← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အပိုင်း 173

သူသည် ယွင်ယွီကို ဖန်သားပုဟန်၌ ကတ္တီပါသားခင်းထားသည့် လေသာဆောင်ဆီသို့ ခေါ်သွားလိုက်သည်။

ချင်ယွီစွေက သူမကို ပွေ့ချီသွားပြီး ထိုင်ချလိုက်၏။ သူမက နူးညံ့ပြီး သေးသွယ်ကာ သူ့ရင်ခွင်ထဲ၌ အံဝင်ခွင်ကျ ဖြစ်နေတော့သည်။ သူက သူမ၏ နူးညံ့သောအသံကို ကြားလိုက်ရ၏။ “ခုနတုန်းက ရှင့်ကို ဖုန်းဆက်တာ ချင်မိသားစုလား၊ သူတို့ ဘယ်အချိန်လာမယ်တဲ့လဲ။” ၊

ချင်မိသားစု သူရည်ညွှန်းသည့် ချင်မိသားစုသည် အဘိုးအိုချင်မှန်း သူမသိနေ၏။

ယွင်ယွီသည် ချင်မိသားစုက သူမအိမ်တံခါးကို လာခေါက်မည်အတွက် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ မူမူမွေးသည့် အချိန်နှင့် သူတို့မင်္ဂလာဆောင်သည့် အချိန်အတွင်း ချင်မိသားစုကို သူတို့မဖိတ်ခဲ့ပေ။

ချင်ယွီစွေက သူမနှင့် လက်ထပ်ချိန်၌ ချင်မိသားစုနှင့် သူ၏ဆက်ဆံရေးအားလုံးနီးပါးကို ဖြတ်တောက်ခဲ့၏။ သူမကလည်း ချင်မိသားစုကို မနှစ်သက်ပေ။ သို့သော် ချင်ယွီစွေက ချင်မိသားစုနှင့် ရေစက်မဖြတ်သောက်သ၍ သူတို့က ဆွေမျိုးများဖြစ်နေလိမ့်မည်။ ချင်မိသားစုက သူတို့ကို လာအနိုင်မကျင့်သရွေ့ သူမက သူတို့ကို သေချာပေါက် ကောင်းကောင်းဆက်ဆံမှာပဲဖြစ်သည်။

“ချင်မိသားစုက အဘိုးကြီး၊ ကိုယ့်ရဲ့အဖေနဲ့ ချင်နန်ချီ၊ ချင်နန်ချီက ကိုယ့်ရဲ့သွေးသားတော်စပ်သည့်ညီ” ချင်ယွီစွေက သူမကို ထွေးပွေ့ထားလျက် သစ်လက်ဖဝါးကို နမ်းလိုက်သည်။

သူ၏သွေးတစ်ဝက်တော်စပ်သည့်ညီ ရောက်လာမည့်အတွက် သူအံ့ဩနေလေ၏။ တစ်စုံတစ်ခု မူမမှန်တာကို သတိပြုမိသည်။

သူသည် ချင်နန်ချီကို ကောင်းကောင်းမသိလှသော်ငြား ချင်နန်ချီသည် ညီအစ်ကို ဆက်ဆံရေးကို မဆိုထားနှင့် သူ၏အစ်ကိုကိုတောင် ဂရုစိုက်မည့် လူမျိုးမဟုတ်မှန်း ရှင်းရှင်းလင်းလင်း သိနေသည်။ ချင်နန်ချင်မွေးလာစဉ်က သူက လုံမိသားစုသို့ ပြန်ခေါ်ခံရပြီးဖြစ်ကာ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက အလွန်အေးစက်သည်။

ထိုကဲ့သို့သော အကျင့်စရိုက်မျိုးဖြင့် ချင်နန်ချီက လူအိုကြီးချင်၊ သူ့အဖေတို့နှင့်အတူ ဤနေရာသို့ အဘယ်ကြောင့် လာမည်နည်း။

သူ ဘာတွေ စီစဉ်နေတာလဲ။

ယွင်ယွီက များစွာ တွေးခဲ၏။ သို့ကြောင့် သူမသည် ချင်မိသားစုမှ လူများကို အလေးမထားဘဲ သူတို့ ရောက်လာပြီး ဖော်ရွေစွာ ပြောခဲ့လျှင် အရာအားလုံး အဆင်ပြေနေမည် ဖြစ်သော်ငြား သူတို့ မူမူကို ခေါ်သွားချင်ပါက သူတို့ကို မောင်းထုတ်လိုက်မှာပဲဖြစ်သည်။

သူမသည် ချင်မိသားစုဝင်များ တွေ့နေသည့်အရာကို ခန့်မှန်းမိ၏။

ယွင်ယွီက နောက်နေ့နံနက် စောစောနိုးလာသောအခါ နျိုမန်စီ သူမအတွက် မနေ့က သယ်လာပေးသည့် နူးညံ့သော မြေဇာဥများကို စားလိုက်၏။ ထိုမြေဇာဥများက ဟဲ့ချင်ကန်ထဲမှ ရတာဖြစ်ပြီး နူးညံ့ကာ ပြုတ်စားနိုင်၏။ ကျောက်ပုစွန်များကိုမူ ရက်အနည်းငယ်ကြာ မွေးမြူထားဖို့ လိုအပ်သည်။

မနက်စာ စားပြီးနောက် ယွင်ယွီနှင့် ချင်ယွီစွေတို့က အလုပ်လုပ်ရန် တောင်ထိပ်သို့ တက်သွားသည်။

ယွင်ယွီက အခွံမာသီး၊ သစ်အယ်သီး၊ သစ်ကြားသီးတို့ကို စိုက်ပျိုးရန် ပြင်ဆင်ထားသည်။ တောင်ပေါ်၌ အပင်ရိုင်းများ ရှိသော်ငြား ပမာဏ မမြင့်မားပေ။

သူမသည် သစ်သီးခြံ၌ စပျစ်စေ့များ ရိတ်သိမ်းပြီး ဝိုင်ချက်ပြီးနောက် စတင်စိုက်ပျိုးရန် ပြင်ဆင်ထားသည်။ သူမ ဖန်လုံအိမ်လည်း တည်ဆောက်မှာ ဖြစ်၏။ သို့မှသာ ဆောင်းရာသီ၌ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် စားနိုင်မှာဖြစ်သည်။

ကျန်ရှိသည့်လများက အလုပ်များနေပေ၏။

နှစ်ရက်တာ အလုပ်လုပ်ပြီးနောက် မစ္စတာဖုမ်းသည် သူ့ဇနီးကို သတ်ပြီး သူမကို နံရံထဲ ထည့်ပိတ်ထားသည့် သတင်းက နေရာအနှံ့ ပျံ့သွားကာ တစ်ရွာလုံး ထိုအကြောင်းကို နှစ်ရက်ခန့် ပြောနေခဲ့ကြသည်။

173 02

လူတိုင်းသည် သူ၏သားက သူ့ဇနီးကို သတ်ပြီးနေတာ သိသွားတာ ဖြစ်ရမည်ဟု ပြောနေကြ၏။ ဆိုရလျှင် ထိုလူသည် သူ့အဖေဖြစ်သောကြောင့် သတင်းပို့ဖို့ ခက်ခဲသည်။ သို့သော် ခွင့်လွှတ်ဖို့လည်း ခက်ခဲသည်။ သူ အထက်တန်းကျောင်း အောင်ပြီးသည်နှင့် ရွှေ့ပြောင်းသွားတာပဲဖြစ်မည်။

ဤကိစ္စ ပေါ်ပေါက်ခဲ့ခြင်းမှာ သူက ယွင်ယွီကို သွားရှာပြီး သူ့သား၏ တည်နေရာကို ရှာဖွေရန် အကူအညီ တောင်းခဲ့သောကြောင့် ဖြစ်သည်ဟုလည်း ကြားထား၏။

အလွန်ဝမ်းနည်းစရာ ကောင်းလှ၏။

တတိယမြောက်နေ့ နံနက်ခင်း၌ ချင်ယွီစွေက မစ္စတာချင်ဆီမှ ဖုန်းခေါ်ဆိုမှု ရလာ၏။ သူတို့ နေ့လည်ခင်း၌ ရောက်မည်ဟု ဆိုလာသည်။

ယွင်ယွီက ပြင်ဆင်မှုများ ပြုလုပ်ရန် ဆုံးဖြတ်ထား၏။ ထို့ကြောင့် သူမက အန်တီကျောက်ကို ယွင်မိသားစုခြံဝင်းသို့ ခေါ်သွားသည်။

ယွင်လန်ကလည်း ထိုနေရာတွင် ရှိနေ၏။ အပန်းဖြေစခန်းက တဖြည်းဖြည်းချင်း လမ်းကြောင်းပေါ် ရောက်လာသည်။ ယွင်လန်က ပိုစိတ်အေးလာလေ၏။ သူမသည် အပန်းဖြေစခန်း၌ အလုပ်များနေသောကြောင့် လအနည်းငယ်အတွင်း ကိုယ်အလေးချိန်များစွာ ကျသွား၏။ သို့သော်ငြား ဝိညာဉ်စမ်းရေ၏ အာဟာရ ဖြည့်ပေးမှုကြောင့် သူမမျက်နှာသွင်ပြင်က ပိုထင်ရှားလာပြီး အသားအရေက ဖြူကာ မျက်ခုံးက ထင်းနေလေ၏။ သူမသည် ယွင်ယွီနှင့် မတူညီသည့် အလှတရား ရှိကာ သူမ၏ အလှတရားက ငြိမ်သက်အေးချမ်းသည်။

ယွင်ယွီကမူ မတူညီဘဲ သူမက ပိုနူးညံ့ပြီး ပိုလှပ၏။

ယွင်ယွီက သူတို့နှစ်ယောက်ကို တွေ့သောအခါ ကြင်နာစွာ ပြုံးပြလိုက်လေ၏။ ယွီအာကို ဘာလို့ ရောက်လာတာလဲ။ ၊

ယွင်ယွီက ပြောလိုက်သည်။ “ချင်မိသားစု ဒီနေ့လာမှာ”

“ချင်မိသားစုလား” ယွင်လန်သည် ခဏတစ်ဖြုတ် မှင်သက်သွားပြီးနောက် ရုတ်တရက် တုံ့ပြန်လိုက်၏။ သူမ တဖြည်းဖြည်းချင်း မျက်လုံးပြုးကျယ်လာကာ ယင်းက သူမ မတ်၏ မိသားစုမှန်း သိလိုက်သည်။ သူတို့လက်ထပ်စဉ်က ချင်ယွီစွေသည် ချင်မိသားစု အကြောင်း ပြောတာကို တစ်ခါမှ မကြားခဲ့ဖူးပေ။ ချင်မိသားစု၌ မည်သူမှမရှိဟု သူမမိသားစုက ထင်ခဲ့သည်။

“ဒီအကြောင်းကို ဘာလို့ ချက်ချင်း မပြောတာလဲ။ အခုချက်ချင်း ပင်လယ်စာ တချို့ ပို့ပေးဖို့ အပန်းဖြေစခန်းကို ပြောလိုက်မယ်။ နေ့လည်ကျ ဒီမှာစားကြရအောင်။ ပြီးမှ အန်တီကျောက်နဲ့ ချက်ပြုတ်လိုက်မယ်” ၊

ယွင်လန်သည် ချင်မိသားစု ယခုအချိန်ကျမှ လာရသည့် အကြောင်းအရင်းကို အံ့ဩနေသော်ငြား ချင်မိသားစုကို အလွန်တန်ဖိုးထားနေသေး၏။

ယွင်ယွီက ချင်မိသားစုကို ညစာ ဖိတ်ကျွေးရန် ပြင်ဆင်ထားသည်။ ယင်းက လက်ဆောင်ဝတ္ထုတစ်ခုသာ ဖြစ်၏။ သူတို့က ချင်ယွီစွေ၏ ဆွေမျိုးများ ဖြစ်နေသေးသည်။ ထို့ကြောင့် သူမက သူတို့ကို သေချာပေါက် ကောင်းမွန်စွာ ဆက်ဆံမည်။

ယွင်လန်က အပန်းဖြေစခန်းကို ဆက်သွယ်လိုက်၏။

စားဖိုဆောင်က ပင်လယ်စာများ၊ ကြက်ဘဲငါးများ လာပို့၏။ အားလုံး ပြင်ဆင်ပြီး နာရီဝက်အတွင်း ပို့လာသည်။ ဟုန်ကျဲဟိုင်က ပို့ပေးတာ ဖြစ်သည်။ ယွင်ယွီကလည်း သူ့ကိုတွေ့သောအခါ အံ့ဩသွားလေ၏။

လူငယ်လေးသည် မြို့ထဲရှိ လုချိုက်ဟု အမည်ရသော သစ်သီးကုန်သည် လှည့်စားတာ ခံရပြီး သစ်သီးခြံထဲမှ ချယ်ရီသီးများ ခိုးခဲ့သည်။ သူက သစ်သီးခြံထဲ၌ တစ်ညတာ ပိတ်မိနေခဲ့၏။ ယွင်ယွီက ရဲမခေါ်ခဲ့ဘဲ သူ့ကို အခွင့်အရေး တစ်ခု ပေးခဲ့လေ၏။

နောက်ပိုင်း၌ သူမက သူ့မျက်နှာကို ကယ်ဖတ်ပေးလိုက်ရာ သူသည် ပိုက်ဆံပမာဏ များစွာ ဆုံးရှုံးမည်ကို ရှောင်နိုင်ခဲ့၏။ ဟုန်ကျဲဟိုင်က အကြွေးဆပ်ရန် ထိုပိုက်ဆံကို သုံးခဲ့သေးသည်။ သူက ယွင်ယွီကို အင်မတန် ကျေးဇူးတင်နေလေ၏။

ယွင်ယွီက ပြုံးပြီး ပြောလိုက်တော့သည်။ “ဘယ်လိုလုပ် ရှင်က လာပို့တာလဲ”

ဟုန်ကျဲဟိုင်က ကောင်းကုတ်လျှက် ပြောလိုက်လေ၏။ “သူဌေးလေး ကျွန်တော်ပါ။ ကျွန်တော်က အခု စားဖိုဆောင်ကို အလုပ်သင် ဝင်လိုက်ရပြီ။ ပညာတချို့ သင်ချင်လို့လေ” 173 03

ယွင်ယွီက ခေါင်းညိတ်လိုက်၏။ “ဒါကောင်းတာပဲ” ၊

၊“သူဌေးလေး အားလုံး ပို့ပြီးပါပြီ ကျွန်တော်သွားတော့မယ်”

“မြန်မြန် ပြန်သင်ပေး”

ဟုန်ကျဲဟိုင် ထွက်သွားပြီးနောက် ယွင်လန်ကလည်း အဘွားယွင်ကို ခေါ်လိုက်သည်။

အဘွားယွင်နှင့် အမေယွင်က မြို့ထဲ၌ ပေါင်မုန့်ဆိုင်၌ အလုပ်များနေသေး၏။ သူတို့က နေ့လည်ခင်း၌ ဆိုင်ဖွင့်ရန် ပြင်ဆင်ထားသည်။ ယွင်လန်၏ စကားကို ကြားသောအခါ ချက်ချင်းပင် ထုပ်ပိုး ပြင်ဆင်လျက် ပေါင်မုန့်ဆိုင်၊ ရောင်းကုန်သည် အတူ ဆောက်ပြီးနောက် ပြန်လာသည်။

သူတို့ပြန်လာပြီးနောက် ချင်ယွီစွေက အကျိုးအကြောင်းကို ဂရုတစိုက် ပြောလိုက်သည်။ “အဘွား၊ အမေ၊ ကျွန်တော့်အဘိုးနဲ့ အဖေ၊ ကျွန်တော့်သွေးသားတော်စပ်သည့်ညီက ဒီကို ရောက်လိမ့်မယ်။ အရင်တုန်းက မပြောခဲ့ဖူးတာ၊ မပြောခဲ့တာက ကျွန်တော့်မိသားစုက လူကြီးတွေနဲ့ ဆက်ဆံရေး ကောင်းမရှိလို့ပါ”

“အဆင်ပြေတယ်၊ အဆင်ပြေတယ်” အဘွားယွင်က လက်ဝှေ့ယမ်းလိုက်၏။ “သူတို့လာတဲ့အချိန် အဘွားတို့ နှုတ်ဆက်ဖို့ပဲလေ”

အဘွားယွင်က ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်လာခဲ့ပြီး လူတွေကို အကဲဖြတ်ရာ၌ တော်၏။ သူမသည် ဤကဲ့သို့ လူကောင်းလေးတစ်ယောက်ဖြစ်သည့် ရှောင်ချန်၌ ရှောင်ချန်သည် သူ့မိသားစု၌ အဆိုးရွားဆုံး ဆက်ဆံရေး ရှိပြီး သွေးသားတော်စပ်သည့်ညီ ရှိနေကြောင်း သိလိုက်ရချိန်၌ သူမ သဘောပေါက်သွားလေ၏။ မိသားစုထဲက အကြီးအကဲများ မှားတာပဲဖြစ်ရမည်။ ထို့ကြောင့် ရှောင်ချန်ကို စိတ်ပျက်အားငယ်စေခဲ့၏။ မည်သို့ပင်ဆိုစေ သူတို့က ရှောင်ချန်ဘက်၌ သေချာပေါက် ရပ်တည်မှာပဲဖြစ်သည်။

တစ်မိသားစုလုံးက နေ့လည်စာအတွက် စတင်ပြင်ဆင်တော့သည်။

ပါဝင်ပစ္စည်းများ အားလုံးက ဟဲ့ချင်ကျေးရွာမှ ထွက်တာဖြစ်ပြီး အိမ်ချက်ဟင်းလျာများ ပြည့်နေတော့သည်။

ည ၁၂ နာရီခန့်တွင် ကားတစ်စီးက ယွင်မိသားစု ခြံဝင်းရှေ့၌ ရပ်သွားလေ၏။ အဘွားယွင်က ကားကို မသိသော်ငြား ကားက အလွန်တန်ဖိုးကြီးပြီး ကျေးရွာနှင့် မြို့ရှိ ကားအများစုနှင့် ကွဲပြားခြားနားနေ၏။

ယွင်ယွီက ကားအကြောင်း သိပ်မသိပေ။ ယွင်လန်သည် ထိုကားက အလွန်နာမည်ကြီးသည့် တံဆိပ်မှန်း သိသော်ငြား မော်ဒယ်အမျိုးအစား အတိအကျ မသိချေ။

ယွင်မိသားစုက တံခါးဝ၌ ရပ်နေလေ၏။

ကားထဲမှ ထန်အဝတ်အစား ဝတ်ထားသည့် အဘိုးအို ထွက်လာတာကို မြင်သောအခါ ချင်ယွီစွေက ထိုလူနှင့် အတော်လေး ဆင်တူနေတာ တွေ့လိုက်ရ၏။

အဘွားယွင်က ရှေ့တိုးသွားကာ ပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။ “မင်္ဂလာပါ၊ မင်္ဂလာပါ။ ရှင်က ရှောင်ချန်ရဲ့ အဘိုးဟုတ်တယ်မလား”

အဘိုးအိုချင်၊ ချင်ကျွင်းလင် အစထဲက သုံမှုန်သော မျက်နှာထား ရှိသည်။

အဘိုးအိုသည် ဒေါသထွက်နေသေး၏။ သူ့၏မြေးအကြီးဆုံးက သူ့ကို အကြောင်းမကြားဘဲ လက်ထပ်သွားကာ ကလေးတစ်ယောက် ရထား၏။ ထိုသို့တိုင် သူက သူ့အိမ်သို့ လာရသေးသည်။ သူ မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

သို့သော် ယွင်မိသားစု၏ ပြုံးနေသော မျက်နှာများကို မြင်သောအခါ သူက မျက်နှာထား အေးစက်မနေနိုင်တော့ဘဲ ပြုံးလျက် ပြောလိုက်၏။ “ခင်ဗျားက ယွင်ယွီရဲ့ အဘွားဟုတ်တယ်မလား။ မင်္ဂလာပါ။ ကျွန်တော်တို့ ကလေးတွေရဲ့ မင်္ဂလာပွဲတုန်းက မလာခဲ့ရဘူး။ ကျုပ်တို့ အမှားပါ။ အရင်ဆုံး တောင်းပန်ပါရစေ။ ဒီကောင်က လက်ထပ်ဖို့အကြောင်း ကျုပ်တို့ကိုတောင် မပြောဘူး”

အဘွားယွင်ကလည်း ထောက်ခံလိုက်၏။ “ဟုတ်ပ။ အခြေအနေကို ရှင်းရှင်းလင်းလင်း နားမလည်ခဲ့မိတာ ကျွန်မတို့ရဲ့ အမှားပါပဲ။ နားမလည်ခဲ့တာလည်း ကျွန်မတို့အမှားပါ”

အဘိုးအို၊ လူကြီးနှစ်ယောက် စကားပြောနေစဉ် ချင်ကျွင်းလင်က ကားထဲမှ ထွက်လာ၏။

သူက ချင်ယွီစွေ၏ အဖေဖြစ်သည်။ သူ့၏အမူအရာက အလွန်လေးနက်တည်ကြည်ပြီး မျက်ခုံးနှစ်ဖက်ကြား၌ တွန့်ရာနှစ်ခု ရှိ၏။ သူက သူ့သားကြီးကို ကြည့်ကာ စကားမပြောပေ။

173 04

နောက်ဆုံး ထွက်လာသည့်သူက ချင်နန်ချီပဲဖြစ်သည်။

တောက်ပသည့် သားရေဖိနပ်တစ်စုံက အဦးစွာ ဆင်းလာပြီး ခြေထောက်ရှည်ဝတ်ဆင်ထားသည့် ခြေတံရှည်တစ်စုံ၊ အနက်ကော်လံ အနည်းငယ် ဟနေသော အဖြူရောင်ရှပ်ကို ဝတ်ထားပြီး နောက်ဆုံး၌ ချောမောခန့်ညားသော မျက်နှာက ပေါ်လာလေ၏။

သူက ချင်ယွီစွေနှင့် ရုပ်ဆင်သော်ငြား ခံစားချက်က ကွဲပြားခြားနားနေသည်။

ယွင်ယွီက သူ့ကို တစ်ချက်ကြည့်ပြီး အကြည့်လွှဲလိုက်တော့သည်။

ချင်နန်ချီသည် ကားထဲမှ ထွက်လာပြီးနောက် သူ့အကြည့်က ယွင်ယွီဆီသို့ ရောက်နေ၏။ သူ နှစ်ပေါင်း ၂၀၀၀ နီးပါး လွဲချော်သတိရခဲ့သည့် မျက်နှာလှလှလေးကို ကြည့်လိုက်မိသည်။

ယင်းက တကယ်ပင် မင်းသမီးဖုယွီနှင့် တစ်ထပ်တည်းတူနေသည်။ နူးညံ့သော မျက်နှာဖျက်ကာ အသားနှင့်ကဲ့သို့ ဖြူစင်သည့် အသားအရေကတောင် တစ်ထပ်တည်း တူ၏။

ချင်နန်ချီ၏ နှလုံးခုန်နှုန်းက မြန်လာပေသည်။

သူ့၏သွေးများတောင် ဆူပွက်လာ၏။ သူ ဤသို့ မခံစားခဲ့ရတာ နှစ်ပေါင်း ၂၀၀၀ ကြာပြီဖြစ်သည်။ သူ့၏အတိုင်းပင် မည်သည့်ခံစားချက်မှ မရှိဘဲ လမ်းလျှောက်နေသည့် အလောင်းကောင် တစ်ပတ်မှာ ဆက်လက် ရှင်သန်ရမည်ဟု ထင်ခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်က သူသည် ယွင်မိသားစု အကြောင်း တစ်စုံတစ်ရာကို စုံစမ်းစစ်ဆေးခိုင်းခဲ့ရာ ယွင်ယွီ၏ ကလေးဘဝတုန်းက ဓာတ်ပုံနှင့် အလယ်တန်း၊ အထက်တန်း၊ ကောလိပ်မှ ပုံများကိုတောင် ရှာခဲ့သည်။ သူမ၏ သွင်ပြင်က ကောလိပ်တက်စဉ်က အဆင်ပြေနေသေး၏။ မျက်နှာသွင်ပြင်က ဆင်တူသော်ငြား သူမသည် မင်းသမီးဖုယွီနှင့် ကွဲပြားခြားနားနေသည်။ စီနီယာနှစ်မှ ဘွဲ့ရပြီး နှစ်အနည်းငယ်အတွင်း အဘယ်ကြောင့် ထိုသို့ ပြောင်းလဲသွားသနည်း။

သူမက မီဒီယာ၌ အသက်မွေးမီဒီယာ လမ်းကြောင်းကို ဝင်ထားပြီးဖြစ်သော်ငြား အဘယ်ကြောင့် ဖုန်းရွှေဆရာ ဖြစ်လာသနည်း။

ချင်နန်ချီ ရှာတွေ့ထားသည့် အချက်အလက်များအရ ယွင်ယွီသည် ရွာထဲရှိ ရှေးဖြစ်ဟောသူတစ်ယောက်ထံမှ ထိုပညာကို သင်ခဲ့သည်ဟု ဆိုသည်။

သို့သော် အလယ်တန်းကျောင်းတက်စဉ်က မည်သည့် ပါရမီမှ မရှိခဲ့ဘဲ ဘွဲ့ရပြီးမှ ပါရမီ ရုတ်တရက် နိုးထလာသည်လော။ သူနှစ်သက်ရသည့် မီဒီယာတိုင်းရင်းဝိုင်းကိုတောင် လက်လျှော့ပြီး ဖုန်းရွှေပညာရှင် ဖြစ်လာသည်လော။

ချင်နန်ချီသည် ထိုမေးခွန်းကို တစ်လျှောက်လုံး စဉ်းစားခဲ့၏။ သူမက သူ့ရဲ့ ဖုယွီလား၊ သူ့ ပြန်လည်မွေးဖွားလာတာလား၊ ဒါမှမဟုတ် သူ့လိုမျိုး နောက်ထပ်ကိုယ် ပူးကပ်ခံလိုက်ရတာလား။

သို့သော် သူမက တစ်စုံတစ်ယောက်၏ ကိုယ်ကို ယူခဲ့မည်ဆိုလျှင် မည်ကဲ့သို့ တစ်ထပ်တည်း တူနိုင်မည်နည်း။ ထို့အပြင် သူမအကျင့်စရိုက်အရ ထိုကဲ့သို့ လုပ်မှာမဟုတ်ပေ။ ဖုယွီသာဆိုလျှင် သူမက ကလေးရပြီးဖြစ်သည့်တိုင် လုယက်အနိုင်ယူမည် မည်သည့်နည်းနှင့်မဆို သူသည် သူမကို ရှာရန် နည်းလမ်းမျိုးစုံ စတင်သုံးခဲ့၏။

ယွင်ယွီသည် ချင်နန်ချီ၏ အကြည့်က သူမအပေါ် အမြဲတစေ ရောက်နေတာကို သတိပြုမိ၏။ သူမ သူ့ကို လှည့်ကြည့်လိုက်ရာ သူ့အကြည့်က အလွန်ကွဲပြားခြားနားနေပြီး တစ်စိမ်းတစ်ယောက်ကို ကြည့်သလိုပင်။

သူက သူမကို တကယ်ကြည့်နေတာပဲဖြစ်သည်။ ယွင်ယွီက တစ်ဖက်လှည့်ကာ မျက်မှောင် အနည်းငယ် ကြုတ်မိသွားတော့သည်။

ချင်ယွီစွေက ချင်နန်ချီကို တစ်ချက်ကြည့်ပြီးနောက် သူမလက်ကို ဆွဲကာ ကြင်နာစွာ ပြောလိုက်တော့သည်။ “အထဲဝင်ကြမယ်”

ချင်နန်ချီက လမ်းလျှောက်လာပြီးနောက် သူ့အကြည့်သည် သူ့ရှေ့ရှိ လူနှစ်ယောက်၏ လက်ဆီသို့ ရောက်သွားပြီး လက်အကြီးနှင့် အသေး သူတို့လက်ချောင်းများက ယှက်ထားကာ အလွန်ရင်းနှီးနေပုံ ပေါ်လေ၏။ သူက မျက်နှာသေဖြင့် ခေါင်းမော့လိုက်မိသည်။

******

174 01

အပိုင်း 174

ဩဂုတ်လဖြစ်သော်ငြား ဟယ်ချင်းကျေးရွာရှိ ရာသီဥတုက အတော်လေး အေးမြနေသေးသည်။

သူဌေးကြီးချင်က ခြံဝင်းထဲ ဝင်ချိန် သူ၏ဒေါသက အနည်းငယ် လျော့ပါးသွား၏။ တစ်ဖက်တွင် ယွင်မိသားစုက သူတို့ကို ဖော်ရွေစွာ ကြိုဆိုနေပြီး သူက ပြုံးနေသည့်သူကို မရိုက်နိုင်ပေ။ တစ်ဖက်တွင်မူ မူမူကို တစ်စုံတစ်ယောက် ချီထားတာ မြင်သောအခါ တစ်ချက်ကြည့်ရုံဖြင့် ယင်းက ယွီစွေငယ်ရွယ်စဉ်ကနှင့် တစ်ထပ်တည်းတူနေပြီး ချင်မိသားစု၏ ကလေးမှန်း သိလိုက်သည်။

အဘိုးအို၏ စိတ်သဘောထားက အနည်းငယ် နူးညံ့ပျော့ပြောင်းသွားတော့သည်။

ယခုအခေါက်တွင် ချင်မိသားစုမှ လူသုံးယောက်သာလာပြီး ယာဉ်မောင်းမပါ၊ သက်တော်စောင့်မပါဘဲ ချင်နန်ချီက ကားမောင်းလာတာဖြစ်၏။

လူတိုင်း ဧည့်ခန်းထဲသို့ သွားလိုက်ပြီး အဘိုးချင်က သူ့မြေးနှင့် သားကို ယွင်မိသားစုဆီ မိတ်ဆက်ပေးလိုက်၏။

ချင်ကျွင်းလင်နှင့် ချင်နန်ချီကို မြင်သောအခါ အဘွားယွင်သည် ချင်မိသားစု၌ မျိုးရိုးဗီဇကောင်း ရှိသည်ဟု ခံစားမိ၏။ အထူးသဖြင့် ချင်ယွီစွေနှင့် သူ၏ညီပဲဖြစ်သည်။ သူတို့က ရုပ်ချင်းဆင်သော်ငြား ခံစားချက်က ကွဲပြားခြားနားနေ၏။ သူ၏ညီက အင်မတန် ချောမောခန့်ညားပြီး မိန်းမအနည်းငယ် ဆန်ပုံပေါ်သော်ငြား ရှောင်ချန်ကမူ ပိုတောင် ချောမောခန့်ညားပြီး ဓားကဲ့သို့ မျက်ခုံးတစ်စုံနှင့် တောက်ပသော မျက်လုံးများ ရှိသည်။

ချင်နန်ချီက သုန်မှုန်သော အမူအရာကို ဖုံးကွယ်ထားလျက် အဘွားယွင်ကို ပြုံးလျက် ပြောလိုက်၏။ “ မင်္ဂလာပါ အဘွား”

သူမကို အဘွားဟု ခေါ်တာကို ကြားပြီး ချင်ယွီစွေသည် တည်ငြိမ်ပုံပေါ်သော်ငြား ယွင်ယွီ၏ လက်ကို အနည်းငယ် တင်းကျပ်စွာ ကိုင်လိုက်မိသည်။

ဧည့်ခန်းထဲ ရောက်ချိန်၌ လူတိုင်း ထိုင်ချလိုက်တော့သည်။ ဟင်းလျာများနှင့် ဆန်ပြုတ် ထမင်းကို ထည့်ထားပြီး ဖြစ်၏။ ထူးကဲနေသည် မဟုတ်သော်ငြား အိမ်ချက်ဟင်းလျာများ ပြည့်နေသည့် စားပွဲက ရနံ့များ သင်းနေတော့သည်။

လူတိုင်းက စားစားသောက်လေ၏။ အဘိုးချင်က တစ်လုပ်စားပြီး ဘာမှ မပြောခဲ့ပေ။ သူ့ဘာသာသူ တွေးလိုက်မိ၏။ လုံမိသားစုမှ အဘိုးကြီးက ဤနေရာ၌ နေချင်တာ ထူးဆန်းလှပေ၏။ ဤနေရာတွင် ရေရှည်နေရန်အတွက် မြေဝယ်ဖို့ ပြင်ဆင်ထားကြောင်း သူကြားမိသည်။ ဤရွာက ရှုခင်းကောင်းကာ ရာသီဥတု အေးမြပြီး အစားအသောက်ကလည်း အရသာရှိကာ အလွန်အရသာ ရှိနေလေ၏။ သို့သော် သူသည် မြို့တော်ရှိ အရာများကို မည်ကဲ့သို့ အလွယ်တကူ လက်လျှော့နိုင်မည်နည်း။

သခင်ကြီးက သက်ပြင်းချလိုက်မိ၏။ ရုတ်တရက်သူက ဤနေရာက မဆိုးရွားဟု ခံစားမိလိုက်သည်။ သူ့မြေးအကြီးဆုံး၏ အတွေးကို သူနားလည်သွားလေ၏။ နားလည်သော်ငြား သူသဘောမတူပေ။ ချင်မိသားစု၏ အကြီးဆုံးဖြစ်၏။ သူ့တစ်ဘဝလုံး ဤနေရာ၌ မည်သို့ နေနိုင်မည်နည်း။ မိန်းမတစ်ယောက်နှင့်ဤလယ်ကွက်များကို ဖက်တွယ်ထားမည့်အစား ကျယ်ပြောသော အပေါင်းအသင်း ရှိသင့်သည်။

အဘိုးချင်ကမူ မိသားစုထဲရှိ လူအားလုံးရှေ့၌ ထိုစကားများကို ပြောမှာမဟုတ်ပေ။ နောက်ကျ သူ့မြေးနှင့် တဖြည်းဖြည်းချင်း ဆက်သွယ်ရမည်။

အဘယ်ကြောင့်နည်း။

ချင်နန်ချီသည် အတော်လေး အသန့်ကြိုက်သူဖြစ်၏။ သို့သော် ဤဟင်းလျာများကို စားသောက်ပြီးနောက် အလွန်အရသာရှိကြောင်း တွေ့ရှိလိုက်ရသည်။

သူ၏မင်းသမီးလေးက သူဂရုအစိုက်ဆို ဝိညာဉ်စမ်းရေ ရှိနေကြောင်း သူ မသိပေ။ ယခင်ဘဝ၌ ယွင်ယွီက မင်းသမီးတစ်ပါး ဖြစ်ပြီး ဝိညာဉ်စမ်းရေသည် ကျင့်ကြံရန်နှင့် သူမမိသားစု၏ရုပ်ခန္ဓာ တိုးတက်ရန်သာ အသုံးပြု၏။ လယ်ယာစိုက်ပျိုးရန် အသုံးမပြုခဲ့ပေ။ ယခုအချိန်တွင် စိုက်ပျိုးရန် သုံးထားသောကြောင့် အရသာက ထူးကဲနေ၏။ ချင်နန်ချီက ယင်းကို အရသာခံနိုင်မှာ မဟုတ်ပေ။

သူက ယွင်ယွီကို မော့ကြည့်လိုက်မိချိန် သူ၏အကြည့်က ကြည်လင်အေးစက်နေသော်ငြား ပူလောင်မှုတို့လည်း ရှိနေသည်။

သူ ဘယ်သူလဲ။ မင်းသမီးဖုယွီ ဖြစ်နိုင်မလား။

174 02

ချင်မိသားစုသည် မြင့်မားသည့် ရာထူး၌ အချိန်အတော်ကြာ နေသားကျခဲ့၏။ သူတို့က ယခုအခေါက်၌ ရည်ရွယ်ချက် တချို့အကြောင်း ရောက်လာလျှင်တောင် ယွင်မိသားစုရှေ့၌ ဘာမှပြောမှာမဟုတ်ပေ။

သူတို့က ယွင်မိသားစုနှင့် ကောင်းမွန်စွာ ပြောဆိုဆက်ဆံပြီး အလွန်ယဉ်ကျေးစွာ ပြုမူခဲ့၏။

နေ့လည်စာ စားပြီးနောက် ယွင်ယွီသည် ချင်မိသားစုဝင် သုံးယောက်ကို အဆောက်အအုံငယ်လေးဆီ ပြန်ခေါ်သွား၏။

သူမသည် သူတို့သုံးယောက်ကို အပန်းဖြေစခန်း၌ နေစေချင်၏။ သို့သော်ငြား သူတို့ မမေးသရွေ့ သူမ မကမ်းလှမ်းနိုင်ပေ။ ထိုအကြောင်း ချင်မိသားစုဝင် သုံးယောက်က သူမနှင့် ချင်ယွီစွေတို့ အိမ်ကို ရွှေ့လာသည်။ အိမ်၌ ဧည့်သည်ခန်းများစွာ ရှိပြီး သူတို့အတွက် အခန်းများ ပြင်ဆင်ပေးထားသည်။

ယွင်ယွီက အမြဲတစေ ယဉ်ကျေးပုံပေါ်သည်။

ဆိုရလျှင် ယင်းက ချင်မိသားစု လာလည်သည့် ပထမဆုံးအကြိမ် ဖြစ်၏။ အခန်းစီမံပေးပြီးနောက် ယွင်ယွီသည် ဧည့်ခန်းထဲ၌ လက်ဖက်ရည် လုပ်ပေးကာ ချင်ယွီစွေက သူတို့နှင့် စကားပြောနေသည်။

ယွင်ယွီ လျှောက်လာချိန်တွင် ချင်နန်ချီက သူမကို ကြည့်နေတာ သတိပြုမိလိုက်ပြန်၏။ သူမ ရည်ရွယ်ပုံပေါ်သော်ငြား ယွင်ယွီသည် ချင်နန်ချီက သူမကို ကြည့်နေသည်ဟု တွေးမိ ကြည့်နေမှန်း သိနေလေ၏။ သို့သော်ငြား သူတို့တစ်ယောက်နှင့်တစ်ယောက် မသိ။ ထိုသို့ဆိုလျှင် သူမကို အဘယ်ကြောင့် ဤသို့ ကြည့်နေသနည်း။

ယွင်ယွီက ချင်နန်ချီ၏ မျက်နှာကိုလည်း တစ်ချက်ကြည့်လိုက်၏။ သူ့မျက်နှာကို မဖတ်နိုင်ပေ။ မှန်းဆမရအောင် လေးနက်သည့် မျက်နှာဖြစ်သည်။

ရှေ့ဖြစ်ဟောခြင်းကို ထည့်မတွက်ထားသော်ငြား ယွင်ယွီသည် သူမနှင့် ရင်းနှီးသည့် ချင်ယွီစွေကို ရှင်းရှင်းလင်းလင်း မဖတ်နိုင်ပေ။ ချင်ယွီစွေ၏ မျက်နှာက အနည်းငယ် ဝေဝါးနေတာကို ရှာတွေ့ခဲ့၏။

သို့သော် လူတစ်ယောက်၏ မျက်နှာကို ကြည့်မိချိန်၌ အဘယ်ကြောင့် တူနေရသနည်း။ ကွဲပြားခြားနားချက်က သူမသည် လူတစ်ယောက်၏ ပထမသက်တမ်း တစ်ဝက်ကိုသာ မြင်နိုင်၏။ ၁၈ နှစ်လွန်ပြီးနောက် မည်သို့ဖြစ်မည်ကို နားမလည်ပေ။

ယွင်ယွီသည် အကြောင်းအရင်းကို အနည်းငယ် စိတ်ရှုပ်ထွေးနေလေ၏။ သူမ များစွာ တုံ့ဆိုင်းမနေတော့ဘဲ ထွက်လာကာ အဖိုးဟု ခေါ်လိုက်သည်။

သူဌေးကြီးချင်ကလည်း လက်ခံလျက် လက်ခံပြီး အဘိုးအိုက မူမူကို ချီထားကာ သူ့ကို စိုက်ကြည့်နေသည်။

မူမူ၏ အကျင့်စရိုက်က ချင်ယွီစွေနှင့် ဆင်တူပြီး အတော်လေး တည်ငြိမ်သည်။ ယခုအချိန်တွင် သူက အဘိုးချင်၏ လက်မောင်းပေါ်တွင် ရုန်းကန်ခြင်းမရှိ နေနေပြီး အဘိုးအိုကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေသည်။

ယင်းက သူ၏မြစ်လေးပဲဖြစ်သည်။

သူဌေးကြီးချင်၏ စိတ်နှလုံးက နူးညံ့ပျော့ပြောင်းသွားလေ၏။ သူက ထိုကလေးကို ပွေ့ချီထားကာ စနောက်ကြည့်စယ်နေလျက် လွှတ်ပေးရမှာ တွန့်ဆုတ်နေသည်။

ချင်ကျွင်းလင်၌လည်း တူညီသော အခြေအနေ ရှိသည်။ ဆိုရလျှင် မူမူက သူ့၏မြေးဖြစ်သည်၊ သူက သူ့သားအကြီးဆုံးနှင့် ဆက်ဆံရေးကောင်း မရှိသော်ငြား ဤမြေးကို တကယ်ချစ်၏။

ချင်နန်ချီတွင်သာလျှင် အေးစက်သော အမူအရာ ရှိနေသည်။ သူက ထိုကလေးကို စိုက်ကြည့်နေပြီးနောက် လက်သီးချက်ချင်း ဆုပ်မိသွား၏။

ချင်မိသားစု၏ အကြီးအကဲနှစ်ယောက်က မူမူကို ပွေ့ချီထားပြီး သူ့ကို ကြည့်စယ်နေကာ ရန်ဖန်ရံခါ၌ ချင်ယွီစွေကို မေးခွန်းတချို့ မေးလိုက်သော်ငြား ယွင်ယွီကသာ အများဆုံး ဖြေရသူဖြစ်သည်။

ချင်ယွီစွေက စကားပြော အလွန်နည်းပြီး ယွင်ယွီနှင့် ရှိနေချိန်မှအပ ဖြစ်သည်။ သူက ယွင်ယွီနှင့်တောင် စကားအနည်း စကားအနည်း ယွင်ယွီနှင့်သာ စကားပြောလေ့ရှိသည်။ နောက်ဆုံး၌ လူတိုင်း တစ်ရေးတစ်မော အိပ်ရန် အခန်းသို့ ပြန်သွားလေ၏။

ယွင်ယွီ နိုးလာချိန်တွင် အန်တီကျောက်ဆီမှ တစ်စုံတစ်ခု ကြားလိုက်ရ၏။

174 03

မစ္စတာချင်သည် ဗိုလ်ချုပ်လုံနှင့် လမ်းလျှောက်ရန် မူမူကို ခေါ်သွားသည်ဟု ဆိုသည်။ ကြွားလုံးထုတ်ရန် ဖြစ်နိုင်၏။ သူတို့နှစ်ယောက်က တစ်နေ့နေ့၌ ငြင်းခုန်ကြတော့မည်။ နောက်ပိုင်း၌ မူမူက ဆိုဖာပေါ်တွင် ထိုင်ကာ သူတို့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရ၏။ သူတို့ ရှက်လွန်းသောကြောင့် ရန်ဆက်မဖြစ်နိုင်ကြတော့ပေ။

ယွင်ယွီက ထိုစကားကို ကြားသောအခါ ရယ်မောမိသွားသည်။

သူမက ချင်မိသားစုကို ယဉ်ကျေးစွာ ဆက်ဆံခဲ့သော်ငြား သူတို့ပေါ် အမြင်ကောင်း မရှိပေ။ ချင်ယွီစွေ အမေကိုသတ် သေအောင် ဖိအားပေးခဲ့သည်။ သူဌေးကြီးချင်နှင့် ချင်ကျွင်းလင်တို့ပေါ် ဖြစ်သည်။ ချင်ယွီစွေက သူမချစ်သူဖြစ်ပြီး သူမသည် သူ့မိသားစုကို ချစ်ခင်၏။ သူမတစ်ခါမှ မတွေ့ဖူးသည့် ယောက္ခမပေါ်လည်း ခံစားချက်ရှိသည်။ သူတို့တွေ့ရန် အချိန်မရခဲ့ပေ။ သူမယောက္ခမသည် ချင်ယွီစွေကို ခေါင်းမိုးထပ်ခေါ်ပြီး ခုန်ချခဲ့ရလောက်အောင် အင်မတန် စိတ်ပျက်အားငယ်ခဲ့တာပဲဖြစ်ရမည်။ ထို့ကြောင့် သူမသည် ချင်မိသားစုမှ လူနှစ်ယောက်ကို ခွင့်မလွှတ်နိုင်ပေ။

သူတို့က သူမ၏ ခွင့်လွှတ်မှု မလိုအပ်ချေ။ သို့သော် သူတို့က မူမူကို လုယူသွားချင်သည် ဆိုပါက သူတို့ စောင့်ကြည့်ရပေလိမ့်မည်။

ချင်မိသားစု၏ လူအိုကြီးနှင့် ချင်ကျွင်းလင်၌ အစီအစဉ်တချို့ ရှိခဲ့၏။ သူတို့ ယခုအချိန်တွင် မပြောပေ။ သူတို့က ခံစားချက်များကို မြှုပ်နှံထားရမည်။ သူတို့က ထိုစုံတွဲအား မြို့တော်၌ တိုးတက်စေချင်၏။ ယွီစွေက ထိုထက်သာလွန်အောင် ဆက်နေနိုင်သည်။ သူ၏မြေးချွေးမအတွက်မူ ယွင်ယွီက ဖုန်းရွှေပညာရှင်မှန်း သိ၏။ သူမ မည်မျှ အစွမ်းထက်မှန်း မသိသော်ငြား ဖုန်းရွှေပညာရှင်အဖြစ် မြို့တော်တွင် သူတို့၏ အကိုအညီဖြင့် နာမည်တစ်ခု တည်ဆောက်ရန် လွယ်ကူသည်။

လူငယ်နှစ်ယောက်က ရွာရှိတောင်ပေါ်အိမ်လေးတွင် နေနေသည်ထက် ချင်အိမ်၌ ကလေးကို ပြန်ခေါ်လာပြီး နေတာက ပိုကောင်းမည်။

ညနေခင်းတိုင်း သူတို့ ယွင်အိမ်၌ ညစာ စားကြသည်။

ညစာ စားပြီးနောက် ယွင်ယွီနှင့် ချင်ယွီစွေတို့က မူမူကို ခေါ်ကာ လမ်းပန်းလျှောက်တော့သည်။ လေအေး တိုက်ခတ်လာ လေပြေအေး တိုက်ခတ်လာပြီး သူတို့နှစ်ယောက်လုံးက ငြိမ်းချမ်းမှုကို ခံစားမိသည်။

တိတ်ဆိတ်သော လမ်းပေါ် လျှောက်နေစဉ် ယွင်ယွီက မပြောဘဲ မနေနိုင်တော့ပေ။ “ကျွန်မ ချင်နန်ချီရဲ့ သွင်ပြင်ကို ဖတ်လို့မရဘူး။ ချင်ယွီစွေ၊ ရှင့်ရဲ့ညီက ဘယ်လိုလူမျိုးလဲ”

ဤနေရာသို့ ထိုလူ၏ လာရခြင်း ရည်ရွယ်ချက်က မရိုးရှင်းဟု သူမ ခံစားမိသည်။ သူမ ချင်နန်ချီနှင့် အဆက်အသွယ် မရှိပေ။ ချင်နန်ချီ၏ သူမသိသည့် တစ်ခုတည်းသော အရာက ပြန်ပေးဆွဲသည့် ဆိုးယုတ်သော ကျင့်ကြံသူသည် ချင်နန်ချီ၏ စီနီယာအစ်ကို ဖြစ်မှန်းသာ သိ၏။

ချင်ယွီစွေက သူမလက်ကို ကိုင်ထားပြီး မူမူကို ဖတ်ထားလိုက်၏။ “ကိုယ်သူနဲ့ အဆက်အသွယ် သိပ်မရှိဘူး။ သူကျောင်းတက်တုန်းက ပုန်ကန်တတ်တာ။ ဒါပေမဲ့ နောက်ပိုင်း ရုတ်တရက်ကြီး သူ့ကိုယ်သူ စတည့်မတ်လာတယ်။ သူက အလုပ်သင်တစ်ယောက်ဖြစ်လာပြီး ရွှမ်းမန်ဂိုဏ်းဝင်ခဲ့တာ။ ဘွဲ့ရပြီးတော့ ချင်အုပ်စုထဲ ဝင်ခဲ့တယ်။ သူက လက်ရှိ ချင်အုပ်စုရဲ့ ဥက္ကဋ္ဌပဲ။ ရုပ်လွန်ပညာအနည်းငယ်ပဲကျန်တော့တာ သူ့အကြောင်း သိပ်မကြားဖူးဘူး”

မြို့တော်ရှိ လူတို့သည် သူက အပျော်အတွက် တပည့်တစ်ယောက် ဖြစ်လာသည်ဟု ယူဆခဲ့ကြ၏။ လူတိုင်းက သူ ရုပ်လွန်ပညာ၌ အရည်အချင်း မရှိဟု ထင်ခဲ့ကြသည်။

ယွင်ယွီက မျက်မှောင်ကြုတ်မိသွားလေ၏။ “သူက နားလည်ရခက်တယ်။ သူ့နဲ့ ဝေးဝေးနေရအောင်”

ယင်းက သူမ၏ အလိုလိုသိစိတ်ပဲဖြစ်သည်။ ဤလူက သူမ၏ ဘဝ၌ ကမ္ဘာတုန်လှုပ်ဖွယ် ပြောင်းလဲမှု ဆောင်ယူလာမည်ဟု ခံစားမိ၏။ သူမ သူနှင့် ဝေးဝေးနေချင်သည်။

ချင်ယွီစွေက ပြောလိုက်သည်။ “ကိုယ် မင်းပြောတဲ့အတိုင်း လုပ်မယ်” သူ ယခုအခေါက်တွင် ချင်နန်ချီ လာတာကိုလည်း တွေးနေမိ၏။ ချင်နန်ချီသည် လေသာဆောင်တွင် ရပ်နေကာ သူတို့နှစ်ယောက် လမ်းရှင်းတွဲလျက် ကလေးပွေ့ချီထားတာကို ကြည့်နေ၏။ သူ ရှုံ့ချလိုက်သော်ငြား သူ၏မျက်နှာထက်တွင် ဝမ်းနည်းမှုများ ပြည့်နေသည်။ သူ၏နှလုံးသားကို ဓားထက်ထက်ဖြင့် ထိုးလိုက်သည့်ပမာ လောင်ကျွမ်းမှုကို ခံစားနေရ၏။ သူမက ဖုယွီသာဆိုလျှင် အဘယ်ကြောင့် သူနှင့် ရှိနေရသနည်း။ ယင်းသည် တကယ်ရေစက်ပေလော။ သူတို့က ပြီးပြည့်စုံသော စုံတွဲများဖြစ်၏။ သို့သော် ထိုစဉ်က သူမနှင့်အတူ ရှိခဲ့သည်က သူဖြစ်ပြီး သူမနှင့် အသေသည်အထိ အဖော်ပြုပေးခဲ့သည်ကလည်း သူပဲဖြစ်သည်။

174 04

နောက်တစ်နေ့တွင် သူတို့ မနက်စောစောထပြီး အန်တီကျောက်က မနက်စာ ပြင်ပေးသည်။ မနက်စာစားပြီးနောက် ယွင်ယွီနှင့် ချင်ယွီစွေက မူမူကို အန်တီကျောက်အား အပ်ပြီး တောင်ပေါ်သို့ တက်သွားသည်။

တက်ခါနီးတော့ တောင်ပေါ်ရှိ လယ်ကွင်း၌ အလုပ်လျှောက်နေသည့် လူများစွာ အလုပ်လုပ်ရန် လူများ ရှိသေးသည်။ သို့သော် နှစ်ယောက်လုံးက လယ်ကွင်းထဲ အလုပ် လယ်ကွင်းထဲ၌ အလုပ်လုပ်ပေးမည့်လူ ရှိသေးသည်။ သို့သော် နှစ်ယောက်လုံးက လယ်ကွင်းထဲ ကူလုပ်ပေးရတာ သဘောကျပြီး လေ့ကျင့်ခန်းအဖြစ် သဘောထားကာ နေ့စဉ်နေ့တိုင်း ချွေးထွက်ရတာကို သဘောကျ၏။

တောင်ပေါ်၌ လက်တလောတွင် စပျစ်သီးများ ရိတ်သိမ်းရန် အလုပ်များနေ၏။ ထို့ကြောင့် သူတို့က ဝိုင်ချက်ရန် ပြင်ဆင်ကြတော့သည်။ ယခင်က ချက်ခဲ့သည့် ချယ်ရီဝိုင်ကို ရက်အနည်းငယ်အတွင်း သောက်နိုင်တော့မှာပဲ ဖြစ်သည်။ သူမ အရသာ ခံချင်နေပြီဖြစ်သည်။ ဝိုင်ချက်ထားသည့် ချယ်ရီဝိုင်က လေထုတ်သည့် ဖြစ်စဉ်ကို ဖြတ်ကျော်ပြီး ဖန်ပုလင်းထဲ ထည့်ရမှာဖြစ်သည်။ တစ်သုတ်ကိုမူ ဖန်ချွင်းရှန်ဆီ တင်ပို့မည်။ အစားအသောက် အပန်းဖြေစခန်း၌ သုံးနေသည့် အစားအသောက်အားလုံးကိုမူ သူ့ကို ပေးတာတော့ မဟုတ်။

နေ့လည်၌ သူတို့သည် အပန်းဖြေစခန်း ကန်တင်း၌ စားသောက်ခဲ့ကြ၏။ သူတို့ ညနေစောင်းသည်အထိ ပြန်မသွားခဲ့ပေ။ ပြန်ချိန်၌ ချင်ယွီစွေက စပျစ်သီးတစ်ခြင်း သယ်လာ၏။ အခွံပါးပြီး နှင်းဆီရောင် သန်းနေသည့် စပျစ်သီးများ ဖြစ်ကာ သိပ်မကြီးပေ။ ထူးကဲသော ရနံ့ရှိကာ အလွန်ချိုမြိန်၏။ ထိုစပျစ်သီးများကို သိုလှောင်ရန် ခက်ခဲသောကြောင့် အပြင်ဘက်၌ မရောင်းနိုင်ပေ။ ယွင်ယွီက ဖန်ချွင်းရှန်ကို တချို့တလေ ပို့ပြီး မြို့တော်သို့ ညတွင်းချင်း ပို့ရမှာပဲဖြစ်သည်။

ဝိုင်ချက်သည်အပြင် ကျန်ရှိသည့် စပျစ်သီးများကိုလည်း မြို့၌ ရောင်း၏။

တန်ကြေးက တစ်ကီလိုကို ယွမ် ၃၀ ဖြစ်ကာ လာရောက်လည်ပတ်သူများသည် ကိုယ်တိုင်လည်း ခူးယူနိုင်၏။ တန်ကြေးက တူသည်။

သူတို့ပြန်ရောက်လာချိန်တွင် သူတို့မိသားစု စားရန် ခြင်းတစ်ဝက်ခန့် သယ်လာ၏။ ခြံဝင်းထဲ ပြန်လာပြီးနောက် ရွှံ့များ စွန်းထင်းနေသော ဖိနပ်ကို လဲလိုက်သည်။

အိမ်ထဲရှိ တိရစ္ဆာန်များက လူနှစ်ယောက် ပြန်လာတာကို မြင်ပြီး သူတို့ကို တိုးဝှေ့ကြလေ၏။

အဝေးကနေ လယ်တောအိမ်၏ နွေးထွေးသော ကားချက်တစ်ခုပမာ တူနေတော့သည်။

ချင်နန်ချီက မှန်းဆမရသော အမူအရာဖြင့် လေသာဆောင်တွင် ရပ်နေ၏။ ဖုယွီက မင်းသမီးတစ်ပါးဖြစ်ပြီး ထိုသို့ လုပ်မှာမဟုတ်ပေ။

သို့သော် သူ့ရှေ့ရှိ မိန်းမလှလေးသည် ဖုယွီနှင့် တစ်ထပ်တည်းတူသည့် မျက်နှာရှိပြီး ဖိနပ်ချွတ်လိုက်ချိန်သည် သူမ၏ခြေချောင်းများကို ပေါ်သွားစေ၏။ ပြီးနောက် သူမက ခြေလက်ဆေးလိုက်ချိန်မှာ အလွန်သဘာဝကျနေတော့သည်။

ဖုယွီသည် ငယ်ရွယ်စဉ်ကတည်းက အလိုလိုက်ခံထားရပြီး ထိုကဲ့သို့ ကိစ္စများကို ဘယ်တော့မှ လုပ်မှာမဟုတ်ပေ။

ချင်နန်ချီက အကြည့်ကို ရုတ်သိမ်းကာ အခန်းထဲ ဝင်သွားလေ၏။ ညနေခင်း၌ ယွင်ယွီသည် စပျစ်သီးတစ်ဝက်ကို ယွင်ခြံဝင်းသို့ ပို့လိုက်၏။ ကျန်သည်က ချင်မိသားစု စားရန် ထားလိုက်သည်။

မစ္စတာချင်က စပျစ်သီးများ အရသာ ရှိသည်ဟု ဆိုကာ ထပ်တလဲလဲ ချီးကျူးခဲ့လေ၏။

စပျစ်သီးအများစု ရိတ်သိမ်းရန် လေးငါးရက်ခန့် အချိန်ယူရပြီး မြို့ထဲတွင် တချို့ကမူ တဖြည်းဖြည်းချင်း မှည့်လာမည်ဖြစ်ကာ ၎င်းတို့ကို ပေါင်မုန့်ဆိုင်တွင် ထားပြီး ရောင်းနိုင်၏။ မိသားစု စားသုံးရန်အတွက်လည်း သိမ်းထားနိုင်၏။ ချင်မိသားစုဝင် သုံးယောက်က ဤရက်အတွက် ယွင်မိသားစု၌ နေကာ မူမူအကြောင်း မပြောခဲ့ပေ။

မစ္စတာချင်သည် နေ့စဉ်နေ့တိုင်း မူမူနှင့် လမ်းလျှောက်ထွက်တတ်ပြီး သူက မူမူကို တကယ်နှစ်သက်ကြောင်း ပြသနေ၏။ သူဌေးကြီးချင်က မူမူကို ဖက်ထားပြီး ခေါင်းညိတ်ကာ နှစ်ရက်သုံးရက် ကုန်လွန်သွားသည်။ ချင်ကျွင်းလင်က အဘိုးအိုနှင့် ဆွေးနွေးတော့သည်။ “ အဖေ၊ မြို့တော်ပြန်ရမယ့် အချိန်ရောက်ပြီ”

သူဌေးကြီးချင်က မူမူကို ဖတ်ထားပြီး ခေါင်းညိတ်ကာ အနည်းငယ် တွန့်ဆုတ်နေတော့၏။

ချင်ကျွင်းလင်က ပြောလိုက်၏။ “ အဖေ၊ မူမူကိစ္စက”

174 05

သူဌေးကြီးချင်က သက်ပြင်းချလိုက်တော့သည်။ “ကောင်းပြီ ညနေဘက် သူတို့ပြန်လာတော့ ငါပြောလိုက်မယ်”

ချင်ကျွင်းလင်က မျက်မှောင်ကြုတ်မိသွားလေ၏။ “အဖေ၊ ဘာပဲဖြစ်ဖြစ် မူမူက ကျွန်တော့်မြေးကြီးပဲ။ အဖေ့ရဲ့မြစ် ဒါကြောင့် သူ ချင်မိသားစုကို ပြန်လာရမယ်။ ဒီနေရာကို ဘာလို့လာလဲ အဖေသိသားပဲ။ ပြန်မသွားချင်ရင် မူမူက ချင်မိသားစုကို ပြန်ရမှာပဲ”

“ငါနားလည်တယ်” သူဌေးကြီးချင်က လက်ဆန်းထုတ်လျက် မူမူ၏ နူးညံ့သော လက်ကို ကိုင်ထားလိုက်သည်။ မူမူ၏ လက်ချောင်းလေးများက သူ့လက်ကို ဆုပ်ကိုင်ထားလေ၏။

သူဌေးကြီးချင်၏ နှလုံးသားက အနည်းငယ် တုန်ယင်သွားတော့သည်။

ယွင်ယွီနှင့် ချင်ယွီစွေက တောင်ပေါ်မှ ပြန်လာပြီး နှစ်ယောက်သားက ရေချိုးပြီးနောက် ညတိုင်း လူတိုင်းနှင့် ညစာစားလေ၏။

သူတို့က လက်တလော၌ လျှောက်လွှာ ဤနေရာတွင် ညစာစား၏။ ဆိုရလျှင် ယခု သူတို့က မိသားစုတစ်စု စတင်ပြီး ဖြစ်သောကြောင့် အဘွားယွင်မိသားစုနှင့် စားလေ့မရှိတော့ပေ။ ပထမဆုံး ရက်တွင်သာ စားဖြစ်တော့သည်။

ညစာစားပြီးနောက် သူဌေးကြီးချင်က လမ်းလျှောက်ထွက်တော့မည် ဆိုသည်နှင့်ကို ကြည့်ပြီး ပြောလိုက်၏။ “ ယွီစွေ၊ ပြောစရာရှိလို့”

ယွင်ယွီက မျက်ခုံးပင့်လျက် သူ့ကို ရှောင်ရန် ကြိုးစားသော်ငြား အဘိုးအိုချင်က ပြောလိုက်၏။ “ ရှောင်ယွင်လည်းနေ”

ဤရက်များအတွင်း အတူနေပြီးနောက် မိန်းကလေး၌ ကောင်းမွန်သော အကျင့်စရိုက်ရှိကာ စိတ်သဘောထား ပွင့်လင်း၊ ကြင်နာတတ်မှန်း ခံစားမိ၏။ သူက ယွီစွေကိုတောင် ကူညီဖေးမနိုင်လောက်သည်။

******

All Chapters