အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
အပိုင်း 169
ယွင်ယွီသည် ကုတင်ပေါ်၌ တစ်ရက်နှင့်တစ်ည လဲလျောင်းနေခဲ့၏။ ယခုသူမနိုးလာချိန်တွင် မအိပ်နိုင်တော့ပေ။ သူမက ချင်ယွီစွေ၏လက်မောင်းပေါ်မှီနေလျက် မေးလိုက်တော့သည်။ “ဒီ mission မှာ အားလုံးအဆင်ပြေရဲ့လား”
“အားလုံးဘေးကင်းကင်းနဲ့ ပြန်လာတာ”
ချင်ယွီစွေက သူမ၏ကျောကိုပွတ်သပ်လျက် နဖူးကိုနမ်းလိုက်၏။ “ယွင်ယွီ၊ မင်းနောင်အနာဂတ်မှာတော့ ပိုဂရုစိုက်ရမယ်နော်”
သူ ညင်သာစွာ သက်ပြင်းချလိုက်မိသည်။ တချို့အကြောင်းအရင်းကြောင့် ဤသူတော်စင်သားတော်သည် ပြဿနာကြီး သယ်ဆောင်လာလောက်သည်ဟု နိမိတ်မကောင်းသလို အမြဲတစေခံစားနေရ၏။
ယွင်ယွီ၌ ခွန်အားမရှိသေးပေ။ သူမက လက်မြှောက်လျက် သူ့ရင်ခွင်ထဲကပ်လိုက်၏။ သူက ရေချိုးပြီးခါစဖြစ်သောကြောင့် ရေချိုးဆပ်ပြာနံ့က ထွက်နေသည်။ သူ့ကိုယ်အပေါ်ပိုင်းက ဗလာကျင်းနေလျက် ရင်ဘတ်က အနည်းငယ်မာကျောနေသည်။ သူမက ကပ်မှီထားလျက် နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။ “ကျွန်မ သိပါတယ်” သူမသည်လည်း ကိုယ့်အသက်ကိုတန်ဖိုးထားပြီး နောင်ကျပိုဂရုစိုက်မှာကျိန်းသေ၏။
သို့သော် ဤကိစ္စက မပြီးသေးမှန်း သိနေလေ၏။ သူတော်စင်သားတော် အဖမ်းခံရမှာဖြစ်မည်။
ထိုသို့ပြောပြီးနောက် ယွင်ယွီက သူ့ကို နမ်းလိုက်ပြန်၏။ သူမက သူ့ကို ရက်ပေါင်းများစွာ မတွေ့ခဲ့ရသဖြင့် လွမ်းဆွတ်နေခဲ့သည်။
သူ့၏အနမ်းက တဖြည်းဖြည်းတင်းကျပ်လာပြီး သူမခါးကို ကာကွယ်ပေးထားကာ သူ့ကို နမ်းခွင့်ပေးလိုက်၏။
ယွင်ယွီက စိတ်မကျေမနပ်ဖြစ်လာပြီး သူမ၏လျှာဖြင့် ရပ်တန့်ရပ်တန့်လိုက်တော့သည်။
သူမက သူ့ကိုယ်ပေါ် ကပ်မှီထား၏။ သူက ခန္ဓာကိုယ်ကောင်းမွန်ကာ ခါး၌အဆီမရှိ... ခါးနှင့်ဝမ်းဗိုက်တွင်အဆီမရှိပေ။ Pack ၈ ခုတောင်ရှိနေသေး၏။
“လိမ်လိမ်မာမာနဲ့ ပြဿနာမရှာနဲ့” ချင်ယွီစွေက သူမလက်ကိုကိုင်ထားပြီး အသံက တိုးလျနေလေ၏။
ယွင်ယွီက သူ့ကိုနမ်းလိုက်သည်။ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ဖက်တွယ်ပြီး နောက်ဆုံး၌ အိပ်ပျော်သွားလေ၏။
နောက်တစ်နေ့တွင် ချင်ယွီစွေက သူနာပြုက သူမကို စစ်ဆေးရန်မလာခင် နိုးလာလေ၏။ သူက သူမကိုလက်သန့်စင်ရန် ရေနွေးနွေးလေးသယ်လာပေး၏။ သူနာပြုက သူမကို စစ်ဆေးပြီးချိန်၌ သူက မနက်စာဝယ်ရန် ဆေးရုံ canteen သို့သွားလိုက်သည်။ သူတို့မနက်စာစားပြီးနောက် ဆရာဝန်က ယွင်ယွီကိုထပ်စစ်ဆေးပေး၏။ သူမအဆင်ပြေသော်ငြား အားနည်းနေသေးသည်။ အိမ်ပြန်ရောက်သည့်အခါ အာဟာရဖြည့်ရန် ပြောလေ၏။
ပြီးတော့မှ သူမသည် ဆေးရုံမှ ဆင်းခွင့်ရတော့၏။
ဆေးရုံဆင်းသည့်လုပ်ငန်းဆောင်တာများ ဆောင်ရွက်ပြီးနောက် သူတို့နှစ်ယောက်သည် လုံချီရှောင်တို့ကို သွားတွေ့ကာ သူတော်စင်သားတော်၏အခြေအနေကို ဆွေးနွေးခဲ့သော်ငြား စိတ်ရှုပ်ထွေးနေရသေးသည်။ နောက်ဆုံး၌ လုံချီရှောင်သည် ဤကိစ္စကို အထူးဌာနအား ဆက်လက်စုံစမ်းစစ်ဆေးခိုင်းထားမည် ဖြစ်ကြောင်းနှင့် မြို့တော်ထဲရှိဂိုဏ်းများကလည်း စောင့်ကြည့်ရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောခဲ့လေ၏။
နေ့လယ်စာစားရန် စုစည်းကြပြီးနောက် မွန်းတည့်ချိန်၌ ဟယ်ချင်းကျေးရွာသို့ ပြန်လာခဲ့သည်။
ရှားရွှမ်းနှင့် ကောင်းရီတုတို့. ကလေးနှစ်ယောက်ကိုလည်း သူတို့နှင့်အတူ ခေါ်လာ၏။
ဟယ်ချင်းကျေးရွာသို့ သွားသူများက ယခုအခေါက်တွင် စုန့်ချင်းမင်၊ ယွင်ရှောင်ရှောင်နှင့် ချန်ဝမ်ရုတို့ဖြစ်သည်။ လူ့ရန်က ဂိုဏ်းသို့ပြန်သွားပြီး လုံချီချန်းနှင့် လုံဝမ့်ရင်းတို့ကလည်း အထူးဌာနနှင့်လိုက်ပါသွား၏။ ထိုဌာနက အလုပ်များနေသောကြောင့် သူတို့သည် လူတိုင်းနှင့်အတူ အားလပ်ရက်ယူရန် အချိန်မရှိပေ။
169 02
မြို့သို့ ကလေးနှစ်ယောက်နှင့် ပြန်ရောက်ချိန်တွင် ည ၆ နာရီ ၇ နာရီခန့် ညစာစားချိန် ပြန်ရောက်လာတာပဲဖြစ်သည်။
မြို့ထဲရှိ မိုးမခပန်းများကလည်း ပွင့်လန်းပွင့်နေပြီဖြစ်သည်။ မိုမြို့ထဲရှိ ပန်းနွယ်ပန်းတို့ကလည်း အပြည့်အဝပွင့်နေပြီဖြစ်သည်။ ပန်းပွင့်ချိန်ကာလက ဧပြီလနှင့် မေလဖြစ်သော်ငြား ယခုဩဂုတ်လ ရောက်နေပြီဖြစ်သည့်တိုင် ပွင့်နေသေးဆဲဖြစ်သည်။ ယင်းက အနည်းငယ်မူမမှန်သော်ငြား ခရီးသွားများကို မတားနိုင်ခဲ့ပေ။
ထိုပန်းနွယ်ပင်က ပွင့်လန်းနေသည့်အချိန်တွင် မြို့၏စီးပွားရေးက တိုးတက်လာ၏။ ထို့ကြောင့်မို့ ခရီးသွားများစွာ လာရောက်လည်ပတ်ပြီး ရာသီဥတုက အင်တာနက်နာမည်ကြီးသစ်ပင်လည်း ဖြစ်လာတော့သည်။
ထိုစဉ် ခရီးသွားများက သစ်ပင်အောက်၌ ဓာတ်ပုံရိုက်ယူကြ၏။ သူတို့က သစ်ပင်အောက်၌ စစ်တုရင်... ကျားကစား... ကျားထိုးနေကြသည့် သက်ကြီးရွယ်အိုများလည်း တွေ့ရသည်။
သစ်ပင်အောက်၌ ကလေးများစွာ ပြေးလွှားနေကြသည်။ မြို့ထဲရှိ ကလေးလူကုန်ကူးသည့်ဖြစ်ရပ်ကြောင့် ကလေးငယ်လေးများ ထွက်ဆော့တာ နည်းသွားသည်။ ထွက်ဆော့လျှင်တော့ လူကြီးများက နောက်မှာလိုက်လာ၏။ ယွင်ယွီသည် ကလေးနှစ်ယောက်ကို မြို့သို့ပြန်ခေါ်လာချိန်တွင် တစ်စုံတစ်ယောက်က သူတို့ကို မှတ်မိသွားတော့သည်။
“အိုး။ ရှားရွှမ်းနဲ့ ရီတု... ကလေးနှစ်ယောက်မဟုတ်လား”
“တကယ်သူတို့လား။ ဘုရားရေ။ ကလေးကိုရှာတွေ့သွားတာလား။ ဟယ်ချင်းကျေးရွာက ဆရာသခင်ယွင်လား။ ရှားမိသားစုက ကောကြားက ပြောတယ်။ သူတို့ဆရာသခင်ယွင်ကို အကူအညီ တောင်းထားတယ်တဲ့။ ကလေးကို တကယ်ရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး”
“ဆရာယွင်က သူတို့ကို ကူရှာပေးတာ။ မနေ့တုန်းက မိသားစုနှစ်စုလုံးကို ဆက်သွယ်ပေးပြီး ဒီနေ့ကလေးလာပို့မယ်လို့ ပြောတာကြားတယ်”
“ဆရာယွင်က တကယ် အရည်အချင်းရှိတာပဲ”
သစ်ပင်အောက်၌ ရွာသူရွာသားများ စုဝေးနေကြ၏။
ရှားမိဘနှင့် ကောအဘိုးအဘွားများက မြို့ဝင်ပေါက်၌ စောင့်နေကြသည်။ သူတို့က ကလေးများ ပြန်လာတာကိုမြင်သောအခါ မျက်ရည်အဝဲသားဖြင့် ကလေးများကို သွားခေါ်လေ၏။ ကလေးက မိဘကိုတွေ့သောအခါ ကျယ်လောင်စွာငိုယိုပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာတော့သည်။
လူတိုင်းက ရင်ထဲထိသွားကာ ယွင်ယွီကို ကျေးဇူးတင်စကားပြောတော့သည်။
ကလေးမိဘများကလည်း တုံ့ပြန်ပြီး ကလေးကိုခေါ်ကာ ယွင်ယွီကို ကျေးဇူးတင်စကားပြောပြီး ဒူးထောက်ကန်တော့တော့သည်။
ချင်ယွီစွေက ယွင်ယွီကို နောက်၌ ကာထားပြီး မိဘများကို ထူလိုက်၏။ “ဒီလိုလုပ်ဖို့ မလိုဘူး”
ယွင်ယွီက အမြန်ပြောလိုက်၏။ “ဟုတ်တယ်။ ဟုတ်တယ်။ ကျွန်မကို ဒူးထောက်နေတာ ရပ်လိုက်ပါတော့”
သူတို့ကျေးဇူးတင်ရှိကြောင်း ဖော်ပြပြီးနောက် မိသားစုနှစ်စုက သူတို့ကြိုတင်ပြင်ဆင်ထားသည့် စာအိတ်လေးနှစ်အိတ်ကို ထုတ်လာကာ ယွင်ယွီအား ပေးလိုက်၏။
ယွင်ယွီက ယူပြီးပြောလိုက်တော့သည်။ “ကလေးကိုရှာတွေ့ပြီး နောင်ကျ ကောင်းကောင်းဂရုစိုက်ဖို့ မှတ်ထားပါ။ လူတွေရဲ့စိတ်က မှန်းဆလို့မရဘူး။ နောင်ကျ တစ်ခုခု အကူအညီလိုအပ်တာရှိရင် လဝက်အတွင်း ပြန်လာလို့ရတယ်။ လတစ်လော ကျွန်မ ကူညီလို့ မရသေးဘူး”
လူတိုင်းသည် သူမ၏နှုတ်ခမ်း ဖြူဖျော့နေတာကို မြင်လိုက်ရ၏။ ယခုအခေါက်တွင် ကလေးများကိုရှာရန် များစွာအားစိုက်ထုတ်ထားတာဖြစ်ရမည်မှန်း သူတို့သိလိုက်ပြီ။
ထို့ကြောင့် လူတိုင်းသည် နားလည်ကြောင်းသဘောပေါက်ပြီး သူမကို မနှောင့်ယှက်တော့ပေ။ သို့မှသာ သူမ ကောင်းကောင်း အနားယူနိုင်မှာ ဖြစ်သည်။
မြို့နယ် လူတို့ကို ပြောပြပြီးနောက် ယွင်ယွီသည် သူမလက်ထဲရှိ စာအိတ်နှစ်အိတ်ကို ချင်ယွီစွေအားပေးပြီး ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်တော့သည်။ “အချိန်ရှိရင် ကျွန်မအတွက် တစ်ဝက်လှူပေးပါဦး”
169 03
သူမသည် စည်းမျဉ်းဟောင်းကို လိုက်နာနေသေး၏။ အခြားသူများကို ကူညီရာမှရသည့် ပိုက်ဆံတစ်ဝက်ကို လှူဒါန်းသည်။
ဤဘဝ၌ ပြစ်ချက်သုံးပါးနှင့် ချို့ယွင်းချက်ငါးပါးက မပြင်းထန်သော်ငြား... သူမက ပိုက်ဆံသိမ်းထား၍ မရတာပဲဖြစ်သည်။
ဟယ်ချင်းကျေးရွာသို့ ပြန်လာပြီးနောက် ယွင်ယွီသည် စုန့်ချင်းမင်နှင့် ကျန်သည့်သူများကို မနှုတ်ဆက်ခဲ့ပေ။
သူတို့သည် ဤနေရာနှင့်ရင်းနှီးပြီးသားဖြစ်ကာ အပန်းဖြေစခန်း၌ သူတို့ဘာသာနေနိုင်၏။ သူတို့၌ပိုက်ဆံရှိပြီး နေထိုင်ရန် ကုန်ကျစရိတ်ကို စိုးရိမ်ပူပန်စရာ မရှိပေ။ ထို့အပြင် ယွင်ယွီက သူတို့ကို VIP ကတ်များပေးထားပြီး သူတို့က အစားအသောက်၊ အဝတ်အစား၊ နေထိုင်စရိတ်ကို တစ်ဝက်ဖြင့်ရနိုင်၏။ သူတို့သည် ယွင်ယွီ အနားယူရန် လိုအပ်မှန်းလည်း သိနေသောကြောင့် သူမကို မနှောင့်ယှက်ကြတော့ချေ။
ယွင်ယွီနှင့် ချင်ယွီစွေက အိမ်သို့ ပြန်လာပြီး အဖွားယွင်နှင့်ကျန်သည့် သူများစီ အရင်သွားလိုက်သည်။ အဖွားယွင်နှင့်အမေယွင်က ညစာချက်နေတာ ဖြစ်၏။ သူတို့က သူမပြန်လာတာကို မြင်သောအခါ စိတ်အေးသွားလေသည်။ သို့သော် သူမ၏ဖြူဖျော့နေသော မျက်နှာကို မြင်သောအခါ သူတို့ရင်နာမိလေသည်။
ယွင်ယွီသည် သူမမိသားစုအား အမှန်တရားကို မပြောရဲချေ။ လမ်း၌ရာဇဝတ်သားကို ခြေရာခံထားခဲ့ပြီး ရက်ပေါင်းများစွာကြာ ကောင်းကောင်း အနားမယူခဲ့ရကြောင်းသာ ပြောထားလေ၏။
“ဒီကလေးကတော့လေ”
အဘွားယွင်က စိတ်ဓာတ်ကျကာ ပြောလိုက်လေ၏။ “သမီးနဲ့ရှောင်ချင် ကောင်းကောင်း အနားယူလိုက်၊ ပြီးမှ ညစာစားဖို့ ပြန်လာခဲ့ ကြက်စွတ်ပြုပ်လေး ချက်ပေးမယ်”
သူမမြေးလေးကလူကယ်ရန်သွားသောကြောင့် ဘာမှမပြောနိုင်တော့ပေ။ သို့သော် သူမ အသက်၂ချောင်းကယ်တင်နိုင်သည်ကလည်း လွန်စွာကြီးသော ကောင်းမှုကုသိုလ် ပြုခြင်းပဲ ဖြစ်သည်။
ယွင်ယွီနှင့်ချင်ယွီစွေက အနားယူရန် ပြန်သွားလေ၏။ ပြန်ရောက်လာချိန်တွင် မူမူက အိမ်တွင်မရှိပေ။ အန်တီကျောင်းနှင့် မူမူတို့က ဗိုလ်ချုပ်လုံနှင့်ရှိနေ၏။
ချင်ယွီစွေက ပြောလိုက်တော့သည်။ “မင်း ခဏနားအိပ်လိုက်ဦး။ ကိုယ်သွားပြီး မူမူကို ခေါ်လာခဲ့မယ်”
ယွင်ယွီက ခေါင်းညိတ်လျက် ချင်ယွီစွေသူ့သားကို သွားခေါ်လာမှာကို စောင့်နေလေ၏။ ယွင်ယွီက ဝိညာဉ်စမ်းရေသောက်ပြီး အိပ်ပျော်သွားတော့သည်။
မောပန်းနွမ်းနယ်မှု၏ ပြင်းထန်သော ဘေးထွက်ဆိုးကျိုး မရှိပေ။ ကောင်းကောင်းဂရုစိုက်ပြီး ကောင်းကောင်းပိုစား၊ ကြောင်းကောင်းအိပ်ပြီး စိတ်ဝိညာဉ်ကို ကောင်းကောင်းအနားပေးရန်သာ လိုအပ်၏။
သူမက ည ၁၀ နာရီအထိ အိပ်လိုက်သည်။ နိုးလာချိန်၌ သူမက အဝတ်ဖိနပ်ကိုစီးပြီး အောက်ထပ်ဆင်းလိုက်ရာ ချင်ယွီစွေက မူမူကို ပွေ့ချီထားလျက် ဆော့ကစားနေတာ တွေ့လိုက်ရသည်။ မူမူက ရေချိုးပြီးပြီဖြစ်သော်ငြား အလွန်အိပ်ငိုက်နေတာသိသာ၏။ သို့သော် သူ့ခေါင်းလေးက တစ်ငြိမ့်ငြိမ့်ဖြင့် အိပ်ရန်ငြင်းဆန်နေတော့သည်။ သူက ယွင်ယွီဆင်းလာတာကိုမြ င်သောအခါ ချင်ယွီစွေနှင့် ၇၀ ရာခိုင်နှုန်းခန့်ဆင်တူသော မျက်လုံးက ချက်ချင်းလင်းလက်လာတော့သည်။
ချင်ယွီစွေက မူမူကို ဖက်ထားပြီး ပြောလိုက်၏။ “မင်း ပြန်လာတာကြားပြီးတော့ သူအိပ်ရာမဝင်ဘူးလေ။ မင်းကိုတွေ့မယ်ပဲပြောနေတာ”
သို့သော် ချင်ယွီစွေသည် သူမအနားယူတာကို မနှောင့်ယှက်ချင်ပေ။ ထို့ကြောင့် သူ့သားလေးနှင့်အောက်ထပ်တွင် ကစားပေးနေတာပဲဖြစ်သည်။
မူမူက ယွင်ယွီဆီ လက်ဆန့်လာပြီး ယွင်ယွီ၏စိတ်နှလုံးက ပျော့ပြောင်းသွားလေ၏။ သူမက သူ့သားကို ချက်ချင်းပွေ့ဖက်ကာ ပါးကိုနှ စ်ချက်ခန့်နမ်းလိုက်၏။ “လိမ်မာတဲ့ကလေးမူမူ အိပ်ငိုက်နေပြီလား။ ချော့သိပ်မယ်”
မူမူသည် ယွင်ယွီ၏ကိုယ်ကို နှစ်ကြိမ်ခန့်တိုးဝှေ့ကာ သူ့အမေမိခင်ကို လွမ်းဆွတ်ကြောင်း ပြသနေ၏။
ပုံမှန်ဆို မူမူနှင့်ချင်ယွီစွေ၌ ဆင်တူသော အကျင့်စရိုက်ရှိပြီး နှစ်ယောက်လုံးက အလွန်တည်ငြိမ်၏။ သို့သော် ယခုအခေါက်တွင် ယွင်ယွီကို ရက်အနည်းငယ်ကြာ မတွေ့ရသောကြောင့် သူအနည်းငယ် စိတ်ပူပန်နေ၏။
169 04
ယွင်ယွီက မူမူကို နို့တိုက်ရန် အပေါ်ထပ်သို့တက်သွားပြီး ထိုကလေးက နို့သောက်နေစဉ် အိပ်ပျော်သွားလေ၏။ မူမူက တစ်နှစ်မပြည့်သေးပေ။ ယွင်ယွီက သူ့ကို နို့ဖြတ်ရာမှာ တွန့်ဆုတ်နေ၏။ ယင်းသည် သားသမီးနှစ်ယောက်၏ တိုက်ရိုက်အကျဆုံးဆက်နွယ်မှုဖြစ်သည်။ မိသားစုခင်တွယ်မှုကို ရည်ညွှန်းကာ မိခင်အပေါ်ကလေး၏ အားကိုးတွယ်တာမှုကိုလည်း ကိုယ်စားပြု၏။ ယွင်ယွီက ဤကဲ့သို့မိသားစုသံယောဇဉ်ကို တစ်ခါမှမတွေ့ကြုံခဲ့ဖူးပေ။ သူမ ယင်းကို အင်မတန်တန်ဖိုးထားလေ၏။
မူမူကို ပုခက်ထဲ ပွေ့ချီပေးပြီးနောက် ယွင်ယွီသည် အဝတ်အစားလဲပြီးနောက် ညစာစားရန် အောက်ထပ်ဆင်းလိုက်သည်။
အဘွားရယ်က သူမအတွက် သယ်လာပေးသည့် ကြက်စွပ်ပြုတ်က သိမ်းထားသည်။ အစားအသောက်က အရသာရှိပြီး အသားကနူးညံ့ကာ ဟင်းရည်ကလည်း လတ်ဆတ်နေ၏။ ယွင်ယွီက နှစ်ပန်းကန်သောက်ပြီးနောက် ခေါက်ဆွဲတစ်ပွဲစားကာ ကိုယ်တိုင်ပန်းကန် ဆေးလိုက်၏။
ဘာမှ လုပ်စရာမရှိတော့သောကြောင့် သူတို့အိပ်ရာစောစောဝင်လိုက်၏။
အိမ်သို့ပြန်ရောက်လာပြီးနောက် ယွင်ယွီသည် စိတ်အေးလက်အေး ဖြစ်သွားသည်။ သူမက ဟယ်ချင်းကျေးရွာကို နှစ်သက်ပြီး အထူးသဖြင့် ဤအိမ်နှင့် သူမကို ချစ်မြတ်နိုးသည့်မိသားစုက ရှိသည်။
ချင်ယွီစွေက သူမကို ဖက်ထားပြီး ပြင်းပြစွာ နမ်းလေလေရာ ယွင်ယွီက ခွန်အားမကျန်တော့ဘဲ နမ်းခွင့်သာ ပေးလိုက်၏။
နောက်ထပ်လဝက်တာအတွင်း ယွင်ယွီသည် ဘယ်မှမသွားဘဲ အိမ်၌ အနားယူရန် နေရစ်ခဲ့သည်။ စားသောက်၊အိပ်စက်၊လေ့ကျင့်သည်မှလွဲလျှင် သူမ မူမူနှင့်နေကာ မိသားစုသုံးယောက်က အလွန်နွေးထွေးနေတော့သည်။
မိသားစုဝင်သုံးယောက်က အင်မတန် နွေးထွေးနေတော့သည်။
သူသည် သူမကို ညတိုင်း အနိုင်ကျင့်တတ်လေ၏။ တကယ်တော့ အစ၌ ညတိုင်းအနိုင်ကျင့်တာ မဟုတ်ပေ။ ယခုအခေါက် ပြန်မလာခင်က သုံးလေးရက်တစ်ကြိမ်သာ အနိုင်ကျင့်တတ်၏။ ရာသီဥတုကပုံမှန်ဟု ထင်ခဲ့သော်ငြား ပြန်ရောက်လာပြီးနောက် ညတိုင်းဖြစ်လိမ့်မည်ဟု မထင်ထားပေ။
သူတို့က လင်မယားဖြစ်သောကြောင့် ယွင်ယွီသည် တစ်ခါမှမငြင်းဆန်ခဲ့ပေ။ အထူးသဖြင့် သူမ သူ့ကိုနှစ်သက်ပြီး သူမကို သူပွေ့ဖက်ထားကာ နမ်းရှိုက်ပုံ၊ သူ၏ နှုတ်ခမ်းမှာချွေးများ စီးကျလာပုံ၊ သူ၏မျက်ဝန်းထဲ၌ သူမပြည့်နေပုံကို သဘောကျ၏။ သူ့လှုပ်ရှားချိန်၌ ယွီအာဟု ခေါ်ပုံကိုလည်း သဘောကျကာ ပြုံးလိုက်ချိန်တွင် ပိုတောင် သဘောကျသည်။ သူက ပြုံးခဲ့၏။
ယွင်ယွီ အကြိုက်ဆုံးက သူ ခေါင်းငုံ့လျက် သူမကို နူးညံ့စွာကြည့်လိုက်ချိန်တွင်... သူမနှုတ်ခမ်းထောင့်များ အလိုလို ကွေးတက်သွားလေ၏။ သူမလည်း နှလုံးခုန်နှုန်း မြန်လေ၏။
++++++
170 01
အပိုင်း 170
လဝက်ခန့်အနားယူနေစဉ် အပန်းဖြေစခန်း၏ စိုက်ပျိုးမွေးမြူရေးနေရာက ဆက်လက်ချဲ့ထွင်ထားပြီးဖြစ်သည်။ စိုက်ပျိုးသည့်နေရာကို နောက်ထပ် ဧက ၃၀ ချဲ့ထွင်ထားပြီး ဟင်းသီးဟင်းရွက်များ ထပ်ပျိုးပေးနိုင်၏။ ဆောင်းရာသီ၌ အပန်းဖြေစခန်းသည် ဖန်လုံအိမ်လည်း တည်ဆောက်မှာပဲဖြစ်သည်။
မွေးမြူရေးတိရစ္ဆာန်များကိုမူ မွေးမြူရေးဧရိယာထဲတွင် ထပ်ထည့်ထားပြီး ကြက်၊ ဘဲ၊ ငန်း၊ ဝက်၊ သိုး၊ နွား၊ ယုန်တို့ဖြစ်သည်။ ယွင်ယွီက ပိုရှားပါးသည့်မျိုးစိတ်များထည့်ရန် မပြင်ဆင်ထားပေ။ ရေကန်က လုံလောက်နေပြီဖြစ်သည်။ ရေထွက်ငါးများ၊ မြစ်ပုစွန်များ၊ ခရုများအပါအဝင် ရေထွက်ပစ္စည်းများစွာလည်း ရှိနေပြီဖြစ်၏။ ထို့အပြင် ဂဏန်းတချို့မွေးရန် ဧက ၂၀ ကျယ်သည့်ကန်ကိုလည်း တည်ဆောက်ထားသည်။ နှစ်လအတွင်း ဂဏန်းများ စားနိုင်ပြီဖြစ်သည်။
တကယ်တော့ ထိုရေကန်အတုက အတော်လေးသေး၏။ ယွင်ယွီသည် အပန်းဖြေစခန်းက ပိုက်ဆံ စရှာလာနိုင်ပြီးနောက် ဟယ်ချင်းကျေးရွာထဲရှိ ဧက ၂၀၀၀ ကျော်ကျယ်ဝန်းသည့် ဟယ်ချင်းကန်ကို စာချုပ်ချုပ်ရန် ပြင်ဆင်ထားသည်။
ထိုအချိန်ကျ ဝိညာဉ်စွမ်းအင်ပေါင်းလိုက်လျှင် ဟယ်ချင်းကျေးရွာတစ်ခုလုံးက အမှန်တကယ်လှပသည့် တောတောင်မြစ်များရှိသည့်နေရာတစ်ခုဖြစ်လာလိမ့်မည်။
အပန်းဖြေစခန်းက စိုက်ပျိုးမွေးမြူရေးဧရိယာကို ချဲ့ထွင်ပြီးနောက် ရခင်ငှားရမ်းထားသော အလုပ်သမားများက သေချာပေါက် မလုံလောက်တော့ချေ။ ထို့ကြောင့် ယွင်ယွီက လူလေးယောက် ထပ်ငှားရလေ၏။
အားလုံးကို ချင်ယွီစွေ ဖြေရှင်းပေးသွားတာပဲဖြစ်သည်။ သူမက မျက်နှာဖတ်ပေးရုံသာရှိပြီး ထိုသို့ပြုလုပ်ရန် ရွာမှလူများကိုလည်း ဖိတ်ထား၏။
ဤနေရာရှိလစာက ယွမ် ၃၀၀၀ ဖြစ်ကာ အပြင်ရှိလစာထက် မလျော့ပေ။ အကျိုးခံစားခွင့်များစွာလည်း ရှိ၏။ ရွာသူရွာသားများက နေ့တိုင်း အလုပ်ချိန်ညှိနိုင်ပြီး ရွာသားများက ယွင်ယွီကို အလွန်ကျေးဇူးတင်နေကြသည်။
ချင်ယွီစွေက စိုက်ပျိုးမွေးမြူရေးဧရိယာချဲ့ထွင်ရန် ကူညီပေးပြီး ယွင်ယွီက မူမူကိုချီထားလျက် အပန်းဖြေစခန်းနှင့် သစ်သီးခြံထဲ၌ လှည့်ပတ်လျှောက်တတ်သည်။
သစ်သီးခြံထဲတွင် မက်မွန်သီးများ ရင့်မှည့်နေပြီး ထုတ်ကုန်များ ခူး၍ ရခါနီးပြီဖြစ်သည်။
ဤရက်များအတွင်း သူမက မက်မွန်သီး ခူးခိုင်းထားပြီးနောက် ဖန်ချင်းချန်နှင့် ဖုန်းကျီဆီ ပို့ခိုင်းထားသည်။
ယွင်ယွီက မက်မွန်သီးခူးရန် မကူညီခဲ့သော်ငြား မူမူနှင့်အတူ အိမ်မှကလေးတိရစ္ဆာန်လေးများကို ခေါ်လာလျက် လှည့်ပတ်ဆော့ကစားတတ်သည်။ ထို့အပြင် အနီး၌ ခရီးသွားများစွာရှိပြီး တချို့ကဆို သူမကို ငယ်ကျွမ်းမိကြ၏။ သူမက အင်မတန်လှပလွန်းပြီး ဆွဲဆောင်မှုရှိကာ အပန်းဖြေစခန်းထဲရှိ နုနယ်သောပန်းပွင့်များထက်တောင် ပိုရင်သပ်ရှုမောဖွယ်ကောင်းပေ၏။ တချို့ကဆို သူမကို ဓာတ်ပုံခိုးရိုက်ကြသည်။
ယွင်ယွီသည် ခရီးသွားတစ်ယောက်က သူမကိုဓာတ်ပုံရိုက်နေမှန်း သိသော်ငြား သူ့ကို ရှောင်ရန်မကြိုးစားခဲ့ပေ။ ထို့အစား ထိုလူကို ပြုံးပြလိုက်၏။
သူသည် အသက် ၂၀ ဝန်းကျင်ခန့်ရှိသော လူငယ်လေးတစ်ယောက်ဖြစ်ပြီး မျက်နှာကရှက်သွေးဖြာသွားကာ ဖုန်းကိုအမြန်သိမ်းလိုက်တော့သည်။
ထိုဗီဒီယိုထဲတွင် မက်မွန်ခြံကို နောက်ခံပြုထားလျက် မိန်းကလေး၏ဆွဲဆောင်မှုရှိသော အပြုံးက မက်မွန်ခြံရှေ့၌ ဖူးပွင့်လာ၏။ လှပလွန်းသဖြင့် လူတို့ကို ရင်တလှပ်လှပ်ဖြစ်စေသည်။
ထိုဗီဒီယိုကို လူငယ်က Weibo ပေါ်၌တင်လိုက်၏။ ၎င်းက လျင်မြန်စွာ ပေါက်ကြားခံရပြီး တစ်စုံတစ်ယောက်က ယွင်ယွီကို မှတ်မိသွားတော့သည်။
“ဒါက သိပ်မကြာသေးခင်တုန်းက နာမည်ကြီးသွားတဲ့ မိန်းမလှလေးမလား။ စာကလေးနဲ့တစ်ပုံရိုက်ထားတာလေ”
“ဓာတ်ပုံကနေ မပြတ်ပြတ်သားသား မပြောနိုင်ပေမဲ့ ဗီဒီယိုထဲကအပြုံးကတော့ တကယ်ကို စိတ်နှလုံးထဲထိ ရောက်တာပဲ။ ဒီလိုမိန်းမလှလေးကို တွေ့ဖို့ ဘယ်သူ့မှာ အခွင့်အရေးရလဲ သိချင်မိတယ်”
170 02
ထို့ကြောင့် ယွင်ယွီသည် ရူးသွပ်သောfan တချို့ရလာတော့သည်။ တစ်စုံတစ်ယောက်က အင်တာနက်ပေါ်၌ သူမ၏အချက်အလက်များစတင်ရှာဖွေလိုက်ရာ သူမနှင့်သက်ဆိုင်သည့် ဗီဒီယိုများ၊ ဓာတ်ပုံများအားလုံး ရှာတွေ့သွား၏။ သိတော့မှ ထိုမိန်းကလေးသည် ယခင်က အင်တာနက်ပေါ်တွင် ပေါ်လာဖူးကြောင်း သဘောပေါက်သွားတော့သည်။ ယွင်ယွီသည် ယခင်က လူများစွာကို ကူညီခဲ့ဖူး၏။ ထို့ကြောင့် သူမအခု ဓာတ်ပုံခိုးရိုက်ခံရပြီး ဗီဒီယိုရိုက်ခံရတာပုံမှန်ပဲ ဖြစ်သည်။ ယခု ထိုဗီဒီယိုနှင့်ဓာတ်ပုံများ တူးဆွခံလိုက်ရ၏။ ကံကောင်းသည်မှာ သူမ၏ကိုယ်ရေးအချက်အလက်များ ဖော်ထုတ်မခံရသေးပေ။
ယွင်ယွီ၏အချက်အလက်က ယခုဆို ယွင်ယွီ(ယခင်ဘဝ)နှင့် တစ်ထပ်တည်းတူနေပြီဖြစ်သည်။ ယွင်ယွီ၏ရုပ်ရည်သွင်ပြင်က ယွင်ယွီ(ယခင်ဘဝ)နှင့်တစ်ထပ်တည်းတူ၏။ သူမ ဤနေရာသို့ ပထမဆုံးလာစဉ်က ၇၀ ရာခိုင်နှုန်းသာ ဆင်တူခဲ့သည်။ ယခုသူမသည် ဝေ့မင်းဆင်၏မင်းသမီး ယွင်ယွီနှင့် ကွဲပြားခြားနားမှုမရှိ၊ လှပသောမျက်နှာ၊ ကြည်လင်သောမျက်ဝန်း၊ ခရင်မ်ကဲ့သို့ အသားအရေ၊ သူမ၏မိသားစုနှင့် မကြာခဏ နေလာပြီးနောက် ကွဲပြားခြားနားမှုကို မမြင်ရတော့ပေ။
ထို့အပြင် သူမ၏သွင်ပြင်များစွာ ပြောင်းလဲသွားခြင်း မရှိပေ။ သူမသည် မိန်းမလှလေးတစ်ယောက်အဖြစ်ကနေ... ရင်သပ်ရှုမောဖွယ်အလှလေး ဖြစ်သွားတော့သည်။
ယွင်ယွီ၏သွင်ပြင်က အင်တာနက်ပေါ်၌ နာမည်ကြီးလာ၏။ လူများစွာက သူမ၏စာကို ပို့ပေးကြသော်ငြား တချို့ကမူ စတင်ကြိမ်းမောင်းပြီး သူမခွဲစိတ်ထားတာဖြစ်ရမည်ဟု ပြောကြသည်။
သို့သော် သူမအလှတရားကို သဘောကျသည့် ပရိသတ်များစွာ ရှိနေသေး၏။ ယခုဆို အလှတရားကိုသာ ကြည့်ရှုပြီး အထောက်အထားကို လျစ်လျူရှုထားသည့်ပရိသတ်များ ရှိနေပြီဖြစ်သည်။
ချင်နန်ချီက ချင်အဆောက်အအုံထဲသို့.. မျက်နှာသေဖြင့် ဝင်သွားလိုက်၏။ လက်တလော၌ ကိစ္စရပ်များ မှားယွင်းနေသောကြောင့် သူ စိတ်အခြေအနေ မကောင်းတော့ပေ။
အလုပ်ဆင်းခါနီးအချိန်ဖြစ်ကာ ကုမ္ပဏီဝန်ထမ်းများက ယခုအချိန်ကျမှ သခင်လေးချင်ကုမ္ပဏီသို့ လာလိမ့်မည်ဟု မထင်ထားပေ။ အလုပ်ဆင်းခါနီး အချိန်ဖြစ်သောကြောင့် လူအများ ပြည့်ကြပ်နေတတ်၏။
မိန်းကလေးနှစ်ယောက်သည် သန့်စင်ခန်းထဲမှထွက်လာကာ ဖုန်းကိုင်ထားပြီး ဗီဒီယိုတချို့ ကြည့်နေလေ၏။ တစ်ယောက်က စွဲလန်းစွာ ပြောလိုက်တော့သည်။ “သူဒီ လောက်လှတာ ဖျော်ဖြေရေးလောကထဲဝင်မယ်ဆိုရင် သေချာပေါက် နာမည်ကြီးဖြစ်လာမှာပဲ။ သူ ဖျော်ဖြေရေးလောကထဲ ဝင်မှပိုတကယ်မျှော်လင့်တယ်။ ဒါမှ ငါကြည့်စရာဓာတ်ပုံနဲ့ ဗီဒီယိုတွေ အများကြီးရမှာ။ အခု ဓာတ်ပုံနည်းနည်းနဲ့ ဗီဒီယိုလေးပဲရှိတယ်။ မလုံလောက်ဘူး”
နောက်ထပ်မိန်းကလေးနှစ်ယောက်က ရယ်မောလေလျက် ပြောလိုက်တော့သည်။ “ငါတို့နှစ်ယောက်လုံး မိန်းကလေးတွေပဲ။ သူက လှပေမဲ့ ယောက်ျားလေးတွေကိုပဲ ဆွဲဆောင်သင့်တာ မဟုတ်လား။ ဘယ်လိုလို့နေလို့ မိန်းကလေးက ဆွဲဆောင်ခံရတာလဲ”
ဖုန်းကိုင်ထားသည့်မိန်းကလေးက သက်ပြင်းချလိုက်၏။ “နင်နားမလည်ပါဘူး။ လိင်အမျိုးအစားကို လျစ်လျူရှုနိုင်လောက်တဲ့အထိ လှတဲ့လူတချို့ရှိတယ်။ အမျိုးသမီးတွေက သူတို့ကို မနာလိုတောင် မဖြစ်နိုင်တော့ဘူး။ သွင်ပြင်ကို စွဲလမ်းနေရုံပဲ”
မိန်းကလေးနှစ်ယောက်က ရယ်မောစနောက်နေကာ အပြင်ကနေအထဲသို့ ဝင်လာသည့်ဥက္ကဋ္ဌကို သတိမပြုမိပေ။
ထိုစဉ် နားထဲ တင်းမာခက်ထန်သောအသံတစ်သံ ရောက်လာ၏။ “ဘာလုပ်နေကြတာလဲ။ အလုပ်ပြန်သွား” ယင်းက lobby manager ၏ အသံပဲဖြစ်သည်။
သခင်လေးချင် ယခုအချိန်ရောက်လာလိမ့်မည်ဟု မည်သူက သိမည်နည်း။ ကြိုတင်ပြင်ဆင်ထားမှု မရှိပေ။ ဝန်ထမ်းများက ရယ်မောနေသေး၏။
မိန်းကလေးများ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ဝင်လာသူကို မြင်သောအခါ ကြောက်လန့်မှုကြောင့် မျက်နှာဖြူဖျော့သွား၏။ နှစ်ယောက်က ဖုန်းကိုင်ထားသည့် မိန်းကလေးက လက်တုန်သွားကာ မြေပြင်ပေါ် ဖုန်းပြုတ်ကျသွားတော့သည်။
သူမက မျက်ရည်ကျလုနီးပါး ထိတ်လန့်သွားတော့သည်။ လူတိုင်းက ချင်ကော်ပိုရေးရှင်း၏ ဥက္ကဌမှာ အေးစက်ကြောင်း သိ၏။ သူက ခန့်ညားသော်ငြား ကုမ္ပဏီထဲတွင် သူ့ကို သဘောကျရဲသည့် မိန်းကလေး မရှိပေ။ ဖုန်းဖန်သားပြင်က ဖွင့်နေသေးဆဲ ဖြစ်ကာ ချင်နန်ချီ၏ ခြေထောက်အောက် ပြုတ်ကျသွား၏။ သူ ခေါင်းမော့ကြည့် လိုက်မိသည်။ သို့သော် တစ်ချက်ကြည့်ရုံဖြင့် သူ၏ အေးစက်သော အမူအရာက တောင့်တင်း သွားကာ လက်ချောင်းများ တုန်ယင်လာပြီး မြင်လိုက်ရသည့် အရာကို မယုံနိုင် ဖြစ်နေတော့သည်။
170 03
မိန်းကလေးနှစ်ယောက်က ကြောက်လန့်နေကြပြီး ခေါင်းမဖော်ရဲတော့ချေ။ မန်နေဂျာကလည်း ရောက်လာ၏။ သူကလည်း ချွေးပြန်နေတော့သည်။
“ဘာလို့ အလုပ် ပြန်မသွားသေးတာလဲ”
မိန်းကလေးနှစ်ယောက်က ဧည့်ကြိုများ ဖြစ်၏။ ဖုန်းကျသည့် မိန်းကလေးက ကောက်ယူရန် ပြင်ဆင်သော်ငြား ဘော့စ်၏ တုန်ယင်နေသော အသံကို ကြားလိုက်ရ၏။
“နေဦး”
မိန်းကလေးက ခေါင်းမော့ကြည့်လိုက်မိချိန်တွင် ခါတိုင်း သူတို့မျက်နှာ သူတို့ဘော့စ်၏ အေးစက်နေသော အမူအရာနှင့် ကွဲပြားခြားနားသည့် ပုံစံကို တွေ့လိုက်ရ၏။ ကြည်နူးပျော်ရွှင်မှု၊ မယုံကြည်မှုတို့ ပြည့်နှက်နေပုံ ပေါ်သည်။
ချင်နန်ချီက မြေပြင်ပေါ်ရှိ ဖုန်းကို ကောက်ယူပြီးနောက် ဓာတ်လှေကားသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။ သူ့နောက်မှ လူကလည်း အမြန်လိုက်သွား၏။
ချင်နန်ချီက ဓာတ်လှေကားထဲ ဝင်သွားပြီး တံခါးပိတ်သွားချိန်တွင် မိန်းကလေးနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်မိပြီး စီအီးအိုက သူတို့၏ ဖုန်းကို ကောက်ယူသွားရသည့် အကြောင်းအရင်းကို နားမလည်နိုင် ဖြစ်နေသည်။
ချင်နန်ချီက သူ၏ဖုန်းကို ကိုင်ထားလျက် အပေါ်ထပ်သို့ တက်သွား၏။ သူ၏ တည်ငြိမ်နေသော စိတ်က ရှုပ်ထွေးနေပြီ ဖြစ်သည်။ သူ ဖုန်းပေါ်၌ တစ်စုံတစ်ယောက်ကို မြင်လိုက်ရတာ မယုံနိုင်ပေ။
ရုံးခန်းသို့ ရောက်သည့်အချိန်တွင် ချင်နန်ချီက ရုံးခန်းစားပွဲပေါ်တွင် ထိုင်လိုက်၏။ သူက ဖုန်းကို စားပွဲပေါ် တင်လျက် ဖုန်းထဲရှိ မိန်းကလေးကို ကြည့်နေ၏။ သူမ၏ ညှို့ငင်နိုင်သော အပြုံးက ရေခဲနှင့် နှင်းကို အရည်ပျော်စေနိုင်သလို နှစ်ပေါင်း နှစ်ထောင် ခန်းခြောက်နေသော သူ၏ နှလုံးသားကိုလည်း အရည်ပျော်စေ၏။
ချင်နန်ချီ၏ အရပ်မြင့်မြင့်ကိုယ်က စတင် တုန်ယင်လာတော့သည်။
သူ၏ မင်းသမီးလေး ယွင်ယွီ၊ သူ၏ မြေခွေးလေး၊ သူ၏ မြေခွေးလေး။ နှစ်ပေါင်း နှစ်ထောင် စောင့်စားပြီးနောက် ဘုရားသခင်က နောက်ဆုံးတော့ သူ့ကို သနားမှု ပြဖို့ ဆန္ဒရှိပြီလား။ မင်းသမီးလေးကို သူ့ဆီ ပြန်ပို့ပေးတာလား။
သူ့ဘေးရှိလူက စိုးရိမ်ပူပန်စွာ ပြောလိုက်တော့သည်။
“ဒုတိယသခင်လေး အဆင်ပြေလား”
ချင်နန်ချီက မော့ကြည့်လိုက်ရာ ထိုလူ ထိတ်လန့်သွားတော့သည်။ ဒုတိယသခင်လေး၏ မျက်လုံးထဲ၌ သူ တစ်ခါမှ မမြင်ဖူးသည့် စွဲလမ်းမှု၊ ရူးသွပ်မှုတို့ ရှိနေ၏။ ဒုတိယသခင်လေးက နီရဲသော မျက်လုံးဖြင့် ဖုန်းကို လက်ညှိုးထိုးပြကာ ပြောလိုက်တော့သည်။
“နာရီဝက်အတွင်း သူ့ကို ရှာ၊ သူ့အချက်အလက် လိုချင်တယ်”
ထိုလူ၏ နာမည်က ရိချန် ဖြစ်ပြီး ချင်နန်ချီ၏ ကိုယ်ပိုင်သက်တော်စောင့် ဖြစ်သည်။ သူသည် ချင်နန်ချီကို ကိစ္စရပ်များစွာ စုံစမ်းစစ်ဆေးရာ၌ ကူညီပေးခဲ့သည်။
ရိချန်က မိန်းကလေးကို မြင်သောအခါ မျက်လုံးပြူးသွားလေ၏။ သူ အံ့ဩသွားကာ မေးလိုက်တော့သည်။
“ဒုတိယသခင်လေး သူက...”
ချင်နန်ချီက ကျောအနည်းငယ် မတ်သွား၏။
“မင်း သူ့ကို သိလား”
“ဒုတိယသခင်လေး သူက အကြီးဆုံးသခင်လေးရဲ့ ဇနီး၊ နာမည်က ယွင်ယွီ”
ရိချန်က သူမအကြောင်း သိ၏။ အကြီးဆုံးသခင်လေး လက်ထပ်ချိန်တွင် ဒုတိယသခင်လေးက သူ့ကို အာရုံစိုက် ခိုင်းထားသောကြောင့် အကြီးဆုံးသခင်လေး၏ ဇနီးနှင့် ပတ်သက်သည့် ကိစ္စများကိုပါ စုံစမ်း စစ်ဆေးခဲ့၏။ ဒုတိယသခင်လေးကို သတင်းပို့ချိန်၌ ဒုတိယသခင်လေးက သာမန်ကာလျှံကာက နာမည်မေးထား၏။ မထင်မှတ်ထားဘဲ တစ်စုံတစ်ယောက်က ဝင်လာကာ သတင်းပို့နေချိန်ကို နှောင့်ယှက်လိမ့်မည်ဟု မထင်ထားပေ။ ဒုတိယသခင်လေးက သူ့ကို ထွက်သွား ခိုင်းလိုက်သည်။ ထိုစဉ်က များများစားစား မစဉ်းစားဘဲ ဒုတိယသခင် အကြီးဆုံးသခင်လေး၏ ဇနီးနာမည်ကိုသာ ပြောခဲ့ရ၏။
170 04
သို့သော် ဒုတိယသခင်လေး၏ လက်ရှိ တုံ့ပြန်မှုကို ကြည့်ပြီး ကြည့်မိလျက်ရင်း သူက အကြီးဆုံး သခင်လေး၏ ဇနီးကို သိနေပုံပေါ်၏။
“မင်း ဘာပြောလိုက်တာ”
ရိချန်သည် ဒုတိယသခင်လေး၏ မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးမှုကို တွေ့လိုက်ရသည်။
ချင်နန်ချီက သူ နားကြားမှားသည်ဟု ထင်မိသွား၏။ မင်းသမီးလေးက ဘယ်လိုလုပ် အဲ့ဒီလူရဲ့ မိန်းမ ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်တာ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့ရင်ထဲတွင် ပေါက်ကွဲမှုကို ခက်ရာခက်ဆစ် ဖိနှိပ်ထားကာ အံကြိတ်လျက် ပြောလိုက်၏။
“ထွက်သွား”
သူသည် စားပွဲပေါ်သို့ ဖုန်းကို ပစ်တင်လိုက်၏။ ရိချန်က ထပ်မနေရဲတော့ချေ။ ထို့ကြောင့် သူ ဖုန်းကို ယူပြီး ထွက်သွားတော့သည်။
ချင်နန်ချီက မတ်တပ်ရပ်လျက် သူ၏ အင်္ကျီကော်လံကို ဖြည်လိုက်၏။
ရင်က သူ့ဒေါသကို ဖိနှိပ်ရန် မလုံလောက်သေးပုံ ပေါ်ကာ ပေါင်ရာချီတန်သည့် မဟော်ဂနီစားပွဲကို ကန်ထုတ်လိုက်၏။ စားပွဲက အလွယ်တကူ အခန်းထောင့်လိုက်ရာက ဘန်းဟူသော မြည်သံဖြင့် နံရံ နောက်ရှိ နံရံနှင့် ရိုက်မိသွားသည်။
အပြင်ဘက်တွင် ရပ်နေသော ရိချန်က ရင်တုန်သွားတော့သည်။
ချင်နန်ချီက သူ၏ ရတက်မအေးမှုကို ဖိနှိပ်ထားလျက် သူ၏ဖုန်းကို ထုတ်ကာ လူအိုကြီးချင်ကို ဖုန်းခေါ်လိုက်တော့သည်။ ခဏအကြာ၌ ဖုန်းဝင်သွားလေ၏။ ချင်နန်ချီက ချက်ချင်းပင် စီးပွားရေးလောကထဲရှိ တည်ငြိမ်သောလူ ဖြစ်သွားလေ၏။ သူက ကြင်နာသော အသံဖြင့် ပြောလိုက်လေ၏။
“အဘိုး၊ လွန်ခဲ့တဲ့ အရင်ရက်တစ်တုန်းက အဘိုးရဲ့ မြေးအကြီးဆုံးဆီ သွားချင်နေတယ်လို့ ပြောတာ မဟုတ်လား။ အဘိုးနဲ့ အဖေ သွားပြီးပြီလား”
လူအိုကြီးချင်က ပြော၏။
“မသွားရသေးဘူး။ မင်းအဖေက အလုပ် လက်စသတ်ပြီးကာစ၊ နှစ်ရက်အတွင်း သွားဖို့ ပြင်ဆင်ထားတယ်”
ချင်နန်ချီသည် ပြတင်းပေါက်ဆီ လျှောက်သွားပြီးနောက် အပြင်ဘက်ရှိ စည်ကားနေသော မြို့ကို ငုံ့ကြည့်လိုက်၏။ သူ၏ အသံက ခန့်မှန်းရ ခက်ခဲလောက်အောင် တိုးဖျော့နေ၏။
“အဘိုး၊ ကျွန်တော် အစ်ကိုကြီးကို မတွေ့ရတာ ကြာပြီ။ ဒါကြောင့် သူနဲ့ လိုက်သွားပြီး တွေ့ဖို့ ပြင်ဆင်ထားတယ်”
“ကောင်းပြီ” မစ္စတာချင်က မကန့်ကွက်ပေ။
နှစ်ယောက်လုံးက သူ၏ မြေးများ ဖြစ်၏။ သူတို့ အမေ မတူသော်ငြား သူတို့ သွေးသားရင်းများထက် ပိုရင်းနှီးဖို့ မျှော်လင့်မိသည်။ နောင်ကျ ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီကာ ချင်မိသားစုကို ပိုမြင့်သော အဆင့် ရောက်အောင် လုပ်ပေးနိုင်မှာပဲ ဖြစ်သည်။
“နှုတ်ဆက်ပါတယ် အဘိုး” ချင်နန်ချီက ဖုန်းချလိုက်ပြီး သူ၏ မျက်လုံးက မှင်ကဲ့သို့ မည်းနက် သွားလေ၏။ တကယ်သာ သူ၏ မြေခွေးလေး ဖြစ်နေခဲ့လျက်ရင်…
ချင်နန်ချီက ရက်စက်သော အပြုံး ပြုံးလိုက်လေ၏။
အပန်းဖြေစခန်းတွင် ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေး ဧရိယာကို ချဲ့ထွင်ပြီး သစ်သီးခြံနှင့် မက်မွန်သီးများ အားလုံး ခူးပြီးသလောက် ဖြစ်သွားကာ မမှည့်သေးသည့် တစ်သုတ်သာ ကျန်တော့၏။
လက်တလောက အလုပ်များသည့် စိုက်ပျိုးရေးရာသီ ဖြစ်နေသေးခါ စပျစ်သီးများကလည်း မှည့်ခါနီးပြီ ဖြစ်၏။ ထို့ကြောင့် ဝိုင်ချက်ရန် အချိန်တန်ပြီ ဖြစ်သည်။
ဆယ်ရက်ကြာ အနားယူပြီးနောက် ယွင်ယွီက အလုပ်စများလာတော့သည်။ သူမ အပန်းဖြေစခန်းကို စိတ်ပူစရာ မရှိပေ။ သူမ အစ်မ စီမံခန့်ခွဲပေးနေသောကြောင့် ဖြစ်၏။ သူမက စိုက်ပျိုးရေးကို ပိုသဘောကျသည်။
ထိုည၌ သူမနှင့် ချင်ယွီစွေတို့ တောင်ပေါ်မှ အိမ်သို့ ပြန်လာပြီးနောက် ယွမ်မှ မြို့သူမြို့သားများက သူမကို တစ်စုံတစ်ခု ကူညီပေးနိုင်မလားဟု မေးမြန်းလာခဲ့သည်။
******