← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အပိုင်း 189

ယွင်ရှန်းကို သတ်ချင်ရသည့် အကြောင်းအရင်းကိုမူ သူမ အချိန်အတိုင်းအတာတစ်ခုအထိ မဖော်ထုတ်နိုင်သေးချေ။ သို့သော် ယင်းက အင်မတန် အစွမ်းထက်သည့် အရာဖြစ်၏။ အကြောင်းမှာ ယွင်ရှန်း၏ ကျောက်စိမ်းအဆောင်အတွင်း၌ အနက်ရောင် အငွေ့ရှိနေသောကြောင့် ဖြစ်သည်။ ဤကျောက်စိမ်းအဆောင်ကြောင့်သာ မဟုတ်လျှင် ယွင်ရှန်းသည် ဤမနက်၌ သေချာပေါက် သေလိမ့်မည်။

သူမသည် ယွင်ရှန်း၏ ခန္ဓာကိုယ်မှ မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားရန်အတွက် ဝိညာဉ်စွမ်းအင်ကို သုံးဖို့လိုအပ်သည်။ ဆေးရုံက ဆူညံလွန်းပြီး မသင့်တော်ပေ။

ယွင်ယွီက ဆုံးဖြတ်ချက်တစ်ခု အမြန်ချလိုက်၏။ “ အဘွား သမီးတို့တွေ ရှောင်ရှန်းကို ခေါ်သွားဖို့လိုတယ်။ ရှောင်ရှန်းကို ကုသဖို့ အကူအညီလိုတယ်။ ဆေးရုံက မသင့်တော်ဘူး။ အရင်ဆုံး ရှောင်ရှန်းကို ဆေးရုံဆင်းဖို့ လုပ်ကြရအောင်”

အဘွားယွင်သည် သူမမြေးမလေး၏ စကားကို အလွန်ယုံကြည်သောကြောင့် ချက်ချင်းလက်ခံလိုက်သည်။

ချင်ယွီစွေက ပြောလိုက်၏။ “ကိုယ် ရှောင်ရှန်း ဆေးရုံဆင်းဖို့ ကိစ္စတွေကို ဖြေရှင်းလိုက်မယ်။ ပြီးတော့ သူ့ကို ခေါ်ဖို့ ကားတစ်စီးကို ဆက်သွယ်လိုက်မယ်”

“ ကောင်းပြီလေ”

ယွင်ယွီက ခေါင်းညိတ်လိုက်၏။ “ ဒါဆို ကျွန်မ အပြင်ထွက်ပြီး ရှောင်ရှန်းရဲ့အကြံပေးကို ပြောလိုက်ဦးမယ်”

ဒီလိုစုံတွဲက လူနာဆောင်ထဲမှ ထွက်လာ၏။ ချင်ယွီစွေက ရှောင်ရှန်း ဆေးရုံဆင်းရန် ကိစ္စကို ဖြေရှင်းပြီး ကားတစ်စီး ဆက်သွယ်လိုက်သည်။ ယွင်ရှန်း၏ အကြံပေးကို ပြောသည့် အချိန်တွင် သူက အနည်းငယ် စိတ်ရှုပ်ထွေးနေတော့သည်။ “ ဒါပေမဲ့... ဒါပေမဲ့ ယွင်ရှန်း နိုးမလာသေးဘူး။ အခု သူဆေးရုံဆင်းမယ်ဆိုတော့...”

ယွင်ယွီက အကြံပေးကို ဖုံးကွယ်မထားပေ” “ ရှောင်ရှန်းရဲ့ အခြေအနေက နည်းနည်းထူးခြားတယ်။ သူ့ကို ကျွန်မ ကုသပေးနိုင်တယ်။ ပြီးတော့ ကျောင်းသားကျောင်းသူတွေကို ပိုအာရုံစိုက်ဖို့ ဆရာပြောပေးပါဦး။ ရှောင်ရှန်းကို မကောင်းဆိုးဝါးဝိညာဉ် တိုက်ခိုက်ကာ ကျောင်းနောက်က လမ်းမှာ ရှာတွေ့တယ်ဆိုတော့ ကျောင်းမှာ ရှိနေဦးမှာပဲ။ လူတိုင်း ဂရုစိုက်သင့်တယ်”

ရှောင်ရှန်းကို ကုသပေးပြီးနောက် သူမ သွားကြည့်ရမှာပဲ ဖြစ်သည်။

အကြံပေးက ခေါင်းညိတ်လိုက်သော်ငြား ဘာပြောရမှန်း မသိတော့ပေ။

အဆုံးကျ အကြံပေးသည် ယွင်မိသားစုက ယွင်ရှန်းကို အဝေးသို့ ခေါ်သွားတာ ကြည့်နေရုံသာ တတ်နိုင်၏။ ယွင်ရှန်း၏ မိဘဖြစ်နေသောကြောင့် သူတို့ကို မတားနိုင်ပေ။ နောက်ဆုံး၌ သူသည် စိတ်ပျက်အားငယ်စွာဖြင့် ကျောင်းသို့ ပြန်လာလေ၏။

အကြံပေးသည် ကျောင်းသို့ ပြန်လာပြီး ယွင်ရှန်း၏ အစ်မပြောတာကို ရုတ်တရက် တွေးမိကာ တုန့်ဆိုင်းသွားတော့သည်။ တကယ် အဲဒီမှာ မသန့်စင်တာ ရှိနေတာလား။ ကံကောင်းသည်မှာ ကျောင်းပိတ်ရက် ဖြစ်သောကြောင့် ကျောင်းသားကျောင်းသူများက အိမ်ပြန်နေကြပြီ ဖြစ်သည်။ ဘာမှမဖြစ်သာ တော်သေး၏။

ဆေးရုံ၌ ဆေးရုံဆင်းသည့် ကိစ္စများ ဆောင်ရွက်ပြီးနောက် ချင်ယွီစွေသည် ယွင်ရှန်းကို ကျုံးဟိုင်တယ် ရပ်ကွက်သို့ ခေါ်ရန် ကားတစ်စီး ခေါ်လိုက်၏။ သူသည် ရပ်ကွက်ထဲရှိ သီးခြားဗီလာတွင် နေထိုင်၏။ ထိုနေရာတွင် နေ့မရှိသော်ငြား လစဉ်လတိုင်း အိမ်သန့်ရှင်းရေး လာလုပ်ပေးကြသည်။

ချင်ယွီစွေသည် ယွင်ရှန်းကို ဒုတိယထပ်ရှိ အိပ်ခန်းထဲ သယ်သွားလိုက်၏။ ယွင်ယွီကမူ သူမမိသားစုကို မနှောင့်ယှက်ခိုင်းထားပေ။

သူမ တံခါးပိတ်ပြီးနောက် လက်ဖဝါးထဲမှ ဝိညာဉ်စွမ်းအင်ကို ထုတ်ပြီး ယွင်ရှန်း၏ ဒဏ်ရာကို သန့်စင်လိုက်၏။ မျက်လုံးမှိတ်ပြီးနောက် ယွင်ရှန်း၏ဒဏ်ရာကို လက်ဖဝါးဖြင့် ကာလိုက်သည်။ ဝိညာဉ်စွမ်းအင်က ရင်ဘတ်ထဲရှိ သွေးကြောများမှတစ်ဆင့် တဖြည်းဖြည်းချင်း စီးဆင်းသွားတော့သည်။ မကောင်းဆိုးဝါး အငွေ့အသက်များသည် ယွင်ရှန်း၏ နှလုံးသားတစ်ဝိုက် ရှိနေ၏။ သူမ သူ မနိုးလာခင် ဂရုစိုက်ရမည်။

ဝိညာဉ်စွမ်းအင်သည် ယွင်ရှန်း၏ ကိုယ်ထဲရှိ မကောင်းဆိုးဝါးစွမ်းအင်ကို တဖြည်းဖြည်းချင်း ဝါးမြိုသွားသည်။

189 02

သုံးနာရီအကြာ၌ အိပ်ခန်းတံခါး ပွင့်လာ၏။ ယွင်ယွီသည် မျက်နှာအနည်းငယ် ဖြူဖျော့နေသည်မှအပ ကြည့်ရ အဆင်ပြေနေသည်။

သူမ ကျင့်ကြံမှုက ယခု ယခင်နှင့် မတူတော့ပေ။ ထိုကဲ့သို့ ကိစ္စရပ်မျိုးကို ဖြေရှင်းရတာ၌ ပိုလွယ်ကူလာသည်။ မကောင်းဆိုးဝါးဝိညာဉ်က သူ့ရင်ဘတ်ထဲတွင် ရှိနေသဖြင့် ဖယ်ရှားရ ပိုခက်ခဲ၏။ သို့သော်ငြား အရာအားလုံး ယခု အဆင်ပြေသွားပြီ ဖြစ်သည်။

အဘွားယွင်နှင့် အမေယွင်တို့က အလျှင်စလို ရောက်လာကြသည်။

“ ယွီအာ ရှောင်ရှန်း အခြေအနေဘယ်လိုလဲ”

ယွင်ယွီက ပြောလိုက်သည်။ “ အမေ၊ အဘွား စိတ်ပူစရာမလိုပါဘူး။ ရှောင်ရှန်း အဆင်ပြေတယ်။ ဒီည နိုးလာလိမ့်မယ်”

နှစ်ယောက်သားသည် နောက်ဆုံး၌ စိတ်အေးသွားလေ၏။

ယွင်ယွီက ယွင်လန်ကို ထပ်ခေါ်ပြီး သူမအစ်မကို ရှောင်ရှန်း အခြေအနေအကြောင်း ပြောပြလိုက်၏။ ယွင်လန်သည် သူမမောင်လေး အဆင်ပြေကြောင်း ကြားလိုက်ရသောအခါ ဝမ်းသာလုံးစို့ပြီး မျက်ရည်များ ကျလာတော့သည်။

ဤမနက်ခင်း၌ လူတိုင်း ပြေးလွှားနေရကာ နေ့လည်စာ မစားရသေးပေ။ ယခုနေ့လည် ၃နာရီကျော်ပြီ ဖြစ်၏။ ချင်ယွီစွေက တစ်ခုခုမှာပြီး လူတိုင်း စားလိုက်ကြ၏။ ချင်ယွီစွေသည် သူမမိသားစု အနားယူရန်အတွက် အခန်းတစ်ခန်းလည်း စီစဉ်ပေးထားသည်။

ညခြောက်နာရီခန့်၌ ယွင်ရှန်းနိုးလာ၏။ သူ့မျက်လုံး ဖွင့်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြောင်အစွာ ကြည့်နေသည်။ အခန်းက သန့်ရှင်းကျယ်ဝန်းကာ သပ်ရပ်၏။ အဆောင်ခန်း သာမန်မဟုတ်ပေ။ မနေ့ညတုန်းက ဖြစ်ခဲ့တာကို ရုတ်တရက် တွေးမိသွားသည်။

အိပ်ခန်းထဲ၌ အသံကို ကြားပြီး ယွင်ယွီက ထကာ အထဲဝင်သွားပြီး ယွင်မိသားစုလည်း သူမနောက်မှ လိုက်ပါလာသည်။ ယွင်ရှန်းသည် သူ၏ ဒုတိယအစ်မနှင့် မိသားစုကို မြင်သောအခါ အံ့ဩပြီး ပြောလိုက်၏။ “ အဘွား... အစ်မ၊ အမေ၊ မေမေ ဒီကို ဘာလို့ရောက်နေတာလဲ”

အမေရွင်၏ မျက်လုံးများက နီမြန်းနေလေ၏။ “ သားရယ် အမေတို့ကို သေအောင် ခြောက်လှန့်လိုက်တာ”

ယွင်ယွီက အိပ်ရာဘေးနား၌ ထိုင်လိုက်၏။ “ ရှောင်ရှန်း တစ်ခုခုကို တွေ့ခဲ့သေးလား။ မနေ့တုန်းက ဖြစ်ခဲ့တာကို မှတ်မိလား။ ဘာက မင်းကို တိုက်ခိုက်ခဲ့တာလဲ”

“ ဒုတိယအစ်မ မနေ့တုန်းက ဖြစ်ခဲ့တာ အားလုံး ကျွန်တော် မှတ်မိနေသေးတယ်”

ယွင်ရှန်းသည် အနည်းငယ် အားနည်းနေသေးသော်ငြား သူ အဆင်ပြေ၏။ သူ ထထိုင်ကာ အဖြစ်အပျက်ကို လူတိုင်းတိုင်း ပြောပြရန် ခေါင်းအုံးကို မှီလိုက်၏။ “ မနေ့တုန်းက ကျွန်တော် ပစ္စည်းတချို့ဝယ်ဖို့ ကျောင်းအပြင် ထွက်လာတာ။ အတော်လေး ကျောင်းနောက်မှာ လမ်းလေးတစ်ခု ရှိတယ်။ ကျောင်းသားအများစုက အဲဒီလမ်းကနေ သွားလေ့ရှိတယ်။ ကျွန်တော်လည်း ညကိုးနာရီလောက်မှ ဈေးဝယ်ထွက်ပြီး ပြန်လာတာ။ အနားမှာ လူနည်းနည်း ရှိသေးတယ်။ အဲဒီတုန်းက ကျွန်တော် ရွှီလင်းစီနဲ့ တွေ့တယ်”

ယွင်ယွီက မေးလိုက်၏။ “ ရွှီလင်းစီလား”

ယွင်ရှန်းက အင်းဟူ၍ ဖြေလိုက်သည်။ “ သူက ကျွန်တော့်အတန်းဖော်လေ။ သူက... ကြည့်ကောင်းပါတယ်။ ကျွန်တော့် အခန်းဖော်တွေဆီက ကြားတာတော့ သူက ကျောင်းရဲ့ အလှလေးတဲ့”

******

190 01

အပိုင်း 190

ယွင်ယွီသည် ယွင်ရှန်းကို ဆက်ပြောခိုင်းလိုက်သည်။

ယွင်ရှန်းက ဆက်ပြောလေ၏။ "တော်တော်လေး မှောင်နေပြီလေ။ လမ်းပေါ်လမ်းမီးရောင်တွေ ကျနေပြီး ကျောင်းသားတချို့က အနားမှာ လမ်းလျှောက်နေတုန်းပဲ။ ကျွန်တော် ပြန်လာတဲ့အချိန် ရွှီလင်းစီနဲ့တွေ့တာ။ သူက နေမကောင်းတဲ့ပုံပဲ၊ မျက်နှာက ဖြူဖျော့နေတာ။ မြေပြင်ပေါ် ဆောင့်ကြောင့် ထိုင်ချနေတယ်။ သူ ကျွန်တော့်ကိုတွေ့တော့ သူ့အနားယူဖို့ တောအုပ်ထဲက ခုံတန်းဆီ ခေါ်သွားပေးခိုင်းတာ"

သူသည် ရွှီလင်းစီနှင့် မရင်းနှီးပေ။ သူမသည် လှပပြီး သူ့အတန်းမှ ကျောင်းသားများအပါအဝင် ကျောင်းသား၊ သူမကို ကြိုက်သည့် ကျောင်းသားများစွာ ရှိသည်။ သူ၏ အခန်းဖော်သုံးယောက်ကလည်း ရွှီလင်းဆီ့အပေါ် သဘောကျပြီး ညအချိန်တွင် အဆောင်၌ သူမအကြောင်း ပြောနေတတ်သည်။

ယောက်ျားလေးများသည် အဆောင်ခန်းထဲ၌ မိန်းကလေးများအကြောင်း ပြောသောအခါ သူတို့သည် တူညီသည့်အရာကိုသာ ပြောတတ်၏။ သူက လှပပြီး သန့်စင်ကာ သူ့ရဲ့ချစ်သူ၊ သူ့အချစ်သူ ဖြစ်လိုက်လျှင် သေပျော်ပြီဟု ဆိုကြသည်။

ယွင်ရှန်းသည် ထိုအကြောင်းကို ကြားချိန် အမှတ်အချက်မပေးခဲ့သလို ဤမိန်းမချောလေးကိုလည်း အာရုံစိုက်ခဲ့ခြင်းမရှိပေ။ ရွှီလင်းစီက ကျောင်း၌ ရုတ်ရုတ်သဲသဲဖြစ်စေခဲ့တာ နှစ်ကြိမ်ရှိပြီ။ ကျောင်းသားနှစ်ယောက်က သူမကို သဘောကျပြီး ရန်ဖြစ်ခဲ့ကြပုံပေါ်၏။ ဂုဏ်သရေရှိသည့် ကျောင်း၌ ထိုကဲ့သို့ အရာဖြစ်လိမ့်မည်ဟု၊ ထိုကဲ့သို့အရာမရှိဟု မထင်သင့်ပေ။ ရွှီလင်းစီက ကျောင်းတော်၌ တဖြည်းဖြည်းချင်း နာမည်ကြီးလာသည်။

သူက ထိုကိစ္စများကို ဂရုမစိုက်ပေ။ တကယ်တော့ သူတို့သည် အတန်းဖော်များဖြစ်သော်ကြောင့် ရွှီလင်းစီပေါ် အဝေးမှအမြင်တစ်ခုသာ ရှိ၏။

မထင်မှတ်ထားဘဲ နှစ်လအကြာ၌ ရွှီလင်းစီသည် ရှက်သွေးဖြာနေသော သွင်ပြင်ဖြင့် သူ့ဆီ ရုတ်တရက်ပြေးလာကာ စိုးရိမ်ပူပန်စွာ ပြောခဲ့လေ၏။ "ယွင်ရှန်း၊ ကျွန်မရှင့်ကိုကြိုက်တယ်။ ကျွန်မကောင်လေး ဖြစ်ပေးနိုင်မလား"

သူမ၏အသံက ချိုသာနူးညံ့၏။ သူမသူ့ကိုမော့ကြည့်ချိန်၌ မျက်လုံးထဲတွင် အလင်းရောင်များပြည့်နေပုံပေါ်ကာ မျက်ရည်များ ဝဲနေလျက် နားရွက်ဖျားများ နီမြန်းနေသည်။

သူမမျက်ဝန်းထဲရှိ အရည်လဲ့လဲ့တို့ ဆွဲငင်နာခံလိုက်ရသည့်ပမာ တစ်ခဏတာ သူ နှလုံးခုန်နှုန်းမြန်သွားသည်။ သူမက ချစ်စဖွယ်ကောင်းပြီး သူမပြောတာကို သဘောတူသင့်သည်ဟု ထင်ခဲ့သည်။ ရင်ထဲက အလွန်ထူးဆန်းသော ခံစားချက်ဖြစ်၏။ သူက သူမချစ်သူဖြစ်လိုကြောင်း သူမကို ပြောချင်ခဲ့သော်ငြား နှစ်စက္ကန့်၊ သုံးစက္ကန့်ခန့်အကြာ၌ သူ၏စိတ်က ရုတ်တရက် ကြည်လင်သွားလေ၏။ သူ့ယခင်အတွေးများက အလွန်ထူးဆန်းသည်ဟု တွေးမိခဲ့သည်။ သူဤမိန်းကလေးကို မကြိုက်တာ သိသာနေ၏။ ထိုသို့ဆိုလျှင် အဘယ်ကြောင့်များ ထူးဆန်းသော အတွေးများ ရှိနေသနည်း။

နောက်ဆုံး၌ သူသည် ရွှီလင်းစီကို ငြင်းဆန်ခဲ့ကာ သူမကို ပြောခဲ့လေ၏။ "တောင်းပန်ပါတယ်။ ငါအခု ချစ်သူမထားချင်သေးဘူး"

ရွှီလင်းစီမျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး မျက်လုံးများ နီမြန်းသွားလေ၏။ သူမက ရှိုက်ငိုလျက် ယွင်ရှန်းကို တောင်းပန်စကားပြောကာ လှည့်ထွက်သွားသည်။ သူမကျောက အထီးကျန်နေပုံပေါ်သည်။

ယွင်ရှန်းသည် သူမထွက်သွားတာကိုကြည့်ပြီး မျက်မှောင်ကြုတ်မိသွားသော်ငြား သူ့ရင်ထဲရှိ ထူးဆန်းသောခံစားချက်က တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ထိုစဉ်က သူအာရုံသိပ်မစိုက်ခဲ့ပေ။ နေ့ရက်များက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ရွှီလင်းစီက သူ့ကို ထပ်မံဝန်ခံခြင်းမရှိတော့ပေ။ သူမက သူ့ကို ချိုသာစွာ ပြုံးပြရုံသာပြုံးပြပြီး သူတို့ဆုံချိန်တိုင်း ခေါင်းညိတ်ပြီး နှုတ်ဆက်တတ်သည်။ ယွင်ရှန်းကလည်း ယဉ်ကျေးမှုဖြင့် ပြန်နှုတ်ဆက်တတ်၏။

ထို့ကြောင့် မနေ့ညက သူသည် ကျောင်းထဲမှ လမ်း၌ ရွှီလင်းစီကိုတွေ့စဉ် သူမက သူ့ကို သနားစဖွယ်အကူအညီတောင်းလာ၏။ သူသည် ထိုလူအား တောအုပ်တစ်ဖက်ရှိ ခုံတန်း၌ ထိုင်ရန် ကူညီပေးလိုက်သည်။ ထိုပန်းခြုံလေးကား လမ်းဘေး၌ရှိသော်ငြား ညအချိန်၌ လမ်းမီးရောင် မရှိပေ။ အနား၌ ရေကန်ငယ်လေးသာ ရှိ၏။ ရာသီဥတုက အေးနေပြီး ရေဘေးက ပိုတောင်အေး၏။ စုံတွဲအနည်းအကျဉ်းသာ ဤနေရာ၌ လာရောက်ချိန်းတွေ့ကြသည်။

190 02

သူသည် ရွှီလင်းစီကို ခုံတန်း၌ ထိုင်နိုင်အောင် ကူညီပေးပြီး ပြောလိုက်သည်။ "ကျောင်းက ဆရာဝန်ဆီ ခေါ်သွားရမလား။ မင်း နေမကောင်းသလိုပဲ"

ရွှီလင်းစီက ခေါင်းခါပြီး ညင်သာစွာပြောလိုက်၏။ "မဟုတ်ဘူး။ ကျွန်မ အစာမကြေလို့ ဗိုက်အောင့်ရုံပဲ။ ဒီမှာခဏထိုင်ပြီး နားလိုက်မယ်"

ဆိုရလျှင် သူမက မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဤနေရာက ဝေးလံပေ၏။ ယွင်ရှန်းက သူမကို တစ်ယောက်တည်း မထားခဲ့နိုင်သောကြောင့် သူနှင့်အတူ ယာယီအဖော်ပြုပေးနေသည်။

တစ်ဖက်ခြမ်းမှ အလင်းရောင်သဲ့သဲ့သာ လမ်းထဲသို့ ဝင်လာသည်။ ယွင်ရှန်းသည် ဘာပြောရမှန်းမသိသော်ငြား ရွှီလင်းစီက သူ့ဘက်လှည့်ကြည့်နေတာကို သူသတိပြုမိ၏။ သူမက ညင်သာစွာ ပြောလိုက်သည်။ "ယွင်ရှန်း၊ ရှင့်တကယ် ကျွန်မချစ်သူ မဖြစ်ချင်ဘူးလား။ ကျွန်မရှင့်ကို သိပ်သဘောကျတာ။ ရှင့်ရဲ့သွင်ပြင်က ကျွန်မလိုချင်တဲ့ပုံပဲ။ ရှင့်ကို တကယ်သဘောကျတယ်။ ဒီလောက်နှစ်တွေကြာကြီး ကျွန်မသဘောကျတဲ့ သွင်ပြင်ကိုတွေ့တာ ပထမဆုံးပဲ။ ရှင့်ကျွန်မကို ဘာကြောင့်လက်မခံချင်တာလဲ။ ကျွန်မကို လက်ခံမယ်ဆိုရင် ကျွန်မနဲ့ ဆက်ဆံလို့ရပြီး ကူညီပေးလို့ရတယ်။ ဒါပေမဲ့ အခု ရှင့်မလိုချင်ဘူး။ နှမြောစရာပဲ"

ယွင်ရှန်း၏ နှလုံးခုန်နှုန်းက ထူးဆန်းလာသည်။ နှလုံးခုန်နှုန်းက ပရမ်းပတာဖြစ်လာ၏။ ရွှီလင်းစီ စကားများက ထူးဆန်းနေ၏။ ရှုထောင့်ကြောင့် နိုင်နေသလိုပင် သူမမူလက လှပသောသွင်ပြင်သည် သူ့မျက်လုံးထဲ၌ အနည်းငယ်ထူးဆန်းလာပြီး အနည်းငယ် ရွံ့တွလာကာ အပေါ်ယံအရေပြားက အတုအရောင်ဖြစ်လာသလိုပင်။

ရွှီလင်းစီက လူမဟုတ်ဘဲ လူမဟုတ်လားဟု ထင်နေရာဖြစ်လောက်သည်အထိ ထူးဆန်းနေလေ၏။ ရင်ထဲက အန္တရာယ်များလွန်းသည်။ သူထွက်ပြေးချင်သော်ငြား ယခုအချိန်၌ သူ့ခန္ဓာကိုယ်က မလှုပ်နိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်က အေးစက်ပြီး တောင့်တင်းသွားကာ အကူအညီတောင် မတောင်းနိုင်ခဲ့ချေ။ ရွှီလင်းစီ၏ အပြုံးက နူးညံ့သွားပြန်ကာ ရှမ်းယွင်ရှန်း၏ မျက်နှာကို ထိလိုက်၏။ "လှလိုက်တဲ့ အသားအရေပြား။ ဘာကြောင့် တို့ကို မကူညီချင်ရတာလဲ။ တို့ရဲ့ကောင်လေးဖြစ်ဖို့ သဘောတူမယ်ဆိုရင် ရှင့်ကိုမထိလောက်ဘူးပေါ့။ ဒါပေမဲ့ ရှင့်ရဲ့အရသာက သိပ်ကောင်းတာပဲ။ သန့်စင်တဲ့စိတ်နဲ့ ခန္ဓာကိုယ်က တကယ်ဆေးကောင်းဝါးကောင်းတစ်ခုပဲ။ နှစ်ပေါင်းများစွာကြာတဲ့အထိ ဒီလိုလူ မတွေ့ဖူးသေးဘူး။ အခု ကျွန်မရဲ့အသားအရေက မတည်မငြိမ်ဖြစ်နေတယ်လေ။ တို့တည်ငြိမ်အောင်လို့ ရှင့်ရဲ့အသည်းကို စားဖို့လိုတယ်။ ပြီးရင် တစ်ပေါင်းတည်း ဖြစ်နိုင်ပြီ"။

ယွင်ရှန်းက ထိတ်လန့်နေပြီး နဖူးပေါ်၌ ချွေးစေးများ ကျလာကာ မျက်လုံးထဲ ဝင်သွား၏။ သူရုန်းကန်နေသော်ငြား မလှုပ်နိုင်ပေ။ "သနားစရာလေးကွယ်"

ရွှီလင်းစီက သက်ပြင်းချပြီး မျက်တောင်ပေါ်မှ ချွေးကို သုတ်ပေးလိုက်၏။ ပြီးနောက် ယွင်ရှန်းသည် သူမ၏လက်သည်းက တဖြည်းဖြည်းချင်းရှည်လာပြီး ချွန်ထက်လာကာ သူ၏မျက်နှာမှ လည်ပင်းထိ လျှောဆင်းသွားကာ နောက်ဆုံး၌ သူ့ရင်ဘတ်ရှိ နှလုံးနေရာကို တိတိကျကျ ရှာတွေ့သွားလေ၏။ "လက်ဆတ်ပြီး အရသာအရှိဆုံးအစားအစာရှိတဲ့ နှလုံးသားပဲ"

ရွှီလင်းစီက ရယ်မောလိုက်၏။ ပြီးနောက် သူမမျက်လုံးက အေးစက်နေကာ လက်ဖျားထိပ်များက ယွင်ရှန်း၏ ရင်ဘတ်ကို ရုတ်တရက်ထိုးဖောက်သွားပြီး သူ၏အင်္ကျီကို ထိုးဖောက်လိုက်လျက် အတွင်းဝတ်ကို ထိုးဖောက်ကာ ရင်ဘတ်ကို ဖောက်ဝင်သွားတော့သည်။ နာကျင်မှုသည် တစ်ကိုယ်လုံး၊ ရင်ဘတ်မှတစ်ဆင့် တစ်ကိုယ်လုံး ပျံ့နှံ့သွားသော်ငြား သူမသည် ထိတ်လန့်ဖွယ်ကောင်းသည့် အရာတစ်ခုကို ရှာတွေ့သွားသည့်ပမာ ရုတ်တရက် အော်လိုက်လျက် နောက်သို့ နှစ်လှမ်းဆုတ်ကာ ခုံတန်းပေါ်မှ ပြုတ်ကျပြီး မြေကြီးပေါ် ပြုတ်ကျသွားလေ၏။ သူမမျက်နှာက အနည်းငယ် မည်းနက်သွားကာ မျက်နှာပေါ်ရှိ အရေပြားက ကွာကျတော့မယောင် ဖြစ်သွားသည်။ ယခင်က လှပသည့်သွင်ပြင်မျိုးမရှိတော့ဘဲ ကြောက်မက်ဖွယ် မကောင်းဆိုးဝါးနှင့် တူနေတော့သည်။

ထို့အပြင် သူမဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပုံပေါ်ကာ တစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင်နေ၏။ သူမက ယွင်ရှန်းကို ခက်ထန်စွာကြည့်ကာ မျက်နှာကို ပြုတ်ကျတော့မည့် မျက်နှာကို ကာထား၏။ "နင်၊ နင်က ဘယ်သူလဲ"

ယွင်ရှန်းက စကားမပြောနိုင်ချေ။ ရွှီလင်းစီက မေးပြီးနောက် သူမက ပိုတောင် ပြင်းပြင်းထန်ထန် တုန်ခါလာ၏။ သူမ ထွက်မပြေးနိုင်တော့ပေ။ ယွင်ရှန်း မည်သူမှန်းမသိသလို ဘာက သူ့ကို ထိခိုက်နာကျင်စေမှန်းမသိ။ သူမယွင်ရှန်းကို ဒုတိယအကြိမ်တောင် မတိုက်ခိုက်ရဲတော့ချေ။ ဤနေရာ၌ ကြာကြာနေ၍မရ။ ထို့ကြောင့် သူမလှည့်ထွက်သွားပြီး တောအုပ်လေးထဲမှ ထွက်သွားလေ၏။

190 03

ယွင်ရှန်းသည် သူမမည်သည့်နေရာသို့ သွားမှန်း မသိတော့ပေ။ သူ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီး မလှုပ်တော့ပေ။ သူ့ရင်ဘတ်ပေါ်ရှိ အမာရွတ်က အင်မတန်နာကျင်ရ၏။ နောက်ဆုံး၌ နာကျင်မှုက သူ့အတွက် သည်းမခံနိုင်စရာ ဖြစ်သွားသည်။ သူမျက်လုံးများ အမှောင်ကျသွားကာ သတိလစ်သွားလေ၏။

ယွင်ရှန်းပြောတာကြားပြီး ယွင်မိသားစုက ယွင်ယွီကို ကြည့်လိုက်သည်။

ယွင်ယွီက ခဏတစ်ဖြုတ် စဉ်းစားလိုက်၏။ "အရေခြုံမကောင်းဆိုးဝါး ဖြစ်လောက်တယ်။ မကောင်းဆိုးဝါးဝိညာဉ်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ မကောင်းဆိုးဝါးတစ်မျိုးပေါ့။ ဒါမျိုးက နှစ်ပေါင်းရာချီမှာ တစ်ကြိမ်ပဲ ပေါ်လာတတ်တာ။ အရေခြုံမကောင်းဆိုးဝါးသာ ဖြစ်နေမယ်ဆို ယွင်ရှန်းက ဒီတစ်ခေါက် သေဘေးကနေ လွတ်လာတာပဲ"

တကယ်တော့ ကျောက်စိမ်းအဆောင်ကြောင့်မဟုတ်လျှင် ယွင်ရှန်းသည် ယခုအဖို့ သေချာပေါက် အခက်တွေ့လိမ်မည်။ ကျောက်စိမ်းအဆောင်က သူ့အသက်ကို ကာကွယ်ပေးထား၏။ ယွင်ယွီ၏ ကာကွယ်ရေး ကျောက်စိမ်းအဆောင်ကလည်း အစွမ်းထက်သည်။ အရေခြုံမကောင်းဆိုးဝါးတောင် ခံနိုင်ရည်မရှိပေ။ သို့သော် ထိုအရာကလည်း အစွမ်းထက်လွန်းသဖြင့် ယွင်ရှန်းကို ထိခိုက်အောင် လုပ်နိုင်ခဲ့သည်။

"အရေခြုံမကောင်းဆိုးဝါးသာ ဆိုလို့ရှိရင် ဒုက္ခရောက်ပြီ"။

သို့သော်ငြား ယွင်ယွီသည် အရေခြုံမကောင်းဆိုးဝါးအပေါ် ၎င်း၏အရည်အသွေးကို လေ့လာကာ ဒုက္ခများမည်မှန်းလည်း သိနေသည်။ ထို့အပြင် အရေခြုံမကောင်းဆိုးဝါးသည် အရိုးဝိညာဉ်ဖြစ်ပြီး လှည့်လည်သွားလာရန် လူ့အရေပြားကို ဝတ်ဆင်ထားဖို့ လိုအပ်သည်။ သို့သော်ငြား တခြားတစ်ယောက်၏ ခန္ဓာကိုယ်ကို ယူခြင်းနှင့် မတူညီပေ။ သူ၏အရိုးနှင့် လူ့အရေပြား ပေါင်းစည်းဖို့မှာ အင်မတန်ခက်ခဲ၏။ အချိန်ကြာမြင့်စွာ ထိန်းသိမ်းချင်ပါက လူ့သွေး သို့မဟုတ် နှလုံးကို လိုအပ်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ၎င်းက မကောင်းဆိုးဝါးပဲဖြစ်၏။

လုံချီရှောင်ပြောသည့် ငရဲဂိတ်ပွင့်သွားပြီး ထိုအရာက သက်ရှိလောကကို ဒုက္ခပေးရန် ထွက်ပြေးလာတာ ဖြစ်ရမည်ဟု ယွင်ယွီ ခန့်မှန်းမိသည်။

သို့သော် ယခု အရေခြုံမကောင်းဆိုးဝါးအကြောင်း သတင်းရထားသောကြောင့် ရှာဖွေရာ လွယ်ကူသည်။ ယွင်ယွီက ပြောလိုက်၏။ "မောင်လေး အနားယူသင့်တယ်။ ကျောင်းပိတ်ရက် ရှိနေတယ်ဆိုတော့ ကျောင်းသွားဖို့မလိုဘူး။ ဒီမှာနားလိုက်ဦး။ ဒီအရေခြုံမကောင်းဆိုးဝါးကို ဖမ်းနိုင်မလားသိရအောင် အထူးတပ်ဖွဲ့ကို ဆက်သွယ်လိုက်မယ်။ မဟုတ်ရင် သူ့ကိုလွှတ်ထားတာက ဒုက္ခရောက်စေလိမ့်မယ်"။

ယွင်မိသားစုကလည်း စိတ်ပူနေသည်။ သို့သော် တကယ့်အရေခြုံမကောင်းဆိုးဝါးသာ ဆိုပါက ရဲတောင် ဖြေရှင်းနိုင်မှာမဟုတ်ပေ။ သူမမြေးလေးကဲ့သို့ လူမျိုးသာလျှင် ဖြေရှင်းနိုင်လိမ့်မည်။

အဘွားယွင်က သက်ပြင်းချလိုက်၏။ "ဒါဆို ယွင်ယွီအပေါ်ပဲ ဂရုစိုက်ရမယ်နော်"

"ဖွားဖွား၊ သမီးသိပါတယ်"

ယွင်ရှန်းက နိုးလာ၏။ အရေခြုံမကောင်းဆိုးဝါးသည် သူ၏နှလုံးသွေးကြောကို ထိခိုက်စေခဲ့သောကြောင့် သူအနားယူဖို့လိုသည်။ သူမကလည်း သူ့အတွက် ဆေးရည်စိမ်ပေးဖို့ ဆေးပင်၊ ဆေးပင်များ ရှာဖွေဖို့ လိုအပ်သည်။

ယွင်မိသားစုက အိပ်ခန်းထဲမှ ထွက်လာ၏။ ယွင်ယွီသည် လုံချီရှောင်ကို ဆက်သွယ်ကာ အရေခြုံမကောင်းဆိုးဝါးအကြောင်း သိမသိ မေးခဲ့သည်။

လုံချီရှောင်က မျက်မှောင်ကုပ်သွားတော့သည်။ "အရေခြုံမကောင်းဆိုးဝါးလား။ သေချာတော့မသိဘူး။ ဒါပေမဲ့ မင်းပြောသလိုဆို သိပ်မကြာသေးခင်တုန်းက မြို့တော်မှာ အမှုတစ်ခုဖြစ်ခဲ့တယ်။ ငရဲဂိတ်ပွင့်ပြီးတဲ့နောက် လူတော်တော်များများ နှလုံးထုတ်ခံရတာ။ ဒီအမှုက မကောင်းဆိုးဝါးတွေနဲ့ ဆက်စပ်နေလားမသိတာ၊ မသိတော့ ရဲစခန်းကို ဖြေရှင်းဖို့အပ်ခဲ့တာ။ ဒါပေမဲ့ စီစီတီဗီကင်မရာတွေက မျက်ကွယ်တွေမှာရှိတော့ ရဲတွေလည်း ဒါက ကွင်းဆက်လူသတ်မှုလိုပဲ အမှုစစ်ဆေးလိုက်တယ်။ အခု ညီမပြောတဲ့ပုံအရဆို အရေခြုံမကောင်းဆိုးဝါးက လူ့နှလုံးသားကို စားရတာကြိုက်တဲ့ပုံပဲ။ သေဆုံးသွားသူတွေက တကယ်အမျိုးသားတွေ၊ အများစုက အရွယ်ရောက်ပြီးသားတွေနဲ့ ၂၀ ကျော်"

"တကယ်သန့်စင်တဲ့ အမျိုးသားတွေကိုပဲ ကြိုက်တာပဲ"

လုံချီရှောင်သည် ရွှမ်းမင်ဂိုဏ်းထဲ ဝင်ပြီးသောကြောင့် သူသည် မကောင်းဆိုးဝါးမျိုးစုံအကြောင်း သိသည်။ အရေခြုံမကောင်းဆိုးဝါးအဖို့ လူတို့၏ နှလုံးနှင့် သွေးကို စုပ်ယူတာ ပုံမှန်မှန်း သိနေသည်။

190 04

သို့သော် အရေခြုံမကောင်းဆိုးဝါးသည် ဘဝတစ်သက်တာတွင်တောင် တွေ့ဖို့မဖြစ်နိုင်သေးသည့် သတ္တဝါမျိုးဖြစ်သည်။ သူတွေ့ရလိမ့်မည်ဟု မထင်ထားသော်ငြား ယွင်ယွီပြောလိုက်ချိန်ကျမှ မှတ်မိသွားတော့သည်။

သူက ပြောလိုက်၏။ "မင်းမောင် တွေ့မိသေးလို့လား"

ယွင်ယွီက 'အင်း' ဟု ဖြေလိုက်သည်။ "ရှောင်ရှန်း ကြုံခဲ့ရပြီး ဒုက္ခရောက်တော့မလို ဖြစ်သွားတယ်လေ။ ကျွန်မလည်း မြို့တော်ကို အားချင်းပြေးလာရတာ။ အရေခြုံမကောင်းဆိုးဝါးက ရွှီလင်းစီလို့အမည်ရတဲ့ လူရဲ့ အရေပြားကို ဝတ်ထားတာ။ သူက မြို့တော်တက္ကသိုလ်က ရှောင်ရှန်းရဲ့ အတန်းဖော်လေ။ ကျောင်းက ဒီနေ့ပိတ်တာ။ သူ့အချက်အလက်ရှာပေးဖို့ ဝမ်ကွဲကို အကူအညီတောင်းရဦးမယ်။ သူ့ကို တတ်နိုင်သလောက် မြန်မြန်ရှာနိုင်ရင် အကောင်းဆုံးပဲ။ သူဒဏ်ရာရထားတယ်။ သူ့အရေပြားအသစ် ပြန်ပွင့်မှာကို စိုးရိမ်တယ်။ ဒါပေမဲ့ မဖြစ်နိုင်လောက်ဘူး။ သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတော့ လှုပ်နိုင်မှာ မဟုတ်ဘူး။ ဒဏ်ရာကျက်သွားတဲ့အထိ စောင့်လောက်တယ်။ ပြီးရင် သူအပြင်ထွက်ပြီး လူတွေကို ဒုက္ခပေးလောက်တာ"

"ဟုတ်ပြီလေ။ အခုချက်ချင်း သူ့အချက်အလက်ကို တစ်ယောက်ယောက် ရှာခိုင်းလိုက်မယ်"

လုံချီရှောင်သည် ဤကိစ္စကို အလွန်အလေးအနက် ထားပုံပေါ်၏။ ယွင်ယွီက ဖုန်းချလိုက်၏။ ယခု သူမ ဘာမှလုပ်စရာမရှိတော့ပေ။ ထို့ကြောင့် သူမ အဆောင်စဆွဲတော့သည်။ ယွင်ရှန်း၏ ကာကွယ်ရေး ကျောက်စိမ်းအဆောင်ကိုလည်း ပြင်ဆင်လိုက်၏။ ရင်းက အတွင်း၌ မကောင်းဆိုးဝါးဝိညာဉ်၏ ပြင်းပြင်းထန်ထန် ကျူးကျော်မှု ရှိနေသည်။ သို့သော်ငြား ထိခိုက်သွားခြင်းမရှိပေ။ အနည်းဆုံးတော့ အရေခြုံမကောင်းဆိုးဝါးတိုက်ခိုက်မှုကို ကာကွယ်ပေးခဲ့သည်။ သို့သော် အတွင်းရှိ မကောင်းဆိုးဝါးဝိညာဉ်ကို ထုတ်ရမည်။ တကယ်တော့ ပြန်ပြင်ရ လွယ်ကူ၏။ ဝိညာဉ်စမ်းရေထဲ ပစ်ထည့်လိုက်ရုံသာဖြစ်သည်။

******

All Chapters