အခန်း (၂၁၁-၂၁၂)
Vol. 22 Ch. 211-212
အပိုင်း 211
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လုံမိသားစု ဘိုးဘေးသည် သူတို့ကို အသေးစိတ်ရှင်းပြခဲ့ကာ ပြောရန်လိုအပ်သည့် အားလုံးကို ပြောပြခဲ့၏။ ပြီးနောက် သူတို့က ပြောလာသည်။ "နှစ်ရက်အတွင်း အဘွားသွားတော့မယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြ။ မူမူကိုလည်း ဂရုစိုက်"
လုံဖုန်းကျွင်းသည် လက်မလွှတ်နိုင်သည့်သူမျိုး မဟုတ်ပေ။ သူမက ဆုံးဖြတ်ချက်ပြတ်သားရန် လိုအပ်သည့်အချိန်၌ အလွန်ပြတ်သားသည်။ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့ပြီးနောက် သူမ လက်လွှတ်ခဲ့ပြီးတာ ကြာပြီဖြစ်သည်။ သူမကို ဟော့ချုံယွဲ့နှင့် ချင်နန်ချီ သတ်ခဲ့တာကို သိသည့်တိုင် သူမ ဒေါသမထွက်ဘဲ စိတ်က တည်ငြိမ်နေ၏။
ထို့အပြင် သူမက လက်ကျန်အခြေအနေကို ကူညီနိုင်တာ ဘာမှမရှိ။ ထို့ကြောင့် သူမ ဆက်နေ၍ အကျိုးမထူးပေ။
ချင်ယွီစွေနှင့် လုံချီရှောင်ကလည်း ဘိုးဘေး၏ အကျင့်စရိုက်ကို သိ၏။ သူတို့ သူမကို နောက်ဆုံးတစ်ခေါက် တွေ့ခွင့်ရသည်ကပင် တော်နေပြီဖြစ်သည်။
၎င်းကို တည်ငြိမ်စွာ လက်ခံရမည်။
လုံဖုန်းကျွင်းသည် ကျန်သည့်လုံမိသားစုဝင်များကို တွေ့လိုစိတ်မရှိသော်ငြား သူမ မထွက်ခွာမီ ဗိုလ်ချုပ်လုံကို သွားတွေ့ခဲ့လေ၏။ ဗိုလ်ချုပ်လုံက အနားယူရန် ဟယ်ချင်းကျေးရွာ၌ နေရစ်လေ၏။ သူမ၏ သားအကြီးဆုံးသည် သူမ ဟယ်ချင်းကျေးရွာသို့ ရောက်လာခဲ့ကြောင်း သိလျှင် ပြဿနာရှာမှာကို စိုးရိမ်၏။ ထို့ကြောင့် သူမ မသွားခင် ရက်အထိ ဗိုလ်ချုပ်လုံကို သွားမတွေ့ခဲ့ပေ။
ဗိုလ်ချုပ်လုံသည် အသက်ကြီးပြီဖြစ်သော်ငြား ကလေးဆန်၏။ ယွီစွေနှင့် ကျန်သည့်သူများကဲ့သို့ မဟုတ်ပေ။ လုံဖုန်းကျွင်းကို တွေ့ပြီးနောက် သူက မျက်ရည်များ ကျလာတော့သည်။
လုံဖုန်းကျွင်းက ကူကယ်ရာမဲ့စွာ ပြောလိုက်လေ၏။ "ငိုတာရပ်တော့ ငါသွားသေတာမဟုတ်ဘူး။ မင်းက ငါ့ရဲ့သားကြီးပဲ။ ရုပ်လွန်ပညာကို မလေ့လာခဲ့ရင်တောင် အရာအားလုံးက အဆုံးသတ်မဟုတ်ဘဲ ဘဝသစ်စတင်တာဆိုတာ သိသားနဲ့။ မသေသေးသရွေ့ ဝိညာဉ်နဲ့ ခန္ဓာခွဲခွာတာအဖြစ် သတ်မှတ်လို့မရဘူး"
ဗိုလ်ချုပ်လုံသည် သူ့အမေပြောတာမှန်မှန်း သိနေသောကြောင့် အငိုတိတ်သွားတော့သည်။
လုံဖုန်းကျွင်းသည် သူ့သားကြီးကို စည်းကမ်းအတင်းကျပ်ဆုံး ဖြစ်ခဲ့သည်။ သားအမိ ခွဲခွာရမည့် အချိန်တွင်တောင် ရင်းနှီးနေခြင်းမရှိပေ။ သူတို့က အနီးကပ်နေခြင်းမရှိ။ သူတို့က ခဏတစ်ဖြုတ်စကားပြောပြီးနောက် သူမသားကြီးအား ကိစ္စရပ်များစွာ ပြောခဲ့သည်။ လူငယ်မျိုးဆက်ကို ဂရုစိုက်ရန်နှင့် အနိုင်ကျင့်ခွင့်မပြုရန် ပြောခဲ့၏။ သေခြင်းရှင်ခြင်း ခွဲခွာရခြင်းကို သိပ်အလေးမထားဖို့လည်း မှာကြားခဲ့သည်။ ဆိုရလျှင် ဗိုလ်ချုပ်လုံသည် သန်မာသော လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူသည် ခံစားချက်များကို ဖြည်းဖြည်းချင်း လက်လွှတ်နိုင်သည်။
ဒီတော့မှ လုံဖုန်းကျွင်း ထွက်သွားလေ၏။
နောက်တစ်နေ့တွင် လုံဖုန်းကျွင်းက ထွက်သွားပြီး မြေအောက်လောက၌ ဘဝသစ်တစ်ခု စတင်ရန် သွားလိုက်သည်။
သူမအဖို့ ယင်းသည် ဘဝသစ်စတင်ပြီး ကောင်းမွန်သည့် အရာအားလုံး၏ အစဖြစ်သည်။ ဤဘဝနှင့် လုံးဝမတူညီသည့် အနေအထားဖြစ်သော်ငြား အံ့ဩဖွယ်ကောင်းလှပေ၏။
လုံဖုန်းကျွင်း ထွက်သွားပြီးနောက် လုံချီရှောင်က မြို့တော်သို့ မပြန်သေးချေ။ ချင်နန်ချီကို မည်သို့ဖြေရှင်းရမည်ကို ယွင်ယွီနှင့် ဆွေးနွေးနေသေး၏။ လုံဖုန်းကျွင်းကို သူသတ်ခဲ့ကြောင်း သက်သေမရှိပေ။ ထို့ကြောင့် သူ့ကို အားသုံးဖမ်းဆီးဖို့က မဖြစ်နိုင်ပေ။ ဖမ်းခဲ့လျှင်တောင် ချင်နန်ချီ၏ ကျင့်ကြံမှုက လူအိုကြီးဟော့ထက် မလျော့ပေ။ ဖြေရှင်းရန် ခက်ခဲလိမ့်မည်။ လူအိုကြီးဟော့ကို ဖြေရှင်းရန်အတွက် ယွင်ယွီသည် လပေါင်းများစွာ သတိလစ်သွားပြီး လွန်ခဲ့သည့် လအနည်းငယ်ခန့်ကမှ နိုးလာ၏။ သူ အဆင်အချင်မဲ့ မလှုပ်ရှားရဲချေ။
သို့သော် သူတို့နှစ်ယောက်က ဘာမှမတွေးနိုင်ဖြစ်နေသည်။ ဘိုးဘေး လုံဖုန်းကျွင်း ထွက်သွားပြီး နေ့လည်ခင်း၌ မြို့တော်မှ လုံချီချန်းသည် လုံချီရှောင်ကို ဆက်သွယ်လာလျက် အလွန်စိုးရိမ်ပူပန်နေသော လေသံဖြင့် ပြောလိုက်၏။ "အစ်ကို ကျေးဇူးပြုပြီး မြန်မြန်ပြန်လာပါဦး။ ကိစ္စတစ်ခုခု ဖြစ်သွားလို့"
211 02
လုံချီရှောင်က မေးလိုက်၏။ "ဘာဖြစ်တာလဲ"
လုံချီချန်းက ပြောသည်။ "အင်မတန်သန်မာတဲ့ မကောင်းဆိုးဝါးအရှိန်အဝါက မြို့တော်ထဲမှာ ရုတ်တရက် ပေါ်လာတယ်။ အထက်အရာရှိတွေက အဲ့ဒီနေရာကို သွားစစ်ဆေးခဲ့တယ်။ ကွေ့ယွမ်ဂိုဏ်းခေါင်းဆောင်၊ ဖုန်းလန်တောင်အိုဘုရားကျောင်းရဲ့ ဘုရားကျောင်းသခင်နဲ့ ကျွန်တော့်ရဲ့အဒေါ် အဲဒီကို သွားတာ။ ဒီမနက်သွားပေမယ့် ဘာသတင်းမှ မရသေးဘူး။ မကောင်းဆိုးဝါးအရှိန်အဝါက အားကောင်းလွန်းလို့ သာမန်လူတွေ အနားမကပ်နိုင်ဘူး"
ယွင်ယွီနှင့် ချင်ယွီစွေသည် ထိုစကားကို ကြားပြီးနောက် လေးနက်တည်ကြည်သွားလေ၏။
လုံချီရှောင်က မေးလိုက်သည်။ "မကောင်းဆိုးဝါးဝိညာဉ်က ဘယ်မှာပေါ်လာတာလဲ"
လုံချီချန်းက ပြောလိုက်၏။ "ပြတိုက်ဘေးက ထျန်းလူနန်းတော်ဘက်မှာ"
နှစ်နေရာလုံးသည် မြို့တော်၏ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် နေရာဖြစ်သည်။ ပြတိုက်၌ လာရောက်လည်ပတ်သူ အများ အမြဲတစေရှိ၏။ သို့သော်ငြား ထျန်းလူနန်းတော်ကမူ လာရောက်လည်ပတ်သူ နည်းသည်။
ယွင်ယွီသည် ထျန်းလူနန်းတော်ဖြစ်ကြောင်း ကြားလိုက်ရချိန်၌ သူမမျက်မှောင်ကြုတ်မိသွားလေ၏။ သူမသည် ထျန်းလူနန်းတော်ကို ယခင်က ရောက်ခဲ့ဖူး၏။ သူမ ချင်ယွီစွေနှင့် လက်မထပ်စဉ်က မူလခန္ဓာအတွက် သူမ လက်စားချေပေးရန် မြို့တော်သို့ သွားခဲ့သည်။ ထိုစဉ်က သူမ ချင်ယွီစွေနှင့် လက်တွဲရန် ဆုံးဖြတ်ချက် ချခဲ့ပြီးဖြစ်သည်။ သူမတို့ အချိန်ရှိလာချိန်၌ တစ်ခေါက်ထပ်သွားဖို့ ဆုံးဖြတ်ထားခဲ့၏။ ထိုနေရာသည် သူတို့ ပထမဆုံး ချိန်းတွေ့ခဲ့ရာနေရာလည်းဖြစ်သည်။
ထျန်းလူနန်းတော်ကို မည်သူရွေးချယ်ခဲ့သနည်း။ သူမ မင်းသမီး ဖုယွီဖြစ်စဉ်က ဝေ့မင်းဆက်သည် တော်ဝင်မြို့တော်၌ တည်ရှိနေခဲ့လေ၏။
သူမက ထျန်းလူနန်းတော်သို့ ရောက်ခဲ့စဉ်က ထိုနေရာ၌ နှစ်ပေါင်း ၂၀၀၀ နီးပါး ပေါက်ရောက်နေသော ဂျင်ကိုပင်က ရှိကြောင်း ချင်ယွီစွေထံမှ သိခဲ့ရ၏။ သူမထိုနေရာသို့ သွားချိန်၌ ဂျင်ကိုပင်သည် သူမနန်းတော်ရှေ့၌ ရှိနေခဲ့သည့် ဂျင်ကိုပင်နှင့် တစ်ထပ်တည်းဖြစ်ကြောင်း သိလိုက်ရသည်။ ပြီးတော့မှ ထျန်းလူနန်းတော်၏ ယခင်နေရာသည် ဝေ့မင်းဆက်၏ တော်ဝင်နန်းတော်ဖြစ်ကြောင်း သဘောပေါက်သွားသည်။
ဂျင်ကိုပင် ရှိရာနေရာသည် သူမ ယခင်အိပ်ခန်းဆောင်ရှေ့ရှိ နေရာပဲဖြစ်သည်။
သူမက ဂျင်ကိုပင်နှင့်တောင် ဆက်သွယ်ခဲ့ပြီး ၎င်းကို ဂရုဏာသက်ခဲ့လေ၏။ သူမ ၎င်းကို မျှဝေခံစားနိုင်ခဲ့သည်။ အကြောင်းမှာ သူမသည် ဝိညာဉ်စွမ်းရည်တချို့ လောင်းခဲ့သောကြောင့်ဖြစ်သည်။ မျှဝေခံစားမှုမှ သူမသည် အရပ်မြင့်မြင့်၊ သူရဲကောင်းဆန်သည့် လူတစ်ယောက်သည် လေးလံသော ချပ်ဝတ်များ ဝတ်ထားတာ တွေ့လိုက်ရ၏။ ထိုရဲမက်သည် သူမကို စစ်သူကြီးကုဟု ခေါ်သည်။ သူမှ မတော်တဆ သေဆုံးသွားပြီးနောက် ဟန်တို့က ကျူးကျော်လာ၏။ စစ်သူကြီးကုကမူ စစ်မြေပြင်သို့ သွားကာ ရန်သူကို သတ်ဖြတ်ခဲ့၏။ သို့သော်ငြား သူမသေလွန်ပြီး နှစ်လအကြာ၌ သူသည် ဂုဏ်ပြုဆု စစ်သူကြီးအဖြစ် အသိအမှတ်ပြုခံရသည်။ ဖုယွီ သေဆုံးပြီးနောက် သူသည် သူမအတွက် လောကကို ကာကွယ်ပေးခဲ့ကာ မင်းဆက်ကို ကာကွယ်ပေးပြီး သူမ၏ ဖခင်၊ မိခင်တို့ကို ကာကွယ်ပေးလျက်မူလတိုင်းပြည်ကို ကာကွယ်ပေးခဲ့သည်။
သို့သော် သူမ သက်ရှိထင်ရှားရှိစဉ်က ကုမျိုးရိုးဖြင့် လူကို မသိခဲ့ပေ။ ထိုစဉ်က ထိုကုစစ်သူကြီးသည် မည်သူဖြစ်မည်လဲဟုတောင် တွေးမိခဲ့သေး၏။
ထိုမျှဝေခံစားမှုကနေ သူမ၏ ကိုယ်ပိုင်သက်တော်စောင့်ဖြစ်သည့် မင်းသား ရှန်လုလီက သူမနှင့်အတူ နဂါးသွေးကြောဆီ လိုက်ပါပြီး အစီအရင်တည်ဆောက်ခဲ့တာကို တွေ့ခဲ့ရ၏။ အစီအရင်ကို တည်ဆောက်ကာ အသက်စတေးခဲ့သည်။ မထင်မှတ်ထားဘဲ သူမသေလွန်ပြီးမကြာမှီ၌ သူသေဆုံးခဲ့သည်။
ထိုစဉ်က သူမ၏ မိဘများက သူမအသက် ၂၀ ပြည့်စဉ်၌ ရှန်လူလီအား သူမနှင့် လက်ဆက်ပေးမည်ဟု ဆိုခဲ့သည်။ သူမ ကန့်ကွက်ခဲ့ခြင်း မရှိပေ။ ရှန်လူလီသည် သူမငယ်ရွယ်စဉ်ထဲက သူမဘေး၌ ရှိနေခဲ့တာဖြစ်၏။ သူမကို သူနှစ်သက်ကြောင်းလည်း သိသည်။ ထို့ကြောင့် သူမ ခံစားချက် ပေါက်ဖွားမှုကတည်းက သူမအတွက် သူမဖခင်နှင့် မိခင်သည် ကြင်ယာတော်တစ်ပါး ရွေးချယ်ပေးနိုင်သည်ဟုသာ တွေးခဲ့သည်။ ယခုမှသာ အချစ်သည် ဖိအားပေး၍ မရကြောင်း သိခဲ့လေ၏။
သို့သော်ငြား မျှဝေခံစားမှုထဲတွင် တွေ့ကြုံခဲ့ရသည့် ဆန်းကြယ်သော စစ်သူကြီးကုနှင့် ရှန်လူလီတို့က အတိတ်ဘဝမှ အသွင်အပြင်သာ မှတ်ယူထားခဲ့သည်။ သူမ လက်လွတ်ခဲ့ပြီးတာ ကြာပြီဖြစ်သည်။
211 03
မတော်တဆ ဖြစ်ခဲ့ပြီးရာနေရာသည် ထျန်းလူနန်းတော်နေရာတွင် ဖြစ်ပြီး ယခင်က ဝေ့မင်းဆက်၏နန်းတော်ရှိရာနေရာဖြစ်သည်။ သူမ မကောင်းသည့် ခံစားချက် အမြဲတစေရခဲ့သည်။
လုံချီရှောင်က ဖြတ်ပြောလိုက်၏။ "ဟုတ်ပြီ။ အထူးဌာနကို အရင်ဆုံး စုံစမ်းစစ်ဆေးခိုင်းလိုက်။ သတိလက်လွတ် မသွားနဲ့။ ငါပြန်လာတာ စောင့်ေနေ"
ဖုန်းချပြီးနောက် လုံချီရှောင်က သူ့ပစ္စည်းတွေ ထုတ်ဖို့ ပြင်ဆင်လိုက်သည်။ "ယွီစွေ၊ ရှောင်ယွီအာ၊ မြို့တော်မှာ တစ်ခုခုဖြစ်သွားလို့။ ငါပြန်သွားရမယ်"
ယွင်ယွီကလည်း ထရပ်ပြီး ပြောလိုက်သည်။ "ကျွန်မလည်း တစ်ချက်သွားကြည့်မယ်"
“လွန်ခဲ့သည့် လအနည်းငယ်ကမှ ပြန်ကောင်းလာတာ။ အိမ်မှာ ကောင်းကောင်းနားပါဦး။ မြို့တော်မှာ ငါတစ်ယောက်ပဲ ရှိတာမဟုတ်ဘူး။ ဒီမှာ တခြားလူတွေ ရှိသေးတယ်။ ကိစ္စရပ်တွေက"
သူပြောတာ မပြီးသေးခင် လုံချီရှောင်၏ဖုန်းက မြည်လာပြန်၏။ ဖုန်းကို တစ်ချက်ကြည့်ပြီး ဖြေလိုက်သည်။ တစ်ဖက်က မည်သည်ကို ပြောလိုက်မှန်းမသိ။ ယွင်ယွီကို တစ်ချက်ကြည့်ပြီးနောက် ဖုန်းထဲရှိ လူကို ပြန်ပြောလိုက်သည်။ "ဟုတ်ပြီ။"
ဖုန်းချပြီးနောက် သူသည် ယွင်ယွီကို စကားတစ်ခွန်းမှ မပြောဘဲ ကြည့်လိုက်၏။
ယွင်ယွီက မရယ်ဘဲမနေနိုင်တော့ပေ။ "နေဦး ညီမ အထုပ်ပြင်လိုက်ဦးမယ်။"
သူ့အထက်မှ လူသည် ဆက်သွယ်လာတာ ဖြစ်ရမည်။ သူမက မစ္စတာဟော့ကို ဖြေရှင်းခဲ့လျှင် အထက်အရာရှိများက သူမခွန်အားကို သိလိမ့်မည်။ ထို့ကြောင့် သူမကို ဆက်သွယ်လာမှာ သေချာ၏။
လုံချီရှောင်က ကူကယ်ရာမဲ့နေသည်။ ချင်ယွီစွေက ယွင်ယွီကို အပေါ်ထပ်ခေါ်သွားကာ ပြောလိုက်၏။ “ ပစ္စည်းတွေကို ထုတ်ပေးမယ်”
သူမ တစ်ယောက်ထဲသွားလျှင် စိတ်ပူနေမှာ သေချာ၏။ ထို့ကြောင့် အတူတူ သွားတာကောင်းသည်။
ခရီးဆောင်အိတ်ကို အမြန် ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။ လုံချီရှောင်က သူတို့၃ယောက်စာ လက်မှတ် မှာလိုက်၏။
ယွင်ယွီနှင့် ချင်ယွီစွေသည် မူမူကို နှုတ်ဆက်စကားပြောသည်။ ထိုကောင်ငယ်လေးသည် သူ့မိဘများ သွားတော့မည်မှန်း သိနေ၏။ သူသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူတို့လက်များကို ကိုင်ထားကာ ကလေးသံလေးဖြင့် ပြောလိုက်၏။ “ပါးပါး မားမား ဘေးကင်းကင်းနဲ့ ပြန်လာရမယ်နော်”
“အင်းပါ ပါးပါးနဲ့ မားမားလည်း ဘေးကင်းကင်းနဲ့ ပြန်လာမယ်လို့ ကတိပေးတယ်”
သူတို့ ဟယ်ရှန်းမြို့သို့ ရောက်ချိန်၌ ယွင်ယွီသည် မြို့ရှိ ဘန်းမုန့်ဆိုင်သို့ သွားကာ သူမှာ အမေနှင့် အဘွားကို နှုတ်ဆက် စကား ပြောခဲ့သည်။
သူတို့ နှစ်ယောက်သည် သူမှာ ထွက်သွားတော့မည်မှန်း သိချိန်၌ တိတ်ဆိတ်သွား၏။ နောက်ဆုံး၌ အဘွားက ပြောလိုက်သည်။ “ဒါဆို ဂရုစိုက်။ ဘေးကင်းအောင်နေ။ အဘွားက သမီး ပြန်လာမှာ စောင့်နေမယ်”
“ဟုတ်ကဲ့။”
သုံးယောက်သား ဟယ်ရှန်းမြို့မှ ထွက်သွားပြီး မြို့သို့ ရောက်ချိန်၌ မြို့တော်သို့ သွားရန် လေယာဉ် စီးလိုက်၏။
သူတို့ မြို့တော်သို့ ရောက်ချိန်၌ ည မိုးချုပ်နေပြီ ဖြစ်သည်။ မှောင်နေပြီ ဖြစ်သောကြောင့် သုံးယောက်သားသည် ထျန်းလူနန်းတော်ဆီသို့ တန်းသွားလိုက်သည်။ သူတို့တောင် မရောက်သေးခင် ယွင်ယွီက ထိုနေရာ၌ အင်မတန် အားကောင်းသည့် မကောင်းဆိုးဝါး အငွေ့အသက်ကို တွေ့သွားသည်။ လုံချီချန်း လိမ်နေတာ မဟုတ်ပေ။ ယွင်ယွီ နှစ်ဘဝလုံး၌ မြင်ဖူးသမျှထဲ အားအကောင်းဆုံး မကောင်းဆိုးဝါး အငွေ့အသက် ဖြစ်သည်။ အနက်ရောင် တိမ်ဆိုင် တိမ်လွှာများပမာ တလှိမ့်လှိမ့်တက်လာ၏။ အထဲသို့ မဝင်သေးခင်တွင်တောင် ကျောချမ်းမှုကို ခံစားနေရသည်။
သာမန်လူတို့သည် ယင်းကို သေချာပေါက် ခံနိုင်ရည် ရှိမှာ မဟုတ်ပေ။
211 04
သူတို့ သုံးယောက်က ကားပေါ်မှ ဆင်းပြီးသည်နှင့် ထျန်းလူနန်းတော်နားရှိ အဆောက်အအုံ၏ ခေါင်မိုးတွင် ရပ်ကာ လှမ်းကြည့်လိုက်သည်။ ယွင်ယွီ၏ မျက်နှာ မည်းမှောင်သွားတော့သည်။ “ဒီက မကောင်းဆိုးဝါး အငွေ့အသက်က ပြင်းထန်လွန်းတယ်။ အထဲမှာ အစီအရင်တွေ ရှိတယ်။ အပြင်ဘက် အကျဆုံးက စိတ်လှည့်စားမှု အစီအရင်ပဲ။ ဝင်သွားဖို့ မလွယ်ဘူး။”
'ဘယ်သူ လုပ်တာလဲ။ ဒါမှမဟုတ် ဝေ့မင်းဆက်ရဲ့ နန်းမြို့တော် တည်ရှိခဲ့ရာ နေရာမလား။ ဒါက ဝေ့မင်းဆက်နဲ့ တစ်ခုခု ဆက်နွယ်မှု ရှိနေတာလား။'
လုံချီရှောင်၏ မျက်နှာကလည်း လေးနက်တည်ကြည်သွားသည်။ “ဒေါ်လေးနဲ့ တခြားသူတွေ အထဲ ဝင်သွားပြီးတော့ ထွက်မလာသေးဘူး။”
“ငါတို့ရော”
လုံချီရှောင်က ပြောလိုက်သည်။ “အရင်ဆုံး ပြန်သွားကြရအောင်။ အလျင်စလို သွားလို့ မရဘူး။ ရှောင်ရှောင်နဲ့ ဝမ်ရူတို့က ဒီကို မနက်ဖြန် ရောက်လာမယ်။ ပြီးရင် ဆွေးနွေးကြမယ်။”
သုံးယောက်သား အထူးဌာနသို့ ပြန်သွားပြီး ညစာ စားလိုက်သည်။ အထူးဌာနကလည်း အချိန် ပိုဆင်းခဲ့သည်။ ဆွေးနွေး ညှိနှိုင်းပြီးနောက် သူတို့ အထဲသို့ မဝင်ဘဲ အစီအရင်ကို ရှာကာ အစီအရင် မျက်လုံးကို ရှာမတွေ့လျှင် မကောင်းဆိုးဝါး ဝိညာဉ်များကို ဖြေရှင်းနိုင်မှာ မဟုတ်မှန်း သိလိုက်သည်။ ပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းက အထဲရှိ အစီအရင်ကို ဖြိုခွင်းရန်ပဲ ဖြစ်သည်။
မနက်ဖြန် သေချာပေါက် သွားမည်။
နောက်တစ်နေ့တွင် ယွီရှောင်ရှောင်နှင့် ချန်ဝမ်ရူတို့က တခြားမြို့မှ အလျင်စလို ရောက်လာပြီး သူတို့က ခရီးပန်းနေပုံ ပေါ်၏။
ထို့အပြင် မစ္စတာဟော့ကို ရင်ဆိုင်တိုက်ခိုက်ရာ၌ ပါဝင်ခဲ့သည့် ရွှမ်းမန်မှ လူငယ် အားလုံးနီးပါး ဤနေရာသို့ ရောက်နေသည်။ ယွင်ယွီသည် ယခင်က ရုပ်လွန်ပညာ နှီးနှောဖလှယ်ပွဲ၌ သူတို့ကို တွေ့ခဲ့ဖူး၏။ ထို့ကြောင့် သူတို့ အားလုံး အသိအကျွမ်းများ ဖြစ်သည်။
ဂိုဏ်းခေါင်းဆောင် ကျန်းယူကျန့်နှင့် သူ၏ အထူးချွန်ဆုံး တပည့် ချွေးထျန်းယီ အပါအဝင် အခြားသော နေရာမှ မော့ရှန်းဂိုဏ်းတောင် ရောက်လာသည်။ သူတို့ အားလုံးက ယွင်ယွီ သိထားပြီးသား လူများ ဖြစ်သည်။ မကြာမီ၌ သူတို့သည် ထျန်းလူနန်းတော်၏ ပင်မ ဂိတ်သို့ ရောက်လာ၏။ ဘေးတံခါးက ခရိုင်ပြတိုက်ဘက်က နီးကပ်လွန်းသောကြောင့် ပိတ်ထားတာ ကြာပြီ ဖြစ်သည်။ အနား၌ ခရီးသွားများ မရှိ။ လူတိုင်းက လေးနက်တည်ကြည်သော အမူအရာဖြင့် ဝေ့တက်နေသော မကောင်းဆိုးဝါး အငွေ့အသက်ကို ကြည့်နေကြသည်။
စကား ပြောလိုက်သူက မော့ရှန်း ဂိုဏ်းချုပ် ကျန်းယူကျန့် ဖြစ်သည်။ “မနေ့က စပြီး လုံမိသားစု ခေါင်းဆောင်၊ ကွေ့ယွမ်ဂိုဏ်း ခေါင်းဆောင်နဲ့ ဖုန်းလေ့ကွမ်း တာအိုကျောင်းရဲ့ ဘုရားကျောင်းသခင်တို့ အထဲ ဝင်သွားတယ်။ သတင်း မရသေးဘူး။ အခု လုပ်ဖို့ လိုတာက အစီအရင် အလယ်မှ တွေ့ဆုံပြီး ဖြိုခွင်းဖို့ပဲ။ ဒီမကောင်းဆိုးဝါး အငွေ့အသက်က ဒီတော့မှ ဖြည်းဖြည်းချင်း လျော့ပါးသွားမှာ”
အလုပ်ထက် အပြောက လွယ်ကူပေ၏။ ဤမျှ များပြားသော မကောင်းဆိုးဝါး အငွေ့အသက်များဖြင့် အထဲ၌ မည်ကဲ့သို့သော အစီအရင် ရှိမည် ဆိုတာ မည်သူက သိမည်နည်း။
စိတ်လှည့်စားမှု အစီအရင်လည်း ရှိနေသေးကာ အစီအရင် အတွင်း၌ အစီအရင် တစ်ခု ရှိသည်။ အစီအရင်ထဲသို့ ရောက်မရောက် မသိရပေ။
ကျန်းယူကျန့်က ဆက်ပြောလိုက်သည်။ “အခု လူတွေ အဖွဲ့ဖွဲ့ပြီး ဝင်ကြဦးနော်။ လက်ကောက်ဝတ်မှာ ချည်ထားပြီး အစီအရင်ထဲ အတူဝင်ရအောင်။”
ဤနေရာ၌ အမည်မသိ အန္တရာယ် များစွာ ရှိသည်။ ထို့ကြောင့် တစ်ယောက်တည်း လှုပ်ရှားတာက သေချာပေါက် ဉာဏ်ရှိသည့် လုပ်ရပ် မဟုတ်ပေ။ မတော်တဆ အန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက် အုပ်စုဖွဲ့ လှုပ်ရှားရမည်။
လူတိုင်းက ထိုစကားကို ကြားသောအခါ အစီအစဉ်တကျ အဖွဲ့ ခွဲလိုက်၏။ ယွင်ယွီ၊ ချင်ယွီစွေ၊ ရှောင်ရှောင်၊ ဝမ်ရူနှင့် လုံဝမ့်ရင်းတို့၊ ဖုန်းလိုင် ဘုရားကျောင်းမှ လုယွမ်တို့က အဖွဲ့ဖွဲ့လိုက်၏။
ယွင်ယွီသည် သူမှာ ရေးဆွဲထားသည့် အမျိုးမျိုးသော အဆောင်များကို လူတိုင်းဆီ ဖြန့်ဖြူးပေးခဲ့သည်။ အားလုံးနီးပါးက သူမ၏အရည်အချင်းကို သိထားသဖြင့် မအံ့ဩခဲ့ပေ။ သို့သော် သူမ အဆောင်ကို ရပြီးနောက် လူတိုင်းက သူမကို ကျေးဇူးတင်စကား ပြောခဲ့လေ၏။
******
212 01
အပိုင်း 212
အပြင်ထွက်ချိန်တိုင်း၌ သူနှင့်အတူ ယွင်ချူးဓားကို အမြဲတစေ သယ်လာသည်။ ကျန်သည့်သူများက ဤဓားကို အသုံးပြုနိုင်ချေ။ အကြောင်းမှာ သူ့၌ ဝိညာဉ်သိစိတ်ရှိနေပြီး ယွင်ယွီကို သခင်အဖြစ် အသိအမှတ်ပြုထားသောကြောင့် ဖြစ်သည်။
လူတိုင်းက သူတို့၏ လက်ကောက်ဝတ်၌ ကြိုးနီများ ချည်နှောင်ထားပြီး ယွင်ယွီပေးသည့် အဆောင်များ ဝတ်ဆင်ထား၏။ သူတို့က ရွှမ်းမန်လောကထဲရှိ လက်ရွေးစင်များ ဖြစ်သည်။ ထို့ကြောင့် မကောင်းဆိုးဝါးဝိညာဉ်များကို ရင်ဆိုင်နိုင်သေး၏။
လူပေါင်းများစွာသည် ထျန်းလူနန်းတော် ရှိရာဆီသို့ အတူတကွ ဝင်သွား၏။ ထူထဲလှသော မကောင်းဆိုးဝါး အငွေ့အသက်သည် သူတို့ကို ချက်ချင်း လွှမ်းခြုံလာတော့သည်။ ချက်ချင်းနီးပါး သူတို့နားရှိ လူတို့၏ အရိပ်ကို မမြင်နိုင်တော့ပေ။ ယွင်ယွီနှင့် ချင်ယွီစွေ၏ လက်ကောက်ဝတ်ပေါ်၌ ကြိုးနီများ ရှိသော်ငြား သူတို့ လက်ကိုင်ထားသေး၏။
ယွင်ယွီက သူမ၏ မျက်လုံးကို တန်းဖွင့်လိုက်သည်။ ဤစိတ်လှည့်စားမှု အစီအရင်သည် သူမကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ သူမသည် စိတ်လှည့်စားမှု အစီအရင်၏ အစီအရင်မျက်လုံး၏ တည်နေရာတိုင်းကို မြင်တွေ့နေရသည်။ သို့သော် ဤအစီအရင်မျက်လုံးကို မကောင်းဆိုးဝါးဝိညာဉ်များဖြင့် ဖွဲ့ထားတာ ဖြစ်သည်။
ထို့အပြင် စိတ်လှည့်စားမှု အစီအရင်က ကြီးမားလွန်းပြီး ထျန်းလူနန်းတော် အပျက်အစီးနယ်မြေ တစ်ခုလုံးနီးပါးကို လွှမ်းခြုံထား၏။ သူမ အစီအရင်မျက်လုံးကို ဖြည်းဖြည်းချင်း ဖြိုခွင်းရလိမ့်မည်။ ထို့အပြင် အစီအရင်အတွင်း၌ အစီအရင်ရှိနေ၏။ အထဲရှိ အစီအရင်ကို အသက်သွင်းမိမှာ စိုးရိမ်သောကြောင့် အဆင်အခြင်မဲ့ မလှုပ်ရှားရဲချေ။
စိတ်လှည့်စားမှု အစီအရင်ထဲ၌ လူများလွန်းပြီး သတိမဲ့မှုက အားလုံးအတွက် အန္တရာယ်များစေနိုင်၏။
ယခုအချိန်၌ သူမလုပ်နိုင်သည့် တစ်ခုတည်းသော အရာက သူမ၏ လူများကို အစီအရင် အတွင်းသို့ ခေါ်သွားပြီး စိတ်လှည့်စားမှု အစီအရင်၌ မည်ကဲ့သို့သော အစီအရင်ရှိကြောင်း ကြည့်ရနမ်ပဲ ဖြစ်သည်။
အစ၌ ယွီရှောင်ရှောင်နှင့် ဝမ်ရူတို့က ပြောနေသေးသည်။ သို့သော် ၁၀ မိနစ်ခန့် အကြာ၌ သူတို့စကားပြောရပ်သွား၏။ ယွင်ယွီက လှမ်းမခေါ်ဘဲ မနေနိုင်တော့ပေ။ " ရှောင်ရှောင်၊ ဝမ်ရူ... "။
ပြန်ထူးသံ မကြားရပေ။ ယွင်ယွီက သူမလက်တစ်ဖက်ကို ထိလိုက်ရာ ထိုလူနှစ်ယောက်သည် အသံမကြားဘဲ ပျောက်သွားတာ တွေ့လိုက်ရ၏။ အသံမရှိ လုယွင်တောင် တိတ်နေသည်။
ယွင်ယွီက ချင်ယွီစွေ၏ လက်ကို တင်းကျပ်စွာ ကိုင်ထားပြီး ပြောလိုက်သည်။ " ရှောင်ရှောင်၊ ဝမ်ရူနဲ့ တခြားသူတွေ ပျောက်နေတယ်”
သူမ ပြန်ကြည့်လိုက်ချိန်တွင် ချင်ယွီစွေ၏ လက်ကို ကိုင်ပြီး ပြန်လျှောက်လာရာ နောက်ဆုံး၌ သစ်ပင်ကြီးတစ်ပင်အောက်၌ လူသုံးယောက်ကို တွေ့သွားသည်။ မြင်ကွင်းက မရှင်းလင်းပေ။ ယွင်ယွီက စောင့်ကြောင့်ထိုင်ကာ သူတို့ကို ထိလိုက်၏။ သူတို့ အသက်ရှင်နေသေးသော်ငြား သတိလစ်နေ၏။ သူတို့က ဤကဲ့သို့ အားကောင်းသည့် မကောင်းဆိုးဝါး အငွေ့အသက်ကို ခံနိုင်ရည် မရှိပေ။
ယွင်ယွီက အနည်းငယ် စိတ်ပူသွား၏။ "... သူတို့ သတိလစ်သွားတာ" သူမသည် သူတို့ကို ဤနေရာ၌ ထားခဲ့ရမှာ စိတ်ပူ၏။ ထို့ကြောင့် လက်ညှိုးကိုကိုက်ကာ နဖူးပေါ်၌ သွေးဖြင့် အဆောင်တစ်ခု ရေးဆွဲပေးလိုက်သည်။ ယင်းက သူတို့အား မကောင်းဆိုးဝါးဝိညာဉ်များကို ယာယီခုခံပေးနိုင်အောင် ကူညီပေးပြီး သူတို့ခန္ဓာကိုယ်ထဲ ၎င်းတို့ မကျူးကျော်အောင် ကာကွယ်ပေးနိုင်၏။
"... သွားကြရအောင်... " ယွင်ယွီက ပြောလိုက်၏။
ယခုအချိန်တွင် နောက်ပြန်ဆုတ်၍ အကျိုးမထူးပေ။ သူမက အထဲ၌ မည်သူရှိကြောင်းနှင့် သူတို့မည်သည်ကို လုပ်ရန် ကြိုးစားနေကြောင်းလည်း သိချင်သည်။
"...ဟုတ်ပြီ... " ချင်ယွီစွေက သူမ၏ နူးညံ့သော လက်ကလေးကို တင်းကျပ်စွာ ကိုင်ထားလိုက်၏။
သူမသည် နာရီဝက်ကျော်ကြာအောင် အထဲသို့ ဆက်သွားလိုက်သည်။ အံ့ဩဖွယ် ကောင်းလောက်အောင်ပင် သူမ အထဲသို့ ဝင်လာစဉ် မကောင်းဆိုးဝါး အငွေ့အသက် လျော့ပါးသွားပြီး မြင်ကွင်းက တဖြည်းဖြည်းချင်း ကြည်လင်လာ၏။ ယွင်ယွီသည် သူမ၏ ယခင်အိပ်ခန်းသို့ ရောက်လာကြောင်း သဘောပေါက်သွား၏။ ယင်းက ရှေးဟောင်း ဂျင်ကိုပင်ရှေ့၌ ရှိနေသည်။ သူမ နှလုံးခုန်နှုန်း မြန်လာတော့သည်။
212 02
စိတ်လှည့်စားခြင်း အစီအရင် အတွင်းရှိ အစီအရင်က သိပ်မကြီးမားသော်ငြား သူမအိပ်ခန်းလည်း ပါနေ၏။ သူမသည် အစီအရင်မျက်စိတိုင်း၏ တည်နေရာနှင့် အစီအရင် တည်ဆောက်ပုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော်ငြား မည်ကဲ့သို့သော အစီအရင်ဖြစ်ကြောင်း မသိပေ။ ထိုကဲ့သို့ အစီအရင်မျိုး ယခင်က တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ ၎င်းနားရှိ မကောင်းဆိုးဝါး အငွေ့အသက်ကလည်း အလယ်ရှိ အစီအရင်ကြောင့် ဖြစ်လာပြီး အစီအရင်ထဲ၌ မကောင်းဆိုးဝါး အငွေ့အသက်မရှိဘဲ မြင်ကွင်းက အင်မတန် ကြည်လင်နေ၏။
ယွင်ယွီသည် မြင့်မားလှသော ရှေးဟောင်း ဂျင်ကိုပင်ကို မော့ကြည့်လိုက်သည်။ ၎င်းက ယွင်ယွီကို မှတ်မိသကဲ့သို့ သစ်ပင်ထိပ်ဖျားပေါ်ရှိ သစ်ကိုင်းများနှင့် သစ်ရွက်များသည် နှစ်ကြိမ်ခန့် လှုပ်သွားပြီး ယွင်ယွီကို နှုတ်ဆက်နေသယောင်ပင်။
ယွင်ယွီက လက်ဆန့်ထုတ်လိုက်ပြီး ဂျင်ကိုပင်ကို ထိလိုက်၏။ သစ်ပင်က ပျော်ရွှင်လွန်းသဖြင့် ၎င်း၏ပင်စည်တောင် နှစ်ခါလှုပ်သွားသည်။
ချင်ယွီစွေက လျှောက်လာပြီး ပြောလိုက်၏။ "... ဒါက ကိုယ်တို့ ပထမဆုံး ချိန်းတွေ့ခဲ့တဲ့နေရာ... "။
ယွင်ယွီက ခေါင်းညိတ်လိုက်၏။ "... ဒီမှာပဲ... "။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မျက်လုံးထဲရှိ စိုးရိမ်ပူပန်မှုကို တွေ့ရသည်။
နှစ်ယောက်သား ဝင်လာ၏။ ကွေ့ယွမ်ဂိုဏ်းခေါင်းဆောင်၊ လုံနျန်စီနှင့် ဖုန်းလိုင်ဘုရားကျောင်းသခင် တို့ကို မတွေ့ရပေ။
သူမ စဉ်းစားနေစဉ် ယွင်ယွီက ရုတ်တရက် မော့ကြည့်လိုက်ရာ ဂျင်ကိုပင်နောက်ကို ကြည့်လိုက်သည်။
ဂျင်ကိုပင်နှင့် မျက်နှာချင်းဆိုင်သည် အိပ်ခန်းဆီသို့ ရောက်သည့် ပင်မဝင်ပေါက်ပင် ဖြစ်သည်။ သူမ ယခင်ဘဝ၌ နေထိုင်ရာ အိပ်ခန်းပင် ဖြစ်သည်။ တခဏတာအတွက် ယွင်ယွီသည် သူမ ဝေ့မင်းဆက်သို့ ပြန်ရောက်သွားသည်ဟု ထင်လိုက်ရသည်။
ဆံပင်ကို ချည်နှောင်ထားသည့် ချောမောခန့်ညားသော လူက အိပ်ခန်းထဲမှ ကျော့ရှင်းစွာ ထွက်လာတာကို ကြည့်နေမိသည်။
သူက ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး မြင့်မားသော ကိုယ်ခန္ဓာရှိ၏။ ယင်းက ဝေ့မင်းဆက်၏ ယောကျာ်းသားများ အသွင်အပြင်ပင် ဖြစ်သည်။
ယွင်ယွီ၏ သူငယ်အိမ်က ရုတ်တရက် ကျုံ့သွားပြီး အသေးစိတ် ကပ်သွားကာ အိပ်ခန်းတံခါးရှိ လူကို ကြည့်လိုက်၏။ သူက တကယ်ပင် ဝေ့မင်းဆက်ပုံစံ ဝတ်ဆင်ထားပြီး ပိုးထည်သား ဝတ်ရုံနှင့် ရွှေရောင်သရဖူကို ဆင်မြန်းထားပြီး အလွန် ကျော့ရှင်းပုံပေါ်သည်။
သူမက သူ့ကို သိ၏။
ချင်ယွီစွေကလည်း သူ့ကို သိသည်။ သူသည် အိပ်ခန်းရှေ့ရှိ လူကို လေးနက်တည်ကြည်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ "... ချင်နန်ချီ... မင်းဘယ်သူလဲ... "
အိပ်ခန်း တံခါးရှေ့ရှိ လူသည် ချင်ယွီစွေ၏ ဖအေတူမအေကွဲညီ ချင်နန်ချီပဲ ဖြစ်ကာ လုံမိသားစု ဘိုးဘေးကို သတ်ရန် လူအိုကြီးဟော့နှင့် ပူးပေါင်းခဲ့သူပဲ ဖြစ်သည်။
သူ၏ အဝတ်အစားက ထူးဆန်းသည်။ ယွင်ယွီသည် ဘာမှမပြောဘဲ ချင်နန်ချီကိုသာ စိုက်ကြည့်နေ၏။
သူမခေါင်းက တဝေဝေ ဖြစ်လာကာ လက်က အနည်းငယ် တုန်ယင်သွားပြီး ထူးဆန်းသော အတွေးတစ်ခုကို ရသွားသည်။
ဒီလူက သူမလိုပဲ အရင်မင်းဆက်ကနေ လာပြီး နောက်လူတစ်ယောက် ဖြစ်သွားတာလား။ ဒါဆို ဘယ်သူဖြစ်နိုင်မလဲ။
ချင်နန်ချီက ရယ်မောလိုက်၏။ "... အစ်ကို... ကျုပ်ဘယ်သူလဲ မမှတ်မိဘူးလား... "။
ချင်ယွီစွေက တိတ်ဆိတ်သွားတော့သည်။
ယွင်ယွီက နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။ "... ရှင်ဘယ်သူလဲ... ရှင့်ရဲ့ရည်ရွယ်ချက်ကဘာလဲ... ဘိုဘေးရဲ့ မှတ်စုကို ခိုးသွားတာ ရှင်လား... မစ္စတာဟော့ကို သွေးထိုးပြီး ရှင့်အတွက် အစီအရင် တည်ဆောက်ပေးအောင်လို့ သူ့ကို အသုံးချလိုက်တာလား... ဒီတော့ ဒီအစီအရင်ကို ရှင်တည်ဆောက်ထားတာပေါ့... ဘာလုပ်ချင်တာလဲ... "
212 03
ထိုမှတ်စုက ချင်နန်ချီ၏ လက်ထဲ ရှိရလိမ့်မည်ဟု လူတိုင်း ဆွေးနွေးခဲ့ပြီးသား ဖြစ်သည်။
ယခု သူ၏ နေရာတွင် ရောက်နေပြီး အင်မတန် ထူးဆန်းသော အစီအရင် ပေါ်လာ၏။ မူလခန့်မှန်းချက်များ မှန်တာကို မြင်ရသည်။ ဘိုးဘေး၏ မှတ်စုကို ယူသွားပြီး မစ္စတာဟော်ကို သွေးထိုးကာ သူ့ကို အသုံးချပြီး သူ့ကို ကူညီပေးသည့် သူတော်စင်သားတော်၏ လုပ်ရပ်များက သူ့ကြောင့်ပင် ဖြစ်သည်။
ချင်နန်ချီသည် ယွင်ယွီကို ကြည့်စဉ် သူ၏ အကြည့်က အလွန် ညှင်သာနေ၏။ "... မင်းခန့်မှန်းတာ မှန်တယ်... သူက ကျားစေ့တစ်စေ့ပဲ... သူက သူတော်စင်သားတော်လည်း ဟုတ်တယ်... အားလုံး လုပ်ခဲ့တာ... ဒါပေမယ့် အကျိုးအမြတ် ရိတ်သိမ်းနိုင်ခဲ့တာ ငါပဲ... "။
ယွင်ယွီက မျက်မှောင်ကျုံ့မိသွား၏။ "... သူက ရှင့်ရဲ့ ဆရာပဲ... "။
ချင်နန်ချီ၏ မျက်လုံးက အေးစက်သွားလေ၏။ "... သူက ဘယ်လိုဆရာမျိုးလဲ... ငါ့ရဲ့ အရည်အချင်းတွေကို အသုံးချပြီး သူလိုချင်တာကိုပဲ ရအောင်ယူသွားတာ... အသုံးချစရာ မရှိတော့တာနဲ့ လွှင့်ပစ်လိုက်တာ... ကျားစေ့တစ်စေ့ပဲ... "။
"... ရှင်ဘာလုပ်ချင်နေတာလဲ... ကျွန်မတို့ ဘိုးဘေးရဲ့ မှတ်စုထဲမှာ ဒီအစီအရင်က ရှင်အလိုရှိတဲ့အရာကို ဆင့်ခေါ်နိုင်တယ် ပြောထားတာ... ဘယ်သူ့ကို ဆင့်ခေါ်ချင်တာလဲ... "။
ယွင်ယွီသည် လက်သီး ကျစ်ကျစ်ဆုပ်မိသွားလေ၏။ "... ငါချစ်ရသူ... "။
ချင်နန်ချီ၏ အကြည့်က ယွင်ယွီ၏ မျက်နှာပေါ် ရောက်သွားပြီး အင်မတန် ပူလောင်နေလေ၏။
ယွင်ယွီက ထိတ်လန့်သွားလေ၏။ "သူဘယ်သူလဲ"။
ချင်နန်ချီသည် လှေကားအောက်သို့ ဖြည်းဖြည်းချင်း ဆင်းလာပြီး ချင်ယွီစွေကို တစ်ချက်ကြည့်ပြီးနောက် ယွင်ယွီ၏ မျက်နှာဆီ သူ၏ အကြည့်က ဖြည်းဖြည်းချင်း ရောက်သွားတော့သည်။ သူပြောလိုက်လေ၏။ "... ဒီလိုဆိုတော့မှ ငါတို့သုံးယောက်က အတူရှိဖို့ ကံပါလာပြီးသားပဲ... အတိတ်ဘဝတုန်းက ချည်နှောင်ခံခဲ့ရတယ်... ဒီဘဝမှာရောပဲ... ဒါပေမယ့် မင်းက သူနဲ့ တစ်ထေရာတည်း တူနေပြီး သူမဟုတ်ဘူး... သူက ခန္ဓာတစ်ခု လိုတယ်... ဒါကြောင့် နောက်... နောက်ပိုင်းမင်းကို ပြဿနာထဲ ထည့်ရမှာ စိတ်မကောင်းပါဘူး... "။
တစ်ထေရာတည်း တူတာလား။ ယွင်ယွီ၏ သူငယ်အိမ်က ကျုံ့သွားလေ၏။ သူတို့ သုံးယောက် အတိတ်ဘဝ၌ ပတ်သက်ခဲ့သည်ဟုလည်း ဆိုထားသည်။ ယင်းက မည်သည်ကို ဆိုလိုသနည်း။
ချင်ယွီစွေက ယွင်ယွီရှေ့၌ ရပ်ကာ သူ့လက်ကို ကိုင်ထားပြီး သူမကို သူ့နောက်၌ ကာကွယ်ထားလေ၏။
ချင်နန်ချီက နှာခေါင်းရှုံ့လိုက်သည်။ "... ငါလိုချင်တဲ့သူကို မင်းကာကွယ်နိုင်မယ် ထင်နေလား... မင်းအတိတ်ဘဝတုန်းက မင်းမှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းရခဲ့ပြီး လူပေါင်းထောင်ချီရဲ့ လေးစားမှုကို ရခဲ့တာ... မင်းက မင်းသမီးကို ချစ်နေတယ်လို့ လူတိုင်းပြောကြတယ်... ဒါပေမယ့် မင်းအနှစ် ၂၀ လုံးလုံး မင်းသမီးအတွက် မစဉ်းစားခဲ့ဘူး... မင်းသမီးက တိုင်းပြည်အတွက် အသက်ကို စတေးသွားတာကိုပဲ ကြည့်နေခဲ့တာ... နာကျင်မှုဟာ ငါ့ဟာဖြစ်ပြီး ဂုဏ်သတင်းကတော့ မင်းဟာတဲ့... အဆုံးကျတော့ မင်းက မင်းသမီးနဲ့ ထိုက်တန်တယ်လို့ လူတိုင်းပြောကြတယ်... ဒီဘဝမှာ မင်းက မင်းသမီးနဲ့ တစ်ထပ်တည်းတူတဲ့ လူကိုတောင် ရှာတွေ့ပြီး သူ့ကို လက်ထပ်ထားသေးတယ်... ငါ့ကိုပြော... မင်းဘာလို့ ဒီလောက် ကံကောင်းတာလဲ... ဒါပေမယ့် မင်းအတိတ်ဘဝတုန်းက ငါ့လက်ထဲမှာ သေခဲ့ပြီး ဒီဘဝမှာလည်း တူတူပဲ... ပြီးတော့ သူက... "။
သူ၏ အကြည့်သည် ယွင်ယွီ၏ ဖြူဖွေးသော ပါးပြင်ပေါ် ရောက်သွားပြီး သူ၏ လေသံက ချက်ချင်း ညှင်သာသွားလေ၏။ "... ပြီးတော့ သူက... ဒီမင်းသမီးရဲ့ ကိုယ်ဖြစ်လာလိမ့်မယ်... မင်းသမီး အစစ်ကို ဆင့်ခေါ်တဲ့ အချိန် ငါက မင်းသမီးရဲ့ ကြင်ယာတော် ဖြစ်လာမယ်... ငါတို့ကို ဘယ်သူမှ မခွဲနိုင်တော့ဘူး... "။
ချင်ယွီစွေက ယွင်ယွီ၏ လက်ကို တင်းကျပ်စွာ ကိုင်ထားလိုက်လျက် တည်ငြိမ်စွာ မေးလိုက်သည်။ "... ငါက ဘယ်သူလဲ... "
"... မင်းက ကုခေါ့... မင်းရဲ့ အတိတ်ဘဝတုန်းက ဝေ့မင်းဆက်က လူတိုင်း မင်းကို ချစ်ကြတယ်... မင်းက တိုင်းပြည်၊ မင်းဆက်၊ နိုင်ငံ ပြည်သူပြည်သားတွေကို ကာကွယ်ပေးခဲ့တာလို့ သူတို့ပြောတယ်... မင်းက မင်းသမီးလေး ဂရုအစိုက်ဆုံးအရာကို ကာကွယ်ပေးခဲ့တယ်... "။
သူ၏ ချောမောသော မျက်နှာက အနည်းငယ် သုန်မှုန်နေလေ၏။ "... ဒါဆို ငါက ဘာလဲ... မင်းသမီးနဲ့ အချိန်အကြာဆုံး ရှိခဲ့တာ ငါပဲ... သူနဲ့တောင် အတူ မြှုပ်နှံခံခဲ့ရတယ်... မင်းကိုမင်း ဘယ်သူလို့ ထင်နေလဲ... "။
212 04
ယွင်ယွီက မျက်လုံးမှိတ်ထား၏။ သူမ နားလည်သွားပြီ ဖြစ်သည်။ မူလ အစထဲက ယင်းသည် လူသုံးယောက်ကြားက အငြင်းပွားဖွယ်ရာ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့သည်။ သို့သော် ရှုပ်ထွေးမှု မဟုတ်ခဲ့ချေ။ သူ့အတိတ်ဘဝ၌ သူအပေါ် ခံစားချက် မရှိခဲ့ပေ။ ဤဘဝ၌ သူမ ချင်ယွီစွေကိုသာ ကြိုက်၏။
ထို့အပြင် သူမသည် ရှန်မိသားစု၏ သားကြီး ရှန်လုလီကို တစ်ခါမှ မကြိုက်ခဲ့ဖူးပေ။ မှန်ပေ၏။ ချင်နန်ချီသည် ဝေ့မင်းဆက်က မင်းသမီး ဖုယွီ၏ ကိုယ်ပိုင်သက်တော်စောင့် ရှန်လုလီ ဖြစ်သည်။
ဂျင်ကိုပင်နှင့် သူမ မျှဝေခံစားစဉ်က ရံရွှေတော်လေး ပြောခဲ့သည်။ စစ်သူကြီး ကုက သူမခင်ပွန်း ဖြစ်မည်။ ထိုသို့ဆိုလျှင် သူ၏နာမည်သည် အတိတ်ဘဝ၌ ကုခေါ့ ဖြစ်နေမည်လော။
ကိုယ့်အကြောင်း တကယ်မသိပေ။ သူမနှင့် ရှန်လုလီက နဂါးသွေးကြော အစီအရင်ကို အတူတည်ဆောက်စဉ်က ထိုလူသည် လိုက်ခဲ့၏။ အတိတ်ဘဝ၌ သူ့ကို စောစော မတွေ့ခဲ့ရတာ နှမြောစရာ ကောင်းသည်။
ချင်ယွီစွေက ပြောလိုက်သည်။ "... ဒါအတိတ်ဘဝတုန်းက ကိစ္စပဲ... ဘာကြောင့် စွဲလမ်းနေမှာလဲ... "။
ချင်နန်ချီက ခက်ထန်စွာ ပြောလိုက်၏။ "... မင်းအပြောကောင်းပေမယ့် ငါ့ကို အမြတ်ထုတ်သွားတာ... ဒီဘဝမှာ မင်းသမီးလေးနဲ့ တူတဲ့ မိန်းမကိုလည်း ရထားတယ်... ငါကတော့ နှစ်ပေါင်း ၂၀၀၀ ကြာအောင် မင်းသမီးကို ရှာဖွေနေခဲ့တာ... မင်းက သူ့ကို ချစ်ခဲ့တာပဲ မဟုတ်လား... ဒီဘဝမှာ မင်းက သူနဲ့ မင်းနဲ့ နေဖို့ အစားထိုး တစ်ယောက်ပဲ တွေ့ခဲ့တယ်... ဒါကြောင့် အတိတ်ဘဝတုန်းက မင်းသမီးလေးပေါ် မင်းရဲ့ ခံစားချက်တွေကို ပြန်ခေါ်ပေးမယ်... အဲဒီခံစားချက် ဘယ်လောက် ရယ်စရာကောင်းလဲ ကြည့်ကြသေးတာပေါ့... ဒါပေမယ့် တစ်ခေါက် ပြန်လည် မွေးဖွားပြီးတာနဲ့ အပြည့်အဝ မေ့သွားလိမ့်မယ်... "
ထို့သို့ပြောပြီးနောက် သူက အမြန် လက်ဆန့်ထုတ်ကာ ချင်ယွီစွေ၏ နဖူးကို ထိလိုက်သည်။ သူသည် မကောင်းဆိုးဝါး ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး အင်မတန် မြန်ဆန်၏။ ချင်ယွီစွေတောင် အငိုက်မိသွားပြီး မရှောင်နိုင်ခဲ့ပေ။ သူ၏ လက်ညှိုးက နဖူးကို ထိမိသွားချိန်တွင် အေးနေလေ၏။
ပြီးနောက် ချင်ယွီစွေသည် တောင့်တင်းသွားကာ ပြင်းထန်သော နာကျင်မှုက သူ၏ ဦးနှောက်ထဲ ဝင်လာသည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် အဆတစ်ရာ နှိပ်စက်မှု ပိုများသည်။
ချင်ယွီစွေ၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသော်ငြား နာကျင်စွာ ညည်းတွားလိုက်ခြင်း မရှိပေ။ သူက ယွင်ယွီ၏ နီမြန်းနေသော မျက်လုံးနှင့် စိုးရိမ်ပူပန်သော အမူအရာကို တွေ့လိုက်ရပြီး သူမပါးကို ထိလိုက်၏။ "... စိတ်မပူနဲ့... ကိုယ်အဆင်ပြေတယ်... "။
မြင်ကွင်းများက သူ့စိတ်ထဲ၌ ပေါ်လာသည်။
သူ့အတိတ်ဘဝ၌ သူ၏ နာမည်က ကုခေါ့ ဖြစ်သည်။ သူ၏ မိဘများသည် သူငယ်ရွယ်စဉ်ထဲက သေဆုံးသွားခဲ့ပြီး သူက ယိုင်နဲ့နေသော ခြံဝန်းလေး၌ တစ်ယောက်တည်း နေခဲ့သည်။ ရှင်သန်ရန် အရာအားလုံး ဆောင်ရွက်ခဲ့ရ၏။ ထိုစဉ်က သူ လေး၊ငါးနှစ်သာ ရှိသေးသည်။ ဆွေမျိုးသားချင်းများက သူ့ကို ဂရုစိုက်လိုစိတ် မရှိ။ သူက ခွေးများဆီမှပင် အစားအသောက်တောင် လုယူခဲ့ရပြီး လူတိုင်း သူ့ကို အနိုင်ကျင့်နိုင်၏။
သို့သော် သူသည် ဆက်လက် ရှင်သန်ခဲ့၏။
သူ့အသက် ၈၊၉ နှစ်ရောက်သည်အထိ ဤအတိုင်း နေခဲ့သည်။ သူသည် လောကကြီး၏ နည်းလမ်းများစွာ အကြောင်း သင်ယူခဲ့သည်။ ထိုအချိန်မှ စပြီး သူကြီးပြင်းလာခဲ့ကာ အစားအသောက်အတွက် ကျန်သည့်သူများနှင့် ယှဉ်ပြိုင်ခြင်း မရှိတော့ပေ။ သူ့အသက်မွေးဝမ်းကျောင်း ပြုရန်အတွက် ဆိပ်ကမ်းသို့သွားကာ ကုန်ထမ်းသည်။ သို့သော်ငြား သူ အနိုင်ကျင့်ခံရနေသေးသည်။ လူတို့က သူ့ပိုက်ဆံ ခိုးကြလေ၏။
တစ်နေ့ သူ ဆိပ်ကမ်းမှ အိမ်ပြန်လာချိန်တွင် ညနေစောင်းနေပြီ ဖြစ်ကာ နေဝင်နေပြီ ဖြစ်သည်။ သူက ယနေ့၌ လုပ်ခများ ရခဲ့သောကြောင့် စိတ်ကောင်းဝင်နေလေ၏။
သို့သော် အိမ်ပြန်လမ်း၌ သူသည် လူမိုက်တစ်ချို့နှင့် တွေ့၏။ သူတို့အားလုံး ဆယ်ကျော်သက်များ ဖြစ်သည်။ သူသည် အားနည်းလွန်းသောကြောင့် သူတို့ကို အနိုင်မယူနိုင်ခဲ့ချေ။
သို့သော် သူသည် ခက်ခဲစွာ ရှာထားရသည့် ပိုက်ဆံကို အပြင်းအထန် ကာကွယ်ခဲ့သည်။ ထိုလူများက သူ့ကို တက်နင်းပြီး ကျောက်ခဲဖြင့် ရိုက်နှက်တော့သည်။
သူ့အသက်ဆက် မရှင်နိုင်တော့ဟု ထင်ခဲ့သည်။
သို့သော် နူးညံ့သော အသံတစ်သံက ပေါ်လာ၏။ "... အားလုံး ရပ်ကြစမ်း... "
212 05
သူသည် နာကျင်စွာ မော့ကြည့်လိုက်၏။ အသံသည် အလွန်လှပသည်... မြင်းလှည်းထဲမှ ပေါ်ထွက်လာသည်။ သူသည် ဤကဲ့သို့ လှပကျော့ရှင်းသော မြင်းလှည်းကို တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ ၎င်းက ကျောက်မျက်များတောင် မြှုပ်နှံထားပြီး ထူးထဲကျော့ရှင်းသော ကန့်လန့်ကာများ ရှိသည်။
နတ်သမီးလေးတစ်ပါးက မြင်းလှည်းထဲမှ ထွက်လာ၏။ ယင်းသည် ကောင်းကင်မှ နတ်သက်ကြွေလာသည့် နတ်မိမယ်လေး တစ်ပါး ဖြစ်မည်ဟု ထင်ခဲ့သည်။ သူ ငယ်ရွယ်စဉ်၌ ထိုကဲ့သို့ မိန်းမလှလေးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သူမက ပန်းနုရောင်အသားအရေရှိပြီး နူးညံ့ကာ နီထွေးသောနှုတ်ခမ်းနှင့် သွားဖြူဖြူဖြူလေးများ ရှိသည်။ သူမမျက်နှာက တို့ဖူးပမာ နူးညံ့နေ၏။
သူမက ရွှေချည်ထိုးနှင့် ဖီးနစ်ပုံထိုးထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဖီးနစ်နှင့် နဂါးသည် သာမန်လူများ ဝတ်ခွင့်ရှိသည့် အရာမဟုတ်။ တော်ဝင်မိသားစုဝင်များသာ ဝတ်နိုင်သည်။
ပြီးနောက် မြင်းလှည်းထဲမှ နတ်သမီးလေးနောက်၌ အသက် ၁၃ နှစ် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက် ပါလာသည်။ သူက ချောမောခန့်ညားပြီး ကျော့ရှင်းကာ သူ၏ဆံပင်ကို ရွှေဆံထိုးဖြင့် ချည်နှောင်ထားပြီး သူယခင်က တစ်ခါမှ မမြင်ဖူးသည့် ရွှေသရဖူလေး ရှိနေသည်။ သူက ပိုးထည်ကို ဝတ်ဆင်ထားကာ အလွန်ကျော့ရှင်း၏။ သူတို့အားလုံးသည် မိုးကောင်းကင်မှ ဆင်းသက်လာသော နတ်မိမယ်များနှင့် တူသည်။
ထိုကဲ့သို့သော လူကို တစ်ခါမှ မတွေ့ခဲ့ဖူးကြပေ။ လူမိုက်များတောင် မှင်သက်သွားပြီး ထပ်မရိုက်ရဲတော့ချေ။
ထိုချစ်စဖွယ် ကလေးမလေးသည် သူ့ဆီလျှောက်လာလျက် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူမအသံက ကလေးဆန်ကာ ချစ်စဖွယ်ကောင်းသော်ငြား စိုးရိမ်ပူပန်မှုများ ပြည့်နေသည်။ "... အဆင်ပြေရဲ့လား... "။
သူခေါင်းငုံ့လျက် မသဲမကွဲ အသံဖြင့် ပြောလိုက်သည်။ "... အဆင်ပြေပါတယ်... "
ထိုမိန်းကလေးက ထရပ်လျက် လှည့်လာကာ သူမနောက်ရှိ ခန့်ညားသော လူငယ်လေးကို ဒေါသတကြီး ပြောလိုက်၏။ "... အစ်ကိုရှန်း... စစ်သားတွေကိုခေါ်ပြီး လူတွေကို ရိုက်တဲ့ လူဆိုးတွေကို ဖမ်းခိုင်း... "။
သူမ၏ ဝတ်ရုံကို ရွှေချည်ဖြင့် ဖီးနစ်ပုံထိုးထားပြီး တောက်ပသည့် အဝါရောင် အသားဖြင့် ပြုလုပ်ထားသည်။ တော်ဝင်မိသားစုဝင်တို့ကို ရည်ညွှန်းနေသည့် သင်္ကေတပဲ ဖြစ်သည်။ ထိုလူမိုက်များကလည်း ကောင်းကောင်းသိနေသောကြောင့် တစ်ခွန်းမှ မပြောရဲချေ။
သခင်လေးသည် သူ့နောက်ရှိ အစောင့်ကို ပြောလိုက်ရာ အစောင့်သည် ချက်ချင်းပင် အနားရှိ အရာရှိများကို သွားရှာတော့သည်။
ပြီးနောက် မိန်းကလေးက သူမနားရှိ လူများကို ပြောလိုက်၏။ "... တို့က မင်းသမီး ဖုယွီပဲ... နောက်ကျ သူ့ကို တစ်ယောက်ယောက် အနိုင်ကျင့်ရဲရင် ခွင့်လွှတ်မှာ မဟုတ်ဘူး... "
မင်းသမီး ဖုယွီ။
မြေပြင်ပေါ်ရှိ လူငယ်လေးက စဉ်းစားလိုက်သည်။ လောကကြီး၏ မျက်နှာသာပေးခံရဆုံး မင်းသမီးလေး ဖုယွီ။ တော်ဝင်မိသားစု၏ ချစ်မြတ်နိုးရဆုံး မင်းသမီးလေး ဖြစ်မှန်း သိလိုက်သည်။
လှမ်းမမီနိုင်သော တည်ရှိမှု။
ထို့သို့ပြောပြီးနောက် ဖုယွီလေးသည် မြေပြင်ပေါ် စောင့်ကြောင့်ထိုင်လျက် သူမ၏ ဖြူဖွေးနူးညံ့သော လက်ကို ကောင်လေးထံ ဆန့်ထုတ်ပြီး ပြောလိုက်၏။ "... ထဖို့ ကူပေးမယ်... "
ထိုကောင်လေးသည် ဘာမှမပြောခဲ့ပင် မြေပြင်ပေါ်မှ ထခဲ့၏။ သူသည် သူမလက်ကို မထိရဲခဲ့ချေ။ သူမကို ညစ်ပတ်စေမှာ စိုးသောကြောင့် ဖြစ်၏။ ဤကဲ့သို့ လှပပြီး ချစ်စဖွယ်ကောင်းသည့် မိန်းကလေးကို သူ မထိနိုင်ချေ။
ရှောင်ဖုယွီက ဂရုမစိုက်ခဲ့ပေ။ မြေပြင်ပေါ်မှ ထပြီးနောက် သူမနောက်ရှိ ချောမောခန့်ညားသော လူဆီသို့ လက်ဆန့်ထုတ်လိုက်သည်။ ထိုလူက အိတ်ထဲမှ ပိုက်ဆံအိတ်ကို တုံ့ဆိုင်းစွာ ထုတ်လိုက်၏။ ဖုယွီလေးက ပိုက်ဆံအိတ်ကို ယူကာ ကုခေါ့အား ပေးလိုက်သည်။ "... ဒါက ရှင့်အတွက်... "။
ကုခေါ့သည် ၎င်းကို လက်မခံလိုပေ။ ရှောင်ဖုယွီက သူ၏ ညစ်ပတ်သော လက်ကို ဆွဲယူပြီး ပိုက်ဆံအိတ်ကို လက်ထဲ ထည့်ပေးကာ သူ့မျက်နှာကို ဂရုတစိုက်ကြည့်ပြီး ပြောလိုက်၏။ "... စိတ်မပူနဲ့... ရှင့်မှာ အနာဂတ်ကောင်း ရှိတယ်... နောင်ကျ အစွမ်းထက်တဲ့ လူတစ်ယောက် ဖြစ်လာမှာ... "
******