← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 161-162

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 161-162

အပိုင်း 167

အကြီးအကဲတုသည် သွေးများလွှမ်းနေသည့် သူ့၏လက်မောင်းကို ကိုင်ထားလျက် ထောင့်တွင်ရပ်နေကာ ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ယွင်ယွီကို စိုက်ကြည့်နေ၏။

ယွင်ယွီ၌ ကြောက်စိတ် ပေါ်မလာပေ။ သူမကား ထိုမိစ္ဆာဝိညာဉ်များကို တိုက်ခိုက်ရန်အတွက် ဝိညာဉ်စွမ်းအင်ကိုသာ အသုံးပြုနေရသည်။ ထိုအရာများက စိတ်ပျက်စရာကောင်းပြီး သူမကို နာကျင်အောင် မလုပ်နိုင်ပေ။ သို့သော်ငြား သူတို့က သူမကို ဤနေရာ၌ ပိတ်ဆို့ထားပြီး အကြီးအကဲတုကို ဖမ်းဆီးရ ခက်ခဲစေ၏။ သူမ၏ ဝမ်းကွဲနှင့် ရှောင်ရှောင်တို့ မည်သည့်အချိန်ကျမှ ရောက်လာမည်မှန်း မသိ။ သို့သော် သူတို့ ဤမျှ နောက်မကျလောက်ဟု ထင်မိသည်။

စဉ်းစားနေစဉ် ဓာတ်လှေကားထဲ၌ ရုတ်တရက် လှုပ်ရှားမှုတစ်ခုပေါ်လာ၏။

ယွင်ယွီ လှည့်ကြည့်လိုက်ချိန်တွင် ဓာတ်လှေကားတံခါး ပွင့်လာတာကို တွေ့လိုက်ရ၏။ လူများစွာက တဟုန်ထိုး ထွက်လာသည်။ ထိုလူတို့ကား လုံချီရှောင်၊ စုန့်ချင်းမင်နှင့် ကျန်သည့်သူများပဲ ဖြစ်သည်။

ကျန်သည့်သူက လုံမိသားစု၏ မောင်နှမနှစ်ယောက်ဖြစ်သည့် လုံချီချန်းနှင့် လုံဝမ့်ရင်းပဲ ဖြစ်သည်။

ယွင်ယွီ မေးတာကို မစောင့်ဘဲ လုံချီရှောင်က ပြောလိုက်လေ၏။

“အဲဒီမှာ ဒီအဘိုးကြီးရဲ့လူတွေ အများကြီးရှိသေးတယ်။ ချီချန်းနှင့်ဝမ့်ရင်းက အဲ့ဒီလူတွေကို ဖြေရှင်းနေတယ်။ ငါတို့မင်းကို လာကူညီတာ။ ရှောင်ယွီအာ၊ ဒါကိုယူထားလိုက်”

သူက ပြောပြောဆိုဆိုဖြင့် သူ၏ကျောပိုးအိတ်ထဲမှ ယွင်ချူးဓားကို ဆွဲထုတ်ပြီး ယွင်ယွီအား လှမ်းပစ်ပေးလိုက်၏။

“ရပြီ ရပြီ။ ဟုတ်ပြီ ဟုတ်ပြီ။ မင်းနား အကူအညီတောင်းရှာထားတာကိုး”

အကြီးအကဲတု၏မျက်လုံးက ဒေါသကြောင့် နီမြန်းနေလေ၏။

“အစကတည်းက မင်းတို့က ငါ့ကို အစကတည်းက ပစ်မှတ်ထားနေတဲ့ပုံပဲ။ ဒါပေမဲ့ ငါ့ကို သိချင်စိတ်ဖြစ်စေတာက ငါ့ကို ဘယ်လိုပစ်မှတ်ထားခဲ့တာလဲ။ ငါ့ကို ကူညီပေးဖို့ ရှာထားတဲ့သူတွေက သေချာဂရုတစိုက် ရွေးထားတဲ့သူတွေပဲ။ ယွင်ကျင်းကျေးရွာကနေ ငါ့နောက် လိုက်လာတယ်ဆိုတော့ ဖော်ထုတ်ခံလိုက်ရပြီလို့ ဆိုလိုတာပဲ။ ယွင်ကျင်းကျေးရွာက လူတွေက သတိထားတတ်တယ်။ သူတို့က နေ့တိုင်း ကျိန်စာတိုက်ခံရပြီး နာနာကျင်ကျင် ရှင်သန်နေရတာ။ ဒီနာကျင်မှုကို ဖယ်ရှားဖို့ ငါပဲ သူတို့ကို ကူညီပေးနိုင်တာ။ သူတို့က ပိုဂရုစိုက်မှာပဲ။ ဒီတော့ မင်း ယွင်ကျင်းကျေးရွာကို ဘယ်လိုရှာတွေ့တာလဲ”

ဤမိန်းကလေးသည် ယွင်ကျင်းကျေးရွာအဖွဲ့မှ ဖြစ်ကြောင်း သူမှန်းမိနေ၏။ ထိုရွာသူရွာသားများကလည်း အရူးများသာဖြစ်သည်။ သူမကို မည်ကဲ့သို့ ဝင်ခွင့်ပေးခဲ့သနည်း။

သူ မေးတာကို မည်သူမှမဖြေကြချေ။

ယွင်ယွီသည် ယွီချူးကို ဆွဲထုတ်လျက် လက်မြှောက်ကာ ဓားကို ဝှေ့ယမ်းလိုက်လေ၏။ ဓားစွမ်းအင်က ပိုင်းဖြတ်သွားပြီး မကောင်းဆိုးဝါး၊ သူမနားရှိ မကောင်းဆိုးဝါးဝိညာဉ်အားလုံး အသတ်ခံလိုက်ရသည်။ လုံချီရှောင်က ယင်ယန်မျက်လုံးကို ဖွင့်လိုက်တော့သည်။ သူက ယင်းကို မြင်သောအခါ ပင့်သက်ရှိုက်မိသွားသည်။

“ဒီဓားက တကယ်အံ့ဩဖို့ ကောင်းလိုက်တာ”

ယွင်ယွီလက်ထဲရှိဓားက နှစ်ချက်ခန့် တုန်ရီနေလျက် အနည်းငယ် ဂုဏ်ယူဝင်ကြွားနေပုံ ပေါ်သည်။

အကြီးအကဲတုသည် ယွင်ယွီလက်ထဲရှိဓားကို လောဘတကြီး ကြည့်နေတော့သည်။

အဲ့ဒီဓားက မှော်လက်နက်လား။ ဓားတစ်လက်က မိစ္ဆာ၊ မကောင်းဆိုးဝါးဝိညာဉ် ၁၀ ကောင်ကျော်ကို သတ်နိုင်တယ်။ ဒီမိန်းကလေးက တကယ်ပဲ အထူးဌာနကလား။ အထူးဌာနက ဘယ်တုန်းကများ ဒီလောက်စွမ်းထက်တဲ့ ငယ်ရွယ်တဲ့ပညာရှင်တစ်ယောက် ရှာတွေ့သွားတာလဲ။ အကြီးအကဲတုက လောဘတက်နေလေ၏။ ထိုကဲ့သို့ မှော်လက်နက်မျိုးက ရှားပါးသည်။ သူ၌ တစ်ခုရှိထားလျှင် ကျားကို အတောင်ပံတပ်ပေးခြင်းနှင့် တူသွားလိမ့်မည်။ ဤမိန်းကလေး၌ မြင့်မားသောကျင့်ကြံဆင့်ရှိ၏။ သူသာ သူမကို မြှားထုတ်နိုင်ခဲ့လျှင် သူမကို အနိုင်ယူနိုင်လောက်သည်။

167 02

အကြီးအကဲတု၏စိတ်ထဲ၌ အတွေးတစ်ခုရှိပြီးသား ဖြစ်သည်။ စဉ်းစားနေစဉ် သူက မကောင်းဆိုးဝါးဝိညာဉ်များ လွှတ်ပေးရာ လျှို့ဝှက်လမ်းကြောင်းဆီသို့ လျှောက်သွားလိုက်၏။

လုံချီရှောင်နှင့် စုန့်ချင်းမင်တို့သည် ယွင်ယွီနား၌ မကောင်းဆိုးဝါးဝိညာဉ်များကို ဖြေရှင်းရန် ကူညီပေးနေပြီး ဖြစ်သော်ငြား ယွီရှောင်ရှောင်က ထိုလူအိုကြီး၏ ခိုးကြောင်ခိုးဝှက်အသွင်အပြင်ကို သတိပြုမိသွားကာ ပြောလိုက်တော့၏။

“အဲ့ဒီလူက လျှို့ဝှက်လမ်းကြောင်းကနေ ပြေးချင်နေတယ်”

ယွင်ယွီက လှမ်းကြည့်လိုက်ချိန်၌ အကြီးအကဲတု လျှို့ဝှက်ခန်းထဲမှ ထွက်သွားနှင့်ပြီးတာကို တွေ့လိုက်ရသည်။ သူမက အနားရှိ မကောင်းဆိုးဝါးဝိညာဉ်များကို သတ်ဖြတ်ရန် မိုးကြိုးငါးပါးအဆောင်ကို ပစ်ထုတ်လိုက်ပြီး လျှို့ဝှက်လမ်းကြောင်းကနေ သူ့နောက်လိုက်သွားလေ၏။

“ကျွန်မ သူ့နောက် လိုက်သွားလိုက်မယ်။ ဒီမကောင်းဆိုးဝါးဝိညာဉ်တွေကို ဖြေရှင်းထားပေးကြ”

သူတို့အားလုံးကို သန့်စင်သည့်မိန်းကလေးများဖြစ်၊ အပြစ်ကင်းသည့်မိန်းကလေးများဖြင့် သန့်စင်ထားခြင်းဖြစ်သော်ငြား အတိတ်မှတ်ဉာဏ်များ ပျောက်ဆုံးပြီး လူများစွာကို သတ်ဖြတ်သည့် ဖုတ်ကောင်ရုပ်သေးများသာ ဖြစ်နေ၏။ သူတို့ကို ချန်ရစ်ခဲ့ပါက သေစိတ်ပြန်ရမှာမဟုတ်ဘဲ လူတို့ကို ဆက်လက်ဒုက္ခပေးနေလိမ့်မည်။

“ရပြီ။ ငါတို့ ဒီမှာရှိတယ်။ မြန်မြန်သွား”

လုံချီရှောင်က ပြောလိုက်၏။

ယွင်ယွီက ခေါင်းညိတ်လိုက်သည်။ သူ့နားရှိ မကောင်းဆိုးဝါးဝိညာဉ်များကို တွန်းထုတ်ကာ အနောက်မှ လိုက်သွားတော့သည်။

ယွင်ယွီက ကျောက်စိမ်းဓားကို ကိုင်ထားလျက်၊ ရွှေရွှီက ကျောက်စိမ်းဓားကို ကိုင်ထားချိန် ထိုအရာများက သူမနား မကပ်နိုင်ခြင်း၊ သူတို့က သူမကို အချိန်အကန့်အသတ်သာ လုပ်ချင်ကြသည်။ ယွင်ယွီက လျှို့ဝှက်လမ်းကြောင်းဆီ လိုက်သွားချိန်၌ အကြီးအကဲတု မရှိတော့ချေ။

အကြီးအကဲတုက လျှို့ဝှက်လမ်းကြောင်းသည် ပိန်းပိတ်အောင်နက်မှောင်နေလျက် မည်သည့်အလင်းမှ မရှိချေ။ လျှို့ဝှက်လမ်းကြောင်းက လူနှစ်ယောက်သုံးယောက်စာသာ ကျဉ်းကြောင်း မြင်လိုက်ရ၏။ လမ်းတစ်ခုသာရှိပြီး သူမထိုလမ်းကို လိုက်သွား၏။ လျှို့ဝှက်လမ်းကြောင်းက အတော်ရှည်သည်။ ငါးမိနစ်နီးပါး လိုက်ဖမ်းပြီးနောက် သူမရှေ့၌ နောက်ထပ်မြေအောက်ခန်းတစ်ခု ပေါ်လာသည်။

ယွင်ယွီက သတိသိပ်မထားခဲ့ပေ။ ဤလျှို့ဝှက်လမ်းကြောင်းထဲ၌ မကောင်းဆိုးဝါးဝိညာဉ်တချို့ ကျန်ရစ်ခဲ့သည်ဆိုသော်ငြား သူတို့က သူမကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ပေ။ သူမက နောက်မှလိုက်လာ၏။ သို့သော်ငြား မြေအောက်ခန်းထဲသို့ ဝင်ပြီးချိန်၌ သူမရုတ်တရက် ချည်နှောင်ခံလိုက်ရပြီး လက်နှင့်ခြေထောက် မလှုပ်ရှားနိုင်တာ တွေ့လိုက်ရ၏။ သူမလက်ထဲရှိ ဓားကလည်း မြေပြင်ပေါ်ပြုတ်ကျသွားတော့သည်။ ယွင်ယွီက မျက်လုံးပြူးသွားပြီး သူမကိုယ်သူမ၊ သူမအောက်ရှိ ပစ္စည်းများ၊ အရာဝတ္ထုများကို ငုံ့ကြည့်လိုက်မိ၏။

သူမအနည်းငယ် အံ့ဩသွားတော့သည်။ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။ ဤနေရာ၌ ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုး မည်သို့ရှိနေရသနည်း။ ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးက သူမကို ချည်နှောင်ထားတာပဲဖြစ်သည်။ အလွန်ပါးသည့်ကြိုးဖြစ်သော်ငြား သူမ၏ဝိညာဉ်ကို ချည်နှောင်ပြီး ကိုယ်ထဲဝိညာဉ်စွမ်းအင်ကို ဖြည်းဖြည်းချင်းစုပ်ယူနေကာ သူမကို မလှုပ်ရှားနိုင်ဖြစ်စေ၏။

“ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုး”

ယွင်ယွီက ရေရွတ်ပြောလိုက်တော့သည်။

ဒီအကြီးအကဲတုက ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးရဲ့ပိုင်ရှင်လား။ ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးသည် မြို့တော်၏ဆင်ခြေဖုံး အပြင်တွင်ရှိသော သရဲခြောက်ခံရသည့်အိမ်တွင် ပေါ်လာတာကို သူမ မှတ်မိသေးသည်။ ထိုအဖြစ်အပျက်က လွန်ခဲ့သည့်တစ်နှစ်ကျော်က ဖြစ်ပွားခဲ့တာပင်။ သူမက ပညာဖလှယ်၊ နှီးနှောဖလှယ်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရင်း တွေ့ကြုံခဲ့တာပဲဖြစ်သည်။

167 03

ထိုသရဲခြောက်သည့်အိမ်၌ မိသားစုဝင်သုံးဦး သေဆုံးခဲ့ကာ သူတို့က အနိုင်ကျင့်ခံခဲ့ရပြီး သေသည့်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။

စစ်ဆေးမှုက သူတို့အား လူသတ်တရားခံကို ရှာရန်နှင့် သက်ဆိုင်သည့်သက်သေအထောက်အထားများ ရှာခိုင်းတာပဲဖြစ်သည်။ သရဲခြောက်ခံရသောအိမ်၏ မြေအောက်ခန်းထဲဝင်ပြီး မြေအောက်ခန်းတစ်ခုလုံးကို ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးက ထောင်ချောက်ဆင်ထားတာ တွေ့လိုက်ရ၏။ ည ၇ နာရီတိုင်း၌ မြေအောက်ခန်းသည် အဝင်သာရှိပြီး အထွက်မရှိတော့ပေ။ ပိတ်မိနေသည့်သူများသည် ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးကို ဖြေရှင်းပြီးမှသာ ထွက်လာနိုင်၏။

ထိုစဉ်က သူမ၊ ယွီရှောင်ရှောင်၊၊ စုန့်ချင်းမင်နှင့် နောက်ထပ်တင်ဆက်သူတစ်ယောက် အထဲ၌ ပိတ်မိနေခဲ့သည်။ နောက်ဆုံး၌ ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးကို ဖြေရှင်းရန် အားများစွာ အားစိုက်ထုတ်ခဲ့ရ၏။ သူမက ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးကို ဖျက်ဆီးသည့်အချိန်တွင် မိသားစုသုံးယောက်ကို သတ်သည့်လူသတ်သမားများသည် ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးထဲတွင် ပိတ်မိနေပြီး မကောင်းဆိုးဝါးဝိညာဉ်များ ဖြစ်လာတာကို သိထား၏။ သို့သော်ငြား ဤနေရာ၌ ဝိညာဉ်၊ ထိုနေရာ၌ ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးကို မည်သူထားခဲ့မှန်း သူမမသိသေးပေ။ ထိုသရဲလေးအား ကျွေးမွေးရန် မကောင်းဆိုးဝါးဝိညာဉ်များကို ချုပ်နှောင်ထားခြင်းကား မည်သည့်ရည်ရွယ်ချက်နည်း။

ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးကို ဤနေရာ၌ ထပ်တွေ့ရလိမ့်မည်ဟု မထင်ထားပေ။

ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးသည် မကောင်းဆိုးဝါးဝိညာဉ်မှ ဖွဲ့တည်ထားတာဖြစ်ပြီး လေဟာနဲ့တစ်ခုကို ချုပ်နှောင်ထားနိုင်စွမ်း ရှိသည်။ ပုံမှန်ဆို အထဲသို့ ဝင်လိုက်သည့်အချိန်ကျမှသာ ခံစားမိတာပဲဖြစ်၏။ ယင်းကား အလွန်ဆိုးယုတ်သည့်အရာတစ်ခု ဖြစ်သည်။

ယွင်ယွီသည် သူမအထဲသို့ ဝင်လာသည့်အချိန်ကျမှ ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးထဲ ကျရောက်ပြီး ထိန်းချုပ်ခံလိုက်ရပြီမှန်း သိသွား၏။

အကြီးအကဲတုက အမှောင်ထုထဲမှ ထွက်လာပြီး မြေပြင်ပေါ်ရှိ ယွင်ချူးဓားကို တပ်မက်သော အကြည့်ဖြင့် ကောက်ယူလိုက်သည်။ ဓားကား ဆတ်တိုက်တုန်လှုပ်နေကာ အကြီးအကဲတု၏ လက်ထဲမှ ပြုတ်ကျလုနီးပါး ဖြစ်သွားတော့သည်။

အကြီးအကဲတုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ပျက်သွားသောလက်ကို ဂါထာတစ်ခုရွတ်ပြီး လက်ကိုသွေးတိတ်အောင် ရွတ်ဆိုထားသော်ငြား သွေးများ၊ သွေးစများ ရှိနေသေး၏။ သူသည် ငရဲမှ မကောင်းဆိုးဝါးတစ်ကောင်နှင့် တူနေတော့သည်။

“ရတနာကောင်းတစ်ခုပဲ။ ဓားဝိညာဉ်ရှိနေတာကိုး”

သူသည် ရယ်မောပြီးနောက် ယွင်ယွီကို စိုက်ကြည့်လိုက်၏။

“မင်းဘယ်သူလဲ။ မင်းက အထူးဌာနက မဟုတ်ဘူး။ အထူးဌာနမှာ မင်းလို ကျင့်ကြံစဉ်နဲ့ငယ်ရွယ်တဲ့ လူငယ်တွေမရှိဘူး”

ယွင်ယွီက ဆိတ်ဆိတ်နေကာ သူမကိုယ်ပေါ်ရှိ ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို စဉ်းစားလိုက်သည်။

ယွင်ချူးဓားက မြည်ဟီးနေသေးပြီး အကြီးအကဲတုက ၎င်းကို လက်တစ်ဖက်ဖြင့်သာ ကိုင်ထားလေရာ လက်ကတုန်ယင်နေလေသည်။ အကြီးအကဲတုက ဓားကို မြောက်ပြီး ယွင်ယွီကို ချိန်ရွယ်လိုက်၏။

“မင်း ငါ့ကို မပြောရင် မင်းကို သတ်မယ်”

ဓားက ပိုတောင်ပြင်းထန်စွာ တုန်လှုပ်လာပြီး ဓားသွားက ယွင်ယွီကို မချိန်ရွယ်နိုင်ပေ။

အကြီးအကဲတုက စိတ်ထဲ ကျိန်ဆဲလျှက် လက်ချလိုက်ရာ ယွီချူးသည် အနည်းငယ် ငြိမ်သွားတော့သည်။

အကြီးအကဲတုက မေးလိုက်သည်။

“မင်းဘယ်သူလဲ။ မင်းမှာ ဘာလို့ ဒီလို ရတနာရှိနေတာလဲ”

ယွင်ယွီက သူမေးတာကို မဖြေဘဲ မော့ကြည့်ကာ ပြန်မေးလိုက်၏။

“ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုး ရှင့်ဆီမှာ ဘာကြောင့် ရှိနေတာလဲ”

167 04

အကြီးအကဲတုက မှင်သက်သွားလေ၏။

“မင်းက ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးကို တကယ်ကြီး သိတယ်ပေါ့”

အကြီးအကဲများသည် ဤအရာကို သိသူက ဒီကမ္ဘာတွင် လူအနည်းစုသာ ရှိသည်ဟု ပြောထားခဲ့ဖူး၏။ ၎င်းသည် မိစ္ဆာဝိညာဉ်ကို ဖြေရှင်းရန်နှင့်ကျင့်ကြံထားသည့်လူတွေကို ဖြေရှင်းရန် အင်မတန် အဆင်ပြေသော ကရိယာဖြစ်သည်။

အကြီးအကဲတုက ဆက်မေးလိုက်သည်။

“မင်း ဘယ်သူလဲ။

ယွင်ယွီက တုန့်ဆိုင်းနေကာ သူ့ကို လိမ်လိုက်လေ၏။

“ကျွန်မက သာမာန်ဖုန်းရွှေပညာရှင်တစ်ယောက်။ ကျွန်မဆရာက ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးအကြောင်း ကျွန်မက်ို ပြောပြဖူးတာ။ ကျွန်မက အထူးဌာနက မဟုတ်ဘူး”

သူမသည် ဖြေလိုစိတ် ရှိတာကို မြင်သောအခါ အကြီးအကဲတုက ဆက်မေးလိုက်သည်။

“ဒါဆို ယွင်ကျင်းကျေးရွာကို ဘယ်လိုရှာတွေ့လဲ”

ယွင်ယွီက ပြောလိုက်၏။

“ကျွန်မဆရာက ဖုန်းရွှေပညာရှင်တစ်ယောက်လေ။ ငယ်ငယ်တုန်းက သူ့ဆီကနေ ဒါကိုသင်ယူထားတာ။ သူဆုံးသွားပြီးတော့ ကျွန်မတစ်ကိုယ်တည်း လျှောက်သွားခဲ့တယ်။ ကျွန်မက လျှောက်ကြည့်ချင်ရုံပဲ။ ယွင်ကျင်းကျေးရွာကနေ ဖြတ်လာတဲ့အချိန် ရွာထဲကလူတွေက အတော်လေး မူမမှန်နေတာကို တွေ့ခဲ့ရတယ်လေ။ ဒါကြောင့် လမ်းပျောက်နေတဲ့ ခရီးသွားတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး တည်းခိုဖို့အတွက် အိမ်တစ်အိမ်ကို တံခါးခေါက်ခဲ့တာ။ ရွာသားတွေက ကျွန်မရဲ့အစားအသောက်ထဲ ဆေးခပ်ခဲ့တာ သိလိုက်ရတယ်လေ။ ဒါကြောင့် အခြေအနေကို အခွင့်ကောင်းယူပြီး ဒီရွာက ထူးဆန်းနေရတဲ့ အကြောင်းအရင်းကို ကြည့်ဖို့ စီစဉ်ထားတာ။ ဒီကို အပို့ခံလိုက်ရလိမ့်မယ်လို့ မထင်ထားဘူး”

အကြီးအကဲတုက မျက်မှောင် ကြုတ်မိသွား၏။ သူမပြောတာ ဘာမှအမှားပါသည့်ပုံမပေါ်။

“အပြင်ဘက်က အဲ့ဒီလူတွေက ဘယ်သူတွေလဲ”

ယွင်ယွီက ပြောလိုက်၏။

“သူငယ်ချင်းတွေလေ။ ရွာထဲမှာ တစ်ခုခုမှားနေတာ ရှာတွေ့ပြီး သူတို့ကို ခေါ်လိုက်တာ။ ဒါမှသာ ကျွန်မတို့တွေ အတူတကွ ခြေရာခံလိုက်နိုင်မှာ။ ဒါတိုက်ဆိုင်သွားရုံပဲ”

“ဒါဆို ဒီမှော်လက်နက်က ဘယ်သူ့မှော်လက်နက်လဲ”

အကြီးအကဲတုက မေးလိုက်ပြန်၏။

ယွင်ယွီက ခေါင်းငုံ့ထားလိုက်လျက် သူမလေသံက အတော်လေး ဝမ်းနည်းပမ်းနည်းဖြစ်နေကာ ပေါက်တက်ကရများ ဆက်ပြောတော့သည်။

“ဒီမှော်လက်နက်ကို ကျွန်မရဲ့ဆရာက ထားပေးခဲ့တာ”

အကြီးအကဲတုသည် ယွင်ယွီကို စိုက်ကြည့်နေ၏။ ယွင်ယွီက မော့ကြည့်ပြီး ပြောလိုက်တော့သည်။

“ကျွန်မဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးကို မဖြေရှင်းနိုင်ဘူး။ ဒီတစ်ခေါက် ကျွန်မရဲ့ရှုံးနိမ့်မှုအဖြစ် သတ်မှတ်လိုက်မယ်။ အခုရှင့်ကို အားလုံးပြောပြပြီးပြီဆိုတော့ ရှင်ပြောနေတဲ့ သူတော်စင်သားတော်က ဘယ်သူလဲ။ ဘာကြောင့် ဒီလောက်များ၊ လူတွေအများကြီးကို ပြန်ပေးဆွဲခံရတာလဲ”

ယွင်ယွီက မလွတ်မြောက်နိုင်လောက်ဟု သိထားသောကြောင့် ဖြစ်ဟန်တူသည်။ အကြီးအကဲတုက စိတ်ရူးဖောက်လာ၏။

“ကြီးမြတ်လှတဲ့သူက သူတော်စင်သားတော်။ သူက ငါတို့ရဲ့နတ်ဘုရားပဲ။ ဒီလောကထဲမှာ သူ့ထက် ပိုစွမ်းထက်တဲ့သူ မရှိဘူး။ သူ့နောက်လိုက်ရင် အနိမ့်နဲ့အမြန်ဆုံး ဉာဏ်အလင်းပွင့်ပြီး ကောင်းကင်ကို တက်လှမ်းနိုင်မှာပဲ”

167 05

သူသည် သူတော်စင်သားတော်၏ ကြီးမြတ်ပုံများအကြောင်း ထပ်တလဲလဲပြောနေကာ သူ့ကို နတ်ဘုရားတစ်ပါးအဖြစ် မှတ်ယူပြီး မျက်လုံးထဲ၌ ရူးသွပ်စွာ စွဲလမ်းမှုများ ပြည့်နှက်နေတော့သည်။

ယွင်ယွီက သူ့ဘာသာသူ စဉ်းစားလိုက်မိ၏။ ဒါက ဂိုဏ်းမဟုတ်ဘူးလား။

ဒါက ယုံကြည်ကိုးကွယ်မှု၊ ဒါက အစွန်းရောက်တဲ့ ယုံကြည်ကိုးကွယ်မှု မဟုတ်ဘူးလား။

သူမက ဆက်ပြောလိုက်တော့သည်။

“ဒါဆိုရင် ရှင့်ရဲ့နတ်ဘုရားက ဒီအစီအရင်နဲ့ ဘာလုပ်ချင်နေတာလဲ”

အကြီးအကဲတုသည် နောက်ဆုံး၌ တည်ငြိမ်သွားပုံပေါ်၏။

“ငါမသိဘူး။ ဒီအစီအရင်နဲ့ ဘာလုပ်ချင်နေတာလဲ မသိဘူး။ ဒါပေမဲ့ လုပ်ခိုင်းသ၍ ပြီးမြောက်အောင် သေချာပေါက် ကူညီရမှာပဲ”

၎င်းသည် တကယ်ကို အစွန်းရောက် ယုံကြည်မှုတစ်ရပ်သာဆိုလျှင် ယွင်ယွီကူကယ်ရာ မဲ့ခဲ့ရပေ၏။ ဤအကြီးအကဲတုက တကယ် လုံးလုံးရူးသွားပြီဖြစ်သည်။ သူက အကြီးအကဲ မည်သို့ပြုလုပ်၊ ဘာလုပ်မည်မှန်းတောင် မသိပေ။ ထိုသို့အတိုင်း ထိုအရာများလုပ်ရန် ကူညီပေးနေသေး၏။

ယွင်ယွီက သူ့ကို မေးခွန်းများ ဆက်မေးလိုက်သည်။

“ခုနတုန်းက ရှင်ဖုန်းပြောနေတာ သူတော်စင်သားတော်လား။ ဒီတစ်ခေါက် မတော်တဆဖြစ်လိမ့်မယ်ဆိုတာ သူ ဘယ်လိုလုပ်သိလဲ”

“ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာ မဟုတ်လား”

အကြီးအကဲတုက ယွင်ယွီကို စိုက်ကြည့်လိုက်၏။

“မင်းကို ပြောပြလိုက်လည်း ကိစ္စမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက သေမှာ သေချာနေပြီ။ ငါ့ရဲ့အရှင်သခင်၊ ငါ့ရဲ့အရှင်က အင်မတန်အစွမ်းထက်ပြီး ကျင့်ကြံဆင့် မြင့်မားတယ်။ အားလုံးကို တွက်ချက်ထားတာပဲ။ ငါ့ရဲ့အရှင်က အားလုံးသိတာပေါ့”

သူက သူတော်စင်သားတော်ကို ရူးသွပ်စွာ ချီးမွမ်းနေပြန်၏။

ယွင်ယွီက ဖြတ်ပြောလိုက်သည်။

“ဒါဆို ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးကိုလည်း ရှင့်ရဲ့သူတော်စင်သားတော် ပိုင်တာပဲပေါ့”

အကြီးအကဲတုက နှာခေါင်းရှုံ့လိုက်၏။

“ဒါပေါ့။ အကြီးအကဲတွေက ငါ့ကိုပေးတာ”

ယွင်ယွီက မေးလိုက်ပြန်၏။

“ရှင့်သခင်နာမည်က ဘာလဲ”

အကြီးအကဲတုက ယွင်ယွီကို စိန်းစိန်းဝါးဝါး ကြည့်လိုက်၏။

“မင်းက ငါ့ကို တကယ်လှည့်စားဖို့ ကြိုးစားနေတာပဲ။ ကောက်ကျစ်တဲ့ကောင်မလေး။ ငါတို့ဆရာရဲ့နာမည်ကို ဘယ်လိုလုပ် သိမှာလဲ။ သေဖို့သာ စောင့်နေ။ ဒီနေရာကို ဝင်လိုက်ပြီဆိုတာနဲ့ အလွယ်တကူ ထွက်နိုင်မှာ မဟုတ်ဘူး။ ဒီနေရာက မင်းတို့လို ရွှမ်းမန်ကျင့်ကြံမှုရှိတဲ့သူတွေအတွက် အထူးတလည် ပြင်ဆင်ထားတာ”

အကြီးအကဲတုသည် ယွင်ချူးကို ရုတ်တရက် ကောက်ကိုင်လိုက်လျက် ယွင်ယွီ၏လက်ကို ဓားဖြင့် ပိုင်းဖြတ်လိုက်၏။ ယွင်ချူးကား အနားနီးသွားချိန်တွင် ရုတ်တရက် ခြစ်ရာထင်သွားသည်။ ဓားတစ်ခုလုံး လှုပ်ခါကာ ဓားကိုယ်ထည်က အဆက်မပြတ် တုန်ရင်နေသည်။ အကြီးအကဲတုက ကျိန်ဆဲလျက် ဓားကို လွှတ်ချလုနီးပါး ဖြစ်သွားသည်။

ယွင်ယွီ၏လက်မောင်းက ရှသွားပြီး သွေးတစ်စက်စက် ကျလာ၏။ တောက်ပသည့်အနီရောင်သွေးက မြေပြင်ပေါ်ကျသွားကာ မြေပြင်ပေါ်ရှိ အစီအရင်ကို ဖော်ထုတ်လိုက်၏။ ယွင်ယွီ ငုံ့ကြည့်မိချိန်တွင် ဤမြေအောက်ခန်းက တကယ်တော့ အစီအရင်တစ်ခုဖြစ်နေတာ ရှာတွေ့သွားတော့သည်။ သွေးစက်က အစီအရင်ပေါ် ကျသွားသည့်အချိန်ကျမှသာ အသက်ဝင်လာတာပဲ။

167 06

ယွင်ယွီသည် ဝိညာဉ်စွမ်းအင်က ဝိညာဉ်စွမ်းအင်ပမာဏများစွာ ဆုံးရှုံးသွားတာကို ခံစားမိသည်။ အကြီးအကဲတု ပြောသည့်အတိုင်း ဤအရာသည် ကျင့်ကြံထားသည့်သူတို့ကို ဖြေရှင်းရန် သုံးလေ့ရှိ၏။

ယွင်ယွီ၏မျက်နှာက ဖြူဖျော့သွားတော့သည်။ သူမက ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးဖြင့် ချုပ်နှောင်ခံထားရသည်။ နောက်ကျောတွင် ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးဖြင့် အချည်ခံထားရသည့်လက်ဖြင့် သရုပ်ပြများ စတင်ပြုလုပ်လိုက်သည်။

သူမဂါထာတစ်ခုကို စတင်ရွတ်ဆိုလိုက်ရာ အနားရှိ ဝိညာဉ်စွမ်းအင်များ ဝေ့တက်လာပြီး ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးက စတင်တုန်ယင်လာ၏။

အကြီးအကဲတုက မျက်လုံးပြူးကျယ်သွားလေ၏။

“ဒါ၊ ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”

သူ့နောက်သို့ မယိုင်သွားသေးခင် ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးက ယွင်ယွီ၏ ဝိညာဉ်စွမ်းအင်ကြောင့် ရုတ်တရက် လှုပ်ခါလာ၏။ အားအင်ကုန်ခမ်းသွားသော်ငြား ယွင်ယွီသည် မိုးကြိုးငါးပါးအဆောင်ကို ဆွဲထုတ်လိုက်လျက် အကြီးအကဲတု၏ ကျန်ရှိသောလက်တစ်ဖက်သို့ ပစ်ပေါက်လိုက်၏။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်နေသည်။ အကြီးအကဲတု၏မျက်နှာက ဖြူဖျော့သွားကာ ရှောင်ရန် ကြိုးစားခဲ့သော်ငြား မရှောင်နိုင်ခဲ့ပေ။ ကျန်ရှိသည့်လက်တစ်ဖက်က ပေါက်ထွက်သွား၊ လွင့်ထွက်သွားပြီး သူ စူးရှစွာအော်လိုက်ရ၏။

လက်မောင်း လွင့်ထွက်သွားပြီး လက်ထဲရှိ ကျောက်စိမ်းဓားကလည်း မြေပြင်ပေါ် ပြုတ်ကျသွားသည်။ ယွင်ယွီက ကျောက်စိမ်းဓားကို လျင်မြန်စွာ ကောက်ယူလိုက်၏။ ဓားကိုယ်ထည်က အပြစ်မကင်းသည့်ပမာ အနည်းငယ် တုန်ယင်နေတော့သည်။

ယွင်ယွီက ဖြူဖျော့သောမျက်နှာဖြင့် ပြုံးပြီးပြောလိုက်လေ၏။

“အဆင်ပြေတယ်။ မင်းကိုအပြစ်မတင်ဘူး”

ထိုသို့ပြောပြီးနောက် လက်မြှောက်ကာ ကျန်တစ်ဖက်ဆီသို့ တွားသွားနေသော အကြီးအကဲတု၏ ခြေတစ်ဖက်ကို ဖြတ်ရန် ကျောက်စိမ်းတစ်ဓားကို အသုံးပြုလိုက်သည်။ ထိုလူအိုကြီးသည် သူတော်စင်သားတော်ကို ကူညီပေးပြီး နှစ်ဝက်ကျော်ကြာအောင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့၏။ ဓားဖြင့် သူ့ကို နှစ်ကြိမ်ခုတ်ပိုင်းတာ မှန်သည်။

အကြီးအကဲတုက နာကျင်စွာ အော်လိုက်၏။ သူ့လက်နှစ်ဖက်နှင့် ခြေတစ်ဖက် ဆုံးရှုံးသွားသောကြောင့် တွားမသွားနိုင်တော့ချေ။

မြေပြင်ပေါ်ရှိ အစီအရင်က ယွင်ယွီ၏သွေးနှင့် ထိသွားပြီးနောက် သူမကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်ကို ပိုမိုရူးသွပ်စွာ စုပ်ယူတော့သည်။ သူမက ဝိညာဉ်ချုပ်နှောင်ခြင်းချိန်းကြိုးမှ လွတ်အောင်ရုန်းရန်အတွက် ဝိညာဉ်စွမ်းအင်တန်ပြန်ကို အသုံးပြုလိုက်တာပဲဖြစ်၏။ ယွင်ယွီ၌ ခွန်အားမကျန်တော့ပေ။ သို့သော် ဤအတိုင်း ဆက်နေပါက သူမအသက်၊ စွမ်းအင်တို့ စုပ်ယူခံရမည်မှန်း သိနေသည်။ သူမက ယွင်ချူးဓားကို မှီထားလိုက်လျက် လျှို့ဝှက်လမ်းကြောင်းထဲသို့ တရွေ့ရွေ့လျှောက်သွားလေ၏။ သူမ၌ ခွန်အားမကျန်တော့ဘဲ မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။ ယွင်ချူးဓားကလည်း ပစ်ချခံလိုက်ရပြီး ကြောက်လန့်တကြား တုန်ယင်နေ၏။

ယွင်ယွီက နံရံကိုမှီထားပြီး အစီအရင်ထဲရှိ အကြီးအကဲတုကို ကြည့်လိုက်သည်။ သူက သနားစဖွယ်အော်နေ၏။ အစီအရင်သည် သူ့ကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်ကို ရူးသွပ်စွာ စုပ်ယူနေပြီး သူ၏ပျက်သွားသောလက်နှင့်ခြေထောက်ဆီမှ သွေးများကို စုပ်ယူနေ၏။ သူက ယွင်ယွီကို ကြောက်လန့်တကြား ကြည့်လိုက်သည်။

“ငါ့ကို ကယ်ပါ။ ငါ့ကိုကယ်၊ ငါ့ကို ခမ်းခြောက်အောင် စုပ်ယူနေပြီ။ မြန်မြန်ကယ်ပေးပါ”

ယွင်ယွီ၌ ခွန်အားမကျန်တော့ပေ။ သူ့ကို ကယ်တင်ရန်မဆိုထားနှင့် ယွင်ယွီ၌ ခွန်အားတောင် မကျန်တော့ချေ။

သူမ၏လက်ရှိ၊ ပုံမှန်သွေးများအရ သူမအစီအရင်ထဲ ထပ်ဝင်မိပါက အကြီးအကဲတုကဲ့သို့ အဆုံးသတ်သွားလိမ့်မည်။

နှစ်မိနစ်မပြည့်မီ၌ ယွင်ယွီသည် နံရံကိုမှီထားလျက် အကြီးအကဲတု၏သွေးနှင့် ဝိညာဉ်စွမ်းအင်ကို အစီအရင်က ခမ်းခြောက်သွားအောင် စုပ်ယူပြီး သူ့ကို မံမီအဖြစ် တဖြည်းဖြည်း ပြောင်းလဲလိုက်တာကို ကြည့်နေရ၏။

167 07

သူမ မျက်လုံးမှိတ်လိုက်သည်၊ သူမ အကြီးအကဲတုဆီမှ ရနိုင်သမျှအရာအားလုံးနီးပါးကို နှိုက်ထုတ်ပြီး ဖြစ်သည်။ နှမြောစရာကား သူတော်စင်သားတော် မည်သူမှန်း မသိသေးတာပဲဖြစ်သည်။

ယွင်ယွီဘေးရှိ ကျောက်စိမ်းဓားက ယွင်ယွီကို စိုးရိမ်ပူပန်နေသည့်ပမာ ပြင်းထန်စွာ တုန်လှုပ်နေ၏။

ယခုအချိန်တွင် ယွင်ယွီက စကားပြောရန် ခွန်အားတောင် မကျန်တော့ပေ။ သူမသည် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က နတ်မျက်စိကို ဖွင့်ထားပြီး ယခုအကြိမ်တွင်မူ ဝိညာဉ်စွမ်းအင် အားလုံးနီးပါးနှင့် ခွန်အားအားလုံး ကုန်ခမ်းသွားပြီဖြစ်သည်။ သူမ နောက်ထပ် လဝက်ကြာ ပြန်လည်ကုစားရလိမ့်မည်။

နှစ်မိနစ်အတွင်း ဥမင်ထဲ၌ အလျှင်စလို ခြေသံများကို ကြားလိုက်ရ၏။ ယွင်ယွီက မူးဝေနေပြီး ခေါင်းမထောင်နိုင်ရုံမျှသာဖြစ်သည်။ သူတို့က လုံချီရှောင်နှင့် ကျန်သည့်သူများ ဖြစ်နေသည်။ လုံချီရှောင်သည် ယွင်ယွီက ဥမင်ကို မှီထားတာမြင်သောအခါ ကြောက်လန့်သွားပြီး ရင်ထဲထိတ်ခနဲ ဖြစ်သွားလေ၏။ သူက စောင့်ရှောက်ထိုင်ချလျက် အထိတ်တလန့် မေးလိုက်သည်။

“ရှောင်ယွီအာ”

ယွင်ယွီက မျက်လုံးဖွင့်လိုက်ပြီး မျက်နှာက ဖြူဖျော့နေကာ စကားတစ်ခွန်းမှ မဆိုနိုင်တော့ပေ။

စုန့်ချင်းမင်၊ ယွင်ရှောင်ရှောင်နှင့် ကျန်သည့်သူများ နောက်မှလိုက်လာသည်။ ကျန်သည့်သူများကလည်း ကြောက်လန့်နေလေ၏။ လုံချီရှောင်သည် သူမမျက်လုံး ဖွင့်လာတာမြင်သောအခါ သက်ပြင်းချလိုက်မိ၏။ သူက သူမကို အမြန်တွဲလိုက်၏။ သူ့အလုပ်က အနည်းငယ် တုန်ယင်နေတော့သည်။ လုံချီရှောင်က ထိုလူကို မြေအောက်ခန်းရှေ့သို့ ပြန်ခေါ်လာပြီး ဓာတ်လှေကားဆီ သွားလိုက်၏။

အပေါ်ရှိ တိုက်ပွဲပြီးသွားပြီးဖြစ်ကာ လူတစ်ဒါဇင်ကျော် ချည်နှောင်ခံထားရပြီး ပစ်ချခံထားရ၏။ လုံချီချန်းနှင့် လုံဝမ့်ရင်းတို့က လူတိုင်း တက်လာတာကို မြင်သောအခါ အလျှင်စလို မေးလိုက်ကြသည်။ သူတို့က ယွင်ယွီ၏အသွင်အပြင်ကို မြင်သောအခါ အနည်းငယ် ထိတ်လန့်နေလေ၏။ လုံဝမ့်ရင်းက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

“ဝမ်းကွဲ၊ အဆင်ပြေလား”

“သူ့ကိုဆေးရုံအရင်ပို့မယ်။ ကျန်တာကတော့”

လုံချီရှောင်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။ ဤနေရာက အတော်လေး ဝေးလံသော နေရာတွင်ရှိနေသည့် စက်ရုံတစ်ခုဖြစ်သည်။ လုံချီချန်းက ပြောလိုက်၏။

“အစ်ကို၊ အစ်ကို့ဝမ်းကွဲရဲ့မိန်းမကို ဆေးရုံချက်ချင်း အရင်ပို့။ ဝမ့်ရင်းနဲ့ ကျွန်တော် ဒီမှာနေလိုက်မယ်။ ပြီးရင် အထူးဌာနကို ဆက်လွဲပြီး ဖြေရှင်းခိုင်းလိုက်မယ်”

“ဟုတ်ပြီ သူ့ကို ဆေးရုံ အရင်ပို့လိုက်အုံးမယ်”

ထိုသို့ ပြောပြီးနောက် လုံချီရှောင်သည် ယွင်ယွီကို ပွေ့ချီလျက် ကားဆီသို့ လျှောက်သွား၏။

ယွင်ယွီ အခြေအနေက အတော်လေး ပြင်းထန်နေ၏။ သူမ လုံချီရှောင်၏ လက်ထဲတွင် သတိလစ်သွားတော့သည်။ ယွီရှောင်ရှောင်နှင့် စုန့်ချင်းမင် တို့ကလည်း လုံချီရှောင် နောက်မှ လိုက်လာပြီး ယွင်ယွီကို ဆေးရုံ ပို့ပေး၏။ ဝမ်ယွီနှင့် လုယွမ်တို့ကမူ အနောက်တွင် ကျန်ရစ်ပြီး ကူညီပေးနေသည်။ ယွီရှောင်ရှောင်က ယွင်ယွီကို ကားနောက်ခန်းထဲ ထည့်ပေးပြီး သူမကို ဂရုတစိုက် ကာကွယ်လိုက်၏။ လုံချီရှောင်ကမူ ယာဉ်မောင်းခုံသို့ သွားကာ စုန့်ချင်းမင်က ခရီးသည်ခုံ၌ အမြန်ဝင်ထိုင်လိုက်သည်။

ကားမောင်းထွက်သွားလေ၏။

ယွင်ယွီ နိုးလာချိန်တွင် နောက်နေ့ နံနက်ရောက်နေပြီ ဖြစ်သည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်ပြီး သူမခေါင်းပေါ်ရှိ အလင်းရောင်ကို မော့ကြည့်လိုက်ကာ သူမလက်၌ အပ်တစ်ချောင်း ရှိနေတာကို တွေ့လိုက်ရသည်။ ယွင်ယွီက ညည်းတွားလိုက်ပြီး ခေါင်းက အနည်းငယ် မူးဝေနေသည်။

“ရှောင်ယွီအာ နောက်ဆုံးတော့ နိုးလာပြီ”

ယွီရှောင်အာ၏ အသံက သူမနားထဲသို့ ရောက်လာလေ၏။

ယွင်ယွီက လှည့်ကြည့်လိုက်ချိန်တွင် သူမဘေးတွင် ထိုင်နေသော ယွီရှောင်ရှောင်ကို တွေ့လိုက်ရသည်။ သူမက ပြုံးပြီး ပြောလိုက်၏။

167 08

“ဘာလို့ ဆေးရုံ ပို့တာလဲ”

ယွီရှောင်ရှောင်က သက်ပြင်းချလိုက်၏။

“မနေ့တုန်းက နင် ငါတို့ကို သေလုနီးပါး ခြောက်လှန့်ခဲ့မိတာ။ မင်းရဲ့လက်မောင်းက သွေးရာ ရှိနေပြီး မျက်နှာက စက္ကူလို ဖြူဖျော့နေတာလေ။ နင် လုံးဝ မတုံ့ပြန်ဘူး၊ ငါတို့ သေအောင် ကြောက်သွားတာလေ။ ဒါကြောင့် ဆေးရုံကို အမြန်ခေါ်လာတာပဲ။ ဆရာဝန်ပြောတာတော့ နင် အားအင် ကုန်ခမ်းသွားပြီး ခန္ဓာကိုယ် အားနည်းနေတာတဲ့ နင့်ကိုယ်နင် ကောင်းကောင်း ဂရုစိုက်ရမယ်”

“နင် ငါ့ကို အိပ်ရာကို နည်းနည်း မြင့်ပေးပါအုံး”

ယွင်ယွီက ပြောလိုက်၏။

“ငါက မောပန်းနွမ်းနယ် သွားရုံပဲ ဘာမှ မဖြစ်ဘူး”

တကယ်တော့ ယခုတစ်ခေါက်တွင် သူမ အားအင် အင်မတန် ကုန်ခမ်းသွားပြီး လုံမိသားစုဘိုးဘေးကို မိစ္ဆာခုနှစ်ဖော် ဝိညာဉ်ဖျက်စီးခြင်း အစီအရင်ထဲမှ လွတ်အောင် ကူညီပေးစဉ်ကကဲ့သို့ အားအင် ကုန်ခမ်းသွားတာပဲ ဖြစ်သည်။ ယွင်ယွီက ဖြစ်ရပ်နောက်ကွယ်ရှိ လူက ဤမျှ အစွမ်းထက်လိမ့်မည်ဟု မထင်ထားပေ။ ယင်းက မည်ကဲ့သို့သော အစီအရင်မျိုးနည်း။

ယွင်ယွီက သူမစိတ်ထဲရှိ မေးခွန်းကို မေးလိုက်သည်။

“ရှောင်ရှောင် အဲပြဿနာကို ဘယ်လို ဖြေရှင်းလိုက်လဲ။ အဲဒါက ဘယ်လို အစီအရင်မျိုးလဲ။ အထူးဌာနက တစ်ခုခု ရှာတွေ့သေးလား”

ယွီရှောင်ရှောင်က ယွင်ယွီကို ကုတင် အနည်းငယ် မြင့်ပေးပြီးနောက် သူမဘေးတွင် ထိုင်ကာ သူမအတွက် ပန်းသီးအခွံခွာပေးလိုက်သည်။

“ဒါရိုက်တာလုံက မနေ့တုန်းက နင့်ကို ဒီနေရာ ပို့ပေးခဲ့တာ ချီးချန်၊ ဝမ့်ရင်းနဲ့ လုယွမ်တို့က အဲဒီမှာ နေခဲ့ပြီး ဖြေရှင်းဖို့ အထူးဌာနကို ဆက်သွယ်ခဲ့ကြတယ်။ ဒီမနက် ဆရာဝန်က နင်အဆင်ပြေပြီလို့ ပြောတော့မှ ဒါရိုက်တာလုံနဲ့ ချင်းမင်တို့လည်း အဲဒီကို သွားတာ ဘာသတင်းမှ မရသေးဘူး။ ဒါကြောင့် နည်းနည်း စောင့်ရအုံးမယ်”

ယွင်ယွီက ထပ်မေးလိုက်သည်။

“မနေ့တုန်းက အစီအရင်က ဘယ်နေရာမှာ ရှိတာလဲ”

သူမက ကားထဲ၌ အထည့်ခံထားရသောကြောင့် အပြင်ဘက်ကို မမြင်ရပေ။

“မြို့တော်နဲ့ ကီလိုမီတာ၁၀၀ ဝေးတဲ့ မြို့တော်ရဲ့ ဆင်ခြေဖုံးမှာ ရှိနေတာ။ အလုပ်သမား ၂၀ ၃၀ ရှိတဲ့ စက်ရုံလေး တစ်ခုပဲ၊ အချိန်ဘယ်လောက် ကြာအောင် စွန့်ပစ်ခံထားရလဲတော့ မသိဘူး။ တစ်ယောက်ယောက်က သတ်ဖြတ်ခြင်း အစီအရင်နဲ့တောင် အဲဒါကို သုံးနေတာ”

ယွီရှောင်ရှောင်က အခွံခွာပြီးသား ပန်းသီးကို ယွင်ယွီအား ပေးလိုက်၏။

“အရင်ဆုံး ပန်းသီးစားနှင့် ဒါရိုက်တာလုံက ကြက်သားစွပ်ပြုတ် မှာထားတယ်။ သူ ရောက်မလာခင် အရင်ဆုံး ဗိုက်ပြည့်အောင် တစ်ခုခု စားထားလိုက် မနေ့တုန်းက ငါတို့ တကယ် ကြောက်သွားတာဟယ်”

လူတိုင်း ထိတ်လန့်နေလေ၏။ ဤမျှ အရည်အချင်းရှိသော ယွင်ယွီက ပြဿနာတက်လုနီးပါး ဖြစ်သွားလိမ့်မည်ဟု သူတို့ မထင်ထားပေ။

ယွင်ယွီက ပန်းသီးတစ်ကိုက် ကိုက်လိုက်၏။ “အကြီးအကဲတုက ငါ့ကို အဲဒီနေရာ ခေါ်သွားတာ အဲဒါက ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုး ဖြစ်နေတာ တွေ့လိုက်ရတယ်လေ။ ငါ ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးနဲ့ ထိန်းချုပ်ခံလိုက်ရပြီး သူ့ဆီက စကားတချို့ အစ်ခဲ့တယ်၊ မထင်မှတ်ထားဘဲ အကြီးအကဲတု တိုက်ခိုက်တာ ခံလိုက်ရတာ အစီအရင်က သွေးတစ်စက် ကျပြီးသွားတော့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်ကို စုပ်ယူတော့တာပဲ။ ဒါကြောင့် ငါ အားအင် ကုန်ခမ်းသွားတာ”

ယွီရှောင်ရှောင်က မျက်လုံးအပြူးသား ဖြစ်သွားလေ၏။ “ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးလား၊ ငါတို့ နှီးနှောဖလှယ်ပွဲမှာ တွေ့ခဲ့တဲ့ဟာ မဟုတ်လား။ ဒါပေမဲ့ ငါတို့ တွေ့ခဲ့တာက သရဲအိမ်ထဲက မြေအောက်ခန်းထဲမှာလေ”

ထိုအရာသည် နေရာတစ်ခုကို ချုပ်နှောင် ထားနိုင်စွမ်းရှိပြီး အလွန်ဆိုးယုတ်သဖြင့် သူမ ဘယ်တော့မှ မေ့မှာ မဟုတ်ပေ။

ယွင်ယွီက ခေါင်းညိတ်လိုက်၏။ “အဲဒါပဲ”

167 09

ယွီရှောင်ရှောင်က အံ့ဩသွားကာ မေးလိုက်တော့သည်။

“နှစ်ခုလုံးမှာ ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုး ဘယ်လို ရှိနေရတာလဲ လူတစ်ယောက်တည်း ဖြစ်နေနိုင်မလား”

သရဲခြောက်သော အိမ်ထဲ၌ ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးကို မည်သူ ထားခဲ့မှန်း သူတို့ မသိရသေးပေ။

ယွင်ယွီက သက်ပြင်းချလိုက်၏။

“လူတစ်ယောက်တည်း ဖြစ်လောက်တယ်”

ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးကို သန့်စင်ရန် လွယ်ကူလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။ သူမတောင် မည်သို့ သန့်စင်ရမည်မှန်း မသိချေ။

နှစ်ယောက်သားက ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးအကြောင်း တစ်နာရီကျော်ကြာအောင် ဆွေးနွေးနေစဉ် လုံချီရှောင်က ကြက်သားစွပ်ပြုတ်နှင့် ယွင်ယွီမှာထားသည့် ဆန်ပြုတ် သယ်လာ၏။ ယွင်ယွီက ကြက်သားစွပ်ပြုတ်ကို သောက်ကာ တစ်ရေးအိပ်လိုက်တော့သည်။

တကယ်တော့ သူမ၏ အခြေအနေ၌ သူမက အားပြန်ပြည့်ရန် ဝိညာဉ်စွမ်းအင် ပိုလိုအပ်သည်။ သို့သော် ယွီရှောင်ရှောင်က သူမကို စောင့်ကြပ်နေသောကြောင့် ဘာမှ မလုပ်နိုင်ပေ။

နေ့လည်ထိ အိပ်ခဲ့ပြီး နိုးလာချိန်တွင် လုံချီရှောင်နှင့် စုန့်ချင်းမင်တို့ ရောက်နှင့်နေပြီ ဖြစ်သည်။ သူတို့နှစ်ယောက်က မိန်းကလေးနှစ်ယောက် ဖြစ်သည့် ရှားရွှမ်းနှင့် ကောင်းရီတုကိုလည်း ခေါ်လာသည်။

ယခုအခေါက် ခရီးစဉ်၌ ယွင်ယွီ၏ အဓိက ရည်ရွယ်ချက်မှာ ကလေးနှစ်ယောက်ကို ကယ်တင်ရန် ဖြစ်သည်။ ယွင်ယွီက ပြုံးပြီး ပြောလိုက်တော့၏။

“သူတို့ကို ခေါ်ဖို့ မိသားစုကို အကြောင်းမကြားဘဲ ဘာလို့ ဒီနေရာကို လွှတ်လိုက်တာလဲ”

လုံချီရှောင်က ပြုံးပြီး လိုက်သည်။

“သူတို့ကို အကြောင်းကြားပြီးပြီ၊ သူတို့ လမ်းမှာပဲ ရှိသေးတယ်။ ကလေးနှစ်ယောက်က ငိုနေတာ။ သူတို့တွေက မင်းရဲ့မြို့ကမှန်း တွေးမိတာနဲ့ ဒီကို အရင်ပို့လိုက်တာ”

“အစ်မက မသေမျိုးယွင်လား”

ကောင်းရီတုသည် ရှားရွှမ်း၏ လက်ကို ဆုပ်ကိုင်ထားလျက် စိုးရိမ်းပူပန်စွာ မေးလိုက်သည်။ မိန်းကလေးနှစ်ယောက်တွင် သူမက အသက်၈နှစ် အရွယ်ရှိပြီ ဖြစ်ကာ ရှားရွှမ်းက ငါးနှစ်သာ ရှိသေး၏။ ကောင်းရီတုက သူတို့မြို့မှ ဖြစ်သောကြောင့် သူ့မိသားစုဝင်များ ယွင်ယွီအကြောင်း ပြောတာကို ကြားဖူးသည်။

ယွင်ယွီက ပြုံးပြီး ပြောလိုက်၏။ “ဟုတ်တယ် စိတ်မပူနဲ့ အခုအားလုံး အဆင်ပြေသွားပြီ။ သမီးမိသားစုက ပြီးရင် သမီးကို လာကြိုလိမ့်မယ်။ အရင်ဆုံး အနားယူလိုက်လို့ ရတယ်”

လုံချီရှောင်က ပြောလိုက်၏။

“ကလေးနှစ်ယောက်ကို စစ်ဆေးဖို့ ခေါ်သွားခိုင်းလိုက်မယ်။ သူတို့က နာရီ၂၀ကျော်ကြာ သတိလစ်နေတာ။ သူတို့ ခန္ဓာကိုယ်ထဲမှာ ဆေးအာနိသင် ကျန်နေမှာ စိုးတယ်”

“ဟုတ်ပြီလေ အရင်ဆုံး သူတို့ကို စစ်ဆေးပေးလိုက်ပါအုံး”

လုံချီရှောင်သည် လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ခေါ်ပြီးနောက် ကလေးနှစ်ယောက်ကို ဆေးစစ်ပေးရန် ခေါ်သွားလေ၏။

လူနာဆောင်ထဲ၌ သူတို့သာ ကျန်ခဲ့ချိန်၌ ယွင်ယွီက မေးလိုက်၏။

“အဲဒီက အခြေအနေ ဘယ်လိုလဲ”

လုံချီရှောင်သည် ကုတင်ရှေ့၌ ရပ်ကာ ပြောလိုက်သည်။ “မြေအောက်ခန်းထဲက မိန်းကလေးတွေ အားလုံး လွတ်လာပြီ။ သူတို့ ဆေးစစ်ဖို့အတွက် ဆေးရုံကို လွတ်ထားတယ်။ ပြီးမှ ထွက်ဆိုချက်ယူဖို့ စခန်းကို လွှတ်မှာ၊ ထွက်ဆိုချက် ယူပြီးတာနဲ့ ယွင်ကျန်းကျေးရွာက လူတွေကို ဖမ်းဖို့ လူလွှတ်မယ်”

******

168 01

အပိုင်း 168

လုံချီရှောင်က ထိုပြန်ပေးဆွဲခံရသော မိန်းကလေးများအတွက် နောက်ဆက်တွဲ ဖြစ်ရပ်များအကြောင်း ပြောပြပေးခဲ့ပြီး သူတို့အားလုံး အဆင်ပြေကြောင်းနှင့် နိုးလာချိန်တွင် တချို့တလေကတော့ ငိုနေကြောင်း ပြောပြလေ၏။

ဆိုရလျှင် ထိုနေရာ၌ ငယ်ရွယ်သော မိန်းကလေးများစွာရှိနေပြီး ပိုငယ်လေ ပြန်ပေးဆွဲခံရရန် ပိုလွယ်ကူလေဖြစ်သည်။

ယခုသူတို့အားလုံးကို ဆေးစစ်ဆေးရန် ပို့ထားပြီးဖြစ်ကာ ဆွေမျိုးသားချင်းများကိုလည်း အကြောင်းကြားထား၏။

ယွင်ယွီက ဆေးရုံကုတင်ကို မှီထားပြီး သူမလက်ထဲ၌ ရေနွေးတစ်ခွက်ကို ကိုင်ထားကာ မေးလိုက်တော့သည်။ “အဲ့ဒီက ဟာတွေကို ဘယ်သူပိုင်လဲ ရှာတွေ့ပြီးပြီလား။ သူတော်စင်သားတော်ရဲ့ အထောက်အထားကို ရှာတွေ့ပြီလား”

“ငါတို့တွေ စစ်ဆေးကြည့်ခိုင်းပြီးပြီ” လုံချီရှောင်က ဆက်ပြောလိုက်၏။ “စက်ရုံကို တုကျုံးကွမ်းပိုင်ပြီး အဲ့ဒါက ရာဘာနဲ့ ပလတ်စတစ်ထုတ်တဲ့ စက်ရုံပဲ။ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေရှိနေသေးတယ်။ သူက ဒီလိုနေရာကို ရွေးရဲလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူကိုလည်း သူလည်း ဖော်ထုတ်မခံရဘူး။ ဝန်ထမ်းတွေက မနက် ၉ နာရီဆို အလုပ်စလုပ်ပြီး ညနေ ၅ နာရီဆို အလုပ်ဆင်းကြပြီ။ ပြီးတော့ သူတို့က ညအချိန်ပဲ လှုပ်ရှားတာလေ။ အထဲမှာ အစောင့် အယောက် ၂၀၊ ၃၀ လောက်ရှိတယ်။ အားလုံးက သူ့ကိုကူညီပေးနေတာ။ သူကိုယ်တိုင်လည်း ဖုန်းရွှေပညာရှင်။ သူက လူတွေကို မကြာခဏ ကူညီပေးတတ်ပြီး မြို့တော်မှာ ဂုဏ်သတင်းကောင်းတချို့ ရှိတယ်။ သူ့တည်နေရာနဲ့ အမျိုးမျိုးသော ဘဏ်ကတ်အထောက်အထားတွေကို စစ်ဆေးကြည့်လိုက်တော့ သူနဲ့ အဆက်အသွယ်ရှိတဲ့သူတွေအားလုံး ပုံမှန်ပဲ။ သူတော်စင်သားတော်ကို ရှာမတွေ့ခဲ့ဘူး။ ပြီးတော့ သူ့အဆက်အသွယ်တွေကို စစ်ဆေးကြည့်လိုက်တော့ အားလုံးကပုံမှန်ပဲ။ သူတို့ထဲက တစ်ယောက်ဆို အရွယ်ရောက်ရုံလောက်ပဲ။ Black card လည်း ရှိနေသေးတာ။ အရင်းအမြစ်ကို ရှာမတွေ့နိုင်ဘူး။ အဲ့ဒါက သူတော်စင်သားတော်ဖြစ်လောက်တယ်။ ခြေရာလက်ရာမကျန်ဘဲ သူတို့တွေက တကယ်လှုပ်ရှားသွားတာ”

တုကျုံးကွမ်းက အကြီးအကဲတစ်ဦးဖြစ်သည်။

လုံချီရှောင်က စကားပြော ခဏရပ်ပြီး ဆက်ပြောလိုက်လေ၏။ “တုကျုံးကွမ်းက အခုသေသွားပြီ။ သူ့မှာ မိန်းမမရှိသလို ကလေးလည်း မရှိဘူး။ သူ တစ်ခါအိမ်ထောင်ကျပြီး နောက်ဆုံးကွာရှင်းလိုက်တဲ့နဲ့ တူတယ်။ အထူးဌာနက နောက်ဆက်တွဲကို ဖြေရှင်းနေတယ်။ သဲလွန်စ ရှိမရှိသိရအောင် တခြားအချက်အလက်တွေကို ငါတို့ခြေရာခံနေတုန်းပဲ”

“နောက်ဆုံးတော့ ငါ နတ်မျက်စိနဲ့တွေ့ခဲ့တဲ့ သဲလွန်စက ဒီအတိုင်းပျောက်သွားပြီလား”

ယွင်ယွီက မျက်မှောင်ကြုတ်မိသွားလေ၏။

“တုကျုံးကွမ်းက အဲ့ဒီမြေအောက်ခန်းထဲမှာ သေသွားတာ။ အဲ့ဒီမှာ အစီအရင်ကြီးတစ်ခုရှိနေပြီး ဝိညာဉ်ချုပ်နှောင်ခြင်းအစီအရင်ပဲ။ ဝိညာဉ်ချုပ်နှောင်ခြင်းအစီအရင်က ပျက်သွားပြီ။ အခင်းအကျင်းက အဲ့ဒါကို ဖွင့်ဖို့ဆိုရင် ကျင့်ကြံမှုရှိတဲ့လူတစ်ယောက်ရဲ့ သွေးလိုအပ်တယ်။ လူ့ခန္ဓာကိုယ်ထဲက ကျင့်ကြံမှုနဲ့ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်တဲ့ ဆိုးယုတ်တဲ့ အစီအရင်တစ်ခုပဲ။ ဒါက တုကျုံးကွမ်း သေသွားတဲ့ပုံ။ သူမသေခင် ပြောသွားတာကို မေ့တော့မလို့။ သူ ဆက်ပြီးအသက်ရှင်နေမယ်ဆိုရင်တောင် သူ့ဆီက ဘာသတင်းအချက်အလက်မှ ထပ်ရတော့မှာမဟုတ်ဘူး။ သူတော်စင်သားတော်က ဒီဟာတွေနဲ့ ဘာလုပ်ချင်တာလဲတောင် သူမသိဘူး။ သူ သူတော်စင်သားတော်ကိုတောင် မမြင်ဖူးလောက်ဘူးထင်တယ်။ ဒါက ဂိုဏ်းတစ်ခုဖြစ်လောက်မယ်။ သူတော်စင်သားတော်က ဒီလူတွေကို ဘယ်လိုအရူးလုပ်ထားလဲတော့ မသိဘူး။ ဒါပေမဲ့ တစ်ခုရှိတာက သူတော်စင်သားတော်ရဲ့ ကျင့်ကြံမှုက အင်မတန် ကောင်းမွန်တာပဲဖြစ်ရမယ်”

ယွီရှောင်ရှောင်က စားပွဲကို ခေါက်လိုက်လျက် ပြောလိုက်၏။ “ဝိညာဉ်ချုပ်နှောင်ခြင်းအစီအရင်တွေဆိုတော့ အဲ့ဒီသူတော်စင်သားတော်က သရဲခြောက်တဲ့အိမ်ရဲ့ မြေအောက်ခန်းထဲမှာ သရဲတွေကို ချုပ်နှောင်ထားတဲ့သူ ဖြစ်လောက်တယ်။ သူက ဝိညာဉ်ချုပ်နှောင်ခြင်း အစီအရင်ကိုသုံးပြီး သရဲတွေကို ချုပ်ထားချင်ရတဲ့အကြောင်းအရင်းနဲ့ သရဲလေးကို ကျွေးမွေးနေတာကို သိပြီးပြီ။ ဒါပေမဲ့ သူက အခု ဒီအစီအရင်တွေကို စသုံးနေတယ်။ အဲ့ဒီလူ ဘာလုပ်ချင်နေတာလဲ။ ပြီးတော့ သူက ပိုပိုပြီး လူမဆန်ရာရောက်လာတာကို သတိပြုမိလား။ သရဲခြောက်တဲ့အိမ်ရဲ့ မြေအောက်ခန်းမှာတုန်းက သူက အရမ်းစက်ဆုံး ဝရမ်းပြေးတွေကို ရွေးချယ်ခဲ့တာ။ ရမ်းကားတဲ့လူအချို့က အထဲဝင်သွားပြီး ပိတ်မိနေပေမဲ့ အနည်းဆုံးတော့ တိုက်ဆိုင်တာတစ်ခုပဲ။ ဒါပေမဲ့ တစ်နှစ်ကြာပြီးတော့ သူက အစီအရင်ကို သန့်စင်ဖို့အတွက် အပြစ်ကင်းတဲ့လူတွေရဲ့အသက်ကို စသုံးလာတယ်”

168 02

လူတိုင်းက ခဏတာ တိတ်ဆိတ်သွားလေ၏။

ဒီသူတော်စင်သားတော်က မည်သူမှန်း သူတို့တကယ်မသိ၊ ဘာလုပ်ချင်နေမှန်းလည်း မသိပေ။

စုန့်ချင်းမင်က ရုတ်တရက်ပြောလိုက်၏။ “ငါတို့တွေ သရဲခြောက်တဲ့အိမ်ရဲ့ မြေအောက်ခန်းထဲ ဝင်သွားပြီး အဲ့ဒီသရဲလေးကို သတ်လိုက်တယ်လို့ ယူဆလိုက်ကြရအောင်။ သူက ရည်ရွယ်ချက်တချို့ကြောင့် သရဲလေးကို ပြုထောင်ဖို့ ဆုတ်ယုတ်တဲ့အရာတွေ လုပ်နေတာပဲဖြစ်ရမယ်။ ဒါပေမဲ့ ငါတို့က အဲ့ဒါကို ဖျက်ဆီးလိုက်တယ်။ ဒါကြောင့် သူက တခြားအစီအရင် စတည်ဆောက်တာ။ အကြောင်းပြချက် ရှိရမှာပဲ”

လုံဝမ့်ရင်းက ပြောလိုက်၏။ “ချင်းမင်ရဲ့ ခန့်မှန်းချက်က မှန်တယ်။ ဒီကိစ္စက သေချာပေါက် မပြီးသေးဘူး။ သူတော်စင်သားတော်က အရင်တုန်းက တစ်ယောက်တည်း လှုပ်ရှားတာဖြစ်ပေမဲ့ အခု သူဂိုဏ်းတစ်ခု ထောင်လိုက်တယ်။ ဒါဆို သူဘာလုပ်ချင်နေတာလဲ” လူတိုင်းက ခဏတာ တိတ်ဆိတ်သွားလေပြီး ယွင်ယွီက သက်ပြင်းချလိုက်တော့သည်။ “အခုသဲလွန်စက... လမ်းစပျောက်သွားပြီ။ သူ့ကိုစစ်မေးဖို့ တုကျုံးကွမ်းရဲ့ဝိညာဉ်ကို ဆင့်ခေါ်နိုင်မလား မသိဘူး။ ဒါပေမဲ့ သူ့ရဲ့ဝိညာဉ်လည်း မရှိလောက်တော့ဘူး”

သူမက အဓိပ္ပာယ်မရှိ ပြောလိုက်မိရုံသာဖြစ်သည်။ တုကျုံးကွမ်းက ကျင့်ကြံစဉ်ရှိထားသည်။ ထို့ကြောင့် သူတို့က သူ့ကိုယ်ပေါ်၌ မန္တာန်များအသုံးပြု၍ မရလောက်ပေ။ “လူတစ်ယောက်၏ မှတ်ဉာဏ်ကို စွဲထုတ်နိုင်သည့် ဂါထာတချို့ ရှိသော်ငြား ထိုလူက အသက်မရှင်နိုင်ပေ။ ထို့အပြင် သေရန်အလွန်နာကျင်သည့်နည်းလမ်း ဖြစ်နေလိမ့်မည်။ ဤကဲ့သို့ဂါထာမျိုးကို လူအများစုမသိလောက်ပေ။ တုကျုံးကွမ်း အသက်ရှင်လျက်ရှိနေသေးလျှင်တောင် ဤဂါထာကို အသုံးမပြုဖြစ်လောက်ပေ”

ဆိုရလျှင် တချို့သောအောက်ခြေစည်းမျဉ်းများက ချိုးဖျက်၍မရ။

လုံချီရှောင်က ပြောလိုက်လေ၏။ “အစီအရင်နှစ်ခုကို ဓာတ်ပုံရိုက်ထားပြီး ထပ်စစ်ဆေးလိုက်မယ်။ အစီအရင်အတွက်ကတော့ အထူးဌာနထဲက လူတွေက စဖြေရှင်းနေပြီ။ သူတို့ကို သေချာပေါက် ဖျက်ဆီးရမယ်”

တုကျုံးကွမ်း၏စက်ရုံကိုလည်း ပိတ်ချလိုက်သည်။ ဆိုရလျှင် လူများစွာက ထိုနေရာ၌ သေဆုံးသွား၏။

ကိစ္စရပ်များစွာ ရှိနေသေးသော်ငြား ယွင်ယွီနှင့်ပတ်သက်ပြီး ဘာမှလုပ်စရာမရှိပေ။ သူတော်စင်သားတော်အကြောင်း သဲလွန်စက ဖြတ်တောက်ခံလိုက်ရပြီ။ သူမကလည်း နတ်မျက်စိကို ခဏတာ အသုံးမပြုနိုင်သေးပေ။ သူမ နှစ်ဝက်ခန့်စောင့်ပြီးမှ သူတော်စင်သားတော်၏ အခြေအနေကို စစ်ဆေးရန် နတ်မျက်စိသုံးရပေလိမ့်မည်။ သို့သော်ငြား ယင်းကမအောင်မြင်တာလည်း ဖြစ်လောက်၏။

အနာဂတ်ကို ကြိုမြင်နိုင်ရန် နတ်မျက်စိအသုံးပြုဖို့ ကိုက်ညီသော အရာဝတ္ထုများ လိုအပ်သည်။ ဥပမာအနေဖြင့် ရှားရွှမ်းနှင့် ကောင်းရီတုတို့၏ အရေးကိစ္စကိုကြည့်နိုင်၏။ သူတို့၏ မွေးနေ့မွေးရက်နှင့် ဓာတ်ပုံကို ကြည့်ပြီးရှာတာဖြစ်သည်။ ထို့ကြောင့် နတ်မျက်စိကလည်း အလုံးစုံပြည့်စုံနေတာတော့ မဟုတ်ပေ။

လုံချီရှောင်က ထရပ်ပြီး ပြောလိုက်လေ၏။ “ညီမ ကောင်းကောင်း အနားယူလိုက်ဦး။ ချင်ယွီစွေကို စာပို့ထားတယ်။ သူတာဝန်ပြီးတာနဲ့ ဒီကိုရောက်လာလောက်တယ်”

ယွင်ယွီက မေးလိုက်လေ၏။ “သူ့ကိုဆက်သွယ်နိုင်တာလား”

“မရဘူး။ ပြင်ပလောကက သူ mission ထမ်းဆောင်နေတုန်း ဆက်သွယ်လို့ မရဘူး။ သူတို့ပဲ ပြင်ပလောကကို ဆက်သွယ်နိုင်တာ။ ဒါကြောင့် ခဏစောင့်ရမယ်။ Mission က ပြီးခါနီးပြီထင်တယ်။ အရင်ဆုံး ကောင်းကောင်းနားလိုက်ဦး” “နောက်ဆက်တွဲကို ဖြေရှင်းဖို့ စက်ရုံကိုသွားမယ်။ အားလုံးပြန်သွားပြီး ကောင်းကောင်းအနားယူသင့်ပြီ။ မင်းတို့အားလုံးလည်း ပြန်သွားပြီး ကောင်းကောင်းအနားယူသင့်ပြီ။ နှစ်ရက်လုံးလုံး အနားမရသေးဘူးလေ”

လုံချီရှောင် ထွက်သွားပြီးနောက် ရှောင်ရှောင်နှင့် ဝမ့်ရင်းက ယွင်ယွီကို အဖော်လုပ်ပေးရန် ဆေးရုံကုတင်တွင် နေရစ်ခဲ့သည်။ ကျန်သည့်လူများက အနားယူရန် အခန်းသို့ပြန်သွားပြီး မိန်းကလေးနှစ်ယောက်ဖြစ်သည့် ရှားရွှမ်နှင့် ကောင်ရီတုတို့ကို စားသောက်ပြီးအနားယူရန် ခေါ်သွားလေ၏။

ကလေးနှစ်ယောက်က ဆေးစစ်ပြီးသွားပြီဖြစ်သည်။ ညနေခင်း၌ မိန်းကလေးများ၏ ဆေးစစ်ချက် ထွက်လာ၏။ ဆေးက သူတို့ခန္ဓာကိုယ်ပေါ် သက်ရောက်မှု သိပ်မရှိပေ။ ဆရာဝန်က ကလေးနှစ်ယောက် သူတို့ခန္ဓာကိုယ်ထဲရှိ ကျန်ရှိသောဆေးဓာတ်များကို ထုတ်နိုင်ရန် ရေများများ သောက်ခိုင်းထား၏။

168 03

ယွင်ယွီက အားနည်းနေသေးသည်။ သူမက နတ်မျက်စိကိုသုံးထားပြီး ဝိညာဉ်ချုပ်နှောင်ခြင်းချည်ကြိုးကိုလည်း ဖျက်ဆီးထားရသဖြင့် သူမကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များစွာ ကုန်ဆုံးနေပြီဖြစ်သည်။ သူမ ပြန်လည်ကောင်းစွာ ပြန်လည်ကုသရန်လိုအပ်သည်။

သူမ၏ကျင့်ကြံမှုသည် မနက်တုန်းက အတော်လေး တိုးတက်လာသောကြောင့်လည်း ပါ၏။ မဟုတ်လျှင် သူမ၏ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ဖြင့် ဝိညာဉ်ချုပ်နှောင်ခြင်းချည်ကြိုးကို ဖြတ်နိုင်မှာမဟုတ်ပေ။

ညစာစားပြီးနောက် ယွင်ယွီသည် ရှောင်ရှောင်နှင့် ဝမ့်ရင်းကို ပြောလိုက်၏။ “နင်တို့လည်း ပြန်သွားပြီး နားသင့်ပြီ။ ငါအဆင်ပြေတယ်။ မနက်ဖြန် ဆေးရုံဆင်းမှာပဲ။ ရှားရွှမ်နဲ့ ရီတုကို မြို့ကိုခေါ်သွားလိုက်မယ်။ မနက်ဖြန်ကျ အပူရှောင်ဖို့အတွက် နင်တို့လည်း အပန်းဖြေစခန်း လိုက်ကစားလို့ရတယ်”

သူတို့နှစ်ယောက်သည် နှစ်ရက်လုံးလုံး ကောင်းကောင်း အနားမယူရသေးပေ။ ယွင်ယွီ တကယ်အဆင်ပြေနေတာကို မြင်တော့မှ သူတို့က အိပ်ရန်အတွက် သူတို့သည် အိပ်စက်အနားယူရန် ဟိုတယ်သို့ ပြန်သွားကြတော့သည်။

ယွင်ယွီက အိပ်ရာစောစောဝင်လေ၏။ သူမဝိညာဉ်စွမ်းအင်က နှစ်ရက်အတွင်း များစွာကုန်ခမ်းသွားခဲ့သည်။ ထို့ကြောင့် ညအချိန်၌ တစ်စုံတစ်ယောက်က တံခါးတွန်းဖွင့်လာတာကို သတိမပြုမိခဲ့ပေ။

ခေါင်းအုံးတွင် လဲနေသည့် ယွီချူးဓားက အနည်းငယ်လှုပ်ခတ်သွားပြီး ရင်းနှီးနေသော အငွေ့အသက်ကိုရသောအခါ ငြိမ်သက်သွားလေ၏။

ထိုလူက တံခါးကိုတွန်းဖွင့်ပြီး လူနာ... တံခါးကိုတွန်းဖွင့်ပြီး လူနာခန်းထဲ ဝင်လာသည့်လူက အရပ်မြင့်၏။ သူက မီးမဖွင့်ခဲ့ပေ။ အမှောင်ထုနှင့် အသားကျသွားပြီးနောက် သူက ကုတင်သို့လျှောက်လာကာ ခုံတန်းပေါ်တွင်ထိုင်လိုက်၏။ အမှောင်ထုထဲတွင် သူက ယွင်ယွီ၏လက်ကို စောင်အပြင်ကနေ လှမ်းကိုင်လိုက်ပြီး အနားကပ်ကာ နူးညံ့သောနှုတ်ခမ်းကို နမ်းလိုက်၏။

ယွင်ယွီသည် သူမနှုတ်ခမ်းက ပြင်းထန်စွာ ကိုက်ဖဲ့ခံရသည်ကို ခံစားလိုက်ရ၏။ အနည်းငယ် တင်းကြပ်စွာ ခံစားလိုက်ရကာ ပါးစပ်အနည်းငယ် ဟလိုက်ချိန်တွင် နိုးတစ်ဝက် ဖြစ်လာတော့သည်။ ထိုလူက အခွင့်အကောင်းယူကာ... ထိုလူက အခွင့်အကောင်း ယူလေ၏။

သူ့ခွန်အားက တဖြည်းဖြည်းကြီးမားလာသည်။ ယွင်ယွီ၏အသက်ရှူနှုန်းကလည်း မြန်လာ၏။ သူမခန္ဓာကိုယ်ထဲ၌ ခွန်အားမကျန်တော့ပေ။ သူမက တွန်းမထုတ်နိုင်တော့ချေ။

ယွင်ယွီ နိုးထလာတာကို သတိပြုမိသောအခါ သူက လက်ကို အနည်းငယ်ခွာလိုက်ပြီး ပြီးနောက် သူမ၏ နူးညံ့သောမျက်နှာကို ထိလိုက်သည်။

ယွင်ယွီက သူ့လက်ကို ကိုင်ထားလျက် ပြောလိုက်လေ၏။ “မီးမဖွင့် ဘာမဖွင့်နဲ့။ ညသန်းခေါင်ကြီး ဘာလို့ပြန်လာတာလဲ”

ရင်းနှီးနေသောအငွေ့အသက်ကြောင့်သာ မဟုတ်လျှင် သူမတိုက်ခိုက်လောက်ပြီးဖြစ်မည်။

ချင်ယွီစွေက သူမ၏နူးညံ့ဖြူဖွေးသောပါးကို ပွတ်သပ်နေသေးကာ သူမမေးခွန်းကိုကြားသည့်အချိန်၌ ခေါင်းညိတ်လိုက်သည်။

ယွင်ယွီက လက်ဆန့်ထုတ်လျက် ကုတင်ဘေးရှိမီးကို ဖွင့်လိုက်သည်။ သူက အနက်ရောင်ဝတ်ထားပြီး ဒဏ်ရာမရ၊ ကြော့မော့ခန့်ညားနေသေးတာကို တွေ့လိုက်ရ၏။ သို့သော် အမူအရာက အတော်လေး အေးစက်နေသည်။ သူ သူမကိုမြင်သောအအခါ သူ့အမူအရာက အနည်းငယ် သိမ်မွေ့သွားလေ၏။ သူ ထထိုင်လိုက်ပြီးနောက် စောင်ပါးလေးထဲကနေ သူမလက်ကို ဆွဲထုတ်လိုက်ချိန် သူမလက်ပေါ်ရှိဒဏ်ရာကို တွေ့လိုက်ရသည်။

ယွင်ချူးဓားကြောင့် ဒဏ်ရာရထားတာကြောင်း လုံချီရှောင်ဆီမှ ကြားထား၏။ ချင်ယွီစွေက ခေါင်းရင်းဘေးရှိဓားကို တစ်ချက်ကြည့်လိုက်ချိန်တွင် ၎င်းက တုန်နေတာ တွေ့လိုက်ရ၏။

168 04

ယွင်ယွီက သူ့လက်ကိုကိုင်ထားကာ ပြောလိုက်တော့သည်။ “ကျွန်မ အဆင်ပြေတယ်။ အပေါ်ယံဒဏ်ရာလေးပဲ”

ဓားရာက တကယ်ပင် မနက်ရှိုင်းပေ။ ထိုစဉ်က တုကျုံးကွမ်းသည် သူမကိုသတ်ရန် ဓားကို သုံးဖို့မရည်ရွယ်ခဲ့ပေ။ သူ့ကိုယ်ပေါ်၌ သတ်ဖြတ်လိုစိတ်မရှိ။ ထို့ကြောင့် ကျောက်စိမ်းဓားက အသင့်မပြင်ထားမိတာပဲ ဖြစ်သည်။ တုကျုံးကွမ်းက သူမကို အနည်းငယ် သွေးထွက်စေချင်ရုံသာဖြစ်၏။ အစီအရင်က ဓားကို... သွေးကိုစုပ်ယူသွား၏။ ထို့ကြောင့် ဓားရာကမနက်ရှိုင်းပေ။ ယွင်ယွီက လဝက်ခန့် သူမကိုသူမ အားဖြည့်ရန် ဝိညာဉ်စွမ်းအင်သုံးလိုက်လျှင် ဒဏ်ရာအမာရွတ် ကျန်တော့မှာမဟုတ်ပေ။

ချင်ယွီစွေက ဘာမှမပြောပေ။ သူသည် အမာရွတ်များဖြင့်ပြည့်... အသမာများ တက်နေသည့်လက်ဖြင့် သူမလက်မောင်းကို ညင်သာစွာ ဖြည်းဖြည်းချင်း ပွတ်သပ်လိုက်၏။ ယွင်ယွီသည် သူ သူမကို... သူက သူ့ကိုယ်သူအပြစ်တင်နေတာကို ခံစားမိ၏။ သူမနှင့်လိုက်မလာနိုင်သည့်အတွက် သူ့ကိုယ်သူ အပြစ်တင်နေတာပဲဖြစ်မည်။ ယွင်ယွီက သူ့လက်ကို ကိုင်ထားကာ နှစ်ချက်ခန့် ခါလိုက်တော့သည်။ “ချင်ယွီစွေ၊ ကျွန်မ တကယ်အဆင်ပြေတယ်။ ဒီလောက်ထိ တိတ်မနေပါနဲ့”

ချင်ယွီစွေက သူမကို မော့ကြည့်လိုက်၏။ “ကိုယ် မင်းကို စိတ်ပူတယ်။ မင်း ဒဏ်ရာရထားတာ”

ဘိုးဘေးရှိနေသေးစဉ်က သူမ မောပန်းနွမ်းနယ်သည့်... မောပန်းနွမ်းနယ်၊ အားအင်ကုန်ခမ်းသွားသည့်မှတ်ဉာဏ်ကို သူဆီတွင် ရှိနေသေးသည်။ ထိုစဉ်က သူသည် သူမ တစ်စုံတစ်ခုဖြစ်မှာကို စိုးရိမ်ခဲ့မိ၏။ မည်သည့်အကြောင်းကြောင့်ရယ်မသိ သူမအပြင်ထွက်ချိန်၌ သူမတစ်စုံတစ်ခုဖြစ်တော့မှာကို အမြဲတစေစိုးရိမ်ပူပန်နေရ၏။ သူမ ယခင်က ပြဿနာတက်ခဲ့ဖူးသလိုမျိုးပင်။ အဘယ်ကြောင့် ထိုသို့ခံစားမိသည်မသိ။

“ဒါတိုက်ဆိုင်မှုရုံပဲ” ယွင်ယွီက ညင်သာစွာ ပြောလိုက်တော့သည်။

“နောက်တစ်ခါကျ ကျွန်မပိုဂရုစိုက်မယ်။ ကျွန်မရဲ့အလုပ်။ ရှင် mission ထမ်းဆောင်တဲ့အချိန်မှာလည်း ဘာဖြစ်မယ်မှန်း ကျွန်မ... ကျွန်မမှန်းဆနိုင်ဘူးလေ” ကိုယ်တတ်နိုင်တာက အကောင်းဆုံးကြိုးစားပြီး သတိထားဖို့ပဲတတ်နိုင်တယ်။

သူပြောလာမှာကို စိုးရိမ်သောကြောင့် ဖြစ်ဟန်တူသည်။ ယွင်ယွီက သူ့လက်ကိုကိုင်ထားပြီး ပြောလိုက်၏။ “ဒီရက်တွေ ရှင် ကောင်းကောင်းအနားမယူရသေးဘူး။ အရင်ရေချိုးလိုက်ဦး။ ပြီးရင် အိပ်ရာဝင်မယ်”

ဤနေရာသည် ဆေးရုံ၏ အထူးဧည့်သည်တော်အခန်း... VIP ခန်းဖြစ်သောကြောင့် ပြည့်စုံ၏။ ချင်ယွီစွေက သူမနှင့်မငြင်းနေတော့ဘဲ လက်လွှတ်ကာ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသွားလိုက်၏။ ကိုယ်လက်သန့်စင်ပြီးနောက် သူသည် သူမဘေးတွင် လာအိပ်သည်။

လူနာခန်းထဲရှိကုတင်က သေးသော်ငြား ချင်ယွီစွေသည် ထိုနေရာ၌... လူနာခန်းထဲ၌ ကုတင်လေးရှိသော်ငြား ချင်ယွီစွေက ထိုနေရာ၌ မအိပ်ချင်ပေ။ သူက ယွင်ယွီနှင့်တစ်အိပ်ရာတည်း တိုးဝှေ့အိပ်ကာ သူမကိုဖက်ထားလေ၏။ ကုတင်သည် သာမန်အခန်း၏အိပ်ရာထက် ပိုကြီး၏။ သို့သော်ငြား လူနှစ်ယောက်အတွက် အဆင်မပြေ။ ယွင်ယွီက သူ၏လက်မောင်းထဲ ဝင်အိပ်နေတာပဲဖြစ်သည်။

******

All Chapters