← Chapters

အခန်း ၅၅၉

Vol. 47 Ch. 559

အခန်း ၅၅၉

Vol. 47 Ch. 559

အခန်း(၅၅၉)

ရိန်နာက မိုက်ကယ်ကို လုံးဝ မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေမိတယ်။ အိမ်မက်တစ်ခုကို မြင်မက်နေရသလိုမျိုးတောင် သူ ခံစားနေရတာပါ။

“သူ တကယ် လုပ်နိုင်ခဲ့တာပဲ... သူ သူတို့ကို အနိုင်ယူလိုက်ပြီ...”

မဖြစ်နိုင်ဘူးလို့ အားလုံးက ထင်ထားကြတဲ့ကြားကပဲ သူ့ကို အလဲထိုးဖို့ ပူးပေါင်းလာကြတဲ့ အစွမ်းထက် တိုက်ခိုက်ရေးသမား နှစ်ယောက်လုံးကို သူက အောင်နိုင်သွားခဲ့ပြီလေ။ သူတို့နှစ်ယောက်ရဲ့ ပေါင်းစပ်ညှိနှိုင်းမှုက အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်နေခဲ့ရင်တောင် မိုက်ကယ်ကတော့ အောင်ပွဲကို သူ့လက်ထဲ အရောက် ဆုပ်ကိုင်ပြသွားနိုင်ခဲ့တာပါပဲ။

ဒီတော့မှပဲ သူဟာ တစ်ချိန်လုံး ဘယ်လောက်တောင် မိုက်မဲခဲ့လဲဆိုတာ ရိန်နာတစ်ယောက် သဘောပေါက်သွားတော့တယ်။ မိုက်ကယ်က ရိုင်းဇင်းဆစ်အဖွဲ့ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ကြိုးစားနေတာ မြင်တုန်းက သူကပဲ မိုက်မဲလွန်းတယ်လို့ ထင်ခဲ့တာပါ။ တကယ်တော့ သူကိုယ်တိုင်လည်း အခုရောက်နေတဲ့ နေရာအထိ ရောက်လာဖို့ သေလုမတတ် ရုန်းကန်ခဲ့ရတာ မဟုတ်လား။

ဒါပေမဲ့ မိုက်ကယ်ကတော့ သူတို့ထဲက အတော်ဆုံးဆိုသူတွေကိုတောင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း ဘာသံသယမှ ရှိစရာမလိုအောင် သက်သေပြလိုက်ပြီလေ။

သူသာဆိုရင် အာလော့စ် ဒါမှမဟုတ် ရက်ပ်တာကို တစ်ယောက်ချင်းစီတောင် အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး။ သူတို့နှစ်ယောက် ပေါင်းလိုက်ရင်တော့ သူ အကောင်းဆုံး အခြေအနေမှာ ရှိနေရင်တောင် ဘယ်လိုမှ နိုင်စရာ အကြောင်းမရှိပါဘူး။

ဒါကို မိုက်ကယ်ကတော့ ဒြပ်စင် ရှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်မှု၊ အချိန်ကို ရပ်တန့်စေနိုင်တဲ့ ဆန်းကြယ်တဲ့ စွမ်းရည်နဲ့ လေထဲမှာ ပျံဝဲနေတဲ့ ထူးဆန်းတဲ့ သတ္တုလက်နက်တို့နဲ့ အပြတ်အသတ် လုပ်ပြသွားခဲ့တယ်။ ဒါတွေအားလုံး ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သူရော တခြားဘယ်သူမှပါ တစ်ခါမှ မမြင်ဖူးတဲ့ အတိုင်းအဆထက် ကျော်လွန်တဲ့ တန်ခိုး စွမ်းအားတွေကို ဖြစ်ပေါ်စေခဲ့တာပေါ့။

သူ့အဖေ ပြောတာ မှန်နေတာပဲ။ မိုက်ကယ်က သူ ထင်ထားတာထက် အများကြီး ပိုပြီး စွမ်းအားကြီးတာပဲ။ တခြား အချက်တွေမှာလည်း သူ့အဖေ ပြောတာ မှန်နေနိုင်တာပဲ။

‘သမီး... သူ့နှလုံးသားကို ဖမ်းစားနိုင်အောင် လုပ်စမ်း’

ရိန်နာ့ပါးပြင်တွေဟာ မုန်လာဥနီလို ရဲကနဲ ဖြစ်သွားပြီး နားရွက်တွေကနေပါ မီးခိုးတွေ ထွက်တော့မလို ဖြစ်သွားရတယ်။ သူ့စိတ်ကူးတွေကို လွတ်လွတ်လပ်လပ် လျှောက်တွေးမိနေတာကို သူလည်း မတားဆီးနိုင်တော့ဘူး။

သူမဟာ ဝတ်စုံဖြူကြီး ဝတ်ထားပြီး ရွှေဝါရောင် ဆံပင်လေးတွေနဲ့ ကလေးနှစ်ယောက်ကို လက်ထဲမှာ ပွေ့ချီထားတာကို မြင်ယောင်နေမိတယ်။ ပြီးတော့ သူ့ဘေးနားမှာ ရှိနေတာက ကလေးတွေလိုပဲ ရွှေရောင်ဆံပင်တွေနဲ့ အရပ်ရှည်ရှည် ချောချောမောမော အမျိုးသားတစ်ယောက်ပေါ့။ အဲဒီလူရဲ့ မျက်နှာကို သေချာ စိုက်ကြည့်လိုက်တဲ့အခါမှာတော့ တခြားသူ မဟုတ်ဘဲ...

“ငါ ဘာတွေ လျှောက်တွေးနေတာလဲ” သူက အသံကို နှိမ့်ပြီး အလန့်တကြား အော်လိုက်မိတယ်။ ဒီအတွေးတွေကို ဖျောက်ဖျက်ပစ်ဖို့ ခေါင်းကို အတင်း ခါယမ်းလိုက်ပေမဲ့လည်း အဆုံးမရှိတဲ့ ပန်းချီကားတစ်ချပ်လို ခေါင်းထဲမှာ စွဲထင်ကျန်ရစ်နေတုန်းပါပဲ။

တစ်ချိန်တည်းမှာပဲ ရက်ပ်တာကတော့ လုံးဝ စွမ်းအင်ကုန်ခမ်းသွားတဲ့ပုံနဲ့ မြေကြီးပေါ် ဘုန်းကနဲ ထိုင်ချလိုက်တယ်။ “အဲဒါ မီသရယ် မှော်ဝင်ပစ္စည်း မဟုတ်လား”

“ဟုတ်တယ်” မိုက်ကယ်က ပြန်ဖြေလိုက်တယ်။

ရက်ပ်တာက လေးစားတဲ့အနေနဲ့ သူ့ရဲ့ ကောင်းဘွိုင်ဦးထုပ်ကို အသာလေး တို့ထိပြလိုက်တယ်။ “ငါ အသိအမှတ်မပြုချင်ပေမဲ့ မင်း ငါတို့ကို တရားမျှတစွာ အနိုင်ယူသွားတာပဲ။ အမှန်တော့ ငါတို့က မင်းကို ဝိုင်းတိုက်ခဲ့တာဆိုတော့ တရားမျှတတယ်လို့တောင် ပြောလို့မရဘူးပေါ့လေ”

အာလော့စ်ကတော့ မြက်ပင်ရှည်ကြီးတစ်ပင်ကို နှုတ်ယူပြီး သွေးထွက်မလာအောင် ဒဏ်ရာပေါ်မှာ စည်းနှောင်ရင်း ညည်းတွားလိုက်တယ်။ “ငါတို့ မင်းနဲ့ ဒီလောက်စောစော ဆုံမိတာ ကံဆိုးတာပဲလို့ပဲ သတ်မှတ်ရမှာပေါ့။ ကောင်းမွန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တာပါ။ မင်း ငါတို့ကို တကယ် အလဲထိုးနိုင်ခဲ့တာပဲ”

ရှုံးနိမ့်သွားခဲ့ပေမဲ့ သူတို့နှစ်ယောက်လုံးက မိုက်ကယ်အပေါ် တော်တော်လေး ဖော်ဖော်ရွေရွေ ရှိကြပါတယ်။ တိုက်ပွဲအတွင်း ခပ်စောစောက သူတို့ပြောခဲ့သလိုပါပဲ၊ ဒါက ကစားပွဲတစ်ခု သက်သက်ဖြစ်ပြီး ဒီထဲမှာ ဖြစ်ပျက်ခဲ့သမျှတွေက လူရေးအရ ရန်ငြိုးဖွဲ့စရာ မရှိပါဘူး။

တကယ်တော့ မိုက်ကယ်ကို ရှုံးနိမ့်သွားတာက သူတို့ကို မိုက်ကယ်အပေါ် ပိုပြီးတောင် သဘောကျသွားစေပါတယ်။ သေလုမတတ် တိုက်ခိုက်ပြီးတဲ့နောက်မှသာ ဖြစ်ပေါ်လာတတ်တဲ့ ရင်းနှီးမှုနဲ့ မိတ်ဆွေပီသတဲ့ ခံစားချက်မျိုး ပေါ်ပေါက်လာတာ ဖြစ်နေလို့ပဲ။

“ငါတို့ထဲက သုံးယောက်ကတော့ ပြုတ်သွားပြီဆိုတော့ ကစားပွဲထဲမှာ သုံးယောက်ပဲ ကျန်တော့တာပေါ့။ နောက်ထပ် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ” ရက်ပ်တာက မိုက်ကယ်ကို မေးလိုက်တယ်။

ဒါကို မိုက်ကယ်က ပုခုံးနှစ်ဖက်ကို တွန့်ပြလိုက်ပြီး “ငါလည်း မသိသေးဘူး။ ငါ့အဖွဲ့သားတွေ သော့ရှာတွေ့တဲ့အထိပဲ စောင့်နေလိုက်ရမလားပဲ”

ရက်ပ်တာနဲ့ အာလော့စ်ကတော့ သူ့ရဲ့ အခု အစီအစဉ်ကို သဘောမတူကြဘူး။

“ဘိုးရဲ့ အဖွဲ့သားတွေက အတော်ဆုံးတွေထဲကပဲ။ သူတို့မှာ စွမ်းရည်တွေ မရှိရင်တောင် တိုက်ခိုက်ရေးစွမ်းရည်ကတော့ ထိပ်တန်းပဲ။ ဒါတင်မကဘူး၊ သူတို့က နေရာတစ်ခုမှာ ဝှက်ထားတဲ့ ရတနာတွေကို ရှာဖွေဖို့အပါအဝင် အခြေအနေမျိုးစုံအတွက် အထူးလေ့ကျင့်ထားကြတာ” အာလော့စ်က ပြောလိုက်တယ်။ “သူတို့ အခုထိ မတွေ့သေးရင်တောင် မကြာခင် သော့တွေအကုန်လုံးကို ရှာတွေ့သွားလိမ့်မယ်”

ဘိုးဟာ မှန်ခုံးထဲမှာ ဝှက်ထားတဲ့ ဝိညာဉ်ဆီ ငါးစက်ကို ရယူဖို့အတွက် လမ်းခရီးမှာ ရောက်နေလောက်ပြီလို့ သူက ပြောချင်တာပါ။ မိုက်ကယ်မှာ စောင့်နေဖို့ အချိန်မရှိတော့ဘဲ သူက အမြန် တိုက်ခိုက်ရတော့မှာ ဖြစ်ပါတယ်။

“မင်း တော်တော် သန်မာတာပဲ” ရက်ပ်တာက ဝန်ခံလိုက်တယ်။

“မင်းက ဖင်းမ်ထက်တောင် ပိုတော်မယ်လို့ ငါထင်တယ်။ ဒါဆိုရင်တော့ မင်းက ရိုင်းဇင်းဆစ်အဖွဲ့တစ်ခုလုံးမှာ ဒုတိယအတော်ဆုံး တိုက်ခိုက်ရေးသမား ဖြစ်သွားပြီပေါ့။ ငါ အကြံပေးချင်တာကတော့ ကစားပွဲထဲမှာ ကျန်နေသေးတဲ့ တခြားသူတွေကို ရှာပြီး မင်းနဲ့ ပူးပေါင်းဖို့ ပြောကြည့်တာက အကောင်းဆုံးပဲ။ ဘိုး ဝိညာဉ်ဆီစက်တွေ မရခင်မှာ သူ့ကို ပြုတ်သွားအောင် လုပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက အဲဒါပဲ”

သူတို့နှစ်ယောက်လုံးက မိုက်ကယ်ကိုပဲ လေလံပွဲမှာ နိုင်စေချင်နေကြတာပါ။ ဒါမှလည်း သူတို့ မိုက်ကယ်ကို ရှုံးခဲ့တာက သိက္ခာမကျစရာ ဖြစ်မှာ မဟုတ်လား။

“ဘိုးက တကယ်ပဲ အဲဒီလောက်တောင် သန်မာလို့လား” သူက သူတို့ကို မေးလိုက်တယ်။

ရက်ပ်တာနဲ့ အာလော့စ်က တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်ပြကြတယ်။

“သူက အကြောင်းပြချက်ရှိလို့ ရိုင်းဇင်းဆစ်ရဲ့ ထိပ်ဆုံးမှာ ရောက်နေတာပေါ့။ သူ ခန္ဓာကိုယ်ဖွဲ့စည်းမှု ဆဋ္ဌမအဆင့်မှာ ရောက်နေလို့တင် မဟုတ်ဘူး။ သူ့ရဲ့ စွမ်းရည်ကို အသုံးပြုပြီး ပြိုင်ဘက်တွေကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ နည်းလမ်းကြောင့်လည်း ပါတယ်”

ဒါကို ကြားပြီးတဲ့နောက် မိုက်ကယ်က နည်းနည်းတော့ စိုးရိမ်သွားရတယ်။ မိမိထက် တစ်ဆင့် မြင့်တဲ့သူကို အနိုင်ယူနိုင်တယ်ဆိုတာ သူသိပေမဲ့ နှစ်ဆင့်တောင် မြင့်နေတာကတော့ သူ အစွမ်းကုန် ကြိုးစားရင်တောင် ဖြစ်နိုင်ချေ ကန့်သတ်ချက်ကို စိန်ခေါ်ရာ ရောက်နေမှာပါ။

ခဏလောက်တော့ ဘိုးကို အနိုင်တိုက်ဖို့ တခြားကစားသမားတွေနဲ့ ပူးပေါင်းဆိုတဲ့ သူတို့ရဲ့ အကြံဉာဏ်ကို သူ စဉ်းစားမိပါသေးတယ်။

သို့ပေမဲ့ ဒီအတွေးက ချက်ချင်းပဲ ပျောက်ပျက်သွားတော့တယ်။

ပထမအချက်ကတော့ သူက အဲဒီလို လူစားမျိုး မဟုတ်ပါဘူး။ သူက တရားမျှတစွာ တိုက်ခိုက်ပြီး ရှုံးနိမ့်ရတာကိုပဲ ပိုသဘောကျပါတယ်။

ဒုတိယအချက်ကတော့ သူ မသိတဲ့ တခြားလူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကို သူ သိပ်ပြီး စိတ်မပါတာကြောင့်ပါ။ ဒါက နောက်ဆုံးမှာ ရလာမယ့် ဝိဉာဉ်ဆီတွေကို သူတို့နဲ့ ခွဲဝေယူရမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်နေလို့ပဲ။

ဒီလိုတွေးတာက အတ္တဆန်တယ်လို့ အပြောခံရနိုင်ပေမဲ့ သူကတော့ အဲဒီ ဝိညာဉ်ဆီ ငါးစက်လုံးကို သူ့တစ်ယောက်တည်းအတွက်ပဲ ရချင်တာပါ။

အဲဒီအချိန်မှာတင်ပဲ ရင်းနှီးနေတဲ့ အသံကြီးက သူ့စိတ်ထဲမှာ ထပ်ပြီး ပဲ့တင်ထပ်လာပြန်တယ်။

“...”

သူ့ခေါင်းက ဆတ်ခနဲ ဖြစ်သွားပြီး အရင်ကထက် ပိုပြီး အနီးကပ် နားထောင်ဖို့ ကြိုးစားလိုက်တယ်။ အဲဒါ ဘာလဲဆိုတာ ခွဲခြားသိမြင်ဖို့ ကြိုးစားပေမဲ့ ဘယ်ကလာလဲ ဒါမှမဟုတ် ဘာကို ဆိုလိုတာလဲဆိုတာ သူ လုံးဝ မသိသေးပါဘူး။

စကားလုံးတစ်လုံးကို ပြန်စဉ်းစားဖို့ ကြိုးစားနေရင်း လျှာဖျားလေးပေါ် ရောက်ခါနီးမှ ပေါ်မလာသလိုမျိုး ခံစားချက်မျိုးပါ။ ဘယ်လောက်ပဲ စဉ်းစားဖို့ ကြိုးစားကြိုးစား သူ လုံးဝ သတိမရနိုင်ဘဲ ဖြစ်နေတယ်။

ဒီလို အားမလိုအားမရဖြစ်မှုက သူ့ကို စိတ်ပျက်စေပြီး သူ့မျက်နှာကြီး ရှုံ့မဲ့သွားတာကို အပြင်ကနေပါ အထင်အသား မြင်နေရပါတယ်။

သူ့ရဲ့ ထူးဆန်းတဲ့ အမူအရာကို ရက်ပ်တာနဲ့ အာလော့စ်တို့က ချက်ချင်း သတိပြုမိသွားကြတယ်။

“ဘာဖြစ်လို့လဲ” သူတို့က မေးလိုက်ကြတယ်။

မိုက်ကယ်က စိုးရိမ်စရာမရှိကြောင်း လက်ကာပြလိုက်ပြီး “ဘာမှမဟုတ်ပါဘူး။ ငါ ဒီအသံကို ခဏခဏ ကြားနေရလို့ပါ။ အစကတော့ ငါ့ပတ်ဝန်းကျင် တစ်နေရာရာက လာတယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ အဲဒီအသံက ငါ့ခန္ဓာကိုယ်ထဲကနေ ထွက်လာသလိုမျိုး ခံစားနေရတယ်”

ရက်ပ်တာနဲ့ အာလော့စ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့ မျက်လုံးတွေက တစ်ခုခုကို သဘောပေါက်သွားတဲ့ ပုံစံမျိုးပါ။

“မင်း အသံတွေ ကြားနေရတာလား” ရက်ပ်တာက မေးလိုက်တယ်။ “ဘယ်လို အသံမျိုးလဲ”

“ငါလည်း မသိဘူး။ ငါသိတဲ့ အသံမျိုးနဲ့တော့ မတူဘူး။ ဖြတ်ခနဲ ပေါ်လာတဲ့ အတွေးတစ်ခုလိုမျိုး စိတ်ကူးယဉ်ဆန်တယ်။ ဒါပေမဲ့ ငါ ကြိုးစားလိုက်တိုင်း...”

အာလော့စ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတော့တယ်။ “အဲဒီအသံက မင်းကို အတွေးအသစ်တစ်ခု... ပင်ကိုယ်သိစိတ်တစ်ခုလိုမျိုး ပေးတာလား”

မိုက်ကယ်က ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ်။ ကွက်တိပဲ၊ အဲဒါ အတိအကျပဲ” လို့ သူတို့ကို ပြောလိုက်တယ်။

ရက်ပ်တာနဲ့ အာလော့စ်တို့က မိုက်ကယ်ကို ရေရဲ့ အသံကို မသိဘူးလို့ အပြောခံလိုက်ရတဲ့ လူတစ်ယောက်လိုမျိုး စိုက်ကြည့်နေကြတယ်။

“မင်း အဲဒါ ဘာလဲဆိုတာ တကယ်မသိဘူးလား” ရက်ပ်တာက ဒါက အားလုံးသိထားတဲ့ အခြေခံဗဟုသုတတစ်ခုလိုမျိုး မေးလိုက်တာပါ။

“အဲဒါ ဘာမို့လို့လဲ”

“အဲဒါ မင်းရဲ့ ဒီဗာက မင်းကို ဆက်သွယ်နေတာလေ” အာလော့စ်က စိတ်လှုပ်ရှားစွာနဲ့ အော်ပြောလိုက်တယ်။

ဒါက မိုက်ကယ်ကို အံ့ဩသွားစေပါတယ်။ “သူတို့က စကားပြောနိုင်လို့လား”

“မဟုတ်ဘူး၊ စကားပြောနိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ စကားမဲ့ အချက်ပြမှုတွေကနေတစ်ဆင့် မင်းကို ဆက်သွယ်နိုင်တယ်။ ဒါက ဒီဗာက မင်းကို တစ်ခုခု ပြောဖို့ ကြိုးစားနေတဲ့အချိန်၊ သူ ပိုင်ဆိုင်ထားတဲ့ စွမ်းအားကို မင်းကို သင်ကြားပေးနေတဲ့အချိန်မှာ ဖြစ်တတ်တာမျိုးပဲ” အာလော့စ်က ရှင်းပြလိုက်တယ်။

“ဒီဗာတွေက ဒီလိုလုပ်ပြီဆိုရင် သူတို့ရဲ့ အသုံးပြုသူကို စွမ်းအားအသစ်၊ စွမ်းရည်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခါနီး ရောက်နေပြီဆိုတာကို ဆက်သွယ် အသိပေးနေတာပဲ”

* * * * * * * *

စာစဉ်(၄၇)

All Chapters