အခန်း ၅၅၈
Vol. 47 Ch. 558
အခန်း(၅၅၈)
ပြင်းထန်လှတဲ့ တိုက်ကွက်နှစ်ခုလုံးက မီသရယ်မှော်ဝင်ပစ္စည်းရဲ့ တန်ခိုးစွမ်းအားတွေ တောက်လောင်လင်းထိန်လို့နေတဲ့ ဒရုန်းကို ပြိုင်တူ ဝုန်းခနဲ ဝင်ခုတ်လိုက်ကြတော့တာပဲ။
သို့သော်လည်း နောက်ဆက်တွဲအဖြစ် ထွက်ပေါ်လာတာကတော့၊ သတ္တုအချင်းချင်း အစိတ်စိတ်အမွှာမွှာ အက်ကွဲပျက်စီးသွားတဲ့ ထိတ်လန့်ဖွယ်ရာ အသံနက်ကြီးက တောအုပ်တစ်ခုလုံး ဟိန်းထွက်ပဲ့တင်ထပ်သွားရခြင်းပါပဲ။
သူတို့နှစ်ယောက်လုံး မျက်လုံးအစုံကို အတင်းပြူးပြီး ဒရုန်းကို သေချာပေါက် ကြည့်လိုက်တဲ့ အချိန်မှာတော့၊ ကွဲကြေပျက်စီးသွားခဲ့ရတာက ရှေ့က သံမဏိဒရုန်းကြီးမဟုတ်ဘဲ သူတို့ အားကိုးလာခဲ့ကြတဲ့ ပြိုင်ဘက်ကင်း လက်နက်တွေ ဖြစ်နေမှန်း ဗီဇအသိနဲ့ သိလိုက်ကြရတော့တယ်။
ရက်ပ်တာရဲ့ အဖိုးတန်မိကျောင်း လက်အိတ်တွေက လက်ဆစ်တွေကနေ စတင်ပြီး လက်ကောက်ဝတ်အထိ ဆိုးရွားလှတဲ့ အက်ကြောင်းကြောင်းတွေ တရစပ် ဖြာထွက်သွားခဲ့ရတယ်။ အဲဒီအက်ကွဲကြောင်းတွေကြားထဲကနေ အစွမ်းထက်တဲ့ အလင်းတန်းတွေ ဖျတ်ခနဲ ယိုစိမ့်ထွက်လာတာက၊ အထဲမှာ နှစ်ပေါင်းများစွာ ဝှက်ဖုံးထားခဲ့တဲ့ စွမ်းအားအနှစ်သာရတွေ အပြင်ဘက်ဆီကို တဖြည်းဖြည်း လွင့်ပျယ်ထွက်ဆုံးရှုံးသွားရသလိုမျိုးပါပဲ။
အာလော့စ်ရဲ့ ကြာပွတ်ကလည်း ဒါမျိုးအတိုင်းပဲ ဆိုးဆိုးရွားရွား အက်ကွဲပျက်စီးသွားခဲ့ရတယ်။ ကြာပွတ်ရဲ့ ထိပ်ဖျားပိုင်းက အမျှင်မျှင်တွေ ဖြစ်သွားပြီး ဝုန်းခနဲ ပေါက်ကွဲသွားခဲ့ရပြီးတဲ့နောက်၊ ကျန်ရှိနေတဲ့ အဆစ်တွေကလည်း ဒိုမီနိုရုပ်တွေလိုမျိုးပဲ တစ်ခုပြီးတစ်ခု တရစပ် အစီအရီလိုက် ပေါက်ကွဲကုန်တော့တာပဲ။
မကြာခင်မှာပဲ တန်ဖိုးဖြတ်မရလှတဲ့ မီသရယ်မှော်ဝင်ပစ္စည်း လက်နက်နှစ်ခုလုံးက လုံးဝ ဥဿုံ ပျက်စီးသွားရတဲ့ နောက်ဆုံးနိဂုံးအဆင့်ဆီကို ဆိုးရွားစွာ ရောက်ရှိသွားခဲ့ရပါပြီ။
အဲဒီလက်နက်တွေ ပျက်စီးခါနီး တောက်ပစွာ လင်းထိန်သွားတဲ့ အလင်းရောင်အောက်မှာ၊ အာလော့စ်နဲ့ ရက်ပ်တာတို့ရဲ့ မျက်နှာပေါ်မှာ လုံးဝ ရှုံးနိမ့်မှု၊ ထိတ်လန့်တုန်လှုပ် ခြောက်ခြားမှုတွေက လျှပ်တပြတ် ဖြတ်ပြေးသွားကြတယ်။ သူတို့တွေ အသက်ထက်မက အမြဲတမ်း အားကိုးယုံကြည်လာခဲ့ကြတဲ့ ဒဏ္ဍာရီလာလက်နက်တွေက ဒီလိုသေရေးရှင်ရေး အရေးကြီးတဲ့ အချိန်ကျမှ အစိတ်စိတ်အမွှာမွှာ အလွယ်တကူ ကွဲကြေသွားလိမ့်မယ်လို့ သူတို့ နှလုံးသားထဲမှာ လုံးဝ မယုံကြည်နိုင်ဘဲ မှင်တက်နေကြတာကိုး။
နောက်ဆုံးမှာတော့ သူတို့ရဲ့ လက်နက်အစုံက စူးရှလှတဲ့ အလင်းတန်းတွေ ဝုန်းခနဲ ဖြာထွက်ရင်း အပြင်ဘက်ကို ဒုန်းခနဲ ပေါက်ကွဲထွက်သွားခဲ့ရပြီး၊ တောအုပ်တခွင်လုံးမှာ လေမုန်တိုင်းတွေ တဝူးဝူး ထန်ထန်တိုက်ခတ်သွားစေတဲ့ ပြင်းထန်တဲ့ တုန်ခါလှိုင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့တော့တယ်။
ထန်လာတဲ့ လေပြင်းတွေ ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်သွားတဲ့ အခါမှာတော့၊ အာလော့စ်နဲ့ ရက်ပ်တာတို့ရဲ့ တုန်ရင်နေတဲ့ လက်ဖဝါးထဲမှာ ကျန်ရစ်ခဲ့တာဆိုလို့ ဘာမှမဟုတ်တဲ့ ဖုန်မှုန့်တွေသက်သက်ပဲ ရှိတော့တယ်။ ဒါက သူတို့ရဲ့ ဂုဏ်ယူစရာ မီသရယ်မှော်ဝင်ပစ္စည်းတွေအတွက် နောက်ဆုံးကျန်ရစ်ခဲ့တဲ့ ဝမ်းနည်းစရာ အစအနအကြွင်းအကျန်လေးပဲလေ။
သူတို့ရဲ့ မီသရယ်လက်နက်တွေ အပြီးတိုင် ပျက်စီးသွားတာနဲ့တစ်ပြိုင်နက်၊ သူတို့ရဲ့ ဒီဗာသားရဲကြီးတွေကလည်း တကယ့်ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာကြီးနဲ့ ချိတ်ဆက်ထားတဲ့ တစ်ခုတည်းသော စွမ်းအားလမ်းကြောင်းကို ချက်ချင်းပဲ ဆုံးရှုံးသွားခဲ့ကြရတော့တယ်။
သူတို့ပတ်ပတ်လည်မှာ မြင်တွေ့နေရတဲ့ ဧရာမအရှိန်အဝါ ကွင်းပြင်ကြီးကလည်း အားလျော့သွားခဲ့ရပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ရပါပြီ။
ကောင်းကင်ထက်က အရိုးစု သံချပ်ကာ မိကျောင်းကြီးကလည်း လေထုထဲမှာတင် လိမ်ကောက်ပုံပျက်သွားခဲ့ရပြီးတော့၊ မျက်စိနဲ့မမြင်နိုင်တဲ့ ဆန်းကြယ်တဲ့ အားလှိုင်းတစ်ခုက ၎င်းကို နှစ်ပိုင်း ဖြတ်တောက်ပစ်လိုက်သလိုမျိုး၊ သူတို့ရဲ့ ပင်ကိုယ်ဒီဗာပုံရိပ်တွေကို သက်ဆိုင်ရာ ပိုင်ရှင်တွေဆီကို ချက်ချင်း ပြန်လည်မောင်းထုတ် ပို့ဆောင်ပေးလိုက်တော့တာပဲ။
သူတို့နှစ်ယောက်လုံး ခြေပစ်လက်ပစ်နဲ့ မြေပြင်ပေါ်ကို ဒူးထောက်ကျသွားကြရပြီး၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုံးဝ ဥဿုံ ရှုံးနိမ့်သွားခဲ့ရရှာပြီ ဖြစ်ပါတယ်။
သူတို့ရဲ့ မီသရယ်မှော်ဝင်ပစ္စည်းတွေ ဆုံးရှုံးလိုက်ရတာက သူတို့ရဲ့ ဂုဏ်သိက္ခာ မာနကိုတင်မကဘဲ နှလုံးသားအနက်ရှိုင်းဆုံးကိုပါ အကြီးအကျယ် နာကျင်ထိခိုက်စေခဲ့တာကိုး။ ဒီလက်နက်တွေက သူတို့ရဲ့ ဘဝလမ်းတလျှောက်လုံးမှာ အချိန်အကြာကြီး အတူတကွ ဖြတ်သန်းလာခဲ့တဲ့ အသက်တမျှ အဖော်မွန်ကောင်းတွေ ဖြစ်ခဲ့တာ ဖြစ်လို့ပါပဲ။ အခုတော့ ဒါတွေက ဘယ်လိုနည်းနဲ့မှ ပြန်လည်မရရှိနိုင်တော့ဘဲ ပျောက်ကွယ်သွားခဲ့ရပြီလေ။
သူတို့အနေနဲ့ ကြီးစွာ ဝမ်းနည်းပူဆွေးဖို့အတွက်တောင် ဘာအချိန်မှ မရရှိခဲ့ကြပါဘူး။ ဘာလို့လဲဆိုတော့ အခုထက်ထိ သူတို့ရဲ့ မျက်စိရှေ့မှာ ဘာတွေဖြစ်ပျက်သွားခဲ့သလဲဆိုတာကို သူတို့ ဦးနှောက်က သေသေချာချာ သဘောမပေါက်နိုင်သေးလို့ပါပဲ။
'ဒီဆန်းကြယ်တဲ့ သတ္တုပစ္စည်းက ငါတို့ရဲ့ တသားတည်းပေါင်းစည်းခြင်း ဒီဗာစွမ်းအားကြီးကို ဘယ်လိုနည်းနဲ့များ ဒီလောက်အထိ တောင့်ခံနိုင်ရတာလဲ... ပြီးတော့ အဲဒါ ပျက်စီးသွားမယ့်အစား ငါတို့ရဲ့ ကမ္ဘာကျော် မီသရယ်လက်နက်တွေက ဘာကြောင့်များ ကွဲကြေသွားရတာလဲ...'
အဖြေမရှိတဲ့ မေးခွန်းပေါင်း မြောက်မြားစွာက သူတို့ရဲ့ ခေါင်းထဲမှာ ဇဝေဇဝါ ကျန်ရစ်နေခဲ့ပြီး ဘယ်တစ်ခုကိုမှ ဆက်စပ်တွေးတောလို့ မရနိုင် ဖြစ်နေခဲ့ရတော့တယ်။
တစ်ချိန်တည်းမှာပဲ အဝေးက လေလံခန်းမကြီးအတွင်းထဲက လူအုပ်ကြီးတစ်ခုလုံးကတော့... ပကတိအတိုင်း ဆိတ်ငြိမ်အေးခဲသွားခဲ့ပါပြီ။ သူတို့အားလုံးကတော့ အခုလေးတင် မြင်တွေ့လိုက်ရတဲ့ ကမ္ဘာပျက်မတတ် မြင်ကွင်းကြောင့် အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားနဲ့ မှင်တက်နေကြရပြီး၊ အခုလေးတင် ဘာဖြစ်သွားလဲဆိုတာကို လုံးဝ တွေးလို့မရနိုင်သေးဘဲ အသက်ရှူရပ်မတတ် တိတ်ဆိတ်လို့နေကြတော့တယ်။
သူတို့ကတော့ အာလော့စ်နဲ့ ရက်ပ်တာတို့ရဲ့ မမျှော်လင့်ထားတဲ့ တသားတည်းပေါင်းစည်းမှုကြောင့် သေချာပေါက် နိုင်မှာပဲလို့ တွေးထားခဲ့ကြတာပေါ့။ ဒါက သူတို့ဘက်က ရာနှုန်းပြည့် အနိုင်ရမယ့်ပွဲလို့ ထင်ထားခဲ့တာ။
ဒါပေမဲ့ မိုက်ကယ်ကတော့ ထူးဆန်းတဲ့ သတ္တုပစ္စည်းနဲ့ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး အကောင်းပကတိ မီသရယ်မှော်ဝင်ပစ္စည်း လက်နက်နှစ်ခုလုံးကို ဖုန်မှုန့်ဖြစ်အောင် ချေမှုန်းပြလိုက်ပြီး သူတို့ကို နောက်တစ်ကြိမ် အံ့အားသင့်အောင် လုပ်ပြသွားခဲ့ပြန်ပြီ။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"သတ္တုပစ္စည်းတစ်ခုတည်းကို ဝင်ခုတ်တာနဲ့ လက်နက်နှစ်ခုလုံး ပျက်စီးသွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ"
"အစကတည်းက အက်ကွဲကြောင်းတွေ ရှိနေလို့နေမှာပါ"
ပုံမှန် အသိဉာဏ်အရဆိုရင် မီသရယ်မှော်ဝင်ပစ္စည်းတွေက ကမ္ဘာပေါ်မှာ အတောင့်တင်းဆုံး လက်နက်တွေ ဖြစ်ကြတယ်။ ပြီးတော့ အဲဒီလို လက်နက်နှစ်ခုက ဘာကိုမဆို နှစ်ပိုင်း ပြတ်သွားအောင် လုပ်နိုင်စွမ်း ရှိရမယ်။ ဒါကြောင့်မို့လို့ ပုံမှန်အသိဉာဏ်ကြီးကပဲ မှားနေတာ ဒါမှမဟုတ်ရင်လည်း အခုဖြစ်သွားတဲ့ အရာအတွက် တခြား ရှင်းပြချက်တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။
"နေပါဦး... ဒါကများ..."
"ငါလည်း အဲလိုပဲ ထင်တယ်... အဲဒီ ပျံသန်းနေတဲ့ ပစ္စည်းက မီသရယ်လက်နက်ပဲ။ ဖြစ်ကိုဖြစ်ရမယ်။ ဒါ မိုက်ကယ်ရဲ့ လက်နက်ပဲ"
ဒီအချက်ကို သဘောပေါက်သွားတဲ့အခါမှာတော့ လူအုပ်ကြီးက အံ့ဩတုန်လှုပ်ပြီး အသက်ရှူမှားကုန်ကြတယ်။ သူတို့အနေနဲ့ ဒီလို ထူးဆန်းတဲ့ ပျံသန်းနိုင်တဲ့ ပစ္စည်းတစ်ခုကို ဓားတွေ၊ ပုဆိန်တွေ၊ လှံတွေနဲ့ အုပ်စုတစ်ခုတည်းမှာ ထည့်ပြီး စဉ်းစားဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး ဖြစ်နေလို့ပဲ။ ဒါတွေက ဘယ်လိုမှ တွဲလို့မရဘူးလေ။
ဒါပေမဲ့လည်း ဒါကပဲ တသားတည်းပေါင်းစည်းခြင်း ဒီဗာစွမ်းအားနဲ့ မီသရယ်မှော်ဝင်ပစ္စည်း လက်နက်နှစ်ခုလုံးရဲ့ အစွမ်းကို ဘယ်လို တောင့်ခံနိုင်ခဲ့လဲဆိုတာအတွက် တစ်ခုတည်းသော ရှင်းလင်းချက် ဖြစ်နေခဲ့တယ်။
မီသရယ်ကို မီသရယ်ချင်းပဲ ဖျက်ဆီးနိုင်တာကိုး။
လူအများစုက ဒီအချက်အလက်ကို တွေးလို့မရသေးခင်မှာပဲ အဓိက အဖွဲ့အစည်းကြီးတွေနဲ့ တချို့သော အင်အားကြီး ကုမ္ပဏီတွေကတော့ ဒီထက်ပိုပြီး ရူးသွတ်စရာကောင်းတဲ့ ဖြစ်နိုင်ချေတစ်ခုကို စတင် စဉ်းစားနေကြပါပြီ။
ဘော်ဘီက ဒါကို ပထမဆုံး သဘောပေါက်သွားတဲ့သူပဲ။
ဟက်ဖေးစတပ်စ် မျိုးဆက်တစ်ယောက်အနေနဲ့ သူက ရှေးဟောင်းခေတ်ကတည်းက မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့တဲ့ စာအုပ်တွေနဲ့ မှတ်တမ်းတွေကို လေ့လာခဲ့ဖူးတယ်။
သူတို့က ကမ္ဘာပေါ်မှာ အကောင်းဆုံး လက်မှုပညာရှင်တွေနဲ့ ပန်းပဲဆရာတွေဖြစ်လာအောင် သင်ကြား ပျိုးထောင်ခံခဲ့ရတာလေ။
မိသားစုတစ်ခုလုံးအနေနဲ့ သူတို့ရဲ့ နောက်ဆုံးပန်းတိုင်က ရှေးဟောင်းလူသားတွေရဲ့ အောင်မြင်မှုကို ပြန်လည် ဖော်ဆောင်ဖို့ပဲ ဖြစ်တယ်။ မီသရယ်ကို ကမ္ဘာပေါ်မှာ ပုံမှန်သတ္တုအဖြစ် သုံးခဲ့ကြတဲ့ ရွှေခေတ်ကြီးကို ပြန်လည် ယူဆောင်လာချင်ကြတာ။
ဒါကြောင့်မို့လို့ သူတို့က မီသရယ်မှော်ဝင်ပစ္စည်းတွေကို တတ်နိုင်သလောက် အသေးစိတ် လေ့လာခဲ့ကြတယ်။ အဲဒါကို ဘယ်လိုလုပ်ခဲ့လဲ၊ ဘယ်လို ပျက်စီးသွားလဲ၊ ပြီးတော့ ရှေးဦးပိုင်းတုန်းက... အဲဒါကို မှော်ဝင်ပစ္စည်းလို့ မခေါ်ဘဲ ရှေးဟောင်းမှော်ဝင်ပစ္စည်းလို့ ခေါ်ခဲ့တဲ့အချိန်တုန်းက ဘယ်လိုပုံစံ ရှိခဲ့လဲဆိုတာအထိ သူတို့ စောင့်ကြည့်လေ့လာခဲ့ကြတာပေါ့။
ဒါကြောင့်မို့လို့ ဘော်ဘီက ဒရုန်းဟာ အနည်းငယ်ပဲ ဟောင်းနွမ်းသေးတဲ့ မီသရယ်မှော်ဝင်ပစ္စည်းနှစ်ခုကို အလွယ်တကူ ချေမှုန်းပစ်လိုက်တာ မြင်တဲ့အခါမှာတော့ ချက်ချင်းပဲ သေချာသွားခဲ့တော့တယ်။
"အဲဒီ ပျံသန်းနေတဲ့ ပစ္စည်းက မီသရယ် ရှေးဟောင်းမှော်ဝင်ပစ္စည်းပဲ" လို့ သူက အံ့ဩတုန်လှုပ်စွာနဲ့ ရေရွတ်လိုက်တယ်။
တိုက်ခိုက်ပြီးတဲ့နောက်မှာတောင် အဲဒါက ဘာဒဏ်ရာမှမရဘဲ ကျန်ရစ်နေခဲ့တာက သူ့ရဲ့အချက်ကို ပိုပြီး သက်သေပြနေခဲ့တယ်။
သူ့ရဲ့ တခြားအဖွဲ့ဝင်တွေအားလုံးလည်း သူ့လိုပဲ ထိတ်လန့်သွားကြတာပေါ့။ သူတို့လည်း စစ်မှန်တဲ့ မီသရယ် ရှေးဟောင်းမှော်ဝင်ပစ္စည်းတစ်ခုကို တစ်ခါမှ မမြင်ဖူးခဲ့ကြသလို အဲဒီလောက် ထူးဆန်းတာမျိုးကိုလည်း မကြုံဖူးကြဘူး။
"မီသရယ်မှော်ဝင်ပစ္စည်းနဲ့ ရှေးဟောင်းမှော်ဝင်ပစ္စည်းကြားက ကွာခြားချက်က ကြီးမားမှန်း ငါသိပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"
"မီသရယ်မှော်ဝင်ပစ္စည်းနှစ်ခုကို ရင်ဆိုင်ပြီးတော့တောင် အကောင်းပကတိ ကျန်နေခဲ့တာပဲ။ ဒါက တကယ်ကို သန်မာလွန်းတယ်"
"အဲဒါက ဘယ်လိုလုပ် ပျံနိုင်ရတာလဲ။ ဒါ ရှေးဟောင်းခေတ်က ကျန်ရစ်ခဲ့တဲ့ နည်းပညာ အစအနတစ်ခုလား"
တစ်ချိန်တည်းမှာပဲ ဗီအိုင်ပီခန်းရဲ့ တခြားတစ်ဖက်မှာတော့ ခရူဂါနဲ့ သူ့ရဲ့ တခြားစစ်သည်တော်တွေလည်း မီသရယ် ရှေးဟောင်းမှော်ဝင်ပစ္စည်း ပေါ်လာတာကြောင့် အံ့ဩနေကြတယ်။
ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့က ကမ္ဘာပေါ်မှာ အကောင်းမွန်ဆုံး ထိန်းသိမ်းထားတဲ့ မီသရယ်မှော်ဝင်ပစ္စည်းတွေကို ပိုင်ဆိုင်ထားတာပါ။ ခရူဂါက သူတို့ရဲ့ စုဆောင်းမှုတွေထဲမှာ ထူးဆန်းတဲ့ လက်နက်တွေ အများကြီး မြင်ဖူးခဲ့ပေမဲ့ ဒီလို ပျံသန်းနိုင်တဲ့ လက်နက်လောက် ထူးဆန်းတာမျိုးတော့ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ မှော်ပညာ အသုံးမပြုဘဲ အဲဒါက ဘယ်လို အလုပ်လုပ်လဲဆိုတာကိုတောင် သူ လုံးဝ နားမလည်နိုင်ဘဲ ရှိနေခဲ့တယ်။
သူ့ခေါင်းထဲမှာ မေးခွန်းတစ်ခုပဲ ရှိနေခဲ့တယ်။
"သူ အဲဒီ ပျံသန်းနိုင်တဲ့ မီသရယ် ရှေးဟောင်းမှော်ဝင်ပစ္စည်းကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ"
အမှန်တော့ အဓိက အဖွဲ့အစည်းကြီးတွေက လူတိုင်းလည်း ဒီလိုပဲ တွေးနေကြတာပေါ့။
ဒါပေမဲ့ ဒရုန်းရဲ့နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်မှုတွေ ခတ္တငြိမ်သက်သွားတဲ့အခါမှာတော့ အားလုံးက မိုက်ကယ်အကြောင်းကိုပဲ စတင် ပြောဆိုလာကြပါတော့တယ်။
အံ့ဖွယ်ကောင်လေး။ ဆန်းကြယ်တဲ့ ပါရမီရှင်။
ဘယ်သူမှ သူ ဒီလောက်အထိ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ကြဘူး။
ဒါပေမဲ့ သူက သူတို့ကို နောက်တစ်ကြိမ် မှားကြောင်း သက်သေပြလိုက်ပြန်ပြီ။ ပထမဆုံးအနေနဲ့ သူက ရိန်နာကို တရားမျှတတဲ့ တိုက်ပွဲတစ်ခုမှာ အနိုင်ယူခဲ့တယ်။ သူမက ရိုင်းဇင်းဆစ်ထဲမှာ အဆင့်အနောက်ဆုံးဆိုတော့ မိုက်ကယ် အဲဒီလိုလုပ်ခဲ့တုန်းက လူအများကြီးက သိပ်ပြီး သဘောမကျသေးဘူးလေ။
ဒါပေမဲ့ အခုတော့ သူတို့ ဘာမှ ပြောစရာ မရှိတော့ပါဘူး။
ရက်ပ်တာက အဆင့်သုံး။ အာလော့စ်က အဆင့်လေး။
ပြီးတော့ အဲဒီအဆင့်က သူတို့တစ်ယောက်တည်း ရှိနေတဲ့အချိန်တုန်းက အဆင့်တွေပါ။ သူတို့ရဲ့ အခုမှ ရှာဖွေတွေ့ရှိထားတဲ့ တစ်ယောက်နဲ့တစ်ယောက် တသားတည်းပေါင်းစည်းနိုင်တဲ့ စွမ်းရည်ကို ထည့်မတွက်ထားရသေးဘူး။
မိုက်ကယ်က သူတို့ကို တစ်ယောက်ချင်းပဲ အနိုင်ယူခဲ့တာ မဟုတ်ဘူး။ သူက သူတို့နှစ်ယောက်လုံးကို တစ်ချိန်တည်းမှာ တပြိုင်နက်တည်း အပြတ်အသတ် အနိုင်ယူလိုက်တာ။ သူက အနိုင်ရဖို့အတွက် ကုန်းရုန်းပြီး ကြိုးစားခဲ့ရတာ မဟုတ်ဘဲ အစကတည်းက အောင်ပွဲကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့တာပဲ ဖြစ်တယ်။
အခက်အခဲတွေ အားလုံးကို ရင်ဆိုင်ပြီး မိုက်ကယ်က သူတို့နှစ်ယောက်လုံးကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတာက တခြားသူတွေအတွက်တော့ ပိုပြီး မယုံနိုင်စရာ ကောင်းနေခဲ့ပါပြီ။
သူကတော့ ဒဏ်ရာအနည်းငယ်ပဲ ရပြီး ထွက်လာခဲ့ပေမဲ့ သူ့ရဲ့ပြိုင်ဘက်တွေကတော့ ခန္ဓာကိုယ်တွေလည်း နာကျင်ကွဲကြေကုန်ကြပြီး လက်နက်တွေလည်း လုံးဝ ပျက်စီးသွားခဲ့ရတယ်။
ဒီညကစပြီး လေလံပွဲမှာ ဘာပဲဖြစ်ပျက်ပါစေ မိုက်ကယ်ကတော့ ထိပ်ဆုံးမှာ ရှိနေဖို့ ထိုက်တန်တဲ့ လူတစ်ယောက်အဖြစ် ပေါ်ထွက်လာတော့မှာပါ။
သူ့ရဲ့ ပျံသန်းနိုင်တဲ့ မီသရယ် ရှေးဟောင်းမှော်ဝင်ပစ္စည်းကတော့ အဓိက အဖွဲ့အစည်းကြီးတွေတောင် သတိထားရမယ့် ကြောက်မက်ဖွယ် လက်နက်တစ်ခုအဖြစ် လူသိများလာတော့မှာ ဖြစ်တယ်။
* * * * * * * *
မိုက်ကယ် လေကောင်းလေသန့်ကို ဝဝလင်လင် ရှူလိုက်တယ်။ နောက်ဆုံးတော့ သူ ခဏလောက် စိတ်လျှော့လို့ ရသွားပြီပေါ့။
လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်တုန်းကတော့ သူ ဘေးကင်းရာကို ထွက်ပြေးရတော့မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ ပင်ကိုယ်သိစိတ်က သူ့ရဲ့ ဒရုန်းဟာ ပြိုင်ဘက်တွေရဲ့ မီသရယ်မှော်ဝင်ပစ္စည်းတွေထက် အများကြီး ပိုသန်မာတယ်ဆိုတာကို သိရှိသွားစေခဲ့တယ်။
'ဒီအသံက... ငါ့ကို တစ်ခုခု ပြောဖို့ ကြိုးစားနေတာပဲ' လို့ သူ သိလိုက်ရတယ်။
သူက သူ့ရင်ဘတ်ကို ငုံ့ကြည့်ပြီး သူ့နှလုံးသားထဲမှာရှိတဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို စိုက်ကြည့်နေမိတယ်။
'မင်း လုပ်လိုက်တာလား' လို့ သူ မေးလိုက်ပေမဲ့ ဘာအဖြေမှ ပြန်မလာခဲ့ပါဘူး။
အလွန်ခက်ခဲတဲ့ ပြိုင်ဘက်နှစ်ယောက်ကို အနိုင်ယူခဲ့ပေမဲ့ မိုက်ကယ်ရဲ့ စိတ်ထဲမှာတော့ မကျေနပ်မှုတစ်ခု ကျန်ရစ်နေခဲ့တုန်းပဲ။
သူက တစ်စုံတစ်ခုကို သိခါနီး ဆဲဆဲ ဖြစ်နေသလိုမျိုး ခံစားရပေမဲ့ အဲဒါက ဘာလဲဆိုတာကိုတော့ သူ သေချာ မပြောနိုင်ဘဲ ရှိနေခဲ့တယ်။
* * * * * * * *
စာစဉ်(၄၇)