်ကို အပိုင်ပဲ"

"သူတို့ဆီမှာ ဒီလို လျှို့ဝှက်ချက်အတတ်ပညာ ရှိနေလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ။ သူတို့ ဒါကို ဘိုးနဲ့ တိုက်ခိုက်ဖို့အတွက် ချန်ထားတာ နေမှာ၊ ဒါပေမဲ့ နောက်ဆုံးတော့ မိုက်ကယ့်အတွက် သုံးလိုက်ရတာပဲ"

"သူတို့တွေ အင်အားအသာစီးရမှုကို ဆုံးရှုံးသွားခဲ့ရင်တောင် အခုဆိုရင် သူတို့ရဲ့ တန်ခိုးက မိုက်ကယ့်ထက် အဝေးကြီးကို သာလွန်သွားခဲ့ပြီ"

ကောင်းကင်ယံထက်က အရိုးချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားတဲ့ ဧရာမမိကျောင်းကြီးဟာ အင်အားပြင်းပြင်းနဲ့ ခြိမ်းခြောက်တဲ့အနေနဲ့ သူ့ရဲ့ မေးရိုးကြီးတွေကို ဖြောင်းခနဲ ညှပ်ပိတ်လိုက်ပြီး ပါးစပ်ကြီးကို ဟခနဲ ကြီးကြီးမားမား ဖွင့်ဟလိုက်တော့တယ်။

ရက်ပ်တာနဲ့ အာလော့စ်တို့ဟာ တစ်ချိန်တည်းမှာပဲ မျက်လုံးတွေကို အရှိန်နဲ့ ဖွင့်လိုက်ကြတာပေါ့။ သူတို့တွေရဲ့ နောက်ဆုံး အသက်လောင်းကြေးထပ် အားထုတ်မှုအတွက် အစွမ်းကုန် ပြင်ဆင်နေကြပြီဆိုတာကို မျက်နှာအမူအရာတွေကနေတစ်ဆင့် အတိုင်းသား မြင်တွေ့နိုင်ခဲ့ပါတယ်။ သူတို့ဟာ ဒီနောက်ဆုံး သေမင်းတိုက်ကွက်ထဲကို သူတို့မှာရှိသမျှ တန်ခိုးစွမ်းအားအားလုံးကို လုံးဝ ပုံအောထည့်သွင်းတော့မှာ ဖြစ်ရမယ်လေ။

သူတို့ဟာ လူတစ်ယောက်တည်းအတိုင်း လှုပ်ရှားနေသလိုမျိုး လုံးဝကို တစ်ပြိုင်တည်း ဟန်ချက်ညီညီ လှုပ်ရှားလာကြတာပေါ့။ သူတို့ဟာ တိုက်ခိုက်ခြေမှုန်းဖို့ အသင့်ဖြစ်နေတဲ့ လက်နက်တွေကိုယ်စီနဲ့အတူ မိုက်ကယ့်ဆီကို ဦးတည်ပြီး ဝုန်းခနဲ ပြေးဝင်သွားကြတော့တယ်။

သူတို့ မိုက်ကယ့်ဆီကို ဒုန်းစိုင်းပြေးဝင်သွားတဲ့အချိန်မှာပဲ၊ သူတို့အပေါ်က တသားတည်း ပေါင်းစည်းခြင်း ဒီဗာကြီးဟာလည်း သူတို့နဲ့အတူ ဟိန်းဟောက်လို့ ပြေးဝင်လာခဲ့တာပေါ့။ သူတို့ စုစည်းထားတဲ့ ပြင်းထန်လှတဲ့ အရှိန်အဝါက ဒီဗာကြီးကို တန်ခိုးတွေ ပိုမိုရရှိစေပြီး တကယ့် လက်တွေ့ကမ္ဘာနဲ့ တိုက်ရိုက်သက်ရောက်မှုရှိအောင် အားဖြည့်ပေးနေတဲ့အတွက်၊ အဲဒီဒီဗာကြီးရဲ့ ဧရာမခန္ဓာကိုယ်ကြီးဟာ လမ်းကြောင်းမှာရှိတဲ့ သစ်ပင်ကြီးတွေကို တိုးဝှေ့ဖြတ်သန်းရင်း သစ်ပင်အဖျားပိုင်းတွေကိုပါ အမှုန့်ဖြစ်အောင် တစ်ခဏချင်းအတွင်း ဖျက်ဆီးပစ်နေခဲ့တော့တယ်။

'ဒီဗာတွေကို အခုလိုမျိုး ပေါင်းစပ်ဖို့ ဖြစ်နိုင်တယ်ဆိုတာ ငါ လုံးဝမသိခဲ့ဘူး' လို့ မိုက်ကယ်က စိတ်ထဲကနေ အံ့ဩတကြီး တွေးလိုက်မိတာပေါ့။

အဲဒီနောက် သူက သူ့ရဲ့လက်ကို လျှပ်ခနဲ မြှောက်လိုက်ပြီး လက်ညှိုးထိပ်က သဟဇာတသေနတ် ဆီကို စူးရှတဲ့စွမ်းအားတွေ တရစပ် အားဖြည့်လိုက်တော့တယ်။ သူက မျက်လုံးတစ်ဖက်ကို အာရုံစိုက်မှိတ်လိုက်ပြီး အာလော့စ်ဆီကို တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်တယ်။

သူ့ဘေးနားမှာတော့ သူ့ရဲ့ ဒရုန်းဟာ ပြောင်းဝကို အလိုအလျောက် ချိန်ညှိလိုက်ပြီး တသားတည်း ပေါင်းစည်းခြင်းရဲ့ အခြားတစ်ဝက်ဖြစ်တဲ့ ရက်ပ်တာဆီကိုပါ တစ်ပြိုင်တည်း ချိန်ရွယ်လိုက်တော့တယ်။

သူတို့ဟာ တစ်စက္ကန့်အတွင်းမှာပဲ ပြိုင်တူ ပစ်ခတ်လိုက်ကြပြီး၊ သဟဇာတရဲ့ ဖြူဖွေးတဲ့ အလင်းတန်းဟာ အဲဒီလူနှစ်ယောက်ဆီကို မည်သည့်အချိန်မှ မဆိုင်းဘဲ မဆိုစလောက် အချိန်လေးအတွင်းမှာတင် အရှိန်အဟုန်ပြင်းစွာနဲ့ တောက်ပလို့ ဖြာထွက်သွားခဲ့ရတော့တယ်။

ကွက်တိပါပဲ... တသားတည်း ပေါင်းစည်းခြင်း ဒီဗာကြီးကို ဝန်းရံထားတဲ့ ပြင်းထန်လှတဲ့ အရှိန်အဝါက ဝုန်းခနဲ တောက်လောင်လာခဲ့ပြီး၊ အတားအဆီးကို ဖြတ်ကျော်လာတဲ့ သဟဇာတ အလင်းတန်းကို တန်ပြန်တိုက်ခိုက်လိုက်ကာ အရှိန်ကို အတင်းလျှော့ချပစ်ပြီး အစွမ်းသတ္တိကိုလည်း အားနည်းသွားအောင် လုပ်ဆောင်ပစ်လိုက်တာကိုး။

အရိုးချပ်ဝတ်တန်ဆာ မိကျောင်းကြီးဟာ သူ့ရဲ့ တသားတည်းဖြစ်မှုကို အသုံးပြုပြီး သက်ဆိုင်ရာ အရှင်သခင်နှစ်ယောက်စလုံးဆီကို တန်ခိုးတွေ ပိုမိုပေးအပ်ရင်း လည်ချောင်းသံကြီးနဲ့ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်လိုက်တော့တယ်။

ရက်ပ်တာက တန်ခိုးတွေ အဆမတန် ပိုမိုရရှိလာတဲ့ သူ့ရဲ့ သံမဏိလက်အိတ်ကြီးတွေနဲ့အတူ ရှေ့ကတိုးဝင်လာတဲ့ သဟဇာတအလင်းတန်းကို သူ့လက်နှစ်ဖက်နဲ့ အမိအရ ဖမ်းကိုင်လိုက်ပြီး၊ အဲဒီအလင်းတန်းကို အားနဲ့ လုံးဝ ခြေမွပစ်ကာ အစအနမကျန်အောင် ဖျက်ဆီးပစ်လိုက်တယ်။ အာလော့စ်ကလည်း ကြာပွတ်ကို အလင်းတန်းဆီ ပြင်းထန်စွာ လွှဲရိုက်လိုက်ပြီး အရင်းအမြစ်ကနေ ချက်ချင်း ဖြတ်တောက်ပစ်လိုက်တယ်။

ပထမဆုံးအကြိမ်အဖြစ် သူတို့နှစ်ယောက်ဟာ မိုက်ကယ်ရဲ့ အစွမ်းထက်လှတဲ့ သဟဇာတသေနတ်ကို ကောင်းကောင်းကြီး ခုခံကာကွယ်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။

အသစ်တဖန် ပြန်လည်ရရှိလာတဲ့ ပြိုင်ဘက်ကင်းခွန်အားတွေနဲ့အတူ သူတို့ဟာ ရှေ့ကို တရဟော တိုးဝင်လာကြတော့တာပဲ။ သူတို့ရဲ့ တသားတည်း ပေါင်းစည်းခြင်း ဒီဗာကြီးဟာ သူ့ရဲ့ သေမင်းမေးရိုးကြီးတွေကို ကြီးကြီးမားမား ဖွင့်ဟလိုက်ပြီး သူ့လမ်းကြောင်းမှာရှိတဲ့ အရာအားလုံးကို ရက်စက်စွာ ဝါးမြိုတော့တယ်။

တသားတည်းဖြစ်နေတဲ့ အဲဒီအတွဲအဖော်ကို ဝန်းရံထားတဲ့ မြင်တွေ့နေရတဲ့ အရှိန်အဝါနဲ့ နီးကပ်သွားတာနဲ့ တစ်ပြိုင်နက်၊ အနီးနားက သစ်ပင်ကြီးတွေဟာ သစ်စအကျိုးအပဲ့ သန်းပေါင်းများစွာအဖြစ် ဝုန်းခနဲ ကြေမွပျက်စီးကုန်ရသလို မြေကမ္ဘာရဲ့ မြေဆီလွှာတွေဟာလည်း တစ်ပြိုင်တည်းမှာတင် မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ရတော့တယ်။ သူတို့ဟာ သူတို့ရဲ့ နောက်ကွယ်မှာ ပျက်စီးယိုယွင်းနေတဲ့ မြေပြင်အမှိုက်ပုံကြီးတစ်ခုကိုပဲ ချန်ထားခဲ့ကြပြီး မိုက်ကယ့်ကိုတော့ မျက်စိရှေ့တည့်တည့်မှာ သေချာပေါက် ပစ်မှတ်ထားထားခဲ့ကြပြီ ဖြစ်ပါတယ်။

မိုက်ကယ်က သူ့ခြေဖဝါးအောက်က လေထုတွန်းကန်အားကို ပေါ့ပေါ့ပါးပါး အသုံးပြုပြီး အနောက်ဘက်ဆီကို ဖျတ်ခနဲ နောက်ဆုတ်ပေးလိုက်တယ်။ ကံမကောင်းစွာပဲ တသားတည်းဖြစ်နေတဲ့ ဒီဗာကြီးဟာ သူ ထွက်ပြေးနေတဲ့ အရှိန်အတိုင်းပဲ သူတို့ကြားထဲက အာကာသဟင်းလင်းပြင်ကို သိပ်ကို မြန်မြန်ဆန်ဆန်ကြီး ဝါးမြိုပိတ်ဆို့နေတဲ့ ပုံ ပေါ်နေခဲ့ရတယ်။

အဲဒီနောက် သူက မှော်စွမ်းအင် စက်ဝိုင်း ရှစ်ခုကို လေထုထဲမှာ ဝုန်းခနဲ ထပ်မံဖန်တီးလိုက်ပြန်တယ်။ ဒြပ်စင်သားရဲ လေးကောင် ခုန်ထွက်လာခဲ့ပြီး တစ်ကောင်ချင်းစီမှာ တစ်ကောင်နဲ့တစ်ကောင် ကောင်းမွန်စွာ သဟဇာတဖြစ်လှတဲ့ ဒြပ်စင်နှစ်ခုစီ ပါဝင်ဖွဲ့စည်းထားကြတာကိုး။

ရေမြင်းတစ်ကောင်၊ လင်းယုန်တစ်ကောင်၊ ကျားတစ်ကောင်နဲ့ မြွေတစ်ကောင်တို့ဟာ ဧရာမ အရိုးချပ်ဝတ်တန်ဆာ မိကျောင်းကြီးဆီကို အရှိန်ပြင်းပြင်းနဲ့ ဒုန်းစိုင်း ပြေးဝင်သွားကြတော့တယ်။ တစ်ကောင်ချင်းစီအနေနဲ့ သူတို့ဟာ တသားတည်းဖြစ်မှုရဲ့ ဖိနှိပ်ချုပ်ချယ်လွန်းလှတဲ့ အရှိန်အဝါလှိုင်းကြီးနဲ့ ပြင်းထန်စွာ တိုက်မိခဲ့ကြပေမဲ့လည်း၊ ၎င်းကို ဖောက်ထွက်ဖြတ်ကျော်သွားနိုင်ခြင်းတော့ လုံးဝ မရှိခဲ့ကြပါဘူး။

ဒါပေမဲ့လည်း မိုက်ကယ့်ရဲ့ လျင်မြန်လှတဲ့ ကြားဝင်စွက်ဖက်မှုနဲ့အတူ အဲဒီဒြပ်စင်သားရဲတွေ ပျက်စီးရင်း ချန်ထားခဲ့တဲ့ မှော်စွမ်းအင် အမှုန်အမွှားလေးတွေဟာ တစ်ခုနဲ့တစ်ခု ဆန်းကြယ်စွာ ချက်ချင်း ချိတ်ဆက်သွားခဲ့ကြပြီး၊ ဒြပ်စင် ရှစ်ခုလုံးရဲ့ ရောနှောမှု ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့ရတော့တယ်။

မိုက်ကယ် သူတို့အပေါ်မှာ ထည့်သွင်းပေးထားတဲ့ သင့်တော်တဲ့ ထိန်းချုပ်မှုနဲ့ စနစ်တကျရှိမှုတွေ လျော့ရဲသွားတဲ့အတွက်၊ အဲဒီဒြပ်စင်ရှစ်မျိုး ရောနှောမှုကြီးဟာ လျင်မြန်စွာပဲ မငြိမ်မသက် ဖြစ်လာခဲ့ပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံးကို ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်လာစေမယ့် ကြီးမားလှတဲ့ ပေါက်ကွဲမှုကြီး တစ်ခုအဖြစ် ဝုန်းခနဲ ပေါက်ကွဲထွက်သွားခဲ့ရတော့တယ်။

ဒါပေမဲ့လည်း ဧရာမ တသားတည်း ပေါင်းစည်းခြင်း ဒီဗာကြီးဟာ သူ့ရဲ့ မေးရိုးကြီးတွေကို ရိုးရိုးရှင်းရှင်းပဲ ပြန်ပိတ်လိုက်ပြီး၊ အဲဒီပေါက်ကွဲမှုကြီးရဲ့ ဖျက်ဆီးခြင်းဒဏ်က အပြင်ဘက်ကို မထွက်ပေါ်လာခင်မှာတင် ပေါက်ကွဲမှုစွမ်းအင်တစ်ခုလုံးကို ပါးစပ်ထဲမှာ အမိအရ ဝါးမြိုခြေဖျက်ပစ်လိုက်တယ်။

အာလော့စ်နဲ့ ရက်ပ်တာတို့ဟာ အောင်ပွဲက သူတို့လက်တစ်ကမ်းအလို ရောက်ရှိလို့နေပြီလို့ တွေးရင်း မိုက်ကယ့်ဆီကို မျက်လုံးအစုံ ရဲရဲတောက်ကာ ဆက်တိုက် ပြေးဝင်လာနေကြဆဲ ဖြစ်ပါတယ်။

မိုက်ကယ်က သူ့ရဲ့ အိတ်ကပ်အနက်ရှိုင်းဆုံးအထိ လက်ကို ဖြောင်းခနဲ လှမ်းနှိုက်လိုက်ပြီး၊ ပစ္စည်းသိုလှောင်ခန်းအတွင်းထဲမှာ ကျန်ရှိနေသမျှသော လျှို့ဝှက်ခလုတ တွေအားလုံးကို တစ်ပြိုင်နက်တည်း ထုတ်ယူလိုက်တော့တယ်။ သူ့ရဲ့ လက်ညှိုးနဲ့ လက်မတွေကြားထဲမှာ ခလုတ်တွေကို တစ်ခုချင်းစီ ကျစ်လျစ်စွာ ညှပ်ထားခဲ့တာပေါ့။

သူက အဲဒီခလုတ်တွေကို ရှေ့ကနေ တရဟော ပြေးဝင်လာနေတဲ့ တသားတည်းဖြစ်နေတဲ့ ပြိုင်ဘက်ကင်း အတွဲအဖော်ဆီကို အားပြင်းပြင်းနဲ့ လျှပ်ခနဲ လွှင့်ပစ်လိုက်တော့တာပဲ။

ခလုတ်တွေဟာ လေထုကို ဖြတ်သန်းသွားကြပြီး ဧရာမ အရိုးချပ်ဝတ်တန်ဆာ မိကျောင်းကြီးရဲ့ ကြောက်မက်ဖွယ်ရာ အရှိန်အဝါလှိုင်းပေါ်မှာ မြဲမြံစွာ သွားရောက်ကာ ကပ်တွယ်သွားခဲ့ကြရတယ်။

အဲဒီခလုတ်တွေ ဖြောင်းခနဲ ပွင့်ထွက်သွားတဲ့ အခိုက်အတန့်မှာတော့၊ ပြင်းထန်လှတဲ့ ဖိအားကြောင့် အာလော့စ်နဲ့ ရက်ပ်တာတို့ကို သူတို့ရဲ့ ရူးသွပ်နေတဲ့ ခြေလှမ်းတွေထဲမှာ ခဏတာ တုံ့ဆိုင်းသွားစေခဲ့တာပေါ့။ ဒါပေမဲ့ ဒါက တကယ့်ကို ခဏတာမျှသာ ခံလိုက်တာ ဖြစ်ပါတယ်။

ချေမှုန်းရခက်လှတဲ့ အဲဒီခလုတ်တွေဟာ တသားတည်းပေါင်းစပ်ဒီဗာကြီးရဲ့ ဧရာမအရှိန်အဝါလှိုင်းကြောင့် အပြင်ဘက်ကို အတင်းအဓမ္မ ခါထုတ်ပစ်ခြင်း ခံလိုက်ရပြီး၊ သူတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ မိုက်ကယ်ဆီကိုပဲ အရှိန်မပျက် ဆက်လက် ဦးတည်ပြေးဝင်သွားခဲ့ကြပြန်တယ်လေ။

မိုက်ကယ် ကောင်းကင်ပြင်ထက်မှာ သွက်လက်စွာ ပျံသန်းထွက်ပြေးနေဆဲမှာပဲ၊ လက်ထဲက ခလုတ်တွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို အဆက်မပြတ် လွှင့်ပစ်နေခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီခလုတ်တွေထဲက တစ်ခုမှ ပေါင်းစပ်ဒီဗာကြီးရဲ့ စွမ်းအားကြောင့် လုံးဝ နှိမ်နင်းခြေဖျက်ခြင်း မခံရခင်မှာ ခဏတာထက် ပိုပြီး ဘာမှမတောင့်ခံနိုင်ခဲ့ကြပါဘူး။

"..."

အဲဒီ သေရေးရှင်ရေး တိုက်ပွဲအခိုက်အတန့်အတွင်းမှာပဲ... မိုက်ကယ်က နှလုံးသားထဲကနေ အဲဒီဆန်းကြယ်လှတဲ့ အသံလှိုင်းကြီးကို ထပ်မံပြီး ခံစားလိုက်ရပြန်တယ်လေ။

ဘာကြောင့်လဲ ဒါမှမဟုတ် ဘယ်လိုနည်းနဲ့လဲဆိုတာ သူကိုယ်တိုင် အသေအချာ မသိသေးဦးတော့၊ ထူးခြားလှတဲ့ အတွေးအကြံဉာဏ်သစ်တစ်ခုက သူ့ရဲ့ ဦးနှောက်ဗဟိုချက်ထဲမှာ ဝုန်းခနဲ မွေးဖွားလာခဲ့ပြီ ဖြစ်ရမယ်။ ဒါက သူ့ရဲ့ ရင်ထဲက ပင်ကိုယ်ဗီဇမှတ်ဉာဏ် ကနေတစ်ဆင့် အစွမ်းထက်လှတဲ့ အသိပညာအသစ်တစ်ခုကို လျှပ်တပြတ် နိုးထစေခဲ့သလိုမျိုးပါပဲ။

သူက ခလုတ်တွေ လွှင့်ပစ်နေတဲ့ လှုပ်ရှားမှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး၊ သူ့ရဲ့ ဘေးနားက ဒရုန်း ကို ထိန်းချုပ်ဖို့အတွက်ပဲ စိတ်အာရုံအားလုံးကို အပြည့်အဝ စုစည်းလိုက်တော့တယ်။

သူက အဲဒီသံမဏိဒရုန်းကို ရှေ့ဘက်ဆီကို အတင်းတိုးထွက်သွားစေလိုက်ပြီး၊ တသားတည်းဖြစ်လွန်းနေတဲ့ ရန်သူအတွဲအဖော်ရဲ့ သေမင်းတိုက်ကွက်ကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်စေလိုက်ပါတော့တယ်။

ဒီအန္တရာယ်ကြီးမားလှတဲ့ မြင်ကွင်းကို စောင့်ကြည့်နေကြရတဲ့ ပွဲကြည့်ပရိသတ်ထဲက မည်သူမဆိုနဲ့ လူတိုင်းဟာ၊ မိုက်ကယ်ရဲ့ ကပြောင်းကပြန် ဆုံးဖြတ်ချက်ကြောင့် ချက်ချင်းပဲ ဝေခွဲမရဘဲ မှင်တက်ဆွံ့အသွားခဲ့ကြရတော့တာပဲ။

အချို့သူတွေဆိုရင် မိုက်ကယ် ကြားလိမ့်နိုးနဲ့ စိုးရိမ်တကြီး ဖြစ်သွားကြရပြီး၊ သူ့ဆီကို လှမ်းကာ အော်ဟစ်အော်ကူဖို့တောင် မထိန်းနိုင်ဘဲ ဖြစ်သွားခဲ့ကြရတော့တာပေါ့။

"မင်း ဘာလုပ်နေတာလဲ။ အခုချက်ချင်း ထွက်ပြေးတော့"

"အရိုးချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ မိကျောင်းကြီး ဖျက်ဆီးနေတာကို ဘာကမှ တားဆီးနိုင်မှာ မဟုတ်ဘူးဆိုတာ မင်း မြင်ပြီးပြီပဲလေ"

"မင်း အချိန်မီ တခြားနေရာကို ကူးပြောင်းသွားနိုင်မှာ မဟုတ်ဘူး"

ပွဲကြည့်ပရိသတ်တွေရဲ့ စိတ်ထဲမှာတော့ မိုက်ကယ်ဟာ သူပိုင်ဆိုင်သမျှ အစွမ်းအားလုံးကို ဒရုန်းပေါ်ကို ရူးသွပ်စွာ ပုံအောလိုက်ပြီး၊ အဖိုးတန်လှတဲ့ ရင်းမြစ်တွေကို အချည်းနှီး ဖြုန်းတီးနေတယ်လို့ပဲ တဖက်သတ် ယူဆနေကြတာပေါ့။ တသားတည်းပေါင်းစပ်ဒီဗာကြီးဆိုတာ လုံးဝကို သဘာဝတရားထက် ကျော်လွန်နေတဲ့ ကမ္ဘာဦးသားရဲ တိရစ္ဆာန်ကြီးအတိုင်းပါပဲ။ ၎င်းရဲ့ တန်ခိုးစွမ်းအားလှိုင်းတွေက သာမန်မှော်ဆရာတစ်ယောက် ကျော်လွှားနိုင်ဖို့အတွက် အဝေးကြီးကို ကြီးမားထုထည်လွန်းနေတာကိုး။

သို့သော်လည်း မိုက်ကယ့်ကို ဘေးကနေ အတင်းဖျောင်းဖျဖို့ သူတို့တွေ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြပေမဲ့လည်း၊ သူကတော့ သူ့ရဲ့ မာကျောတဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဘာမှတုန်လှုပ်ခြင်းမရှိဘဲ ခိုင်ခိုင်မာမာ တည်ရှိနေခဲ့တော့တာပဲ။

သံမဏိဒရုန်းဟာ တသားတည်းပေါင်းစပ်ဒီဗာသားရဲကြီး သူ့ဆီကို ရူးသွပ်စွာ ရောက်ရှိလာမယ့် စက္ကန့်ပိုင်းအလိုကို ငြိမ်သက်စွာ စောင့်ဆိုင်းရင်း လေထုထဲမှာ ဝဲပျံလို့နေတယ်။

ပြင်းထန်လှတဲ့ အရှိန်အဝါလှိုင်းတွေ ဒရုန်းဆီကို ဝုန်းခနဲ ရောက်ရှိသွားတဲ့ အချိန်မှာပဲ၊ အရိုးချပ်ဝတ်တန်ဆာ မိကျောင်းကြီးဟာ သူ့ရဲ့ ဧရာမအပေါ်မေးရိုးကြီးတွေကို ရက်ရက်စက်စက် အောက်ဘက်ဆီ ရိုက်ချပစ်လိုက်ပြီး၊ ရှေ့က သားကောင်ကို ပါးစပ်ကြီးနဲ့ အမိအရ ကိုက်ခဲလိုက်ပါတော့တယ်။

သူ့ရဲ့ သန်မာလှတဲ့ သေမင်းသွားတွေက ဒရုန်းကို အပိုင်းပိုင်းအစစ ကြေမွအမှုန့်ဖြစ်သွားစေရန် မျှော်လင့်ချက်အပြည့်နဲ့ ၎င်းအပေါ်ကို အားပြင်းပြင်းနဲ့ ဝုန်းခနဲ ကိုက်ချပစ်လိုက်တာပေါ့။

ဒါပေမဲ့လည်း မိကျောင်းကြီးဟာ သူ့ရဲ့ ပြင်းထန်လှတဲ့ ကိုက်ခဲမှုကို အတင်းပြန်လည်ခုခံနေတဲ့၊ ၎င်းနဲ့ အလားတူ ထပ်တူကျကျ သန်မာလွန်းနေတဲ့ တန်ပြန်အင်အားတစ်ခုနဲ့ ထောင့်ပိတ်ဆုံတွေ့လိုက်ရတဲ့အတွက်၊ သူတို့ကြားကနေ မှော်စွမ်းအင် မီးပွားတွေ နေရာအနှံ့ စူးရှစွာ ဖြာထွက်သွားခဲ့ရတော့တယ်။

တကယ်ပဲ အံ့ဩစရာကောင်းလှတာကတော့၊ ဒရုန်းဟာ တသားတည်းပေါင်းစပ်ဒီဗာကြီးရဲ့ ကြောက်မက်ဖွယ်ရာ ဝါးမြိုကိုက်ခဲမှုဒဏ်ကနေ ဘာဒဏ်ရာမှမရဘဲ အကောင်းပကတိအတိုင်း လွတ်မြောက်ရှင်သန်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒရုန်းဟာ တသားတည်းပေါင်းစပ်ဒီဗာကြီးရဲ့ အဆက်မပြတ် ဖိနှိပ်ချုပ်ချယ်နေတဲ့ ပြင်းထန်လှတဲ့ ဖိအားတွေ သူ့အပေါ်မှာ တရစပ် သက်ရောက်နေခဲ့သော်လည်း၊ ဘာမှမမှုဘဲ အရှိန်အဝါတွေ ရှိနေတဲ့ ရန်သူ့စစ်ကွင်းပြင်ထဲကို မဆုတ်မနစ် ဆက်လက် ဖြတ်သန်း မောင်းနှင်နေခဲ့တယ်။ ၎င်းရဲ့ ပျန်းသန်းမှု အနေအထားကတော့ အရှိန်လှိုင်းဒဏ်ကြောင့် မတည်မငြိမ် ဖြစ်နေခဲ့ရပြီး ဘေးဘက်ကို စောင်းနေကာ ထိန်းချုပ်မရဘဲ အပေါ်အောက် ပြင်းထန်စွာ လှုပ်ခါနေခဲ့ရရှာတယ်။

ဒါပေမဲ့ အဲဒီလို လှုပ်ခါယိမ်းထိုးနေတာကလွဲရင် ဒရုန်းဟာ မည်သည့် ပုံပျက်ပန်းပျက်ဖြစ်မှုမျှ လုံးဝမရှိဘဲ၊ ပြီးပြည့်စုံလွန်းတဲ့ ခိုင်မာလှတဲ့ သံမဏိပုံသဏ္ဌာန်အတိုင်း ခန့်ညားစွာ ရှိနေခဲ့တယ်။

အာလော့စ်နဲ့ ရက်ပ်တာတို့ဟာ သူတို့ဆီကို ဖြည်းဖြည်းချင်း တိုးကပ်လာနေတဲ့ ဒရုန်းကြီးကို ကြောက်ရွံ့ခြင်း၊ အသက်ရှူရပ်မတတ် ထိတ်လန့်ခြင်းတွေနဲ့အတူ မျက်လုံးအစုံ ပြူးကျယ်လျက် စိုက်ကြည့်နေမိကြတော့တယ်။ တစ်စုံတစ်ယောက်က သူတို့ရဲ့ ပြိုင်ဘက်ကင်းလှတဲ့ တသားတည်းဖြစ်ခြင်းစွမ်းအားထဲကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ဖောက်ထွင်းဝင်ရောက်နိုင်လိမ့်မယ်လို့ သူတို့ စိတ်ကူးထဲမှာတောင် လုံးဝ မထင်ထားခဲ့ကြလို့ပါပဲ။

ဒရုန်းက သူတို့ဆီကို သေချာပေါက် ပစ်မှတ်ထားပြီး ပျံသန်းလာနေတာ ဖြစ်ပြီး၊ ဒါကိုတော့ သူတို့တွေ လုံးဝ ငြင်းကွယ်မရအောင် အတိအကျ သေချာနေခဲ့ကြပြီ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်လုံးရဲ့ ခေါင်းထဲမှာ တစ်ချိန်တည်းမှာပဲ တူညီလှတဲ့ တန်ပြန်ခြေမှုန်းရေးအတွေးတစ်ခု ဝုန်းခနဲ ပေါ်လာခဲ့ကြတာပေါ့။

ရက်ပ်တာက ဒရုန်းဆီကို အင်အားအရှိန်အဟုန်အပြည့်နဲ့ ပြင်းထန်လှတဲ့ လက်သီးချက်တစ်ခု စွမ်းအားပါပါ မလွှတ်တင်မီ၊ သူ့ရဲ့ လက်သီးအစုံကို နောက်ဘက်ဆီကို အစွမ်းကုန် ဆွဲဆန့်လို့ အရှိန်ယူလိုက်တော့တယ်။

တစ်ချိန်တည်းမှာပဲ အာလော့စ်ကလည်း ဒရုန်းဆီကို ဧရာမ အင်အားကြီးမားလှတဲ့ သူ့ရဲ့ ကြာပွတ်ကို ရက်စက်စွာ လွှဲရိုက်ပစ်လိုက်ပြီး၊ သူ့ရဲ့ ဘေးဘက်က တိုက်ခိုက်ဖို့ အသင့်ပြင်ထားတဲ့ ရက်ပ်တာရဲ့ သံမဏိလက်အိတ်ကြီးတွေနဲ့ လေထုထဲမှာ အချိန်ကိုက် ညှပ်ပိတ်ဆုံတွေ့စေလိုက်ပါတော့တယ်။

အဲဒီနောက် ဓားစာခံတိုက်ကွက်နှစ်ခု ဒရုန်းပေါ်ကို ပြိုင်တူ ကျရောက်သွားတဲ့ တစ်ခဏချင်းအတွင်းမှာတော့...

...ဂျွတ်...

* * * * * * * *

စာစဉ်(၄၇)

All Chapters