အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အပိုင်း 205
စံအိမ်သည် တောင်တစ်ဝက်တွင် တည်ဆောက်ထားတာဖြစ်သည်။ ယွင်ယွီက လိုက်ဖမ်းချိန်၌ မစ္စတာဟော့ ၏ ခြေရာလက်ရာကို ရှာမတွေ့ပေ။ သူမက မြေပြင်ပေါ်ရှိ သွေးရာများနောက်သာ လိုက်နိုင်၏။
လူအိုကြီးဟော့က တောအုပ်ထဲ ထွက်ပြေးသွားသည်။ တောအုပ်ထဲရှိ သွေးစွန်းရာများက တဖြည်းဖြည်းချင်း မှိန်သွားပြီး မကြာမီ၌ သူပျောက်သွားလေ၏။ ယွင်ယွီက ထိုနေရာတွင် ရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်လျက် လူအိုကြီးဟော့ ထွက်ပြေးသွားသည့် နေရာကို စဉ်းစားနေသည်။ ခဏတစ်ဖြုတ် စဉ်းစားပြီးနောက် ငုံ့ကြည့်လိုက်ရာ သစ်ကိုင်းပေါ်မှ တစက်စက်ကျနေသည့် သစ်ကိုင်းပေါ်မှ ကျနေသည့် သွေးတစ်စက်ကို တွေ့လိုက်ရသည်။ သူမက အနားသွားပြီး လက်ဖြင့် သုတ်လိုက်၏။ ပြီးနောက် ကျောပိုးအိတ်ထဲမှ အဆောင်တစ်ခုကို ယူလိုက်ပြီး လူအိုကြီးဟော့၏ သွေးကို ထိုပေါ်တင်လိုက်ကာ ဟင်္သာပြဒါးရိုင်းဖြင့် အဆောင်တစ်ခုကို ရေးဆွဲ ဟင်္သာပြဒါးရိုင်းဖြင့် အဆောင်ကို ရေးဆွဲပြီး ရွတ်ဆိုလိုက်သည်။ "မိုးနှင့်မြေက မောင်မည်းနေ ကောင်းကင်ကြည်လင် ကမ္ဘာမြေကြီး အေးချမ်း။"
ယင်းသည် မိုးနှင့်မြေ ကွန်ရက် ဂါထာဖြစ်ပြီး ဤကဲ့သို့ အခြေအနေမျိုးအတွက် သင့်တော်သည်။ သွေးမှ လူကို ခြေရာခံလိုက်နိုင်၏။ အဆောင်ရေးဆွဲပြီးသည်နှင့် ထိုလူကို အချိန်တိုအတွင်း ခြေရာခံနိုင်လိမ့်မည်။
ယွင်ယွီက ဂါထာရွတ်ဆိုပြီး ခဏအကြာ၌ သူမက အဆောင်ကို ပစ်ထုတ်လိုက်၏။ အဆောင်သည် အသက်ရှင်နေသည့်ဘက်မှ တစ်ဖက်သို့ ဦးတည်ပျံသန်းသွားကာ မြေပြင်ပေါ် အချိန်အတော်ကြာသည့်အထိ ပြုတ်မကျခဲ့ချေ။
ယွင်ယွီသည် လမ်းတစ်လျှောက် အဆောင်နောက် လိုက်ခဲ့၏။ မိနစ်အနည်းငယ်ကြာ၌ မြေပြင်ပေါ်ရှိ မြက်ခင်းများပေါ်၌ သွေးစွန်းရာများကို တွေ့ရသည်။
၎င်းသည် မစ္စတာဟော့၏ သွေးများ ဖြစ်လောက်သည်။ သူသည် ယွင်ယွီကြောင့် ဒဏ် နှစ်ကြိမ်ဓားထိုးခံရပြီး သွေးမတိတ်ပေ။ သူသည် ယာယီသွေးတိတ်စေရန် နည်းလမ်းတချို့သုံးပြီး ယွင်ယွီ လိုက်ဖမ်းတာကို ရှောင်ခဲ့တာပဲဖြစ်မည်။
၁၀ မိနစ်ကြာ လိုက်ဖမ်းပြီးနောက် မြင်ကွင်းက ရုတ်တရက် ကြည်လင်သွားလေ၏။ သိပ်သည်းသော တောအုပ်အပြင်ဘက်သို့ ရောက်လာပြီး တစ်ဖက်ရှိ တောင်ဆင်းလမ်းပေါ် ရောက်လာ၏။ တစ်ဖက်တွင် စံအိမ်တစ်ခုရှိသည် ၎င်း၌ လမ်းကျဉ်းလေးတစ်ခုရှိပြီး လူတချို့ လမ်းလျှောက်နေ၏။ ယွင်ယွီ ထွက်လာချိန်၌ လူအိုကြီးဟော့က ရှေ့၌ မရှိကြောင်း တွေ့လိုက်ရ၏။ လူအိုကြီးဟော့က မလှမ်းမကမ်း၌ ရှိနေတာ မဟုတ်မှန်း သိလိုက်ရသည်။ သူမက မလှမ်းမကမ်းတွင် ရှိနေသည့် လူအိုကြီးဟော့ကို ရှာတွေ့သွားသည်။ သူမက ကျောက်စိမ်းဓားကို လူအိုကြီးဟော့ဘက် ပစ်ထုတ်လိုက်၏။ ထိုလူသည် တစ်စုံတစ်ခုကို အာရုံခံမိပြီး ဘေးသို့ ရှောင်လိုက်ရာ ကျောက်စိမ်းဓားသည် လွဲချော်သွားတော့သည်။ ယွင်ယွီက လက်ဆန့်ထုတ်လိုက်ချိန်တွင် ကျောက်စိမ်းဓားက သူမလက်ထဲ ပြန်ရောက်လာ၏။
လူအိုကြီးဟော့က လှည့်ကြည့်လာပြီး ကျောက်စိမ်းဓားကို စိုက်ကြည့်နေပြီးနောက် ယွင်ယွီကို ကြည့်လိုက်၏။ သူက နှာခေါင်းရှုံ့လိုက်တော့သည်။ "ရိုင်းရိုင်းစိုင်းစိုင်း မင်းလိုမိန်းမငယ်လေးက ငါ့နောက်လိုက်ဖမ်းရဲတယ်ပေါ့"
ယွင်ယွီသည် လက်ထဲ၌ ကျောက်စိမ်းဓားကို ကိုင်ထားပြီး လမ်းအလယ်တွင် မမှန်မမှန် ရပ်နေသည်။ သူမ တည်ငြိမ်စွာ ပြောလိုက်လေ၏။ "ဘာလို့ မရရမှာလဲ။ ဒီလောက် ပြစ်မှုတွေ အများကြီး ကျူးလွန်ခဲ့တာ အပြစ်ပေးဖို့ တန်တယ်"
အကြီးအကဲဟော့သည် ယွင်ယွီ၏ စကားများကို အထင်သေးသည့်ဘက်မှ ရှုပ်ချလိုက်၏။ သူက ယွင်ယွီကို ကြည့်လျက် ပြောလိုက်သည်။ "မင်းက ငယ်ပါသေးတယ်။ မင်း အသက်ဆုံးရှုံးရတာ ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာ နားလည်မှာမဟုတ်ဘူး။ မင်းအရွယ်ရောက်ရင် မင်းမှာ အရည်အချင်းရှိနေတာတောင်မှ မင်း မွေးဖွားတာ၊ အိုတာ၊ နာတာ၊ သေတာကို အံမတုနိုင်ဘူးဆိုတာ မင်းသိလာလိမ့်မယ်။ မင်းတဖြည်းဖြည်းချင်း အိုမင်းလာလိမ့်မယ်။ မင်းဒီအချက်ကို လက်မခံချင်နိုင်ဘူး။ မင်းအသက်ပိုရှည်ချင်ပြီး အောင်မြင်မှုတွေ ပိုရချင်တာပဲ။ ဒါလူ့သဘာဝပဲ"
ယွင်ယွီသည် သူနှင့် စကားထပ်မပြောချင်တော့ပေ။ ဤလူသည် ရူးသွပ်သွားပြီး သူ၏ကိုယ်ကျိုးစွန့်သည့် စိတ်ဆန္ဒများကို ဖြေဖျောက်ရန်အတွက် ကျန်သည့်သူများ၏ အသက်ကို အသုံးပြုချင်နေတာပဲဖြစ်သည်။
ကျောက်စိမ်းဓားကို မစ္စတာဟော့ဆီ တိုက်ရိုက်ချိန်ရွယ်လိုက်၏။
205 02
လူအိုကြီးဟော့က ရှုံ့ချလိုက်တော့သည်။ "ကောင်းပြီ ကောင်းပြီ။ ဒီနေ့ မင်းကို အရည်အချင်းအစစ်အမှန်က ဘာလဲဆိုတာ ပြရသေးတာပေါ့"
ထိုသို့ပြောပြီးနောက် သူ အဝတ်အိတ်ထဲမှ သံလိုက်အိမ်မြှောင်ကို ဆွဲထုတ်လိုက်သည်။ သံလိုက်အိမ်မြှောင်သည် မြင်နေကျ ပုံစံနှင့် မတူညီပေ။ ယွင်ယွီက လှမ်းကြည့်လိုက်ချိန်တွင် သံလိုက်အိမ်မြှောင်က ရွှေရောင်အလင်းတောက်ပနေတာ တွေ့လိုက်ရ၏။ ၎င်းပေါ်၌ ထူးခြားသော ဝိညာဉ်စွမ်းအင်ရှိနေကာ ကာကွယ်ရေး မှော်လက်နက်တစ်မျိုးပဲဖြစ်သည်။
လူအိုကြီးဟော့က ပြောလိုက်၏။ "မင်းငါ့ရဲ့ မှော်လက်နက်ကို ဘယ်လိုဖြိုခွဲမလဲ ကြည့်ချင်သေးတယ်"
သူသည် ထိုပစ္စည်းကို ခက်ရာခက်ဆစ် ရလာတာဖြစ်သည်။ လုံမိသားစုရှေ့၌ အသုံးမပြုရဲခဲ့ချေ။ သို့သော်ငြား ဤမိန်းကလေးက သူ့နောက်လိုက်လာ၏။ ဤမိန်းကလေးက သူ၏ သံလိုက်အိမ်မြှောင်ကို ချိုးဖျက်နိုင်ခြင်းရှိမရှိ မြင်ချင်သည်။
ယွင်ယွီက သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်၏။ သံလိုက်အိမ်မြှောင်သည် ကာကွယ်ရေး မှော်လက်နက်ဖြစ်သည်။ သူမ၏ ဓားနှင့် သံလိုက်အိမ်မြှောင် မည်သည်က မည်သည့်ကို ချိုးဖျက်မည်ကို သူမမြင်ချင်မိ၏။
ယွင်ယွီက ကျောက်စိမ်းဓားကို ကိုင်ဆောင်ထားလျက် လူအိုကြီးဟော့ဆီ မြှားတစ်စင်းပမာ တိုးဝင်သွားသည်။ လူအိုကြီးဟော့က နောက်သို့ တစ်လှမ်းဆုတ်လျက် သံလိုက်အိမ်မြှောင်ကို မြှောက်ကိုင်လိုက်သည်။ ကျောက်စိမ်းဓားက သံလိုက်အိမ်မြှောင်ကို ထိုးဖောက်သွား၏။ မှော်လက်နက်နှစ်ခု တစ်ခုနှင့်တစ်ခု ထိမိသွားပြီး သူတို့နားများ ထိခိုက်လောက်သည့်အထိ တဝီဝီသံ မြည်လာတော့သည်။ ယွင်ယွီသည် သံလိုက်အိမ်မြှောင်ကြောင့် တိုက်လှန်သွားကာ နောက်သို့ နှစ်လှမ်းဆုတ်လိုက်ရသည်။ ကျောက်စိမ်းဓားကို ကိုင်ထားသည့် လက်တို့ကလည်း ထုံကျင်သွား ထုံကျင်သွား၏။
မစ္စတာဟော့က မတုန်လှုပ်သွားခြင်း မရှိသော်ငြား သံလိုက်အိမ်မြှောင်ကို ကိုင်ထားသည့် ဆဲဖြစ်သည်။ သို့သော် သူ့မျက်နှာက ပိုတောင်ဖြူဖျော့လာ၏။
ယွင်ယွီသည် စကားမမြန်ဆန်ဆန် မပြောမနေဘဲ သူ့လက်ထဲရှိ ကျောက်စိမ်းဓားဖြင့် ရှေ့သို့ တစ်ဟုန်ထိုး ချီတက်လိုက်၏။ နှစ်ယောက်သားက ချက်ချင်း တိုက်ခိုက်ကြပြန်သည်။
နှစ်ယောက်လုံးက ကိုယ်ခံပညာကောင်းပြီး တိုက်ပွဲက အင်မတန် မြန်ဆန်၏။ မျက်စိတစ်မှိတ်အတွင်း မိနစ်ဝက်စာ ကုန်လွန်သွားသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် တွန်းထုတ်ပြီးနောက် အနေအထား ကြည့်မလှတော့ပေ။ ယွင်ယွီ၏ လက်က အနည်းငယ် တုန်ရင်နေပြီး လက်က အပ်နဲ့ထိုးနေသလို ဖြစ်နေသည်။ သူ့လက်ဖဝါးမှ သွေးသည် ယွင်ချူးဓားပေါ် ကျသွား၏။ ယွင်ချူးဓားကလည်း မြည်ဟီးနေကာ အင်မတန် ဒေါသထွက်နေပုံ ပေါ်သည်။
လူအိုကြီးဟော့၏ နှုတ်ခမ်းက ဖြူဖျော့သွားသည်။ သူယွင်ယွီကို စိုက်ကြည့်ပြီး ပြောလိုက်တော့သည်။ "ငါတို့နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် ထိခိုက်အောင် မလုပ်နိုင်ဘူးဆိုမှတော့ ဘာလို့ ငါ့နောက်လိုက်နေတာလဲ။ ငါတို့ဆက်တိုက်ခိုက်နေရင် နှစ်ယောက်လုံး ထိခိုက်မှာ။ မင်းငါ့ကို လွှတ်ပေးရင် ငါဒီတိုင်းပြည်ကို ပြန်မလာဘူး။ တခြားသူတွေကို ဘယ်တော့မှ ဆက်ဒုက္ခမပေးတော့ဘူး။ မြို့တော်ထဲက ငါ့ပိုင်ဆိုင်မှုအားလုံး မင်းကိုပေးမယ်"
ယွင်ယွီက ရယ်မောလိုက်၏။ ဒီအဘိုးကြီးက သူမ ပိုက်ဆံအတွက် လုပ်နေတယ်လို့ ထင်နေတာလား။ သူမက ကြွယ်ဝချမ်းသာမှု၊ ဂုဏ်သရေမျိုးစုံကို ခံစားခဲ့ပြီးပြီ။
ဒါပေမဲ့ ဒီအဘိုးကြီးပြောတာ မှန်တယ်။ နှစ်ယောက်လုံးရဲ့ ကျင့်ကြံမှုက တူနေသလောက်ပဲ။ သူတို့ ဆက်တိုက်ခိုက်မယ်ဆိုရင် နှစ်ဖက်လုံး ထိခိုက်နှစ်နာမှာ။ ဒါပေမဲ့ သူမမှာ ဝိညာဉ်စွမ်းအင်ရှိပြီး ဝိညာဉ်စွမ်းအင်က မကုန်ခမ်းနိုင်ဘူး။
ယွင်ယွီသည် သူမခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းရေ ဝိညာဉ်စွမ်းရည်ထဲမှ ဝိညာဉ်စွမ်းအင်များကို ဆွဲထုတ်လိုက်သည်။ ချက်ချင်းနီးပါး သူမနား၌ ဝိညာဉ်စွမ်းအင်များ ပြည့်လာ၏။ လူအိုကြီးဟော့၏ မျက်နှာထားက ပြောင်းလဲသွားတော့သည်။ "မင်းဘယ်သူလဲ"
သူမသည် ငယ်ရွယ်သော်ငြား သူမကျင့်ကြံမှုက သူနှင့် တူသလောက်ရှိ၏။ သူတို့ကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်က ခမ်းခြောက်သလောက် ဖြစ်နေသည်။ သို့သော် အချို့သော အကြောင်းအရင်းများကြောင့် ဤမိန်းကလေးနားတစ်ဝိုက်ရှိ ဝိညာဉ်စွမ်းအင်များ တိုးလာသည်။ သူတို့နှစ်ယောက် ဆက်တိုက်ခိုက်မည်ဆိုပါက နှစ်ယောက်လုံး ထိခိုက်နှစ်နာမည်ဆိုသော်ငြား ယခုမူ မတူညီတော့ပေ။
205 03
ရုပ်လွန်ပညာနယ်ပယ်မှာ ဒီလိုအစွမ်းထက်တဲ့သူက ဘယ်အချိန်က စပြီး ပေါ်လာတာလဲ။ သူမသည် သူနှင့် ဘိုးဘေးလုံငယ်ရွယ်စဉ် အချိန်ကထက်တောင် ပိုထိတ်လန့်ဖွယ် ကောင်း၏။
ရုပ်လွန်ပညာ၌ ဉာဏ်ပညာရှိသူနှင့် အသက်စွမ်းအင်ရှိကြောင်း မြင်တွေ့ရန် တိုက်ရသည့် ပွဲတစ်ခုသာ ဖြစ်သည်။
လူအိုကြီးဟော့က သူဆက်တိုက်ခိုက်မည်ဆိုပါက အသက်ဆုံးရှုံးမှာ သေချာ အသက်သေချာပေါက် ဆုံးရှုံးမည်မှန်း သိနေသည်။ ထို့ကြောင့် တစ်ခွန်းမှ မပြောဘဲ သူလှည့်ပြေးတော့သည်။
ယွင်ယွီက နှာခေါင်းရှုံ့လိုက်လေ၏။ သူနားတစ်ဝိုက် ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်ကာ လက်မြှောက်လျက် ကျောက်စိမ်းဓားကို ပစ်ထုတ်လိုက်သည်။ ကျောက်စိမ်းဓားသည် အသက်ဝင်လာသည့်ဘက်မှ လူအိုကြီးဟော့၏နောက်ကျောဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားသည်။
လူအိုကြီးဟော့သည် အန္တရာယ်ကို အာရုံခံမိသော်ငြား ကျောက်စိမ်းဓား၌ အသက်ဝိညာဉ်စွမ်းအင်များ ပြည့်နေပြီး လှုပ်ရှားမှု မြန်လွန်းသဖြင့် မရှောင်နိုင်ခဲ့ပေ။ ရွေးချယ်စရာမရှိဘဲ သူနောက်လှည့်ကာ သူ၏ ကာကွယ်ရေး မှော်လက်နက် သံလိုက်အိမ်မြှောင်ကို အသုံးပြုပြီး ဓားကို ခုခံလိုက်သည်။ သံလိုက်အိမ်မြှောင်၏ ရွှေရောင်အလင်းက ရုတ်တရက် တိုးလာ၏။ ၎င်းကို မြှောက်ကိုင်လိုက်ချိန်တွင် ကျောက်စိမ်းဓားနှင့် တိုက်မိသွားပြီးနောက် အနားတစ်ဝိုက်ရှိ သစ်ပင်များ ကျောက်တုံး ကျောက်တောင်များ လွင့်ထွက်သွားစေကာ မြေပြင်ပေါ်ရှိ ဖုန်မှုန့်များတောင် ဝေ့တက်လာတော့သည်။
ယွင်ယွီသည် မီတာအနည်းငယ်အကွာ၌ ရပ်နေကာ ဖုန်မှုန့်များ ပြည့်နေသော မြေပြင်ကို အေးတိအေးစက်ကြည့်လိုက်၏။ သူမ၏ မျက်နှာက အင်မတန် ဖြူဖျော့နေတော့သည်။
ပုံမှန်ဆို သူမကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်ကို ပြန်ဖြည့်တင်းခြင်းမှာက ဝိညာဉ်စွမ်းရည် သောက်ရမည်ဖြစ်သည်။ ယခုအခေါက်တွင်မူ သူမသည် ဝိညာဉ် သူမခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့် ဝိညာဉ်စွမ်းအင်ကို ဖြည့်ရန်အတွက် ဝိညာဉ်စွမ်းရည်မှ စွမ်းအင်များ ထုတ်ယူခဲ့ရသည်။ ဖုန်မှုန့်များ လွင့်ပျယ်သွားသောအခါ လူအိုကြီးဟော့က မြေပြင်ပေါ် ဒူးထောက်ကျနေပြီး နှုတ်ခမ်းက ဖြူဖျော့နေကာ သွေးအန်တော့သည်။ ကာကွယ်ရေး သံလိုက်အိမ်မြှောင်က အပိုင်းပိုင်းအစစ ကြိုးနေကာ မြေပြင်ပေါ် တစစီ ပြုတ်ကျသွားတော့သည်။
လူအိုကြီးဟော့က ဒေါသတုန်စွာ ခေါင်းမော့လျက် ခြောက်ကပ်ကပ် ပြုံးလိုက်သည်။ "ငါ့ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲ။"
သို့သော် အဆုံးသတ်၌ ဤသို့သာ အဆုံးသတ်သွားရရှာသည်။
ယွင်ယွီက လျှောက်သွားပြီး စောင့်ကြည့်ထိုင်ချလိုက်ကာ မြေပြင်ပေါ်ရှိ ကျောက်စိမ်းဓားကို ကောက်ယူလိုက်သည်။ ထိုကျောက်စိမ်းဓားက ယွင်ယွီကို နှစ်သိမ့်သည့်ဘက်မှ ညင်သာစွာ နှစ်ချက်မြည်ဟီးလိုက်၏။
ယွင်ယွီသည် ဓားကို ပွတ်သပ်ပေးပြီးနောက် သုတ်လိုက်ကာ လူအိုကြီးဟော့ကို ကြည့်လိုက်သည်။ သူမသည် မကောင်းသည့်သူများပေါ် စိတ်သဘောထား ပျော့ပျောင်းခြင်းမရှိပေ။ သူမက ကျောက်စိမ်းဓားကို မြှောက်ပြီး လူအိုကြီးဟော့ကို တိုက်ရိုက်ဖြေရှင်းရန် ရည်ရွယ်ခဲ့၏။ သို့သော် လူအိုကြီးဟော့၏ ထူးဆန်းသော အကြည့်နှင့် မဆုံချင်ပေ။ သူမရှေ့၌ ဝိညာဉ်စွမ်းအင်ကို ချက်ချင်း ကာကွယ်ခဲ့သည်။ သူမ နောက်နှစ်လှမ်း ဆုတ်လိုက်ရာ လူအိုကြီးဟော့သည် သူ့လက်ထဲ၌ ကျောက်စိမ်းအဆောင် ကိုင်ထားတာ တွေ့လိုက်ရ၏။ သူမနောက်သို့ ဆုတ်လိုက်ချိန်တွင် ထိုလူက ရုတ်တရက် အော်ပြောလိုက်၏။ "ကောင်မလေး ငါမင်းကို မြေအောက်ကမ္ဘာဆီ ဆွဲခေါ်သွားမယ်။"
ပြောပြီးသည်နှင့် လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို ချေမွလိုက်ရာ ကမ္ဘာလောကကို ဖျက်ဆီးနိုင်သည့် စွမ်းအားက ချက်ချင်း ပေါက်ကွဲလာ၏။ ကြီးမားသော ပေါက်ကွဲမှုသည် ယွင်ယွီအား ၅ မီတာ ၆ မီတာအကွာအထိ လွင့်ထွက်သွားစေကာ သူမမြေပြင်ပေါ် ပြုတ်ကျသွားပြီး သွေးတစ်ပွက် အန်တော့သည်။
ဤကျောက်စိမ်းအဆောင်က အင်မတန် အစွမ်းထက်၏။ ယွင်ယွီသည် သူမတစ်ကိုယ်လုံးကို ကာကွယ်ရန် ဝိညာဉ်စွမ်းအင် သုံးထားသည့်တိုင် အပြင်ဘက်၌ ဒဏ်ရာမခံစားရသော်ငြား အတွင်းဒဏ်ရာ ရသွားသည်။
205 04
သူမ သွေးအန်လိုက်လျက် တစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင်နေပြီး မျက်လုံးနီမြန်းနေသော်ငြား သူမ သတိလစ်၍ မရမှန်း သိနေသည်။ အကြောင်းမှာ သူမကိစ္စ မပြီးသေးပေ။ လူအိုကြီးဟော့က သာမန်လူများနှင့်မတူ ဤကဲ့သို့ ကျင့်ကြံမှုဖြင့် သူသေလွန်သွားပြီး ဝိညာဉ်ထိခိုက်သွားသည့်တိုင် သူ ထွက်ပြေးလွတ်မြောက်သွားသည်နှင့် ဝိညာဉ်ကို ဖြည်းဖြည်းချင်း ကုသကာ တစ္ဆေကျင့်ကြံမှု လမ်းစဉ်ကို ရောက်သွားပေလိမ့်မည်။ ထိုအချိန်ကျ သူက လောကကြီးဆီ ကပ်ဘေး ဆောင်ယူလာဦးမှာပဲဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်အတွက် ဝိညာဉ်တောင် ချန်ထား၍မရပေ။
ယွင်ယွီက အံကြိတ်လိုက်လျက် သူမခေါင်းထဲရှိ ပြင်းထန်သော နာကျင်မှုကို တောင့်ခံလိုက်သည်။ သူမကိုယ်သူမ တောင့်ထားရန် ကျောက်စိမ်းဓားကို အသုံးပြုပြီး မြေပြင်ပေါ် ဒူးထောက်ချလိုက်၏။ တုန်ယင်နေသော လက်တစ်စုံဖြင့် လက်သင်္ကေတများ ပြုလုပ်ကာ လူအိုကြီးဟော့၏ ဝိညာဉ်ကို ဆင့်ခေါ်လိုက်သည်။
အစီအရင်ပြီးကာ ဂါထာကို ခက်ခက်ခဲခဲ ရွတ်ဆိုပြီးသွားသည်။ ယွင်ယွီက သွေးတစ်ပွက် အန်လိုက်သော်ငြား တဖြည်းဖြည်းချင်း လူအိုကြီးဟော့၏ ဝိညာဉ်က ပေါ်လာသည်။ ၎င်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားကာ သေလုနီးပါး ဖြစ်နေ၏။ သို့သော် လူအိုကြီးဟော့ အဆင့်ရှိ ကျင့်ကြံမှုဖြင့် ဝိညာဉ်က ဒဏ်ရာပြင်းပြင်းထန်ထန် ရသည့်တိုင် ဝိညာဉ်ဖျက်ဆီးမခံရသ၍ သူ့ဘာသာသူ ပြန်လည်ကုသနိုင်ကာ ဆက်လက်ကျင့်ကြံနိုင်သည်။
လူအိုကြီးဟော့သည် သူ၏တန်ဖိုးအရှိဆုံး အသက်ကယ်ပစ္စည်းနှစ်ခုဖြစ်သည့် သံလိုက်အိမ်မြှောင်နှင့် ကျောက်စိမ်းအဆောင်ကို သုံးပြီး ကျောက်စိမ်းအဆောင်ကို သုံးရလိမ့်မည်ဟု မထင်ထားပေ။ နှစ်ခုလုံးသည် လုံမိသားစု ဘိုးဘေးဆီမှ ပစ္စည်းများဖြစ်သည်
သံလိုက်အိမ်မြှောင်သည် သူ့ကိုယ်သူ ကာကွယ်ရန် မှော်ကိရိယာဖြစ်၏။ သူ့ကဲ့သို့ ကျင့်ကြံဆင့် မြင့်မားသူ မရှိသရွေ့ သံလိုက်အိမ်မြှောင်သည် သူ့ကို ကာကွယ်ပေးရန် ပြဿနာမရှိပေ။ သံလိုက်အိမ်မြှောင်သည် အဆုံးကျ ဖျက်ဆီးခံလိုက်ရလျှင်တောင် သူသည် ဘိုးဘေးများဆီမှ ရထားသည့် တိုက်ခိုက်ရေး ကျောက်စိမ်းအဆောင် ရှိနေသေးသည်။ ၎င်းကို တစ်ကြိမ်သာ အသုံးပြုနိုင်၏။ ယင်းသည် နောက်ဆုံးသော အသက်ကယ် ပစ္စည်းဖြစ်သည်။ သူ့ခန္ဓာကိုယ် ဖျက်ဆီးခံရသည့်တိုင် ဝိညာဉ်ရှိနေသရွေ့ ကျင့်ရန် နည်းလမ်းပေါင်းထောင်ချီ ရှိသည်။ သူသည် တစ္ဆေကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်တောင် လှုပ်ရှားနိုင်သေးသည်။
သို့သော် မစ္စတာဟော့က ထိုကျောက်စိမ်းအဆောင်သည် မိန်းကလေးကို မသတ်နိုင်ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။ သူ နောက်ဆုံးထွက်သက် ရှိနေသေး၏။
မိန်းကလေး၏ အေးစက်တည်ငြိမ်၊မှင်သက်ဖွယ် မျက်နှာကို စိုက်ကြည့်ပြီး သက်ညာပေးရာ စကားတစ်ခွန်းမှ မပြောနိုင်ပေ။ တိုက်ခိုက်ရေး ကျောက်စိမ်းအဆောင်ကလည်း သူ၏ဝိညာဉ်ကို ထိခိုက်စေခဲ့ကာ ခုခံရန် စွမ်းအားမကျန်ဖြစ်စေ၏။ ထိုမိန်းကလေးက သူ၏ဝိညာဉ်ကို ဓားဖြင့် ထိုးစိုက်လိုက်တာကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်သည်။
ဝိညာဉ်ဖျက်ဆီးခံလိုက်ရ၏။
ယွင်ယွီသည် မစ္စတာဟော့၏ဝိညာဉ် တဖြည်းဖြည်းချင်း လွင့်ပျယ်သွားတာကို ကြည့်နေသည်။ သူမကိုယ်ထဲရှိ နာကျင်မှုကို တောင့်မခံနိုင်တော့ဘဲ ကျောက်စိမ်းဓားကို ကိုင်ထားလျက် သတိလစ်သွားသည်။
လုံချီရှောင်၊ ချင်ယွီစွေနှင့် ကျန်သည့်သူများသည် စံအိမ်ထဲရှိ မရေမတွက်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်များကို ဖြေရှင်းရန် မိနစ် ၂၀ ကျော် အချိန်ယူလိုက်ရသည်။ ပြီးနောက် သူတို့ လူစုခွဲကာ စံအိမ်နားတစ်ဝိုက် ရှာဖွေ၏။ သူတို့သည် စံအိမ်အနောက်ရှိ လမ်းပေါ်၌ သတိလစ်နေသော ယွင်ယွီနှင့် အပိုင်းပိုင်းအစစ ကြိုးပြတ်နေသော သံလိုက်အိမ်မြှောင်နှင့် ကြိုးပျက်နေသော ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။
ချင်ယွီစွေက သူ့နောက်မှ လိုက်လာပြီး သွေးရွှဲနေသည့် ယွင်ယွီကို မြင်သောအခါ ထိုသန်သန်မာမာလူကြီးသည် စတင်တုန်ယင်လာပြီး မျက်နှာက ဖြူဖျော့သွား၏။
လုံချီရှောင်သည်လည်း ယွင်ယွီကို မြင်သောအခါ သူ့မျက်နှာက ပိုဖြူဖျော့သွားသည်။ ရှောင်ယွီအာနှင့် မစ္စတာဟော့ကြားရှိ တိုက်ပွဲ ဤမျှပြင်းထန်လိမ့်မည်ဟု သူတို့မထင်ခဲ့မိချေ။
******
206 01
အပိုင်း 206
ချင်ယွီစွေက သူလျှောက်လာချိန်၌ မျက်နှာက ဖြူဖျော့နေသည်။ သူက ယွင်ယွီရှေ့၌ ဒူးထောက်လျက် သူမကို ဂရုတစိုက် ထွေးပွေ့ထားသည်။ လုံချီရှောင်က သူ့နောက်မှာ လိုက်လာလေ၏။ သူ၏ ကြောက်လန့်နေသော မျက်နှာကို မြင်ပြီး တုံ့ဆိုင်းသွားကာ ယွင်ယွီကို သွေးကြောစမ်းလိုက်သည်။ သွေးခုန်နှုန်းက အနည်းငယ် မြန်နေသေးသော်ငြား လှုပ်ရှားနေသေးပြီး အားနည်းခြင်းမရှိပေ။
လုံချီရှောင်က သက်ပြင်းချလိုက်၏။ "ယွီစွေ လူက အသက်ရှင်နေသေးတယ်။ သူ့ကို အရင်ဆုံး ဆေးရုံပို့"
လုံဝမ့်ရင်းနှင့် ကျန်သည့်သူများက လိုက်မီလာချိန်တွင် ထိုလူကို စံအိမ်သို့ ပြန်ပို့ပြီးဖြစ်သည်။ လုံချီရှောင်က ကားတစ်စီးရှာကာ ယွင်ယွီကို ဆေးရုံသို့ တန်းခေါ်သွား၏။
ဆေးရုံသို့ ရောက်ပြီး အရေးပေါ်ခန်းသို့ သွားပြီးနောက် စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်ပြီးချိန်၌ ယွင်ယွီ၏ အတွင်းကလီစာများ ဒဏ်ရာရသွားကြောင်း ၊မပြင်းထန်ကြောင်း သိလိုက်ရ၏။ သူမက ပြန်လည်ထူထောင်ရေးအတွက် ဆေးရုံတက်ဖို့ လိုအပ်သည်။ ကိုယ်တွင်းအင်္ဂါအချို့၌ သွေးတချို့ ယိုစိမ့်နေသော်ငြား ခွဲစိတ်ရန် မလိုအပ်ပေ။ သူမကို ပုံမှန်အတိုင်း ကုသပေးရမှာပဲဖြစ်သည်။ ဆေးရုံတက်ရန် စီမံပြီးနောက် လူတိုင်းသည် လူနာဆောင်ထဲသွားကာ ဒဏ်ရာမပြင်းထန်ကြောင်း ကြားလိုက်ရချိန်၌ သူတို့ သက်ပြင်းချမိသွား၏။
ချင်ယွီစွေသည် လမ်းတစ်လျှောက် စကားတစ်ခွန်းမှ မပြောခဲ့ပေ။
လူနာဆောင်သို့ ရောက်သောအခါ လူတိုင်းစုဝေးနေ၏။ လုံချီရှောင်က ချင်ယွီစွေ၏ ပုခုံးကို ပုတ်လျက် ပြောလိုက်သည်။ "ယွီစွေ သိပ်စိတ်မပူနဲ့ ယွီအာ အဆင်ပြေတယ်။ ဆေးရုံမှာ ရက်ပိုင်းလောက်နေပြီးရင် ပြန်လည်ကုစားဖို့ ရွာကို ပြန်ခေါ်သွားလိုက်။ နောက်ဆက်တွဲကို ငါတို့ဖြေရှင်းလိုက်မယ်"
လူအိုကြီးဟော့သည် သူတော်စင်သားတော်ဖြစ်၏။ အထက်အရာရှိများသည် သူတော်စင်သားတော်ကို တတ်နိုင်သမျှ မြန်မြန်ရှာတွေ့ဖို့ မျှော်လင့်နေကြသည်။ ယခုမူ သူတို့က သူ့ကို ရှာတွေ့ရုံသာမက လူကတောင် အသတ်ခံလိုက်ရပုံ ပေါ်၏။ အထက်အရာရှိများက စိတ်အေးသွားကြပြီ ဖြစ်သည်။
ချင်ယွီစွေသည် ခေါင်းညိတ်လျက် ဘာမှမပြောတော့ပေ။
စုန့်ချင်းမင်က စိုးရိမ်သွားလေ၏။ "ရှောင်ယွီအာ ဘယ်အချိန်နိုးမှာလဲ"
သူ မေးတာကို မည်သူမှ မဖြေ။ ဆရာဝန်က အာမမခံနိုင်ပေ။ ယွင်ယွီက မြို့တော်ရှိ အကောင်းဆုံးဆေးရုံ၌ ခုနစ်ရက်တာ နေခဲ့သည်။ စုံစမ်းစစ်ဆေးမှုအရ သူ့၏ အတွင်းဒဏ်ရာသည် ဖြည်းဖြည်းချင်း ကုစားနေကြောင်း ပြလာသော်ငြား မနိုးထသေးချေ။ ရွာထဲရှိ ယွင်မိသားစုက ယွင်ယွီကို ဖုန်းဆက်ချိန် ချင်ယွီစွေက ဖုန်းထူးလိုက်၏။ ယွင်ယွီ ဒဏ်ရာရထားကြောင်း ယွင်မိသားစုကို ဖုံးကွယ်မထားဘဲ သူတို့ကို ပြောပြလိုက်သည်။
ယွင်မိသားစုသည် အလွန်စိုးရိမ်ပူပန်သွားကာ ယွင်ယွီဆီ လာရန် မြို့တော်သို့ လာချင်၏။
ချင်ယွီစွေက ပြောလိုက်သည်။ "အဘွား ကျွန်တော် ယွီအာကို ပြန်ခေါ်လာမှာ"
အဘွားယွင်က စိုးရိမ်ပူပန်စွာ မေးလိုက်၏ "ရှောင်ယွီအာ ဘာဖြစ်တာလဲ"
"အဘွား ယွီအာက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်တဲ့အချိန် အတွင်းဒဏ်ရာ ရသွားတာ။ သူ့ကို ဆေးရုံမှာ စစ်ဆေးပြီးပြီ။ အဆင်ပြေတယ်။ ဒါပေမဲ့ သူ မနိုးလာသေးဘူး။ အကြောင်းအရင်းကို ရှာမရဘူး။ သူ့အတွင်းဒဏ်ရာသာ ဖြည်းဖြည်းချင်း ကုစားနေပြီး ဒါကြောင့် ယွီအာကို အိမ်ပြန်ခေါ်လာချင်တာ"
အဘွားယွင်က အင်မတန် စိတ်ဓာတ်ကျသွား၏။ "ကောင်းပြီလေ ဆေးရုံက ဘာမှရှာမတွေ့ဘူးဆိုတော့လည်း သူ့ကို အိမ်ပြန်ခေါ်လာခဲ့။ ပိုပြီး သက်တောင့်သက်သာရှိမှာဆိုရင် နိုးလာမှာပေါ့။ နိုးကောင်းနိုးလာမှာပေါ့"
ချင်ယွီစွေသည် ပြန်လည်ထူထောင်ရေးအတွက် ပြန်လာမည်ဟု ဆိုသော်ငြား သူ့ကို ဒီအတိုင်းခေါ်သွား၍ မရပေ။ သူသည် ဆေးဘက်ဆိုင်ရာ အသင်းတစ်သင်းကိုလည်း ခေါ်လာပြီး အားလုံးက မြို့တော်၌ ထိပ်တန်းပဲဖြစ်သည်။
ယွင်ယွီ၏ အတွင်းဒဏ်ရာသည် တဖြည်းဖြည်းချင်း တိုးတက်ကောင်းမွန်လာသော်ငြား သူမ သတိလစ်နေသေး၏။ လူတိုင်းက အလွန်စိုးရိမ်ပူပန်နေ၏။ ယင်းက ဆေးပြဿနာတစ်ခုခုတော့ သက်ဆိုင်ရမည်။ ထို့ကြောင့် လူတိုင်းသည် ထိုဆေးဘက်ဆိုင်ရာ အသင်းကို ခေါ်သွားဖို့ အားပေးခဲ့၏။
206 02
ယွင်ယွီက ဟယ်ချင်းကျေးရွာသို့ ပြန်ရောက်ချိန်၌ နိုဝင်ဘာလ အစောပိုင်းဖြစ်နေသည်။
ရွာသို့ ရောက်လာပြီးနောက် ချင်ယွီစွေသည် အနားယူရန် ယွင်ယွီကို အပေါ်ထပ်သို့ ပွေ့ချီသွား၏။ မူမူသည် နောက်မှ တစ်လှမ်းချင်း လိုက်လာ၏။ ထိုကလေးငယ်လေးသည် သူ့၏ မိခင် တစ်ခုခုမှားနေတာကို သဘောပေါက်သွားတာ ဖြစ်ဟန်တူသည်။ ထို့ကြောင့် တစ်ခွန်းမှ မပြောခဲ့ပေ။
ချင်ယွီစွေက လှည့်ကြည့်လိုက်ချိန်တွင် မျက်ရည်ဝဲနေသော သူ့သားလေးကို တွေ့လိုက်ရပြီး သူ့သားလေးက မငိုမိအောင် ကြိုးစားနေတာကို တွေ့လိုက်ရပြီး သူလည်း မငိုမိအောင် ကြိုးစားကာ အံကြိတ်လိုက်၏။ သူက ကလေးကို ပွေ့ချီလိုက်လျက် အက်ကွဲသံဖြင့် မေးလိုက်သည်။ "မူမူ ဘာဖြစ်လို့လဲ"
"ပါးပါး မားမားက လူဆိုးတွေနဲ့ တွေ့ခဲ့တာလား"
မူမူ၏ အသံ၌ မျက်ရည်သံများ စွက်နေလေ၏။
ဆိုရလျှင် သူသည် နှစ်နှစ်အရွယ် ကလေးသာဖြစ်နေသေးသည်။ အခြားသော အရွယ်တူကလေးများထက် ရင့်ကျက်သော်ငြား သူ့မိခင် ဒဏ်ရာရပြီး သတိလစ်နေတာကို သိပြီးနောက် သူသည် အခြားသော ကလေးများထက် ပိုခံစားမိသည်။
မူမူ ထိတ်လန့်နေလေ၏။
ချင်ယွီစွေက မူမူကို ညင်သာစွာ ပြောလိုက်လေ၏။ "မေမေက လူဆိုးတွေနဲ့ တွေ့ပေမယ့် သူ့ကို အနိုင်ယူပြီးပြီ။ သန်မာတာကြောင့် နိုးလာတော့မှာ"
မူမူ၏ မျက်ရည်သည် နောက်ဆုံး၌ စီးကျသွားကာ ဖြူဖွေးနူးညံ့သော ပါးပြင်ပေါ်ကနေ ချင်ယွီစွေ၏ လက်ဖမိုးပေါ် ကျသွား၏။
"နောက်ကျ မားမားကို ကာကွယ်မှာ"
မူမူအသံလေးသည် ကလေးသံဖြစ်သော်ငြား သူ့၏ လေသံထဲ၌ လေးနက်တည်ကြည်မှု ရှိနေ၏။
"ဟုတ်ပြီ"
ချင်ယွီစွေ၏ လေးနက်သော အသံကို ကြားရသည်။
ဟယ်ချင်းကျေးရွာသို့ ရောက်လာပြီးနောက် ယွင်ယွီ နိုးမလာခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်း ဒီဇင်ဘာလ ရောက်လာပြီး ရာသီဥတု ပိုအေးလာ၏။ အိမ်၌ အပူပေးစက်ရှိပြီး အမြဲတမ်း ဖွင့်ထားသည်။ ယွင်ယွီက အိပ်ရာပေါ်၌ အမြဲတမ်း လဲနေရ၏။ ဆေးဘက်ဆိုင်ရာ အသင်းကလည်း အပန်းဖြေစခန်းတွင် နေကာ နေ့စဉ်နေ့တိုင်း သူမကို စစ်ဆေးပေးရန် သူမအိမ်သို့ လာသည်။ လူအိုကြီးဟော့နှင့် ယခင်တိုက်ပွဲ၌ သူမခံစားခဲ့ရသည့် အတွင်းဒဏ်ရာများ ပျောက်သွားပြီဖြစ်ကာ သွေးခုန်နှုန်းက ငြိမ်နေပြီး စစ်ဆေးရာ၌ ပုံမမှန်တာ မရှိဘဲ သူမဦးနှောက် ထိခိုက်ထားခြင်းမရှိ။ သို့သော် သူမ နိုးမလာနိုင်သေးပေ။ ယွင်ယွီကို အခြေခံစစ်ဆေးမှုများအပြင် ဆေးဘက်ဆိုင်ရာ အသင်းက သန့်ရှင်းရေးကိုလည်း လုပ်ပေးပြီး ဂရုတစိုက် ဆောင်ရွက်ပေးသည်။ အချိန်တိုင်း၌ ချင်ယွီစွေက ယွင်ယွီကို ရေနွေးထဲ စိမ်ပေးကာ သူမကို ခြေဆန့်လက်ဆန့် လုပ်ပေး၏။ ထို့အပြင် ကြွက်သားထိခိုက်မည်ကို စိုးရိမ်သောကြောင့် သူသည် ယွင်ယွီအား နေ့စဉ်နေ့တိုင်း တစ်နာရီ နှစ်နာရီကြာ နှိပ်နယ်ပေးသည်။
ထို့ကြောင့် ယွင်ယွီ သတိလစ်နေသည့် တစ်လကျော်အတွင်း သူမအသားအရေက များစွာ ပြောင်းလဲသွားခြင်းမရှိဘဲ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေကာ တောက်ပကဲ့သို့ ဖြူဖွေးနူးညံ့နေသည်။
သို့သော် နိုးလာမည့် အရိပ်အယောင် မရှိသေးပေ။
ယွင်မိသားစုနှင့် ရွာသူရွာသားများက အလွန်စိုးရိမ် စိုးရိမ်နေလေ၏။ ရွာသူရွာသားများကလည်း ယွင်ယွီသည် လူဆိုးများကို ဖြေရှင်းနေချိန် ပြဿနာတွေ့ခဲ့ကြောင်း သိလာ၏။ ထိုအလုပ်များသည့် လယ်ယာစိုက်ပျိုးရေး ကာလအတွင်း ရွာသူရွာသားများစွာသည် အကူအညီပေးရန် ရောက်လာကြသော်ငြား သူတို့သည် ပိုက်ဆံမတောင်းခဲ့ကြဘဲ ပြောလိုက်၏။ "ရွာတိုးတက်လာတယ်ဆိုတာ သူဌေးလေးရဲ့ကျေးဇူးကြောင့်ပဲ။ ဒီသူဌေးလေးကြောင့်သာ မဟုတ်ရင် ကျုပ်တို့တွေ ဘယ်လိုလုပ် အခုလို ကောင်းမွန်တဲ့ ဘဝမှာ နေနိုင်မှာလဲ။ ဒါ့အပြင် သူဌေးလေးက ကျုပ်တို့ကို ဒီလောက် အများကြီး ကူညီပေးခဲ့တာ။ အခု သူဌေးလေးမိသားစုက အကူအညီလိုနေတာ။ ကျုပ်တို့က ဘယ်လိုလုပ် ပိုက်ဆံ လက်ခံနိုင်မှာလဲ"
ရွာသူရွာသားများက ပိုက်ဆံမယူကြချေ။
206 03
ချင်ယွီစွေက သူတို့ကို ကျေးဇူးတင်လိုက်၏။
အပန်းဖြေစခန်းကို ကြည့်ရှုပြီး ကြည့်ရှုရန် ယွင်လန်ရှိနေသောကြောင့် ချင်ယွီစွေသည် ယွင်ယွီကိုသာ ဂရုစိုက်သည်။
သို့သော် နှစ်လကြာသည်မထိ ယွင်ယွီနိုးမလာသေးပေ။
တရုတ်နှစ်သစ်ကူးကာလ၌ အပန်းဖြေစခန်းသို့ ရောက်လာသည့် ဧည့်သည် ပိုများလာသည်။ လုံချီရှောင်၊ လုံဝမ့်ရင်း၊ လုံချီချန်း၊ စုန့်ချင်းမင်၊ လီကျိုး၊ လုယွမ်၊ ယွီရှောင်ရှောင်နှင့် ချန်းဝမ်ရုတို့ကလည်း တရုတ်နှစ်သစ်ကူးကာလ၌ ယွင်ယွီဆီ လာလည်ရန် သဘောတူထားပြီးဖြစ်သည်။ သူတို့က ဟယ်ချင်းကျေးရွာ၌ ရက်ပေါင်းများစွာ နေခဲ့သော်ငြား ယွင်ယွီသည် နှစ်ကူးပြီးနောက်ထိ နိုးမလာသေးပေ။
နှစ်ကူးပြီးနောက် ယွင်မိသားစုသည် ဖက်ထုပ်ဆိုင်ဖွင့်ကာ လုံချီရှောင်နှင့် ကျန်သည့်သူများလည်း အိမ်ပြန်သွားတော့သည်။
ချင်ယွီစွေသည် ပုံမှန်အတိုင်း ယွင်ယွီကို ဂရုစိုက်နေသေးပြီး မူမူက နေ့တိုင်း ယွင်ယွီအိပ်ရာဘေး၌ နေကာ သူမကို စကားပြောနေလျက် အမြန်နိုးလာဖို့ မျှော်လင့်နေသည်။
နွေဦး ရောက်လာပြီးနောက် မက်မွန်ခြံနှင့် ချယ်ရီခြံတို့ကလည်း ပွင့်ခံနီးပြီဖြစ်သည်။ ဖူးနေသေးသော်ငြား ကမ္ဘာလှည့် ခရီးသွားများစွာကို ဆွဲဆောင်နိုင်ပြီဖြစ်သည်။
ယွင်ယွီနှင့် မစ္စတာဟော့တို့ မတိုက်ခိုက်စဉ်က သူတို့သည် နွေဦး၌ သမိုင်းကြောင်းနောက်ခံ ဇာတ်လမ်းတွဲအတွက် ဤနေရာတွင် ရိုက်ကူးခွင့်ပေးမည်ဟု ကတိပေးထားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ဒါရိုက်တာကျန်းသည် သရုပ်ဆောင်များနှင့် ဝန်ထမ်းများ အမျိုးမျိုးသော အထောက်အကူပြုပစ္စည်းများကို ဟယ်ချင်းကျေးရွာသို့ သယ်လာ၏။
သူတို့အားလုံး သိုသိုသိပ်သိပ်နေသော်ငြား ပိုက်ဆံပြတ်လပ်သူများ မဟုတ်ပေ။ ထို့ကြောင့် အပန်းဖြေစခန်း၌ တည်းခဲ့ကြသည်။
သို့သော်ငြား သတင်းက ပြန့်သွားသေးသည်။ ရုပ်ရှင်ထဲတွင် ပါဝင်သည့် ဇာတ်ရုပ်တချို့၏ သရုပ်ဆောင်များက လက်တလော၌ နာမည်ကြီးနေသော သရုပ်ဆောင်များဖြစ်သည်၊ ဟယ်ချင်ကျေးရွာက လူပြောများလာပြန်ကာ ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ အပန်းဖြေစခန်းက ပြည့်လုနီးပါး ဖြစ်နေပြီး ချမ်းသာသည့် ပရိသတ်များစွာက ဤနေရာသို့ ရောက်လာကြသည်။ အစ၌ သူတို့သည် အပန်းဖြေစခန်းက အဆင့်အတန်း မမြင့်မှာဟု စောဒကတက်ခဲ့သော်ငြား ထိုနေရာတွင် နေထိုင်စားသောက်ပြီး တစ်ညသာ အနားယူပြီးနောက် မကျေမချမ်း မဖြစ်ကြတော့ဘဲ ဟယ်ချင်းအပန်းဖြေစခန်းကို သူတို့ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများဆီသို့တောင် စိတ်အားထက်သန်စွာ ထောက်ခံချက် ပေးလိုက်၏။
လိုရင်းပြောရလျှင် ဒါရိုက်တာကျန်းရိုက်သည့် ဤဒရာမာကြောင့် ဟယ်ချင်းကျေးရွာရှိ လူများစွာသည် ယခင်ကထက် လူပိုများလာတော့သည်။
ယွင်မိသားစုက ယင်းကို ဂရုမစိုက်ပေ။ အပန်းဖြေစခန်း၏ ဧည့်သည်က တည်ငြိမ်နေပြီး သူတို့၌ ဧည့်သည် ပြတ်လပ်ခြင်းမရှိပေ။
ချင်ယွီစွေကလည်း အပန်းဖြေစခန်း ကိစ္စကို သိပ်ဂရုမစိုက်ပေ။ လေထုအခြေအနေ ကောင်းမွန်နေပြီး ဤရက်များတွင် နေသာနေလေ၏။ နွေဦးအစောပိုင်းသည် အရာအားလုံး ရှင်သန်ထမြောက် ပြန်လည်ရှင်သန်လာသည့် ရာသီဖြစ်သည်။ ထို့ကြောင့် ညစာစားပြီးနောက် သူသည် ယွင်ယွီကို လမ်းလျှောက်ထွက်ရန် တွန်းသွားပေသည်။
ကျေးရွာတစ်ပတ် ပတ်လျှောက်ပြီးနောက် ယွင်ယွီအား မကြာမီ နိုးလာဖို့ မျှော်လင့်နေမိသည်။
ထိုစဉ် ညနေခင်း၌ ဒါရိုက်တာကျန်းသည် လမ်းလျှောက်ထွက်ရန်အတွက် ဇာတ်လိုက်တစ်ယောက်နှင့် လက်ထောက်ဒါရိုက်တာ နှစ်ယောက်ကို ခေါ်ပြီး သူမ၏ သရုပ်ဆောင်ရမည့် ဇာတ်ကွက်အကြောင်း ရှင်းပြနေသည်။
အမျိုးသမီးဇာတ်လိုက်အဖြစ်သရုပ်ဆောင်မည့် သရုပ်ဆောင်မင်းသမီးသည် အသက် ၁၂ နှစ်အရွယ် ကလေးကြယ်ပွင့် မုရီကျန်းဖြစ်ပြီး အပြစ်ကင်းကာ ရွှင်လန်းတက်ကြွပြီး မြူးနေလျက် ထူးခြားသည့် သွင်ပြင်ရှိသည်။ သူမက အမျိုးသမီးဇာတ်လိုက်၏ ငယ်ဘဝကို သရုပ်ဆောင်ပေးမှာပဲဖြစ်သည်။
206 04
နေ့အချိန်၌ ရိုက်ကွင်း ရိုက်ကူးရမည့်များကို ရိုက်ကူးပြီးဖြစ်ကာ ကျန်ရှိသည့် အခန်းများကိုမူ ညရှစ်နာရီမှ ရိုက်မှာပဲဖြစ်သည်။ ညစာစားပြီးနောက် သူမသည် ဒါရိုက်တာနှင့် လမ်းလျှောက်ထွက်လေ၏။ ဤကျေးရွာသည် သူမမြင်ဖူးသမျှထဲ အလှဆုံးကျေးရွာဖြစ်သည်။
အရင်မြင့်မြင့်နှင့် ချောမောခန့်ညားသော လူကိုမူ သူ့အပေါ် အမြင်တချို့ရှိကြပေ၏။ သူက အမြဲတစေ ခပ်မတ်မတ် ရပ်နေကာ ချောမောခန့်ညားသော သွင်ပြင်ရှိသည်။ ညစာစားပြီးချိန်၌ သူတို့က သူနှင့် မကြာခဏ တွေ့မိတတ်ကာ သူ၏ သတိလစ်နေသော ဇနီးဖြစ်သူနှင့် လမ်းလျှောက်ထွက်ရန် ဝှီးချဲတွန်းလာတာကို အမြဲတစေ တွေ့ရသည်။
သူတို့က ထိုစုံတွဲကို မြင်သာ မြင်ဖူးပြီး သူတို့မည်သူမည်ဝါမှန်း မသိပေ။ သို့သော် မုရီသည် ဝှီးချဲပေါ်၌ မျက်လုံးမှိတ်လျက် သတိလစ်နေသော မိန်းကလေးသည် သူမမြင်တွေ့ဖူးသမျှထဲ အလှပဆုံးဟု တွေးမိသွားသည်။ သူမကို တွေ့လိုက်ချိန်တိုင်း၌ နှစ်ခါ မကြည့်မိဘဲ မနေနိုင်ပေ။
ယခု သူတို့ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ချိန် ကျန်းက ချင်ယွီစွေကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။ ချင်ယွီစွေကလည်း ခေါင်းညိတ်လျက် ယွင်ယွီကို ရှေ့သို့ တွန်းသွားသည်။
မုရီကျန်းသည် ဝှီးချဲပေါ်ရှိ မိန်းကလေးကိုသာ ကြည့်နေမိသည်။ သို့သော် ရုတ်တရက် သူမ တောင့်တင်းသွားကာ ပြောလိုက်မိသည်။ "သူ သူ နိုးလာသလိုပဲ"
သတိလစ်နေသည်ဟု ထင်နေသော မိန်းကလေးက မျက်လုံးဖွင့်လာ၏။ သူမမျက်လုံးသည် သူမ မှန်းဆထားခဲ့သည့်အတိုင်း ကြည်လင်တောက်ပနေသည်။
ထိုစကားကို ကြားပြီး လူတိုင်းက မှင်တက်သွားကာ တစ်ပြိုင်နက်တည်း ဝှီးချဲခုံပေါ်ရှိ မိန်းကလေးကို ကြည့်လိုက်၏။ သူမ မျက်လုံး တကယ် ဖွင့်နေပြီဖြစ်ကာ သူမမျက်လုံးထဲတွင် ဆောင်းဦးရေကန်ရှိနေသည့်ပမာ လူတို့၏ စိတ်နှလုံးကို အေးချမ်းစေလေ၏။
******