အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အပိုင်း 207
မုရီကျန်း ပြောတာကို ကြားပြီးနောက် လူတိုင်းသည် ဝှီးချဲပေါ်ရှိ မိန်းကလေးကို ကြည့်မိသွားလေ၏။ သူမတကယ်နိုးလာပြီဖြစ်ကာ သူမရှေ့ရှိ မုရီကျန်းကို ကြည့်နေသည်။
ထိုစကားကို ကြားသောအခါ ချင်ယွီစွေ၏ လက်က တုန်ရင်သွားပြီး ဝှီးချဲရှေ့သို့ သွားကာ စောင့်ကြည့်ထိုင်ချလျက် မော့ကြည့်လိုက်သည်။ သူမတကယ် နိုးလာပြီဖြစ်သည်။
ယွင်ယွီ၏ အကြည့်သည် မုရီကျန်း၏ မျက်နှာမှ ချင်ယွီစွေ၏ မျက်နှာဆီ ရောက်သွား၏။ သူက အလွန်ချောမောခန့်ညားနေသေးပြီး ပုံမှန်ဆို တောင့်တင်းနေတတ်သည့် မျက်နှာက အနည်းငယ် ပျော့ပျောင်းနေသည်။ ယွင်ယွီက သတိလစ်နေစဉ် ကာလအတွင်း အသိစိတ်ရှိ၏။ သို့သော် သူမသည် ယခင်က ဝိညာဉ်စွမ်းရည်ထဲရှိ စွမ်းရည်ကို တိုက်ရိုက် အသုံးပြုနိုင်၏။ သူမ ယခုနည်းဖြင့် သုံးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမခန္ဓာကိုယ်အား ဖိအားများစွာ ကြုံတွေ့နေရပြီး ပြန်လည်ကုစားဖို့ လိုအပ်ပြီ။ ထို့ကြောင့် သူမအိပ်စက်ပြီး သတိလစ်နေရုံမှအပ အခြားသော ထိခိုက်မှုမရှိပေ။
အခုနိုးလာပြီဆိုတော့ အဆင်ပြေသွားပြီ။
သူမ သတိလစ်နေစဉ် ချင်ယွီစွေက သူမကို ဂရုစိုက်ကြောင်း သိပေ၏။ သူမဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများက သူမဆီ မကြာမကြာ လာရောက်လည်ပတ်ပြီး သူ့မိသားစုကလည်း စိုးရိမ်ပူပန်နေတာ သိသည်။
သို့သော် ယခုအဆင်ပြေသွားပြီ ဖြစ်သည်။
ယွင်ယွီက ချင်ယွီစွေ၏ မျက်နှာကို လှမ်းထိပြီး ညင်သာစွာ ပြောလိုက်တော့သည်။ “ကျွန်မ နိုးလာပြီ”
“နိုးလာလို့ ကိုယ် ဝမ်းသာတယ်” ချင်ယွီစွေက သူမ၏ နူးညံ့သော လက်ကို ကိုင်ထားပြီး သူ့၏ မျက်လုံးက လေးနက်တည်ကြည်နေကာ အသံက အက်ကွဲနေလေ၏။
ယွင်ယွီ၏စိတ်နှလုံးက ပျော့ပျောင်းသွားကာ သူ့လက်ကို ကိုင်ထားပြီး ပြောလိုက်တော့သည်။ “ပြန်သွားတဲ့အချိန်ကျ ဒီကိစ္စကို ပြောရအောင်။ အခုလုပ်စရာရှိသေးတယ်” ပြီးနောက် သူမသည် သူမရှေ့ရှိ အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ် ကလေးမလေးကို ကြည့်လိုက်၏။ သူမ အလွန်ရွှင်မြူးတက်ကြွသော်ငြား သူမမျက်ခုံးနှစ်ဖက်ကြားထဲ၌ အနက်ရောင်အစက်တစ်ခု ရှိနေပြီး ယနေ့၌ ကပ်ဘေးတစ်ခု ကြုံတွေ့မည်ကို ပြသနေသည်။ သူမ မေးလိုက်သည်။ “မင်းရဲ့ နာမည်က ဘာလဲ”
“မုရီကျန်းပါ” ထိုမိန်းကလေးက တုံ့ဆိုင်းစွာ ပြောလိုက်၏။ “သမီးက သရုပ်ဆောင်တစ်ယောက်။ ရုပ်ရှင်ရိုက်ဖို့ ဒီရောက်လာတာ”
ယွင်ယွီက ခေါင်းညိတ်လိုက်၏။ လွန်ခဲ့တဲ့နှစ်တုန်းက ဓာတ်ပုံဆရာတစ်ယောက်သည် ဟယ်ချင်းကျေးရွာ၏ ရှုခင်းများကို ဓာတ်ပုံရိုက်သွားပြီး လိုင်းပေါ်တွင် တင်လိုက်တာ မှတ်မိသေးသည်။ ထိုဓာတ်ပုံများကို ဓာတ်ပုံဆရာ၏မိတ်ဆွေဖြစ်သူ ဒါရိုက်တာက သတိပြုမိသွားကာ ယွင်ယွီဆီ ရောက်လာပြီး ဤနေရာ၌ ဓာတ်ပုံရိုက်ကူးခွင့်ပေးရန် မရမရ မေးလာသောကြောင့် ယွင်ယွီ သဘောတူခဲ့သည်။
ယွင်ယွီက ကျန်းကို ကြည့်လိုက်၏။ သူမသည် ဤဒါရိုက်တာကို မှတ်မိနေသေးသည်။ ကျန်းမင်ကလည်း သူမကို မှတ်မိကာ ရှေ့တစ်လှမ်းတိုးပြီး ပြောလိုက်သည်။ “မင်္ဂလာပါ မစ္စယွင်”
ယွင်ယွီသည် မက်မွန်ခြံနှင့် ချယ်ရီခြံ ပိုင်ရှင်မှန်း သူသိသော်ငြား အပန်းဖြေစခန်း၏ ပိုင်ရှင်ဖြစ်ကြောင်း သတိမပြုမိသေးသလို ဖုန်းရွှေပညာရှင်ဟူသော အထောက်အထားကိုလည်း ရှင်းရှင်းလင်းလင်း မသိပေ။
ကျန်းမင်က ဆက်ပြောလိုက်သည်။ “မုရီကျန်းက ကျွန်တော်တို့ သမိုင်းကြောင်းနောက်ခံ ဇာတ်လမ်းတွဲမှာ လူငယ် ပါဝင်သရုပ်ဆောင်မဲ့ လူငယ်သရုပ်ဆောင်ပါ”
ယွင်ယွီက ခေါင်းညိတ်လျက် မုရီကျန်းကို ပြောလိုက်သည်။ “ဒီကိုလာ”
သူမလေသံက အလွန်ညင်သာနေ၏။ မုရီကျန်းကလည်း လူသိများသည့် သရုပ်ဆောင်တစ်ယောက်ဖြစ်သော်ငြား တချို့သော အကြောင်းအရင်းကြောင့် ယွင်ယွီအသံစကားကို ကြားပြီးနောက် မနာခံဘဲမနေနိုင်ပေ။
မုရီကျန်းသည် ဝှီးချဲပေါ်ရှိ အစ်မလှလှလေးဆီလျှောက်သွားလိုက်သည်။
“မိန်းကလေး ဒီည မင်းဆီမှာ မကောင်းတာ တစ်ခုခု ဖြစ်လိမ့်မယ်”
207 02
ယွင်ယွီသည် လပေါင်းများစွာ သတိလစ် မေ့မျောနေသော်ငြား သူမကျင့်ကြံစဉ်မှုက ပိုကောင်းလာပြီး လူတို့၏မျက်နှာကို ကြည့်လိုက်ရုံနှင့် ကိစ္စရပ်များ ပိုမြင်လာနိုင်ကြောင်း သိလိုက်ရသည်။ ထိုမိန်းကလေး၏ သွေးသံရဲရဲကပ်ဘေးက ယနေ့နေ့ည၌ ဖြစ်ပွားမည်မှန်း မြင်နေရသည်။ အလွန်ပြင်းထန်လောက်၏။ သူမ မသေသော်ငြား သူမ လက်ကျန်ဘဝကို ထိခိုက်စေဖို့ လုံလောက်သည်။
မုရီကျန်းသည် ဆွံ့အသွားကာ ဝှီးချဲပေါ်ရှိ အစ်မလှလှ ပြောတာကို နားမလည်ပေ။
ယွင်ယွီသည် သူမနှင့် အဆက်အနွယ်တစ်ခုခု ရှိနိုင်သည်ဟု တွေးမိသည်။ ဆိုရလျှင် ဤမိန်းကလေးကို မြင်မြင်ချင်း သူမ နိုးလာတာဖြစ်၏။ သူမက ခဏတစ်ဖြုတ် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ကျေးဇူးပြုပြီး လက်ဆန့်ထုတ်လိုက်ပါ”
မုရီကျန်းက တုံ့ဆိုင်းနေသော်ငြား နောက်ဆုံးတွင် လက်ဆန့်ထုတ်လိုက်သည်။ သို့သော် သူမဘေးရှိ အေးဂျင့်နှင့် ကိုယ်ခံပညာနည်းပြက အနည်းငယ် စိတ်ပူနေသည်။ သူတို့ထဲမှ တစ်ယောက်သည် မုရီကျန်း၏ အေးဂျင့်ဖြစ်ပြီး ငယ်ငယ်ထဲက သူမနောက်လိုက်ခဲ့ကာ သူမဆွေမျိုးသားချင်းလည်း ဖြစ်သည်။ သူက ရိကျန်းကို ကလေးတစ်ယောက်ပမာ သဘောထား၏။ ဤအခြေအနေ၌ သူသည် သူမက စိတ်မနှံ့သည့် သူနှင့် တွေ့တာဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။
“ရီကျန်း တစိမ်း တွေပြောတာ မယုံနဲ့”
အေးဂျင့်က မပြောဘဲ မနေနိုင်တော့ပေ။
ယွင်ယွီက များများစားစား မပြောခဲ့ဘဲ သူမက ညာဘက်လက်ညှိုး၌ အပေါက်တစ်ပေါက် ဖြစ်ရန်အတွက် လက်သည်းကို သုံးလိုက်ပြီး သွေးစက် ထွက်လာသည်။ ပြီးနောက် သူမသည် မုရီကျန်း၏ လက်ဖဝါးပေါ်၌ အဆောင်တစ်ခု ရေးဆွဲရန် လက်ညှိုးကို သုံးလိုက်၏။ အဆောင်ပြီးသွားသောအခါ ရွှေရောင်အလင်း လှစ်ခနဲပေါ်လာသည်။
မုရီကျန်းက ယွင်ယွီနှင့် အနီးဆုံးဖြစ်ပြီး သူမလက်ဖဝါးပေါ်တွင် ယွင်ယွီက သွေးဖြင့် တစ်စုံတစ်ခုကို ရေးဆွဲနေတာ တွေ့လိုက်ရ၏။ အစ၌ သွေးကို ရှင်းရှင်းလင်းလင်း တွေ့ခဲ့သော်ငြား နောက်ဆုံး စုတ်ချက် ပြီးသွားသောအခါ ရွှေရောင်အလင်းလှစ်ခနဲ ပေါ်လာတာကို တွေ့လိုက်ရပြီး သူမလက်ဖဝါးပေါ်ရှိ သွေးက ပျောက်သွားပြီဖြစ်သည်။ သူမလက်ဖဝါးပေါ်၌ ဘာမှမရှိသည့်ဘက်မှ ကြည်လင်ရှင်းလင်းနေ၏။
အေးဂျင့်က အနည်းငယ် စိုးရိမ်ပူပန်သွားလေ၏။ “ရီကျန်း လက်ဖဝါးပေါ်မှာ ဘာတွေ ဆွဲထားတာလဲ”
သူမသည် သရုပ်ဆောင်လေး၏ လက်ဖဝါးကို အမြန်ဆွဲကြည့်လိုက်သော်ငြား မုရီကျန်း၏ လက်ဖဝါးပေါ်၌ ဘာမှမတွေ့ရပေ။ “ထူးဆန်းလိုက်တာ”
အေးဂျင့်သည် မပြောဘဲမနေနိုင်တော့ချေ။ သူမလက်ဖဝါးပေါ်၌ ဝှီးချဲပေါ်ရှိ မိန်းကလေးက လက်ညှိုးကို ဖြတ်ပြီး သရုပ်ဆောင်လေး၏ လက်ဖဝါးပေါ်၌ တစ်စုံတစ်ခု ရေးဆွဲလိုက်တာကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။
ယွင်ယွီက ရေးဆွဲပြီးနောက် လက်ဆန့်ထုတ်ကာ သူမလက်ကို ကိုင်လိုက်၏။ “ယွီစွေ ပြန်သွားရအောင်”
သူမက လပေါင်းများစွာ အိပ်စက်ခဲ့ကာ မူမူ၊ ချင်ယွီစွေနှင့် ယွင်မိသားစုကို အလွန်လွမ်းဆွတ်နေပြီဖြစ်သည်။ သူမ သူတို့ကို ပြောစရာများစွာရှိ၏။
“ဟုတ်ပြီ။ ပြန်သွားကြမယ်”
ချင်ယွီစွေသည် ဝှီးချဲကို တွန်းပြီး လှည့်ထွက်သွားတော့သည်။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် မုရီကျန်းသည် ကြောင်အမ်းမှင်တက်နေလျက် လက်ဖဝါးကို ကိုင်ထားသေးသည်။ ထိုကဲ့သို့သော အရာက တကယ်ထူးဆန်းသည်ဟု ခံစားမိ၏။
အေးဂျင့်က ပြောလိုက်သည်။ “ဟုတ်ပြီ ဟုတ်ပြီ အတွေးမလွန်နဲ့”
ဒါရိုက်တာ ကျန်းမင်ကလည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ယွင်ယွီ ဘာလုပ်ရန် ကြိုးစားမှန်းမသိပေ။ ယင်းက ထူးဆန်းလှပေ၏။
ယွင်ယွီကို ချင်ယွီစွေက ပြန်တွန်းလာသည်။ သူမ လပေါင်းများစွာ အိပ်စက်နေခဲ့သည်။ ချင်ယွီစွေက သူမခြေထောက်ကို နေ့တိုင်း နှိပ်ပေးသော်ငြား အချိန်ကြာမြင့်စွာ မလှုပ်ရှားမှုကြောင့် အနည်းငယ် တောင့်တင်းနေ၏။
207 03
အိမ်သို့ ပြန်လာပြီးနောက် ယွင်ယွီသည် ဝှီးချဲပေါ်မှ ထကာ သူမဘာသာ လမ်းနှစ်ခေါက် လျှောက်ခဲ့ပြီး သူမ အသားကျလို့ နေပါပြီဖြစ်သွားသည်။ ချင်ယွီစွေသည် သူမ ဧည့်ခန်းထဲ ဖြည်းဖြည်းချင်း လျှောက်သွားတာကို မြင်ပြီး ချင်ယွီစွေက ရှေ့သို့ တိုးကာ သူမကို နောက်မှ လှမ်းပွေ့လိုက်၏။ ယွင်ယွီက ရပ်တန့်သွားပြီး သူမကို ဖက်ထားခွင့် ပေးလိုက်သည်။ ယခုအခေါက်၌ သူ အလွန်လန့်သွားတာ ဖြစ်လောက်သည်။ ဤကဲ့သို့သော အမျိုးသားသည် အကြောင်းတရား ကင်းမဲ့ပြီး သူ၏ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးကိုတောင် စိုးရိမ်ပူပန်နေမှာ မဟုတ်ပေ။ သူသည် သူမနှင့် မတွေ့ခင်အထိ ဘာကို ကြောက်ရမည်မှန်း မသိခဲ့ပေ။ ယခုအခေါက်၌ သူတကယ် စိုးရိမ်နေခဲ့သည်။
ယွင်ယွီက လှည့်လာလျက် ခြေဖျားထောက်ကာ သူ၏ ပုခုံးနှင့် လည်တိုင်ကို တွဲဖက် လက်ဖက်လျက် အေးစက်စက် နှုတ်ခမ်းကို အနည်းငယ် နမ်းပြီးနောက် လူချင်းခွာထားလိုက်၏။ သို့သော်ငြား သူ့ကို ဖက်ထားသေးသည်။ သူမ စကားများများစားစား မပြောခဲ့ပေ။ ဤလူသည် သူမအလုပ်ကို အမြဲတစေ ပံ့ပိုးပေးခဲ့သည်။ သူသည် သူမအကြောင်းသိပြီး သူမကို နားလည်သဘောပေါက်၏။ ထို့ကြောင့် သူတို့နှစ်ယောက်သား ပြောစရာ စကားများများစားစား မလိုအပ်ခဲ့ချေ။ သူမသူ့ကို ကတိများများ မပေးနိုင်။ အကြောင်းမှာ သူမသည်လည်း နောင်ကျ ပိုများပြားသည့် အန္တရာယ်များ ကြုံရမလား မသိနိုင်သောကြောင့်ဖြစ်သည်။ သူမလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ကြိုးစားပမ်းစား လေ့ကျင့်ပြီး ပိုသန်မာလာအောင် လုပ်ဖို့ပဲဖြစ်သည်။ သူမ နောင်ကျ အန္တရာယ်များသည့် ရန်သူများနှင့် တွေ့ခဲ့လျှင်တောင် သူမအသက်ကို ကယ်တင်နိုင်ပြီး မိသားစုကို ကာကွယ်နိုင်လိမ့်မည်။
နှစ်ယောက်သားက ဆိုဖာပေါ်တွင် ထိုင်ပြီးနောက် ချင်ယွီစွေက မေးလိုက်၏။ “တစ်ခုခု စားချင်လား။ ဆန်ပြုတ်လေး လုပ်ပေးမယ်လေ”
သူမ သတိလစ်နေစဉ် ကာလအတွင်း သူမသည် ခန္ဓာကိုယ်က လိုအပ်သည့် အာဟာရများရရန် ဆေးပလင်း ချိတ်ခဲ့ရသည်။ စားသောက်ခြင်းသည် ခန္ဓာကိုယ်က လိုအပ်သည့် အာဟာရကို ဖြည့်ပေးတာရှိပြီး သူမစားလောင်မှုကို မတင်းတိမ်စေပေ။ သူမဗိုက်ဆာနေပြီဖြစ်သည်။
နှစ်ယောက်သား မီးဖိုချောင်သို့ အတူတူသွားလိုက်၏။ ချင်ယွီစွေက ဆန်ဆေးပြီး ဆန်ပြုတ်ချက်ထားစဉ် သူမက ဟင်းသီးဟင်းရွက်တချို့ ဆေးလိုက်၏။ ပြီးလျှင် ကြော်နိုင်သည်။ ၎င်းတို့သည် အပန်းဖြေစခန်းထဲမှ ခူးထားသည့် ဟင်းသီးဟင်းရွက်များဖြစ်သည်။ ဂေါ်ဖီထုပ်များက နူးညံ့ပြီး ချိုမြ၏။ မည်သည့်နည်းဖြင့် ကြော်စေကာမူ လတ်ဆက်ပြီး ချိုမြနေမှာပဲဖြစ်သည်။
ယွင်ယွီသည် သူမ နောက်ဆုံးစားခဲ့သည့် အိမ်ချက်ဟင်းလျာသည် လွန်ခဲ့သည့် လအနည်းငယ်ခန့်က ဖြစ်ကြောင်း အမှတ်ရသွားပြီး ထိုအရသာကို အလွန်လွမ်းဆွတ်သွားတော့သည်။
ဆန်ပြုတ်ကို အမြန်ချက်ပြီးသွားပြီဖြစ်ကာ တရုတ်ဂေါ်ဖီထုပ်ကိုလည်း ကြော်ပြီးပြီဖြစ်သည်။ ယွင်ယွီသည် ဆန်ပြုတ်တစ်ပန်းကန် စားပြီး ဂေါ်ဖီထုပ်ကြော်အားလုံး စားလိုက်ကာ ၃ပုံ၂ပုံခန့် ဗိုက်ပြည့်သွားပြီဖြစ်သည်။
သူတို့စားသောက်ပြီးနောက် အန်တီကျောင်းသည် မူမူနှင့် ပြန်လာပြီဖြစ်ကာ နှစ်ယောက်သားက လမ်းလျှောက်ထွက်သွားတာဖြစ်သည်။
မူမူက ဧည့်ခန်းတံခါးဝဆီ လျှောက်လာပြီး ယွင်ယွီထိုင်နေတာကို တွေ့လိုက်ရ၏။ ထိုကလေးသည် ခဏတောင် မှင်တက်သွားပြီး သူ့ရှေ့တွင် ရှိနေတာက သူ့၏ မိခင်ဖြစ်ကြောင်း သဘောပေါက်သွား၏။ သူ့မျက်လုံးထဲမှ မျက်ရည်များ စီးကျလာပြီး ယွင်ယွီဆီ ရောက်လာ၏။ လက်ရှိ၌ သူသည် လိမ်လိမ်မာမာလေး လျှောက်နိုင်သော်ငြား ပြေးချိန်၌ မငြိမ်သေးဘဲ အနည်းငယ် ရမ်းခါနေသည်။
ယွင်ယွီကလည်း မျက်ရည်ဝဲလာတော့သည်။ သူမ အမြန်ထရပ်လိုက်လျက် ခပ်မှန်မှန် ပြေးလာသည့် ကလေးငယ်လေးကို ထွေးပွေ့လိုက်သည်။ သူက ထိုကလေးကို ရင်ခွင်ထဲ ထွေးပွေ့ထားပြီး နမ်းလိုက်သည်။ “မူမူ လိမ်မာတဲ့ ကလေးလေး”
“မားမား” မူမူသည် ယွင်ယွီ၏ ရင်ခွင်ထဲ လဲနေကာ မျက်တောင်ရှည်၌ မျက်ရည်များ တွဲလဲခိုနေပြီး အလွန်သနားစဖွယ် ကောင်းနေတော့သည်။ ငယ်ကတည်းက ငိုတာရှား၏။ ဗိုက်ဆာလျှင်၊ ရေဆာလျှင်တောင် အသံနှစ်ချက်သာ မြည်သည်။ ယွင်ယွီသည် သူ့၏ ဤကဲ့သို့ ငိုကြွေးတာကို ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်သည်။
ယွင်ယွီသည် မူမူပါးပြင်မှ မျက်ရည်ကို သုတ်ပေးပြီး ညင်သာစွာ ပြောလိုက်တော့သည်။ “မားမား အဆင်ပြေတယ်”
မူမူသည် ယွင်ယွီ၏လည်မောင်းပေါ် အပ်ထား၏။ ယခုသော် သူ၏ မိခင်နိုးလာပြီမှန်း သိလိုက်၏။ သို့သော် ထွက်သွားမှာ စိုးရိမ်မိသည်။ ထို့ကြောင့် သူကြောက်လန့်နေကာ ယွင်ယွီ၏ ပုခုံးနှင့် လည်ပင်းကို တင်းကြပ်စွာ ဖက်ထားသည်။
207 04
အန်တီကျောင်းက ပြုံးပြီး ပြောလိုက်တော့သည်။ “ယွီအာ နောက်ဆုံးတော့ နိုးလာပြီ။ မူမူနဲ့ ခဏလောက် နေလိုက်ဦး။ သမီး အဘွားနဲ့အမေ့ကို သွားပြောလိုက်မယ်။ သူတို့ သမီးကို တွေးနေတာ”
ယွင်ယွီက ပြုံးလိုက်၏။ “မလိုတော့ဘူး အန်တီကျောင်း။ သမီး မူမူကို ခေါ်သွားလိုက်မယ်”
သူမနှင့် ချင်ယွီစွေသည် ယွင်မိသားစုခြံဝင်းဆီသို့ မူမူကို ခေါ်သွားသည်။ ယွင်မိသားစုဝင်များက ယွင်ယွီပေါ်လာတာကို မြင်သောအခါ ငိုမိလုနီးပါး ဖြစ်သွားသည်။
ယွင်လန်ကမူ သူမညီမလေး နိုးလာတာကို မြင်သောအခါ မျက်ရည်မထိန်းနိုင်တော့ပေ။ “ရှောင်ယွီအာ နောက်ဆုံးတော့ နိုးလာပြီပဲ”
“မမကို စိတ်ပူအောင် လုပ်ခဲ့မိတယ်”
“ဒီကလေးကတော့လေ”
အဘွားယွင်က ရင်နာနေသော်ငြား ကျန်သည့်စကား မပြောနိုင်ပေ။ သူမ၏ မြေးသမက်သည် ဖြစ်ခဲ့သမျှ အကြောင်းကို ပြောပြခဲ့ပြီးဖြစ်၏။ ယင်းသည် ကိစ္စကောင်းဖြစ်သည် သူမ မည်ကဲ့သို့ တားနိုင်မည်နည်း။ တားနိုင်မည်နည်းလည်း မရှိချေ။
ယွင်ယွီက ညင်သာစွာ ပြောလိုက်တော့သည်။ “အဘွား သမီးအခုအဆင်ပြေတယ်။ ဒါကို အဆိုးထဲက အကောင်းလို့ တွေးလို့ရတယ်။ သမီးရဲ့ ကျင့်ကြံမှု တော်တော်တိုးတက်လာပြီ”
“အင်း”
အဘွားယွင်က သက်ပြင်းချလိုက်၏။
“ရှိစေတော့ ရှိစေတော့။ ငါ့မြေးမလေး အဆင်ပြေနေသ၍ ရပြီ”
ရှိစေတော့ ရှိစေတော့။
ယွင်ယွီသည် ယွင်မိသားစုနှင့် နာရီဝက်ကျော် စကားပြောခဲ့၏။ ယွင်မိသားစုသည် သူမနိုးလာပြီးနောက် မငြီးငွေ့သာ ဖြစ်မှာကို စိတ်ပူ၏။ ထို့ကြောင့် သူမကို စောစောပြန်သွားပြီး နားခိုင်းလိုက်သည်။
အိမ်သို့ ပြန်လာပြီးနောက် ချင်ယွီစွေသည် ဆေးဘက်ဆိုင်ရာအဖွဲ့ကို လှမ်းခေါ်လိုက်လျက် ယွင်ယွီကို စစ်ဆေးခိုင်းလိုက်၏။ သူမ ကောင်းသွားပြီဖြစ်သည်။
ဆေးဝါးအသင်း ထွက်သွားပြီးနောက် ယွင်ယွီသည် မူမူကို ချော့သိပ်ပြီးနောက် သူမ သူငယ်ချင်းများသို့ သူမ နိုးလာပြီး အဆင်ပြေကြောင်း ပြောပြလိုက်၏။ လုံချီရှောင်က ဖုန်းဆက်လာချိန်တွင် သူ၏ ခယ်မမှ နိုးလာပြီဖြစ်ကြောင်း သိလိုက်ရသောအခါ စိတ်အေးသွားတော့သည်။ သူက ပြောလိုက်၏။ “မစ္စတာဟော့ကိစ္စကို ဖြေရှင်းပြီးပြီ။ သူ့ရဲ့တစ်ဦးထဲသောတပည့် ချင်နန်ချီက အလောင်းလာသိမ်းတယ်။ ဒီကောင်လေးက အတော်လေး တည်ငြိမ်တာ တွေ့ရတယ်။ မစ္စတာဟော့ပေါ် ဘယ်လို သဘောရှိလဲ နားမလည်နိုင်ဘူး။ ဟုတ်သား။ ပြောချင်တာ နောက်တစ်ခု ရှိသေးတယ်။ ဟယ်ရှန်းမြို့ ဗီလာဧရိယာထဲမှာ မင်းဖြိုခွဲလိုက်တဲ့ မကောင်းဆိုးဝါးဝိညာဉ် ဖျက်ဆီးခြင်း အစီအရင်လေ… ငါတို့ လုံမိသားစုဘိုးဘေးကို သတ်ခဲ့တဲ့ အစီအရင်ကို ဘယ်သူ တည်ဆောက်လဲ သိရပြီ”
ယွင်ယွီက တစ်စုံတစ်ခုကို ခန့်မှန်းမိသွားပြီး မေးလိုက်သည်။ “မစ္စတာဟော့ လုပ်တာလား”
လုံချီရှောင်က ဟမ့်ခနဲ အသံပြုလိုက်၏။ “မစ္စတာဟော့က သေပြီ။ ဒါပေမဲ့ သူ့ဆီကနေ ဘာသတင်းမှ မရနိုင်ဘူး။ ဒါပေမဲ့ သေချာသလောက်ပဲ။ ဖြစ်ရပ်နောက်ဆက်တွဲကို ဖြေရှင်းပြီးတဲ့အချိန် မြေပြင်ပေါ်မှာ သံလိုက်အိမ်မြှောင် အကြွင်းအကျန်တွေ အပိုင်းအစတွေ တွေ့ခဲ့ရတယ်။ အားလုံးကို စုပြီး ပေါင်းကြည့်လိုက်တော့ ဘိုးဘေးရဲ့ သံလိုက်အိမ်မြှောင် ဖြစ်နေတာ တွေ့လိုက်ရတယ်။ ဘိုးဘေးရဲ့ သံလိုက်အိမ်မြှောင် ကာကွယ်ရေး မှော်လက်နက်လေ။ ဘိုးဘေးကိုယ်တိုင် လုပ်ခဲ့တဲ့ မှော်လက်နက်ဖြစ်တာကြောင့် တစ်ခုတည်းပဲ ရနိုင်တယ်။ ဘိုးဘေးနဲ့ ရင်းနှီးတဲ့သူတွေက ဒါကို မှတ်မိကြတယ်။ ငါတို့ ဘိုးဘေးက မင်းဖြိုခွဲပေးခဲ့တဲ့ နေရာမှာ အသတ်ခံရပြီး သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံး ပျောက်သွားတာ။ အခု လူအိုကြီးဟော့ ဘေးမှာ ပြန်ပေါ်လာပြီဆိုတော့ အကြီးမားဆုံး သက်သေပဲ။ ဒါ့အပြင် ညီမကို ထိခိုက်စေခဲ့တဲ့ အင်အားကြီးတဲ့ ကျောက်စိမ်းအဆောင်ကလည်း ဘိုးဘေးဟာပဲ ဖြစ်လောက်တယ်။ အဲဒါ ကျောက်စိမ်း တိုက်ခိုက်ရေး ကျောက်စိမ်းအဆောင်။ တစ်ခုတည်းပဲ ရှိတာလေ။ တစ်ခါပဲ သုံးပြီးတာနဲ့ ပျောက်သွားတာ။ ဒီတော့ လူအိုကြီးဟော့က ငါတို့ ဘိုးဘေးကို သတ်ခဲ့တဲ့သူဖြစ်မယ်”
******
208 01
အပိုင်း 208
ယွင်ယွီသည် ထိုပစ္စည်းများကသာ လုံမိသားစု၏ဘိုးဘေး ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်နေလျှင် ဘိုးဘေးကို သတ်သည့်သူသည် မစ္စတာဟော့ ဖြစ်လောက်ပေ၏။ မဟုတ်လျှင် သူက စံအိမ်ထဲ၌ လုံမိသားစုကို တိုက်ခိုက်ချိန်၌ ထိုပစ္စည်းများကို အဘယ်ကြောင့် မသုံးရဲဘဲ နေမည်နည်း။ လုံမိသားစုဝင်များက ထိုပစ္စည်းများကို မှတ်မိသွားမှာ စိုးရိမ်သောကြောင့်ဆိုတာ သိသာနေ၏။
ကံကောင်းသည်မှာ မစ္စတာဟော့က သေသွားပြီဖြစ်ကာ မရှိတော့ပေ။ ယင်းက သူ့ဘိုးဘေးများအတွက် လက်စားချေမှုအဖြစ် သတ်မှတ်နိုင်သည်။
လုံမိသားစုဘိုးဘေးကလည်း ချင်ယွီစွေ၏ အဘွားဖြစ်သည်။ ထိုအကြောင်းကို သိရှိပြီးနောက် တိတ်ဆိတ်သွားလေ၏။
လုံဖုန်းကျွင်းက သက်ရှိထင်ရှားရှိစဉ်က သူ့ကို အကောင်းဆုံး ဆက်ဆံခဲ့သည်။ ဘိုးဘေး ဆုံးပါးသွားပြီးနောက် ရက်အနည်းငယ်အတွင်း သူ့ကိုယ်အလေးချိန်များစွာ ကျသွားသည်။
ဖုန်း၏တစ်ဖက်၌ လုံချီရှောင်က ထပ်ပြောလိုက်၏။ “မင်းအဆင်ပြေတာ ဝမ်းသာတယ်။ ကျင့်မိန်နဲ့ ငါ နောက်ရက်ကျ လာကြည့်မယ်”
“ဟုတ်ပါပြီ” ယွင်ယွီက ပြန်ပြောလိုက်၏။
လုံချီရှောင်နှင့် စကားအနည်းငယ် ပြောပြီးနောက် ယွင်ယွီသည် ဖုန်းချကာ ကိုယ်လက်သန့်စင်ပြီး ချင်ယွီစွေနှင့် အိပ်ရာဝင်လိုက်၏။
သူမ နိုးလာခါစဖြစ်ပြီး ချင်ယွီစွေကို ပြောစရာများစွာ ရှိနေသည်။ သူမ သူ့ရင်ခွင်ထဲ တိုးကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူကမူ သူမကို ထွေးပွေ့ထားလျက် သူ ဂရုတစိုက် နားထောင်ပြီးနောက် အိမ်တွင် လက်တလော ဖြစ်ခဲ့သမျှအားလုံးကို သူမဆီ ဖြည်းဖြည်းချင်း ပြောပြနေသည်။ သူက ပြောလိုက်လေ၏။ “ရွှီလန်ထင်းက ဒီကို မကြာခဏ လာပြီး ဒီမှာ နှစ်သစ်ကူးကာလ ဖြတ်သန်းသွားတယ်။ ကိုယ့်ရဲ့မရီးကို လိုက်နေတာနဲ့တူတယ်”
ယွင်ယွီသည် လွန်ခဲ့တဲ့နှစ်တုန်းက နှစ်ကူးကာလတိုင်း သတိပြုမိခဲ့ပြီးဖြစ်သောကြောင့် သိပ်မှန်အော်ခဲ့ပေ။ သူမအစ်မ၏ ချစ်မှုရေးရာသည် မက်မွန်ပွင့် ကပ်ဘေးအဖြစ် မပြောင်းလဲသွားသရွေ့ သူမဂရုစိုက်မှာမဟုတ်ဘဲ လွှတ်ထားမှာပဲဖြစ်သည်။ သူမအစ်မကြီးနှင့် ရွှီလန်ထင်း အောင်မြင်မှု ရှိမရှိက သူတို့ကံပေါ် မူတည်နေသည်။
သူတို့နှစ်ယောက် တူရှုရမည်။ သူတို့နှစ်ယောက် ပူးပေါင်းပါလာလျှင် ယွင်မိသားစုက သူတို့ကို ကာကွယ်ပေးလိမ့်မည်။ ယွင်ယွီသည် ယင်းသည် သူမကိစ္စမဟုတ်ဟု ခံစားမိသည်။ ရွှီလန်ထင်းက သူမအစ်မကို ဆက်ပြီး ကာကွယ်လိမ့်မည်။ သူသာ သူမအစ်မကို မကာကွယ်နိုင်ပါက ယုံကြည်ရန် ထိုက်တန်သူမဟုတ်ပေ။ သူမအစ်မက ယင်းကို ရှင်းရှင်းလင်းလင်း ဝေဖန်ပိုင်းခြားနိုင်မည်ဟု ယွင်ယွီ ခံစားမိသည်။
ယွင်မိသားစုသည် ချင်မိသားစု၏ အဘိုးကြီးကဲ့သို့ မဟုတ်တာ ဖြစ်လောက်သည်။ အားလုံးက မသေခင်မှ မရရပေ။ ပြောရလျှင် ယွင်ယွီက သူမအစ်မ၏ ခံစားချက်ကို ဤအတိုင်းသာ လွှတ်ထားဖို့ ပြင်ဆင်ထားသည်။ နှစ်ယောက်သား စကားစမြည် ပြောနေစဉ် ယွင်ယွီက အိပ်ပျော်သွားလေ၏။
နောက်နေ့မနက် သူမနိုးလာချိန်တွင် ခါတိုင်းလိုပင် လေ့ကျင့်နေ၏။ ပြီးနောက် မနက် ၇ နာရီတွင် မနက်စာစားရန် ချင်ယွီစွေနှင့် မီးဖိုချောင်သို့ သွားလိုက်သည်။
အန်တီကျောင်းက မူမူကို ဝတ်စားပြင်ဆင်ကာ ကိုယ်လက်သန့်စင်ပေးသည်။
မနက်စာစားပြီးနောက် ယွင်ယွီသည် အပန်းဖြေစခန်းနှင့် တောင်ပေါ်ရှိ သစ်သီးခြံသို့ သွားရန် ပြင်ဆင်ထားသည်။ လက်တလော၌ ပန်းပွင့်သည့်ရာသီ ရောက်ပြီဖြစ်ကာ ရှုခင်းက လှနေလိမ့်မည်။
သူမအိမ်မှ မထွက်ရသေးခင် တံခါးခေါက်သံ ကြားလိုက်ရ၏။ ယွင်ယွီက တစ်ချက်သွားကြည့်လိုက်ချိန်တွင် မနေ့ညက ညနေခင်း၌ သူမတွေ့ခဲ့သည့် သရုပ်ဆောင်လေး မုရီကျန်း ဖြစ်နေတာကို တွေ့လိုက်ရ၏။ သူမ ကောင်းကောင်းအနားမယူရသေးတာ ဖြစ်ဟန်တူသည် မျက်ခွင်းညိုနေ၏။ သူမ အေးဂျင့်နှင့် ဒါရိုက်တာ ကျန်းတုံကလည်း သူမနှင့် အတူပါလာသည်။
ယွင်ယွီသည် မုရီကျန်းကို တစ်ချက်ကြည့်လိုက်၏။ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ အနက်ရောင်စွမ်းအင်က အတော်လျော့ပါးသွားပြီဖြစ်၏။ ကပ်ဘေးမှ လွတ်မြောက်လာပုံပေါ်သည်။
“ဝင်လာခဲ့ပါ”
208 02
ယွင်ယွီက ပြောလိုက်သည်။
သူတို့သူမအိမ်သို့ လာရသည့် အကြောင်းအရင်းကို သိပြီးဖြစ်ဟန်တူသည်။ သူတို့က ကျေးဇူးတင်ကြောင်း ပြောဖို့ လာတာပဲဖြစ်မည်။
မုရီကျန်းက ခြံဝင်းထဲ ယွင်ယွီနောက်မှ လိုက်လာပြီး စကားတစ်ခွန်းမှ မပြောရဲချေ။ သူမ အေးဂျင့်က လက်ထဲ၌ လက်ဆောင်ကိုင်ထားပြီး လေးစားရိုကျိုးနေပုံပေါ်၏။
ဒါရိုက်တာကျန်းတုံကလည်း သတိထားလျက် လေးစားစွာ ကြည့်နေသည်။
သူတို့ ဧည့်ခန်းထဲသို့ ရောက်သည့်အချိန်၌ အန်တီကျောင်းက ဧည့်သည်များ ရှိနေတာကို မြင်ပြီး မူမူကို အပြင်ထွက်ကစားရန် ခေါ်သွားသည်။ ချင်ယွီစွေက လက်ဖက်ရည်အနည်းငယ် ငှဲ့ထည့်ပေးပြီးနောက် ယွင်ယွီအား လူတိုင်းကို ဆိုဖာပေါ်တွင် ထိုင်ရန် ဖိတ်ခိုင်းလိုက်တော့သည်။
သုံးယောက်သား ထိုင်ပြီးနောက် မုရီကျန်းက ပြောလိုက်၏။ “အစ်မယွင် မနေ့တုန်းက ကိစ္စအတွက် ကျေးဇူးတင်ပါတယ်။ မနေ့တုန်းက လက်ဖဝါးပေါ်မှာ တစ်ခုခုမဆွဲပေးခဲ့ရင် သေအောင် ဖိကြေခံရလောက်တယ်”
သူမ အေးဂျင့်သည် စားပွဲပေါ်သို့ လက်ဆောင်ကို အမြန်တင်လိုက်လျက် တလေးတစား ပြောလိုက်သည်။ “ဆရာသခင် မနေ့တုန်းက ကိစ္စအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ မျက်စိကန်းပြီး မနေ့တုန်းက ကြမ်းတမ်းတာတွေ ပြောခဲ့မိတယ်။ တကယ်တောင်းပန်ပါတယ်”
“ရပါတယ်” ယွင်ယွီက အလေးမထားဘဲ “မနေ့တုန်းက မတော်တဆ တစ်ခုခုဖြစ်ခဲ့တာလား”
“ဟုတ်တယ်”
မုရီကျန်းသည် မနေ့ညက ရုပ်ရှင်ရိုက်ကူးနေစဉ် ကာလ ကြုံတွေ့ခဲ့ရသည့် မတော်တဆမှုကို ပြန်စဉ်းစားမိသည်။ ယခုသူမ တွေးကြည့်ချိန်၌ မျက်နှာဖြူဖျော့သွားတော့သည်။
မနေ့ညက သူတို့အိမ်ပြန်ပြီး နာရီဝက်ခန့် အနားယူပြီးနောက် ရုပ်ရှင်စရိုက်ကူးတော့သည်။ ညနေခင်းတွင် ရိုက်ရမည့် ရိုက်ကွက်သည် သူမမြင်း၏ကျောပေါ်မှ ပြုတ်ကျဖို့လိုအပ်သည်။ အထောက်အကူပြု ပစ္စည်းများစွာရှိပြီး မြေပြင်ပေါ်တွင် မြက်ခင်းများနှင့် အတူထူထပ်သည့် ကော်ဇော ကတ္တီပါကော်ဇော ခင်းထားသောကြောင့် ပြဿနာမရှိပေ။ ထို့အပြင် သူမသည် မြင်း၏ကျောပေါ်မှ တိုက်ရိုက် ပြုတ်ကျမှာမဟုတ်ဘဲ မြေပြင်ပေါ် ပြုတ်ကျပြီး နှစ်ပတ်လှိမ့်လိုက်ရုံသာ လိုအပ်၏။
အစ၌ ဘာဘာမှားယွင်းတာမရှိ။ သူမ ချောချောမွေ့မွေ့ နှစ်ပတ်လှိမ့်သွားသည်။
သူမှ နောက်ထပ်မြင်ကွင်း နောက်ထပ်ရိုက်ကွက်က မြင်း၏ကျောပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာရရမှာဖြစ်သည်။ ၎င်းက သူမ၏ သရုပ်ဆောင်စွမ်းရည်ကို စမ်းသပ်တာဖြစ်ပြီး သူမသရုပ်ဆောင်စွမ်းရည်၌ ပြဿနာမရှိပေ။ မြင်းပေါ်မှ ပြုတ်ကျသည့် နာကျင်မှုကို သူမမျက်နှာထက်၌ ရှင်းရှင်းလင်းလင်း မြင်ရသည်။ သို့သော် လူများထံမှ အထိတ်တလန့် အော်သံကို ရုတ်တရက် ကြားလိုက်ရပြီး သူမ အေးဂျင့်အော်တာကို ကြားလိုက်ရ၏။ “ကျန်းကျန်း ဂရုစိုက်”
မုရီကျန်းသည် အလိုလိုမော့ကြည့်လိုက်မိရာ လေးထဲတွင် ချိတ်ဆွဲထားသော စက်ရုံတစ်ခုက ရုတ်တရက် ပြုတ်ကျပြီး သူမပေါ် တည့်တည့်ကျလာ၏။
သူမသည် ကိုယ်ခံပညာ မသိပေ။ ထိုအခိုက်အတန့်တွင် သာမန်လူတစ်ယောက်အဖို့ လေးထဲမှ ပြုတ်ကျလာသည့် လေးလံသော အရာဝတ္ထုကို ရှောင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပေ။ သူမ၏ အလိုလိုသိစိတ်က ၎င်းကို ရှောင်ရန် လက်မြှောက်လိုက်ရန် ဖြစ်သည်။
ထိုစဉ်က မုရီကျန်း၏ စိတ်သည် ဗလာကျင်းသွား၏။ သူမခေါင်းကို ကာရန် လက်ကို အလိုလို မြှောက်လိုက်မိသည်။ လေးလံသော အရာဝတ္ထုသည် သူမ၏ ခေါင်းကို ချက်ချင်းထိမိသွားသော်ငြား နာကျင်မှုကို မခံစားခဲ့ရပေ။ သူမမျက်လုံး ဖွင့်ကြည့်လိုက်ချိန်၌ ဧရာမစက်ပစ္စည်းသည် သူမနှင့် တစ်မီတာကျော်အကွာ ရောက်နေတာ တွေ့လိုက်ရ၏။
မုရီကျန်းက မှင်တက်သွားတော့သည်။ သူမက ထိုပစ္စည်း သူမခေါင်းတည့်တည့်သို့ ပြုတ်ကျလာတာကို ခံစားမိသည်။ အဘယ်ကြောင့် တစ်မီတာအကွာသို့ ရုတ်တရက် ပြုတ်ကျသွားသနည်း။
208 03
ပတ်ဝန်းကျင်က တိတ်ဆိတ်သွား၏။ ဒါရိုက်တာ သရုပ်ဆောင်များအားလုံးနှင့် ဝန်ထမ်းများအားလုံးသည် မုရီကျန်းကို ကြောင်အမ်းစွာ ကြည့်နေကြပြီး သူတို့မျက်နှာထက်တွင် မယုံနိုင်သည့် အမူအရာ ပေါ်လာ၏။
မုရီကျန်းသည် မြေပြင်ပေါ်မှ ချက်ချင်းထလိုက်လျက် ဒါရိုက်တာဆီ လျှောက်သွားကာ မေးလိုက်တော့သည်။ “ဒါရိုက်တာကြီး ဘာတွေဖြစ်ကုန်တာလဲ”
ကျန်းတုံသည် အသိစိတ်ပြန်ကပ်လာကာ မုရီကျန်းကို အထိတ်တလန့် ကြည့်လိုက်ပြီး အစောတုန်းက ဖြစ်ခဲ့သမျှကို ပြန်ပြောလိုက်၏။ သို့တော့မှ မုရီကျန်းသည် သူမလက်မြှောက်လိုက်ပြီး မျက်လုံးဖွင့်လိုက်ချိန်တွင် စက်ပစ္စည်း ပြုတ်ကျလာတာကို တွေ့လိုက်ရ၏။ ထိုစက်ပစ္စည်းသည် သူမခေါင်းထက်တောင် ပိုကြီးပြီး သူမလက်ဖဝါးနှင့် လက်မအနည်းငယ်မျှသာ ကွာတော့သည့် အချိန်တွင် တစ်စုံတစ်ခုကြောင့် ရုတ်တရက် တွန်းထုတ်ခံလိုက်ရပြီး ဘေးသို့ လိမ့်ကျသွားကာ ဘေးသို့ ကျသွားကာ နှစ်ချက်ခန့် လှိမ့်ပြီးနောက် မုရီကျန်းနှင့် တစ်မီတာကျော်အကွာသို့ ကျသွား၏။
မုရီကျန်းက မှင်တက်သွားတော့သည်။ ရုတ်တရက်မရှိသည့် အရာမှန်း သူမသိလိုက်၏။ ယင်းက မဖြစ်နိုင်ပေ။ လေးလံသော ပစ္စည်းများ ပြုတ်ကျလာချိန်၌ တည့်တည့်ကျရမည်။ သူတို့ဘေးကို ချိုးသွားဖို့က မဖြစ်နိုင်။
ထိုဖြစ်ရပ် ထိုဖြစ်စဉ်ပစ္စည်းသည် သူမပေါ် ပြုတ်ကျလာချိန်တွင် မမြင်ရသော အားကြောင့် ရုတ်တရက် တွန်းထုတ်ခံလိုက်ရတာ သိသာ၏။
“ဘာ ဘာတွေဖြစ်နေတာလဲ”
မုရီကျန်းကလည်း စိတ်ရှုပ်ထွေးသွားသည်။
သူပြောပြီးချိန်၌ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ ညနေခင်း၌ ဝှီးချဲပေါ်ရှိ မိန်းကလေးက သူမ သေဘေးနား တတ်နိုင်ကြောင်း ပြောခဲ့ပြီး သူမ၏ လက်ဖဝါးပေါ်တွင် သွေးဖြင့် တစ်စုံတစ်ခုကို ရေးဆွဲပေးခဲ့သည်။ လက်ရှိအခြေအနေကို တွေးမိပြီးနောက် မုရီကျန်းသည် ရုတ်တရက် သဘောပေါက်သွားတော့သည်။ ကျန်းတုံသည်လည်း ထိုအကြောင်းကို တွေးမိသွားတာ ဖြစ်ဟန်တူ၏။ သူက သတိထား ပြောလိုက်လေ၏။ “ရီကျန်းက ထိတ်လန့်သွားတာ။ ဒီည ဆက်ပြီး ရိုက်ကူးဖို့ မသင့်တော်ဘူး။ နားလိုက်ကြရအောင်။ အားလုံးပဲ ပြန်သွားပြီး အနားယူလိုက်။ ဒီည ဖြစ်ခဲ့တာကို မပြောနဲ့ သတင်းထောက်တွေ မသိစေနဲ့။ ဆေးစစ်ဖို့ ရီကျန်းကို ဆေးရုံခေါ်သွားလိုက်မယ်။ အဖြစ်အပျက်ကို သိရအောင် ကင်မရာကိုလည်း စစ်လိုက်မယ်ဂ
မတော်တဆဖြစ်စေ တစ်စုံတစ်ရာက တမင်တကာလုပ်တာဖြစ်စေ သိရအောင် စစ်ရပေမည်။ သို့သော် ကျန်းတုံသည် သူ့ရင်ထဲ၌သိနေလေကာ ဤကိစ္စသည် မတော်တဆသာ ဖြစ်ရပေမည်။ လူတိုင်းက မုရီကျန်းကို နှစ်သက်၏။ သူမသည် ဤနေရာရှိ ကလေးတစ်ယောက်သာ ဖြစ်လေသည်။ သူမသည် ရုပ်ရှင် အဖွဲ့သားများနှင့် အဆင်ပြေလေသည်။ သူမကို မကောင်းကြံဖို့ဆိုတာ မဖြစ်နိုင်သလောက်ပေ။
ပွင့်ပွင့်လင်းလင်းဆိုရပါက အကျိုးအမြတ်လည်း မရှိပေ။ မုရီကျန်းက ငယ်ရွယ်သေးပြီး ရင်းမြစ်အကန့်အသတ်လည်း ရှိသည့် ကလေးသရုပ်ဆောင် တစ်ယောက်ဖြစ်သည်။ လက်ရှိသရုပ်ဆောင်များနှင့်လည်း ပဋိပက္ခဖြစ်ပွားခြင်း မရှိပေ။ ထို့ကြောင့် ဘာမှ လုပ်ဖို့မလိုအပ်ပေ။
ရုပ်ရှင်အဖွဲ့သားများ ထွက်ခွာသွားပြီးနောက် ကျန်းတုံက ဆေးရုံ၌ဆေးစစ်ပေးရန် တစ်စုံတစ်ယောက်ကို ခေါ်သွားခိုင်းလိုက်၏။
သူမ ဒဏ်ရာမရသောကြောင့် အပန်းဖြေစခန်းသို့ ပြန်လာသည်။
ကျန်းတုံသည် မုရီကျန်းကို ပြန်ပို့ချိန်၌ သူတို့သည် မတော်တဆမှုသည် လူလုပ်တာမဟုတ်ဘဲ ဝက်အူများ ချောင်ကျလာခြင်းကြောင့် ဖြစ်မှန်း သိလိုက်ရ၏။
ကျန်းတုံသည် များများစားစား မပြောဘဲ လူတိုင်းကို ပြန်သွားပြီး အနားယူခိုင်းလိုက်၏။ မုရီကျန်းနှင့် သူမအေးဂျင့်ကို ခေါ်ကာ အခန်းထဲသို့ ခေါ်ကာ ဤကိစ္စကို ဆွေးနွေးလိုက်သည်။
သူတို့သုံးယောက်သည် ယခုအခေါက်၌ မုရီကျန်း အမှန်တကယ် ပြဿနာတက်ကြောင်း သိလေသည်။ ညနေခင်းတုန်းက တွေ့ခဲ့သည့် မိန်းကလေးက ပညာရှင်ဖြစ်ရမည်။ မုရီကျန်း အခက်တွေ့မှာကို မြင်သဖြင့် ကူညီပေးခဲ့တာဖြစ်မည်။
ကျန်းတုံက ပြောလိုက်၏။ “ရီကျန်း အခုအဆင်ပြေသွားပြီ။ အတွေးမများနဲ့ ပြန်သွားပြီး နားလိုက်ဦး။ မနက်ဖြန်ကျ မစ္စယွင်ရဲ့ အခြေအနေအကြောင်း မေးလိုက်မယ်။ ပြီးရင် ကျေးဇူးတင်စကား ပြောဖို့ သူ့အိမ်သွားကြမယ်လေ”
208 04
ရုပ်ရှင်အဖွဲ့သားများသည် အလွန်အလုပ်များနေကာ အခြားသူများ၏ အခြေအနေကို မမေးကြချေ။ ထို့ကြောင့် မည်သူကမှ ယွင်ယွီ၏ အထောက်အထားကို မသိချေ။
ထိုအကြောင်း မနက်ခင်း၌ နိုးလာချိန်တွင် ကျန်းတုံက ယွင်ယွီ၏ အခြေအနေအကြောင်း ရွာသူရွာသားအချို့ကို မေးလိုက်သည်။
ရွာသူရွာသားများသည် ယွင်မိသားစုအကြောင်းကို သာမန်ကာလျှံကာ ပြောလေ့မရှိပေ။ သို့သော် တစ်စုံတစ်ယောက်က မေးလာချိန်၌သာ သူတို့က ရှင်းပြမည်ဖြစ်ကာ ယွင်ယွီသည် ဖုန်းရွှေပညာရှင်တစ်ယောက်ဖြစ်ကြောင်းနှင့် ရွာကို ကူညီပေးခဲ့သူဖြစ်ကြောင်း၊ ရွာသူရွာသားများက သူမကို အလွန်လေးစားကြောင်း ကျန်းတုံကို ပြောပြလိုက်သည်။
ကျန်းတုံက နောက်ဆုံး၌ နားလည်သွားလေ၏။ ထို့ကြောင့် သူတို့သည် မုရီကျန်း၏အေးဂျင့်ကို လက်ဆောင်ဝယ်ခိုင်းကာ သူတို့သုံးယောက်သားသည် ကျေးဇူးတင်စကား ပြောရန်အတွက် ရောက်လာတာပဲဖြစ်သည်။
အဖြစ်အပျက် သိလိုက်ရပြီးနောက် ယွင်ယွီသည် မုရီကျန်းကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။ “စိတ်မပူနဲ့။ ဒါက သမီးဘဝမှာ ကြုံရမယ့် အရာပဲ။ ဒါကို လွန်သွားရင် အဆင်ပြေသွားပြီ။ စိတ်ပူနေသေးရင် နောင်ကျ ကုသိုလ်ကောင်းမှုများများလုပ်”
ဤမိန်းကလေး၏ မျက်နှာ၌ မှားယွင်းနေတာမရှိဘဲ နောင်ကျ သူမ ချောမောစွာ ရွက်လွှင့်နိုင်လိမ့်မည်။ သူမမျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး သူမက နာမည်ကျော်ကြားရန် ကံပါလာပြီးသားဖြစ်သည်။
သို့သော်ငြား ယွင်ယွီသည် မိန်းကလေးကို ထပ်မပြောပြခဲ့ပေ။ မိမိ၏ ကံကြမ္မာကို သိထားခြင်းက ကောင်းမွန်လေ့ရှိ ကိစ္စမဟုတ်ပေ။ ဘဝသည် အတွေ့အကြုံများကို ဖြည်းဖြည်းချင်း ကြုံတွေ့ခံစားရမည်။
သူတို့ ခဏတစ်ဖြုတ် စကားပြောပြီးနောက် အဖန်ရေသောက်လိုက်၏။ မုရီကျန်းသည် ယွင်ယွီကို ကျေးဇူးတင်စကား ထပ်ပြောပြီးနောက် သုံးယောက်သား ထွက်သွားတော့သည်။
ရုပ်ရှင်အဖွဲ့သားများက နေ့လည်၌ ရိုက်စရာရှိသေးပြီး သူတို့ မနေ့ညတုန်းက အခန်းကို ပြန်ရိုက်ရဦးမည်။ ထို့ကြောင့် သူတို့သည် ညဘက်ထိတိုင် ရိုက်ရလိမ့်မည်။
သုံးယောက်သား ထွက်သွားပြီးနောက် ယွင်ယွီသည် လေ့ကျင့်ပြီး လေ့ကျင့်ရုံမှအပ လေ့ကျင့်ပြီး သူမမိသားစုနှင့် အချိန်ကုန်သည်မှအပ ဘာမှမလုပ်ခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်း တစ်ပတ်တာ ကုန်လွန်သွား၏။ လုံချီရှောင်နှင့် လုံမောင်နှမနှစ်ယောက်၊ စုန့်ချင်းမင်၊ ယွီရှောင်ရှောင်၊ချင်ဝမ်ရူတို့ကလည်း ယွင်ယွီဆီသို့ လာလည်ကြသည်။ သူမအဆင်ပြေနေကြောင်း ကိုယ်တိုင်မမြင်တွေ့ရခင်အထိ သူတို့ စိတ်မအေးနိုင်ကြပေ။
ယနေ့ ဤနေရာသို့ လူများစွာ ရောက်လာသဖြင့် အိမ်၌ ချက်ပြုတ်ပါက နောက်ကျသွားလိမ့်မည်။ ထို့ကြောင့် ညနေခင်း၌ ယွင်ယွီသည် အပန်းဖြေစခန်းမှ အစားအသောက်များ မှာယူပြီး ပို့ခိုင်းခဲ့သည်။ မနှစ်တုန်းက ချက်ထားသည့် သစ်သီးဝိုင်ကိုလည်း ဖွင့်လိုက်ပြီဖြစ်သည်။ အဆင်သင့် သောက်သုံးနိုင်ပြီဖြစ်၏။ ယွင်ယွီက ပုလင်းတချို့ သယ်လာသည်။
ညနေစာစားပြီးနောက် လူတိုင်းက ဧည့်ခန်းထဲ ထိုင်ကာ စကားပြောနေလေ၏။ သူတို့ မစ္စတာဟော့အကြောင်း ပြောချိန်၌ ယွင်ယွီသည် အမြဲတစေ စိတ်မသက်မသာဖြစ်ပြီး မမေးဘဲမနေနိုင်တော့ပေ။ “မစ္စတာဟော့က ဒီကိစ္စတွေကို ထိန်းချုပ်ထားတာဟုတ်လား။ သူတော်စင်သားတော်က တကယ် မစ္စတာဟော့ လား”
လုံချီရှောင်က ပြောလိုက်၏။ “ရှောင်ယွီအာ ဘာကို စိတ်ပူနေသေးတာလဲ။ မစ္စတာဟော့က သူတော်စင်သားတော်ဖြစ်လောက်တယ်။ မင်းကို ဆေးရုံပို့ပြီးတော့ အထူးဌာနက နောက်ဆက်တွဲ ဖြေရှင်းတဲ့အချိန် မစ္စတာဟော့စံအိမ်ရဲ့ မြေအောက်ခန်းထဲမှာ ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုး တွေ့ခဲ့ရတယ်။ မစ္စတာဟော့ လွတ်မြောက်သွားပြီးတော့ သူက ငါတို့ကို တိုက်ခိုက်ဖို့နဲ့ သူထွက်ပြေးနိုင်အောင်လို့ အဲ့ဒီမကောင်းဆိုးဝါးဝိညာဉ်တွေကို လွှတ်ဖို့အတွက် မြေအောက်ခန်းထဲက ဝိညာဉ်ချိန်းကြိုးလေးကို ဖြတ်တောက်ခဲ့တာ။ ဝိညာဉ်ချိန်းကြိုးကို အကြိမ်အနည်းငယ်ပဲ တွေ့ဖူးတာ။ ပြီးခဲ့တဲ့ အခေါက် ရုပ်လွန်ပညာ နည်းနောဖလှယ်ပွဲက နောက်ဆုံးတစ်ခေါက် စမ်းမေးပွဲထဲက အသက်ရှင် သရဲခြောက်ခံရတဲ့ အိမ်မှာလေ။ ပြီးတော့ မင်းရဲ့မြို့က ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးနှစ်ယောက်ကို ခြေရာခံဖို့ နတ်မျက်စိဖွင့်တဲ့အချိန်… ဒါတွေက သူတော်စင်သားတော်နဲ့ သက်ဆိုင်နေတယ်။ နောက်ဆုံး ဝိညာဉ်ချိန်းကြိုး ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုး ခြေရာလက်ရာတွေ့ရတယ်။ တွေ့ရတဲ့ဟာက မစ္စတာဟော့ရဲ့စံအိမ်ထဲမှာပဲ။ စုစုပေါင်း သုံးကြိမ်။ ဒါတွေက တိုက်ဆိုင်တာ မဖြစ်လောက်ဘူး။ ဒါကြောင့် မစ္စတာဟော့က ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးကို သန့်စင်ထားပြီး သူက သူတော်စင်သားတော်ဖြစ်ရမယ်”
******