← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အပိုင်း 171

တကယ်တော့ ယွင်ယွီသည် ဆယ်ရက်ခန့်သာ အနားယူရသေး၏။ သို့သော် သူဝိညာဉ်စိမ်းရေက သူမ၏ခန္ဓာကိုယ်ကို၊ ဝိညာဉ်စိမ်းရေက သူမ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ဒဏ်ရာရထားသည့် အတွင်းကလီစာများကို ပြန်လည်တည်ဆောက်ပေး၏။ ထို့အပြင် အိမ်သို့ပြန်လာပြီးနောက် သူမ၏အဘွားနှင့် အန်တီကျောက်က သူမအ၊ သူမခန္ဓာကိုယ်အားဖြည့်တင်းနိုင်ရန် အရသာရှိသည့် စားကောင်းသောက်ဖွယ်များကို နေ့စဉ်နေ့တိုင်း ပြင်ဆင်ပေးသည်။ အနည်းဆုံးတော့ နေ့စဉ်နေ့တိုင်း ကြက်စွပ်ပြုတ်သောက်ရပေ၏။ သူမခန္ဓာကိုယ်က ပြန်ကောင်းမွန်လုနီးပါး ရှိလာသည်။

သို့သော်ငြား နတ်မျက်စိကို ထပ်မဖွင့်နိုင်သေးပေ။ သူမ၏လက်ရှိကျင့်ကြံစဉ်ဖြင့် နှစ်ဝက်က အကန့်အသတ်ဖြစ်သည်။ ထိုကာလအတွင်း နတ်မျက်စိကို ထပ်ဖွင့်ခဲ့လျှင် ပြန်ကန်ခံရနိုင်ပြီး အတွင်းဒဏ်ရာရနိုင်၏။

နတ်မျက်စိသည် လူတစ်ယောက်၏ကံကြမ္မာကို အမှန်တကယ်ပြောင်းလဲနိုင်သည့် ပဉ္စလက်ပညာတစ်ရပ်ဖြစ်၏။ ဤပညာကို မကြာခဏ မသုံးတာက ပိုကောင်းလောက်မည်။ အသုံးပြုလွန်းပါက သူမအတွက် ဆိုးကျိုးဖြစ်စေနိုင်၏။ ယွင်ယွီနှင့် ချင်ယွီစွေ အိမ်ပြန်ရောက်လည်ရောက်ခြင်း အန်တီကျောက်က မူမူကို ပွေ့ချီလာလျက် ပြုံးလျက်ကာ ပြောလိုက်တော့သည်။

“မနေ့တုန်းက ရှောင်ယွီကပြောတယ်၊ ကြက်စွပ်ပြုတ် မသောက်ချင်တော့ဘူးတဲ့။ ဒါ့ကြောင့် ဒီနေ့ဘဲနှပ်ထားတယ်။ ပြီးရင်စားလို့ရတယ်”

အန်တီကျောက်က အချက်အပြုတ်ကောင်းမွန်၏။ သူမသည် အစက မူမူကို ဂရုစိုက်ပေးရန် ငှားရမ်းထားတာဖြစ်သောငြား မိသားစုအတွက် တစ်ရက်ကို ထမင်းသုံးနပ် ဂရုစိုက်ပေး၏။ ထို့ကြောင့် ယွင်ယွီသည် အန်တီကျောက်ကို လစာတိုးပေးလိုက်သည်။

ဤနေရာ၌ ရက်အနည်းငယ် အလုပ်လုပ်ပြီးနောက် အန်တီကျောက်သည် လစာကို သိပ်ဂရုမစိုက်တော့ပေ။ ဤနေရာက အနားယူရန်အတွက် ပြီးပြည့်စုံသော နေရာဖြစ်သည်။ ဤနေရာတွင် တစ်လနေထိုင်ပြီးနောက် သူမ၏အသေးစား ဒဏ်ရာများက ကောင်းမွန်လာ၏။ သူမနေ့စဉ်နေ့တိုင်း ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ပြီး စွမ်းအင်များ ပြည့်နေတော့သည်။ ဤနေရာ၌ နှစ်နှစ်ကျော်နေလျှင် သူမပိုနုပျိုလာမည်ဟု ခံစားမိသည်။

ယွင်ယွီက မူမူကို ပွေ့ချီလိုက်ပြီး အာဘွားပေးလိုက်ချိန်၊ ခြံဝင်းအပြင်ဘက်မှ အနည်းငယ် ပူပင်သော အသံတစ်သံပေါ်ထွက်လာ၏။

“ဆရာသခင်ယွင်”

ယွင်ယွီက မူမူကို ပွေ့ဖက်ထားလိုက်လျက် လှည့်ကြည့်လိုက်ချိန်တွင် အရေးကြောင်းများရှိနေပြီး ခါးကိုင်းကာ အနည်းငယ်စုတ်ချာသည့် အဝတ်အစားဝတ်ထားသည့် ဆံပင်ဖြူနေသော အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။

ပထမဆုံး စစ်ဆေးပြီးသည့်အရာ၊ စစ်ကြည့်မိသည့်အရာက အဘိုးအို၏ မျက်နှာသွင်ပြင်ပဲ ဖြစ်သည်။ ယွင်ယွီသည် အကြိမ်အနည်းငယ်ကြည့်ပြီးနောက် ရုတ်တရက် မျက်မှောင် ကြုတ်မိသွားလေ၏။ သူမက ပြောလိုက်တော့သည်။

“မင်္ဂလာပါ။ ဘာများဖြစ်လို့လဲ”

ထိုသို့ပြောပြီးနောက် ယွင်ယွီသည် မူမူကို အန်တီကျောက်အား ပေးလိုက်၏။

“အန်တီကျောက်၊ ကျွန်မလုပ်စရာကိစ္စလေးရှိသေးလို့ မူမူကို အထဲခေါ်သွားပြီး သူ့နဲ့ခဏကစားလိုက်ပါဦး”

အန်တီကျောက်သည် သူ၏မိခင်ကို စိတ်အားထက်သန်စွာ ကြည့်နေသေးသည်။ မူမူကို ဧည့်ခန်းထဲ ပြန်ခေါ်သွား၏။

ရွာသူရွာသားများနှင့် အနီးအနားတွင် နေထိုင်သူများက ယခုအကြိမ်တွင် ယွင်ယွီ၏ အကျိုးဆောင်ပေးမှုကို သိပြီးပြီဖြစ်သည်။

သူမသည် ပြန်ပေးဆွဲခံရသည့် ကလေးနှစ်ယောက်ကို ကူ၍ကယ်ဆယ်က ရဲများတောင် သူတို့ကို မကူညီပေးနိုင်ချိန်၌ ဘေးကင်းစွာပြန်ခေါ်လာ၏။

ထိုအဖြစ်အပျက်ပြီးနောက် ရွာသူရွာသားများ၏အမြင်တွင် သူမ၏အနေအထားကား မြင့်တက်သွား၏။ အတိတ်တုန်းက လူတချို့ကဆို ယင်းက ဘာမှမဟုတ် အပိုစာသားဟု တွေးခဲ့ကာ သူမကို စိတ်တိုင်းမကျဖြစ်ခဲ့သည်။ သို့သော် ယခုဆို လူတစ်ယောက်က သူမကို ဘုရားလောင်းပမာ သဘောထားနေကြပြီဖြစ်သည်။

171 02

ရွာသူရွာသားများကလည်း သူမ၏ကျင့်ကြံမှုသည် ကလေးနှစ်ယောက်ကို ကယ်တင်ရန် ထိခိုက်သွားကြောင်း သိထားပြီး သူမအနားယူရန် လိုအပ်ကြောင်းသိနေ၏။

သူမသည် ပြီးခဲ့သည့်လဝက်လုံး မည်သည့်ကိစ္စများကိုမှ မကူညီနိုင်ခဲ့ပေ။ ထို့ကြောင့် အသက်အန္တရာယ်ရှိသည့် အရေးကြီးသောကိစ္စမဟုတ်သ၍ သူမကို အကူအညီတောင်းရန် မည်သူမှမလာကြချေ။ ယင်းက သူမကို ငြိမ်းချမ်းစွာ ပြန်လည်ကုစားခွင့်ပေးထားလေ၏။

ဆယ်ရက်သာ ကုန်လွန်သေးသောငြား ယွင်ယွီသည် ဤအဘိုးအို၏နေရာသို့ ရောက်လာရသည့်အကြောင်းအရင်းကို မသိပေ။

အဘိုးအိုက အထဲသို့ဝင်လာကာ စိုးရိမ်ပူပန်နေပုံပေါ်၏။

“ဆရာသခင်၊ ခင်ဗျား၊ ခင်ဗျား ကျုပ်ကို ကူညီပေးနိုင်မလား”

“ဘာကိစ္စလဲ။ အရင်ပြောပါ”

ယွင်ယွီ၏အမူအရာက အေးစက်နေလေ၏။ သူမက ခြံဝင်းထဲရှိ သစ်သားစားပွဲလေးဆီ၊ သစ်သားပွဲခင်းလေးဆီ လျှောက်သွားလိုက်၏။ ထိုနေရာက ခြံဝင်း၏ဘယ်ဘက်ခြမ်းရှိ သေးငယ်သော သစ်သားဥယျာဉ်လေးပဲဖြစ်သည်။ ထိုနေရာတွင် နှင်းဆီနှစ်ပင် စိုက်ထား၏။ တစ်ခုက ပန်းရောင်၊ တစ်ခုက အနီရောင်၊ နှစ်ခုလုံးက နံရံကို တွယ်တက်နေကြပြီး အမိုးထိအောင် ရောက်နေ၏။ ပန်းပွင့်များက ယခုဆို အပြည့်အဝ ဖူးပွင့်နေပြီဖြစ်ကာ ပွင့်ချပ်အလွှာလွှာရှိနေပြီး စကားလုံးဖြင့် မဖော်ပြနိုင်လောက်အောင် လှပပေ၏။

ယွင်ယွီသည် ဤနေရာ၌ လက်ဖက်ရည်ထိုင်သောက်ရတာ နှစ်သက်သည်။

သူမက သစ်သားပွဲခင်းလေးအောက်ရှိ ကျောက်ခုံလမ်းဆီသွားကာ ထိုင်လိုက်သည်။

ချင်ယွီစွေကမူ ပျားရည်တစ်ခွက်ထည့်ကာ ယူလာပေးသည်။

ပျားရည်သည် အပန်းဖြေစခန်းတွင် တွေ့သည့် ပျားအုံမှ ပျားရည်အစစ်ဖြစ်သည်။ သစ်သီးခြံထဲ၌ ဝိညာဉ်စွမ်းရည်ပြည့်နေသောကြောင့် ပန်းများပွင့်လာသည့်အချိန်တွင် ဝတ်ရည်စုပ်ယူရန် ပျားများစွာကို ဆွဲဆောင်တတ်၏။ နောက်ပိုင်း၌ ပျားများက အနီးရှိတောင်ပေါ်၌ ပေါက်လာတော့သည်။ ထိုပျားများ စုဆောင်းထားသည့် ဝတ်ရည်က သစ်သီးခြံတွင် ပွင့်သည့်အချိန်၌ စုဆောင်းထားသည့် ဝတ်ရည်များပဲဖြစ်သည်။

သူတို့က ပျားအုံများ စုဆောင်းပြီးသည့်အချိန်တွင် ယွင်ယွီနှင့် ချင်ယွီစွေတို့က နေရာချရန် အချိန်ယူလိုက်ရ၏။ ပျားရည်အားလုံးကို စုဆောင်းလိုက်သည်။ ဤပျားရည်က ရနံ့သင်းပျံ့နေပြီး ချိုမြကာ အရသာရှိ၏။ ပျားသလက်ကို ဤအတိုင်း စားလျှင်တောင် ငြီးငွေ့မှာမဟုတ်။ ယွင်ယွီက ၎င်းကို အလွန်နှစ်သက်သည်။

ထုတ်လုပ်မှုပမာဏက အလွန်နည်းပါးပြီး ပုလင်းအနည်းငယ်သာ ရှိသောကြောင့် ယွင်ယွီသည် အဘွားယွင်နှင့် ကျန်သည့်သူများကို သုံးပုလင်း၊ ဗိုလ်ချုပ်လုံကို တစ်ပုလင်းနှင့် ကျန်ရှိသည့်နှစ်ပုလင်းကိုမူ သူမစားရန် ထားထားလေ၏။

ယခုနှစ်တွင် ပျားရည်က အလွန်ရှားပြီး ယွင်ယွီက ၎င်းကို သောက်ရတာ ကြိုက်သည်။ ထို့ကြောင့် သူမသောက်သုံးရန်အတွက် အားလုံးသိမ်းထား၏။

နောက်နှစ်တွင် ချင်ယွီစွေက ပျားတက်တာများဝယ်ပေးပြီးနောက် သူ့မိသားစုအတွက် ပျားရည်ထုတ်ရန် ပြင်ဆင်ထားသည်။ ပျားများ၏အကျိုး၊ ကောင်းကျိုးကို သူမသိပေ။

ယွင်ယွီကမူ ၎င်းသည် အသားအရေကို လှပစေကြောင်း သိလေ၏။ သူမနှင့် ချင်ယွီစွေတို့က နောက်နှစ်၌ ပျားသေတ္တာတချို့ဝယ်ပြီးနောက် သစ်သီးခြံ၌ ပန်းများပွင့်လာသည့်အချိန်တွင် သူတို့ကို ဝတ်ရည်စုဆောင်းခိုင်းမှာပဲ ဖြစ်သည်။

ထုတ်လုပ်မှုပမာဏက သေချာပေါက် မများနိုင်သော်ငြား ယခုအခေါက် ပျားရည်ထက်တော့ များလောက်သေးသည်။ ဆွေမျိုးသားချင်းမိတ်ဆွေများကို ပေးနိုင်ကာ ကိုယ်တိုင်စားသုံးရန်အတွက်လည်း ထားထားနိုင်၏။

ယွင်ယွီသည် သူမလက်ထဲရှိ ပျားရည်ကို ကိုင်ထားပြီး အဘိုးအိုက ငေးရဲနေသော မျက်လုံးများဖြင့် ရှင်းပြနေတာကို နားထောင်လိုက်၏။

171 03

“မင်္ဂလာပါဆရာ။ ကျုပ်နာမည်က ဖုန်းရီရှင်း၊ ကျုပ်က ဟယ်ရှမ်းမြို့ကပါ။ ဆရာသခင်က အင်မတန်အစွမ်းထက်ကြောင်း ကြားမိတယ်။ လူကုန်ကူးသမားတွေ ပြန်ပေးဆွဲသွားတဲ့ ကလေးနှစ်ယောက်ဖြစ်တဲ့ ရွှမ်းရွှမ်းနဲ့ ရီတုကိုတောင် ပြန်ခေါ်လာပေးတာ။ ကျွန်တော့်ကိုလည်း ကူညီပေးနိုင်မလား မေးချင်လို့ပါ”

အဘိုးအိုက မျက်ရည်များဖြင့် ပြောလိုက်၏။

ယွင်ယွီသည် စကားတစ်ခွန်းမှမပြောဘဲ ပျားရည်တချို့သောက်လိုက်၏။ ချင်ယွီစွေကမူ သူမကို အဖော်လုပ်ပေးရန် ဘေးတွင်ထိုင်သည်။

ဖုန်းရီရှင်းကမူ သူကိုမေးခွန်းများ မမေးဘဲ နေလိမ့်မည်ဟု မထင်ထားပေ။ ထို့ကြောင့် သူက မျက်ရည်လည်ရွှဲဖြင့် ဆက်ပြောရုံသာ တတ်နိုင်၏။

“ဆရာသခင်၊ ကျေးဇူးပြုပြီး ကူညီပေးပါ။ ကျွန်တော့်မှာ ပြန်ပေးဆွဲခံလိုက်ရတဲ့ သားတစ်ယောက်ရှိတယ်။ သူ့ကို ကူရှာပေးနိုင်မလား။ ကျေးဇူးပြုပြီးဆရာ၊ သူ့ကို ၁၀ နှစ်ကျော်လောက် ရှာခဲ့တာ။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ ၁၀ နှစ်ကျော်ကြာပြီ။ သူ့ကိုနေ့ရောညပါ လွမ်းနေရတာ။ သူ့ကိုရှာဖို့ အခက်အခဲမျိုးစုံကို ဖြတ်ကျော်ခဲ့ပြီးပြီ။ ဆရာသခင် ကျေးဇူးပြုပြီး ကူညီပေးပါ”

ပြောလေလေ ပိုပြီးဝမ်းနည်းလာလေလေဖြစ်သည်။ သူက မျက်ရည်သုတ်ရန် လက်မြောက်လိုက်၏။

ချင်ယွီစွေက ဘာမှမပြောပေ။ ယွီအာ၏အမူအရာကို မြင်သောအခါ အဘိုးအိုက ဤမျှမရိုးရှင်းကြောင်း သူသိလေ၏။

ပြောတာကို နားထောင်ပြီးနောက် ယွင်ယွီက ပျက်ရယ်ပြုသည့်ပမာ ရယ်မောလိုက်၏။

“ကလေးက ပျောက်နေတာ ဆယ်နှစ်ကျော် ကြာပြီဆိုတော့ ကျွန်မကို လာရှာတာ အသုံးမဝင်ဘူး။ သဲလွန်စရှိမရှိ သိရအောင် စခန်းကို သွားတာ ပိုကောင်းလိမ့်မယ်”

ဖုန်းရီရှင်းက မှင်သက်သွားလေ၏။ “ဒါပေမဲ့ စခန်းကနေ ဘာသတင်းမှ မရဘူး။ ကလေးက ပျောက်သွားတာ ဆယ်နှစ်ကျော် ကြာပြီးပြီ။ ရှာနိုင်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားကြည့်ပြီးပြီ။ တတ်နိုင်တဲ့ နည်းလမ်းအားလုံး ကြည့်ရမှာပဲ”

ယွင်ယွီက မေးလိုက်လေ၏။ “သူပျောက်သွားတဲ့အချိန် ကလေးက အသက် ဘယ်လောက်လဲ”

“ဒါ…ဒါက “ သူ တုန့်ဆိုင်းနေ၏။ “၁၀…၁၈”

ယွင်ယွီက သူ့ကို အပြုံးတစ်ဝက် မျက်နှာဖြင့် ကြည့်လိုက်လေ၏။ “ဒီတော့ ရှင့်ရဲ့ အိမ်ကနေထွက်ပြေးသွားတဲ့ အရွယ်ရောက်ပြီးကလေးက လူကုန်ကူးသမားတွေ ပြန်ပေးဆွဲတာ ခံလိုက်ရတာလား”

ဖုန်းရီရှင်း ငြင်းချင်၏။ “သူ အရွယ်ရောက်ပြီးတော့လည်း ဘာဖြစ်လဲ။ သူက ကျုပ်သားဖြစ်နေသေးတုန်းပဲ။ အိမ်ကနေ ဘာလို့ ထွက်ပြေးရမှာလဲ။ ကလေးကို ပြန်ပေးဆွဲသမားတွေ ခေါ်သွားတာ မဖြစ်နိုင်ဘူးလား။ ဆရာသခင် ကျေးဇူးပြုပြီး အကြင်နာတရားထားပြီး ကလေး ဘယ်မှာရှိနေလဲ ပြောပေးပါ။ သူ့ကို နေ့ရောညပါ လွမ်းနေရလို့ မျက်လုံးတွေ ကန်းရလောက်တဲ့အထိ ငိုနေရတာပါ”

သူက မျက်ရည်နှစ်စက် ညှစ်ထုတ်ပြီးနောက် ဆက်ပြောလိုက်၏။

“ဆရာသခင်၊ ရွှမ်းရွှမ်းနဲ့ ရီတုကို ရှာပေးသလို ကျုပ်ရဲ့ကလေးကို ရှာပေးနိုင်မလား။ ကျုပ်က တကယ်သနားဖို့ကောင်းပါတယ်။ ကျုပ်မိန်းမကလည်း တခြားတစ်ယောက်နဲ့ လိုက်ပြေးသွားပြီ။ ကလေးလည်း ပြန်ပေးဆွဲခံလိုက်ရတယ်။ အခုကျုပ်တစ်ယောက်တည်းပါ။ ကျေးဇူးပြုပြီး ကူညီပေးပါ”

သူ၏ဇနီးအကြောင်း ထည့်ပြောတာကို ကြားပြီး ယွင်ယွီက နှာခေါင်းရှုံ့ကာ တစ်စုံတစ်ခု ပြောချင်သေး၏။ သို့သော် မြွေအရေခွံအိတ် နှစ်အိတ်ဖြင့် ဝင်လာသည့်ရွာသားတစ်ယောက် ရှိသည်။ ယွင်ယွီနှင့် ချင်ယွီစွေတို့ ပွဲကြည့်စင်ထဲ ထိုင်နေတာကို မြင်သောအခါ သူက အဝေးကနေ ပြုံးပြလိုက်၏။

“ဆရာ၊ Boss ချင်၊ ဒီမှာရှိနေတာကိုး။ တစ်ခုခုပေးဖို့ရောက်လာတာ”

ထိုရွာသားက အသက် ၄၀ ဝန်းကျင်ခန့်ရှိကာ အသားအရေမည်းမှောင်လျက် သာမန်သွင်ပြင်ရှိသည်။ သူက နှစ်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့သည့် လယ်သမားတစ်ယောက်နှင့်တူ၏။

ထိုလူ၏မျိုးရိုးအမည်က နျိုဖြစ်ပြီး သူက ငယ်ရွယ်ကတည်းက နွားတစ်ကောင်ကဲ့သို့ ခေါင်းမာတတ်၏။

171 04

ထို့ကြောင့် လူတိုင်းက သူ့ကို နျိုမန့်စီဟုခေါ်ကာ မူလနာမည်ကို မေ့လုနီးပါးဖြစ်သွားသည်။

နျိုမန့်စီသည် ခြံဝင်းထဲ၌ မြွေအရေခွံအိတ်နှစ်လုံးကို ပစ်ချပြီး ဖွင့်လိုက်ရာ သစ်အယ်သီးများနှင့် ကျောက်ပုစွန် အိတ်တစ်ဝက်ရှိနေတာ တွေ့လိုက်ရ၏။

ဒီနေ့ ကန်ထဲကိုသွားစဥ်တွင် မြေစာဥနှင့်ကျောက်ပုစွန်တွေကို တွေ့ခဲ့၏၊

နျိုမန့်စီက ပြုံးလျက် ပြောလိုက်သည်။

“ဆရာ၊ ဒီနေ့ ကျွန်တော် ရေကန်ကိုသွားတော့ မြေစာဥတချို့တူးခဲ့ပြီး ကျောက်ပုစွန် ဖမ်းမိခဲ့တယ်။ အထူးတလည် ယူလာပေးတာပါ”

နျိုမန့်စီ၏အဖေသည် နာမကျန်းမှုကြောင့် ကွယ်လွန်သွားခဲ့ပြီးဖြစ်၏။ သူ့၏ဖခင်ကို ကယ်တင်ရန် နျိုမိသားစုသည် ပိုင်ဆိုင်မှုအားလုံးကို သုံးခဲ့ပြီး အကြွေးတင်နေ၏။ ယွင်ယွီက တောင်ပေါ်၌ အဘိုးအိုအတွက် မြှုပ်နှံရန် နေရာကောင်းတစ်ခု ရှာပေးခဲ့ကြောင်း စုစုပေါင်းအခကြေးငွေအဖြစ် ယွမ် ၁၀၀၀ သာ လက်ခံခဲ့၏။

နျိုမိသားစုသည် ယင်းက အလွန်ဈေးချိုမှန်းသိနေပြီး သူတို့ကို တစ်ပြားမှ မတောင်းသလောက်နီးပါးပဲ၏။

ထို့ကြောင့် သူသည် ယွင်ယွီ၏အကြင်နာတရားကို ရင်ဝယ်ပိုက်ထားကာ ယွင်ယွီက အစားအသောက် မပြတ်လပ်မှ န်းသိနေသောငြား သူတောထဲသွားသည့်အချိန်တိုင်းတွင် တစ်စုံတစ်ခုသယ်လာကာ ယွင်ယွီအား ပေးတတ်၏။ နူးညံ့သည့်မြေစာဥများကို မြင်သောအခါ ယွင်ယွီက နျိုမန့်စီကို ကျေးဇူးတင်စကားပြောလိုက်၏။

“ကျေးဇူးပါ ဦးလေးနျို”

နျိုမန့်စီက ကျောက်ပုစွန်များစွာလည်း ဖမ်းထားသည်။ ထိုအကောင်များကို ရေကန်တုထဲတွင် မမွေးမြူထားပေ။ မဟုတ်လျှင် သူတို့က ကြာမြစ်များကို စားလိမ့်မည်။ ကြာမြစ်များ ကောင်းစွာ မဖွံ့ဖြိုးမှာကို စိုးသောကြောင့် သူမ မမွေးခဲ့တာပဲ ဖြစ်သည်။ တကယ်တော့ ရေကန်တုက သေးလွန်းနေ၏။ ငါး၊ ပုစွန်နှင့်ကဏန်းများမွေးကာ ကြာမြစ် ထားနိုင်သော်ငြား ကျောက်ပုစွန်များ မွေးမြူရန်နေရာမရှိပေ။

ယခုကား ကျောက်ပုစွန်စားရမည့် ရာသီရောက်လာပြီဖြစ်သည်။ ထိုအကောင်များက အတော်လေး ဈေးမြှောက်လောက်ပေ၏။ နျိုမန့်စီသည် ပို့ပေးရန် အကောင်ကြီးများသာ ရွေးခဲ့ပုံပေါ်သည်။

နျိုမန့်စီက ပွဲကြည့်စင်ထဲတွင် ရပ်နေသည့် အဘိုးအိုကို မြင်သောအခါ ပြောလိုက်၏။

“ဖုန်းလောင်ရီမဟုတ်ဘူးလား။ ဒီမှာဘာလုပ်နေတာလဲ။ အိမ်ကနေထွက်ပြေးသွားတဲ့ ခင်ဗျားရဲ့သားကို ကူရှာပေးရန်၊ ဆရာယွင်အား ကူရှာပေးရန်ခိုင်းစေချင်တာတော့ မဟုတ်ဘူးမလား”

ဖုန်းရီရှင်းကို သိသည့်လူတို့က သူ့ကို ဖုန်းလောင်ရီဟု ခေါ်ရတာ နှစ်သက်သည်။ သူ့စကားအကြောင်းလည်း သူတို့သိကြပေ၏။ သူ့သားသည် လွန်ခဲ့သည့် ၁၄ နှစ်ခန့်က အထက်တန်းကျောင်း အောင်ပြီးချိန် အိမ်မှ ထွက်ပြေးသွားလေ၏။ ပြီးနောက် သတင်းမကြားရတော့ပေ။

++++++

172 01

အပိုင်း 172

မစ္စတာဖုန်းသည် ၁၀ နှစ်ကျော်ကြာရှာဖွေခဲ့သော်ငြား သူ့ကို ရှာမတွေ့နိုင်သေးချေ။

ထိုစဉ်က အင်တနက်က မတိုးတက်သေးသောကြောင့် ယခုခေတ်ကဲ့သို့ လမ်းပေါ်တွင် နေရာအနှံ့ ကင်မရာများ တပ်ဆင်ထားနိုင်ခြင်း မရှိချေ။ ထိုစဉ်က လူပျောက်ရှာဖို့ တကယ်ခက်ခဲ၏။

သူ၏ ပထမဆုံးသား ပျောက်သွားချိန်၌ အသက်၁၈နှစ်သာ ရှိသေးပြီး စိတ်မကျန်းမာမှု မရှိပေ။ ထိုကြောင့် သူက အရွယ်ရောက်ပြီးသား တစ်ယောက်ဖြစ်၏။ ရဲများက ဂရုမစိုက်ခဲ့ပေ။

ထိုစဉ်က ဖုန်းလောင်ယွီသည် လောင်းကစား စွဲနေခဲ့၏။ သူ့သား မပျောက်ခင်က သူ့ဇနီးကလည်း တခြားသူနှင့် ခိုးရာ လိုက်ပြေးသွားသည်။ သတင်းမကြားရပေ။ သူ့သားကလည်း အိမ်မှ ထွက်ပြေးသွား၏။ မစ္စတာဖုန်းသည် ဆယ်နှစ်ကျော်ကြာ သူ့သားကို ရှာဖွေခဲ့ပြီး အလွန်ဝမ်းနည်းနေလေ၏။ မြို့ထဲရှိ လူများစွာက သူ့ကို သနားဂရုဏာ သက်ခဲ့ကြသည်။

မစ္စတာဖုန်းသည် ၁၀ နှစ်ကျော်ကြာအောင် သူ့သားကို ရှာဖွေခဲ့ပြီး အလွန်ဝမ်းနည်းနေလေ၏။ မြို့ထဲရှိ လူများစွာက သူ့ကိုသနားဂရုဏာသက်ခဲ့ကြသည်။

ယခုသူပေါ်လာတာကို မြင်သောအခါ နျိုမန့်စီသည် သူက ဆရာသခင်ယွင်အား သူ့သားကို ကူရှာခိုင်းစေချင်တာပဲဖြစ်ရမည်ဟု ခန့်မှန်းမိသည်။

ဖုန်းလောင်ရီက အင်္ကျီလက်ဖြင့် မျက်ရည်သုတ်လိုက်၏။

“နျိုမန့်စီ၊ ဆရာသခင်ကို ကျေးဇူးပြုပြီး ဖျောင်းဖျပေးပါဦး။ သူက ရွှမ်းရွှမ်းနဲ့ ရီတုကို ရှာနိုင်ရင် ငါ့ရဲ့သားကိုလည်း သေချာပေါက်ရှာနိုင်မှာ”

နျိုမန့်စီက ပြောလိုက်၏။

“ဒါပေမဲ့ မင်းရဲ့သားက အိမ်ကနေ ထွက်ပြေးသွားတာ။ ဆရာသခင်ရဲ့အကူအညီကို ဘာလို့လိုအပ်မှာလဲ”

“ဒါမဖြစ်နိုင်ဘူး။ ငါ့ရဲ့သား ပြန်ပေးဆွဲခံရတာပဲဖြစ်မယ်”

ဖုန်းလောင်ရီသည် သူ့သား ပြန်ပေးဆွဲခံရသည်ဟုသာ ခေါင်းမာနေ၏။

နျိုမန့်စီက ထပ်ပြောလိုက်၏။

“ဒါဆို ခင်ဗျားရဲ့သား ပျောက်သွားတာ ၁၀ နှစ်ကျော်ကြာပြီ။ ဆရာသခင်ယွင်ကို ရှာလို့လည်း အကျိုးမထူးဘူး”

ဖုန်းလောင်ရီက အော်ပြောလိုက်၏။

“ဘာလို့အသုံးမဝင်ရတာလဲ။ သူက မြို့ထဲက မိန်းကလေးနှစ်ယောက်ကို ရှာဖို့ မှော်ပညာသုံးခဲ့တာပဲ။ ငါ့သားနဲ့ တည်နေရာကို ရှာဖို့ ထပ်သုံးဖို့မရဘူးလား”

နျိုမန့်စီက သူ့ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်တော့သည်။

“ခင်ဗျားပြောတော့သာ လွယ်တာပေါ့။ အဲဒါတွေက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။ ဆရာသခင်က တစ်လ၊ လဝက်ကျော် အနားယူဖို့လိုတယ်လို့ ပြောထားပြီးသား။ အခု ၁၀ ရက်ပဲရှိသေးတယ်။ မင်းက လာရှာတယ်။ ဘယ်လိုလုပ် ကူညီနိုင်မှာလဲ”

“သူက တခြားသူတွေကို ကူညီပြီး ငါ့ကိုဘာလို့မကူညီရတာလဲ”

နျိုမန့်စီသည် ဖုန်းလောင်ရီ၏သဘောထားကြောင့် စိတ်ပျက်သွားလေ၏။

ယွင်ယွီက အစီအရင်ပြုလုပ်ချိန်၌ သူမသည် ရှားမိသားစုနှင့် ကောမိသားစုကို မရှောင်ခဲ့ပေ။ ထို့ကြောင့် သတင်းပြန့်သွားပြီး ယွင်ယွီမည်မျှအစွမ်းထက်ကြောင်း လူတို့သိလေ၏။

ထို့အတူ မိသားစုနှစ်စုကလည်း ဆရာသခင်အစီအရင်လုပ်သည်က ကိုယ့်ခန္ဓာကိုယ်ကို အလွန်ထိခိုက်စေကြောင်းလည်း လူတိုင်းကို ပြောပြခဲ့၏။ သူမမျက်နှာက ဖြူဖျော့သွားပြီး သတိလစ်လုနီးပါး ဖြစ်သွားသည်။

172 02

ထို့ကြောင့် ဤနည်းစနစ်က မရိုးရှင်း။ ဆရာသခင်သည် မကြာခဏ အသုံးမပြုနိုင်ကြောင်း လူတိုင်းသိသွားလေ၏။

ယွင်ယွီက ပြောလိုက်သည်။

“ဒီပညာက လူတစ်ယောက်ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ ကောင်းကင်ရဲ့ဆန္ဒကို ဖီဆန်တာနဲ့မခြားဘူး။ ဒါကို ဆက်သုံးနေမယ်ဆိုရင် ကျွန်မအသက် ထိခိုက်နိုင်တယ်။ ဒီတော့ ရှင့်သားရဲ့ဒီနေရာကို သိရဖို့ ကျွန်မအသက်ကို ဘာလို့သုံးရမှာလဲ။ ဒါ့အပြင် ရှင့်သား ဘာကြောင့်ထွက်သွားလဲဆိုတာ မသိဘူးလား”

မစ္စတာဖုန်း၏မျက်နှာထားက ပြောင်းလဲသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြစ်နေလေ၏။

“ဆရာသခင်၊ ဆရာ ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ကျုပ်သားကို ရှာဖို့မကူညီချင်ရင်လည်း မကူညီနဲ့ပေါ့။ ဘာကြောင့် ဒီလောက်များကြီး ပြောနေတာလဲ။ အဲဒီပညာကို သုံးရင် အသက်ဆုံးရှုံးမယ်ဆိုတာ မသိခဲ့ဘူး။ မဟုတ်ရင် ကျုပ် အကူအညီ လာတောင်းမှာ မဟုတ်ဘူး။ အေးအေးချမ်းချမ်း ဆွေးနွေးလို့ မရဘူးလား”

နျိုမန့်စီက ဘာမှမပြောရဲတော့ချေ။ ဆရာသခင်ယွင်က တစ်စုံတစ်ခု ပြောလိမ့်မည်ဟု သူအဘယ်ကြောင့် ခံစားမိနေသနည်း။

ယွင်ယွီက ပြောလိုက်၏။

“ရှင်က တကယ် မကြောက်တတ်ဘူးပဲ ကျွန်မအရည်အချင်းကို သိသားနဲ့ အကူအညီ လာတောင်းရဲသေးတယ်။ ကျွန်မက လူတွေရဲ့ မျက်နှာကို ဖတ်နိုင်တယ်။ ဖုန်းလောင်ယွီ ရှင့်သား အိမ်ကနေ အိမ်ကနေ ထွက်ပြေးသွားအောင် ဘာလုပ်ခဲ့လဲ”

ဖုန်းလောင်ယွီ၏ မျက်နှာသည် ကြောက်လန့်မှုကြောင့် အနည်းငယ် ပြာနှမ်းသွားလေ၏။ လူတစ်ယောက်၏ မျက်နှာကနေ ထိုအရာများကို ပြောနိုင်လောက်သည်အထိ ယွင်ယွီ အစွမ်းထက်လိမ့်မည်ဟု သူ မထင်ခဲ့မိပေ။

ယွင်ယွီက အမှန်အတိုင်း ပြောနေတာပဲ ဖြစ်သည်။ လူတစ်ယောက်၏ မျက်နှာက ကိစ္စရပ်များစွာ သိနိုင်သည်။

သူမသည် မစ္စတာဖုန်း၏ မျက်နှာကို ကြည့်ပြီး သူက သန်မာသူကို ကြောက်ရွံ့ကာ အိမ်တွင်း အကြမ်းဖက်ရတာ နှစ်သက်သည့် အနိုင်ကျင့်သူ တစ်ယောက်မှန်း ပြောနိုင်၏။ သူ၏ဇနီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ ခန့်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကာ သူ၏မျက်နှာသည် လူသတ်မှု ကျူးလွန်ကြောင်း ပြသထား၏။ သူ့ဇနီး သေဆုံးခြင်းက သူနှင့် သက်ဆိုင်နေသည်။ ထို့ကြောင့် သူ၏ဇနီး မည်သို့ သေသွားကြောင့် သူမ ခန့်မှန်း မိနိုင်၏။ သို့သော် သူ၏ မျက်နှာက သူတစ်ခါမှ ထောင်မကျခဲ့ကြောင်း ပြသနေသည်။ ထိုသို့ဆိုလျှင် ဤလူသည် သူ့မိန်းမကို သတ်ပြီး အလောင်းကို ဝှက်ထားတာ ဖြစ်ရမည်။ ကျန်သည့်သူများကိုမူ သူ့ဇနီးက တခြားသူနှင့် ခိုးရာလိုက်သွားကြောင်း ပြောထားမည်။

ဖုန်းလောင်ယွီက တကယ် ထိတ်လန့်သွားလေ၏။ သူ ထရပ်လိုက်ကာ ထွက်သွားချင်မိသည်။

ယွင်ယွီက နှာခေါင်းရှုံ့လိုက်‌လေ၏။

“ရှင့်ကို ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ။ မကောင်းတာ လုပ်ထားပြီး အကူအညီ လာတောင်းရဲသေးတယ်ပေါ့။ ပြီးတော့ မောက်မောက်မာမာ ပြုမူနေတာ။ ကျွန်မရှင့်ကို ကူညီမယ်လို့ထင်နေလား”

ယွင်ယွီက တကယ်ဒေါသထွက်သွားလေ၏။ ဒါ ဘယ်လိုလူမျိုးလဲ။ သူက တစ်စုံတစ်ယောက်ကို သတ်ပြီးတာတောင် သူ့ကို လာရှာရဲသေးတယ်။

ဖုန်းလောင်ရီက အပြင်သို့ ကမန်းကတန်းထွက်သွားပြီး အော်ပြောလိုက်၏။

“မင်းဘာတွေပြောနေလဲ။ ငါ့၊ ငါတကယ်မသိဘူး”

သူက နျိုမန့်စီဆီသို့ ကမူးရှူးထိုးသွားချိန်၊ နျိုမန့်စီက သူ့ကို ဖမ်းထားလိုက်၏။

“ထွက်မသွားနဲ့။ ဆရာက မင်းကိုထွက်သွားခွင့် မပြုထားဘူး”

သူ တုံးအသော်ငြား ဆရာယွင်သည် မစ္စတာဖုန်းတစ်စုံတစ်ခု မကောင်းတာလုပ်ခဲ့ကြောင်း ပြောမှန်းတော့ သိသေးသည်။

သူ ဘာမကောင်းတာလုပ်ခဲ့တာလဲ။ ဆရာက ပြောလိုက်တဲ့အချိန် ဘာလို့ ဒီလောက်ကြောက်လန့်နေတာလဲ။

ယွင်ယွီက မေးလိုက်၏။

172 03

“မင်း၊ နင့်ရဲ့မိန်းမ ဘယ်လိုသေသွားတာလဲ”

နျိုမန့်စီက မှင်တက်သွား၏။ ဖုန်းလောင်ရီရဲ့မိန်းမက လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက တခြားတစ်ယောက်နဲ့ထွက်ပြေးသွားတာ မဟုတ်လား။ ဒါက မြို့ထဲက လူတိုင်းသိကြတယ်လေ။

မစ္စတာဖုန်းသည် ငယ်ရွယ်စဉ်က လောင်းကစားစွဲခဲ့၏။ တစ်နေ့သူ က ရုတ်တရက် မျက်ရည် ပိုးပိုးပေါက်ပေါက် ကျလာကာ သူ့ဘယ်တော့မှ လောင်းကစား မလုပ်တော့ကြောင်း လူတိုင်းကို ပြောခဲ့၏။ အကြောင်းမှာ သူ့၏ဇနီးသည် ပစ္စည်းများ ထုတ်ပိုးပြီး အခြားတစ်ယောက်နှင့် ထွက်ပြေးသွားသောကြောင့်ဖြစ်သည်။

ထိုစဉ်က လူတိုင်းတွေ များများစားစား မတွေးခဲ့ချေ။ ဆိုရလျှင် သူက နေ့တိုင်းလောင်းကစားလုပ်နေပြီး သူ့မိသားစုက အလွန်ဆင်းရဲ၏။ မိန်းမတစ်ယောက် သည်းမခံနိုင်တော့ဘဲ ထွက်ပြေးတာ ပုံမှန်ပဲဖြစ်သည်။ ကျန်သည့်ကိစ္စကို မတွေးတတ်ခဲ့ပေ။ တခြားတစ်ယောက်နဲ့ သူ့ဇနီးထွက်ပြေးသွားသည့်အချက်ကိုသာ လက်ခံခဲ့လေ၏။

နောက်ပိုင်း၌ ဖုန်းလောင်ရီက တကယ်လောင်းကစား ဖြတ်လိုက်သည်။ သူ့ဇနီးကိစ္စက သူ့ကို ထိတ်လန့်မှုဖြစ်စေခဲ့သည်ဟု လူတိုင်းက ယူဆမိကြ၏။

သို့သော် ဆရာပြောပုံအရ နျိုမန့်စီသည် ဖုန်းလောင်ရီ၏ဇနီးက သေနှင့်ပြီဖြစ်လေမလားဟု တွေးမိသည်။

နျိုမန့်စီသည် သူ့၏ဦးနှောက်က မတွေးတတ်ဟု ခံစားမိ၏။ လောင်ဖုန်း၏နားထဲ၌ တစ်ဝီဝီမြည်နေကာ အကြောက်တရားများ ခံစားလိုက်ရ၏။ ယွင်ယွီက သူလုပ်ခဲ့သည့်အရာကို သူမျက်နှာကို ကြည့်ရုံဖြင့် တကယ်ပြောနိုင်သည်လော။

သူ အကူအညီလာတောင်းမိသည့်အတွက် နောင်တရနေမိသည်။ သူငယ်ရွယ်စဉ်က အမှားများစွာ လုပ်ခဲ့သော်ငြား သူ့သားကို တကယ်လွမ်းလှပြီ၏။ မဟုတ်လျှင် ယွင်ယွီကို အကူအညီလာတောင်းမှာ မဟုတ်ပေ။

“မင်း ဘာ၊ ဘာတွေပြောနေလဲ။ ငါ၊ ငါတကယ်မသိဘူး”

ဖုန်းလောင်ရီကား ဝန်မခံပေ။

ယွင်ယွီက သူနှင့်စကားဆက်ပြောရမှာ ပျင်းနေသောကြောင့် ပြောလိုက်လေ၏။

“ရှင့်ရဲ့မိန်းမက တခြားတစ်ယောက်နဲ့ထွက်ပြေးတယ်လို့ ပြောခဲ့တယ်။ ဒါတကယ်ရယ်စရာပဲ။ ရှင့်မိန်းမကို ရှင်သတ်ခဲ့တာ။ ရှင့်သားကလည်း တွေ့သွားတာကြောင့် အိမ်ကနေ ထွက်ပြေးသွားတာ ဟုတ်တယ်မလား”

သူမသည် ဖုန်းလောင်ရီဇနီး၏ဝိညာဉ်ကို မတွေ့ခဲ့ပေ။ အချိန်မစောမီသေဆုံးခြင်းဟု သတ်မှတ်နိုင်၏။ သူမသည် အခြားသူ၏ကယ်ဆယ်မှုမပါဘဲ ပြန်လည်မွေးဖွားနိုင်မှာ မဟုတ်ပေ။ ပုံမှန်ဆို အငြိုးကြီးဝိညာဉ်သည် သူ့ကိုသတ်သည့် လူနောက် ပါလာတတ်၏။ သို့သော်ငြား ဖုန်းလောင်ရီ၏ဇနီးက သူ့နောက် မလိုက်ခဲ့ပေ။ ယင်း၌ ပိုမိုအားကောင်းသည့် စွဲလမ်းမှုရှိရမည်ဟု ယွင်ယွီခံစားမိသည်။ သူမ မသေချင်သေးတာဖြစ်လိမ့်မည်။ သူမ၏သားလေးက အသက် ၁၈ နှစ်သာရှိသေးသည်။ မွေးရပ်မြေမှ ထွက်သွား၏။ လက်မလွှတ်နိုင်သောကြောင့် သူမသားနောက် လိုက်သွားတာပဲဖြစ်မည်။

“မသတ်ခဲ့ဘူး။ မင်းအဓိပ္ပာယ်မရှိတာတွေ ပြောနေတာ”

ဖုန်းလောင်ရီက ဝန်မခံပေ။

ယွင်ယွီက ဖုန်းထုတ်ပြီး ရဲခေါ်လိုက်၏။ အဖြစ်အပျက်ကို ကြားပြီးနောက် ရဲသည် ခဏတဖြုတ် တိတ်ဆိတ်သွားသော်ငြား ယုံကြည်ကာ ထိုလူကို လာရောက်ဖမ်းဆီးပြီး ချက်ချင်းစစ်ဆေးတော့သည်။

တကယ်တော့ မြို့ထဲရှိရဲစခန်းကတောင် ယွင်ယွီ၏အကြောင်းကို ကြားဖူးသည်။ ထို့အပြင် ယွင်ယွီက ရဲကိုဆက်သွယ်ပြီး သူမကို အကူအညီ လာတောင်းသည့်ဧည့်သည်၌ လက်ထဲတွင် လူသတ်မှုအရိပ်အယောင်ရှိကြောင်း ပြောခဲ့၏။ ထိုကဲ့သို့သောအရာကို သူတို့ကလည်း တကယ်ယုံခဲ့သည်။

ဖုန်းလောင်ရီက ရုန်းကန်နေကာ ယွင်ယွီကို ရူးသွပ်စွာ ကျိန်ဆဲလေ၏။

“ခွေးမ၊ ငါ့ရဲ့သားကို လွမ်းလွန်းလို့ မင်းကို အကူအညီ လာတောင်းရုံပဲ။ ဘာကြောင့်ငါ့ကို ထိခိုက်အောင်လုပ်ရတာလဲ။ ဘာလို့ထိခိုက်အောင်လုပ်တာလဲ။ ခွေးမ”

သူ၏နှုတ်ထဲရှိစော်ကားမှုများက ပိုပိုပြီး နားမခံသာစရာ ဖြစ်လာတော့သည်။

172 04

ယွင်ယွီသည် လက်သင်္ကေတတချို့ ပြုလုပ်လိုက်လျက် ဂါထာနှစ်ခု ရွတ်ဆိုလိုက်ရာ ဖုန်းလောင်ရီက ချက်ချင်းပါးစပ်ပိတ်သွားတော့သည်။ သူက ချက်ချင်းအသံတိတ်သွားတော့သည်။ သူ့ပါးစပ်လှုပ်၊ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေသော်ငြား အသံထွက်မလာပေ။

လူတိုင်းက ယွင်ယွီ ပညာသုံးလိုက်မှန်းသိလေ၏။

နျိုမန့်စီက ဖုန်းလောင်ရီကို ဖမ်းရန်၌ ကူညီပေးခဲ့၏။ သူက အသက်ကြီးပြီဖြစ်သော်ငြား သန်မာသည့်တစ်ယောက် ဖမ်းတာ ခံထားရချိန်တွင် မလှုပ်နိုင်တော့ပေ။

မကြာမီ၌ ရဲကားထဲမှရဲ ရောက်လာ၏။ သူတို့ရောက်လျှင်ရောက်ခြင်း ခြံဝင်းထဲရှိအခြေအနေကို တွေ့လိုက်ရသည်။ ယွင်ယွီနှင့် ချင်ယွီစွေကလည်း လိုက်လာ၏။ ယွင်ယွီက မစ္စတာဖုန်းကို လက်ညှိုးထိုးပြပြီး အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်တော့သည်။ နောက်ဆုံး၌ သူမက ပြောလိုက်၏။

“အလောင်းက အိမ်နဲ့သိပ်မဝေးလောက်ဘူး။ သူ့အိမ်ထဲမှာ ဖြစ်လောက်တယ်။ ကူညီရှာပေးပါဦး”

အလောင်း၏တည်နေရာကိုမူ ယွင်ယွီသည် လျှိုရောင်နှင့်ပါ့ကွားကို သုံးပြီး ခန့်မှန်းခဲ့တာပဲ ဖြစ်သည်။ အလောင်းတည်နေရာကို ရိုးရှင်းစွာ ခန့်မှန်းလိုက်ခြင်းသာ ဖြစ်၏။ ပါ့ကွားက ဖုန်းလောင်ရီ၏အိမ်နှင့် မလှမ်းမကမ်းကို ပြသနေသည်။

သူ့၏အိမ်၌ အလောင်းမြှုပ်စရာ နေရာမရှိ။ ၁၀ နှစ်ကျော်ကြာသည့်တိုင် မည်သူမှ ရှာမတွေ့သေးပေ။ ထို့ကြောင့် အလောင်းသည် အိမ်ထဲတွင် ဝှက်ထားတာဖြစ်ရမည်။

ရဲများက မစ္စတာဖုန်းကို ဖမ်း၊ ဖမ်းပြီး ရဲကားထဲသို့ ထည့်ကာ သူ့အိမ်ကို ရှာရန်ရည်ရွယ်လိုက်သည်။

ရဲကားသံက အတော်လေး ကျယ်လောင်သောကြောင့် ရွာသားများစွာက အနားတွင် စုဝေးနေသည်။ နျိုမန့်စီကလည်း ထွက်လာကာ သူ့ကို မေးသည့်ရွာသားများအား ရှင်းပြလိုက်၏။

သူက သက်ပြင်းချပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တော့သည်။ ရွာသူရွာသားများက အံ့ဩနေကြကာ မေးလာလေ၏။

“ဒီလိုကိစ္စရှိတယ်လား”

“အမှန်ပဲထင်တယ်။ ဆရာယွင်က ဘယ်တုန်းက အမှားလုပ်ဖူးလို့လဲ”

“မစ္စတာဖုန်းက သူ့မိန်းမကို သတ်ပြီးတော့ တခြားတစ်ယောက်နဲ့ထွက်ပြေးသွားတယ်လို့ ပြောတာပဲဖြစ်ရမယ်။ သူ တကယ်တုံးအတာပဲ။ လူသတ်ပြီးတော့ ဆရာယွင်ဆီ သွားရဲသေးတယ်ပေါ့”

ရွာသူရွာသားများက ထိုအကြောင်းကို ပြောနေကြပြီး နောက်ဆုံး၌ ဆရာယွင်က အံ့ဩဖွယ်ကောင်းသည်ဟု တွေ့နေကြသည်။

ယွင်ယွီက နျိုမန့်စီ သူမအတွက် သယ်လာပေးသည့် မြေစာဥနှင့် ကျောက်ပုစွန်များကို ဝိညာဉ်စွမ်းအင်ထဲ ထားလိုက်သည်။ ကျောက်ပုစွန်များက အတော်လေး ညစ်ပတ်၏။ ဝိညာဉ်စွမ်းအင်ဖြင့် ရက်အနည်းငယ် သန့်ရှင်းပြီးနောက် အရသာပိုကောင်းပြီး ပိုသန့်ရှင်းသွားလိမ့်မည်။

မြေစာဥကိုမူ ညနေခင်း၌ ချက်ပြုတ်စားနိုင်သည်။

ချင်ယွီစွေ ရောက်လာပြီး ထုတ်ပိုးပြင်ဆင်ပြီးနောက် သူတို့ဧည့်ခန်းသို့ပြန်လာ၏။

ယွင်ယွီသည် မူမူကို အပေါ်ထပ်သို့ ပွေ့ချီသွားပြီး လေသာဆောင်တွင် ရပ်နေချိန် ရွာသားများက သစ်ပင်အောက်၌ စုဝေးနေလျက် စကားပြောနေတာ တွေ့လိုက်ရသည်။ သူမ တမင်တကာလုပ်ခဲ့တာပဲ ဖြစ်၏။ မကောင်းတာ လုပ်ပြီးနောက် အကူအညီ လာမတောင်းသင့်ကြောင်း လူတိုင်းကို သိစေချင်၏။ သူမ ကူညီမှာ မဟုတ်ရုံသာမက ထိုလူကိုလည်း ထောင်ထဲထည့်မှာပဲ ဖြစ်သည်။

နျူမန့်စီကလည်း ရွာသားများကို ပြောပြခဲ့သည်။ ဆရာယွင်က ရွှမ်းရွှမ်နည်းဖြင့် သူတို့ကို ပြန်ခေါ်လာနိုင်ရန် သုံးခဲ့ရသည့် ပညာက သူတို့ခန္ဓာကိုယ်ကို အင်မတန် ထိခိုက်စေ၏။ ထပ်သုံးပါက အသက်အန္တရာယ် ရှိကြောင်း ပြောခဲ့သည်။ ရွာသားများက နားလည်ကြောင်း ပြော၏။ ထိုကဲ့သို့သော အရာသည် ကောင်းကင်ကို ဖီဆန်ကာ ကံကြမ္မာကို ပြောင်းလဲစေတတ်၏။

172 05

ယွင်ယွီက သက်ပြင်းချလိုက်မိသည်။ အနည်းဆုံးတော့ လူတိုင်းသည် သူမက အလုံးစုံ သိတာ မဟုတ်မှန်း သိသွားလိမ့်မည်။ ပညာသုံးကာ သူမခန္ဓာကိုယ်ကို ထိခိုက်စေပြီး သူမ အရာအားလုံး ကူညီနိုင်တာ မဟုတ်ပေ။

ရဲက ဖုန်းလောင်ယွီကို ဖမ်းပြီးနောက် လုပ်ငန်းဆောင်တာများအတိုင်း စုံစမ်းစစ်ဆေးရန်အတွက် စခန်းသို့ ခေါ်သွား၏။ မစ္စတာဖုန်းက ဆိတ်ဆိတ်သာ နေလေ၏။ နောက်ဆုံး၌ ရှာဖွေခွင့်ဝရမ်း ရောက်လာပြီး သူ့အိမ်ကို ရှာဖွေတော့သည်။ မစ္စတာဖုန်းနေထိုင်ရာ အိမ်နေရာက အတော်လေး ဟောင်းနွမ်းနေပြီ ဖြစ်ကာ လွန်ခဲ့သော ဆယ်နှစ်ကျော်က တည်ဆောက်ထားခဲ့သည့် အဆောက်အဦးလေး ရှိသည်။ ဖုန်းမိသားစု အဆောက်အဦးက အနွမ်းပါးဆုံး ဖြစ်နေ၏။ ရဲက အခန်းတိုင်းကို ရှာကာ နောက်ဆုံး၌ စစ်ဆေးရန် ဒုတိယထပ်ရှိ ဖုန်းလောင်ရီ၏ အခန်းသို့ သွားလိုက်သည်။ သို့သော် မူမမှန်တာကို မတွေ့ခဲ့ရပေ။ ငယ်ရွယ်စဉ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အလုပ်လုပ်ခဲ့သည့် ရဲတစ်ယောက် ရှိသည်။ သူက နေရာတိုင်းကို လိုက်ခေါက်ကြည့်ရာ နောက်ဆုံး၌ နံရံအောက်ခြေ၌ တစ်ခု ထွက်လာသည်။ ဂရုတစိုက် မကြည့်မိပါက ဤနေရာ၌ မူမမှန်တာကို တွေ့မိမှာ မဟုတ်ပေ။ အိမ်၌ အစိတ်အပိုင်းဟု ထင်ရသော်ငြား အက်ရာတချို့ ရှိနေသည်။ အဆောက်အဦး တစ်ခုလုံး၌ အက်ရာများစွာ ရှိနေ၏။ သို့သော်ငြား တည်ဆောက်ပုံကို လေ့လာပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေတာကို သဘောပေါက်သွားသည်။ အတွေ့အကြုံများသည့် ရဲသည် ထိုနံရံ ဧရိယာကို ခွဲရန် ကိရိယာ ယူလာခိုင်းလိုက်၏။

နံရံက ကွဲသွားပြီး အနံ့ထွက်လာတော့၏။ နောက်ဆုံး၌ နံရံက မြေကြီးပေါ် ကြွေကျလာတော့သည်။ အထဲတွင်မူ အင်္ဂတေထဲ၌ ချိတ်ပိတ်ထားသည့် အလောင်းရှိနေကာ အရိုးဖြစ်လုနီးပါး ဖြစ်နေတော့သည်။ ထိုမြင်ကွင်းက အတော်လေး ခြောက်ချားဖွယ် ကောင်း၏။

ဤလျို့ဝှက်ချက်ကို ထိန်းထားနိုင်သည့် နည်းလမ်းမရှိပေ။

သတင်းက ချက်ချင်း ရွာထဲ ပြန့်သွားတော့၏။

သူမ မအံ့ဩသွားပေ။ သူမသည် ဖုန်းလောင်ယွီက သူနှင့် ထိုက်တန်သည့် အပြစ်ပေးခံရဖို့ပဲ မျှော်လင့်မိ၏။ သူ့ဇနီးကို သေအောင် ရိုက်သတ်ပြီး အမှုမဖွင့်ခံရပေ။ သူ့ဇနီး၏ အလောင်းကိုလည်း နံရံထဲတွင် ပိတ်ထားသေး၏။ ယင်းက တကယ်လူမဆန်ပေ။

ယွင်ယွီက မူမူကို အရင်ဆုံး ချော့သိပ်ပြီးနောက် ကိုယ်လက်သန့်စင်လိုက်၏။

ပြီးနောက် သူမသည် ပြတင်းပေါက်၍ ချင်ယွီစွေ မတ်တပ်ရပ်နေကာ ဖုန်းပြောနေတာကို ကြားလိုက်ရသည်။ ခဏအကြာ၌ သူက ဟင်းဟူသော ဖုန်းချလိုက်ကာ ယွင်ယွီကို ထွေးပွေ့ထားလျက် ပြောလိုက်သည်။

“နှစ်ရက်အတွင်း ချင်မိသားစုကတစ်ယောက် ဒီရောက်လာလိမ့်မယ်”

******

All Chapters