အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အပိုင်း 179
လောင်ကျန်းကို လာနှောင့်ယှက်နေသည့် သရဲအမည်က လင်းရှန်းဟုခေါ်သည်။ သူက လောင်ကျန်းကုမ္ပဏီရှိ ဝန်ထမ်းတစ်ယောက်ဖြစ်သည်။ စက်ရုံမီးလောင်ပြီး သူ မီးလောင် သေဆုံးသွားလေ၏။ သူ့ကို ဆေးရုံပို့ခဲ့သောအခါ သူ့အခြေအနေက အင်မတန်ပြင်းထန်နေကာ သတိလစ်နေသည်။ သုံးရက်ကြာ ကယ်ဆယ်ခဲ့သော်ငြား မအောင်မြင်ခဲ့ပေ။ သူ သေဆုံးသွားပြီးနောက် သူ့မိသားစုက ပူဆွေးကာ ငိုကြွေးတော့သည်။ လောင်ကျန်းက လင်းရှန်းသေရခြင်းမှာ စက်ရုံထဲတွင် ဆေးလိပ်သောက်ခြင်းကြောင့် ဓာတုပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ ပြီးနောက် မိသားစုဝင်များက မိသားစုဝင်များက ၎င်းကို မယုံကြည်ခဲ့ဘဲ ငိုယိုကာ လျော်ကြေးနှင့် အပြစ်ကင်းမှုကို တောင်းဆိုတော့သည်။ လောင်ကျန်းသည် အံကြိတ်လျက် ယင်းသည် လင်းရှန်း၏အမှားဖြစ်ကြောင်း ဆိုခဲ့သည်။ ၁၀ရက်သာ ကုန်လွန်သွားပြီး ရလဒ်ထွက်မလာသေးချေ။ သို့သော် လောင်ကျန်းက သူ့ လည်ပင်းညှစ်ခံရလိမ့်မည်ဟု မထင်ထားပေ။
ယွင်ယွီက အဖြစ်အပျက်ကို သိ၏။ သို့သော်ငြား သေသူ၏မိသားစုနှင့် လောင်ကျန်း၏မိသားစုကသာလျှင် မသိတာဖြစ်သည်။
မွေးနေ့မွေးရက်နှင့် ဇာတာခွင်ရပြီးနောက် ယွင်ယွီသည် လင်းရှန်း၏မိသားစုဝင်များကို ခေါ်လာ၏။ “ အထဲဝင်လာပြီး ထိုင်ပါဦး”
မိသားစုဝင်သုံးယောက်သည် မျက်ရည်များရွှဲစိုနေကာ စကားတစ်ခွန်းမှ မပြောရဲသေးဘဲ လောင်ကျန်းကို တစ်ချက်ကြည့်လိုက်၏။ ထိုသူသုံးယောက်က တုန်လှုပ်နေပြီး အထဲသို့ ဝင်လာသော်ငြား လောင်ကျန်းက ဘာမှမပြောသေးပေ။
အားဖုန်းသည် နီမြန်းနေသော မျက်လုံးများဖြင့် ဘေးတွင် ရပ်နေလေ၏။ သူမ ခင်ပွန်းပြောသမျှကို အမြဲတစ်စေ ယုံကြည်ခဲ့ကာ ဤမိသားစုဝင်များသည် ကျိုးကြောင်းမသင့်ဘဲ ပမာဏများစွာတောင်းလွန်းသည်ဟု ထင်ခဲ့တာဖြစ်သည်။ လက်ရှိအခြေအနေ၌ သူမ ဘာဖြစ်နေမှန်း ဘာလုပ်ရမှန်းမသိတော့ပေ။
လူတိုင်းက ဧည့်ခန်းထဲသို့ ရောက်လာပြီး ထိုင်ချလိုက်တော့သည်။
လင်းရှန်းက သရဲသစ်ဖြစ်ပြီး အလွန်အားနည်းနေသောကြောင့် သူသည် နေ့အချိန်၌ ပေါ်မလာရဲချေ။ သူသည် လောင်ကျန်းကို ခြောက်လှန့်ရန် ညဘက်တွင်သာ ထွက်လာရဲ၏။ ထို့အပြင် ယွင်ယွီက ၎င်းသည် လောင်ကျန်းကို သတ်ချင်၍ပင်လား သို့တည်းမဟုတ် သူ့ကို ခြောက်လှန့်ချင်၍ဟုတ်မဟုတ် သေချာမသိပေ။ မည်သို့ပင်ဆိုစေ ၎င်းထွက်လာတာကို စောင့်ပြီး မေးရလိမ့်မည်။
ယွင်ယွီသည် လိုက်ကာကို ဆွဲကာ လင်းရှန်း၏မွေးနေ့မွေးရက်ကို သုံးပြီး ဖိတ်လိုက်၏။
မည်သူကမှ ၎င်းထွက်လာတာကို မမြင်ရသော်ငြား ယွင်ယွီက ရှင်းရှင်းလင်းလင်း မြင်ရသည်။ ၎င်း၏ကိုယ်ထဲသည် မီးလောင်ကျွမ်းမှုကြောင့် မီးကျွမ်းနေလျက် မသေဆုံးခင်ကနှင့် တစ်ပုံစံတည်းဖြစ်နေသည်က အတော်လေး သနားစဖွယ်ကောင်းနေတော့သည်။
လင်းရှန်းသည် နေ့အချိန်၌ ဤနေရာတွင် ပေါ်လာမည်ဟု မထင်ထားတာ ဖြစ်ဟန်တူသည်။ သူသည် ကြောင်အားစွာကြည့်နေမိပြီးနောက် သူ့မိဘများနှင့် သူ့အမကို မြင်သောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားလေ၏။
အခန်းထဲရှိ ကျန်သည့်သူများသည် ၎င်းကို မမြင်နိုင်သော်ငြား အခန်းက ရုတ်တရက် အနည်းငယ်အေးလာတာကို သတိပြုမိသည်၊
လောင်ကျန်းက ပိုမိုကြောက်ရွံ့ပြီး ထိတ်လန့်လာတော့သည်။ ယခင်က သူ ညအချိန်တွင် ခံစားရသည့် ညအချိန်တွင် ကြုံတွေ့ရသည့် ခံစားချက်နှင့် အလွန်ဆင်တူသည်။ သူက နဖူးပေါ်မှချွေးစက်များကို သုတ်လိုက်လေ၏။
လင်းရှန်းက ဧည့်ခန်းကို လှည့်ပတ်ကြည့်ပြီးနောက် မိန်းမလှလေးနှင့် အကြည့်ချင်း ဆုံသွားတော့သည်။ သူက တုန်လှုပ်နေပြီးနောက် မေးလိုက်လေ၏။ “ခင်ဗျား ကျွန်တော့်ကို မြင်နိုင်လား”
ယွင်ယွီက ခေါင်းညိတ်လိုက်သည်။ “ကျွန်မ ရှင့်ကို မြင်နိုင်တယ်။ သူဌေးကျန်းကို ခြောက်လှန့်ဖို့ ဘာလို့ ညအချိန်ထွက်လာတာလဲ”
လူတိုင်းသည် ယွင်ယွီ၏စကားကို ကြားသောအခါ ထိတ်လန့်သွားလေ၏။ ဟယ်ကောက မပြောဘဲ မနေနိုင်တော့ချေ။ “ ဆရာ ကျွန်တော့်မျက်လုံးကို ဖွင့်ပေးနိုင်မလား” သူသည် ရုက္ခဗေဒပညာကို လေ့လာပြီး အလုပ်စလုပ်နေပြီဖြစ်သော်ငြား ထိုအရာများအကြောင်း အလွန်သိချင်စိတ်ဖြစ်ပေါ်နေသေး၏။
179 02
ယွင်ယွီက ဘာမှမပြောဘဲ သူ့နဖူးကို လှမ်းထိလိုက်တော့သည်။ သူမက သူ့၏ယင်ယန်မျက်လုံးကို ဖွင့်ပေးလိုက်ရာ အခန်းထဲတွင် ကျောက်မီးသွေးဖြစ်လုနီးပါး လောင်ကျွမ်းနေသောအရာဝတ္ထုကို မြင်လိုက်ရ၏။ သူ ကြောက်လန့်လွန်းသဖြင့် မျက်နှာက ပြောင်းလဲသွားတော့သည်။ သူ့ယခင်က သရဲတွေ့ဖူးသော်ငြား ယခုအခါတွင် သရဲက ဖြူဖွေးနေသောမျက်နှာဖြင့် သရဲမဟုတ်တော့ပေ။
သူကြောက်လန့်လွန်းသဖြင့် ထဆဲလိုက်မိပြီးနောက် နောက်ဆုံး၌ ကြောက်လန့်တကြား အကြည့်လွှဲလိုက်၏။ သူ အနည်းငယ် ကြောက်လန့်နေကာ စိတ်မသက်မသာဖြစ်နေသည်။ ဤလူ မည်သူမှန်းသိလေ၏။ ယင်းသည် လောင်ကျန်း၏စက်ရုံ၌ မီးလောင်ပြီး သေဆုံးသွားသော ဝန်ထမ်းပဲဖြစ်သည်။
ဟယ်ကော၏မိခင်က သူမသားကို ကြည့်လိုက်၏။ ပြီးနောက် ယွင်ယွီကို ကြည့်ကာ တစ်စုံတစ်ခု ပြောချင်ပုံပေါ်သော်ငြား ရပ်လိုက်သည်။ လင်းရှန်းက လောင်ကျန်းကို ရုတ်တရက် စိမ်းစိမ်းဝါးဝါးကြည့်ပြီး သူ့ဆီသို့ ကမူးရှူးထိုး ပြေးသွားခြင်း၏။ ယွင်ယွီက လက်ဝှေ့ယမ်းလိုက်ချိန်၌ သူ မလှုပ်နိုင်တော့ကြောင်း သိလိုက်ရသည်။ သူက ဒေါသတကြီး ပြောလိုက်လေ၏။ “ငါ့ကိုလွှတ်ပေး။ မင်းဘယ်သူလဲ။ ငါ့ကိုဖြေရှင်းဖို့ သူ မင်းကို ငှားထားတာလား။ စိတ်နှလုံးမည်းညစ်တဲ့သူဌေး သူက ငါသေရတဲ့အကြောင်းအရင်းကို သိပေမဲ့ ဆေးလိပ်သောက်လို့ စက်ရုံမီးလောင်တာဆိုပြီး စွပ်စွဲသေးတယ်။ အဲဒါ အမှန်မဟုတ်ဘူး။ ငါလည်း နစ်နာသူပဲ။ တာဝန် မယူချင်တာနဲ့ သူက အပြစ်ပုံချလိုက်တာ။ ဒီအတိုင်းသာဆို ငါသူ့ကို သေအောင် ဆွဲခေါ်သွားမှာ”
ယွင်ယွီက မေးလိုက်လေ၏။ “ ဘာက မီးလောင်စေခဲ့တာလဲ”
“အား…” လောင်ကျန်းက ရုတ်တရက်ထရပ်ပြီး အော်ကာ ယွင်ယွီကို နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ သူက အမောတကော ပြောလိုက်တော့သည်။ “လှည့်ကွက်တွေ လုပ်နေစရာမလိုဘူး”
ယွင်ယွီသည် စကားပြောမနေပေ။ သူက လက်ညှိုးကို ဆန့်လျက် သူ့နဖူးကို ထိလိုက်သည်။ လောင်ကျန်းက ဧည့်ခန်းအလယ်ရှိ အရာဝတ္ထုကို မြင်သောအခါ သူက ကြောက်လန့်မှုကြောင့် မျက်လုံးပြူးထွက်ကျလုနီးပါး ဖြစ်သွားသည်။ သူ၏လည်ပင်းထဲမှ တစ်စို့သံ ထွက်ပေါ်လာသည်။ သူ ရှောင်ချင်သော်ငြား ရှောင်ရန်ခွန်အားမရှိဘဲ မျက်လုံးမှိတ်ထားလျက် သူ့နောက်ရှိ ဆိုဖာပေါ် သတိလစ်ကျသွားတော့သည်။
အားဖုန်းက ကြောက်လန့်တကြားဖြင့် လောင်ကျန်း၏လက်ကို လှမ်းဆွဲကာ စတင်ငိုယိုလေ၏။ “ လောင်ကျန်း မြန်မြန်ထ။ ဘာတွေဖြစ်နေတာလဲ”
သူမက လင်းရှန်းကို မတွေ့ရပေ။ မဟုတ်လျှင် သူမအခြေအနေသည်လည်း ကောင်းမှာမဟုတ်ချေ။
ယွင်ယွီက လောင်ကျန်းကို ပုတ်လိုက်ရာ ပုတ်လိုက်ပြီး သူနိုးလာအောင် ဖိအားပေးလိုက်၏။
သူက လင်းရှန်းကို မြင်သောအခါ မျက်ဆန်လည်သွားပြီး သတိထပ်လစ်ချင်သော်ငြား ယွင်ယွီက စိတ်မရှည်လက်မရှည် ပြောလိုက်၏။ “ မြန်မြန်ထပြီး ပြဿနာကို ဖြေရှင်း။ သတိဆက်လစ်နေမယ်ဆိုရင် ရှင့်ကို ဆက်နှိုးနေရဦးမှာပဲ။ စက်ရုံက မီးက ဒါ ဘယ်လိုဖြစ်လဲ ပြောပြ။ အမှန်အတိုင်းမပြောပြရင် ဒီကိစ္စက ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ သူ့မှာ အငြိုးအတေးတွေ ပြည့်နေပြီး ရှင့်ကို သေစေချင်နေတာ။ ဒီကိစ္စကို ရှင့်ဖြေရှင်းချင်လား”
“မိန်းကလေး ကျွန်မတို့ရဲ့သား ဒီမှာရှိလား” လင်းရှန်း၏မိဘများက စတင်ငိုယိုလေ၏။
“ရှိတယ်” ယွင်ယွီက ဤသို့လုပ်ရန် နှလုံးသားမရှိသော်ငြား လင်းရှန်း၏သဏ္ဍန်အား သူတို့ကို မမြင်စေချင်ပေ။ သူတို့သား သေလွန်ပြီးနောက် ဤပုံစံအတိုင်း ရှိနေသေးတာကို မြင်လိုက်လျှင် ပိုတောင် စိတ်ပြတ်အားငယ်သွားလိမ့်မည်။
လောင်ကျန်းသည် ကြောက်လန့်လွန်းသဖြင့် နောက်ဆုံး၌ မျက်ရည်များကျလာကာ ဖြစ်ကြောင်းကုန်စင်တစ်ခုလုံးကို ပြောလိုက်သည်။
“ငါ တောင်းပန်ပါတယ် လင်းရှန်း။ ငါတောင်းပန်ပါတယ်။ ငါ့ရဲ့အမှားကြောင့် စက်ရုံထဲက မီးက မင်းနဲ့ ဘာမှမဆိုင်ဘူး။ ကြိုးတွေ ဟောင်းနေတာကြောင့် ဖြစ်တာပဲ။ ပစ္စည်းအသစ် မလဲထားရသေးဘူး။ မီးလောင်လွယ်တဲ့ ဓာတုပစ္စည်းတွေကို အထဲမှာ လည်းမထားခဲ့သင့်ဘူး။ ကြိုးတွေက မီးထ မီး မီးပွင့်တွေ ဖြစ်ပြီး ထပေါက်ကွဲလိမ့်မယ်လို့ မထင်ထားဘူး။ အဲဒီတုန်းက မင်းက စက်ရုံထဲမှာ ပစ္စည်းတွေရွှေ့နေတာ။ သတိလစ်သွားခဲ့တယ်။ လူတိုင်းက မင်းကို ကယ်ပြီး ဆေးရုံပို့ခဲ့ပေမဲ့ ဆေးရုံပို့ခဲ့တဲ့အချိန် ငါက မင်းသတိလစ်နေတာတွေ့လို့ ငါ နှလုံးသား ပူဆွေးနာကျင်ရပြီး တာဝန်ယူရမှာ ကြောက်ခဲ့တယ်။ ဒါကြောင့် ဆေးရုံနဲ့ စက်ရုံထဲမှာ မင်းဆေးလိပ်သောက်လို့ ဖြစ်ရတာပါဆိုပြီး ညှာခဲ့မိတာ။ ဌာနက စုံစမ်းစစ်ဆေးပေမဲ့ ငါသူတို့ကို လက်ထိုးထားခဲ့တယ်”
179 03
စက်ရုံသည် အစောတည်းက ပြန်လည်ပြင်ဆင်ရန် လိုအပ်သော်ငြား သူက အချိန်ဆွဲနေခဲ့၏။ ထို့အပြင် ဤကိစ္စ ရုတ်တရက်ဖြစ်ပွားလာပြီး လောင်ကျန်းသည် တာဝန်ယူရမှာကို စိုးရိမ်ကာ အများအမြင်ကို ကြောက်ရွံ့ပြီး သူ၏စီးပွားရေး ထိခိုက်မှာကို စိုးရိမ်ခဲ့လေ၏။
သူသည် ဆေးရုံခုတင်ပေါ်၌ သတိလစ်နေသော လင်းရှန်းကို တွေ့လိုက်အချိန်၌ ဆရာဝန်က လင်းရှန်း၏အခြေအနေသည် ကယ်ဆယ်၍ မရတော့ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် အခြေအနေမှန်ကို မည်သူမှသိမှာမဟုတ်သဖြင့် သူ့အသိစိတ်ကို ဆန့်ကျင်ကာ လိမ်လည်ခဲ့သည်။
လင်းရှန်းက ဆက်ပြောလိုက်၏။ “သူဌေးကျန်းက ကျုပ်ပေါ် အပြစ်အားလုံး ပုံချမှန်း မသိခဲ့ဘူး။ ကျုပ်သေသွားပြီးတော့ သူက ကျုပ်မိဘတွေကို အိမ်ကနေ ထွက်သွားခွင့် မပေးဘူး။ ဒါကြောင့် ကျုပ်သူတို့နောက် လိုက်လာတာ။ ကျုပ်မိဘတွေက သူဌေး ကျုပ်မိဘတွေက သူဌေးကို လာရှာတဲ့အချိန် သူက အပြစ်အားလုံး ကျုပ်ဆီ ပုံချလိုက်တယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော် သေသွားပေမဲ့ သည်းမခံနိုင်တာကြောင့် ဘောစ့်ကျန်းဆီ ညတိုင်းလာပြီး ခြောက်လှန့်နေ သူဌေးကျန်းကို ညတိုင်းလာပြီး ခြောက်လှန့်နေတာ”
သူ သေဆုံးရခြင်းအကြောင်းအရင်းသည် သူဌေးကျန်းနှင့် တကယ်သက်ဆိုင်နေသော်ငြား သူ့ကို သတ်ဖြတ်ခဲ့သည့်သူက သူဌေးကျန်း မဟုတ်ပေ။ ထို့ကြောင့် သူ့ရင်ထဲ၌ အခဲမကျေမှုတစ်ချို့ ရှိသော်ငြား မည်သူ့ကိုမှ တကယ်သတ်ရန် မရည်ရွယ်ထားပေ။ သူက တရားမျှတမှု တစ်စုံတစ်ရာကိုပဲ ရှိသည်။
“လောင်ကျန်း ဒါကို ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ” အားဖုန်းသည် ငိုယိုလွန်းသဖြင့် သတိလစ်လုနီးပါး ဖြစ်သွားသည်။
အမေဟယ်က သက်ပြင်းချလျက် သူမကို နှစ်သိမ့်ပေးရန် ကျောကို ပုတ်လိုက်လေ၏။
ယွင်ယွီက လောင်ကျန်းကို မေးလိုက်သည်။ “ သူဌေးကျန်း အခု ဘာလုပ်မလဲ”
လောင်ကျန်းက ငိုယိုလျက် ခေါင်းညိတ်လိုက်တော့သည်။ “ ကျုပ် ကျုပ်နားလည်ပါပြီ။ ကျုပ်အမှားကို ဝန်ခံလိုက်ပြီး မင်းမိသားစု လျော်ကြေးရအောင် ကူညီပေးပါ့မယ်”
လျော်ကြေးက သန်းပေါင်းများစွာမဟုတ်ဘဲ တစ်သန်း နှစ်သန်းသာဖြစ်မည်။ လူ့အသက်က တန်ဖိုး မဖြတ်နိုင်သော်ငြား လူမှုအသိုင်းအဝိုင်း၌ ဤအတိုင်းသာဖြစ်သည်။ လျော်ကြေး မြိုးမြိုးမြတ်မြတ်ရဖို့က မဖြစ်နိုင်ဘဲ တစ်သန်း နှစ်သန်းက မျှော်မှန်းနေပြီဟု သတ်မှတ်နိုင်သည်၊
ဤအဖြစ်အပျက်ပြီးနောက် လောင်ကျန်းသည် ကြောက်လန့်သွားကာ သူ၌ အခြားအတွေး မရှိရဲတော့ချေ၊
ဤကိစ္စအတွက် သူ တာဝန်ရှိတာသိသာသည်။ သူက အမှားကို ဦးစွာဝန်ခံခဲ့ပြီး အပြစ်ဒဏ်ကို လက်ခံခဲ့ကာ မိသားစုနှင့် လျော်ကြေးပေးရန် ပူးပေါင်းဆောင်ရွက်ခဲ့ပါက ဘာပြဿနာမှ ရှိတော့မှာမဟုတ်ပေ။
ယွင်ယွီက ဤကိစ္စကို ဖြေရှင်းပြီးနောက် ကျန်းမိသားစုမှ ထွက်သွားလေ၏။
ဟယ်ကောနှင့် လင်းမိသားစုတို့သည် ကျန်းမိသားစုမှ ကျန်းမိသားစုမှ ထွက်လာရန် ယွင်ယွီနောက် လိုက်လာ၏။ သူတို့ ဓာတ်လှေကားထဲ ရောက်သောအခါ ယွင်ယွီက လင်းမိသားစုကို ပြောလိုက်တော့သည်။ “ ဒီကိစ္စဖြေရှင်းပြီးသွားရင် ရှင်တို့ ကျွန်မကို ခေါ်ပြီး လင်းရှန်း ပြန်လည်မွေးဖွားနိုင်အောင် အကူအညီ ရှင်တို့ ကျွန်မကို ခေါ်လို့ရတယ်။ လင်းရှန်း ပြန်လည်မွေးဖွားနိုင်အောင် လူဝင်စားလို့ရအောင် ကျွန်မ လာကူညီပေးမယ်” သူက မတရားသဖြင့် သေခဲ့ရတာဖြစ်ပြီး သူ့အတွက် လူဝင်စားဖို့ လွယ်မှာမဟုတ်ပေ။
သူမက တမင်တကာ ကူညီနေတာမဟုတ် အစ၌ မလိုလားဘဲ လောင်ကျန်းအမည် သူ၏အမည်ကို ရှင်းလင်းပေးပြီး လျော်ကြေးရဖို့သာ စောင့်နေချင်တာဖြစ်သည်။ သူ့မိဘများက အသက်ကြီးပြီဖြစ်ကာ လျော်ကြေးငွေက သူတို့အနာဂတ်အတွက် အာမခံပေးနိုင်လိမ့်မည်။ သားသမီးဝတ္တရားကို မဖြည့်ပေးနိုင်စရာအကြောင်းမရှိချေ။
လင်းမိဘများနှင့်လင်းရှန်း၏အစ်မက ငိုလျက် ယွင်ယွီကို ကျေးဇူးတင်စကား ပြောတော့သည်။
ဟယ်ကော၏အမေကလည်း ပြောလိုက်သည်။ “ ဆရာသခင်ယွင် ဒီကိစ္စအတွက် ဆရာ့ကို ကျွန်မကျေးဇူးတင်လိုက်တာ”
ယွင်ယွီက ပြုံးပြီး ပြောလိုက်၏။ “အဆင်ပြေပါတယ်။ ကျွန်မ အရင်ပြန်သွားနှင့်မယ်။ နောက်ကျ လိုတာရှိရင် ဆက်သွယ်လိုက်ပါ”
179 04
သူမနှင့် ချင်ယွီစွေက အိမ်သို့ ပြန်လာလေ၏။
စက်တင်ဘာလလယ်၌ လင်းမိဘများက သူမကို ဆက်သွယ်ပြီး လျော်ကြေး ရလာပြီဖြစ်ကြောင်း ပြောခဲ့၏။ ထို့အပြင် လောင်ကျန်းသည် သတင်းထောက်များနှင့် အင်တာဗျူးလက်ခံပြီး လင်းရှန်း၏အမည်ကို ရှင်းလင်းပေးခဲ့သည်။
ယွင်ယွီက လင်းရှန်းကို ကူညီပေးရန် ချိုက်ရွှေမြို့သို့ သွားခဲ့၏။ အဆုံးကျ ၎င်း၏မိသားစုနှင့် မတွေ့ခဲ့ပေ။ လက်ရှိရုပ်သွင်ပြင်က သူ၏မိသားစုကို ပိုစိုးရိမ်ပူပန်စေရုံသာ ရှိမည်။ နောက်ပိုင်း နှစ်ရက်များ၌ ဟယ်ချင်းကျေးရွာက အလုပ်များလာတော့သည်။
စပါးခင်းထဲရှိ စပါးနှံများ မည့်လာပြီဖြစ်သည်၊ စပါးရိတ်သူများက ထိုနယ်မြေတွင် ရိတ်နေကြ မဟုတ်သဖြင့် စပါးရိတ်စက်များကလည်း အသုံးပြု၍မရသောကြောင့် လူအကူအညီယူရသည်။
ရွှေရောင်စပါးခင်းက အင်မတန်လှပ၏။ ထို့ကြောင့် လူများစွာက စပါးခင်းကို ကြည့်ရန် အပန်းဖြေစခန်းသို့ ရောက်လာကြရာ တစ်ရွာလုံးကို ရယ်မောစေတော့သည်။ မြို့နေလူတန်းစားတို့က ပျော်ရွှင်စရာများလွန်းနေပြီး သီးနှံများကို တစ်ကူးတက လာကြည့်ရသည်ဟု သူတို့တွေးမိသွား၏။
ရွာသားတစ်ယောက်က ပြောလေ၏။ “မင်းတို့တွေ တောင်ထိပ်ပေါ်က စပါးခင်းကို မတွေ့ဖူးလို့လေ။ ဆရာသခင်ယွင်ရဲ့အိမ်က စပါးခင်းက မရိတ်သိမ်းရသေးဘူး။ တစ်ချက်ကြည့်ဖို့ တောင်ပေါ် တက်ကြည့်လို့ရတယ်။ အဲဒီက ရှုခင်းက တကယ်အံ့ဩဖို့ကောင်းတာနော်။ တစ်ချက်ကြည့်ရုံနဲ့ အမြင်ကျယ်သွားမှာ”
ယွင်ယွီသည် ဤကဲ့သို့သော ရှုခင်းမျိုးကို အမှန်တကယ်နှစ်သက်၏။ နေ့စဉ်နေ့တိုင်း မုမု တစ်ရေးနိုးလာချိန်တွင် သူက သူမကို တောင်ထိပ်ပေါ်သို့ ဝှေ့ချီလျက် အပန်းဖြေစခန်း အမြင့်ဆုံးထိပ် အမြင့်ဆုံးထိပ်ဆီသို့ ခေါ်သွားလျက် အဝေးကို ကြည့်တတ်သည်၊
ဤနေရာရှိ အရာအားလုံးကို သူမ တစ်လှမ်းစီ ဖန်တီး တစ်ဆင့်စီ ဖန်တီးထားတာဖြစ်သည်။ သူမ ယခင်ဘဝ၌ သူမသည် မင်းသမီးတစ်ပါးဖြစ်ပြီး ထိုအရာများကို တစ်ခါမှ မဖော်ထုတ်ဖူးပေ။ မကြုံတွေ့ဖူးပေ။ ယခုအချိန်ကျမှ ဤကဲ့သို့သော ဘဝမျိုးက အတော်ကောင်းကြောင်း သိလိုက်ရ၏။ ဤဘဝကို သူမ အလွန်နှစ်သက်သည်။
စပါးခင်းထဲရှိ ဇနပန်းများ ရိတ်သိမ်းပြီးသည်နှင့် အပန်းဖြေစခန်းက ရိတ်သိမ်းပြီးသောအခါ အပန်းဖြေစခန်းသည် ဤမျှများပြားသော စားစရာများ ကုန်အောင် မယူနိုင်မှာ ကျိန်းသေသည်။
ယွင်ယွီသည် ဖန်ချွင်းရှန်ဆီ အများအပြားပို့ပေးပြီး ချယ်ရီဝိုင် ပထမတစ်သုတ်ကိုလည်း ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူမက ဖန်ချွင်းရှန်အား တစ်သုတ်ပို့ပေးလိုက်၏။
ယနေ့ခေတ်၌ သူ့ဟိုတယ်ရှိ စားစရာတစ်ဝက်ခန့်က ယွင်ယွီဆီမှာ လာတာ ဝယ်ရတာပဲဖြစ်သည်။
ချက်ထားသည့် ချက်ရီဝိုင်ကို ထူထဲသည့် ဖန်ပုလင်းများထဲတွင် ထည့်ကာ ချိပ်ပိတ်ပြီး တံဆိပ်ခတ်လိုက် ကပ်လိုက်သည်။ ယွင်ယွီသည် နာမည်မှတ်ပုံတင်ထားပြီးသား ဖြစ်သည်။ သူမ နာမည်စဉ်းစားရမှာ ပျင်းရိလွန်းသဖြင့် ဟယ်ချင်းကျေးရွာမှာ လာသဖြင့် ၎င်းကို ဟယ်ချင်းသစ်သီးဝိုင်ဟုသာ ပေးလိုက်သည်။
ဤသစ်သီးဝိုင်၏အရောင်အသွေးက အနီဖျော့ဖြစ်ပြီး ကြည်လင်၏။ အရသာက ချိုချဉ်ဖြစ်ကာ သန့်စင်သော ဝိုင်ရနံ့ပါနေသည်။ အရသာက ကောင်းမွန်၏။ ထို့အပြင် ချိုချဉ်အရသာက မိန်းကလေးများသောက်သုံးရန် ပိုသင့်တော်၏။ သို့သော်ငြား ပြင်းနေသေးသည်။ ယွင်ယွီ ပထမဆုံးတစ်ကြိမ် သောက်ပြီးနောက် အရသာကောင်းသည်ဟု ထင်ခဲ့သဖြင့် အနည်းငယ် ထပ်သောက်ကာ တိရစ္ဆာန်လေးများကိုလည်း တစ်ခွက်စီ တိုက်ခဲ့၏။ နာရီဝက်ခန့်ကြာပြီးနောက် သူမ အိပ်ငိုက်လာကာ ချင်ယွီစွေကို ဖက်ထားတော့သည်။
******
180 01
အပိုင်း 180
ချင်ယွီစွေသည် သူမ၏နူးညံ့သိမ်မွေ့သော သွင်ပြင်ကို သဘောကျပြီး ရှက်သွေးဖြာနေသော ပါးများကို ကြည့်လိုက်၏။ သူမသည် သူ၏လက်နှစ်ဖက်ကို ကိုင်ထားပြီး ကြင်နာစွာပြောနေကာ လေသံက အင်မတန် ချိုမြိန်နေတော့သည်။ တကယ်တော့ သူမ မည်သည့်ပုံစံ ဖြစ်နေစေကာမူ သူ သူမကို သဘောကျ၏။ သို့သော်ငြား ဤကဲ့သို့ပုံစံမျိုးက ရှားရှားပါးပါး မြင်တွေ့ခဲ့ပြီး ဆောင်းဦးရေများ ပြည့်နေသလို သူမမျက်ဝန်းက စိုစွတ်နေတော့သည်၊
သူမသည် သူ့ကို ခဏတဖြုတ် စကားပြောပြီးနောက် စတင်အိပ်ငိုက်လာပြီး ကိုယ်လက်သန့်စင်မည်ဟု ပြောသွားသော်ငြား လမ်းလျှောက်ချိန်၌ ယိမ်းယိုင်နေသည်။ ချင်ယွီစွေက သူမကို သန့်စင်ခန်းထဲသို့ ပွေ့ချီသွားပေးပြီးနောက် ရေချိုးရန် ပြင်ဆင်ပေးကာ သူမအတွက် ရေဖြည့်ပေးပြီး နောက်ဆုံး၌ သူမကိုယ်လက်သန့်စင်တာကို ကူညီပေးလိုက်သည်။ သူမက ငြင်းဆန်မှုမရှိဘဲ သူ့ပခုံးကို ကိုင်ထားကာ သူ့ကို နမ်းချင်နေသည်။ အဆုံးကျ သူ မထိန်းနိုင်တော့သဖြင့် သူက ဆက်လက်ထိန်းရန်လည်း မရည်ရွယ်ထားချေ၊
သူမသည် ပုံမှန်ထက် ပိုလိမ္မာနေပြီး ခုခံခြင်းမရှိ။ အဆုံးကျ သူ စိတ်ကျေနပ်သွားပြီး သူမ ပင်ပန်းပြီး အိပ်ပျော်သွားချိန် သူက သူမကို ဖက်ပြီး အိပ်လိုက်လေ၏။
ယွင်ယွီ မနက်ခင်း၌ နိုးလာသောအခါ သူမ၏ကိုယ်ခန္ဓာက နာကျင်နေသေးသည်။ သူမက နူးညံ့သည့်အိပ်ရာပေါ်၌ နှစ်ပတ်ခန့် လှိမ့်ပြီးနောက် ဖြည်းဖြည်းချင်း ထလာလိုက်သည်။
သူမက ထမင်းစားစားပွဲရှေ့၌ ထိုင်နေချိန် မနေ့ညတုန်းက အဖြစ်အပျက်ကို တွေးမိချိန် ရှက်သွေးဖြာလာတော့သည်၊
မူမူက ခြောက်လရှိပြီဖြစ်သည်။ သူမသည် အစာက မူမူခြောက်လပြည့်ချိန်၌ နို့ဖြတ်ပြီး အစာကျွေးဖို့ ပြင်ဆင်ထားခဲ့သော်ငြား ယခု နို့မှုန့်က များပြားလွန်းပြီး နို့မှုန့်ပမာဏက များပြားလွန်းပြီး သူမ၏အစားအသောက်များက အတော်လေး ပေါ့ပါးနေတာ သိလိုက်ရသည်။ ထို့အပြင် သူမက နေ့တိုင်း လင်းချွမ်းရည် သောက်သောကြောင့် နို့ရည်တစ်ခုတည်းဖြင့် အာဟာရလုံလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူမသည် မူမူ တစ်နှစ်ခန့် ရောက်တော့မှ နို့ဖြတ်ဖို့ ပြင်ဆင်ထားသည်။ သို့သော် မူမူက ခြောက်လသာ ရှိနေပြီဖြစ်သောကြောင့် သူမသည် ရက်အနည်းငယ်ခန့်၌ ဖြည့်စွက်စာများ ထည့်ကျွေးတတ်သည်၊
အားလုံးက အိမ်လုပ်ဖြည့်စွက်စာများပဲဖြစ်သည် ကြက်ဥအနှစ်၊ သစ်သီးပူရီ၊ ဆန်ခေါက်ဆွဲ၊ ဟင်းသီးဟင်းရွက်ပူရီ စသည့် အိမ်ထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ဘေးကင်းလုံခြုံပြီး စိတ်ချရသည်။
မူမူကလည်း ကောင်းကောင်းမွန်မွန်စားသောက်ပြီး ဖြည့်စွက်စာများ စားရတာ နှစ်သက်သည်၊ ထို့ကြောင့် သူမ၏နို့ရည်က အနည်းငယ်တိုးလာတော့သည်၊ ထို့ကြောင့် မနေ့ညက သူ….
ယွင်ယွီသည် ခေါင်းခါလျက် အတွေးကို ရပ်တန့်လိုက်၏။ သူတို့က လင်မယားများဖြစ်ပြီး သူမ အနည်းငယ်ရှက်ရွံ့နေသော်ငြား လက်ခံနိုင်သေးသည်။
အောက်ထပ်ဆင်း မနက်စာစားပြီးနောက် သူမနှင့် ချင်ယွီစွေတို့သည် အပန်းဖြေစခန်းသို့ပို့ရန် သစ်သီးများခူးဖို့ သစ်သီးခြံသို့ သွားလိုက်သည်။ သူတို့က မက်မွန်သီး၊ ချယ်ရီသီးနှင့် စပျစ်သီးများလည်း ခူးနိုင်၏။ ဝိညာဉ်စမ်းရေဖြင့် စိုက်ပျိုးထားသောကြောင့် ထိုသစ်သီးများသည် နိုဝင်ဘာလအထိ သီးနေဦးမှာပဲဖြစ်သည်၊ ထို့အပြင် လူတို့က လတ်တလော၌ စပါးရိတ်ပြီး အလုပ်များနေသောကြောင့် တောင်ပေါ်၌ လူများစွာရှိနေပြီး စည်ကားနေတော့သည်။
ယွင်ယွီနှင့် ချင်ယွီစွေတို့ ရောက်လာသည်နှင့် ဝူလီက ချက်ချင်း ပြေးထွက်လာကာ ယွင်ယွီကို အမောတကော ပြောလိုက်လေ၏။
“ယွီအာ မြန်မြန်လာဦး။ မင်းရဲ့ဝါးတောအုပ်ထဲမှာ ဒေါင်းနှစ်ကောင် ရောက်နေတယ်”
“ဘာ” ယွင်ယွီသည် သူ နားကြားမှားသည်ဟု ထင်သွားလေ၏။ “ဒေါင်းလား။ ဘာဒေါင်းလဲ”
သူမမိသားစု၌ ဒေါင်းမရှိပေ။ ဒေါင်းသည် နိုင်ငံက ကာကွယ်ပေးထားသည့် တိရစ္ဆာန်ဆိုတာ သူမ မှတ်မိသေး၏။
180 02
ဝူလီသည် ဝူတာ့ရှန်၏သားဖြစ်ပြီး သူနှင့်ယွင်ယွီတို့က ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာခဲ့ဖူးသည်။ သူက ယွင်ယွီကို တစ်ဖက်သတ် သဘောကျခဲ့ဖူးသော်ငြား သူမ လက်ထပ်သွားပြီးနောက် ထိုအကြောင်း မတွေးတော့ပေ။ သူက ကောလိပ်၌ စာကောင်းကောင်း မလေ့လာခဲ့ချေ။ သူ့အပြင်၌ အလုပ်ထွက်လုပ်ချိန်၌ လစာက မကောင်း။ မနှစ်တုန်းက ဟယ်ချင်းကျေးရွာရှိ အလုပ်အကိုင်အခွင့်အလမ်းကို မြင်ပြီး အပန်းဖြေစခန်းက ဧည့်သည်များကို ဆွဲဆောင်နိုင်မှန်း သူ သိသွား၏။ သို့သော်ငြား လူတိုင်းက အပန်းဖြေစခန်း၌ နေနိုင်တာမဟုတ်ချေ။ အပန်းဖြေစခန်းရှိ အခန်းတစ်ခန်း၏အနိမ့်ဆုံးငှားရမ်းခက ယွမ်ရာချီကျသင့်သည်။ လူတစ်ချို့က မတတ်နိုင်သော်ငြား ဟယ်ချင်းကျေးရွာကို နှစ်သက်၏။ မြို့သားများက လာရောက်အပန်းဖြေလေ့ရှိကာ အနားယူကြသည်၊
ထို့ကြောင့် သူ၏ကိုယ်ပိုင်စီးပွားရေးကို စတင်ပြီး အိမ်တစ်လုံး ဆောက်ရန်အတွက် ကျေးရွာမှ မြေတစ်နေရာကို လျှောက်ထားခဲ့သည်။ သူတို့နေခဲ့ဖူးသည့်အိမ်ကို မိသားစုဟိုတယ်အဖြစ် ပြောင်းလိုက်၏။ ၎င်းက အတော်လေး နွေးထွေးပြီး သန့်ရှင်းကာ တစ်ညကို ယွမ်တစ်ရာနှစ်ရာခန့်သာ ကျသင့်ပြီး ထိုနေရာ၌ နေသည့်သူများ၏။
သူသည် တစ်လကို အနည်းဆုံး ယွမ်ထောင်ချီ အနည်းဆုံး အလွယ်တကူရနိုင်သည်၊ သူက ကျေးရွာထုတ်ကုန်များကို ရောင်းချရန် အွန်လိုင်းဆိုင်ဖွင့်ဖို့လည်း ပြင်ဆင်ထားသည်။ ယွင်ယွီနှင့် ဆွေးနွေးထား၏။ ယွင်ယွီက ယင်းကို အကြံဉာဏ်ကောင်းဟု ထင်သော်ငြား သူမသည် လတ်တလော၌ အထူးထုတ်ကုန် မရှိပေ။ ဝါးတောအုပ်ထဲမှာ ထွက်သည့် မျှစ်များသာရှိပြီး လယ်ကွင်းထဲမှာ ဟင်းသီးဟင်းရွက်များသာရှိ၏။ ၎င်းတို့ကို ဆားရေစိမ်အဖြစ်ပြောင်းပြီး အွန်လိုင်းပေါ်၌ ရောင်းချခဲ့သည်။ အန်တီထျန်းက ကူညီပြင်ဆင်ပေးကာ ဟင်းသီးဟင်းရွက်ခြောက်များကို ဆားရေစိမ်ပေးသည်၊
နောက်နှစ်၌ သူတို့သည် အမျိုးမျိုးသော သစ်သီးသစ်ဖုများ၊ အခွန်မာသီးများ စသည်တို့ကို စိုက်ပျိုးမည်ဖြစ်ကာ ဆိုင်၌ ထုတ်ကုန် ကုန်ပစ္စည်း ပိုများလာမှာပဲဖြစ်သည်၊
အွန်လိုင်းဆိုင်က အစပိုင်းသာရှိသေးကာ ပြည့်စုံမှုမရှိသေးချေ။ ထို့အပြင် ထုတ်ကုန်အနည်းငယ်သာ ရှိ၏။ ထို့ကြောင့် ဖွင့်လှစ်ရန်အတွက် နောက်လအထိ စောင့်ရဦးမည်။
ဝူလီသည် လွန်ခဲ့သည့်လအနည်းငယ်ခန့်က မြို့မှ မိန်းကလေးတစ်ယောက်နှင့် ချိန်းတွေ့ခဲ့သည်။ အတန်းဖော်တစ်ယောက် ဖြစ်၏။ သူတို့ မြင်မြင်ချင်း ချစ်မိသွားကြကာ လတ်တလော၌ ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီးဖြစ်ကာ နောက်နှစ်၌ လက်ထပ်ရန် ပြင်ဆင်ထားသည်။
“အဲဒါက ဒေါင်းရိုင်းပဲ” ဝူလီက ရောက်လာကာ ပြောလိုက်တာက မောပန်းနေသေး၏။ “ဝါးတောအုပ်ထဲမှာ ရှိနေသေးတယ်။ တစ်ချက် သွားကြည့်ကြည့်။ အပန်းဖြေစခန်းထဲက ဧည့်သည်တစ်ယောက် ဒီမနက်တုန်းက ဝါးတောအုပ်ထဲမှာ လေ့ကျင့်ခန်းလုပ်နေတုန်း ရှာတွေ့တာ။ အခု အနားမှာ လူတွေများနေပြီ”
သူသည်လည်း သူတို့ကျေးရွာထဲ ဒေါင်းများ ပျံသန်းလာသည်ကို အလွန်အံ့ဩနေမိသည်။ ယင်းတို့က တိုင်းပြည်ရတနာများပဲဖြစ်သည်။
ယွင်ယွီကလည်း လုပ်လက်စကို ရပ်လိုက်ရကာ ချင်ယွီစွေနှင့်အတူ ဝါးတောအုပ်သို့ သွားလိုက်သည်။
ဝါးတောအုပ်က အလွန်သိပ်သည်း၏။ မူလက ဝါးတောအုပ်သည် သိပ်မကြီးပေ။ နောက်ပိုင်း၌ ယွင်ယွီသည် ဝါးပင် ဧက ၁၅၀ ခန့် စိုက်ပျိုးခဲ့လျက် အလွန်ကြီးမားသည့် ဝါးတောအုပ်ကြီး ဖြစ်လာသည်။ မျှစ်အမျိုးစုံရနိုင်ပြီး ရာသီမရွေး ပေါက်ရောက်နိုင်ကာ အလွန်လတ်ဆတ်သည်။ ဝါးတောအုပ်ထဲတွင် တိတ်ဆိတ်သော လမ်းလေးများရှိပြီး ဧည့်သည်များ လေ့ကျင့်ခန်းလုပ်ရန်နှင့် မနက်ခင်းပြေးရန်အတွက် အထူးတလည် တည်ဆောက်ပေးထားတာပဲ ဖြစ်သည်၊
ဝါးတောအုပ်က အပန်းဖြေစခန်းနောက်တွင် ရှိကာ သိပ်မဝေးသောကြောင့် မိနစ်အနည်းငယ် အနည်းငယ်အတွင်း ရောက်နိုင်သည်။
ဝူလီက သူတို့နှစ်ယောက်ကို ခေါ်သွားပေး၏။ ယွင်ယွီရောက်ချိန်၌ လူများစွာကြည့်နေပြီး အပန်းဖြေစခန်း၏ဧည့်သည် အများအပြားရောက်နေကာ အချို့က ရွာသူရွာသားများ ဖြစ်နေတာကို တွေ့လိုက်ရသည်၊
ယွင်ယွီသည် ရွာသူရွာသားများအားလုံးကို သိသော်ငြား ဧည့်သည်များကိုမူ မသိပေ။
ရွာသားတစ်ယောက်က သူတို့စုံတွဲကို တွေ့ပြီး တအံ့တဩပြောလိုက်၏။ “ သူဌေးလေး တစ်ချက်လာကြည့်ပါဦး။ တောထဲက ဒေါင်းနှစ်ကောင် ရောက်လာပုံပဲ”
ယွင်ယွီက လူကိုတိုးပြီး ကြည့်လိုက်ချိန်၌ ဒေါင်းနှစ်ကောင်ကို တွေ့လိုက်ရသည်။ မြစိမ်းရောင်၊ အရောင်အသွေးရှိလျက် သူတို့၏ခေါင်းပေါ်၌ အမောက်ရှိနေကာ သူတို့အမြီးထိပ်အထိ အရောင်ကောင်း စိမ်းစိုနေ၏။ သို့သော်ငြား အမြီးက အနည်းငယ် ကျဲပါးနေသည်။ ဒေါင်းနှစ်ကောင်က မြေပြင်ပေါ်တွင် အားနည်းဖျော့တော့စွာ လဲနေလျက် သူတို့၏အမွှေးအတောင်များက တောက်ပမှုမရှိဘဲ မွဲခြောက်ညစ်ပတ်နေသည်၊
180 03
ချင်ယွီစွေက ပြောလိုက်၏။ “တကယ်ပဲ ဒေါင်းရိုင်းနှစ်ကောင်ပဲ။ အခြေအနေကောင်းပုံ မပေါ်ဘူး”
ဧည့်သည်တစ်ယောက်က မပြောဘဲ မနေနိုင်တော့ပေ။ “ အစိမ်းရောင်ဒေါင်းရိုင်းတွေက တိုင်းပြည်ရဲ့ ပထမတန်းစား ကာကွယ်ပေးခံရတဲ့မျိုးစိတ်တွေလေ။ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။ ဒေါင်းရိုင်းတွေက ရှားပါးတယ်။ အထူးသဖြင့် မြစိမ်းရောင်ဒေါင်းတွေပဲ။ သူတို့ ဘယ်ကနေလာတာလဲ။ ဘာကြောင့် ဒီနေရာကို ပျံသန်းလာတာလဲ။ အာဏာပိုင်တွေကို ခေါ်သင့်လား”
ယွင်ယွီသည် ထိုဒေါင်းနှစ်ကောင်က တောင်တန်းတွင် နေထိုင်ပြီး သိပ်သည်းသော တောအုပ်တွင် နေတာဖြစ်လောက်ကြောင်း ခန့်မှန်းမိ၏။
သူမသည် အပန်းဖြေစခန်းကို ဝိညာဉ်စမ်းရေဖြင့် တည်ဆောက်ထားတာဖြစ်သည်၊ သစ်သီးများ၊ သစ်သီးခြံများ၊ ဝါးတောအုပ်နှင့် စပါးခင်းအားလုံးက ကြွယ်ဝသည့် ဝိညာဉ်စွမ်းအင်များ ပြည့်နေသည်။ ဝိညာဉ်စွမ်းအင်က ယခုဆို တိုင်းပြည်၌ ရှားပါးနေပြီဖြစ်ကာ အမျိုးမျိုးသော တိရစ္ဆာန်များကလည်း မျိုးတုံးပျောက်ကွယ်နေပြီ ဖြစ်သည်၊ သူတို့က မှန်ကန်သည့်နေရာ၌ သတိထားရွေးချယ်ခဲ့ကြပြီး အန္တရာယ်ရှိသည့်အခါ သူတို့က ရှင်သန်နိုင်မည့်နေရာကို ရှာဖွေရန် အလိုလိုသိစိတ်နောက် လိုက်ပါတတ်၏။ ဤနေရာ၌ ဝိညာဉ်စွမ်းအင် အများအပြားရှိကြောင်း သိသဖြင့် လိုက်ရှာပြီး ပျံသန်းလာတာပဲဖြစ်မည်။ လမ်းတစ်လျှောက်၌ ကိစ္စမျိုးစုံတွေ့ခဲ့ ကြုံခဲ့သောကြောင့် ဤမျှပင်ပန်းနွမ်းနယ်နေတာပဲ ဖြစ်မည်။
ယွင်ယွီက တွေးလိုက်မိ၏။ သူမ ယခင်က ဒေါင်းတစ်ခါမှ မမွေးဖူးပေ။ အနည်းငယ် သွေးဆန်းသော်ငြား ယင်းသည် တိုင်းပြည်၏ ပထမတန်းစားကာကွယ်ပေးခံ တိရစ္ဆာန်ဖြစ်မှန်း သိနေသောကြောင့် သူမ သေချာပေါက် မွေးခဲ့ရှိမှာမဟုတ်ပေ။
အာဏာပိုင်များကို ခေါ်သည်က အဆင်ပြေလိမ့်မည်။ သို့သော် သူတို့မလာခင်အထိ သူမ ဂရုစိုက်ရလိမ့်မည်။
ယွင်ယွီက ပြောလိုက်သည်။ “ဟုတ်ပြီ အနားမှာ စုမနေကြပါနဲ့တော့။ ဌာနကို ဆက်သွယ်လိုက်မယ်။ ပြီးတော့ သူတို့ကို မနှောင့်ယှက်ကြပါနဲ့။ သူတို့ ကြောက်လန့်သွားလိမ့်မယ်။ ကျွန်မ ပြန်သွားပြီး သူတို့စားဖို့အတွက် လုပ်ပေးလိုက်ဦးမယ်”
သူမကို မသိကြသည့် ဧည့်သည်တစ်ချို့လည်း ရှိသဖြင့် မေးလိုက်တော့သည်။
“ မင်းက ဘယ်သူလဲ။ အခု ငါတို့တွေ တိမွေးကုဆီ သွားရမှာမဟုတ်ဘူးလား”
ရွာသူရွာသားများက ပြောပြလိုက်တော့သည်။ “ဒါ ငါတို့ရဲ့သူဌေးလေးလေ။ သူက အပန်းဖြေစခန်းရဲ့ ပိုင်ရှင်လည်း ဟုတ်တယ်။ နားမလည်ရင် ဒီအတိုင်း နေပါ။ ကျုပ်တို့ရဲ့ သူဌေးလေးက အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်”
အပန်းဖြေစခန်းတွင် နေသည့် ဧည့်သည်များတောင် ယွင်ယွီ၏နာမည်ကို ကြားဖူးသည်။ ထို့ကြောင့် မည်သူမှ ဘာမှမပြောတော့ချေ၊
ယွင်ယွီက ပြန်သွားပြီးနောက် ဒေါင်းများအတွက် အစားအစာတစ်ချို့ရှာဖွေလိုက်သည်။ သူတို့သည် အစုံစားသတ္တဝါများဖြစ်ပြီး အင်းဆက်ပိုးမွှားများနှင့် ပြောင်းဖူးများ စားတိုင်း၏။ ယွင်ယွီသည် သူတို့အတွက် ဆန်နှင့်လက်ဆုပ်စာကို ခူးပြီးနောက် ဟင်းသီးဟင်းရွက်စိုက်ခင်းထဲတွင် ပဲပင်များကိုလည်း ခူးလာခဲ့သည်။ သူမက သူတို့သောက်ရန်အတွက် ရေတစ်ဇလုံလည်း သယ်လာသေးသည်၊
ထိုနေရာသို့ ရောက်ချိန်၌ တချို့လူများက ကြည့်နေသေးပြီး လူများပိုမိုရောက်ရှိလာ၏။ အနီးအနားကျေးရွာမှ ရွာသူရွာသားများတောင် လာကြည့်ကြသည်။
ယွင်ယွီသည် သူတို့နား အစားအသောက်များ ဖြန့်ပေးကာ သူတို့ရေသောက်ရန်အတွက် ဇလုံကို အနားသို့ သယ်သွားပေးသည်။ သူမက ရေသာ ဖြည့်ထားတာမဟုတ်ဘဲ ဝိညာဉ်စမ်းရည်လည်း ဖြည့်ပေးကာ သူတို့ကိုအား ပေးလိုက်၏။ အစ၌ မြစိမ်းရောင်ဒေါင်းများသည် မလှုပ်ရှားသော်ငြား ဇလုံထဲရှိရေက သူတို့ကို အထောက်အကူဖြစ်စေမှန်း သဘောပေါက်သွားချိန်၌ လည်ဆန့်ကာ ရေသောက်ကြတော့သည်၊
လူတိုင်းက သူတို့ ရေသောက်နိုင်တာကို မြင်တော့မှ စိတ်အေးသွားတော့သည်၊
ယွင်ယွီ၌ လုပ်စရာကိစ္စများ ရှိနေသေးသဖြင့် တစ်ချိန်လုံး ဤနေရာတွင် မနေနိုင်ပေ။ သူမက ဒေါင်းနှစ်ကောင်ကို အိမ်သို့ ခေါ်မသွားရဲချေ။ သူတို့ကို အိမ်တွင် ခေါ်ထားတာက အဆင်ပြေမှာမဟုတ်။
180 04
သို့သော် ယွင်ယွီသည် ဒေါင်းများက အတော်လေး တန်ဖိုးရှိသဖြင့် တစ်စုံတစ်ယောက်က ဒေါင်းများကို ခိုးယူသွားမှာ စိုးရိမ်၏။ ထို့ကြောင့် သူမ ပြန်သွားပြီး အဘွားဝမ်ကို လာကြည့်ခိုင်းထား၏။ သူမက ကူညီစောင့်ကြည့်ပေးထားမှာပဲ ဖြစ်သည်။ အစ၌ သူနှင့်အတူ ဟေးတကို လွှတ်ချင်သော်ငြား လူတစ်ယောက်၏ အရပ်အမြင့် တစ်ဝက်ခန့် ရှိသော အလွန်သန်မာပြီး အကြောများပြည့်ဖြစ်နေသော အနက်ရောင်ခွေးကို မြင်သောအခါ တိတ်ဆိတ်သွား၏။ ဒေါင်းနှစ်ကောင် လန့်ပြေးသွားမှာကို စိုးရိမ်သဖြင့် သူမက မလွှတ်တော့ဘဲ အဘွားဝမ်ကိုသာ သွားခိုင်းလိုက်သည်၊
အဘွားဝမ်က ဝါးတောအုပ်ထဲတွင် ပုန်းနေပြီး ဒေါင်းနှစ်ကောင်ကို စောင့်ကြည့်နေ၏။ ထို့ကြောင့် ခရီးသွားများက သူမကို မမြင်နိုင်ပေ။
မွန်းတည့်ချိန်တွင် လူတိုင်းနီးပါး ထွက်ခွာသွားတော့သည်၊
ယွင်ယွီက သူတို့ကို ဂရုမစိုက်တော့ပေ။ သူတို့က တောရိုင်းတိရစ္ဆာန်များဖြစ်၏။ အစာအသောက် လုံလောက်လောက်ရှိနေပြီး ရှိနေပြီး ဝါးတောအုပ်က ဝိညာဉ်စမ်းရေများပြည့်ကာ ဝိညာဉ်စမ်းရေများ ရှိနေသ၍ အဆင်ပြေနေဦးမှာပဲဖြစ်သည်၊
သို့သော် နောက်နေ့မနက်၌ လူမိုက်နှစ်ယောက်က ဝါးတောအုပ်ထဲ၌ သတိလစ်နေတာ တွေ့လိုက်ရသည်၊
ယွင်ယွီသည် သူတို့ကို မြင်သောအခါ ရယ်ရမလား ငိုရမလား မသိတော့ပေ။ သူတို့သည် အမှန်တကယ်ကို စွန့်စားပြီး ဒေါင်းများကို ခိုးယူရန် ကြိုးစားခဲ့သည့်သူများဖြစ်၏။
ခရီးသွားများက ယွင်ယွီကို ပြောလိုက်တော့သည်။ “မနက်စောစောတစ်ပတ်ပြေးရင်း ဒေါင်းနှစ်ကောင်ကို လာကြည့်ချင်တာ။ ဒါပေမဲ့ မလှမ်းမကမ်းမှာ သူတို့နှစ်ယောက် လဲနေတာ တွေ့လိုက်တယ်”
လူတိုင်းက ပြောပြလေ၏။
ရွာသူရွာသားတစ်ချို့သည် သူတို့က ထိုသူခိုးနှစ်ယောက်ကို မှတ်မိ၏။ သူတို့က ပညာမတတ်သည့်သူခိုးများ ဖြစ်သည်၊ ဒေါင်းနှစ်ကောင်ကို တကယ်ပစ်မှတ်ထားရဲသေး၏။ ဤနှစ်ကောင်က အလွန်ရဲတင်းလွန်းသည်ဟု သူတို့ ဆိုခဲ့သေးသည်။ ယင်းက သူဌေးလေး၏ပိုင်နက်မှန်း သိနေသေးသည့်တိုင် ညသန်းခေါင်ယံ၌ ပစ္စည်းခိုးယူရန် ရောက်လာသေးသည်။
လူများက လူမိုက်နှစ်ယောက်ကို နှိုးလိုက်ချိန်၌ သူတို့က စိုးရွားသည့် အနံ့အသက်ရလိုက်၏။ မနေ့ညတုန်းက သူတို့ သေအောင်ခြောက်လှန့်ခံရပြီး ဆီးထွက်ကျခဲ့ရတာပဲဖြစ်မည်။
သူတို့ နိုးလာသည်နှင့် ချုံးပွဲချ ငိုယိုတော့၏။ “သရဲရှိတယ်။ ဝါးတောအုပ်ထဲမှာ သရဲရှိတယ်။ ထပ်မလုပ်ရဲတော့ပါဘူး။ ဘယ်တော့မှ ထပ်မလုပ်ရဲတော့ပါဘူး။ ကျွန်တော်တို့ မှားပါတယ်”
ထိုသို့ပြောပြီးနောက် သူတို့က ထရပ်ကာ ဝါးတောအုပ်အပြင်ဘက်သို့ ထွက်ပြေးလေ၏။
ယွင်ယွီက ရယ်မိတော့သည်။ အဘွားဝမ် နေ့လည်၌ နေ့လည်စာစားရန် ပြန်လာသည့်အချိန် စောင့်ပြီးမှ ဖြစ်ကြောင်းကုန်စင်ကို သိရတော့မည်။
မနေ့ညက အဘွားဝမ်သည် ဒေါင်းနှစ်ကောင်နှင့် မလှမ်းမကမ်းတွင် အိပ်ခဲ့၏။ ည ၂ နာရီဝန်းကျင်ခန့်၌ သူမသည် အနား၌ ခြေသံများကို ကြားလိုက်ရသည်၊ ပြီးနောက် လူငယ်နှစ်ယောက်အသံကို ကြားလိုက်ရသည်။ “မြန်မြန်ဒေါင်းနှစ်ကောင်ကို ဖမ်း။ သူတို့က တိုင်းပြည်ရတနာတွေ။ သူဌေးတွေက သူတို့ကို မွေးရတာသဘောကျတယ်။ သူတို့တွေ ဒေါ်လာသိန်းချီရမှာ သေချာတယ်။ ငါတို့သာ ရောင်းလိုက်ရင် ချမ်းသာပြီပဲ”
အဘွားဝမ်သည် စိတ်လှုပ်ရှားသွား၏။ ယင်းက ယွင်ယွီချမှတ်ပေးထားသော တာဝန်ဖြစ်သဖြင့် သူမသည် ဒေါင်းနှစ်ကောင်ကို ကောင်းကောင်းဂရုစိုက်ရမည်။
ထို့ကြောင့် သူမသည် သာမန်သော လေသံဖြင့် ပြောလိုက်လေ၏။ “ ထွက်သွားကြ” အသံသည် ယောက်ျားသံမဟုတ်၊ မိန်းမသံလည်းမဟုတ်၊ လိမ်အမျိုးအစားကို ခွဲခြားနိုင်ခြင်းမရှိ။ ညသန်းခေါင်ယံအချိန်ဖြစ်ပြီး မှောင်မိုင်းနေသောအချိန်ဖြစ်သည်။ လူမိုက်နှစ်ယောက်က ထိတ်လန့်သွားသည်။ အစ၌ တစ်စုံတစ်ယောက်က သူတို့ကို စောင့်ကြပ်နေတာဟု ထင်ခဲ့သည်၊ ပြီးနောက် အဘွားဝမ်က လှည့်စားလိုက်၏။ သူက ကျင့်ကြံထားသဖြင့် အသံက ထိတ်လန့်ဖွယ်ကောင်းသည်။ လူမိုက်နှစ်ယောက်က ဝါးတောအုပ်နှင့် မလှမ်းမကမ်းမှ မြစိမ်းရောင်မျက်ဝန်းတစ်စုံကိုလည်း သတိပြုမိပြီး သူတို့ ချက်ချင်းပင် သေအောင်ကြောက်လန့်သွားတော့သည်။
ယွင်ယွီက ပြုံးပြီး ပြောလိုက်လေ၏။ “တော်တယ်။ ဌာနက လူတွေမလာခင်အထိ ဒုက္ခပေးရဦးမှာပဲ”
180 05
သူမသည် ဆုလတ်အဖြစ် အဘွားဝမ်အား သန့်စင်သည့်ဝိညာဉ်စမ်းရည် ပုလင်းကြီးတစ်ပုလင်း ပေးလိုက်သည်။ အဓိကအကြောင်းအရင်းက ၎င်းသည် အခြားဆုလတ်များ မလိုချင်ဘဲ လေ့ကျင့်ရသည်ကိုသာ နှစ်သက်သောကြောင့် ဖြစ်၏။ ယွင်ယွီက သူ့အား နေ့တိုင်း ရေတိုက်သော်ငြား များများစားစား မပေးရဲချေ၊
နှစ်ရက်အကြာ၌ သက်ဆိုင်ရာဌာနမှ လူများ ရောက်လာတော့သည်။
******