← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 21 Ch. 203-204

အပိုင်း 203

မစ္စတာဟော့သည် ရေကန်နား၌ ပေါ်လာသောကြောင့် ဤကိစ္စသည် သူနှင့် သက်ဆိုင်နေရလိမ့်မည်။ ဒီကိစ္စကို သေချာဖြေရှင်းဖို့ လိုအပ်သည်။ သူတို့ ယခု ပြုလုပ်ရန် လိုအပ်သည့်အရာက ယွင်ယွီ ပြန်ကောင်းသည်အထိ စောင့်ပြီးနောက် မစ္စတာဟော့ကို ရှာရန် ဖြစ်သည်။

ယွင်ယွီ နတ်မျက်စိပွင့်ကြောင်း လူအနည်းငယ်သာ သိသည်။ ကျန်သည့်သူများကို မပြောပြထားပေ။ ထို့ကြောင့် မစ္စတာဟော့သည် ထိုအကြောင်း မသိပေ။

ယွင်ယွီက ပြောလိုက်သည်။ “ဒီကိစ္စက မစ္စတာဟော့နဲ့ သက်ဆိုင်နေတယ်ဆိုတော့ ကျွန်မ ရက်နည်းနည်းလောက် အနားယူပြီးမှ မစ္စတာဟော့ကို သွားရှာဖို့ ရှင်တို့နဲ့ လိုက်ခဲ့မယ်။ ပြီးရင် ရေကန်နားက ကျန်တဲ့ လူနှစ်ယောက်ကို အရင်ဆုံး စစ်ဆေးရမယ်”

ကိစ္စရပ်များကို လျင်မြန်စွာ ဖြေရှင်းဖို့ လိုအပ်သည့်အကြောင်းမှာ သူတို့သည် သူတော်စင်သားတော်အား မကောင်းသည့် ကိစ္စများ ဆက်လက်မကျူးလွန်စေချင်ပေ။

လူအိုကြီးဟော့၏ ကျင့်ကြံစင်သည် ဘိုးဘေးလုံထက် အနည်းငယ်မျှသာ နိမ့်သည်။ သို့သော်ငြား အခြားသော ဂိုဏ်းခေါင်းဆောင်များထက် ပိုမြင့်ပေ၏။ သူတို့ လူအိုကြီးဟော့ကို မဖြေရှင်းနိုင်မှာလည်း စိုးရိမ်သည်။ ယွင်ယွီ၏ ကျင့်ကြံစင်က သူတို့မျိုးဆက်တွင် အမြင့်ဆုံးဖြစ်၏။ သူတို့ဘေး၌ သူမရှိနေချိန်၌ သူတို့သည် အားစိုက်ထုတ်မှု တစ်ဝက်ဖြင့် ရလဒ်နှစ်ဆ ရမှာသေချာသည်။

ယွင်ယွီက ယခုအချိန်၌ မလုပ်နိုင်သေးပေ။

ယခု လူတိုင်းသည် နောက်တစ်ဆင့်ကို ဆုံးဖြတ်ပြီးဖြစ်သောကြောင့် ယွင်ယွီနှင့် ချင်ယွီစွေတို့သည် ရက်အနည်းငယ်ကြာ အနားယူရန်အတွက် ဟယ်ချင်းကျေးရွာသို့ ပြန်မည်။ ၁၀ ရက်အကြာ၌ သူတို့သည် လုံချီရှောင် ကျန်သည့်သူများနှင့် အတူ မြို့တော်သို့ သွားမည်။ ထိုရက်များအတွင်း မြို့တော် အထူးဌာနက မစ္စတာဟော့၏တည်နေရာ အကြောင်းလည်း စုံစမ်းစစ်ဆေးလိမ့်မည်။

သူမသည် နေ့လယ်ခင်း၌ ဟယ်ချင်းကျေးရွာကို သွားမှာဖြစ်သည်။ ပြန်ရောက်ပြီးနောက် သူမ ဘာမှမလုပ်တော့ဘဲ အကူအညီလာတောင်းသည့် သူများ၏ တောင်းဆိုချက်ကို လက်ညှိုးဆန်ခဲ့၏။ သို့သော် သူမ စုန့်ချင်းမင်ကို ခေါ်လျက် ရွာသူရွာသားများအား ကူညီပေးခိုင်းခဲ့၏။ တကယ်တော့ ကိစ္စကြီးကြီးငယ် ကိစ္စကြီးကြီးမားမားမဟုတ်။ မြေမြှုပ်ရန် နေရာကို ရွေးချယ်ခိုင်းခြင်းသာ ဖြစ်သည်။

ရွာသားများသည် ယွင်ယွီက ခရီးစဉ်တစ်ဝက် ခရီးစဉ်၌ ဒဏ်ရာရခဲ့တာ ဖြစ်လောက်မှန်း သဘောပေါက်သွား၏။ ထို့ကြောင့် သူတို့က အရေးကြီးကိစ္စ မဟုတ်သရွေ့ သူမကို အနှောင့်အယှက် သူမကို လာမမေးကြချေ။

အနားယူသည့် အချိန်မှအပ ယွင်ယွီသည် ဝိညာဉ်စွမ်းအင် သောက်ပြီးနောက် သူ ဤရက်များအတွင်း သူမခန္ဓာကိုယ်ထဲရှိ ချီသွေးကြောများကို လှည့်ပတ်ကာ တတ်နိုင်သမျှ မြန်မြန် ပြန်ကောင်းအောင် ကြိုးစားနေသည်။

တကယ်တော့ သုံးလေးရက်နီးပါး အနားယူခဲ့သော်ငြား အထူးဌာနထဲတွင် မစ္စတာဟော့ဆီမှ သတင်းမရခဲ့ချေ။ ယခုအချိန်၌ မြို့တော်ထဲတွင် သူရှိပုံမရချေ။

နောက်ထပ် တစ်ပတ်သာ ကုန်လွန်သွားပြီ။ လုံချီရှောင်က သူ့ကို ဆက်သွယ်လာ၏။ “ရှောင်ယွီအာ မင်းနဲ့ ယွီစွေတို့ မြို့တော်ကို သွားသင့်တယ်။ မစ္စတာဟော့ရဲ့ သတင်းရပြီ။ ရေကန်နားက ကျန်တဲ့သူနှစ်ယောက်က သူ့ရဲ့နောက်လိုက်တွေ။ သူတို့က သူ့ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာကို ဂရုစိုက်ပေးနေပြီး လက်ထောက်အဖြစ် သတ်မှတ်ခံထားရတာ”

ထိုလူနှစ်ယောက်ကလည်း မစ္စတာဟော့၏လူများ ဖြစ်နေသောကြောင့် ဤကိစ္စသည် မစ္စတာဟော့နှင့် သက်ဆိုင်မှာ ကျိန်းသေသည်။

ထိုကိစ္စကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းဖို့ လိုအပ်သည်။ ထို့ကြောင့် ယွင်ယွီက နောက်နေ့၌ ထွက်ခွာရန် ပြင်ဆင်လိုက်၏။

နောက်တစ်နေ့တွင် သူမက မူမူကို ဖက်လျှက် နှုတ်ဆက်ကာ ထိုကလေးငယ်လေးကို ပြောလိုက်သည်။ “မားမား ရက်ပိုင်းလောက် အပြင်သွားဦးမယ်။ မူမူ အိမ်မှာ လိမ်လိမ်မာမာနေနော်”

မူမူသည် သူ့မိဘများ မကြာခဏ အပြင်ထွက်တာကို အသားကျနေပြီဖြစ်၏။ သူက ယွင်ယွီ၏လက်ကို ကိုင်ထားပြီး သူမ ပါးကို နမ်းလိုက်သည်။ “မူမူ မားမားနဲ့ ပါးပါး ပြန်လာမှာကို စောင့်နေမယ်”

203 02

နှစ်ယောက်သားသည် ယွင်မိသားစုကို နှုတ်ဆက်စကား ပြောပြီးနောက် ထွက်သွားသည်။

အောက်တိုဘာလ ကုန်ခါနီးဖြစ်ကာ ရာသီဥတုက အေးနေသည်။ ယွင်ယွီက အနက်ရောင် ကုတ်အင်္ကျီရှည်ကို ဝတ်ထားပြီး ချင်ယွီစွေလည်း ဝတ်ထား၏။ သူတို့နှစ်ယောက်လုံးက ထူးချွန်ထက်မြက်ပုံပေါ်ကာ လမ်းတစ်လျှောက်၌ လူများစွာက သူတို့ကို လှည့်ကြည့်သွားကြသည်။

ယွင်ယွီက သူတော်စင်သားတော်ကို စဉ်းစားနေပြီး တစ်လမ်းတစ်လျှောက်လုံး ထိုအကြောင်းသာ တွေးနေ၏။ သူမ ယခုအခေါက်၌ ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည်။ သူမ ယခင်က ရေးဆွဲခဲ့သော အဆောင်များအားလုံးလည်း သယ်လာပြီး ကျောက်စိမ်းဓားတောင် သယ်လာ၏။

ကြိုတင်ပြင်ဆင်ထားတာက မမှားပေ။

ညနေ ၅ နာရီခန့်တွင် သူတို့နှစ်ယောက်က လုံချီရှောင်နှင့်တွေ့သော်ငြား ဟိုတယ်သို့ မသွားပေ။ ချင်ယွီစွေက မြို့တော်၌ အိမ်ရှိကာ လုံချီရှောင်လည်း ရှိနေ၏။ ထို့ကြောင့် သူတို့သည် လုံအိမ်သို့ ဦးစွာသွားလိုက်သည်။

ယခုအခေါက်တွင် စုန့်ချင်းမင်နှင့် လီကျိုးတို့လည်း ရှိနေပြီး လုံဝမ့်ရင်းနှင့် လုံချီချန်းလည်း ရောက်လာ၏။ သူတို့က ယခုအချိန်၌ အထူးဌာနကို သွားပြီးဖြစ်သည်။

လူအများစု ရောက်နေပြီဖြစ်တာကို မြင်သောအခါ လုံချီရှောင်က ပြောလိုက်၏။ “အရင်ရက်တွေတုန်းက မစ္စတာဟော့ရဲ့နေရာကို စစ်ဆေးခဲ့တယ်။ သူက ဖုန်းရွှေပညာနဲ့ လူတွေကို ကူညီပေးဖို့ ဆိပ်ကမ်းအပြင်ဘက်ကို သွားခဲ့ပြီး မနေ့က ပြန်လာခဲ့တာ။ ဒီရက်တွေထဲ သူကူညီပေးတာ ရှားတယ်။ သူက လက်ရှိမှာ မြို့တော်ထဲက စံအိမ်လေးတစ်ခုထဲမှာ တစ်ယောက်တည်း နေနေတယ်။ သူနဲ့”

လုံချီရှောင်သည် ချင်ယွီစွေကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ “မစ္စတာဟော့နဲ့ ချင်နန်ချီက ဆရာတပည့်တွေ။ လက်ရှိမှာ မစ္စတာဟော့က တပည့်အဖြစ် ချင်နန်ချီ တစ်ယောက်ပဲ ရှိတာ။ တစ်ခါတလေ သူက ချင်နန်ချီနဲ့ သွားနေတယ်။ ဒါပေမဲ့ ချင်နန်ချီက ကုမ္ပဏီကိစ္စတွေကြောင့် နိုင်ငံခြား ရောက်နေတဲ့ပုံပဲ။ ဒါကြောင့် မစ္စတာဟော့က အခုချိန်မှာ တစ်ယောက်တည်းပဲ”

စုန့်ချင်းမင်က မေးစေ့ပွတ်လျက် တွေးလိုက်သည်။ “ဒီကိစ္စက ချင်နန်ချီနဲ့ သက်ဆိုင်နေမယ်လို့ ထင်လား”

လုံချီရှောင်က ပြောလိုက်သည်။ “မဖြစ်နိုင်လောက်ဘူး။ ဝမ်ကွမ်းယွီစွေရဲ့ညီက အစတုန်းက ကလေးဘဝတုန်းက ပလေးဘွိုင်းပဲ။ သူက မစ္စတာဟော့ရဲ့တပည့်ဖြစ်လာပြီးတော့ ပိုတည်ငြိမ်လာတာ။ ဒါပေမဲ့ အဲ့ဒီတုန်းက သူအရွယ်ရောက်နေပြီပြီး အသက် ၁၈ နှစ်မှ ရုပ်လွန်ပညာကို စလေ့လာတာ။ သူ မြင့်မားတဲ့ ကျင့်ကြံဆင့် ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါ့အပြင် သူက ဒီနှစ်တွေထဲ ဘယ်သူ့ကိုမှ ဖုန်းရွှေပညာနဲ့ မကူညီပေးခဲ့သလို ရှေ့ဖြစ်ဟောပေးတာလည်း မရှိဘူး” မြို့တော်ထဲရှိ ရုပ်လွန်ပညာအသိုင်းအဝိုင်းက လူများသည် ချင်နန်ချီသည် မည်သည့်ပညာမှ သင်ယူထားခြင်း မရှိကြောင်း ပြောပြခဲ့၏။

သူသည် မစ္စတာဟော့၏တပည့်တစ်ယောက် ဖြစ်လာပြီးနောက် နိုင်ငံခြား၌ ပညာသွားသင်ခဲ့သည်။ ပွဲရပြီးနောက် သူသည် ချင်ကုမ္ပဏီကို ဆက်ခံခဲ့ကာ သူသည် စီးပွားရေးပညာရှင်တစ်ယောက်နှင့် ပိုတူနေ၏။

လုံချီချန်းကလည်း ပြောလိုက်လေ၏။ “အရင်နှစ်တွေတုန်းက ချင်နန်ချီက ရှေ့ဖြစ်ဟောပညာနဲ့ တခြားသူတွေကို ကူညီပေးတာ မတွေ့မိဘူး။ သူ့ကုမ္ပဏီရဲ့ ဖုန်းရွှေကိုတောင် တခြားသူတွေဆီ မေးခဲ့တာ။ ဖြစ်ရပ်နောက်ကွယ်က သူတော်စင်သားတော် ဖြစ်မဲ့ပုံမပေါ်ဘူး။ မစ္စတာဟော့က သူတော်စင်သားတော်နဲ့ ပိုတူတယ်”

လုံချီရှောင်က စားပွဲကို ရိုက်ချလိုက်ပြီး ပြောလိုက်တော့သည်။ “ဒီကိစ္စက မစ္စတာဟော့ နဲ့ သက်ဆိုင်နေတယ်ဆိုတော့ သူ့အိမ်ကို သွားရုံပဲပေါ့”

အရင်ဦးစွာ သူတို့ မစ္စတာဟော့ကို ဖမ်းပြီးနောက် သူသည် သူတော်စင်သားတော် ဟုတ်မဟုတ် မေးရမည်။ လက်ရှိ၌ သူတို့ ချဉ်းကပ်ရုံသာ တတ်နိုင်၏။

ထို့ကြောင့် လူအနည်းငယ်က မစ္စတာဟော့၏ စံအိမ်လေးသို့ သွားလိုက်၏။ ၎င်းက မြို့စွန်မှာ ခြံဝန်းအပြင်ဘက်ရှိ တောင်ကုန်းပေါ်တွင် တည်ရှိသည်။ အနား၌ စံအိမ်ငယ် တချို့ရှိပြီး ယင်းက ကြွယ်ဝချမ်းသာသူများနှင့် အထက်တန်းလွှာများ နေရာ နေရာဖြစ်သည်။

203 03

လုံမိသားစု စံအိမ်က အနား၌ ရှိသည်။ လူတိုင်းသည် ပြင်ဆင်ရန် လိုအပ်သည်များကို ပြင်ဆင်ပြီး ယွင်ယွီက အားလုံးကို အဆောင်များ ပေးလိုက်၏။ မကြာမီ၌ သူတို့သည် မစ္စတာဟော့၏ စံအိမ်သို့ ရောက်သွားသည်။ တံခါးခေါက်ဖို့တောင် မလိုဘဲ ဖောက်ဝင်ခဲ့သည်။ သံမဏိဂိတ်က သူတို့ကို မတားနိုင်ချေ။

စံအိမ်ထဲ ဝင်ပြီးနောက် စံအိမ်ထဲသို့ ဝင်လာပြီးနောက် မြက်ခင်းကြီးနှင့် ဥယျာဉ်လေးတစ်ခု ရှိသည်။ သူက ဧည့်ခန်းထဲ သွားလိုက်ချိန်၌ မစ္စတာဟော့က ထမင်းစားစားပွဲ၌ ထိုင်ပြီး စားသောက်နေသည်။ ယွင်ယွီ ကောင်းကင်နတ်မျက်စိကနေ မြင်ခဲ့ဖူးသည့် လူနှစ်ယောက်ကလည်း ထိုနေရာတွင် ရှိနေသည်။ သူတို့ကို မြင်သောအခါ သူက တင်းမာခက်ထန်စွာ အော်လိုက်၏။ “မင်းဘယ်သူလဲ။ ဒီကိုယ်ပိုင်အိမ်ထဲကို ကျူးကျော်လာရဲတယ်ပေါ့”

“မင်းက အထူးဌာနက ဒါရိုက်တာ လုံမင်”

အသက်ပိုကြီးသည့် လူရွယ်က လုံချီရှောင်ကို မှတ်မိပြီး စိတ်မပျော်ဖြစ်သွားတော့သည်။

ယွင်ယွီသည် စားပွဲရှိ မစ္စတာဟော့ကို ကြည့်လိုက်၏။ သူက အသက် ၈၀ အရွယ်ခန့် ရှိသည့် အဘိုးအိုတစ်ယောက် ဖြစ်ကာ အားအင်ပြည့်ဖြိုး စိတ်ဓာတ်တက်ကြွမှု အပြည့်ရှိ စိတ်အခြေအနေ ကောင်းမွန်သည်။ သူ၏ဆံပင်က ဖြူဖွေးနေပြီး မျက်နှာက တည်ငြိမ်သည်။ ဝတ်ရုံရှည်ကို ဝတ်ထားလျက် အနည်းငယ် ပိန်ပါးသည်။ သူက သူတို့ကို ကျန်သည့်သူများကို အလွန်တည်ငြိမ်စွာ ကြည့်လိုက်၏။ “ခေါင်းဆောင်လုံ ကျူးကျော်လာတာလား”

မစ္စတာဟော့၏ လေသံကလည်း အလွန်တည်ငြိမ်နေ၏။ သူစကားပြောချိန်တွင် ကျန်သည့် သက်ကြီးရွယ်အိုများကဲ့သို့ မောဟိုက်နေခြင်းမရှိဘဲ အားအင်အလွန်ပြည့်ဖြိုးနေသည်။

လုံချီရှောင်က မစ္စတာဟော့ကို ကြည့်ပြီး ပြောလိုက်သည်။ “အထူးဌာနကမှန်းသိတယ်ဆိုတော့ ဒီကို လာရတဲ့ အကြောင်းအရင်းကို သိမှာပဲ”

မစ္စတာဟော့က အေးတိအေးစက် လေသံဖြင့် ပြောလိုက်သည်။ “မင်းဒီကို ဘာလို့လာလဲဆိုတာ ငါဘယ်လိုလုပ် သိမှာလဲ။ မှုခင်းတွေ ဖြေရှင်းဖို့ ဒီရောက်လာပြီး မင်းက အမှုဖြေရှင်းတဲ့သူ၊ ငါက ဖုန်းရွှေပညာရှင်။ လူတွေကို ထိခိုက်အောင် အောက်လမ်းပညာ သုံးနေတဲ့လူလို့ ဒါရိုက်တာလုံက သံသယဝင်နေတာလား”

“လူတွေကို ဒုက္ခပေးဖို့ ပညာ မသုံးခဲ့ဘူးလား”

လုံချီရှောင်သည် စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ရာ စားပွဲပေါ်ရှိ ပန်းကန်ပြားများနှင့် ဇွန်းများက လှုပ်ခတ်သွားစေ၏။

ကျန်သည့် လူနှစ်ယောက်က ဒေါသထွက်သော အမူအရာဖြင့် ပြောလိုက်သည်။ “လုံချီရှောင် မင်းက အငယ်တစ်ယောက် ရိုင်းရိုင်းစိုင်းစိုင်း မစ္စတာဟော့ ရှေ့မှာ စိတ်ကြီးဝင်ရဲတယ်ပေါ့”

လုံချီရှောင်က နှာခေါင်းရှုံ့လိုက်၏။ “သူ့ကို ရုပ်လွန်ပညာနယ်ပယ်ရဲ့ ခေါင်းဆောင်လို့ သတ်မှတ်နိုင်သလား။ သူက လူပေါင်းများစွာကို တိတ်တဆိတ် သတ်ဖြတ်ခဲ့တာ။ သူက ရုပ်လွန်ပညာနယ်ပယ်ထဲမှာ ကပ်ပါးကောင်လို့ ပြောရင် ချဲ့ကားပြောရာ မရောက်ဘူး”

လူရွယ်၏ မျက်လုံးက လှုပ်ခတ်သွားသည်။ “မင်း အဓိပ္ပာယ်မရှိ ပြောနေတာပဲ”

“လုံမင်တောင်ပေါ်က ကန်လေ ဘာလဲ ခင်ဗျားတို့ ဘာမှမမှတ်မိဘူးလား။ ဒါမှမဟုတ် ခင်ဗျားတို့တွေက နစ်နာသူတွေအားလုံးကို ကန်ထဲ အတူတူပစ်ချခဲ့တာလား။ စောင့်ကြည့်ကင်မရာ မရှိတာကြောင့် ခင်ဗျားတို့လုပ်ရပ်ကို ဘယ်သူမှ မသိဘူး ထင်နေလား”

သူတို့သည် သူက လုံမင်တောင်ရှိ ရေကန်ငယ်အကြောင်း ပြောတာကို ကြားသောအခါ လူရွယ်နှင့်လူငယ်တို့၏ မျက်နှာထားက ရုပ်ချည်း ပြောင်းလဲသွားကာ စကားတစ်ခွန်းမှ မပြောရဲ ဖြစ်သွားလေ၏။ မစ္စတာဟော့က အတော်လေး တည်ငြိမ်နေသေးသည်။ သူ့၏ ပန်းကန်လုံးနှင့်တူကို ချကာ ပြောလိုက်၏။ “အားလုံးကို သက်သေနဲ့တကွ ရှင်းပြဖို့လိုတယ်။ သက်သေမရှိရင် သက်သေမရှိဘဲနဲ့ လက်လွတ်စပယ် ပြောလို့မရဘူး”

ယွင်ယွီက မျက်ခုံးတစ်ဖက် ပင့်လိုက်၏။ ဘာမှမပြောတော့ဘဲ သူသည် လူရွယ်ပေါ် အဆောင်တစ်ခု ထားလိုက်လျက် သင်္ကေတချို့ကို အမြန်လုပ်ကာ မေးလိုက်သည်။ “လုံမင်တောင်ပေါ်က ရေကန်ထဲကို အမျိုးသမီးတွေ ပစ်ချဖို့ ဘယ်သူခိုင်းတာလဲ”

လူရွယ်၏ မျက်နှာက ဖြူဖျော့သွားသော်ငြား မပြောဘဲမနေနိုင်တော့ချေ။ “မစ္စတာဟော့က လုပ်ခိုင်းတာပါ”

203 04

လူငယ်က လူရွယ်ကို ဖမ်းဆုပ်လျက် ပြောလိုက်သည်။ “အစ်ကိုလျို ဘာလုပ်နေတာလဲ”

ယွင်ယွီက မေးလိုက်ပြန်၏။ “သေတ္တာ သားဝိညာဉ်နဲ့ ယဇ်ပူဇော်ခြင်း အစီအရင်ထဲမှာ မိန်းကလေးတွေ ပြန်ပေးဆွဲဖို့ ဘယ်သူအမိန့်ပေးခဲ့တာလဲ။ ပြီးတော့ သူတော်စင်သားတော်က ဘယ်သူလဲ”

ထိုစဉ် မစ္စတာဟော့နှင့်လူငယ်သည် ယွင်ယွီကို ကြည့်လိုက်ပြီး သူမက အစ်ကိုလျိုကို စကားပြောအောင် နည်းလမ်းတစ်ခု နည်းလမ်းတချို့ သုံးထားတာဖြစ်ရမည်ဟု သိလိုက်သည်။

အစ်ကိုလျိုဟု အမည်ရသော လူရွယ်၏ မျက်နှာက နီမြန်းလာသော်ငြား သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ “အဲ့ဒါအားလုံး အားလုံး မစ္စတာဟော့ သူတော်စင်သားတော်ကလည်း မစ္စတာဟော့ ပဲ”

တကယ်လား။

အကြီးအကဲဟော့က အလွန်တည်ငြိမ်နေသေးသည်။ သူ၏ခုံတွင် ထိုင်နေလျက် ယွင်ယွီကို ကြည့်လိုက်သည်။ “စိတ်ဝင်စားစရာပဲ။ မင်းက ငယ်ငယ်ရွယ်ရွယ်လေးပေမယ့် ကျင့်ကြံမှုက တော်တော်မြင့်တာ။ လုံမိသားစုရဲ့ ဘိုးဘေးနဲ့ ငါတောင် မင်းအရွယ်တုန်းက မင်းလိုကျင့်ကြံဆင့်မျိုး မရှိလောက်ဘူး။ လူငယ်တွေက ကြောက်ဖို့ကောင်းတယ်ဆိုတာ အမှန်ပဲ”

အကြီးအကဲဟော့သည် ယွင်ယွီနောက်ရှိ ချင်ယွီစွေကိုလည်း သတိပြုမိသည်။ သူသည် ချင်နန်ချီကို တပည့်အဖြစ် လက်ခံခဲ့သောငြား ကျန်သည့်ချင်မိသားစုဝင်များနှင့် မရင်းနှီးပေ။ သူတို့နှင့် ရင်းရင်းနှီးနှီးနေဖို့လည်း မရည်ရွယ်ထားချေ။

ယွင်ယွီက မစ္စတာဟော့ကို ကြည့်ပြီး အေးတိအေးစက် ပြောလိုက်၏။ “ရှင်က သူတော်စင်သားတော်ဆိုတာ ဝန်ခံနေတာလား။ အရင်တုန်းက ဖြစ်သမျှအားလုံးကို လုပ်ခဲ့တာ ရှင်ပေါ့။ ဘာလုပ်ချင်နေတာလဲ”

“ဘာလုပ်ချင်တာလဲတဲ့လား”

အကြီးအကဲဟော့က တည်ငြိမ်စွာ ပြောလိုက်သည်။ “ဘဝမှာ လိုက်စရာ လမ်းစဉ်တချို့ အမြဲတမ်းတော့ ရှိရမယ်လေ။ မဟာတာအိုကို ရှာဖွေနေတာ။ ဒါကို ရဖို့ ကြိုးပမ်းနေတုန်းပဲ။ အဆုံးကျ ရှုံးနိမ့်သွားတာပဲ။ အခုမင်းက ငါ့ကို ရှာတွေ့သွားပြီဆိုတော့ ဘာမှပြောစရာမရှိတော့ဘူး”

မဟာတာအိုကို ရှာဖွေဖို့လား။

ဤဖော်ပြချက်က အဓိပ္ပာယ်ရှိ၏။ ကျင့်ကြံခြင်း လမ်းစဉ်ပေါ်ရှိ လူတို့ ခြေချသည့်အချိန်တွင် သူတို့ရှာဖွေသည်က ပိုအစွမ်းထက်ရန်သာ ဖြစ်သည်။ သို့သော် ကြီးမြတ်သော မဟာတာအိုကို ရှာတွေ့ရန် မည်မျှခက်ခဲကြောင်း သူတို့ ကောင်းစွာ သိသည်။ နှစ်ပေါင်းထောင်ချီ ကြာလျှင်တောင် တစ်ယောက် ပေါ်ထွက်မလာနိုင်ပေ။

ဉာဏ်အလင်းပွင့်မှုဆိုတာ ဘာလဲ။ ဝေဝါးဝါး စိတ်ကူးယဉ်ဆန်တဲ့ အရာအတွက်နှင့် မစ္စတာဟော့က ပြစ်မှုပေါင်းများစွာ ကျူးလွန်ပြီး မရေမတွက်နိုင်တဲ့ အသက်တွေ ဖျက်ဆီးခဲ့တယ်။ ကောင်းကင်ရဲ့နည်းလမ်းကို ဘယ်လိုလို သည်းခံနိုင်မှာလဲ။

ဒီတော့ ဖော်ထုတ်ခံရဖို့ ကံပါပြီးသားလေ။ မဟုတ်လျှင် ယဲ့ဖုန်းကျေးရွာ ရောက်တဲ့အချိန်တုန်းက မတွေ့မိဘဲ နေမှာပေါ့။ နောက်ဆုံး အရင်စစ်လိုက်တော့ ဒါတွေက ကံကြမ္မာပဲလေ။

လုံချီရှောင်က ပြောလိုက်၏။ “ခင်ဗျား ဒီပြစ်မှုတွေကို ဝန်ခံတယ်ဆိုတော့ ကျုပ်တို့နဲ့ လိုက်ခဲ့”

သူပြောနေစဉ် တောင့်တင်းသွားလေ၏။ ယင်းက တရားဝင်စကားများ ဖြစ်သည်။ လက်တွေ့တွင် မစ္စတာဟော့ကဲ့သို့ ကျင့်ကြံဆင့်မြင့်သူက စုံစမ်းစစ်ဆေးခံရန်နှင့် သူ့ပြစ်မှုများ ဝန်ခံရန်၊ အပြစ်ပေးခံရရန် ရဲစခန်းသို့ မည်သို့ လိုက်မည်နည်း။

မစ္စတာဟော့ ခုခံမှာကို စိုးရိမ်နေသည်။

လုံလောက်သွားလေပြီ။ မစ္စတာဟော့က သူတို့ကိုကြည့်ပြီး နောက်ဆုံး၌ ပြောလိုက်၏။ “မင်းတို့နဲ့ပဲလား”

သူသည် ယွင်ယွီကို အလေးမထားပေ။ သူ့အဖို့ သူမသည် လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်နိုင်လျှင်တောင် အရိပ်အခြည်ဆိုရလျှင် သူမက အသက် ၂၀ သာ ရှိသေးသည့် မိန်းမငယ်လေးတစ်ယောက်ဖြစ်၏။ သူမ ကျင့်ကြံဆ့င် မည်မျှမြင့်နိုင်မည်နည်း။ နောက်ထပ် အနှစ် ၂၀၊ ၃၀ လွန်သွားလျှင် သူ စိုးရိမ်ပူပန်နေရလောက်သည်။ အကြီးအကဲလုံကတောင် သူ့ပြိုင်ဘက်မဟုတ်ပေ။ ဤအငယ်များကို သူ မည်ကဲ့သို့ ဂရုစိုက်မည်နည်း။

******

204 01

အပိုင်း 204

ထိုစကားများ ပြောလိုက်ပြီးသည်နှင့် လုံချီရှောင်က ရှုံ့ချလိုက်တော့သည်။

လူရွယ်နှင့် အစ်ကိုလျိုဟု အမည်ရသော လူငယ်တို့က သူတို့နောက် ဝိုင်းလာလေ၏။ တကယ်တော့ စံအိမ်ထဲတွင် သူတို့သာမက လူအိုကြီးဟော့၌ နောက်လိုက်များစွာ ရှိသည်။ အစ်ကိုလျိုက အော်လိုက်သည်နှင့် အပြင်ဘက်မှ လူများစွာ ဝင်လာတော့သည်။ သူတို့အားလုံးက ရူးမိုက်သော သူများသာဖြစ်သည်။ မည်သူမဆို ထိုလူများစွာကို ဖြေရှင်းနိုင်၏။

လုံချီရှောင်က အကြီးအကဲဟော့ကို စိုက်ကြည့်ပြီး ပြောလိုက်၏။ “ဒီလိုဆိုမှတော့ အကြီးအကဲဟော့ ကျုပ်တို့တွေ အားသုံးတယ်ဆိုပြီး အပြစ်မတင်လေနဲ့”

အကြီးအကဲဟော့က လှောင်ပြောင်လိုက်၏ “မင်းတို့မှာ အရည်အချင်းရှိမရှိပေါ် မူတည်နေတယ်။ မင်းတို့လုံမိသားစုက လုံနျန်စီ ဒီရောက်လာရင်တောင် ဘာအကျိုးမှ ရမှာမဟုတ်ဘူး”

လုံနွယ်စီသည် လုံချီရှောင်နှင့် လုံဝမ့်ရင်း၏ ဖွားလေးပဲဖြစ်သည်။ သူမက လက်ရှိ၌ လုံမိသားစုထဲ၌ ကျင့်ကြံဆင့်အမြင့်ဆုံးလူဖြစ်ကာ လုံမိသားစုဘိုးဘေး၏ ဂုဏ်သတင်းကို ဆက်ခံနိုင်ပြီဟု မျှော်လင့်ထားကြသည်။

“အခု စမ်းကြည့်ရမှာပေါ့”

လုံချီရှောင်က မကြောက်ပေ။ သူသည် ဖမ်းဆုပ်ခြင်း နည်းစနစ်ကို အသုံးပြုလျက် မစ္စတာဟော့ကို ဖမ်းရန် လက်ဆန့်ထုတ်လိုက်၏။

မစ္စတာဟော့သည် ဆံပင်ဖြူဖွေးနေပြီဆိုသော်ငြား သူက အရည်အချင်းအတော်ရှိပြီး အနည်းဆုံးတော့ သူ့ကွန်ဖူးက ကောင်းသည်။ စားပွဲကို လက်နှစ်ဖက်ဖြင့် တွန်းပြီး ထရပ်လိုက်လေ၏။ သူနှင့် သူ၏ကုလားထိုင်သည် နှစ်မီတာခန့် ချက်ချင်းဝေးကွာသွားသည်။ ပြီးနောက် မစ္စတာဟော့က ကုလားထိုင်ပေါ်မှ ထရပ်ပြီး သူ့၏ မျက်နှာထားက အေးစက်နေကာ အရှိန်အဝါက ပြင်းထန်နေ၏။

အပြင်ဘက်မှ လာသည့်သူများကလည်း သူတို့ကို ဝိုင်းထားသည်။

ထိုလူများသည် ရုပ်လွန်ပညာ၌ သာလွန်သည့် အသိပညာရှိလျှင်တောင် ချင်ယွီစွေကို မယှဉ်နိုင်ပေ။ ရုပ်လွန်ပညာ ဗဟုသုတနှင့် အဆင့်အတန်း လေ့ကျင့်မှုက လုံးဝမတူညီပေ။

ချင်ယွီစွေက သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်၏။ လုံချီရှောင်၊ ယွင်ယွီနှင့် ကျန်သည့်သူများက မစ္စတာဟော့ကို ဖြေရှင်းဖို့ လုပ်ကြတော့သည်။

လုံမိသားစုမှ လုံမောင်နှမ နှစ်ယောက်နှင့် စုန့်ချင်းမင်၊ လီကျိုးတို့လည်း ရှိသည်။

သူတို့အမှန်တကယ် တိုက်ခိုက်ကြချိန်၌ မစ္စတာဟော့ပြောတာမှန်ကြောင်း သိလိုက်ရသည်။ သူ၏ ကျင့်ကြံမှုက အတော်လေးမြင့်ပြီး ဖြေရှင်းရန် မလွယ်ကူချေ။

သို့သော် ယခုအခါ၌ ယွင်ယွီက လိုက်ပါလာပြီး လူအိုကြီးဟော့ကတောင် သူမကို အထင်သေးနေ၏။ ယွင်ယွီသည် ကျောက်စိမ်းဓားကို ဆွဲထုတ်လိုက်ချိန် လူအိုကြီးဟောက တစ်ချက်မကြည့်ဘဲ မနေနိုင်တော့ပေ။ “မင်းမှာ ဒီလိုဝိညာဉ်လက်နက်တစ်ခု ပိုင်ဆိုင်ထားတာကိုး။ ဒါပေမဲ့ ဒီနေ့ပြီးရင် အဲဒါ ငါ့အပိုင်ဖြစ်မှာ”

ကျောက်စိမ်းဓားသည် အဆင့်မြင့် မှော်လက်နက်တစ်ခုဖြစ်ပြီး ရှားပါးသော ရတနာတစ်ပါးဖြစ်သည်။ ကျင့်ကြံသူများစွာက ၎င်းကို လိုချင်တပ်မက်ကြ၏။

လူအိုကြီးဟော့ကလည်း ခြွင်းချက်မဟုတ်ပေ။ သူ၌ မြင့်မားသည့် ကျင့်ကြံဆင့် ရှိသည့်တိုင် သူက လူသားတစ်ယောက်ဖြစ်နေသေးသည်။ သူက သေမှာကို ကြောက်၏။ လောဘ ရှိသည်။

“ကျွန်မပစ္စည်းတွေကို ရှင်ခိုးနိုင်တဲ့ အရည်အချင်း ရှိမရှိပေါ် မူတည်တယ်”

ယွင်ယွီက ခပ်ပါးပါး ပြောလိုက်လျက် ကျောက်စိမ်းဓားကို ကိုင်မြှောက်ကာ လူအိုကြီးဟော့ကို ထိုးစိုက်လိုက်သည်။ ၎င်းက ထိုးစိုက်ရုံမက တစ်ချိန်တည်းတွင် မိုးကြိုးအဆောင် ငါးခုကိုလည်း သူ့ဆီ ပစ်ထုတ်လိုက်၏။

မိုးကြိုးအဆောင်သည် မကောင်းဆိုးဝါးဝိညာဉ်များကိုသာ ဖြေရှင်းနိုင်တာ မဟုတ်ပေ။ သူမလက်ထဲတွင်မူ သူမအလိုရှိသည့် မည်သူ့ကိုမဆို ဆန္ဒအလျောက် တိုက်ခိုက်နိုင်၏။

လူအိုကြီးဟော့သည် မိုးကြိုးငါးပါးအဆောင်ကို သတိပြုမိသွားသည်။ သူ့အမူအရာက အေးခဲသွားကာ ၎င်းကို ရှောင်ရန် ကြိုးစားလိုက်၏။ သို့သော်ငြား သူရှောင်နိုင်သည့်တိုင် ကျန်သည့်သူများထံမှ တိုက်ခိုက်မှုဖြင့် ပေါင်းလိုက်ချိန်တွင် ယွင်ယွီ၏လက်ထဲရှိ ကျောက်စိမ်းဓားကို မရှောင်နိုင်တော့ပေ။ သူက လက်မောင်း အထိုးခံလိုက်ရ၏။ တုံ့ဆိုင်းမနေဘဲ လူအိုကြီးဟော့က နောက်တစ်လှမ်းဆုတ်ကာ ကျောက်စိမ်းဓားကို ဆွဲနှုတ်လိုက်၏။ နာကျင်မှုက သူ့အတွက် မပြောပလောက်ပေ။ သူသည် ယွင်ယွီကို စိုက်ကြည့်လျက် သုန်မှုန်စွာ ပြောလိုက်၏။ “မိန်းကလေး မင်းမှာ အရည်အချင်းကောင်း ရှိနေတာပဲ”

204 02

“အဓိပ္ပာယ်မရှိ ပြောတာတွေ ရပ်လိုက်တော့”

ယွင်ယွီသည် သူ့ကို စကားဆက်မပြောချင်တော့ပေ။ ထို့ကြောင့် ကျောက်စိမ်းဓားကို ကိုင်ကာ သူ့နောက်လိုက်လေ၏။

လူအိုကြီးဟော့က ရှောင်လိုက်ကာ သူ့လက်၌ သွေးများ လွှမ်းနေတော့သည်။ သူသည် လက်ကို ဘေးချထားလျက် လူတချို့ကို စိုက်ကြည့်လိုက်၏။ ဤအခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေ၏။ ချင်ယွီစွေသည် လူအိုကြီးဟော့၏ နောက်လိုက်များအားလုံးကို အမှောက်သိပ်ထားကာ သူတို့ကို မလှုပ်ရှားနိုင် ဖြစ်စေ၏။ ထိုစဉ် သူက ယွင်ယွီနောက်မှ လျှောက်လာသည်။ သူ့၌ ကျင့်ကြံဆင့် မရှိသော်ငြား ကိုယ်ခံပညာ၌ ခိုင်မာသည့် အုတ်မြစ်ရှိကာ ဤလူစုကြားထဲ၌ အတော်ဆုံး အတိုက်အခိုက်ပညာရှင်ဖြစ်ပြီး ခြေကန်ချက်က ကောင်း၏။

အနည်းအကျဉ်း အထောက်အကူ ဖြစ်နိုင်သည်။

လူများစွာ ဝိုင်းထားပြီး လူအိုကြီးဟော့ကို တိုက်ခိုက်နေကာ ယွင်ယွီကလည်း သူ့ကို ဓားဖြင့်ထိုးလိုက်၏။

လူအိုကြီးဟော့ကလည်း အတော်လေး ဖြုံလောက်ပေသည်။ သူတို့နှစ်ယောက်ကြား တိုက်ပွဲ၌ သူတို့နှစ်ယောက်ကြားရှိ တိုက်ပွဲတွင် သူက နောက်ကောက်မကျခဲ့ပေ။ သို့သော်ငြား ချင်ယွီစွေ ဝင်ပါလာပြီး သူ၏လက်ဝှေ့ထိုးသည့် စကေးက လူအိုကြီးဟော့ထက် ပိုဖြုံလောက်ပေ၏။ ထို့ကြောင့် သူ့အတွက် ခုခံရန် ပိုခက်ခဲလာစေတော့သည်။ ထို့အပြင် လူအိုကြီးဟော့သည် ဤလူများ၏ လက်ထဲ၌ အဆောင်များစွာ ရှိတာကို သတိပြုမိသည်။ ၁၀ မိနစ်ကြာ တိုက်ခိုက်နေသည့်တိုင် အဆောင်က ကုန်ဆုံးသွားမည့် အရိပ်အယောင်မရှိ။ သူက နှာခေါင်းရှုံ့လိုက်၏။ “မင်းတို့ အထူးဌာနက ငါ့ကို ဖမ်းဖို့ ပိုက်ဆံတော်တော် သုံးထားတာပဲ”

သူ့ကို မည်သူမှ အာရုံမစိုက်ကြဘဲ လူတိုင်းက ထပ်မံ တိုက်ခိုက်ကြလေ၏။

ဒီတော့မှ မစ္စတာဟော့သည် သူ့ကို ဓားဖြင့်ထိုးသည့် မိန်းမသားလေးက တိုက်ခိုက်မှုတိုင်းနီးပါး၌ တိုက်ကွက်အားလုံးနီးပါးဖြင့် သူ့ကို ထိခိုက်စေခဲ့တာကို သတိပြုမိသွား၏။ သူ သွေးများ ရွှဲနစ်နေတော့သည်။

လုံချီရှောင်နှင့် သူ့အဖော်များကလည်း ဒဏ်ရာအနည်းအကျဉ်း ရလေ၏။

လူပေါင်းများစွာ၏ တိုက်ခိုက်မှုကို ရှောင်ရှားနေစဉ် လူအိုကြီးဟော့က သင်္ကေတတချို့ ပြုလုပ်ကာ တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်သည်။ ပြီးနောက် လုံချီရှောင်နှင့် ကျန်သည့်သူများသည် သူတို့နောက်ရှိ လှုပ်ရှားမှုကို သတိပြုမိသွား၏။

အစောတုန်းက ချင်ယွီစွေ မှောက်သိမ်းထားခဲ့သည့် နောက်လိုက်များက ပြန်ထလာကာ နီရဲသော မျက်လုံးများဖြင့် သူတို့ကို တိုက်ခိုက်နေ၏။ ယခုအခေါက်တွင် သူတို့တိုက်ခိုက်မှုက ပြင်းထန်သည်။ ထို့ကြောင့် သူတို့ကို ဖြေရှင်းရန် လူသုံးယောက် ထပ်လွှတ်ပေးရကာ ထိုလူများသည် မှောက်သိမ်းခံလိုက်ရသည့်တိုင် ပြန်ထပြီး ဆက်လက် တိုက်ခိုက်နိုင်ကြောင်း သူတို့ သိလိုက်ရ၏။

လူများစွာ၏ အကူအညီဖြင့် မစ္စတာဟော့သည် နောက်ဆုံး၌ စိတ်အေးသွားတော့သည်။

ယွင်ယွီသည် လူအိုကြီးဟော့ကို ဝိုင်းထားသော်ငြား သူက အခြေအနေကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။ “လူသား မဟုတ်တော့ဘူး။ သူတို့အားလုံးက လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေပဲ။ သူတို့ဆီမှာ အသက်ငွေ့မရှိဘူး”

လူအိုကြီး အစောတုန်းက သုံးလိုက်သည့် သင်္ကေတများသည် လူများစွာကို လမ်းလျှောက်နေသော အလောင်းကောင်အဖြစ် ပြောင်းလဲလိုက်တာပဲဖြစ်မည်။

ဖုတ်ကောင်များသည် သာမန်တိုက်ခိုက်မှုကို မကြောက်ပေ။

ယွင်ယွီက ထိုဖုတ်ကောင်များကို လှည့်ဖြေရှင်း၏။ ဖုတ်ကောင်များ အကြောက်ဆုံးသည် ဝိညာဉ်စွမ်းအင်ပဲဖြစ်သည်။ ကျောက်စိမ်းဓားသည် ဝိညာဉ်စွမ်းအင်ဖြင့် ပြုလုပ်ထားပြီး သူတို့ ရန်သူတော်ဖြစ်၏။ ယွင်ယွီက ဓားကို လွှဲရမ်းလိုက်ချိန်တွင် တစ်မိနစ်မပြည့်မီ၌ မြေပြင်ပေါ် ပြုတ်ကျသွားကာ သူမသည် ဖုတ်ကောင်များကို ဖယ်ရှားလိုက်သည်။

204 03

သို့သော်ငြား မစ္စတာဟော့က အချိန်ဆွဲထားပြီးဖြစ်၏။ သူသည် မြေပြင်ပေါ်ကို သွေးစက်ချကာ အစီအရင် ရေးဆွဲလိုက်သည်။

ပတ်ဝန်းကျင် အနေအထားက မှောင်ဝိုင်းလာ၏။ လူအိုကြီးဟော့က တံခါးဆီ ဆုတ်ခွာသွားပြီးနောက် သူတို့ကို လှောင်ပြောင်လိုက်တော့သည်။ “ပြီးရင် မင်းတို့ ဒီဟာတွေကို ကောင်းကောင်းဖြေရှင်းလိုက်”

ထိုသို့ပြောပြီးနောက် သူသည် တံခါးဆီ ဆုတ်ခွာသွားလေ၏။

ယွင်ယွီသည် ဓားကို ကိုင်ကာ သူ့နောက်လိုက်ဖမ်းချင်သော်ငြား အရပ်မျက်နှာအနှံ့မှ ရုတ်တရက် ခုန်ထွက်လာသည့် မကောင်းဆိုးဝါးဝိညာဉ်များ ဝိုင်းတာ ခံလိုက်ရသည်။

မကောင်းဆိုးဝါးဝိညာဉ်များစွာ ရှိ၏။

ယွင်ယွီသည် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် လူအိုကြီးဟော့ ရေးဆွဲထားသည့် အစီအရင်ကို တစ်ချက်ကြည့်လိုက်သည်။ ဤအရာသည် စံအိမ်ထဲ၌ ကန့်သတ်ချက်တချို့ကို ချိုးဖျက်သွားစေတာ ဖြစ်လောက်သည်။ ထိုမကောင်းဆိုးဝါးဝိညာဉ်များသည် စံအိမ်ထဲ၌ ရှိနေမည်ဖြစ်၏။ ထိုထိန်းချုပ်မှု ပြိုကွဲသွားချိန်၌ သူတို့ ကမူးရှူးထိုး ထွက်လာကြသည်။

မစ္စတာဟော့က ဒါတွေကို ဒီမှာ ဘယ်လိုချုပ်ထားတာလဲ။

သူမသည် ယခင်က ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးကို ရုတ်တရက် တွေးမိသွားသည်။ မထင်မှတ်ထားသည့် ကိစ္စဖြင့် မဟုတ်လျှင် ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးသာ ဖြစ်လိမ့်မည်။ ၎င်းသည် မကောင်းဆိုးဝါးဝိညာဉ်များကို ချုပ်နှောင်နိုင်ကာ ထွက်မလာအောင် ကာကွယ်ထား၏။ ထို့ကြောင့် သူမသည် စံအိမ်ထဲသို့ ဝင်လာစဉ်၌ မည်သည့်မကောင်းဆိုးဝါးဝိညာဉ်မှ မတွေ့ခဲ့တာပဲ ဖြစ်သည်။

ယွင်ယွီက ထိုအကြောင်းကို စဉ်းစားပြီး မကောင်းဆိုးဝါးဝိညာဉ်များစွာကို ဖယ်ရှားရန် သူ့လက်ကို မြှောက်လိုက်၏။

လုံချီရှောင်က ထိုအရာများဖြင့် တိုက်ခိုက်နေစဉ် ယွင်ယွီကို ပြောလိုက်သည်။ “ယွီအာ လူအိုကြီးဟော့နောက် လိုက်သွား။ သူဒဏ်ရာရထားတာ။ ဝေးဝေးမပြေးနိုင်ဘူး။ ဒီတစ်ခေါက် သူ့ကို ထွက်ပြေးခွင့်ပေးလိုက်မိရင် သူ နိုင်ငံခြားကို ထွက်ပြေးသွားလိမ့်မယ်။”

သူသာ နိုင်ငံခြားသို့ ထွက်ပြေးသွားခဲ့လျှင် သူတို့ သူ့ကို တားနိုင်တော့မှာမဟုတ်ပေ။ အခြားနိုင်ငံ၌ သူတို့၏ ကိုယ်ပိုင်စနစ်ရှိကာ ထိုနေရာ၌ လှုပ်ရှားရန် ခက်ခဲပေလိမ့်မည်။

ယင်းကို ယွင်ယွီ သိပေ၏။ သူမသာ မစ္စတာဟော့ကို ထွက်ပြေးခွင့်ပေးလိုက်မည်လျှင် သူမ၏ အားစိုက်ထုတ်မှုအားလုံး အချည်းနှီး ဖြစ်သွားလိမ့်မည်။

သူမက ပြောလိုက်၏။ “အစ်ကို ဖြေရှင်းနိုင်လား”

လုံချီရှောင်က ပြောလိုက်၏။ “စိတ်မပူနဲ့ ငါတို့ဖြေရှင်းနိုင်တယ်”

လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူတို့ တိုးတက်မှုတချို့ ရှိလာသည်။ ကိစ္စများစွာရှိသော်ငြား သူတို့ကို ဖြေရှင်းဖို့ မခက်ခဲဘဲ အနည်းငယ်မျှသာ ခက်ခဲရုံဖြစ်သည်။

ယွင်ယွီက ခေါင်းညိတ်လိုက်လျက် ကျောက်စိမ်းဓားကို မြှောက်ကာ သူမလမ်းကို ပိတ်ဆို့နေသည့် မကောင်းဆိုးဝါးဝိညာဉ်များစွာကို ခုတ်ပိုင်းလိုက်လျက် လူအိုကြီးဟော့နောက် လိုက်သွားသည်။

လူအိုကြီးဟော့ကို ဖယ်ရှားနိုင်မည်ဆိုလျှင် ထိုမကောင်းဆိုးဝါးဝိညာဉ်များသည် လုံချီရှောင်နှင့် ကျန်သည့်သူများကို ဆက်လက် တိုက်ခိုက်နိုင်တော့မှာမဟုတ်ပေ။

သူတို့အားလုံးကို စံအိမ်ထဲ၌ မစ္စတာဟော့က မွေးမြူထားတာဖြစ်၏။ ထိုအခြေအနေကို ဖြေရှင်းရန် ဖြစ်လာသည်။ မစ္စတာဟော့သည် ချိန်းကြိုးကို ဖော်ထုတ်ခံရမည်မှန်း သိနေသောကြောင့် အချိန်ကြာမြင့်စွာ ကြိုတင်ပြင်ဆင်ထားတာပဲ ဖြစ်သည်။

******

All Chapters