← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အပိုင်း 187

အိမ်သို့ ပြန်လာပြီးနောက် ယွင်ယွီသည် အဘွားယွင်ဆီ စကားသွားပြောကာ ရေလောင်းတမံရှိ ပြဿနာကို ဖြေရှင်းပြီး ဖြစ်၏။ ဖြေရှင်းပြီး ဖြစ်ကြောင်းနှင့် ရေသရဲ ပြဿနာရှာတာ ဖြစ်ကြောင်း ပြောခဲ့၏။

အဘွားယွင်က သက်ပြင်းချမိသွားတော့သည်။

ညမှောင်နေပြီ ဖြစ်ကာ ယွင်ယွီသည် ညစာစားရန် ခြံဝင်းထဲတွင် နေခဲ့လေ၏။ လက်တလော၌ ကိစ္စရပ်များ မငြိမ်သက်ခြင်းကြောင့် လူတိုင်း ဘေးကင်းမှုကို အာရုံစိုက်သင့်ကြောင်း သူမမိသားစုဝင်များကို ပြောခဲ့သည်။ သို့သော် သူမမိသားစု၌ သူတို့အား ပေးထားသည့် ကျောက်စိမ်းအဆောင် ရှိနေပြီး ယင်းက သူတို့ကို ကာကွယ်ပေးနိုင်ကာ သာမန်မကောင်းဆိုးဝါးများကို ကြောက်ရွံ့စရာမရှိပေ။ ထို့ကြောင့် ယွင်ယွီ အနည်းငယ် စိတ်အေးလက်အေး နေနိုင်သည်။

ညစာစားပြီးနောက် သူတို့ စုံတွဲသည် မူမူကို အိမ်သို့ ခေါ်သွားသည်။

ယွင်ယွီ ရေမိုးချိုးပြီးနောက် မူမူပုံ ချင်ယွီစွေက ချော့သိပ်နေပြီ ဖြစ်သည်။ ယွင်ယွီက ထိုအကြောင်း တွေးမိပြီးနောက် လုံချီရှောင်ဆီ ဆက်သွယ်ရန် ပြတင်းပေါက်နား သွားလိုက်၏။ သူက အထူးဌာန၏ ဒါရိုက်တာ ဖြစ်သောကြောင့် ဤအခြေအနေကို သူမထက် ပိုသိလိမ့်မည်။ လက်တစ်လော သူတော်စင်သားတော် အကြောင်း သတင်းရမရ သူမ သိချင်မိ၏။

တစ်ဖက်မှ ဖုန်းဖြေလာရန် စက္ကန့်အနည်းငယ် ကြာသွားပြီး လုံချီရှောင်၏ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော အသံက တစ်ဖက်မှ ပေါ်ထွက်လာ၏။ “ ရှောင်ယွီအာလား”

ယွင်ယွီသည် ဖြူဖွေးနေသော ကောင်းကင်ကြီးကို မော့ကြည့်ပြီးနောက် ပြောလိုက်၏။ “ အစ်ကိုဝမ်းကွဲ ကျွန်မပါ။ လက်တစ်လော မူမမှန်တဲ့ ကိစ္စတွေ ရှိလားမေးချင်လို့။ ပြီးတော့ သူတော်စင်သားတော်ရဲ့ သတင်းအကြောင်း ကြားသေးလား”

ရေမြိုချသံ ကြားလိုက်ရ၏။ လုံချီရှောင်က ရေသောက်နေတာပဲ ဖြစ်မည်။ သူက ပြောလိုက်၏။ “ သူတော်စင်သားတော် သတင်းအကြောင်း သတင်းမရသေးဘူး။ ပြီးတော့ ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးကိစ္စလည်း သေချာမသိရသေးဘူး။ လက်တလောမှာ ဖြစ်သွားတဲ့ ကိစ္စတွေက အများကြီးပဲ။ သူတော်စင်သားတော်နဲ့ မသက်ဆိုင်လောက်ဘူး။ မကောင်းဆိုးဝါးဝိညာဉ်တွေ အများကြီး တရုတ်နိုင်ငံရဲ့ နေရာအနှံ့မှာ ပေါ်လာတယ်။ သူတို့တွေက တစ္ဆေဂိတ်ကနေ ထွက်ပြေးလာတာ ဖြစ်မယ်။ သရဲဂိတ်ပွင့်လာတာ မူမမှန်ဘူး။ ဒါကြောင့် မကောင်းဆိုးဝါးသတ္တဝါတွေ အများကြီး ထွက်ပြေးလာကြတယ်။ ဝူချန်းပြောဖူးတာတော့ အင်မတန် အစွမ်းထက်တဲ့ မိစ္ဆာကျင့်ကြံသူက မြေအောက်လောကကို သိပ်မကြာသေးခင်က သွားပြီး မြေအောက်လောကတံခါးကို ဖွင့်ခဲ့တယ်တဲ့။ ဒါကြောင့် အခု မြေအောက်လောကက ပရမ်းပတာ ဖြစ်နေပြီး ဝူချန်းကလည်း အလုပ်များနေတော့ သူတို့ သွေးအန်လုနီးပါး ဖြစ်နေပြီ။ ပြီးတော့ မြေအောက်လောကရဲ့ သရဲအရာရှိတွေလည်း အလုပ်များနေတာ”

မကောင်းဆိုးဝါးကျင့်ကြံသူလား။

ယွင်ယွီ မျက်မှောင် ကြုတ်မိသွားလေ၏။ ထိုကျင့်ကြံသူတို့၏ လမ်းစဉ်က အင်မတန်ခက်ခဲပြီး မကောင်းဆိုးဝါးထက်တောင် ပိုခက်ခဲသည်။ မိစ္ဆာထက်တောင် ပိုခက်ခဲသည်။ ထိုထက် ပိုခက်ခဲသည်က ဆန္ဒရှိသလို ဂိတ်ကို ဖွင့်နိုင်တာပဲ ဖြစ်၏။ မည်ကဲ့သို့သော မကောင်းဆိုးဝါး ကျင့်ကြံသူက ထိုမျှ အစွမ်းထက်သနည်း။

သူမ ကျိုးဝူချန်း အကြောင်းလည်း သိသည်။

ယခင်ဘဝ၌ မြေအောက်လောကကို ကူညီပေးသည့် သာမန်လူတစ်ယောက်၏ ဝိညာဉ်ကို တွေ့ခဲ့ဖူးသည်။ မြေအောက်လောက၌ သတင်းပို့သူ မလုံလောက်သောကြောင့် ထိုလူ ပေါ်လာတာ ဖြစ်၏။

187 02

လုံချီရှောင်က အထူးဌာနထဲ၌ အဆက်အသွယ်ရှိတာ ဖြစ်ရမည်။ ထို့ကြောင့် ကျိုးဝူချန်းကို သူသိတာ ပုံမှန်ပဲ ဖြစ်သည်။

“ ရှောင်ယွီအာ လက်တစ်လောမှာ သရဲတွေ အများကြီး တွေ့ကြုံနေရလား”

လုံချီရှောင်က မေးလိုက်သည်။

ယွင်ယွီက ခေါင်းညိတ်ပြီး ပြောလိုက်လေ၏။ “ရေသရဲတွေ့တယ်။ ကလေးသရဲတွေ့တယ်” သရဲတံခါးပွင့်သွားခြင်းက ပုံမှန်မဟုတ်ပေ။ လက်တလော၌ မကောင်းဆိုးဝါးများစွာ တွေ့နေရ၏။

လုံချီရှောင်က ပြောလိုက်သည်။ “တွေ့ရင် ကူညီဖြေရှင်းပေးပါဦး။ အထူးဌာနက လက်တစ်လောမှာ ဒီကိစ္စနဲ့ အလုပ်များနေပြီး အနားယူဖို့ အချိန်မရှိဘူး။ ငါလည်း ခဏလေးပဲ နားရသေးတယ်။ ဒီညလည်း အချိန်ပိုလုပ်ရမှာ”

ရွှမ်းမင်ဂိုဏ်းအသီးသီး၏ ခေါင်းဆောင်များကတောင် သူတို့တပည့်များကို စောင့်ကြည့်ခိုင်းထားသည်။ လူတိုင်းသည် လူ့လောကသို့ ထွက်ပြေး လွတ်မြောက်လာကြသည့် မကောင်းဆိုးဝါးများကို ဖြေရှင်းရန် အတူတကွ ပူးပေါင်းဆောင်ရွက်နေကြသည်။

ယွင်ယွီက အင်းဟု ဖြေလျက် ဖုန်းချတော့မည် အချိန်တွင် လုံချီရှောင် ရုတ်တရက် ပြောလိုက်၏။ “ဘိုးဘေးရဲ့ မက်ဆေ့ချ်ကို ဖတ်ကြည့်ပြီးပြီ။ သူငယ်ရွယ်စဉ်တုန်းက သရဲဂိတ် ဖွင့်လာတဲ့အကြောင်း တွေ့ကြုံခဲ့ဖူးတယ်။ အဲဒီတုန်းက ရွှမ်းမင်ဂိုဏ်းက လူတွေကို ခေါ်ပြီး မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖယ်ရှားခဲ့တာ။ ဒီတစ်ခေါက် သရဲဂိတ် ပွင့်တာကလည်း အဲဒီမကောင်းဆိုးဝါးကျင့်ကြံသူ လုပ်တာပဲလားမသိဘူး။ သေစမ်း။ သူတော်စင်သားတော်ကိစ္စ မဖြေရှင်းရသေးဘူး။ နောက်ထပ် မကောင်းဆိုးဝါးကျင့်ကြံသူက ပေါ်လာပြီ”

ယွင်ယွီလည်း သက်ပြင်း ချချင်သွား၏။

“ အစ်ကိုဝမ်းကွဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အားလုံး ဖြေရှင်းပြီးတာနဲ့ ဒီမှာ လာအနားယူပါဦး”

လုံချီရှောင်က ပြုံးပြီး ပြောလိုက်၏။ “ကောင်းပြီ။ အလုပ်ပြီးရင် မူမူကို လာတွေ့မယ်။ နှစ်သစ်ကူးပြီးလောက် ဖြစ်လောက်တယ်။ မူမူလည်း အဲ့ဒီအချိန်ကျ တစ်နှစ်ပြည့်ရောပေါ့” သူ၌ ကလေးမရှိသော်ငြား မူမူကို အလွန်ချစ်မြတ်နိုးသည်။

ဖုန်းချပြီးနောက် ချင်ယွီစွေသည် သူမကို ပွေ့ချီလာပြီး နှဖူးကို နမ်းလိုက်လေ၏။ “အိပ်ရာစောစောဝင်”

တကယ်တော့ သူသည် ရွှမ်းမင်ဂိုဏ်းသို့ မဝင်ခဲ့မည်သာ အမှားကြီးတစ်ခု ဖြစ်လိမ့်မလားဟု တွေးမိသွားသည်။ သူမကို မကူညီနိုင်ချေ။ ကိစ္စရပ်များ ဖြစ်ပျက်နေတာကို သူကြည့်နေရုံသာ တတ်နိုင်၏။ သူတတ်နိုင်သည့် တစ်ခုတည်းသော အရာက ဧည့်ကိစ္စများ ဖြေရှင်းပေးခြင်းနှင့် အပန်းဖြေစခန်းကိစ္စ၊ တောင်ပေါ်ကိစ္စများကို ဖြေရှင်းပေးတာပဲ ဖြစ်သည်။ သူရွေးထားတဲ့လမ်း မှားနေပြီလား။ သရွှမ်းမင်ဂိုဏ်းထဲ ဝင်ခဲ့မယ်ဆိုရင် သူနဲ့အတူ အရာရာတွေကို တိုက်ခိုက်နိုင်မှာ။

187 03

သို့သော် သူ၏ ဘိုးဘေးသည် သူအား ရွှမ်းမင်ဂိုဏ်းထဲ ဝင်ခွင့်မပြုရသည့် အကြောင်းအရင်း ရှိရမည်ဟု ခံစားမိသည်။

ထို့ကြောင့် ယခုအချိန်တွင် ဤကဏ္ဍ၌ ယွင်ယွီကို မကူညီနိုင်သဖြင့် သူမကို စိုးရိမ်ပူပန်စေသည့် ကျန်သည့် ကိစ္စများကို ကူညီဖြေရှင်းရုံသာ ရှိသည်။

ယွင်ယွီက သူ့ပခုံးကို ဖက်ထားလျက် ကပ်မိထားသည့် သူ၏ စိတ်နှလုံးက ပျော့ပျောင်းသွား၏။ သူ သူမကလေးနှင့် သူမမိသားစု ဘေးကင်း လုံခြုံနေသရွေ့ ဤကမ္ဘာပေါ်၌ သူမကို ခြောက်ခြားစေသည့် အရာရှိမှာ မဟုတ်ဟု ယုံသည်။ သူမ ချစ်မြတ်နိုးရသည့် လူတို့ အဆင်ပြေနေသည်။ ဤဘဝ၌ သူမ သူတို့ကို ကာကွယ်မှာပဲ ဖြစ်သည်။

တစ်ပတ်လုံး နှင်းများ သည်းထန်စွာကျနေလေ၏။

အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားများ ဟယ်ချင်းကျေးရွာ၌ ပိတ်မိနေသော်ငြား ပတ်ဝန်းကျင်ရှိ ရှုခင်းက အလွန်လှပပြီး လူတိုင်းက အတော်လေး ပျော်ရွှင်နေကြသည်။ ယွင်ယွီက ဒေါင်းနှစ်ကောင်ကို တမင်တကာ သွားတွေ့လေ၏။ သူမသည် သူတို့အတွက် ယခင်က သစ်သားအိမ် သစ်သားအိမ် ဆောက်ခိုင်းထားပြီး သူတို့ဆောင်းရာသီ၌ အေးနေမှာကို စိုးရိမ်ခဲ့သည်။ သိပ်မကြာသေးခင်ကမှ သစ်သားအိမ်ကို အထဲ၌ ကောက်ရိုးခင်းထား၏။ ထို့ကြောင့် သူတို့ ဆောင်းရာသီ၌ အေးနေမှာကို စိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။

ယွင်ယွီသည် ဤဒေါင်းနှစ်ကောင်ကို နာမည်ပေးထားပြီး တစ်ကောင်က ရှောင်ချွေးဖြစ်ပြီး ကျန်တစ်ကောင်က ရှောင်လုဟု ခေါ်သည်။ ယွင်ယွီသည် သူတို့၏ လိင်အမျိုးအစားကို မသိသေးပေ။

တစ်ခါတလေ သူမ လမ်းလျှောက်ရန် ဝါးတောအုပ်သို့ သွား၏။ သူမ ဝင်သွားချိန်၌ ရှောင်ချွေးနှင့် ရှောင်လုဟု ခေါ်လိုက်သောအခါ သူတို့နှစ်ကောင်က အမြန်ထွက်လာပြီး သူမကို ပွတ်သပ်ကြလေ၏။ ကျန်သည့်သူများအဖို့ ထိုကဲ့သို့ အကျိုးခံစားခွင့်ကို တစ်ခါမှ မရဖူးပေ။

တစ်ပတ်ကြာပြီးနောက် နှင်းများ စတင်အရည်ပျော်လာ၏။ မနက်ခင်း နိုးလာချိန်၌ လှပသည့် ပုလဲများ ရှိနေသည်။

လက်တလောတွင် ဟော့ပေါ့က အတော်လေး လူကြိုက်များနေသည်။ ဤနေရာ၌ လူများစွာက ဟော့ပေါ့စားရန် လာကြ၏။ ဟင်းရည်ကို အမဲရိုးပြုတ်ရည်ဖြင့် ပြုလုပ်ထားပြီး အမဲခြင်ဆီလည်း ပါကာ ပြောင်းဖူး၊ ငရုတ်ကောင်းစေ့နှင့် နံနတ်ပွင့်တို့ ထည့်ထား၏။ ဟင်းရည်အချို့ မရှိဘဲ အစပ်သာ ရှိ၏။ အစပ် အဆင့်သုံးမျိုးရှိကာ အနိမ့်၊ အလယ်အလတ်နှင့် အစပ်မြင့်တာပဲ ဖြစ်သည်။

အစပ်မစားနိုင်သည့် လူတချို့ကဆို ဤဟော့ပေါ့ကို စွဲလန်းသွားကြသည်။ ခံတွင်းထဲထိအောင် အစပ်နှင့် လက်ဆတ်သည့် အရသာက လျှာကို အနည်းငယ် နိုးဆွလိုက်ကာ သူတို့ကို ချွေးပြန်လာစေပြီး လန်းဆန်းသွားစေ၏။

ယွင်ယွီက အစပ်အနည်းငယ်သာ စားနိုင်၏။ မူမူက နို့မပြတ်သေးချေ။ ထို့ကြောင့် သူမသည် အစားအသောက် ကန့်သတ်ခံထားရ၏။

ယခု တစ်လရှိသွားပြီဖြစ်ကာ လဝက်တွင် ယွင်ယွီသည် မကောင်းဆိုးဝါးဝိညာဉ်များစွာကို ကူညီဖြေရှင်းပေးခဲ့၏။ သူမ ထိုအရာများကို မကြောက်ရွံ့ပေ။ သူမတစ်ယောက်တည်းပင် ဖြေရှင်းနိုင်သော်ငြား သာမန်လူတို့အတွက် လူတို့က ဒုက္ခပေးနိုင်၏။ သူမသည် မြို့မှအပြန် လမ်းတစ်လျှောက်၌ မကောင်းဆိုးဝါးသရဲတစ်ကောင်ကို တွေ့ရချိန်၌ ကျန်သည့်သူများကလည်း တူညီသော ပြဿနာများ တွေ့ကြုံနေရကြောင်း ပြောလာပြီး အကူအညီတောင်းတာပဲ ဖြစ်သည်။

ယခုက ဇန်နဝါရီလအစဖြစ်ပြီး လအဆုံးက နှစ်တစ်နှစ်၏ အဆုံးသတ်ဖြစ်ခဲ့၏။ ထို့ကြောင့် ကျောင်းများက အားလပ်ရက်အတွက် ပိတ်ထားသည်။

ယွင်ယွီသည် လွန်ခဲ့သော နှစ်ရက်ခန့်က ယွင်ရှန်းကို ဆက်သွယ်ခဲ့၏။ ယွင်ရှန်းက ကျောင်းပိတ်ရန် နှစ်ရက်သာ လိုမည်ဖြစ်ကြောင်းနှင့် သူ လက်မှတ်မှာထားပြီးဖြစ်ကာ နှစ်ရက်အတွင်း ပြန်လာမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ယွင်ယွီက ပြုံးလိုက်လျက် လက်ခံကာ သူ့ပြန်လာချိန်၌ ဟော့ပေါ့ ချက်ပေးမည်ဟု ပြောခဲ့ပြီး အပန်းဖြေစခန်း၌ ရှိသည့် စားဖိုမှုးချက်ပြုတ်ထားသည့် ဟော့ပေါ့က အင်မတန်ကောင်းကြောင်း ပြောခဲ့၏။

ယွင်ရှန်းက ပြုံးပြီး ပြောလိုက်တော့သည်။

187 04

“ဒုတိယအစ်မ ကျွန်တော် နှစ်ရက်အတွင်း ပြန်လာမှာ။ မူမူရော ဘယ်လိုလဲ။ သူ အကူအညီ တောင်းနေပြီလား”

ယွင်ယွီက ပြောလိုက်၏။ “ မတောင်းသေးဘူး။ ဒါပေမဲ့ နှစ်သစ်ကူးပြီးရင်ပေါ့။ နောက်ပိုင်း သူ့ပါးစပ်လေးက တစ်ခုပြီးတစ်ခု စားချင်နေပြီး စကားတွေ ပြောချင်နေတာ”

ယွင်ရှန်းသည် သူ့မိသားစုကို အလွန်လွမ်းလှပေ၏။ မြို့တော်က ဝေးလွန်းကာ ပြန်ရန် မလွယ်ကူချေ။ ထို့အပြင် သူ၏ ကျောင်းအလုပ်များက များလှပေ၏။ နေ့စဉ်နေ့တိုင်း စာလုပ်ရင်း အလုပ်များနေကာ အားလပ်ရက်၌ အချိန်ပိုင်းအလုပ် သွားလုပ်တတ်သည်။

ဖုန်းချပြီးနောက် ယွင်ယွီသည် အလွန်ပျော်ရွှင်နေလေ၏။ ရှောင်ရှန်း ပြန်လာမှာကို မျှော်လင့်နေသည်။ ရှောင်ရှန်းက စာလေ့လာနေသောကြောင့် လပေါင်းများစွာ မတွေ့ခဲ့ရပေ။

နှစ်ရက်အကြာ မနက်စောစောတွင် ယွင်ယွီသည် ယွင်ရှန်း၏အကြံပေးထံမှ ဖုန်းတစ်ကောလ် လက်ခံရလိုက်သည်။ တစ်ဖက်မှ အမျိူးသားအသံက ထိတ်လန့်နေပုံပေါ်၏။ “မင်္ဂလာပါ။ ဒါယွင်ရှန်းရဲ့ မိသားစုကလား။ ကျွန်တော်က ယွင်ရှန်းရဲ့အကြံပေးပါ။ ယွင်ရှန်းက ကျောင်းအနောက်ဘက်က လမ်းပေါ်မှာ သတိလစ်နေတာ တွေ့ရလို့ သူ့ကို ဆေးရုံခေါ်သွားပါပြီ။ လာပေးနိုင်မလား”

“ဘာ..”ယွင်ယွီ၏စိတ်က ဗလာကျင်းသွား၏။ သူမလက်နှင့်ခြေက တုန်ယင်သွားက မျက်နှာက ဖြူဖျော့သွားတော့၏။ “ရှောင်ရှန်း သတိလစ်သွားတယ်လို့ ပြောတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သူမသည် သူမ၏မိသားစုဝင်များ၏ မျက်နှာကို ကြည့်လိုက်၏။ ရှောင်ရှန်း၏ မျက်နှာကို ကြည့်ခဲ့သည်။ ရှောင်ရှန်း၏မျက်နှာက ဘေးကင်းလုံခြုံပြီး ချော့မွေ့သော ဘဝရှိကာ အလုပ်ကြိုးစားအားထုတ်ပြီး အောင်မြင်မည်ကို ပြထား၏။ သူသည် အသေးစားနာမကျန်းမှုများနှင့် ကပ်ဘေးများ ကြုံတွေ့ရမှာ မဟုတ်ပေ။ ကျောင်းသွားသည့်အချိန်တွင်ပင် ရှောင်ရှန်း၏မျက်နှာ၌ မူမမှန်တာ မရှိခဲ့ပေ။ သူမည်ကဲ့သို့ သတိလစ်သွားသနည်း။ သူဖျားတာလား ဒါမှမဟုတ် တစ်ခုခုကြောင့်လား။

သူမတုန်ယင်နေသော အသံဖြင့် ပြောလိုက်၏၊။ “ရှောင်ရှန်းက ဘယ်ဆေးရုံမှာလဲ။ ကျွန်မ အခုလာခဲ့မယ်”

အကြံပေးက ယွင်ယွီအား ဆေးရုံလိပ်စာ ပေးခဲ့၏။ ယွင်ယွီက အကြံပေးအား ကျေးဇူးတင်စကား ပြောပြီးနောက် ဖုန်းချကာ ချင်ယွီစွေအား သွားရှာသည်။

ချင်ယွီစွေသည် တောင်ပေါ်၌ အလုပ်များနေသေးသည်။ သူ့ဆီ ဖြူဖျော့သော မျက်နှာဖြင့် ယွင်ယွီ ချဉ်းကပ်လာတာကို မြင်သောအခါ အလျှင်စလို မေးလိုက်၏။ “ဘာဖြစ်လာတာလဲ”

ယွင်ယွီ၏ မျက်လုံးက နီမြန်းနေ၏။ “ရှောင်ရှန်းရဲ့ အကြံပေးက ဖုန်းဆက်တယ်။ ရှောင်ရှန်းက ကျောင်းအနောက်ဘက်က လမ်းပေါ်မှာ သတိလစ်သွားတယ်တဲ့။ သူ့ကို ဆေးရုံပို့ထားပြီးပြီ။ မြို့ကို သွားဖို့လိုတယ်”

သူမအသံက အနည်းငယ် အက်နေလေ၏။ ရှောင်ရှန်း၏မျက်နှာက အနည်းငယ် မှားယွင်းနေတာ မရှိပေ။ ယင်းက အရေးပေါ် ကိစ္စသာ ဖြစ်လိမ့်မည်။

ကျောက်စိမ်းအဆောင်က သူ့ကို ကာကွယ်ပေးထားတာကြောင့် သာမာန်ကပ်ဘေးက ရှောင်ရှန်းကို ထိခိုက်မှာ မဟုတ်ပေ။ သို့သော် ယခု ရှောင်ရှန်းဒုက္ခရောက်နေခြင်းသည် ကာကွယ်ရေးကျောက်စိမ်းအဆောင်တောင် သူ့ကို မကာကွယ်နိုင်တာ ပြနေသည်။ သူမ ရှောင်ရှန်းအတွက် အင်မတန် စိတ်ပူနေသည်။

ချင်ယွီစွေက သူမလက်ကို တွဲလျှက် ပြန်လျှောက်လာ၏။ “အခုချက်ချင်း သွားမယ်။ စိတ်မပူပါနဲ့ ရှောင်ရှန်းအဆင်ပြေသွားမှာပါ”

အပြန်လမ်း၌ သူသည် လေယာဉ်လက်မှတ် ဝယ်လိုက်၏။ မနက် ၁၀ နာရီလေယာဉ်ဖြစ်သည်။ လက်မှတ်ဝယ်ပြီးနောက် သူ၏အတန်းဖော်ရှဲ့လဲ့ကို ဆက်သွယ်ပြီး လေဆိပ်ကိူ လာကြိုခိုင်းထားသည်။ သို့မှသာ သူမ မည်သည့် နှောင့်နှေးမှုမှ မရှိဘဲ ဆေးရုံသို့ သွားနိုင်မှာဖြစ်သည်။

ယွင်ယွီသည် ဤကိစ္စကြောင့် သူမမိသားစုကို အကြောင်းကြားထား၏။ အန်တီကျောက်အား မူမူကို ဂရုစိုက်ရန် အလျှင်စလို မှာကြားခဲ့ပြီး မူမူကို နှုတ်ဆက်ခဲ့၏။ မူမူကလိမ်လိမ်မာမာဖြင့် သူမပါးကို နမ်းပြီးနောက် စပျစ်သီးရောင် မျက်ဝန်းများဖြင့် ကြည့်ပြီး ငိုလည်းမငို သောင်းကျန်းခြင်းလည်းမပြုပေ။ ယင်းက ယွင်ယွီကို စိတ်အေးစေပုံပေါ်၏။

ယွင်ယွီသည် အဝတ်အစားနှစ်စုံ ထုတ်ပိုးပြီးနောက် ချင်ယွီစွေနှင့်အတူ မြို့ကို သွားလိုက်၏။

******

188 01

အပိုင်း 188

ဤကိစ္စကို ယွင်မိသားစုဆီမှ ဖုံးကွယ်ထား၍ မရပေ။ သူမသည် ယွင်ရှန်း၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိ။ ပြင်းထန်ခြင်း ရှိမရှိ မသိရပေ။ တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင် သူမ ဘာလုပ်သင့်သနည်း။ ယွင်ယွီသည် မြို့သို့ လာနေစဉ် ဤကိစ္စအကြောင်း သူမအစ်မကြီးကို ပြောထားပြီး ဖြစ်၏။ ယွင်လန်သည် ထိုအကြောင်း ရှာတွေ့ချိန်၌ သတိလစ်လုနီးပါး ဖြစ်သွားသော်ငြား အဘွားယွင်နှင့် အမေယွင်တို့က သေချာပေါက် ရှောင်ရှန်းကို သွားတွေ့မည်မှာ သိနေ၏။ မိသားစုသည် တစ်ယောက်မရှိဘဲ တစ်ယောက် အဆင်မပြေနိုင်ပေ။ မူမူက အိမ်တွင် ရှိနေသေး၏။ ထို့ကြောင့် သူမက အိမ်ကို ကြည့်ရပေမည်။ ရှောင်ရှန်းအခြေအနေကသာ သူမညီမ မြို့တော်သို့ သွားပြီးနောက် တကယ်ဆိုးရွားနေသည် ဆိုလျှင် သူမလည်း လိုက်သွားမှာပဲ ဖြစ်သည်။

ချင်ယွီစွေက မြို့သို့မောင်းသွားပြီးနောက် ဘန်းမုန့်ဆိုင်သို့ တန်းသွားလိုက်သည်။ ယွင်ယွီသည် ယွင်ရှန်း၏ မတော်တဆမှုအကြောင်းကို သူမအဘွားနှင့် အမေအား ခဲရာခဲဆစ် ပြောလိုက်၏။

နှစ်ယောက်လုံးက ထိတ်လန့်သွားကြသည်။ ချင်ယွီစွေက ပြောလိုက်သည်။ “အဘွား၊ အမေ၊ ကျွန်တော် လက်မှတ်တွေ မှာထားပြီး အထုပ်အပိုး ပြင်ပေးပြီး အခု ကျွန်တော်တို့နဲ့ လိုက်လို့ရတယ်”

“အေးအေး” နောက် အဘွားယွင်၏ မျက်လုံးများ နီမြန်းနေသည်။ ထိုကဲ့သို့ ကိစ္စကြီး ဖြစ်နေချိန် သူတို့ ရှောင်ရှန်းကို သေချာပေါက် သွားတွေ့ရမည်။

အဘွားယွင်သည် သူမ၏ ဆိုင်ကို ဝန်ထမ်းများအား အပ်ပြီးနောက် အိမ်ပြန်ပြီး ဘန်းမုန့် အားလုံး ရောင်းထွက်ပြီးနောက် ရက်အနည်းငယ်ကြာ အနားယူရန် ပြောလိုက်သည်။ ရက်အနည်းငယ်ကြာအောင် ဆိုင်ပိတ်မည် ဖြစ်ကြောင်း ဘန်းမုန့်ဆိုင် တံခါးဝ၌ ဆိုင်းဘုတ် ချိတ်ထားဖို့လည်း သူတို့ကို မှာခဲ့သေး၏။

အားလုံးနီးပါးကို ရှင်းပြပြီးပြီးနောက် ယွင်မိသားစုသည် မြို့သို့ သွားပြီး လေဆိပ်သို့ သွားလိုက်၏။ သူတို့စီးရမည့် လေယာဉ်က ၁၀ နာရီ လေယာဉ် ဖြစ်၏။ အဘွားယွင်နှင့် အမေယွင်အဖို့ လေယာဉ်စီးတာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် သက်တောင့်သက်သာ မရှိသော်ငြား ယွင်ရှန်း၏ အခြေအနေကို စိုးရိမ်ပူပန်နေသဖြင့် သည်းခံခဲ့သည်။

လမ်း၌ အဘွားယွင်က ရှောင်ရှန်းကို မေးခဲ့လေ၏။

ယွင်ယွီသည် အဘွားယွင်ကို ထိုအကြောင်း ပြောပြခဲ့၏။ အဘွားယွင်၏ မျက်နှာက ဖြူဖျော့သွားကာ မေးလိုက်သည်။ “ရှောင်ရှန်း နေမကောင်းဖြစ်တာလား”

ယွင်ယွီက ခေါင်းခါပြီး ပြောလိုက်သည်။ “အဘွား၊ ရှောင်ရှန်း နေမကောင်းတာ မဖြစ်လောက်ဘူး။ သူ့မျက်နှာကို သမီး ကြည့်ပြီးပြီ။ သူ့မှာ ဘာရောဂါဝေဒနာမှ မရှိသလို ကပ်ဘေးလည်း မရှိဘူး။ ဒါကြောင့် သူ သေချာပေါက် နေမကောင်းတာ မဟုတ်ဘူး”

သူ မထင်မှတ်ထားသော အခြေအနေနှင့် တွေ့ကြုံပြီး ကံကြမ္မာ ပြောင်းလဲသွားတာပဲ ဖြစ်မည်။ တကယ်တော့ မျက်နှာသွင်ပြင်သည် ပုံသေရှိနေတာ မဟုတ်ပေ။ လိပ်ပြာတောင်ပံ၏ အကျိုးသက်ရောက်မှုကဲ့သို့ပင် ပြောင်းလဲသွားနိုင်၏။

သူမက လိပ်ပြာဖြစ်လောက်ပေ၏။

ဆိုရလျှင် မူလခန္ဓာက သေပြီဖြစ်သော်ငြား သူမသည် မူလခန္ဓာပိုင်ရှင်၏ ခန္ဓာကိုယ်ကို အမွေဆက်ခံခဲ့ပြီး စိတ်ခံစားချက်များ အမွေဆက်ခံကာ ဆက်လက်ရှင်သန်ခဲ့သည်။

သူမက ရှောင်ရှန်း၏ ကံကြမ္မာကို သက်ရောက်စေခဲ့သော လိပ်ပြာ ဟုတ်မဟုတ် မသိဘဲ ဤအဖြစ်အပျက်သည် သူမနှင့် သက်ဆိုင်နေမည်လော။

ယွင်ယွီ၌ အတွေးများ ပြည့်နေကာ လေယာဉ်ပေါ်၌ စိတ်မအေးနိုင် ဖြစ်နေသည်။

188 02

နှစ်နာရီအကြာ၌ လေယာဉ်ဆိုက်သွားသည်။ ရှဲ့လဲ့ စီစဉ်ပေးထားသည့် ကားက ပါကင်၌ စောင့်နေ၏။ ရှဲ့လဲ့ကိုယ်တိုင် သူတို့ကို လာကြိုပေးသည်။ ချင်ယွီစွေနှင့် ယွင်မိသားစုကို မြင်သောအခါ သူသည် သူတို့ကို နှုတ်ဆက်လာ၏။ “ခေါင်းဆောင်၊ မရီး၊ အဘွား၊ ဒေါ်လေး”

“မင်္ဂလာပါ ရှဲ့လဲ့ရေ။ ဒီတစ်ခါ ဒုက္ခပေးမိတာ အားနာပါတယ်”

ရှဲ့လဲ့က ပြောလိုက်၏။ “အဆင်ပြေပါတယ်”။ ရှဲ့လဲ့က ယွင်မိသားစုကို ဆေးရုံသို့ မောင်းပို့ပေးပြီး ကျောင်းအကြံပေးက ယွင်ရှန်းကို ကျောင်းနားရှိ ဆေးရုံသို့ ပို့ထားပေးတာပဲ ဖြစ်သည်။ သူတို့ ရောက်လာချိန်တွင် အကြံပေးနှင့် ဆရာက ဆေးရုံတွင် ရှိနေသေး၏။

အကြံပေးသည် အသက် ၃၀ ဝန်းကျင်ခန့်ရှိပြီး ကြင်နာတတ်သော အမူအရာ မျက်နှာသွင်ပြင်ဖြင့် ချောမောသော မျက်နှာရှိသည်။ သူက ယွင်ယွီနှင့် ကျန်သည့်သူများကို ထိတ်လန့်စွာ ကြည့်လိုက်လျက် မေးလိုက်၏။ “ယွင်ရှန်းရဲ့ မိသားစုလား”

ယွင်ယွီက ခေါင်းညိတ်လိုက်၏။ “ဆရာ၊ ကျွန်မမောင်လေး ဘယ်လိုနေလဲ”

ကျောင်းအကြံပေးက ပြောလိုက်၏။ “သူ့ကို ဒီမနက် ခေါ်လာတဲ့အချိန် တစ်ကိုယ်လုံး ဆေးစစ်ပေးပြီးပြီ။ မူမမှန်တာ မတွေ့ရဘူး။ စစ်ဆေးချက်အားလုံး ပုံမှန်ပဲ။ ဦးနှောက် CT စကန်ဖတ်တာကလည်း အဆင်ပြေတယ်” သူ့ရဲ့ ရင်ဘတ်နားမှာ အမာရွတ်တစ်ခု ရှိတယ်။ သူ့ရဲ့ ရင်ဘတ်ပေါ်မှာ အဝတ်နဲ့ ခြစ်မိသလိုမျိုးပဲ။ ပြစ်မှုကျူးလွန်ဖို့ ပြင်ဆင်နေတာလားတော့ မသိဘူး။ အဝတ်အစားပေါ်က အပေါက်က မကြီးဘူး။ ဒါကြောင့် ဘာလက်နက်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး။ ရင်ဘတ်ပေါ်က အမာရွတ်ကလည်း သေးတယ်။ အခု သူ့ကို လူနာဆောင်ဆီ ရွှေ့ပြောင်းပေးပြီးပြီ။ ပြီးတော့ သတိလစ်ပြီး တုန်နေသေးတုန်းပဲ”

ယွင်ယွီ မျက်မှောင်ကြုတ်မိသွားလေ၏။ အခြေအနေက နာမကျန်းဖြစ်သည့် ပုံမပေါ်ဘဲ မကောင်းဆိုးဝါးဝိညာဉ် ပူးကပ်တာခံရခြင်းနှင့် ဆင်တူသည်။

ဒါပေမဲ့ ယွင်ရှန်းက ကာကွယ်ရေး ကျောက်စိမ်းဆောင် သယ်ထားတယ် မဟုတ်လား။ ကျောက်စိမ်းဆောင်က မကောင်းဆိုးဝါးဝိညာဉ်တွေ၊ တစ္ဆေတွေကို ဟန့်တားပေးနိုင်တယ်။ ဒါဆို သူ့ကို ဒုက္ခပေးဖို့ ဘယ်လိုလုပ် ကပ်ရဲ့ရတာလဲ။ ပိုအစွမ်းထက်တဲ့သူဆိုရင် ဒါက မဖြစ်နိုင်တာတော့လည်း မဟုတ်ဘူးပဲ။

“ကျေးဇူးတင်ပါတယ် ဆရာ။ ရှောင်ရှန်းကို အရင်သွားတွေ့လိုက်ပါဦးမယ်”

အကြံပေးက ခေါင်းညိတ်လိုက်၏။ သူသည် ထွက်မသွားသေးချေ။ ကျောင်းသားတစ်ယောက် ကျောင်း၌ တစ်စုံတစ်ခု ဖြစ်သွားမှာကို စိတ်ပူနေ၏။ ထို့အပြင် ယွင်ရှန်းက အလွန်ကြိုးစားပြီး စိတ်ဓာတ်တက်ကြွသော ကျောင်းသားတစ်ယောက်မှန်း သိနေလေ၏။ သူက ရုပ်ရည်လည်း ကြည့်ကောင်းကာ သူ့ကို နှစ်သက်သည့် မိန်းကလေးများစွာ ရှိသည်။ သူကျောင်းသို့ ပထမဆုံး လာသည့်နေ့၌ မိန်းကလေးများက သူ့ကို ဝန်ခံခဲ့သော်ငြား အားလုံးကို ငြင်းဆန်ခဲ့သည်။

ထိုကဲ့သို့ စိတ်ဓာတ်တက်ကြွသည့် ကျောင်းသားက မည်ကဲ့သို့ ပြဿနာရှိနိုင်မည်နည်း။ သူ မဖော်ထုတ်နိုင်သေးချေ။

ယွင်ယွီက သူမမိသားစုနှင့်အတူ လူနာဆောင်သို့ သွားလိုက်၏။

ယွင်ရှန်းက သတိလစ်နေသော်ငြား ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုရလဒ်က ပုံမှန်ဖြစ်နေပြီး သူ့ဘာသာသူ အသက်ရှူနိုင်၏။ ထို့ကြောင့် သူ့ကို သုံးယောက်ရှိသည့် သာမန်လူနာဆောင်သို့ ပို့လိုက်၏။

အခန်းထဲသို့ ဝင်လာပြီးသည်နှင့် လူနာဆောင်က ပြည့်ကျပ်သွားပုံပေါ်သည်။ ယွင်ယွီက ကုတင်ဘေးသို့ လျှောက်သွားလိုက်ရာ ရှောင်ရှန်း၌ မကောင်းဆိုးဝါးဝိညာဉ် ရှိနေတာ တွေ့လိုက်ရ၏။ မည်သည့် ယင်စွမါးအင်မှ မရှိပေ။ အပြင်းထန်ဆုံး မကောင်းဆိုးဝါးဝိညာဉ်ဖြစ်ကာ သူ့တစ်ကိုယ်လုံးမှာ စွဲကပ်နေ၏။ သူမ အမူအရာ ပြောင်းလဲသွားလေ၏။ တကယ် မကောင်းဆိုးဝါးဝိညာဉ် ဖြစ်နေပြီး သန်မာသူ ဖြစ်၏။

188 03

အဘွားယွင်သည် ကုတင်ဘေးသို့ သွားကာ မျက်ရည်များ ကျလာတော့သည်။ ယွင်ရှန်းမျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေပြီး နှုတ်ခမ်းက ဖြူဖွေးနေလေ၏။ သူမက သူမမြေးလေးကို ကြည့်လိုက်သည်။ အကြံပေးပြောပုံအရဆို ရှောင်ရှန်းက နေမကောင်းဖြစ်တာ မဟုတ်ပေ။ သူနေမကောင်းတာ မဟုတ်သဖြင့် သူမမြေးမလေးက ကူညီပေးနိုင်မည်လော။

ယွင်ယွီ၌ ဖြေရှင်းနည်း ရှိပြီးသားဖြစ်သည်။ သူမမိသားစုကို နှစ်သိမ့်ပြီးနောက် ပြောလိုက်၏။ “အဘွား၊ အမေ၊ စိတ်မပူနဲ့။ သမီး ရှောင်ရှန်းကို ကယ်နိုင်တယ်”

ခန္ဓာကိုယ်ထဲ ဝင်ရောက်နေသော မကောင်းဆိုးဝါးဝိညာဉ်ပဲ ဖြစ်သည်။ ရောဂါဝေဒနာ မဟုတ်သရွေ့ သူမသည် ပူးကပ်နေသည့်ကောင်ကို ဖယ်ရှားခြင်းဖြင့် ပြဿနာ ဖြေရှင်းနိုင်၏။

အဘွားယွင်နှင့် အမေယွင်တို့က သက်ပြင်းချလိုက်တော့သည်။

ယွင်ယွီသည် ဆေးရုံကုတင်ဆီ လျှောက်သွားကာ ယွင်ရှန်း၏ အင်္ကျီကို ဆွဲမလိုက်ချိန်တွင် ရင်ဘတ်၌ ဒဏ်ရာတစ်ခု ရှိနေ၏။ တစ်စုံတစ်ယောက်က ထိုးထားသည့်ပမာ နှလုံးနားတစ်ဝိုက် ဒဏ်ရာရှိနေတာ ဖြစ်သည်။ သို့သော် ဒဏ်ရာက မနက်ပေ။

သို့သော်ငြား မကောင်းဆိုးဝါးဝိညာဉ်သည် ဤနေရာမှာ ဝင်လာတာ ဖြစ်၏။ ယင်းက အပြင်းထန်ဆုံးနှင့် နှလုံးကို အထိခိုက်စေဆုံးဖြစ်၏။ သူမသာ မလာလျှင် ယွင်ရှန်းက ယနေ့ညလွန်လျှင် အသက်ရှင်တော့မှာ မဟုတ်ပေ။

******

All Chapters