← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အပိုင်း 199

လုံချီရှောင်က အနည်းငယ် စိတ်မရှည်ဖြစ်လာလေ၏။ သူသာဆိုလျှင် ဤလူများကို မကုသပေးသင့်ပေ။ သူတို့က တစ်ကိုယ်ကောင်းဆန်ပြီး တစ်ပါးသူကို ထိခိုက်အောင် လုပ်ခဲ့၏။ သူတို့၏ နောက်ထပ်မျိုးဆက်ကို မည်သို့သော လူမျိုးဖြစ်အောင် သွန်သင်ပေးမည်နည်း။ ထိုကလေးများကို ကြည့်လိုက်လျှင် သူတို့မျက်လုံးများက ငြိမ်သက်မနေဘဲ လူသတ်ပြီးနောက် အပြစ်ရှိဖို့တောင် မသိကြပေ။

အထက်မှ အမိန့်ကြောင့်သာ မဟုတ်လိုက်လျှင် သူသည် ဤလူများကို ဒုက္ခခံစားစေချင်မိသည်။

“မင်းတို့တွေ ပြောဖို့ဆန္ဒမရှိဘူးဆိုတော့ ဒီကိစ္စကို ဖြေရှင်းလို့မရတော့ဘူးနဲ့ တူတယ်။ အဲဒီဟာက မင်းတို့ကို အရင်ဆုံး ရုပ်ပိုင်းဆိုင်ရာ နာကျင်စေလိမ်မယ်။ အခုတော့ သတ်ဖို့ မရည်ရွယ်ထားလောက်ဘူးပေါ့။ တကယ်ကုသလို့မရဘဲ လူတွေကို ထိခိုက်အောင် လုပ်ဖို့ဆိုရင် ဒီအတိုင်း ပြီးမှာမဟုတ်ဘူး။ မင်းတို့ကို ပြစ်မှတ်ထားရုံတင် မကဘူး။ ရွာထဲက လူတိုင်းကို သတ်မိလိမ့်မယ်။ ဒါဆို မင်းတို့အယောက် ၃၀ နဲ့ ကလေးလေးတွေပဲ ဘာကြောင့် ထိခိုက်တာလဲ”

အစည်းအဝေးခန်းထဲရှိ ရွာသူရွာသားများက တိတ်ဆိတ်သွားကြကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

ကျေးရွာကော်မတီမှ လောင်လီသည် စကားမပြောရဲတော့ချေ။ ဤရွာသူရွာသားများက ဤသို့ဖြစ်ရသည့် အကြောင်းအရင်းကို သူတွေးမိသော်ငြား ဘာမှမပြောနိုင်မည်နည်း။ သူ့ရဲ့ရွာသူရွာသားတွေက လောဘကြီးပြီး လောဘကြောင့် လူသေစေခဲ့ကာ မကောင်းဆိုးဝါးဝိညာဉ်တွေကြောင့် ဒုက္ခခံစားရတယ်လို့ သူဘယ်လိုလုပ် ပြောနိုင်မှာလဲ။ ဒါ့အပြင် သူတို့က တစ်ရွာတည်းသားပဲလေ။ အဖက်ဆယ်ပေးရဦးမှာပေါ့။ ထို့ကြောင့် သူသည် သူတို့က အကူအညီတောင်းပြီး အထက်အရာရှိများထံ ဤကိစ္စကို ပြောပေးခဲ့၏။ ယခုအထက်အရာရှိများက ထိုကိစ္စကို ဖြေရှင်းရန် လူလွှတ်ပေးခဲ့၏။

ဤဆရာများသည် ပေါ့သေးသေးမဟုတ်ဟု သူတွေးမိသည်။

ရွာသူရွာသားများက လောင်လီကို မပြောကြပေ။

ယွင်ယွီ၏ မျက်နှာက မည်းမှောင်သွား၏။ “ဒီလိုဆိုမှတော့ ကျွန်မတို့လည်း ဒီအရှုပ်အထွေးကို ဒုက္ခခံပြီး ဖြေရှင်းမနေတော့ဘူး”

သူမပြောပြီးနောက် လှည့်ထွက်သွားကာ စိုးရိမ်ပူပန်မှုမရှိ၊ ဂရုဏာသက်မှုမရှိပေ။ သူမ ဤကိစ္စ၌ တကယ်မပါချင်ပေ။ သူမကူညီပေးချင်သည့် တခြားတစ်ချို့ရှိသော်ငြား တချို့ကမူ သူမတကယ် မကူညီပေးချင်ပေ။

ယဲ့ဖုန်းရွာထဲရှိ လူတိုင်းက အနည်းငယ် ကြက်သေသေသွားလေ၏။ ဤဆရာများသည် ဘာမှမပြောဘဲ ထွက်သွားလိမ်မည်ဟု သူတို့မထင်ထားပေ။

တစ်စုံတစ်ယောက်က စိုးရိမ်ပူပန်စွာ ပြောလိုက်တော့သည်။ “မင်းတို့ ငါတို့ကို ကူညီဖို့အတွက် အထက်ကလူတွေက မင်းတို့ကို လွှတ်တာ မဟုတ်ဘူးလား။ ဘာလို့ ထွက်သွားတာလဲ။ သတိထားနေကြ။ မဟုတ်ရင် ငါတို့တွေ တရားစွဲပစ်မယ်”

လုံချီရှောင်က လှောင်ပြောင်လိုက်သည်။ “ စိတ်တိုင်းကျသာ လုပ်”

သူတို့သုံးယောက်သည် အစည်းအဝေးခန်းထဲမှ ထွက်သွားပြီးသည့်အချိန်၌ ယဲ့ဖုန်းကျေးရွာမှ လူတိုင်းသည် စတင်ကြောက်လန့်လာတော့သည်။ ပထမဆုံး စကားထွက်ပြောသည့် အမျိုးသမီးကြီးက သူတို့ကို အလျှင်စလိုဖြင့် လှမ်းခေါ်လိုက်၏။ “ဆရာ၊ ဆရာတို့ ကျွန်မတို့မှားပါတယ်။ အခုချက်ချင်း အမှန်တရားကို ပြောပြပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ကို ကယ်တင်ပေးပါ။ ဆရာတို့”

ဤအခွင့်အရေးကို လွဲချော်သွားခဲ့လိုက်လျှင် သူတို့ကို ကူညီရန် မည်သူမှ လွှတ်ပေးတော့မှာမဟုတ်မှန်း သူတို့ကောင်းစွာ သိနေလေ၏။

ရွာသူရွာသားများကလည်း ထွက်လာက အချိန်အတော်ကြာ တောင်းပန်လိုက်သည်။ ထိုလူသုံးယောက်က အစည်းအဝေးခန်းမထဲ ပြန်လာ၏။ ယခုအခါတွင် သူတို့ အဆင်ခြင်မဲ့ မပြုမူရဲတော့ချေ။ သူသည် လောင်လီကို အမှန်အတိုင်း ပြောခိုင်းလိုက်ရာ လောင်လီသည် အထစ်ထစ်အငေါ့ငေါ့ဖြင့်သာ ပြောနိုင်၏။

“ဆရာတို့သုံးယောက် ကိစ္စက ဒီလိုပါ။ အရင်လတုန်းက သူတို့မကောင်းတာတစ်ခု လုပ်ခဲ့မိတယ်။ တစ်စုံတစ်ယောက်က လက်သင့်မခံနိုင်တာကြောင့် သတ်သေသွားတယ်။ သိပ်မကြာသေးခင်မှာပဲ ဒီရွာသူရွာသားတွေရဲ့ ကိုယ်ပေါ်မှာ အနီရင့်ရောင် အမှတ်အသားတွေ ပေါ်လာတာ။ အစကတော့ သူတို့လက်မောင်းပေါ်မှာပဲ။ တဖြည်းဖြည်းချင်း တစ်ကိုယ်လုံး ပျံ့လာတာ။ နာကျင်မှု နည်းနည်းလေးကနေ သူတို့ သည်းမခံနိုင်တဲ့ နာကျင်မှုအဖြစ် ပြောင်းသွားပြီး ညအချိန်မှာ သူတို့မအိပ်နိုင်တော့ဘူး။ ဒါကြောင့် အဲဒီလူက သေသွားပြီးတဲ့နောက် လူတိုင်းကို လက်စားချေတာလို့ သံသယဝင်မိပါတယ်”

199 02

သူက စကားပြော တုံ့ဆိုင်းနေပြီး ဤဆရာသုံးယောက် သူ့ကို သဘောမတွေ့မှာကို ကြောက်ရွံ့သဖြင့် ရှင်းရှင်းလင်းလင်း မရှင်းပြရဲချေ။

သူတောင် ဤရွာသားများကို ရွံရှာစက်ဆုပ်ပေ၏။ သို့သော် ဘာများတတ်နိုင်မည်နည်း။ သူက ဒေသခံအရာရှိတစ်ယောက် ဖြစ်နေသည်။

လုံချီရှောင်က စိတ်မရှည်လက်မရှည် ပြောလိုက်တော့သည်။ “ဖြစ်ခဲ့တာကို ရှင်းရှင်းလင်းလင်း ပြောပြ”

လောင်လီသည် ဇာတ်ကြောင်းကို မဖုံးကွယ်ထားရဲတော့ပေ။ တုံ့ဆိုင်းစွာဖြင့် ရွာသူရွာသားများသည် ကုန်တင်ကားမှ ပစ္စည်းများ ကောက်လာသည့်အကြောင်းကို ပြန်ပြောလိုက်၏။ သို့သော်ငြား သူရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ဘဲ သူက ပြောလိုက်သည်။ “ကျွန်တော်တို့ရွာက အဝေးပြေးလမ်းမဘေးမှာလေ။ လွန်ခဲ့တဲ့လတုန်းက ကုန်တင်ကားယာဉ်မောင်းတစ်ယောက်က ကုန်ပစ္စည်းတွေ တင်လာပြီး အဝေးပြေးလမ်းပေါ် မောင်းလာတာ။ သူအဝေးပြေးလမ်းနား ရောက်တဲ့အချိန် တာယာပေါက်ပြီး ကားမှောက်သွားတာ။ ကားတစ်ခုလုံး ထိခိုက်သွားတယ်။ ရွာသားတွေက အသုံးမဝင်တော့ဘူးလို့ ထင်တာကြောင့် ကုန်ပစ္စည်းတွေကို အိမ်ပြန်သယ်လာတယ်။ ဒါပေမဲ့ ယာဉ်မောင်းက သတ်သေသွားခဲ့တယ်”

ထိုသို့ပြောပြီးနောက် လောင်လီသည် လူသုံးယောက်ကို မကြည့်ရဲတော့ချေ။

“ကုန်တင်ကားတစ်စီးလုံးမှာ ပါတဲ့ ပစ္စည်းတွေ ပျက်စီးသွားတာလား”

လုံချီရှောင်က နှာခေါင်းရှုံ့လိုက်လျက် ခန်းမထဲ၌ သူရပ်နေသော သွင်ပြင်က ဖိနှိပ်နိုင်စွမ်းရှိနေသည်။

လောင်လီက ချွေးစေးများ ပြန်လာတော့၏။ “မဟုတ်ဘူး၊ မဟုတ်ဘူး။ ပစ္စည်းက တချို့ရှိပါတယ်”

တကယ်တော့ သူတို့သည် ပွင့်ပွင့်လင်းလင်း ဓားပြတိုက်ခြင်းသာ ဖြစ်သည်။

လုံချီရှောင်က အေးစက်သော အသံဖြင့် ဆက်မေးလိုက်သည်။ “ယာဉ်မောင်းက အကြောင်းအရင်းမရှိဘဲ သက်သေသွားတာလား”

“ မဟုတ်ဘူး၊ မဟုတ်ပါဘူး”

လောင်လီသည် နောက်ဆုံး၌ ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။ ဤရွာသားများက ရွာ၏ ဂုဏ်သတင်းကို ထိခိုက်စေခဲ့သော်ငြား ယခုမူ သူကို ရှေ့ထွက်ခိုင်းနေသည်။ သူ့အနည်းငယ် အခဲမကျေ ဖြစ်လာ၏။

လောင်လီက အံကြိတ်လိုက်လျက် ပြောလိုက်သည်။ “

“ယာဉ်မောင်းက ချယ်ရီသီးသေတ္တာတွေ တင်လာတာ။ သူ့ကား၊ ကားဘီးပေါက်သွားတော့ ရွာသားတွေက ချယ်ရီသီးသွားကောက်ကြတယ်။ ကောင်းနေသေးတဲ့ ချယ်ရီတစ်တန်၊ ချယ်ရီဘူးတွေကိုတောင် သွားယူသေးတာ။ ရဲက သူတို့ကို လာတောင်းတဲ့အချိန် သူတို့ချယ်ရီသီးတွေ မပေးခဲ့ကြဘူး။ ချယ်ရီသီးတွေကို မြေကြီးပေါ်ပစ်ချပြီး ဖျက်ဆီးခဲ့တယ်။ ပြန်ပေးမယ့်အစား ပုပ်သိုးသွားအောင် ဝက်စာကျွေးပစ်မယ်လို့ ပြောခဲ့တာ။ ယာဉ်မောင်းက လျော်ကြေးတွေအများကြီး ပေးလိုက်ရတယ်။ ဒါကြောင့် ဆေးရုံမှာ ရှိနေတုန်း သတ်သေသွားခဲ့တယ်”

ရွာသားများက တိတ်ဆိတ်သွားတော့သည်။

ဤကိစ္စကို သိထားပြီးသည့်တိုင်း ကျေးရွာကော်မတီဒါရိုက်တာဆီမှ ကြားပြီးနောက် ဒေါသကို မထိန်းသိမ်းနိုင်သေးချေ။

သုံးယောက်သားက အချိန်အတော်ကြာအောင် ဘာမှမပြောခဲ့ပေ။ ယွင်ယွီက ထိုရွာသူရွာသားများကို ကြည့်လိုက်၏။ သူတို့က ဝဋ်လည်တာဖြစ်ကာ ယန်စွမ်းအင်များရှိပြီး တစ်စုံတစ်ခုဖြင့် ကျိန်စာတိုက်ခံထားရသည်။ ထင်သည့်အတိုင်းပင် ယင်းက ကုန်တင်ကားမောင်းသူ၏ အလုပ်ဖြစ်သည်။

199 03

အချိန်အတော်ကြာပြီးနောက် ယွင်ယွီက တည်ငြိမ်စွာ ပြောလိုက်၏။ “ပြဿနာက ဖြေရှင်းဖို့လွယ်တယ်။ သူ့ကို ဆင့်ခေါ်ပြီး မင်းတို့ကို ခွင့်လွှတ်ချင်စိတ်ရှိလား မေးလိုက်မယ်။ တောင်းဆိုချက်အားလုံးကို သဘောတူသ၍ အဆင်ပြေသွားလိမ့်မယ်”

အစ၌ မည်သူမှ အသတ်မခံရသောကြောင့် ယာဉ်မောင်းသည် တောင်းဆိုချက်တစ်ခု ရှိပုံပေါ်ပြီး မည်သူ့ကိုမှ သတ်ရန် မရည်ရွယ်ထားပုံပေါ်၏။

သို့သော်ငြား ဤရွာသားများကသာ ခေါင်းမာနေသေးလျှင် ယာဉ်မောင်းက သူတို့ကို ကျိန်စာတိုက်ရုံမျှသာ ဖြစ်တော့မည်မဟုတ်ပေ။

ရွာသားများက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်၏။ “ဖယ်ရှားလိုက်ရအောင်လား”

“အဲဒါကို ဘာလို့မဖယ်ရှားတာလဲ”

ယွင်ယွီက ထိုလူကို ကြည့်ပြီး ပြောလိုက်သည်။ “ရှင်တို့တွေက မကောင်းတာလုပ်ခဲ့တဲ့သူတွေ ဖြစ်နေတာကြောင့်လေ။ ဝဋ်ဆိုတာ လည်တတ်တယ်။ ဒါကြောင့် သူတို့ ရှင်တို့ကို ကျိန်စာတိုက်နိုင်တာ။ ကျွန်မတို့က ဒီလိုကိစ္စတွေထဲ အလွယ်တကူ ဝင်မစွက်ဖက်ဘူး။ သဘောမတူရင်လည်း ရတယ်။ ဒီကိစ္စရဲ့ နောက်ဆက်တွဲကိုတော့ ကိုယ့်ဘာသာခံစားရမယ်”

ဒီတော့မှ ရွာသူရွာသားများက သဘောတူလိုက်သည်။

ယွင်ယွီသည် လုံချီရှောင်အား ကုန်တင်ယာဉ်မောင်း၏ မွေးနေ့၊မွေးရက် စစ်ဆေးရန် အကူအညီတောင်းလိုက်၏။ သူမသည် အစည်းအဝေးခန်း၏ နံရံနှင့် ပြတင်းပေါက်ပေါ်၌ အဆောင်များ ရေးဆွဲလိုက်သည်။ သို့မှသာ နေ့အချိန်၌ ဝိညာဉ်ပေါ်လာနိုင်မှာပဲဖြစ်သည်။

မကြာမီ၌ အသစ်ရေးဆွဲထားပြီးကာစ အဆောင်များက နံရံနှင့် ပြတင်းပေါက်ပေါ်တွင် ကပ်ထားပြီးဖြစ်၏။

ပြီးနောက် လုံချီရှောင်သည် ယာဉ်မောင်း၏ မွေးနေ့၊မွေးရက်ကို ရှာတွေ့သွား၏။ ယွင်ယွီက အစီအရင်တစ် ခုရေးဆွဲပြီးနောက် အစီအရင်အလယ်၌ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ သို့သော် ၎င်း၏ခန္ဓာကိုယ်က ထိခိုက်ထားပြီး စုတ်ပြတ်နေကာ လက်တစ်ဖက်နှင့်ခြေတစ်ဖက် မရှိပေ။ ၎င်း၏မေးကလည်း မရှိတော့ချေ။ ဆေးရုံခေါင်မိုးပေါ်မှ ခုန်ချခဲ့သောကြောင့် ဤကဲ့သို့သွင်ပြင် ဖြစ်နေလေ၏။ သွေးသံရဲရဲနှင့် ကြည့်ရတာ တကယ်ကြောက်စရာကောင်းနေတော့သည်။

လုံချီရှောင်ကလည်း တတိယမျက်လုံးကို ဖွင့်လိုက်ပြီး ယာဉ်မောင်းကို မြင်ချိန်၌ မျက်မှောင်ကြုတ်မိသွား၏။

ယွင်ယွီက တုံ့ဆိုင်းမနေဘဲ ယာဉ်မောင်းပေါ်လာသည်နှင့် သူမသည် ယဲ့ဖုန်းကျေးရွာထဲရှိ ရွာသူရွာသားများအားလုံးအတွက် တတိယမျက်လုံးကို ဖွင့်ပေးလိုက်သည်။

ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ကြောက်လန့်တကြား အော်ဟစ်ကြတော့သည်။ လူတိုင်းအဖို့ သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ အထူးသဖြင့် ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းသည့် သရဲမျိုးဖြစ်သည်။ ထို့ကြောင့် ကြောက်လန့်ကြတာ သဘာဝကျပေ၏။

ယွင်ယွီသည် ထိုလူများ အော်ဟစ်ပြီးသည်အထိ စောင့်ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ရှင့်တို့မျက်စိနဲ့ မြင်ခွင့်ပေးမယ်။ ဒါမှ နောက်ပိုင်း တောင်းဆိုချက်တွေ လုပ်တဲ့အချိန် သဘောမတူတာ မဖြစ်တော့မှာ ဟုတ်တယ်မလား”

ရွာသားများသည် ငိုယိုနေကြပြီး စကားတစ်ခွန်းမှ မပြောရဲတော့ချေ။

ယွင်ယွီက အစီအရင်အလယ်ရှိ ယာဉ်မောင်းကို မေးလိုက်သည်။ “ဒီရွာသားတွေကို ရှင် ကျိန်စာတိုက်ထားတာလား”

“ဟုတ်တယ်” ယာဉ်မောင်းက ဝန်ခံလျက် သူ ပုပ်သိုးနေသော မျက်နှာတစ်ဝက်ဖြင့် ရွာသားများကို စိုက်ကြည့်လိုက်သည်။

ယွင်ယွီက မေးလိုက်၏။ “သူတို့ကို သတ်ချင်တာလား။ ဒါမှမဟုတ် တစ်ခုခုလိုချင်တာလား”

ရွာသူရွာသားများက တောင့်မခံနိုင်တော့ဘဲ သက်သာပေးရန် ဒူးထောက်တောင်းပန်ကြလေ၏။ “အစ်ကိုကြီး၊ အဲဒီကိစ္စမှာ ကျွန်တော်တို့မှားခဲ့ပါတယ်။ ကျွန်တော်တို့ လောဘကြီးပြီး သေစေခဲ့မိတယ်။ ကျွန်တော်တို့ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်ဗျာ။ ကျေးဇူးပြုပြီး လွှတ်ပေးပါ”

199 04

ယာဉ်မောင်းက သူတို့ကို စိုက်ကြည့်ပြီး ပြောလိုက်၏။ “မင်းတို့ကို လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ လျော်ကြေးပေးရမယ်”

သူသည် လျော်ကြေးမပေးနိုင်သောကြောင့် ဒေါသထွက်ပြီး သတ်သေခဲ့၏။ ယခုလျော်ကြေးသည် သူ့မိသားစုပေါ်ကျရောက်ပြီး သူ့၏ကလေးနှစ်ယောက်နှင့် သူ့၏ဇနီးကလည်း အလုပ်မရှိပေ။ အားလုံးက သူ ဂရုမစိုက်၊ မစဉ်းစားခဲ့မိသောကြောင့် ဖြစ်သည်။ သူ ဆေးရုံခေါင်မိုးပေါ်မှ ခုန်ချမိချိန်၌ နောင်တရသွား၏။ ထို့ကြောင့် ဤရွာသူရွာသားများကို ကျိန်စာတိုက်ခဲ့သည်။

ရွာသူရွာသားများက အလျင်စလို ပြောလိုက်တော့သည်။ “ဟုတ် ဟုတ်ပြီ ဟုတ်ပြီ။ ကျွန်တော်တို့ လျော်ကြေးပေးပါ့မယ်။ အဲဒီချယ်ရီသီးတွေ ဘယ်လောက်တန်လဲ။ လျော်ကြေးပေးချင်ပါတယ်”

သူတို့အမြင်တွင် သစ်သီးများက စျေးကြီးသော်ငြား မည်မျှစျေးကြီးနိုင်မည်နည်း။

ယာဉ်မောင်းက ပြောလိုက်၏။ “စုစုပေါင်းလျော်ကြေးက ၂.၃ သန်း”

ရွာသူရွာသားများက ကြက်သေ သေသွားလေ၏။ “ဘာလို့လဲ။ ဘယ်လိုလုပ် ဒီလောက်များရတာလဲ။ သစ်သီးတွေက ဒီလောက်များနိုင်လို့လား”

“သစ်သီးအတွက် လျော်ကြေးက ယွမ် ၃ သိန်း။ ငါက ယွမ် ၂ သန်း။ ငါ့မှာ မိန်းမနဲ့ ကလေးရှိတယ်။ သုံးနှစ်နဲ့ တစ်နှစ်။ ငါသေသွားရင်တောင် ငါ့မိန်းမနဲ့ ကလေးတွေက ရှင်သန်နေထိုင်ရဦးမယ်။ မင်းတို့က ငါ့ကို သေအောင် ဖိအားပေးတာ။ ဒီပိုက်ဆံတွေနဲ့ ငါ့မိန်းမနဲ့ ကလေးကို လျော်ကြေးပေးရမယ်။ မဟုတ်ရင်” ယာဉ်မောင်းသည် ရုတ်တရက် သွေးများ ဆူတက်လာပြီး သူ၏မျက်လုံးက နီလာတော့သည်။ “မဟုတ်ရင် မင်းတို့အသက်ကို ယူပစ်မယ်”

ရွာသားများက ကြောက်လန့်မှုကြောင့် တုန်ယင်နေကြသည်။

လောင်လီက စကားမပြောရဲတော့ချေ။

လုံချီရှောင်က ရယ်မောလိုက်၏။ “အခု ခင်ဗျားတို့အားလုံး ရှင်းရှင်းလင်းလင်း ကြားတယ်နော်။ လျော်ကြေးက ယွမ် ၂.၃ သန်း။ ပေးရင် အသက်ရှင်မယ်။ မပေးရင်တော့ ဒီကိစ္စက ကျုပ်တို့ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး။ အခုခင်ဗျားတို့တွေကို အကျိုးအကြောင်း ရှင်းပြပြီးပြီ။ ကျန်တာ ခင်ဗျားတို့ကိစ္စ”

ရွာသူရွာသားများသည် သက်ကြီးရွယ်အိုများသာ ဖြစ်ပြီး သူတို့၏သားများနှင့် ချွေးမများက အများစုသည် အလုပ်ထွက်လုပ်နေကြ၏။ သူတို့က အိမ်၌ မြေးများကို ဂရုစိုက်ပေးနေတာပဲ ဖြစ်သည်။ သူတို့၏သုံးစွဲမှုစရိတ်က ထိုမျှမများ။ မည်သည့်နေရာကများ ရှာရမည်နည်း။

သို့သော် ဤကိစ္စက ယွင်ယွီနှင့် ကျန်သည့်သူများ၏ စီရင်မှုအောက်တွင် မရှိပေ။

အထက်အရာရှိများက သူတို့အတွက် လျော်ကြေးပေးပေးလိမ့်မည်ဟု မျှော်လင့်၍မရပေ။ ဤကိစ္စက ရွာသူရွာသားများအတွက် သင်ခန်းစာတစ်ရပ်အဖြစ် သတ်မှတ်နိုင်သည်။ သို့မှသာ သူတို့ကောင်းမွန်စွာ ပြုမူပြီး လောဘမကြီးတော့မှပဲ ဖြစ်သည်။ တကယ်တော့ သူတို့ လောဘကြီးပြီး လုပ်ခဲ့တာမဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ဓားပြတိုက်ခြင်းသာဖြစ်သည်။

ထိုသို့ပြောပြီးနောက် သုံးယောက်သားက လှည့်ထွက်လာ၏။ ယာဉ်မောင်းကမူ သူက ရွာထဲနေကာ ထွက်သွားမှာ မဟုတ်ပေ။ ပိုက်ဆံမရသ၍ သွားမှာမဟုတ်။

ရွာသူရွာသားများသည် ဆရာသုံးယောက်နှင့် အစည်းအဝေးခန်းထဲရှိ သွေးသံရဲရဲ ယာဉ်မောင်းကို ကြည့်ကာ ဘာလုပ်ရမည်မှန်းမသိတော့ပေ။

စကားထွက်ပြောလိုက်သည့်သူက လောင်လီပဲဖြစ်သည်။

“အခုဒီကိစ္စက ဖြေရှင်းနည်း ပေါ်လာပြီ။ ကျန်တာက ပိုက်ဆံစုဖို့ပဲ။ ခင်ဗျားတို့မိသားစုဆီကနေ ဒီပိုက်ဆံကို တောင်းရမယ်။ ခင်ဗျားတို့တွေက ဒါကို လုပ်ခဲ့တဲ့သူ။ ဒါ အမြတ်ထုတ်ရုံတင် မကဘူး။ ဓားပြတိုက်နေတာပဲ” လောင်လီသည် ဒေါသအနည်းငယ်ထွက်လျက် ထိုသို့ပြောပြီး ထွက်သွားသည်။

ကျန်သည့်ရွာသူရွာသားများက အခန်းထဲ၌ ဖြူဖျော့သော မျက်နှာဖြင့် သရဲကို ကြည့်နေကြ၏။ ယွမ် ၂.၃ သန်း။ ညီတူမျှတူ ခွဲဝေချလိုက်လျှင် တစ်မိသားစုကို ယွမ် ၁ သိန်း ၁ သောင်းကျလောက်ပေ၏။

ကလေးများရှိသည့် မိသားစုများကမူ အဆင်ပြေသည်။ မိဘများကားမူ သူတို့ကလေးများအတွက် ပိုက်ဆံပေးလိုစိတ်ရှိ၏။ သို့သော် ချယ်ရီသီးကောက်ရန်အတွက် ကလေးများကို မခေါ်ခဲ့သည့် သက်ကြီးရွယ်အိုများကားမူ နောင်တရနေမိ၏။ သူတို့၏ သားနှင့်ချွေးမက ယွမ်တစ်သိန်းပေးဖို့ ကူညီပေးချင်စိတ်ရှိမှာမဟုတ်မှန်း သူတို့သိနေသည်။

199 05

ယွင်ယွီသည် နောက်ထပ်ကိစ္စရပ်များကို ဂရုမစိုက်တော့ပေ။ ယခုအခေါက်တွင် သူမ ပြောပေးတာကပင် တော်လှပြီဖြစ်သည်။ သူမဆန္ဒအတိုင်းသာ ဆိုလျှင် ဤရွာသူရွာသားများကို ဂရုမစိုက်ချင်ပေ။ ဆင်းရဲမွဲတေသည့် နေရာများက ရိုင်းစိုင်းသောသူတို့ကို မွေးထုတ်တာ မှန်ပေ၏။ သို့သော် ယခုအခေါက်တွင် ဤလူများက ဝဋ်လည်ပြီးဖြစ်သည်။

လုံချီရှောင်က သက်ပြင်းချလိုက်၏။ “ဒီလိုလူတွေ အမှိုက်ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ စိတ်မပူနဲ့။ အထက်ကနေ ကျန်တာကို ပေးမှာပါ”

“ရပါတယ်” ယွင်ယွီက ယခုအချိန်၌ ပိုက်ဆံမပြတ်လပ်ပေ။ သူမသည် ကုသိုလ် ကောင်းမှုလုပ်ရန် ဆက်လက် ကူညီပေးနေတာ ဖြစ်၏။ ဝင်ငွေအားလုံး လှူဒါန်းနိုင်သည်။

လူသုံးယောက်က စကားပြောပြောဆိုဆိုဖြင့် ရွာထဲမှ ထွက်သွားလေ၏။ အစောပိုင်းသာ ရှိသေး၏။ ယွင်ယွီသည် မူမူအကြောင်းတွေးပြီး စောစောပြန်ရရန် ပြင်ဆင်လိုက်၏။ ထို့ကြောင့် သူမသည် ချင်ယွီစွေအား နေ့လယ်ခင်းအတွက် လေယာဉ်လက်မှတ် ဖြတ်ခိုင်းလိုက်သည်။

ဘတ်စ်ကားမှတ်တိုင်က ရွာနှင့် အတော်လှမ်းသောကြောင့် သူတို့ လမ်းလျှောက်ရဦးမည်ဖြစ်သည်။ သူတို့ ကားယူမလာခဲ့ပေ။ ထို့ကြောင့် မှတ်တိုင်ဆီ လမ်းလျှောက်သွားရမည်။ ရွာက ကုန်းမြင့်ပေ၏။ ယွင်ယွီက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူမသည် ဝိညာဉ်စွမ်းအင်မျိုးစုံကို ဝိညာဉ်စွမ်းအင်၊ မိစ္ဆာစွမ်းအင်၊ ကုသိုလ်နှင့် ခရမ်းရောင်စွမ်းအင်တို့အဖြစ် ထိုစွမ်းအင်တို့ကို ခံစားနိုင်မှုဖြင့် မွေးဖွားလာတာဖြစ်သည်။ ယခုအချိန်၌ သူမ တစ်စုံတစ်ခု ထူးဆန်းနေတာ ခံစားမိ၏။ ထို့ကြောင့် မျက်မှောင်ကြုတ်မိသွားကာ မျက်လုံးဖွင့်လိုက်တော့၏။

အနား၌ ဘာမှမရှိသော်ငြား ယွင်ယွီသည် အဝေးရှိ တောင်ပေါ်၌ မည်းမှောင်နေသည့် မိစ္ဆာအငွေ့အသက်များ စုစည်းနေတာ တွေ့လိုက်ရသည်။ ယဲ့ဖုန်းကျေးရွာနှင့် ရပ်နေချိန်၌ မည်းမှောင်နေသော မိစ္ဆာအငွေ့အသက်ကို မြင်နိုင်၏။ အာရုံမခံမိလျှင် ယွင်ယွီသည် ထိုအကွာအဝေးကြောင့် လျစ်လျူရှုမိလောက်သေး၏။

ယွင်ယွီက မျက်မှောင်ကြုတ်မိသွား၏။ ရက်စက်သော အရှိန်အဝါရှိလေရာ နေရာ၌ တစ်စုံတစ်ခု ရှိလေ့ရှိသည်။ ဒါဆို အဲဒီနေရာက ဘာများလဲ။

“ဝမ်းကွဲ၊ အဲဒီမှာ တစ်ခုခုဖြစ်နေတဲ့ပုံပဲ။ လေထဲမှာ မိစ္ဆာစွမ်းအင်တွေ အများကြီး စုဝေးနေတာ တွေ့တယ်”

******

200 01

အပိုင်း200

လုံချီရှောင်၏ ကျင့်ကြံစဉ်ဖြင့် သူသည် ယင်စွမ်းအင်နှင့် မိစ္ဆာစွမ်းအင်ကို မြင်နိုင်ရန် ခက်ခဲသည်။ သူက မျက်လုံးဖွင့်ကြည့်လိုက်သော်ငြား အကွာအဝေးက လှမ်းလွန်းသဖြင့် ဘာမှမမြင်တွေ့နိုင်ပေ။ သူအမှန်အတိုင်း ပြောရုံက ပြောရုံသာ တတ်နိုင်၏။

ယွင်ယွီက ယင်နှင့် နိမိတ်မကောင်းသလို ခံစားလာရပြီး တစ်ချက်သွားကြည့်မှသာ စိတ်အေးနိုင်မည်ဟု ခံစားမိသည်။ သူမက လုံချီရှောင်ဘက် လှည့်ပြောလိုက်၏။ “ဝမ်းကွဲ ကျွန်မတို့ တစ်ချက်သွားကြည့်ဖို့လိုတယ်”

လုံချီရှောင်က ကန့်ကွက်ခြင်းမရှိဘဲ ယွင်ယွီအား မရှိပေ။ ပြီးနောက် ယွင်ယွီက သူ့ကို အကွာအဝေး အကြမ်းဖျင်း ပြောပြလိုက်၏။ ယင်က အတော်လေးလှမ်းပြီး ယဲ့ဖုန်းကျေးရွာကနေတောင် ဝေးပေ၏။ တောင်များခြားနေပြီး လမ်းလျှောက်ဖို့လည်း မလွယ်။ လုံချီရှောင်က ချင်ယွီစွေကို တစ်ချက်ကြည့်လိုက်ရာ ချင်ယွီစွေက ပြောလိုက်၏။ “ ဟယ်လီကော်ပတာ ရှာပေးနိုင်တယ်”

မဟုတ်လျှင် ဤအတိုင်း ဆက်လျှောက်သွားပါက တောင်ပေါ်၌ လမ်းမရှိသဖြင့် မည်မျှ ကြာမည်မသိပေ။

လုံချီရှောင်က ပြုံးပြီး ပြောလိုက်၏။ “ အခုမင်းရဲ့ အသုံးဝင်မှု ပေါ်လာပြီ”

တကယ်တော့ ချင်ယွီစွေသည် ဤကဏ္ဍ၌ အဆက်အသွယ် ပိုများသည်။

သူတို့ တစ်ချက်သွားကြည့်ချင်သောကြောင့် သုံးယောက်သားသည် အချိန်အတိုင်းအတာ တစ်ခုအထိ အိမ်ပြန်မှာမဟုတ်ပေ။ ထို့ကြောင့် သူတို့သုံးယောက်သည် ကားဘတ်စကားစီးဖို့ မလိုအပ်တော့ချေ။ ချင်ယွီစွေက ဖုန်းခေါ်လိုက်၏။ သို့သော် တစ်မိနစ်အတွင်း ဖုန်းချပြီးနောက် သူတို့နှစ်ယောက်ကို ပြောလိုက်သည်။ “တစ်နာရီအတွင်း ရောက်မယ်”

သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် ယဲ့ဖုန်းကျေးရွာသို့ ပြန်သွားကာ တစ်နာရီစောင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုကျေးရွာက အနီးဆုံးဖြစ်၏။

သူတို့သုံးယောက်သည် ကျေးရွာကော်မတီသို့ ပြန်ရောက်လာသည်။ လောင်လီက သူတို့ကိုမြင်သောအခါ အနည်းငယ် အံ့ဩသွားလေ၏။ လုံချီရှောင်က မရှင်းပြဘဲ ပြောလိုက်သည်။ “ကျုပ်တို့ကို လာကြိုဖို့ လူစောင့်နေလို့ ခဏလောက်တော့ ဒုက္ခပေးရဦးမယ်”

လောင်လီက အလျှင်စလိုပြောလိုက်သည်။ “အနှောက်အယှက် မဖြစ်ပါဘူး။ ဒုက္ခမရောက်ပါဘူး။ ဆရာတို့သုံးယောက် ဘာမှမစားရသေးဘူးထင်တယ်။ အစားအသောက်တွေ သယ်လာခိုင်းလိုက်ပါ့မယ်”

“ ကျေးဇူးတင်ပါတယ်”

လောင်လီသည် သူတို့သုံးယောက်အတွက် နေ့လည်စာ ပြင်ဆင်ပြီး အလုပ်များနေစဉ် ယွင်ယွီက ကျေးရွာကော်မတီ၏ဂိတ်၌ ရပ်နေပြီး ထိုနေရာကို လှမ်းကြည့်နေလေ၏။

မလှမ်းမကမ်းရှိသစ်ပင်အောက်တွင် ယွင်ယွီဆင့်ခေါ်ထားခဲ့သည့် ကုန်တင်ကားယာဉ်မောင်းက မျောလွင့်နေတော့သည်။ သူသည် အကျိုးအကြောင်းအားလုံး မရမချင်း ရွာမှ ထွက်သွားမည့် ရည်ရွယ်ချက်ရှိပုံမပေါ်ချေ။

ယွင်ယွီက ဤကိစ္စကို လျစ်လျူရှုထားပြီး ၎င်းကို ရွာထဲ နေခွင့်ပေးထား၏။ သူမ မကောင်းဆိုးဝါးဝိညာဉ်အကြောင်း စဉ်းစားနေတာပဲ ဖြစ်သည်။

အဲဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ။

ရွာထဲ၌ နေ့လည်စာစားရန် နေပြီးနောက် နောက်ထပ်နာရီဝက်အကြာ စောင့်ပြီးချိန်၌ ရဟတ်ယာဉ်လေးတစ်စင်းသည် ယဲ့ဖုန်းကျေးရွာဆီ ဆင်းသက်လာ၏။ ချင်ယွီစွေက လက်ဟန်ပြလိုက်ရာ ရဟတ်ယာဉ်သည် ရပ်တန့်ရန်အတွက် ရွာထဲရှိ နေရာကျယ်တစ်ခု ရှာတွေ့သွားသည်။ ရွာသားများအတွက် ရဟတ်ယာဉ်ကိုတွေ့တာ ပထမဆုံးအကြိမ် ဖြစ်၏။ ထို့ကြောင့် လူများစွာ လာကြည့်လေ၏။

သူတို့သုံးယောက်က ရဟတ်ယာဉ်ပေါ် တက်သွားသည်။ ယွင်ယွီက ကပ္ပတိန်ကို တစ်ချက်ကြည့်လိုက်ရာ ထိုလူသည် အသက် ၃၀ ဝန်းကျင်ခန့်ရှိသည့် အမျိုးသားတစ်ယောက်ဖြစ်၏။ ထိုလူက ကပ္ပတိန်ချင်ဟု ခေါ်လိုက်သဖြင့် သူသည် ချင်ယွီစွေအသင်းမှ လူဖြစ်လောက်သည်။

သို့သော် ယွင်ယွီသည် သူ့ကိုတစ်ခါမှ မတွေ့ဖူးချေ။

ချင်ယွီစွေက အကြမ်းဖျင်းရှင်းပြပြီးနောက် ရဟတ်ယာဉ်သည် ထိုတောင်ဆီ ပြန်သန်းသွားလေ၏။

200 02

တောင်က အတော်လေးကြီးမားသည်။ တောင်တန်းဒေသဖြစ်ပြီး တောင်ကုန်းများရှိ၏။ တောင်အတွင်းပိုင်းတွင် ဖွံ့ဖြိုးတိုးတက်ခြင်း မရှိပေ။ သို့သော်ငြား စွန့်စားသူ တောင်တက်ခရီးသည် တချို့ကမူ ဝင်ရောက်နေ၏။

ရဟတ်ယာဉ်က အလွန်မြန်သည်။ ကီလိုမီတာ ၁၀၀ အကွာအဝေးကို ပျံသန်းသွားရန် မိနစ် ၃၀ သာ အချိန်ယူလိုက်ရ၏။ နေရာတိုင်း၌ တောအုပ်ထူထူများ ရှိနေသည်။ ထို့ကြောင့် ရဟတ်ယာဉ်သည် မြေပြင်ပေါ် မဆင်းသက်နိုင်ဘဲ သစ်ပင်များအပေါ်တွင်သာ ပျံဝဲနိုင်၏။ ပြီးနောက် သူတို့သုံးယောက်သည် ရဟတ်ယာဉ်ပေါ်ရှိ လှေကားကနေ တွဲဆင်းလာ၏။ မီတာ အနည်းငယ်သာမြင့်သောကြောင့် သူတို့သုံးယောက် ခုန်ချဖို့ ပြဿနာမရှိပေ။

ပျံဝဲရန် နေရာတစ်ခု ရှာပြီးနောက် သုံးယောက်သား ဆင်းသက်လိုက်ပြီး ရဟတ်ယာဉ်က ချက်ချင်း ထွက်ခွာသွားသည်။ သူတို့က ဖြေရှင်းစရာကိစ္စ ရှိနေသေးပြီး ရဟတ်ယာဉ်ကို တစ်သက်လုံး လေထဲ ပျံဝဲခိုင်းထားရန်မရပေ။

သူတို့ ယာဉ်ပေါ်တွင်ရှိစဉ်က အကွာအဝေးနီးလာချိန်၌ ယွင်ယွီသည် မကောင်းဆိုးဝါးအရှိန်အဝါ ပိုအားကောင်းလာတာကို ခံစားမိလေဖြစ်ပြီး ထိုနေရာကို သွားဖို့ဆုံးဖြတ်ချက် ပိုချမိလေဖြစ်သည်။

ယခု လမ်းလျှောက်ရုံဖြင့် ဘာဆိုတာ မြင်နိုင်ပြီဖြစ်သည်။ တောင်အတွင်းပိုင်းထဲ ရောက်နေပြီဖြစ်ကာ မြင်မားလာသော ရှေးသစ်ပင်များ ရှိနေလေ၏။ သို့သော်ငြား နေရောင်က ဖြာကျနေကာ မှောင်မိုက်သည့် ခံစားချက်မရှိပေ။ တောအုပ်ထဲ၌ ခြုံပုတ်များနဲ့ မြက်များစွာလည်း ရှိသည်။ အောက်တိုဘာလဖြစ်သောကြောင့် လူတိုင်းက လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ထား၏။ ထို့ကြောင့် ခြုံပုတ်များနဲ့ မြက်တောထဲ ဖြတ်ဝင်ရတာ ပြဿနာမရှိချေ။

ယွင်ယွီသည် သူတို့နှစ်ယောက်ကို ဦးဆောင်ခေါ်သွားပြီး မကောင်းဆိုးဝါးအရှိန်အဝါနောက် လိုက်သွား၏။

၁၀ မိနစ်အကြာ၌ ယွင်ယွီသည် မကောင်းဆိုးဝါးစွမ်းအင်ရင်းမြစ်ကို ရှာတွေ့သွား၏။ ၎င်းက တောင်အတွင်းပိုင်းထဲတွင် ရှိနေသော ရေကန်တစ်ကန်ဖြစ်သည်။ တကယ်တော့ တိတိကျကျဆိုရလျှင် ရေအိုင်ဟု ခေါ်ပါက ပိုသင့်တော်ပေလိမ့်မည်။ ၎င်းက မြေတစ်ဧက အရွယ်အစားခန့်တစ်ခု ရှိသောကြောင့်ဖြစ်သည်။ ကန်ထဲရှိရေက အလွန်နက်ပုံပေါ်ပြီး ဘေးမှ လျှောက်သွားချိန်၌ အေးမြမှုကို ခံစားမိ၏။ ထိုနေရာ၌ အလွန်အားကောင်းသည့် မကောင်းဆိုးဝါးစွမ်းအင် ရှိနေ၏။

သူတို့သုံးယောက်က သူတို့သုံးယောက်သည် ရေကန်ငယ်နား ရပ်လိုက်သည့်အချိန်၌ လုံချီရှောင်က မျက်လုံးဖွင့်ကြည့်လိုက်၏။ ယခု အကွာအဝေး နီးလာပြီဖြစ်သောကြောင့် သူသည် မကောင်းဆိုးဝါးအရှိန်အဝါကို ခံစားမိပြီဖြစ်သည်။

သူ မမေးဘဲမနေနိုင်တော့ချေ။

“ကောင်းကင်မှာ ဘာတွေဖြစ်နေတာလဲ။ ဒီမှာ ဘာကြောင့် အားကောင်းတဲ့ မကောင်းဆိုးဝါးအရှိန်အဝါ ရှိနေတာလဲ”

ယွင်ယွီက မျက်လုံးဖွင့်ကြည့်လိုက်၏။ သက်ရှိဝိညာဉ်မရှိသလို မကောင်းဆိုးဝါးဝိညာဉ် မရှိပေ။ မကောင်းဆိုးဝါးအရှိန်အဝါသည် ရေကန်ငယ်ထဲမှ လာတာပဲ ဖြစ်သည်။ ကန်ရေက နက်လွန်းသဖြင့် အောက်ခြေကို တစ်ချက်ကြည့်ရုံဖြင့် မမြင်နိုင်ပေ။ အပေါ်ယံမျက်နှာပြင်ကနေဆို အထဲရှိအရာကို မြင်တွေ့ဖို့ မဖြစ်နိုင်။

ယွင်ယွီက ပြောလိုက်တော့သည်။ “ ကျွန်မတို့ အောက်ဆင်းပြီး တစ်ချက်ကြည့်မှရမယ်” သူမက ဆင်းကြည့်ဖို့ ပြင်ဆင်ထားသည်။

လုံချီရှောင်က ပြောလိုက်၏။ “ယွီစွေနဲ့ငါ တစ်ချက်ဆင်းကြည့်လိုက်မယ်လေ။ မကောင်းဆိုးဝါး မကောင်းဆိုးဝါးဝိညာဉ်ရှိတဲ့နေရာကို ငါလည်း ခံစားမိတယ်။ သူ ငါ့ကို လိုက်ကူညီပေးမှာပဲ။ ယွီအာ ဒီမှာနေ အရေးကြီးကိစ္စရှိလာရင် ဂရုစိုက်ပေးနိုင်တာပေါ့”

ချင်ယွီစွေက ခေါင်းညိတ်လိုက်၏။ “ ဟုတ်တယ်”

သူသည် ယွီအာကို ထိုနေရာသို့ သွားခွင့်မပေးနိုင်ပေ။ ရေက အေးစက်နေ၏။ သို့သော် ယင်းက သူ့တတ်နိုင်သည့် အရာဖြစ်နေသေးသည်။

ယွင်ယွီက မဆင်းသွားဘဲ အသက်အောင့် အဆောင်နှစ်ခု ရေးဆွဲပေးလိုက်၏။ ယင်းက သူတို့အား ရေအောက်၌ ၁၀ မိနစ်ကြာ နေခွင့်ပေးလိမ့်မည်။

ထိုလူနှစ်ယောက်သည် ရှပ်အင်္ကျီကို ချွတ်ကာ ကန်ထဲ ခုန်ဆင်းလိုက်သည်။ ပြီးနောက် ရေကန်ထဲ၌ ငုပ်လျှိုးကာ မကောင်းဆိုးဝါးအငွေ့အသက်ရှိရာနေရာဆီသို့ သွားလိုက်သည်။ ယွင်ယွီက ကန်စပ်တွင် ရပ်နေကာ ကန်ထဲရှိအခြေအနေကို စောင့်ကြည့်နေသော်ငြား နှစ်ယောက်က မကြာမီ၌ ပျောက်သွားလိမ့်မည်ဟု မထင်ထားပေ။

ယွင်ယွီ မျက်မှောင်ကြုတ်မိသွားပေ၏။ ရေကန်ငယ်အောက်၌ မြေအောက်စီးကြောင်းတစ်ခု ရှိရပေလိမ့်မည်။ ယင်းက မြေအောက်ရေရှိရာဆီ ဦးတည်နေတာပဲဖြစ်မည်။

200 03

၁၀ မိနစ်ကြာ စောင့်ဆိုင်းပြီးနောက် ယွင်ယွီသည် အနည်းငယ် စိုးရိမ်ပူပန်လာ၏။ ပုံမှန်ဆို အလွန်ဆုံး လူတို့အတွက် ရေငုပ်တာ မိနစ်အနည်းငယ်မျှသာဖြစ်သည်။ သို့သော် အဆောင်ဖြင့်ဆို သူတို့၏အကန့်အသတ်သည် အလွန်ဆုံး ၁၂ မိနစ် ၁၃ မိနစ်ရှိလိမ့်မည်။

နောက်ထပ် နှစ်မိနစ် စောင့်ဆိုင်းပြီးနောက် ယွင်ယွီသည် နောက်ဆုံး၌ လူနှစ်ယောက်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။ ထို့တင်မက သူတို့သည် သူတို့ကျောပေါ်၌ တစ်စုံတစ်ခု သယ်လာပုံပေါ်တာကို တွေ့လိုက်ရ၏။ သူတို့ ရေထဲမှာ ထွက်လာချိန်တွင် ယွင်ယွီက သူတို့နှစ်ယောက်သယ်လာသည့်အရာကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။ အလောင်းနှစ်လောင်းပဲ ဖြစ်၏။ တစ်ခုက အရိုးဖြစ်နေပြီး နောက်တစ်ခု၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်နေရသေးသော်ငြား ပုပ်ပွမှုကြောင့် ဖြူဖျော့နေပြီဖြစ်သည်။ မဖောယောင်သေးတာကိုပဲ ကျေးဇူးတင်ရမည်။ ယွင်ယွီသည် ဤနေရာရှိ အလောင်းများ၏ သွင်ပြင်က အလွန်ထူးဆန်းသည်ဟု ခံစားလိုက်မိ၏။ ဖောယောင်ခြင်းမရှိသေးတာကြောင့် ဘာမှမဟုတ်တာ ဖြစ်လာသည်။

အလောင်းနှစ်လောင်းကို ပစ်ချလိုက်ပြီးနောက် လုံချီရှောင်နဲ့ ချင်ယွီစွေလည်း တက်လာသည်။ သူတို့က ရေသုတ်ပြီးနောက် အဝတ်အစားဝတ်လိုက်၏။ လုံချီရှောင်၏မျက်နှာက စိတ်မပျော် ဖြစ်သွားသည်။ “ရေကန်ငယ်အောက်မှာ မြေအောက်စီးကြောင်း ရှိနေတယ်။ မြေအောက်ရေဝင်ပေါက်နဲ့ ဆက်ထားတာ။ ဝင်ပေါက်မှာ အလောင်းတစ်လောင်း တွေ့ခဲ့တယ်။ အထဲမှာ အများကြီးရှိသေးပေမယ့် နက်နက် မဝင်သွားရဲဘူး”

ယင်းက မြေအောက်ရေဖြစ်သည်။ မြေအောက်စီးကြောင်းတစ်ခု သို့မဟုတ် အခြားတစ်ခုသာဆိုလျှင် မြေအောက်ရေထဲ စုပ်မိပြီး ပြန်ထွက်လမ်း မရှိတော့ပေ။ မည်သူမှ မစွန့်စားရဲသောကြောင့် အလောင်းနှစ်လောင်းတွေ့သည်နှင့် ယူလာတာပဲဖြစ်သည်။

အလောင်းပုံပန်းမှ အထဲ၌ အလောင်းတချို့ ရှိနေသေးသည်။

ယွင်ယွီက မျက်မှောင်ကြုတ်မိသွားလေ၏။ “ဒီမှာ ဘယ်သူက အလောင်းတွေ လာပစ်ထားတာလဲ” မဟုတ်လျှင် တစ်စုံတစ်ယောက်က တမင်တကာလုပ်သည့်ပမာ အလောင်းများစွာ ရှိနေစရာ အကြောင်းမရှိ။

အလောင်း နှစ်လောင်းထဲမှာ တစ်လောင်းကို လူနှစ်ယောက်က သိပ်မကြာသေးခင်ကမှ သယ်လာတာဖြစ်မည်။ ကျန်တစ်လောင်းကမူ လွန်ခဲ့သည့် နှစ်လ၊ သုံးလခန့်က ပစ်ချခံထားရတာ ဖြစ်လိမ့်မည်။

လုံချီရှောင်က မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ “တစ်ခုခုမှားနေသလိုပဲ”

******

All Chapters