အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အပိုင်း 163
ယွင်ယွီက ကျင့်ကြံသူတစ်ယောက်ဖြစ်သည်၊ ထို့ကြောင့် သူမ၏အကြားအာရုံနှင့် အမြင်အာရုံက အတော်လေးထက်မြက်သည်။ တံခါးထဲ တံခါးဝရှိ အပေါက်ကြားကနေ လေ့လာနေသည့် အကြည့်များကို အာရုံခံနိုင်ပေ၏။
ဤနေရာက ခြောက်ခြားဖွယ်ကောင်းသော်ငြား ယနေ့တွင် လရောင်က ဖြာထွက်နေပြီး အပြင်ဘက်တွင် ဖြစ်ပျက်သမျှကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေ၏။ ဤကဲ့သို့ သုဿန်ပုံနေသောနေရာနှင့် တောက်ပသောလရောင်သည် လူတစ်ယောက်ကို ကြောက်စိတ်စေဖို့ လုံလောက်နေပြီးသားဖြစ်သော်ငြား ယွင်ယွီသည် ရင်ကို တစ်ခါမှမတုန်ဖူးပေ။ တစ်ရွာလုံး၌ လူမဆန်မှုများ ပြည့်နှက်နေပင်လျှင် သူမ စိုးရိမ်စရာမရှိ။
တံခါးထဲရှိလူက သူမကိုကြည့်ပြီးနောက် ဖြည်းဖြည်းချင်း မေးလိုက်၏။ “ညနက်လှပြီ၊ ဒီကိုဘာလို့ရောက်နေတာလဲ မိန်းကလေး။ ဒါဘယ်နေရာလဲသိလား”
“ကျွန်မ မသိဘူး” ယွင်ယွီက ငိုတော့မယောင် ကြောက်လန့်မှုကြောင့်တုန်ယင်နေလေ၏။ “အန်တီ၊ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပြီး ကျွန်မကို တစ်ညလောက်တည်းခွင့်ပေးပါ။ ကျွန်မက ခရီးသွားတစ်ယောက်ပါ။ တခြား တောင်တက်သမားတွေနဲ့ ပထမဆုံးအကြိမ် တောင်တက်တာပါ။ ဒါပေမဲ့ ကျွန်မတို့ လူစုကွဲသွားတယ်။ နောက်ကျ ကျွန်မ ဘယ်နေရာ ရောက်နေမှန်း မသိဘူး။ ဘာမှလည်း မသိပါဘူး။ ဘာမှလည်း မမြင်ရဘူး။ ဖုန်းအားလည်း မရှိတော့ဘူး။ သောက်စရာ၊ စားစရာလည်း မရှိဘူး။ ကျွန်မ တောင်ထဲကနေ ထွက်နိုင်ဖို့ တစ်ရက်နီးပါး အချိန်ယူခဲ့ရပြီး ဒီကိုရောက်လာတာပါ။ ကျွန်မမှာ ခွန်အား တကယ်မရှိတော့ပါဘူး။ ကျွန်မ ပင်ပန်းပြီး ဗိုက်ဆာနေပြီ။ အန်တီ ကျေးဇူးပြုပြီး ကျွန်မကို တစ်ညလောက်တည်းခွင့်ပေးပါ။ ကျွန်မ ဖုန်းအား သွင်းပြီးတာနဲ့ ပိုက်ဆံလွှဲပေးပါ့မယ်”
အတွင်းမှ အသံမကြားရတော့ပေ။ ယွင်ယွီသည် နောက်ထပ် ခြေသံတစ်သံကြားလိုက်ရ၏။ ယောက်ျားတစ်ယောက်၏ခြေသံပဲဖြစ်သည်၊
အတွင်း၌ တီးတိုးပြောသံများ ပေါ်လာပြီး သူတို့သည် ယွင်ယွီက သူတို့ပြောသမျှ မကြားနိုင်ဟု ထင်နေကြသည်။ သို့သော်ယွင်ယွီက အကြားအာရုံကောင်းပြီး အမြင်အာရုံနှင့်အကြားအာရုံ ကောင်းသောကြောင့် သူတို့ပြောသမျှအားလုံး သူမနားထဲကြားရ၏။
ယင်းသည် မိသားစု၏သားကြီး ဖြစ်လောက်ပေ၏။ သူက အမျိုးသမီးကြီးကို တီးတိုးပြောနေလေ၏။ “အမေ၊ သူ့ကို ဝင်ခွင့်ပေးလိုက်။ သူက ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ပဲ။ မနက်ဖြန်က အကြီးအကဲဆီ ပစ္စည်းတွေပို့ရမဲ့နေ့။ ပစ္စည်းတစ်ခု ထပ်ပိုလာရင် အသက်တစ်လ ထပ်ပိုရမှာ”
အမျိုးသမီးကြီးက တီးတိုးပြောလိုက်၏။ “ညနက်လှပြီ၊ သူက တစ်ယောက်တည်း ကြည့်ရတာ ထူးဆန်းတယ်၊ ထူးဆန်းနေတယ်”
ထိုအမျိုးသားက တီးတိုးပြောလိုက်လေ၏ “ဘာများထူးဆန်းနေတာလဲ။ သူက လှနေရုံပဲလေ။ သူက ချမ်းသာတဲ့မိသားစုက လာတာပဲဖြစ်ရမယ်။ တောင်တက်ဖို့ လိမ်ညာခံရတာ။ သူက ခက်ခဲမှုကိုတောင် မခံနိုင်ဘဲ လမ်းပျောက်သွားတယ်လေ။ ဒါကြောင့် ဒီလိုအဆုံးသတ်သွားတာပေါ့။ အမေရယ်၊ သူ့ပုံ ဘယ်လောက်တောင် သနားစရာကောင်းလဲ မကြည့်မိဘူးလား။ အစစ်နဲ့တူပါရဲ့၊ သူဝင်လာပြီး ကျွန်တော်တို့ သူ့ကို ပေးတဲ့အစားအသောက်တွေ စားပြီးတာနဲ့ သူအိပ်သွားမယ်လို့ အာမခံတယ်။ အကြီးအကဲဆီ ပို့တဲ့အချိန်ထိ သတိလစ်နေဦးမှာ”
အမျိုးသမီးသည် ယွင်ယွီက စုတ်ပြတ်သတ်နေသော်ငြား နတ်မိမယ်လေးပမာ လှပနေသေးတာကိုမြင်ပြီး စိတ်မသက်မသာဖြစ်မိ၏။
နောက်ဆုံး၌ လူတစ်ယောက်က အသက်ရှင်သန်ရန် တစ်လသာရှိကြောင်းတွေ့မိပြီး သူမအသက်နှင့်ပတ်သက်ပြီး ရှုပ်ထွေးစရာမလိုအပ်ပေ။ ထို့ကြောင့် တံခါးဖွင့်ပေးလိုက်၏။
“ကျေးဇူးပါ အန်တီ”
ယွင်ယွီက အပြစ်ကင်းစင်စွာ ပြုံးပြလိုက်လျက် အမျိုးသမီးနောက်လိုက်ကာ အိမ်ထဲ ဝင်သွားလေ၏။
ယွင်ယွီသည် ဖော်ထုတ်ခံရမည်ကို ကြောက်ရွံ့သောကြောင့် တံခါးဝဆီရှိ လူနှစ်ယောက်ကို တစ်ချက်ခံစားကြည့်လိုက်သည်။
သူတို့က မျက်စိဖြင့် မြင်လိုက်ရသည့်သားအမိပဲဖြစ်သည်။ အမျိုးသမီးက အလွန်အိုမင်းနေပြီး ပိန်ပါးကာ သူမ၏မျက်လုံးထဲ၌ မျက်စံဖြူများ ရှိနေပြီး ဆံပင်များက မွဲခြောက်နေကာ ဖြူနေလေ၏။ အသက် ၅၀၊ ၆၀ အရွယ်ခန့်ရှိသည့် အဘွားအိုတစ်ယောက်နှင့်တူပြီး သူတို့ကိုကြည့်သည့်ပုံက ရက်စက်သည့်အကြည့် ပါနေသည်။
163 02
အမျိုးသားကမူ အသက်နှစ်ဆယ်ဝန်းကျင်ရှိလောက်၏။ သို့သော်သူက ပိန်လှီပြီး အနည်းငယ် အိုစာနေပုံပေါ်၏။ သူကယွင်ယွီကို အံ့ဩမှု၊ လောဘရိပ်တို့ဖြင့်ကြည့်နေ၏။
ထိုသားအမိသည် အခေါင်းထဲမှထွက်လာခါစ သေလူဖြစ်နေသည့် နေမကျန်းဖြစ်နေသော လူများနှင့်တူ၏။
ယွင်ယွီက တအံ့တဩ ကြည့်လိုက်သော်ငြား သူမသည် သာမန်လူတစ်ယောက် တုံ့ပြန်သည့်ပုံဖြင့် အမြန်ဖုံးကွယ်လိုက်၏။
ယွင်ယွီက တီးတိုးပြောလိုက်၊၏ “အန်တီ၊ အခု ဒီမှာဖုန်းအားသွင်းဖို့ နေရာရှိလား။ ကျွန်မ ဖုန်းအား သွင်းချင်လို့ပါ။ ကားငှားလို့ရတာနဲ့ အန်တီတို့နှစ်ယောက်ကို ဒုက္ခပေးစရာ မလိုတော့ပါဘူး”
ထိုအမျိုးသမီးက ရက်စက်စွာ ပြောလိုက်၏။ “ငါတို့အိမ်ထဲမှာ ဆီမီးအိမ်တွေ ထွန်းထားတာမတွေ့ဘူးလား။ နင် အားသွင်းဖို့ လျှပ်စစ်မီးဘယ်ကရမှာလဲ။ ငါတို့ ဘယ်နေရာမှာမှန်း နင်မသိဘူးလား”
ယွင်ယွီက ကြောက်အားတုန်စွာ မေးလိုက်၏။ “ဒါဘယ်နေရာလဲဟင်”
ထိုအမျိုးသမီးက အသံတိုးတိုးဖြင့် ရယ်မောလိုက်လေရာ ခြောက်ခြားဖွယ်ကောင်းနေ၏။ သို့သော် ထိုအမျိုးသားက ပြောလိုက်လေ၏။ “ညီမလေး ညီမနာမည် ဘယ်လိုခေါ်လဲ။ အစ်ကိုတို့ရွာက တော်တော်လေး ဆင်းရဲတယ်။ ဒါကြောင့် လျှပ်စစ်မီးမရဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဒီည အစ်ကို့မိန်းမနဲ့ အိပ်လို့ရတယ်။ ဗိုက်ဆာနေပြီလား။ စားစရာတစ်ခုခု လုပ်ပေးမယ်”
“ညီမနာမည်က ရှောင်ယွီပါ”
ယွင်ယွီက ပြုံးလိုက်၏ “ကျေးဇူးတင်ပါတယ်အစ်ကိုကြီး”
ထိုအမျိုးသားသည် အစားအသောက် မည်သို့ပြုလုပ်ရမည်မှန်း မသိသဖြင့် ယွင်ယွီအတွက် ခေါက်ဆွဲခြောက် ပြုတ်ပေးခိုင်းလိုက်၏။ သူ့ဇနီး၏မျက်နှာက ယွင်ယွီကိုမြင်သောအခါ ကြည့်မလာတော့ပေ။ သူက သူ့ဇနီးကို မီးဖိုချောင်သို့ခေါ်သွားပြီး တီးတိုးပြောလိုက်၏။ နောက်ဆုံး၌ သူ့ဇနီးက ယွင်ယွီအတွက် တူးနံ့စွဲနေသည့် ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးသည်။
ယွင်ယွီက ခေါက်ဆွဲစားလိုက်၏။ အရသာမရှိသော်ငြား စားရသည်။ ထိုသူသုံးယောက်လုံးက သူမကို စိုက်ကြည့်နေတာဖြစ်၏။ ခေါက်ဆွဲအရသာကို မသိပေ။ ယွင်ယွီက စားကောင်းချင်ယောင် ဆောင်ရသည်။
ခေါက်ဆွဲထဲ တစ်စုံတစ်ခု ထည့်ထား၏။ ယွင်ယွီသည် ဆေးအာနိသင်ကို ဖယ်ရှားလိုက်ပြီး မူးဝေချင်ယောင် ဆောင်လိုက်သည်။ “ကျွန်မ နည်းနည်းအိပ်ငိုက်နေတယ်”
ထိုအမျိုးသားသည် သူ့၏ဇနီးကို ယွင်ယွီအိပ်ခန်းထဲအနားယူနိုင်ရန် ခေါ်သွားခိုင်းလိုက်၏။
ယွင်ယွီသည် အမျိုးသမီးငယ်နောက်လိုက်ကာ အိမ်ထဲဝင်သွားလိုက်၏။ အထဲ၌မှောင်မည်းနေပြီး မီးအိမ်တောင်မရှိပေ။ ယွင်ယွီသည် ထိုအမျိုးသား၏ဇနီး အိပ်ရာပေါ်ပစ်တင်တာကို ခံလိုက်ရ၏။ သူမက လဲကျသွားကာ သတိလစ်ချင်ယောင် ဆောင်နေသည်။ သူမ လှုပ်ရှားမှုမရှိတာကိုမြင်ပြီး အမျိုးသမီးက ကျိန်ဆဲလိုက်လေ၏။
“ဒီမြေခွေးမက ဘယ်ကနေ ရောက်လာလဲမသိဘူး။ မနက်ဖြန်ထိ ရှင်နိုင်မလား ကြည့်ကြသေးတာပေါ့”
ယွင်ယွီသည် သူမအကြောင်း တော်တော်ကြာ ဆွေးနွေးနေတာကိုနားထောင်ပြီး နောက်ဆုံး၌ လဲချလိုက်တာကို နားထောင်နေသည်။
သူမဘေးမှ ဟောက်သံထွက်လာတာကိုကြားပြီး ယွင်ယွီက အခန်းထဲ၌ မြင်ခဲ့ရသည့်အခြေအနေကို တွေးမိသွားသည်။ ပြန်ပေးဆွဲခံထားရသည့် မိန်းကလေးနှစ်ယောက်ကို မတွေ့ရပေ။ သူတို့က တခြားအခန်းထဲတွင် ရှိတာဖြစ်လောက်၏။ တခြားလူက ကလေးနှစ်ယောက်ကို စောင့်ကြည့်နေသည်။ ဖြစ်ရပ်နောက်ကွယ်ရှိ လူကိုသိရန်အတွက် ယွင်ယွီသည် သည်းခံဖို့ပဲရှိ၏။ အနည်းဆုံးတော့ သူမယခုအချိန်တွင် ကလေးနှစ်ယောက်ကို မကယ်နိုင်သေးပေ။
လုံချီရှောင်ကလည်း စောင့်ဆိုင်းခိုင်းထားပြီးဖြစ်သည်၊ သူတို့က အချိန်ကျလာလျှင် ကူညီပြီး ပူးပေါင်းဆောင်ရွက်ပေးမှာပဲ ဖြစ်သည်။ ထို့ကြောင့် ကလေးများကို ကယ်ဆယ်ရန် ဘာပြဿနာမှ မရှိချေ။
163 03
ယွင်ယွီက မအိပ်ရဲချေ။ ထို့ကြောင့် မျက်လုံးမှိတ်လျက် ခဏတစ်ဖြုတ် အနားယူလိုက်သည်။
သူမ မျက်လုံးမှိတ်ပြီး မကြာမီ၌ မြင်ကွင်းပြောင်းလဲသွားသလို ခံစားလိုက်ရ၏။ သူမ တခြားတစ်နေရာတွင် ရောက်နေတာကို ရောက်နေသလိုခံစားရသည်။ သူမသည် လှပသောသွင်ပြင်ရှိသည့် ပိန်ပါးပါးအမျိုးသမီးတစ်ယောက်ကို မြင်ခဲ့ရ၏။ သူမက အလွန်ဟောင်းနွမ်းနေသည့်အင်္ကျီနှင့် ဘောင်းဘီ၊ ဖာရာအပြည့်ဖြစ်နေသည့် ဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူမက လယ်ကွင်းဆီသို့ နောက်ချေးများ သယ်သွားတာ တွေ့လိုက်ရသည်။ လယ်သမားများစွာက မြေကြီးကိုထွန်ယက်နေပြီး လယ်ကွင်းထဲ မျိုးစေ့များချနေလေ၏။
ယွင်ယွီသည် တစ်စုံတစ်ခု ထူးဆန်းနေတာကို ခံစားမိ၏။ သူမက အိပ်မပျော်သေးဘဲ အိပ်မက်မက်နေ၏။ သူမက ထပ်တူခံစားကြည့်နေမှန်း သဘောပေါက်သွား၏။ သူမက ထိုအလှမယ်လေးတစ်ယောက် ဖြစ်လာပြီး အရာအားလုံးကို ခံစားမိနေကာ ထိုအမျိုးသမီး၏အမည်ကိုတောင် ရှင်းရှင်းလင်းလင်းသိနေသည်။
သူမ၏အမည်က ထျန်ကျင်းဖြစ်ပြီး ဤနေရာက လွန်ခဲ့သောနှစ်ပေါင်း တရုတ်နိုင်ငံရှိ လွန်ခဲ့သည့်နှစ် ၆၀၊ ၇၀ ခန့်ကာလက အထူးခြားဆုံး၊ ငတ်မွတ်ခေါင်းပါးဆုံးအချိန်ကာလပဲ ဖြစ်သည်။
ထျန်ကျင်းက တစ်နေကုန် နွားချေးများကို သယ်ပြီးမှ မောပန်းစွာ သူမ၏ယိုင်နဲ့နေသောအိမ်သို့ ပြန်သွား၏။
အိမ်ရှေ့မီးဖိုပေါ်တွင် ဆန်ပြုတ်ချက်ထားပြီးဖြစ်သော်ငြား ဆန်အနည်းငယ်သာ ကျန်တော့သည်။ ကျန်သည်က ဟင်းသီးဟင်းရွက်များသာဖြစ်ပြီး ဆီတစ်စက်မှမပါ၊ ဆားတစ်စက်မှ မပါပေ။
အသက်ငါးနှစ်၊ခြောက်နှစ်အရွယ်ခန့်ရှိသော ကောင်လေးတစ်ဦးက မီးဖိုရှေ့၌ရပ်နေပြီး ဟင်းသီးဟင်းရွက် ဆန်ပြုတ်နှစ်ပန်းကန်ကိုခပ်ကာ ဖြည်းဖြည်းချင်း သယ်လာ၏။ ထျန်ကျင်းကမူ ချက်ချင်းရှေ့တိုးကာ ယူလိုက်ပြီး ပြုံးလျက်ပြောလိုက်၏။ “ညိုညို အမေ ပြန်လာပြီး ချက်ပေးမှာကို စောင့်ဖို့ မပြောထားဘူးလား”
သူမ တစ်နေတာ အလုပ်လုပ်ပြီးနောက် ပင်ပန်းနေပြီဖြစ်သော်ငြား ပြန်ရောက်လာချိန်၌ ကလေးကို ကြင်နာစွာ ပြုံးပြလိမ့်မည်။ အလုပ်၏ခက်ခဲကြမ်းတမ်းသောအလုပ်နှင့် အိမ်ရှိ ပင်ပန်းမောပန်းနွမ်းနယ်မှုများကို သယ်ဆောင်လာလိုစိတ် မရှိပေ။
ပိန်ပါးပါးညိုညိုသည် ကလေးတစ်ယောက်ကဲ့သို့ ထျန်ကျင်းကို ပြုံးပြလိုက်၏။ “မေမေ၊ သားချက်ပြုတ်နိုင်တယ်။ မေမေ့အတွက် ချက်ထားတာ။ မေမေ ပင်ပန်းနေပြီ”
ထျန်ကျင်းက ပိန်ပါးပါးကလေးငယ်ကို ဝမ်းနည်းတကြီး ဖက်လိုက်၏။ ကလေးငယ်၏အင်္ကျီပေါ်အစင်းများကို မြင်သောအခါ မျက်နှာမည်းမှောင်သွားကာ ရုပ်ချည်း ပြောင်းလဲသွားတော့သည်။ “ညိုညို၊ ရွာထဲကကလေးတွေ သားကို အနိုင်ကျင့်ပြန်ပြီလား”
ညိုညိုက ခေါင်းခါလိုက်၏။ “အမေ၊ သားအဆင်ပြေတယ်။ စိတ်မပူနဲ့၊ စားရအောင်”
ထျန်ကျင်းက မျက်ရည်များ ထိန်းထားလျက် ကလေးကိုဖက်လိုက်၏။ ယင်းသည် ကမ္ဘာပေါ်၌ သူမတွင်ရှိသည့် တစ်ခုတည်းသော နွေးထွေးမှုပဲဖြစ်သည်။ သားအမိနှစ်ယောက်က ညစာစားပြီးနောက် အိပ်ရာဝင်လိုက်၏။
ထပ်တူခံစားမှုကြောင့် ယွင်ယွီသည် ထျန်ကျင်းအတိုင်း ခံစားနေရသည်။ သူမသည် ထျန်ကျင်းအကြောင်း အရာအားလုံးခံစားမိပြီး ညိုညိုအတွက် ခံစားချက်များကိုခံစားမိသည်။
ထျန်ကျင်းက ညတစ်ခေါင်ယံတွင် အိပ်ပျော်နေသောအခါ တံခါးခေါက်သံတစ်သံ ရုတ်တရက် ပေါ်ထွက်လာ၏။ ထျန်ကျင်းက တုန်လှုပ်သွားကာ ဖိနပ်စီးလျက် တံခါးဖွင့်ပေးလိုက်သည်။
တောက်ပသောလရောင်အောက်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ကလေးတစ်ယောက်ကို ပွေ့ချီထား၏။ သူတို့က ထျန်ကျင်းရှေ့၌ ဒူးထောက်ကာ တောင်းပန်လိုက်၏။ “ဆရာထျန်း၊ ကျေးဇူးပြုပြီး ကျွန်တော့်ကလေးကို ကယ်ပါဦး။ ဆရာထျန်းရယ်၊ ကျွန်တော်တို့ကလေးကို ကယ်ပါဦး”
ထျန်ကျင်းသည် တံခါး၌ရပ်နေကာ ထိုစုံတွဲကိုကြည့်လိုက်သည်။ “ကျွန်မမှာ အရည်အချင်း မရှိပါဘူး။ အခုဘာကာလလဲ သိပါတယ်။ လူတိုင်း ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံနေရတဲ့ကာလမှာ ရှင့်တို့ကလေးကို ကုသပေးရင် အရိုက်ခံရမှာ”
163 04
ထိုစုံတွဲက ငိုယိုလေ၏။ “ကြီးမြတ်လှတဲ့မေတ္တာရှင်ရယ်၊ ကျွန်တော်တို့ကလေးကို ကယ်ပေးပါ။
အယူသည်းမှုကို တိုက်ဖျက်နေတဲ့ ကာလမှာ (ရှင်ကျန်ဖူး) တို့က ရိုက်နှက်ခံခဲ့ရတယ်။ ကျွန်မ ရှင့်ကလေးကို ကယ်ခဲ့ရင် အရိုက်ခံရမှာ”
ထိုစုံတွဲက ငိုယိုလေ၏။ “ကြီးမြတ်လှတဲ့ မသေမျိုးရယ် ကျွန်တော်တို့ ကလေးကို ကယ်ပေးပါအုံး။ သူ့ကို ကျန်းမာရေးစင်တာမှာ သွားစစ်ဆေးခဲ့ပြီးပြီ၊ ကလေး အဖျားမကျတာကို ဒီအတိုင်း စောင့်နေရင် ကလေးသေမှာ ကျိန်းသေတယ်”
ထျန်ကျင်းက ကလေးကို ကြည့်လိုက်ရာ ကလေးက ခြောက်လှန့်ခံထားရမှန်း မြင်ရသည်။ ကလေးက ငယ်လွန်းပြီး လသားသာ ရှိသေး၏။ ကြောက်လန့်နေတာ ဖြစ်သည်။ သူ့ကို ကောင်းစွာ မပြုပြင်လျှင် သူသည် နောင်ကျ တုံးအအ ထုံထိုင်းထိုင်း ဖြစ်သွားလိမ့်မည်။
ထျန်ကျင်းက တုံ့ဆိုင်းနေပြီး ထိုစုံတွဲက ကလေးကို ပွေ့ချီထားစဉ် သူမကို ကန်တော့နေလေ၏။
“ကြီးမြတ်လှတဲ့ မသေမျိုးရယ် ကျေးဇူးပြုပြီး ကလေးကို ကယ်ပေးပါအုံး ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးတယ်။ တကယ်ပါ”
ပြီးနောက် သူတို့က ကန်တော့လိုက်ပြန်၏။
ထျန်ကျင်းသည် ကလေးလေးတစ်ယောက် ထုံထိုင်းသွားမည်ကို မမြင်တွေ့လိုပေ။ ထို့ကြောင့် သက်ပြင်းချပြီး လှည့်လာ၏။
“ကျွန်မနဲ့ လိုက်ခဲ့”
ထိုစုံတွဲက ကလေးကို ပွေ့ချီလာလျက် ထျန်ကျင်းအိမ်ထဲ လိုက်သွားသည်။ ထျန်ကျင်းက ကလေးကို တစ်ချက် ကြည့်ကာ အဆောင်တစ်ခု ရေးဆွဲပေးပြီး ကလေးကို ပေးထားဖို့ ပြောလိုက်၏။ ထိုစုံတွဲက ထျန်ကျင်းကို ကျေးဇူးတင်စကား ပြောပြီး ကလေးနှင့်အတူ ထွက်သွားတော့သည်။
နောက်နေ့တွင် ထျန်ကျင်းက အလုပ်ဆက်လုပ်၏။ သူ ထွက်သွားသောအခါ နျိုနျိုကို အိမ်တွင် နေခိုင်းထားပြီး မည်သူလာလာ တံခါး မဖွင့်ပေးဖို့ မှာခဲ့၏။
ကလေးကလည်း လိမ်မာစွာ တုံ့ပြန်သည်။
ထျန်ကျင်းက သူမ၏ တစ်ဦးတည်းသော သားကို ကြည့်ပြီး သက်ပြင်းချလိုက်မိ၏။ ဤကဲ့သို့ အရည်အချင်းဖြင့် သူမက သူမမိသားစုအတွက် ကောင်းချီးများ မရောင်းရဲပေ။ ဤကဲ့သို့ ခေတ်ကာလတွင် ရှင်သန်နေခြင်းကတောင် ညင်းပန်းမှုတစ်ရပ် ဖြစ်နေ၏။
ထျန်ကျင်းက သူမသားကို အလုပ်ဆက်လုပ်ခိုင်းလိုက်သည်။ သူမက လမ်း၌ ထိုစုံတွဲကို တွေ့သောအခါ ထိုစုံတွဲက သူမကို မကြည့်ရဲဘဲ ကလေးကို ကြောက်လန့်တကြား ပွေ့ချီပြီး ထွက်သွား၏။ သို့သော်ငြား ထျန်ကျင်းသည် သူတို့လက်ထဲ ရှိသည့် ကလေးက အခြေအနေ ပိုကောင်းလာပြီး မျက်နှာပုံမှန် ဖြစ်လာတာကို တွေ့လိုက်ရသည်။
သို့သော်ငြား ဤကိစ္စက နောက်ဆုံး၌ ဖော်ထုတ်ခံလိုက်ရ၏။ ထိုစုံတွဲသည် သူတို့ကလေးကို ထျန်ကျင်းအိမ်သို့ ခေါ်သွားပြီး ဝိညာဉ်ပြန်ခေါ်သည့် အချိန်၌ သူတို့ကို တစ်စုံတစ်ယောက် ဖမ်းမိသွား၏။ ပြီးနောက် သူတို့က ကျန်သည့်သူများကို ပြောပြလိုက်သည်။ လူများစွာက ထျန်ကျင်းတို့အိမ်ကို ပစ္စည်းများဖြင့် ပစ်ပေါက်ကြပြီး ထွက်လာခိုင်းကာ ကျိန်ဆဲတော့သည်။
“အယူသည်းတဲ့ဟာတွေ ငါတို့ သူ့ကို အခွင့်အရေး ပေးခဲ့ပေမဲ့ သူ့ကိုယ်သူ တည့်မတ်အောင် မလုပ်နိုင်ဘူးပဲ သူ အသက်မရှင်သင့်တော့ဘူး။ ဒီကနေ ထွက်သွား”
“ထွက်သွားကြ၊ သူတို့ကို ဆွဲထုတ်…”
“သူတို့ကို ဆွဲထုတ် ဒီကံကြွေးချ အကြွင်းအကျန်တွေ အားလုံး အဖမ်းခံရပြီး လူတိုင်းကို ပြသသင့်တယ်”
******
164 01
အပိုင်း 164
ထျန်ကျင်းသည် စိတ်လှုပ်ရှားရူးသွပ်နေသည်။ ရွာသားများကြောင့် ဆံပင်စောင့်ဆွဲ ရိုက်နှက်ခံလိုက်ရသည်။ သူမအခြေအနေကို စိတ်မပူဘဲ သူမက ကြောက်လန့်တကြား နောက်လှည့်ကြည့်လိုက်ရာ ညိုညို၏ပိန်ပါးသောခန္ဓာကိုယ်သည် လူအုပ်ကြားထဲ တိုးကြိတ်ခံနေရကြောင်း တွေ့လိုက်ရ၏။ ညိုညိုက ငိုယိုနေပြီး လူအုပ်ကြီးကို တွန်းထုတ်လိုက်၏။ “မေမေ၊ သားမေမေက အဆင်ပြေတယ်။ သားမေမေက ကောင်းတယ်၊ ကျေးဇူးပြုပြီး အမေ့ကို လွှတ်ပေးကြပါ”
“ညိုညို၊ ပြန်သွား၊ ပြန်သွား” ထျန်ကျင်းသည် ကြောက်လန့်တကြားအော်ဟစ်လျက် ညိုညိုတစ်စုံတစ်ခု ဖြစ်သွားမှာကို စိုးရိမ်နေမိသည်။
လူအုပ်ကြီးက ညိုညိုကို တွေ့သွားပြီး တစ်စုံတစ်ယောက်က အော်လိုက်၏။
“ဒါက ကပ်ဆိုးကြမ္မာဆိုးစနစ်အကြွင်းအကျန်ရဲ့ကလေးပဲ” “သူတို့အားလုံး သေသင့်တယ်”
တစ်စုံတစ်ယောက်က ညိုညိုကို ဆွဲရမ်းတွန်းထုတ်လိုက်ရာ ပိန်ပါးသောကလေးသည် မြေပြင်ပေါ် တွန်းချခံလိုက်ရ၏။ သူက ခုခံရန် အငြင်းအခွင့်အရေးတောင် မရပေ။ လူအုပ်ကြီးသည် အားနည်းပြီး ပိန်ပါးသောကလေး မြေပြင်မှထလာတာကို မမြင်သည့်ပမာ ရှေ့သို့ ပြေးသွားလေ၏။ သူတို့က ကလေးကို တစ်ယောက်ပြီးတစ်ယောက် နင်းသွားကြသည်။
“ကလေး၊ ငါ့ရဲ့ကလေး၊ ကျေးဇူးပြုပြီး ငါ့ရဲ့ကလေးကို ကယ်ပါဦး။ တောင်းပန်ပါတယ်” ထျန်ကျင်း၏မျက်လုံးများက နီမြန်းနေကာ ခေါင်းက တဝီဝီမြည်လာတော့သည်။ သူမ၏ငိုသံသည် လူအုပ်ကြီး၏ဆူညံလှုပ်ရှား အော်ဟစ်သံများကြား နစ်မြုပ်သွားလေ၏။ ထျန်ကျင်းသည် လွန်ခဲ့သည့်နှစ်ရက်ခန့်က သူမကယ်ဆယ်ခဲ့သည့် ကလေးမိဘနှစ်ပါးကို တွေ့လိုက်၏။ သူတို့က သူတို့ကလေးကို ပွေ့ချီထားဆဲဖြစ်သည်။ သူတို့က ညိုညို၏သနားစဖွယ် အခြေအနေကိုလည်း တွေ့လိုက်ရ၏။ သူတို့က ထျန်ကျင်းကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။ ထျန်ကျင်းက သူတို့ကို မျက်ရည်အဝဲသားဖြင့် ပြောလိုက်၏။
“ကျေးဇူးပြုပြီး ကျွန်မကလေးကို ကယ်ပါ၊ ကလေးကိုကယ်ကြပါ၊ ကျေးဇူးပြုပြီး ကယ်ပေးပါ”
သူမ၏တီးတိုးသံများသည် နောက်ဆုံး၌ သနားစဖွယ်ငိုယိုသံများအဖြစ် ပြောင်းလဲသွား၏။ ထိုစုံတွဲက ကြောက်လန့်တကြား အကြည့်လွှဲလိုက်သည်။
ထျန်ကျင်းက တဖြည်းဖြည်းချင်း လှုပ်ရှားတာ ရပ်တန့်သွားလေ၏။ သူမသည် ဤလူများ သူမကို ကြိုးချည်ကာ ခေါ်သွားပြီး သူမကို ဒူးထောက်ခိုင်းကာ စင်မြင့်ထက်၌ ချည်နှောင်ခွင့် ပေးထားလိုက်၏။ ထိုလူများက သူမကို ကြမ်းတမ်းစွာ ကြိမ်ဒဏ်ခတ်ပြီး သူမ၏အပြစ်များကို ပြောပြနေကြသည်။
သူမ တိုးတိုးလေး တွေးမိ၏။ “ငါ ဘာအမှားလုပ်ခဲ့မိလို့လဲ။ ငါ လူတွေကို ကူညီရုံပဲ။ နင်နဲ့နင့်ရဲ့ကလေးကို ကယ်ခဲ့တာ။ ဘာကြောင့် ငါ့ကို ဒီလိုဆက်ဆံရတာလဲ။ ငါ့ရဲ့ညိုညို”
ရွာသားများက သူမခေါင်းကို ဖိချလိုက်ပြီး စင်အောက်ရှိ လူတို့က သူမကို ကျောက်တုံးများဖြင့် ပစ်လေ၏။ “ထျန်ကျင်း နင့်ရဲ့အပြစ်ကို ဝန်ခံလား။ နင်က ဝမ်လောင်ရှစ်ရဲ့မိသားစုထဲက ကလေးအတွက် အဆောင်ကို ဆွဲပေးခဲ့တာလား”
ထျန်ကျင်းက ခေါင်းငုံ့ထားပြီး ဘာမှမပြောပေ။
ရွာသားများသည် သူမကူညီပေးခဲ့သည့်စုံတွဲကို ဆွဲခေါ်ခဲ့ကြကာ သူတို့ကို ဒူးထောက်ခိုင်းထားပြီး မေးနေလေ၏။
“မင်းတို့တွေက ကလေးအတွက် အဆောင်ဆွဲပေးဖို့ ထျန်ကျင်းဆီသွားပြီး အကူအညီ တောင်းတာလား။ ဘာကြောင့် သူ့ကို အကူအညီ တောင်းရတာလဲ။ ကလေး နေမကောင်းဖြစ်နေရင် ဆေးရုံပို့သင့်တာပေါ့။ မင်းရဲ့အပြစ်ကို ဝန်ခံပြီး ထျန်ကျင်းကို အယူသည်းသူလို့ စွပ်စွဲခဲ့မယ်ဆိုရင် ဒီတစ်ခေါက် မင်းတို့မိသားစုကို ခွင့်လွှတ်ပေးမယ်”
ဝမ်လောင်ရှစ်နှင့်သူ၏ဇနီးက ကလေးကို ပွေ့ချီထားလျက် မြေပြင်ပေါ်တွင် ဒူးထောက်နေကြကာ ငိုယိုနေလေ၏။
“ငါတို့အမှားကို ဝန်ခံပါတယ်။ ငါတို့ အကူအညီ မတောင်းသင့်ဘူး။ သူ့ရဲ့အမှားပဲ။ သူက ငါတို့ကလေးရဲ့ရောဂါကို ကူညီပေးနိုင်တယ်လို့ ပြောတာ။ ငါတို့မိသားစုမှာ ပိုက်ဆံမရှိလို့ သူ့ကို အကူအညီတောင်းခဲ့တာ။ သူရေးပေးခဲ့ သူဆွဲပေးခဲ့တဲ့အဆောင်ကိုလည်း လွှင့်ပစ်လိုက်ပါပြီ။ တကယ်မဆိုင်ပါဘူး ဆရာကြီးတို့ရယ်။ အဆောင်ကို တကယ်လွှင့်ပစ်လိုက်ပြီ။ ငါတို့ကို လိမ်ညာပြီး ခေါ်သွားတဲ့သူက ထျန်ကျင်း”
164 02
ပြောပုံက အကျိုးအကြောင်း မသင့်သော်ငြား ရွာသားများသည် အရူးတစ်ယောက်ပမာ ယုံကြည်နေကြပြီး ထျန်ကျင်းကို ဝေဖန်ပြောဆိုနေကြ၏။ ထျန်ကျင်းသည် စင်အောက်ရှိရွာသားများ ပေါက်လိုက်သည့်ကျောက်တုံးက ခေါင်းကို မှန်သွားတော့၏။
သူမ မော့ကြည့်လိုက်မိသည်။ သူမ၏မျက်နှာ၌ သွေးများပြည့်နေကာ မျက်လုံးထဲ၌ စိမ့်ကျနေပြီဖြစ်သည်။ သူမသည် သူမကို ဝေဖန်နေသည့် ရွာသားများနှင့်ဝမ်လောင်ရှစ်၏မိသားစုကို ကြည့်လိုက်၏။
ဝမ်လောင်ရှစ်၏မိသားစုသည် ကလေးကိုပွေ့ချီထားလျက် ငိုယိုနေကြကာ ထျန်ကျင်းကို မကြည့်ရဲကြတော့ချေ။
တစ်နေကုန် ဝေဖန်ပြောဆိုပြီးနောက် နေဝင်သွားပြီဖြစ်ကာ ရွာသူရွာသားများကလည်း အတော်လေးမောပန်းသွားပြီဖြစ်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားကြ၏။
ခြောက်ကပ်နေသောသွေးများ၊ ထျန်ကျင်း၏မျက်နှာပေါ်တွင် သွေးများ ခြောက်ကပ်ကုန်၏။ သူမ တစ်နေလုံး ဒူးထောက်နေရပြီး အိမ်သို့ တုန်ယင်စွာ ပြန်လာသည်။
သူမက အိမ်တံခါးဝသို့ ရောက်ခါနီးအချိန်တွင် တံခါးနှင့်မလှမ်းမကမ်း၌ ဘောလုံးလေးတစ်လုံးပမာ ကွေးနေသောညိုညိုကို တွေ့သွား၏။ သူက အနင်းခံရသည့်နေရာတွင် လှုပ်ရှားမှုမရှိ လဲနေသေး၏။ ထျန်ကျင်းက ချက်ချင်းပင် မျက်ရည်များ ကျလာတော့သည်။ သူမ ပြေးသွားလျက် စိတ်ပျက်အားငယ်စွာ အော်ငိုလိုက်သည်။ “ညိုညို၊ ညိုညို၊ အမေပြန်လာပြီလေ။ မြန်မြန်ထပါဦးညိုညို။ မြန်မြန်ထ”
သူမက ညိုညိုဆီသို့ ပြေးသွားလျက် အေးစက်တောင့်တင်းနေပြီဖြစ်သော ကလေးကို ပွေ့ချီကာ သနားစဖွယ် ငိုလိုက်၏။
အိမ်နီးချင်းများက အေးစက်စက်ကြည့်လိုက်ကာ တချို့ကဆို ပြောတောင် ပြောလိုက်သေးသည်။ “သူက အယူသည်းသူနေတဲ့သူရဲ့အကြွင်းအကျန်ပဲ။ သူက သူ့သားကို ပါဝင်စေခဲ့တဲ့သူ။ ငါတို့နဲ့ ဘာမှမဆိုင်ဘူး”
ထျန်ကျင်းက မော့ကြည့်ပြီး သူတို့ကိုစိုက်ကြည့်ကာ မျက်လုံးများက သွေးနီရောင် သန်းနေလေ၏။
ရွာသားများက ထိတ်လန့်သွားကာ သူမကို စိုက်ကြည့်ပြီး ပြောလိုက်၏။ “သူ့ကိုကြည့်၊ သူ လက်မခံသေးတာပဲ ဖြစ်ရမယ်။ ငါတို့ သူ့ကို မနက်ဖြန်ကျ ဆွဲထားရအောင်”
ထျန်ကျင်းက ရူးသွပ်စွာ ရယ်မောလျက် ရယ်မောပြီး ငိုယိုနေကာ ညိုညိုကို ရင်ခွင်ထဲ တင်းကြပ်စွာ ပွေ့ထား၏။
ကောင်းကင်က တဖြည်းဖြည်း မှောင်မည်းလာသောအခါ ရွာသူရွာသားများသည် ပွဲကြည့်တာရပ်တန့်ပြီး အိမ်၌ ချက်ပြုတ်စားသောက်ကြတော့၏။ ညစာစားပြီးနောက် သူတို့ အိပ်ရာစောစောဝင်လေ၏။
ထျန်ကျင်းက ညိုညိုကို သန်းခေါင်ယံအချိန်အထိ ပွေ့ချီထားပြီး ယင်နှင့်ယန်တို့ ပိုင်းခြားထားသည့် သန်းခေါင်ယံအချိန်အထိ ကလေးကို ပွေ့ချီထားသည်။ သူက ညိုညိုကို လွှတ်လိုက်လျက် ရေရွတ်ပြောလိုက်တော့သည်။ “လိမ္မာတဲ့ညိုညို၊ အမေပြီးရင် သားနဲ့အဖော်ပြုပေးဖို့ လိုက်လာမယ်။ မကြောက်နဲ့ညိုညို၊ မကြောက်လိုက်နဲ့နော် ညိုညို။ အမေက လူတိုင်းကို သားနဲ့အတူ ငရဲမှာ ခံစားရစေချင်တယ်။ သူတို့အားလုံး သေသင့်တယ်။ သူတို့ကို တဖြည်းဖြည်းချင်း နှိပ်စက်ညှင်းပန်းခံရပြီး သေစေချင်တယ်။ သူတို့အားလုံး သေသင့်တယ်။ အားလုံး အမေ့ရဲ့ညိုညိုနဲ့ အဖော်လုပ်ပေးရလိမ့်မယ်”
သူမသည် အိမ်တွင် ဝှက်ထားသည့် ဟင်္သာပြဒါးရိုင်းကို ထုတ်လိုက်ပြီး တောက်ပသည့်လရောင်အောက်တွင် ထားကာ မြေပြင်ပေါ်၌ ရှုပ်ထွေးသောအဆောင်တစ်ခု စတင်ရေးဆွဲလေ၏။ သန်းခေါင်ယံကျော်ပြီဖြစ်ကာ သူမ ချွေးများ စို့နေ၏။ တစ်ကိုယ်လုံးကလည်း စွမ်းအင်အရင်းအမြစ်ကို ကုန်အောင်မသုံးရသေးခင် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီဖြစ်၏။ သူမ၏ကျင့်ကြံမှုသည် မလုံလောက်ပေ။ သူမက စွဲလျှင်တောင် ဂါထာကို ပြီးအောင်မရွတ်နိုင်၊ သူမ တစ်စုံတစ်ခုကို လဲလှယ်ရမည်။ တစ်စုံတစ်ခုကို လက်လွှတ်ရမည်။ သူမကလေးကိုလည်း ထိုလူများ သတ်လိုက်ပြီဖြစ်၏။ သူမ လက်မလွှတ်နိုင်စရာ ဘာများရှိမည်နည်း။
သူမအစီအရင်ထဲတွင် ညိုညိုကို ပွေ့ချီလျက် ထိုင်နေကာ သူမလက်ကောက်ဝတ်ကို ကတ်ကြေးဖြင့် ဖြတ်လိုက်လျက် သွေးများ ကျသွားစေ၏။
တောက်ပသောသွေးနီရောင်သည် လက်ကောက်ဝတ်ကနေ မြေကြီးထက် အစီအရင်ရေးဆွဲထားရာ မြေကြီးပေါ်ကျသွားပြီး သွေးများကလည်း ဟင်္သာပြဒါးရိုင်းဖြင့်ဆွဲထားသည့် အစီအရင်နှင့် ဖြည်းဖြည်းချင်း စီးဆင်းသွား၏။
သွေးက တတောက်တောက်ကျနေသည်။ ထျန်ကျင်းက ညိုညိုကို လက်တစ်ဖက်ဖြင့် ကိုင်ထားလျက် ကြယ်စုံသောညကောင်းကင်ကို မော့ကြည့်လိုက်၏။ သူမမျက်နှာက တဖြည်းဖြည်း ဖြူဖျော့သွားပြီး ကြမ်းတမ်းစွာ အော်ဟစ်ငိုယိုလိုက်သည်။
164 03
“ငါထျန်ကျင်း၊ ငါ့ရဲ့အသွေးအသားနဲ့တိုင်းတည်ကျိန်ဆိုတယ်။ ငါ့ရဲ့ဝိညာဉ်က တစ်စစီကြေမွသွားပြီး ဘယ်တော့မှ ပြန်မမွေးဖွားလာတော့ဘူး။ ယွင်ကျန်းရွာက ရွာသူရွာသားအားလုံး မျိုးဆက်တွေအထိ ငြိမ်းချမ်းမှု ဘယ်တော့မှ မရပါစေနဲ့။ သူတို့ရဲ့ခန္ဓာကိုယ်မှာ ပြည်ဖူးတွေ လွှမ်းနေစေချင်တယ်။ သူတို့အရိုးထဲထိအောင် နာကျင်မှုကို ခံစားရမယ်။ မျိုးဆက်ပေါင်း သူတို့ရဲ့မျိုးဆက်တွေထိ ဒီဝဋ်ကြွေးဒုက္ခကို ခံစားရစေမယ်။ ဒီကျိန်စာကို ဘယ်တော့မှ ဖယ်ရှားလို့မရဘူး။ ငါ့ညိုညိုရဲ့အသက်အတွက် သူတို့ကို ပြန်ပေးဆပ်စေချင်တယ်”
သူမအသံသည် တဖြည်းဖြည်းမှေးမှိန်သွားကာ ခန္ဓာကိုယ်က ဒယိမ်းဒယိုင်ဖြစ်လာပြီး လက်ကောက်ဝတ်ရှိ သွေးများကလည်း ပန်းထွက်လုနီးပါးဖြစ်လာကာ အစီအရင်တစ်ခုလုံး လျှံကျလာ၏။
ညရောင်အောက်တွင် သွေးနီရောင်အစင်းအကြောင်းများက ထူးဆန်းပြီး ကြက်သီးထဖွယ် ကောင်းသည်။ သွေးပန်းခိုင်များက တောက်ပသော လရောင်အောက်တွင် ဖူးပွင့်နေသည့်ပမာ အင်မတန်ညှို့ငင်နိုင်စွမ်းရှိနေသည်။
ကောင်းကင်က တဖြည်းဖြည်းလင်းလာ၏။ မနက်စာစားပြီးနောက် ရွာသူရွာသားများသည် အလုပ်သွားလုပ်ကြတော့၏။ သူတို့ အပြင်ထွက်ချိန်၌ နံနက်ခင်းနေရောင်အောက်တွင် ထျန်ကျင်းကို ရှာတွေ့သွားကြ၏။ ရွာသူရွာသားများက ကြောက်လန့်တကြား အော်လိုက်ကြသည်။ ထျန်ကျင်း ကိုင်ထားသည့်ညိုညိုက သူမရင်ခွင်ထဲ တောင့်တင်းနေပြီဖြစ်၏။ ရွာသားများက ကြောက်လန့်နေကြပြီး တချို့က သွားစစ်ဆေးကြည့်ရာ ထျန်ကျင်းပေါ် ထျန်ကျင်း၏လက်ကောက်ဝတ်ပေါ်ရှိ ဒဏ်ရာကိုသာ တွေ့ရ၏။ သူတို့သည် သူမက လက်ကောက်ဝတ်ကို ဖြတ်ပြီး သတ်သေခဲ့မှန်း သိ၏။ သို့သော် မြေပြင်ပေါ်တွင် ကပ်ငြိနေသောအရာမှအပ မည်သည့်သွေးများ၊ မည်သည့်နေရာသို့ ရောက်သွားမှန်း မတွေ့ရပေ။ သွေးများစွန်းထင်းနေသည့် မြေပြင်၌ သွေးများစွန်းထင်းနေသည့်လက္ခဏာရပ်မရှိ။ ရွာသားများက ထိုအကြောင်းကို ပြောနေကြသည်။
နောက်ဆုံး၌ ရွာသူကြီးရောက်လာပြီး ယင်းက ကံဆိုးစေသည်ဟုပြောကာ ရွာသူရွာသားများကို တူးဖော်ပြီး သားအမိကို မြှုပ်ခိုင်းလိုက်၏။
မထင်မှတ်ထားသည်က ထျန်ကျင်းသေဆုံးပြီး ခုနစ်ရက်မြောက်နေ့တွင် ဝမ်လောင်ရှစ်၏တစ်မိသားစုလုံး ရုတ်တရက် သေသွားပြီး သူတို့၏သွေးနှင့်အသားက ရွံရှာဖွယ်ကောင်းစွာ ပျော်ကျသွားလေ၏။
ပြီးနောက် တစ်ရွာလုံး ဒုက္ခခံစားရကာ ဒုတိယမြောက်နေ့၌ တက်နင်းခဲ့ကြသည့် ရွာသားများကလည်း ထိခိုက်ကုန်ကြသည်။
ရွာသားများသည် နောက်ဆုံး၌ နောင်တရပြီး ကြောက်ရွံ့လာ၏။ ထို့ကြောင့် သူတို့သည် ရွာသူကြီးနှင့်ဤကိစ္စကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ရွာသူကြီးကလည်း အလွန်ကြောက်လန့်နေပြီး လက်စားချေဖို့ ထျန်ကျင်း ပြန်ရောက်လာမှန်း သိ၏။ ထို့ကြောင့်သူက ရွာဆီသို့ တာအိုရသေ့တစ်ပါးကို ဖိတ်ခဲ့သည်။
သူတို့က တာအိုရသေ့ကို ကတိသစ္စာဖောက်မည် မဟုတ်ကြောင်းနှင့် သူတို့၏ရွာကို ကူညီပေးပါရန် အကူအညီတောင်းခံခဲ့သည်။
ရသေ့သည် ရွာသူရွာသားများ ဤကဲ့သို့သနားစဖွယ်နည်းဖြင့် သေတာကို မမြင်တွေ့လိုပေ။ ထို့ကြောင့် သူက ရွာသားများကို ထျန်ကျင်းနှင့်ညိုညို၏အလောင်းများ မြှုပ်နှံထားရာနေရာကို မေးမြန်းခဲ့ပြီး သူတို့နှစ်ယောက်ကို ရေတွင်းထဲ၌ ချိတ်ပိတ်ပေးခဲ့၏။ သူက ရေတွင်း၌ အဆောင်များ ကပ်ထားပေးကာ အပေါ်၌ ကျောက်တုံးကြီးတစ်တုံးလည်း ထားပေးသည်။
ရသေ့က ထိုသို့ပြုလုပ်ပြီးနောက် ရွာထဲမှ ထွက်သွားတော့၏။ ရွာသူရွာသားများက အလွန်စိုးရိမ်ပူပန်ခဲ့ကြသော်ငြား ညအချိန်ရောက်လာသောအခါ သူတို့အသက်ကို ယူမည့်မိစ္ဆာသရဲများ ရောက်မလာတော့ပေ။
ရွာသားများက သက်ပြင်းချလိုက်ပြီး အိပ်မက်ဆိုးကြီးက ပြီးဆုံးပြီဟု ထင်မှတ်ကာ ပုံမှန်ဘဝကိုပြန်ရပြီဟု ထင်မှတ်ကြသည်။
သို့သော် မည်သူမှမထင်မှတ်ထားသည်က နှစ်ဝက်အကြာ၌ ရွာသူရွာသားများ၏ကိုယ်ပေါ်တွင် အရွယ်အစားမျိုးစုံရှိသည့်အကြိတ်များ ပေါ်လာပြီး သူတို့အရိုးထဲအထိ အရိုးကိုက်အောင် နာကျင်မှုကို ခံစားရတော့သည်။
ကလေးငယ်များအပါအဝင် ရွာသားများအားလုံး ဤသို့ဖြစ်လာ၏။ ရွာသူရွာသားများက တစ်စုံတစ်ခု မှားယွင်းတာကို ခံစားမိသည်၊ ထို့ကြောင့် ရွာသူကြီးက ရသေ့ကို ဖိတ်ခဲ့သည်။
ရသေ့က အဖြစ်အပျက် အကြောင်းစုံအလုံးစုံကို မေးမြန်းပြီး ထျန်ကျင်းက မသေခင် သွေးဖြင့် အစီအရင်ကို တိုက်ခဲ့ကြောင်း သိလိုက်ရသည်။ ရသေ့သက်ပြင်းချပြီး ပြောလိုက်သည်။ “ဒါခက်ခဲလှပါတယ် ရွာသူကြီး၊ ကျုပ်တတ်နိုင်တာ ဘာမှမရှိဘူး။ ဒါက အပြင်းထန်ဆုံးကျိန်စာပဲ။ ဖြေရှင်းဖို့ နည်းလမ်းမရှိဘူး။ အနည်းဆုံးတော့ ကျုပ်ရဲ့ကျင့်ကြံဆင့်နဲ့ ဘာမှမတတ်နိုင်ဘူး။ နောက်ထပ် ပညာရှင်တစ်ယောက်ကိုပဲ ရှာလိုက်ပါ”
164 04
တာအိုရသေ့ ထွက်သွားပြီးနောက် ရွာသူရွာသားများသည် ဆရာများစွာရှာခဲ့၏။ ယခုအခါတွင် ထိုဆရာများကို အယူသည်းသူများဟု သူတို့ မတွေးတော့ပေ။ သူတို့ထိုဆရာများအပေါ် မျှော်လင့်ချက်များအားလုံး ပုံချထားသော်ငြား ရောက်လာသည့်သူတိုင်း ခေါင်းခါပြီး ပြန်သွားရသည်။
တစ်နှစ်၊ နှစ်နှစ်ကြာ ညောင်းသွားပြီး ရွာသားများ၏အရိုးထဲထိအောင် ရွာသားများ၏အရိုးများ ကိုက်ခဲနာကျင်လာပြီး အဖုများက ကြီးသထက်ကြီးလာပြီး တချို့ကဆို ပေါက်လာ၏။ အချိန်ကြာလာသည့်နှင့်အမျှ ရွာသူရွာသားများသည် နာကျင်မှုကြောင့် ဖြည်းဖြည်းချင်း သေဆုံးသွားကြသည်။ မသေဆုံးခင် ပြည်ဖူးများပေါက် သူတို့ခန္ဓာကိုယ်ပေါ်ရှိ ပြည်ဖူးများ ပေါက်သွားပြီး ပြည်များ တစ်စိမ့်စိမ့်ကျလာကာ အနံ့အသက်က အင်မတန်ဆိုးရွား၏။ သူတို့က အင်မတန်ဆိုးရွားစွာ သေသွားကြတာပဲဖြစ်သည်။
ယွင်ယွီက ရုတ်တရက် နိုးလာပြီး အိပ်ရာပေါ်မှထ ထိုင်လိုက်မိကာ ချွေးစေးများ ပြန်နေပြီး မျက်နှာပေါ်တွင် မျက်ရည်များ ကျလာလေ၏။
သူမပါးပေါ်ရှိ မျက်ရည်ကို သုတ်လိုက်သည်။ အိပ်မက်ထဲတွင် သူမ၏ချစ်လှစွာသောသားကို ဆုံးရှုံးသွားရသည့် နာကျင်ဖွယ်ရာကို တွေ့မိပြီး ရွာသူရွာသားများ၏လုပ်ရပ်ကို တွေ့မိသောအခါ ယွင်ယွီသည် သူတို့ကို ကျိန်ဆဲလိုက်မိ၏။ “သူတို့ကသားရဲတွေပဲ”
ဤရွာထဲရှိ ရွာသူရွာသားများက ကျိန်စာတိုက်ခံထားရတာ အံ့ဩစရာမရှိပေ။ သူတို့ကျိန်စာတိုက်ခံရတာ အံ့ဩစရာမရှိ၊ သူတို့ခံသင့်သည်။
ကျိန်ဆဲပြီးနောက် ယွင်ယွီက အိပ်ရာပေါ်၌ မှီထိုင်နေမိပြီး လရောင်က ပြတင်းပေါက်ကနေ ဖြာကျလာ၏။
သူမ သက်ပြ င်းချလိုက်မိသည်။ အစောတုန်းက သူမ ထပ်တူမျှဝေခံစားခဲ့ရတာပဲ ဖြစ်ရမည်။ ထျန်ကျင်း သူမသည် ထျန်ကျင်း ရွေးချယ်ခံရသည့် အကြောင်းအရင်းကို မသိပေ။ ထျန်ကျင်းက သူမကို ရွေးချယ်ပြီး ဤမှတ်ဉာဏ်များကို မျှဝေခံစားခိုင်းရသည့် အကြောင်းအရင်းကိုမသိပေ။ သူတို့နှစ်ယောက်လုံးက ဖုန်းရွှေပညာရှင်များ ဖြစ်သောကြောင့် ဖြစ်ဟန်တူသည်။ ထိုမှတ်ဉာဏ်ထဲ၌ ရွာသားများက အရိုးထဲထိအောင် စိတ်နာကျင်မှုကိုခံစားရသည့်အပြင် သေဆုံးသွားသည့်အထိ ပြည်ဖူးများပေါက်သည့်ဝေဒနာကို ခံစားရကာ ဆယ်နှစ်မပြည့်မီ သေဆုံးခဲ့ကြပြီး အသက်တို၏။ သို့သော် ယခုဆို ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်ကျော်လာပြီ ဖြစ်သောကြောင့် ရွာထဲရှိ ရွာသူရွာသားများက အတော်အတန် အသက်ကြီးလာပြီး မိစ္ဆာကျိန်စာ၏အာနိသင်က လျော့နည်းလာ၏။ မျိုးဆက်များကလည်း ကျိန်စာတိုက်ခံထားရသော်ငြား သေဆုံးသည့်အချိန်က တဖြည်းဖြည်းချင်း သူတို့သက်တမ်းက ရှည်လာကြသည်။
ယွင်ယွီက ထထိုင်လိုက်လျက် ပြတင်းပေါက်ဘေးတွင်ရပ်ကာ အပြင်ကိုကြည့်လိုက်၏။ မနက် ၂ နာရီ၊ ၃ နာရီဝန်းကျင်ရှိလောက်ပြီဖြစ်သည်။
ထျန်ကျင်း သူမကို ထပ်တူမျှဝေခံစားခိုင်းရသည့် ထပ်တူမျှဝေခံစားခိုင်းရသည်က ဤအချိတ်ပိတ်မှုမှ သူမကို လွတ်မြောက်အောင်ကူ ညီပေးစေချင်တာပဲ ဖြစ်လောက်သည်။
ယွင်ယွီက သူမမျက်နှာကို ထိလိုက်၏။ ကလေးတစ်ယောက်ကို ဆုံးရှုံးရသည့်နာကျင်မှုက တကယ် အသည်းနာဖွယ်ကောင်းသည်။ တစ်စုံတစ်ယောက်ကသာ သူမမူမူကို ဤအတိုင်း ထိခိုက်အောင်လုပ်လျှင် သူမလည်း ထျန်ကျင်းထက် ထျန်ကျင်းလိုပဲ တည်ငြိမ်နေနိုင်မှာ မဟုတ်ပေ။ သူမက ပိုတောင်ရက်စက်လိမ့်မည်။
ယွင်ယွီသည် ထျန်ကျင်း ရည်ရွယ်ချက်ကို သဘောပေါက်ပြီး သူမကို ကူညီပေးဖို့လည်း ပြင်ဆင်ထားသည်။
စိတ်ငြိမ်ဂါထာတစ်ခု ရွတ်ဆိုလိုက်ရာ အခန်းထဲရှိလူတိုင်း အချိန်တော်ကြာထိ နိုးမှာ မဟုတ်ပေ။ သူတို့ အနည်းဆုံး နောက်နေ့မနက်ထိ အိပ်နေလိမ့်မည်။
ယွင်ယွီသည် ပင်မတံခါးဆီသွားကာ တကျွီကျွီအသံဖြင့် တံခါးကို ဖွင့်လိုက်ပြီး ခြံဝင်းအပြင်သို့ ဖြည်းဖြည်းချင်း ထွက်သွား၏။ လရောင်အောက်၌ အိပ်ပျော်နေသည့် အိပ်စက်နေသောကျေးရွာက တကယ်ခြောက်ခြားဖွယ် ကောင်းသည်။ ယွင်ယွီက ကြောက်လန့်ခြင်း မရှိပေ။ သူမက ဂရုဏာသက်မှုအပြည့်ဖြင့် ခြောက်သွေ့နေသော ရေတွင်းရှိရာ နေရာဆီ သွားလိုက်သည်။
ထိုနေရာသို့ ရောက်ရန် ၁၀ မိနစ်အချိန်ယူလိုက်ရသည်။ သူမက ကိုယ်ပေါ်၌ အရှိန်အဝါကို ဖုံးကွယ်ရန် ကိုယ်ပျောက်အဆောင်ကို ရွတ်ဆိုထား၏။ သို့မဟုတ်ပါက ရွာသူရွာသားတချို့ နိုးလာလျှင် သူမကိုမြင်မှာ ဖြစ်သည်။
ရေတွင်းဆီ လျှောက်သွားပြီး ယွင်ယွီက ရေတွင်းပေါ် ဖိထားသည့်ကျောက်တုံးကို ကြည့်လိုက်သည်။ ယင်းကို ဖယ်ရှားရန် လူများစွာအသုံးပြု လှုပ်ရှားရလိမ့်မည်။ သူမက အဆောင်တစ်ခု ရေးဆွဲပြီး ရေတွင်းပေါ်တင်လိုက်၏။ အလွယ်တကူ တွန်းလိုက်ရာ ရေတွင်းအဖုံးနံရံက ပွင့်လာတော့သည်။ အတွင်း၌အေးစက်စက်ရှိနေ၏။ ရေတွင်းနံရံ၌ အဝါရောင်အဆောင်များစွာ ရှိသည်။
ယွင်ယွီက အထဲကို ငုံ့ကြည့်လိုက်သည်၊ ပိန်းပိတ်အောင်နက်မှောင်နေကာ ဘာမှမမြင်ရဘဲ နှစ်ပေါင်းများစွာကြာပြီးနောက် အလောင်း၏အရိပ်အယောင် မရှိတော့ချေ။
သူမက ဓားတစ်ချောင်း ထုတ်လိုက်လျက် ရေတွင်းနံရံရှိ အဝါရောင်အဆောင်ကို ဆုတ်ဖြဲလိုက်သည်။ ရေတွင်းထဲ လှုပ်ရှားမှုမရှိသေးချေ။ ထို့ကြောင့် ယွင်ယွီက ရေတွင်းနံရံနား သွားကာ လှမ်းခေါ်လိုက်၏။ “ထျန်ကျင်း၊ ထွက်လာခဲ့”
သရဲတစ္ဆေ မကောင်းဆိုးဝါးအကြီးတစ်ယောက်၊ အသေးတစ်ယောက်က ရေတွင်းအပြင်သို့ မျောလွင့်လာတော့သည်။
******