အခန်း (၂၁၉-၂၂၀)
Vol. 21 Ch. 219-220
အပိုင်း 219
ချန်းကျင်းဟောက်က သဘောတူ လက်ခံပေး၏။
သူ့ဘိုးဘေး၏အိမ်သို့ ရောက်လာပြီးနောက် ယွင်ယွီသည် အိမ်စောင့်နတ်ကို နှုတ်ဆက်ပြီးနောက် အိမ်နောက်တစ်၌ ဝိညာဉ်စုစည်းခြင်း အစီအရင် တစ်ခု တည်ဆောက်ပေးခဲ့သည်။ ဒီဝိညာဉ်စုစည်းခြင်း အစီအရင်သည် အိမ်စောင့်နတ်ကို ဝိညာဉ်စွမ်းအင်များ ထောက်ပံ့ပေး၏။ ကျောက်စိမ်းအဆောင်မှ ဝိညာဉ်စွမ်းအင်ကို အသုံးပြုထားတာ ဖြစ်သည့် အချိန်ကြာလာလေ ဝိညာဉ်စွမ်းအင်က အားနည်းလာလေ ဖြစ်သည်။ ၎င်းသည် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်ကို မစုပ်ယူပေ။ မဟုတ်လျှင် ပတ်ဝန်းကျင် ပေါ် သက်ရောက်မှု ရှိလိမ့်မည်။
ယွင်ယွီသည် ဝိညာဉ်စုစည်းခြင်း အစီအရင်ကို တည်ဆောက်ပြီးနောက် အိမ်စောင့်နတ်သည် သူမကို ကလေးသံလေးဖြင့် ကျေးဇူးတင်စကား ပြောပြီး ပြောလိုက်၏။
" တစ်ခါတလေ လာတွေ့လို့ ငါ့ကို လာတွေ့လို့ ရမလား။ ငါ နင့်ကို သဘောကျတယ်"
ယွင်ယွီ က ပြုံးပြီး ပြောလိုက်၏။ " ရတာပေါ့။ အချိန်ရှိရင် လာတွေ့မယ်။ "
အိမ်စောင့်နတ်သည် သူနှင့် ပြောဆိုဆက်သွယ်နိုင်သည့် သူကို ပထမဆုံးအကြိမ် တွေ့ဖူးတာလည်း ဖြစ်၏။ ယွင်ယွီကို အလွန် နှစ်သက်နေကာ အချိန်အတော်ကြာ စကားမပြောဘဲ မနေနိုင်တော့ပေ။
ယွင်ယွီကလည်း စကားပြောခဲ့၏။ နောက်ဆုံး၌ နေ့လည်စာ စားပြီးနောက် ချန်းကျင်းဟောက်သည် သူ့ကို ရွာသို့ ပြန်ပို့ပေးသည်။
ချန်းကျင်းဟောက်က သူမ၏ ကတ်နံပါတ်ကိုလည်း မေးခဲ့သည်။ သူက ပိုက်ဆံလွှဲပေးချင်လို့ ဖြစ်သည်။ ယွင်ယွီက ငြင်းဖို့ ပြင်လိုက်ပေမဲ့ ချန်းကျင်းဟောက်က လက်မခံပေ။ ရုပ်လွန်ပညာကို နားမလည်လျှင်နောက် ယွင်ယွီ တည်ဆောက်သော ဝိညာဉ်စုစည်းခြင်း အစီအရင်သည် သူ့ဘိုးဘေးအိမ်နှင့် အိမ်တွင် နေထိုင်သည့် သူများအတွက် အလွန်အကျိုးရှိကြောင်း သိပေ၏။ သူ့၏ ဇနီးနှင့် ကလေးကိုလည်း ဤနေရာသို့ မကြာခဏ ခေါ်လာနိုင်သည်၊ ဖုန်းရွှေပညာရှင်တိုင်းက ထိုကဲ့သို့ ပညာရှိတာ မဟုတ်ကြပေ။ ယွင်ယွီက ပညာရှင် တစ်ယောက် ဖြစ်သောကြောင့် သူမနှင့် မိတ်ဆွေဖွဲ့ချင်၏။ ထို့ကြောင့် သူသည် ငွေကြေးအမြောက်အမြား ပေးချင်ကာ ယွင်ယွီအား ယွမ် ၅ သိန်း လွှဲပေးလိုက်၏။
ယွင်ယွီ က ကျေးဇူးတင်စကား ဆိုလိုက်သည်။ ချန်းကျင်းဟောက် ထွက်သွားပြီးနောက် ယွင်ယွီ သည် ပိုက်ဆံတစ်ဝက်ကို ကုသရန် လိုအပ်နေသည့် လူများအတွက် လှူဒါန်းပေးလိုက်သည်။
ဤခေတ်ကာလသည် အွန်လိုင်းပေါ်၌ ကောင်းမှုကုသိုလ် လုပ်ဖို့ လွယ်ကူလှပေ၏။ လူသည် ပရဟိတ အလှူငွေကောက်ခံသည့် နေရာများကို အာရုံစိုက်ပြီး တကယ် အကူအညီ လိုတာ ဟုတ်၊ မဟုတ် မျက်နှာကို ကြည့်ပြီး လူကောင်း လူဆိုး ခွဲခြားနိုင်၏။
သူမ ပိုက်ဆံ တစ်ဝက် လှူဒါန်းပြီး ပိုက်ဆံ ၁ သောင်းကို ချင်နန်ချီအား ပေးကာ သူမအတွက် ယွမ် ၂ သိန်း ထားလေ၏။
ယခု အောက်တိုဘာလလည်း ရောက်ပြီဖြစ်သည်။ သူမ ယွမ် ၂ သိန်း ရှိလျှင် ပိုစိတ်အေးလက်အေး ရှိသွားသည်၊ အနည်းဆုံးတော့ သူမ မမွေးခင် သိပ်ပြီး ပူပန်စရာ မလိုအပ်ပေ။ သူမ တွက်ချက်ကြည့်လိုက်ရာ ယွမ် ၂ သိန်းသည် သူမ ဘဝအတွက် နှစ်ပေါင်းများစွာ နေနိုင်ဖို့ လုံလောက်၏။ နောင်ကျ ပိုက်ဆံလည်း ဆက်ရှာနေဦးမှာပဲ ဖြစ်သည်။
သို့သော် ယွင်ယွီသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေ၏။ ပိုက်ဆံအတွက် စိတ်မပူခဲ့ဖူးပေ။ သို့သော် ယခုမူ ပိုက်ဆံအတွက် စိတ်ပူလာရ၏။
၂ ရက် အကြာ၌ ချန်းကျင်းဟောက်သည် ယွင်ယွီကို ဧည့်သည်တစ်ယောက်နှင့် မိတ်ဆက်ပေးသည်။ ထိုဧည့်သည်သည် ဗီလာတစ်လုံး ဝယ်ထားပြီး ထိုအိမ်၏ ဖုန်းရွှေကို စစ်ဆေးပေးရန် လူမရှာရသေးကြောင်း ပြောလာသည်။ ယွင်ယွီ ကူညီ စစ်ဆေးပေးပြီး စီမံပေးရန်နှင့် ကူညီပေးဖို့ မျှော်လင့်နေ၏။
ယွင်ယွီက သွားကြည့်လိုက်သည်။ အိမ်၏ဖုန်းရွှေက သူမအတွက် အလွန် လွယ်ကူသည်။ ပရိဘောဂ များ နေရာချထားရန် နှင့် ခြံဝန်းအပြင်အဆင် ဧည့်ခန်းထဲရှိ အမျိုးမျိုးသော ပရိဘောဂ များကို နေရာချဖို့ ညွှန်ကြားလိုက်သည်။ တစ်အိမ်လုံး၏ ဖုန်းရွှေအတွက် အမြင်ကောင်းလည်း ပေးခဲ့ပြီး၊ ယင်းက သူတို့မိသားစု၏ ဥစ္စာဓန အတွက် ကောင်းစေ၏။
ဧည့်သည်ကလည်း အလွန် ရက်ရောပြီး ယွင်ယွီ အား ယွမ် ၁ သိန်း ပေးလိုက်သည်။
ယွင်ယွီ သည် သူမတွင်ရှိသော ယွမ် ၂ သိန်းကို ကြည့်ပြီး အလျှင်မလိုတော့ပေ။
219 02
သူမ အပြင်ဘက်လောကကို ထွက်ကြည့်ချင်မိသည်၊ အင်တာနက်ပေါ်၌ လောကကြီး အကြောင်းကို ဖတ်ဖူးသော်လည်း ကိုယ်တိုင် မကြုံဖူးပေ။ ဒါကြောင့် ကိုယ်တိုင် သွားပြီး ဤခေတ်ကို တွေ့ခဲ့ရ၏။ သူမ တောင့်တနေသည့် အမျိုးသမီးများ အပြင်ထွက် အလုပ်လုပ်၊ ခရီးသွားကာ ကိစ္စရပ်များ ဆောင်ရွက်နိုင်သည့် ခေတ်ကာလကို သူမ တောင့်တနိုး၏။ သူမ မင်းသမီးတစ်ပါး ဖြစ်စဉ်က အပြင်သွားချင်ခဲ့သော်ငြား အလွန် ခက်ခဲခဲ့သဖြင့် ဝေးဝေးလံလံ မသွားခဲ့ရပေ။
ထိုစဉ်က နဂါးသွေးကြော ကို ရှာရန်အတွက် ရွှီကျင်းတောင်သို့ သွားသည်က အဝေးဆုံး အကွာအဝေး ဖြစ်သည်။
ယခု သူမ၌ အချိန်ရှိလာပြီး ဤခေတ်ကာလသည် အမျိုးသမီးများအား တစ်ယောက်တည်း ခရီးသွားခွင့်ပေး၏။ ရုပ်လွန်ပညာပေါ် သူမ၏ ဗဟုသုတဖြင့်ဆို အတော်လေး အဆင်ပြေသည်။
ယွင်ယွီအဖို့ အလွန် အံ့သြသွားရသည်က မူလခန္ဓာကိုယ်၏ ကျင့်ကြံမှု က အလွန် အစွမ်းထက်ပြီး သူမ ယခင်ဘဝရှိ မင်းသမီး ဖုယွီ ထက်တောင် ပိုအစွမ်းထက်နေတာပဲ ဖြစ်သည်။ ဝိညာဉ်စွမ်းအင် နည်းပါးသော ခေတ်ကာလတွင်တောင် အစွမ်းထက်ဖို့ က အလွန် ခက်ခဲ၏၊ ဖြစ်တောင် မဖြစ်နိုင်ပေ။
ထို့ကြောင့် သူမသည် ချင်နန်ချီ၏စကားကို အနည်းငယ် စဉ်းစားမိလာသည်။ သူမ ခန္ဓာကိုယ်၏ လောကကို နားလည်သဘောပေါက်ရန် လှည့်ပတ်ကြည့်ချင်၏။ သူမနှင့် သူမခန္ဓာကိုယ်ကြား အခြေအနေကို အတည်ပြုချင်သည်။
ရိုးရိုးသားသားဆိုရလျှင် ချင်နန်ချီ၏ စကားမှန်လျှင်တောင် သူမသည် မူလခန္ဓာကိုယ်ကို အဓမ္မ လုယူထားခဲ့ခြင်းကြောင့် ရှင်သန်နိုင်ခဲ့တာ ဖြစ်သည်။
သို့သော် သူ့ကို ကျေးဇူးမတင်ခဲ့ဘဲ အကွာအဝေးတောင် ခြားချင်နေမိသည်၊ သူ ပြောင်းလဲသွားသောကြောင့် ဖြစ်နိုင်ပေ၏။ အနည်းဆုံးတော့ သူမ ယခင်ဘဝတွင် သူနှင့် တကယ် ရင်းနှီးခဲ့သည်။ မည်သို့ပင်ဆိုစေ ယွင်ယွီက အပြင်ထွက်ကြည့်ရန် ပြင်ဆင်ထား၏။ သို့သော် သူမသည် သူ့ကို ပြောဖို့ မပြင်ဆင်ထားပေ။
နောက်တစ်နေ့၌ ယွင်ယွီ သည် အဝတ်အစားများ ထုပ်ပိုးပြီး အပြင်ထွက်လာ၏။ သူမ၌ ခရီးဆောင်အိတ် မရှိပေ၊ အဝတ်နှစ်စုံနှင့် ရေးဆွဲထားပြီးသား အဆောင်တချို့၊ ဟင်္သာပြဒါးရိုင်း နှင့် အဆောင်စာရွက်များသာ ရှိသည်။
ချင်နန်ချီသည် သူမ အိမ်မှ ထွက်သွားတာကို သိလေ၏၊ သူမကို တိတ်တဆိတ် စောင့်ကြည့်ရန် လူလွှတ်ထားသည်။
ချင်နန်ချီ သည် သူမ ထွက်သွားကြောင်း ရီချန်း ပြောတာကို ကြားပြီးနောက် ရီချန်း ကို လက်ဝှေ့ယမ်းပြကာ ယွင်ယွီ ကို ဆက်သွယ်လိုက်သည်။
ယွင်ယွီသည် မြို့လယ်သို့ သွားသည့် ဘတ်စ်ကားပေါ် ရောက်နေပြီ ဖြစ်သည်။ ခေါ်ဆိုသူကို မြင်သောအခါ သူမ တုံ့ဆိုင်းနေပြီးနောက် ဖုန်းကိုင်လိုက်သည်။ တစ်ဖက်တွင် သူ၏ ညင်သာသော အသံက ပေါ်လာ၏။
"ယွီအာ... မင်းရဲ့ အိမ်ကို သွားတာ၊ အိမ်မှာ မရှိမှန်း သိလိုက်ရတယ်။ ဘယ်သွားနေတာလဲ"
ယွင်ယွီ က ဖုန်းကို ကိုင်ထားရင်း အမှန်အတိုင်း ပြောလိုက်၏။
"အစ်ကိုချင်... ညီမ အပြင်တစ်ချက် ထွက်ကြည့်ချင်လို့။ ဒီခေတ်ဒီကာလမှာ အမျိုးသမီးတွေလည်း အတိတ်တုန်းကနဲ့ မတူဘဲ လျှောက်သွားနိုင်တယ်။ ဒါကြောင့် ညီမ ဗိုက် ဒီထက် ပိုမကြီးလာခင် လျှောက်သွား ကြည့်ချင်နေတာ။ "
သူမ ဗိုက်က ယခုအချိန်၌ သိပ်မသိသာသေးပေမဲ့ လအနည်းငယ် ကြာပြီးနောက် သူမ ဗိုက် ပိုကြီးလာချိန်၌ လေးလံလိမ့်မည်။ လမ်း ဝေးဝေးလံလံ လျှောက်နိုင်တော့မှာ မဟုတ်ပေ။ ထို့ကြောင့် ဤအခွင့်အရေးကို ယူကာ သူမ တစ်ချက်သွားကြည့်သင့်သည်။
ချင်နန်ချီက ခဏတာ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်၏။ " ဘယ်ကို သွားချင်တာလဲ။ အဖော်လိုက်ပေးရမလား။ အဖော်လိုက်ပေးမယ်လေ။ မင်းက ကိုယ်ဝန်ရှိနေတာ၊ လျှောက်သွားဖို့ အဆင်ပြေမှာ မဟုတ်ဘူး။ ငါ အဖော်လိုက်ပေးရင် အဆင်ပိုပြေလိမ့်မယ်"
"အစ်ကိုချင် မလိုပါဘူး။ ညီမ ဗိုက်က သိပ်မသိသာသေးဘူး။ ညီမ ကျင့်ကြံထားတာလည်း ရှိတယ်။ ညီမကို အနိုင်ယူနိုင်တဲ့လူ မရှိသလောက်ပဲ။ ဒါကြောင့် စိတ်မပူနဲ့။ တစ်ယောက်တည်း လျှောက်သွားကြည့်ချင်ရုံပဲ "
"အဆင်ပြေတယ်" ချင်နန်ချီက သက်ပြင်းချလိုက်၏။ " ဘယ်သွားဖို့ ပြင်ဆင်နေတာလဲ"
ယွင်ယွီက ခဏတဖြုတ် စဉ်းစားပြီးနောက် ပြောလိုက်သည်။ "အရင်ဆုံး တော်ဝင်မြို့တော်ကို သွားမယ်။ ဝေ့မင်းဆက်ရဲ့မြို့တော် ဖြစ်ခဲ့ဖူးတဲ့ နေရာလေ။ အရင်နေရာဟောင်းကိုလည်း သွားကြည့်ချင်တယ်"
219 03
ချင်နန်ချီ၏အမူအရာက အနည်းငယ် မဲမှောင်သွားတော့သည်။ သူက ပြောလိုက်လေ၏။ "အဆင်ပြေတာပဲ။ အဲဒီကို ရောက်ပြီး မဖြေရှင်းနိုင်တဲ့ ပြဿနာ ကြုံလာရင် ဆက်သွယ်လိုက်။ မြို့တော်ထဲမှာ သိတဲ့သူများတယ်"
" ဟုတ်ကဲ့ပါ အစ်ကိုချင်"
ယွင်ယွီက ဖုန်းချပြီး သက်ပြင်းချလိုက်၏။
ချင်နန်ချီက ဖုန်းချပြီးနောက် ရီချန်းကို ခေါ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ " သူ မြို့တော်ကို သွားတယ်။ သူ့ကို စောင့်ကြည့်ဖို့၊ သူ့ကို စောင့်ကြည့်ထားလိုက်။ ပြီးတော့ မြို့တော်ဆီသွားတဲ့ လေယာဉ်လက်မှတ်ကို မှာပေး။ ဟယ်ချင်းရွာက အခြေအနေ ဘယ်လိုလဲ"
ရီချန်း က ပြော၏။ " ဒုတိယသခင်လေး... ဟယ်ချင်းကျေးရွာက အခြေအနေကြောင့် အခုပဲ သတင်းပို့တော့မလို့ပါ။ ယွင်မိသားစုတွေက မမလေးယွင်အကြောင်း သတင်းမရလို့ စိတ်ပူနေကြတယ်။ ယွင်မိသားစုက အဘွားလည်း နေမကောင်း ဖြစ်နေတယ်။ ချင်ယွီစွေက ပြန်ရောက်လာပြီး ဟယ်ချင်းကျေးရွာမှာ လှည့်ပတ်နေတာ တာ။ သူ ဟယ်ချင်းကျေးရွာက ထွက်ခွာချင်တဲ့အချိန် သူ့ကို အမည်မသိ စာပို့လိုက်တယ်။ ဟယ်ချင်းကျေးရွာကနေ ခွာရဲရင် ယွင်မိသားစုက လူတွေ သေမယ်လို့ ပြောထားတယ်။ ဒါကြောင့် သူ အချိန်အတိုင်းအတာ တစ်ခုအထိ ဟယ်ချင်းကျေးရွာကနေ ခွာမှာ မဟုတ်ဘဲ ရွာမှာ နေဦးမှာ။ ဒါပေမဲ့ အထူးတပ်ဖွဲ့က လက်မလျှော့သေးဘဲ မမလေးယွင် ရဲ့ ရှိတဲ့နေရာကို ဆက်ရှာနေတယ်”
******
220 01
အပိုင်း 220
ချင်နန်ချီက ခေါင်းညိတ်လိုက်၏။ သူ ချင်ယွီစွေအကြောင်း သေသည်။ သူ့ယခင်ဘဝက ကဲ့သို့ပင် သူသည်လည်း မင်းသမီးကို နှစ်သက်၏။ ဖုယွီ သေဆုံးသွားပြီးနောက် သူသည် သေသည်ထက် ပိုဆိုးသော ဘဝ၌ နေခဲ့ရသော်လည်း ယွင်ယွီ ကာကွယ်ပေးသည့် သူများကို ကူညီပေးသေးသည်။
ယခုလည်း ဤအတိုင်းပင်။ ယွင်ယွီက ယွင်မိသားစုနှင့် ဟယ်ချင်းကျေးရွာ၏ ရွာသူရွာသားများကို ဂရုစိုက်သည်။ ထို့ကြောင့် သူသည် ယွင်ယွီကို ကူညီပြီး ထိုလူတစ်စုကို သေချာပေါက် ကာကွယ်ပေးလိမ့်မည်။ ထိုလူများက သူမ၏ အားနည်းချက်များပင် ဖြစ်သည်။ ယွင်ယွီက ချင်ယွီစွေ၏ အားနည်းချက် ဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။
ရီချန်းက သူ့အတွက် မြို့တော်သို့ သွားမည့် လေယာဉ်လက်မှတ်တစ်စောင် နေ့လယ်ခင်း၌ ဝယ်လာပေးသည်။ ထို့ကြောင့် သူသည် ညနေခင်း၌ မြို့တော်သို့ ရောက်လိမ့်မည်။
ယွင်ယွီသည် အမြန်ရထားစီးရန် မြို့လယ်သို့သွား၍ ဘတ်စ်ကားစီးခဲ့၏။ ယင်းက နာရီပေါင်းများစွာ ကြာသည်။ သူမက ည ၁၁ နာရီ ဝန်းကျင်၌ ထွက်မည့် အမြန်ရထားကို ရွေးခဲ့သည်။ ထို့ကြောင့် ညအချိန်၌ အိပ်နိုင်ပြီး နိုးလာချိန်၌ ဘူတာသို့ ရောက်ချိန်၌ မနက်မိုးလင်းနေလိမ့်မည်။ ဤနည်းဖြင့် သူမသည် အေးအေးလူလူခရီးသွားနိုင်ပြီး အလျင်လိုစရာ မလိုအပ်ဘဲ အနားယူနိုင်၏။
နောက်နေ့နံနက်တွင် ယွင်ယွီက မြို့တော်သို့ ရောက်လာသည်။ သူမ အမြန်ရထားပေါ်မှ ဆင်းလိုက်ချိန်တွင် အနည်းငယ် မူးဝေနေ၏။ ဤနေရာသည် ယဲ့ဖင်းကျေးရွာနှင့် လုံးဝ မတူညီပေ။ လူများဖြင့် စည်ကားနေပြီး ခန်းနားထည်ဝါသော အဆောက်အအုံများ၊ မိုးမျှော်တိုက်များ စည်ကားနေသော ဈေးရှိပြီး အားလုံးသည် သူမ ယခင်က တစ်ခါမှ မတွေ့ဖူးသည့် အရာများ ဖြစ်သည်။
သူမသည် ဝေ့မင်းဆက်၏ မင်းသမီးတစ်ပါးဖြစ်ပြီး ယခင်က နန်းတော်တွင် နေခဲ့လျှင် နန်းတော်၏သာယာဝပြောမှုသည် သူမ ယခု မြင်တွေ့သည့် အရာနှင့် ကွဲပြားခြားနားနေသေးသည်။ သူမ၏ စိတ်နှင့် ခန္ဓာကို ထိတ်လန့်သွားစေသည်။ နောက်ထပ် အတွေ့အကြုံ တစ်မျိုးဖြစ်၏။ ဤခေတ်ကာလက တကယ် မျက်စိဖွင့်စေသည်။ ပူဆွေးမရှိ လူအုပ်ကြီးကြား လမ်းလျှောက်နေမိ၏။ သူမ အတော်လေး စိတ်ရှုပ်ထွေးနေသော်လည်း သူမ ကြိုတင်ပြင်ဆင်မှု မရှိဘဲ မြို့တော်သို့ လာ၏။ စဉ်းစားကြည့်ပြီးနောက် သူမ ဖုန်းထုတ်ကာ ဟိုတယ်ကောင်းတစ်ခုကို ဘိုကင်တင်လိုက်သည်။ တစ်နာရီအကြာ၌ ဟိုတယ်သို့ ရောက်ပြီး ဝင်တည်းလိုက်သည်။
ရာသီဥတုက ယခုအချိန်၌ အေးမြနေပြီ ဖြစ်သည်။ ယွင်ယွီက ဟိုတယ်၌ နေ့လယ်စာ စားပြီးနောက် မြို့တော်၌ နာမည်ကျော် ခရီးသွား နေရာများကို သွားခဲ့၏။
၎င်းသည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်သည့် နေရာတစ်ခု ဖြစ်သည်။ ယွင်ယွီ ရောက်လာပြီးနောက် ရှေးလူတို့ တည်ဆောက်ခဲ့ပုံနှင့် ပြုပြင်ထိန်းသိမ်းခဲ့ပုံကို မှန်းဆရန် ခက်ခဲလှပေ၏။ ၎င်းက တကယ် အံ့ဩဖွယ်ကောင်းသည်။ သူမ ကိုယ်ဝန်လွယ်ထားရသော်ငြား ပင်ပန်းနွမ်းနယ်မှုကို မခံစားရဘဲ ရှုခင်းကို ခံစားနေသည်။
ညနေ ၄ နာရီ၌ တောင်အောက်ဆင်းကာ ညစာစားပြီး အနားယူလိုက်သည်။
မြို့တော်၌ နာမည်ကျော် ရှုမျှော်ခင်းနေရာများစွာ ရှိသည်။ ယွင်ယွီသည် မြို့တော်ရှိ နာမည်ကြီး ရှုမျှော်ခင်းနေရာ အားလုံးနီးပါးကို သွားရောက်လည်ပတ်ရန် ၇ ရက်၊ ၈ ရက်ခန့် လှည့်သွားခဲ့၏။ ထိုမြင်ကွင်းများသည် သူမယခင်က တစ်ခါမှ မတွေ့ဖူးသည့် အရာဖြစ်သည်။ ၎င်းတို့ကို မြင်တွေ့ပြီးနောက် ရင်ထဲထိ ထိနေသေး၏။ သူမဗိုက်ထဲရှိ ကလေးကလည်း အနည်းငယ် ကြီးလာကြောင်း သိသည်။
ယွင်ယွီက အမြဲတစေ မနက်ခင်း၌ ပျို့အန်တတ်သည်။ ဆရာဝန်ဆီမှ ကြားထားသည်က သုံးလလွန်ပြီးလျှင် မနက်ခင်း ပျို့အန်မှု ပျောက်ကွယ်သွားပြီး လျော့သွားလိမ့်မည် ဟု ဆိုခဲ့သည်။ သို့သော် ပထမ ၃ လနှင့် ကွဲပြားခြားနားမှု မရှိဟု ထင်မိသည်။ ထို့ပြင် သူမ လေးလဝန်းကျင်၌ သန္ဓေသား လှုပ်ရှားမှုကို စတင်ခံစားလာရသောကြောင့် ထိုကလေးငယ်သည် လှုပ်ရှားမှု အတော်သိသာပြီး၊ သူ၏ လှုပ်ရှားမှုကိုတောင် မကြာခဏ ခံစားမိ၏။
လစဉ် လတိုင်း စစ်ဆေးရန်အတွက် ဆေးရုံသို့ သွားခဲ့၏။ သူမ ယခုအခါ ခရီးစဉ်၌ ကျန်းမာရေးကတ်လည်း သယ်လာသည်။ သို့မှသာ သူမ ရှေ့ဆက် စစ်ဆေးနိုင်မှာ ဖြစ်သည်။
ဤအတိုင်း ရက်ပေါင်းများစွာ သွားလာပြီးနောက် ယွင်ယွီသည် သူမ၏ မူလခန္ဓာက ပေကျင်းမြို့တော် မီဒီယာတက္ကသိုလ်မှ ဘွဲ့ရဖြစ်ကြောင်း တွေးမိသွား၏။ ထို့ကြောင့် သူမသည် ကျောင်းကို တစ်ချက် ပတ်ကြည့်ရန် ပြင်ဆင်ထားသည်။ ရိုးရိုးသားသား ပြောရလျှင် သူမသည် ဤခေတ်ကာလရှိ ကျောင်းက မည်သို့သောပုံ ဆိုတာ အတွေ့အကြုံ မရှိပေ။ နောက်နေ့နံနက်တွင် ယွင်ယွီက မနက်စာ စားပြီး တက္ကသိုလ်သို့ ဘတ်စ်ကားစီးသွားလိုက်၏။ ကျောင်းဝင်ပေါက်က ခမ်းနားထည်ဝါပြီး အထဲသို့ ဝင်သွားနိုင်သည်။
220 02
သူမ ကျောင်းကို လှည့်ပတ်ကြည့်ပြီးနောက် နေ့လယ်စာစားရန် ကန်တင်းတောင် သွားခဲ့၏။ ၎င်းတို့က သာမန် အိမ်ချက်ဟင်းလျာများပင် ဖြစ်သည်။
ယွင်ယွီက အလွန်စိတ်ကျေနပ်နေသေးသည်။ သူမသည် ကျောင်းမှ ထွက်လာပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။ ညနေခင်း၌ သူမ ကျောင်းနားရှိ ရှော့ပင်းမောလ်ထဲ၌ ညစာစားခဲ့သည်။ ညစာစားပြီးနောက် သူမ ရုပ်ရှင်ကြည့်ဖို့ ပြင်ဆင်ထားခဲ့၏။ တကယ်တော့ သူမ ယခင်က တစ်ခါမှ ရုပ်ရှင် မကြည့်ဖူးပေ။
ညစာစားရန်အတွက် သူမသည် မောလ်ထဲ၌ သန့်ရှင်းသပ်ရပ်ပုံပေါ်သည့် အိမ်ပုံစံ စားသောက်ဆိုင်တစ်ခုကို ရှာတွေ့သွားသည်။ အစားအသောက် မှာပြီးနောက် ယွင်ယွီသည် အဝေးကနေ တစ်စုံတစ်ယောက် သူမကို ကြည့်နေတာ သတိပြုမိသွား၏။ သူမ မော့ကြည့်လိုက်ချိန်တွင် မျက်တွင်းများ ချောင်ကျနေသော မိန်းကလေးတစ်ယောက် ဖြစ်နေတာ တွေ့လိုက်ရသည်။ အသက် ၂၀ ဝန်းကျင် ရှိပုံပေါ်သော်ငြား သူမမျက်နှာက အတော်လေး ထူးဆန်းနေ၏။ မကောင်းတာ လုပ်ထားသောကြောင့် အပြစ်ပေးခံထားရပုံ ပေါ်သည်။ ယခု သူမ၏မျက်နှာက တစ်ခုခုပြောချင်နေပုံ ပေါ်ပြီး ခြေတစ်ဖက် စောင်းနေပုံလည်း ပေါ်၏။ သူမဘေး၌ သပ်ရပ်လှပသည့် အမျိုးသမီးတစ်ဦး ထိုင်နေကာ ထိုမိန်းကလေးကို စကားတီးတိုး ပြောလိုက်၏။
ထိုမျက်တွင်းချောင်ကျနေသော မိန်းကလေးသည် ယွင်ယွီ သူမကို ကြည့်နေတာ မြင်လိုက်၏။ သူက ယွင်ယွီကို မျက်နှာသေဖြင့် စိုက်ကြည့်သည်။
ယွင်ယွီ မျက်မှောင်ကြုတ်မိသွား၏။ မူလကို သိတဲ့သူလား။
တုန့်ဆိုင်းနေပြီးချိန် ထိုမိန်းကလေးက ယွင်ယွီဆီ ရောက်လာပြီး ထိုင်ချကာ မဝံ့မရဲ မေးလိုက်၏။
“ယွင်ယွီလား”
ယွင်ယွီက တည်ငြိမ်နေ၏။
“ကျွန်မကို သိတာလား”
ထိုမိန်းကလေးသည် ထူးထူးဆန်းဆန်း ရယ်မောလိုက်၏။
“ငါ့ကို မမှတ်မိဘူးလား။ အတိတ်မေ့သွားတာလား”
ယွင်ယွီက ဆက်မေးလိုက်သည်။
“ရှင် ဘယ်သူလဲ”
ထိုမိန်းကလေးက ပြောလိုက်၏။
“ငါက ကောချင်။ တက္ကသိုလ်မှာ ၄ နှစ်လုံး အတန်းဖော် ဖြစ်ခဲ့တယ်။ နင့်အတိတ် တကယ်မေ့သွားတာလား။ နင့်ရဲ့ မိသားစုက နင့်ကို ရှာနေသေးလို့ ကြားတယ်။ နင်ဘာဖြစ်တာလဲ”
ယွင်ယွီက တိတ်ဆိတ်သွားလေ၏။ ဤမိန်းကလေးသည် မူလကိုယ်၏ အတန်းဖော် ဖြစ်ရမည်။ မူလကိုယ်၏ မိသားစုသည် မူလကိုယ်ကို ရှာနေကြောင်း သူမ မည်ကဲ့သို့ သိသနည်း။
ယွင်ယွီ တိတ်ဆိတ်သွားတာကို မြင်ပြီး ကောချင်က ပျက်ရယ်ပြုလိုက်၏။
“အဲဒီဟာတွေ ငါ့ကို နှောင့်ယှက်တာ ရပ်သွားပြီးတော့ ငါ ပုံမှန်ဖြစ်လာပြီး အတန်းအဖွဲ့ထဲ ပြန်ရောက်လာတယ်။ ငါ့အတန်းဖော်တွေကလည်း ငါ့ကို အာရုံစိုက်ဖို့ ဆန္ဒရှိတယ်။ ဒါကြောင့် နင် လုပ်ခဲ့သမျှ အားလုံး မေ့သွားတာလား။ ငါ့ကို ဒီပုံစံဖြစ်အောင် လုပ်ခဲ့တာ နင်ဆိုတာ မေ့သွားလား”
“ငါလား”
ယွင်ယွီက သူမကို မော့ကြည့်လိုက်၏။
ကောချင်က မျက်နှာသေဖြင့် ပြောလိုက်၏။
“နင်ပဲ။ ငါတို့ ဘွဲ့ရပြီး ကျောင်းကနေ ထွက်ရမယ့်အချိန်မှာ ငါအမှားလုပ်ခဲ့မိပြီး နင့်ကို ဒုက္ခရောက်စေ စိတ်ပျက်စေခဲ့တာ။ နင်ရဲ့ မိထွေးပါသမီးနဲ့ ငါက နင့်ကို ထိခိုက်အောင် လုပ်ဖို့ ကြံစည်ခဲ့တယ်။ နောက်ပိုင်း နင့်အဆောင်ပြန်ရောက်ပြီး ငါ့ကို လက်ညှိုးထိုးလိုက်တာ။ အစတုန်းက နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အချိန်တွေ ကြာလာပြီးတော့ ငါ မရေမတွက်နိုင်အောင် ကြုံပြီးတော့ ဖော်ထုတ်လိုက်နိုင်တယ်”
“အဲဒီနေ့တုန်းက နင်ကလပ်ကနေ ပြန်ရောက်လာတဲ့အချိန် ငါ့ကို လက်ညှိုးထိုးခဲ့တယ်။ အဲဒီညက စပြီး ငါ အိပ်မက်ဆိုး စမက်တော့တာပဲ။ အစက ဂရုမစိုက်ဘူး တိုက်ဆိုင်တာလို့ပဲ ထင်ခဲ့တာ။ နောက်ပိုင်းကျ ညတိုင်း အိပ်မက်ဆိုးတွေ ခြောက်လှန့်တာ ခံရတယ်။ ပြီးတော့ ငါ အဲ့ဒီခြောက်ခြားဖွယ်အရာတွေကို စမြင်လာရတာပဲ။ သူတို့ ငါ့ကို စောင့်ခြောက်လှန့်ကြတယ်။ ငါ ညညဆို အိပ်ကောင်းခြင်း မအိပ်ရဘူး”
220 03
ယွင်ယွီက ဆိတ်ဆိတ်နေလေ၏။ သူမ၏ မူလခန္ဓာသည် ဤအတန်းဖော်နှင့် ဤကဲ့သို့ ရှုပ်ထွေးစွာ ပတ်သက်မှု ရှိလိမ့်မည်ဟု မထင်ထားပေ။
ယွင်ယွီ၏ အမူအရာ ပြောင်းလဲသွားခြင်း မရှိတာကို မြင်ပြီး ကောချင်က မချိပြုံး ပြုံးလိုက်၏။
“နောက်ပိုင်း လူတိုင်းက ငါရူးနေတယ်လို့ ထင်ကြတယ်။ ငါ အကြိမ်ပေါင်းမနည်း သေချင်ခဲ့တာ။ ဒါပေမဲ့ ငါမသေရဲဘူး။ မသေချင်ဘူး။ ဒီလိုနဲ့ တစ်နေ့ကျ ရုတ်တရက်ကြီး ငါပြန်ကောင်းသွားတယ်”
သူမက ယွင်ယွီကို ကြည့်လိုက်၏။
“တကယ်တော့ နင်လုပ်လိုက်တာ မလား။ အဲဒီနေ့တုန်းက နင်လည်း မြို့တော်မှာ ရှိနေတာ သိလိုက်ရတယ်။ ငါ နေကောင်းလာတာပဲ။ ပြီးတော့ ငါ တဖြည်းဖြည်းချင်း ပုံမှန်ဘဝကို ပြန်သွားနိုင်ခဲ့တယ်”
ယခုအချိန်တွင် သူမ ငိုကြွေးနေပြီး နောင်တရနေကာ ယွင်ယွီကို တောင်းပန်ရန် အခွင့်အရေးရှိမည်ဟု ထင်ခဲ့သည်။ ယွင်ယွီက ဘာမှမပြောဘဲ ဤမိန်းကလေးနှင့် မူလကို၏ မိထွေးပါသမီးတို့က သူမကို ထိခိုက်အောင် လုပ်ချင်ပုံကို စဉ်းစားနေသေး၏။ တစ်နည်းအားဖြင့် မူလကို ကြိတ်ခံစားလိုက်ရသည်ဟု ခံစားရသည်။
ကောချင်က ယွင်ယွီကို တိတ်ဆိတ်စွာ ကြည့်နေပြီး သူမ တကယ်မမှတ်မိဘူး ခံစားမိသွားသည်။ သူမ မနေနိုင်ဘဲ မေးလိုက်၏။
“နင် ဘာဖြစ်တာလဲ။ ဘယ်လိုလုပ် ဘာမှမမှတ်မိရတာလဲ။ နင့်အတန်းဖော် တော်တော်များများ နင်ပျောက်နေတာ သိကြတယ်။ စုန့်ကျင်းကျင်းကလည်း နင့်ကို ရှာနေသေးတာ”
“နင် သူတို့ကိုတောင် မမှတ်မိတော့ဘူးလား။ သူတို့က နင့်ရဲ့သူငယ်ချင်းကောင်းတွေလေ”
“နင် တကယ် မမှတ်မိတော့ဘူးလား။ ဒါဆို ဘွဲ့ရခါနီးအချိန် ထူးထူးဆန်းဆန်း စလုပ်တာတွေရော မှတ်မိလား။ နင် အရင်တုန်းက ရုပ်လွန်ပညာကို နားမလည်ခဲ့ဘူး။ နင်စာလေ့လာနေတုန်း ရုပ်လွန်ပညာအကြောင်း နင်သိတာတွေ ဘယ်သူမှလည်း မကြားဖူးဘူး။ ဒါပေမဲ့ ဘွဲ့ရပြီးတော့ နင်က အလုပ်ဝင်ဖို့ လက်လျှောက်သွားပြီး မွေးရပ်မြေပြန်ပြီး တောင်တစ်တောင်ကို ငှားရမ်းနဲ့ လယ်ယာစိုက်ပျိုးစားတယ်။ လူတွေကို ဖုန်းရွှေပညာနဲ့ ကူညီပေးတယ်။ ရွာထဲက လူတွေက နင့်ကို ယုံကြည်နေတာ။ နင်က ရွာမှာ အပန်းဖြေစခန်းတစ်ခုတောင် တည်ဆောက်ပေးပြီး အလုပ်အကိုင်လည်း အဆင်ပြေတယ်။ နင့်ရဲ့မိသားစုကလည်း ကြွယ်ဝချမ်းသာနေပြီ။ အားလုံး မမှတ်မိဘူးလား”
ယွင်ယွီက မျက်ခုံးပင့်မိသွားလေ၏။
ဤမိန်းကလေး ပြောပုံအရ သူမသည် ကောလိပ်၌ စီနီယာတန်း တက်စဉ်က ပုံမှန်ဖြစ်ခဲ့ပြီး ဘွဲ့ယူခါနီးမှ ပြောင်းလဲလာ၏။ စာလေ့လာနေစဉ် ရုပ်လွန်ပညာနှင့် ပတ်သက်သည့် ဗဟုသုတများ မဖော်ထုတ်ခဲ့ပေ။ ဘွဲ့ရပြီးနောက် အလုပ်မဝင်ဘဲ ဖုန်းရွှေပညာဖြင့် ကူညီပေးရန် ရွာသို့ ပြန်သွားသည်။ ရင်းသည် ချင်နန်ချီ ပြောခဲ့သည့်အတိုင်း ကွဲပြားခြားနားနေပေ၏။
ယွင်ယွီက တုန့်ဆိုင်းသွားတော့သည်။ ဒါဆို ဘာတွေ ဖြစ်နေတာလဲ။ သူမသည် မူလခန္ဓာကို တွေ့ကြုံခဲ့ရသည်များကို ပိုမို သိချင်လာတော့၏။
ယွင်ယွီ တိတ်ဆိတ်နေတာကို မြင်သောအခါ ကောချင်က သက်ပြင်းချပြီး ပြောလိုက်၏။
“ယွင်ယွီ ငါတောင်းပန်ပါတယ်။ အရင်တုန်းက ငါမှားခဲ့တာ။ ငါနင့်ကို မနာလို ဖြစ်ခဲ့တယ်။ ဒါကြောင့် နင့်ကို ထိခိုက်အောင် လုပ်မိတာ။ ခွင့်လွှတ်ပေးဖို့ မတောင်းဆိုပါဘူး။ နင် ငါ့ကို အရင်တုန်းက အပြစ်ပေးခဲ့တယ်။ အခု ငါ နင့်ကို ကျေးဇူးတင်စကား၊ တောင်းပန်စကား ပြောချင်ရုံပါပဲ”
သူမ တုန့်ဆိုင်းနေကာ ဆက်ပြောလိုက်၏။
“အချိန်ရှိရင် ပြန်သွားကြည့်သင့်တယ်။ နင့်ရဲ့ အတန်းဖော်တွေလည်း စိတ်ပူနေကြတာ။ နင့်ရဲ့ မိသားစု နင့်ကို ဘယ်လောက် စိတ်ပူနေမလဲ ဆိုတာ တွေ့ကြည့်မိတယ်”
“ဒါဆို ငါ အရင်သွားတော့မယ်”
ယွင်ယွီသည် သူမ ထွက်သွားသည်အထိ စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ကောချင် ထွက်သွားပြီးနောက် ယွင်ယွီသည် သူမရှေ့ရှိ အစားအသောက်ကို ဖြည်းဖြည်းချင်း ပြီးအောင်စားပြီး စိတ်လွတ်နေလေ၏။
အမှန်တရားက ဘာလဲ။ ရှန်လုလီက သူမကို ဘာလို့ လိမ်တာလဲ။ သူမက မူလခန္ဓာ၏ မူလပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ကို တကယ်ယူခဲ့တာလား။
220 04
စားသောက်ပြီးနောက် ယွင်ယွီသည် ဟိုတယ်သို့ ပြန်သွားကာ တစ်ည အနားယူလိုက်၏။ နောက်နေ့တွင် သူမ ရှုခင်းကြည့်ဖို့ မသွားခဲ့ပေ။ မြို့တော်ရှိ နေရာအများစုကို သူမသွားရောက် လည်ပတ်ပြီးသောကြောင့် ဖြစ်သည်။
သူမက ဟိုတယ်၌ တစ်ရက်နေခဲ့လေ၏။ နေ့လယ်ခင်း၌ ချင်နန်ချီက သူမကို ရုတ်တရက် ဆက်သွယ်လာသည်။ ယွင်ယွီ ဖုန်းကိုင်ပြီးနောက် ချင်နန်ချီ၏ အသံကို ကြားလိုက်ရ၏။
“ယွီအာ အားပါ့မလား။ ကိုယ်လည်း မြို့တော် ရောက်နေလို့ ထမင်းတစ်နပ် ကျွေးမယ်လေ”
ယွင်ယွီသည် တကယ်တော့ ထိုအကြောင်း မစဉ်းစားချင်ပေ။ ထိုလူ သူသည် မူလရှန်လုလီ မဟုတ်တော့ဟု ခံစားမိ၏။ သူ၏ ကိုယ်ရည်ကိုယ်သွေးများစွာ ပြောင်းလဲသွားပြီဖြစ်သောကြောင့် သူကို အစ်ကိုရှန်အဖြစ် သဘောမထားနိုင်တော့ပေ။ သို့သော် သူမ မငြင်းဆန်ခဲ့ပေ။ မူလပိုင်ရှင်အကြောင်း သူကို စမ်းသပ်ချင်မိသည်။
ချင်နန်ချီက သူမကို လာကြိုပြီး ကျောက်ဆောင်များ ငါးကန်များ ဝန်းရံနေသည့် သီးခြားဆန်သော ခြံဝင်းထဲတွင်ရှိသည့် သီးသန့် စားသောက်ဆိုင်သို့ ခေါ်သွားပေးသည်။ စားပွဲထိုးများက မိန်းမလှလေးများ ဖြစ်ပြီး ချီဖောင်များ ဝတ်ထားလေ၏။ ချင်နန်ချီ လျှောက်လာချိန်၌ အထဲရှိမန်နေဂျာက သူ့ကို ချက်ချင်း မှတ်မိသွားပြီး အလွန်တလေးတစား ရှိနေကာ သူတို့နှစ်ယောက်ကို သီးသန့်ခန်းထဲ ခေါ်သွား၏။
အတွင်းရှိ ပတ်ဝန်းကျင်က ခမ်းနားသည်။ နှစ်ယောက်ထိုင်လိုက်ပြီးနောက် မန်နေဂျာက ထွက်မသွားသေးဘဲ ချင်နန်ချီကို တလေးတစား မေးလိုက်၏။
“ဒုတိယသခင်လေး ဒီနေ့ဘာစားချင်လဲ”
ချင်နန်ချီသည် ဖုယွီ၏ အကြိုက်ကို မှတ်မိသေးသည်။ သူက ဟင်းတစ်ချို့ မှာပြီးနောက် သူတို့ကို ထွက်သွားခိုင်းလိုက်၏။
“ဒီက အစားအသောက်တွေ စမ်းကြည့်၊ အရသာ ကောင်းတယ်”
ယွင်ယွီက အင်း ဟူ၍ ဖြေလိုက်လျက် သူဆက်ပြောတာ ကြားလိုက်ရသည်။
“ယွင်ယွီ ဒီရက်တွေထဲ ဟိုတယ်မှာ တည်းရတာ ဘယ်လိုလဲ။ မြို့တော်မှာ ပိုင်ဆိုင်မှုတစ်ချို့တွေ ရှိတယ်။ အဲဒီမှာ နေလို့ရတယ်။ နောင်ကျ မြို့တော်မှာ နေချင်တယ် ဆိုရင်လည်း အဆင်ပြေတာပဲ”
ယွင်ယွီက ပြောလိုက်၏။
“အစ်ကိုချင် ဒီလောက် ဒုက္ခခံဖို့ မလိုပါဘူး။ ကျွန်မ မြို့တော်မှာ တစ်လလောက်ပဲ နေမှာ။ ပြီးရင် မီးဖွားဖို့ ပြန်မှာ။ တစ်ချိန်လုံး အပြင်ထွက်တာ မကောင်းဘူး”
******
221 01
အပိုင်း 221
ချင်နန်ချီက ပြောသည်။ "ဒီခေတ်ကာလက ကိုယ်တို့ထက်ပိုပြီး အမြင်ပွင့်ကြတယ်။ ယွီအာ သဘောကျသွားလား"
ယွီအာက ရယ်လိုက်တော့သည်။ "ကြိုက်တာ မကြိုက်တာ မဟုတ်ဘူး။ ကျွန်မက ဒီခေတ်ကာလက မဟုတ်ဘူးလေ" ကံကြမ္မာရဲ့ လှည့်စားမှုသက်သက်ပဲ။
သူတို့နှစ်ယောက်သည် စကားခဏပြောနေပြီး မကြာမီ၌ အစားအသောက်များ လာချပေးသည်။ ချင်နန်ချီက ယွီအာအတွက် သူမနှစ်သက်သော ဟင်းတစ်ချို့ ထည့်ပေးသောငြား ယွီအာသည် အရသာမရှိဟု ထင်မိသည်။ အမှန်တကယ်ပင် ယင်းတို့သည် သူမနှစ်သက်သည့် ဟင်းလျာများ ဖြစ်၏။ သို့သော်ငြား သူမအကြိုက်မဟုတ်ဟု ခံစားမိသည်။
သစ်အယ်သီးနှင့် ကြက်သားနှပ်ထားသည့် ဟင်းလျာသည်။ သစ်အယ်သီးက ကောင်းမွန်ပြီး ချိုမြနူးညံ့ကာ ကြက်သားအချိုရည်ကို စုပ်ယူထားပြီး စုပ်ယူထားသောကြောင့် အရသာရှိသည်ဟု သားတွေးမိသည်။ ထို့ကြောင့် သူမ များစွာစားလိုက်၏။
များစွာစားပြီးနောက် မန်နေဂျာသည် သစ်သီးတစ်ပန်းကန် သယ်လာပေးသည်။ မက်မွန်သီးများဖြစ်၏။ မက်မွန်သီးရာသီ ဖြစ်သောကြောင့် မှည့်နေပြီဖြစ်သည်။
ယွီအာသည် တစ်စိတ်စားကြည့်ပြီး မက်မွန်သီး၏ ချိုမြိန်မှုကြောင့် သဘောကျသွားသည်။ ပွားရတာအီးပြီး မမာကျောလွန်း မနူးညံ့လွန်းပေ။ သူမယခင်က စားခဲ့ဖူးသမျှထက် ပိုအရသာရှိသည်။ ဝေ့မင်းဇာတ်တွင်တောင် သူမအား ဆက်သသည့် သစ်သီးများသည် ဤကဲ့သို့ အရသာမရှိပေ။
မန်နေဂျာသည် သခင်လေးချင်ကို သိသောငြား ယွီအာကို တစ်ခါမှ မတွေ့ဖူးပေ။ သခင်လေးချင်က သူနှင့်အတူ မိန်းကလေးတစ်ယောက် ခေါ်လာတာကို ပထမဆုံးအကြိမ် မြင်ဖူးတာလည်း ဖြစ်သည်။ သူအလွန်အံ့ဩသွားသော်ငြား ဤမိန်းကလေးသည် သခင်လေးချင်အတွက် အလွန်အရေးပါသူ ဖြစ်မည်မှန်း သိလိုက်သည်။ ထိုမိန်းကလေး စားသောက်နေတာကို မြင်ပြီး မန်နေဂျာက ပြုံးပြီးပြောလိုက်၏။
"ဒီမက်မွန်သီးနဲ့ သစ်အယ်သီးက ဟယ်ချင်းကျေးရွာကနေ ထွက်တာလေ။ ဒါကြောင့် အရသာသိပ်ကောင်းတယ်။ အခုအချိန်မှာ လူတိုင်းက ဟယ်ချင်ကျေးရွာက ထွက်ကုန်တွေကို လိုချင်နေကြတာ ရဖို့ခက်တယ်"
"သွားတော့" ချင်နန်ချီက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ယွီအာက မက်မွန်သီးစားနေစဉ် အတွေးနက်သွားလေ၏။ ဟယ်ချင်းကျေးရွာက သူမမူလကိုယ်ရဲ့ မွေးရပ်မြေ မဟုတ်လား။
သူမသည် မူလကိုယ်အကြောင်း သတင်းတစ်ချို့ သိထား၏။ ချင်နန်ချီသည် သူမကို သတင်းအချက်အလက်အပိုင်အစ တစ်ခုပေးဖူးသည်မှာ မူလကိုယ်၏မိသားစု၌ တောင်တက်အပန်းဖြေစခန်းနှင့် လယ်ကွင်းရှိကြောင်း သိထားသည်။ သူမ၏ မူလကိုယ် စိုက်ပျိုးထားသည့် သစ်သီးဝလံများက ဤမျှကောင်းမွန်လိမ့်မည်ဟု သူမတစ်ခါမှ မတွေးခဲ့မိချေ။ ဝိညာဉ်စွမ်းအင် ရှားပါးသော ခေတ်ကာလ၌ ထိုကဲ့သို့ ပစ္စည်းများ စိုက်ပျိုးဖို့က အလွန်ခက်ခဲသည်။ ဟယ်ချင်းကျေးရွာကို တစ်ခေါက်သွားကြည့်သင့်သည်ဟု ခံစားမိသည်။
မန်နေဂျာသည် ဒုတိယချင်သခင်လေး၏ စကားထဲရှိ အရိပ်အမြွက်ကို ကြားသောအခါ ကြာကြာမနေရဲတော့ဘဲ အမြန်ဆုတ်ခွာသွားလေ၏။
ယွီအာက ပြုံးပြီးပြောလိုက်သည်။ "အစ်ကိုချင် ဒီသစ်သီးက အရသာရှိတယ်။ စားကြည့်ပါဦး"
နှစ်ယောက်သား စားသောက်ပြီးနောက် ချင်နန်ချီသည် ယွီအာကို ဟိုတယ်သို့ ပြန်ပို့ရန် ပြင်ဆင်လိုက်သော်ငြား ယွီအာက ခေါင်းခါပြီး ငြင်းဆန်လိုက်၏။ "အစ်ကိုချင် ပြန်သွားနှင့်ပါ။ ညဘက်စားတာများသွားလို့ လမ်းလျှောက်ဦးမယ်"
ချင်နန်ချီက ပြောလိုက်၏။ "ကိုယ် အဖော်လိုက်ပေးမယ်လေ"
ယွီအာက ငြင်းဆန်လိုက်သည်။ "အစ်ကိုချင် မလိုပါဘူး။ ညီမဘာသာ လျှောက်ချင်တယ်"
နောက်ဆုံး၌ ချင်နန်ချီသည် တစ်ခွန်းမှ မပြောဘဲ ထွက်သွားလေ၏။ သူမ အနည်းငယ် ဝမ်းနည်းဖြစ်နေတာကို မြင်သောအခါ သူမအတွက် စိတ်မကောင်းဖြစ်မိသည်။ သူလုပ်တာ မှားသွားတာများလား။
သို့သော် သူသည် သူ့ဘေး၌ သူမရှိနေစေရန် နှစ်ပေါင်းနှစ်ထောင်လုံး တောင့်တခဲ့၏။ ယခုအချိန်တွင် သူလွှတ်ပေးမှာ မဟုတ်ပေ။ သူမ၏ နောက်သို့ ကိုယ်တိုင်မလိုက်သွားသော်ငြား သူ့နောက်လိုက်ရန် လူလွှတ်တာသည်။ တကယ်တော့ သူမသည် ယွင်မိသားစုများ သို့မဟုတ် သူမယခင်က သိဖူးသည့်သူများနှင့် တွေ့လျှင်တောင် သူတို့ကို မှတ်မိနိုင်မှာ မဟုတ်ပေ။
221 02
သူမစိတ်ထဲမှ ထိုမှတ်ဉာဏ်ကို အပြည့်အဝ ဖျက်ထားပြီးသားဖြစ်ကာ ထိုလူများက သူစိမ်းသာ ဖြစ်နေလိမ့်မည်။ သူမတစ်သက်လုံး ယဲ့ဖင်းကျေးရွာကဲ့သို့ နေရာငယ်လေး၌ နေဖို့ဆိုတာ မဖြစ်နိုင်ပေ။ သူမစိတ်တည်ငြိမ်သွားမည့် အချိန်အထိစောင့်ပြီး အချိန်တစ်ချို့ ပေးထားတာဖြစ်သည်။
ယွီအာက ဝေးဝေးလံလံ လမ်းမလျှောက်ခဲ့ပေ။ ည ၇ နာရီ ထိုးခါနီးအချိန်၌ မှောင်နေပြီဖြစ်သည်။ ဟိုတယ်က ၂၁ မိနစ်သာ ကွာဝေးသည်။ သူမပြန်သွားလျှင် တစ်ယောက်တည်း ဖြစ်နေ၏။ ထို့ကြောင့် လမ်းလျှောက်နိုင်သည်။ သွားစရာနေရာ မရှိသဖြင့် ယွီအာက သတိလက်လွတ်ဖြင့် လမ်းလျှောက်နေမိကာ ပန်းခြံနားသို့ ရောက်သွားသည်။
ပန်းခြံက အတော်လေးကြီးမားပြီး ရှုခင်းက ကောင်းမွန်၏။ သက်ကြီးရွယ်အိုများစွာ လေ့ကျင့်ခန်း လုပ်နေကြပြီး မိသားစုဝင်သုံးယောက်က လမ်းလျှောက်နေ၏။ နွေးထွေးပြီး သက်သောင့်သက်သာရှိသည့် နေရာတစ်ခု ဖြစ်သော်ငြား တစ်စုံတစ်ခု လွဲချော်နေသပမာ သူမခံစားရသည်။ ကန်ဘေးရှိ ခုံတန်းရှည် လျှောက်သွားပြီး ထိုင်ချလိုက်ကာ ကန်ရေကို ကြောင်အားစွာ စိုက်ကြည့်နေမိသည်။
သူမထိုနေရာ၌ ထိုင်နေတာ မည်မျှကြာသွားသည်မသိ။ အခြားလူတစ်ယောက် သူမဘေး၌ လာထိုင်ပုံပေါ်သော်ငြား သူမအာရုံမစိုက်ခဲ့မိပေ။ သတိအလွတ်လွတ်ဖြစ် အပူချိန်က လျော့လာတော့၏။ သူမက အဝတ်ပါးဝတ်ထားသဖြင့် အေးလာတော့သည်။ သူမထွက်သွားတော့မည့်အချိန်၌ သူမဘေးတွင် ထိုင်နေသည့် အဖိုးအိုက အင်္ကျီလက်ကို ရုတ်တရက်ဆွဲပြီး မေးလိုက်တော့သည်။
"မိန်းကလေး ဘာလုပ်ချင်လို့လဲ"
ယွီအာက တအံ့တသြဖြင့် လှည့်ကြည့်လိုက်ရာ ခုံတန်းပေါ်၌ အဖိုးအိုထိုင်နေတာကို တွေ့လိုက်ရသည်။ သူမည်သည့်အချိန်က ထိုင်နေမှန်း သူမမသိပေ။ ထိုင်နေတာကြာလောက်ပြီဖြစ်မည်။ ယွီအာက ဘာမှမပြောပေ။ ဤအဖိုးအို ဘာလုပ်မယ်မှန်း မသိ။
အဖိုးအိုက ပြောလိုက်၏။ "မိန်းကလေး မင်းကန်ရေကို အချိန်အတော်ကြာ စိုက်ကြည့်နေတာတွေ့တယ်။ ဒုက္ခရောက်နေရင်တောင် မိုက်မဲတဲ့အလုပ်တွေ မလုပ်နဲ့။ ဘဝမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာ မရှိဘူး"
ယွီအာ၏ ဗိုက်က အနည်းငယ် ဖောင်းနေတာကို သတိပြုမိသွားပုံပေါ်သည်။ သူမ ကိုယ်ဝန်လွယ်ထားရသောကြောင့် မလိုချင်တာ ဖြစ်ရမည်ဟု ထင်၏။ ထို့ကြောင့် ဖျောင်းဖျလိုက်သည်။ "စိတ်ဓာတ်မကျပါနဲ့။ ဖြေရှင်းဖို့နည်းလမ်းတစ်ခု အမြဲတမ်းရှိတယ်။ ပိုက်ဆံလိုလား။ ငါအဖိုးကြီးက နည်းနည်း ကူနိုင်ပါသေးတယ်။ အသက်ရှင်ရတာ ကောင်းတယ်။ ဟေ့..."
ယွီအာသည် အဖိုးအို၌ ထူးဆန်းသော မျက်နှာပေါက်ရှိပြီး သေခါနီးလူတစ်ယောက်ပမာ ဖြစ်နေတာကို သတိပြုမိသွား၏။ သူမ မျက်လုံးဖွင့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်မိသွားတော့သည်။ ဤအဖိုးအို၌ ပြင်းထန်သည့် မကောင်းဆိုးဝါး အငွေ့အသက်တစ်ခုရှိပြီး သူ့ကိုယ်ထဲမှ ပေါ်ထွက်လာသယောင်ပင်။ သူ၏လည်ပင်းပေါ်၌ သူ့ကို တစ်စုံတစ်ခုက ကာကွယ်ပေးနေတာ ရှိ၏။ ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စ ပေါ်ထွက်နေသည်။ တစ်စုံတစ်ယောက်က သူ့ကို ကာကွယ်ပေးထားပုံရသည်။
မကောင်းသည့်လူတစ်ယောက်နှင့်မတူ။ ယွီအာက မျက်ခုံးတစ်ဖက် ပင့်မိသွား၏။ အဖိုးအို၏ မျက်နှာသွင်ပြင်ကို အကဲခတ်ကြည့်လျှင် သူအသက် ရှည်တော့မှာ မဟုတ်ပေ။ သို့သော် သူ့မျက်နှာသွင်ပြင်က ကြည့်ကောင်း၏။ ထို့ကြောင့် သူသည် ကောင်းမွန်သော မိသားစုနောက်ခံရှိသည့် သူဌေးတစ်ယောက် ဖြစ်လိမ့်မည်။
အဖိုးအိုက သူမကို ဆက်လက်ဖျောင်းဖျလိုက်၏။ "ငါရှင်သန်ဖို့ နေ့ရက်တွေ အများကြီး ကျန်တယ်လို့ မထင်ဘူး။ လူငယ်တွေက အခက်အခဲ နည်းနည်းလေးတွေ့တာကြောင့် စိတ်ဓာတ်မကျသင့်ဘူး။ ဘဝက အရှည်ကြီး ကျန်သေးတယ်။ အံ့ဩဖွယ် ကိစ္စတွေ ရောက်လာလိမ့်မယ်။ ပိုက်ဆံပြတ်နေတယ်ဆိုရင် ပေးနိုင်တယ်။"
ထိုသို့ပြောပြီး သူ့၏အိတ်ကပ်ထဲမှ ကတ်တစ်ကတ်ကို ထုတ်ပြီး ပြောလိုက်၏။ "ရှင်သန်ဖို့ နေ့ရက်တွေ သိပ်မကျန်တော့ဘူး။ ဒါက နောက်ဆုံးကောင်းမှုကုသိုလ်ပေါ့။ ဒီကတ်ထဲမှာ ပိုက်ဆံနည်းနည်းရှိတယ်။ အခုအခက်အခဲကို ဖြေရှင်းဖို့ လုံလောက်မှာပဲ"