အခန်း (၂၁၃-၂၁၄)
Vol. 22 Ch. 213-214
အပိုင်း 213
ရှောင်ဖုယွီ ထွက်သွားပြီးနောက် ရှောင်ကုခေါ့သည် ပိုက်ဆံအိတ်လေးကို ကိုင်လျက် ယိုင်နဲ့စုတ်ချာနေသော ခြံဝင်းငယ်သို့ ပြန်သွားလိုက်သည်။ သူ့အိတ်ထဲရှိ လှပသော ပိုက်ဆံအိတ်ကို ကြည့်နေမိ၏။ နုနယ်သော ပုံသဏ္ဍာန်များ ချည်ထိုးထားသည့် တောက်ပသည့် အနီရောင် ပိုက်ဆံအိတ်ဖြစ်ပြီး ရွှေချည်မျှင်ဖြင့် ယွီဆိုသည့် စကားလုံးကို ပန်းထိုးထားလေသည်။ ယင်းက သူမ၏ နာမည်ပင် ဖြစ်သည်။
သူသည် ပိုက်ဆံအိတ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီး နောက်ဆုံး၌ ဖွင့်လိုက်၏။ အထဲ၌ ရွှေသစ်ရွက်များ ရှိနေကာ ပိုက်ဆံအိတ်အပြည့် ဖြစ်နေသည်။
ထိုည၌ ကောင်ငယ်လေးသည် ပိုက်ဆံအိတ်ကို အချိန်အတော်ကြာ စိုက်ကြည့်ခဲ့၏။
နောက်တစ်နေ့တွင် ရှောင်ကုခေါ့သည် ဆိပ်ကမ်းသို့ မသွားခဲ့ဘဲ ထိုအစား သူတို့အိမ်နားရှိ ကိုယ်ခံပညာရှင် တစ်ယောက်ကို သွားရှာကာ သူ့ကို ဆရာတင်ပြီး ကွန်ဖူး လေ့လာခဲ့လေ၏။
သူသည် ကြိုးစားအားထုတ်ပြီး ဉာဏ်ကောင်းကာ ပါရမီရှိသူ ဖြစ်၏။ ထို့ကြောင့် အထင်ကြီးခြင်း ခံရသည်။ ထို့အပြင် လူမိုက်များ သူ့ကို အနိုင်မကျင့်တော့ချေ။ သူသည် ပိုက်ဆံအိတ်ထဲရှိ ရွှေသစ်ရွက်များကို တစ်ခါမှ အသုံးမပြုခဲ့ချေ။
ဤနည်းဖြင့် ဆရာဝူဆီမှ နှစ်ပေါင်းများစွာ ကွန်ဖူးကို လေ့လာခဲ့သည်။
သူ ၁၅ နှစ် အရွယ်ရောက်သည့် အချိန်၌ အလွန်ကောင်းမွန်စွာ သင်ယူခဲ့ပြီး ဖြစ်သည်။ ကိုယ်ခံပညာရှင်က သူ့ကို သင်ပေးစရာ မကျန်တော့ဟု ဆိုခဲ့သည်။ အသက် ၁၅ နှစ် အရွယ် ကောင်လေးက အရပ်ရှည်လာပြီ ဖြစ်ကာ မျက်နှာသွင်ပြင်၌ နုနယ်မှုများ ရှိနေသေးပြီး ကောင်လေးတစ်ယောက်၏ သိမ်မွေ့မှုမျိုး ရှိသည်။
သူ၏ ဆရာက သူ့ကို တပ်ထဲဝင်ခိုင်းခဲ့ကာ သူ၏ ကွန်ဖူးနှင့်ဆိုလျှင် နာမည်တစ်ခု တည်ဆောက်နိုင်မည်ဟု ဆိုခဲ့သည်။
သူ ငြင်းဆန်ခဲ့လေ၏။
အသက် ၁၅ နှစ် အရွယ်တွင် အိမ်နီးချင်း မိန်းကလေးတစ်ယောက်က သူ့ကို ချစ်မိသွားပြီး အောင်သွယ်တော်ကို ပြောကာ သူ့အိမ်သို့ လာပြီး လက်ထပ်ရန် ပြင်ဆင်ခဲ့သော်ငြား သူမကို ငြင်းဆန်ခဲ့လေ၏။
ထိုကဲ့သို့ မိန်းမကောင်းလေးကို လက်မထပ်ချင်ရသည့် အကြောင်းအရင်းကို သူ့အား မေးခဲ့သော်ငြား သူ ခေါင်းခါပြီး ဘာမှ မပြောခဲ့ပေ။
အသက် ၁၅ နှစ် ရောက်သည့် အချိန်က မင်းသမီးဖုယွီ အသက်ပြည့်မြောက်မည့်နေ့ ဖြစ်သည်။ ထိုနေ့က မင်းသမီးဖုယွီသည် ဝေ့မင်းဆက်ရှိ လူတိုင်း ချစ်မြတ်နိုး တန်ဖိုးထားခံရသည့် မင်းသမီးလေး ဖြစ်လာခဲ့သည်။ သူမ ရုပ်လွန်ပညာကို လေ့လာကာ လူပေါင်းများစွာကို ကူညီပေးခဲ့၏။ မကြာခဏ နန်းတော်အပြင် ထွက်လေ့ရှိသည်။ ထို့ကြောင့် လူများစွာသည် သူမနေရာကို သိကြပြီး သူသည် သူမကို အမြဲတစေ တိတ်တဆိတ် သွားတွေ့ခဲ့သည်။
အရွယ်ရောက် အခမ်းအနားနေ့၌ မင်းသမီးဖုယွီသည် တိုင်းခန်းလှည့်လည်ကာ သူသည်လည်း ထွက်ကြည့်ခဲ့သည်။
ယင်းက သူ့အရွယ်ရောက်ပြီးချိန်မှ စပြီး သူမကို အနီးကပ် ရှင်းရှင်းလင်းလင်း မြင်ရတာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမ ငယ်ရွယ်စဉ်က ပန်းနုရောင် သန်းပြီး နူးညံ့သော်ငြား ယခုဆို ရင်သပ်ရှုမောဖွယ် မိန်းမလှတစ်ယောက် ဖြစ်လာကာ နတ်မိမယ်ကဲ့သို့ သွင်ပြင်ဖြင့် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေ ရှိသည်။ သူမက မြင်းဖြူကို စီးထားလျက် လူတိုင်းကို လက်ဝှေ့ယမ်း နှုတ်ဆက်နေ၏။
လူအုပ်ကြီးထဲရှိ သေးငယ်သော သူ့ကို သတိမပြုခဲ့မိပေ။ လွန်ခဲ့သော နှစ်အနည်းငယ်က မြေကြီးပေါ် မှောက်သိပ်ခံခဲ့ရသည့် ကောင်ငယ်လေးကိုလည်း မေ့သွားပြီ ဖြစ်သည်။
မင်းသမီးဖုယွီ အရွယ်ရောက်လာပြီးနောက် ကုခေါ့သည် ကိုယ်ခံပညာကို ဆက်လက် လေ့လာခဲ့၏။ ရံဖန်ရံခါ၌ မင်းသမီး ပေါ်လာချိန်တိုင်း သူသည် သူ့နောက်လိုက်သွားတတ်သည်။
သူ့အသက် ၂၀ အရွယ်ရောက်ပြီးချိန်၌ အိမ်ထောင်မပြုသေးပေ။ ဆရာဝူက သူ့ကို သားကဲ့သို့ သဘောထားပြီး လူများစွာနှင့် မိတ်ဆက်ပေးခဲ့သော်ငြား သူ ငြင်းဆန်ခဲ့လေ၏။ ဆရာက ဒေါသထွက်လွန်းသဖြင့် မမေးဘဲ မနေနိုင်တော့ပေ။ "ဘယ်လိုမိန်းမမျိုးကို မင်းကြိုက်တာလဲ၊ မင်းအတွက် နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်သိက္ခာရှိတဲ့ မိန်းကလေးတွေ ရှာပေးခဲ့တယ်၊ လှပတဲ့ မိန်းမလှလေးတွေလည်း ရှာပေးခဲ့တာ၊ မင်းအသက် ၂၀ ရောက်နေပြီ၊ အခုက အိမ်ထောင်ပြု ကလေးမွေးရမယ့်အချိန် မဟုတ်ဘူးလား"
သူ မပြောသေးပေ။
213 02
ဆရာဝူသည် ဒေါသထွက်လွန်းသဖြင့် သူ့ကို ဂရုမစိုက်တော့ပေ။
အသက် ၂၀ အရွယ်၌ ကုခေါ့သည် ချောမောခန့်ညားသော လူငယ်တစ်ယောက် ဖြစ်လာနေပြီ၊ မိန်းကလေးများစွာက သူ့ကို သဘောကျ၏။ သို့စဉ် သူက အလွန်သစ္စာရှိခဲ့ပြီး မိတ်ဆွေများစွာ ဖွဲ့ခဲ့သည့်တိုင် ချစ်သူရည်းစား မရှိသေးပေ။
ထိုနေ့၌ သူသည် မင်းသမီး၏ ရထားလုံးကို မတော်တဆ တွေ့လိုက်ရသည်။ သူ့နောက်က လိုက်မကြည့်ဘဲ မနေနိုင်တော့ပေ။
ရထားလုံးနောက်လိုက်ရင်း ရထားလုံးတစ်စီး ငှားရမ်းခဲ့လေရာ မင်းသမီး၏ ရထားလုံးက ဝေးသည်ထက်ဝေးအောင် သွားတာ တွေ့လိုက်ရ၏။ ရက်ပေါင်းများစွာ ခရီးဆက်ပြီးနောက် မြင်းရထားလုံးသည် ယွီကျင်းတောင်ခြေ၌ ရပ်တန့်သွားသည်။ အလွန်ကျယ်ပြောသည့် တောင်တန်းဧရိယာဖြစ်ပြီး တောင်အားလုံး၏ ပုခက်လွှဲ ဖြစ်သည်။ လူအနည်းကျင်းက ဤကဲ့သို့ တောင်ထဲ ရောက်လာပြီးနောက် လူအနည်းကျင့်သာလျှင် အသက်ရှင်လျက် ထွက်လာနိုင်သည်။
မင်းသမီးဖုယွီက မြင်းရထားလုံးပေါ်မှ ဆင်းပြီးနောက် ရိုးရှင်းသော အဝတ်အစားကို ဝတ်ထားသည်။ မြင်းရထားလုံးမောင်းသည့်သူက ရှန်လုလီ ဖြစ်သည်။
တစ်ခါတုန်းက ရှောက်ဖုယွီက အစ်ကိုရှန်ဟု ခေါ်ခဲ့ဖူးသည့် ကောင်လေးသည်။ ကြံ့ခိုင်သော သွင်ပြင်ပြင် ချောမောခန့်ညားသော လူငယ်တစ်ယောက်အဖြစ် အရွယ်ရောက်လာပြီ ဖြစ်သည်။ သူက အနက်ရောင် ဝတ်ထားလျက် မင်းသမီးလေးနှင့်အတူ တောင်ဆီသို့ လျှောက်သွား၏။ ကုခေါ့က တိတ်ဆိတ်နေပြီး နောက်မှ လိုက်သွားသည်။
သူတို့ တစ်ရက်တာ ခရီးဆက်ပြီးနောက် ယွီကျင်းတောင်ခြေသို့ ရောက်သွားသည်။
မင်းသမီးလေးသည် အလွန်မြင့်မားလှသော ရှေးသစ်ပင် ရှိရာကို ညွှန်ပြပြီး ပြောလိုက်၏။ မင်းသမီးလေး၏ ကျေနပ်သော အသံကို ကြားလိုက်ရသည်။ " အစ်ကိုရှန် အဲဒီမှာ..."။
ရှန်လုလီသည် ဘာမှမပြောဘဲ မင်းသမီးလေးက ဆက်ပြောလိုက်၏။ " ဒါဆိုရင် ညီမ စလိုက်တော့မယ်... "။
ကုခေါ့သည် ရှန်လုလီ၏ နာကျင်နေသော အသံကို ကြားလိုက်ရသည်။ " ယွီအာ စဉ်းစားပြီးပြီလား... "။
" အင်း သေချာစဉ်းစားပြီးပြီ... "
မင်းသမီးလေး ဖုယွီ၏ အသံက ယခုအခေါက်၌ ပိုတိုးသွားသည်။
ကုခေါ့သည် ရှေ့သစ်ပင် နောက်၌ ပုန်းနေပြီး မင်းသမီး ဖုယွီက ကျောက်စိမ်းနှစ် ဟင်္သာပြဒါးရိုင်းကို ထုတ်ကာ အစီအရင် တည်ဆောက်နေတာကို ကြည့်နေ၏။ အစီအရင် ပြီးမြောက်ရန် အချိန် ၂ နာရီကြာ ယူလိုက်ရသည်။
ဖုယွီက အစီအရင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေတာကို တွေ့လိုက်ရ၏။ " အစ်ကိုရှန် နောင်ကျ ကျွန်မရဲ့ခမည်းတော်နဲ့ မယ်တော်ကို ကောင်းကောင်း ဂရုစိုက်ပေးပါ... "။
ရှန်လုလီက ဘာမှမပြောခဲ့ပေ။
ပြီးတော့မှ ကုခေါ့သည် အဖြစ်အပျက်ကို သဘောပေါက်သွားသည်။
မင်းသမီးဖုယွီသည် အစီအရင်ထဲ၌ သူမ၏သွေးကို ပူဇော်ခဲ့သည်။ သူမက ရှေးသစ်ပင်အောက်၌ ရပ်နေကာ သူမကို တားရန် ရှေ့မတိုးနိုင်ခဲ့သလို တားနိုင်သည့် အရည်အချင်းလည်း မရှိပေ။
မင်းသမီးက သွေးအိုင်ထဲ လဲကျသွားပြီး သွေးများက အစီအရင် တစ်လျှောက် ဖြည်းဖြည်းချင်း ပြန့်သွားတာကို ကြည့်နေရ၏။
ရှန်လုလီက ဖုယွီ၏ အလောင်းရှေ့၌ အချိန်အတော်ကြာ ဒူးထောက်နေပြီး နောက်ဆုံး၌ ဖုယွီ အသုံးပြုခဲ့သည့် ဓားမြှောင်ကို သုံးကာ နှလုံးကို ထိုးစိုက်လိုက်သည်။
ကုခေါ့ ထွက်လာချိန်တွင် သူ၏မျက်နှာ၌ မျက်ရည်များ ပြည့်နေတာ တွေ့လိုက်ရသည်။ ပြီးနောက် သူသည် သူတို့နှစ်ယောက်၏ အလောင်းကို အစီအရင်ဘေး၌ မြှုပ်နှံလိုက်၏။
******
214 01
အပိုင်း 214
ထိုစကားများ ပြောလိုက်သည်နှင့် သူတို့နားရှိ မကောင်းဆိုးဝါး အငွေ့အသက်သည် မလှုပ်မယှက် ဖြစ်သွားပုံပင်။
ချင်ယွီစွေ၏ မြင့်မားသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်၌ ဒူးတစ်ဖက် ထောက်ထားလျက် ယွင်ယွီကို ဖက်ထားသည်။ ထိုစကားကို ကြားသောအခါ သူက မျက်လွှာပင့်ကြည့်မိသွားကာ ယွင်ယွီကို တင်းကြပ်စွာ ဖက်ထားမိလေ၏။
ချင်နန်ချီသည် မိုးကြိုးပစ်ခံလိုက်ရသလိုပင် သူ၏သူငယ်အိမ်များက ကျုံ့သွားတော့သည်။
“မင်းငါ့ကို ဘယ်လိုခေါ်လိုက်တာ”
“ရှန်လုလီ... ရာရာစစ... ငါက ဝေ့မင်းဆက်ရဲ့ တတိယမင်းသမီး ဖုယွီပဲ”
ယွင်ယွီသည် နာကျင်မှုကြောင့် တုန်ရီနေ၏။ သူမက ချင်ယွီစွေ၏ လက်ကို တင်းကြပ်စွာ ဖက်တွယ်ထားသည်။ တစ်စုံတစ်ခုက သူမ၏ခန္ဓာကိုယ်မှ အခွာခံလိုက်ရသလို နာကျင်မှုကို တောင့်မခံနိုင်တော့ပေ။ နာကျင်မှုက ပြင်းလွန်းသဖြင့် ဖော်ပြ၍ မရနိုင်ပေ။
ချက်ချင်းပင် ချင်နန်ချီ၏ မျက်နှာက ဖြူဖျော့ပြီး သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။
သူမက ဖုယွီ... တကယ်ကို မင်းသမီးလေးပဲ... ဒါပေမယ့် သူမ မင်းသမီးသာ မဟုတ်ရင် သူရဲ့နာမည်ကို ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ။ ဝေ့မင်းဆက်အကြောင်း ဘယ်လိုလုပ် သိမှာလဲ။ သူ ဘာလုပ်ခဲ့တာလဲ။ သူက သူမရှေ့မှ အသက်ရှင်လျက် ပေါ်လာပေမယ့် မမှတ်မိခဲ့ပေ။ သူ့ကို သေစေလုနီးပါး ဖြစ်သွားတာ။
ချင်နန်ချီက ထိုလူနှစ်ယောက်ရှေ့သို့ ချက်ချင်း ရောက်သွားကာ ယွင်ယွီကို ချင်ယွီစွေဆီမှ ဆွဲလုရန် ကြိုးစားချင်နေသည်။
ယွင်ယွီက နာကျင်မှုကို တောင့်ခံလျက် အော်ပြောလိုက်၏။ “ထွက်သွား...”
ချင်နန်ချီက မချိပြုံး ပြုံးလိုက်သော်ငြား သူမရှေ့၌ သူ၏လက်က ချက်ချင်း ရပ်သွားကာ လက်မဝက်မျှတောင် ရှေ့မတိုးသွားပေ။ သူက ညင်သာစွာ ပြောလိုက်တော့သည်။ “စိတ်မပူနဲ့... မနာကျင်စေရဘူး...”
သို့သော် ယွင်ယွီသည် သူပြောတာကို မကြားနိုင်တော့ပေ။ နာကျင်လွန်းမက နာကျင်လွန်းလှပေ၏။ ယခင်က ဤကဲ့သို့ နာကျင်မှုကို တစ်ခါမှ မခံစားဖူးပေ။ အသက်ကို စတေးခဲ့စဉ် သွေးထွက်သွားအခါ နာကျင်မှု တစ်ချို့သာ ခံစားခဲ့ရ၏။
အလွန်ဆုံးမှ မူးဝေမှုတစ်ချို့ ခံစားလိုက်ရပြီး အသက်မည်သို့ ထွက်သွားမှန်းတောင် မသိလိုက်ပေ။
ချင်နန်ချီက သူ၏ လက်ညှိုးကို ကိုက်လိုက်ရာ သွေးစက် ကျလာသည်။ သူသည် သူ၏သွေးဖြင့် မြေပြင်ပေါ်တွင် အစီအရင်တစ်ခု ရေးဆွဲလိုက်၏။
သူသည် ဤဆင့်ခေါ်ခြင်း အစီအရင်ကို ရပ်တန့်ချင်လျှင် သူ၏ ကျင့်ကြံမှု တစ်ဝက်ကို အသုံးပြုရလိမ့်မည်။ သို့သော် သူတုံ့ဆိုင်းနေခြင်း မရှိပေ။
သွေးက အစီအရင် အလယ်သို့ ကျသွား၏။ သူ လက်ဟန်များ ပြုလုပ်ပြီးနောက် သူ၏ ကျင့်ကြံမှုများ သည်လည်း ကုန်ဆုံးသွားကာ အစီအရင်က တဖြည်းဖြည်းချင်း ရပ်တန့်သွား၏။ သူနောက်သို့ တစ်ဖက် ယိုင်သွားတော့သည်။
သူသည် ချင်ယွီစွေ၏ ရင်ခွင်ထဲ၌ ချွေးများ ရွှဲနစ်လုနီးပါး ဖြစ်နေသော ဖုယွီကို ကြည့်ကာ သိမြင်နဲ့ ပျော်ရွှင်မှုများ ပြည့်နေသည်။ သူမ အသက်ရှင်နေသရွေ့...
ယွင်ယွီသည် ဆွဲထုတ်ခံရသည့် ခံစားချက် ရပ်တန့်သွားတာကို သတိပြုမိ၏။ သို့သော် သူမ နေထိုင်ရာ ကောင်းမလာသေးပင် ဝိဉာဉ်က အတော်လေး ထိခိုက်သွားသည်။
“အဆင်ပြေသွားပြီ... စိတ်မပူနဲ့တော့... မင်းက ရှောင်ဖုယွီမှန်း ကိုယ်မသိခဲ့ဘူး... ဒါပေမယ့် အခု အဆင်ပြေသွားပြီ...”
ချင်နန်ချီက သူမကို ကြင်နာစွာ နှစ်သိမ့်ပေးပြီး ချင်ယွီစွေဘက် ကြည့်ကာ သူ၏အသံက အနည်းငယ် အေးစက်နေလေ၏။ “ငါ့ကို သူ့ဆီပေး... မင်းအသက်ကို ချမ်းသာပေးမယ်...”
ချင်ယွီစွေသည် ယွင်ယွီ မြေပြင်ပေါ် ထိုးစိုက်ထားသည့် ကျောက်စိမ်းဓားကို ကိုင်လိုက်သည်။ ကျောက်စိမ်းဓားက နှစ်ကြိမ်ခန့် ပျော်ရွှင်စွာ မြည်ဟီးလာတော့သည်။ ယခင်ပိုင်ရှင် လက်ထဲ ရောက်လာရတာ အလွန်ပျော်ရွှင်နေ၏။
214 02
ချင်ယွီစွေသည် ကျောက်စိမ်းဓားကို ညင်သာစွာ ပွတ်သပ်လိုက်၏။ ထိုဓားသည် သူနှင့်အတူ နှစ်ပေါင်း ၂၀ ကြာ ရှိနေခဲ့သည်။ ဖုယွီနှင့် သူဆုံပြီးနောက် အမည်ရလာ၏။ မထင်မထားဘဲ သံသရာလည်ကာ နောက်ဆုံး၌ သူနှင့် ဖုယွီ၏ လက်ထဲ ပြန်ရောက်လာသည်။
ယွင်ယွီကို အနီးရှိ ဂျင်ကိုပင်နားသို့ သယ်သွားပေးပြီး သူမနဖူးကို ကြင်နာစွာ နမ်းလိုက်၏။ “ကိုယ့်ကို စောင့်နေပါ...”
ယွင်ယွီသည် သတိကပ်နေရန် လက်ဖဝါးကို ဆိတ်ပြီးနောက် ပြောလိုက်၏။ “ဂရုစိုက်ဦး...”
ဤအစီအရင်က ပြင်းထန်လွန်းသည်။ မပြီးမြောက်သေးလျှင်တောင် သူမသည် ထိခိုက်မှုကို ခံစားရ၏။ သူမ သူ့ကို ကူညီနိုင်ရန် ခက်ခဲနေပြီး မနည်း တောင့်ခံနေရတာ ဖြစ်သည်။
ယွင်ယွီသည် ရှေးဟောင်း ဂျင်ကိုပင်ကို မှီထားလျက် ချင်ယွီစွေက ဓားတစ်လက်ဖြင့် လျှောက်သွားတာကို တွေ့လိုက်ရပြီး ကြည့်ကြည့်နေသည်။ တစ်ခဏတာအတွက် သူမသည် သူမ အတိတ်ဘဝ၌ မြင်တွေ့ခဲ့ဖူးသည့် ချပ်ဝတ်ဖြင့် အရပ်မြင့်မြင့် စစ်သူကြီး ပုံရိပ်က ထပ်သွားသလိုပင်။ သူမက နှုတ်ခမ်း အနည်းငယ် ကွေးတက်သွားပြီး မျက်လုံးက တဖြည်းဖြည်းချင်း မှိတ်သွားလေ၏။
ချင်ယွီစွေ၌ ကျင့်ကြံမှု မရှိပေ။ ထို့ကြောင့် သူသည် ချင်နန်ချီကို အနိုင်ရရန် အခွင့်အရေး မရှိချေ။
သို့သော် သူ့ကို ကောင်းမှုကုသိုလ်များ ကာကွယ်ပေးထား၏။ ထို့ကြောင့် မကောင်းဆိုးဝါးတို့သည် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။
ထို့အပြင် သူငယ်ရွယ်စဉ်ထဲက ကိုယ်ခံပညာကို သင်ယူခဲ့ပြီး ကျောက်စိမ်းဓားဖြင့်ဆို ချင်နန်ချီ၏ စကေးကလည်း သူ့ကို ထိခိုက်စေမှာ မဟုတ်ပေ။ နှစ်ယောက်လုံးက တစ်ယောက်နှင့် တစ်ယောက် အနိုင်မယူနိုင်လောက်ပေ။
ချင်နန်ချီသည် သတိလစ်သွားပြီဖြစ်သော ယွင်ယွီကို ကြည့်ကာ အနည်းငယ် စိတ်မရှည် ဖြစ်နေလေ၏။ သူသည် လက်သင်္ကေတ တစ်ခုကို ပြုလုပ်ကာ မကောင်းဆိုးဝါး သရဲများကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ သူသည် တစ္ဆေကျင့်ကြံသူ တစ်ယောက် ဖြစ်သောကြောင့် ထိုအရာများက သူနှင့် နီးစပ်၏။ သူတို့က သူ့ကို နာကျင်အောင် လုပ်မှာ မဟုတ်ဘဲ သူ၏အမိန့်ကိုသာ နာခံလိမ့်မည်။
ထိုမကောင်းဆိုးဝါး သရဲများသည် ချင်ယွီစွေကို တိုက်ခိုက်တော့သည်။ ထိုအရာများက သူ့ကို အမှန်တကယ် မနာကျင်စေသော်ငြား တိုက်ခိုက်ရာ၌ အနှောင့်အယှက် ပေးနိုင်သည်။ သူသည် သူတို့ကို မမြင်နိုင်ပင်။ ထို့ကြောင့် သူက ခံစားချက်အတိုင်း ကျောက်စိမ်းဓားကို လွှဲယမ်းလျက် တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်လိုက်သည်။
ချင်နန်ချီက ရှုံ့ချလိုက်၏။ “ဓားမျိုးတွေ အများကြီး ရှိတယ်... မင်းကို အချိန်အတိုင်း အတာတစ်ခုထိတော့ မထိနိုင်သေးဘူး... မင်းကို ဖြေရှင်းရတာ ပျင်းတယ်...”
သူက ယွင်ယွီကို ခေါ်ပြီး ထွက်သွားချင်သော်ငြား ချင်ယွီစွေ၏ မျက်လုံးများသည် ဒေါသကြောင့် နီမြန်းလာ၏။ “သူ့ကို လွှတ်လိုက်...”
ချင်နန်ချီသည် ယွင်ယွီနားသို့ မကပ်နိုင်သေးခင် ချင်ယွီစွေ၏ ဓားချက်က ရောက်လာ၏။ သူက ရှောင်လိုက်ရသည်။ ချင်နန်ချီက ယွင်ယွီကို ပွေ့ထားလျက် ပျက်ရယ်ပြုနေသော အကြည့်ဖြင့် ကြည့်ကာ ရှုတ်ချကာ ပြောလိုက်တော့သည်။ “ကုခေါ့... မင်းက ဖုယွီနဲ့ တန်တယ် ထင်နေလား... မင်းက တောသားတစ်ယောက်ပဲ...”
ယွင်ယွီကို ထိန်းချုပ်ထားလျက် ချင်ယွီစွေနှင့် တိုက်ခိုက်တာ ရပ်လိုက်သည်။ အစီအရင်က ပျက်ကွက်သွားတော့မည်ဖြစ်ကာ အစီအရင်ထဲရှိ ထောင်ချောက်များသည်လည်း မကြာမီ ပျောက်သွားလိမ့်မည်။ အစီအရင်ကို တားရန်အတွက် သူသည် အတွင်းဒဏ်ရာ ရခဲ့၏။ ကျင့်ကြံမှု နှစ်ပေါင်း တစ်ထောင်စာ ဆုံးရှုံးခဲ့သည်။ သူ ဤမျှ လူများစွာကို အနိုင်ယူရန် အခွင့်အရေး မရှိလောက်ပေ။
သူသည် ခြေအသာဖော့နေလျက် ယွင်ယွီနှင့် အတူ အပျက်အစီး နန်းတော်မှ ချက်ချင်း ထွက်ခွာသွားတော့သည်။
သူ့နောက်ကွယ်မှ အမျိုးသား၏ အော်သံက ပေါ်ထွက်လာသည်။ ချင်နန်ချီက ရှုံ့ချလိုက်၏။ သူပြောခဲ့သည့်အတိုင်းပင် ကုခေါ့ကို သူဘယ်တော့မှ အလေးမထားခဲ့ပေ။ ရရစစ ဒီလိုလူက မင်းသမီးကို တပ်မက်ရဲတယ်ပေါ့။
လုံချီရှောင်နှင့် သူ၏အဖော်များသည် အစီအရင် အလယ်သို့ ရောက်လာချိန်၌ လူအနည်းငယ်သာ ရှိသည်။ အမည်မသိ အကြောင်းရင်း တချို့ကြောင့် မိုးးမြေကြားရှိ မကောင်းဆိုးဝါး အငွေ့အသက်က စတင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူတို့က အစီအရင် အလယ်သို့ ရောက်လာချိန်တွင် ဂျင်ကိုပင်အောက်ရှိ ချင်ယွီစွေကို တွေ့လိုက်ရသည်။
214 03
သူက ကျောက်စိမ်းဓားကို ကိုင်ထားသော်ငြား တစ်ကိုယ်လုံး သွေးများ ရွှဲနစ်နေသည်။ သူ၏ ခါးက အနည်းငယ် ညွတ်နေလျက် အထီးကျန်သည့် ခံစားချက် ပေးနေသည်။
လုံချီရှောင်က ရှေ့တိုးလျက် မေးလိုက်သည်။ “ယွီအာ ဒီမှာလား...”
ချင်ယွီစွေက ဘာမှ မပြောခဲ့ပေ။ စုန့်ချီမင်က လုံချီရှောင် နောက်မှ လိုက်လာပြီး အနည်းငယ် စိုးရိမ် ပူပန်လာ၏။ “မင်းနဲ့ ဒီကို ယွီအာ လာတာ မဟုတ်ဘူးလား...”
ယွင်ယွီ၏ ကျင့်ကြံစဉ်ဖြင့်ဆို သူမက ဤနေရာသို့ ပထမဆုံး ရောက်သူ ဖြစ်လောက်သည်။
“သူ့ကို ချင်နန်ချီ ပြန်ပေးဆွဲသွားပြီ” ချင်ယွီစွေက တစ်စုံတစ်ခုကို ဖိနှိပ်ထားရသည့်ပမာ သူ၏အသံက အက်ကွဲနေ၏။
လုံချီရှောင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ “တကယ် ချင်နန်ချီ ဆိုရင် သူ ဘာလုပ်ချင်နေတာလဲ... ယွီအာကို ဘာလို့ ပြန်ပေးဆွဲတာလဲ...”
ချင်ယွီစွေသည် ဘာမှ မပြောခဲ့ပေ။ ကျန်သည့်သူများကလည်း အစီအရင် အလယ်သို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာသည်။ ထိုသို့ လုပ်သွားသည့်သူက ချင်နန်ချီ ဖြစ်ကြောင်း သိလိုက်ရချိန်၌ သူတို့အနည်းငယ် စဉ်းစားကုန်ကြသည်။ ဆိုရလျင် ယွင်ယွီ၊ ချင်ယွီစွေနှင့် လုံချီရှောင်တို့သာလျင် ဘိုးဘေး၏ မှတ်စုအကြောင်း သိသည်။ ချင်နန်ချီ၏ ကျင့်ကြံမှုက လူအိုကြီး ဟော့ထက် ပိုမြင့်ကြောင်း သူတို့သာ သိထားသည်။
လုံချီရှောင်က ပြောလိုက်၏။ “သူ ဘာပဲလုပ်ချင်လုပ်ချင် အရေးကြီးဆုံးအရာက ယွီအာကို တတ်နိုင်သမျှ မြန်မြန် ရှာဖို့ပဲ...”
ချင်နန်ချီသည် ဖုယွီအတွက် ထိုကဲ့သို့ ထောင်ချောက်နှင့် အစီအရင်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သူတို့ မသိပေ။ သူက ဖုယွီကို ခေါ်သွားချင်မှန်း၊ အစီအရင် တချို့ တည်ဆောက်ရန် ဖြစ်လောက်ကြောင်း သူတို့ တွေးနေသည်။
ချင်ယွီစွေ ထပ်မပြောတော့ပေ။ ရောက်လာသည့် သူများကို လူစုကွဲသွားပြီး လုံချီရှောင်ကလည်း အပျက်အစီးများကို ရှင်းလင်းရန် အထူးတပ်ဖွဲ့ကို အမိန့်ပေးလိုက်သည်။
အစီအရင်မဖြိုခွဲခင်က လူတချို့သည် ပြင်းထန်သည့် မကောင်းဆိုးဝါး အငွေ့အသက်ကို ခံနိုင်ရည် မရှိဘဲ သတိလစ်သွားသည်။ ယခု သူတို့ နောက်ဆက်တွဲကို ဖြေရှင်းရလိမ့်မည်။
အထူးတပ်ဖွဲ့သည် ဤကိစ္စကို ဖြေရှင်းပြီးသလောက် အချိန်၌ ချင်ယွီစွေသည် ဂျင်ကိုပင်အောက်တွင် ရပ်နေသေးဆဲ ဖြစ်၏။ လုံချီရှောင်က ပြောလိုက်သည်။ “အရင်ပြန်သွားနှင့်ပါလား... ဟယ်ချင်းကျေးရွာကို မသွားနဲ့ဦး... ဒီမှာ အစအနတွေ များတယ်... ဒီတော့ သူတို့ကို ရှာနိုင်မှာ...”
ထို့အပြင် ယွင်ယွီကို ပြန်ပေးဆွဲသွားသည့် သူက ချင်ယွီစွေ၏ညီ ဖြစ်သည်။ ချင်မိသားစုက ချင်နန်ချီ၏ တည်နေရာအကြောင်း သိလောက်ပေ၏။
လုံချီရှောင် ပြောတာ မှန်ပေ၏။ တကယ်တော့ သူသည် ကျန်သည့်သူများကို အသေးစိတ် မပြောပြနိုင်သော်ငြား ချင်နန်ချီသည် ယွင်ယွီကို ထိခိုက်အောင် လုပ်မှာ မဟုတ်ပေ။ သူတို့က သူမကို ရှာတွေ့သရွေ့ ယွီအာကို တွေ့လိမ့်မည်။ သူယခင်ဘဝ၌ လွဲချော်ခဲ့ပြီးပြီ ဖြစ်သည်။ ယခုဘဝ၌ ထပ်လွဲချော် မခံနိုင်ပေ။
ပြီးနောက် ချင်ယွီစွေနှင့် လုံချီရှောင်က အိမ်ပြန်လာလေ၏။
ချင်ယွီစွေက ယွင်မိသားစုကို ခေါ်ခဲ့သည်။ သူ မလိမ်ခဲ့ပေ။ သူ ဂရုစိုက်သည့် သူများကို မလိမ်ညာချင်ပေ။ ထို့ကြောင့် အမှန်အတိုင်း ပြောပြလိုက်၏။ ယွင်မိသားစုအား ယွီအာ ပြန်ပေးဆွဲခံခဲ့ရကြောင်းနှင့် သူတို့ကို သိပ်စိတ်မပူဖို့ ပြောခဲ့သည်။ သူမကို ရှာရန် နည်းလမ်းတစ်ခု သူစဉ်းစားမှာပင် ဖြစ်သည်။
ယွင်မိသားစုက မည်ကဲ့သို့ စိတ်မပူဘဲ နေမည်နည်း။ နောက်တစ်နေ့တွင် ယွင်မိသားစုက မြို့တော်သို့ ရောက်လာ၏။ မျက်စိတစ်မှိတ်အတွင်း လဝက် ကုန်ဆုံးသွားသော်ငြား ယွင်ယွီသတင်း မရသေးပေ။ ယွင်မိသားစုက ရက်ပေါင်းများစွာ ငိုကြွေးနေ၏။ သူတို့ကို လုံနျန်စီက လာနှစ်သိမ့်ကာ ယွင်ယွီ၏ ကံကြမ္မာကို ပြောပေးခဲ့ပြီး သူမအသက်အန္တရာယ် မရှိကြောင်း ပြောခဲ့သည်။
ချင်ယွီစွေ၊ လုံမိသားစုနှင့် အထူးတပ်ဖွဲ့၊ ကွေ့ယွမ်ဂိုဏ်း ဖုန်းလိုင်ဘုရားကျောင်းနှင့် မော့ရှန်ဂိုဏ်းတို့က ချင်နန်ချီကို ထွက်ရှာကြသည်။ သို့သော် ထိုနေ့လွန်ပြီးနောက် သူနှင့် ယွင်ယွီသည် လေထဲ ပျောက်ကွယ်သွားသည့်ပမာ ဘာသတင်းမှ မရပေ။ ချင်မိသားစု၏ ဘုတ်အဖွဲ့ ဒါရိုက်တာများတောင် စိတ်လွတ်ကုန်၏။
သခင်ကြီး ချင်နှင့် ချင်ကျွင်းလင်တို့က ချင်နန်ချီ၏ တည်နေရာအကြောင်း မသိခဲ့ရပေ။ လဝက်အတွင်း ချင်မိသားစုက ထိတ်လန့်ကုန်ကာ ချင်နန်ချီ၏ တည်နေရာအကြောင်း စတင် ရှာဖွေတော့သည်။
214 04
ချင်နန်ချီ အကြောင်း သတင်းရှာဖို့ ခက်ခဲနေသော်ငြား ဟယ်ချင်းကျေးရွာ၌ လူရှိဖို့ လိုသည်။ ထို့ကြောင့် ယွင်မိသားစုက မြို့တော်၌ လဝက်ခန့် နေပြီးနောက် ပြန်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ် လဝက် ကုန်ဆုံးသွားပြီး ဩဂုတ်လ အစ ရောက်နေပြီ ဖြစ်သည်။ သို့သော် သတင်းမရသေးပေ။ ချင်ယွီစွေသည် တစ်လလုံးလုံး လူရှာခဲ့၏။ သူ တစ်ညတိုင်း မအိပ်နိုင်ခဲ့ပေ။
ရံဖန်ရံခါ၌ ၂ နာရီ၊ ၃ နာရီ အိပ်ပျော်သွားချိန်၌ မျက်လုံးဖွင့်လာ မျက်လုံးပြန်မှိတ်လိုက်ချိန်၌ သူသည် မင်းသမီးဖုယွီ ယွီကျင်းတောင်၌ သွေးအိုင်ထဲ လဲကျနေကာ လဲကျနေသည့် မြင်ကွင်းကို ပြန်အမှတ်ရနေသည်။
ပြီးနောက် ဤဘဝ၌ သူတို့ ပထမဆုံး တွေ့ဆုံသည့် မြင်ကွင်းကိုလည်း အမှတ်ရမိ၏။ ဝေဒနာနှင့် ပျော်ရွှင်မှု ရောနှောနေသည်။
ယွင်ယွီသည် မျက်လုံး ရုတ်တရက် ဖွင့်လိုက်ချိန်တွင် ကိုးလွှာရှိသည် လိုက်ကာစများကို တွေ့လိုက်ရပြီး သူမခန္ဓာကိုယ်၌ ရွှေချည်ငွေချည် ထိုးထားသည့် ဂွမ်းစောင် ခြုံထားတာ တွေ့လိုက်ရ၏။ သူမ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
ယွီကျင်းတောင်၌ သူ့ကိုသူ မစတေးခဲ့လျင် ဤကဲ့သို့ သွေးများစွာ ဆုံးရှုံးပြီး အစီအရင်ထဲ၌ ရှင်သန်ဖို့ လွယ်ကူမှာ မဟုတ်ပေ။ မဟုတ်လျင် အစီအရင်က ပြီးမြောက်မှာ မဟုတ်ချေ။
ထို့သို့ဆိုလျှင် သူမ အိပ်ရာထဲ အဘယ်ကြောင့် လဲနေသနည်း။
ယွင်ယွီက ဖြည်းဖြည်းချင်း ထရပ်လိုက်ကာ မျက်မှောင်ကြုတ်လျက် နဖူးကို ပွတ်ပြီး ခေါင်းအနည်းငယ် ကိုက်လာတော့သည်။
သူမသည် ကိုးလွှာလိုက်ကာစကို ဖယ်လျက် ခြေဗလာဖြင့် အိပ်ရာအောက် ဆင်းလိုက်သည်။ သူမက မျက်ခုံးအနည်းငယ် ပင့်ကြည့်မိသွားကာ တစ်စုံတစ်ခု မူမမှန်တာကို သတိပြုမိသွား၏။ ကြမ်းပြင်သည် အိပ်ခန်းနဲ့ ရှိသည့် ကတ္တီပါခင်း ခင်းထားတာ မဟုတ်ဘဲ အလွန်လှပသည့် သစ်သား ကြမ်းခင်း ဖြစ်နေသည်။ ယင်းက အင်မတန် ချောမွတ်ပြီး သူမနေသည့် အခန်းနှင့် မတူပေ။
သူမသည် ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ချိန်၌ အနည်းငယ် အေးစက်နေ၏။ မော့ကြည့်မိချိန်၌ ကျောက်စိမ်း မြုပ်ထားသည့် ပလ္လင်ကို တွေ့ရ၏။ ဘေး၌ ဘီဒိုရှိနေသည်။
တစ်ခန်းလုံး၏ အခန်းအပြင်အဆင်က သူမ အိပ်ခန်းနှင့် ဆင်တူသော်ငြား ကွဲပြားခြားနားမှု တချို့ ရှိနေပြီး ပိုတောက်ပနေသည်။ သူမ မော့ကြည့်လိုက်မိချိန်တွင် ယခင်က တစ်ခါမှ မတွေ့ဖူးသည့် ပုလဲအဆင်တန်ဆာကို တွေ့လိုက်ရသည်။ ၎င်းက အလွန်နူးညံ့ပြီး အလင်းဖျော့ဖျော့ ဖြာထွက်နေကာ အခန်းတစ်ခန်းလုံး လင်းထိန်သွားစေသည်။
သူမ ပိုပြီး စိတ်ရှုပ်ထွေးလာ၏။ ဒီနေရာက ဘာလဲ။
သူမ ရှင်သန်လာသည်နှင့် မတူ။ အစ်ကိုရှန်... နောက်ဆုံးတော့ အစ်ကိုရှန်က သူ့ကို အစီအရင်ထဲက ခေါ်ထုတ်လာနိုင်ပြီး ကယ်ဆယ်ခဲ့တာလား။
သူမက ဖြူဖွေးနူးညံ့သော ခြေဗလာဖြင့် လျှောက်သွားလိုက်သည်။ တံခါးတွန်းဖွင့်လိုက်ချိန်တွင် အိပ်ခန်းနှင့် လုံးဝ မတူညီသည့် နေရာကို တွေ့လိုက်ရ၏။ ၎င်းက ခမ်းနားကျယ်ဝန်းသည်။
ကြွယ်ဝချမ်းသာသည့် ရှေးပုံစံ ပြင်ဆင်ထားသော်ငြား သူမ တစ်ခါမှ မမြင်ဖူးသည့် အပြင်အဆင်မျိုး ဖြစ်၏။
အခန်းထဲ သူလျှောက်နေစဉ် တံခါးပွင့်လာပြီး ချောမောခန့်ညားသော လူတစ်ယောက်က ဝင်လာလေ၏။
******