အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
အပိုင်း 181
မြစိမ်းရောင်ဒေါင်းများကို ရှာတွေ့ချိန်၌ အပန်းဖြေစခန်းရှိခရီးသွားများက ရဲများကို ဆက်သွယ်ခဲ့သည် ပြီးနောက် သစ်တောဌာနကို ဆက်သွယ်ခဲ့သည်။ ယွင်ယွီ၏ ဝါးတောအုပ်ထဲ၌ ငှက်များကို ရှာတွေ့ကြောင်း သတင်းကြားချိန်၌ ရဲများ တစ်ချက်လာကြည့်လေ၏။ သို့သော်ငြား ဒေါင်းများသည် တောထဲ၌ ကြီးပြင်းလာတာဖြစ်ပြီး မွေးဖူးသည့် အတွေ့အကြုံ မရှိ အနား၌ တိရစ္ဆာန်ရုံလည်း မရှိကြောင်း သိလိုက်ရ၏။ ယွင်ယွီ၏ အထောက်အထားကို သိရှိပြီးနောက် သူတို့သည် သစ်တောဌာနမှ လူများ ရောက်လာမည့်အချိန်အထိ စောင့်ကာ ငှက်များကို ဝါးတောအုပ်ထဲ၌ ယာယီထိန်းထားရန် ဆုံးဖြတ်လိုက်တော့သည်။ ယနေ့မှ ဒီနေရာကို လာအသိပေးတာဖြစ်သည်။
သစ်တောဌာနသည် တိုင်းပြည် သဘာဝအရင်းအမြစ်ဌာနပိုင်းဖြစ်ပြီး ထိုကိစ္စရပ်များကို တာဝန်ယူထား၏။
သူတို့ ရောက်လာချိန်တွင် အနား၌ လူအနည်းငယ်ရှိနေသည်။ လွန်ခဲ့သောနှစ်ရက်၌ လူများစွာက နေ့စဥ်နေ့တိုင်း ဒေါင်းများကို လာကြည့်သည်။ ဒေါင်းများက အမွှေးတုံးနေပြီး ညစ်ပေနေသော်ငြား ရှားပါး၏။ ယခုဆို မြစိမ်းရောင်ဒေါင်းများက အင်မတန် ရှားပါးနေပုံပေါ်သည်၊
သစ်တောဌာနမှ လူသုံးယောက် ရောက်လာပြီး ဝါးအုပ်ထဲရှိ ဒေါင်းသုံးကောင်ကို တွေ့လိုက်ရသောအခါ အံ့ဩသွားတော့သည်။ “မြစိမ်းရောင်ဒေါင်းတွေနဲ့ တကယ်တူတယ်” သူတို့ပြောတော့သည်။ “ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။ တကယ်ရှားပါးတာပဲ။ တစ်ချက်သွားကြည့်လိုက်ဦးမယ်”
ဒေါင်းများက စွမ်းအင်ပိုပြည့်ဖြိုးနေကြပြီဖြစ်သည်။ သူတို့ရောက်ခါစ လွန်ခဲ့သည့်နှစ်ရက်၌ မြေပြင်ပေါ်တွင် ထိုင်နေပြီး မလှုပ်မယှက်နိုင်သည့် အခြေအနေနှင့်မတူဘဲ ယခုဆို ဝါးအုပ်ထဲ၌ နေကာ ဖြတ်လတ်တက်ကြွပုံပေါ်သည်။ သူတို့ဆီသို့ လျှောက်လာသည့် လူရွယ်ကို ရန်လိုစွာ ကြည့်နေ၏။ အသက်လတ်ပိုင်းရွယ်လူက စစ်ဆေးကြည့်ရန် ရှေ့တိုးသွားချင်သော်ငြား သူတို့က ချက်ချင်းပင် လည်မောင်းထုတ်လျက် အဝေး၌ ပုန်းကာ သူတို့ကို အနားမကပ်စေချင်ပေ။
လူရွယ်သည် စူးအောင့်သွားလေ၏။ သူတို့ကို ဂရုတစိုက် စစ်ဆေးရန်အတွက် သူ၏လုပ်ဖော်ကိုင်ဖက်များနှင့်အတူ မလှမ်းမကမ်းတွင်သာ ရပ်နိုင်သည်။ နောက်ဆုံး၌ ဤဒေါင်းနှစ်ကောင်က တကယ်အစစ်အမှန် တောရိုင်းမြစိမ်းရောင်ဒေါင်းများဖြစ်ကြောင်း သတိပြုမိသွား၏။ ၎င်းတို့က တိုင်းပြည်ပထမတန်းစား ကာကွယ်ပေးခံ တိရစ္ဆာန်များဖြစ်သည်။ သူတို့သုံးယောက်က ဒေါင်းနှစ်ကောင်ကို ဦးစွာပြန်ခေါ်သွားရန် ပြင်ဆင်ပေးထား၏။ ပြီးနောက် ကျွေးမွေးရန်ဖို့ အခြေအနေပိုကောင်းလာအောင် ကျွေးမွေးပြုစုစောင့်ရှောက်ပေးမှ ကျွေးမွေးပြုစုစောင့်ရှောက်ရန် တိရစ္ဆာန်ရုံသို့ ပို့လျှင် ပိုမဟုတ်လျှင် တောင်ပေါ်ပြန်ပို့ဖို့ ပြင်ဆင်ထားသည်။
သူတို့ဒေါင်းနှစ်ကောင်ကို ဖမ်းနေစဥ် မထင်မှတ်ထားသည့် ကိစ္စတစ်ခု ဖြစ်သွားလေ၏။ ဒေါင်းနှစ်ကောင်က သူတို့ကို အနားကပ်ခွင့် မပေးချင်ပေ။ သူတို့က ပျံသန်းသွားကာ အော်ဟစ်နေလျက် အနီးအနားရှိ ကြည့်နေသူများအား ဆက်တိုက်ရယ်မောစေတော့သည်၊
သုံးယောက်သားက အုတ်အော်သောင်းတင်း အကြီးအကျယ်ပလန် ပလန်နေစဥ် ယွင်ယွီက ရောက်လာကာ ပြောလိုက်တော့၏။ “ သူတို့ကို ဒီမှာ ခဏတဖြုတ် နေခိုင်းလိုက်ပါလား။ သူတို့ပိုကောင်းလာမှ ဘာဆက်လုပ်မလဲ ကြည့်တာပေါ့”
သုံးယောက်က တုန်လှုပ်နေသော်ငြား အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ယွင်ယွီကို တွေ့ပြီးနောက် ဒေါင်းနှစ်ကောင်သည် ယွင်ယွီကို ဦးစွာလာကပ်ကာ ပွတ်သပ်ပေးရန် တောင်းဆိုသည်။ ယွင်ယွီက သူတို့ကို ပုတ်လိုက်ပေးပြီးနောက် သူတို့နှစ်ကောင်က အတော်လေးလိမ္မာပုံပေါ်လေ၏။ သုံးယောက်သား အံ့ဩသွားတော့သည်၊
“ ဒေါင်းနှစ်ကောင်က ခင်ဗျားနဲ့ တော်တော်လေးရင်းနှီးတာပဲ”
ယွင်ယွီက ပြုံးပြီး ပြောလိုက်တော့သည်။ “ ဒီနှစ်ရက် သူတို့ကို ကျွန်မ အစာကျွေးထားတာ”
181 02
ဝိညာဉ်စမ်းရည်ကြောင့်ဆိုတာ သူမ သိနေလေ၏။ ဝိညာဉ်စမ်းရည်သည် ကြွယ်ဝသည့် ဝိညာဉ်စွမ်းအင် ပါဝင်နေသောကြောင့် ပါဝင်နေပြီး သူမကလည်း ထိုနည်းတူပင် ထို့ကြောင့် အသိဉာဏ်ရှိသည့် တိရစ္ဆာန်တစ်ချို့က သူမနှင့် ရင်းနှီးကြသည်၊
သစ်တောဌာနက ရွေးချယ်စရာမရှိတော့ဘဲ ထိုနှစ်ကောင်ကို မဖမ်းနိုင်ပေ။ ထို့အပြင် တိရစ္ဆာန်များကို ဖမ်းနိုင်ခဲ့လျှင်တောင် အများဆုံးကိုယ်တောထဲ တောင်ပေါ်ပြန်ပို့တာဖြစ်၏။ အမဲလိုက်စွမ်းရည်မရှိသည့် အကောင်အနည်းငယ်သာလျှင် တိရစ္ဆာန်ရုံသို့ အပို့ခံရတာဖြစ်သည်၊ တကယ်တော့ ဤဒေါင်းနှစ်ကောင် ဤနေရာတွင် နေချင်လျှင်တောင် နေဖို့မဖြစ်နိုင်တာမဟုတ်ပေ။ သူတို့က လာရောက်စစ်ဆေးကြည့်ရုံသာရှိပြီး အထက်အရာရှိများကို သတင်းပို့မှာပဲ ဖြစ်သည်။ ခွင့်ပြုချက်ရသ၍ အဆင်ပြေသွားလိမ့်မည်။
ယခု သူတို့က ဒေါင်းနှစ်ကောင်ကို ပြန်မသယ်နိုင်သောကြောင့် သစ်တောဌာနမှ လူများထွက်ခွာသွားပြီး နှစ်ရက်အတွင်း ပြန်လာစစ်ဆေးမည်ဖြစ်ကြောင်း ပြောသွားတော့သည်။
အပန်းဖြေစခန်းတွင် နေထိုင်သည့် ဗိုလ်ချုပ်လုံသည် မြစိမ်းရောင်ဒေါင်းနှစ်ကောင် ဤနေရာသို့ ပျံသန်းလာကြောင်း ကြားလိုက်ရ၏။ ထို့ကြောင့် သူက လာကြည့်သည်။ သူတို့က အလွန်စည်ကားသည့်ဘဝတွင် နေနေရာကြောင်း ရှာတွေ့သွား၏။ သူတို့ ဤနေရာကို နှစ်သက်နေတာ ဖြစ်ရမည်မှန်း သိလိုက်သည်။ လူအများတောင် ဤနေရာကို နှစ်သက်သလို လေထုက လတ်ဆတ်၏။ ဗိုလ်ချုပ်လုံသည် ယွင်ယွီက သူတို့ကို ခေါ်ထားခြင်းမှန်း သိသောကြောင့် ဖြစ်ဟန်တူသည်၊ ထို့ကြောင့် သူ အနည်းငယ်ကူညီပေးလိုက်၏။
နှစ်ရက်အကြာ၌ သစ်တောဌာနက ယွင်ယွီကို ဆက်သွယ်လာပြီး သူတို့သည် သူမကို ဒေါင်းနှစ်ကောင်အုပ် ဒေါင်းနှစ်ကောင်အား ဂရုစိုက်ပေးရန် ယုံကြည်စိတ်ချစွာ အပ်နှံကြောင်း ပြောခဲ့၏။ သူတို့ ဤနေရာကို နှစ်သက်သဘောကျသောကြောင့် ဤနေရာ၌ အချိန်အတိုင်းအတာတစ်ခုအထိ နေနိုင်သည်၊
ယွင်ယွီက လက်ခံလိုက်သည်>
ဒေါင်းနှစ်ကောင်က ဝါးအုပ်ထဲ၌ နေသားကျလာလျက် သူတို့ ရွှေ့ပြောင်းတော့မှာမဟုတ်။ သက်ဆိုင်ရာဌာနမှ လူတို့သည် သူတို့ကို လာရောက်စစ်ဆေးလောက်သော်ငြား ဘာမှစိုးရိမ်စရာမရှိပေ။
ထိုအကြောင်းအရင်းကြောင့် ယွင်ယွီသည် သူတို့အနားယူရန်အတွက် ဝါးအုပ်ထဲ၌ သစ်သားစစ် သစ်သားအိမ်တစ်လုံး တည်ဆောက်ရန်အတွက် လက်သမားဆရာကိုတောင် ခေါ်လိုက်သေးသည်။ ထို့နောက် သူတို့က အနားခြံခတ်ထားခြင်းမရှိဘဲ ဝါးအုပ်တစ်ခုလုံးက သူတို့ပိုင်နက်ဖြစ်၏။ ထို့ကြောင့် သူတို့ဆန္ဒရှိရာနေရာကို သွားလာနိုင်သည်၊
ထို့ကြောင့် မြစိမ်းရောင်ဒေါင်းနှစ်ကောင်က ဟယ်ချင်းကျေးရွာထဲရှိ ဝါးအုပ်ထဲ၌ သူတို့အိမ်ကို ရသွားပြီဖြစ်သည်၊ ယွင်ယွီက သူတို့ကို မည်သို့ကြော်ငြာရမည်ကို မစဉ်းစားထားချေ။ သူတို့ကောင်းမွန်စွာ နေထိုင်နေသ၍ ဝိညာဉ်စမ်းရည်နှင့် အမျိုးစုံသော အစားအသောက်များ နေ့စဥ်နေ့တိုင်းကျွေးမွေးမှာပဲ ဖြစ်သည်။ ယွင်ယွီကိုယ်တိုင် စိုက်ပျိုးထားသည့် အစားအသောက်က အာဟာရပြည့်ပြီး ကျန်းမာလန်းဆန်းစေသည်။
181 03
ဤရက်များက ဂဏန်းစားရမည့် ရာသီရောက်လာပြီး အပန်းဖြေစခန်း၏ရေကန်တု၌ ထည့်ထားသည့် ဂဏန်းများကလည်း ဖမ်း၍ရနေပြီဖြစ်သည်၊
အပန်းဖြေစခန်းသို့ အနည်းငယ်ပို့ပြီးနောက် ယွင်ယွီမိသားစုကလည်း ဂဏန်းတစ်ပုံး သယ်သွား၏။ ဂဏန်း ၁၀ ကောင်ဝန်းကျင်ခန့်ရှိကာ တစ်ကောင်ကို ငါးလျှံခန့် လေးပေသည်။ အားလုံးက ပြည့်ဖြိုးနေ၏။ ယွင်ယွီသည် အဘွားယွင်အား တစ်ဝက်ပေး အဘွားယွင်နှင့် သူမမိသားစုအား တစ်ဝက်ပေးပြီးနောက် ကျန်တစ်ဝက်ကို အိမ်တွင် ပေါင်းထားလိုက်သည်။ အသားက အလွန်နူးညံ့ချိုမြပြီး အင်မတန်အရသာရှိသည်။ ဂဏန်းမ၏ဦးများက တစ်ကိုက် ကိုက်လိုက်ချိန်၌လည်း အရသာက အလွန်ကောင်းမွန်နေသည်၊
ယွင်ယွီသည် နို့တိုက်ရန် လိုအပ်သောကြောင့် များများစားစား မစားရဲချေ။ ထို့ကြောင့် သူမ တစ်ကောင်သာစားခဲ့၏။
အဘွားယွင်အိမ်တွင် ရှိလူတိုင်းကလည်း တစ်ကောင်စီစားခဲ့ကာ ဤမျှအရသာရှိသော ဂဏန်းကို သူတို့တစ်ခါမှ မစားဖူးကြောင်း ပြောခဲ့သည်၊
ဂဏန်းများကို ဝိညာဉ်စမ်းရည်ရှိသည့် နေရာ၌ မွေးမြူထားသောကြောင့် အင်မတန်အရသာရှိတာ သဘာဝကျသည်။ ဂဏန်းပထမတစ်သုတ်က အပန်းဖြေစခန်း၏မီးဖိုချောင်သို့ ရောက်သောအခါ ခေါင်းဆောင်စားဖိုမှုက တစ်ကောင်မြည်းပြီး ပြောလိုက်သည်။ “ဒီနေရာက အံ့ဩဖို့ကောင်းလိုက်တာ။ သူတို့ငါ့ကို ပိုက်ဆံမပေးရင်တောင် ငါဒီမှာ နေမှာပဲ”
ဤဂဏန်းတစ်သုတ်က အလွန်တန်ဖိုးကြီးပြီး အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် သတ်မှတ်နိုင်သည်။ အပန်းဖြေစခန်း၌ တန်ဖိုးအကြီးဆုံး ပါဝင်ပစ္စည်းဖြစ်လောက်သည်။
ပျမ်းမျှတန်ကြေးက ဂဏန်းတစ်ကောင်အတွက် ယွမ်လေးရာဖြစ်ကာ ၎င်း၏အလေးချိန်က ငါးလျှံရှိသည်၊ ငါးလျှံအောက်လျော့သည့် ဂဏန်းမရှိပေ။
တန်ကြေး ထွက်လာချိန်၌ ဝယ်ယူ စားသုံးသူ ဧည့်သည်တချို့က အံ့ဩသွားပြီး အနည်းငယ် အံ့ဩသွားပြီး တစ်ယောက်က ပြောလိုက်သည်။ “ ဒါက ရန်ချန်းကန်က အမွေးတူဂဏန်းလောက်နီးနီး တန်ဖိုးကြီးနေတာပဲ”
“ဈေးက တူနေပြီး ဈေးကြီးလိုက်တာ။ ရန်ချန်းကန်က နာမည်ကြီး ဂဏန်းမွေးမြူရေးကန်ပဲ။ သူတို့တွေမှာ သူတို့က အစိမ်းရောင် မွေးမြူရေးအတိုင်းပဲလုပ်ပြီး ရေအရည်အသွေးကလည်း အင်မတန်ကောင်းတယ်။ အလုပ်သမားဈေးက မြင့်တယ်”
ဌာန၏မန်နေဂျာက ရှင်းပြလိုက်တော့သည်။ “ကျွန်တော်တို့ဂဏန်းက အဲ့ဒီမှာ မွေးထားတာမဟုတ်ပေမဲ့ ကိုယ်ပိုင်ကန်ထဲမှာ မွေးမြူထားတာ။ ရေကန်ရေကတော့ ခင်ဗျားတို့တွေ တွေ့တဲ့အတိုင်းပဲ ကြည်လင်နေပြီး အရည်အသွေးက အမြဲတမ်းကောင်းတယ်။ အရသာအတွက်ကတော့ ခင်ဗျားတို့ စမ်းကြည့်လိုက်တာနဲ့ သိသွားမှာပဲ။ သူ့ရဲ့အရသာရှိမှုကို စကားလုံးတွေနဲ့ မဖော်ပြနိုင်ဘူး” ထိုဧည့်သည်များကလည်း အဆင်ပြေကြသူများ ထိုဧည့်သည်များသည် ချမ်းသာကြွယ်ဝသူများဖြစ်သည်၊ ထို့ကြောင့် သူတို့၏စကားကို ကြားသောအခါ အပန်းဖြေစခန်းရှိ အစားအသောက်များက သူတို့ကို စိတ်ပျက်စေမှာမဟုတ်မှန်း သိလာ၏။ ထို့ကြောင့် ပထမဆုံးနေ၌ သယ်လာသည့် ဂဏန်းများအားလုံး ရောင်းထွက်သွားတော့သည်။
ဧည့်သည်များက ဂဏန်းအရသာခံပြီးသည်နှင့် သူတို့အမေးထုတ်တာ ရပ်တန့်သွားကြကာ သူတို့က လက်ဆောင်သေတ္တာများ ပို့ပေးနိုင်မလားဟုတောင် စတင်တွေးနေကြပြီ ဖြစ်သည်၊
စားသောက်ဆိုင်မန်နေဂျာက စိတ်မကောင်းစွာဖြင့် သူတို့ကို အကြောင်းကြားခဲ့ရလေ၏။ ဤဂဏန်းများကို အများအပြား မွေးမြူထားတာမဟုတ်ပေ။ လတ်တလော၌ အပန်းဖြေစခန်း၏ ဧည့်ခံကျွေးမွေးရေးဌာနကိုသာ ပို့ပေးနိုင်ဦးမည်ဖြစ်ကြောင်းနှင့် အပြင်ဘက်၌ ရောင်းချဦးမည်မဟုတ်ကြောင်း ပြောခဲ့၏။ လူတိုင်း အလွန်စိတ်မကောင်း ဖြစ်နေသော်ငြား ဤကဲ့သို့ အရသာရှိသည့် အစားအသောက်ကို စားမိချိန်၌ ဝမ်းသာနေကြတော့သည်။ ဂဏန်းများကို နောက်တစ်နေ့၌ ထပ်ပို့ပေးမှာပဲဖြစ်သည်၊ အပန်းဖြေစခန်း၏ ဧည့်သည်ဟောင်းများနှင့် အနီးအနားမြို့ရွာရှိ အစားအသောက်ကောင်း နှစ်သက်သည့် ဧည့်သည်များကလည်း အစားအသောက်သစ်တစ်မျိုး ထုတ်ကြောင်းသတင်းကြားသည်နှင့် သူတို့ချက်ချင်း လာရောက် မြည်းစမ်းကြတော့သည်။
181 04
ရလဒ်အနေဖြင့် အစားအသောက်က မလုံလောက်တော့ဘဲ ဝယ်ယူမှုကို ကန့်သတ်လိုက်ရကာ လူတစ်ယောက်ကို တစ်ရက်လျှင် တစ်ကောင်သာ ရသည်။
လဝယ်ခန့် ရောင်းချပြီးနောက် ဂဏန်းများက နာမည်ကြီးလာပြီး အစားအသောက်နှစ်သက်သူများကြား တုံ့ပြန်မှုကြီးကြီးမားမားဖြစ်စေလျက် မြို့ရှိသတင်းစာထဲတွင်တောင် ပါလာသည်။
ရလဒ်အနေဖြင့် ဈေးကြီးလွန်းသည်ဟု ဝေဖန်ခံရသည်။ လူတို့က ဂဏန်းတစ်ကောင်၏ ပျမ်းမျှတန်ကြေးက ယွမ်လေးရာဖြစ်နေ၏။ သူတို့ အဘယ်ကြောင့် မလုယူလိုက်သနည်း။ ရန်ချန်းကန်ရှိ ရန်ချန်းကန်အမွှေးတူ ဂဏန်းများထက်တောင် ဈေးပိုကြီးနေသည်ဟု ဆိုကြသည်။ ထိုဂဏန်းများ၏ အရသာကို သိသည့် စားသုံးသူများက တိတ်ဆိတ်နေကြသည်။ ယခုနှစ်၌ ဂဏန်း များများစားစားမရှိကြောင်း သူတို့သိသည်။ အရေအတွက်က ကန့်သတ်ခံထားရ၏။ ထို့ကြောင့် ဤလူများမသိလျှင် ကောင်းသည်။ သို့မှသာ သူတို့နေ့စဥ်နေ့တိုင်း ဂဏန်းပိုစားနိုင်မှာပဲ ဖြစ်သည်။
ထို့အပြင် စောစောထနိုင်သည့် ဧည့်သည်များက လူကိုယ်တိုင် ဂဏန်းဖမ်းတာကို ကြည့်ဖို့ ရေကန်သို့ သွားသည်။ သွားနိုင်၏။ သူတို့ဖမ်းပေးသည့် ဂဏန်းများကြား၌ ဂဏန်းအသေးတစ်ကောင်မှ မပါဘဲ တစ်ကောင်တိုင်းက အရွယ်အစားတူညီကာ အလေးချိန်ငါးလျှံခန့်ရှိ၏။ ဂဏန်းများက တကယ်ကောင်းမွန်ကြောင်း သိသည်၊
ယခုဆို အပန်းဖြေစခန်းက နေ့စဥ်နေ့တိုင်း တည်ငြိမ်သည့် ဧည့်သည်အရေအတွက် ရှိလာပြီဖြစ်၏။ ထို့ကြောင့် ယွင်ယွီသည် မည်သည့်အရာကိုမှ တမင်တကာလိုက်လံကြော်ငြာမနေပေ။ သူမ ဤအတိုင်း လွှတ်ထားလိုက်၏။ သူမဝေဖန်မှုများကို ခံနိုင်ရည်ရှိသည်။ ဤအပန်းဖြေစခန်းသို့ အမှန်တကယ် လာရောက်ပြီး စားသုံးသည့်သူများကမူ နေရာကောင်းမှန်း သိသွားလိမ့်မည်၊
ဧည့်သည်တစ်ချို့ကမူ ယွင်ယွီအား ရေထွက်ကုန်ပစ္စည်းများ မွေးမြူရန်အတွက် ရေကန်တစ်ကန် ငှားရမ်းသင့်ကြောင်းနှင့် ပြင်ပလောကတွင် ရောင်းသင့်ကြောင်း အကြံပေးခဲ့၏။
ယွင်ယွီ၌ ထိုအစီအစဥ် ရှိထားပြီးသားဖြစ်သည်၊ ဂဏန်းတစ်သုတ် ရောင်းပြီးနောက် သူမသည် စာချုပ်ချုပ်ရန် ပိုက်ဆံရှိလာမှာပဲ ဖြစ်သည်။
နိုဝင်ဘာလ၌ ဟယ်ချင်းကျေးရွာက ရိတ်သိမ်းမှုရာသီသို့ ရောက်ခါနီးပြီဖြစ်၏။ ဂဏန်းများက ကောင်းမွန်စွာ ရောင်းချနိုင်ခဲ့ကာ ယခင်လများမှ ပမာဏနှင့် ပေါင်းလိုက်လျှင် အသားတင်အမြတ်က အတော်လေး ကောင်းမွန်နေသည်၊
ယွင်ယွီသည် ရွာနီးနားစပ် ကော်မတီသို့ သွားပြီး ကျေးရွာပါတီအတွင်းရေးမှူးအား ရေကန်ငှားရမ်းချင်သည့်အကြောင်း ပြောခဲ့၏။ အရာရှိများက ဟယ်ချင်းကျေးရွာကို ဟယ်ချင်းကန်ကို ယွင်ယွီဆောက်ချုပ်ချုပ်ဆိုထားမှုအား အလွန်သဘောကျခဲ့သည်။ ဘွဲ့ရပြီးနောက် ဤကောလိပ်ကျောင်းသားက ရွာ၌ ရွာသူရွာသားများ၏ လူနေမှုဘဝ တိုးတက်လာအောင် ကူညီပေးကာ အပန်းဖြေစခန်းတစ်ခု တည်ဆောက်ခဲ့ပြီး ရွာ၏ စီးပွားရေးကို မြှင့်တင်ပေးခဲ့သည်။ ထို့ထက်ပိုသည်က သူမသည် ဖုန်းရွှေပညာရှင်တစ်ယောက်ဖြစ်ပြီး အမှန်တကယ် အရည်အချင်းရှိ၏။
ယခင်က ကန်ကို စငှားရမ်းချင်သည့် ရွာသားမရှိတာ မဟုတ်ပေ။ သို့သော်ငြား စိုက်ပျိုးမွေးမြူရာ မလွယ်ကူခဲ့ချေ။ ကန်ကို ငှားရမ်းသည့်လူအများစုက ကုန်ကျစရိတ် မကာနိုင်ခဲ့ချေ။ သူတို့က ပိုက်ဆံများများစားစား ရှာနိုင်စွမ်းမရှိ။ သူတို့ပိုက်ဆံ ကုန်သွားမှာကို စိုးရိမ်သောကြောင့် အဆုံး၌ မငှားရမ်းခဲ့ချေ။ မငှားရမ်းရဲချေ။
ယခုအခါတွင်မူ ယွင်ယွီက ကန်ကို ငှားချင်နေ၏။ ကျေးရွာကော်မတီက အထက်အရာရှိများဆီ အမြန်အထက်ကို အမြန်အကြောင်းကြားပြီး လုပ်ကြားပြီးနောက် လုပ်ငန်းဆောင်တာများက ချောမွေ့စွာ ပြီးမြောက်သွား၏။ ကန်ငှားသည့်စရိတ်က တန်ငှားခြင်းထက် ပိုမြင့်၏။ ၎င်းက ရေအရည်အသွေးပေါ် မူတည်သည်။ ဟယ်ချင်းကန်က အတော်လေး ကြည်လင်သော်ငြား ယခုဆို နောက်ကျိနေပြီဖြစ်သည်။ ရွာကလည်း ယွင်ယွီကို လျှော့ဈေးပေးကာ တစ်မူကို ယွမ် ၃၂၀ ဖြစ်၏။ ဟယ်ချင်းကန်အကျယ်အဝန်းက မူ ၂၄၀၀ ရှိသည်၊ စာချုပ်ကာလသည် စာချုပ်ချုပ်ဆိုသူ၏ဆန္ဒပေါ်မူတည်၏။ ယွင်ယွီသည် အနှစ် ၃၀ စာ ငှားရမ်းကြရန် စာချုပ်ချုပ်ဆိုခဲ့ပြီး ပေးချေမှုက ၁၀ နှစ်တစ်ကြိမ်ဖြစ်ကာ တစ်ခေါက်လျှင် ယွမ်၆ သန်းကျော်ကျသင့်သည်၊
ယွင်ယွီက ဤကိစ္စကို သူမမိသားစုနှင့်လည်း ဆွေးနွေးထားခဲ့ပြီး ယခုဆို သူမမိသားစုက သူမဆုံးဖြတ်ချက်ကို ပံ့ပိုးနေပြီဖြစ်သည်။ ထို့အပြင် ကန်၌ငှားရမ်းခြင်းကလည်း ကောင်းမွန်ပေ၏။ အပန်းဖြေစခန်းရှိရေကန်တုသည် ငါးမွေးမြူရေးမပါဘဲ ခရီးသွားများကို ဆွဲဆောင်ထားနိုင်သည်။ ရေထွက်ကုန်ပစ္စည်းများကိုမူ ဟယ်ချင်းကန်တွင် မွေးမြူနိုင်၏။
ဧက ၂၀၀၀ ကျော်ကျယ်သည့် ကန်က ဂရုစိုက်ဖို့ လူလိုအပ်သည်၊ လူငှားရမ်းခြင်းဖြင့် ယွင်ယွီသည် ရွာ၏စီးပွားရေးကိုလည်း ဆက်လက်မြှင့်တင်နိုင်သည်၊
181 05
ယခုဆောင်းရာသီ ရောက်ခါနီးပြီဖြစ်သောကြောင့် ယွင်ယွီသည် ငါးမွေးမြူဖို့ မစဉ်းစားသေးချေ။ နွေဦးရောက်သည့်အထိ စောင့်တာက ပိုကောင်း၏။ ထို့ကြောင့် သူမသည် အာဟာရဖြည့်ပေးရန်အတွက် နေ့စဥ်နေ့တိုင်း ဟယ်ချင်းကန်ထဲသို့ ဝိညာဉ်စမ်းရည်အချို့ ထည့်ပေး၏။ သူမက ကန်ကို ငှားရမ်းထားသောကြောင့် အနီးအနားရှိရွာသူရွာသားများသည် ကန်ထဲ၌ ငါးဖမ်းခွင့် မရှိတော့ချေ။ ကံကောင်းသည်မှာ လူတိုင်းက အလွန်သိတတ်၏။ တကယ်တော့ အဓိကအကြောင်းအရင်းက ယွင်ယွီက နာမည်ကြီးလွန်းပြီး သူမကို မည်သူမှ ရန်မစရဲသောကြောင့် ဖြစ်သည်။
ယွင်ယွီက ကန်၌ သူမ၏အလုပ်အပြီးသတ်ပြီးချိန်၌ နိုဝင်ဘာလလယ် ရောက်ခါနီးပြီဖြစ်သည်။ တစ်လ၊နှစ်လ ကျွေးမွေးပြီးနောက် ဒေါင်းများ၏ တုံးသွားသော အမွှေးအတောင်များ စတင်ပေါက်လာပြီဖြစ်ပြီး တောင်ပံက တောက်ပချောမွတ်လာကာ မြစိမ်းရောင်များ ဖြာထွက်လာတော့သည်။ သူတို့ရောက်ကာစ အခြေအနေနှင့်မတူတော့ပေ။ ယခုသူတို့က ပတ်ဝန်းကျင်၌ အလှဆုံးသတ္တဝါများဖြစ်နေပြီး နှုတ်မွှေးများကလည်း နှုတ်မွှေးများ ဖြန့်ကျက်လိုက်ချိန်တွင် အင်မတန် လှပနေတော့သည်။
သစ်တောဌာနမှ လူတို့လည်း မကြာခဏ လာရောက်လည်ပတ်ပြီး သူတို့ဒေါင်းများ ကောင်းမွန်စွာ နေထိုင်နေကြောင်း မြင်တွေ့ချိန်၌ သူတို့ စိတ်အေးသွားလေ၏။
ရလဒ်အနေဖြင့် ဒေါင်းနှစ်ကောင်ကြောင့် အပန်းဖြေစခန်းက ဧည့်သည်သစ်များ ထပ်ရလိုက်သည်။ ဝါးအုပ်ထဲသို့ ဝါးအုပ်ထဲသို့ လူများစွာ နေ့စဥ်နေ့တိုင်း လာရောက်လည်ပတ်ကြကာ ဒေါင်းများ လာကြည့်တတ်သည်။
******
182 01
အပိုင်း 182
လူတစ်ချို့သည် အပန်းဖြေစခန်း၌ မနေနိုင်၊ အပန်းဖြေစခန်းရှိ အစားအသောက်များကို စားရန် မတတ်နိုင်ကြသော်ငြား ယွင်ယွီသည် လာရောက်လည်ပတ်သည့်ခရီးသွားများအား ရှုခင်းနေရာများ ကြည့်ရှုခွင့်ကို မတားမြစ်ထားချေ၊ ထို့ကြောင့် လူများစွာသည် ဒေါင်းများကို တကူးတက လာရောက်ကြည့်ရှုလေ၏။ ဤဒေါင်းနှစ်ကောင်ကို တွေ့ပြီးနောက် သူတို့သည် ဓာတ်ပုံရိုက်ကာ သူတို့၏ ဆိုရှယ်မီဒီယာ၌ ပုံများတင်တတ်ကြသည်။ ထိုလူများက ဒေါင်းများကို ကျွေးရန် အစားအသောက်များ ယူလာရတာ နှစ်သက်သည်။ သို့သော်ငြား ဒေါင်းနှစ်ကောင်သည် ယွင်ယွီပေးထားသည့် အစားအသောက်များကိုသာ နှစ်သက်ပြီး သာမန်အစားအသောက်များကို မကြိုက်ပေ။
တကယ်တော့ ခရီးသွားများက ဒေါင်းများအတွက် ပထမဆုံးအကြိမ် အစားအသောက်များ လှမ်းပစ်ပေးစဥ်က ဒေါင်းနှစ်ကောင်သည် ၎င်းကို မြည်းကြည့်ပြီး နောက်ဆုံး၌ ထွေးထုတ်ခဲ့လေ၏။
ပြီးနောက် နောက်ပိုင်း၌ သူတို့သည် ခရီးသွားများ ပစ်ပေးသည့် အစားအသောက်များကို မစားကြတော့ပေ။ သို့သော်ငြား သူတို့ထံ အစားအသောက်များ ပစ်ပေးရတာ နှစ်သက်သည့်ခရီးသွားများ အမြဲတစ်စေ ရှိနေ၏။ နောက်ပိုင်း၌ ခရီးသွားအချို့သည် ဒေါင်းများမစားကြောင်း သိလိုက်ရချိန်၌ အစားအသောက်များ ပစ်ကျွေးတာ ရပ်တန့်သွားတော့သည်။ သို့သော်ငြား သူတို့ကို အစာဆက်ကျွေးမွေးရတာ နှစ်သက်သည့် ခရီးသွားအသစ်များ အမြဲတစ်စေ ရှိနေသည်။ ကံကောင်းသည်မှာ ထိုဒေါင်းနှစ်ကောင်က ခရီးသွားများကို လျစ်လျူရှုထားပြီး နေ့စဥ်နေ့တိုင်း ဝါးတောအုပ်ထဲ၌ လှည့်လည်သွားလာနေတတ်၏။ ဝါးတောအုပ်တစ်ခုလုံးက သူတို့၏နယ်မြေဖြစ်သည်၊ သို့သော် သူတို့နှစ်သက်သည့်နေရာက ကြီးမားသိပ်သည်းသော ဝါးတောအုပ်ပဲဖြစ်သည်၊ ဝါးပင်တိုင်းက အလွန်မြင့်ပြီး ဘေး၌ စမ်းချောင်းလေးတစ်ချို့ ရှိနေ၏။ ထို့ကြောင့် ခရီးသွားများက သူတို့ကို ဤနေရာ၌ တွေ့ရတတ်သည်။
ခရီးသွားအသစ်များက သူတို့ကို အစားအသောက် ကျွေးမွေးသည့်အချိန်တွင် သူတို့ မမေ့မလျော့နိုင်တော့ချေ။ “ သူတို့ဘာလို့ မစားတာလဲ”
ခရီးသည်ဟောင်းက ပြောလိုက်၏။ “မင်းတို့ကျွေးတဲ့အစားအသောက်တွေက သူဌေးလေးကျွေးတာနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်ပါ့မလဲ။ သူဌေးလေးက သူတို့ကို အကောင်းဆုံးအစာသောက် ဟင်းသီးဟင်းရွက်နဲ့ အပန်းဖြေစခန်းမှာ စိုက်ပျိုးတဲ့ သစ်သီးဝလံတွေ ကျွေးမွေးတယ်လို့ ကြားထားတယ်။ သူတို့က သေချာပေါက် ဒါတွေကို စားမှာမဟုတ်ဘူး”
“သူဌေးလေးက ဘယ်သူလဲ။ အပန်းဖြေစခန်းက ပါဝင်ပစ္စည်းတွေက တကယ် အဲ့လောက်ကောင်းတာလား”
“သူဌေးလေးက အပန်းဖြေစခန်းရဲ့ ပိုင်ရှင်လေ။ သူက မိန်းမလှလေးတစ်ယောက်လို့ ကြားမိတယ်။ ဒါပေမဲ့ သူ လတ်တလော တော်တော် အလုပ်များနေပုံပဲ။ ဒေါင်းတွေကို အစာကျွေးဖို့ ရောက်လာတဲ့သူတွေက အပန်းဖြေစခန်းရဲ့ ဝန်ထမ်းတွေပဲ။ ပါဝင်ပစ္စည်းတွေက တကယ်အရသာရှိတယ်။ ဒါပေမဲ့ နည်းနည်းတော့ ဈေးများတယ်။ ဟင်းသီးဟင်းရွက်တစ်ပန်းကန်က ယွမ်တစ်ဒါဇင်လောက် ကျတယ်။ ဒါပေမဲ့ အရသာက အင်မတန်ကောင်းတာ။ ပြောရရင် ကုန်ကျစရိတ်မြင့်တာ နားလည်နိုင်ပါတယ်လေ။ ဝန်ထမ်းတွေ ဒီလောက်များတာ။ ဒါကြောင့် ဒီမှာ မကြာခဏ လာစားလေ့ရှိတယ်။ တကယ်တော့ သူတို့မှာ သာမန်အိမ်ချက်ဟင်းလျာတွေပဲ ရှိတာ။ ဟင်းတွေက ကြိုးကြောင်းမဲ့ ဈေးကြီးနေတာ မဟုတ်ဘူး။ ပျမ်းမျှကုန်ကျစရိတ်က လူတစ်ယောက်အတွက် ယွမ် ၂၀၀ လောက်ရှိတယ်။ သူ့ရဲ့ပါဝင်ပစ္စည်းတွေအားလုံး ရွာထဲမှာပဲ စိုက်ပျိုးထားတာ။ အားလုံးက စိမ်းစိုနေပြီး သန့်စင်တယ်။ ဒါ့အပြင် သိပ်မကြာသေးခင်တုန်းက သူတို့ဂဏန်းတွေ ရလာတယ်လို့ ကြားမိတယ်။ တန်ကြေးက အတော်မြောက်ပေမဲ့ အရသာက သိပ်ကောင်းတယ်လို့ ကြားမိတာ။ သတင်းစာထဲမှာတောင် ပါလာသေးတယ်။ အစကတော့ လူတစ်ချို့က ဇာတ်တက်ကြပေမဲ့ အခု လူတိုင်း ပါးစပ်ပိတ်သွားကြပြီလေ”
“တကယ်ကြီး အဲလောက်တောင် အရသာရှိတာလား။ လူတစ်ယောက်ကို ယွမ် ၂၀၀ က လက်သင့်ခံနိုင်ပါတယ်လေ”
“ပုံမှန် တကူးဟိုတယ်တစ်ခုထက် ဈေးပိုများတယ်ဆိုပေမဲ့ မင်းသွားလိုက်ရင် နောင်တရမှာမဟုတ်ဘူး။ လူနှစ်ယောက်အတွက် သာမန်ဟင်းသီးဟင်းရွက်မှာရင် ယွမ်တစ်ဒါဇင်လောက် ကုန်ကျမယ်။ မှိုနဲ့ကြက်သားဆိုရင် ယွမ် ၃၀၀ ဝန်းကျင်လောက်ကျမယ်။ သူတို့တွေက ကောင်းကောင်းပြင်ဆင်ထားတယ်။ ကြက်ပေါင် ကြက်ပေါင်လေးတွေသုံးပြီး အရိုးလေးတွေ ကြွေသွားတဲ့အထိ ချက်ထားတာ။ အသားကလည်း နူးညံ့တယ်။ အထဲမှာ သစ်သီးသစ်ဖုတွေလည်း ပါပြီး တောင်ပေါ်ကရတဲ့ သစ်သီးသစ်ဖုတွေပဲ။ သူတို့တွေ နူးညံ့စိတ်ကပ်သွားတဲ့အထိ ချက်ပြုတ်ထားပြီး အရသာရှိတဲ့ ချက်ပြုတ်ရည်လောင်းလိုက်တာ။ အိုး ငါ သရေကျတော့မယ်။ အဆုံးကျ မင်းဗိုက်မပြည့်ရင် ထမင်းနဲ့ဟင်းရည်ကို ရောစားလို့ရသေးတယ်။ ထမင်းတစ်ပန်းကန်က ရှစ်ယွမ် ဈေးများတယ်ဆိုပြီး မတွေးနဲ့။ အပန်းဖြေစခန်းက ဆန်ကို စားကြည့်ပြီးသွားရင် ဘာကြောင့် ဈေးများရလဲဆိုတာ သိသွားလိမ့်မယ်”
182 02
အနား၌ တံတွေးမျိုချသံကို ကြားနိုင်ပေ၏။
“နေ့လည်ကျ သွားစားကြည့်ရဦးမယ်။ အပန်းဖြေစခန်းက အခန်းတွေက ဈေးနည်းနည်းမြောက်ပေမဲ့ ဒီမှာ နှစ်ရက်နေမှ လေထုအရည်အသွေးက သိပ်ကောင်းတယ်။ ကျုပ်မှာ ထိပ်ကပ်နာရှိတယ်။ ဒါပေမဲ့ ဒီရောက်လာပြီးတော့ နှာခေါင်းက ပိုကောင်းလာသလိုပဲ”
“အပန်းဖြေ ကျေးရွာဝင်းပေါက်နာမှာ အပန်းဖြေစခန်းရှေ့မှာ ဟိုတယ်တစ်ခုရှိတယ်။ ဈေးသိပ်မများဘူး။ တစ်ညကို ယွမ်တစ်ရာပဲ။ ကျွန်တော်ချစ်သူနဲ့ ကျွန်တော် အဲ့မှာတည်းနေတာ။ သန့်ရှင်းပြီး အိပ်ရတာလည်း ကောင်းတယ်”
“တကယ်လား။ ဒါဆိုသွားကြည့်ဦးမယ်”
“ဟေ့ ဒီဒေါင်းနှစ်ကောင်က တကယ်ငါတို့ပစ်ပေးလိုက်တဲ့အစားအသောက်တွေ မစားဘူး။ နောက်တစ်ခေါက်လာရင် အစားအသောက်တွေ သယ်မလာနဲ့”
“မသယ်ဘူး မသယ်ဘူး။ မြေကြီးပေါ်ပစ်ချရင် ဝန်ထမ်းတွေက သန့်ရှင်းရေး လာလုပ်နေရဦးမှာ။ ဒီဒေါင်းနှစ်ကောင်ဆီ မကြာခဏလာလည်ပေမဲ့ သူတို့အမွှေးဖြန့်ပြတာ တစ်ခါမှ မတွေ့ဖူးဘူး။ ဒီလိုလှပတဲ့ဒေါင်းတွေ အမြီးဖြန့်နိုင်မယ်ဆိုရင် တကယ်အံ့ဩဖို့ကောင်းမှာပဲ”
ခရီးသွားများ စကားပြောနေစဥ် သူတို့သည် အဝေးကနေ အသားအရေဖြူဖွေးပြီး လှပ အင်မတန်လှပသည့် မိန်းကလေးတစ်ယောက် လမ်းလျှောက်လာတာကို ရုတ်တရက်တွေ့လိုက်ရသည်။ ထိုမိန်းကလေး၏အသားအရေသည် ခရင်မ်ကဲ့သို့ နူးညံ့ဖြူစွတ်နေပြီး မည်သည့်အစက်အပြောက်မှ မရှိဘဲ သူမမျက်ခုံးမျက်လုံးတို့က ညှို့ငင်နိုင်စွမ်းရှိပေ၏။ သူမက ဗန်းလေးတစ်ဗန်းနှင့် အစားအသောက်ခြင်းကို သယ်ထားသည်။ ခရီးသည်များက ထိုမိန်းကလေးမည်သူမှန်း မသိဘဲ အသက်အောင့်ထားမိလေ၏။
မိန်းကလေးက ဒေါင်းများဆီ လျှောက်သွားလိုက်၏။ မူလက တစ်စုံတစ်ယောက် ချဥ်းကပ်လာတိုင်း ထွက်ပြေးလေ့ရှိသည့်ဒေါင်းက ယခုဆို မိန်းကလေးဆီ ပျော်ရွှင်စွာ ပြေးသွားကာ နှစ်ချက်ခန့် အော်ဟစ်လိုက်တော့သည်။
ခရီးသည်များကို ပိုတောင်မျက်လုံးပြူးသွားစေသည်က မိန်းကလေးသည် သူမလက်ထဲရှိ အစားအသောက်နှင့်ရေပုံးကို မြေပြင်ပေါ်ချလိုက်သည့်အချိန်တွင် ဒေါင်းနှစ်ကောင်က သူတို့ခေါင်းယမ်းပြီး မိန်းကလေး၏ခြေထောက်ကို တကယ်ပွတ်သပ်နေတာပဲဖြစ်သည်။ ပြီးနောက် သူတို့အမြီးကို ခါကာ ဖြည်းဖြည်းချင်း ဖြန့်ပြလိုက်သည်။ အရောင်က ကြက်သရေရှိပြီး မြစိမ်းရောင်က ဖြည်းဖြည်းချင်း လှုပ်ခါမှုသည် ရွှေရောင်နှင့် မြစိမ်းရောင် အနီရောင်များ ရှိနေစေပုံပေါ်ကာ အသက်ရှုမှားလောက်အောင် လှပပေ၏။ သို့သော်ငြား အမြီးဖြန့်ထားသည့် ဒေါင်းနှစ်ကောင်ဝန်းရံခံထားရသည့် မိန်းကလေးက မသိသေးချေ။ သူမက ပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးနေကာ ဒေါင်းနှစ်ကောင်နှင့် အပြန်အလှန် ဆက်သွယ်စကားပြောပြီးနောက် နှုတ်ဆက်ကာ ထွက်သွားတော့သည်။
ခရီးသွားများသည် သူမထွက်ခွာသွားသည်အထိ ကြည့်နေစဥ် အနည်းငယ် စိတ်ရှုပ်ထွေးနေကြကာ အနားရှိလူတို့ကို မမေးဘဲ မနေနိုင်တော့ပေ။ “အဲဒီမိန်းကလေးက ဘယ်သူလဲ။ သူက ဒေါင်းတွေကို စောင့်ရှောက်တဲ့သူလား”
“အဲ့လိုဟုတ်မဲ့ပုံမပေါ်ဘူး။ အပန်းဖြေစခန်းရဲ့ ပိုင်ရှင်က အင်မတန်လှပပြီး ပုံမှန်ဆို ပေါ်မလာတတ်ဘူးလို့ ကြားထားတာ။ ဒေါင်းနှစ်ကောင်ကို ပုံမှန်အစာကျွေးလေ့ရှိတာက ပိုင်ရှင်ပဲ။ ဒေါင်းနှစ်ကောင်ကို ဒီမှာ နေခွင့်ပေးထားတဲ့ပိုင်ရှင်”
“သူက သိပ်လှတာပဲ။ ဒေါင်းတွေက သူနဲ့ ဒီလောက်ရင်းနှီးနေတာ”
ယွင်ယွီသည် ဒေါင်းနှစ်ကောင်ကို အစာကျွေးပြီးနောက် အိမ်ပြန်သွားလေ၏။
သူမသည် လတ်တလော၌ ဟယ်ချင်းကန်ကိစ္စနှင့် အလုပ်များနေသည်။ ကန်က ကျယ်ပြန့်ပြီး သူမက နေ့စဥ်နေ့တိုင်း ဝိညာဉ်စမ်းရေထည့်ပေးရ၏။ ဤသို့ပြုလုပ်နေတာ လဝက်ခန့်ရှိသွားပြီဖြစ်သည်။ ယခု သူမ စိုးရိမ်ပူပန်စရာ မလိုအပ်တော့ပေ။ သူမကန်ကို ကောင်းစွာထိန်းသိမ်းဖို့ပဲ ဆောင်ရွက်တော့မည်။ သူမဘာသာသူမ မျက်နှာပြင်ထည့်လိုက်လျှင် လာမည့်နွေဦး၌ ရေထွက်ကုန်ပစ္စည်းများကို မွေးမြူနိုင်မှာပဲ ဖြစ်သည်။
သူမသည် အွန်လိုင်းပေါ်မှ ပျိုးပင်များ ပျိုးပင်များစွာ သစ်အယ်သီး၊ အခွန်မာသီး၊ သီဟိုစေ့ စသည်တို့ဖြစ်သည်၊ သူမက အခွန်မာသီးမျိုးစုံကိုလည်း မှာထားပြီး နွေဦး၌ ပို့လာပေးမှာပဲဖြစ်သည်။
182 03
ထို့အပြင် သူမသည် ဧက ၅၀ မြေကို စိုက်ပျိုးရန် လူလည်း ငှားထားသေး၏။ နေကြာပန်းများ စိုက်ပျိုးဖို့လည်း ရည်ရွယ်ထားသည်။ တစ်နှစ်ပတ်လုံး ပွင့်နိုင်၏။
သူမ ထိုအရာများဖြင့် အလုပ်များနေသောကြောင့် လတ်တလော၌ ဒေါင်းနှစ်ကောင်ကို အစာအသောက် လာမကျွေးခဲ့ပေ။ သူတို့ကို အစားအသောက်ကျွေးမွေးရန် အပန်းဖြေစခန်းရှိ ဝန်ထမ်းကို ယွင်လန်က ခိုင်းထား၏။ ယနေ့သူမ ရှားရှားပါးပါး အချိန်ရသောကြောင့် ရောက်လာတာဖြစ်သည်၊ ဒေါင်းနှစ်ကောင်က သူမနှင့် အလွန်ရင်းနှီးနေပြီး အိမ်ထဲရှိ အခြားသော တိရစ္ဆာန်များကဲ့သို့ပင် ဖြစ်သည်။
သို့သော် ယွင်ယွီသည် ဤဒေါင်းနှစ်ကောင်ကို အိမ်၌ မွေးမြူရန် မစီစဥ်ထားပေ။ သူတို့က ဟေးတ၊ ရှောင်ပိုင်တို့နှင့် မတူညီပေ။ အိမ်တွင် မွေးထားသည့် တိရစ္ဆာန်လေးသုံးကောင်က ငယ်ရွယ်စဥ်တည်းက သူမနှင့် ကြီးပြင်းလာတာဖြစ်၏။ အဘွားဝမ်ကလည်း ကျင့်ကြံရေး၌ နှစ်မြှုပ်ထားပြီး အပြင်သွားရတာ မနှစ်သက်ချေ။ သို့သော် ဤဒေါင်းနှစ်ကောင်က တောင်ပေါ်၌ ကြီးပြင်းလာပြီး ထိန်းချုပ်ခံဘဝကို မနှစ်သက်ချေ။ ကောင်းပေသည်။ သစ်တောထိန်းသိမ်းရေးဌာနက နှစ်ခေါက်လာကြည့်ပြီး ဒေါင်းနှစ်ကောင် အလွန်ကောင်းမွန်စွာ နေထိုင်နေကြောင်း သိလိုက်ရ၏။ တိရစ္ဆာန်ရုံ၌ ဂရုတစိုက်ပြုထောင်ထားသည့် ဒေါင်းများထက်တောင် ပိုလှပသေးသည်။ ၎င်း၏တောင်ပံက တောက်ပပြီး အရောင်အသွေးစုံကာ အင်မတန်လှပ၏။ ထို့ကြောင့် သူတို့သည် ဒေါင်းများကို ခေါ်သွားဖို့ မပြင်ဆင်တော့ဘဲ နောင်ကျ ဝါးတောအုပ်ထဲ၌ နေခွင့်ပေးရန် ပြင်ဆင်ထားသည်။
ယွင်ယွီ၏နေ့ရက်များက ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်လာပြီး တစ်စုံတစ်ယောက်က အကူအညီ လာမတောင်းခင်အထိ ဖြစ်သည်၊
ရောက်လာသည့်သူက အသက် ၃၀ ဝန်းကျင်ခန့်ရှိသော အမျိုးသားတစ်ယောက်ဖြစ်ကာ သာမန်မျက်နှာနှင့် သွင်ပြင်ရှိသော်ငြား ယွင်ယွင်ကို မြင်ချိန်၌ စိုးရိမ်ပူပန်ကာ မလုံမလဲဖြစ်သွားပုံပေါ်၏။ ယင်းက သူမထံ အကူအညီကို လာရောက်တောင်းခံသည့် လူအားလုံးနီးပါး၏တုံ့ပြန်မှု ဖြစ်သည်။ သူမက ငယ်ရွယ်ပြီး လှပကာ အရည်အချင်းအစစ်အမှန် ရှိသူနှင့်မတူပေ။ ထို့ကြောင့် သူတို့က အနည်းငယ် တုံ့ဆိုင်းသွားလေ၏။
ယွင်ယွီက သူ့ကို မေးလိုက်တော့သည်။ “ ဘာကိစ္စလဲ”
ထိုလူက အသိကပ်သွားကာ ဆရာသခင်ရွှင်က ဤနေရာ၌ အတော်နာမည်ကြီးသည်ဟု တွေးမိသွား၏။ အသက်အရွယ်နှင့်မဆိုင်ဘဲ အရည်အချင်း အစစ်အမှန်ရှိသူဖြစ်သည်။
သူက စိုးရိမ်ပူပန်စွာ ပြောလိုက်လေ၏။ “မင်္ဂလာပါဆရာ။ ကျုပ်နာမည်က မာဝမ်ကျစ်။ ကျုပ်က ထန်းဝူမြို့ကပါ။ ကျုပ်ဇနီးနဲ့ နေမကောင်းဖြစ်ရခြင်း အကြောင်းအရင်းကို ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့် ကျုပ်ဇနီးကို ကူညီပေးဖို့ ဆရာ့ဆီ အကူအညီလာတောင်းတာပါ”
“ နေမကောင်းတာလား။ “ ယွင်ယွီက မေးလိုက်၏။ “ ဘာလက္ခဏာတွေ ရှိလဲ။ “
မာဝမ်ကျစ်က ပြောလိုက်တော့သည်။ “ ကျွန်တော့်အမျိုးသမီးက လွန်ခဲ့တဲ့ရက်ပိုင်းက ဖျားနာခဲ့တယ်။ အစတုန်းက စားချင်သောက်ချင်စိတ်မရှိဘဲ ဘာမှမစားချင်ခဲ့ဘူး။ အဲဒီကစပြီး တူတူဖြစ်နေတာ။ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က ခံနိုင်ရည်မရှိမှာ စိုးရိမ်တာကြောင့် နေ့တိုင်း တစ်ခုခုနည်းနည်းစီ ကျွေးခဲ့တာ။ နောက်ပိုင်း သူ့အခြေအနေက ပိုဆိုးလာပြီး ပကတိမျက်လုံးနဲ့တောင် မြင်နိုင်နေတာ။ သူမ သူ့ရဲ့မျက်နှာက အလွန်ရုပ်ဆိုးလာပြီး မျက်တွင်းတွေ ချောင်ကျတယ်။ မနေ့ကပဲ သတိလစ်သွားတာ။ တကယ်တော့ လွန်ခဲ့တဲ့နှစ်ရက်က ဆေးစစ်ဖို့ဆိုပြီး ဆေးရုံကို ခေါ်သွားသေးတယ်။ ဒါပေမဲ့ ဆရာဝန်က ဘာမှ မဖြစ်ဘူးလို့ ပြောတယ်။ ဒီသတိလစ်တာက ကျွန်တော့်ကို ထိတ်လန့်သွားတာကြောင့် ဆေးစစ်ဖို့အတွက် ဆေးရုံကို ထပ်ခေါ်သွားခဲ့ပေမဲ့ တစ်ရက်ကြာတဲ့အထိ ဘာရလဒ်မှ မပြသေးဘူး။ ဆရာဝန်က သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဘာရောဂါပိုးမွှားမှ မရှိဘူးလို့ ပြောတယ်။ ဘာကြောင့် ဒါပေမဲ့ အကြောင်းအရင်းကိုလည်း မသိဘူး”
သူက ပြောနေစဥ် မျက်လုံးများ နီမြန်းနေလေ၏။ သူ့ဇနီးသည်အတွက် နက်ရှိုင်းသော ခံစားချက်များရှိကြောင်း ရည်ညွှန်းနေတာပဲဖြစ်သည်၊
ယွင်ယွီသည် သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်ရာ ဤလူသည် မိသားစုကို ဂရုစိုက်သည့်သူဖြစ်ကာ သူ့မိသားစုကို ချစ်မြတ်နိုးပြီး တာဝန်ယူတတ်သူဖြစ်ကြောင်း သိလိုက်၏။
သူမသည် မာဝမ်ကျစ် ဆက်ပြောတာကို နားထောင်နေ၏။ “နောက်ပိုင်းကျ ချင်းဟယ်ကျေးရွာမှာ အင်မတန်အစွမ်းထက်တဲ့ ဆရာတစ်ယောက်ရှိတယ်လို့ ဆွေမျိုးတစ်ယောက်ဆီက ကြားခဲ့တာ။ ကျွန်တော့်ရဲ့ဆွေမျိုးက ရွာနီးစပ်ကပဲလေ။ ကျွန်တော် သူ့ဆီ ဆရာ့ရဲ့ ဒီနေရာကို မေးပြီး ကျွန်တော့်ဇနီးကို ကယ်ပေးဖို့ အလျင်စလို အကူအညီ လာတောင်းတာပါ”
182 04
“ ရှင်က ထန်းဝူမြို့က “ ယွင်ယွီသည် ထိုနေရာမှ သူမသည် သစ်သီးမျိုးစုံ မှာယူခဲ့တာကို ရုတ်တရက်မှတ်မိသွား၏။ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က မှာယူထားသည့် မျိုးစေ့များက ထိုနေရာမှ မှာတာဖြစ်သည်။ သူတို့ကျေးရွာက စိုက်ပျိုးရေးအဓိက အားပြုတာဖြစ်၏။ ခရိုင်မြို့နှင့်ဆင်တူပြီး ချန်းရွှေမြို့နားရှိ မြို့လေးတစ်မြို့ဖြစ်ကာ တစ်နာရီခန့် မောင်းရသည်။
“ ရှင့်တို့ဆီက ပျိုးပင်တစ်သုတ် မှာထားပြီးသား။ သစ်အယ်သီး၊ သီဟိုစေ့နဲ့ တခြားဟာတွေလေ။ အခု တစ်ချက်လိုက်ကြည့်မယ်”
သူမ ဤသို့ဖြစ်လိမ့်မည်ဟု မထင်ထားပေ။ မာဝမ်ကျစ်က ပြောလိုက်၏။ သူသည် ရွာထဲ၌ ဧည့်သည်တော်ကြီးတစ်ယောက်ရှိကြောင်းနှင့် အကြိမ်ပေါင်းများစွာ သူတို့မြို့ကနေ မှာယူခဲ့ဖူးကြောင်း ပြောပြလိုက်၏။ ထိုသို့ ရေစက်ပါလိမ့်မည်ဟု မထင်ထားပေ။
မာဝမ်ကျစ်က ဆက်ပြောလိုက်၏။ “ဆရာ ဒီလိုလက္ခဏာတွေ ရှိတာ ကျွန်တော့်အမျိုးသမီးပဲ မဟုတ်ဘူး။ ကျွန်တော်တို့ရွာထဲက မိသားစုတော်တော်များများ ဒါမျိုးကြုံတွေ့နေရတယ်။ ဆရာ့ ပျိုးပင်မှာတဲ့ မိသားစုတစ်စုရှိသေးတယ်။ အဲဒီမိသားစုက ကလေးလည်း မတော်တဆဖြစ်ပြီး အင်မတန်ပြင်းထန်နေတာ။ ကျွန်တော့်ဇနီးအတွက် ကူညီပေးဖို့ အကူအညီတောင်းချင်တယ်။ အကြောင်းအရင်းရှာတွေ့ရင် အဲဒီမိသားစုတွေကိုရော ကူညီပေးနိုင်မလား”
ယွင်ယွီက လက်ခံလိုက်သည်။ သို့သော်ငြား ဤအခြေအနေက ဖုန်းရွှေပြဿနာကြောင့်မဟုတ်ဘဲ မကောင်းဆိုးဝါးဝိညာဉ်များကြောင့် ဖြစ်လောက်သည်ဟု ခံစားမိသည်။ သူမ တစ်ချက် သွားကြည့်မှရမည်။ ဤကိစ္စကို နှောင့်နှေး၍ မရသောကြောင့် ချင်ယီစွေကို စကားသွားပြောလိုက်ပြီး သူ့ကို ကားမောင်းခိုင်းလိုက်၏။ မူမူကို ဂရုစိုက်ရန် အန်တီကျောက်ကို မှာပြီး အဘွားယွင် ပြန်လာသည့်အချိန်တွင် ပြောပေးဖို့မှာကာ ထွက်လာလိုက်သည်။
ထန်းဝူမြို့က ပျိုးပင်စိုက်ပျိုးသည့်နေရာဖြစ်ပြီး အတော်လေး နာမည်ကြီးသည်။
မာဝမ်ကျစ်က လမ်းတစ်လျှောက် စိုးရိမ်ပူပန်နေ၏။ သူ့ဇနီးက ယခု ချန်းရွှေပြည်သူ့ဆေးရုံ၌ ဆေးရုံတက်နေသည်။
သူတို့က ဆေးရုံသို့ သွားပြီး မာဝမ်ကျစ်၏ဇနီးကို သွားတွေ့လိုက်၏။ သူ့ဇနီးကို အရေပြားစောင့်ရှောက်မှု ကုသမှုပေးထားသော်ငြား ရောဂါဖြစ်ရခြင်းအကြောင်းအရင်းကို ရှာမတွေ့ပေ။ ထို့ကြောင့် သူမကို အထွေထွေဌာနသို့ ပို့ထားပေးသည်၊
ယွင်ယွီသည် ဌာနသို့ ရောက်သည့်အချိန်တွင် မာဝမ်ကျစ်ဇနီးသည်၏သွင်ပြင်က သေသူတစ်ယောက်ပမာ အလွန်ရုပ်ဆိုးနေလျက် နောက်ဆုံးထွက်သက် ရောက်ခါနီးပြီဖြစ်တာကို တွေ့လိုက်ရသည်။
သူမှာ အသက်ပြင်းပြင်း ရှူလိုက်၏။ “ ရှင့်ဇနီး အခြေအနေက ပြင်းထန်တာပဲ”
မာဝမ်ကျစ်သည် ထိုစကားကို ကြားသောအခါ ငိုမိလုနီးပါးဖြစ်သွား၏။ သူ့မိဘများနှင့် ယောက္ခမ၊ယောက္ခထီးတို့ကလည်း အနားတွင် ရှိနေကာ ထိုစကားကို ကြားသောအခါ စိုးရိမ်ပူပန်သွားတော့သည်။
“ ဆရာ ကျွန်တော့်မိန်းမက ဘာဖြစ်တာလဲ” ယွင်ယွီက မျက်လုံးဖွင့်လိုက်ချိန်တွင် ဘာတွေဖြစ်နေမှန်း သိသွားတော့သည်။ မာဝမ်ကျစ်၏ဇနီးက ယန်စွမ်းအင်များစွာ ဆုံးရှုံးထားပြီး အနည်းငယ်သာကျန်တော့၏။ ထိုအနည်းငယ်သာကျန်သော ယန်စွမ်းအင်ဆုံးရှုံးသွားခဲ့လျှင် သူမအသက်ရှင်တော့မှာ မဟုတ်ပေ။ သူမခန္ဓာကိုယ်၌တစ်ဝိုက်တွင် ယင်နှင့်မိစ္ဆာစွမ်းအင်လည်း ရှိနေပြီး တစ်စုံတစ်ယောက် ချန်ရစ်ခဲ့တာပဲဖြစ်၏။
ယွင်ယွီက စိတ်ထဲ အတွေးတစ်ခုရထားပြီး ပြောလိုက်၏။ “ရှင့်ဇနီးက မကောင်းဆိုးဝါးဝိညာဉ် ယန်စွမ်းအင်စုပ်ယူတာ ခံလိုက်ရတာပဲဖြစ်မယ်။ သူမ ယန်စွမ်းအင်နည်းနည်းပဲ ကျန်တယ်။ ဒီအတိုင်းဆက်သွားပြီး အဲဒီအရာက ဆက်လာပြီး ညဘက်စုပ်ယူမယ်ဆိုရင် မနက်ဖြန် ရှင့်ဇနီး မကောင်းတာဖြစ်လာလောက်တယ်”
“ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်မိန်းမကို ကယ်ပါဦး” မာဝမ်ကျစ်က ထိတ်လန့်နေတော့သည်။ သူ့၏ယောက္ခမများကလည်း ငိုယိုတော့သည်။
182 05
“သမီးရယ် ဦးလေးတို့ သမီးကို ကယ်ပါဦး”
ယွင်ယွီက ပြောလိုက်၏။
“ စိတ်မပူနဲ့ သူ ဘာမှ ဖြစ်မှာ မဟုတ်ဘူး”
ထိုသို့ ပြောပြီးနောက် သူမက ချင်ယွီစွေလက်ထဲရှိ အိမ်မှ ယူလာသော အဆောင်နှစ်ခုဖြစ်သည့် မိစ္ဆာဖိနှိပ်ခြင်းအဆောင်နှင့် ယန်စုစည်းခြင်းအဆောင်ကို ယူလိုက်သည်။ တစ်ခုက မကောင်းဆိုးဝါးဝိဉာဉ်ကို ဖိနှိပ်ရန် ဖြစ်ပြီး တစ်ခုက သူမကိုယ်ထဲရှိ ကျန်ရှိနေသော ယန်စွမ်းအင်ကို ထိန်းထားရန်ဖြစ်ကာ သူမခန္ဓာကိုယ်ထဲ ယန်စွမ်းအင်တဖြည်းဖြည်းချင်း ပြန်စုစည်းနိုင်ရန် ဖြစ်သည်။
ထိုစဉ် ဆရာဝန်တစ်ယောက် ရောက်လာပြီး ယွင်ယွီလက်ထဲရှိ အဆောင်ကို တွေ့သွား၏။သူက လူနာ၏အခြေအနေကို တွေးမိပြီး လူနာရဲ့မိသားစုကို ဖျောင်းဖျရုံသာ တတ်နိုင်၏။
“ကျုပ်က လူနာရဲ့တာဝန်ကျ ဆရာဝန်ပါ။ လူနာမျောနေတာကို စိုးရိမ်နေမှန်း သိပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမှာ လူနာမိသားစုဝင်တွေက ပိုပြီးတည်ငြိမ်နေဖို့ လိုအပ်ပါတယ်။ ဒီလို ငယ်ရွယ်တဲ့ အတုအယောင်တွေရဲ့ လိမ်ညာတာကို မခံသင့်ဘူး”
“ဆရာ ဒါအမှန်မဟုတ်ဘူး။ ဒါက ဆရာသခင်ယွင်က အရည်အချင်းရှိတယ်”
မာဝမ်ကျစ်က ရှင်းပြချင်ခဲ့၏။ ယွင်ယွီကို သူတကယ် ယုံကြည်၏။ သူ၏ဆွေမျိုးသားချင်းက ကတိသေချာပေးခဲ့ပြီး ယွင်ယွီ၏ကျန်တဲ့သူများကို ကူညီခဲ့ဖူးသည်များအား ပြောပြသည်။
ယွင်ယွီက ဆရာဝန်နဲ့ ပြိုင်မငြင်းခဲ့ပေ။ ဆရာဝန်၏နေရာမှာဆိုလည်း လူနာနှင့် လူနာမိသားစုကို စိုးရိမ်ပူပန်ပြီး သူတို့အလိမ်ခံရမှာကို စိုးရိမ်နေတာ နားလည်၏။
သူမက အဆောင်တစ်ခုကို ခေါက်ကာ မာဝမ်ကျစ်ဇနီးသည်၏ အိတ်ထဲထည့်ကာ ပြောလိုက်၏။
“စိတ်မပူ။နဲ့ သာမာန်မကောင်းဆိုးဝါးဝိဉာဉ်တွေက ကျွန်မအဆောင်ကို မဖြိုခွဲနိုင်ဘူး။ သူအခု အဆင်ပြေတယ်။ ဒီကိစ္စ ဖြေရှင်းသွားပြီးရင် ဖြည်းဖြည်းချင်းကုစားခွင့်ပေးလိုက်ပါ”
ယန်စွမ်းအင်များ စုပ်ယူခံရပြီး အသက်တစ်ရှိုက်စာသာ ကျန်တော့သည်က အင်မတန် ပြင်းထန်လွန်းသည့် ကိစ္စရပ်ဖြစ်သည်။ ရေရှည် အားဖြည့်ရမည့်ပုံ ပေါ်သည်။
ယောက်ျားရင့်မာကြီး ဖြစ်သည့် မာဝမ်ကျစ်က ငိုမိလုနီးပါး ဖြစ်နေသည်။ “ဒါက ဘယ်လို မကောင်းဆိူးဝါး ဝိဉာဉ်မျိုးလဲ။ ကျွန်တော်တို့မိသားစုက အမြဲကြင်နာတတ်ပြီး မကောင်းတာ မလုပ်ဖူးဘူး။ ဒါမျိုး ဘာကြောင့် ကြုံတွေ့ရတာလဲ”
ယွင်ယွီက ပြောလိုက်၏။ “မကောင်းဆိူးဝါး ဝိဉာဉ်တွေက လူတွေ ကောင်းတာလုပ်လား မကောင်းတာ လုပ်လား စိတ်မဝင်စားဘူး။ သူတို့တွေက ပစ်မှတ်တွေက်ို ကြုံရာကျပန်းရွေးတာ။ သူတို့ နေ့အချိန်ဆို လာမှာ မဟုတ်ဘူး။ ကျွန်မကို အမျိူးတွေဆီ ခေါ်သွားပြီး ကျန်တဲ့ လူတွေကို ကြည့်ခွင့်ပေး”
သူမသည် မကောင်းဆိူးဝါးက ညအချိန်တွင် တခြားလူများကို လာရောက်ဝါးမြိုမှာ စိုးရိမ်သောကြောင့် အရင်ဆူံးသွားကြည့်ပြီး အဆောင်ပေးရမည်။
လူနာကို စစ်ဆေးပြီးနောက် ဆရာဝန်သည် ခေါင်းခါကာ လူနာဆောင်ထဲမှ ထွက်သွားလေသည်။
မာဝမ်ကျစ်သည် ယွင်ယွီ၊ချင်ယွီစွေတို့နဲ့ အတူ မြို့ကိုသွားရန် ပြင်ဆင်နေစဉ် ယွင်ယွီက ရဒတ်တရက် လှည့်လာကာ ပြောလိုက်လေ၏။ “လူနာကိုယ်ပေါ်က အဆောင်ကို ဖယ်ရှားလို့ မရဘူး။ ဆရာဝန်နဲ့သူနာပြုတွေ အဲဒီအဆောင်ကို မထိဖို့ ရှင်တို့ စောင့်ကြည့်နေပြီး အဲဒီအဆောင်ကို မထိဖို့ သူတို့ကို ပြောထားတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် သူ့ရဲ့ နောက်ဆုံးယန်စွမ်းအင် စုပ်ယူခံလိုက်ရရင် မသေမျိုးတောင် လာဆင်းကယ်နိုင်မှာ မဟုတ်ဘူး”
လူနာမိသားစုဝင်တွေက အလျှင်စလို ပြောလိုက်၏။ “ဆရဦ စိတ်မပူပါနဲ့။ ကောင်းကောင်း ဂရုစိုက်လိုက်ပါ့မယ်”
ပြီးနောက် ယွင်ယွီသည် ခေါင်းညိတ်ပြီး ထွက်သွားတော့သည်။ နာရီဝက်ခန့် ကြာပြီးနောက် သူတ်ို့သည် မျိုးစေ့စိုက်ပျိုးရာ ထန်းဝူမြို့သို့ ရောက်သွားတော့သည်။ ပျိုးပင်များနှင့် သစ်သီးပျိုးပင်များကို နေရာအနှံ့တွေ့ရပြီး လေထုအခြေအနေက ကောင်းမွန်သည်။ ဆိုရလျှင် လေအရည်အသွေးက သစ်ပင်များစွာ စိုက်ပျိုးထားသည့် နေရာ၌ မတူညီပေ။
******