အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
အပိုင်း 185
အနား၌ မကောင်းဆိုးဝါး အငွေ့အသက် ရှိနေလျှင် မကောင်းဆိုးဝါးဝိညာဉ်နှင့် ထိတွေ့ဖူးခြင်း သို့မဟုတ် မသန့်စင်သည့် ပစ္စည်းများနှင့် တွေ့ဖူးတာ ဖြစ်ရပေမည်။
ဤလူက ပြောခဲ့သည်မှာ သူ၏ဇနီးသည် သားဖွားရာ ခက်ခဲနေလေ၏။ ပုံမှန်ဆိုလျှင် ယွင်ယွီသည် ဤကဲ့သို့သော ကိစ္စမျိုးကို ဂရုမစိုက်တတ်ပေ။ အကြောင်းမှာ သူမက ဆရာဝန်မဟုတ်ဘဲ ဖုန်းရွှေပညာရှင် ဖြစ်နေသောကြောင့် ဖြစ်၏။ သို့သော် မကောင်းဆိုးဝါးသားဆိုလျှင် သူမ တစ်ချက် သေချာပေါက် သွားကြည့်မှပဲ ဖြစ်သည်။ ပုံမှန်လူတို့က မကောင်းဆိုးဝါးဝိညာဉ်များနှင့် ထိမိတာ ရှားပါးသော်ငြား ဤလူနား၌ ရက်စက်သော အငွေ့အသက် ရှိနေလေ၏။ သူပြောသလို သူ့ဇနီးမွေးဖွားရာ ခက်ခဲနေခြင်းသည် ကောင်းကင်က ဖန်တီးပေးထားတာ မဟုတ်ဘဲ ကလေးသရဲကြောင့် ဖြစ်နိုင်သည်။
သို့သော် ဤကိစ္စကို ရှင်းရှင်းလင်းလင်း လုပ်ရန် လိုအပ်သည်။
ယွင်ယွီက အမျိုးသားကို ကြည့်ပြီး ပြောလိုက်၏။ “ကျွန်မ သွားပြီး ကြည့်ပေးနိုင်တယ်။ ဒါပေမဲ့ ပုံမှန် မွေးဖွားရာ ခက်ခဲတာမျိုးဆိုရင် မကူညီနိုင်ဘူး။ အမျိုးသမီးတွေ မွေးဖွားရာ ခက်ခဲရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိတယ်။ အများစုက ဆေးပညာနဲ့ ဆိုင်တာ။ ကလေးသရဲလိုမျိုး မကောင်းဆိုးဝါးဝိညာဉ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စကတော့ အလွန်ရှားပါးတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး စိတ်ပြင်ဆင်ထားပေးပါ။ တကယ်တော့ ကလေးသရဲ တွေ့နိုင်ခြေက အင်မတန် နည်းပါးတယ်”
တွေ့နိုင်ခြေက အလွန်နည်းပါးသည်။ သူမ ယခင်ဘဝ၌ မင်းသမီးတစ်ပါး ဖြစ်စဉ်က နန်းတော်၌ သူမဖခင်၏ ကိုယ်လုပ်တော်တစ်ယောက် ကလေးမွေးဖွားနေစဉ် တစ်ခါ တွေ့ကြုံခဲ့ဖူးပြီး သူမသည် ထိုပြဿနာကို ကူညီဖြေရှင်းခဲ့ဖူး၏။
ပြီးနောက် ယခုဘဝတွင် သူမ ကလေးမွေးရန် ဆေးရုံသို့ သွားစဉ်က ဘေးရှိ သားဖွားခန်းထဲ၌ ကလေးသရဲကြောင့် ကလေးမွေးရာ ခက်ခဲနေသည့် ကိုယ်ဝန်ဆောင်တစ်ယောက်ကို တွေ့ခဲ့၏။ ထိုစဉ်က ကလေးသရဲကို ဖယ်ရှားရန် သူမ ကူညီပေးခဲ့သည်။
ထိုနှစ်ခုသာ တွေ့ကြုံခဲ့ဖူးပြီး ဖြစ်နိုင်ခြေ အလွန်နည်းပြီး အလွန်ရှားပါး၏။ မကောင်းဆိုးဝါးဝိညာဉ်များအတွက်လည်း ထိုအတိုင်းသာ ဖြစ်သည်။ သူမသည် အနည်းငယ်သာ တွေ့ခဲ့ဖူး၏။ ထိုမကောင်းဆိုးဝါးဝိညာဉ်များသည် ကယ်တင်ရန်အတွက် မြေအောက်လောကထဲ၌ ပုံမှန်ဆို အကျဉ်းချခံထားရလေ့ရှိကာ သူတို့ကို လွှတ်ပေးဖို့က မဖြစ်နိုင်ပေ။
ထိုလူက အလောတကြီး ပြောလိုက်၏။ “ ကျေးဇူးပါ ဆရာ။ ကျေးဇူးပါ။ ဆရာ”
ယွင်ယွီသည် မြို့ဆေးရုံသို့သာ သွားနိုင်တော့၏။ သူမ ချင်ယွီစွေကို ပြောလိုက်ရာ ချင်ယွီစွေက ပြောလာ၏။ “ ကိုယ် မင်းကို အဲဒီကို ခေါ်သွားပေးမယ်”
မြို့သို့ ကားမောင်းသွားတာ အလွန်မြန်ပြီး ၁၀ မိနစ်သာ ကြာ၏။
၁၀ မိနစ်အကြာ၌ ယွင်ယွီသည် မြို့တော်၏လူချမ်းသာဆေးရုံဆီသို့ ထိုလူနောက်မှ လိုက်လာ၏။ ၎င်းက မြို့တော်၌ အကောင်းဆုံးဆေးရုံအဖြစ် သတ်မှတ်ထားသည်။
ယွင်ယွီသည် သီးသန့်ဖြစ်နေသော သားဖွားခန်းထဲသို့ ထိုလူနောက်မှ လိုက်လာ၏။ ထိုလူသည် ဆရာဝန်ကို ပြောလျက် သူတို့ကို ဝင်ခွင့်ပေးရန် မျှော်လင့်နေ၏။ ယွင်ယွီက တစ်ချက်ကြည့်လိုက်ရာ သားဖွားခန်း အပြင်ဘက်၌ မကောင်းဆိုးဝါး အငွေ့အသက်ဖျော့ဖျော့ကို တွေ့လိုက်ရပြီး တစ်စုံတစ်ခု ရှိနေတာ ဖြစ်ရမည်။
ဆရာဝန်က ချွေးပြန်နေပြီ ဖြစ်၏။ သူက မိခင်ကို ဘာမှ မဖြစ်စေချင်ပေ။ ယွင်ယွီ၏ ဂုဏ်သတင်းကို ကြားဖူးပြီးသား ဖြစ်သောကြောင့် သူက လက်ခံလျက် အဝတ်အစားများ ပြင်ဆင်ပြီးနောက် သူတို့နှစ်ယောက်အတွက် တံခါး သူတို့နှစ်ယောက် ဝင်ရန် တံခါးဖွင့်ပေးလိုက်သည်။
သားဖွားခန်းထဲ ရောက်လျှင်ရောက်ချင်း သူ ယွင်ယွီ၏ မျက်နှာထား ပြောင်းလဲသွားလေ၏။ ခွဲစိတ်စားပွဲပေါ်၌ သန္ဓေသား ရှိနေပြီး သေးသွယ်သော လက်များဖြင့် ဆီးလောက်ကြီးမားသည့် ဗိုက်တစ်လုံးဖြင့် သူ ရှိနေ၏။ ၎င်း၏ ဆံပင်က သားဖွားခန်းထဲရှိ အမျိုးသမီးနှင့် ဆက်နွယ်နေ၏။ ၎င်း၏ ဆံပင်သည် သားဖွားနေသည့် အမျိုးသမီးကို ညှစ်ထားသည်။ အမျိုးသမီးက ခွန်အားကုန်ခမ်းလုနီးပါး ဖြစ်နေ၏။ ကလေးမွေးပေးနေသည့် ဆရာဝန်ကလည်း ချွေးပြန်နေသည်။ သူမည်မျှ ကြိုးစားစေကာမူ သန္ဓေသားကို ပုံမှန်အတိုင်း မဖြစ်နိုင်ပေ။ ယခင် ကြိုတင်စစ်ဆေးမှုအရ အားလုံး အဆင်ပြေနေသည့်တိုင် မွေးရာ၌ မပြီးပေ။
ယွင်ယွီက တီးတိုးပြောလိုက်၏။ “ တကယ် ကလေးသရဲပဲ”
185 02
ထိုမကောင်းဆိုးဝါးဝိညာဉ်များသည် သူမကို နာကျင်အောင် မလုပ်နိုင်သော်ငြား ၎င်းတို့ကို အလွယ်တကူ ဖြေရှင်းနိုင်၏။
ဆရာဝန်နှင့် အမျိုးသားသည် သူမစကားကြောင့် ထိတ်လန့်သွား၏။ စကားတစ်ခွန်းမှ မပြောဘဲ ယွင်ယွီသည် ကျောက်စိမ်းဓားကို ဆွဲထုတ်ပြီး ဓားစွမ်းအင်ဖြင့် ညင်သာစွာ ဖြတ်လိုက်၏။ သရဲက စူးစူးရှရှအော်ပြီးနောက် မကောင်းဆိုးဝါးဝိညာဉ်အသွင် ပြောင်းလဲသွားသည်။ ယွင်ယွီက လက်ဖြင့် ညှစ်လိုက်ရာ မကောင်းဆိုးဝါးဝိညာဉ် ပျောက်ကွယ်သွားတော့သည်။
သားဖွားခန်းထဲရှိ ဆရာဝန်များ၊ သူနာပြုများနှင့် အမျိုးသားများသည် စူးရှသော အော်သံကို ကြားလိုက်ရပြီး ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားလေ၏။
ယွင်ယွီသည် သတိလစ်လုနီးပါး ဖြစ်နေသော အမျိုးသမီးကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ “ သူအခု အဆင်ပြေသွားပြီ။ ကလေးသရဲကို ဖယ်ရှားလိုက်ပြီ။ သူ မကြာခင် မွေးတော့မှာ။ ရှေ့ဆက် စစ်ဆေးကြည့်သင့်တယ်။ “
ဆရာဝန်များနှင့် သူနာပြုများက ကြောင်အနေလေ၏။ သူတို့သည် ယွင်ယွီ၏ ဂုဏ်သတင်းကို ကြားဖူးသော်ငြား ထိုကဲ့သို့ လွယ်လင့်တကူ အနိုင်ယူလိုက်တာကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးတာပဲ ဖြစ်သည်။ သူတို့ သေချာပေါက် အနည်းငယ် ထိတ်လန့်သွားလိမ့်မည်။ ယွင်ယွီသည် ထပ်မနေတော့ပေ။ မိခင်က အဆင်ပြေနေပြီ ဖြစ်သည်။ သူမ သားဖွားခန်း အပြင်ဘက်၌ စောင့်နေပြီး အဝတ်အစားများကို လဲလိုက်၏။ ထိုအမျိုးသားက သူမနောက် လိုက်လာပြီး ကျေးဇူးတင်စကား ပြောလိုက်တော့သည်။ အဆုံးကျ ယွင်ယွီကို ကျေးဇူးဆပ်ချင်နေ၏။ ယွင်ယွီသည် ယွမ် ၂၀၀၀ သာ လက်ခံပြီး အမျိုးသားကို ပြောလိုက်၏။ “ ဒီတစ်ခါ တိုက်ဆိုင်သွားပြီး ကလေးသရဲကို တွေ့ခဲ့တာ။ တကယ်တော့ ကိုယ်ဝန်ဆောင်သည်တွေ မွေးဖွားရာ ခက်ခဲတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိတယ်။ တခြားအကြောင်းအရင်းတွေတော့ ကျွန်မ မဖြေရှင်းနိုင်ဘူး”
သူမ အနည်းငယ် စိုးရိမ်ပူပန်နေ၏။ နောင်ကျ မွေးဖွားရာ ခက်ခဲသည့် အမျိုးသမီး ရှိလာလျှင် သူမကို လာရှာမှာ စိုးရိမ်မိသည်။
တကယ်တော့ သူမက အလုံးစုံသိမြင်သည့် စွမ်းအား ပိုင်ဆိုင်ထားတာ မဟုတ်ဘဲ ပုံမှန်မွေးဖွားရာ ခက်ခဲခြင်းဆိုလျှင် သူမ ဖြေရှင်းနိုင်သည့် နည်းလမ်းမရှိပေ။ ယခုအခေါက်တွင် မိခင်က ကံကောင်းနေ၏။
ထိုအမျိုးသားသည် သူနားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။ ယွင်ယွီသည် သူအား ဆရာဝန်ကို ပြောခိုင်းလိုက်၏။ ပြီးနောက် ချင်းဟယ်ကျေးရွာသို့ ချင်ယွီစွေနှင့်အတူ ပြန်လာ၏။
ထိုလူသည် သားဖွားခန်းသို့ ပြန်သွားလိုက်သည်။ ဆရာဝန်က သူ့အမျိုးသမီးကို ကလေးမွေးပေးနေသည်။ “ ကြိုးစားထား။ ကလေး ကလေးအမေ ကလေးခေါင်း ပေါ်လာပြီ။ ဆက်တွန်း ဆက်ညှစ်ထား။ တစ်ခါတည်း မွေးလိုက်တော့”
မိခင်က ယခုဆို အသိစိတ် ရနေပြီ ဖြစ်သည်။ သူမ အစောတုန်းက အသိစိတ် လွတ်သွားရသည့် အကြောင်းအရင်းကို မသိ။ ယခု ဆရာဝန်၏ စကားကြားပြီးနောက် သူမ ညှစ်ရန် ကြိုးစားလိုက်သည်။ ခဏအကြာ၌ ကလေးငိုသံကို ကြားလိုက်ရ၏။ အနည်းငယ် အားနည်းနေသော်ငြား မွေးလာသည့် ကလေးက ကျန်းမာကြောင်း ပြသနေသည်။ မိခင်က မျက်ရည်များ ကျလာလေ၏။
ထိုလူသည် မြေပြင်ပေါ် ဒူးထောက်ချပြီး ဒူးထောက်ချပြီး ငိုလိုက်ကာ ဟယ်ချင်းကျေးရွာဘက် လှည့်ပြီး ကျေးဇူးတင်စကား ပြောလေ၏။
သားဖွားခန်းထဲရှိ အလုပ် ပြီးသွားပြီးနောက် မိခင်ကို ဆေးစစ်ဆေးပြီးနောက် လူနာဆောင်သို့ ပြန်ပို့ပေးလိုက်ချိန် ထိုအမျိုးသားသည် ယွင်ယွီ၏ မှာကြားချက်များကို သတိရပြီး ဆရာဝန်များကို ပြောလိုက်၏။
ဆရာဝန်များသည် နားလည်ကြောင်း ပြောခဲ့သည်။ သူတို့က ယခု ဤကဲ့သို့ ကိစ္စမျိုးကို ယုံကြည်နေပြီ ဖြစ်ကာ ယွင်ယွီဆိုလိုတာကို သဘောပေါက်၏။ ခက်ခဲသည့် မွေးဖွားမှုတိုင်းသည် မီးဖွားမှုတိုင်းသည် ကလေးသရဲကြောင့် ဖြစ်ပေါ်လာတာမဟုတ်။ ကလေးသရဲများ ပေါ်လာတာ ရှား၏။ အထူးကိစ္စများတွင်သာ ပေါ်လာတတ်သည်။ တကယ်တော့ ခေတ်မီဆေးပညာဖြင့်ပင်လျှင် မွေးဖွားရာ ခက်ခဲတာမျိုး ရှိ၏။ သူတို့က ခက်ခဲချိန်တိုင်း ဆရာသခင်ယွင်ဆီ သွား၍ မရပေ။
ယင်းက ယွင်ယွီ ဆိုလိုချင်တာပဲ ဖြစ်သည်။ သူမသာ သူမဆီ ရောက်လာမှာကို စိုးရိမ်မိ၏။
တကယ်တော့ ကလေးသရဲက ကိုယ်ဝန်ဆောင်သည်ကို မခြောက်လှန့်လျှင် သူမ ကူညီနိုင်သည့် နည်းလမ်းမရှိခြင်း။
185 03
အပြန်လမ်း၌ ယွင်ယွီက ခရီးသည်ထိုင်ခုံ၌ ထိုင်ကာ ချင်ယွီစွေကို ပြောလိုက်၏။ “လက်တစ်လော သူတော်စင်သားတော် အကြောင်း သတင်းမကြားရပေမဲ့ ဒီမကောင်းဆိုးဝါးဝိညာဉ်တွေက မကြာခဏ ပေါ်လာတတ်တယ်။ တစ်ခုခု မှားနေပြီ” သူမသည် ရှေးဦးစွာ မကောင်းဆိုးဝါးဝိညာဉ်ကို တွေ့ကြုံခဲ့ပြီး ကလေးသရဲကို တွေ့ကြုံခဲ့ရ၏။ လဝက်မျှသာ ရှိသေးသည်။ မကြာခဏ ဖြစ်နေ၏။ သူမ ဤလောကသို့ ရောက်ပြီး တစ်နှစ်အတွင်း၌ ကလေးသရဲ ထပ်တွေ့ရခဲ့ရသည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
ချင်ယွီစွေက နားမလည်သောကြောင့် မေးလိုက်၏။ “ဒါတွေက ပေါ်လာသင့်တာ မဟုတ်ဘူးလား”
ယွင်ယွီက ခေါင်းညိတ်လိုက်၏။ “ အများစုကို သရဲအရာရှိတွေက ဖမ်းထားပြီး ကယ်တင်ဖို့အတွက် မြေအောက်လောကဆီ ခေါ်သွားတာ။ သူတို့ လူ့လောကထဲမှာ ပေါ်လာတာ ရှားတယ်။ တစ်ခါတလေ လွတ်လာရင်တောင် မကြာခဏ မတွေ့သင့်ဘူး”
ယွင်ယွီသည် မကောင်းသည့် နိမိတ်ကို ခံစားမိနေ၏။ ထိုအရာများ မကြာခဏ ပေါ်လာရသည့် အကြောင်းအရင်းကို မသိပေ။ သူမ လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းက သူတို့ကို ဖယ်ရှားပစ်တာပဲ ဖြစ်သည်။
မှန်ပေသည်။ သူတို့ကို ဖယ်ရှားရုံသာ တတ်နိုင်၏။ ထိုအရာများက ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိပေ။ သူမသည် ငရဲတံခါးကို ဖွင့်ပြီး သူတို့ကို ပြန်ပို့နိုင်သည့် စွမ်းရည်မရှိ။ ထို့အပြင် ဤအရာများကို ဖမ်းပြီး မြေအောက်လောကကို ပို့ပြီးနောက် သူတို့သည် အလုပ်ကြမ်းလုပ်ရန် ဆွဲခေါ်ခံရမည် ဖြစ်ကာ ပြန်လည်မွေးဖွားရန် အခွင့်အရေး ရှိမှာ မဟုတ်ပေ။
ယွင်ယွီသည် တစ်စုံတစ်ခု မှားယွင်းနေတာကို ခံစားမိ၏။ ပြန်ရောက်ပြီးနောက် သူမ ကြိုးစားပမ်းစား လေ့ကျင့်ရမည်။ ထို့ကြောင့် တစ်ရက်ကို ၄၊ ၅ နာရီခန့် အိပ်ပြီးနောက် နေ့အချိန်၌ တောင်ပေါ်သို့ သွားကာ ကူညီပေး၏။ အချိန်အများစု၌ သူမ အိမ်တွင်း လေ့ကျင့်နေသည်။
ရလဒ်အနေဖြင့် နှစ်ရက်အကြာတွင် ရှန့်ယုံက သူမကို ခေါ်ကာ သူ မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခု တွေ့ကြုံကြောင်း ပြောလာ၏။
ရှန့်ယုံသည် လက်တစ်လော၌ ရိုးရှင်းသည့် ဖုန်းရွှေစစ်ဆေးမှုဖြင့် လူတို့ကို ကူညီပေးနိုင်၏။ သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုကို အမြဲတစေ မတင်ထားကာ ယွင်ယွီအား သူ့အတွက် ကြည့်ပေးခိုင်းသည်။ သူသည် လူတို့အတွက် ဖုန်းရွှေဖတ်ပေးရာ၌ တော်၏။
ယွင်ယွီသည် ကျင့်ကြံမှု၏ အရိုးရှင်းဆုံးနည်းလမ်းကို သူကို သင်ပေးရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် လူတို့ကို ဖုန်းရွှေပညာဖြင့် ကူညီပေးချိန်၌ သူ ပိုပြီး တိကျလာလိမ့်မည်။
ယွင်ယွီက ရှန့်ယုံကို မေးလိုက်၏။ “ အဲ့မှာ ဘာဖြစ်တာလဲ”
ရှန့်ယုံက ပြောလိုက်သည်။ “ ဆရာ ဒီလိုပါ။ အိမ်နီးချင်းထဲက အိမ်နီးနားချင်းတွေထဲက တစ်ယောက်က အမည်မသိ အကြောင်းအရင်းကြောင့် သတိလစ်သွားတယ်။ တစ်စုံတစ်ခု လွဲချော်နေတာ အာရုံခံမိပြီး သူ့အိမ် သွားခဲ့တာ။ တစ်ခုခုက သူ့ကို ထိခိုက်စေတယ်လို့ ခံစားမိနေတယ်”
ယွင်ယွီက မေးလိုက်၏။ “ သူတစ်ယောက်ပဲ သတိလစ်သွားတာလား”
“ဟုတ်ကဲ့ သူတစ်ယောက်ပဲ သတိလစ်နေတာ” ရှန့်ယုံက ပြောလိုက်၏။ သူမ ရောဂါလက္ခဏာများက ထူးဆန်းသည်။ အစ၌ သူမ စားချင်စိတ်မရှိ၊ အိပ်ငိုက်နေကာ နေ့စဉ်နေ့တိုင်း စိတ်မသက်မသာ ဖြစ်နေ၏။ နှစ်ရက် သုံးရက်ကြာပြီးနောက် သူမ အသားအရောင်က အလွန်ဆိုးရွားလာသည်။ ခြောက်ရက်မြောက်နေ့၌ သူမ သတိလစ်သွား၏။ ဆေးစစ်ဆေးရန် ဆေးရုံသို့ ပို့ခဲ့သော်ငြား ရလဒ်အရ သူမခန္ဓာကိုယ် လုပ်ဆောင်ချက်များက ပုံမှန်ဖြစ်ကြောင်းနှင့် ဖျားနာမှု မရှိကြောင်း ပြသခဲ့၏။ ရပ်ကွက်ထဲရှိ လူများကလည်း တူညီသော လက္ခဏာရပ်များ ရှိနေ ရှိနေသည်။
“ရပ်ကွက်ထဲရှိ လူများကလည်း တူညီသည့် လက္ခဏာရပ်များ ရှိနေသော်ငြား သူတို့ သတိမလစ်ကြသေးပေ။
ယွင်ယွီသည် သူပြောတာ နားထောင်ပြီးနောက် အလေးအနက် ဖြစ်သွားလေ၏။ ယင်းသည် သူမ ယခင်က ကလေး မကောင်းဆိုးဝါးသရဲကို တွေ့ကြုံတုန်းစဉ်က အခြေအနေနှင့် တူညီနေသည် မဟုတ်ပါလော။
လက်တလော ဘာတွေ ဖြစ်နေတာလဲ။
185 04
သူမ ရှန့်ယုံကို ပြောလိုက်၏။ “ အရင်ရက်တွေကပဲ ဒီလိုကိစ္စကို တွေ့ကြုံခဲ့တာ။ ယန်ချီကို စုပ်ယူတဲ့ မကောင်းဆိုးဝါးဝိညာဉ်ကြောင့် ဖြစ်တာ။ တကယ် ထူးဆန်းတာပဲ။ လက်တလော အဲဒီဟာ သောင်းကျန်းနေပုံပဲ။ ဒါတွေက လူ့လောကထဲ ဘယ်လိုလုပ် ရောက်လာတာလဲ။ “ ထိုအရာက မရှိသင့်ပေ။
သူမ ချက်ချင်းပင် ကျန့်ရှင်းမြို့သို့ ထွက်ခွာလာ၏။ ရှန့်ယုံတို့ ရပ်ကွက်ထဲ၌ ထိုအဖြစ်အပျက် ဖြစ်ပွားလေ၏။ ရှန့်ယုံက နာမည်ကြီးရာ နေရာဖြစ်သည်
ယင်းက ရှန့်ယုံတို့ နာမည်ကြီးသည့် နေရာဖြစ်၏။ ယွင်ယွီသည် ဆေးရုံသို့ အပို့ခံထားရသည့် လူနာ၏ မိသားစုကို ဆက်သွယ်ခိုင်းကာ သူ့ကို ပြန်ခေါ်လာခိုင်း၏။ ဆေးရုံပို့ခြင်းက အသုံးမဝင်ပေ။
သူတို့မိသားစုသည် ရှန့်ယုံ၏ စကားကို ကြားပြီးနောက် အနည်းငယ် တုံ့ဆိုင်းနေသေး၏။ ဆိုရလျှင် သူသည် လူတို့ကို ဖုန်းရွှေပညာဖြင့် ကူညီပေးခြင်းဖြင့်သာ နာမည်ကျော်ကြားသည်။
ရှန့်ယုံက ပြောသွား ပြောလိုက်သည်။ “ မစ္စတာကျန်း ခင်ဗျား ကျုပ်ကို မယုံလို့ရပေမဲ့ ဒီကို ကျုပ်ဆရာ ကိုယ်တိုင်လာမှာ။ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ဒီလိုဆင်တူတဲ့ ကိစ္စကို ဖြေရှင်းပေးခဲ့တာ။ ခင်ဗျားသမီး အခြေအနေက မကောင်းဆိုးဝါးဝိညာဉ်က သူ့ရဲ့ ယန်စွမ်းအင်ကို စုပ်ယူလို့ပဲ။ မကောင်းဆိုးဝါးဝိညာဉ်သာ ဒီည သူ့ဆီလာရင် မသေမျိုးတောင် သူ့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြီးပြီ။ ကျွန်တော့်ဆရာက ကြင်နာတတ်တာကြောင့် ကူညီပေးမှာ”
နောက်ဆုံး၌ မစ္စတာကျန်းသည် ကြောက်လန့်လာလေ၏။ သူ့သည်လည်း သူ့ချစ်မြတ်နိုးရသည့် သမီးက တက်ကြွရှင်သန်ပြီး ချစ်စဖွယ် မိန်းကလေးဘဝမှ ဖြူဖျော့ပြီး အသက်ကင်းမဲ့သော မိန်းကလေးအဖြစ် ခြောက်ရက်အတွင်း ဆေးရုံကုတင်ပေါ် လဲလျောင်းနေတာ တွေ့လိုက်ရ၏။
မစ္စတာကျန်းနှင့် သူ၏ဇနီးက သူတို့သမီးကို ဆေးရုံကနေ အမြန်ခေါ်လာသည်။ ယွင်ယွီကို မြင်သောအခါ သူတို့ ပိုပိုပြီး စိုးရိမ်ပူပန်လာ၏။ ယွင်ယွီက ငယ်ရွယ်လွန်းသေးပြီး သူတို့သမီးကို မကယ်တင်နိုင်မှာ စိုးရိမ်မိသည်။
ယွင်ယွီက စကားများများစားစား မပြောတော့ဘဲ သတိလစ်နေသော မိန်းကလေးဆီ အဆောင်နှစ်ခု ကပ်လိုက်၏။ ရှန့်ယုံ၏ အကူအညီဖြင့် သူမသည် ရပ်ကွက်ထဲရှိ ကျန်သည့် လူနာသူများအား သွားကြည့်ခဲ့သည်။ သူတို့အားလုံး၏ ကိုယ်ပေါ်၌ မကောင်းဆိုးဝါး အငွေ့အသက် ရှိနေကာ ယန်စွမ်းအင် စုပ်ယူခံရသည့် လက္ခဏာရပ် ရှိနေ၏။ သူမ သူတို့ကို အဆောင်ပေးလိုက်သည်။
ကံကောင်းသည်မှာ သူတို့အားလုံး သိတတ် စဉ်းစားတတ်သော မိဘများ ဖြစ်သည်။ သူတို့ တုံ့ဆိုင်းနေသော်ငြား မိသားစုကို ဂရုစိုက်ပြီး စမ်းကြည့်ချင်သေး၏။
ညဘက်၌ ယွင်ယွီသည် မကောင်းဆိုးဝါးသရဲကို စောင့်နေသည်။ ၎င်းက မစ္စတာကျန်းအိမ်သို့ သွားခဲ့၏။ သို့သော် မကောင်းဆိုးဝါးဖိနှိပ်ခြင်း အဆောင်ကြောင့် ဘာအကျိုးမှ မရဘဲ ဒဏ်ရာရသွားသည်။ ယွင်ယွီသည် ဓားတစ်ချက်တည်းဖြင့် သတ်လိုက်၏။ နောက်ဆုံး၌ မကောင်းဆိုးဝါးဝိညာဉ်သည် မိုးကြိုးများကြောင့် စူးရွားသော အော်သံဖြင့် ပျောက်ကွယ်သွားတော့သည်။
ယွင်ယွီသည် လူနာသူ မိသားစု၏ တုန်ယင်နေသော လေးစားကြည်ညိုသော အကြည့်ကို လျစ်လျူရှုထား၏။ သူမ ဆေးညွှန်းကို ရေးပေးကာ မိသားစုဝင်များအား ဆေးကို ပြုတ်ချက်ခိုင်းပြီး မနက် ၇ နာရီတိုင်း ၄၉ ရက်ဆက်တိုက် သောက်ခိုင်းခဲ့လေ၏။ နေရောင်ခြည် ပိုခံရန်နှင့် နောက်နေ့၌ လူနာ နိုးလာမည် ဖြစ်ကြောင်း ပြောခဲ့သည်။
နောက်တစ်နေ့တွင် မစ္စတာကျန်း၏သမီး နိုးလာ၏။ ထိုနေ့သို့ ယွင်ယွီသည် မကောင်းဆိုးဝါးဝိညာဉ် ထပ်ရှိနေမည်မှာကို စိုးရိမ်သဖြင့် နောက်တစ်ရက် စောင့်ခဲ့၏။
သူမ သုံးရက်မြောက်နေ့မှ အိမ်သို့ ပြန်လာခဲ့သည်။ သို့သော် ပြန်မလာခင် ဤကဲ့သို့ ပြဿနာရပ်မျိုးနှင့် တွေ့ကြုံပါက သူမကို လှမ်းခေါ်ရန် ရှန့်ယုံကို မှာကြားခဲ့၏။ လက်တလော၌ အခြေအနေများ ငြိမ်သက်နေခြင်း မရှိချေ။
မကောင်းဆိုးဝါးဝိညာဉ်များနှင့် ကလေးသရဲတို့ကို ယခင်က တွေ့ကြုံသည်က တိုက်ဆိုင်ခြင်းဟု ဆိုသော်ငြား ယခုအခေါက်တွင် သူမ နောက်တစ်ခေါက် ထပ်တွေ့လာ၏။ သရဲဂိတ်က ပုံမှန်မဟုတ် ဖွင့်နေပြီဟု ခံစားမိကာ သံသယ ဖြစ်မိသည်။ သို့သော်ငြား သူမ ထိုကိစ္စကို တစ်ခါမှ မတွေ့ကြုံဖူးပေ။ သူမဆရာကလည်း တွေ့ကြုံဖူးခြင်း မရှိ။ ထို့ကြောင့် သူသည် သူမကို မသင်ပေးခဲ့ဖူးချေ။ သူမ လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းက သူတို့ကို တွေ့ချိန်တိုင်း ဖယ်ရှားပေးတာပဲ ဖြစ်သည်။ သို့မှသာ သူတို့သည် လူ့လောကကို ဒုက္ခမပေးနိုင်မှာ ဖြစ်သည်။
ချင်ယွီစွေက သူမ၏ ကျန်းမာရေးကို စိတ်ပူနေလေ၏။ ထို့ကြောင့် ပြန်ရောက်လာပြီးနောက် တောင်ပေါ်ရှိ ကိစ္စရပ်များကို စိတ်မပူရန် ပြောခဲ့၏။ သူ ဖြေရှင်းလိုက်မည် ဖြစ်ကြောင်း ပြောခဲ့၏။ သူက သူမကို ကျင့်ကြံရာ၌ အာရုံစိုက်ခိုင်းကာ အနားယူခိုင်းလေ၏။
185 05
ထို့ကြောင့် ယွင်ယွီသည် ရူးရူးသွပ်သွပ် ကျင့်ကြံတော့သည်။ သူမ နှစ်ဘဝလုံး၌ ယင်းသည် ပထမဆုံးအကြိမ် ဖြစ်ကောင်းဖြစ်နိုင်လောက်၏။ ထို့ကြောင့် သူမ ကြိုးစားပမ်းစား လေ့ကျင့်နေသည်။ သူမ ယခင်ဘဝရှိ အဖြစ်အပျက်ကို ထပ်မဖြစ်စေချင်ပေ။ သူမ ယခင်ဘဝ၌ လုံလောက်အောင် မသန်မာခဲ့ချေ။ သူမ မိသားစုကို ကာကွယ်ရန် သူမအသွေးနှင့်အသားကို စတေးရန် ရွေးချယ်ခဲ့သည်။ ယခုဘဝတွင် သူမ ကာကွယ်ချင်သည့် မိသားစုဝင်များ ရှိသည်။ သူမ တွေ့ကြုံမည့် အန္တရာယ်နှင့် ရန်သူ မည်မျှ ကြီးမားနေစေကာမူ သူမကိုယ်သူမ စတေးမည့်အစား သူတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်သည်။ ယွင်ယွီသည် ကျင့်ကြံရာ၌ နစ်မြုပ်ထားပြီး ရာသီဥတုကလည်း အေးသထက် အေးလာ၏။ တောင်ကုန်းပေါ်ရှိ ပြုန်းတီးမြေကလည်း မြေသစ်ဖော်ပြီးပြီဖြစ်ကာ ပျိုးပင်များ စိုက်ပျိုးနိုင်မည် ဖြစ်သည်။
ဟယ်ချင်းရေကန်ကိုလည်း တစ်လကျော်ကြာ ထိန်းသိမ်းထားပြီး အထဲရှိ ရေက ပိုကြည်လင်လာသည်။ ဒီဇင်ဘာလလယ် ရောက်လာစဉ် ထိုနှစ်၏ ပထမဆုံး နှင်းကျလာ၏။ ထိုနှင်းက မြေပြင်တစ်ခုလုံး လွှမ်းသွားတော့သည်။ မြေဆီလွှာကို နွေးထွေးအောင် ထိန်းထားနိုင်၏။ နှင်းများ အရည်ပျော်သွားပြီးနောက် ၎င်းသည် လယ်ကွင်းများအတွက် အကျိုးရှိစေမှာ ဖြစ်သည်။ မင်္ဂလာနှင်းသည် ကောင်းမွန်သော ရိတ်သိမ်းမှုကို ဆိုလို၏။ နှင်းကျပြီးနောက် ဟယ်ချင်းကျေးရွာ တစ်ခုလုံး အဖြူရောင် နှင်းများ လွှမ်းနေပြီး လယ်ကွင်းတစ်ခုလုံးသည် အဖြူရောင် ဖြစ်သွားသည့်ပမာပင်။
ယင်းက အလွန်ရှားပါးသည့် လှပသော မြင်ကွင်းဖြစ်သည်။ ဝါးတောအုပ်က သိပ်သည်းသော နှင်းများဖြင့် လွှမ်းနေ၏။ သို့သော် လျှောက်လှမ်းချိန်တွင် ထူထဲသော ဝါးတိုင်းများက စိမ်းစိုနေတာကို တွေ့ရမည်။ မော့ကြည့်မိချိန်၌ နှင်းများ တင်ကျန်နေသည့် ဝါးရွက်များကို တွေ့ရမည် ဖြစ်ကာ အချိန်မရွေး ပြုတ်ကျသွားနိုင်သည့်ပမာ လှုပ်လီလှုပ်လဲ့ ဖြစ်နေတာ တွေ့ရလိမ့်မည်။
ရလဒ်အနေဖြင့် ဟယ်ချင်းကျေးရွာသို့ လာရောက်လည်ပတ်သည့် ခရီးသွား အရေအတွက်သည် လျော့သွားရမည့်အစား တိုးလာသည်။ ဆောင်းရာသီ၌ အလုပ်ပိတ်ရက်များသည်။ ထို့ကြောင့် အားလပ်ချိန်ရသည့် လူ ပိုများသည်။ ဟယ်ချင်းကျေးရွာ အပန်းဖြေစခန်းအကြောင်း သိသည့်သူများက ရောက်လာကြပြီး ရက်အနည်းငယ် နေထိုင်၏။ ဤနေရာရှိ လေထုက ကောင်းမွန်သည်။ ဓာတ်မတည့်မှုနှင့် ထိပ်ကပ်နာ စသည်တို့ကဲ့သို့ အသေးစား ရောဂါဖျားနာမှုများ ရှိသည့်သူများသည် ဤနေရာ၌ ရက်အနည်းငယ် နေထိုင်ပြီးနောက် ကျန်းမာရေး ကောင်းမွန်လာ၏။
လူတချို့သည် အပန်းဖြေစခန်း၏ ဧည့်သည်ခန်းတွင် မနေနိုင်သော်ငြား ရွာထဲရှိ မိသားစုများစွာက သူတို့အိမ်ကို မိသားစုဟိုတယ်အဖြစ် ပြုပြင်ပြောင်းလဲထားသဖြင့် သူတို့၌ တစ်ခန်းနှစ်ခန်းသာ ရှိလျှင်တောင် တစ်ခန်းစီအတွက် ယွမ် ၁၀၀၊ ၂၀၀ ရနိုင်ပြီး တစ်လကို ယွမ် ၁၀၀၀ ကျော် ရနိုင်၏။ ယင်းသည် လက်သမားများအတွက် ဝင်ငွေကြီးတစ်ခု ဖြစ်ကာ မြို့လယ်၌ ကောင်းမွန်သည့် ဝင်ငွေတစ်ခု ဖြစ်လာသည်။
အားလုံးသည် အပန်းဖြေစခန်းက စတင်ယူလာပေးသည့် စီးပွားရေး ရင်းမြစ် ဖြစ်သည်။ ယွင်ယွီကြောင့် သူတို့ ဤနေရာသို့ ရောက်လာတာ ဖြစ်၏။ သူမက ဟယ်ချင်းကျေးရွာ၌ နေထိုင်ရန် မရွေးခဲ့ဘဲ မြို့တော်၌ မြှုပ်နှံရန် သွားခဲ့ပါက ဟယ်ချင်းကျေးရွာသည် ကျန်သည့် ကျေးရွာများ နည်းတူ ဖြစ်နေလိမ့်မည်။ လူတို့က လယ်ကွင်းထဲ၌ အလုပ်ကြိုးစားရပြီး တစ်နှစ်သာ အသက်တင် အမြတ်သည် ယွမ် ၁၀၀၀၀ အောက်သာ ရရှိ၏။ သူတို့က ကြပ်တည်းသည့် ဘဝ၌ နေရကာ ကလေးများက ဒုက္ခခံရသည်။ သူတို့က အိမ်ဝယ်ရန် လက်ထပ်ရန် ပိုက်ဆံမရှာနိုင်ခဲ့ပေ။ ယခုဆို ဘဝ ပိုမိုကောင်းမွန်လာပြီ ဖြစ်သည်။
******
186 01
အပိုင်း 186
နှင်းကျသောနေ့၌ အလွန်အေးနေလေ၏။ ထို့ကြောင့် ယွင်ယွီသည် မူမူကို အနွေးထည်ထူထူ ဝတ်ပေးထားသည်။ ကလေးက အလွန်လှပပြီး နီထွေးသော နှုတ်ခမ်း၊ သွားဖြူဖြူလေးများဖြင့် ဖြူဖွေးနူးညံ့နေသော အသားအရည်ရှိ၏။ သူက မည်သည့်အရောင်နှင့်မဆို ကြည့်ကောင်းသည်။ ယနေ့တွင် ယွင်ယွီက သူ့ပေါ်၌ အလွန်နူးညံ့သည့် အပြာရောင် ဂျာကင်လေး ဝတ်ပေးထားကာ အဖြူရောင် အလုံးနှစ်လုံး တွဲလောင်းကျနေသည့် ခေါင်းအုပ်ထုပ် ဆောင်းပေးထားသည်။ မူမူကို ခေါင်းအုပ်ထုပ် ဆောင်းပေးထားလိုက်ခြင်းက သူ၏မျက်နှာလေးကို ပိုတောင်ဖြူဖွေးနူးညံ့သွားစေကာ သူ၏ စပျစ်သီးမျက်ဝန်း မျက်ဝန်းနှစ်များကို အလွန်လှပသွားစေတော့သည်။
သားသမီးအပေါ် မိခင်၏ ချစ်ခြင်းတရားက ရှိနေပြီးသား ဖြစ်၏။ မူမူက အင်မတန် ချစ်ဖို့ကောင်းနေသောကြောင့် ယွင်ယွီ၏ နှလုံးသည် အရည်ပျော်လုနီးပါး ဖြစ်သွားကာ မူမူကို ဖက်ပြီး နမ်းလိုက်တော့သည်။
မူမူကလည်း သူမအတိုင်းပင် သူမပါးကို နမ်းလိုက်လေ၏။ ယင်းက ယွင်ယွီကို အလွန်ပျော်ရွှင်သွားစေတော့သည်။ သူ့ကို မားမားဟု ခေါ်ရန် သင်ပေးထားလေ၏။ မူမူက ပါးစပ်ဟလျက် အာ... အာ... ဟူ၍ အသံမြည်ကာ ကြိုးစားပမ်းစား လေ့လာနေသည်။
ယွင်ယွီက ပြုံးလိုက်လျက် မူမူကို ပွေ့ချီကာ မနက်စာစားရန် အောက်ထပ်သို့ ခေါ်သွား၏။ အန်တီကျောက်က မနက်စာ ပြင်ဆင်ပြီးသား ဖြစ်ကာ တရုတ်စေးသီး ပါသည့် ဆန်ပြုတ်လည်း ချက်ထားကာ ဟင်းလျာနှစ်မျိုးနှင့် မူမူအတွက် ကြက်ဥပန်ကိတ်တို့ ပါ၏။ မူမူအတွက် လုပ်ပေးထားသော ဆန်ပြုတ်ကလည်း အလွန်မွှေးပျံ့နေပြီ ဖြစ်သည်။ မူမူက ဆန်ပြုတ်ကို အလွန်ပျော်ရွှင်စွာ စားနေလေ၏။ ထိုကလေးသည် လက်တလော၌ အစားအသောက်များ အားရပါးရစားပြီး မကြာခဏ စားတတ်၏။
မနက်စာစားပြီးနောက် အန်တီကျောက်သည် မူမူကို ချီလျက် ဗိုလ်ချုပ်လုံကို သွားရှာသည်။ အပြင်ဘက်၌ နှင်းကျနေသေးဆဲ ဖြစ်၏။ ထို့ကြောင့် ထီးယူရန် မလိုအပ်ပေ။ သူတို့နှစ်ယောက်လုံး အုပ်ထုပ်များ ဆောင်းထားသည်။
ယွင်ယွီက အိမ်တွင် လေ့ကျင့်ပြီးနေရင်း ဤမွန်းတည့်ချိန်၌ သူမက နေ့လည်စာစားရန် အောက်ထပ်ဆင်းသွားပြီး ယွင်မိသားစု ခြံဝင်းသို့ သွားကာ သူမ၏ အဘွားနှင့် အမေကို သွားတွေ့သည်။
ရလဒ်အနေဖြင့် တစ်စုံတစ်ခု ကြားလိုက်ရသည်။
အဘွားယွင်က ယွင်ယွီကို ဆွဲခေါ်လိုက်လျက် ပြောလိုက်သည်၏။ “ယွီအာ အဘွား သမီးကို ပြောချင်တာ တစ်ခုရှိတယ်။ ဒါပေမဲ့ နည်းနည်းထူးဆန်းနေပုံပဲ”
ရှုနင်ကျေးရွာ၌ တစ်စုံတစ်ခု ဖြစ်ပွားနေပုံပေါ်၏။ မနေ့ညက ကလေးတစ်ယောက် ရေထဲပြုတ်ကျပြီး ရေနစ်သွားသည်။
အဘွားယွင်က သက်ပြင်းချပြီး ပြောလိုက်လေ၏။ “အဘွား တစ်ခုခုမှားနေတာကို ခံစားမိတယ်။ ကလေးက ဘယ်လောက်ပဲဆိုးဆိုး ဒီလောက်အေးတဲ့ ရာသီဥတုတွင် ရေထဲပြေးမှာ မဟုတ်ဘူး။ နွေရာသီကျမှသာ ကလေးဆိုးလေးတွေက ရေဆင်းကူးရတာ သဘောကျတာ။ ဒါ့အပြင် အဲဒီကလေးက အင်မတန်လိမ်မာတယ်လို့ ကြားထားတယ်။ သူက နွေရာသီမှာတောင် ရေလောင်တမန်နား ပြေးဆော့တတ်တာ မဟုတ်ဘူး။ သူက အရွယ်ရောက်ပြီးသား ကလေး။ အသက် ၁၂ နှစ် ရှိနေပြီ။ ခြောက်တန်းကျောင်းသားလေးပဲ။ သူက အိမ်ပြန်လာချိန်တိုင်း နေ့တိုင်း အိမ်အလုပ် ကူညီပေးတာ။ မနေ့ညတုန်းက မတော်တဆဖြစ်တဲ့အချိန် သူက ညစာစားဖို့အတွက် သူ့အဘိုးအဘွားတွေကို အိမ်လာဖို့ သွားပြောတာ။ ကလေးရဲ့ အဘိုးအဘွားတွေက ဟင်းသီးဟင်းရွက်စိုက်ခင်းထဲမှာ ဂေါ်ဖီရိတ်သိမ်းနေတာလေ။ ရလဒ်ကတော့ သူတို့အဘိုးအဘွား ပြန်လာတဲ့အချိန် ကလေး သူတို့မြေးလေး ပြန်မရောက်သေးဘူးဆိုတာ သိလိုက်ရတယ်”
ကလေး အိမ်ပြန်မလာချိန်တွင် လူတိုင်းသည် အစ၌ စိတ်မပူခဲ့ပေ။ အကြောင်းမှာ ကလေးက အလွန်လိမ်မာသောကြောင့် ဖြစ်၏။ သူ အတန်းဖော်တစ်ယောက်ယောက်ကို တွေ့နေတာ သို့မဟုတ် အိမ်စာအကြောင်းမေးရန် အတန်းဖော်တစ်ယောက်အိမ်ကို သွားနေတာဖြစ်ရမည်ဖြစ် သွားနေတတ်သဖြင့် အိမ်ပြန်နောက်ကျနေတာ ဖြစ်ရမည်ဟု သူမိသားစုက တွေးခဲ့၏။
ရလဒ်အနေဖြင့် ကလေးသည် ရှစ်နာရီထိုးသည့်တိုင် ညစာစားရန် အိမ်ပြန်မလာခဲ့ပေ။ မိသားစုက စိုးရိမ်ပူပန်လာသဖြင့် သူ့ကို လိုက်ရှာဖွေတော့သည်။ သူတို့က ကလေး၏ အတန်းဖော်များအိမ်သို့ သွားပြီး သူကြားခဏသွားလေ့ရှိသည့် နေရာများသို့ သွားခဲ့သော်ငြား ကလေးကို မတွေ့ခဲ့ရပေ။ မိသားစုက ကြောက်လန့်လာကာ အကူအညီတောင်းလေ၏။ အဖြစ်အပျက်ကို ကြားပြီးနောက် ရွာသူရွာသားများသည် ကလေးကို ကူရှာပေးကြလေ၏။
186 02
ထိုအချိန်တွင် နှင်းများ ပြင်းထန်စွာကျနေပြီး တစ်ရွာလုံးက ကလေးရှာရန် ထွက်လာကြသည်။
နောက်ဆုံး၌ တစ်စုံတစ်ယောက်သည် ရေလောင်းတမံဆီ သွားကာ ရေထဲကို မီးထိုးကြည့်လိုက်၏။ ရေထဲ၌ တစ်စုံတစ်ခု မျောနေတာကို တွေ့လိုက်ရသည်။ ရွာသူရွာသားများက အမြန် သွားဆယ်လေ၏။ ယင်းက ပျောက်သွားသော ကလေးဖြစ်ပြီး သေတာကြာပြီဖြစ်သည့်အပြင် မျက်နှာက ပြာနှမ်းနေပြီ ဖြစ်သည်။ ကလေး၏ မိသားစုများက မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာလျက် ငိုကြွေးနေလေ၏။ ရွာသူရွာသားများက သက်ပြင်းချလိုက်ပြီး လူတစ်ယောက်က မပြောဘဲ မနေနိုင်တော့ပေ။
“ ဒီလောက်နောက်ကျနေမှ သူရေလောင်းတမံကို ဘာလို့သွားတာလဲ”
လူတို့သည် ဤရေလောင်းတမံထဲ မကြာခဏ ရေနစ်လေ့ ရှိသောကြောင့် မည်သူမှ ဘာမှမပြောခဲ့ပေ။ နွေရာသီတိုင်းတွင် မလိမ်မာသည့် ကလေးများနှင့် လူငယ်များက သူတို့ ရေလောင်းတမံထဲ ရေကူးနိုင်သည်ဟု တွေးကြကာ အမြဲတစေ သွားလေ့ရှိ၏။
သို့သော် ရေက ရက်စက်သည်။ လူများစွာသည် ရေအောက်စီးကြောင်းနှင့် တွေ့ကြုံသောကြောင့် သို့မဟုတ် ခြေထောက် ကြွက်တက်သောကြောင့် ရေလောင်းတမံထဲ သေဆုံးခဲ့ကြလေ၏။ သို့သော် အများစုက နွေရာသီ၌ ဖြစ်ခဲ့သည်။ ရေနစ်နေတာ ရေနစ်တာ ပုံမှန်ပဲ ဖြစ်၏။ ဆောင်းရာသီ၌ အရက်မူးသမားတစ်ယောက်သည် ရေလောင်းတမံနား ဖြတ်သွားရာ၌ လိမ့်ကျပြီး သေသွားသည့် ဖြစ်ရပ်တစ်ခုသာ ရှိသည်။
ရေလောင်းတမံ တည်ဆောက်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးချိန်မှ စတင်ပြီး ဆောင်းရာသီ၌ အရက်မူး၍ ရေထဲပြုတ်ကျသူမှအပ မတော်တဆ ဤကလေး ဤရေနစ်သည့် ကလေးက ဒုတိယမြောက် ဖြစ်သည်။
ပြဿနာက ကလေးက အလွန်လိမ်မာသည်။ ဤကဲ့သို့ ရာသီဥတုတွင် မဆိုးထားနှင့် ကလေးက ရေထဲ၌ ဆော့ကစားဖို့ ဆိုတာ မဖြစ်နိုင်ပေ။ ထို့သို့ဆိုလျှင် အဘယ်ကြောင့် ဤနေရာသို့ ရောက်လာပြီး ရေနစ်သွားသနည်း။
လူတချို့က ကလေး အသတ်ခံရတာဖြစ်မည်ဟု သံသယဝင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က ရဲခေါ်လိုက်ရာ ရဲများ ညတွင်းချင်း ရောက်လာပြီး နောက်ဆုံး၌ ကလေး၏ အလောင်းကို စခန်းသို့ သယ်သွားလေ၏။ စစ်ဆေးပြီးနောက် ကလေးသည် မသေခင် ရုန်းကန်မှု မရှိကြောင်းနှင့် ရိုးရိုးရေနစ်သေကြောင်း ပြထားသည်။ သို့သော် သူ ရေနစ်နေချိန်တွင်တော့ မရုန်းကန်ထားချေ။ မည်သည့် ခုခံမှုမှ မရှိဘဲ ရေထဲဆင်းသွားကာ သူ့ပါးစပ်နှင့် နှာခေါင်းထဲ ရေများ ဝင်ခွင့်ပေးထားတာ ဖြစ်၏။ ယင်းက ထူးဆန်းလွန်းသည်။
နောက်ဆုံး၌ အလောင်းခွဲစိတ် စစ်ဆေးလိုက်သည့် အချိန်တွင် မည်သည့်ဆေးမှ မတွေ့ရပေ။ သူသည် တစ်စုံတစ်ယောက်ဆီမှ ဆေးခတ်ခံရပြီး ရေထဲပစ်ချ ခံရတာ မဟုတ်ပေ။
နောက်ဆုံး၌ အဖြေက သတ်သေခြင်းပဲ ဖြစ်သည်။
ဖြစ်နိုင်စရာအကြောင်းမရှိပေ။ ကလေးသည် သရဲခြောက်လှန့်တာ ခံရပြီး ရေနစ် သေသွားသည်ဟု မဆိုနိုင်ပေ။ ယင်းကို သတင်းတင်ပြချက်တွင် ထည့်ရေး၍မရ။
အဘွားယွင်က ပြောပြီးနောက် သက်ပြင်းချလိုက်လေ၏။ “ အဘွား ဒီနေ့ဆိုင်မှာ အလုပ်များနေတုန်း စားသုံးသူတွေဆီက ပြောတာကို ကြားမိတာ။ ကလေးမိဘတွေက ပြိုလဲနေပြီး စားသုံးသူတွေ ပြောတာတော့ ကလေးက သေချာပေါက် သတ်သေမှာ မဟုတ်ဘူးတဲ့။ ဒါပေမဲ့ တစ်ခုခုတော့ ရှိရမယ်။ ရေလောင်းတမံထဲမှာ တစ်ခုခုရှိရမယ်လို့ သူတို့ပြောနေတယ်။ ဒါကြောင့် သမီးကို အဘွား ပြောပြတာ”
တကယ်တော့ အဘွားယွင်သည် သူ၏ မြေးမလေး ဤသို့လုပ်တာကို ခွင့်ပြုခဲ့ခြင်း မရှိသော်ငြား သူမမြေးမလေးသည် အရွယ်ရောက်ပြီ ဖြစ်၏။ သူမ သန်မာကြောင်း မြင်တွေ့ပြီးနောက် ဤလမ်းကြောင်းကို မြေးများ နှစ်သက်ကြောင်းလည်း တွေ့ခဲ့ရသည်။ ထို့ကြောင့် သူမ ကန့်ကွက်ခဲ့ခြင်း မရှိချေ။ ယခုမူ ကလေးတစ်ယောက်သည် မကောင်းဆိုးဝါးဝိညာဉ်ကြောင့် သေသွားနိုင်ကြောင်းကို သူမ နားနှင့် သေချာကြားခဲ့ရ၏။ ထို့ကြောင့် မည်ကဲ့သို့ စိတ်မထိခိုက်ဘဲ နေမည်နည်း။ အရွယ်မရောက်သေးသော ကလေးအတွက်လည်း သူမ စိတ်မကောင်းဖြစ်မိ၏။ ထို့ကြောင့် သူမမြေးမလေးက တစ်စုံတစ်ခု ရှိမရှိ စစ်ဆေးရန် ရေလောင်းတမံသို့ သွားကြည့်ပေးဖို့ မျှော်လင့်မိသည်။
ယွင်ယွီကလည်း သူမအဘွား ဆိုလိုတာကို သဘောပေါက်ပြီး သူမအဘွားလက်ကို ကိုင်ကာ ညင်သာစွာ ပြောလိုက်လေ၏။ “စိတ်မပူပါနဲ့ ဖွားဖွား။ သမီး ခဏနေရင် သွားကြည့်လိုက်မယ်”
သူမသည် ရေလောင်းတမံ၌ တစ်စုံတစ်ခု ရှိရမည်ဟု ခန့်မှန်းမိပြီးသား ဖြစ်သည်။
186 03
အဘွားယွင်က သူမမြေးလေးကို စကားခေါ်ပြောပြီးနောက် သူမရင်ထဲ စိုးရိမ်မှုများ ပြည့်နေတော့သည်။
ရွှေမိသားစု ခြံဝင်းထဲမှ ထွက်လာပြီးနောက် ယွင်ယွီသည် မှောင်မိုက်နေသော ကောင်းကင်နှင့် ကျဆင်းနေသည့် နှင်းများကို မော့ကြည့်လိုက်၏။
ချင်ယွီစွေသည် ယွင်ယွီကို ရှုနင်ကျေးရွာရှိ ရေလောင်းတမံဆီသို့ ပို့ပေးသည်။ ရေလောင်းတမံက အလွန်ကြီးပြီး နက်ကာ အရံအတားများ ရှိပြီး ရေကူးခြင်းသည် အင်မတန် အန္တရာယ်များကြောင်း တားမြစ်ထားသည့် ဆိုင်းဘုတ်တစ်ခုတောင် ရှိနေသေး၏။ သို့သော်ငြား သေလမ်းရှာလိုသည့် လူတချို့က ရှိနေသေးသည်။ ထို့ကြောင့် လူများစွာသည် နွေရာသီ၌ ရေလောင်းတမံထဲ ရေဆင်းကူး၏။ တစ်စုံတစ်ယောက် နှစ်အနည်းငယ် နီးပါး၌ တစ်စုံတစ်ယောက် မတော်တဆ ဖြစ်ပွားလေ့ရှိတာ ပုံမှန်လိုပင်။
သို့သော် မနေ့ညတုန်းက ကလေးသည် အပြစ်ကင်းသည့် အကြောင်းအရင်းမှာ ယွင်ယွီသည် ရေမျက်နှာပြင်ပေါ်၌ အနက်ရောင် မြူရေဝဲနေသော ရက်စက်သော အငွေ့အသက်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ရေထဲ၌ တစ်စုံတစ်ခု ရှိနေ၏။
ယွင်ယွီ သက်ပြင်းချမိသွားသည်။ ကိစ္စရပ်များက လက်တလော၌ တကယ် အလွဲမကူဖြစ်လာသည်။ ဆိုရုံသည် မကောင်းဆိုးဝါးသတ္တဝါများစွာ နေရာအနှံ့ ပေါ်လာ၏။ သူတို့ကို မည်သူ လွှတ်ပေးလိုက်သနည်း။ သူတို့သည် လူ့လောကသို့ မည်ကဲ့သို့ ထွက်လာသနည်း။
ယွင်ယွီသည် သူမဘေးရှိ အရပ်မြင့်မြင့်လူငယ်ကို လှည့်ပြောလိုက်၏။
“ ရေလောင်းတမံထဲမှာ တစ်ခုခုရှိနေတယ်။ ရေသရဲ ဖြစ်လောက်တယ်။ မနေ့တုန်းက ကလေးက ရေသရဲ လှည့်စားတာ ခံရတာပဲ ဖြစ်မယ်။ ဒါကြောင့် သူ့ရေလောင်းတမံထဲ ခုန်ဆင်းသွားပြီး ရေနစ်သွားတာ”
ရေသရဲတို့သည် ဓားစာခံသရဲအမျိုးအစား ဖြစ်၏။ ဓားစာခံသရဲ အမျိုးအစားများစွာ ရှိပြီး ဆွဲကြိုးချသရဲ၊ ရေသရဲ၊ ကလေးသရဲကလည်း ဓားစာခံသရဲမျိုး ဖြစ်သည်။ သူတို့အားလုံးသည် သူတို့က အစားထိုး ရှာဖွေခြင်းဖြင့် ပြန်လည်မွေးဖွားနိုင်မည်ဟု ယုံကြည်နေကြသည်။ သရဲများဖြစ်ကာ သူတို့၏ သဘာဝကို တဖြည်းဖြည်းချင်း ဆုံးရှုံးသွားပြီး လူတို့ကို အန္တရာယ်သာ ပေးတတ်သည့် မကောင်းဆိုးဝါး ဝိညာဉ်များ ဖြစ်လာတော့သည်။
ရေတစ္ဆေနှင့် ရေသရဲကြား ကွာဟချက်ရှိပေ၏။ ရေတစ္ဆေသည် သာမန်ရေနစ်ပြီး သေသွားကာ ရေသရဲကမူ မတော်တဆ ရေထဲပြုတ် မတော်တဆ ရေသရဲ စတေးခံရပြီး သေသွားသည့် သရဲများ ဖြစ်၏။ သူတို့က အစားထိုးကံများ ရှာသည်။ ပြောရမည်ဆိုလျှင် ရေသရဲ ဖြစ်စေ၊ ရေသရဲ ဖြစ်စေ၊ အားလုံးက ထိုလူကို စိတ်ရှုပ်ထွေးသွားစေရန်အတွက် လူတစ်ယောက်တည်း ဖြစ်သွားချိန် ထိုလူကို စိတ်ရှုပ်ထွေးသွားစေရန် လှည့်စားပြီးနောက် သူတို့ကို ရေထဲခုန်ဆင်းလာအောင် ခေါ်၏။
ယခုသူမ ချင်ယွီစွေနှင့် ရှိနေသောကြောင့် ထိုအရာက ထွက်မလာရဲချေ။
ယွင်ယွီက ပြောလိုက်၏။ “ယွီစွေ ကျွန်မတို့ အနားတစ်ဝိုက် လှည့်ကြည့်ကြရအောင်။ အဲဒါကို ရှာတွေ့မလား ကြည့်ရမယ်”
“ ဟုတ်ပြီလေ။ ကိုယ် မင်းနဲ့ လိုက်ပေးမယ်။ သိပ်စိတ်မပူနဲ့”
နှစ်ယောက်သား ရေလောင်းတမံနား လျှောက်သွားလိုက်၏။ သူတို့သည် လူသူကင်းမဲ့သော နေရာကို တွေ့ရချိန်၌ ယွင်ယွီသည် မျက်မှောင်ကြုတ်မိသွားလေ၏။ သူမသည် လူရွယ်တစ်ယောက်က ရေလောင်းတမံထဲ ရေလောင်းတမံ၏ အလယ်တွင် ရပ်စက်ကြမ်းကြုတ်သည့် ပုံစံဖြင့် ရေသရဲတစ်ကောင် ရှိနေသည်။ ရေသရဲက ပိန်ပါပြီး မျောက်တစ်ကောင်နှင့် ဆင်တူသော်ငြား ထူးဆန်းသည့် လူမျက်နှာ ရှိ၏။ ၎င်းသည် လူရွယ်ကို စိတ်ရှုပ်ထွေးအောင် လုပ်ပြီး သူ့ကို ရေလောင်းတမံထဲ ဆင်းလာကာ ရေနစ်စေရန် လှည့်စားထားတာ ဖြစ်ရမည်။
ယွင်ယွီသည် စကားတစ်ခွန်းမှ မပြောဘဲ လက်ညှိုးကို ထိုးညွှန်လိုက်ပြီးနောက် ဝိညာဉ်စွမ်းအင်တစ်စ ထုတ်လိုက်၏။ သူမ ဝိညာဉ်စွမ်းအင်သည် အင်မတန်သန့်စင်ပြီး မကောင်းဆိုးဝါးများအားလုံးကို ကြောက်ရွံ့စေ၏။ ရေသရဲသည် ဝိညာဉ်စွမ်းအင်နှင့် ထိမိလျှင် ထိမိချင်း စူးစူးရှရှ အော်လိုက်လေ၏။ ၎င်းအသံသည် ကလေးတစ်ယောက်အသံကဲ့သို့ စူးရှသည်။ ၎င်းသည် ခဏတစ်ဖြုတ်သာ တောင့်ခံနိုင်ခဲ့ပြီး ခဏအကြာ၌ ရေမျက်နှာပြင်၌ ပျောက်ကွယ်သွားပြီးနောက် ယွင်ယွီကြောင့် ပြိုကွဲသွားတော့သည်။
“ ဦးလေး ဒီမှာ ဘာလုပ်နေတာလဲ”
ယွင်ယွီသည် ရေလယ်ခေါင်အထိ လျှောက်သွားကာ ရေက ရင်ဘတ်နားထိ ရောက်လုနီးပါ ဖြစ်နေသော လူရွယ်ကို ဆူငေါက်လိုက်၏။
186 04
လူရွယ်သည် ရုတ်တရက် အသိစိတ်ကပ်လာကာ ပတ်ဝန်းကျင်ကို တအံ့တဩ ကြည့်လိုက်၏။
“ ဘာ... ဘာတွေ ဖြစ်နေတာလဲ”
သူသည် ကမ်းစပ်သို့ အမြန်လျှောက်လာပြီး ယွင်ယွီဆီ ရောက်သောအခါ တုန်တုန်ရင်ရင်ဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။ “ ငါ... ငါ... ငါ အစောတုန်းက ရေထဲမှာ မဟုတ်ဘူး ထင်နေတာ။ သာမန်လမ်းပဲပေါ့။ အဲဒီမှာ ကလေးတစ်ယောက် ငိုသံကြားလို့ သွားကြည့်တာ”
သူသူ နောက်ထပ်ဖြစ်သွားတာကို ရှင်းရှင်းလင်းလင်း မသိပေ။ မိန်းကလေးက သူ့ကို ပြန်ခေါ်ပြီး အသိစိတ်ကပ်လာချိန်၌ သူ ရေလောင်းတမံ အလယ်သို့ လျှောက်နေတာကို သတိဝင်သွား၏။
လူရွယ်သည် ရှုနင်ကျေးရွာမှ ဖြစ်၏။ သူသည် မနေ့ညတုန်းက ကလေးကို ကူညီရှာဖွေပေးခဲ့သူ ဖြစ်သည်။ ကလေးက သူနှင့်တူညီသော အခြေအနေ တွေ့ကြုံခဲ့တာ ဖြစ်ရမည်ဟု ယုံကြည်သွားလေ၏။
ကလေးက အလွန်လိမ်မာပြီး ချစ်စဖွယ်ကောင်းသည်။ ထိုကလေးသည်လည်း သူနှင့်တူညီသော အခြေအနေကို တွေ့ကြုံခဲ့တာပဲ ဖြစ်မည်။ ရေလောင်းတမံထဲ၌ ငိုသံပေါ်ထွက်ပြီး ကလေးတစ်ယောက်သွင်ပြင်ဖြင့် သွေးဆောင်ဖြားယောင်းပြီး သူတို့ကို လှည့်စားနေသည့် သူ ရှိရမည်။
အဲဒါ ရေသရဲ မဟုတ်လား။
လူရွယ်သည် ရေထဲ ဖြတ်လျှောက်ခဲ့ရသဖြင့် တုန်ရင်နေတော့သည်။
ယွင်ယွီက သက်ပြင်းချလိုက်တော့၏။ “အစောတုန်းက ရေသရဲက ဦးလေးကို စိတ်ရှုပ်ထွေးအောင်လုပ်ပြီး အစားထိုးဖို့ နေ လူလိုချင်နေတာ”
“ ဒါဆို အဲဒီရေသရဲ ဘယ်မှာလဲ”
လူရွယ်၏ မျက်နှာက ဖြူဖျော့သွား၏။ “ ရေလောင်းတမံထဲမှာ ရေသရဲ ရှိနေပြီး လူတွေကို စိတ်ရှုပ်ထွေးအောင် လုပ်နေတယ်။ နောင်ကျ ရွာထဲက လူတွေ ဘယ်လိုလုပ်မလဲ”
“ စိတ်မပူပါနဲ့။ ရေသရဲကို ဖြေရှင်းပြီးပြီ။ အိမ်ပြန်ပြီး အဝတ်အစားလဲသင့်ပြီ”
ယွင်ယွီသည် ရေနောင်တမံနားရှိ မကောင်းဆိုးဝါးအငွေ့အသက်က ပျောက်ပါးပြီး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတာကို တွေ့လိုက်ရ၏။
ယခုအချိန်တွင် ရေလောင်းတမံ၌ ရေသရဲတစ်ကောင်သာ ရှိလိမ့် ရှိလောက်မည်။
လူရွယ်က ငြိမ်သက်သွားလေ၏။ ဒီမိန်းကလေးက ဘယ်သူလဲ။ ရေသရဲကို ဖြေရှင်းလိုက်တယ်လို့ ပြောတာလား။ သူ အစောတုန်းက ကလေးတစ်ယောက်ရဲ့ ဆိုးဆိုးရွားရွားအော်သံကို ကြားလိုက်ရတာ အံ့ဩစရာ မရှိဘူးပဲ။ ဒီမိန်းကလေးက ရေသရဲကို သတ်လိုက်တာပဲ။ နေပါဦး။ လူရွယ်၏ မျက်လုံးက ပြူးကျယ်သွားလေ၏။
“ မင်း... မင်းက ဟယ်ချင်းကျေးရွာက ဆရာသခင်ယွင်လား”
သူတို့သည် တစ်ရွာတည်းသားများ မဟုတ်သော်ငြား ရွာနီးစပ်မှ လူတို့သည် ဟယ်ချင်းကျေးရွာမှ ဆရာသခင်ယွင်၏ အမည်ကို ကြားဖူးသည်။ သူမသည် ငယ်ရွယ်ပြီး လှပကာ အရည်အချင်းရှိသည်။ မကောင်းဆိုးဝါးများကို ဖြေရှင်းရာ၌ တော်ပြီး လူတို့ကို ဖုန်းရွှေပညာဖြင့် ကူညီပေးကာ သင်္ချိုင်းရှာပေးတတ်၏။ သူမ မတတ်နိုင်သည့် အရာမရှိပေ။ တကယ်တော့ သူမကြောင့် ဟယ်ချင်းကျေးရွာသည် ဝိညာဉ်စွမ်းအင်များ ပြည့်ဖြိုးနေပြီး ဒေါင်းများကတောင် ထိုနေရာ၌ လာရောက်ကျက်စား၏။
ရွာနီးစပ်မှ လူတို့သည် ဟယ်ချင်းကျေးရွာရှိ လူတို့ကို အင်မတန် အားကျနေလေ၏။ ပျံ့နှံ့နေသည့် ကောလာဟလများစွာ ရှိသော်ငြား တိုးတိုးတိတ်တိတ်သာ ပြောရဲပြီး ပွင့်ပွင့်လင်းလင်း မပြောရဲချေ။ ဆိုရလျှင် လူများစွာက ဖုန်းရွှေပညာရှင်များကို အတော်လေး ကြောက်ရွံ့နေသေး၏။
ယွင်ယွီက ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။ “ နောင်ကျ ရွာထဲ ဘာမှ တစ်ခုခု မူမမှန်တာရှိရင် ဟယ်ချင်းကျေးရွာဆီ လာပြီး အကူအညီတောင်းလို့ရတယ်။ ရာသီဥတုက အေးနေတာ။ အဝတ်အစား အမြန်ပြန်ပြီး အဝတ်အစား လဲသင့်ပြီ”
ထို့အပြင် သူမက ဤနေရာတွင် နေကာ မနေ့တုန်းက မတရားတဖြင့် သေဆုံးသွားသည့် ကလေး၏ ဝိညာဉ်အတွက် ဆုတောင်းပေးချင်သည်။
186 05
လူရွယ်က အလွန်စိတ်လှုပ်ရှားနေကာ ခေါင်းညိတ်လိုက်၏။ “ ဟုတ်... ဟုတ်ပြီလေ။ ဆရာသခင် ကျွန်တော် အခုချက်ချင်း ပြန်သွားလိုက်မယ်။ ခုနတုန်းက အသက်ကယ်ပေးတာ ကျေးဇူးတင်ပါတယ်”
လူရွယ်သည် တုန်တုန်ရင်ရင် ထွက်သွားပြီးနောက် အဖြူရောင် ရေလောင်းတမံနား၌ ယွင်ယွီက ရပ်နေပြီး ရေလောင်းတမံ၌ မတရားသဖြင့် သေဆုံးသွားရသည့် ဝိညာဉ်တို့အတွက် စတင်ဆုတောင်းပေး၏။
သူမမျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် ရေမျက်နှာပြင်ပေါ်၌ မကောင်းဆိုးဝါး အငွေ့အသက် မရှိတော့ချေ။ ထို့ကြောင့် ချင်ယွီစွေဆီ ပြန်လာ၏။
++++++