အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အပိုင်း 197
နောက်တစ်နေ့တွင် ဟယ်ချင်းကျေးရွာမှ လူများစွာသည် ယွင်မိသားစု စပါးခင်းကို ကူရိတ်ပေးရန် ရောက်လာကြ၏။ ချယ်ရီသီးပင်များက မမှည့်သေးပေ။ တချို့ကမူ အောက်တိုဘာလအထိ မှည့်ဦးမှာမဟုတ်။ စပါးများရိတ်သိမ်းရန်အတွက် ၁၀ ရက်ကျော် အချိန်ယူရပြီးနောက် ထုတ်ပိုးကာ အခြောက်လှန်းပြီး ထုပ်ပိုးရန်ပြင်ရလိမ့်မည်။
အပန်းဖြေစခန်း၌ စက်ရုံကြီးတစ်ခုလည်း တည်ဆောက်ထားပြီး ထိုနေရာ၌ ရိတ်သိမ်းပြီးသည့် သီးနှံများကို သိုလှောင်မှာပဲဖြစ်၏။
ယွင်ရှန်းသည် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ပြန်လာ၏။ နွေရာသီ အားလပ်ရက်၌ သူသည် စပါးရိတ်တာ ကူညီပေးခဲ့သည်။ တကယ်တော့ လုပ်စရာအလုပ်များစွာ ရှိသေး၏။ သစ်သီးခြံထဲရှိ မက်မွန်သီး၊ ချယ်ရီသီးနှင့် စပျစ်သီးများက မှည့်ခါနီးပြီဖြစ်သည်။ နောက်တစ်ဆင့်က ခူးပြီးထုတ်ပိုးကာ ရောင်းရန်ဖြစ်၏။ ပိုသည့်အသီးများကို ဝိုင်ချက်မှာပဲဖြစ်၏။
ယခင်နှစ်က သစ်သီးဝိုင်ရောင်းချမှုက အတော်လေးကောင်းမွန်ခဲ့ပြီး ယခုနှစ်၌ အနည်းငယ်သာ ကျန်သည်။ ယွင်မိသားစုက နောက်နှစ်အတွက် သိမ်းဆည်းထား၏။
အပန်းဖြေစခန်း၌ ရောင်းချသည့်ပမာဏက အကန့်အသတ်ရှိပြီး တစ်ဝိုင်းကို တစ်ပုလင်းသာဖြစ်၏။
နွေရာသီအားလပ်ရက်အတွင်း ကျောက်ပုစွန်များကို ဟယ်ချင်းကန်ထဲ၌ မွေးမြူထားသည်။ ကျောက်ပုစွန်များကိုလည်း ဖမ်းနိုင်ပြီဖြစ်သည်။
တကယ်တော့ ဇွန်လနှင့် ဇူလိုင်လတွင် ပုစွန်အထွက်နှုန်း ပိုကောင်းလာပြီး ဆောင်းရာသီကျ ပုစွန်ကြော်လုပ်နိုင်လိမ်မည်။
နောက်လာမည့်နှစ်၏ မတ်လနှင့် ဧပြီလ၌ ငါးဖမ်းစားနိုင်ပြီဖြစ်သည်။ သို့သော် ယွင်ယွီသည် ဟယ်ချင်းကန်ကို မနှစ်ကမှ စာချုပ်ချုပ်ထားသဖြင့် နွေဦးရာသီအထိ ပုစွန်ကြော် ရှိဦးမှာမဟုတ်ပေ။ ထို့ကြောင့် မတ်လနှင့် ဧပြီလတွင် ပုစွန်ဖမ်းနိုင်ဦးမှာ မဟုတ်ချေ။ ကျန်သည့်သူများ၏ စားသောက်ဆိုင်များကမူ မတ်လနှင့် ဧပြီလတွင် ပုစွန်များ စရောင်းနေပြီဖြစ်သည်။
မတ်လနှင့်ဧပြီလ၌ ဧည့်ခရီးသွားတချို့က အခြားသောကုန်သည်များဆီမှ ကျောက်ပုစွန်တချို့ဝယ်ပြီး စားဖိုဆောင်အား ချက်ခိုင်းခဲ့၏။
ယွင်လန်က ငြင်းဆန်ခဲ့သည်။ အပန်းဖြေစခန်း၏ ပါဝင်ပစ္စည်းအားလုံးသည် အပန်းဖြေစခန်းမှ လာ၏။ သူမ၏ ညီမလေးသည် ဤကိစ္စကို အလွန်အလေးထားကာ ပါဝင်ပစ္စည်းများ၏ အရသာကို ပိုအာရုံစိုက်ထားကြောင်း၊ အလေးပေးကြောင်း သူမသိသည်။ သူမညီမလေး၏ လက်ထဲမှလာသည့် ပါဝင်ပစ္စည်းများအားလုံးက အကောင်းဆုံး အရည်အသွေးရှိသည်။
ခရီးသွားများက ဘာမှသိပ်မပြောခဲ့ဘဲ သူတို့စောင့်မည်ဟုသာ တွေးခဲ့ကြသည်။
ကျောက်ပုစွန်များ ပထမဆုံး တစ်သုတ် ဖမ်းဆီး၍ရသည့်အခါ ယွင်ယွီသည် စပါးရိတ်ရန် လူငှားရုံသာမက ကျောက်ပုစွန်ဖမ်းဖို့လည်း လူငှားခဲ့လေ၏။ သူမက ယွင်မိသားစုနှင့် ဗိုလ်ချုပ်လုံဆီသို့ ကျောက်ပုစွန်အနည်းငယ် ပို့ပေးပြီးနောက် ကျန်သည်ကို အပန်းဖြေစခန်းသို့ ပို့လိုက်သည်။ ပြီးနောက် ယခင်ဧည့်သည်တော်များ အဖွဲ့ဆီသို့ စာတစ်စောင်ပို့ကာ ကျောက်ပုစွန်များ စား၍ရပြီဖြစ်ကြောင်း ပို့ထားလိုက်၏။
ထိုညနေခင်း၌ ထုတ်ကုန်အသစ်ကို မြည်းစမ်းကြည့်ချင်ကြသည့် လူများစွာက ရောက်လာတော့သည်။
ခေါင်းဆောင်စားဖိုမှူးသည် ထိုနေ့က ပုစွန်များ လက်ခံရရှိသည့်အချိန်၌ သူသည် တစ်နေကုန်လုံး ဘာမှမလုပ်ဘဲ မီးဖိုချောင်ထဲ အလုပ်များနေ၏။ ပို့လာသည့် ပုစွန်များက ထိပ်တန်းအဆင့်ဖြစ်ကာ အလွန်ကြီးပြီး အပြင်ဘက်ရှိ အသည်များ ရောင်းချသည့် ဈေးအကြီးဆုံး ကျောက်ပုစွန်ထက်တောင် ပိုကြီးပေ၏။ အကောင်သေးတစ်ကောင်မှ မပါပေ။
ကျောက်ပုစွန်ကို ချက်ပြုတ်ရန် အခြေခံကျသည့် နည်းလမ်းသုံးမျိုးရှိသည်။ ငရုတ်သီး၊ ကြက်သွန်ဖြူနှင့် ပေါင်းတာပဲဖြစ်သည်။
အစပ်ဟင်းလျာကမူ စီချွမ်ငရုတ်ကောင်းစေ့၊ ဂျင်း၊ ကြက်သွန်ဖြူတို့ စသည့် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြုလုပ်ထားတာဖြစ်ပြီး အထူးတလည် ဟင်းခတ်အမွှေးအကြိုင်များ မသုံးပေ။
197 02
ငရုတ်ကောင်းစေ့များ၏ အစပ်နှင့် အထုံအရသာက ထင်းထွက်နေမည်ဖြစ်ကာ ကျောက်ပုစွန်ကို ဝါးနိုင်လိမ်မည်။ အရသာက လတ်ဆတ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည့်အချိန်၌ စပ်ဖျင်းဖျင်းဖြစ်ကာ မွှေးကြိုင်နေမှာပဲဖြစ်သည်။ သို့သော် ၎င်းသည် ကျောက်ပုစွန်၏ အသားအရသာကို လွှမ်းသွားခြင်းမရှိ။ အသားက အလွန်နူးညံ့ပြီး ဝါး၍ကောင်း၏။
ကြက်သွန်ဖြူအနှစ်၏ အထင်ရှားဆုံးအပိုင်းကမူ ကြက်သွန်ဖြူနံ့ပဲဖြစ်သည်။ ကြက်သွန်ဖြူကို အပန်းဖြေစခန်း၌ စိုက်ထားပြီး ကြက်သွန်ဖြူနံ့က အလွန်ပြင်းလှ၏။
လူအများစုက ကြက်သွန်ဖြူစားရတာ မကြိုက်သော်ငြား ဤကြက်သွန်ဖြူကျောက်ပုစွန်၏ အရသာက အံ့ဩဖွယ်ကောင်းသည်။ ကြက်သွန်ဖြူ မစားတတ်လျှင်တောင် လက်ခံနိုင်သည့် အရသာဖြစ်၏။ အဓိကအကြောင်းအရင်းက ပါဝင်ပစ္စည်းများကိုယ်တိုင်က ကောင်းလွန်းနေသောကြောင့် ဖြစ်သည်။
ပြောရန်မလို၊ ပေါင်းထားသည်က လတ်လတ်ဆတ်ဆတ် ကျောက်ပုစွန်များသာဖြစ်ပြီး အညှီနံ့မပါ၊ မြေ၊ ရွှံ့နံ့မပါပေ။ ပုစွန်ကို အခွံခွာပြီး အသားကို အချဉ်ဆော့စ်ထဲနှစ်ကာ ပါးစပ်ထဲထည့်နိုင်၏။ ပုစွန်သားက အလွန်ကြီးမားပြီး ကိုက်ဝါးလိုက်သည့်အချိန်၌ အရည်များ ထွက်လာမည်ဖြစ်သည်။ ဆော့စ်ကိုလည်း စားဖိုမှူးကိုယ်တိုင် ပြုလုပ်ပေးထားတာဖြစ်ပြီး အင်မတန်လတ်ဆတ်ချိုမြစေ၏။
ပုစွန်များက ရွှံ့ထဲတွင် မွေးလာပြီး အလွန်ညစ်ပတ်၏။ ဟယ်ချင်းကန်ရှိရေက အလွန်ကြည်လင်ကာ ဖမ်းမိသည်က အစိမ်းရောင်အခွံဖြင့် ကျောက်ပုစွန်များဖြစ်ပြီး အလွန်သန့်ရှင်း၏။
ပါးဟပ်ဖြူဖြူများရှိသည်။ စားရန် အန္တရာယ်ကင်းလုံခြုံသည်။
ညနေခင်း၌ ကိုယ်ပိုင်ခန်းများနှင့် ခန်း ပြည့်နေပြီး သူတို့အားလုံးက ပုစွန်စားရန် ရောက်လာကြတာပဲဖြစ်သည်။
ယခင်က အပန်းဖြေစခန်း၌ ဟင်းလျာအသစ် တစ်ခုခုရှိလာသည့်အချိန်၌ ဧည့်သည်များ ပြည့်နေသည်။ စားပွဲတိုင်း၌ ကျောက်ပုစွန်များရှိပြီး အရေအတွက်ဖြင့် ရောင်းချမှုက ညီမျှသည့်အကြောင်းမှာ ဖမ်းဆီးထားသည့် ကျောက်ပုစွန်များ အားလုံးက အရွယ်တူညီပြီး ထင်းထွက်နေတာမရှိ။ တစ်ကောင်ကို ယွမ် ၃၀ ဖြင့် ရောင်း၏။ ထိုအရသာက နာမည်ပိုကြီးသော်ငြား အရသာက တကယ် အံ့ဩဖွယ်ကောင်း၏။ ဧည့်သည်များသည် သုံးမျိုးလုံး မြည်းကြည့်ရန် မှာကြသည်။
"ဘုရားရေ၊ အရသာကို မဖော်ပြနိုင်လောက်အောင် စားလို့ကောင်းလိုက်တာ။ သိပ်ကောင်းတာပဲ"
"တကယ် အရသာရှိတယ်။ ဒီလို ကျောက်ပုစွန်မျိုးကို အရင်က တစ်ခါမှမစားဖူးဘူး။ ဝါးလို့ကောင်းချက်ပဲ"
ပါးစပ်ထဲသို့ ကျောက်ပုစွန်ကို ထည့်လိုက်သည့်အချိန်၌ လွှမ်းမိုးခံလိုက်ရ၏။ အစားအသောက်တချို့သည် သူတို့ကို ငိုစေချင်လာသည့်အထိ အရသာရှိလွန်း၏။ ယင်းက ချဲ့ကားပြောတာ မဟုတ်ပေ။
၎င်းကို ယွမ် ၄၀၀ ကျသင့်သည့် ကျောက်ပုစွန်များနှင့်ယှဉ်လျှင် ဤကျောက်ပုစွန်များက ဈေးမကြီးပေ။ မြည်းစမ်းကြည့်ရန် ၁၀ ကောင် ဝယ်နိုင်သေး၏။ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် ပေးရသည့်တန်ကြေး ထိုက်တန်ကြောင်း သိသွားလိမ်မည်။
ယခုနှစ်၏ ကျောက်ပုစွန်သည် နှစ်လသာ စား၍ရဦးမှာပဲဖြစ်သည်။ ဇူလိုင်လနှင့် ဩဂုတ်လတွင်သာ စား၍ရမှာဖြစ်သည်။ ဟယ်ချင်းကျေးရွာသည် မတ်လ၌ ပုစွန်အကောင်ပေါက်များစွာ မွေးမြူထားပြီး အကောင်ပေါက်များစွာကို ပြန်လွှတ်ပေးခဲ့ကာ မွေးမြူရန် ချန်ထား၏။ နေ့စဉ်နေ့တိုင်း ဖန်ချင်းရှန်ကိုလည်း တစ်စိတ်တစ်ပိုင်း ပို့ပေးရသည်။ ယွင်ယွီက သူ့အား ပုစွန်တစ်ကောင် ၂၅ ယွမ်ဖြင့် ရောင်း၏။ လေယာဉ်ဖြင့် ပို့သည့်စရိတ်က ဈေးမပေါပေ။ ထိုပုစွန်များ၏တန်ကြေးက မြို့တော်ရောက်သွားသည့်အချိန်၌ သုံးဆ မြင့်တက်သွားမည်ဖြစ်ကာ သူတို့ကို ၈၈ ယွမ်ဖြင့် ရောင်းမှာပဲဖြစ်သည်။
ဤတန်ကြေးသည် ကြယ်ငါးပွင့်ဟိုတယ်အတွက် အတော်လေး ဈေးများနေသည်။
ထိုသို့တိုင် ပုစွန်များက ရောင်းကုန်သွားပြီး ကြိုတင်မှာယူမှု နောက်ကျသွားပါက စားရတော့မှာ မဟုတ်ပေ။
ဗိုလ်ချုပ်လုံ၏ မိတ်ဆွေများသည် ဖန်ချင်းရှန်၏ စားသောက်ဆိုင်၌ ပုစွန်ကို မြည်းစမ်းကြည့်ခဲ့၏။ ထို့ကြောင့် သူတို့က သူ့ကို ဆက်သွယ်ကာ ပြောလိုက်သည်။ "ညီအစ်ကို၊ ဖန်ချင်းရှန်ရဲ့ စားသောက်ဆိုင်ထဲက ပုစွန်ကို မင်းရဲ့မြေးချွေးမလေး မွေးမြူထားတာမလား။ အရသာက တကယ်မယုံနိုင်စရာပဲနော်။ ငါတို့ အခုလောက် အသက်ကြီးနေပြီ။ ငါတို့မစားရဲတာတွေ အများကြီးရှိတယ်။ တခြားစားသောက်ဆိုင်မှာဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်မှာစိုးလို့ ဒီလိုအစားအသောက်မျိုး ထိတောင်မထိရဲဘူး"
197 03
ဒါပေမဲ့ ဒီဟိုတယ်မှာစားပြီးတော့ ဘာမှမဖြစ်ဘူး။ နောက်နေ့နိုးလာတဲ့အချိန် ပိုတောင် အားပြည့်သွားသေးတယ်။ မင်းရဲ့ချွေးမလေးက တကယ် အံ့ဩဖို့ကောင်းလိုက်တာ”
ဗိုလ်ချုပ်လုံက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။ "တကယ်ပဲ၊ ငါ့ရဲ့မြေးလေးက အင်မတန် အစွမ်းထက်တာ"
ထိုမိတ်ဆွေက သက်ပြင်းချကာ ပြောလိုက်၏။ "မင်းကို တကယ်အားကျတယ်။ မင်းက အရာအားလုံးစွန့်ပစ်ပြီး အဲဒီတောင်ပေါ်ကျေးရွာလေးမှာ တကယ် နေထိုင်တဲ့သတ္တိရှိတယ်"
ဗိုလ်ချုပ်လုံက ပြောလိုက်၏။ "ဒီတောင်ပေါ်ရွာလေးက ဘာမှားနေလို့လဲ။ ငါ အခုကျန်းမာရေးကောင်းတယ်။ ငါစားချင်တာ ဘာမဆိုစားနိုင်တယ်။ ငါ နေ့တိုင်းစားသောက်နေတဲ့ ပါဝင်ပစ္စည်းတွေက မင်း အားအကျရဆုံး အရာတွေပဲ။ ငါမြို့တော်ကို မလွမ်းဘူးကွ။ လောင်ရန်၊ မင်းတခြားသူတွေကို ခေါ်ပြီးလာခဲ့ပါလား။ ဒီမှာ ငါ့အိမ်ဆောက်တာ ပြီးသွားပြီ။ လကုန်ရင် ငါပြောင်းနိုင်တော့မှာ"
လောင်ရန်သည် သူ့ပေါင်ကိုရိုက်ပြီးနောက် ပြောလိုက်၏။ "ကောင်းပြီ။ မနက်ဖြန်ကျ မင်းနေရာကိုလာပြီး လေ့လာစူးစမ်းနေမယ်။ ဇိမ်ကျတဲ့ စိုက်ပျိုးရေးဘဝကို ခံစားကြည့်တာပေါ့"
နောက်တစ်နေ့တွင် ဗိုလ်ချုပ်လုံနှင့် သူ့မိတ်ဆွေများသည် လေယာဉ်ဖြင့် တကယ်ရောက်လာကြပြီး ဗိုလ်ချုပ်လုံ၏ အိမ်၌ နွေးထွေးသည့် ပွဲလေးရှိနေကာ ယွင်မိသားစုနှင့် ထမင်းတစ်နပ် အတူစားသောက်ခဲ့ကြသည်။
နေ့ရက်များက အေးလူလူ ကုန်လွန်သွားလေ၏။
စက်တင်ဘာလတွင် ကျောင်းသားများ ကျောင်းဖွင့်ပြီဖြစ်ကာ အပန်းဖြေစခန်းများက ယာယီဧည့်သည် နည်းပါးသွား၏။ ယင်းသည် ရွာထဲရှိ မိသားစုဟိုတယ်များအတွက် အနည်းငယ်သာ ဖြစ်သော်ငြား၊ ဧည့်သည်နည်းပါးသွားခြင်းသည် ရွာထဲရှိ မိသားစုဟိုတယ်များဆီ လာသည့်သူများသာဖြစ်ပြီး မိသားစု၊ ဧည့်ခန်းများတွင် နေထိုင်သည့် လူအများစုက ကျောင်းသားများဖြစ်၏။
နှစ်ကုန်အစပိုင်း၌ ယွင်ယွီသည် လေ့ကျင့်ပြီး အလုပ်များနေကာ တစ္ဆေမှလွတ်မြောက်လာသော မကောင်းဆိုးဝါးများနှင့် သရဲများကို ဖြေရှင်းနေရ၏။ နွေရာသီ နှစ်လတာအတွင်း သူမသည် မိသားစု၊ မိသားစုပေါင်းများစွာကိုလည်း ဖုန်းရွှေကြည့်ပေးရန် ကူညီပေးခဲ့သည်။
ယွင်ယွီသည် နေ့စဉ်နေ့တိုင်း အထူးတလည် စိုးရိမ်ပူပန်စရာမရှိသဖြင့် ဘဝက အတော်လေး သက်သာနေ၏။
ဩဂုတ်လကုန်၌ ယွင်ရှန်းက ကျောင်းပြန်သွားတော့သည်။
ပြီးနောက် ချက်ထားပြီးသားဝိုင်များက သောက်၍ရနေပြီဖြစ်၏။ သစ်သီးဝိုင်အမျိုးစုံကို အချဉ်ဖောက်ထားပြီး ထုတ်ပိုးဖို့ ပြင်ဆင်ထား၏။
ယွင်ယွီသည် နေ့တိုင်းလေ့ကျင့်ရင်း အလုပ်များနေကာ ရံဖန်ရံခါ၌ တခြားသူတို့၏ ကိစ္စကို ကူညီပေး၏။ သို့သော် ဘာမှအရေးတကြီးမဖြစ်ခဲ့ပေ။ သူက သူနှင့်ရင်းနှီးသူတို့၏ အိမ်နေရာကို ကြည့်ပေးပြီး ကံကြမ္မာတွက်ပေးခြင်းသာဖြစ်သည်။
အောက်တိုဘာလ၌ ရာသီဥတုအေးလာပြီး အိမ်၌စိုက်ပျိုးထားသည့် သီးပင်စားပင်များ ရိတ်သိမ်းနိုင်ပြီဖြစ်သည်။ တကယ်တော့ နွေရာသီမှ ဩဂုတ်၊ နွေဦးမှဆောင်းဦးအထိ စိုက်ပျိုးထားပြီး ယွင်မိသားစုအတွက် လယ်ယာစိုက်ပျိုးရေး ရာသီသည် ရိတ်သိမ်းရန် အလုပ်များသည့် ကာလဖြစ်၏။ အကြောင်းမှာ မြေနေရာများစွာရှိပြီး အပင်အမျိုးစုံ စိုက်ပျိုးထားသောကြောင့်ဖြစ်၏။
မှည့်သည့်ရာသီဥတုကလည်း မတူညီကြပေ။ ထို့ကြောင့် သူတို့အားလုံးကို တစ်သုတ်ပြီးတစ်သုတ် စိုက်ပျိုးရန် လိုအပ်သည်။ အမျိုးမျိုးသော ရေထွက်ပစ္စည်းများလည်း ရှိ၏။
နှစ်ရက်မပြည့်မီ လုံချီရှောင်က သူမကို ရုတ်တရက် ဆက်သွယ်လာသည်။
ယွင်ယွီက မေးလိုက်တော့သည်။ "ဝမ်းကွဲ၊ ဘာကိစ္စလဲ"
လုံချီရှောင်က ဖုန်းထဲတွင် ပြုံးလျက် ပြောလိုက်သည်။ "တကယ် ကိစ္စတစ်ခုရှိတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက အမှုတစ်ခု အထက်ကနေ ရုတ်တရက် ရောက်လာတယ်။ တကယ်ထူးဆန်းတယ်။ ဒါကြောင့် ဒါကိုဖြေရှင်းဖို့ အထူးဌာနဆီသို့ ဆက်သွယ်ခဲ့တာ။ ငါ မင်းကိုတွေးမိတယ်။ ဒီလိုအမှုမျိုးက ပုံမှန်ဆို ယွမ်တစ်သိန်းလောက်ကနေ စတယ်။ တစ်ချက် ကြည့်ချင်လား။ ပြဿနာကြီးပုံမထင်ဘူး။ ဒုက္ခများတာတော့ မရှိဘူး"
၁၆ ထပ်ကနေ အလွယ်တကူခုန်ချနိုင်ပြီး အရေခြုံမကောင်းဆိုးဝါးကို ဓားတစ်ချက်တည်းဖြင့် သတ်နိုင်သူဖြစ်၏။ သူမအနားတွင် ရှိနေသရွေ့ မည်သည့်အရာကမဆို ယွင်ယွီကို မြင်လိုက်သည့်အချိန်တိုင်း သူတို့ ထွက်ပြေးသွားလိမ်မည်ဟု ခံစားမိသည်။
ယွင်ယွီသည် လက်တစ်လော၌ လုပ်စရာမရှိဘဲ ထို့ကြောင့် ပျင်းရိငြီး ငွေရှာချင်နေမိသည်။ ထို့ကြောင့် သွားရန် ဆုံးဖြတ်လိုက်မိသည်။
သူမက ပြောလိုက်၏။ "ဟုတ်ပြီလေ။ နေရာပြော။ အဲဒီမှာတွေ့မယ်"
"အင်း အင်း"
လုံချီရှောင်သည် အမှုနေရာကို ယွင်ယွီအား ပို့ပေးလိုက်၏။
ဖုန်းချပြီးနောက် ယွင်ယွီသည် လုံချီရှောင်သူမအားပေးသည့် လိပ်စာကို ကြည့်လိုက်သည်။ အတော်လေးလှမ်းပြီး ကီလို ၂၀၀၀ ကျော်၊ ကီလိုမီတာ ၂၀၀၀ ကျော် ကွာဝေးပေ၏။
ယင်းက တောင်ပေါ်ရွာလေးဖြစ်၏။
197 04
ရွာသူရွာသားများက အမြဲတစေ ပြဿနာများရှိနေပုံ ပေါ်သည်။ ကျေးရွာကော်မတီသည် အထက်အရာရှိများကို ဆက်သွယ်ခဲ့၏။ ယခု အထက်အရာရှိများက ဤအမှုကိစ္စများကို အလေးထားလောက်သောကြောင့် အထူးဌာနကို တစ်ချက်သွားကြည့်ခိုင်းတာပဲဖြစ်သည်။
ချင်ယွီစွေသည် အပေါ်ထပ်မှ ဆင်းလာသည့်အချိန်တွင် သူမဖုန်းချလိုက်တာကို တွေ့ရ၏။ သူက သူမဆီသို့သွားပြီး ဆိုဖာပေါ် ပွေ့ချီလိုက်လျက် မေးလိုက်သည်။ "ချီရှောင်လို့ခေါ်တာ ကြားလိုက်တယ်။ တစ်ခုခု မှားလို့လား"
"အမှုတစ်ခု ရှိတယ်"
ယွင်ယွီက ဖုန်းစခရင်ကို လှန်ကာ လမ်းကြောင်းကို စစ်ဆေးလိုက်၏။ သူတို့ ထိုနေရာသို့ လေယာဉ်ဖြင့် သေချာပေါက်သွားရမည်။ "အထက်အရာရှိတွေက အထူးဌာနကို လွှဲပေးလိုက်တဲ့အမှုပဲ။ ရွာထဲမှာ ဖြစ်တာ။ ဝမ်ကွဲက ကျွန်မကို ဖုန်းဆက်လာတယ်။ ကျေးရွာကော်မတီက ဘာတွေဖြစ်နေမှန်း မရှင်းပြနိုင်ဘူးတဲ့။ ထူးဆန်းတဲ့ကိစ္စတွေ ဖြစ်နေပြီး ရွာသူရွာသားတော်တော်များများ ထိခိုက်သွားကြတယ်။ ကျေးရွာကော်မတီက ဖုန်းထဲကနေ ရှင်းရှင်းလင်းလင်း မပြောနိုင်တာကြောင့် တစ်ချက် သွားကြည့်မှပဲရမယ်"
ချင်ယွီစွေသည် ခေါင်းငုံ့လိုက်လျက် သူမ၏ နူးညံ့ချောမွတ်သော နဖူးကို နမ်းလိုက်သည်။ "လေယာဉ်လက်မှတ် ဘွတ်ကင်ယူလိုက်မယ်။ အထုပ်အပိုးသွားပြင်။ မူမူကို ပြီးရင် နှုတ်ဆက်စကား ပြောရမယ်"
ယခုဆို မူမူက တစ်နှစ်နှင့် ခုနစ်လနီးပါး ရှိနေပြီဖြစ်ကာ သူက ပြေးနိုင်၊ ခုန်နိုင်ပြီး ရှင်းရှင်းလင်းလင်း ပြောနိုင်၏။ ချင်ယွီစွေက သူ့ကို နေ့တိုင်း တစ်စုံတစ်ခုသင်ပေးပြီး တစ်ခါတစ်ရံတွင် သူ့ကို ပုံပြင်ပြောပြကာ တစ်ခါတစ်ရံ၌ ရိုးရှင်းသော ကဗျာများ၊ ဂဏန်းသင်္ချာများ သင်ပေးတတ်၏။ မူမူက အလွန်လျင်မြန်စွာ သင်ယူပြီး တစ်ခေါက် သင်ယူပြီးသည်နှင့် ဘယ်တော့မှမမေ့သွားကြောင်း သူတို့သိလိုက်ရသည်။
မူမူက အလွန်ဉာဏ်ကောင်းသည်။
ယခု မူမူကြီးပြင်းလာပြီဖြစ်သောကြောင့် ယွင်ယွီသည် သူမလုပ်မည့်ကိစ္စရပ်များကို သူ့ကို အမြဲတစေ ပြောပြသည်။
ချိန်းထားသည်က မနက်ဖြန်မနက် ဖြစ်သော်ငြား လေယာဉ်က နေ့လည်၌ စီးရမှာပဲ ဖြစ်သည်။
ယွင်ယွီက ဖုန်းချပြီးနောက် ချင်ယွီစွေပခုံးကို ဖက်ကာ သူ့နှုတ်ခမ်းကို လှမ်းနမ်းလိုက်၏။ "ဟုတ်ပြီ။ ဒါဆို ကျွန်မအင်္ကျီအစုံ အထုပ်အပိုး သွားပြင်ဆင်လိုက်ဦးမယ်။ အန်တီကျောက် ပြန်လာမှ မူမူကို နှုတ်ဆက်စကားပြောကြမယ်"
တကယ်တော့ များများစားစား ထုတ်ပိုးစရာမရှိပေ။ သူမနှင့် ချင်ယွီစွေသည် အဝတ်အစားနှစ်စုံစီထည့်ပြီး သူမကျောပိုးအိတ်၌ ကျောက်စိမ်းဓားကို လွယ်ထား၏။ သူမ၏လွယ်အိတ်ထဲ၌ အဆောင်များ၊ သစ်ခြပိုးခေါက်၊ အဆောင်စာရွက်များနှင့် ကျန်သည့်အရာများ ပါဝင်သည်။
အထုပ်အပိုးပြီးနောက် ချင်ယွီစွေသည် လေယာဉ်လက်မှတ် မှာပြီးပြီဖြစ်၏။ လက်မှတ်က ညနေ ၄ နာရီဖြစ်ပြီး လေယာဉ်အချိန်က ၂နာရီခွဲ ကြာလိမ်မည်။ ၆ နာရီခွဲ၌ မြို့သို့သွားရန် ဘတ်စ်ကား ပြောင်းစီးရလိမ်မည်။ သူရောက်သည့်အချိန်၌ ၁၀ နာရီထိုးသွားလိမ်မည်။
နေ့လည်စာစားပြီးနောက် မူမူသည် ယခုဆို ထမင်းသုံးနပ်စားနေပြီဖြစ်သည်။ သူက ဘာမဆိုစားကာ အရသာပေါ့ပေါ့လေးများ စား၏။ သူသည် မနက်ခင်းနှင့် ညနေခင်းတွင် နို့မှုန့်သောက်သည်။ သူက ဖြူဖွေးနူးညံ့နေပြီး သက်တူရွယ်တူများထက် အရပ်ပိုမြင့်သည်။ သူ ဆံပင်မွှေးလေးတွေ ပေါက်လာပြီဖြစ်ကာ ကလေးတုန်းကကဲ့သို့ ပြည့်ပြည့်ဖောင်းဖောင်းလေး မဟုတ်တော့ဘဲ အလွန်လှပသည့်ကလေး ဖြစ်လာသည်။
နေ့လည်စာစားပြီးနောက် ယွင်ယွီသည် မူမူကို လေသာဆောင်တွင်ထိုင်ရန် ခေါ်သွားပြီး ထိုကလေးနှင့် ဆွေးနွေးနေတော့သည်။ "မူမူ မားမားနဲ့ ပါပါး အပြင်ခဏထွက်ရမယ်။ သားနဲ့ ဖွားဖွားကျောက်က အိမ်မှာနေ။ သမီး၊ သားရဲ့ ဖွားဖွားကြီး၊ ဒါမှမဟုတ် ဖွားဖွားကြီး၊ ဖွားဖွားတို့နဲ့ ဆော့နေလို့ရတယ်။ ဟုတ်ပြီလား"
မူမူသည် မျက်တောင်မခတ်ဘဲ ယွင်ယွီကို ကြည့်နေကာ ကလေးသံပေါက်သော်ငြား လေးနက်သည့်အသံဖြင့် မေးလိုက်၏။ "မားမား၊ ဘယ်လောက်ကြာမှာလဲ။ ပါပါးကရော"
ကျန်သည့်ကလေးများသည် နှစ်နှစ်ခွဲရောက်ပြီးနောက် စကားရှည်ကြီးပြောရာ၌ အနည်းငယ်သာ ပြောနိုင်သော်ငြား မူမူသည် သူ့အတွေးများကို ရှင်းရှင်းလင်းလင်း ပြောနိုင်၏။
ယွင်ယွီက ပြုံးလျက် ပြောလိုက်သည်။ "သုံးရက်။ ပါးပါးနဲ့ မားမား သုံးရက်အပြင်သွားမှာ"
197 05
မူမူ ခဏတစ်ဖြုတ် စဉ်းစားပြီးနောက် ပြောလိုက်၏။ "ဟုတ်။ ဖွားဖွားကျောက်နဲ့ သား၊ မားမားနဲ့ ပါးပါးပြန်လာတာ စောင့်နေမယ်"
သူ၏ အလွန်လိမ္မာသောသွင်ပြင်က တကယ်သနားစဖွယ် ကောင်းလှပေ၏။
နေ့လည်ခင်းတွင် ချင်ယွီစွေနှင့် ယွင်ယွီတို့ မြို့သို့မောင်းသွားချိန်၌ မူမူက ပြဿနာမရှာခဲ့ချေ။ သူက အန်တီကျောက်အား သူ့လက်ကို ကိုင်ခိုင်းထားပြီး တံခါး၌ ရပ်နေခဲ့၏။ နောက်ဆုံး၌ သူသည် သူတို့ကို လက်ဝှေ့ယမ်းပြကာ ပြောလိုက်တော့သည်။ "တာ့တာ မားမား၊ ပါးပါး"
ယွင်ယွီသည် ကားပြတင်းပေါက်ကိုဖွင့်ပြီး မူမူကို လက်ဝှေ့ယမ်းပြလိုက်၏။ "တာ့တာ မူမူ။ မားမား သားသားကို ချစ်တယ်"
မူမူ၏မျက်နှာထား တည်တည်လေးသည် ချက်ချင်းပင် နောက်ဆုံး၌ ပြုံးလာလေ၏။ "မူမူလည်း မားမားကို ချစ်တယ်"
ရွာထဲမှ ထွက်လာပြီးနောက် ချင်ယွီစွေသည် လေဆိပ်သို့ မောင်းလာလိုက်သည်။ လမ်းတစ်လျှောက်၌ ယွင်ယွီသည် မူမူအကြောင်း သူ့ကို တီးတိုးပြောမိလေ၏။ "မူမူက ရှင့်လိုပဲ၊ အပြုံးနည်းတာတောင် တူတူပဲ"
သားအဖနှစ်ယောက်က မပြုံးချိန်၌ မျက်နှာအလွန်တည်၏။ သို့သော် ပြုံးလိုက်လျှင်တောင် ဆောင်းနှင်းပွင့်များ အရည်ပျော်ကျသွားသည့်ပမာပင်။
******
198 01
အပိုင်း 198
သူတို့သွားနေသည့်ရွာက ယဲ့ဖုန်းကျေးရွာဟု ခေါ်သည်။ ချမ်းရွှေမြို့သို့ ရောက်ပြီးနောက် သူတို့သည် ခရိုင်မြို့ဆီ သွားရန် လေယာဉ်စီးရပြီး မြို့တော်အစိုးရ လက်အောက်ရှိ ရုံးသို့ တန်းရောက်သွား၏။ လေယာဉ်က ထိုနေရာတွင်သာ ရပ်သည်။ ပြီးနောက် မြန်နှုန်းမြင့် ရထားဖြင့် ယဲ့ဖုန်းကျေးရွာနားရှိ မြို့လေးသို့ ရောက်ရန် တစ်နာရီခန့် သွားရသည်။ လူသိများသည့် ဆင်ခြေဖုံး G က မဟုတ်ဘဲ သို့သော် မြို့ငယ်လေးတစ်ခုထက် ပိုပြီး စည်ပင်ပေ၏။ ယဲ့ဖုန်းကျေးရွာနှင့် အနီးဆုံးမြို့ဖြစ်သောကြောင့် သူတို့သည် နောင်နေ့မနက်၌ နာရီဝက်မပြည့်မီ ထိုနေရာသို့ ရောက်နိုင်လိမ်မည်။
သူတို့ ဟိုတယ်သို့ ရောက်သည့်အချိန်တွင် ည ၁၀ နာရီထိုးနေပြီ ဖြစ်သည်။
ယွင်ယွီနှင့် ချင်ယွီစွေက အိပ်ယာချပြီးနောက် သူတို့သည် လုံချီရှောင်ကို ခေါ်လိုက်သည်။ သို့သော် ဖုန်းခေါ်ဆိုမှုက မဝင်သွားပေ၊ ထို့ကြောင့် သူလေယာဉ်ပေါ်တွင် ရှိနေသေးတာပဲ ဖြစ်ရမည်။
ချင်ယွီစွေက ပြောလိုက်၏။ “သူ လား။ဒီကို သန်းခေါင်လောက်ကျ ရောက်လာလောက် သူ့ကို ဟိုတယ်လိပ်စာ ပို့ထားလိုက်။ ကိုယ်တို့ အိပ်ရာဝင်နိုင်ပြီ”
ယွင်ယွီကလည်း လက်ခံ၏။ သူမ၌ ပုံမှန်အိပ်စက်မှု အချိန်ဇယားရှိပြီး ထိုအချိန်အတိုင်း အိပ်လေ့ရှိသည်။
နှစ်ယောက်သား ကိုယ်လက်သန့်စင်ပြီး အိပ်ရာစောစော ဝင်လိုက်၏။ ယွင်ယွီသည် နောက်တစ်နေ့ ၄ နာရီဝန်းကျင်၌ နိုးလာပြီး နှစ်နာရီကြာ ကျင့်ကြံခဲ့သည်။ ချင်ယွီစွေက လသာဆောင်ပေါ်၌ လက်ဝှေ့ထိုး ကျင့်နေလေ၏။ ပြီးနောက် ယွင်ယွီ လေ့ကျင့်ပြီးခါနီးတာကို တွေ့မိသောအခါ သူသည် ဟိုတယ်ကို မနက်စာ ပို့ပေးရန် မှာလိုက်သည်။ နှစ်ယောက်သား မနက်စာစားပြီးနောက် တံခါးခေါက်သံ ကြားလိုက်ရ၏။ ချင်ယွီစွေက တံခါးသွားဖွင့်သောအခါ တံခါးဝ၌ လုံချီရှောင် ရပ်နေတာကို တွေ့လိုက်ရသည်။
လုံချီရှောင်က ပြုံးပြီး ပြောလိုက်၏။ “မင်းတို့ မနက်စာစားပြီးသွားပြီလား။ ငါစားပြီးသွားပြီ။ ငါတို့ အခုသွားကြမလား”
ယွင်ယွီက ကန့်ကွက်စရာမရှိပေ။ ပြဿနာကို မြန်မြန်ဖြေရှင်းနိုင်သရွေ့ သူတို့ မြန်မြန်ပြန်နိုင်လိမ်မည်။ သုံးယောက်သားက ယဲ့ဖုန်းကျေးရွာသို့ ထွက်ခွာကြလေ၏။
ကားမမောင်းဘဲ ဘတ်စ်ကားစီးခဲ့၏။ ရှေ့ရှိ လမ်းခရီးက အဆင်ပြေသော်ငြား ရွာသို့သွားရသည့် ခရီးက အနည်းငယ် ကြမ်းတမ်းသည်။ လမ်းတစ်ဝက်၌ ယွင်ယွီက မလှမ်းမကန်း၌ လမ်းတစ်ခုကို တွေ့သောအခါ ပြောလိုက်သည်။ “ ဒီရွာက တိုင်းပြည်ပိုင် သံလမ်းဘေးမှာလား”
လုံချီရှောင်သည် တိုင်းပြည်ပိုင် သံလမ်းအပြင်ဘက်ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
သုံးယောက်သားက အာရုံသိပ်မစိုက်ဘဲ တစ်ချက်သာ ကြည့်လိုက်၏။ မထင်မှတ်ထားဘဲ သူတို့သည် တိုင်းပြည်ပိုင် သံလမ်းဟူသည့်၊ နိုင်ငံပိုင် အဝေးပြေးလမ်းမဟူသည့် စကားလုံးကို ကြားသောအခါ ဘတ်စ်ကားပေါ်တွင် ထိုင်နေသော အန်တီတစ်ယောက်က သူတို့ကို ရုတ်တရက် ပြောလာ၏။ “ သမီးတို့ ဘယ်သွားနေတာလဲ”
ယွင်ယွီသည် ထိုအမျိုးသမီး၌ ကြင်နာတတ်သော မျက်နှာထားရှိတာကို တွေ့သောအခါ ပြုံးလျက် ပြောလိုက်သည်။ “အရင်ရက်ပိုင်းတုန်းက ယဲ့ဖုန်းကျေးရွာမှာ တစ်ခုခုဖြစ်သွားတယ်ဆိုလို့”
ထိုအန်တီ၏ အမူအရာက ပြောင်းလဲသွား၏။ “ သမီးတို့က ယဲ့ဖုန်းကျေးရွာကို သွားမလို့လား”
198 02
“ အန်တီ၊ ယဲ့ဖုန်းကျေးရွာက ဘာဖြစ်လို့လဲ။ အဲဒီနေရာအကြောင်း ပြောတဲ့အချိန် ဘာလို့ စိတ်မချမ်းမြေ့တဲ့ပုံ ပေါ်နေတာလဲ”
ယွင်ယွီသည် ဤအန်တီက ယဲ့ဖုန်းကျေးရွာကို သူမပြောလိုက်တာ ကြားချိန်၌ စိတ်မပျော်မရွှင်ဖြစ်သွားတာ တွေ့လိုက်ရ၏။
ထိုအမျိုးသမီးက စကားပြောရန် တုံ့ဆိုင်းနေစဉ် နောက်ဆုံး၌ လူငယ်သုံးယောက်ကို ကြည့်ပြီး သတိပေးရန် ဆုံးဖြတ်လိုက်တော့သည်။
“ယဲ့ဖုန်းကျေးရွာကတော့ မဟုတ်ပါဘူး။ ဘေးရွာကလေ။ ယဲ့ဖုန်းရွာကို သမီးတို့ သွားမယ်ဆိုရင် သမီးတို့ကို သတိပေးလိုက်မယ်။ ယဲ့ဖုန်းရွာထဲမှာ ပြောဆိုရခက်ခဲတဲ့သူတွေ တော်တော်များတယ်။ အဲဒီကို သွားရင် ဂရုစိုက်။ ပြီးတော့…”
ထိုအမျိုးသမီးက တုံ့ဆိုင်းနေပြီး လူငယ်သုံးယောက်ကို ထိုကိစ္စအကြောင်း ပြောသင့်မပြောသင့် တွေဝေနေလေ၏။
ယွင်ယွီက ကြင်နာစွာ ပြောလိုက်တော့သည်။ “ အန်တီ၊ သမီးတို့က ကိစ္စတစ်ခုကြောင့် ယဲ့ဖုန်းကျေးရွာကို သွားတာပါ။ အဲဒီရွာမှာ တစ်ခုခုရှိခဲ့ရင် သမီးတို့ကို ပြောပြပါဦး။ ဒါမှ သမီးတို့ အာရုံစိုက်လို့ရမှာ”
အထက်အရာရှိတို့သည် ယဲ့ဖုန်းကျေးရွာရှိ အဖြစ်အပျက်အကြောင်း သူတို့ကို များများစားစား မပြောခဲ့ပေ။ ကျေးရွာကော်မတီဝင်ကလည်း စကားပြောဆိုရာ၌ တုံ့ဆိုင်းနေပြီး ရွာသူရွာသားများ၏ မူမမှန်သော အမူအကျင့်၌ ဘာတွေဖြစ်နေမှန်း ရှင်းရှင်းလင်းလင်း မပြောပြနိုင်ဖြစ်နေ၏။ သူသည် သူတို့ကို သွားကြည့်ခိုင်းပြီး သူသည်လည်း မသိကြောင်း ပြောခဲ့၏။ ယဲ့ဖုန်းကျေးရွာအကြောင်း ယခုအချိန်၌ ကျန်သည့်သူများဆီမှ သိရလျှင်လည်း ကောင်းပေသည်။
ထိုအန်တီက သက်ပြင်းချလိုက်လျက် ပြောလိုက်သည်။ “ ယဲ့ဖုန်းကျေးရွာက လူတွေက လွန်လွန်းတယ်။ အရင်လတုန်းကပေါ့”
သူမသည် အဖြစ်အပျက်ကို ဖြည်းဖြည်းချင်း ပြန်ပြောပြလေ၏။
လွန်ခဲ့သည့် တစ်လခန့်က ကုန်တင်ကားယာဉ်မောင်းသည် အနီးရှိ နိုင်ငံပိုင် အဝေးပြေးလမ်းမကို ဖြတ်သွားစဉ် တာယာဖောင်းခနဲ ပေါက်သွားပြီး ကုန်တင်ကားက မှောက်သွားလေ၏။ ကုန်တင်ကားက ချယ်ရီများ သယ်လာတာ ဖြစ်သည်။
ယနေ့ခေတ်၌ ချယ်ရီသီးများသည် အလွန်ဈေးကြီးပြီး တစ်ပေါင်ကို ယွမ် ၁၀၀ ကျော် ကျသင့်သည်။ ကုန်တင်ကားမှောက်သွားသည့် အချိန် ချယ်ရီသီးများက မြေကြီးပေါ် ပြုတ်ကျကုန်ပြီး တချို့က ကြေသွားလေ၏။ အဝေးပြေးလမ်းပေါ်၌ ကားမတော်တဆဖြစ်တာကို ကြားသောအခါ ယဲ့ဖုန်းကျေးရွာမှ လူများစွာသည် အဖြစ်အပျက်ကို ကြည့်ရန် အလျှင်အမြန်ထွက်လာကြသည်။ သူတို့သည် မြေကြီးပေါ်ရှိ ချယ်ရီသီးများကို မြင်သောအခါ ရွာသူရွာသားများ စိတ်လှုပ်ရှားနေပြီး ခြင်းထဲရှိ ချယ်ရီသီးများကို အိမ်သို့ သယ်ကြလေ၏။
မှောက်သွားသည့် ကုန်တင်ကားထဲတွင် ဒဏ်ရာရထားသည့် ကုန်တင်ကားယာဉ်မောင်းက ကားခေါင်းခန်းထဲ၌ ပိတ်မိနေသေး၏။ သူ သတိဝင်လာချိန်၌ ရွာသားများ ပစ္စည်းယူနေတာကို တွေ့လိုက်ရသည်။ သူက စိတ်မသက်မသာဖြင့် ပြောလိုက်လေ၏။ “ရွာသားတို့ ကျေးဇူးပြုပြီး ကျွန်တော့်ပစ္စည်းတွေ ပြန်ပေးကြပါ။ ကျွန်တော်က ပစ္စည်းပို့သမားတစ်ယောက်ပါပဲ။ အခု ကုန်တင်ကား မှောက်သွားပြီဆိုတော့ ကျွန်တော် အများကြီး လျော်ပေးရမှာ။ ပစ္စည်းတွေ ယူသွားရင် ကျွန်တော် မပေးနိုင်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော်ကို သနားကြင်နာပေးပါ”
သူ့၌ အာမခံရှိသော်ငြား ဆုံးရှုံးမှုက ယခုအခါတွင် ပြင်းထန်သဖြင့် အာမခံကုမ္ပဏီသည် သူ့ကို အပြည့်အဝ လျော်ပေးနိုင်မှာ မဟုတ်ပေ။ သူ တစ်စိတ်တစ်ပိုင်း ပေးချေရန် လိုအပ်နေသေး၏။ ချယ်ရီသီးများသာ ရှိနေသေးလိုက်လျှင် လျော်ကြေးက များမှာမဟုတ်ဘဲ သူတတ်နိုင်သေးသည်။ သို့သော်ငြား ၎င်းတို့ကို ရွာသူရွာသားများက ယူသွား၏။ သူ လျော်ကြေး ပိုပေးဖို့ လိုသည်။
198 03
အများစုက သက်ကြီးရွယ်အိုများဖြစ်ပြီး ကလေးများသာ ဖြစ်၏။ သူတို့မိဘများက အနားတွင်မရှိ။ ကလေးများသည် တစ်ကိုယ်ကောင်းဆန်ရန် သင်ကြားပေးခြင်း ခံထားရသူများ ဖြစ်သည်။ ယာဉ်မောင်း ထွက်မလာနိုင်တာကို မြင်သောအခါ သူပြောတာကို ကြားပြီး သူတို့က စတင်ရယ်မောကြတော့သည်။ “ ဘာလို့ယူလို့မရမှာလဲ။ ငါတို့ မခိုးသလို လုယူတာလည်း မဟုတ်ဘူး။ ငါတို့ရှာတွေ့တာ။ ပစ္စည်းကောက်တာက တရားမဝင်အလုပ်မှ မဟုတ်တာ။ ဟုတ်တယ်မလား”
ထိုစကားကို ကြားချိန်၌ ယာဉ်မောင်းသည် မည်မျှ စိတ်ပျက်အားငယ်သွားကြောင်း မှန်းဆ ကြည့်နိုင်၏။ ရဲများ ရောက်လာချိန်တွင် မြေပြင်ပေါ်ရှိ ချယ်ရီသီးအများစုနှင့် ကားထဲရှိ ချယ်ရီသီးများ အယူခံလိုက်ရ၏။ ယာဉ်မောင်းလည်း ကယ်ဆယ်ခံလိုက်ရသော်ငြား ချယ်ရီသီးအများစု အခိုးခံလိုက်ရတာကို မြင်သည့်အချိန်၌ သူငိုယိုတော့သည်။
အဖွားအိုက ဆက်ပြောလေ၏။ “ ဒီကိစ္စက လွယ်လွယ်နဲ့ ပြီးသွားတာတော့ မဟုတ်ဘူး။ ရဲတွေက ချယ်ရီသီးတွေ ပြန်သွားတောင်းပေမဲ့ ချယ်ရီသီး ခိုးထားတဲ့သူတွေက ငြင်းပြီး သူတို့က ကောက်ယူခဲ့တာ၊ ခိုးတာမဟုတ်သလို လုတာမဟုတ်၊ ဘာလို့ပြန်ပေးရမှာလဲဆိုပြီး ပြောတယ်။ နောက်ဆုံးတော့ ရဲတွေက ဖိအားပေးခြင်းပေမဲ့ ရွာသားတွေက ပြန်ပေးမဲ့အစား မြေပြင်ပေါ် ချယ်ရီသီးတွေကို ပစ်ပေါက်ဖျက်ဆီးလိုက်ကြတယ်။ ရဲတွေလည်း ကူကယ်ရာမဲ့ ထွက်သွားရတာ။ ထွက်သွားပြီးတဲ့နောက် ရွာသူရွာသားတွေက ချယ်ရီသီးတွေ ဖျက်ဆီးခံလိုက်ရရင်တောင် ရွာထဲမှာ ရှိနေဦးမှာပဲ။ လူတွေ မစားနိုင်ရင်တောင် ဝက်ကျွေးလို့ရသေးတယ်။ ဒီတော့ သူတို့တွေက တခြားသူတွေ သူတို့ကို အမြတ်ထုတ်ခွင့် မပေးနိုင်ဘူးတဲ့လေ”
ထိုစကားကို ကြားပြီး ယွင်ယွီနှင့် ကျန်သည့်လူနှစ်ယောက် တိတ်ဆိတ်သွားတော့သည်။ ဤရွာက ထိုကဲ့သို့ ကိစ္စလုပ်လိမ့်မည်ဟု သူတို့တစ်ခါမှ မတွေ့ထားမိချေ။
ထို့နောက် ဤအဖြစ်အပျက်သည် တစ်နည်းနည်းနှင့် သက်ဆိုင်နေတာ ဖြစ်ရမည်။ အကြောင်းပြချက်မရှိ ထူးဆန်းသော ဖြစ်ရပ်များစွာ အဘယ်ကြောင့် ဖြစ်ပေါ်လာသနည်း။ လူတို့ကြောင့်သာ ထိုသို့သော ကိစ္စရပ်များ ဖြစ်ပေါ်လာတတ်၏။
ထိုအမျိုးသမီးက သက်ပြင်းချလိုက်တော့သည်။ “တရားဥပဒေက လူတိုင်းကို မထိန်းချုပ်နိုင်ဘူး။ ကျူးလွန်တဲ့သူတွေက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ။ ရဲတွေလည်း ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ မသိ။ ယာဉ်မောင်းက လျော်ကြေးအများကြီး ပေးလိုက်ရတယ်လေ။ ဆေးရုံမှာ တက်နေတုန်း ရွာသူရွာသားတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကျင့်စရိုက်ကို ကြားပြီး သူမျက်ရည်ပေါက်ပေါက်ကျ ငို၊ ငိုယိုပြီး အဲဒီညကပဲ ဆေးရုံခေါင်မိုးပေါ်ကနေ ခုန်ချလိုက်တယ်”
အသက်တစ်ချောင်း အချည်းနှီး ဆုံးရှုံးသွားသည်။
198 04
ရွာနီးစပ်မှ လူတို့သည် ယဲ့ဖုန်းကျေးရွာရှိ လူတို့ကို အပြစ်တင်လေ၏။ တကယ်တော့ နေရာတိုင်း၌ တစ်ကိုယ်ကောင်းဆန်သည့် လူများရှိသော်ငြား ယခုအခေါက်တွင် ယဲ့ဖုန်းကျေးရွာက လွန်လွန်းသွားပြီဖြစ်သည်။ ယဲ့ဖုန်းကျေးရွာထဲရှိ လူအားလုံးကားမူ တစ်ကိုယ်ကောင်းဆန်သည်တော့မဟုတ်။ လူတချို့ကား ကုန်ပစ္စည်းကောက်သည့် ရွာသားများကို ဖျောင်းဖျခဲ့သေး၏။ သို့သော် ဘာများထူးမည်နည်း။ ထိုလူက သေနေပြီဖြစ်သည်။
တစ်စုံတစ်ယောက် သေသွားတာလား။
ယွင်ယွီသည် လုံချီရှောင်ကို တစ်ချက်ကြည့်ပြီးနောက် သူမအကြည့်ထဲ၌ သူဆိုလိုတာကို သဘောပေါက်သွားသည်။
ယခုအခေါက်တွင် ယဲ့ဖုန်းကျေးရွာထဲရှိ ထူးဆန်းသောဖြစ်ရပ်များသည် ဤအမှုနှင့် သေချာပေါက် သက်ဆိုင်နေတာ ၁၀၀ ရာခိုင်နှုန်း သေချာသွားပြီဖြစ်သည်။
ယွင်ယွီသည် ထိုအန်တီကို ကျေးဇူးတင်လိုက်၏။ “အန်တီ၊ ကျေးဇူးတင်ပါတယ်။ သမီးတို့ အဲဒီကို သွားတဲ့အချိန် အာရုံစိုက်လိုက်ပါ့မယ်”
ထိုအမျိုးသမီးက ခေါင်းညိတ်လိုက်၏။ “လူတိုင်းကတော့ လူဆိုးမဟုတ်ပါဘူးကွယ်။ အဲ့ဒီရွာထဲမှာ ကြင်နာတတ်တဲ့သူတွေလည်း ရှိတယ်။ ယဲ့ဖုန်းကျေးရွာထဲမှာ လူတော်တော်များများ ထူးဆန်းတဲ့ ရောဂါဝေဒနာခံစားနေရတယ်လို့လည်း ကြားမိတယ်။ ဒါက ကုန်တင်ကားမောင်းတဲ့သူဆီက လက်စားချေမှုဖြစ်လောက်တယ်လို့ အန်တီတို့အားလုံး ထင်ကြတာ”
ယွင်ယွီသည် သက်ပြင်းချမိသွားပြီး ထိုအန်တီ၏ ခန့်မှန်းချက်က အမှန်ဖြစ်လောက်သည်ဟု တွေးမိသွားသည်။ ၁၀ မိနစ်အကြာ၌ ကားသည် ယဲ့ဖုန်းကျေးရွာသို့ ရောက်ပြီး ယွင်ယွီနှင့် ကျန်သည့်လူနှစ်ယောက်က ကားပေါ်မှ ဆင်းလိုက်သည်။
တရုတ်နိုင်ငံ၌ ကျေးရွာအရွယ်အစားမျိုးစုံရှိကြပြီး အတော်အတန်ဆင်တူပေ၏။ ယွင်ယွီသည် ယဲ့ဖုန်းကျေးရွာက ကျန်သည့်ကျေးရွာများနှင့် ဆင်တူကြောင်း သတိပြုမိသွားသည်။ ကျေးရွာကော်မတီမှ တစ်စုံတစ်ယောက်ကို သူတို့ရှာတွေ့သွား၏။ ဤလူသုံးယောက်သည် အထက်အရာရှိများက အကူအညီပေးရန် လွှတ်လိုက်သည့်သူများဖြစ်ကြောင်း ကြားသောအခါ သူတို့က အလျင်အမြန် လာနှုတ်ဆက်သည်။ “ဆရာတို့ မနက်စာစားပြီးပြီလား။ အစားအသောက်အရင် ကျွေးချင်ပါတယ်”
မနက် ၉ နာရီသာ ရှိသေး၏။ ထို့ကြောင့် ထိုလူများသည် သူတို့ မနက်စာမစားရသေးဟု ထင်တာ ပုံမှန်ပဲဖြစ်သည်။
“ဟုတ်ပြီ။ ရပါပြီ”လုံချီရှောင်က ပြောလိုက်သည်။ “ကျုပ်တို့ မနက်စာစားပြီးမှလာတာ။ ရွာသားတွေကို ကြည့်ရအောင်။ ကျုပ်တို့ကို ခေါ်သွားပေးပါဦး”
ကျေးရွာကော်မတီဝင်က အလျင်စလို ပြောလိုက်သည်။ “ဟုတ်ပြီ။ ဆရာတို့ကို အခုချက်ချင်းခေါ်သွားပေးပါ့မယ်။ ဆရာသုံးယောက် ဘယ်လိုခေါ်လဲမသိ။ ကျွန်တော့်ကို လောင်လီလို့ ခေါ်လို့ရပါတယ်”
သူသည် ဒါရိုက်တာညွှန်ကြားရေးမှူးဖြစ်လောက်သော်ငြား ထိုလူသုံးယောက်ကို တုံ့ဆိုင်းစွာ ကြည့်လိုက်၏။ ဆိုရလျှင် အကြီးဆုံးက အသက် ၃၀ ဝန်းကျင်သာ ရှိပုံပေါ်ပြီး အငယ်ဆုံးက အသက် ၂၀ ဝန်းကျင်ရှိပုံပေါ်၏။ သူတို့အားလုံး ချောမောခန့်ညားသော အမျိုးသားများနှင့် မိန်းမလှဖြစ်ပြီး သူတို့ကို အားကိုးရမည့်ပုံမပေါ်။
လုံချီရှောင်က မေးလိုက်သည်။ “လောင်လီ၊ ခင်ဗျားရဲ့ကျေးရွာမှာ တစ်ခုခုဖြစ်သွားသေးလား”
လောင်လီက မျက်မှောင်ကြုတ်သွားပြီးနောက် လုံချီရှောင်၏ အကြည့်ကို ရှောင်ကာ တုံ့ဆိုင်းစွာ ပြောလိုက်သည်။ “ဘာမှမဖြစ်ပါဘူး”
“ကောင်းပြီလေ။ ခင်ဗျား အဲဒီလိုပြောတယ်ဆိုတော့ ထူးဆန်းတဲ့အရာတွေဖြစ်နေတဲ့ လူတိုင်းဆီ သွားကြည့်ကြရအောင်”
လောင်လီက ပြောလိုက်၏။ “ဟုတ်ကဲ့။ ကျွန်တော် အိမ်တိုင်းသွားပြီး လူခေါ်လိုက်ပါ့မယ်။ အထဲဝင်ထိုင်လို့ရပါတယ်”
ဤနေရာက ကျေးရွာကော်မတီဖြစ်ပြီး အစည်းအဝေးခန်းမလည်း ဖြစ်၏။ ယွင်ယွီနှင့် ကျန်သည့်သူများက ခန်းမထဲ၌ အူလည်လည် စောင့်နေရတော့သည်။ ကျေးရွာရောက်သည့်အချိန်၌ ယွင်ယွီသည် မျက်လုံးတစ်ချက် ဖွင့်ကြည့်လိုက်ရာ မိစ္ဆာအငွေ့အသက်မရှိချေ။
198 05
လောင်လီသည် အိမ်တိုင်းမှ လူတိုင်းကို ခေါ်ခဲ့၏။ ကျေးရွာကော်မတီသို့ လူတိုင်းကို ခေါ်ချိန်၌ မနက် ၁၀ နာရီ၊ ခေါ်ပြီးချိန်၌ ၁၁ နာရီထိုးနေပြီဖြစ်သည်။ အခန်းထဲ၌ အသက် ၃၀၊ ၄၀ ဝန်းကျင်ခန့်ရှိသည့် အမျိုးသား၊ အမျိုးသမီးတွေ့လိုက်ရပြီး ၈ နှစ်၊ ၉ နှစ်အရွယ်ခန့်ရှိသည့် ကလေးများ ငါးယောက်ခြောက်ယောက်လည်း ရှိသည်။
လောင်လီက ပြောလိုက်၏။ “အမြန်မြန်၊ မင်းတို့ဖြစ်နေတာတွေကို ဆရာတွေကို ပြလိုက်”
အသက် ၅၀ ဝန်းကျင်ခန့်ရှိသော အမျိုးသမီးတစ်ယောက်က ရှေ့သို့ တိုးလာပြီး လက်ကို မြှောက်ပြလိုက်၏။ သူမအသားအရေ၌ အိုမင်းရင့်ရော်မှုများ အစက်အပြောက်များ တင်နေပြီးသားဖြစ်ကာ လက်သည်းခွံအရွယ်အစားခန့်ရှိသည့် အနီရောင်အဖုကြီးများ ရှိနေသည်။ “ဆရာ၊”
သူမ တုန်ယင်နေလေ၏။
“ကျွန်မတို့ရဲ့ ကျော၊ လက်နဲ့ဗိုက်မှာ ဒါမျိုးတွေရှိနေတာ။ မျက်နှာအပြင် တစ်ကိုယ်လုံးအနှံ့ရှိနေတာ။ သေအောင်နာနေတာ။ ဆေးရုံမှာ ဆေးသွားစစ်ပေမဲ့ ဘာအမှန်မှ ရှာမတွေ့ခဲ့ဘူး။ ဒါမကောင်းတဲ့အရာက ကျွန်မတို့ကို ထိခိုက်အောင် လုပ်ချင်နေတာပဲဖြစ်မယ်။ နောက်လ သေတော့မယ်။ ဆုတောင်းနေရုံပဲ။ ကျေးဇူးပြုပြီး ဆရာကျွန်မတို့ကို ကယ်ပါဦး”
ကျန်သည့်သူများကလည်း သူတို့သုံးယောက်ကို အကူအညီတောင်းလိုက်၏။ ယွင်ယွီက မျက်လုံးဖွင့်ကြည့်လိုက်ရာ ထိုလူများ၌ ယန်စွမ်းအင်ဖျော့ဖျော့ ပြည့်နေတာကို တွေ့လိုက်ရသည်။ သူတို့သရဲများနှင့် ထိမိခဲ့တာဖြစ်လောက်သည်။ သို့တည်းမဟုတ် ယခင်က သရဲများက သူတို့ကို ထိခဲ့သည်ဟု ဆိုနိုင်သည်။
ယွင်ယွီက တည်ငြိမ်စွာ မေးလိုက်၏။ “မကောင်းဆိုးဝါးတွေ ထိခိုက်ဒုက္ခပေးတယ်လို့ ဘာလို့သေချာနေတာလဲ။ မကောင်းဆိုးဝါးတွေက ဘာကြောင့်တခြားသူတွေကို ဒုက္ခမပေးဘဲ ရှင်တို့ကိုမှ ရွေးဆွဲတာလဲ။ ကျွန်မတို့သိသလောက် ရွာထဲက လူတိုင်း အဆင်ပြေနေတယ်မလား။ လောင်လီတောင် အဆင်ပြေတယ်”
လောင်လီသည် အနေခက်စွာ ရပ်နေလေ၏။
ထိုအဘွားအိုတစ်စုက တိတ်ဆိတ်နေတော့သည်။
အမျိုးသမီးကြီးက အကြည့်လွှဲပြီး ပြောလိုက်၏။ “ကျွန်မတို့ မသိပါဘူး။ ရှင်က ပညာရှင်ပဲ။ မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖြေရှင်းပေးဖို့ လာတာမဟုတ်လား။ ဘာကြောင့် ဒီလောက် မေးခွန်းအများကြီးမေးနေတာလဲ”
******