အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အပိုင်း 161
ယခုအကြိမ်တွင် ရောက်လာသည့်သူများမှာ လုံမိသားစု၏မောင်နှမသုံးယောက် လုံချီရှောင်၊ လုံချီချန်းနှင့် လုံဝမ့်ရင်း ဖြစ်ပြီး ယွီရှောင်ရှောင်၊ စုန့်ချင်းမင်၊ ချန်းဝမ်ရု နှင့် ဖုန်းလိုင်ဂိုဏ်းမှ ရွမ်တို့လည်း ပါဝင်ပြီး စုစုပေါင်းလူရှစ်ယောက်ဖြစ်သည်။ ယွင်ယွီက သူတို့နှင့်အတူ ကျောက်စိမ်းဓါးကိုလည်း သယ်လာလေ၏။ ဤအရာသည် ပုံမှန်ဆို စစ်ဆေးရေးကို မအောင်နိုင်သော်ငြား သူမ၌စစ်ဆေးရေးကို စစ်ဆေးမှုကို ကျော်ဖြတ်နိုင်သည့် တရားဝင်အထောက်အထား ရှိသည်။
သူတို့သည် မြို့ထဲရှိအကြီးဆုံး ကြယ်သုံးပွင့်ဟိုတယ်တွင် တည်းခိုကြလေ၏။ ဆိုရလျှင် ဤနေရာကမြို့ငယ်လေးဖြစ်ပြီး အကောင်းဆုံးဟိုတယ်မှာ ကြယ်သုံးပွင့်သာဖြစ်သည်။ အခန်းများက အလွန်ကောင်းမွန်၏။ ယွင်ယွီနှင့်သူမ၏မိတ်ဆွေများသည် စုစုပေါင်းအခန်းလေးခန်းငှားထားပြီး နှစ်ယောက်တစ်ခန်းနေသည်။
ယွင်ယွီနှင့်ရှောင်ရှောင်က အခန်းတစ်ခန်းထဲတွင်နေကာ သူတို့ရောက်ချိန်တွင် ၁၂ နာရီထိုးနေသောကြောင့် လူတိုင်းသည် ကိစ္စဆွေးနွေးရန် အခန်းကြီး၌ စုဝေးလိုက်ကြသည်။
ထိုည၌ ညစာစားရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် ဟိုတယ်ခန်း၌ ဘာဘီကျူးတချို့သာ မှာခဲ့သည်။ လူတိုင်းက စားသောက်ရင်းဖြေရှင်းနည်းကို စဉ်းစားနေလေ၏။
ယွီရှောင်ရှောင်က ပြောလိုက်တော့သည်။ “အဲဒီမိသားစုက နောက်လေးနာရီငါးနာရီအထိ ရွာကို ပြန်ရောက်လာမှာမဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်သင့်သလဲ။ ငါတို့ရွာထဲမှာနေပြီး သူတို့ လာတာစောင့်မှာလား”
“မဟုတ်ဘူး”
လုံချီရှောင်က သူမကို တစ်ချက်ကြည့်လိုက်၏။ “ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် တစ်ရွာလုံးက သူတော်စင်သားတော်ကို ကူညီနေတာဖြစ်မယ်။ ယွင်ကျင်းကျေးရွာမှာ စုစုပေါင်းအိမ်ခြေ ၂၈ အိမ်ရှိပြီး အားလုံးနေမကောင်းဖြစ်နေတာ။ မွေးကင်းစကလေးတောင်မှ ၁၀ နှစ်အတွင်း နေမကောင်းဖြစ်တယ်။ လူတွေက မကြာခဏ သေကြေကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ခြောက်လတုန်းက ဤရွာထဲမှာ ဘယ်ရွာသားမှ မသေခဲ့ကြဘူး။ သူတို့တွေက သူတော်စင်သားတော်လို့ခေါ်တဲ့သူကို ကူညီနေတာပဲဖြစ်မယ်။ ပြီးတော့ သူတော်စင်သားတော်က သူတို့အသက်ရှည်အောင် ကူညီပေးဖို့ နည်းလမ်းတစ်ခု ရှာထားတာ”
အခြားသူများပြောတာကို မစောင့်ဘဲ လုံချီရှောင်က ဆက်ပြောလိုက်၏။ “ပြီးတော့ သူတော်စင်သားတော်က ဘယ်သူလဲဆိုတာ ငါတို့ သိဖို့လိုတယ်။ ရှောင်ယွီအာက သူ့ရဲ့မျက်စိနဲ့မြင်ခဲ့တဲ့ သဲလွန်စဆိုရင် ငါတို့တွေ ဒီဖြစ်ရပ်နောက်ကွယ်က သူတော်စင်သားတော်ကို ဖမ်းမှဖြစ်မယ်။ မဟုတ်ရင် ဒါမျိုးကိစ္စက ရပ်သွားမှာမဟုတ်ဘူး” လူတိုင်းက ခေါင်းညိတ်လိုက်ပြီး စုန့်ချင်းမင်က မေးလိုက်သည်။ “ဒီရွာထဲက ရွာသားတွေမှာ ဘာရောဂါရှိနေတာလဲ”
လုံချီရှောင်က ပြောလိုက်လေ၏။ “ဒီရွာက ၁၉၆၀ နှင့် ၁၉၇၀ ကစပြီး ထူးဆန်းတဲ့ရောဂါကို ခံစားခဲ့ရတာ။ အဲ့ဒီအချိန်တုန်းက ရွာထဲမှာမိသားစုပေါင်း ၁၀၀ ကျော်ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် သေပြီး ရွှေ့ပြောင်းခဲ့ကြတာ။ မိသားစု ၂၀ လောက်ပဲ ကျန်ခဲ့တယ်။ သူတို့ဆေးမှတ်တမ်းကို စစ်ဆေးချင်လို့ ဆေးရုံကို သွားခဲ့တယ်။ အနည်းဆုံးတော့ ဆေးမှတ်တမ်းက အဲ့ဒီရောဂါဖြစ်ရခြင်းအကြောင်းအရင်းကို ဖော်ထုတ်ပေးမှာပဲ။ သူတို့ရဲ့ကိုယ်ထဲမှာ ထူးဆန်းတဲ့အကြိတ်တွေရှိနေပြီး တစ်ကိုယ်လုံး အရိုးကိုက်ခဲနေတာ။ အဆုံးကျ သူတို့ခန္ဓာကိုယ် ပိန်သထက်ပိန် ပါးသထက်ပါးလာပြီး ထိခိုက်လွယ်စွာ သေသွားတော့တာပဲ”
“ရောဂါဖြစ်ရခြင်းအကြောင်းအရင်းတောင် မရှာနိုင်ဘူးလား။ ရွာထဲမှာ ဘာတွေဖြစ်နေတာလဲ”
လူတိုင်းသည် ဤရွာထဲရှိအခြေအနေကို ပိုအာရုံစိုက်လာကြသည်။
ယွင်ယွီက သူမ၏လက်ထဲတွင် ဘာဘီကျူးတုတ်ကို ကိုင်ထားပြီး မစားဖြစ်သေးဘဲ မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ဒါက ကျိန်စာတစ်မျိုး ထင်တယ်”
လုံချီရှောင်က ခေါင်းညိတ်လိုက်၏။ “ငါ့အတွက်လည်း ကျိန်စာနဲ့ပိုတူတယ်။ ဆေးရုံမှာ ဘယ်လောက်ပဲစစ်ဆေးစစ်ဆေး ရောဂါဖြစ်ရခြင်းအကြောင်းအရင်းကို မရှာနိုင်တာကြောင့်လေ။ ပြီးတော့ ငါ စစ်ဆေးကြည့်လိုက်တော့ ရွာထဲက ရွှေ့ပြောင်းသွားတဲ့ရွာသားတွေက တခြားနေရာမှာ အခြေချပြီးတော့ သူတို့ရောဂါ မခံစားရတော့ဘူး။ သူတို့ရဲ့ကလေးတွေ အရွယ်ရောက်ပြီး သူတို့ရဲ့ရောဂါဝေဒနာကို မဖယ်ရှားနိုင်သေးဘူး။ သူတို့ကလေးတွေ အရွယ်ရောက်အိမ်ထောင်ကျပြီးတဲ့အချိန်မှာ သူတို့ရဲ့ကိုယ်ပေါ်မှာ ထူးဆန်းတဲ့အကြိတ်တွေ စပေါ်လာတော့တာပဲ။ ဒီတော့ ဒါက ရွာရဲ့အရင်းအမြစ် ပတ်ဝန်းကျင်ကြောင့် ဖြစ်တဲ့ရောဂါမဟုတ်ဘူး။ မဟုတ်ရင် ဒီနေရာက ရွှေ့ပြောင်းပြီးတာတောင် ရွာကလူတွေ ထူးဆန်းတဲ့ဝေဒနာ ခံစားနေရသေးတဲ့ အကြောင်းအရင်းကို ဘယ်လိုရှင်းပြကြမလဲ”
ချန်ဝမ်ရုကလည်း ဝင်ပြောလိုက်၏။ “ဒီရွာကို ဘယ်သူကများ ကျိန်စာတိုက်လိုက်တာလဲ။ အစွမ်းထက်တဲ့တစ်ယောက်ယောက်က တစ်ရွာလုံးကို ကျိန်စာတိုက်ပြီး ရွာသူရွာသားတွေရဲ့အမျိုးဆက်တွေကိုတောင် ဒုက္ခခံစားရစေတယ်”
161 02
လုံချီရှောင်က ဘီယာတစ်ငုံသောက်ပြီး ခေါင်းခါလိုက်လေ၏။ “ဒါကို မစစ်ဆေးရသေးဘူး။ ဒါပေမဲ့ အရေးကြီးဆုံး ငါတို့အတွက် အခုအချိန်မှာအရေးကြီးဆုံးက သူတော်စင်သားတော်က ဘယ်သူလဲဆိုတာသိဖို့ပဲ။ ရွာသူရွာသားတွေရဲ့သေရေးရှင်ရေးကတော့ ငါတို့နဲ့ မဆိုင်လောက်ဘူး” ဤကဲ့သို့သော ကျိန်စာမျိုးရှိနေခြင်းကြောင့် လုံချီရှောင်သည် ရွာသားများက အပြစ်ကင်းသူ ဖြစ်လိမ့်မည်ဟု မထင်ပေ။ ရွာသူရွာသားများကို ဤသို့ကျိန်စာတိုက်ရလောက်အောင် အငြိုးအတေးအမုန်းတရား မည်မျှများသနည်းဟု သူ သိချင်နေမိသည်။
စုန့်ချင်းမင်က မဲ့ရွဲ့ကာပြောလိုက်၏။
“ဒီရွာသားတွေ ဘာလို့ကျိန်စာတိုက်ခံရတဲ့အကြောင်းအရင်းကို သိချင်နေတုန်းပဲ”
“ဟုတ်ပြီ။ ဒါကို ဆက်စပ်စုတာ ရပ်လိုက်တော့”
လုံချီရှောင်က စားပွဲကို ခေါက်လိုက်လေ၏။ “အခုမနက်ဖြန် ဘာလုပ်မလဲဆွေးနွေးကြရအောင်။ ရှောင်ရှောင်ရဲ့အကြံဉာဏ်က ထိုင်ကြည့်နေပြီး ထိုင်စောင့်နေတာမျိုးကို ငါတို့ မလုပ်ချင်ဘူး။ ငါတို့ပန်းတိုင်က သူတော်စင်သားတော် ဘယ်သူလဲဆိုတာ ရှာဖို့ပဲ”
ယွင်ယွီက စဉ်းစားလျက် ပြောလိုက်သည်။
“သူတော်စင်သားတော်က အမျိုးသမီးတွေ လိုအပ်တယ်ဆိုမှတော့ ကိုယ့်ကိုယ်ကိုယ်ပဲ သူ့ထောင်ချောက်ထဲ ထည့်ပြီး ငါးစာ ချလိုက်ရအောင်လား”
လုံချီရှောင်၏စုံစမ်းစစ်ဆေးမှုအရ ပြန်ပေးဆွဲခံရကာ လက်ရှိအချိန် ၌ပြန်ပေးဆွဲခံရပြီး လူကုန်ကူးခံရသည့်လူအားလုံးသည် အမျိုးသမီးများဖြစ်ပြီး အသက်သုံးနှစ်မှ အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး သူတို့အဖို့ သူတို့ကိုယ်သူတို့ ငါးစာချလိုက်တာက ပိုကောင်းလိမ့်မည်။ မဟုတ်လျှင်သူတို့က သူတော်စင်သားတော်ဟု ခေါ်သည့်အရာကို သိကြမှာမဟုတ်ပေ။ သူတို့က မနက်ဖြန်မနက်၌ ပစ္စည်းများလာယူမည့်အကြီးအကဲကို ဖမ်းမိလျှင်တောင် သူက ဖြစ်ရပ်နောက်ကွယ်ရှိသူတော်စင်သားတော်ကို ဖော်ထုတ်ရန် ငြင်းဆန်နေပါက သူတို့ တကယ်ကူကယ်ရာ မဲ့နေရလိမ့်မည်။
“ကိုယ့်ကိုယ်ကိုယ် တံခါးဝအရောက် ပို့ပြီး ကြည့်လိုက်ရအောင်လား”
လူတိုင်းက တိတ်ဆိတ်သွားကာ ယင်းသည်အကြံဉာဏ်ကောင်းတစ်ရပ်ဟုတွေးမိလေ၏။
သို့သော် ဤနေရာ ၌အမျိုးသမီးလေးယောက်သာ ရှိသည်။ ထို့ကြောင့် ယွီရှောင်ရှောင်က အလောတကြီး ပြောလိုက်သည်။ “ငါငါးစာလုပ်မယ်ဆိုရင်ရော”
မည်သူမှာ သဘောမတူဘဲ ရှောင်ရှောင်၌ ဆိုးသွမ်းသော ကိုယ်ကျင့်တရားရှိကာ သူမက တစ်စုံတစ်ခုဖော်ထုတ်မိမှာကို လူတိုင်းစိုးရိမ်မိ၏။ လုံချီရှောင်က ပြောလိုက်သည်။
“မင်း မရဘူး”
လုံဝမ့်ရင်းနှင့်ချန်ဝမ်ရုကလည်း လုပ်လိုကြောင်း ပြောလိုက်ပြီး ယွင်ယွီက ပြောလိုက်၏။ “ကျွန်မ လုပ်လိုက်မယ်”
သူမ၏ကျင့်ကြံဆင့်သည် အမြင့်ဆုံးဖြစ်ကာ သူမသည် ကျန်သည့်သူသုံးယောက်သွားမှာကို စိုးရိမ်ပူပန်နေ၏။ တစ်စုံတစ်ခုဖြစ်ခဲ့လျှင် သူမကျင့်ကြံဆင့်ဖြင့် ထွက်ပြေးနိုင်သော်ငြား သူတို့အဖို့မူ မသေချာပေ။ သူမကို ငါးစာအဖြစ်သုံးတာ အကျိုးကြောင်းအသင့်ဆုံး ဖြစ်သည်။
လုံချီရှောင်က ဘာမှမပြောပေ။ သူက အဖွဲ့ထဲ၌ အသင်းခေါင်းဆောင်ဟူ၍ သတ်မှတ်နိုင်သည်၊ ဤဆုံးဖြတ်ချက်ကို သူချမှတ်ရမှာပဲ ဖြစ်သည်။ သူက တစ်ကိုယ်ကောင်းဆန်ပြီး ယွင်ယွီကို မသွားစေချင်သော်ငြား ယွင်ယွီက ကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်ကြောင်း သူ ကောင်းကောင်းသိနေ၏။ ထို့ကြောင့် သူမကို ငါးစာအဖြစ် အသုံးချတာ ဘေးအကင်းဆုံးဖြစ်လိမ့်မည်။
အချိန်တော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်၏။ “ဒါဆိုရှောင်ယွီအာကို သွားခွင့်ပေးလိုက်။ နောက်ထပ် ဘာဆက်လုပ်မလဲဆွေးနွေးကြမယ်”
ပြီးနောက် သူတို့တစ်နာရီကျော်ကြာ ဆွေးနွေးပြီး အစီအစဉ်ကို ဆုံးဖြတ်လိုက်သည်။
သူမသည် တစ်ဖက်၏လူအင်အားကို သေချာမသိ၊ နောက်ထပ် မည်သို့ဖြစ်လာမည်မှန်း မသိသောကြောင့် အစီအစဉ်အရ ယွင်ယွီသည် မနက်ဖြန်မနက်တွင် ပိုက်ဆံတစ်ပြားတစ်ချပ်မှ မကျန်ဘဲ ပိုက်ဆံအိတ် ပျောက်သွားသည့်သူတစ်ယောက်အဖြစ် ဟန်ဆောင်ရမှာပဲဖြစ်ကာ တစ်ညတာ တည်းခိုနေထိုင်ရန် အိမ်တစ်ခါးခေါက်ပြီး အကူအညီ တောင်းမည်။ ယွင်ယွီက တစ်ကိုယ်တည်းသမားအဖြစ် ဟန်ဆောင်ပြီး ထိုလူများက အမျိုးသမီးများကို ပြန်ပေးဆွဲတတ်သူ ဖြစ်သောကြောင့် ယွင်ယွီကို တိုက်ခိုက်ကြမှာ ကျိန်းသေ၏။
ယွင်ယွီသည် အခွင့်အရေးယူကာ သူတို့အဖမ်းအဆီး ခံလိုက်ပြီးနောက် အကြီးအကဲဆီသို့ ပို့ဆောင်ချိန်တွင် အလိုက်သင့် ပါသွားမှာပဲဖြစ်သည်။
သူတို့က ယွင်ယွီကိုယ်ပေါ်၌ ခြေရာခံတစ်ခု တပ်ဆင်ထားကာ အကြီးအကဲက လူလာခေါ်သည့်အချိန်တွင် သူတို့က နောက်မှလိုက်သွားပြီးနောက် သူတော်စင်သားတော်၏နေရာကို သွားနိုင်လိမ့်မည်။ တစ်ပြိုင်နက်တည်း အားလုံးသတ်နိုင်မှာပဲ ဖြစ်၏။ အစီအစဉ်က အတော်လေးကောင်းမွန်ပုံ ပေါ်သည်။ မည်မျှအထောက်အကူဖြစ်မည်မှန်းတော့ မသိရပေ။ သို့သော်ငြား ယခုအချိန်၌ တခြားနည်းလမ်းမရှိ၊ သူတို့သည် ဤသူတော်စင်သားတော်၏သဲလွန်စကို ရှာတွေ့ပြီးဖြစ်ကာ သူ့ကို အလွတ်မခံနိုင်ပေ။
161 03
ယခု ဆုံးဖြတ်ချက် ချမှတ်ပြီးဖြစ်သောကြောင့် လူတိုင်းက စားသောက်ပြီး ကိုယ်လက်သန့်စင်ကာ အိပ်ရာဝင်လေ၏။ အိပ်ရာမဝင်ခင် ယွင်ယွီက ချင်ယွီစွေဆီသို့ စာတစ်စောင်ပို့ကာ သူမ ရက်အနည်းငယ်အတွင်း တစ်စုံတစ်ခုလုပ်ရန်ရှိကြောင်းနှင့် ကိစ္စပြီးလျှင် ပြန်လာမည်ဖြစ်ကြောင်း ပြောခဲ့၏။
ချင်ယွီစွေ့သည် ဤစာကို သေချာပေါက်ရမှာ မဟုတ်မှန်းသိနေသည်။ သူတို့ မစ်ရှင်တာဝန်ထမ်းဆောင်နေစဉ် ဖုန်းကိုင်ဆောင်ခွင့်မရှိဘဲ အခြားသော ဆက်သွယ်ရေးကိရိယာသာ ယူခွင့်ရှိသည်။
စာပို့ပြီးနောက် ယွင်ယွီသည် သူမဖုန်းပေါ်ရှိ ဓာတ်ပုံအယ်လ်ဘမ်ကို ကြည့်လိုက်၏။ အတွင်း၌ သူတို့မိသားစု၏ဓာတ်ပုံများရှိပြီး မူမူ၊ ချင်ယွီစွေနှင့် သူတို့သုံးယောက်ပုံများရှိနေကာ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က သစ်သီးခြံထဲ၌ ရိုက်ထားတာ ဖြစ်သည်။
******
162 01
အပိုင်း 162
တကယ်တော့ သူတို့မိသားစုသုံးယောက်၏ ဓာတ်ပုံများများစားစားမရှိပေ။ ယွင်ယွီက သူတို့မိသားစုသုံးယောက်၏ ဓာတ်ပုံများကို ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။
နောက်နေ့နံနက်တိုင်း အိပ်ရာစောစောထကာ မနက်စာစားပြီးနောက် မြို့တစ်ပတ်လျှောက်လေ၏။ သူတို့က မြို့နေလူထုကို ကျေးရွာရှိ အခြေအနေအကြောင်းမေးခဲ့သည်။ အနီးနားရှိ မြို့သူမြို့သားများက ယွင်ကျန်းကျေးရွာအကြောင်း မပြောချင်ကြဘဲ ထူးဆန်းသော ကျိန်စာသင့်ရွာဟု ဖြစ်ကြောင်းသာ ပြောခဲ့၏။ ယခုဆို ယွင်ကျန်းရွာသူရွာသားများနှင့် မည်သူမှအဖက်လုပ်လိုစိတ် မရှိပေ။ လူတချို့ကဆို သူတို့ ယွင်ကျန်းကျေးရွာအကြောင်း မေးရသည့်အကြောင်းအရင်းကိုတောင် မေးလာ၏။
လုံချီရှောင်သည် ရေသန့်ဝယ်လိုသောကြောင်းသာ ပြောခဲ့သည်။
မြို့နေလူထုက သူတို့ကို အရူးများပမာ ကြည့်လာတော့သည်။
အဆုံးကျ သူတို့ဘာမှမရှာတွေ့သဖြင့် ဟိုတယ်သို့သာ ပြန်လာခဲ့ကြသည်။
သူတို့က နေ့လယ်စာ သွားစားပြီးနောက် အဲကွန်းခန်းထဲတွင် နေလေ၏။ ဤနေရာ၌ အတော်လေးပူသည်။ သူတို့အပြင်ထွက်လျှင် ချွေးထွက်၏။ စားသောက်ပြီးနောက် ယွီရှောင်ရှောင်က အိပ်ရာပေါ်တွင် လဲနေကာ ပြောလိုက်တော့သည် “ဒီနေ့လယ်ဘက် အပြင်မထွက်ကြရအောင်။ အပြင်မှာ ပူလွန်းတယ်။ ငါ ရှောင်ယွီအာရဲ့အိမ်က အပန်းဖြေစခန်းကို လွမ်းလိုက်တာ။ ဒီကိစ္စပြီးတာနဲ့ အဲဒီမှာကိုသွားပြီး လာပေါင်းများစွာ ကစားကြမယ်။ အားလပ်ရက်အတွက် ကွက်တိပဲ”
ယခုက ဩဂုတ်လအစောပိုင်းဖြစ်ပြီး အလွန်ပူနေ၏။
ယွင်ယွီကလည်း ဤနေရာသည် ဟယ်ချင်းကျေးရွာထက် များစွာပိုပူပြင်းကြောင်း ခံစားမိသည်။ ဟယ်ချင်းကျေးရွာက နွေအပူဒဏ်ကို ရှောင်ရန်အတွက် တကယ်ကိုနေရာကောင်းတစ်ခုဖြစ်သည်။
နေ့လယ်၌ မည်သူမှထွက်မသွားခဲ့ကြဘဲ အခန်းထဲတွင် စကားပြောနေကြသည်။ ယွင်ယွီက ထိုကာလအတွင်း ရေးဆွဲခဲ့သည့်အဆောင်များကို လူတိုင်းဆီ ဝေမျှပေးလိုက်ပြီး သူမအတွက်လည်း အဆောင်တချို့ သိမ်းထား၏။ သူမက ငါးစာအဖြစ် ဆောင်ရွက်မည်ဖြစ်သောကြောင့် ကျောပိုးအိတ်ထဲတွင် သူမ၏ကျောက်စိမ်းဓားကိုလည်း ယူမလာနိုင်တာ သေချာ၏။ ထို့ကြောင့် လုံချီရှောင်ကို ပေးပြီး သိမ်းထားခိုင်းလိုက်သည်။
လုံချီရှောင်က ကျောက်စိမ်းဓားကို ထုတ်ကြည့်ပြီး ပြောလိုက်လေ၏။ “ဒီဓားက အဲဒီ ကြွက်မိစ္ဆာဆီက ငါတို့ယူလာတဲ့ဓားလား။ ဒီလောက်ထက်လိမ့်မယ်လို့မထင်ထားဘူး”
ယွင်ယွီက ပြုံးပြီး ပြောလိုက်၏ “သိစိတ်တချို့ ထည့်ထားပြီးပြီလေ”
ပုံမှန်ဆိုလျှင် ယွင်ယွီသည် ဝိဉာဉ်စွမ်းအင်ထဲ၌ ဓားကိုစိမ်ပြီး အာဟာရဖြည့်ပေး၏။ ထို့ကြောင့် မကောင်းဆိုးဝါးများက ဤဓားကို ကြောက်ရွံ့လိမ့်မည်။
လုံချီရှောင်က ဓားကိုကိုင်လိုက်ရာ ဓားကခုခံနေပုံ ပေါ်၏။ သူက ရယ်မောလိုက်တော့သည်။ “သူက ငါထိတာကို မလိုလားတဲ့ပုံပဲ”
သူပြောတာကို ကြားပြီးနောက် ကျန်သည့်သူများကလည်း ပျော်ပွဲထဲ ဝင်ပါလာပြီး ယွီချန်းကိုထိကြည့်ကြသည်။
ယွီချန်းကခုခံနေပြီး အစ၌ အကြိမ်အနည်းငယ်တုန်နေသေး၏။ သို့သော်ငြား နောက်ပိုင်း၌ ခုခံခြင်းက အသုံးမဝင်မှန်း သဘောပေါက်သွားသောကြောင့် သူကငြိမ်သက်စွာရပ်နေပြီး လူတိုင်းကို သူ့အား ထိခွင့်ပေးလိုက်၏။
ထိုလူများ အတူတကွ ရယ်မောနေတာကိုကြည့်ပြီး ယွင်ယွီက သိမ်မွေ့စွာပြုံး လိုက်တော့သည်။ ထိုကဲ့သို့ မိတ်ဆွေများရှိတာ ကောင်းလှပေ၏။
မကြာမီ၌ ညနေပိုင်းအချိန်တွင် ညနေပိုင်း ၄ နာရီ ၅ နာရီအချိန်သို့ ရောက်လာ၏။ ထိုစဉ် ယွင်ယွီသည် လူလေးယောက်က ရှားရွှမ်းနှင့်ကောင်းရီတုတို့ကို ရွာသို့ ပြန်ခေါ်လာတာ တွေ့လိုက်ရသည်။ ယွင်ယွီက သူမဘာသာပြင်ဆင်လျက် အဝတ်အစားဟောင်းများ လဲကာ သူမနှင့်အဆောင်အားလုံး သယ်လာ၏။ သူမ၏ကျောပိုးအိတ်ထဲတွင် ရေပုလင်းအလွတ်တစ်လုံးပါပြီး ဘက်ထရီကုန်နေသောဖုန်းနှင့် အသုံးအဆောင်ပစ္စည်းတချို့ ပါရှိ၏။
162 02
လုံချီရှောင်က ပြောလိုက်တော့သည်။ “ဟုတ်ပြီ၊ ဒီအတိုင်းသွား၊ ဂရုစိုက်ဦး”
ယခုက ၄ နာရီ ၅ နာရီဝန်းကျင် ရှိပြီဖြစ်သောကြောင့် ထိုလူများ ရွာသို့ပြန်လာရန် အချိန်တန်ပြီဖြစ်သည်။ ယွင်ယွီက ကီလိုတစ်ဒါဇင်ကျော်ကွာဝေးသည့် ယွင်ကျန်းကျေးရွာသို့ လမ်းလျှောက်သွားရလိမ့်မည်။
သူမ ထိုနေရာသို့လမ်းလျှောက်သွားပြီး ချွေးများရွှဲကာ မောပန်းနွမ်းနယ်နေလိမ့်မည်။ မဟုတ်လျှင်သူမက ရွာသူရွာသားများဆီမှ မယုံသင်္ကာဖြစ်စရာမရှိနိုင်ပေ။
ယွင်ယွီကိုယ်တိုင် ကီလိုတစ်ဒါဇင်ခန့် ပြေးသွားရမည်မှန်း သူတို့ကြားသောအခါ လူတိုင်း အတော်လေး စိုးရိမ်ပူပန်သွားတော့သည်။ ယွင်ယွီက ပြောလိုက်၏။ “စိတ်မပူနဲ့၊ အဆင်ပြေတယ်လေ”
မူမူကို မွေးပြီးနောက် သူမသည် နေ့တိုင်းလေ့ကျင့်ခန်းဆင်းကာ ကီလိုတစ်ဒါဇင်ခန့်ပြေးဖို့က ပြဿနာမရှိပေ။
ယွင်ယွီက လုံချီရှောင်ပေးသည့် အချက်ပြကိရိယာကို သူမရှူးဖိနပ်၏အောက်ခံပြားထဲတွင် ထားလိုက်သည်။ ယင်းက အလွန်ပါးသောပစ္စည်းဖြစ်ပြီး အဆင့်မြင့်ကိရိယာ ဖြစ်သောကြောင့် မီတာနှစ်မီတာအတွင်း တိတိကျကျခြေရာခံနိုင်သည်။
ဤနည်းဖြင့် သူတို့ လူလွတ်သွားတော့မှာ မဟုတ်ပေ။
ယွင်ယွီသည် နောက်ဆုံး၌ထုပ်ပိုးပြင်ဆင်ပြီး ကျောပိုးအိတ်လွယ်ကာ ထွက်သွားလေ၏။ လုံချီရှောင်နှင့်ကျန်သည့်သူများကမူ ယွင်ယွီနောက်မှလိုက်သွားပြီး အဝေးကနေသာ လိုက်နေ၏။
ယွင်ယွီက ကျောပိုးအိတ်ကိုလွယ်လျက် ယွင်ကျန်းကျေးရွာသို့ လျှောက်သွားသည်။
မြို့ကနေ ထွက်လာပြီးနောက် လယ်ကွင်းများနှင့်တောင်တန်းကို တွေ့လိုက်ရ၏။ ယခုအတော်လေး မှောင်မည်းနေပြီဖြစ်သော်ငြား အလင်းရောင် ရှိနေသေးသည်။ ယွင်ယွီက လမ်းတစ်ဖက်တစ်ချက်ရှိ ရှုခင်းများကို ကြည့်လိုက်မိ၏။
နောက်ဆုံး၌ ကောင်းကင်က မည်းမှောင်လာပြီး လမ်းဘေးက တဖြည်းဖြည်းချင်း လူပိုကင်းမဲ့လာ၏။ ယွင်ကျန်းကျေးရွာနား ရောက်လာလေလေ လယ်ကွင်းများက ပိုပြီးခြောက်ကပ်နေလေဖြစ်၏။ မြို့နေလူထုက ဤရွာကို တကယ်ကြောက်ရွံ့တာ ဖြစ်ပုံပေါ်သည်။ သူတို့က ရွာကပ်လျက်ရှိ လယ်ကွင်းကို အလဟဿ အဖြစ်ခံထားပြီး မည်သူ့ကိုမှ လာစိုက်ပျိုးခွင့် မပေးထားပေ။ ထိုကဲ့သို့ရွာငယ်လေး၌ ရွာငယ်လေးက မကောင်းမှုများပြုလုပ်ရန် နေရာကောင်းတစ်ခုပဲဖြစ်သည်။
ယွင်ယွီက ယွင်ကျန်းကျေးရွာဆီ ပြေးသွားလိုက်၏။ သူမ၌ ကောင်းမွန်သောရုပ်ပိုင်းဆိုင်ရာ ရှိသော်ငြား ထိုနေရာကိုရောက်ရန် နာရီပေါင်းများစွာ အချိန်ယူလိုက်ရ၏။ ညနေစာအချိန်တွင် သူမ ယွင်ကျန်းကျေးရွာသို့ ရောက်သည့်အချိန်၌ ည ၉ နာရီ ထိုးနေပြီဖြစ်ကာ သူမအဖို့ ဤနေရာသို့ရောက်ရန် လေးနာရီခန့် အချိန်ယူလိုက်ရသည်။ သူမ တကယ် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူမ၌ ချွေးများရွှဲနစ်နေ၏။ ယနေ့က ပူလောင်သောနေ့တစ်နေ့ဖြစ်ကာ သူမကိုယ်ပေါ်တွင် ဖုန်များကပ်နေပြီး မောပန်းနွမ်းနယ်ကာ ဖုန်အလိမ်းလိမ်း ဖြစ်နေစေ၏။ ၉ နာရီကျော်ပြီဖြစ်ကာ ကောင်းကင်က မည်းမှောင်နေပြီဖြစ်သည်။ ယွင်ကျန်းကျေးရွာတစ်ခုလုံးက လူသူကင်းမဲ့ပြီး အနည်းငယ် ခြောက်ခြားဖွယ်ကောင်း၏။
တစ်ရွာလုံး အင်းဆက်ပိုးမွှားအသံတောင်မရှိဘဲ တိတ်ဆိတ်နေကာ အဝေးရှိတောင်တန်းကလည်း ခြောက်ခြားဖွယ်အငွေ့အသက်များဖြာထွက်နေ၏။
ယွင်ယွီသည် သူမမှတ်မိထားသည့်အတိုင်း အိမ်တံခါးဝဆီ ရောက်သွား၏။ အတွင်း၌ အတော်လေး တိတ်ဆိတ်နေပြီး သူတို့အိပ်ပျော်နေတာ ဖြစ်လောက်သည်။ ယွင်ယွီက ရှေ့သို့သွားကာ တံခါးကို ခေါက်လိုက်သည်။ အချိန်တော်ကြာ တံခါးခေါက်ပြီးနောက် အထဲမှ အလင်းရောင်ဖျော့ဖျော့ပေါ်လာပြီး အသက်ပိုကြီးသည့်အမျိုးသမီးအသံက ပေါ်ထွက်လာ၏။ “ဘယ်သူလဲဟေ့”
ယွင်ယွီသည် ဤခရီးသို့ထွက်လာပြီး ရေတစ်ငုံတောင် မသောက်ရသေးပေ။ သူမ အက်ရှနေသောအသံဖြင့် ပြောလိုက်၏။ “မင်္ဂလာပါရှင်။ ဒီမှာတစ်ယောက်ယောက်ရှိလား။ ကျွန်မ ရှင့်တို့အိမ်မှာ တစ်ညလောက်တည်းလို့ရမလား”
အတွင်းဘက်မှခြေသံများ ပေါ်ထွက်လာ၏။ ယွင်ယွီသည် ထိုခြေသံများက တံခါးဝဆီ လျှောက်လာတာ ဖြစ်လောက်သည်ဟု ထင်ခဲ့၏။ ပြီးနောက် အသံမရှိတော့ပေ။ သူမကို တံခါးကြားကနေ ချောင်းကြည့်နေခြင်းဖြစ်မှန်း သူမခန့်မှန်းမ်သွားသည်။
******