← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 22 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 22 Ch. 221-222

အခန်း (၂၂၁)အဖိုးပြောမပြီးသေးခင် သူသည် ညင်သာသည့် မိန်းကလေးအသံကို ကြားလိုက်ရ၏။ "အဖိုး ဘာဖြစ်နေတာလဲ။ တစ်ခုခုဖြစ်နေတယ် မလား"

အဖိုးအိုက အနည်းငယ် အံ့ဩသွား၏။ "မိန်းကလေး ငါတစ်ခုခုဖြစ်နေတာ ပြောနိုင်တယ်လား"

ယွီအာက ယခုအချိန်၌ ဟိုတယ်ပြန်ဖို့ မစီစဉ်ထားပေ။ ခုံတန်းတွင် ထိုင်ကာ ပြောလိုက်၏။ "အဖိုး သမီးကို ပြောပြပါ။ ကူညီပေးကောင်း ကူညီပေးနိုင်လိမ့်မယ်။ တစ်ခုခုနဲ့ တွေ့ခဲ့တာ ဖြစ်မယ်။ အဖိုးရဲ့ ကိုယ်ပေါ်မှာ မကောင်းဆိုးဝါး ဝိညာဉ်တွေ အများကြီး တွေ့ရတယ်။ မျက်နှာကလည်း သိပ်ကြည့်မကောင်းဘူး။ အဖိုးရဲ့ ဘိုးဘေးတွေတောင် အဆုံးသတ်ကောင်း ရှိမယ့်ပုံမပေါ်ဘူး"

221 03

"ငါ့ရဲ့ကိုယ်ထဲက မကောင်းဆိုးဝါး အငွေ့အသက်ကို မြင်ရတယ်လား" အဖိုးအိုသည် ပိုမိုအံ့ဩလာ၏။ သူညအချိန်၌ လမ်းထွက်လျှောက်ချိန်၌ ဤကဲ့သို့ အစွမ်းထက်သည့် မိန်းမငယ်လေးတစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု မထင်ထားပေ။ သူ့ကိုယ်ထဲရှိ မကောင်းဆိုးဝါး အငွေ့အသက်ကို မြင်နိုင်သတဲ့။

"အဖိုး သမီးကို ပြောပြပါ။ ကူညီပေးရင် ပေးနိုင်မှာ"

ထိုမိန်းကလေး၏ မျက်လုံးထဲရှိ ရိုးသားသော အကြည့်ကို မြင်သောအခါ အဖိုးအိုက တုံ့ဆိုင်းနေပြီး ရေရွတ်ပြောလိုက်တော့၏။ "အထူးဌာနနဲ့ လုံမိသားစုကတောင် ငါတို့မိသားစုပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။ လုံမိသားစုရဲ့ ဘိုးဘေးရှိနေသေးရင် မျှော်လင့်ချက် ရှိသေးတယ်။ ဒီလောက်ငယ်ရွယ်ပေမယ့် ဖုန်းရွှေပညာရှင် ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ မင်းက ငယ်သေးတယ်။ ဖုန်းရွှေပညာရှင်အဖြစ် အသိအမှတ် မပြုတာမဟုတ်ပေမယ့် ဒီလောက်ငယ်တာ ဘယ်လိုလုပ် ဖြေရှင်းပေးနိုင်မှာလဲ"

ယွီအာက ပြုံးလျက်ပြောလိုက်သည်။ "အဖိုး သမီးကိုပြောပြပါ။ သမီးက အဖိုးတို့မိသားစုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ရင်ဖြစ်မှာ"

အဖိုးအိုက ရေစက်ဆုံပြီး တွေ့ကြသဖြင့် အဖိုးအို၏ မျက်နှာကို ဖတ်ကြည့်လျှင် သူသည် တိုင်းပြည်ကို ကယ်တင်ခဲ့သည့် သူရဲကောင်းတစ်ယောက် ဖြစ်သည်။ အဖိုးအိုသည် သက်ပြင်းချလျက် ခုံတန်းတွင်ထိုင်ကာ သူ့ရှေ့ရှိ ငြိမ်သက်နေသော ကန်ရေကိုကြည့်ပြီး ယွီအာကို ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။ "ငါက ဟယ်မိသားစုဝင် တစ်ယောက်..."

ယွီအာ အလွန်တည်ငြိမ်နေသေးတာကို မြင်ပြီး မြို့တော်ရှိ ဟယ်မိသားစုအကြောင်း မသိတာဖြစ်လောက်မှန်း သိသွားသည်။ ဤမိန်းကလေးသည် မြို့တော်မှ မဟုတ်ပေ။

အဖိုးအိုက ဆက်ပြောလေ၏။ "အဖိုးတို့ ဟယ်မိသားစု၊ လုံမိသားစု၊ ချင်မိသားစုနဲ့ တခြားမိသားစုတွေက တည်ထောင်သူ ဗိုလ်ချုပ်တွေအဖြစ် သတ်မှတ်ခံထားရတယ်။ ဒါပေမယ့် မိသားစုတစ်စုစီမှာ ကိုယ်ပိုင်အခွင့်လမ်း ကိုယ်စီရှိတယ်။ တချို့က အသက်မွေးဝမ်းကျောင်းပြောင်းပြီး တချို့က အဲ့ဒီနေရာတွေမှာ နေရာယူထားတုန်းပဲ။ အဖိုးတို့ ဟယ်မိသားစုက ဒီအတိုင်း ဆက်နေခဲ့ကြတာ။ အဖိုး အငြိမ်းစားယူပြီးတော့ သားအကြီးဆုံးနဲ့ ရောက်လာတယ်။ သိပ်မကြာခင်တုန်းက တာဝန်တချို့ ထမ်းဆောင်ဖို့ နိုင်ငံခြားထွက်သွားတာ။ နိုင်ငံကို ပြန်ရောက်လာပြီးတော့ အဲဒီလူတွေက အောက်လမ်းပညာသုံးပြီး အဖိုးတို့မိသားစုကို ရန်ရှာတိုက်ခိုက်ပြီး ကျိန်စာတိုက်ခဲ့တာ။ မျိုးဆက်က ဒီမျိုးဆက်က အမျိုးသားအားလုံး ထိခိုက်ခံရတယ်။ ဒါပေမယ့် အမျိုးသမီးတွေ အဆင်ပြေတယ်။ အထူးဌာန လုံမိသားစု၊ ကွေ့ယွမ်ဂိုဏ်း၊ ဖုန်းလိုင်ဂိုဏ်းနဲ့ တခြားဂိုဏ်းတွေကို အကူအညီတောင်းခဲ့ပေမယ့် သူတို့ဘာမှ မလုပ်ပေးနိုင်ဘူး"

ယွီအာသည် ထိုကာလအတွင်း ကွန်ပျူတာ အသုံးပြုခဲ့သောကြောင့် တချို့တလေ သိထား၏။ ထို့ကြောင့် သူမက မေးလိုက်၏။ "အဲဒါ အောက်လမ်းပညာလား။ တခြားတစ်ခုလား"

သခင်ကြီးဟယ်က ခေါင်းငြိမ့်လျက် ပြောလိုက်၏။ "အောက်လမ်းပညာပဲ။ ကျိန်စာတိုက်တာ တစ်မျိုးပေါ့။ အောက်လမ်းပညာရှင်က သူ့ရဲ့တိုင်းပြည်ကို မပြန်နိုင်ခဲ့ဘူး။ အဖမ်းခံရရချင်း သက်သေသွားတာ။ ဒီလို တိုက်ခိုက်ထားတာအတွက် ကုသဖို့ဆေးမရှိဘူးလို့ ပြောခဲ့တယ်။"

နောက်ပိုင်း၌ သူတို့မိသားစုထဲရှိ အမျိုးသားများသည် မတော်တဆမှုများ ဖြစ်လာ၏။ သူတို့သည် ပိုးမွှားထောင်ချောက် ကိုက်ဖြတ်ခံရသည့်ပမာ သူတို့ခန္ဓာကိုယ်၌ ပြင်းပြသော နာကျင်မှုကို ခံစားရသည်။ နောက်ပိုင်း၌ ဟယ်မိသားစုသည် အကူအညီတောင်းရန် မြို့တော်ရှိ နာမည်ကျော် ဖုန်းရွှေပညာရှင်များစွာကို ဖိတ်ကြားခဲ့၏။ ယင်းသည် ကျိန်စာမှန်း လူတိုင်းသိကြသော်ငြား ကျိန်စာကို ဖြတ်နိုင်သည့်နည်း မရှိပေ။

ယွီအာ သဘောပေါက်သွားသည်။ ဝေ့မင်းဆက် ကာလတွင်လည်း အောက်လမ်းပညာသည် ရှိနေခဲ့သောကြောင့် ထိုကဲ့သို့သောအရာမျိုးကို သိသည်။ ၎င်းက အဆိပ်များကို အမှုန့်ဖြစ်အောင်ကြိတ်ပြီး ကျိန်စာလုပ်ကာ တခြားပစ္စည်းများနှင့် ဂါထာများရောပြီး အစားအသောက်ထဲ ထည့်လိုက်၏။ ဂါထာကို ပြုလုပ်သူက အဆိပ်အသုံးအဆောင်နှင့် နည်းလမ်းမျိုးစုံ ကွဲပြားခြားနားသောကြောင့် အဆိပ်ကို ဖယ်ရှားရခက်သည်။ ထိုထက်ပိုသည်က ကျိန်စာတိုက်ခဲ့သည့်သူက သေသွားပြီဖြစ်သဖြင့် ကျိန်စာကို ဖယ်ရှားရန် ပိုတောင်ခက်ခဲသွားသည်။

ရိုးရိုးရှင်းရှင်း ဆိုရလျှင် သေခြင်းတရားသည်။ အင်းဆက်ပိုးမွှားများက ခန္ဓာကိုယ်ထဲ အကောင်ပေါက်လာချိန် လူသားကလီစာများကို ဝါးမျိုးပြီး နောက်ဆုံး၌ ဆိုးဆိုးရွားရွား သေရမှာပဲဖြစ်သည်။

ယွီအာ ဖြေရှင်းဖို့ လုံးဝမဖြစ်နိုင်တာ မဟုတ်ပေ။ ဂါထာဖြစ်စေ၊ မကောင်းဆိုးဝါး ဝိညာဉ်ဖြစ်စေ သူတို့အကြောက်ဆုံးအရာက ဝိညာဉ်စွမ်းအင် ဖြစ်သည်။ သူမ၌ ဘာမှမရှိသော်ငြား ဝိညာဉ်စွမ်းအင် ရှိပေ၏။ ထို့ကြောင့် သူမအဖိုး သူတို့ကိုယ်ထဲရှိ ကျိန်စာကို ဖယ်ရှားဖို့နည်း ပြဿနာမရှိလောက်ပေ။

221 04

ယွီအာက ပြုံးပြီးပြောလိုက်၏။ "အဖိုး သမီးနဲ့ ဒီနေ့တွေ့တာ ဒီကျိန်စာကို ဖယ်ရှားဖို့ နည်းလမ်းတစ်ခု ရှိပါလိမ့်မယ်"

ဟယ်မိသားစု၏ အဖိုးအိုသည် မျက်လုံးပြူးသွားလေ၏။ "မိန်းကလေး ဒီအောက်လမ်းပညာကို တကယ်ဖယ်ရှားနိုင်တာလား။ ဘာမှမလုပ်နိုင်ရင်လည်း နောက်ဆုတ်မကြိုးစားနဲ့နော်” သူ့ရဲ့ကံကြမ္မာကို လက်ခံထားနီးပါးဖြစ်ကာ သူ့သားကြီးလည်း အခြေအနေက အပြင်းထန်ဆုံး ဖြစ်သည်။ သူ့သားကြီးအတွက် သူက ဘာမှမတတ်နိုင်တော့သဖြင့် အပြင်ထွက် လမ်းလျှောက်လာပဲဖြစ်သည်။ သူက အသက်ကြီးပြီဖြစ်ကာ စားချင်သောက်ချင်စိတ် သိပ်မရှိတော့သောကြောင့် များများစားစား စားသောက်တာ မရှိပေ။ ထို့ကြောင့် သူ့၏လက္ခဏာသည် သူ့သားကြီးနှင့် မြေးထက် ပိုလျော့ပါးနေ၏။

ယွီအာက ပြောလိုက်သည်။ "အဖိုး စိတ်မပူပါနဲ့ သမီးကူညီပေးနိုင်တယ်။ အဖိုးနဲ့အတူ လိုက်ခဲ့ပြီး တစ်ချက်ကြည့်ပေးရင်ကော"

သခင်ကြီးဟယ်က ချက်ချင်း လက်ခံသဘောတူလိုက်သည်။ သူ့အဖိုး ဤမိန်းမပျိုလေးသည် တကယ်အရည်အချင်းရှိပြီး ဟယ်မိသားစု၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းပေးနိုင်ပါက ကာကွယ်နိုင်လိမ့်မည်။ ထို့အပြင် လုံနန်စီသည် ဟယ်မိသားစုက ကပ်ဘေးတစ်ခု တွေ့ကြုံရမည်ဖြစ်ကာ မျှော်လင့်ချက် လက်ကျန်ရှိကြောင်း၊ မျက်စိကန်းရာ၌ မျက်စိုင်နေရာချင်း မျှော်လင့်ချက် အရိပ်အရောင်ရှိကြောင်း ဟောပြောခဲ့ဖူးသည်။ သို့သော်ငြား ထိုမျှော်လင့်ချက်က ဘာမှန်းသူတို့ မဖော်ထုတ်နိုင်ခဲ့ပေ။ ဒီမိန်းကလေး ဖြစ်နေမလား။

မစ္စတာဟယ်သည် မိန်းကလေးကို သူတို့နှင့်အတူ ခေါ်သွားမည့်အချိန်၌ ဘေးမှ အစောင့်တချို့ ထွက်လာပြီး တုံ့ဆိုင်းစွာ ပြောလိုက်၏။ "အဖိုး ဒီမိန်းကလေးက ငယ်ရွယ်လွန်းတယ်။ သူ့ကို ယုံနိုင်ပါ့မလား"

"ယုံလို့ရပါ့မလား" ဟယ်မိသားစု သူတို့အားလုံးသည် ဟယ်မိသားစုကို ကာကွယ်ပေးနေသည့် လူများဖြစ်၏။ အဖိုးအိုက ဒုတိယတစ်ခါ ဝေဒနာထပ်ရမှာကို သူတို့စိတ်ပူသည်။

"မင်းတို့တွေတာ မှားတယ်" သခင်ကြီးဟယ်က ပြောလိုက်သည်။ "ငယ်တော့ရော ဘာဖြစ်လဲ။ အရည်အချင်း အစစ်အမှန်ကို အသက်အရွယ်နဲ့ ဆုံးဖြတ်လို့မရဘူး။ လုံမိသားစုက အဖိုးကြီးဆီမှာ မြေးချွေးမလေး ရှိတယ်မဟုတ်လား။ သူက ဒီမိန်းကလေးနဲ့ သက်တူရွယ်တူလောက်ပဲ။ လုံမိသားစု ဘိုးဘေးထက်တောင် ပိုအစွမ်းထက်တယ်လို့ ကြားမိတယ်။ ပြဿနာပေါင်းများစွာ ဖြေရှင်းပေးခဲ့တာ လူအိုကြီးလုံရဲ့ မြေးချွေးမလေး ကြောင့်လေလို့ ကြားမိလို့။ မဟုတ်ရင် သူက ဟယ်မိသားစုရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်လောက်မှာ။ ဒါကြောင့် လူတစ်ယောက်ကို အသက်အရွယ်နဲ့ မဆုံးဖြတ်သင့်ဘူး"

မစ္စတာဟယ်သည် ယွီအာကို ဟယ်မိသားစုသို့ ခေါ်သွား၏။ ၎င်းသည် ဗီလာဧရိယာဖြစ်ကာ အဖွဲ့ထဲမဝင်ခင် စစ်ဆေးစည်းခံရ၏။ ဟယ်မိသားစုအိမ်သို့ ရောက်သောအခါ တိတ်ဆိတ်ငြိမ်သက်သည့် ပုံစံ ပြင်ဆင်ထားသည့် ခြံဝင်းလေးထဲရှိ ဗီလာတစ်ခုကို ရောက်သွားသည်။

အိမ်ထဲဝင်ပြီးနောက် ဟယ်မိသားစုသည် အဖိုးအို ပြန်လာတာကို တွေ့လိုက်ရ၏။ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ယောက်က ထွက်လာပြီး စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ "အဖေ ဖုန်းမယူဘဲနဲ့ ဘာလို့ထွက်သွားပြန်တာလဲ။ သမီးတို့ စိတ်ပူနေတာ"

အမျိုးသမီးသည် အတော်လေးလှပသော်ငြား သူမမျက်နှာက အတော်လေး နွမ်းနယ်နေသည်။

မစ္စတာဟယ်သည် သူမကို ယွီအာနှင့် မိတ်ဆက်ပေးလိုက်၏။ "ဒါက အဖိုးရဲ့ အငယ်ဆုံးသမီး ဟယ်ချင်း"

ယွီအာက ပြောလိုက်၏။ "မင်္ဂလာပါ အစ်မဟယ်"

"မင်္ဂလာပါ" ဟယ်ချင်းက ပြောလေ၏။ ပြီးနောက် အဖိုးအိုကို တုံ့ဆိုင်းစွာ ကြည့်လိုက်သည်။ အဖိုးအိုက ရှင်းပြလိုက်၏။ "ဒါက ပန်းခြံမှာ တွေ့ခဲ့တဲ့ မိန်းကလေးပဲ။ အဖေတို့ ဟယ်မိသားစုရဲ့ လက်ရှိအကျပ်အတည်းကို ဖြေရှင်းပေးနိုင်တယ် ပြောတယ်"

ဟယ်ချင်းက အနည်းငယ် မှင်သက်သွားပြီးနောက် အံ့ဩသွားတော့သည်။ သူမ၏ ဖခင်သည် တစ်စုံတစ်ယောက်ကို ခေါ်လာပြန်၏။ ဤမိန်းကလေးသည် ငယ်ရွယ်လွန်းသည်။ လုံနန်စီတောင် သူမတို့ ဟယ်မိသားစုရှိ အောက်လမ်းပညာကို မဖယ်ရှားပေးနိုင်ပေ။ ဤမိန်းကလေးက မည်ကဲ့သို့ ဖယ်ရှားပေးနိုင်မည်နည်း။

သို့သော် သူမ မိန်ကလေးရှေ့၌ ညီသည်ကို ပြောရမည်မှန်း မသိ။ သို့သော် သူ့မျက်နှာက စိတ်မပြောပုံ ပေါ်နေသော်ငြား ဤမိန်းကလေးသည် လူလိမ်ဖြစ်ကြောင်း ပြောနေသလိုပင်။

221 05

အဖိုးအိုက လည်း သူ့သမီး၏ သံသယဖြစ်ဖွယ် သဘောထားကို သတိပြုမိပြီး ပြောလိုက်သည်။ "သူ့ကို အာရုံမစိုက်နဲ့။ သားနဲ့ မြေးကို သွားတွေ့ရအောင်။ သူတို့အခြေအနေက အတော်လေး ပြင်းထန်တယ်"

"ဟုတ်ကဲ့" ယွီအာသည် ဟယ်ချင်းကို အပြစ်မတင်ခဲ့ပေ။ သူမက ငယ်ရွယ်လွန်းပေ၏။ သူမက လူလိမ်တစ်ယောက်ဟု လူတို့ တွေးတာ ပုံမှန်ပဲဖြစ်သည်။

"အဖေ" ဟယ်ချင်းက အနည်းငယ် လျစ်လျူရှုခံလိုက်ရသည်။

မစ္စတာဟယ်က သူမကို လှစ်လျူရှုထားပြီး ယွီအာကို အပေါ်ထပ် ခေါ်သွားလေ၏။

သားအကြီးဆုံး ဟယ်ချန်းဖုန်းနှင့် မြေးအကြီးဆုံး ဟယ်ဆန်းတို့က ဒုတိယထပ်၌ နေပြီး သူတို့အခန်းက မျက်နှာချင်းဆိုင် ဖြစ်ပြီး ယွီအာက အဖိုးအိုသည် ယွီအာကို ဟယ်ချန်းဖုန်း၏ အခန်းသို့ ဦးစွာခေါ်သွားလေရာ ကုတင်ပေါ်၌ လှဲနေသည့် လူရွယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့၏မျက်နှာနှင့် နှုတ်ခမ်းက မဲနေ၏။ အချိန်မီ မဖယ်ရှားပါက ဤလူသည် ယနေ့ည လွန်မည် ရှင်နိုင်တော့မှာ မဟုတ်ပေ။

သူက တစ်ဖက်ခန်းသို့ သွားကာ ဟယ်ဆန်းကို သွားကြည့်လိုက်ရာ သူ့၏အခြေအနေက ဟယ်ချန်းဖုန်းနှင့် သိပ်မကွာပေ။ အလွန်ဆုံးမှ သူသည် နောက်နေ့မနက်အထိသာ ရှင်သန်နိုင်မှာဖြစ်သည်။

သူတို့နှစ်ယောက်လုံး၏ အခြေအနေက ပြင်းထန်သော်ငြား မစ္စတာဟယ်က မူ သိပ်မထိပေ။

ယွီအာသည် အချိန်ဖြုန်း၍ မရတော့မှန်း သိသဖြင့် မစ္စတာဟယ်ဘက် လှည့်ကာ ပြောလိုက်သည်။ "အဖိုး ကျေးဇူးပြုပြီး ပစ္စည်းတချို့ ပြင်ဆင်ပေးပါ"

ဖြေရှင်းရတာ ရိုးရှင်းသည်။ သူမက အောက်လမ်းပညာကို မဖယ်ရှားဘဲ ကိုယ်တွင်းရှိ ပိုးကောင်များကို တိုက်ရိုက်ဖယ်ရှားရန် ဝိညာဉ်စွမ်းအင်ကို သုံးမှာပဲဖြစ်သည်။ ၎င်းသည် ဝိညာဉ်စွမ်းအင် ပမာဏများစွာ လိုအပ်၏။ ထို့ကြောင့် ဖုန်းရွှေပညာရှင်အများစုက ကူရာမဲ့နေသည် ကျင့်ကြံစဉ်က မလုံလောက်လျှင် ဝိညာဉ်စွမ်းအင်က ခန္ဓာကိုယ်ထဲရှိ ပိုးကောင်များကို ဖယ်ရှားဖို့ လုံလောက်မှာ မဟုတ်ဘဲ ထိုလူက ချက်ချင်း သေသွားလိမ့်မည်။

ဟယ်သခင်ကြီးက ပြောလိုက်၏။ "မိန်းကလေး ဘာလိုတာလဲ"

ယွီအာက ပြော၏။ "ရေသန့် တစ်ဇလုံဆို လောက်ပြီ"

ဟယ်သခင်ကြီး နောက်ရှေ့အစောင့်သည် မီးဖိုချောင်သို့ သွားကာ ရေသန့်တစ်ဇလုံ သယ်လာ၏။ ယွီအာက ရေကိုယူပြီးနောက် ကုတင်ဘေးရှိ ကြမ်းပြင်ပေါ်တွင် ထားလိုက်သည်။ ပြီးနောက် လက်နှစ်ဖက် နှိပ်ချက်ခတ် မွှေ့လိုက်၏။ လက်ဖဝါးထဲ ဝိညာဉ်စွမ်းအင်က စီးသွားပြီး ရေထဲရှိ ရေဖန်နှင့် ရောသွားတော့သည်။

ယွီအာက လက်ဆန့်ထုတ်လျက် ဖြည်းဖြည်းချင်း ပြောလိုက်၏။ "အဆင်ပြေပြီ။ ကျွန်မကုသပေးနေတုန်း မနှောင့်ယှက်မိအောင် ဆူညံသံမလုပ်မိပါစေနဲ့"

ဟယ်လူကြီးမင်းက ပြောလေ၏။ "စိတ်မပူပါနဲ့ မိန်းကလေး"

ယွီအာသည် အစောင့်အား သတိလစ်နေသော ဟယ်ချန်းဖုန်းကို တစ်ဖက်လှည့်ခိုင်းပြီး သူ့ကို မှောက်ခိုင်းလိုက်၏။

သူမက ခုံတစ်လုံးယူကာ ထိုင်လျက် ဘယ်လက်ကို ဆန့်ထုတ်ပြီး ဟယ်ချန်းဖုန်း၏ နှလုံးသွေးကြောပေါ် တင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲရှိ မကောင်းဆိုးဝါး အငွေ့အသက်ကို ခံစားလိုက်သည်။ ဟယ်ချန်းဖုန်း၏ ကိုယ်ထဲ၌ အဆိပ်ရှိ ပိုးမွှားများကို မမြင်နိုင်သော်ငြား သူ့ကိုယ်ထဲရှိ ပိုးကောင်များထဲတွင်ရှိသော မကောင်းဆိုးဝါး အငွေ့အသက်ကို မြင်နိုင်၏။ ထိုစွမ်းအင်ကို ဖယ်ရှားသရွေ့ သူ့ခန္ဓာကိုယ်ထဲ၌ မကောင်းဆိုးဝါး အငွေ့အသက်ကို မြင်ရတော့မှာ မဟုတ်ပေ။ ဆိုလိုသည်ကား အဆိပ်ရှိ ပိုးကောင်များ ရှိတော့မှာ မဟုတ်ပေ။

သူ၏ခန္ဓာကိုယ်ထဲ၌ မကောင်းဆိုးဝါး အငွေ့အသက်များ ပြည့်နေသည်။

ယွီအာ ကျက်သီးထသွားလေ၏။ ပြီးနောက် ဟယ်ချန်းဖုန်း၏ နှလုံးသွေးကြောထဲ ဝိညာဉ်စွမ်းအင် တစ်မြင့်ပို့လိုက်သည်။ ထိုမကောင်းဆိုးဝါး အငွေ့အသက်သည် ဝိညာဉ်စွမ်းအင်နှင့် ထိမိသွားသောအခါ အရူးပမာ ပြေးလေ၏။ ဟယ်ချန်းဖုန်းက နာကျင်စွာ ညည်းတွားလျက် မျက်မှောင်ကြုတ်နေမိသည်။

တံခါးဝ၌ ရပ်နေသော ဟယ်ချင်းက အမူအရာ ပြောင်းလဲသွားလေ၏။ သူမအစ်ကိုကြီး၏ ဘေးကင်းလုံခြုံမှုကို စိတ်ပူပြီး စကားပြောချင်သော်ငြား မိန်းကလေးက မနှောင့်ယှက်ဖို့ ပြောထားတာ မှတ်မိသွားသည်။ သူမနောက်ယှက်လိုက်ရင် သူမအစ်ကိုကြီး ဘေးဖြစ်မှာကို စိတ်ပူ၏။ ထို့ကြောင့် သူမ သည်းခံရုံသာ တတ်နိုင်သည်။

221 06

ခဏအကြာ၌ ဟယ်ချင်က လည်ထွက်သွားပြီး လည်ကြည့်လိုက်ရာ အိမ်သို့ပြန်လာသော ယောက်မကို တွေ့လိုက်ရ၏။ သူမ၏ယောက်မက အခန်းထဲရှိ အခြေအနေကို မြင်ပြီး မေးတော့မည့်အချိန်၌ ဟယ်ချင်းက သူမကို အမြန် တိုးတိုးနေခိုင်းကာ အောက်ထပ်သို့ ဆွဲခေါ်သွားသည်။

သူမက ပြောလိုက်၏။ "အဖေက တစ်နေရာရာကနေ အဲ့ဒီမိန်းကလေးကို တွေ့လာတာ။ အစ်ကိုကြီးနဲ့ ရှောင်ဆန်းရဲ့ ကိုယ်ထဲက အဆိပ်ကို ကုသပေးနိုင်တယ် ပြောတယ်။ သူအခု ကုနေတာ ညီမဘာမှ မပြောရဲဘူး"

ယောက်မသည်လည်း ဤရက်များအတွင်း အတော်လေး မျက်တွင်းချောင်ကျနေသည်။ သူမက နေရာအနှံ့ လူတို့ကို အကူအညီတောင်းကာ ဟယ်မိသားစု၏ အကျပ်အတည်းမှ လွတ်မြောက်အောင် ကူညီပေးဖို့ မျှော်လင့်နေခဲ့သည်။

ယောင်းမသည် ထိုစကားကို ကြားသောအခါ အံ့ဩသွားပြီး မေးလိုက်လေ၏။ "တကယ်လား"

ဟယ်ချင်းက ခေါင်းငြိမ့်ပြီး ပြောလိုက်သည် "ကုသမှုက စနေပြီပြီ။ ဒါပေမယ့် ညီမ နည်းနည်းစိတ်ပူတယ်။ ညီမအစ်ကိုရဲ့ အမူအရာက သက်သာလာပုံ မရဘူး။ အဆိပ်အတောက် မကုသနိုင်ရင်လည်း နှောက်ယှက်ဖို့ မကြိုးစားနဲ့နော်"

“ယောင်းမဆိုရင် ကူကောင်တွေကို စဖယ်ရှားပြီ ဆိုတာနဲ့ ရပ်တန့်ဖို့ မဖြစ်နိုင်ဖို့ လောင်လုံမိသားစု ပြောဖူးတယ်မလား။ ကျင့်ကြံဖို့ အင်မတန်မြင့်ဖို့လိုတယ်။ သူတို့တွေတောင် အင်အားကင်းမဲ့တာ ဒီမိန်းကလေးက လုပ်နိုင်ပါ့မလား”

ယောင်းမက သက်ပြင်းချလိုက်၏။ "ဘယ်လိုပဲဖြစ်ဖြစ် စမ်းကြည့်ရမှာပဲ။ မဟုတ်ရင် ဒီညတောင် လွန်မှာ မဟုတ်ဘူး။ ဘာများ ကွာခြားသွားမှာလဲ"

ဟယ်ချင်းကလည်း သက်ပြင်းချလိုက်၏။ သူတို့နှစ်ယောက် စကားပြောရင်း အပေါ်ထပ် တံခါးဝဆီ ငြိမ်ငြိမ်သက်သက် လျှောက်သွားလိုက်သည်။

တံခါး၌ လူတချို့ ရပ်နေပြီဖြစ်သည်။ ယွီအာက ဝိညာဉ်စွမ်းအင်ဖြင့် ထွက်ပြေးနေသော မကောင်းဆိုးဝါး အငွေ့အသက်ကို ဇာတ်တိုက် လွှမ်းခြုံနေပြီး အဆိပ်ရှိ ပိုးကောင်များက ရုန်းကန်မှု ဖြည်းဖြည်းချင်း လျော့သွားကာ လှုပ်ရှားမှု ကင်းမဲ့သွားတော့သည်။

အချိန်ကြာလာသည်နှင့်အမျှ အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ နှစ်နာရီ အကြာ၌ ပိုးကောင်တချို့ သေသွား၏။ ပြီးနောက် အိပ်ရာပေါ်တွင် လှဲနေသော သူက စတင်လှုပ်ရှားလာသည်။ ရုတ်တရက် သူ၏ပါးစပ်ထဲမှ အနက်ရောင်အရာများ အန်ထုတ်လိုက်ရာ ဇလုံထဲကျသွားသည့် အခါက ချက်ချင်းပင် အင်မတန် အနံ့နံပြင်းလာကာ အခန်းထဲရှိ လူတို့က အမူအရာ ပြောင်းလဲသွားလေ၏။

လူတိုင်း အလွန်စိတ်လှုပ်ရှားသွားကြသည်။ အကျိုးသက်ရောက်မှု ရှိပုံပေါ်၏။

သခင်ကြီးဟယ်သည် အဆောင်အား အခန်း၏ ပြတင်းပေါက်ကို ဖွင့်ခိုင်းလိုက်သည်။ သူအနီးကပ်ကြည့်လိုက်ရာ ဇလုံထဲရှိ အန်ထားသည့် အရာများထဲတွင် ပိုးကောင်အသေများ ရှိနေတာကို တွေ့လိုက်ရသည်။ တချို့က မသေသေးဘဲ အကြိမ်တချို့ ရုန်းကန်နေ၏။ သို့သော် တဖြည်းဖြည်းချင်း လှုပ်ရှားမှု ကင်းမဲ့သွားသည်။

ဟယ်သခင်ကြီး၏ မျက်လုံးက နီမြန်းသွားလေသည်။ သူအသက်ကြီးပြီ ဖြစ်သော်ငြား သူ့၏အတွေးတချို့က အမြင့်ကျယ်သည့်တိုင် သူတို့က သူ့၏သားကြီးနှင့် မြေးဖြစ်သည်။ သူတို့သေတာကို သူမည်ကဲ့သို့ ကြည့်နေနိုင်မည်နည်း။

ယွီအာက ဟယ်ချန်းဖုန်းကို ဆက်လက်ကုသပေးနေ၏။ ဟယ်ချင်းနှင့် သူမ၏ ယောင်းမကလည်း မျက်ရည်များ ဝဲနေတော့သည်။ အစောတုန်းက ဤမိန်းကလေးကို သံသယဖြစ်မိခဲ့သည့်အတွက် ဟယ်ချင်း အပြစ်မကင်းသလို ခံစားရ၏။

လူအိုကြီးဟယ်က လှည့်ထွက်သွားကာ အောက်ထပ်သို့ ဆင်းသွားသည်။ သူသည် ဧည့်ခန်းအတွင်း အလုပ်များနေသည့် အထူးဌာနကို အကြောင်းကြားဖို့ လုံချီရှောင်ဆီ ဆက်သွယ်ရန် ပြင်ဆင်လိုက်သည်။ ယခု ဤမိန်းကလေးက ပညာရှင် ဖြစ်ပုံပေါ်၏။ သူတို့၏ ဟယ်မိသားစုသည် ယခုအခါ၌ အခက်အခဲကို ကျော်လွှားနိုင်တော့မည့်ပုံပေါ်သည်။

သူတို့အောက်ထပ် ဆင်းသည့်အချိန်၌ ဟယ်လောင်သည် လုံချီရှောင်ကို ခေါ်လိုက်ရာ လုံချီရှောင်၏ အနည်းငယ် ပင်ပန်းနေသော အသံကို တစ်ဖက်က ကြားလိုက်ရသည်။ "မစ္စတာဟယ်လား"

ဟယ်လူကြီးမင်းက ပြုံးပြီးပြောလိုက်၏။ "ချီရှောင် ဟယ်မိသားစုအတွက် စိတ်ပူစရာ မလိုတော့ဘူးလို့ မင်းကိုပြောမလို့။ အရည်အချင်းရှိတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ထားတယ်။ သူက ချန်ဖုန်းကို စကုသနေပြီ။ ရလဒ်တွေပေါ်လာပြီ။ ချန်ဖုန်းက ကူအသေကောင်တွေကို အန်လိုက်တယ်။ မင်းရဲ့ဒေါ်လေးကိုလည်း အဲဒီအကြောင်း ပြောပြသင့်တယ်"

221 07

ပြီးတော့ "ကွေ့ယွမ်ဂိုဏ်းနဲ့ ဖုန်းလိုင်ဂိုဏ်း၊ ဖုန်းလိုင်ဆရာကြောင်းကိုလည်း ဆက်သွယ်လိုက်ဦးမယ်"

ဖုန်း၏တစ်ဖက်၌ တိတ်ဆိတ်မှု ပေါ်ထွက်လာပြီး လုံချီရှောင်က မေးလိုက်၏။ "မစ္စတာဟယ် အဲ့ဒီမိန်းကလေးရဲ့ နာမည်ဘာလဲ မေးလို့ရမလား"

"မိန်းကလေးရဲ့ နာမည်ကို မသိရသေးဘူး။" မစ္စတာဟယ်သည် သူသည် မိန်းကလေး၏ နာမည်ကို တစ်ခါမှ မမေးဖူးကြောင်း အမှတ်ရသွားလေ၏။

လုံချီရှောင်က ပြောလိုက်၏။ "မစ္စတာဟယ် အဲ့ဒီမိန်းကလေးက ဘယ်လိုပုံလေးလဲ။ ယွီစွေရဲ့ ဇနီးဖြစ်နေမလားလို့"

လူအိုကြီးဟယ်က မှင်သက်သွားသည်။ သူချင်ယွီစွေ့ကို သိ၏။ သူသည် အလွန်ထူးချွန်ထက်မြက်သော လူငယ်တစ်ယောက်ဖြစ်ကာ ချန်ဖုန်းထက် အောင်မြင်မှု မလျော့ပေ။ သူ့၏ဇနီးကလည်း ဖုန်းရွှေပညာရှင်ဖြစ်၏။ မတော်တဆမှုတစ်ခုကြောင့် ပျောက်သွားသည်ဟု ဆိုသည်။ အထူးဌာနက သူ့ကို လိုက်လံရှာဖွေနေသော်ငြား လပေါင်းများစွာ လွန်သည်အထိ သတင်းမရသေးပေ။

ချန်ဖုန်းကို ကုပေးနေတဲ့ မိန်းကလေးက တကယ်ပဲ ချင်ယွီစွေရဲ့ ဇနီးဖြစ်နေမလား။

ဟယ်လူကြီးမင်းက ပြောလေ၏။ "သူက မိန်းမလှလေးတစ်ယောက်ပဲ။ အသားဖြူပြီး ဆံပင်ရှည်တယ်။ အင်မတန်လှတယ်။ အနည်းဆုံးတော့ ဘဝမှာ တွေ့ဖူးသမျှ သူ့ထက်လှတဲ့ မိန်းကလေးကို တစ်ခါမှ မတွေ့ဖူးဘူး"

လုံချီရှောင်သည် အနည်းငယ် စိတ်လှုပ်ရှားသွားလေ၏။ ထိုမိန်းကလေးသည် ယွီအာနှင့် ၉၀ ရာခိုင်နှုန်းခန့် တူသည်။ သူက တစ်စုံတစ်ခု ပြောတော့မည့်အချိန်၌ မစ္စတာဟယ် ရုတ်တရက် ပြောတာကို ကြားလိုက်ရ၏။ "သူက ကိုယ်ဝန်ရှိနေတဲ့ပုံပဲ"

******

222 01.

အပိုင်း 222

လုံချီရှောင်သည် သူ၏တိတ်ဆိတ်မှုကို ခံစားမိသည်။ ယွင်ယွီပျောက်သွားစဉ်က ကိုယ်ဝန်မရှိတာ မှတ်မိသေးသည်။ ဟယ်မိသားစုကို ကူညီပေးနေသောသူက ယွင်ယွီ ဟုတ်မဟုတ် မသေချာသေးပေ။ သူသွားကြည့်ရပေမည်။ သူလျှောက်၍ လပေါင်းများစွာ ရှာဖွေနေခဲ့၏။

ချင်ယွီစွေက ဘာမှမပြောသော်ငြား သူ ကိုယ့်အလေးချိန်များစွာ ကျသွားလေ၏။ ယွင်ယွီ၏ မိသားစုကတောင် အင်မတန် စိတ်ပူနေသည်။

လပေါင်းများစွာ ရှာဖွေပြီးနောက် သူတို့နောက်ဆုံး၌ သတင်းအစအနလေး ရပြီဖြစ်သည်။ ထို့အပြင် ချင်နန်ချီသည် လွန်ခဲ့သည့်ရက် အနည်းငယ်ခန့်က မြို့တော်သို့ ပြန်ရောက်လာ၏။ သူသည် ချင်နန်ချီဆီရှာဖွေခွင့် ဝရမ်းဖြင့်သွားခဲ့သော်ငြား၊ သူ ယွင်ယွီကို ခေါ်သွားခဲ့ကြောင်း ဝန်မခံပေ။ သူတို့ချင်မိသားစုအိမ်ကို ရှာဖွေခဲ့သော်ငြား ရှောင်ယွီကို မတွေ့ခဲ့ပေ။ အထူးဌာနက အမှုများကို ဖြေရှင်းရာ၌ သက်သေလိုအပ်သည်။ သက်သေမရှိဘဲ သူတို့က ယခုအချိန်၌ ချင်နန်ချီကို မဖမ်းဆီးနိုင်ပေ။ သို့သော် ချင်နန်ချီ မြို့တော်သို့ ပြန်ရောက်လာသောကြောင့် ရှောင်ယွီအာလည်း ရောက်လိမ့်မည်ဟု သူခန့်မှန်းမိသည်။

ချင်နန်ချီက ယွင်ယွီကို ခေါ်သွားရသည့် အကြောင်းရင်းကား၊ ယွီစွေ့က မပြောသဖြင့် သူတို့လည်း မခန့်မှန်းနိုင်ပေ။ သို့သော် ယွင်ယွီအကြောင်း တစ်ခေါက်ဟောပြောခဲ့ဖူး၏။ သူ့မှာ အန္တရာယ်မရှိတာ သေချာသည်။

လုံချီရှောင်က ဖုန်းချလိုက်၏။ သူသည် ချင်ယွီစွေကို ဆက်သွယ်ဖို့ မပြင်ဆင်ထားပေ။ ရှောင်ယွီ ဟုတ်မဟုတ် သူသွားကြည့်ချင်သည်။

ဖုန်းချပြီးနောက် လောင်ဟယ်သည် အပေါ်ထပ်သို့ ပြန်တက်သွား၏။ မိန်းကလေးက သူ၏သားကြီးကို ကုသပေးနေဆဲ ဖြစ်သည်။ သူသည် ကျိန်စာဖြေရှင်းသည့် နည်းလမ်းကို သဘောမပေါက်သော်ငြား၊ ကျင့်ကြံမှုအဆင့်နှင့် သက်ဆိုင်နေကြောင်း သူပြောနိုင်သည်။ ယွင်ယွီ မိန်းကလေး၏ နဖူးပေါ်၌ ချွေးအလွှာပါး ရှိနေတော့သည်။

နောက်ထပ် တစ်နာရီလွန်ပြီးနောက် ဟယ်ချန်ဖုန်းက ထပ်မံပျို့အန်ကာ ရေထဲ၌ မရေမတွက်နိုင်သော ပိုးကောင်များ ပြည့်ဝင်းနေသည်။ အနက်ရောင် ညှီစို့စို့အရာများ ရှိနေသည်။

ယွင်ယွီသည် ဝိညာဉ်စွမ်းအင်ကို ဟယ်ချန်ဖုန်း၏ ချီသွေးကြောများအား သန့်စင်ရန် ဆက်လက် လမ်းညွှန်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ ကူပိုးကောင်တို့သည် အများအားဖြင့် ဖယ်ရှားခဲ့ပြီးဖြစ်၏။ သို့သော်ငြား ဥများ ကျန်နေသေးသည်။ ၎င်းတို့ကို သန့်စင်ရန် ဝိညာဉ်စွမ်းအင်ကို ဖြည်းဖြည်းချင်း ထည့်ဖို့လို၏။ ၎င်းက အခက်အခဲအတွေ့ဆုံးနှင့် ဒုက္ခအများဆုံးအပိုင်းဖြစ်သည်။

ဟယ်မိသားစု၏ တံခါး၌ တံခါးခေါက်သံ ကြားလိုက်ရ၏။ သခင်ကြီးဟယ်က အောက်ထပ်ဆင်းပြီး တံခါးသွားကြည့်ရာ လုံချီရှောင် ဖြစ်နေတာ တွေ့လိုက်ရသည်။ သခင်ကြီးဟယ်သည် အောက်ထပ်ဆင်းကြည့်လိုက်ရာ လုံချီရှောင် ဖြစ်နေတာ တွေ့လိုက်ရ၏။

“အဖိုးဟယ်”

လုံချီရှောင်သည် အဖိုးအိုကို နှုတ်ဆက်ပြီးနောက် အပေါ်ထပ်သို့ တက်သွားသည်။ သူတံခါးသို့ ရောက်သည့်အချိန်၌ အခန်းကျယ်ကြီးထဲရှိ မိန်းကလေးကို မြင်ပြီး စိတ်အေးသွားလေ၏။ တကယ်ပင် ရှောင်ယွီအား ဖြစ်နေ၏။ သူမ မှန်ပေ၏။

အဖိုးဟယ်က တီးတိုးပြောလိုက်သည်။

“ချီရှောင်... သူက ဘယ်သူလဲ”

လုံချီရှောင်က အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ကျွန်တော့်ဝမ်းကွဲရဲ့ အမျိုးသမီးပါ... ကျွန်တော် အောက်ဆင်းပြီး ဖုန်းဆက်သွယ်လိုက်ဦးမယ်”

“အေးအေး... အရင်ဖုန်းခေါ်နှင့်... ဘယ်အချိန်ပြီးမလဲဆိုတာ မသိဘူး”

လုံချီရှောင်သည် အောက်ထပ်ဆင်းပြီး ချင်ယွီစွေ၏ ဖုန်းနံပါတ်ကို ခေါ်ရန်ပြင်လိုက်စဉ် ရုတ်တရက် ရပ်တန့်သွား၏။ သူ့လက်ထဲရှိ နံပါတ်ကို မနှိပ်နိုင်ပေ။ ရှောင်ယွီအာက ဟယ်မိသားစု၏ အရေးကိစ္စကို ဖြေရှင်းပြီး ထိုလူကို ကိုယ်တိုင်ပြန်ပို့သည့်အချိန်ထိ စောင့်ရမည်ဟု တွေးခဲ့သည်။

ချင်ယွီစွေသည် သူ့ကို ဆက်သွယ်ခဲ့ဖူး၏။ ယခုအချိန်၌ ယွင်မိသားစု၊ ဟယ်ချင်းကျေးရွာမှ ထွက်ခွာ၍မရပေ။ သူထွက်သွားပါက ယွင်မိသားစု အန္တရာယ်ရှိနိုင်ကြောင်း ပြောခဲ့သောကြောင့် ဖြစ်သည်။

222 02

သူ့ကို ခြိမ်းခြောက်ထားသူက ချင်နန်ချီ ဖြစ်ကြောင်း ခန့်မှန်းမိသဖြင့် ဒေါသတကြီး ပြောလိုက်သည်။

“သူ့ကို တကယ်ကြောက်နေတာလား... သူ့ရဲ့ ကျင့်ကြံစဉ်က မစ္စတာဟော့ထက် ပိုသန်မာတယ်ဆိုရင်တောင် ငါတို့တွေ အများကြီးရှိနေတာ... ဖြေရှင်းနိုင်တာပဲ”

“မထင်မှတ်ထားပဲ...”

ချင်ယွီစွေက ပြန်ပြောလာ၏။

“မဟုတ်ဘူး... အားလုံးပေါင်းလိုက်ရင်တော့ သူ့ကိုမဖြေရှင်းနိုင်ဘူး။ ယွီအာ အပါအဝင်ပေါ့။ သူ့ရဲ့ကျင့်ကြံမှုက မှန်းဆမရဘူး။ သူ့ရဲ့စိတ်ဓာတ်ကို သိတယ်။ ငါ ဟယ်ချင်းကျေးရွာက ခွာတာနဲ့ ယွင်မိသားစုကို သူပစ်မှတ်ထားလိမ့်မယ်”

ချင်နန်ချီသည် ယွင်ယွီမှအပ ဤလောကထဲ၌ မည်သူ့ကိုမှ ဂရုမစိုက်ပေ။ သူသည် လူ့အသက်ကို ပုရွက်ဆိတ်များလောက်တောင် တန်ဖိုးမထားပေ။ ထို့အပြင် တကယ်ဖြစ်ရပ်၌ ယွင်မိသားစုသည် မင်းသမီးလေး၏ ဆွေမျိုးအရင်းအချာများ မဟုတ်။ သို့သော် မင်းသမီးက သူတို့ကို ဂရုစိုက်တာဖြစ်၏။ သူသည် မင်းသမီးလေးအတွက် သူတို့ကို ကာကွယ်ပေးပြီး သူမပြန်လာမှာကို စောင့်ရမည်။

လုံချီရှောင်သည် ချင်နန်ချီ၏ ကျင့်ကြံမှု နက်နဲရသည့် အကြောင်းရင်းကို နားမလည်ပေ။ သို့သော် ချင်ယွီစွေက အချိန်အတိုင်းအတာတစ်ခုအထိ ဟယ်ချင်းကျေးရွာမှ ထွက်မသွားနိုင်မှန်း သိ၏။ ယခုအချိန်၌ ယွင်ယွီ၏ အခြေအနေ ပြောပြခြင်းက သူ့ကို စိုးရိမ်ပူပန်စေရုံသာ ရှိမည်။ ထို့ကြောင့် ရှောင်ယွီကို ဟယ်ချင်းကျေးရွာသို့ ပြန်ပို့ပြီးသည့်အထိ စောင့်တာ ပိုကောင်းမည်။

လုံချီရှောင်က ထိုသို့တွေးပြီး ဖုန်းကိုချကာ၊ ယွင်ယွီက ဟယ်ချန်ဖုန်းကို ကူညီပြီး ဟယ်မိသားစု၏ ကူပိုးကောင်များကို ဖယ်ရှားပေးနေတာကို ကြည့်ရန် အပေါ်ထပ်တက်သွားလိုက်၏။

သုံးနာရီခန့် လွန်သွားပြီး ဟယ်ချန်ဖုန်းက သုံးကြိမ်အန်ခဲ့၏။ ယွင်ယွီက မျက်လုံးဖွင့်လိုက်ပြီး နဖူး၌ ချွေးစေ့များ ပြန်လာသည်။ သူမ ထရပ်ပြီး ကျောပိုးအိတ်ထဲမှ ဝိညာဉ်စွမ်းရည် တစ်ပုလင်း သောက်လိုက်၏။ ပြီးနောက် ဟယ်မိသားစုဘက် လှည့်ပြောလိုက်သည်။

“မစ္စတာဟယ်က အခုအဆင်ပြေသွားပြီ... မနက်ဖြန် နိုးလာလိမ့်မယ်။ ဒါပေမဲ့ သူ့ကို ဂရုစိုက်ဖို့ လိုသေးတယ်။ ဆန်ပြုတ်ရည်ကျဲကျဲလေး တိုက်ပေးလိုက်မယ်... ဒီအတိုင်းသောက်ပါ။ ပြီးတော့ ဒီပုတီးစေ့လုံးကို အိပ်ရာထဲ လောင်းချလိုက်ပါ။ မီးအတွက်ကတော့... ဆရာကြီး”

သူမက နံရံပေါ်ရှိ နာရီကို တစ်ချက်ကြည့်လိုက်၏။

“အခု မနက် ၁ နာရီထိုးနေပြီ။ ကျွန်မ ၃ နာရီလောက် အနားယူပြီး ၄ နာရီကျ သူ့ရဲ့ကိုယ်ထဲက ကူပိုးကောင်တွေကို ဖယ်ရှားပေးပါမယ်။ အခု ဝိညာဉ်စွမ်းအင်နဲ့ ပါနေတာကြောင့် ပြန်ဖြေဖို့ အချိန်ယူရမယ်”

“ကျေးဇူးတင်ပါတယ် မိန်းကလေး... မင်းရဲ့နာမည်ကို မသိရသေးဘူး”

လောင်ဟယ်က ပြောလိုက်၏။

ခဏတာ တုံ့ဆိုင်းနေပြီးနောက် ယွင်ယွီက ပြောလိုက်သည်။

“ကျွန်မကို ယွင်ယွီလို့ပဲ ခေါ်ပါ... ဒါကျွန်မနာမည်ပါ”

သူမအကြည့်သည် အဖိုးအိုနောက်ရှိ လူဆီ ရောက်သွား၏။ သူတို့က ဟယ်မိသားစုဝင်များ ဖြစ်လောက်သည်။ သို့သော် အဖိုးဟယ်၏ နောက်တွင် သူမကို စိုက်ကြည့်နေသော အရပ်မြင့်မြင့်လူတစ်ယောက် ရှိ၏။ သူမ မျက်မှောက်အနည်းငယ် ကြုတ်မိသွားသည်။ သူမ သူ့ကို သိတာဖြစ်နိုင်မလား။

အန်တီဟယ်က ရှေ့တိုးလှမ်းလျက် ပြောလိုက်သည်။

“ဆရာ အခန်းပြင်ဆင်ထားပြီးပါပြီ... ကျေးဇူးပြုပြီး ကြွပါ”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”

ယွင်ယွီက တံခါးဆီရောက်သည့်အချိန်၌ အရပ်မြင့်မြင့်လူက သူမလမ်းကို ပိတ်တာ တွေ့လိုက်ရ၏။ သူက မဝံ့မရဲ မေးလာသည်။

“ရှောင်ယွီအာလား”

ယွင်ယွီက သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်၏။

“ရှင်က ဘယ်သူလဲ”

လုံချီရှောင်က စွံ့အသွားတော့သည်။

222 03

“ငါ့ကို မမှတ်မိဘူးလား... ငါက မင်းရဲ့ဝမ်းကွဲလေ”

ယွင်ယွီက တုံ့ဆိုင်းပြီး ပြောလိုက်တော့၏။ ပြီးနောက် သူက မေးလိုက်သည်။

“ရှင်က ယွင်ယွီရဲ့ ဝမ်းကွဲလား... မူလပိုင်ရှင်ရဲ့ ဝမ်းကွဲများလား”

လုံချီရှောင်၏ အမူအရာက တောင့်တင်းသွား၏။

“ငါက ချင်ယွီစွေရဲ့ ဝမ်းကွဲ... မင်းအမျိုးသားရဲ့ အစ်ကိုဝမ်းကွဲလေ... ရှောင်ယွီအား... ငါ့ကို တကယ်မမှတ်မိဘူးလား။ ဒါဆို ဘယ်သူ့ကိုမှတ်မိလဲ။ မင်းရဲ့ယောက်ျား ကို မှတ်မိသေးလား”

“ချင်ယွီစွေရဲ့ ဝမ်းကွဲလား... ဒါဆို သူက လုံမိသားစုကပဲ”

ချင်းနန်ချီ သူမကို ပေးထားသည့် အချက်အလက်၌ ဆွေမျိုးသားချင်းများစွာ ပါသည်။

ယွင်ယွီက ခေါင်းခါလိုက်၏။

“တောင်းပန်ပါတယ်... ကျွန်မ ဘယ်သူ့ကိုမှ မမှတ်မိဘူး... ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ။ ကျွန်မ အခုနေလို့မကောင်းဘူး။ ခဏအနားယူချင်တယ်။ ပြီးရင် ကယ်ရမယ့်အသက်တွေ ရှိသေးတယ်”

လုံချီရှောင်က ငိုချင်လာ၏။ သူ၏ ချစ်စဖွယ်ကောင်းသော သခင်မလေးက သူ့ကို မမှတ်မိတော့ပေ။ သူ ဆံပင်ကို ဆွဲကိုင်ကာ ကျိန်ဆဲလိုက်မိ၏။ သူ ချင်နန်ချီကို ကျိန်ဆဲနေတာဖြစ်သည်။ သူရှောင်ယွီအားကို တစ်ခုခုလုပ်ခဲ့လို့ မှတ်ဉာဏ်ပျောက်သွားတာလား။ ထို့အပြင် ယွင်ယွီ၏ ဗိုက်ကို ကြည့်မိချိန်၌ ပူသထက် ပူလာတာ တွေ့လိုက်ရ၏။ သူမ ပိုတောင် ကြောက်လန့်လာသည်။ ရှောင်ယွီအားက ဘယ်သူ့ကလေးကို လွယ်ထားရတာလဲ။

ယွင်ယွီ၏ ဝိညာဉ်စွမ်းအင်က အတော်လေး ထိခိုက်သွားသည်။ သူမ အခန်းထဲသို့ ပြန်ရောက်ပြီး ဝိညာဉ်စမ်းရေများစွာ သောက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၏။ ဟယ်မိသားစု အိမ်ထဲ၌ ကူပိုးကောင် ဖယ်ရှားရန် လိုအပ်သည့် လူတစ်ယောက် ရှိနေသေးသည်။ မိုးမသောက်ခင် မဖြေရှင်းပါက အသက်အန္တရာယ် ရှိနိုင်၏။

မူလကိုယ်၏ အသိဉာဏ် အတန်အသင့်၊ ဤကိစ္စအားလုံး ဖြေရှင်းပြီးမှ ပြောရန် ဆုံးဖြတ်ထား၏။

သူမ လှည့်အိပ်လိုက်သည်။

လုံချီရှောင်က စိုးရိမ်ပူပန်စွာ ရပ်နေလျက်ရက်၊ ချင်ယွီစွေကို ဖုန်းဆက်သင့် မဆက်သင့် စဉ်းစားနေ၏။ ခဏစဉ်းစားပြီးနောက် သူမနိုးလာသည့် အထိစောင့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဟယ်ချင်းက ရောက်လာပြီး မေးလိုက်၏။

“ဒါရိုက်တာလုံ... အဲဒီမိန်းကလေးက ကပ္ပတိန်ချင်ရဲ့ ဇနီးလား”

လုံချီရှောင်က ခေါင်းကိုက်သွားကာ ပြောလိုက်လေ၏။

“ဟုတ်တယ် အစ်မဟယ်... ကျွန်တော့်အတွက် တစ်ခန်းလောက် ပြင်ပေးပါ။ ကျွန်တော် ခဏလောက် အနားယူပြီး မနက်ဖြန်မှ ပြောတော့မယ်”

“အေးအေး...”

လုံချီရှောင်လည်း ဟယ်မိသားစုအိမ်၌ အိပ်သည်။ ဟယ်မိသားစုသည် ကူကောင်များရှိသည့် အိုးကို သန့်စင်ခန်းထဲ လောင်းချပြီး ရေဆေးကာ အကုန်လုံး အိပ်ရာဝင်သွားကြသည်။

ယွင်ယွီက ၃ နာရီခန့် အိပ်လိုက်ရာ အစောတုန်းက သူမသောက်ထားသည့် ဝိညာဉ်စမ်းရေက ဝိညာဉ်စွမ်းအင်များ ဖြည့်ပေးသည်။ သူမ ဟယ်မိသားစုကို နှုတ်ဆက်ပြီးနောက် ဟယ်ဆန်းကို ကုသပေးရန် သွားလိုက်သည်။ ဟယ်ဆန်းသည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးပြီး၊ ကောင်ငယ်လေးတစ်ယောက်နှင့် တူပြီး မျက်နှာသွင်ပြင်က နုနယ်၏။ နှုတ်ခမ်းကမူ မဲနေသည်။

ယွင်ယွီက ရေသန့်တစ်စလုံ ယူလာပြီး ပုံမှန်အတိုင်းပင် သူမလက်ကို နှစ်လိုက်ကာ ဝိညာဉ်စွမ်းရည်များစွာဖြင့် ရောလိုက်သည်။

သူမက ဟယ်ဆန်းကို စတင် ကုသပေးပြီ။ သူမသည် ဟယ်ဆန်းကို တစ်စုံတစ်ယောက်အား အကူအညီတောင်းပြီး ဟယ်ဆန်းကို ပက်လက်လှန်ခိုင်းလိုက်သည်။ ပြီးနောက် သူ၏ခေါင်းကို ခေါင်းရင်း၌ မှီခိုင်းထားလိုက်သည်။ ပြီးနောက် စတင်ကုသပေး၏။

ဟယ်ဆန်း၏ အခြေအနေက ဟယ်ချန်ဖုန်းထက် အနည်းငယ် ပိုကောင်းသည်။ ယွင်ယွီအဖို့ သူ့ခန္ဓာကိုယ်ထဲရှိ ကူပိုးကောင်များ အားလုံးသတ်ရန် ၅ နာရီ အချိန်ယူလိုက်ရသည်။ ကူပိုးကောင်များနှင့် ဥများ၊ သူ၏ကိုယ်ထဲ မကျန်တော့သည့် အချိန်ကျမှ ရပ်တန့်လိုက်၏။ သူ၏အသားအရောင်ကလည်း တိုးတက်လာသည်။ နှစ်ခါဆက်တိုက် ကူပိုးကောင် ဖယ်ရှားရခြင်းက သူမ၏ စိတ်နှင့် ဝိညာဉ်စွမ်းအင်ကို ပင်ပန်းစေသည်။

222 04

ဟယ်ဆန်း၏ ပြဿနာကို ဖြေရှင်းပြီးနောက် ယွင်ယွီသည် သခင်ကြီးဟယ်ကို ပြောလိုက်၏။

“အဖိုး... ဒီနေ့လည် ကျွန်မအဖိုးရဲ့ ခန္ဓာကိုယ်ထဲက ကူကောင်တွေကို ဖယ်ရှားပေးမယ်”

အဖိုးအို၏ ရောဂါလက္ခဏာက အလျော့ပါးဆုံးဖြစ်သည်။ ထို့ကြောင့် နာရီအနည်းငယ် နှောင့်နှေးခြင်းက ပြဿနာမရှိပေ။ သို့သော် သူမ အနားယူဖို့ လိုအပ်သည်။

မနက် ၁၀ နာရီကျော်သွားပြီ ဖြစ်သည်။ မနက်စာ အတူတကွ စားလိုက်၏။ ၎င်းကို ဟယ်မိသားစုရှိ အိမ်ထိန်းက ပြင်ဆင်ပေးထားတာဖြစ်သည်။ အရသာက အဆင်ပြေသည်။

နေ့လယ်စာ စားပြီးနောက် ယွင်ယွီ ၃ နာရီ နားလိုက်၏။ နေ့လယ်ခင်း၌ သူမသည် သခင်ကြီးဟယ်ကို ကူညီပေးပြီး ကူပိုးကောင်များ ဖယ်ရှားပေးသည်။ သခင်ကြီးဟယ်၏ ခန္ဓာကိုယ်ထဲ၌ ကူကောင်များ နည်း၏။ ထို့ကြောင့် ယွင်ယွီအဖို့ အချိန် ၂ နာရီကျော်သာ ယူလိုက်ရသည်။

ဟယ်မိသားစုဝင် ၃ ယောက်၏ ကိုယ်ထဲရှိ ကူကောင်များကို ဖြေရှင်းပြီးချိန်၌ ယွင်ယွီ၏ မျက်နှာက ဖြူဖျော့သွားတော့သည်။ ထိုစဉ် ဟယ်ချန်ဖုန်းက နိုးလာပြီး သူ၏အသက်ကို ကယ်တင်ခဲ့တာ ယွင်ယွီမှန်း သိသွား၏။ သူက ယွင်ယွီကို ကျေးဇူးတင်စကား လာပြောတော့သည်။

ဆရာဟယ်က ပြောလိုက်၏။

“ဆရာသခင်ယွင်... နေမကောင်းဘူးလား”

သခင်ကြီးဟယ်က ပြောလိုက်၏။

“ဆရာသခင်ယွင်... ညနေစောင်းနေပြီ... တစ်ည အနားယူပြီး မနက်ဖြန်မှ ပြောရအောင်လား”

ယွင်ယွီက လုံချီရှောင်ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်၏။

“ဟုတ်ကဲ့”

သူမ၏ မူလအစီအစဉ်က မူလပိုင်ရှင်၏ မိသားစုဆီ တိတ်တိတ်လေး သွားလည်ရန် ဖြစ်သည်။ သို့သော် ယခု ဘာလုပ်ရမယ်မှန်း မသိတော့ပေ။ သူမ မနက်ဖြန်ထိ စောင့်ဖို့ ပြင်ဆင်ထားသည်။ ယခုအချိန်၌ အင်အားမရှိတော့ပေ။

တစ်ညတာ အနားယူပြီးနောက် ယွင်ယွီ နေကောင်းလာ၏။ ဟယ်ဆန်းကလည်း နိုးလာသည်။ ထိုလူငယ်လေးက ယွင်ယွီကို ကျေးဇူးတင်စကား လာပြောသည်။

ယွင်ယွီက စကားသိပ်မပြောခဲ့ဘဲ ခေါင်းငြိမ့်လိုက်၏။

လုံချီရှောင်က ထွက်မသွားပေ။ သူတို့ ရှာတွေ့ပြီးနောက် ထွက်ပျောက်သွားမှာ စိုးသည်။ ထို့အပြင် ယွင်ယွီက သူတို့ကို မမှတ်မိသေးပေ။ ထို့ကြောင့် သူနေပြီး ကာကွယ်ရမည်။

မနက်စာ စားပြီးနောက် အကြီးအကဲဟယ်သည် ယွင်ယွီအား ကဒ်တစ်ကဒ်ပေးပြီး ပြောလိုက်၏။

“ဆရာ ကျေးဇူးပြုပြီး ဒါယူထားပါ... နောင် လိုတာရှိရင် အသိပေးပါ”

ယွင်ယွီက ခေါင်းငြိမ့်ပြီး ကတ်ကို လက်ခံလိုက်သည်။ ရင်က သူမ၏ ဆုလဒ်ပင် ဖြစ်သည်။ လက်မခံစရာ အကြောင်းမရှိပေ။

ယွင်ယွီက ပြောလိုက်၏။

“အဖိုး အဆင်ပြေတယ်ဆို ကျွန်မ အခုသွားတော့မယ်”

“ပြေပါတယ်... ဒါပေမဲ့ ဆရာနေစရာ ရှိလား... ဟယ်မိသားစုအိမ်မှာ ရက်ပိုင်းလောက် နေလို့ရတယ်”

သခင်ကြီးဟယ်သည် မနေ့တုန်းက ယွင်ယွီ၏ အတိတ်မေ့သည့်အကြောင်း ကြားထားပြီး ဖြစ်သည်။ ဤမိန်းကလေးက လာပေါင်းများစွာ ပျောက်သွားပြီး ကိုယ်ဝန်လည်း ထားရ၏။ သူမ ပြန်ပေါ်လာချိန်၌ ဘာကိုမှ မမှတ်မိပေ။

လုံချီရှောင်က အဖိုးအိုကို တစ်ချက်ကြည့်လိုက်သော်ငြား ဆိတ်ဆိတ်သာ နေလေ၏။

ယွင်ယွီက ခေါင်းခါလိုက်သည်။

222 05

“မလိုပါဘူး... ကျွန်မ နေစရာ ရှိတယ်”

အဖိုးဟယ်က ပြောလိုက်သည်။

“ဒါဆိုလည်း ကောင်းပါပြီ... ဆက်မဆွဲထားတော့ပါဘူး”

ယွင်ယွီသည် ဟယ်မိသားစုမှ ထွက်ခွာလာပြီး လုံချီရှောင်က သူနောက် လိုက်လာ၏။ ယွင်ယွီသည် အိမ်ပြင်ဘက် ရောက်ချိန်၌ လုံချီရှောင်က မြန်ဆန်စွာ ပြောလိုက်တော့သည်။

“ရှောင်ယွီအား... ဟယ်ချင်းကျေးရွာကို ပြန်သွားလည်ချင်လား”

ယွင်ယွီ ဘာလုပ်ရမှန်း မသိတော့ပေ။ သူမ ဟယ်ချင်းကျေးရွာကို သွားသင့်တာလား။ သူမ တကယ်ပူးကပ်ပြီး မူလပိုင်ရှင်ရဲ့ ခန္ဓာကိုယ် ယူထားတာဆိုရင် မူလပိုင်ရှင်ရဲ့ မိသားစုအတွက် ဘာသံယောဇဉ်မှ မရှိတော့။ သူတို့နဲ့ ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ။ မူလပိုင်ရှင်ရဲ့ မိသားစုကို မတရားရာ ရောက်မှာပေါ့။

လုံချီရှောင်က ဆက်ပြောလိုက်၏။

“ချင်ယွီစွေက မင်းကို စိတ်ပူနေတာ”

ယွင်ယွီက သူ့ကို ကြည့်လိုက်လျက် နှုတ်ခမ်းတင်းတင်းစေ့ထားကာ မည်သို့ငြင်းရမည်မှန်း မသိပေ။

ချင်နန်ချီတောင် သူမကို လိုက်ရှာနေတာ နစ်ဆိတ်မလှုပ်ရှားစေတာကို မြင်ပြီး လုံချီရှောင်က ဆက်ပြောလိုက်၏။

“အဖွားယွင်က မင်းကို လွမ်းနေတာ... မင်း ရုတ်တရက်ပျောက်သွားတော့ အဖွားနေမကောင်းဖြစ်ပြီး စိတ်ဓာတ်ကျသွားတယ်... အမေလည်း နေမကောင်းဘူး... ယွင်ယွီ မင်းဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ မင်းပြန်သွားပြီး သူတို့ကို တွေ့ရမယ်”

“ကောင်းပြီလေ”

ယွင်ယွီ၏ မျက်လုံးက အနည်းငယ် မှုန်မှိုင်းသွားကာ 'ကောင်းပြီ' ဟူသော စကားလုံးကို ညှစ်ပြောလိုက်ရသည်။

လုံချီရှောင်က သက်ပြင်းချလိုက်၏။ မည်သို့ပင်ဆိုစေ သူမကို ဟယ်ချင်းကျေးရွာသို့ ဦးစွာပြန်ခေါ်သွားရမည်။ သူမ ဘာဖြစ်မှန်း မသိပေ။ သူမ အတိတ်မေ့ကာ တုန်ဆိုင်းနေပုံ ပေါ်၏။

ဟယ်ချင်းကျေးရွာသို့ ပြန်ရောက် သဘောတူသဖြင့် ကျန်တာက အဆင်ပြေသွားပြီ ဖြစ်သည်။

လုံချီရှောင်က ယနေ့နေ့လယ် အတွက် လေယာဉ်လက်မှတ်မှာပြီး ညနေဆို ဟယ်ချင်းကျေးရွာသို့ ယနေ့ရောက်လိမ့်မည်။

စောသေးသဖြင့် လုံချီရှောင်က မေးလိုက်သည်။

“အခု ဘယ်သွားနေတာလဲ... ပစ္စည်းပြန်သိမ်းချင်သေးလား”

ယွင်ယွီက ခေါင်းငြိမ့်လိုက်၏။ သူမ ဟိုတယ်ကနေ မထွက်လာရသေးပေ။ သူမ ခရီးဆောင်အိတ် ရှိနေသေး၏။

ကံကောင်းသည်မှာ ဟိုတယ်က ဤနေရာနှင့် သိပ်မဝေးပေ။ လုံချီရှောင်က ကားမောင်းပို့ပေး၏။ ယွင်ယွီက ပစ္စည်းများ အမြန်ထုတ်ပိုးပြီး ဟိုတယ်မှ ချက်အောက် လုပ်လိုက်သည်။ ထို့ကြောင့် လုံချီရှောင်က မြန်မြန်ဆန်ဆန် ထုတ်ပိုးစရာမရှိ သူတို့နှစ်ယောက် လေဆိပ်သို့ တန်းသွားလိုက်၏။

လမ်း၌ လုံချီရှောင်က သူမကို မေးလိုက်သည်။

“ဒီရက်တွေထဲ ဘယ်ရောက်နေတာလဲ... ချင်နန်ချီနဲ့ ရှိနေတာလား။ သူ မင်းကို ထိခိုက်အောင် လုပ်သေးလား”

ယွင်ယွီက ခေါင်းခါလိုက်၏။

“မလုပ်ဘူး”

လုံချီရှောင်၏ မျက်လုံးက အနည်းငယ် မှောင်မဲသွား၏။

“အဲဒီတုန်းက မင်းကို ပြန်ပေးဆွဲခဲ့တာ တကယ်သူလား”

ယွင်ယွီက ဆိတ်ဆိတ်နေကာ ဘာပြောရမယ်မှန်း မသိတော့ပေ။ ချင်နန်ချီက သူမကို ခေါ်သွားသည်ဟု ပြောတာ အံ့ဩစရာ မရှိပေ။ သူမက မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကို ယူထားသည်။ ထို့အပြင် ချင်နန်ချီ၏ စကားကို သူမ ယုံကြည်ခြင်း မရှိတော့ပေ။ သူမ အမှန်တရားကို ကိုယ်တိုင်ရှာဖွေရမည်။ ချင်နန်ချီက မယုံရလျှင် ဤလူနှင့် မူလပိုင်ရှင်၏ မိသားစုသည် ယုံရမည်လော။

All Chapters