← Chapters

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အခန်း (၁၇၅-၁၇၆)

Vol. 18 Ch. 175-176

အပိုင်း 175

ချင်ကျွင်းလင်နှင့် ချင်နန်ချီ နှစ်ယောက်လုံး ရှိနေ၏။ နှစ်ယောက်လုံးက ရှောင်မည့် ရည်ရွယ်ချက် မရှိပေ။

“ဟုတ်ကဲ့ အဘိုး” အဘိုးအိုချင် ပြောတာကို ကြားပြီး ယွင်ယွီက ပြုံးလျက် တုံ့ပြန်လိုက်သော်ငြား ထိုအပြုံးက သူ့မျက်လုံးထဲ မရောက်ပေ။ အဘိုးအိုက မူမူအကြောင်း ပြောမှာလား သူမ သိချင်မိသည်။ သူတို့ မူမူကို ခေါ်သွားချင်နေတာလား။ သူမက စိတ်သဘောထားကောင်း ရှိတာကြောင့် ချင်ယွီစွေကို ဖျောင်းဖ‌ေနိုင်မယ် ထင်နေလား။

ချင်မိသားစုသည် အကြောင်းအရင်း တချို့ကြောင့် သူမအိမ်လာမှန်း သိနေလေ၏။ သို့သော် မစ္စတာချင်သည် သူမ၌ စိတ်သဘောထားကောင်းရှိသည်ဟု မည်သို့တွေးရသနည်း။ ဤကိစ္စက သူမကလေး ပါဝင်ပတ်သက်နေသည်။

လူတိုင်းက ဆိုဖာပေါ်တွင် ထိုင်လိုက်၏။ သူဌေးကြီးချင်က မူမူကို ကိုင်ထားသေးဆဲဖြစ်ကာ မူမူကို ကြည့်စဉ် သူ့၏မျက်လုံး၌ ချစ်ခြင်းများ ပြည့်နေသည်။ အန်တီကျောက်ကမူ ဈေးဝယ်ပြီး လမ်းလျှောက်ရန် ထွက်သွားတော့သည်။ ဧည့်ခန်းထဲ၌ တိတ်ဆိတ်ငြိမ်သက်နေလေ၏။

ယွင်ယွီက ချင်ယွီစွေဘေးတွင် ထိုင်ကာ လူအိုကြီးချင်နှင့် ချင်ကျွင်းလင်တို့က မျက်နှာချင်းဆိုင်တွင် ထိုင်ပြီး ချင်နန်ချီက တစ်ဖက်တွင် ထိုင်နေလေ၏။

သူ၏အမူအရာက အေးစက်နေလျက် ဖုန်းကို ကြည့်နေကာ ဧည့်ခန်းထဲရှိ တိတ်ဆိတ်ထူးဆန်းနေသော အခြေအနေကို သတိမထားပေ။

“ယွီစွေ” အဘိုးအိုချင်က ပြောလိုက်တာဖြစ်သည်။ “ အရင်တုန်းက ဖြစ်ခဲ့တာ အဘိုးရဲ့အမှားပါ။ မြင်နဲ့ ရှောင်ယွင်ကို တောင်းပန်ပါတယ်။ အဲဒီတုန်းက လိုက်ဖက်ညီဖို့က ပိုအရေးကြီးတယ်လို့ အဘိုးထင်ခဲ့တယ်။ ရှောင်ယွင်နဲ့ လက်ထပ်တာကို တားမြစ်ခဲ့တာ တောင်းပန်ပါတယ်။ အဘိုးမှားတာပါ။ ခွင့်လွှတ်ပေးပါ ရှောင်ယွင်။ အဘိုးတို့ ချင်မိသားစုရဲ့ အမှားကြောင့် သမီးအတွက် မင်္ဂလာပွဲ မကျင်းပပေးခဲ့မိတာ ချင်မိသားစုရဲ့ အမှားပါ။ သမီး ဒေါသထွက်ပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ သမီးမှာ မိသားစု ရှိသေးတယ်။ အခုလက်ထပ်ပြီး မူမူမွေးလာပြီ။ ဘာပဲဖြစ်ဖြစ် မူမူက ချင်မိသားစုရဲ့ မျိုးဆက်ပဲ။ ချင်မိသားစုက နောင်ကျ သမီးကို ကာကွယ်ပေးမှာ”

ချင်ယွီစွေက ဘာမှမပြောဘဲ ချင်နန်ချီက မျက်နှာသေဖြင့် ကြည့်နေ၏။ ဤလူသည် သူ့ယခင်ဘဝကအတိုင်း ဖြစ်နေသေးသည်။

ယွင်ယွီက ပြန်ပြောလိုက်လေ၏။ “ယွီစွေနဲ့ ကျွန်မ အဘိုးကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ဘူး။ “ထိုသို့ပြောပြီးနောက် သူမ တိတ်ဆိတ်သွားလေ၏။ ဘာများပြောနိုင်ဦးမှာလဲ။ ချင်မိသားစုရဲ့ အတွေ့ကို သူမ တစ်ခါမှမှ ဂရုမစိုက်ခဲ့တာ။

“သမီးက လိမ္မာတဲ့ ကလေးပဲ” သူဌေးကြီးချင်က သက်ပြင်းချလိုက်၏။ “ ယွီစွေ သမီးနဲ့ လက်ထပ်ခွင့်ရတာ ကောင်းချီးတစ်ရပ်ပဲ”

“ချီးကျူးတာ ကျေးဇူးတင်ပါတယ် အဘိုး” ယွင်ယွီက ပြုံးလိုက်သည်။ သူမစကားကို ကြားပြီးနောက် ချင်နန်ချီသည် ဖုန်းကိုင်ထားပုံက မတူတော့ပေ။

မင်းသမီးဖုယွီသည် ဘယ်တော့မှ လက်သင့်ခံမှာမဟုတ်။ ဤကဲ့သို့ တစ်စုံတစ်ခုနှင့် တွေ့ကြုံရချိန်၌ သူမ ဘယ်တော့မှ ပြုံးပြမှာမဟုတ်။ ချီးကျူးမှုအတွက် ကျေးဇူးတင်မှာ မဟုတ်ပေ။ သူမ အေးတိအေးစက် နှာခေါင်းရှုံ့လိုက်မည်။ မင်းသမီးဖုယွီက လယ်စိုက်မှာလည်း မဟုတ်ပေ။ ဤယွင်ယွီကမူ သူ့မင်းသမီးလေးနှင့် တစ်ထပ်တည်းတူသည့် မျက်နှာမှအပ ကျန်သည်က တူညီသည် မရှိ။ မင်းသမီးဖုယွီက တစ်စုံတစ်ယောက်၏ ကိုယ်ကို ယူမှာမဟုတ်။ ထို့ကြောင့် ကျန်ရှိသည့် တစ်ခုတည်းသော အရာက ပြန်လည်မွေးဖွားခြင်း ဖြစ်ပြီး သူမ ပြန်လည်မွေးဖွားလာခဲ့လျှင်နောက် အကျင့်စရိုက်က သိပ်ကွာခြားလွန်းမှာ မဟုတ်ပေ။

ဥပမာအနေဖြင့် ချင်ယွီစွေ၊ သူ့ယခင်ဘဝမှ ထိုလူက ပြန်လည်မွေးဖွားလာခဲ့ပြီး သူ အတည်ပြုခဲ့ပြီးဖြစ်၏။ သို့သော် ယွင်ယွီ၌ လုံးဝ ကွဲပြားခြားနားသော အကျင့်စရိုက် ရှိနေ၏။

ဒီတော့ သူက ဖုယွီမဟုတ်ဘူး၊ သူ့ရဲ့မင်းသမီးလေး မဟုတ်ဘူး ဟုတ်တယ်မလား။

ချင်နန်ချီက မျက်လွှာချသွားကာ မြို့တော်သို့ ပြန်ရောက်ပြီးနောက် မြေအောက်လောကသို့ သွားရန် ပြင်ဆင်ထား၏။ သူ ထိုနေရာသို့ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာ ရောက်ခဲ့ဖူးသည်။

175 02

ထိုစဉ်က သူသည် တမလွန်လောကသို့ သွားကာ ဖုယွီအကြောင်း မေးခဲ့၏။ ငရဲမင်းက သူမ ဘယ်တော့မှ လူပြန်ဝင်စားခြင်း မရှိ။ တမလွန်လောကကို တစ်ခါမှ ရောက်မလာကြောင်း ပြောခဲ့၏။

ထို့ကြောင့် ထိုစဉ်က သူ အတည်ပြုရန် ပြန်သွားခဲ့၏။ ဖုယွီသာဆိုလျှင် သူမ အတိတ်ဘဝကို မှတ်မိစေမှာပဲဖြစ်၏။ မဟုတ်လျှင် သူမက သူ့ကို ထိန်းသိမ်းထားဦးမှာပဲဖြစ်သည် အနည်းဆုံးတော့ သူမက ဖုယွီနှင့် တစ်ထပ်တည်း တူသည့်မျက်နှာ ရှိသည်။

သူဌေးကြီးချင်က လူငယ်စုံတွဲကို ကြည့်လိုက်သည်။ “ ယွီစွေ ရှောင်ယွင်၊ အဘိုး ဒီတစ်ခေါက်လာတာ တစ်ကိုယ်ကောင်းဆန်တဲ့ လှုပ်ရှားမှုတချို့ ရှိတယ်။ အခုနားလည်မှု လွဲတာကို ဖြေရှင်းပြီးသွားပြီ ဆိုတော့ ယွီစွေနဲ့ မူမူက ဘာပဲဖြစ်ဖြစ် ချင်မိသားစုရဲ့ မျိုးဆက်တွေပဲလေ။ သူတို့ ဒီနေရာမှာ နေတာ မသင့်တော်ဘူး။ သမီးတို့ မိသားစုသုံးယောက် မြို့တော်ကို ပြန်ကောင်းခဲ့ပါလား။ မူမူက သူ့ကို သင်ပေးဖို့ ပိုကောင်းတဲ့ ကလေးထိန်းနဲ့ နာမည်ကြီး ဆရာမကိုလည်း ငှားရမ်းပေးမှာ ရှောင်ယွင်အတွက်ကတော့ သမီး ဖုန်းရွှေပညာနဲ့ လူတွေကို ကူရတာ သဘောကျတယ်ဆို အချိန်ကျလာရင် ချင်အဆောက်အအုံမှာ တစ်လွှာပေးပြီး သမီးစတူဒီယို ဖွင့်လို့ရတယ်။ အဘိုး တခြားကိစ္စတွေ ဝင်မစွက်ဖက်ဘူး။ သမီးတို့သုံးယောက် ဆန္ဒရှိသလို နေလို့ရတယ်။ မူမူကို ရံဖန်ရံခါ တွေ့ခွင့်ပေးရင် ရပြီ”

“ အဘိုး” ချင်ယွီစွေက ယခုအခေါက်တွင် ပြောလာ၏။ “ ကျွန်တော် သဘောမတူဘူး။ ကျွန်တော် ဟယ်ချင်းကျေးရွာကို သဘောကျတယ်”

သူဌေးကြီးချင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ “ယွီစွေ၊ ဒီနေရာက အနာဂတ်မရှိဘူး။ ရှောင်ယွင်နဲ့ မူမူအတွက် စဉ်းစားသင့်တယ်”

ယွင်ယွီက တည်ငြိမ်စွာ ပြောလိုက်၏။ “အဘိုး၊ ကျွန်မ ဟယ်ချင်းကျေးရွာကနေ မသွားချင်ဘူး။ ဒီနေရာက ကောင်းတယ်။ ရွာသူရွာသားတွေကလည်း ချစ်ဖို့ကောင်းတယ် ထင်တာပဲ။ ကျွန်မ သူတို့ကို ကိစ္စလေးတွေ ကူညီပေးပြီး နေ့တိုင်းလည်း စားနိုင်တယ်။ ကျွန်မ စိတ်ကြိုက်တဲ့ ဘဝနေနေတာ။ ယွီစွေကလည်း ဒီလိုဘဝမျိုးကို ကြိုက်တယ်။ မြို့ကြီးပြကြီးတွေကို မကြိုက်ဘူး။ ဒါကြောင့် ကျွန်မတို့ မိသားစုသုံးယောက် မြို့တော်ကို သွားမှာမဟုတ်ဘူး။ မူမူကို လွမ်းသတိရတယ်ဆိုရင် ဟယ်ချင်းကျေးရွာကို မကြာခဏ လာလို့ရပါတယ်။ မူမူကြီးလာရင် အဘိုးဆီ လာလည်ပြီး မြို့တော်ကို လာလိမ့်မယ်”

ချင်ယွီစွေ၏ အကျင့်စရိုက်ကို သိပြီး သူ့ပြောတာကို နားလည်၏။

သူသည် မြို့တော်ကို တကယ်သဘောမကျပေ။ သူပြန်လာသည့် အချိန်တိုင်း၌ စိတ်အေးလက်အေး အဖြစ်ဆုံးပေ။ သူ့ဤနေရာကို နှစ်သက်၏။ သူတို့မိသားစုသုံးယောက်နှင့် တိရစ္ဆာန်များစွာက ပျော်ရွှင်ဖွယ်အကောင်းဆုံးနှင့် သူ့အတွက် နွေးထွေးမှုအရှိဆုံးဖြစ်သည်။

ချင်ကျွင်းလင်က အေးတိအေးစက် ပြောလိုက်၏။ “ သူက ချင်မိသားစုရဲ့ သားအကြီးဆုံးပဲ။ ပြီးတော့ မူမူက ချင်မိသားစုရဲ့ မြေးအကြီးဆုံး။ ဒီလိုနေရာမှာ တစ်သက်လုံး မနေနိုင်ဘူးလေ။ သူတို့ကို ဂရုစိုက်တယ်ဆိုရင် သူတို့ကို ဒီကနေ ထွက်သွားဖို့ ဖြောင်းဖြသင့်တယ်”

ယွင်ယွီက ရယ်မောလိုက်၏။ “ ဒီနေရာမှာ ကျွန်မတို့ တစ်သက်လုံး မနေနိုင်ဘူး ဆိုတော့ ဘာကိုဆိုလိုတာလဲ။ ဒီနေရာက လှတယ်။ ဒီနေရာမှာ တစ်သက်လုံးနေမှာ”

ဤဘဝတွင် သူမ၏ဆန္ဒက အလွန်ရိုးရှင်းပြီး သူမ ချစ်မြတ်နိုးသည့် ကလေးနှစ်ယောက် မွေးပြီး သူတို့ကို ဖုန်းရွှေပညာဖြင့် ဖုန်းရွှေပညာဖြင့် လူတို့ကို ကူညီအောင် သင်ပေးမည်ဖြစ်ကာ အချိန်ကျလာလျှင် သီးနှံများ စိုက်ပျိုးပြီး သူမအတွက် ၎င်းတို့က အကောင်းဆုံးကိစ္စများပဲဖြစ်သည်။

ချင်မိသားစု၏ အကြီး လူကြီးနှစ်ယောက်က ဤမြေးချွေးမ ၏ ဤ မြေးချွေးမက သူတို့ သူတို့ မြေးချွေးမနှင့် ဤချွေးမက ဖြေရှင်းရ မလွယ်ကူမှန်း မြင်သွား၏။ အစ၌ သူမ ပြုံးပြီး ကြင်နာပုံ ပေါ်တာကို တွေ့ရသော်ငြား ဤသို့သော လူမျိုးဖြစ်မည် ဆိုတာ မည်သူက သိမည်နည်း။

သူမကသာ ချင်ယွီစွေကို ဖြားယောင်းပြီး ဤတောင်ပေါ်ဂူမှာ ထွက်မသွားစေတာပဲ ဖြစ်မည်။

ချင်ကျွင်းလင်က ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချလိုက်၏။

“လူကြီးနှစ်ယောက် အကြီးတွေကို ဘယ်လိုပြောနေတာလဲ။ အမှန်အတိုင်း ပြောလိုက်မယ်။ မင်းတို့နှစ်ယောက် ကြိုက်တာ လုပ်လို့ရတယ်။ ဒါပေမဲ့ မူမူက ငါတို့ချင်မိသားစုရဲ့ အကြီးဆုံးမြေးပဲ။ သူ ဒီမှာ နေလို့မရဘူး။ ငါတို့ သူ့ကို ချင်မိသားစုဆီ ခေါ်သွားပြီး အကောင်းဆုံး ပညာရေးပေးမယ်”

175 03

သူတို့တွေးနေတာက တကယ်ပဲ မူမူအကြောင်းဖြစ်သည်။

သူဌေးကြီးချင်က မူမူကို ပွေ့ဖတ်ထားပြီး ပြောလိုက်တော့သည်။ “ ကျွင်းလင် အသံလျှော့ မူမူကို မခြောက်နဲ့”

မူမူသည် သူမှာ သူ့ကို သူဌေးကြီးချင် ဖတ်ခွင့်ပေးထားပြီး သူ့လက်မောင်းထဲ၌ လိလိမ္မာမ္မာ နေကာ ချင်ကျွင်းလင်ကို စူးစူးရဲရဲဖြင့် စိုက်ကြည့်နေ၏။

သူဌေးကြီးချင်က ခြောက်မြှူလိုက်သည်။ “မူမူ၊ လိမ္မာတယ်။ မကြောက်နဲ့။ သူက သားရဲ့အဘိုး”

“ဒီရည်ရွယ်ချက်နဲ့ လာတယ်ဆိုမှတော့ “ချင်ယွီစွေ၏ အရက်မြင့်မ်င့် ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သူ၏အကြည့်က တင်းမာခက်ထန်နေလေ၏။ ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ်။ “ခင်ဗျားတို့ထဲ တစ်ယောက်မှ မူမူကို ခေါ်သွားလို့မရဘူး။ မူမူက ယွီအာနဲ့ ကျုပ်ရဲ့သားပဲ။ ခင်ဗျားတို့တွေက သူ့ကို ခေါ်သွားဖို့ အရည်အချင်းမရှိဘူး” သူက ချင်မိသားစုကို လက်လျှော့ခဲ့ပြီးဖြစ်သည်။ သူ၏လေသံက တည်ငြိမ်နေကာ မည်သည့်လှိုင်းဂယက်မှ မရှိပေ။

ယွင်ယွီကလည်း ထရပ်ပြီး ပြောလိုက်တော့သည်။ “အခု ကိစ္စက ဒီအခြေအနေ ရောက်လာပြီဆိုတော့ ဘာမှ ထပ်မပြောချင်တော့ဘူး။ ရှင်တို့ မူမူကို ခေါ်သွားလို့မရဘူး။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် ထွက်သွားသင့်ပြီ”

ချင်ကျွင်းလင်က နှာခေါင်းရှုံ့လိုက်လေ၏။ “မင်း ဒီလောက် ရဲတင်းနေတာလား။ မင်း ငါတို့ကို မောင်းထုတ်ရအောင် မင်းကိုယ်မင်း ဘယ်သူထင်နေလဲ”

“ သူက ကျွန်တော့်မိန်းမ” ချင်ယွီစွေ၏ ချောမောခန့်ညားသော မျက်နှာက အင်မတန် အေးစက်နေပြီး သူ့မျက်လုံးထဲ၌ အရေးမပျော်နိုင်သော ရေခဲတလွှာ ရှိနေသည်။

“ကျွန်မက ဘာလဲတဲ့လား” ယွင်ယွီက ရုတ်တရက် ရယ်မောကာ သူမအပြုံးက ပျက်ရယ်ပြုနေလေ၏။ သူမ ထိုနေရာတွင် ရပ်နေကာ ချင်ကျွင်းလင်ကို ကြည့်လိုက်၏။

“ရှင်က ဒီလိုပြောတယ်ဆိုတော့ ကျွန်မ ဘာလဲဆိုတာ ပြောလိုက်မယ်။ ကျွန်မက မူမူရဲ့အမေ၊ ချင်ယွီစွေရဲ့ မိန်းမ၊ ကျွန်မက သူနဲ့အတူ အကောင်း၊အဆိုး ဆိုတာကို ဖြတ်ကျော်ခဲ့တာ။ သူ့ကို ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။ ကျွန်မ သူနဲ့အတူ အိုမင်းသွားမယ်။ ပြီးတော့ ရှင်တို့ကရော။ အဖေတစ်ယောက်အနေနဲ့ ရှင့်ဘဝမှာ အဖေတစ်ယောက်အနေနဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ တာဝန်ဝတ္တရားတွေတောင် ဖြည့်ဆည်းပေးခဲ့ဖူးလို့လား။ သူ့ကြောင့်သာ မဟုတ်ရင် ရှင်က ကျွန်မမျက်လုံးထဲ ဘယ်သူဖြစ်ဦးမှာလဲ”

သူမစကားလုံးများက အေးစက်လွန်းသဖြင့် အခြေအနေများကို ချောမွေ့ရန် ကြိုးစားနေသည့် မစ္စတာချင်၊ သူဌေးကြီးချင်တောင် အနည်းငယ် သုန်မှုန်သွားတော့သည်။

သူမက မေးအနည်းငယ် မော့ထားလျှက် ဂုဏ်ယူဝင့်ကြွားနေ၏။ ယခုအခြေအနေတွင် ချင်နန်ချီက သူမသွင်ပြင်ကို ဖုယွီနှင့် ပေါင်းစပ်မိသွားသည်။

ချင်နန်ချီ၏ မျက်နှာက အနည်းငယ် ရှုပ်ထွေးသွားလေ၏။

သူမက ဖုယွီ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဖုယွီနှင့် ဆင်တူသော သွင်ပြင်ရှိကာ တခြားယောကျ်ားဘက် သူမအချစ်ကို ထုတ်ပြခဲ့၏။ ဤလူကမူ သူ့ယခင်ဘဝ၌ သေလွန်ပြီးနောက် မင်းသမီးကို တပ်မက်ရဲသည့် အဆင့်အတန်းမဲ့သူ တစ်ယောက်သာ ဖြစ်သည်။

သူက သူမရဲ့အချစ်နှင့် ထိုက်တန်ရအောင် ဘာကောင်းမှုကုသိုလ်၊ ဘာအရည်အချင်းတွေများ ရှိလို့လဲ။

ထိုစဉ် ချင်မိသားစုဝင် သုံးယောက်၏ မျက်နှာထားက အင်မတန် ရှုပ်ထွေးသွားလေ၏။

စီးပွားရေးနယ်ပယ်တွင် မည်သူကိုမှ မကြောက်ရွံ့ စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် မည်သူ့ကိုမှ မကြောက်ရွံ့သည့် ယောက်ျားတစ်ယောက်ဖြစ်သော ချင်ကျွင်းလင်က ယွင်ယွီ၏ စကားများကြောင့် ဒေါသထွက်လွန်းပြီး တုန်ယင်နေလေ၏။ သူက ယွင်ယွီကို လက်ညှိုးထိုးကာ ပြောလိုက်တော့သည်။ “ မင်း…မင်း”

ယွင်ယွီက အေးတိအေးစက် ပြောလိုက်သည်။ အခုထွက်သွားတော့။ ကျွန်မကို ဖိအားမပေးနဲ့”

ယခုအချိန်တွင် သူတို့က မူမူကို လုယူချင်နေ၏။ သူမှာ သူတို့ပေါ် မည်သို့ ကောင်းနိုင်တော့မည်နည်း။ ဤလူများသည် ယွီစွေ၏ ခံစားချက်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ သူတို့ကို ချင်မိသားစု၏ အဖေခံအဖြစ်သာ သဘောထားခဲ့ပြီး သူ၏ဆန္ဒကို အရေးမထောက်ဘဲ သူ့အပေါ် နာကျင်စေခဲ့၏။ သူမ မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။

175 04

“ ကောင်းပြီ၊ ကောင်းပြီ” ချင်ကျွင်းလင်က ဒေါသထွက်သွားလေ၏။ “ ဒီနေ့ မင်းက အရည်အချင်းရှိလား ငါတို့မိသားစုက အဆက်အသွယ် ပိုရှိလာ ကြည့်ကြသေးတာပေါ့။ မူမူအတွက် မင်း ဘယ်လိုယှဉ်ပြိုင်မလဲ ကြည့်ချင်သေးတယ်”

ယွင်ယွီက သူ့စကားကြောင့် ဒေါသထွက်သွားလေ၏။ သူမ လက်မြှောက်လိုက်သောအခါ ချင်မိသားစုဝင် သုံးယောက်လုံးက ခန္ဓာကိုယ်ထဲတွင် အေးစိမ့်မှုကို ခံစားလိုက်ရပြီး မလှုပ်ရှားနိုင်တော့ဘဲ သူတို့ကိုယ်က တောင့်တင်းသွားလေ၏။

ချင်နန်ချီက ယွင်ယွီကို သုန်မှုန်သော အမူအရာဖြင့် ကြည့်လိုက်၏။ သူသည် ဆိုးယုတ်သော မိစ္ဆာအရှိန်အဝါများ ရစ်ဝဲခံထားရပြီး မဖယ်ရှားနိုင်ကာ ၎င်းတို့က ချီသွေးကြောထဲမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲ စိမ့်ဝင်ခွင့် ပေးထားရ၏။

သူမ ငယ်ငယ်ရွယ်ရွယ်လေးနှင့် ဒီလိုအရည်အချင်း ဘယ်လိုလုပ် ရှိရတာလဲ။

သူမက ဖုယွီ မဟုတ်သော်ငြား သူမကျင့်ကြံမှုက ဖုယွီထက် မဆိုးရွားပေ။

သူဌေးကြီးချင်နှင့် ချင်ကျွင်းလင်တို့က ပိုတောင် ထိတ်လန့်ပြီး စိတ်ရှုပ်ထွေးသွားတော့သည်။ သူတို့က မလှုပ်မရှားနိုင်ဘဲ ယွင်ယွီက သူဌေးကြီးချင် လက်ထဲကနေ မူမူကို ခေါ်သွားတာပဲ ကြည့်နေနိုင်တော့သည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီမိန်းကလေးက ဘယ်လိုလုပ်လိုက်တာလဲ။ ယွင်ယွီနှင့် အနီးကပ်နေသောကြောင့် မူမမှန်မှန်း သိသော်ငြား သိသည်၊ ဒါပေမဲ့ သူက ဖုန်းရွှေပညာရှင်လေးပဲ မဟုတ်လား။ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်ရတာလဲ။ လက်တစ်ချက်ဝှေ့ရမ်းရုံနှင့် သူတို့ကို အနိုင်ယူနိုင်တယ်လား။ သူက ဘယ်သူလဲ။

ယွင်ယွီက မူမူကို ပွေ့ဖတ်ထားပြီး ချင်မိသားစုဝင် သုံးယောက်ကို အေးတိအေးစက် ကြည့်လိုက်သည်။

“ရှင်တို့တွေ မူမူကို မျက်စိကျရဲရင် ကျွန်မကလည်း မြို့တော်ကို ကိုယ်တိုင်လာပြီး ဖုန်းရွှေပညာရှင်တစ်ယောက်ရဲ့ အစွမ်းအစ အစစ်အမှန်ကို ရှင်တို့ ချင်မိသားစုကို တွေ့ခွင့်ပေးရလည်း စိတ်မရှိဘူးနော်” သူမအမြင်တွင် သူမကို ချိန်းခြောက်နိုင်သော်ငြား သူမ၏ မိသားစုကို ဘယ်တော့မှ ချိန်းခြောက်၍ မရပေ။

သူမ မိသားစုက သူမ၏ ပြောင်းပြန်ကြေးခွံဖြစ်ကာ မည်သူမှ ထိခွင့်မရှိပေ။ သူမ ထိုသို့ပြောပြီးနောက် လက်တစ်ချောင်း ဝှေ့ရမ်းလျက် ငြင်ငြင်သာသာ လှည့်ထွက်သွားတော့သည်။ သူမက ချင်မိသားစု၏ အကြီးအကဲနှစ်ယောက် တုံးအသောကိစ္စများ လုံးမလာအောင် ခြိမ်းခြောက်ချင်ရုံသာ ဖြစ်၏။ သူမ အချိန်အတိုင်းအတာ တစ်ခုအထိ သူတို့ကို ထိခိုက်ရန် မပြင်ဆင်ထားပေ။

သုံးယောက်သားက သူတို့ ပြန်လှုပ်ရှားလာနိုင်တာကို သဘောပေါက်သွားချိန်၌ အမူအရာ သုန်မှုန်သွားလေ၏။

ချင်ကျွင်းလင်၏ နှုတ်ခမ်းက တုန်ယင်နေကာ ဘာမှမပြောနိုင်တော့ပေ။

သူဌေးကြီးချင်က ဒေါသထွက်နေလေ၏။ “ဘာလို့ မသွားသေးတာလဲ။ ဒီမှာ ဘာလုပ်နေတာလဲ”

သူ့ဘဝ၌ ဤကဲ့သို့ အရှက်ခွဲမှုကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။ ဒေါသထွက်လွန်းသောကြောင့် ပေါက်ကွဲချင်သော်ငြား မပေါက်ကွဲရဲပေ။ သူတို့က အစွမ်းထက်သည့် ဖုန်းရွှေပညာရှင်များကို စော်ကား၍မရ မြို့တော်ထဲတွင် သူတို့သိသည့် ဖုန်းရွှေပညာရှင်တွင် မည်သူကမှ ထိုသို့ မလုပ်နိုင်ပေ။ သူတို့က အကွာအဝေး အနည်းငယ်အတွင်း၌ လူတို့ကို ထိန်းချုပ်နိုင်၏။ ချင်မိသားစုက လက်ထပ်ထားသည့် မြေးချွေးမသည် ရိုးရှင်းသည့်သူ မဟုတ်။ သူတို့ တကယ်အမှားလုပ်ခဲ့မိတာပဲဖြစ်သည်။

ချင်နန်ချီကလည်း ထရပ်ပြီး မျက်နှာပေါ်ရှိ တင်းမာမှုများကို တိုက်ချလိုက်၏။ သူက လူအိုကြီးချင်နှင့် ချင်ကျွင်းလင်နောက်မှ လိုက်သွားတော့သည်။

ယွင်ယွီက မူမူကို ပွေ့ချီထားပြီး ချင်ယွီစွေကို သူတို့နှင့် တွေ့ရန် ခေါ်သွား၏။ ယွင်ယွီက ပုံမှန်အတိုင်း ကြင်နာသိမ်မွေ့သည့် သွင်ပြင်ဖြစ်လာကာ ပြုံးလိုက်တော့သည်။ “ဂရုစိုက်ကြပါ”

သူမ၏ ဤပုံစံကို မြင်သောအခါ အဘိုးအိုနှင့် ချင်ကျွင်းလင်တို့ သွေးဖိအား ဆောင့်တက်လာတော့သည်။

******

176 01

အပိုင်း 176

သူဌေးကြီးချင်နှင့် ချင်ကျွင်းလင်တို့သည် ယခင်က ဤသို့တစ်ခါမှ အဆက်အဆံမခံဖူးပေ။ သို့သော်ငြား သူတို့သည် ယွင်ယွီကြောင့် ထိတ်လန့်နေကြပြီး မူမူကို မလုရဲတော့ချေ။

သူတို့အားလုံးသည် မြို့တော်မှ လာတာဖြစ်၏။ သူတို့သည် ဘဝ၌ အတက်အကျများစွာ တွေ့ကြုံခဲ့ဖူးပြီး ဖုန်းရွှေပညာရှင်များ မည်မျှအစွမ်းထက်ကြောင်း သိပေ၏။

ဥပမာအနေဖြင့် လုံမိသားစု၏ ဘိုးဘေးပဲဖြစ်သည်။ မြို့တော်တွင် မည်သူကမှ သူမကို မစမ်းချင်ရဲကြချေ။ အင်အားကြီးသည့် ဖုန်းရွှေပညာရှင်တစ်ယောက်က မိသားစုတစ်စုကို တိတ်တဆိတ် ရှင်းပစ်လိုက်နိုင်သည်။ သူတို့က ထိုကဲ့သို့ စွန့်စားမှုကို မခံယူရဲချေ။ ဤမိန်းကလေးက အတုအယောင် အပေါ်ယံများသာ ဖြစ်မည်ဟု သူတို့ ထင်ခဲ့၏။ သူမ၌ အရည်အချင်းအစစ်အမှန် ရှိလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

သူတို့ ရထားသော အချက်အလက်က အသေးစိတ် မဟုတ်ပေ။ ယွင်ယွီက ဖုန်းရွှေပညာရှင် ဖြစ်ပြီး ရိုးရှင်းသော ရုပ်လွန်ပညာရပ် တချို့ကို သိကြောင်းသာ သူတို့သိထားလေ၏။

သူမမှာ ဒီလိုအရည်အချင်း ရှိနေပြီးသား ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ လုံမိသားစုရဲ့ ဘိုးဘေးတောင် သူ့အရွယ်တုန်းက ဒီလိုအရည်အချင်းမျိုး မရှိမှာစိုးရတယ်။ ချင်ယွီစွေက အစတုန်းက သာမန်လယ်တောသူကို လက်ထပ်ခဲ့တယ်လို့ ထင်နေတာ ဒီလိုဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ချင်မိသားစုဝင် သုံးယောက်က ခြံထဲမှ ထွက်လာ၏။ ချင်ကျွင်းလင်က တံခါးနားရပ်ကာ သားအကြီးဆုံးကို လှည့်ကြည့်လိုက်၏။ သားအကြီးဆုံးက သူ့ဇနီးနှင့် ကလေးကို ကာကွယ်ပေးနေပြီး သူတို့ကို မျက်နှာသေဖြင့် ကြည့်နေသေး၏။

သူ ရုတ်တရက် စိတ်ရှုပ်ထွေးမှုကို ခံစားလိုက်ရသည်။ သူနှင့် သူ့သားကြီးကြားက အခြေအနေတွေက ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ။ သူ့သားကြီးအတွက်ပဲ လုပ်နေတာလေ။ သူသည် တကယ်တော့ သူ့သားကြီးမိခင်ကို တစ်ခါမှ မချစ်ခဲ့ဖူးပေ။ ယင်းက သူ့အမှားမဟုတ်။ ချင်နှင့် လုံမိသားစုက လက်ထပ်စေချင်တာဖြစ်ပြီး ထိုစဉ်က သူ၌ ငြင်းဆန်ပိုင်ခွင့် မရှိပေ။

ချင်မိသားစုဝင် သုံးယောက် ထွက်ခွာသွားလေ၏။ ချင်နန်ချီက ယာဉ်မောင်းခုံ၌ ထိုင်ကာ ယွင်ယွီကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်၏။

ယွင်ယွီက လှည့်ကြည့်လာပြီး အကြည့်ချင်းဆုံသောအခါ သူ၏မျက်လုံးက အေးစက်နေပြီး ချင်မိသားစုအတွက် ဖော်ပြ၍ မရသော ရွံရှာမှုများ ပြည့်နေတာ တွေ့လိုက်ရ၏။

ချင်နန်ချီက မျက်လွှာချပြီးနောက် လှည့်မောင်းထွက်သွားတော့သည်။

ယွင်ယွီသည် ချင်မိသားစုမှ လူသုံးယောက်က နောက်ဆုံး၌ ထွက်ခွာသွားတာကို မြင်သွားသောအခါ သူမ ရင်ထဲ ရှုံ့ချလိုက်ပြီးနောက် တစ်ဖက်လှည့်ကာ ချင်ယွီစွေကို ခြေဖျားထောက်နမ်းလိုက်၏။

ချင်ယွီစွေက အရပ်မြင့်၏။ ထို့ကြောင့် သူမ ခြေဖျားထောက်ထားချိန်တွင်တောင် နမ်းရန် ခက်ခဲနေသည်။ သို့သော် သူမ လှုပ်ရှားမှုအနည်းငယ် လုပ်လိုက်သည်နှင့် သူသည် သူမ ဘာလုပ်ချင်မှန်း သိသည်။

သူ၏အမူအရာက နူးညံ့ပျော့ပြောင်းသွားကာ သူမကို ပွေ့ချီလျက် မူမူကို သူမလက်မောင်းပေါ်မှ ဆွဲယူကာ သူ့ကို ချောမော့စွာ သွားနမ်းခွင့် ပေးလိုက်သည်။

ချင်မိသားစုဝင် သုံးယောက် ထွက်ခွာသွားလေ၏။

သူဌေးကြီးချင်က ကားပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းကို ကြည့်နေစဉ် သက်ပြင်းချလိုက်မိသည်။

ယခုအခါ မူမူကို တွေ့စဉ်အချိန်တိုင်း သူတစ်ခါမှ ဤသို့ မခံစားဖူးပေ။ သူ မူမူကို သဘောကျသည်။ သူ၏မြစ်လေး မည်သို့အဆုံးသတ်သွားလိမ့်မည်ကို မည်သူက သိမည်နည်း။

ချင်ကျွင်းလင်က တင်းမာသော မျက်နှာထားဖြင့် နောက်ခုံတွင် ထိုင်ကာ နောက်ဆုံးတွင် မပြောဘဲ မနေနိုင်တော့ပေ။ “ အဖေ၊ မူမူကိစ္စက”

“ ထားလိုက်တော့” သူဌေးကြီးချင်က ပြောလိုက်၏။ “ ပြောရရင် ငါတို့ အဲဒီကလေးနဲ့ပါ တူတူနေလို့မရတာ။ ငါတို့ ဒီကို မလာခဲ့သင့်ဘူး။ သူတို့ကို သူတို့ဘာသာ နေခိုင်းထားသင့်တာ”

176 02

သူ့အသက်ကြီးနေပြီဖြစ်ကာ ဆက်ပြီး မရုန်းကန်ချင်တော့ပေ။

“ဒါပေမဲ့” ချင်ကျွင်းလင်က အင်္ကျီကော်လံကို ဆွဲလိုက်၏။ “အဖေ မုမုက ချင်မိသားစုရဲ့ မျိုးဆက်ပဲ။ အဲဒါကို အဲဒီကောင်မလေးက ခြိမ်းခြောက်ရဲတယ်”

သခင်ကြီးချင်က နှာခေါင်းရှုံ့ လိုက်လေ၏။ “ ဒါအတွက် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ဒီကို လာတုန်းက ဆွေးနွေးသင့်တယ်လို့ မင်းကို ပြောထားတာ။ မင်းက စခြိမ်းခြောက်တာ ချင်မိသားစုက ဘာမဆို လုပ်နိုင်တယ်လို့ ထင်နေတာလား။ မင်းက မူမူကိုတောင် ခေါ်သွားချင်သေးတယ်။ မိဘတစ်ယောက်အနေနဲ့ မင်းရဲ့ကလေး မင်းဆီကနေ ထွက်သွားတာကို မြင်နိုင်လား။ အခုမင်းက အသက်နှစ်ဆယ်အရွယ်မိန်းကလေး အရှက်ခွဲတာကို ခံရပြီးပြီ။ ဘာလဲ မင်း အဲဒီမိန်းကလေးကို သတ်ချင်သေးတာလား”

ချင်ကျွင်းလင်က နှုတ်ခမ်းတင်းတင်းစေ့ကာ ပြောလိုက်သည်။ “အဖေ ကျွန်တော် အဲလို မထင်ပါဘူး။ ပြောရရင် သူက ယွီစွေရဲ့ မိန်းမပဲလေ”

“ဟမ့်။ မင်း သတ်ချင်နေရင်တောင် မသတ်နိုင်ဘူး။ ရှောင်ယွင်က အသက်ဘယ်လောက်လဲ။ သူ့ရဲ့ အနာဂတ်အောင်မြင်မှုက လုံမိသားစု ဘိုးဘေးထက်တောင် သာမှာ”

ချင်ကျွင်းလင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ “အဖေ ကျွန်တော်တို့ အရင်က စုံစမ်းထားတဲ့ အချက်အလက်တွေက အသေးစိတ်မဟုတ်ဘူး။ သူ ဒီလောက် အရည်အချင်းရှိမယ် ဆိုတာ ဘယ်သူက သိမှာလဲ။ ဆက်ပြီး စုံစမ်းသင့်လား”“ ထားလိုက်တော့။ “ သူဌေးကြီးချင်က သက်ပြင်းချလိုက်ပြန်၏။ “ အခု သူ ဘယ်လောက် အရည်အချင်းရှိလဲ။ ငါတို့ သိသွားပြီ။ သူ့ကို ဆက်စုံစမ်းနေလို့ အသုံးမဝင်ဘူး။ နောက်ကျ သူတို့ကို မနှောင့်ယှက်နဲ့။ သူတို့ ဒီအတိုင်း နေခိုင်းထားပြီး သူတို့ဆက်ဆံရေးကို တဖြည်းဖြည်းချင်း ပြင်ဆင်ဖို့ အချိန်စောင့်။ ငါတို့က မိသားစုတွေပဲ။ ဒါကြောင့် အနေခက်အောင် မလုပ်သင့်ဘူး”

ချင်ကျွင်းလင်က ဘာမှမပြောတော့ပေ။ သူ၏ချွေးမကို ယခုအချိန်တွင် တကယ်မနှစ်သက်သော်ငြား နှောင့်ယှက်လို့ မရတော့ပေ။ လမ်းတစ်လျှောက်၌ ချင်နန်ချီက တစ်ခွန်းမှ မပြောခဲ့ပေ။

မြို့တော်သို့ ပြန်ရောက်ပြီးနောက် သူသည် သူ့ဘေးရှိ ရိချန်ကို ညွှန်ကြားလိုက်၏။ “ ယွင်ယွီ ကိစ္စအားလုံး စုံစမ်းစစ်ဆေးပေး၊ အသေးစိတ်အချက်အလက်အားလုံး”

ယခင်အခေါက်၌ အချိန်နှစ်ရက်သာ ရခဲ့ပြီး ရိချန် ရှာတွေ့ထားသည့် အချက်အလက်များက မလုံလောက်ပေ။ သူ အသေးစိတ်အချက်အလက်ကို သိရှိရန် လိုအပ်သည်။

ချင်နန်ချီက လုံဘိုးဘေးကို ဖိနှိပ်ထားသည့် မိစ္ဆာဝိညာဉ် ဖျက်ဆီးခြင်း အစီအရင် ခုနစ်ခုကို ယွင်ယွီ ဖျက်ဆီးခဲ့တာဟု သံသယဝင်မိသည်။ ဆိုရလျှင် ယင်းက ဟယ်ရှန်းမြို့ဖြစ်ပြီး သူမနှင့် နီးသည်။ သူက ချင်ယွီစွေနှင့် တစ်နည်းနည်းဖြင့် သက်ဆိုင်နေရသည့် အကြောင်းအရင်း ရှိမည်လော။ လိုရင်းပြောရလျှင် သူက ယွင်ယွီ၏ သတင်းအချက်အလက်ကို ပိုလိုအပ်သည်။

ယွင်ယွီနှင့် ကျန်သည့် ချင်မိသားစုဝင် သုံးယောက် ထွက်သွားပြီးနောက် သူတို့သည် ကျန်သည့် ချင်မိသားစုဝင် သုံးယောက် ထွက်သွားပြီးနောက် သူတို့က တောင်ပေါ်၌ အလုပ်များနေ၏။ နောက်လတွင် လယ်ယာစိုက်ပျိုးမှာအပ သူမသည် အရူးအမူး ကျင့်ကြံနေလေ၏။ ယခင်က သူမသည် တစ်မနက် မနက်တိုင်း တစ်နာရီခန့်သာ လေ့ကျင့်ခဲ့သော်ငြား ယခုဆို တစ်ရက်ကို အနည်းဆုံး သုံး၊လေးနာရီ လေ့ကျင့်သည်။

အစက သူမသည် ကျင့်ကြံရာ၌ ပတ်သက်ချိန်တွင် သဘာဝအတိုင်းသာ သဘောထား၏။ သို့သော် ချင်နန်ချီကို တွေ့ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေတာကို အမြဲတစေ ခံစားမိသည်။ ကပ်ဘေးတစ်ခုခု ဖြစ်တော့မည်ဟု ထင်ရသည်။ ထို့ကြောင့် လုံချီရှောင်အား ချင်နန်ချီကိစ္စကို စုံစမ်းစစ်ဆေးရန် အကူအညီ တောင်းခဲ့၏။

လုံချီရှောင်က ပြောလိုက်သည်။ “သူက မစ္စတာဟော်ရဲ့ တပည့်ပဲ။ မြို့တော်မှာ မစ္စတာဟော်ရဲ့ ဂုဏ်သတင်းက သိပ်မကောင်းဘူး။ ဒါပေမဲ့ သူက ရုပ်လွန်ပညာမှာ အင်မတန် အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်။ အသက်ကြီးမျိုးဆက်က သူ့အကြောင်း ပိုသိလောက်တယ်။ ငါတို့ လူငယ်မျိုးဆက်က သူ့ကို သိပ်မရင်းနှီးဘူး။ သူက လူတွေကို အလွယ်တကူ ကူညီမပေးတတ်ဘူး။ မစ္စတာဟော်က တပည့်နှစ်ယောက်ပဲ လက်ခံခဲ့တာ။ ဒါကို သိပြီးသား။ တခြားတပည့်တွေ ရှိလောက်ပေမဲ့ သူသိတဲ့ တပည့်တွေထဲမှာ အကြီးဆုံးတပည့်က မိစ္ဆာကျင့်ကြံသူဖြစ်ပြီး နာမည်က မာကျင်းကျောင်း။ သူက မနှစ်တုန်းက ဝိညာဉ်တွေ အများကြီးကို ခေါ်သွားပြီး မင်းရဲ့အကူအညီကြောင့် ဖမ်းခဲ့ မင်းရဲ့အကူအညီကြောင့် ငါတို့ ဖမ်းမိခဲ့တာ။ သူက ထောင်ထဲမှာ သူ ထောင်ကျနေတုန်းပဲ။ သူ့ရဲ့အကြီးဆုံးတပည့်ကို စိတ်ပျက်နေတာကြောင့် ဖြစ်မယ်။ မစ္စတာဟော်က ချင်နန်ချီကို တပည့်တစ်ယောက်အဖြစ် တပည့်ထပ်တော်ခဲ့တယ်။ အဲဒီတုန်းက ချင်နန်ချီက အရာအားလုံး လုပ်တဲ့ လူပေလူတေ ဖြစ်နေတုန်းပဲ။ အဲ့ဒီတုန်းက သူက တော်ဝင်မြို့တော်တိုင်းဝိုင်းမှာ ဟာသတစ်ခု ဖြစ်ခဲ့တာ။ လူတိုင်းက သူ့ကို ဒုတိယသခင်လေးဆိုပြီး ခေါ်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ သူ အတော်လေး တုံးအတယ်လို့ သူတို့ ထင်နေကြတာလေ”

176 03

ယွင်ယွီက လုံချီရှောင် ပြောတာ နားထောင်နေလေ၏။

“နောက်ပိုင်းကျ ချင်နန်ချီက အတော်လေး စိတ်ပတ်သွားပုံပေါ်ပြီး မစ္စတာဟော်ကိုတောင် စေခိုင်းစေရာခိုင်းသေးတယ်။ သူက နာမည်ကြီး တက္ကသိုလ်ဝင်ခွင့်ရခဲ့ပြီး ဘွဲ့ရပြီးတော့ ချင်ကော်ပိုရေးရှင်းထဲ ဝင်ခဲ့တာ။ သူ အင်မတန် အရည်အချင်းရှိပြီး ချင်ကော်ပိုရေးရှင်းကို အမြင့်တစ်ခုရအောင် မြှင့်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ လူအနည်းစုလောက်ပဲ ရုပ်လွန်ပညာမှာ သူ့အောင်မြင်မှုကို သိတယ်။ လူတော်တော်များများက သူတပည့်ဖြစ်တာ နောက်ကျတာကြောင့် သူ့မှာ အရည်အချင်း မရှိဘူး။ ရုပ်လွန်ပညာနဲ့ ပတ်သက်ပြီး ဘာဗဟုသုတမှ မရှိတာ ဖြစ်လောက်တယ်လို့ ယူဆနေကြတယ်”

ယွင်ယွီသည် ထိုစကားကို ကြားပြီး မျက်မှောင်ကြုတ်မိသွားလေ၏။ တစ်စုံတစ်ခု မှားယွင်းနေတာကို ခံစားမိသေးသည်။ သူမ အာရုံထဲ သွေးထဲထိအောင် မလွယ်ကူမှု စိတ်မသက်မသာ ဖြစ်နေလေ၏။ ချင်နန်ချီ သူမကို ကြည့်သည့်ပုံက ထူးဆန်းလွန်းနေသည်။

ဤဆိုးယုတ်ပုဂ္ဂိုလ်ကို တုံ့ပြန်ရန် သူမ လေ့ကျင့်ချိန်ကို တိုးချဲ့ခဲ့သည်။ မည်သို့ပင်ဆိုစေ သူမ လုံလောက်အောင် သန်မာနေသရွေ့ သူမမိသားစုကို မည်သည့်အရာကမှ အနိုင်ကျင့်နိုင်မှာ မဟုတ်ပေ။

ယွင်ယွီသည် ကျင့်ကြံရင်းဖြင့် နေ့ရက်များကို တဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။

ဩဂုတ်လကုန်၌ ယွင်ရှန်းက တက္ကသိုလ်တက်တော့မှာ ဖြစ်သည်။ သူရွေးထားသည့် တက္ကသိုလ်က တော်ဝင်မြို့တော် တက္ကသိုလ်ဖြစ်ပြီး မြို့တော်၌ ထိပ်တန်း တက္ကသိုလ် သုံးခုတွင် စာရင်းဝင်၏။ လူသစ်များက ကြိုတင်သတင်းပို့ရမည်ဖြစ်၏။ ပြီးနောက် အတန်းနဲ့ အဆောင်များ ခွဲပေးမှာဖြစ်ကာ စစ်ရေးလေ့ကျင့်ရေးလည်း ရှိသည်။

ယွင်ရှန်းက အရပ် ၁.၈ မီတာ မြင့်နေပြီဖြစ်သည်။ သူသည် ဝိညာဉ်စမ်းရေကို နေ့တိုင်းသောက်သောကြောင့် အသားအရေက ဖြူဖွေးပြီး ဆံပင်အနက်ရောင် အနက်ရောင်ဆံပင်သည် အလွန်သန်စွမ်းသည်။ သူက အလွန်ခန့်ညားသော ကောင်ချောလေး ဖြစ်၏။

သူသည် နွေရာသီ အားလပ်ရက်၌ သင်ခန်းစာများကို သုံးသပ်ရန် အိမ်တွင်းနေပြီး ယွင်ယွီကို တောင်ပေါ်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ကူညီပေး၏။ နွေရာသီအားလပ်ရက်၌ ယွင်ယွီသည် သူ့အိမ်သို့ လာကစားကြသည့် မိန်းကလေးများစွာကို တွေ့ခဲ့ဖူးသော်ငြား သူသည် အားလုံးကို ငြင်းဆန်ခဲ့ကာ စာများတောင် ရခဲ့သေးသည်။ ယင်းက ရည်းစားစာများ ဖြစ်လိမ့်မည်ဟု ယွင်ယွီ ခန့်မှန်းမိ၏။ သူမမောင်လေးကလည်း အရွယ်ရောက်လာပြီဖြစ်သည်။ ယွင်ရှန်းက စာရင်းသွင်းရန် တက္ကသိုလ်သို့ သွားလေ၏။ ယွင်ယွီက သိပ်စိတ်မပူပေ။ သူက သူမပေးထားသည့် အဆောင်သယ်ထားသရွေ့ ယွင်ယွီ သိပ်စိတ်မပူပေ။

ချင်နန်ချီကလည်း မားကောင်ကန်ထရီ၌ ရိချန် ပို့ပေးသည့် သတင်းကို ရလိုက်၏။ အလွန်ထူသည့် စာတစ်ထပ်ဖြစ်သည်၊ သူက ရုံးခန်းကုလားထိုင်တွင် ထိုင်ကာ အချက်အလက်များကို ကြည့်နေလေ၏။ အချက်အလက်က အင်မတန် အသေးစိတ်ကျပြီး ယွင်ယွီ၏ ငယ်ဘဝမှ အရာအားလုံးစကာ သူ၏အဖေက အမြောင်မယား ရှိထားပြီး ဇနီးနှင့် ကလေးကို စွန့်ပစ်ခဲ့သည့် အချက်အလက်များလည်း ပါဝင်၏။

နောက်ပိုင်းတွင် သူမက အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းနှင့် ကောလိပ်တို့တွင် စာလေ့လာကာ စီနီယာနှစ်၌ ဘွဲ့ရသောအခါ ယွင်ဝေဝေ အကောက်ကျန်တာ ခံရ ယွင်ဝေးဝေးနှင့် ကောချင်တို့ အကောက်ကြံတာ ခံလိုက်ရ၏။ ထိုအကြောင်းရင်းကြောင့် ချင်ယွီစွေနှင့် မတော်တဆ ညားမိသွားသည်။

ချင်နန်ချီသည် ထိုစာကို မြင်သောအခါ အမူအရာက အင်မတန် အေးစက်သွားလေ၏။

သူသည် ချင်ယွီစွေ၏ အကျင့်စရိုက်ကို ကောင်းစွာ သိသည်။ သူ့အနားတဝိုက်၌ ထိန်းချုပ်မရသည့် မိစ္ဆာဝိညာဉ် ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် သူသည် ယွင်ယွီကို ထိမှာမဟုတ်ပေ။ အစထဲက ချင်ယွီစွေထံ ကပ်ဘေးယူဆောင်လာခဲ့သူက သူဖြစ်၏။ သို့သော် ဤအရာက သူ့အတွက်သူ ယူဆောင်လာမိသလို ဖြစ်နေ၏။ ချင်နန်ချီက စိတ်အခြေအနေ ဆိုးရွားနေကာ စာဆက်ဖတ်တော့သည်။

ယွင်ယွီက ကောချင်၊ ယွင်ဝေးဝေး၊ ထန်ဟုန်လန်တို့ကို ဆန့်ကျင်ပြီး လူများစွာကို ကယ်တင်ပေးကာ ရုပ်လွန်ပညာ နည်းနောဖလှယ်ပွဲ၌ ပါဝင်ခဲ့တာကို တွေ့လိုက်ရ၏။ ပြီးနောက် သရဲခြောက်သော အိမ်၏ မြေအောက်တန်းရှိ ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးကိုလည်း ဖျက်ဆီးခဲ့သည်။ ယင်းကို ကြည့်ပြီး ချင်နန်ချီက မျက်မှောင်အနည်းငယ် ကြုတ်မိသွားကာ သက်ပြင်းဖွာဖွာချလိုက်လေ၏။

176 04

သူနှင့်သူမက အတူတကွ ရှိရန် ရေစက်ပါလာပုံ ပေါ်သည်။ နောက်လာမည့် ဖြစ်ရပ်များအားလုံးက မှတ်တမ်းတင်ထားပြီးဖြစ်သည်။ ယွင်ယွီနှင့် ချင်ယွီစွေတို့ လက်ထပ်ပြီး ကလေးရခဲ့ကာ လူတို့ကို ကူညီပေးသည်။

ကျေးဇူးတရားနှင့် အငြိုးအတေးကို ရှင်းလင်းပြတ်သားစွာ ခွဲခြားနိုင်သည့် သူမ၏ ကိုယ်ရည်ကိုယ်သွေးသည် ဖုယွီနှင့် အတော်လေး ဆင်တူသည်။ အဆုံးကျ သူမသည် ဟဲ့ရှမ်းမြို့ရှိ ဝိညာဉ်ဖျက်ဆီး မိစ္ဆာခုနစ်ပါး ဝိညာဉ်ဖျက်ဆီးခြင်း အစီအရင်ကို ဖြိုခွဲပေးခဲ့တာဖြစ်သည်။ သူမကြောင့် ဆရာကလည်း တန်ပြန်ခံရပြီး အတွင်းဒဏ်ရာ ရသွားသည်။

အချက်အလက်အားလုံး ဖတ်ရှုပြီးနောက် ချင်နန်ချီသည် စားပွဲပေါ် စာရွက်ကို ပစ်တင်ကာ ထရပ်လျက် လျှောက်ထိုင် လျှောက်သွားလိုက်၏။ ပြတင်းပေါက်အပြင်ဘက်၌ ကြယ်များ ရှိနေပြီဖြစ်သည်၊ သူက ဤအချက်အလက်ကို မယုံကြည်မတွက်နိုင်အောင် ဖတ်ပြီးဖြစ်သည်။ ယွင်ယွီနှင့် ဖုယွီက သွင်ပြင်ဆင်တူကာ စွမ်းရည် ဆင်တူကြသော်ငြား အကျင့်စရိုက်က လုံးဝကွဲပြားခြားနားနေပေ၏။ သူမက ဖုယွီ ဟုတ်မဟုတ် သူ တကယ်မဆုံးဖြတ်နိုင် ဖြစ်နေသည်။ ချင်နန်ချီက အိမ်သို့ ပြန်လာပြီးနောက် ချင်ယွီစွေနေတို့ ဗီလာထဲ နေတာဖြစ်သည်၊ သူ တစ်ယောက်တည်းနေတာဖြစ်သည်။

သူ ရေချိုးအဝတ်အစားလဲပြီး အိပ်ရာပေါ် လဲကာ တဖြည်းဖြည်းချင်း အိပ်ပျော်သွားသည်။ ဤနေရာတွင် သရဲသစ္ဆေဝိညာဉ်များကို မြင်နိုင်သည့်သူသာ ရှိနေပါက မျက်လုံးမှိတ်လျက် လျင်မြန်စွာ အိပ်မောကျသွားသည့် ချောမောခန့်ညားသော လူထံမှ အရိပ်တစ်ခု ထွက်လာတာကို တွေ့ရပေလိမ့်မည်။ ထိုအရိပ်သည် အိပ်ရာပေါ်ရှိ ကိုယ်နှင့် လုံးဝမတူညီပေ။ အရိပ်က အရပ်မြင့်ပြီး ခန့်ညားသော်ငြား သူ့အနား၌ ရက်စက်သော အရှိန်အဝါ ရှိနေကာ သူ့အနားကို လူတို့ အနားမကပ်ရဲ ဖြစ်စေသည်။

အရိပ်သည် အိပ်ရာပေါ်ရှိ ကိုယ်ကို အေးတိအေးစက် တစ်ချက်ကြည့်ပြီးနောက် မိစ္ဆာအငွေ့အသက်များဖြင့် အိမ်ထဲသို့ လျှောက်သွားကာ လက်ဆန့်ထုတ်ပြီး မကြာမီ၌ အိမ်ထဲ၌ သုံမှုန်နေသည့် မှောင်မဲသော တံခါးတစ်စုံက ပေါ်လာသည်။ တံခါးတစ်ချပ် ပေါ်လာသည်။

သူသည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာအောင် မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့၏။ သူ၌ ထူးကဲသာလွန်သော စွမ်းရည် ရှိကာ တမလွန်လောကကို ဆန္ဒရှိသလို ဝင်နိုင်သည်၊ သူက ခြောက်ခြားဖွယ် ခန်းမထဲ ဝင်သွားသော ဂိတ်ကို နင်းလိုက်ချိန်တွင် သရဲအော်သံများ၊ ငိုပွဲအူသံများ ကြားရပြီး လေထဲ၌ ဆိုးယုတ်သော အငွေ့အသက်များ ပြည့်နေသည်။ မည်သည့်သရဲကမှ သူ့အနား မချဉ်းကပ်ရဲချေ။

သူသည် အမှောင်ထုထဲ လျှောက်လှမ်းခဲ့တာ အချိန်မည်မျှ ကြာသွားသည်မသိ ကြီးမားသော နန်းတော်ရှေ့ ရောက်သွားသည်။

++++++

177 01

All Chapters