← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အပိုင်း 193

ကောချင်သည် တက္ကသိုလ်မြို့နား၌ နေကြောင်း ယွင်ယွီ မှတ်မိနေသေး၏။ သို့သော်ငြား နှစ်နှစ်ကြာပြီးနောက် ကောချင်ကို တွေ့ရလိမ့်မည်ဟု မထင်ထားပေ။ ထိုစဉ်က သူမ၊ ယွင်ဝေးဝေးနှင့် ထန်ဟုန်းလျန်တို့သည် သူမကို စိတ်ဆိုးအောင်လုပ်ခဲ့ကြလေ၏။ ယွင်ယွီသည် မည်သူ့ကိုမှ ချမ်းသာမပေးခဲ့ချေ။ ထန်ဟုန်းလျန်က ဒေဝါလီခံရပြီး ထောင်ကျသွား၏။ ကောချင်ကမူ သူမကြောင့် ကျိန်စာတိုက်ခိုက်ခံလိုက်ရသည်။ ကောချင်၏ အဆုံးသတ်ကို အတန်းဖော်အဖွဲ့ထဲမှ ကြားခဲ့ဖူး၏။ ကောချင်သည် ယင်းက သူမ လုပ်ခဲ့တာမှန်း သဘောပေါက်တာ ဖြစ်လောက်ပြီး အတန်းဖော်အဖွဲ့ထဲ၌ သူမကို ဆဲဆိုခဲ့လေရာ နောက်ဆုံး၌ ကန်ထုတ်ခံရသည်။

ကောချင်က အနည်းငယ် ယူကြုံးမရဖြစ်နေပြီး သရဲမကြာခဏ ကြုံတွေ့ကြောင်းနှင့် သရဲခြောက်ခံရကြောင်း အတန်းထဲမှ လူများ ပြောတာကို ကြားဖူး၏။

လမ်းဖြတ်ကူးနေစဉ် ကောချင်သည် ရုတ်တရက် မီးနီဖြတ်ပြေးမိကာ ခြေထောက်ကျိုးသွားသည်။ သူမ ဆေးရုံသို့ သူမကို ဆေးရုံသို့ ပို့သည့်အချိန်တွင် တစ်စုံတစ်ခုက သူမကို တွန်းလိုက်တာဟု ဆိုသည်။

သို့သော်ငြား သူမပြောတာ မည်သူမှ မယုံပေ။ ခြေထောက်ကျိုးပြီးနောက် ကောချင်သည် အိမ်ပြန်လာချိန် ပိုတောင်ထူးဆန်းလာလေ၏။ သူမ၏ မောင်လေးသည် စာလေ့လာရာ၌ အနှောင့်အယှက်ဖြစ်သည်အထိ တွေ့ကြုံခဲ့ရ၏။ သူမက တစ်ချိန်လုံး အိမ်တွင် အော်ဟစ်ပြောဆိုနေကာ သရဲများရှိကြောင်း ပြောခဲ့သည်။ နောက်ပိုင်း၌ သူမမိသားစုသည် သည်းမခံနိုင်တော့ဘဲ သူမကို စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ခဲ့သည်။ ပြီးနောက် အတန်းဖော်များက ကောချင်အကြောင်း ထပ်ပြောတာ မကြားရတော့ချေ။

ယွင်ယွီနှင့် ကျန်သည့်သူသုံးယောက်က ကောချင်ကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု မထင်ထားပေ။

သူမသည် မျက်တွင်းချောင်ကျနေသည့် သက်လက်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး တွန်းလာသော ဝှီးချဲပေါ်တွင် ထိုင်နေသည်။ ထိုအမျိုးသမီးက သူမကို စကားပြောနေသေး၏။ “ချင်ချင်၊ သမီးမောင်လေးက အခုကျောင်းပိတ်ရက်။ ပိတ်ရက်မှာ အိမ်အလုပ်လုပ်ရမယ်။ နေ့လည်ဘက်မှာ အမေ သမီးလေး လျှောက်ထွက်နိုင်အောင်လို့ ထွက်လာပို့ပေးတာ။ သူ နှစ်သစ်ကူးပြီးရင် ကျောင်းပြန်သွားရမှာ။ နောင်ကျ အမေ သမီးကို ဆေးရုံမပို့တော့ဘူး”

အမျိုးသမီးသည် စကားပြောနေစဉ် မျက်လုံးများ နီမြန်းလာလေ၏။ သူမ မျက်ရည်များကို တိတ်တဆိတ် သုတ်နေကာ သူမသမီးကို ရှေ့သို့ ဆက်တွန်းသွားတော့သည်။

ကောချင်က တုံ့ပြန်မှုမရှိပေ။ သူမအမူအရာက ထုံအအဖြစ်နေကာ မေးရိုးများက ချောင်ကျနေ၏။ ဆံပင်ဖြူတချို့တောင် ရှိနေသည်။ သူမက အသက်ဆယ်နှစ်စာ ပိုအိုစာသွားသလိုပင်။

အမျိုးသမီးက ကောချင်ကို သူတို့ဘေးမှ တွန်းသွားသည်။

ကျန်သည့်သူများ ထိုလူများ ဖြတ်သွားပြီးနောက် စုန့်ကျင်းကျင်းက သက်ပြင်းချလိုက်၏။ “တစ်ဆောင်ထဲမှာ နေတုန်းက ငါသူ့ကို မုန်းပေမဲ့ အခုလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။ သနားစရာပဲ”

ဖန်ရှန်းရှန်းကလည်း သက်ပြင်းချလိုက်သည်။

ယွင်ယွီက ကောချင်ကို ကြည့်ကာ မျက်လွှာချလိုက်ပြီးနောက် သူမဘေးနားတွင် ချထားသည့် လက်ချောင်းများကို လှုပ်ရှားလိုက်၏။ သာမန်လူများ မမြင်ရသည့် အနက်ရောင် မြူသည် ကောချင်၏ ကိုယ်ထဲမှ ထွက်လာသည်။

သူမသည် ကောချင်ကို ကူညီပြီး မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားပေးခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီး နှစ်နှစ်တိုင် ကုန်လွန်ခဲ့ကာ ကောချင်သည်လည်း ထိုက်တန်သည့် အပြစ်ပေးမှု ရရှိခဲ့ပြီ ဖြစ်သည်။ သူမ မသိသဖြင့် အသက်ချမ်းသာပေးမည်။

ယွင်ယွီသည် မူလခန္ဓာကိုယ်ကလည်း ဤသို့ တွေးမိလောက်မည်ဟု ခံစားမိသည်။ သူတို့ကံကြမ္မာက ၇၀၊ ၈၀ ရာခိုင်နှုန်းခန့် ဆင်တူ၏။ ထို့အကြောင်းအရင်းကြောင့် နှစ်ပေါင်း ၂၀၀၀ နီးပါး အိပ်စက်နေပြီးနောက် ရုတ်တရက် နိုးထလာခဲ့တာ ဖြစ်မည်။ မူလခန္ဓာကိုယ်သည် အရက်သောက်ပြီးနောက် တစ်ခုခုကို လွဲချော်နေကြောင်း သတိထားမိကာ သေခါနီးအချိန်၌ သူမကို သစ္စာဖောက်သွားသူများအား အပြစ်ပေးခံရရန် ဆန္ဒရှိခဲ့တာပဲ ဖြစ်မည်။ ထိုအကြောင်းအရင်းကြောင့် ယွင်ယွီက မူလခန္ဓာဖြစ်လာပြီး သူတို့၏ ကံကြမ္မာနှင့် ရုပ်ရည်သွင်ပြင်က ၇၀၊ ၈၀ ရာခိုင်နှုန်းခန့် ဆင်တူသည်။

193 02

တကယ်တော့ အစကတည်းက မူလခန္ဓာကိုယ်သည် သူမကို ထိခိုက်အောင်လုပ်ချင်သည့် သူများကို အပြစ်ပေးချင်ရုံသာ ရှိပြီး ထိုလူများကို သေသွားစေချင်တာ မဟုတ်ပေ။

မူလခန္ဓာ၏ ကြင်နာတရားကြောင့် ဖြစ်ဟန်တူသည်။ ထို့ကြောင့် ဤလူသုံးယောက် မသေခဲ့သော်ငြား သူမသည် မူလခန္ဓာကိုယ်နှင့် တဖြည်းဖြည်း ပိုပေါင်းစည်းလာ၏။ တကယ်တော့ မူလခန္ဓာသည် သူမအား ထိုလူများကို သတ်ဖြတ်ရန်အတွက် တစ်ခါမှ မပြောခဲ့ဖူးပေ။ ထို့ထက်ပိုသည်က ဤလူများသည် သူတို့နှင့် ထိုက်တန်သည့် အပြစ်ဒဏ် ရရှိသွားပြီ ဖြစ်သည်။

ကောချင်ကလည်း သူမနှင့် ထိုက်တန်သည့် အပြစ်ဒဏ်ကို ရခဲ့ပြီ ဖြစ်သည်။ သူမ ခြေတစ်ချောင်းကျိုးကာ နှစ်နှစ်တိုင် ကျိန်စာတိုက်ခိုက်ခံခဲ့ရ၏။ နောင်ကျ သူမ ကျန်းမာရေး သိပ်ကောင်းတော့မှာ မဟုတ်ပေ။ နှစ်နှစ်အတွင်း သူမမသေခဲ့ချေ။ ထို့ကြောင့် အမုန်းတရားများ ဤနေရာတွင် အဆုံးသတ်ပြီ။ ယခုအချိန်မှစကာ သူမသည် ကောချင်နှင့် ဘာမှမသက်ဆိုင်တော့ချေ။

ကောချင်ဆီမှ မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားပေးပြီးနောက် ယွင်ယွီသည် သူမသူငယ်ချင်းများနှင့် သက်ပြင်းချသံကို နားထောင်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။ “ အရင်ဆုံး ဈေးဝယ်ထွက်ကြရအောင်”

“ သွားကြမယ်”

သူတို့သည် အနားတစ်ဝိုက် လည်ပတ်သွားပြီးနောက် ၁၀ နာရီထိုးချိန်၌ အိမ်ပြန်လာသည်။ ယွင်ယွီက သူသူငယ်ချင်းနှစ်ယောက်အား သူမ မနက်ဖြန် အပြင်ထွက်မည် မဟုတ်ကြောင်းနှင့် အိမ်ပြန်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ သူတို့ နှစ်သစ်ကူးကာလ၌ ဟယ်ချင်းကျေးရွာသို့ လာလည်ရန် သူတို့နှစ်ယောက်ကို ဖိတ်ထားသေးသည်။ သရဲနှစ်ယောက်လုံးက နှစ်သစ်ကူးပိတ်ရက်၌ မိသားစုများနှင့် ခေါ်ပြီး လာလည်မည်ဖြစ်ကြောင်း ပြောလိုက်၏။ ယွင်ယွီက သူတို့ကို VIP ကတ်နှစ်ကတ် ပေးခဲ့သည်။

နှစ်ရက်ကြာပြီးနောက် ယွင်ရှန်း၏ ခန္ဓာကိုယ်သည် ကောင်းလုနီးပါး ဖြစ်သွားကာ ယွင်ယွီကလည်း မြို့တော်ရှိ နှစ်သစ်ကူးအတွက် ပစ္စည်းတချို့ကို ဝယ်ယူခဲ့သည်။

နှစ်ကူးစရန် ၄၊ ၅ ရက် ကျန်နေသေးသည့်တိုင် သူတို့သုံးယောက်သာ ဟယ်ချင်းကျေးရွာသို့ ပြန်ရန် ပြင်ဆင်ကြတော့သည်။

မြို့က ယခင်အတိုင်းပင် မြို့လယ်လူသူစည်ကားပြီး နေထိုင်သူတို့အဖို့ ငြိမ်းချမ်းသာယာပြီး နေချောင်ဘဝကို ဦးဆောင်နေသည်။ အစောပိုင်းရက်များ၌ နှင်းအနည်းငယ် ကျဆင်းခဲ့ပြီး မြို့အဝင်အဝရှိ ပန်းနွယ်ပင်က နှင်းအလွှာ နှင်းအလွှာပါးပါး ရှိနေသေးဆဲ ဖြစ်သည်။ ယွင်ယွီက မြို့သို့ ပြန်ရောက်လာခြင်း ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။ နေ့လည်ဖြစ်သောကြောင့် ဘန်းမုန့်ဆိုင်ကို ပိတ်ထားသည်။ ထို့ကြောင့် သူတို့သုံးယောက်လုံးက ရွာသို့ တန်းတန်းမတ်မတ် ပြန်သွားကြတော့သည်။

ရွာသို့ ပြန်ရောက်ပြီးနောက် ယွင်မိသားစုသည် သူတို့သုံးယောက် ဘေးကင်းစွာ ပြန်လာတာကို မြင်လိုက်ရ၏။ အဘွားယွင်နှင့် အမေယွင်က ဟင်းလျာအပြည့်အစုံ ချက်ပြုတ်ပေးသည်။ ယွင်ရှန်းသည် အစားဆင်ခြင်နေရသောကြောင့် ပေါ့ပေါ့ပါးပါးသာ စားနိုင်၏။

အန်တီကျောင်းက မူမူကို ယွင်မိသားစု ခြံဝင်းဆီသို့ ပွေ့ချီလာကာ ညစာကျွေးလေ၏။ မူမူကလည်း ယွင်ယွီကို မြင်သောအခါ အလွန်ပျော်ရွှင်သွားသည်။ သူတို့ ဆယ်ရက်ကျော် ခွဲခွာခဲ့ရ၏။ သူက ယွင်ယွီကို ကပ်တွယ်နေကာ မဆင်းတော့ပေ။ ယခုအခါတွင် သူမသွားတာ ဝေးလွန်းသောကြောင့် ယွင်ယွီကလည်း နို့တိုက်တာ ရပ်သွား၏။ မူမူကို နို့ဖြတ်သည်ဟု သတ်မှတ်နိုင်၏။ မူမူက ထိုကာလအတွင်း ဖြည့်စွက်စာများ စားပြီး တစ်ရက်ကို ဆိတ်နို့ ၃ဘူး သောက်ခဲ့သည်။ အပန်းဖြေစခန်း၌ သိုးကို မွေးထားတာဖြစ်၏။ စိမ်းစိုသော ဟင်းသီးဟင်းရွက်များသာ ကျွေး၏။ ထို့ကြောင့် ဆိတ်နို့သည် အညစ်အကြေးကင်းစင်နေပြီး အနံ့မရှိပေ။ မူမူကလည်း ဆိတ်နို့သောက်ရတာ သဘောကျ၏။

ထို့အပြင် မူမူသည် ယခုအခါတွင် နို့ဖြတ်ရန် ဖိအားပေးခံရသောအခါ တုံ့ပြန်မှု သိပ်မရှိခဲ့ပေ။ သူသည် ဆယ်လသာသာ ရှိနေသော်ငြား အလွန်လိမ်မာသိတတ်၏။

အန်တီကျောက်က မူမူကို ချီထားသည့် ယွင်ယွီကို ကြည့်ပြီး သက်ပြင်းချမိ၏။ “ မူမူလေးက တကယ်လိမ်မာတာ။ သမီး ကိစ္စရှိလို့ အပြင်သွားမှန်းသိတော့ ပြဿနာမရှာဘူးလေ။ ဒါပေမဲ့ အရင်ရက်တွေတုန်းက သမီးနဲ့ သမီးအမျိုးသားရဲ့ မင်္ဂလာဆောင်ဓာတ်ပုံကို ကြည့်ပြီး သူ့လက်လေးနဲ့ ထိပြီး နောက်ဆုံးမှာ အမေ ဆိုပြီး ခေါ်တယ်လေ”

အမေဟူသော စကားလုံးသည် အန်တီကျောက်ကို အံ့ဩသွားစေ၏။ အကြောင်းမှာ မူမူသည် ယခင်က စကားပြောမည့် အရိပ်အယောင် တစ်ခါမှ မပြခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ယခုအခါတွင် သူရုတ်တရက် ပြောလာလေ၏။

193 03

ယွင်ယွီသည် ထိုစကားကို ကြားသောအခါ ရင်ထဲ တုန်လှုပ်သွားတော့သည်။ သူမက မူမူကို နမ်းလိုက်လျက် ညင်သာစွာ ပြောလိုက်တော့သည်။ “ မူမူ အမေလို့ ခေါ်ကြည့်”

မူမူသည် ယွင်ယွီကို ကြည့်လိုက်ပြီးနောက် ပါးစပ်ဟလိုက်သည်။ “အမေ...”

ကြည်လင်သည့် ကလေးသံလေးက ယွင်ယွီ၏ နှလုံးကို အရည်ပျော်သွားစေသည်။ သူမသည် မူမူကို ဖက်ထားချိန်၌ ငိုချင်သွားလေ၏။

သို့သော် မူမူသည် အမေကို ခေါ်ရမည်ဟုသာ သိပြီး ယခုထိုအချိန်မှစကာ ယွင်မိသားစုများ သူ့ကို မည်သို့ သင်စေကာမူ အမေဟုသာ ခေါ်လိမ့်မည်။

ချင်ယွီစွေကမူ မူမူအား သူ့ကို အဖေဟု ခေါ်ရန် အထူးတလည် မသင်ပေးခဲ့ပေ။ သဘာဝအတိုင်း ဖြစ်ခွင့်ပေးထားသည်။ မူမူနှင့် ယွင်ယွီ အဆင်ပြေနေသရွေ့ ယင်းက သူ့အတွက် အကြီးမားဆုံး ပျော်ရွှင်မှုသာ ဖြစ်သည်။

တရုတ်နှစ်သစ်ကူးမတိုင်ခင်လေး၌ မြို့တော်ထဲရှိ ဘန်းမုန့်ဆိုင်တို့ ပိတ်သော်ငြား ယွင်မိသားစု ခြံဝင်းကမူ စည်ကားသိုက်မြိုက်နေပြီး အစားအသောက်မျိုးစုံ ပြင်ဆင်နေလေ၏။

အပန်းဖြေစခန်းရှိ အခြေအနေကလည်း တူသည်။ အခန်းအားလုံး ပြည့်နေသည်။ လူတိုင်းက အားလပ်ရက်အတွက် ဤနေရာသို့ လာကြ၏။ မိသားစုတစ်စုလုံး အတူရှိဖို့က ခက်ခဲသည်။ နှစ်ကူးကာလ၌ ခရီးသွားများက ပြည့်နေတော့သည်။ လူအများကလည်း ဟယ်ချင်းအပန်းဖြေစခန်းအကြောင်း ကြားဖူးပြီးသားဖြစ်သည်။ အင်တာနက်ပေါ်တွင် သတင်းအချို့ ရှိနေသော်ငြား သိပ်မပျံ့ခဲ့ပေ။ သို့သော်ငြား လူများစွာရောက်လာသေး၏။

ရောက်လာချိန်တွင် ၎င်းက ဂုဏ်သတင်းနှင့်ညီကြောင်း သိလိုက်ရ၏။ စားသောက်ဆိုင်ရှိ ဈေးနှုန်းများက ကြယ်၅ပွင့်ဟိုတယ်ရှိ ဈေးနှုန်းများနှင့် တူညီနီးပါးဆိုသော်ငြား သူတို့သည် အိမ်ချက်ဟင်းလျာများသာ ပေး၏။ သို့သော်ငြား လူတစ်ယောက်စီအတွက် တတ်နိုင်သည့် ပမာဏဖြစ်နေသေးသည်။

ထို့အပြင် လေထုက ကောင်းမွန်ပြီး ညအချိန်၌ အိပ်မက်မက်ပေ။ အိပ်စက်ရာ အလွန်ခက်ခဲသည့် သူတို့သည် ညအချိန်၌ အိပ်ပျော်သွားကြကာ မနက်၌ လန်းလန်းဆန်းဆန်း နိုးလာ၏။ အေးစက်သောရာသီဥတု၌ ကြည့်ရှုစရာ သိပ်မရှိသော်ငြား ဝါးတောအုပ်ထဲ၌ ဒေါင်းနှစ်ကောင်ရှိသည်။

193 04

ဒေါင်းများကို အစာကျွေးခြင်း တားမြစ်သည့် ဆိုင်းပုဒ်လည်း ရှိ၏။ လူတိုင်းက လိုက်နာကြသည်။

သို့သော်ငြား စုံတွဲတစ်တွဲသည် သူတို့ကလေးကို ခေါ်လာပြီး ဟယ်ချင်းကျေးရွာသို့ လာရောက်လည်ပတ်ကာ ဒေါင်းများကို သွားတွေ့လေ၏။

ဝါးတောအုပ်ထဲ၌ ဆိုင်းဘုတ်သင်္ကေတများ ပြထားသော်ငြား မိဘများက မျက်ကွယ်ပြုကာ အထဲသို့ ပေါင်မုန့်များ ဆက်ပစ်ကျွေးကြသည်။ အသက် ၁၂ နှစ်အရွယ် မိန်းကလေးကလည်း လိုက်ပစ်ကျွေးပြီး ရယ်မောစနောက်နေတော့သည်။

အနားရှိ ဧည့်သည်တစ်ယောက်က သူတို့ကို တားကာ ပြောလိုက်လေ၏။ “ ဟေး ဟေး... ဒေါင်းတွေကို ဒီမှာ အစာကျွေးခွင့်မရှိဘူး။ သူတို့ကို အပန်းဖြေစခန်းက ကျွမ်းကျင်တဲ့သူတွေပဲ အစာကျွေးတယ်။ မင်းတို့ ပစ်ကျွေးသမျှ သူတို့စားမှာ မဟုတ်ဘူး။ အစောင့်တွေပဲ လာပြီး သန့်ရှင်းရေးလုပ်ရမှာ”

မိခင်ဖြစ်သူက မျက်ဆန်လှန်လိုက်လေ၏။ “ ရှင့်ကိစ္စမဟုတ်ဘူး။ ကျွန်မတို့က ပိုက်ဆံပေးထားတာ။ အပန်းဖြေစခန်းမှာ ဧည့်သည်တွေပဲ။ စိတ်တိုင်းကျ ကျွေးမှာပဲ”

ဆယ့်ကျော်သက်အရွယ် သမီးကလည်း ခရီးသည်များကို မျက်စောင်းထိုးကြည့်တော့သည်။

ဝင်ပြောလိုက်သည့် ခရီးသည်အမျိုးသမီးက အသက် ၃၀ ဝန်းကျင်ဖြစ်ကာ အလွန်နူးညံ့သည့် သဘောထားစိတ်နေစိတ်ထားရှိကာ အသားအရည် ဖြူဖွေးသည်။ သူမက နှစ်နှစ်အရွယ်ကလေးကို ပွေ့ချီထား၏။ မိန်းကလေးက နှာခေါင်းနီနီ၊ သွားဖြူဖြူဖြင့် ကောင်းကင်ပေါ်၌ ဆံထုံးလေး ရှိသည်။ သူမ အလွန်ချစ်စဖွယ်ကောင်း၏။

ထိုအသားဖြူဖွေးသည့် အမျိုးသမီးက ပြောလိုက်သည်။ “ရှင်လုပ်နေတာ မှားတယ်။ သူတို့ကို လက်လုပ်စပယ် ကျွေးမွေးတာက သူတို့အတွက် မကောင်းဘူး”

“စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ” ဖခင်ဖြစ်သူက ပြောလျှက် ရှေ့တိုးလာကာ လက်သီးလက်မောင်းတန်းပြီး လူရိုက်ရန် ပြင်လိုက်သည်။

“ငါတို့ ဘယ်သူလဲသိလား။ ငါတို့ကို ရာရာစစ တားရဲတယ်ပေါ့။ ငါ့မိန်းမနဲ့သမီး ဒေါင်းတွေကို အစာကျွေးချင်ရင် ကျွေးလို့ရတယ်၊။ သူတို့သေသွားရင် ငါ ပြန်လျော်ပေးနိုင်တယ်”

၂နှစ်အရွယ်ကလေးပွေ့ချီထားသည့် အမျိုးသမီးက တစ်ယောက်ထဲ ဖြစ်ကာ အနည်းငယ် စိုးရိမ်သွားသဖြင့် အနောက်ဆုတ်လိုက်ရသည်။ အသက်၁၁နှစ်၊ ၁၂နှစ်အရွယ်ခန့်ရှိသည့် မိန်းကလေးက သူ့မိဘတွေ၏ ပံ့ပိုးပေးမှုကြောင့် မောက်မာထောင်လွှားလာတော့သည်။ သူမအိတ်ထဲရှိ မုန့်များကို ယူကာ ပြစ်ချလိုက်တော့သည်။ ဒေါင်းများက သူမကို လျစ်လျူရှုထားတာကို မြင်သောအခါ ဒေါသတကြီး ပြောလိုက်၏။

“အမေ သူတို့ မစားချင်ဘူး။ သမီး အထဲဝင်သွားပြီး သူတို့ကို ဖမ်းလိုက်မယ်” ပြောပြီးသည်နှင့် သံတိုင်ကို တွယ်တက်ရန် ကြိုးစားလိုက်တော့သည်။ ထိုစဉ် ကျန်ရှိ ခရီးသွားများက သည်းမခံနိုင်တော့ဘဲ ထိုမိသားစုကို ရင်ဆိုင်လိုက်ကြသည်။

“မင်းတို့ ဘယ်သူဖြစ်ဖြစ် ဒီမှာ ဒေါင်းတွေကို အစာမကျွေးဖို့ တားထားတယ်။ မင်းတို့ သူတို့ကို ကျွေးပေမဲ့ သူတို့မစားဘူး။ မင်းတို့ပဲ သန့်ရှင်းရေး လုပ်ရမှာ။ သန့်ရှင်းရေးမလုပ်ဘဲ အထဲဝင်ပြီး ဒေါင်းတွေကို ဖမ်းချင်သေးတယ်။ ကလေးတွေကို ကောင်းကောင်းမွန်မွန် သွန်သင်ဖို့ လိုတယ်။ မိဘက ကလေးတွေရဲ့စကားနဲ့ အပြုအမူကို အလေးထားသင့်တာ။ မင်းတို့ကလေးတွေကို မထိခိုက်စေနဲ့။ ကံဆိုးမိုးမှောင်ကျလိမ့်မယ်”

သူတို့ကို တားရန် ရောက်လာသည့်လူက အရပ်မြင့်မြင့် သန်မာသည့် ခရီးသွားတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် မိဘများက အနည်းငယ် ထိတ်လန့်သွားလေသည်၊ သူတို့က စကားတချို့ ရေရွတ်ပြောလိုက်ပြီးနောက် ဆိုးသွမ်းသော မိန်းကလေးကို ဆွဲချလိုက်သည်။

193 05

မိန်းကလေးကို ဆွဲချခံလိုက်ရပြီးနောက် မပျော်မရွှင်ဖြစ်ကာ ထိုလူကို စိုက်ကြည့်လိုက်သည်။ နောက်ဆုံး၌ ထိုလူသည် သန်မာသည့် လူဖြစ်မှန်း သဘောပေါက်သွား၏။ သူမ မဆဲရဲတော့ချေ။ သို့သော်ငြား အစက သူတို့မိသားစုကို တားခဲ့သည့် အမျိုးသမီးနှင့် ၂နှစ်အရွယ်ကလေးကို စိုက်ကြည့်သွားတော့သည်။ နောက်ဆုံးတွင် မိဘများသည် မိန်းကလေးကို ခေါ်ကာ အပန်းဖြေစခန်းသို့ ပြန်သွားလေ၏။

ဤနေရာ၌ မည်သည့်ပြင်းထန်သည့် ကိစ္စမျှမရှိတော့သောကြောင့် ယွင်လန်ဆီ သတင်းမရောက်သွားခဲ့ပေ။ သို့သော် နေ့လည်၌ ယွင်မိသားစုအိမ်တွင် နေ့လည်စာ စားနေခိုက် ယွင်လန်က ဖုန်းခေါ်ဆိုမှုတစ်ခု ရလိုက်၏။ ယွင်လန်က နားထောင်ပြီး ချက်ချင်းပြောလိုက်၏။ “ဟုတ်ပြီ ကျွန်မ အခု လာခဲ့မယ်”

သူမထရပ်ပြီး မိသားစုကို ပြောလိုက်၏။ “အဘွား၊ အမေ သမီး အပန်းဖြေစခန်းသွားအူံးမယ်။ မန်နေဂျာ အဲဒီမှာ မရှိဘူး။ ကိစ္စတစ်ခု ဖြစ်သွားလို့ သမီးသွားစစ်လိုက်အုံးမယ်”

အဘွားယွင်က ပြောလိုက်၏။ “ သွား သွား”

ယွင်ယွီကလည်း စားပြီးခါနီး ဖြစ်တာကြောင့် သူမ အစ်မကို တစ်ချက်ကြည့်လိုက်၏။ မျက်ခုံးနှစ်ခုကြားထဲ၌ မီးခိုးရောင် ခပ်ဖျောဖျော့ကို တွေ့လိုက်၏။ ယင်းက မကြာမီတွင် ပြဿနာတက်တော့မည့် လက္ခဏာပင် ဖြစ်သည်။ မျက်နှာသွင်ပြင်ကို ကြည့်လျှင် ကိစ္စကြီးမဟုတ်သော်ငြား ယွင်ယွီသည် တစ်ချက်သွားကြည့်ချင်၏။ သူမက ပြောလိုက်သည်။ “အစ်မ ညီမလည်း လိုက်ခဲ့မယ်။ ဒီကို ပြန်ရောက်ကတည်းက အပန်းဖြေစခန်းကို မရောက်ရသေးဘူး”

******

194 01

အပိုင်း 194

အဘွားယွင်ကလည်း ပြောလိုက်သည်။ "သွား သွား၊ မူမူကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွား

ချင်ယွီစွေကလည်း အဘွားယွင်နှင့် အမေယွင်ကို နှုတ်ဆက်စကားပြောပြီးနောက် မူမူကိုချီလိုက်လျက် ယွင်ယွီနောက်မှလိုက်ကာ ယွင်မိသားစုခြံဝင်းဆီ သွားလိုက်၏။ ယွင်မိသားစုခြံဝင်းထဲမှ ထွက်သွားသည်။ အပြင်ဘက်ရှိ လေထုက အေးမြနေပြီး အသက်ရှူလိုက်ချိန်၌ အအေးဓာတ်များက ဝင်ရောက်လာသည်။ ယွင်ယွီက ဂျာကင်ဝတ်ထားကာ သူမအစ်မနောက်မှလိုက်ပြီး မေးလိုက်၏။ "အစ်မ၊ အပန်းဖြေစခန်းမှာ ဘာဖြစ်လို့လဲ"။

"ဘာမှမဟုတ်ဘူး" ယွင်လန်သည် သူမညီမကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိပေ။ ထို့အပြင် သူမအဖို့ ၎င်းသည် ကိစ္စကြီးမဟုတ်ပေ။ "ကျွေးမွေးရေးဌာနမှာ မတော်တဆမှုလေးတစ်ခု ဖြစ်သွားရုံပဲ။ စားပွဲဝိုင်းက စားသုံးသူတွေက သူတို့အစားအသောက်ထဲ ပိုးဟပ်တွေ စားမိတယ်လို့ ပြောပြီး ပြဿနာရှာနေတာ။ သူတို့တွေက လျော်ကြေး တောင်းနေကြတယ်"

"ညီမတို့ အစားအသောက်ထဲမှာ ပိုးဟပ်တွေ့ရလား" ယွင်ယွီက မျက်လုံးပြူးသွားပြီး ရယ်ချင်သွားလေ၏။ "အပန်းဖြေစခန်းထဲမှာ ဘယ်လိုလုပ် ပိုးဟပ်ရှိမှာလဲ။ သူတို့ လိမ်နေတာပဲဖြစ်မယ်"

အပန်းဖြေစခန်းတစ်ခုလုံး၌ မြွေ၊ အင်းဆက်ပိုးမွှား၊ ကြွက်များနှင့် ပုရွက်ဆိတ်များ မရှိပေ။ သူမသည် ထိုအင်းဆက်ပိုးမွှားများ၊ မြွေများ၊ ကြွက်များနှင့် ပုရွက်ဆိတ်များ ရှောင်သွားစေရန် အစီအရင်တစ်ခုကို ချမှတ်ထား၊ ချင်းကျင်းထားလေ၏။ ထို့ကြောင့် သူတို့ ပိုးဟပ်ကို မည်သို့ စားမိမည်နည်း။ ထို့အပြင် ယွင်လန်သည် မီးဖိုချောင်၏ သန့်ရှင်းရေးကို ဦးစားပေးဆောင်ရွက်ထားသည်။ ထို့ကြောင့် မီးဖိုချောင်က အလွန်သန့်ရှင်းသည်။

ယွင်လန်က သက်ပြင်းချလိုက်သည်။ "အစ်မ သိတယ်။ ဒါပေမဲ့ သွားဖြေရှင်းရဦးမယ်"

ယွင်ယွီက စိတ်ပူသွားတော့သည်။ သူမအစ်မ၏ မျက်ခုံးနှစ်ဖက်ကြားထဲ၌ မီးခိုးရောင် ဖြတ်ပြေးသွားသည်ကို ကြည့်ပြီး ပြောလိုက်၏။ "အစ်မ၊ ပြီးရင် ကိစ္စသွားဖြေရှင်းတဲ့အချိန် ဂရုစိုက်။ အဲဒီစားသုံးသူတွေက ကြိုတင်ကြံစည်တုတ်ပြီး အစ်မကို နာကျင်အောင် ထိခိုက်စေမှာစိုးတယ်"

"အစ်မ ဂရုစိုက်လိုက်မယ်။ စိတ်မပူပါနဲ့ ယွီအာ"

၎င်းသည် ၁၀ မိနစ်သာကြာသည့် ခရီးစဉ်ဖြစ်ပြီး သူတို့သုံးယောက်က မူမူကို အပန်းဖြေစခန်း၏ ကန်တင်းဆီသို့ အမြန်သယ်သွားတော့သည်။

ညစာစားချိန်ဖြစ်၏။ ခန်းမထဲ၌ ခုံလွတ်သိပ်မရှိပေ။ သူတို့သုံးယောက်သားက အထဲသို့ဝင်သွားလိုက်ချိန်၌ ပြတင်းပေါက်နားတွင်ရှိသည့် အရပ်မြင့်မြင့် သန်သန်မာမာလူက စားပွဲထိုးတို့ ကျိန်ဆဲနေတာ တွေ့လိုက်ရ၏။ "မြန်မြန်၊ မင်းတို့မန်နေဂျာကို ခေါ်လာခဲ့။ အစားအသောက်မှာ ပိုးဟပ်ရှိတယ်။ မင်းတို့မီးဖိုချောင်က ဘယ်လောက် ရွံဖို့ကောင်းလဲ ဘယ်သူက သိမှာလဲ။ ငါ ဘယ်သူလဲသိလား။ ငါ အစိုးရဌာနက လူတွေအများကြီးကို သိတယ်။ မင်းတို့ အခုချက်ချင်း ငါ့ကို ပိုက်ဆံ ပြန်လျော်ပေးရင် ကောင်းမယ်။ လျော်ကြေးပေးရမယ်။ ဧည့်သည်ခန်းအတွက် လျော်ကြေးရောပဲ။ မဟုတ်ရင် ဒီကိစ္စကို ဖော်ထုတ်လိုက်တဲ့အခါ မင်းတို့အပန်းဖြေစခန်းနောက်ကျရင် လုပ်ငန်း လုပ်စရာမရှိဖြစ်သွားမယ်"

ယွင်ယွီသည် ထိုလူ၏မျက်နှာကို အဝေးကနေ ကြည့်လိုက်မိ၏။ ထိုသူသည် မျက်ပေါက်ကျဉ်းပြီး ကြောင်သူတော်ဆန်ကာ တစ်ကိုယ်ကောင်းဆန်၊ မောက်မာထောင်လွှား ယုတ်မာကောက်ကျစ်သူ ဖြစ်သည်။

ယွင်ယွီက ချင်ယွီစွေကို ပြောလိုက်၏။ "မူမူကို အဖိုးဆီခေါ်သွားလိုက်။ ကျွန်မအစ်မနဲ့ ကျွန်မ ဒီကိစ္စကို သွားဖြေရှင်းလိုက်မယ်။ စိတ်မပူနဲ့၊ အားလုံးက သာမန်လူတွေပဲ"

ချင်ယွီစွေက ခေါင်းညိတ်လိုက်၏။ "ဟုတ်ပြီ။ ဒါဆို ဂရုစိုက်ဦးနော်"

"ကျွန်မသိပါတယ်"။

ချင်ယွီစွေသည် မူမူကို ဗိုလ်ချုပ်လုံဆီ ခေါ်သွားစဉ် ယွင်ယွီနှင့် ယွင်လန်က ဧည့်သည်စားပွဲဆီသို့ သွားလိုက်၏။

အရက်မြင့်မြင့် သန်သန်မာမာ မျက်ပေါက်ကျဉ်းကျဉ်းနှင့် လူအပြင် အသက် ၄၀ အရွယ်ခန့်ရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးလည်းရှိကာ ထိုအမျိုးသမီး၏ သွင်ပြင်သည် ရုပ်မာကောက်ကျစ်ပြီး လောဘများ ပြည့်နေပြီး အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ် ကလေးမလေးလည်း ရှိသည်။

ယွင်ယွီသည် ထိုမိန်းကလေး၏မျက်နှာကို မြင်သောအခါ မျက်မှောင်ကြုတ်မိသွား၏။ ဤမိန်းကလေးသည် သူမမိဘများထက် ပိုတောင်ဆိုးရွားပြီး တခြားသူများကို ဒုက္ခပေးမည့် ရည်ရွယ်ချက်ရှိသည်။

194 02

စားပွဲတို့က ထိုမိသားစုဝင်သုံးယောက်ကို ရှင်းပြနေဆဲ၏။ "ကျွန်တော် တောင်းပန်ပါတယ်။ စားသောက်ဆိုင်က အလွန်သန့်ရှင်းပါတယ်။ ကျွန်တော်တို့ စဖွင့်ချိန်ကစပြီး ပိုးဟပ်တွေ ရှိတယ်လို့ တစ်ခါမှ မရှိဖူးပါဘူး"

ထိုလူရွယ်က အော်ပြောလိုက်၏။ "ပိုးဟပ် မရှိဘူးတဲ့လား။ ဒါဆိုရင် စားပွဲပေါ်မှာ ဘာလဲ။ ကန်းနေလား"။

ယွင်ယွီက သူတို့ပန်းကန်ပြားကို တစ်ချက်ကြည့်လိုက်၏။ သူတို့အားလုံး ပြောင်ရှင်းနေအောင် စားထားပြီး ဟင်းရည်တချို့သာ ကျန်ကာ ပန်းကန်ထဲ၌ ပိုးဟပ်တစ်ကောင် ရှိနေသည်။

အနီးရှိ စားသုံးသူများသည် ရန်ဖြစ်စကားများသံကို ကြားနေရပြီး လှည့်ကြည့်လှည့်ကြည့်ဖြစ်လာ၏။ တချို့ကဆို ပိုးဟပ်များအကြောင်း ကြားသောအခါ တုန်လှုပ်သွားတော့သည်။

"ငါတို့တွေ ဘာလို့ ပိုးဟပ်မတွေ့တာလဲ"။

"ဘာပိုးဟပ်မှမရှိဘူး။ ဒီမှာလာစားနေတာ ၅ ရက်၊ ၆ ရက်ရှိနေပြီ။ နေ့တိုင်းလာစားနေတာ။ အစားအသောက်က အရသာရှိရုံတင် မကဘူး၊ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ဒီမှာစားသောက်ပြီးတော့ နာတာရှည် လည်ချောင်းယောင်ယမ်းတာတောင် ပျောက်သွားတယ်"

"ဟုတ်တယ်။ အင်မတန် သန့်ရှင်းတယ်လို့ ငါလည်းထင်တယ်။ ပတ်ဝန်းကျင်က တကယ်ကောင်းတာ"

လူအများစုက ယင်းကိုမယုံနိုင်သေးပေ။ ဧည့်သည်တစ်ယောက်သည် ထိုမိသားစုသုံးယောက်ကို မှတ်မိသွားပြီး တုန်လှုပ်စွာ မေးလိုက်၏။ "သူတို့တွေက နေ့လည်ခင်းတုန်းက တောအုပ်ထဲမှာ ဒေါင်းနှစ်ကောင်ကို အစားအသောက်တွေ ပစ်ကျွေးတဲ့ မိသားစုသုံးယောက်မလား။ အကြံဉာဏ်လည်း နားမထောင်ကြဘူးလေ"

ဝါးတောအုပ်ထဲတွင် ရှိခဲ့သည့် လူများစွာက ဒေါင်းတောအုပ်ထဲတွင် ဖြစ်ခဲ့သည့် ကိစ္စကို ပြန်တွေးမိသွားကြ၏။ "တကယ် သူတို့ပဲ။ အရှက်မရှိတဲ့ကောင်တွေ။ သူတို့က တမင်၊ ငါတို့ကို စွပ်စွဲပစ်တင်ဖို့ တမင်တကာ ဒီနေရာကို ပိုးဟပ်သယ်လာတာပဲ"

"ဒါတကယ် ဖြစ်နိုင်တယ်နော်"။

ထိုစုံတွဲက ဒေါသထွက်ပြီး ရှက်လာကာ အရပ်မြင့်မြင့် သန်သန်မာမာဖြစ်သည့်လူက သူ့လက်ကို ဝှေ့ယမ်းလိုက်လျက် စားပွဲထိုးကို ရိုက်ရန် ကြိုးစားလိုက်သည်။

ယွင်လန်က ရှေ့တစ်လှမ်းတိုးကာ စိုးရိမ်ပူပန်စွာ မေးလိုက်၏။ "ဧည့်သည် ဘာလုပ်နေတာလဲ"။

သူမသည် စားပွဲထိုးကို ဘေးသို့ ဆွဲခေါ်လိုက်ရာ အရက်မြင့်မြင့် သန်သန်မာမာလူ၏ ရိုက်ချက်က လွဲချော်သွားသည်။ သူက ဒေါသထွက်လာပြီး ယွင်လန်ကို စိုက်ကြည့်လိုက်၏။ "မင်း ဘယ်သူလဲ"

သူလက်ကိုမြှောက်ကာ သူမကိုရိုက်ရန် ကြိုးစားလိုက်သော်ငြား ယွင်လန်က တွန်းထုတ်လိုက်၏။ သို့သော်ငြား ယွင်လန်ကို တွန်းထုတ်မိသွားသည်။ သူက အလွန်သန်မာကာ တွန်းထုတ်မှုက ယွင်လန်ကို နောက်သို့ နှစ်လှမ်းခန့် ရိုက်သွားစေသည်။ ကံကောင်းသည်မှာ ယွင်ယွီရောက်လာပြီး ယွင်လန်၏ ခါးကို ထိန်းကိုင်ပေးထားလေ၏။ "အစ်မ၊ အဆင်ပြေရဲ့လား"

ယွင်ယွီ၏ မျက်နှာထားက ကြည့်မကောင်းတော့ပေ။ သူမ အရက်မြင့်မြင့် သန်သန်မာမာလူကို ကြည့်လိုက်၏။ သူမအစ်မကိုသာ သူမ တွဲမထားပေးလိုက်လျှင် သူမပြုတ်ကျပြီး နောက်စေ့ထိသွားနိုင်သည်။ အရက်မြင့်မြင့် သန်သန်မာမာလူက ယွင်ယွီကို မြင်သောအခါ မျက်လုံးပြူးကျယ်သွားပြီး အံ့ဩသွားလေ၏။

ထိုအမျိုးသားဘေးတွင် ထိုင်နေသည့်ဇနီးက သူ့ယောက်ျားသည် ယွင်ယွီကို မျက်တောင်မခတ် စိုက်ကြည့်နေတာ တွေ့လိုက်ရ၏။ သူမမျက်နှာက ဒေါသကြောင့် ဖြူဖျော့သွားပြီး ယွင်ယွီကို ရိုက်ရန် ထရပ်လိုက်သည်။ ယွင်ယွီသည် တစ်ချက်တောင် မစဉ်းစားဘဲ ရိုက်ချက်ကို ပိတ်ဆို့ကာ သူ့ကို ပြန်ရိုက်လိုက်တော့သည်။ သက်လတ်ပိုင်းအရွယ်အမျိုးသမီးက မျက်လုံးပြူးကျယ်သွားပြီး မျက်လုံးထဲ မယုံနိုင်ဖြစ်သွားလေ၏။ အသိကပ်လာချိန်၌ အပေါက်ဆိုးဆိုးမိန်းမတစ်ယောက်ပမာ စတင်ကျိန်ဆဲတော့သည်။ "ခွေးမ၊ ငါ့ကို ရိုက်ရဲတယ်ပေါ့။ ငါနင့်ရဲ့ နံဆော်နေတဲ့မျက်နှာကို အရေခွံ ဆုတ်ဖြစ်မယ်။ အရှက်မရှိတဲ့ မြေခွေးမ၊ ငါ့ယောက်ျားကို ဖြားယောင်းရဲတယ်"

ယွင်ယွီက ခက်ထန်သောမျက်နှာထားဖြင့် ပြောလိုက်၏။ "တော်လောက်ပြီ။ ရှင်တို့ကို မောင်းထုတ်ဖို့ လုံခြုံရေးကို ခေါ်လိုက်မယ်"

အရက်မြင့်မြင့် သန်သန်မာမာလူသည် သူတို့က ရိုးရှင်းသောသူများ မဟုတ်မှန်း သဘောပေါက်သွားလေ၏။ သူ့မိန်းမကို ပြဿနာရှာတာ ရပ်ရန် အချက်ပြလိုက်ပြီး မေးလိုက်သည်။ "မင်းက ဘယ်သူလဲ"

194 03

ယွင်လန်သည် ဒေါသကို မြိုသိပ်ထားလိုက်လျက် ပြောလိုက်သည်။ "ကျွန်မက အပန်းဖြေစခန်းရဲ့ မန်နေဂျာပဲ။ အစားအသောက်ထဲမှာ ပိုးဟပ်ရှိတယ်လို့ပြောတယ်။ ဒါမဖြစ်နိုင်ဘူး"

ထိုအမျိုးသမီးက အော်ပြောလိုက်၏။ "နင် ကန်းနေလား။ ငါတို့စားပွဲပေါ်မှာ ပိုးဟပ်တွေ ဘာလို့မတွေ့တာလဲ"

ယွင်ယွီက နှာခေါင်းရှုံ့လိုက်၏။ "ပိုးဟပ် ရှိနေတာတောင် ဘယ်လိုလုပ် ဒီလောက် သေသပ်ပြောင်ရှင်းနေအောင် စားနိုင်တာလဲ"

ဘေးကနေ ရယ်မောသံ ထွက်လာချိန်၌ ထိုအမျိုးသမီးက မရှက်ပေ။ "ငါတို့ စားပြီးတော့မှ တွေ့တာ"

ယွင်ယွီက ပြောလိုက်သည်။ "ရှင်တို့ ကန်းနေလား။ ဒီလောက်ကြီးတဲ့ ပိုးဟပ်ကြီးကို ရှင်တို့စားပြီးမှပဲ တွေ့တယ်တဲ့လား"

ထိုစုံတွဲက ဒေါသထွက်သွားလေ၏။ သူတို့ဆက်ပြီး မကျိန်ဆဲရသေးခင် ယွင်လန်က ပြောလိုက်၏။ "ဒါနဲ့ ကျွန်မတို့တွေက ဘယ်သူ့ပေါ်မှ မတရားမစွပ်စွဲဖူးနော်။ ဒါပေမဲ့ ကျွန်မတို့ကိုလည်း သူများတွေစွပ်စွဲတာ လက်မခံနိုင်ဘူး။ ခန်းမထဲမှာ CCTV တပ်ထားပြီးသား။ ကျွန်မ CCTV စစ်ခိုင်းထားတယ်။ ဘာတွေဖြစ်နေလဲ သိရတော့မှာပါ"

CCTV အကြောင်းကြားသောအခါ ထိုစုံတွဲ၏ အမူအရာက နောက်ဆုံး၌ ပြောင်းလဲသွား၏။ အဆုံးကျ အမျိုးသမီးက သောင်းကျန်းနေတော့သည်။ "ငါ ဂရုမစိုက်ဘူး။ ငါ့အစားအသောက်ထဲမှာ ပိုးဟပ်တစ်ကောင် တွေ့တယ်။ ငါ အလကားလိုချင်တယ်။ ငါ့သမီးလေးနဲ့ ဒီမှာ ၇ ရက်နေဖို့လာတာ။ နင်တို့တွေ အားလုံး ကျန်တဲ့ ၆ ရက်စာအတွက် အခန်းခနဲ့ အစားအသောက်ခကို လျှော့ပေးလိုက်ရမယ်"

"စိတ်ကူးယဉ်နေတာပဲ"

ယွင်ယွီသည် သူတို့နှင့် အဓိပ္ပာယ်မရှိ ပြောရမှာ ပျင်းလွန်းနေပြီး လုံခြုံရေးဌာနကို တိုက်ရိုက်ဆက်သွယ်ကာ CCTV စစ်ဆေးခိုင်းလိုက်၏။

ထိုစုံတွဲက ပိုတောင်ထိတ်လန့်လာပြီး ကျိုးကြောင်းမသင့်သည့် တောင်းဆိုမှုများ ပြုလုပ်တော့သည်။ "မင်းက သက်သေဟုတ်တယ်မလား။ ဒါက မင်းတို့တွေ ဧည့်သည်ကို အနိုင်ကျင့်တဲ့ပုံလား"

ယခုဆို လူတိုင်း အနည်းငယ် နားလည်သဘောပေါက်လာပြီဖြစ်သည်။ ဤစုံတွဲက လိမ်ရန် ကြိုးစားနေတာပဲဖြစ်သည်။ သူတို့က CCTV ကြည့်ချင်ကြောင်း ပြောချိန်၌ သူတို့ကြောက်လန့်နေ၏။

သက်လတ်ပိုင်းအရွယ်အမျိုးသမီးသည် ယွင်လန်၏ အင်္ကျီကို ရုတ်တရက် ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ "ငါဂရုမစိုက်ဘူး။ နင်တို့က မှားတာ"

ရာရာစစ သူမအစ်မ၏ အဝတ်အစားကို ဆွဲယူရဲတာ မြင်သဖြင့် ယွင်ယွီသည် ဒေါသထွက်သွားကာ ထိုမိန်းမ၏ လက်ကို ရစ်ပတ်ပြီး ယင်ချီကို သုံးကာ လွှတ်ခိုင်းလိုက်သည်။ ဤနေရာ၌ ရုတ်ရုတ်သဲသဲဖြစ်နေစဉ် သူမက အလှမ်းမကမ်းမှ အော်သံတစ်သံကို ကြားလိုက်ရ၏။ "နင် ဘာလုပ်ချင်တာလဲ"

လူတိုင်းသည် အစက ထိုမိန်းမ၏ အသံကို အာရုံစိုက်နေပြီး ယွင်ယွီတောင် အာရုံစိုက်နေမိ၏။ ယခု အော်သံကြားသောအခါ သူတို့အသံလာရာဘက်ကို ကြည့်လိုက်ချိန်၌ အသက် ၃၀ အရွယ်ခန့်ရှိသည့် ချောမောဖြူဖွေးသော အမျိုးသမီးတစ်ဦး ရှိနေတာ တွေ့လိုက်ရ၏။ သူမက တစ်ဖက်ကို ကြောက်လန့်တကြား ကြည့်နေပြီး မျက်လုံးထဲ၌ ကြောက်လန့်မှုများ ပြည့်နေ၏။ သူမလက်ထဲရှိ အချိုရည်ဘူးက မြေပြင်ပေါ် ပြုတ်ကျသွားသည်။ လူတိုင်းက သူမကြည့်နေသည့်ဘက်ကို လှည့်ကြည့်လိုက်မိချိန်၌ မျက်လုံးပြူးကျယ်သွားတော့သည်။

ယွင်ယွီက လှမ်းကြည့်လိုက်မိချိန်တွင် အစောတုန်းက ဤနေရာတွင် ရှိနေသည့် အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ် ကလေးက ထိုဘက်ခြမ်းသို့ ရောက်နေပြီဖြစ်၏။ နှုတ်ခမ်းများ နီထွေးလိုက်လျက် သွားဖြူဖြူများရှိကာ အလွန်ချစ်စဖွယ်ကောင်းသော နှစ်နှစ်အရွယ် ကလေးမလေးတစ်ယောက်ရှိသည်။ ထိုကလေးသည် အစက ကလေးများအတွက် အထူးပြုလုပ်ထားသည့် ထိုင်ခုံထဲတွင် ထိုင်နေတာဖြစ်၏။ သို့သော် ယခုမူ အသက် ၁၁ နှစ်အရွယ်၊ ၁၂ နှစ်အရွယ် ကလေးမလေး၏ ပွေ့ချီခံထားရသည်။

ထိုမိန်းကလေးက ကလေး၏အမေကို အခဲမကျေစွာ ကြည့်ပြီး ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်၏။ "ဒီနေ့ နေ့လည်တုန်းက ငါ့ကို ဒေါင်းတွေကို အစာမကျွေးဖို့ တားခဲ့တယ်မလား။ ရှင်၊ အခုနောင်တရစေရမယ်"။

မိန်းကလေးသည် ကလေးမလေးကို ကိုင်ကာ မြေပြင်ပေါ် ပစ်ချလိုက်၏။

ထိုမြင်ကွင်းသည် ဧည့်သည်များအားလုံး မြင်လိုက်ရ၏။ အကွာဝေးက လှမ်းလွန်းသဖြင့် အနီးဆုံးလူတောင် မတုံ့ပြန်နိုင်ပေ။ သူတို့သည် ကလေးမလေး ပစ်ချခံရတော့မှာကို ကြည့်နေရ၏။ ဧည့်သည်များက ကြောက်လန့်တကြား အော်ဟစ်ပြီး ကလေးမလေး၏ မိခင်ကလည်း အားအင်ကုန်ခမ်းသွားပြီး မြေပြင်ပေါ် ပြိုလဲကျသွားတော့သည်။

194 04

ယွင်ယွီ၏ အကြည့်က အနည်းငယ် လှုပ်ရှားသွားသည်။ သူမထိုမိသားစုသုံးယောက်ကို အင်မတန် ရွံရှာစက်ဆုပ်နေလေ၏။ သူမသည် မြေပြင်ပေါ်သို့ ကလေးမလေး ပြုတ်ကျတော့မည့်အချိန်တွင် လက်ကို ဝှေ့ယမ်းလိုက်သည်။ ရက်စက်ကြမ်းကြုတ်သော မိန်းကလေးသည် ရင်ဘတ်အရိုက်ခံလိုက်ရပုံ ပေါ်ကာ သူမနောက်ရှိ တိုင်နှင့်တိုက်မိသွား၏။ ယွင်ယွီ၏ ကျန်လက်တစ်ဖက်က အငြိမ်မနေဘဲ လက်ချောင်းများကို လှုပ်ရှားလိုက်လျက် မမြင်ရသည့် ဝိညာဉ်စွမ်းအင်ကို သုံးကာ မြေပြင်ပေါ်တွင် ပြုတ်ကျတော့မည့် ကလေးငယ်လေးကို ချက်ချင်းဖမ်းလိုက်၏။ ထိုကလေးငယ်လေးသည် မြေပြင်ပေါ်၌ စင်တီမီတာအနည်းငယ်အကွာ၌ ရပ်တန့်သွားပြီးနောက် ယွင်ယွီက သူမကို အသာလေး မြေပြင်ပေါ် ချပေးလိုက်၏။ ဧည့်သည်တချို့သည် မျက်လုံးမဖွင့်ဘဲ မနေနိုင်တော့ပေ။ အော်ဟစ်နေပြီးနောက် သူတို့အဖြစ်အပျက်ကို နားမလည်ပေ။

ကလေးကို ပစ်ချလိုက်သည့် မိန်းကလေးက လွတ်ထွက်သွားပြီး အရိုက်ခံလိုက်ရတာကို တွေ့ရသည်။ ထိုကလေးမလေးကမူ လေထဲ ရပ်တန့်သွားတာကို တွေ့လိုက်ရ၏။ အသက်နှစ်နှစ်အရွယ်သာရှိသေးသည့် ချစ်စဖွယ်ကောင်းသော ကလေးမလေးသည် အနည်းငယ် ကြောက်လန့်သွားပုံပေါ်သည်။ သူမ မြေပြင်ပေါ် ကျသွားပြီးနောက် ငိုယိုလေ၏။ သူမမိခင်ကလည်း ဘေးသို့ ရောက်လာတော့သည်။ ကလေး ပြုတ်ကျသွားတာကိုမြင်ပြီး သူမပြိုကွဲနေကာ ငိုယိုနေ၏။ သို့သော် သတိလက်လွတ် မထိရဲချေ။ ကလေးဒဏ်ရာရသွားမလား မသိသောကြောင့်ဖြစ်၏။

ထိုမိန်းကလေးသည် အကြိမ်တချို့ ငိုနေပြီးနောက် သူမမိခင်ကို မြင်သောအခါ "မား" ဟု ခေါ်လိုက်ကာ မြေပြင်ပေါ်မှ လူးလှဲထပြီး အမျိုးသမီး၏ ရင်ခွင်ထဲ တိုးဝင်သွား၏။ ထိုအမျိုးသမီးသည် ကလေးကို ဖက်ထားကာ ငိုယိုတော့သည်။ "စတော်ဘယ်ရီလေးရယ်၊ မားမားရဲ့ စတော်ဘယ်ရီလေး"

စတော်ဘယ်ရီလေး၏ ပါးများက ငိုယိုမှုကြောင့် ပန်းရောင် ဖျော့နေပြီဖြစ်သည်။ "မားမား၊ မားမား"

ဧည့်သည်များသည် ထိုမြင်ကွင်းကို တွေ့သည့်အချိန်ကျမှ သက်ပြင်းချမိ၏။

"ကလေး အဆင်ပြေပုံပေါ်ရဲ့လား"

"သူပြေလောက်မှာပါ။ အစောတုန်းက သူလမ်းထလျှောက်တာ တွေ့တယ်"

"ခုနတုန်းက ဘာဖြစ်သွားတာလဲ။ အဲဒီမိန်းကလေး မြေကြီးပေါ် ပြုတ်ကျခါနီးလေး၊ လွတ်မှတ်တင်လေးမှာပဲ။ ခဏလောက် ရပ်သွားတာ တွေ့လိုက်ရတယ်။ ထင်ယောင်ထင်မှား ဖြစ်တာလားတော့ မသိဘူး။ ဒါပေမဲ့ မဖြစ်သင့်ဘူးလေ။ သူသာ မြေကြီးပေါ် တကယ်ပြုတ်ကျသွားတယ်ဆိုရင် အခုထနိုင်စရာ အကြောင်း မရှိဘူး။ ခေါင်းနဲ့ကျမှာ။ သူ့ကို ကောင်းချီးပေးထားတာပဲ"

"ငါလည်း မြင်လိုက်တာပဲ။ အစောတုန်းက ကလေးလေးက မြေကြီးပေါ် မကျခင် စက္ကန့်ဝက်လောက်မှာ ရပ်သွားတယ်"

******

All Chapters