← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အပိုင်း 191

ယွင်ယွီသည် ဝိညာဉ်စွမ်းအင်တစ်စက် လောင်းထည့်လိုက်ပြီး ယွင်ရှန်း၏ ကာကွယ်ရေးကျောက်စိမ်းအဆောင်ကို ရေထဲပစ်ထည့်ကာ ထားထားလိုက်သည်။ သူမက ယွင်ရှန်းကို နောက်ထပ် ကာကွယ်ရေးအဆောင်နှစ်ခုနှင့် မိုးကြိုးငါးသွယ် အဆောင်တစ်ခု ပေးခဲ့၏။ ပြီးနောက် ယွင်ရှန်းအား အဆောင်အသုံးပြုပုံကို သင်ပေးခဲ့သည်။ သို့မှသာ ရွှီလင်းစီနှင့် တွေ့လျှင် သူမကို သူဖြေရှင်းနိုင်မှာပဲ ဖြစ်သည်။

ယင်းက ဘေးကင်းစေရေးအတွက်သာ လုပ်ထားတာ ဖြစ်သည်။ ယခု ကျောင်းပိတ်ရက်ဖြစ်နေ၏။ အထူးဌာနရော၊ သူမကပါ ရွှီလင်းစီကို ထွက်သွားခွင့်ပေးမှာ မဟုတ်ပေ။ ယွင်ရှန်းနှင့် ရွှီလင်းစီတွေ့နိုင်ခြေက နည်းပါးပေ၏။

ခဏအကြာတွင် သူတို့အိပ်ခန်းထဲ၌ ညစာသွားစားကြသည်။ ချင်ယွီစွေက ဟင်းသီးဟင်းရွက်တချို့နှင့် လတ်လတ်ဆတ်ဆတ် ထုတ်ကုန်များ မှာခဲ့၏။ သူနှင့် အဘွားယွင်တို့က ညနေခင်း၌ ညစာချက်ခဲ့တာ ဖြစ်သည်။ ညစာစားပြီးနောက် လူတိုင်း အိပ်ရာစောစောဝင်လေ၏။

ယွင်ယွီက ယွင်ရှန်းကို စိတ်မပူပေ။ ယွင်ရှန်းက သူတို့ဘေးအခန်းတွင် နေနေသောကြောင့် ညအချိန်၌ တစ်စုံတစ်ခု ဖြစ်လာခဲ့ပါက သူမသိလိမ့်မည်။

မနက်ဖြန်ကျ မနက်ဖြန်၌ ယွင်ရှန်းအတွက် တိုင်းရင်းဆေးဝယ်ရမည်။ သူသည် အရေခြုံမကောင်းဆိုးဝါးကြောင့် ဒဏ်ရာရထားတာ ဖြစ်၏။ သူ့ခန္ဓာကိုယ်ထဲရှိ မကောင်းဆိုးဝါးကို ဖယ်ရှားပြီးဖြစ်သော်ငြား ဆေးတိုက်ဖို့ လိုအပ်သေးသည်။ ဆေးညွှန်းထဲတွင် ပါရှိသည့် ဆေးပင်များက ရှာဖွေနိုင်ရန် အလွန်ခက်ခဲ၏။ ဆေးဆိုင်များစွာကို သွားကြည့်လိုက်ရာ ဂုဏ်သတ္တိသိပ်မကောင်းကြောင်း တွေ့လိုက်ရသည်။

ယနေ့ခေတ်၌ တရုတ်တိုင်းရင်းဆေးအများစုက ဆေးအာနိသင် သိပ်မကောင်းကြပေ။

အိပ်ရာမဝင်ခင် ယွင်ယွီက လုံချီရှောင်ဆီ ဖုန်းထပ်ဆက်ပြီး ရွှီလင်းစီ၏အခြေအနေကို မေးခဲ့၏။ လုံချီရှောင်သည် ရွှီလင်းစီ၏အကြောင်း အချက်အလက်နည်းနည်းသာ သိထားကြောင်း ပြောခဲ့၏။ သူမသည် မြို့တော်တွင် နေသော်လည်း မည်သည့်နေရာတွင် နေမှန်း မသိပေ။ ရွှီလင်းစီကို ရှာရန် လူလွှတ်ထားပြီ ဖြစ်သော်ငြား မနေ့တုန်းက ယွင်ရှန်းကို တိုက်ခိုက်ပြီးချိန်မှစပြီး သူမမိသားစုသည် သူမသတင်းကို မရခဲ့ပေ။

လုံချီရှောင်က ထပ်ပြောလိုက်၏။ “ဒါပေမဲ့ ထပ်စုံစမ်းဖို့ လူလွှတ်ထားတယ်။ စိတ်မပူနဲ့။ မြန်မြန် သွားအိပ်တော့”

ယွင်ယွီက ဖုန်းချလိုက်ပြီး အနည်းငယ် ပူပန်နေလေ၏။ ရွှီလင်းစီက ကျန်တဲ့သူများကို ဒုက္ခထပ်ပေးမှာ သူမစိုးရိမ်မိသည်။ သို့သော်ငြား သူမသည် ရွှီလင်းစီ၏တည်နေရာကို မရှာနိုင်ပေ။ ယခုအချိန်၌ သူမသည် တတိယမျက်လုံးကို မဖွင့်နိုင်သေးသောကြောင့် ရွှီလင်းစီကို ခြေရာခံနိုင်သည့် နည်းလမ်းမရှိချေ။

ယွင်ယွီက မျက်မှောင်ကြုတ်ပြီး သက်ပြင်း ချမိသွားသည်။

နောက်တစ်နေ့ အိပ်ရာစောစောထပြီး မနက်စာ စားပြီးချိန်တွင် လုံချီရှောင်က ယွင်ယွီကို ဆက်သွယ်လာ၏။

“ယွီအာ မနေ့တုန်းက တစ်ခုခုဖြစ်သွားတယ်။ လူသေသွားတယ်။ သူရဲ့နှလုံး ထုတ်ယူခံထားရတယ်။ အဲဒီနေရာမှာ စောင့်ကြည့်ကင်မရာ မရှိဘူး။ ဒါကြောင့် တရားခံကို ရှာမတွေ့ဘူး။ ရွှီလင်းစီလုပ်တာလို့ သံသယဝင်မိတယ်။ အခုသူ့ရဲ့အိမ်ကို စောင့်ကြပ်ဖို့ လူလွှတ်ထားတယ်။ သူမပြန်လာတာတွေ့ရင် ချက်ချင်းသွားလိုက်မယ်။ နှစ်ရက်အတွင်း သူရှိမဲ့ နေရာကို ရှာလိုက်မယ်။ သူ့ကို ရှာတွေ့ရင် ထပ်ဆက်သွယ်လိုက်မယ်”

ဖုန်းချပြီးနောက် ယွင်ယွီသည် အပြစ်ကင်းသည့် လူတစ်ယောက်ကို မကယ်တင်လိုက်နိုင်သည့်အတွက် အနည်းငယ်စိတ်မကောင်း ဖြစ်မိသွားသည်။ သူမသည် နှလုံးကို အရေခြုံမကောင်းဆိုးဝါး တူးထုတ်သွားမည်မှန်း သိနေသည်။ ၎င်းသည် ကျောက်စိမ်းအဆောင်ကြောင့် ဒဏ်ရာ ရထား၏။ ယွင်ရှန်းပြောပုံနှင့် ဆက်စပ်ကြည့်လျှင် အရေခြုံမကောင်းဆိုးဝါး၏အရေခွံက မတည်ငြိမ်သေးပေ။ ထို့ကြောင့် ၎င်းကို ထိန်းသိမ်းရန် လူ့နှလုံးနှင့် သွေးကို လိုအပ်သည်။ ယင်းကား သန့်စင်သော လူတို့၏ သွေးကို ရည်ညွှန်း၏။ ယွင်ရှန်း၏သွေးက အလွန်သန့်စင်၏။ သူ၏ခန္ဓာကိုယ်ကို ဝိညာဉ်စွမ်းအင်ဖြင့် အားဖြည့်ပေးထားတာ ဖြစ်သည်။ အရေခြုံမကောင်းဆိုးဝါးအတွက် ဆေးဝါးတစ်လက်ဟု ဆိုနိုင်၏။ ယွင်ရှန်းကသာ သူမချစ်သူကောင်လေးဖြစ်ရန် သဘောတူပြီး သူတို့ပတ်သက်မှုရှိခဲ့လျှင် ၎င်းက ယွင်ရှန်း၏သွေးကို ဖြည်းဖြည်းချင်းစုပ်ယူနိုင်ပြီး သူ၏အရေပြားကို တည်ငြိမ်အောင် လုပ်ကာ လူ၏နှလုံးများကို ဆက်စားဖို့ လိုအပ်တော့မှာ မဟုတ်ချေ။ သို့သော် ယွင်ရှန်းက သဘောမတူခဲ့သောကြောင့် ၎င်းသည် လူ့နှလုံးများကို ဆက်စားရုံသာ တတ်နိုင်၏။ ထိုသို့တိုင် ၎င်းက အဆုံးကျ ယွင်ရှန်းကို မတိုက်ခိုက်ဘဲ မနေနိုင်ခဲ့ချေ။ သတိမထားမိဘဲ သူမကသာ ကျောက်စိမ်းအဆောင်ကြောင့် ထိခိုက်သွားရသည်။

191 02

အရေခြုံမကောင်းဆိုးဝါးသည် ၎င်း၏အရေခွံပြောင်းလဲထားတာ နှစ်ဝက် မပြည့်လောက်သေးဟု ခန့်မှန်းမိသည်။ ထိုအချိန်က တစ္ဆေဂိတ်တံခါး ပွင့်လာတာ ဖြစ်မည်။

အရေခွံအသစ်များသာလျှင် တည်ငြိမ်မှုလိုအပ်ကာ လူ့နှလုံးနှင့်အဆီအနှစ် ဆက်လက် စားသုံးရန် လိုအပ်သည်။

ထိုသို့ဆိုလျှင် ရွှီလင်းစီက အပြစ်ကင်းသော လူတစ်ယောက်အဖြစ် သတ်မှတ်လို့ ရသေး၏။ အရေခြုံမကောင်းဆိုးဝါး သတိပြုမိတာခံရပြီး သူမအရေခွံသည် ပေါင်းစည်းသွားတာဖြစ်၏။ သနားစရာကောင်းသော်ငြား အစစ်အမှန် ရွှီလင်းစီက သေတာကြာလှပြီ ဖြစ်သည်။ ပေါင်းစည်းခံရပြီးနောက် မည်သည့်လူသားမှ အသက်မရှင်နိုင်ချေ။ တကယ်တော့ ၎င်းသည် သူမအရေခွံကိုသာမက သူမတစ်ကိုယ်လုံးရှိ သွေးကို လိုအပ်သည်။

အရေခြုံမကောင်းဆိုးဝါးသည် မနေ့တုန်းက ဒဏ်ရာရခဲ့၏။ ယင်းသည် ရွှီမိသားစုဆီ ပြန်မသွားဖြစ်လောက်ပေ။

လုံချီရှောင်က ဆက်ပြောလိုက်၏။ “စိတ်မပူနဲ့။ ဒီအကြောင်း ရှာဖွေဖော်ထုတ်ဖို့ လူဆက်ရှာနေတယ်။ အခုတော့ လူအရေခြုံပဲ တခြားအသွင် မရှိသေးဘူး။ ကင်မရာတွေကလည်း မြင်နိုင်တယ်။ ရှာဖို့လွယ်မှာပါ။ သတိရတာနဲ့ ဆက်သွယ်လိုက်မယ်”

“ဟုတ်ကဲ့”

တခြားနည်းလမ်း မရှိသောကြောင့် စောင့်ရပေမည်။ ထိုကာလအတွင်း ယွင်ယွီသည် ယွင်ရှန်းအတွက် ဆေးပင်သွားဝယ်၏။ တရုတ်တိုင်းရင်းဆေးဆိုင်ရှိ ဆေးပင်များက သူမထင်ထားသည့်အတိုင်းပင်။ အရည်အသွေးက သ်ပ်မကောင်းပေ။ တချို့တလေ ဝယ်လာပြီး ကျန်သည်ကို ရှာမတွေ့ချေ။ ကျန်ရှိသည့် ဆေးပင်များက အင်မတန် ဈေးကြီး၏။ သူတို့၏အရည်အသွေးပြည့်မှီရန် အထူးလိုအပ်ချက်ရှိသည်။

နောက်နေ့ကျမှ တရုတ်တိုင်းရင်းဆေး ရောင်းသည့် နေရာသို့ သွားနိုင်တော့သည်။ မထင်မှတ်ထားဘဲ တတိယမြောက်နေ့၌ တစ်စုံတစ်ယောက်က ရောက်လာ၏။

ထိုလူက ချင်ယွီစွေ၏အဖေတူအမေကွဲ ချင်နန်ချီ ဖြစ်သည်။ ယွင်ယွီသည် သူလာတာကို မြင်သောအခါ အနည်းငယ် အံ့ဩသွားလေ၏။ ချင်ယွီစွေ၏ အမူအရာက အတော်လေး အေးစက်နေသည်။ “ ဒီကို ဘာလို့လာတာလဲ”

ချင်နန်ချီက ညင်သာစွာ ပြုံးလိုက်တော့သည်။ “ ရှောင်ရှန်းရဲ့ အခြေအနေကို ကြားပြီးပြီ။ အထူးဌာနက အရေခြုံမကောင်းဆိုးဝါးအကြောင်း ရွှမ်းမန်ဆီ အကြောင်းကြားပေးပြီ။ ဒါကြောင့် ဒီအကြောင်းကို ငါသိလိုက်တာ။ ဆရာ့ကိုလည်း ပြောထားပြီးပြီ။ သူ အရေခြုံမကောင်းဆိုးဝါး ရှိတဲ့နေရာကို စောင့်ကြည့်ပေးဖို့ မျှော်လင့်ရမှာပဲ။ ရှောင်ရှန်း ဒဏ်ရာရထားတယ်လို့လည်း ကြားသေးတယ်။ အရေခြုံမကောင်းဆိုးဝါးကြောင့် ဒဏ်ရာရထားမှန်းသိတော့ ဆေးဝါးတွေ လိုမယ်မှန်း သိနေလို့။ ဆေးပင်တချို့ကလည်း ဝယ်ဖို့ခက်တယ်လေ။ ဆရာ့မှာ ဆေးပင်တွေ ရှိနေတာကြောင့် လာပို့ပေးတာ”

ထိုသို့ပြောပြီးနောက် ချောမောခန့်ညားသော လူငယ်လေးတစ်ယောက်သည် လက်ဆောင်သေတ္တာထုတ်လိုက်လျက် ရှေ့သို့ ရောက်လာ၏။

ယွင်ယွီသည် ချင်မိသားစုအပေါ် အမြင်မကောင်းရှိပေ။ သို့သော်ငြား သူတို့က ချင်ယွီစွေ၏ ဆွေမျိုးသားချင်းများ ဖြစ်သဖြင့် သူတို့ကို မတားချင်ပေ။ သူတို့ကို ကျေးဇူးတင်စကား ပြောလိုက်လျက် အထဲသို့ ဝင်ခိုင်းလိုက်၏။

“ မရီး ဒီလောက်ထိ အားနာနေစရာ မလိုပါဘူး”

ချင်နန်ချီ၏အကြည့်က ယွင်ယွီ၏ မျက်နှာဆီ ရောက်သွားကာ သူမကို အလွန်နူးညံ့စွာဖြင့် မရီးဟု ခေါ်လိုက်သည်။

လူတို့ကို ကြိုဆိုပြီးနောက် ချင်နန်ချီသည် အိပ်ခန်းထဲ ဝင်ထိုင်လိုက်၏။ ယွင်မိသားစုကလည်း သူ့ကို နှုတ်ဆက်ကြသည်။ ချင်းဟယ်ကျေးရွာ၌ ပြဿနာတတ်သွားသည့်တိုင် ဤလူငယ်က အတော်လေး ယဉ်ကျေးနေသေး၏။ သူတို့က ဘာမှမပြောဘဲ ကောင်းကောင်းမွန်မွန်သာ ဆက်ဆံကြသည်။

ချင်နန်ချီသည် ထိုင်ချပြီးနောက် မေးလိုက်၏။ “ ရှောင်ရှန်း အဆင်ပြေရဲ့လား”

191 03

ယွင်ယွီက ပြောလိုက်၏။ “ စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်။ မစ္စတာချင်။ ကျွန်မမောင်လေး အခုအဆင်ပြေပါတယ်”

“ ကောင်းတယ်”

ချင်နန်ချီက ညင်သာစွာ ပြောလိုက်သည်။ “ အကူအညီလိုလာရင် သိခွင့်ပေးပါ”

မွန်းတည့်ခါနီးပြီဖြစ်သည့်အပြင် ချင်နန်ချီက ပြန်ဖို့ မပြောပေ။ ဧည့်သည်များကို မောင်းထုတ်ဖို့ကလည်း အဆင်မပြေ။ ထို့ကြောင့် သူက နေ့လည်စာစားရန် နေလေ၏။ ပြီးနောက် ယွင်မိသားစုကို နှုတ်ဆက်စကား ပြောပြီးနောက် ချင်ယွီစွေကို ပြောလိုက်သည်။

“ နှုတ်ဆက်ပါတယ်။ အစ်ကိုကြီး”

ချင်ယွီစွေက ပြောလိုက်၏။ “ ဂွတ်ဘိုင်”

ချင်နန်ချီသည် ချင်ယွီစွေအိမ်မှ ထွက်လာပြီးနောက် ကုမ္ပဏီသို့ သွားလိုက်သည်။ ရီချန်က ကားမောင်းပြီး လမ်းတစ်လျှောက်၌ ချင်နန်ချီကို မနှောင့်ယှက်ခဲ့ပေ။

ချင်နန်ချီသည် ကားထဲဝင်လာချိန်မှစပြီး သူ့အမူအရာက အတော်လေး အေးစက်နေ၏။ သူက ထိုင်ခုံကို မှီထားပြီး ပင်ပန်းနွမ်းနယ်စွာဖြင့် နှဖူးကို ပွတ်လိုက်ကာ သက်ပြင်းသဲ့သဲ့ ချလိုက်လေ၏။ သူမသည် သူ့၏ တော်ဝင်မင်းသမီးလေး မဟုတ်မှန်း ရင်ထဲသိနေသည့်တိုင် ထိုမျက်နှာကြောင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။ သူ၏မင်းသမီး... အစားထိုးဖြစ်လျှင်တောင် သူ၏မင်းသမီးလေးကို လွန်စွာတမ်းတလွန်းပေ၏။ အစကတည်းက ယွင်ယွီ၏ သတင်းများကို လိုက်ကြည့်ခဲ့ရာ သူ လိုက်... အစထဲက ယွင်ယွီ၏ သတင်းများကို နားစွင့်နေခဲ့သဖြင့် သူမမောင်လေးအတွက် မြို့တော်သို့ ရောက်လာတာ သိသည်။ ထို့ကြောင့် ကိုယ်တိုင်လာတွေ့မိတာပဲ ဖြစ်၏။ အစားထိုးခံများသာဖြစ်သည့်တိုင် သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်းက အလိုလိုက်ပြီး အကောင်းဆုံးသော အရာများ ပေးချင်၏။

အခုအချိန်၌ ဤအတိုင်းသာ သွားပြီး မင်းသမီးအစစ်ကို ရှာတွေ့မှသာ ကျန်သည့်ကိစ္စများ စဉ်းစားတော့မည်။

ချင်နန်ချီ ထွက်သွားပြီးနောက် ယွင်ယွီသည် သူပို့လိုက်သည့် ပစ္စည်းများကို ဖွင့်ကြည့်ပြီး မျက်ခုံးတစ်ဖက် ပင့်မိသွားသည်။ ယင်းတို့သည် ယွင်ရှန်း လိုအပ်နေသော ဆေးပင်များ ဖြစ်ကာ သူတို့၌ အလွန်ကောင်းမွန်သည့် အာနိသင်ရှိသည်။ ဆရာ ချင်နန်ချီ၏ ဆရာက စုဆောင်းပေးထားသည့် ရတနာများ ဖြစ်ကြောင်း မြင်နိုင်သည်။ တချို့က အလွန်ရှားပါးသော ဆေးပင်များ ဖြစ်ပြီး မှားယွင်းနေတာ မရှိပေ။

ဤလက်ဆောင်ကို ဂရုတစိုက် ပြင်ဆင်ထားတာပဲ ဖြစ်မည်။ ယွင်ယွီက လက်ဆောင်ပြန်ပေးဖို့ စဉ်းစားလေ၏။

ချင်ယွီစွေက သူမအစီအစဉ်ကို မြင်နိုင်၏။ ယွင်ရှန်း၏ ဆေးပင်များကို လိုအပ်မှန်း သိနေသောကြောင့် ယွင်ယွီကို ပြောလိုက်တော့သည်။ “လက်ဆောင်ပြန်ပေးဖို့အတွက် စိတ်မပူနဲ့။ ကိုယ်ပြင်ဆင်လိုက်မယ်”

သူသည် ကျောက်စိမ်းတစ်တုံး ရွေးပြီးနောက် ပို့ပေးလိုက်၏။ တကယ်တော့ ချင်နန်ချီ ထိုကဲ့သို့သော အရာများကို အချိန်တိုအတွင်း မည်သည့်အချိန်၊ မည်သို့နည်းဖြင့် ရလာမှန်းမသိပေ။ သူက ချင်လုပ်ငန်းစု၏ဒါရိုက်တာ ဖြစ်နေပြီး လိုချင်သမျှ ရနိုင်၏။ သို့သော်ငြား သူ ယွင်ရှန်းကို ကူညီပေးခဲ့သဖြင့် အရေးကြီးသည်က သဘောထားကောင်း ပြသရန်မည်။

ချင်ယွီစွေသည် လက်ဆောင်ပို့ပေးရန် နေ့လည်၌ သွားခဲ့၏။ သို့သော် ချင်နန်ချီ အစည်းအဝေး ရှိနေသောကြောင့် ချင်နန်ချီကို မတွေ့ခဲ့ရပေ။

ချင်နန်ချီ ပို့ပေးလိုက်သည့် ဆေးများဖြင့် ယွင်ယွီသည် ယွင်ရှန်းအတွက် ဆေးကြိုပေးလိုက်ပြီး သူ့၏ စားသောက်မှုစနစ်ကိုလည်း အာရုံစိုက်ပေးခဲ့သည်။

နှစ်ရက်အကြာ၌ ယွင်ရှန်း၏ အခြေအနေ တိုးတက်လာသော်ငြား ဤဆေးကို ၄၉ ရက်ဆက်တိုက် သောက်ဖို့ လိုအပ်သေးသည်။ မူလက ယွင်ရှန်းသည် ဟယ်ချင်းကျေးရွာသို့ ပြန်ချင်ခဲ့၏။ သို့သော် မကောင်းဆိုးဝါး ထပ်ဖမ်းမိပြီး ယွင်ယွီကို အနှောင့်အယှက်ပေးမိမှာ စိုးရိမ်သည်။ ယွင်ယွီက သူ့ကို ထွက်မသွားခိုင်းရဲချေ။ အရေခြုံမကောင်းဆိုးဝါးကို မဖမ်းရသေးခင် သူမယွင်ရှန်းနားမှ လွှတ်မထားနိုင်။ အရေခြုံမကောင်းဆိုးဝါးက ယွင်ရှန်းနောက် လိုက်လာမှာစိုးသည်။

ထို့ကြောင့် ရွှေမိသားစုသည် ရက်အနည်းငယ်ကြာ ထပ်နေရမည်။

ထိုနေ့မနက်စောစော၌ ယွင်ယွီသည် အနားယူနေစဉ် ရုတ်တရက် ဖုန်းမြည်လာလေ၏။ ယွင်ယွီက ဖုန်းထူးလိုက်ချိန်တွင် လုံချီရှောင်၏ အသံကို ကြားလိုက်ရတော့သည်။ “ ယွီအာ ဒီကို မြန်မြန်လာ ရွှီလင်းစီက ရွှီမိသားစုကို ပြန်ရောက်လာပြီ။ ဒါပေမဲ့ သူထွက်သွားမှာ စိတ်ပူတယ်။ မြန်မြန်လာခဲ့”

191 04

ယင်းသည် နှစ်ပေါင်းရာချီ ကျင့်ကြံထားသည့် မကောင်းဆိုးဝါးဖြစ်ပြီး သူတို့အထူးဌာနက ဖြေရှင်းနိုင်မှာ မဟုတ်ချေ။ ထို့ကြောင့် ယွင်ယွီကို အကူအညီ တောင်းရလေ၏”

ယခုက ည၁၂နာရီရှိပြီ ဖြစ်သည်။ ထို့ကြောင့် ရွှီလင်းစီသည် အိမ်ပြန်ရန် အခွင့်ကောင်းယူတာဖြစ်မည်။ သူမဘာလုပ်ချင်နေလဲ မည်သူမှ မသိပေ။

လုံချီရှောင်က သူမကို စောင့်ကြည့်ရန် လူလွှတ်ထားပြီး နောက်ဆုံး၌ တွေ့သွားသည်။ ယွင်ယွီကချက်ချင်းထလိုက်သလို ချင်ယွီစွေကလည်း ချက်ချင်းထလိုက်၏။ “ကိုယ်ခေါ်သွားပေးမယ်။ ပိုမြန်လိမ့်မယ်”

နှစ်ယောက်သားထွက်သွားချိန်၌ ယွင်မိသားစုကို မနှောက်ယှက်ဘဲ ရွှီမိသားစုသို့ တန်းသွားလိုက်၏။

ရွှီမိသားစုသို့ ကားနှင့် သွားလျှင် ၁နာရီခန့် မောင်းရ၏။ သို့သော် ညအချိန်၌ လူနည်းပါးသောကြောင့် ချင်ယွီစွေက အမြန်မောင်းကာ မိနစ်၃၀အတွင်းရောက်သွား၏။ ကားရပ်ပြီးနောက် သူသည် ယွင်ယွီနောက်မှလိုက်ကာ လုံချီရှောင်ပြောသည့်နေရာသို့ သွားလိုက်၏။ သူတို့ရောက်ချိန်၌ လုံချီရှောင်နှင့် အထူးဌာနမှ လူပေါင်းများစွာ ရောက်နေသည်။

စုန့်ချင်းမင်၏စီနီယာအစ်ကို လီကျိုးတောင် ရောက်နေ၏။ သူတို့က အရေခြုံမကောင်းဆိုးဝါးကို အလေးထားပုံပေါ်၏။ လုံချီရှောင်က ပြောလိုက်၏။ “ရွှီမိသားစုကို စောင့်ကြည့်နေတဲ့ သတင်းပေးတွေက သူထွက်မသွားသေးဘူးလို့ ပြောတယ်။ငါတို့ တန်းသွားလိုက်ရအောင်”

ရွှီမိသားစုက ၁၆လွှာတွင်နေ၏။ ယွင်ယွီက ပတ်ဝန်းကျင် အရှိန်အဝါများမှ ဖုံးကွယ်ပြီးနောက် တံခါးဆီအမြန်သွားလိုက်သည်။ တံခါးမခေါက်ဘဲ သူမက သော့ပေါက်ထဲ စွမ်းအင်ထည့်ကာ ဖွင့်လိုက်၏။ လုံချီရှောင်က သူမကို လက်မထောင်ပြလိုက်၏။ ရွှီမိသားစုအိမ်ထဲဝင်ဝင်ချင်း ရွှီမိသားစုဝင်များက အိပ်ရာမဝင်သေးတာကို တွေ့လိုက်၏။

ရွှီမိဘနှစ်ယောက်သည် သူတို့သမီးကို ဆူနေ၏။ “ကျောင်းပိတ်တာ ရက်တော်တော်ကြာနေပြီ။ သမီးဘယ်ရောက်နေတာလဲ။ ဖုန်းဆက်လို့လည်း မရဘူး။ အဆက်အသွယ်လည်း မရဘူး။ အမေတို့ စိတ်ပူနေမှာကို မသိဘူးလား”

ရွှီလင်းစီက ဆိုဖာပေါ်တွင် ခေါင်းငုံ့ထိုင်နေကာ တစ်ခွန်းမှ မပြောပေ။ ပြောပြီးသည်နှင့် ရွှီမိဘနှစ်ပါးက တံခါဖွင့်သံ ကြားလိုက်ရ၏။ သူတို့လှည့်ကြညိ့လိုက်ချိန်တွင် လူများစွာက တံခါးဝမှာ ရပ်နေတာ တွေ့လိုက်၏။ သူတို့ခဏတာ မှင်တက်သွားလေပြီး ထစ်အသွားလေ၏။

“ဘယ် ဘယ်သူတွေလဲ။ ငါတို့အိမ်ကို ဘာလို့ လာတာလဲ။ တံခါးဘယ်လို ဖွင့်လိုက်တာလဲ”

ထိုလူများအားလုံးသည် အရပ်မြင့်မြင့် ယောက်ျားသားများဖြစ်ပြီး ညာလယ်သန်းခေါင်တွင် တံခါးဝ၌ပေါ်လာ၏။ ထို့ကြောင့် ရွှီမိဘများ ထိတ်လန့်သွားတာ သဘာဝကျသည်။

သည် ထိုစကားကို ကြားလိုက်ချိန် မော့ကြည့်မိလိုက်သောအခါ တစိမ်းအချို့ကို တွေ့လိုက်ရ၏။ သူတို့အရှိန်အဝါက သာမာန်မဟုတ်။ သူတို့အထူးဌာနမှ လူများဖြစ်မှန်း ခန့်မှန်းမိ၏။ သို့သော် မည်သူကမှ သူမလောက် အစွမ်းမထက်ပေ။ ယင်းက သူမအတွက် မှန်ကန်သော ဆေးဝါးတွေဖြစ်၏။ သူတို့ကိုကြည့်ပြီး သူမပြုံးလိုက်တာ့သည်။

******

192 01

အပိုင်း 192

လုံချီရှောင်သည် ရွှီမိဘများအား ပြန်ပြောလိုက်၏။ "မကောင်းဆိုးဝါးကို ဖမ်းဖို့"

ရွှီမိဘများက သံသယဝင်သွားလေ၏။ "ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ဘာမကောင်းဆိုးဝါးလဲ"

မျက်မှောက်ခေတ်တွင် နေထိုင်သူတို့အဖို့ မကောင်းဆိုးဝါးဆိုထားနှင့်၊ တစ္ဆေသရဲတောင် ရှားပါးလွန်းလှပေ၏။ သူတို့အဖို့ လုံချီရှောင်၏ စကားများသည် အဓိပ္ပာယ်မရှိပေ။

ရွှီလင်းစီသည် ဆိုဖာပေါ်မှာ ထရပ်ကာက သူမ၏ ချိုမြသောမျက်နှာသည် ရက်စက်သော အကြည့်ပေါ်လာ၏။ သူမက လုံချီရှောင်နှင့် ကျန်သည့်သူများကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။ "အချိန်မီ ရောက်လာတာပဲ။ ငါ့အတွက် အာဟာရဖြစ်ပေးဖို့ အားလုံးဒီမှာ နေသင့်တယ်"

ထိုစကားကို ကြားပြီးနောက် ရွှီမိဘများက သမီးထံ အော်လှည့်လာသည်။ "လင်းစီလား"

သူတို့သည် သူတို့သမီး ဘာမှန်းနေမှန်း နားမလည်ကြပေ။ အသံက သူတို့သမီးအသံနှင့် မတူ။ ပြောလိုက်သည့် စကားက သူတို့ကို ပိုတောင် စိတ်ရှုပ်ထွေးသွားစေ၏။

"ဒီကနေ ထွက်သွား" ရွှီလင်းစီက စိတ်မရှည်ဖြစ်နေပြီးသားပင်။ သူမသည် ပစ္စည်းများယူရန် ပြန်လာတာဖြစ်၏။ ယခု ဤစုံတွဲသည် တားဆီးပိတ်ပင်နေတာတွေ့ရသည်။ သူတို့က အသက်သိပ်မကြီးသေးလျှင် သူမသည် သူတို့နှလုံးကို ထုတ်ပြီး စားမိလောက်၏။ လက်တစ်ချက် ဝှေ့ယမ်းမှုကြောင့် ရွှီမိဘများသည် သူတို့နောက်ရှိ နံရံနှင့် ရိုက်မိသွားတော့သည်။

ယွင်ယွီသည် ရွှီမိဘများကို တားရန် လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်ကာ သူတို့နှင့် နံရံ မတိုက်မိအောင် ထိန်းပေးလိုက်၏။ အရေခြုံမကောင်းဆိုးဝါးက သူတို့ကို နံရံနှင့် တိုက်မိစေခဲ့လျှင် သူတို့ အတွင်းကလီစာများ ထိခိုက်သွားလိမ်မည်။ အနည်းဆုံးတော့ သွေးအန်လိမ်မည်။

ရွှီမိဘများက ဖြူဖျော့သွားကြပြီး သူတို့စိတ်များ ဗလာကျင်းသွားလေ၏။

တံခါးက ရုတ်တရက် ပွင့်သွားပြီး အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ် မိန်းကလေးက ညအိပ်ဝတ်စုံဖြင့် ထွက်လာသည်။ သူမက အိပ်ချင်မူးတူးပုံပေါ် နေပြီး ရွှီလင်းစီနှင့် ဆင်တူ၏။ သူမ အခန်းထဲရှိ လူများကို မြင်သောအခါ ကြောင်သွားပြီး မေးလိုက်သည်။ "ရှင်တို့၊ ရှင်တို့က ဘယ်သူတွေလဲ"

ထိုမိန်းကလေးက ရွှီလင်းစီနှင့် အလွန်နီးကပ်နေသည်။ ရွှီလင်းစီက သူမကို လောဘများဖြင့် ကြည့်လိုက်၏။ ဤမိန်းကလေး၏ ခန္ဓာကိုယ်က အလွန်ကောင်းမွန်ပြီး သန့်စင်သည်။ သူမသာ ထိုမိန်းကလေး၏ နှလုံးကို စားနိုင်လိုက်လျှင် ဆေးဝါးကောင်းတစ်လတ် ဖြစ်လိမ်မည်။ ဤမိသားစု၏ အရေခွံကို ငှားယူဖို့သာ စဉ်းစားခဲ့ဖူး၏။ ထို့ကြောင့် အထူးတပ်ဖွဲ့ကို သတိပေးရာ ရောက်သွားမှာ စိုးသဖြင့် ရွှီမိသားစုကို မထိခဲ့ချေ။ သို့သော် ဤကိစ္စ ပေါ်သွားပြီဖြစ်သောကြောင့် စိုးရိမ်ပူပန်စရာ မရှိတော့ချေ။

သူက အစွမ်းအစအသုံးပြုကာ ထိုမိန်းကလေးဆီသို့ ခုန်အုပ်လိုက်၏။

မိန်းကလေး၏ မျက်လုံးသည် ကြောက်လန့်မှုကြောင့် ပြူးကျယ်သွားတော့သည်။ "မကောင်းဆိုးဝါး၊ သေချင်နေတာပဲ"

ကြည်လင်သည့် အမျိုးသမီးသံတစ်သံ ပေါ်ထွက်လာသည်။ ယွင်ယွီသည် သူမကျောပေါ်ရှိ ကျောက်စိမ်းဓားကို လှမ်းပစ်လိုက်ရာ အရေခြုံမကောင်းဆိုးဝါးဆီသို့ တိုးဝင်သွား၏။ သူမ မရောက်သေးသော်ငြား ဓားစွမ်းအင်က ရောက်နှင့်နေပြီဖြစ်သည်။ ထိုဓားသည် အရေခြုံမကောင်းဆိုးဝါးအား အန္တရာယ်ကို သတိပြုမိသွားစေကာ နောက်သို့ နှစ်လှမ်းဆုတ်သွားစေသည်။ မိန်းကလေးသည် နောက်ဆုံး၌ ရှောင်တိမ်းလိုက်ကာ သူမမိဘများဆီ အပြေးအလွှားလျှောက်သွားပြီး ငိုမိလုနီးနီးပါး ဖြစ်သွား၏။ "မေမေ၊ ဖေဖေ၊ သမီးအစ်မ ဘာဖြစ်သွားတာလဲ"။

ရွှီမိသားစုမိဘများက နှုတ်ခမ်းတင်းတင်း စေ့ထား၏။ ဤလူတစ်စုသည် မကောင်းဆိုးဝါးဖမ်းရန် ရောက်လာတာဖြစ်ကြောင်းနှင့် သူတို့သမီး ထူးထူးဆန်းဆန်း ပြုမူနေတာကို တွေးမိသွား၏။ မဟုတ်မှလွဲရော "ငါ့၊ နင့်ရဲ့ ကျင့်ကြံစဉ်ကို ဘာလို့မမြင်နိုင်တာလဲ"။

ရွှီလင်းစီသည် ယွင်ယွီကို စိုက်ကြည့်လိုက်၏။

သူမ၏ ကျင့်ကြံစဉ်ကို မပြောနိုင်ပေ။ သာမန်လူတစ်ယောက်ဖြစ်နိုင်၏။ သို့မဟုတ် သူမထက် ကျင့်ကြံစဉ် ပိုမြင့်သောသူ ဖြစ်နိုင်သည်။

192 02

ယွင်ယွီသည် စကားထပ်မပြောချင်တော့သဖြင့် ကျောက်စိမ်းဓားဖြင့် ထိုးစိုက်လိုက်သည်။

လုံချီရှောင်နှင့် လီကျိုးကလည်း ရှေ့သို့တက်လာ၏။ သူတို့ကျင့်ကြံမှုသည် အရေခြုံမကောင်းဆိုးဝါးလောက် မကောင်းသော်ငြား သူတို့လက်ထဲတွင် ပစ္စည်းကောင်းများ ရှိနေပြီး မကောင်းဆိုးဝါးများ အကြောက်လန့်ဆုံးဖြစ်သည့် မိုးကြိုးငါးသွယ်အဆောင် ရှိနေသည်။ သူတို့က အရေခြုံမကောင်းဆိုးဝါးဆီသို့ ပစ်ထုတ်လိုက်၏။ အထူးတပ်ဖွဲ့ထဲရှိ ကျန်သည့်လူနှစ်ယောက်က ကျင့်ကြံစဉ်မရှိပေ။ ထို့ကြောင့် သူတို့သည် ရွှီမိသားစုဝင်များကို သွားကူညီကာ နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။

အရေခြုံမကောင်းဆိုးဝါးသည် ယွင်ယွီကို မယှဉ်နိုင်ပေ။ မိုးကြိုးငါးသွယ်အဆောင်ဖြင့် နောက်ယှက်နေသည်။ လူနှစ်ယောက်ကလည်း ရှိနေသေးသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ၎င်းသည် ထပ်တောင့်မခံနိုင်တော့ချေ။ မိုးကြိုးငါးသွယ်အဆောင်က နှစ်ကြိမ်ခန့် ပေါက်ကွဲသွားပြီး ကျောက်စိမ်းဓား၏ ဓားစွမ်းအင်ကြောင့် ဒဏ်ရာရသွားတော့သည်။ ထို့အပြင် ယခင်ရက်က ဒဏ်ရာရထားသေးပြီး မကျက်သေးပေ။ ယခု အားအင်ကုန်ခမ်းနေပြီဖြစ်၏။ မူလက မမြဲသေးသော အရေခွံသည် ခန္ဓာကိုယ်မှ ကွာကျတော့မည့်ပုံပေါ်ကာ ရွံ့တွလာလျက် ပေါ်လာတော့သည်။ ပါးပေါ်ရှိ အရေခွံကတောင် ကွာကျလာပြီး ခြောက်ခြားဖွယ်ကောင်းနေတော့သည်။

အခန်းတံခါး၌ ရပ်နေသော မိန်းကလေးက ကြောက်လန့်တကြား စတင်ငိုယိုလေ၏။ "အဲဒါဘာလဲ။ ငါ့ရဲ့အစ်မ ဘယ်မှာလဲ။ ငါ့ရဲ့အစ်မ"

ရွှီမိဘများသည် သူတို့သမီးကြီးသည် ဤအရာကြောင့် ထိခိုက်ပြီးဖြစ်လောက်သည်ဟု ခန့်မှန်းမိသည်။ ဤအရေခွံသည် သူတို့သမီး၏ အရေခွံဖြစ်လောက်သော်ငြား အထဲတွင်ရှိသည့်အရာက ဘာမှန်းမသိ။ လူကြီးနှစ်ယောက်က မငိုဘဲ မနေနိုင်တော့ပေ။

အရေခြုံမကောင်းဆိုးဝါးသည် ရုတ်တရက် အသိစိတ်ကပ်သွားလေ၏။ "အရင်ရက်တွေတုန်းက ငါ့ကိုထိခိုက်အောင်လုပ်တဲ့သူက နင်ပဲမလား။ ယွင်ရှန်း၊ နင်က ဘယ်သူလဲ"

ယွင်ယွီက အေးတိအေးစက် ပြောလိုက်၏။ "မသေခင် ဘာကြောင့် ဒီလောက် သိချင်နေတာလဲ"

သက်ညာမှု မရှိ သူမသည် ဓားဖြင့် ထိုးစိုက်လိုက်၏။ အရေခြုံမကောင်းဆိုးဝါးသည် အားအင်ကုန်ခမ်းလုနီးပါးဖြစ်နေကာ ဓားကို မရှောင်နိုင်ခဲ့ပေ။ သူတစ်ဖက်သို့ လှည့်လိုက်ချိန် ဓားက သူ့ဘေးကို တိုးဝင်သွား၏။ သူသည် လူသားတစ်ယောက်နှင့် မတူသည့် စူးရှသည့်အသံတစ်သံ ပြုလိုက်ကာ လျင်မြန်စွာ ခုန်ထွက်လိုက်သည်။ လူ့အရေခွံသည် သူ၏ခန္ဓာကိုယ်ပေါ်မှ လူ့အရေခွံသည် ထူးဆန်းသော ပုံသဏ္ဌာန်ဖြင့် ဆွဲခွာခံလိုက်ရပြီး အရေခွံက မြေပြင်ပေါ် ပြုတ်ကျသွားပြီး အရေခြုံမကောင်းဆိုးဝါး၏ မျက်နှာအစစ်အမှန်က ပေါ်လာတော့သည်။ အရိုးများထက်တောင် ပိုရွံရှာစက်ဆုပ်ဖွယ်ကောင်းသည့် အရာဖြစ်သည်။ အရောင်အသွေးက နီရဲညိုမှောင်နေကာ အကြောများဖြင့် လိမ်ယှက်နေလျက် အရိုးများ အထင်သားပေါ်နေသည်။ လူတစ်ယောက်၏ အရပ်အမြင့်ခန့်နှင့် တူ၏။ မျက်လုံးနေရာတွင် အပေါက်များရှိကာ နှာခေါင်းရိုးနှင့် ပါးစပ်သဏ္ဌာန်ရှိနေသည်။ ယင်းက အင်မတန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းပေ၏။

အရေခြုံမကောင်းဆိုးဝါး၏ မျက်နှာအစစ်အမှန်ကို မည်သူမှ မတွေ့ခဲ့ဖူးပေ။ ထို့ကြောင့် ၎င်းက သူတို့ကို ပျို့အန်စေ၏။ လုံချီရှောင်သည် မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။

ရွှီမိသားစု၏ ညီမလေးက အော်ဟစ်နေကာ ကြောက်လန့်မှုကြောင့် သတိလစ်သွား၏။ ရွှီမိသားစု၏ လူကြီးနှစ်ယောက်ကလည်း အခြေအနေမကောင်းပေ။

ထိုအရာကို မည်သူမှ အာရုံမစိုက်သေးခင် စင်္ကြံလျှောက်လမ်းပြတင်းပေါက်မှ ရုတ်တရက် ခုန်ဆင်းသွား၏။ လူတိုင်းက ပြတင်းပေါက်ဆီ လိုက်သွားကြချိန် နီရဲညိုမှောင်နေသော အရာ ပြုတ်ကျသွားတာ တွေ့လိုက်ရ၏။ လုံချီရှောင်က ကျိန်ဆဲလိုက်တော့သည်။ "သေစမ်း။ ငါတို့တွေ ဒီအတိုင်း လွတ်သွားတော့မှာပဲ"

ယွင်ယွီက ပြောလိုက်၏။ "နင်ထွက်ပြေးလို့မရဘူး"။

သူမသည် ယွီချန်းကို ဆုတ်ကိုင်လိုက်လျက် စကားတစ်ခွန်းမှ မပြောဘဲ နံရံဘောင်ကို နင်းကာ ခုန်ချသွားလေ၏။ "ယွီအာ"

လူများစွာက ထိတ်လန့်သွားတော့သည်။

ချင်ယွီစွေ၏ မျက်နှာထားက ပြောင်းလဲသွားလေ၏။ ယွီအာသည် ယုံကြည်ချက်ရှိသည့် အချိန်ကျမှသာ ခုန်မှန်းသိသော်ငြား ထိုမြင်ကွင်းကိုတွေ့ချိန်၌ သူတုန်ယင်နေဆဲဖြစ်သည်။

192 03

ယွင်ယွီ၏အသံက အောက်ဘက်ကနေ ပေါ်ထွက်လာတော့သည်။ "စိတ်မပူကြနဲ့"

ထိုမြင်ကွင်းကိုမြင်သောအခါ ရွှီမိသားစု၏ လူကြီးနှစ်ယောက်သည် နောက်ဆုံး၌ သေလုနီးပါး ကြောက်လန့်သွားတော့သည်။

လုံချီရှောင်က ရေရွတ်ပြောလိုက်တော့သည်။ "ယွီအာရဲ့ ကျင့်ကြံမှုက ဒီလောက်တောင် မြန်ဆန်ဆန် တိုးတက်လာတာပဲ"

ထိုသို့ပြောပြီးနောက် သူသည် ချင်ယွီစွေနောက် ချက်ချင်းလိုက် လိုက်သည်။ ချင်ယွီစွေနှင့် လီကျိုးတို့က ဓါတ်လှေကားဆီ သွားပြီး အထူးတပ်ဖွဲ့မှ လူနှစ်ယောက်အား ရွှီမိသားစုဝင်များကို နှစ်သိမ့်ပေးရန် ထားခဲ့ပြီ ဖြစ်၏။ ပြီးနောက် အရှုပ်အထွေးများကို ရှင်းလင်းရန် လူခေါ်လိုက်သည်။

ယွင်ယွီ ခုန်ချလိုက်ချိန်၌ သူမနားထဲ လေတိုးသံ ဖြတ်သွားတော့သည်။

သူမ မြေပြင်ပေါ် ဆင်းသက်တော့မည့်အချိန်၌ သူမ၏ခန္ဓာကိုယ်က အနည်းငယ် ရပ်တန့်သွားလေ၏။ သူမက မြေပြင်နှင့် မီတာအနည်းငယ် ဝေးကွာနေသေးချိန် ခန္ဓာကိုယ်တစ်ဖက်လှည့်ကာ ခြေထောက်နှစ်ဖက်ဖြင့် ဆင်းသက်လိုက်သည်။ လျင်မြန်စွာကျဆင်းမှုကြောင့် နားထဲ အနည်းငယ်နာကျင်သည်မှအပ ကျန်သည်ကို မခံစားရပေ။

ထိုအရာက မြေပြင်ပေါ် ဆင်းသက်ခါစဖြစ်ပြီး ၎င်း၏ကျင့်ကြံမှုက ထိခိုက်ထား၏။ ယခု ဤမျှအမြင့်မှ ခုန်ချလေရာ ပိုတောင်ထိခိုက်သွားတော့သည်။ လမ်းလျှောက်ချိန်၌ ခြေတစ်ရွတ်ဆွဲလုနီးပါး ဖြစ်သွားတော့သည်။

နောက်ရှိ လှုပ်ရှားမှုကို ကြားသောအခါ ကြောက်လန့်တကြား လှည့်ကြည့်လာပြီး ယွင်ယွီကို ကြည့်ရာ၌ မျက်လုံးမပါသည့် အနီရောင် မျက်တွင်းချိုင့်ရာ တစ်စုံသာရှိနေ၏။ ချွန်ထက်သောသွားများရှိသည့် အပေါ်နှင့်အောက်မေးရိုးများက ပွင့်လာလျက် ပြောလိုက်တော့သည်။ "ဆရာသခင်၊ ကျုပ်ကို ဒီတစ်ခေါက် လွှတ်ပေး၊ ကျွန်မကို ဒီတစ်ခေါက် လွှတ်ပေးပါ။ ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်တော့ပါဘူး။ ဆရာသခင်ကို ခစားလိုစိတ်လည်း ရှိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

စကားတစ်ခွန်းမှ မပြောဘဲ ယွင်ယွီသည် ယွီချန်းကို ကိုင်မြှောက်လိုက်လျက် မကောင်းဆိုးဝါး၏ ခေါင်းကို ဖြတ်လိုက်၏။ အနက်ရောင်အညစ်အကြေးက မြေပြင်ပေါ် ပြုတ်ကျသွားပြီး အင်မတန် ဆိုးရွားသည့် အနံ့သတ် ပေါ်ထွက်လာသည်။

မြေပြင်ပေါ်ရှိ နေရာကိုကြည့်ပြီး ယွင်ယွီ သက်ပြင်းချလိုက်တော့သည်။ အရေခြုံမကောင်းဆိုးဝါးကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ ဤလောကထဲ၌ ဒုတိယတစ်ကောင် ပေါ်မလာဖို့ မျှော်လင့်ရသည်။

ငရဲဂိတ်ဖွင့်တာ ဘာလို့ဖြစ်တာပါလိမ့်။ သက်ရှိလောကကို နောက်ယှက်နေတာပဲ။ ချင်ယွီစွေနှင့် ကျန်သည့်သူများ ဆင်းသက်လာချိန်တွင် မြေပြင်ပေါ်ရှိ အရေခြုံမကောင်းဆိုးဝါးကို တွေ့လိုက်ရသည်။ လုံချီရှောင်က ယွင်ယွီကို လက်မထောင်ပြလိုက်၏။ "ယွီအာက အံ့ဩဖို့ကောင်းလိုက်တာ"

ချင်ယွီစွေက ယွင်ယွီကို တစ်ချက်ကြည့်လိုက်၏။ သူရင်ထဲရှိ လေးလံသောဖိအားက လျော့ကျသွားတော့သည်။

ယွင်ယွီသည်လည်း အစောတုန်းက သူထိတ်လန့်သွားမည်မှန်း သိနေ၏။ ထို့ကြောင့် ချင်ယွီစွေဘေးနားသွားကာ သူ့လက်ကို တွဲထားလျက် လုံချီရှောင်ကို ပြောလိုက်သည်။ "အစ်ကို ဝမ်ကွဲ၊ အစ်ကိုလေး၊ အရေခြုံမကောင်းဆိုးဝါးကို ဖြေရှင်းပြီးပြီဆိုတော့ ယွီစွေနဲ့ ကျွန်မ အရင်ပြန်နှင့်တော့မယ်"

"အေးအေး၊ မင်းတို့ပြန်တော့။ ကျန်တာဖြေရှင်းလိုက်မယ်"

ယွင်ယွီ၏ ဤနေရာတွင်နေလျှင်လည်း ထပ်မကူညီပေးနိုင်တော့တာ မှန်ပေ၏။ အထူးတပ်ဖွဲ့က နောက်ဆက်တွဲကို ဖြေရှင်းရမည်ဖြစ်ကာ မိသားစုဝင်များကို နှစ်သိမ့်ရမည်။ မကောင်းဆိုးဝါး ဖယ်ရှားပြီး မကောင်းဆိုးဝါးဖမ်းဆီးခြင်း၌၊ ဖမ်းဆီးတိုက်ခိုက်သည့်မှအပ သူမသည် မိသားစုဝင်များကို နှစ်သိမ့်ရာ၌ မတော်ပေ။

ချင်ယွီစွေသည် ယွင်ယွီနှင့်အတူ ဗီလာသို့ ပြန်လာလေ၏။ ချင်ယွီစွေသည် အိမ်ပြန်လမ်းတစ်လျှောက်၌ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ စိတ်ပူနေမှန်း ယွင်ယွီသိလေ၏။ ထို့ကြောင့် ကြင်နာစွာ ပြောလိုက်တော့သည်။ "အစောတုန်းက ခြောက်လန့်မိသွားလား"

192 04

သူက တစ်ခွန်းမှ မပြောတာကို မြင်သောအခါ သူမဆက်ပြောလိုက်၏။ "စိတ်မပူနဲ့။ ကျွန်မမှာ ရှင်နဲ့ မူမူရှိသေးတယ်။ ပြီးတော့ ကျွန်မမိသားစု၊ ကျွန်မ ရူးမိုက်တာ မလုပ်ဘူး။ ကျွန်မအသက်ကို တန်ဖိုးထားတယ်။ သက်ဆုံးတိုင်ထိ အတူနေချင်တာ"

ချင်ယွီစွေက သူမကို လှည့်ကြည့်လိုက်ချိန်၌ သူ့မျက်လုံးထဲ၌ ကူကယ်ရာမဲ့မှုနှင့် နူးညံ့သိမ်မွေ့မှုတို့ ရှိနေသည်။ သူက လက်ဆန့်ထုတ်လိုက်လျက် သူမ၏ နူးညံ့သောလက်လေးကို ကိုင်လိုက်သည်။

ယွင်ယွီသည် သူ့ကို ချိုမြိန်စွာ ပြုံးပြလိုက်မိလေ၏။ တကယ်တော့ သူမဘေး၌ သူရှိနေချိန်၌ လုံခြုံမှုကို ခံစားရသည်။ သူတို့ဗီလာသို့ ပြန်ရောက်ချိန်၌ မနက်နှစ်နာရီ ထိုးခန့်နီးနေပြီ ဖြစ်သည်။ ယွင်မိသားစုက အနားယူနေသေးပြီး သူတို့အပြင်ထွက်သွားမှန်း မသိပေ။

သူတို့သည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အခန်းသို့ပြန်ကာ ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်လိုက်သည်။

နောက်တစ်နေ့တွင် ယွင်ယွီသည် ယွင်မိသားစုကို အရေခြုံမကောင်းဆိုးဝါးအား ဖြေရှင်းပြီးဖြစ်ကြောင်း ပြောပြခဲ့၏။ ယွင်ရှန်းသည် နေကောင်းလာချိန်၌ ယွင်မိသားစုနှင့်အတူ အိမ်ပြန်နိုင်မည်ဖြစ်သည်။ ယွင်ယွီကလည်း ရှန်းရှန်းနှင့် ကျင်းကျင်းကို သွားတွေ့ရန် နှစ်ရက်လောက်နားဖို့ ပြင်ဆင်ထားသည်။ သူတို့နှင့် မတွေ့ရတာ ကြာပြီဖြစ်သည်။ နှစ်သစ်ကူးကို ရောက်ခါနီးပြီဖြစ်သောကြောင့် နှစ်သစ်ကူးကို အတူကျင်းပရန်အတွက် အချိန်ကောင်းဖြစ်သည်။

အဘွားယွင်နှင့် အမေယွင်တို့သည် ယွင်ယွီက ညသန်းခေါင်၌ အရေခြုံမကောင်းဆိုးဝါးကို ဖြေရှင်းရန် ထွက်သွားကြောင်း သိလိုက်ရချိန်၌ ထိတ်လန့်သွားတော့၏။ သို့သော် သူမအဆင်ပြေနေတာကို မြင်ချိန်၌ စိတ်အေးသွားတော့သည်။ အဘွားယွင်က ပြော၏။ "ဒါဆို ရှောင်ရှန်းကို ဒီမှာဆက်နေခိုင်းလိုက်။ သမီး၊ အမေနဲ့ အဘွား အရင်ပြန်နှင့်မယ်။ မြို့ထဲက ဘန်းမုန့်ဆိုင်က ပိတ်ထားတာ ကြာပြီ။ လူတွေ အဲဒီအကြောင်း ပြောနေမှာစိုးတယ်"

ယခု မြို့ထဲ၌ ပေါင်မုန့်ဆိုင်သည် ယခုစွန် အဘွားယွင်နှင့် အမေယွင်၏ ကြီးကြပ်မှုအောက်၌ ရှိနေ၏။ သူတို့က အလုပ်လုပ်စရာရှိနေမှသာ စိုးရိမ်ပူပန်မှု လျော့နည်းလိမ်မည်။ ယွင်ယွီကလည်း သူမ၏အဘွားနှင့် အမေ၏ ဤနေရာ၌ နေသားမကျမှန်း သိ၏။ ထို့ကြောင့် သူတို့အတွက် လေယာဉ်လက်မှတ် မှာပေးလိုက်သည်။ နောက်နေ့၌ ချင်ယွီစွေနှင့် ယွင်ယွီသည် သူတို့ကို လေဆိပ်သို့ အတူပို့ပေး၏။

ယွင်ရှန်းက လမ်းလျှောက်နိုင်ပြီဖြစ်သည်။ နေ့တိုင်း သူဆေးသောက်ပြီး လမ်းလျှောက်တတ်၏။ သူမအဘွားနှင့် အမေကို ပို့ပေးပြီးနောက် ဖန်ရှန်းရှန်းနှင့် စုန့်ကျင်းကျင်းကို ဆက်သွယ်လိုက်သည်။ သူတို့က သူမ မြို့တော်လာကြောင်း သိရချိန်၌ အလွန်ပျော်ရွှင်သွားတော့သည်။

နှစ်ယောက်သား အလုပ်လုပ်နေဆဲဖြစ်ကာ အားလပ်ရက် ၁၀ ရက်ရှိသေးသည်။ ထိုအချိန်ကျ တရုတ်နှစ်သစ်ကူးကို ရောက်ခါနီးပြီဖြစ်၏။ သူတို့သုံးယောက်သည် ညနေ ၅ နာရီခန့်တွင် ရှောပင်းမော၌ တွေ့ရန် ချိန်းထား၏။ ထိုအချိန်ကျမှ သူတို့နှစ်ယောက် အလုပ်ဆင်းမှာဖြစ်သည့်အပြင် တစ်ခုခုစားပြီး ရုပ်ရှင်ကြည့်နိုင်သည်။

မိန်းကလေးများ စျေးဝယ်ထွက်ရတာ အကြိုက်ဆုံးဖြစ်သည်။ ယွင်ယွီက သူ့သူငယ်ချင်းကောင်းနှင့် တွေ့ချင်သောကြောင့် ချင်ယွီစွေကို မခေါ်တော့ပေ။

မောလ်သို့ ရောက်သည့်အချိန်တွင် သူတို့သုံးယောက်က တစ်ယောက်နှင့်တစ်ယောက် တွေ့ရတာ အလွန်ပျော်ရွှင်နေ၏။ ယွင်ယွီကလည်း အလွန်စိတ်ကောင်းဝင်နေတော့သည်။ အစ၌ မူလခန္ဓာ၏ မိတ်ဆွေများ ဖြစ်သော်ငြား သူမသည် ခင်မင်ရင်းနှီးမှုနှင့် သစ္စာတရားကို တန်ဖိုးထားပြီး အလွန်နှစ်သက်၏။

သူမတို့ ညစာစားပြီးချိန်၌ ၇ နာရီကျော်နေပြီ။ ညစာစားကာ ဈေးဝယ်ထွက်ပြီးနောက် ရုပ်ရှင်ကြည့်ပြီးချိန်၌ ၇ နာရီကျော်နေပြီဖြစ်သည်။ ယွင်ယွီက သူ့သူငယ်ချင်းနှစ်ယောက်ကို အိမ်သို့ လိုက်ပို့ပေးလိုက်သည်။ သူမ မထွက်လာခင် သူတို့အား အဆောင်များ ပေးခဲ့၏။ လူ့လောကသည် လတ်တလော၌ ဗရမ်းဗဒါဖြစ်နေ၏။ ထို့ကြောင့် ယွင်ယွီသည် သူတို့အဆင်ပြေဖို့ မျှော်လင့်မိသည်။

ယွင်ယွီက မြို့တော်၌ ရက်အနည်းငယ်နေပြီး သူမသူငယ်ချင်းနှစ်ယောက်နှင့် နှစ်ရက်သုံးရက် လျှောက်လည်ခဲ့၏။ ယင်းကလည်း အနားယူသည့်နည်းလမ်းဖြစ်သည်၊

တတိယမြောက်နေ့တွင် ညစာစားပြီးနောက် သုံးယောက်သား အနီးအနား၌ လမ်းလျှောက်နေစဉ် သူတို့ကျောင်းတက်ရက်များကို ပြန်လည်တမ်းတမိလေ၏။

မထင်မှတ်ထားဘဲ တက္ကသိုလ်ဝန်းထဲမှ ထွက်လာစဉ် အသိအကျွမ်းတစ်ယောက်နှင့် တွေ့မိသည်။ ယွင်ယွီ၊ ကျန်သည့်သူများနှင့် တစ်ဆောင်တည်းဖြစ်သော ကောချင်ပဲဖြစ်သည်။ ယွင်ယွီကို စိတ်ခိုက်ရန်အတွက် ယွင်ဝေးဝေးနှင့် ပူးပေါင်းခဲ့သည့် ကျောင်းသူဖြစ်၏။ သူမကြည့်ရတာ ယခု အနည်းငယ် ဆုတ်ယုတ်သနားစဖွယ် ကောင်းနေသည်။

******

All Chapters