အခန်း (၂၂၃-၂၂၄)
Vol. 22 Ch. 223-224
အပိုင်း 223
ယွင်ယွီနောက်လိုက်နေသည့် သူတို့သည် လွန်ခဲ့သည့် နှစ်ရက်ခန့်က ယွင်ယွီ၏ ဒီနေရာအကြောင်း ချင်နန်ချီထံ သတင်းပေးပို့ခဲ့ပြီး ဖြစ်သည်။ ချင်နန်ချီက သူမသည် ဟယ်မိသားစုကို ကူညီပြီး ကူပိုးကောင်များ ဖယ်ရှားပေးခဲ့ကာ လုံချီရှောင်နှင့် တွေ့ပြီး ဟယ်ချင်းကျေးရွာသို့ သွားရန် ပြင်ဆင်နေကြောင်း သူသိထားလေ၏။ သူသည် အချိန်အတန်ကြာ ပြင်သစ်စတိုင် ပြတင်းပေါက်ရှေ့၌ ရပ်နေပြီး တွေးဝေနေမိသည်။
သူ၏ဖုန်းကို ထုတ်ပြီးနောက် ရှောင်ဖုယွီ၏ နံပါတ်ကို ကြည့်လိုက်၏။ သူ့၏ အမူအရာက အတော်လေး ပျော့ပြောင်းသွားကာ နံပါတ်နှိပ်လိုက်တော့သည်။
အထဲမှာ "ဘီ" ဟူသော အသံက ဆက်တိုက်ပေါ်ထွက်လာသည်။
ယွင်ယွီနှင့် လုံချီရှောင်က လေဆိပ်သို့ အမြန်ရောက်လာသောည သူတို့သည် ၁ နာရီခန့် စောင့်ရဦးမည်။ နှစ်ယောက်သား အနားယူရန် အထူးခန်းသို့ သွားလိုက်ချိန် ယွင်ယွီ၏ ဖုန်းက မြည်လာ၏။ သူမ ဖုန်းထုတ်ပြီး တစ်ချက်ကြည့်ကာ တုန်လှုပ်နေပြီးနောက် လုံချီရှောင်ဘက် လှည့်ပြီး ပြောလိုက်၏။
" ကျွန်မ အပြင်ထွက်ပြီး ဖုန်းထူးလိုက်ဦးမယ်"
လုံချီရှောင်က သူမကို တစ်ချက်ကြည့်လိုက်၏။
" ကောင်းပြီ၊ "
ယွင်ယွီ ထွက်သွားပြီးနောက် လုံချီရှောင်က သက်ပြင်းချလိုက်သည်။ ရှောင်ယွီအာက သူနှင့် အတော်လေး အကွာအဝေး ခြားနေ၏။ ချင်နန်ချီသည် ရှောင်ယွီအာကို လူတိုင်းအား မေ့လျော့သွားအောင် မည်သို့ ပြုလုပ်ခဲ့သနည်း။ သူမ၏ ခင်ပွန်းနှင့် ကလေးကိုတောင် သတိမရတော့ပေ။ ဟယ်ချင်းကျေးရွာသို့ ပြန်ရောက်ချိန်တွင် မည်သို့ ရုတ်ရုတ်သဲသဲ ဖြစ်မည်ဆိုတာ သိချင်မိသည်။
သူမသည် လူရှင်းသော နေရာသို့ လျှောက်သွားပြီးနောက် ဖုန်းဖြေလိုက်၏။
" မင်္ဂလာပါ အစ်ကိုချင် "
ချင်နန်ချီက ငြင်သာစွာ ပြောလိုက်၏။
" ယွီအာ... ဟိုတယ်မှာ ရှိနေသေးတုန်းပဲလား။ နေ့လယ်စာ စားဖို့ လာခေါ်မယ်လေ၊ "
ယွင်ယွီက ပြောလိုက်၏။
"မဟုတ်ဘူး အစ်ကိုချင် ကျွန်မ လမ်းလျှောက်ထွက်ဖို့ ပြင်ဆင်နေတာ။ လာကြိုဖို့ မလိုဘူး အစ်ကိုချင်။ အစ်ကို့မှာလည်း ဘဝသစ် ရှိသင့်ပြီ။ အတိတ်ကို စွဲလမ်းမနေသင့်ဘူး။ ကျွန်မကို ထပ်မရှာနဲ့တော့"
သူမက သူဘာတွေးနေမှန်း သိ၏။ သို့သော် ဘာများ ဖြစ်မည်နည်း။ တာဝန်မဲ့ စကား မရှိတော့ပေ။ ယခု ခေတ်သစ် ရောက်ပြီဖြစ်၏။ သူမက ကြင်ယာတော် တစ်ပါး မလိုအပ်တော့ချေ။
ချင်နန်ချီသည် အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံး၌ ပြောလိုက်၏။
" ယွီအာ... ကိုယ့်ရဲ့ အမြင်မှာ မင်းက ငါ့ရဲ့ ကံကောင်းခြင်း ကျောက်စိမ်းလေးပဲ။ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့က ကိုယ့်အတွက် ပြင်ဆင်ပေးခဲ့တဲ့ ဇနီး။ ယွီအာ... လက်ထပ်ကြရအောင်"
ယွင်ယွီက မျက်မှောင်ကြုတ်မိသွား၏။
" ချင်နန်ချီ... ကျွန်မ ပြောတာ သေချာ မကြားလို့လား။ ကျွန်မ ရှင်နဲ့ အတူ မရှိချင်ဘူး။ ဒါ့အပြင် အခုက ဝေ့မင်းဆက် မဟုတ်တော့ဘူး။ အဲဒီတုန်းကဆိုရင်တောင် အဖေနဲ့အမေက ကျွန်မတို့ကို လက်ထပ်ပွဲ ချီးမြှင့်ပေးတာ မဟုတ်ဘူး။ ရှင့်ကို အစ်ကိုတစ်ယောက်လိုပဲ မြင်တာ။ ဒီအတိုင်းပဲ ဖြစ်မယ်လို့ မျှော်လင့်တယ်။ ကျွန်မ ဆက်ပြီး စကားမပြောတော့ဘူး။ လုပ်စရာ ရှိသေးတယ်။ သွားလိုက်ပါဦးမယ်၊ "
သူမ ဖုန်းချပြီးနောက် ချင်နန်ချီသည် ဖုန်းကို အချိန်အတန်ကြာ ကိုင်ထားမိပြီး နောက်ဆုံး၌ အေးတိအေးစက် ပြောလိုက်၏။
" ရီးချန် ဝင်လာခဲ့၊ "
ရီးချန်က အမြန်ဝင်လာပြီး ချင်နန်ချီက အေးတိအေးစက် ပြောလိုက်၏။
" ကားထုတ်လိုက်၊ လေဆိပ်သွားမယ်။ ပြီးတော့ ဝန်ထမ်းတွေကို လေယာဉ် မဆိုက်နိုင်အောင်၊ သူမ စီးမယ့် လေယာဉ်ကို တားခိုင်းထားလိုက်၊ "
ရီးချန်သည် ဂိုထောင်ထဲမှာ ကားတစ်စင်းကို ရွေးပြီးနောက် လေဆိပ်သို့ ဆက်သွယ်ကာ မိန်းကလေးယွင်ကို စောင့်ကြည့်ခိုင်းထားပြီး သူမ လေယာဉ်ပေါ် မတက်နိုင်အောင် တားခိုင်းလိုက်၏။
ချင်နန်ချီသည် လေဆိပ်သို့ မောင်းသွားရာ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေပြီး သူ့၏ မျက်နှာက ရေခဲတမျှ အေးစက်နေ၏။
အကျဉ်းချထားရမည်ဆိုလျှင်တောင် သူမကို သူ့ဘေး၌ ထားရမည်။ ဤဘဝ၌ သူမက သူ့အပိုင် ဖြစ်၏။ အစက သူမကို လွတ်လပ်ခွင့် တချို့ ပေးထားချင်ပြီး စဉ်းစားခိုင်းကာ သူ့ကို လိုလိုလားလား လက်ထပ်ချင်စိတ် ပေါ်လာစေချင်၏။ သို့သော် ယင်းက မဖြစ်နိုင်ပုံ ပေါ်သည်။
223 02
ယွင်ယွီသည် လေယာဉ်ပေါ် မတက်ခင် အချိန် တစ်နာရီ လိုနေသေး၏။ သူမသည် ချင်နန်ချီ၏ ဖုန်းကို ချပြီးနောက် အနည်းငယ် ဒေါသထွက်နေသည်။ သူမ VIP ခန်းသို့ ပြန်ရောက်လာချိန်၌ သူမကို လုံချီရှောင် ကြည့်နေတာ တွေ့လိုက်ရသည်။ သူမက လျှောက်လာကာ သူ့ဘေးတွင် ထိုင်ချလိုက်ချိန် သူပြုမူတာကို ကြားလိုက်ရ၏။
" ရှောင်ယွီအာ... အဆင်ပြေရဲ့လား၊ "
" အဆင်ပြေပါတယ် ဒါရိုက်တာလုံ။ စိတ်ပူစရာ မလိုဘူး၊ "
လုံချီရှောင်က သူမကို ကြည့်လိုက်၏။
" မင်းက ကိုယ့်ကို အစ်ကို ဝမ်းကွဲလို့ ခေါ်နေကျ"
ယွင်ယွီက သူ့ကို မော့ကြည့်လိုက်သော်ငြား ဘာမှ မပြောခဲ့ပေ။
လုံချီရှောင်က ပြုံးပြီး ပြောလိုက်ပြန်၏။
" ဒါပေမယ့် မင်း အတိတ်မေ့သွားပြီး အရင်တုန်းက ကိစ္စတွေ မမှတ်မိတော့တာ ပုံမှန်ပဲ။ စိတ်မပူနဲ့။ မင်းကို ကုသပေးဖို့ အကောင်းဆုံး ဆေးဝါးအဖွဲ့ကို ရှာပေးမယ်၊ "
ယွင်ယွီက တီးတိုးပြောလိုက်လေ၏။
" ကျွန်မ နေမကောင်း မဖြစ်ဘူး၊ "
လုံချီရှောင်က သူမဘေးတွင် ထိုင်ချလိုက်၏။
" ရှောင်ယွီအာ... အရင်တုန်းက ဖြစ်ခဲ့တာတွေ တကယ် ဘာမှ မမှတ်မိဘူးလား"
ယွင်ယွီက ခေါင်းခါလိုက်၏။
လုံချီရှောင်က ပြောလိုက်သည်။
" မင်းရဲ့ အမျိုးသားနဲ့ ကလေးကို မမှတ်မိတော့ဘူးလား။ မူမူက အခုဆို ၃ နှစ်လောက် ရှိတော့မယ်။ သူက မူကြို တက်ရတော့မှာ။ မင်း ပျောက်နေတဲ့ လတွေတုန်းက ကလေး ကောင်းကောင်း မအိပ်နိုင်ဘူး။ သူက အသိဉာဏ် မြင့်ပြီး အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်တယ်။ ကလေးဆိုပေမယ့် မငိုဘူး။ ဒါပေမယ့် ညကျမှ တိတ်တိတ်လေး ငိုတာ”
ယွင်ယွီ၏ နှလုံးခုန်နှုန်းက မြန်လာပြီး မျက်နှာက ဖြူဖျော့လာသည်။ သူမ ရင်ဘတ်ကို ကိုင်ထားမိကာ ရင်ဘတ်က နာကျင်လာလေ၏။
ပွေ့ဖက်ချင်တာ ဆိုလျှင် သူမသည် မူလပိုင်ရှင်၏ စိတ်ခံစားချက်များကို အမွေမဆက်ခံသင့်ပေ။ မဆက်ခံသင့်သည့် အဘယ်ကြောင့် သူမ ရင်နာနေရသနည်း။
သူမ နေမကောင်းတာကို မြင်သောအခါ လုံချီရှောင်လည်း အနည်းငယ် ကြောက်လန့်သွားပြီး အမြန်ပြောလိုက်၏။
" ဟုတ်ပြီ ဟုတ်ပြီ။ ငါ ဘာမှ ထပ်မပြောတော့ဘူး၊ "
ယွင်ယွီက သူမ ရင်ဘတ်ကို အချိန်အတန်ကြာ ဆုပ်ကိုင်ထားပြီးနောက် သက်သာလာတော့သည်။
နှစ်ယောက်သား အချိန်အတန်ကြာ တိတ်ဆိတ်သွား၏။
၁ နာရီခန့် ကြာချိန်၌ လေယာဉ်တက်ရမည့် အချိန်တွင် လုံချီရှောင်က သူမ၏ လက်ဆွဲသေတ္တာကို ယူပြီးနောက် ပြောလိုက်၏။
" သွားကြမယ်။ သွားဖို့ အချိန်တန်ပြီ၊ "
သူတို့ နှစ်ယောက်သား ဂိတ်သို့ သွားလိုက်ချိန် လူအုပ်ကြီးထဲ ရုတ်ရုတ်သဲသဲ ဖြစ်နေလေ၏။ သူတို့ လှမ်းကြည့်လိုက်ချိန်တွင် ဝတ်စုံနဲ့ ဝတ်ထားသော ချင်နန်ချီက သူတို့ဆီ မျက်နှာသေဖြင့် လျှောက်လာတာ တွေ့လိုက်ရ၏။ လုံချီရှောင်၏ အမူအရာက ပြောင်းလဲသွားကာ ယွင်ယွီကို သူ့နောက်၌ ကာကွယ်ပေးထားပြီး ပြောလိုက်၏။
" ဒီကောင်က မင်းကို ဖမ်းဖို့ သေချာပေါက် ရောက်လာတာပဲ။ နောက်ကျ အခွင့်အရေး ရှိရင် မြန်မြန်ထွက်သွား၊ "
ယွင်ယွီက ချင်နန်ချီကို ကြည့်လိုက်ချိန်၌ သူမ၏ အမူအရာက ပြောင်းလဲသွားပြီး မျက်နှာက ဖြူဖျော့သွားကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ ချင်နန်ချီက သူ့လူများကို ခေါ်လာခဲ့ပြီး လေဆိပ်လုံခြုံရေးများက သူ့ဘေးတွင် ရှိနေကာ လမ်းရှင်းပေးနေလေ၏။
ချင်နန်ချီက ယွင်ယွီဆီ လျှောက်လာပြီး ပြောလိုက်၏။
" ယွီအာ... ငါနဲ့ လိုက်ခဲ့၊ "
လုံချီရှောင်က ပြောလိုက်လေ၏။
" ချင်နန်ချီ... မင်းက သေချင်နေတာပဲ"
သူက ချင်နန်ချီကို လက်သီးဖြင့် ထိုးလိုက်သည်။
ချင်နန်ချီ နောက်ရှိ ရီးချန်နှင့် ကျန်သည့် သူများကလည်း လိုက်လာပြီး လုံချီရှောင်နှင့် တိုက်ခိုက်တော့သည်။ ယွင်ယွီက ချင်နန်ချီကို ကြည့်ပြီး အေးစက်သော အလေသံဖြင့် မေးလိုက်သည်။
" ဘာလုပ်တာလဲ"
ချင်နန်ချီက ငြင်သာစွာ ပြောလိုက်တော့သည်။
223 04
" ယွီအာ... ဟယ်ချင်းကျေးရွာကို သွားချင်တာလား။ မင်းက သူတို့ရဲ့သမီး မဟုတ်ဘူး။ သူ့ဇနီး မဟုတ်ဘူး။ သူတို့ ကလေးအမေလည်း မဟုတ်ဘူး။ မင်း ဟယ်ချင်းကျေးရွာကို သွားရင် မင်းက မူလခန္ဓာပိုင်ရှင်ရဲ့ ခံစားချက်တွေ ရမှာ မဟုတ်ဘူး။ သူ့ရဲ့ ဆွေမျိုးတွေကို တွေ့တဲ့အချိန် ပို့အပြစ်ရှိသလိုပဲ ခံစားလာရမှာ။ ဘာကြောင့် စိတ်ထဲ ထည့်နေမှာလဲ။ သူတို့နဲ့ ရေစက်ဖြတ်ပြီး ငါနဲ့ နေပါလား၊ "
ယွင်ယွီက အေးတိအေးစက် ပြောလိုက်၏။
" မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မ ဟယ်ချင်းကျေးရွာကို သွားကြည့်ရမယ်၊ "
" ယွီအာ... ရှုပ်နေတာတွေ ရပ်လိုက်တော့။ ကိုယ်နဲ့ လိုက်ခဲ့။ ကလေးကို မွေးပြီး သူ့ကို အရွယ်ရောက်တဲ့အထိ အတူတူ ပြုစုပျိုးထောင်ကြမယ်။ ဒါ ပိုမကောင်းဘူးလား၊ "
"ချင်နန်ချီ... ရှင် ဘာသာရှင် ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ လိုတယ်။ ကျွန်မ အသက်ရှင်လာတာ ရှင့်ရဲ့ကျေးဇူးကြောင့် ဆိုရင်တောင် ရှင့်ကို ဘာမှ အကြွေးမတင်ထားဘူး။ ရှင်နဲ့လည်း ဆက်ပြီး မပတ်သက်ချင်ဘူး၊ "
သူမ ပြောတာ မပြီးသေးခင် သူက လက်ကို ရုတ်တရက် မြှောက်ပြီး ဝှေ့ယမ်းလိုက်ချိန် ယွင်ယွီ၏ အမြင်အာရုံက မည်းမှောင်သွားကာ သူမ သတိလစ်သွားတော့သည်။
သတိမလစ်ခင်၌ ယွင်ယွီသည် ကူပိုးကောင်များကို ဖယ်ရှားရန် ဟယ်မိသားစုကို ကူညီခဲ့ကာ ကောင်းကောင်းမွန်မွန် အနားမယူခဲ့မိသည့်အတွက် နောင်တရမိသွား၏။ သူမ သတိလက်လွတ် နိုင်ခဲ့သည်။ သူမ ဝိညာဉ် စွမ်းအင်ကာ ကုန်ခမ်းသလောက် ဖြစ်နေ၏။ သူ တိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။ သူ လုပ်ရဲ တိုက်ခိုက်ရဲခဲ့သည်။
သူသည် လုံချီရှောင်၏ ဒေါသတကြီး အသံကို ကြားလိုက်ရ၏။
"ချင်နန်ချီ... ဒါက အများပြည်သူ သွားလာနေတဲ့ နေရာ။ လူတစ်ယောက်ကို ပြောင်ပြောင်တင်းတင်း လုယူရဲတယ်ပေါ့၊ "
ချင်နန်ချီက ယွင်ယွီကို ပွေ့လှည့်လျက် အေးတိအေးစက် ပြောလိုက်သည်။
" သူက အမြဲတမ်း ငါ့အပိုင်ပဲ။ ငါ သူ့ကို အိမ်ခေါ်သွားမှာ"
" တိရစ္ဆာန်ကောင်... သူက မင်းရဲ့ မယား မဟုတ်ဘူးကွ၊ "
လုံချီရှောင်သည် ချင်နန်ချီက လျှောက်ယွီအာပေါ့။ ဤသို့သော စိတ်ရှိနေလိမ့်မည်ဟု မထင်ထားပေ။ သူ စိတ်လွတ်နေ၏။
" သူ့ကို တားထား"
ချင်နန်ချီက ပြောပြီး ယွင်ယွီကို သယ်သွားတော့သည်။
ယွင်ယွီက ညအချိန်တွင် ကိုက်ခဲလျက် နိုးလာတော့သည်။ သူမ ထထိုင်လိုက်ပြီး အခန်းအပြင်အဆင်ကို ကြည့်လိုက်ရာ ခန်းနားထည်ဝါစွာ ပြင်ဆင်ထား၏။ ၎င်းက ယဲ့ဖင်းကျေးရွာ မဟုတ်ဘဲ မြို့တော်ရှိ ချင်နန်ချီ၏ အိမ်ဖြစ်သည်။
သူမက ဖိနပ်ပါးစီးပြီး အိပ်ရာထဲမှ ထွက်လိုက်၏။ တံခါးတွန်းဖွင့်လိုက်ချိန်၌ ဆိုဖာဧည့်ခန်းရှိ ရှည်ဆိုဖာပေါ်၌ သတင်းစာတစ်စောင် ထိုင်ဖတ်နေသော ချင်နန်ချီကို တွေ့လိုက်ရ၏။ အသံကြားသောအခါ သူက လှည့်ကြည့်လိုက်ပြီး ငြင်သာသော အသံဖြင့် ပြောလိုက်သည်။
" ယွီအာ... နိုးလာပြီပဲ။ ညစာ လာစားလေ၊ "
ယွင်ယွီက မျက်လုံးမှိတ်လျက် အသက်ရှူထုတ်ပြီးနောက် အောက်ထပ်ဆင်းလိုက်သည်။ ပြီးနောက် ချင်နန်ချီ ရှေ့၌ ရပ်ကာ မေးလိုက်သည်။
" ရှင် ဘာဆိုလိုတာလဲ။ ကျွန်မကို အကျဉ်းချထားချင်တာလား၊ "
ချင်နန်ချီသည် သူမ ထိုင်ရန် ဆွဲခေါ်လိုက်သောအခါ ယွင်ယွီက နောက်သို့ နှစ်လှမ်းဆုတ်၏။ သူ ရယ်မောလိုက်သည်။
" ယွီအာ... လိမ်လိမ္မာမာနေ။ မင်းက ကိုယ်ဝန် ငါးလ၊ ခြောက်လ ရှိနေပြီ။ ဒီတော့ လျှောက်သွားတာ မကောင်းဘူး။ ကိုယ်ဝန်ကို ဂရုစိုက်။ ပြီးရင် ကလေးမွေး။ ပြီးတော့မှ ကျန်တာတွေ ပြောကြမယ် ဟုတ်ပြီလား၊ "
ယွင်ယွီသည် မည်သည့်အကောင်းရယ်မသိ အင်မတန် ဒေါသထွက်နေ၏။ စကားတစ်ခွန်းမှ မပြောဘဲ သူမ လှည့်ထွက်သွားကာ အပေါ်တက်သွားတော့သည်။
ချင်နန်ချီက သက်ပြင်းချလျက် သူမကို အစားအသောက် ပို့ပေးလိုက်သည်။
ယွင်ယွီက ဗိုက်လည်း မဆာ၊ ငိုချင်စိတ်လည်း မရှိ၊ သောင်းကျန်းခြင်းလည်း မရှိ၊ အော်ဟစ်ခြင်းလည်း မရှိပေ။ သူမက သူ့သဘောလာပေးသည့် အစားအသောက်ကို တိတ်တဆိတ် စားလိုက်သည်။ သူမ ဗိုက်ထဲရှိ ကလေးက နှစ်ချက်ကန် လှုပ်လာ၏။ သူမက ဗိုက်ကို လက်ဖြင့် ထိလိုက်သည်။
ချင်နန်ချီက ပြုံးပြီး ပြောလိုက်တော့သည်။
" ဟယ်မိသားစုရဲ့ ကူပိုးကောင်တွေကို ဖယ်ရှားပေးပြီးတော့ မင်း အားနည်းသွားတယ်။ ကောင်းကောင်း အနားယူပြီး ဒီကာလအတွင်း အားဖြည့်ရမယ်။ ညဘက် စောစောအိပ်သင့်တယ်။ မင်းကို ထပ်မနှောင့်ယှက်တော့ဘူး။ ယွီအာ... မင်း ကိုယ်ဝန်ကို ဂရုစိုက်၊ "
ပြီးနောက် ယွင်ယွီ အခန်းထဲမှ ထွက်သွားလေ၏။
ချင်နန်ချီက သူမကို လွှတ်ထားမှာ မဟုတ်မှန်း သိသိ၏။ ဤသို့ ဖြစ်လိမ့်လေ သူမက ထိုစဥ်က သူပြောခဲ့သည့် စကားကို သံသယ ပိုဝင်လေ ဖြစ်သည်။ သူမက မူလခန္ဓာကိုယ်ကို တကယ် ပူးကပ်ခဲ့တာလား။ ဒါမှမဟုတ် တချို့ အကြောင်းရင်းတွေကြောင့် သူမက မူလခန္ဓာကိုယ်ကို ပူးကပ်ခဲ့တာ မဟုတ်ဘဲ ကိုယ်တိုင်က မူလခန္ဓာ ဖြစ်နေတာလား။
223 05
လေဆိပ်မှ ထွက်လာပြီးနောက် လုံချီရှောင်သည် အထူးတပ်ဖွဲ့ကို ချက်ချင်း ဆက်သွယ်ကာ ချင်နန်ချီ၏ အိမ်ကို ရှာခိုင်းလိုက်၏။ သူသည် ချင်ယွီစွေ့ကိုလည်း ဆက်သွယ်လိုက်၏။ ဤကိစ္စကို သူသိဖို့ လိုသည်။
ထိုစကားကို ကြားသောအခါ ချင်ယွီစွေ့က ဖုန်းထဲ၌ အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလာလေ၏။
" အခု လာခဲ့မယ်၊ "
လုံချီရှောင်က တုန်ဆိုင်းနေစွာ ပြောလိုက်သည်။
" ဒါဆို ယွင်မိသားစုက... "
ချင်ယွီစွေ့က ပြောလိုက်၏။
" ငါ အဲဒီကို လာခဲ့မယ်။ ရှဲ့နင်နဲ့ တခြားသူတွေကို ဟယ်ချင်းကျေးရွာ စေလွှတ်ပြီး ယွင်မိသားစုကို ကာကွယ်ခိုင်းလိုက်မယ်၊ "
လုံချီရှောင်က ပြောလိုက်၏။
" ဟုတ်ပြီ။ ဒါဆို မြန်မြန်လာ။ ငါ ရှာဖွေခွင့် ဝရမ်း တောင်းလိုက်ဦးမယ်၊ "
လုံချီရှောင်က အံ့ဩသွားတော့သည်။ သူ ယခုအခေါက်၌ ရှာဖွေခွင့် ဝရမ်း မရနိုင်ပေ။ အထက်အရာရှိများက တစ်ခေါက် ထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် ခွင့်မပြုကြောင်း ပြောခဲ့၏။ ချင်နန်ချီက ဥပဒေကို မချိုးဖောက်ကြောင်းနှင့် သက်သေ မရှိကြောင်းလည်း သူတို့ ပြောထားသည်။ အထက်အရာရှိများက ယခုအခေါက်၌ သဘောမတူပေ။
လုံချီရှောင်က ဖုန်းချပြီး ကျိန်ဆဲလိုက်သည်။ ထိုသို့ လုပ်သူက ချင်နန်ချီ ဖြစ်ရမည်မှန်း သိနေသည်။ အထက်အရာရှိများကို လှည့်စားရန် မည်ကဲ့သို့သော နည်းသုံးထားမှန်း သူ မသိပေ။
ရှာဖွေခွင့် ဝရမ်း မရှိဘဲ သူတို့က ပြောင်ပြောင်တင်းတင်း မဝင်သွားနိုင်ပေ။ သို့သော် သွားရပေမည်။
လုံချီရှောင်က ချင်ယွီစွေ့ ဟယ်ချင်းကျေးရွာမှ ရောက်လာသည့် အချိန်ထိ စောင့်ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်း၌ ဖြစ်ခဲ့သမျှကို အသေးစိတ် ပြောပြလိုက်သည်။
" ရှောင်ယွီအာက ကိုယ်ဝန်ရှိနေတယ်။ ပြီးတော့ သူ့ဗိုက်ကလည်း အတော်လေး ကြီးပြီး ပြီးတော့ သူ ငါ့တို့ ကို မမှတ်မိဘူး"
ချင်ယွီစွေ့က "အင်း" ဟုသာ ဖြေလျက် တည်ငြိမ်နေပုံ ပေါ်၏။ ထိုသို့တိုင်း သူ ကိုယ့်လေးချိန်များစွာ ကျသွားကာ သူ့၏ လက်ကလည်း တုန်ရင်နေသည်။
လုံချီရှောင်က ပြောလိုက်၏။
" ငါတို့မှာ ရှာဖွေခွင့် ဝရမ်း မရှိဘူးဆိုတာ ကိုယ်တိုင် သွားရုံပဲ တတ်နိုင်တယ်။ ယွင်မိသားစုဝင်တွေ အဆင်ပြေတယ် မလား၊ "
ချင်ယွီစွေ့က ပြောလိုက်၏။
" ရှဲ့နင်နဲ့ တခြားသူတွေကို ဟယ်ချင်းကျေးရွာဆီ လွှတ်ပြီး ငါ့အတွက် စောင့်ကြည့်ခိုင်းထားပြီးပြီ၊ "
ယွင်မိသားစု အဆင်ပြေပါ့မလား သေချာ မသိပေ။ ရှန်လုလီသည် လူ့အသက်ကို ဂရုမစိုက်သော အရူးတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူ သေချာ မသိပေ။ သို့သော် ယွီအာ၏ ဒီနေရာ အကြောင်း သိရချိန်၌ သူသည်းမခံနိုင်တော့ပေ။ သူမကို တွေ့ချင်မိ၏။ သူက လအနည်းငယ်ကြာ အနားမယူခဲ့ရပေ။ သူ့၏ မျက်လုံးများက သွေးနီရောင် သန်းနေပေ၏။
လုံချီရှောင်သည် သူ့၏ မောပန်းမှုကို အလွယ်တကူ မြင်တွေ့နိုင်ကာ သက်ပြင်းချလိုက်တော့သည်။
သူတို့ နှစ်ယောက်သား ချင်နန်ချီ၏ အိမ်သို့ တန်းသွားလိုက်သည်။ သူက ဗီလာဧရိယာထဲ နေတာ မဟုတ်ဘဲ ဆင်ခြေဖုံးဒေသရှိအိမ်တွင် နေတာ ဖြစ်သည်။ သို့သော် သူတို့ ရောက်ချိန်၌ ချင်နန်ချီသည် အစီအရင် တစ်ခု တည်ဆောက်ထားချင်ကြောင်း အထဲမဝင်နိုင်တာ သိလိုက်ရသည်။ ဝင်္ကပါတစ်ခု ဖြစ်လောက်၏။ လုံချီရှောင်သည် အိမ်ထဲရှိ ကြက်မြင်းများကို ကြည့်ပြီး ကျိန်ဆဲလိုက်၏။
ချင်ယွီစွေက စိတ်ဆိုးနေတော့သည်။
ဖုန်းက ရုတ်တရက် မြည်လာ၏။ ချင်ယွီစွေ့ ငုံ့ကြည့်လိုက်ချိန်တွင် ဖုန်းထုတ်ပြီး ဖြေလိုက်သည်။ ချင်နန်ချီ၏ အေးတိအေးစက် အသံက ပေါ်ထွက်လာလေ၏။
" ကုခေါ့... ဟယ်ချင်းကျေးရွာကနေ မင်း တကယ် ထွက်လာရဲတယ်ပေါ့။ ငါ ယွင်မိသားစုကို မထိရဲဘူးလို့ ထင်နေလား။ ယွင်မိသားစုကို ပြန်သွားပြီး စစ်ဆေးကြည့်လေ။ ယွီအာ သူတို့ကို ပေးထားတဲ့ အဆောင် ရှိတာကြောင့် သူတို့ ပေးခဲ့မယ် မထင်နဲ့။ အဲဒါတွေက ငါ့ရှေ့မှာ အသုံးမဝင်ဘူး၊ "
ချင်ယွီစွေ့က ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် တိတ်ဆိတ်နေသည်။
ချင်နန်ချီက ဆက်ပြော၏။
223 06
" ကုခေါ့... မင်း ငါနဲ့ မတိုက်ခိုက်နိုင်ဘူး။ မင်းက သူ့ကို ဂရုစိုက်တယ်။ သူ့မိသားစုကို ဂရုစိုက်တယ်။ မင်းက သူ ကာကွယ်ပေးချင်တဲ့ အရာတွေ၊ လူတွေကို ကာကွယ်ပေးချင်တာ။ ဒါပေမယ့် ငါက မတူဘူး။ ငါ့မျက်စိထဲ သူတစ်ယောက်ပဲ ရှိတယ်။ တခြားသူတွေက ငါ့အတွက် မလိုအပ်ဘူး။ သူက အဲဒီလူတွေ အကြောင်း စဉ်းစားနေမယ်ဆိုရင် သူ့ရဲ့ခံစားချက်တွေကို ငါ ဖြတ်တောက်လိုက်မှာ"
ချင်နန်ချီက ထိုစကားများ ပြောပြီး ဖုန်းချလိုက်သည်။
ချင်ယွီစွေ့က သူ့၏ ဖုန်းကို တင်းကျပ်စွာ ကိုင်လိုက်လေရာ ၎င်းက ကွဲသွားတော့သည်။ လုံချီရှောင်က မေးလိုက်လေ၏။
" မင်း အဆင်ပြေရဲ့လား။ ဘာဖြစ်သွားတာလဲ၊ "
ချင်နန်ချီက အကွဲအက်ဖြင့် ပြောလိုက်၏။
" ဟယ်ချင်းကျေးရွာကို ငါပြန်သွားဖို့ လိုတယ်။ ယွင်မိသားစုမှာ တစ်ခုခု ဖြစ်သွားတယ်”
ချင်နန်ချီ၏ နဖူးကြောများ ဖောင်းလာပြီး ကျိန်ဆဲလိုက်တော့သည်။
" ချင်နန်ချီ လုပ်တာလား"
ချင်ယွီစွေ့ကလည်း အင်းဟု ပြောလျက် လှည့်ထွက်သွားသည်။
လုံချီရှောင်က စိတ်လွတ်သွားသည်။ ချင်နန်ချီ၏ ကျင့်ကြံစဉ် နည်းများ နက်ရှိုင်းနေမှန်း မသိပေ။ ဒီလောက် တရားဥပဒေမဲ့နိုင်သလား။
ချင်ယွီစွေက ကွဲသွားသည့် ဖုန်းကို အမှိုက်ပုံးထဲ ထည့်လိုက်၏။ ထိုနေ့ညအတွက် လေယာဉ်မရှိတော့ပေ။ ထို့ကြောင့် သူသည် နောက်နေ့ မနက်မှ ဟယ်ချင်းကျေးရွာကို အလျင်စလို သွားရ၏။ ယွင်မိသားစု၌ တစ်စုံတစ်ခု ဖြစ်သွားသည်။ ယင်းက ယွင်လန်ပင် ဖြစ်သည်။ သူမ ထိုနေ့ညတွင် မြို့မအိမ်သို့ အပြန်၌ ယာဉ်မတော်တဆမှုဖြစ်ကာ ခြေထောက်ကျိုးသွား၏။ ဆေးရုံသို့ ပို့ထားပြီး ဖြစ်သည်။ ချင်ယွီစွေ့က ဆေးရုံသို့ တန်းသွားလိုက်၏။ ယွင်လန်၏ အမေနှင့် ရွှီလန်ထင်းက သူမကို ဆေးရုံ၌ ဂရုစိုက်ပေးနေသည်။ ယွင်လန်က ဖြူဖျော့သော မျက်နှာဖြင့် ကုတင်ပေါ် လှဲနေ၏။ သူသည် ထိန်းချုပ်မရသော ဒေါသများကို ဖိနှိပ်လျက် ရွှီလန်ထင်းကို မေးလိုက်သည်။
" သူ အဆင်ပြေရဲ့လား၊ "
ရွှီလန်ထင်းက အခန်းထဲမှ ထွက်လာပြီး ချင်ယွီစွေ့က လိုက်လာ၏။
ရွှီလန်ထင်းက ပြောသည်။
" ခွဲစိတ်ထားပြီးပြီ။ ဆရာဝန်ပြောတာတော့ ပြန်ကောင်းလာမယ်တဲ့။ ကြီးကြီးမားမား သက်ရောက်မှု မရှိဘူး။ ရာသီဥတုအေးတဲ့ အချိန်တော့ ခြေထောက် နည်းနည်း နာနိုင်တယ်၊ "
ချင်ယွီစွေ့သည် အချိန်အတန်ကြာ တိတ်ဆိတ်နေလေ၏။ ရွှီလန်ထင်သည် သူ၏ အေးစက်မှုကို သတိပြုမိသောအခါ မမေးဘဲ မနေနိုင်တော့ပေ။
" လန်အာရဲ့ ကိစ္စက ရှောင်ယွီအာ ပျောက်သွားတာနဲ့ ဆိုင်နေတာလား၊ "
" အင်း"
ချင်ယွီစွေ့၏ အဖြေက လူနာခန်း ပြတင်းကို ဖြတ်ကျော်လျက် ယွင်လန်၏ ဖြူဖျော့သော မျက်နှာဆီ ရောက်သွားပြီး ယွင်လန်မိခင်၏ စိုးရိမ်ပူပန်မှု၊ နာကျင်မှုနှင့် သောကဝေနေသော အမူအရာကို တွေ့လိုက်ရ၏။ သူက ပြောလိုက်သည်။
" စိတ်မပူနဲ့။ ဘာမှ ထပ်ဖြစ်မှာ မဟုတ်ဘူး"
သူ ရှေးဦးစွာ ယွင်မိသားစုကို ကာကွယ်ရမည်။ သူတို့က ယွီအာ ဂရုအစိုက်ဆုံး လူများ ဖြစ်၏။ သူတို့ တစ်စုံတစ်ခု ဖြစ်သွားပါက သူမ သူတို့ကို မှတ်မိလာချိန်၌ သေသည်ထက် ဆိုးရွားသော နာကျင်ဝေဒနာကို ခံစားရလိမ့်မည်။
ယွင်ယွီသည် အပြင်ဘက်၌ ဘာတွေ ဖြစ်နေမှန်း မသိရပေ။
ပထမဆုံးလတွင် ချင်နန်ချီက သူမဘေးတွင် နေပြီး အပြင်မထွက်ခဲ့ပေ။ ယခု ရာသီဥတုက ပိုအေးသထက် အေးလာပြီး သူမ ဗိုက်က ကြီးသထက် ကြီးလာကာ အတော်လေး လေးလာသည်။ ထို့အပြင် ကလေးက အနည်းငယ် ဆိုးသွမ်းပုံပေါ်ပြီး သန္ဓေသား လှုပ်ရှားမှုက ပြင်းထန်လာ၏။ ချင်နန်ချီသည် ဆရာဝန်တစ်ယောက်ကို လာခိုင်းပြီး သူမကို စစ်ဆေးပေး၏။ ပြဿနာ မရှိပေ။ သို့သော် ယွင်ယွီသည် နောက်ပိုင်း၌ အတော်လေး ပိုလေးလာကြောင်း ခံစားမိ၏။ သူမက လေးလံလာကာ မနက်ခင်း ပျို့အန်မှုများ သည်လည်း ပိုဆိုးလာ၏။ နေ့စဉ်နေ့တိုင်း ပျို့အန်ချင်နေသည်။ သူမခန္ဓာကိုယ်ကတော့ ပိန်ပါးလာပြီး ဗိုက်သာ ကျန်ခဲ့တော့၏။
သူမ ယခုအချိန်၌ အပြင်မထွက်နိုင်ပေ။ ဤနည်းဖြင့် အပြင်မထွက်နိုင်။ မွေးပြီးမှသာ လှုပ်ရှားနိုင်မည်။ အရာအားလုံး ရှင်းအောင် ပြောရမည်။
တစ်ခါတစ်ရံတွင် သူမသည် ချစ်စဖွယ် ကလေးလေးက သူမကို မေမေဟု ခေါ်နေတာကို အိမ်မက်မက်၏။ အိမ်မက်ထဲတွင် ထိုကလေးက အသားဖြူပြီး ချစ်စဖွယ်ကောင်းကာ သူ့ဘေး၌ အရပ်မြင့်မြင့် အမျိုးသားတစ်ယောက် ရပ်နေ၏။ သို့သော် သူမ မည်မျှ ကြိုးစားပမ်းစား ကြည့်စေကာမူ ထိုအမျိုးသား၏ မျက်နှာကို မမြင်နိုင်ပေ။
ယွင်ယွီက နိုးလာ၏။ မီးဖွင့်လိုက်ကာ နေ့အလင်းရောင် ပမာ လင်းထိန်နေသော မီးအလင်းကို ကြည့်ပြီး အခန်းထဲရှိ ပရိဘောဂများကို ကြည့်လိုက်၏။ သူမ ချွေးစေးပြန်နေပြီ ဖြစ်သည်။
223 07
သူမ ထပြီး သက်ပြင်းချလိုက်သည်။ မှန်ထဲ၌ ဆံပင်များ ဖရိုဖရဲ ဖြစ်နေကာ မျက်လုံးနီငယ် နေနေသော အမျိုးသမီးကို တွေ့လိုက်ရ၏။ ယွင်ယွီ သူမ မျက်လုံးကို ကာလိုက်သည်။ ငိုချင်သော်ငြား အသံမထွက်ခဲ့ပေ။ ငိုခြင်းက အသုံးမဝင်ဆုံး အလုပ် ဖြစ်သည်။
ပြီးနောက် ထိုအချိန်မှ စပြီး အိပ်မက်သည် သူမကို ရံဖန်ရံခါ ခြောက်လှန့်နေသည်။
နှစ်ကုန်ခါနီး၌ သူမကိုယ်ဝန် ၈ လ ခန့် လွယ်ထားရပြီဖြစ်သည်။ သူမ အိမ်တွင်း ၂ လ လုံးနေပြီး အပြင်ထွက် လမ်းလျှောက်ချင်နေပြီ ဖြစ်၏။
ချင်နန်ချီက ယနေ့ အလုပ်များနေပုံပေါ်ပြီး အိမ်တွင် မရှိပေ။
သူမ အပြင်ထွက်ချိန်၌ အပြင်၌ လူများစွာ စောင့်ကြပ်နေ၏။ ရီးချန်သည် သူမ ထွက်လာတာ မြင်သောအခါ အနောက်မှ လိုက်လာပြီး ပြောလိုက်သည်။
"သခင်မလေး... ဒုတိယသခင်လေးက ပြောတယ်။ သခင်မလေး တစ်နေရာရာ သွားချင်တယ် ဆိုရင် လိုက်ပို့ပေးရမယ်တဲ့။ ဘယ်သွားမလဲ။ ပို့ပေးမယ်၊ "
ယွင်ယွီက မငြင်းဆန်ခဲ့ပေ။ သူမနောက် လူလိုက်နေတာကို ဂရုမစိုက်။ လူတိုင်းကို အေမှာက်သိပ်ပြီး ထွက်သွားလျှင်နောက် ချင်နန်ချီက သူမကို ရှာနိုင်ဦးမှာပဲ ဖြစ်သည်။
ရီးချန်သည် ယွင်ယွီကို တောင်ပေါ်မှ ခေါ်လာပေးပြီး မြို့သို့ သွားလိုက်၏။ သူသည် ကားမှန်ကနေ ယွင်ယွီကို တစ်ချက်ကြည့်လိုက်၏။ ဤမိန်းကလေး ယွင်ယွီသည် အမှန်တကယ် လှပပေ၏။ သူမ ဗိုက်ပူနေသည့်တိုင် သူမ၏ အလှတရားက ငြင်းဆန်နိုင်ဖွယ် မရှိပေ။ ဒုတိယသခင်လေးက သူမကို ပထမသခင်လေးဆီမှ လုသွားချင်တာ အံ့ဩစရာ မရှိပေ။ သို့သော် သူတို့အားလုံးက ဒုတိယသခင်လေးကို သစ္စာရှိသူဖြစ်၏။ ထို့ကြောင့် ထိုကဲ့သို့ အရာမျိုးကို သူရှေ့၌ ပြောချင်က မသင့်တော်။
ရီးချန်က မေးလိုက်သည်။
" မမလေး... ဘယ်မှာ လမ်းဆင်းလျှောက်ချင်လဲ၊ "
ယွင်ယွီသည် ဝေ့မင်းဆက်၏ မြို့တော်က မြို့တော်နေရာ ဖြစ်မှန်း သိသေး၏။ ထို့ကြောင့် မြို့ထဲ၌ နန်းတော်ရှိနိုင်လောက်သည်။ သူမ ဖုန်းဖွင့်လျက် မြေပုံကို စစ်ဆေးကာ ပြောလိုက်၏။
" ခရိုင်ပြတိုက်နားက နေရာကို သွားမယ်"
သူမ ရှာဖွေမှုမှာ မှန်လျှင် တော်ဝင်နန်းတော်သည် ပြတိုက်နား၌ ရှိလိမ့်မည်။ ယင်က ယခင် ထျန်းလူနန်းတော် ရှိခဲ့ရာ နေရာ ဖြစ်မည်။ ရှိပါဦးမလား သိချင်မိ၏။
ရီးချန်သည် ယွင်ယွီကို ခရိုင်ပြတိုက်နား ခေါ်လာ၏။ ယွင်ယွီက ပြတိုက်နား တစ်ဝိုက် လမ်းလျှောက်ပြီးနောက် ထျန်းလူနန်းတော်ကို သွားလိုက်သည်။
ရီးချန်သည် အချိန်အတန်ကြာ လိုက်လာ၏။ လမ်း၌ သူသည် ချင်နန်ချီကိုပင် ဆက်သွယ်ထားသေးသည်။ ဒုတိယသခင်လေးက သူမပျော်ရွှင်နေသ၍ သူလိုက်ပေးရမည်ဟုပြောခဲ့သည်။
ထိုကြောင့် ယွင်ယွီသည် ထျန်းလူနန်းတော်ရှိခဲ့ရာ နေရာသို့ ရောက်သွားချိန်၌ ရီးချန်က သူမနှင့် အဖော်လိုက်လာသည်။
အထဲသို့ ဝင်လိုက်ချိန်၌ ယွင်ယွီသည် နန်းဆောင်များက အတော်လေး ယိုယွင်းနေပြီဖြစ်ကာ အများစုက ပြန်လည်ပြုပြင်ထားပြီး အသွင်အပြင် ပြောင်းလဲနေသည့်တိုင် ပြောင်းလဲနေသဖြင့် ဤနန်းတော်သည် ကုန်လွန်ခဲ့သည့် နှစ်များစွာအတွင်း ပြောင်းလဲမှုများစွာ ကြုံတွေ့ခဲ့ရသည့်တိုင် ယွင်ယွီသည် တာဝေ့မင်းဆက်၏ နန်းတော်ဖြစ်ကြောင်း မှတ်မိနိုင်သေး၏။
သူမ ဤနေရာသို့ လျှောက်သွားစဉ် ရှေးဂျင်ကိုပင်ကို တွေ့လိုက်ရပြီး ယွင်ယွီ၏ စိတ်နှလုံးက တုန်လှုပ်သွားလေ၏။
သူမ နန်းတော်ရှေ့ရှိ ဂျင်ကိုပင်ကို သူမမှတ်မိနေသေးသည်.. ထိုစဉ်က များစွာသေးသေး၏။ ယခုလက်ရှိ ဂျင်ကိုပင်သည် သူမ၏ နန်းဆောင်ရှေ့ရှိ ဂျင်ကိုပင်နှင့် တူကြောင်း သိမှတ်မိသွား၏။ ဂျင်ကိုပင်ကလည်း သူမကို မှတ်မိကာ ၎င်း၏ပင်စည်သည် အနည်းငယ် လှုပ်သွားသည်။ ယွင်ယွီက ညင်သာစွာ ရယ်လျက် သူ့ဘေးသို့ လျှောက်သွားကာ ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်ချပြီး ပင်စည်ကို ပွတ်သပ်ပေးကာ ၎င်း၏ အမြစ်သို့ ဝိဉာဉ်စမ်းရေ လောင်းပေးလိုက်သည်။
ဝိဉာဉ်စမ်းရေ အလောင်းခံလိုက်ရသော ဂျင်ကိုပင်က အလွန်ပျော်ရွှင်သွားပြီး ၎င်း၏ ကိုင်းခက်များက လှုပ်နေလေ၏။
ယွင်ယွီသည် သူမမျက်စိရှေ့ရှိ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားတာကို ခံစားမိသည်။ သူမသည် ခမ်းနားထည်ဝါသော နန်းဆောင်ရှေ့ရှိ ဂျင်ကိုပင် ပုခက်ရှေ့၌ သံချပ်ကာဝတ်စုံ ဝတ်ထားပြီး မတ်တပ်ရပ်နေသည့် ချောမောခန့်ညားသော လူရွယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ နှင်းပွင့်များက သူ၏ ခန္ဓာကိုယ်နှင့် ပုခုံးပေါ် ကျနေသော်ငြား သူ၏သွင်ပြင်က စိုးစဉ်းမျှ ယိမ်းယိုင်သွားခြင်း မရှိပေ။ အချိန်အတော် ကြာပြီးနောက် သူသည် နှင်းထဲ၌ အဝေးသို့ ထွက်ခွာသွားသည်။ ပြီးနောက် ရံရွှေတော်များ၏ တီးတိုးပြောသံက ပေါ်လာတော့သည်။
223 08
“ စစ်သူကြီးကုခေါ့က မင်းသမီးကို အရိုအသေပေးဖို့ ရောက်လာပြန်ပြီ။ နှစ်တွေ ဒီလောက် ကုန်လွန်ခဲ့ပြီးပြီ စစ်သူကြီးကုခေါ့က သက်သက်လုံး အိမ်ထောင် မပြုတော့ဘူး။ သူ့တစ်ဘဝလုံး မင်းသမီးလေးကိုပဲ တကယ်ချစ်ခဲ့တာ”
“ကံဆိုးတာက မင်းသမီးလေးက သူ့ရဲ့တိုင်းပြည်ကို ကာကွယ်ပေးနေတဲ့ စစ်သူကြီးတစ်ယောက်ရှိပြီး နှစ်ပေါင်း ၂၀ ကြာ ကာကွယ်ပေးခဲ့တယ်ဆိုတာ ဘယ်တော့မှ သိမှာမဟုတ်ဘူး”
“ဟုတ်တယ်။ စစ်သူကြီးကုက သူရဲကောင်းတစ်ယောက်၊ သစ္စာရှိပြီး မှန်ကန်ဖြောင့်မတ်တဲ့ အမျိုးသားတစ်ယောက်.. လူတွေက နောင်ဘဝရှိခဲ့မယ်ဆိုရင် သူနဲ့ မင်းသမီးလေး ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်ရဖို့ မျှော်လင့်မိတယ်”
“ ငါလည်း မျှော်လင့်တယ်။ စစ်သူကြီးနဲ့ မင်းသမီးလေး ပျော်ရွှင်ပြီး သူတို့ နောင်ဘဝမှာ ဆုံစည်းရပါစေ”
ပြီးနောက် မြင်ကွင်းများ ပြောင်းလဲသွားသည်။ ယွင်ယွီသည် သူမနှင့် တစ်ထပ်တည်းတူသော မိန်းကလေးက ခေတ်မီအဝတ်အစားများ ဝတ်ဆင်ထားလျက် မြင့်မားလှသော ရှေးဂျင်ကိုပင်ဆီ ပြုံးလျက် လျှောက်လာတာ တွေ့လိုက်ရသည်။ သူမဘေးတွင် ရှိနေသည့် ချောမောခန့်ညားသော အမျိုးသားက ကုခေါ့ပင် ဖြစ်၏။ နန်းတော်ထဲတွင် သံချပ်ကာဝတ်စုံလျက် ဝမ်းနည်းကြေကွဲရိပ်များ ထင်ဟပ်နေသော လူရွယ်ဖြစ်ခဲ့သည်။
သူက ခေတ်မီဝတ်စားလျက် သေသပ်သော ဆံပင်ပုံစံရှိပြီး ဝတ်စုံနက် ဝတ်ထားကာ မိန်းကလေးနောက်မှ ရပ်နေပြီး ကြင်နာစွာ ကြည့်နေသည်။
သူမသည် ဂျင်ကိုပင်ကို မြင်သောအခါ မိန်းကလေး၏ စိတ်အားထက်သန်သော အမူအရာကို မြင်လိုက်ချိန်၌ အစောတုန်းက ဂျင်ကိုပင်ကို တွေ့ရချိန်၌ တူညီသော တုန်လှုပ်မှုနှင့် တစ်ထပ်တည်းတူညီကြောင်း ခံစားမိသွားသည်။
မိန်းကလေးက ဆောင့်ကြောင့်ထိုင်ချလျက် ဂျင်ကိုပင်ကို ပွတ်သပ်ပေးကာ တစ်စုံတစ်ခု ရေရွတ်ပြောပြီး သူမ၏ လက်ဖဝါးက အမြစ်ကို ထိလိုက်ချိန်၌ မြေဆီများ အနည်းငယ် စိုစွတ်သွားပုံ ပေါ်၏။
ယွင်ယွီသည် ရုတ်တရက် နိုးထလာလျက် နောက်ပြန်လန်ကျသွားသည်။ ကံကောင်းသည်မှာ သူမ ဆောင့်ကြောင့်ထိုင်နေသဖြင့် ပြုတ်ကျသွားချိန်၌ မနာကျင်ခဲ့ပေ။
ရီးချန်က သူမကို ကူရန် အမြန်ရှေ့သို့ တက်လာ၏။ မမလေး အဆင်ပြေရဲ့လား။ “ ဘာမှမဖြစ်ပါဘူး။ ယွင်ယွီက ခေါင်းခါလျက် သူမမျက်နှာက ဖြူဖျော့နေသည်။
သူမက ဂျင်ကိုပင်အောက်တွင် ရပ်နေကာ ၎င်း၏ ပင်စည်နှင့် သစ်ရွက်များကို ကြည့်နေ၏။ သူမ မျှဝေခံစားနိုင်တာလား။ ဂျင်ကိုပင်နဲ့ မျှဝေခံစားပြီး အရင်တုန်းက ဖြစ်ခဲ့တဲ့ မြင်ကွင်းကို ကြည့်တော့ ကြည့်ချိန်၌ ထိုမြင်ကွင်းသည် စိတ်ထဲ နက်ရှိုင်းစွာ စွဲထင်နေ၏။
ဂျင်ကိုပင်က သူမအား မျှဝေခံစားခွင့်ပေးကာ သူမကို မြင်ကွင်းနှစ်ခု တွေ့မြင်ခွင့် ပေးခဲ့သည်။
တစ်ခုက သူမ သေလွန်ပြီးနောက် ကုခေါ့ဟု အမည်ရသော အမျိုးသားသည် သူမနန်းတော်ဆီလာကာ အရိုးအသေ လာပေးသည့် တာဝေ့မင်းဆက် ခေတ်ကာလဖြစ်သည်။ နောက်တစ်ခုက လက်ရှိခေတ်ကာလဖြစ်ကာ မူလကိုယ်ဖြစ်လောက်ပြီး ကုခေါ့နှင့် တစ်ထပ်တည်းတူသည့် အမျိုးသားက နောက်မှလိုက်လာသော မြင်ကွင်းဖြစ်သည်။ သို့သော် သူသည် ၁၀ နှစ်စာ ပိုငယ်ရွယ်နေပုံ ပေါ်၏။
ယင်းသည် မူလခန္ဓာနှင့် ဂျင်ကိုပင်သို့ ရောက်လာခဲ့ဖူးသည်။ သူမခင်ပွန်း ချင်ယွီစွေ့သာ ဖြစ်လိမ့်မည်။
ဒါဆို ချင်ယွီစွေက တာဝေ့မင်းဆက်က စစ်သူကြီးကုခေါ့လား။ သူမသည် ဤစစ်သူကြီးကုခေါ့အပေါ် မည်သည့်အမြင်မှ မရှိခဲ့ပေ။ သူမ မင်းသမီးဖြစ်စဉ်က တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ ဒါဆို သူဖြင့် လူဝင်စားပြီးတဲ့နောက် မူလခန္ဓာကို လက်ထပ်ခဲ့တာလား။
ထိုသို့သော သူမ မျှဝေခံစားမှု၌ တွေ့ကြုံခဲ့ရသည့် မြင်ကွင်းများအရ မူလခန္ဓာသည် မူလပိုင်ရှင်သည် ဂျင်ကိုပင်ကို မှတ်မိပုံပေါ်၏။ မူလပိုင်ရှင်သည် ဤခေတ်ကာလမှာ လူသားဆိုလျှင် ဂျင်ကိုပင်ကို မြင်တွေ့ချိန်၌ ဤသို့သော အမူအရာ အဘယ်ကြောင့် ရှိမည်နည်း။ မဟုတ်လျှင် ချင်နန်ချီက သူမကို လိမ်ထားတာဖြစ်မည်။ သူမသည် မူလခန္ဓာကို ပူးကပ်ထားတာ မဟုတ်၊ သူမကသာ မူလခန္ဓာဖြစ်ပြီး မူလခန္ဓာနှင့် မင်းသမီးဖုယွီနှစ်ယောက်လုံးနှင့် ထိုမိသားစုဝင်များနှင့် ချစ်သူကလည်း သူမမိသားစုနှင့် သူမချစ်ရသူ ဖြစ်လိမ့်မည်။
သူ့ရဲ့ လုပ်ရပ်က သူမရဲ့ မှတ်ဉာဏ်တွေကို ယူသွားတာလား။
223 09
ယွင်ယွီ၏ မျက်နှာက တဖြည်းဖြည်းချင်း မှောင်မိုက်သွား၏။ သူမ တတ်နိုင်သမျှ မြန်မြန် မှတ်ဉာဏ်များ ပြန်ယူရမည်။ သူမ နည်းလမ်းတစ်ခု စဉ်းစားဖို့ လိုအပ်၏။
“မမလေး မှောင်နေပါပြီ ပြန်ကြမလား” ရီးချန်၏ အသံက နားထဲ ရောက်လာတော့သည်။
ယွင်ယွီက မျက်လုံးဖွင့်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။ “ကောင်းပြီလေ”
သူမ ချင်နန်ချီ၏ အိမ်သို့ ပြန်ချိန်၌ ချင်နန်ချီက အိမ်ရောက်ပြီး ဖြစ်သည်။ သူသည် ညအိပ်ဝတ်စုံကို လဲထားကာ စာရွက်စာတမ်း တချို့ ကြည့်နေ၏။ သူမပြန်လာတာကို မြင်သောအခါ သူက သူမဆီ ထလာ၏။
“ဒီနေ့အဆင်ပြေလား ပင်ပန်းနေပြီလား”
ပြီးနောက် ယွင်ယွီ၏ ဖြူဖျော့သော မျက်နှာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်၏။
“နေလို့ ကောင်းပုံ မပေါ်ဘူး ဘာဖြစ်လို့လဲ”
ယွင်ယွီက ခေါင်းငြိမ့်လိုက်၏။
“ကလေးက နည်းနည်းလှုပ်နေလို့ ကျွန်မ နေမကောင်းတာ”
ချင်နန်ချီ၏ အမူအရာက ပြောင်းလဲသွားတော့သည်။
“ဒါဆို ညစာစားပြီး အနားယူလိုက်.. ဒီည ကြက်စွပ်ပြုတ် ချက်ထားတယ်၊ အဆီဖယ်ထားတယ်။ စားကြည့်လိုက်ဦး”
ယွင်ယွီသည် ညစာစားနေချိန်၌ နေမကောင်းပေ။ ပျို့အန်ချင်နေသေးသည်။ ကလေး၏ လှုပ်ရှားမှုက အတော်လေး ပြင်း၏။ သူမ အနည်းငယ်သာ စားပြီး အိပ်ရာစောစော ဝင်လိုက်သည်။
နှစ်သစ်ကူးနေ့ ရောက်လာချိန်၌ အလွန်တိတ်ဆိတ် ငြိမ်သက်နေပြီး သူမနှင့် ချင်နန်ချီသာ ရှိနေသည်။ သူမက သူ့ကို မေးလိုက်၏။
“ရှင်မိသားစုဆီ ပြန်မသွားဘူးလား”
ချင်နန်ချီက သူမကို ကြည့်ပြီး ပြောလိုက်သည်။
“သူတို့က ကိုယ့်မိသားစု မဟုတ်ဘူး။ မင်းက ကိုယ့်မှာ ကျန်တဲ့ တစ်ဦးတည်းသော မိသားစုဝင်ပဲ”
ယွင်ယွီက ပြောလိုက်၏။
“အစ်ကိုချင်း.. ညီမတို့ လွတ်ချလိုက်ရင်ရော.. ညီမကို သွားခွင့်ပေးပါ။ အတိတ်ကို မစဉ်းစားချင်တော့ဘူး တစ်ယောက်နဲ့တစ်ယောက် ထပ်မတွေ့ကြရအောင်”
“မေ့လိုက်ဖို့လား”
ချင်နန်ချီက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“မင်းကို နှစ်ပေါင်း ၂၀၀၀ လောက် ရှာခဲ့တာ ဘယ်လိုလုပ် မေ့ပစ်ဖို့ မျှော်လင့်နိုင်ရတာလဲ”
ပြီးနောက် သူ၏လေသံက ရုတ်တရက် နူးညံ့သွား၏။
“ယွီအာ.. အစ်ကို့ကို မကြောက်လိုက်ပါနဲ့။ အစ်ကိုက မင်းရဲ့ အစ်ကိုရှန်ပါ။ ဒီအတိုင်း ဆက်နေလို့ မရဘူးလား။ အစ်ကိုနဲ့ အငြင်းမပွားနဲ့လေ.. ဘာမဆို လုပ်ပေးမယ်”
ယွင်ယွီသည် စကားပြောရမှာ ငြီးငွေ့နေပြီ ဖြစ်သည်။ သူမ မတ်တပ်ထရပ်လျက် ပြောလိုက်၏။
“ကျွန်မ နည်းနည်းပင်ပန်းနေလို့ အခု သွားအိပ်တော့မယ်”
ထိုညနောက် ယွင်ယွီ အိပ်စက်နေချိန် အိပ်မက်မက်ခဲ့၏။ သူမသည် ချစ်စဖွယ်ကောင်းသည့် ကောင်ငယ်လေးက သူ့ကို မားမားဟု ခေါ်ပြီး ကလေး၏ လက်ကို ကိုင်ထားသည့် လူက မျက်နှာ တဖြည်းဖြည်းချင်း ပေါ်လာတာ တွေ့လိုက်ရသည်။ ထိုလူသည် သူမ မျှဝေခံစားမှု၌ တွေ့ခဲ့သော လူဖြစ်သည်။ ယွင်ယွီ လန့်နိုးလာတော့သည်။
ပြီးနောက် သူမသည် အိပ်မပျော် ဖြစ်ခဲ့ကာ နေမကောင်းတော့ပေ။ သူမ အိပ်လိုက်တိုင်း အိပ်မက်မက်လိမ့်မည်။ သူမ အိပ်မက်မက်သည့် လူအရေအတွက်က တဖြည်းဖြည်းချင်း တိုးလာ၏။ ကလေးနှင့် အမျိုးသားအပြင် သူမသည် သူမကို 'ယွီအာ' ဟု ခေါ်သည့် အလွန်ကြင်နာသော အဘွားအိုတစ်ယောက်ကိုလည်း ဆုံခဲ့ရသည်။
223 10
“ယွီအာ.. ဘာလို့ အိမ်ပြန်မလာသေးတာလဲ။ သမီး အိမ်ပြန်လာတဲ့နေ့ကို အဘွား စောင့်နိုင်ပါ့မလား မသိဘူး”
သူမသည် ကြင်နာတတ်သည့် ဆံပင်များဖြူနေသော လူရွယ်အမျိုးသမီးတစ်ယောက်ကို အိပ်မက်မက်ခဲ့၏။ သူမက ညင်သာစွာ ပြောလာသည်။ “ယွီအာ.. အိမ်မြန်မြန်ပြန်လာ.. အမေ လွမ်းနေပြီ”
သူမနှင့် အနည်းငယ် ဆင်တူပြီး ကြင်နာက စွမ်းဆောင်မှုရှိသည့် နောက်ထပ် အမျိုးသမီးတစ်ယောက်ကလည်း ပြော၏။ “ယွီအာ.. အစ်မလည်း လွမ်းနေပြီ”
ယွင်ယွီနှင့် မျက်နှာ အနည်းငယ် ဆင်တူသည့် အရပ်မြင့်မြင့် အသားဖြူဖြူ ချောမောခန့်ညားသော လူရွယ်လေးတစ်ယောက်ကိုလည်း အိပ်မက်မက်လာ၏။ သူက ပြောသည်။ “အစ်မ.. အိမ်မြန်မြန်ပြန်လာသင့်ပြီ”
ယွင်ယွီက မျက်ရည်များဖြင့် နိုးလာပြီး သူမ နှလုံးခုန်နှုန်းက မြန်နေတော့သည်။
သူမ ညအိပ်ရာမဝင် တုန်ဆုတ်နေပြီး အနည်းငယ်သာ အိပ်ပျော်ကာ သူမ နေ့ရောညပါ ကျင့်ကြံနေတော့သည်။
နှစ်သစ်ကူးပြီးနောက် နွေဦးနေ့များစွာ ရောက်ရှိလာသည်။ ယွင်ယွီ ကိုယ်အလေးချိန်များစွာ ကျသွား၏။ ချင်နန်ချီ၏ အကျင့်စရိုက်က မှန်းဆမရ ဖြစ်လာ၏။ သူသည် လက်အောက်ငယ်သားများအပေါ် အေးစက်သောငြား ယွင်ယွီကိုမူ နူးညံ့နေသေးသည်။
မတ်လ အစောပိုင်း ညနေခင်း၌ ယွင်ယွီက သွားဖွားခန်းသို့ ဝင်ရသည်။ နောက်တစ်ပိုင်း သူမဗိုက်က နာကျင်လာပြီး ရေမြွှာပေါက်လာ၏။ ချင်နန်ချီသည် သူမမျက်နှာ ဖြူဖျော့နေတာကို သတိပြုမိပြီး အတော်လေး ကြောက်လန့်သွား၏။ သူက ချက်ချင်း ရီးချန်ကို ဖုန်းခေါ်ခိုင်းလိုက်ရာ ကလေးမွေးဖွားရန် ဆေးဘက်ဆိုင်ရာအသင်းက ရောက်လာ၏။
သူတို့အားလုံးသည် မြို့တော်ရှိ အတော်ဆုံး သားဖွားမီးယပ် ဆရာဝန်များ ဖြစ်သည်။ စံအိမ်၌ ကလေးမွေးဖွားရန် လိုအပ်သည့် ပစ္စည်းကိရိယာ အစုံအလင်ရှိသည်။
ယွင်ယွီက အင်မတန် နာကျင်နေသော်ငြား သူမ အတော်လေး ကျန်းမာနေသေးပြီး ကလေးက သိပ်မကြီးပေ။ ထို့ကြောင့် သူမသည် ည ၁၁ နာရီအချိန်၌ ၆ ပေါင်ခန့်ရှိ သမီးလေးတစ်ယောက်ကို မွေးခဲ့သည်။
*******
224 01
အပိုင်း 224
အခြားသောကလေးများနှင့်မတူဘဲ မွေးကင်းစကလေးက အသားအရေ တွန့်နေတာမရှိဘဲ အသားအရေသည် ပန်းနုရောင်သန်းနေသည်။ ဆံပင်က နက်မှောင်ကာ နူးညံ့နေပြီး လက်လေးများနှင့် ခြေထောက်လေးများက အင်မတန် ချစ်စဖွယ်ကောင်းသည်။ ယွင်ယွီ ကလေးကို အခန်းထဲ ပြန်ခေါ်လာပြီး ကုတင်ပေါ်တင်ထားလိုက်၏။ ကလေးက သူမဘေးတွင် လဲနေချိန် သူမက ကလေးကိုကြည့်ကာ စိတ်နှလုံးတွင် အရည်ပျော်လာတော့သည်။
ဒါက သူမရဲ့ကလေးပဲ။ အခုကစပြီး သူမ ချစ်မြတ်နိုးပြီး သူမ နှလုံးသား သူမ တတ်စွမ်းသမျှ ကာကွယ်ပေးပြီး အကောင်းဆုံးပေးမယ်။ အကောင်းဆုံးအရာတွေ ပေးမယ်။
ချင်နန်ချီက တံခါးတွင်ရပ်ကာ ယွင်ယွီ၏ နူးညံ့သောမျက်နှာကိုကြည့်ပြီး မချိပြုံးပြုံးလိုက်၏။
ယွင်ယွီသည် သူမ၏ ကလေးကို အလွန်သာမန်ဆန်သော နာမည် ယွင်အန်းအန်း ဟု ပေးလိုက်သည်။ သူမကလေးအတွက် ဘေးကင်းလုံခြုံမှုသာ လိုချင်၏။ ဖုန်းရွှေပညာရှင်အများစုသည် ပြစ်ချက်၃ခုနှင့် ချို့ယွင်းချက်၅ပါးရှိ၏။ သူမကလေး ခံစားရမှာ စိုးရိမ်မိသည်။
နောက်ပိုင်း၌ ယွင်ယွီသည် အရာအားလုံးကို လျစ်လျူရှုထားလျက် မီးနေသည်ကာလကိုသာ အာရုံစိုက်သည်။
သူမ အန်းအန်းကို နို့တိုက်သော်ငြား အန်းအန်းက သူမ၏ အမည်အတိုင်း တိတ်ဆိတ်မနေပေ။ သူမက အတော်လေး ဂျီကြတတ်ကာ ဗိုက်ဆာလျှင်ဖြစ်စေ၊ စိုနေလျှင်ဖြစ်စေ ငိုတတ်ပေ၏။ သို့သော် သူမ၏ လိုအပ်ချက် ပြည့်မီသွားသည်နှင့် တပြိုင်နက် အိပ်ပျော်သွားတတ်သည်။ သူမ အလိုရှိရာ ရနေသ၍ အလွန်လိမ္မာသည့် ကလေးဖြစ်သည်။ သူမ ဗိုက်ဝပြီး နိုးလာချိန်၌ ယွင်ယွီကို မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ ပြုံးပြတတ်သည်။
အန်းအန်း မွေးဖွားချိန်၌ သူမ မည်သူနှင့်တူမှန်း ပြောရန် ခက်ခဲသည်။ သို့သော် တစ်လသားအရွယ် ရောက်ချိန်၌ သူမ၏ မျက်နှာသွင်ပြင်က ယွင်ယွီနှင့် အလွန်ဆင်တူတာကို မြင်နိုင်သည်။ အလွန်လှပသည့် မျက်ရစ်နှစ်ထပ်ရှိ၏။ မျက်လုံးဖွင့်လိုက်ချိန်၌ သူငယ်အိမ်တို့သည် စပျစ်နက်များပမာပင် အလွန်လှပသည်။
ယွင်ယွီက သူမဘေး၌ အန်းအန်း ရှိနေသော်ငြား စိတ်မအေးနိုင်ပေ။ ညအချိန်၌ အိပ်မက်ဆိုးများကြောင့် မကြာခဏ နိုးလာတတ်သည်။
သူမ အိပ်မက်ထဲတွင် မျက်ရည်ဝဲနေသည့် ချောမောခန့်ညားသော ကောင်ကလေးသည် သူမကို မားမား ဟူ၍ ခေါ်လာပြီး သူ့ကို ပြန်လာမရှာရသည့် အကြောင်းရင်း မေးနေ၏။
ယွင်ယွီ နိုးလာချိန်၌ ရင်နာနေတော့သည်။
ရက်အလီလီ ကုန်ဆုံးသွားသည်။
ရှောင်အန်းအန်းက ယခုဆို သုံးလသား ရှိနေပြီဖြစ်သည်။ ဤကလေးက အလွန်လှပပြီး မျက်လုံးမျက်ဆန် ဝိုင်းလေ၏။ သူမက သိပ်ပြီး ဂျီမကျတော့ပေ။ သို့သော် အနည်းငယ် ဆိုးသွမ်းနေသေး၏။ တိတိကျကျဆိုရလျှင် နိုးလာချိန်၌ ယွင်ယွီ နားသာကပ်သည်။ ယွင်ယွီကို မတွေ့ရလျှင် ယွင်ယွီ သူ့ကို လာကောက်ချီသည့်အထိ ငိုယိုပြီး ညီးတွားနေတတ်သည်။ ချီလိုက်ချိန်၌ ရယ်မောလေ၏။
အန်းအန်းသည် ရက်တစ်ရာပြည့်ပွဲ မလုပ်ဖူးပေ။ ယခု သုံးလရှိပြီဖြစ်ချိန်၌ ယွင်ယွီက ဘာမှလုပ်ဖို့ အစီအစဉ်မရှိပေ။ သူမ၏ ဆွေမျိုးသားချင်းများလည်း ဤနေရာ၌ မရှိ။ ထို့ကြောင့် ဘာများ အကျိုးထူးနည်နည်း။
သူမ အခြေကျသွားပုံပေါ်ပြီး အန်းအန်းနှင့် နေ့ရက်တိုင်း ကုန်ဆုံးနေကာ သိမ်မွေ့စွာ ပြုံးနေတော့သည်။
ချင်နန်ချီက ယင်းသည်လည်း အဆင်ပြေသည်ဟု တွေးမိသည်။ သူမ သူ့ဘေး၌ နေနေသ၍ အခြားသော ဆန္ဒမရှိပေ။
ယွင်ယွီ ညတိုင်း အိပ်မက်မက်နေပြီး အိပ်မက်များကြောင့် အမြဲတစေ နိုးထလာတာကို သူ မသိခဲ့ပေ။ သူမ နိုးလာချိန်၌ ဖြူဖျော့သောမျက်နှာဖြင့် ကုတင်စွန်းတွင် ထိုင်နေကာ အန်းအန်းကို ကြည့်ပြီး စတင်ကျင့်ကြံတတ်သည်။
နှစ်ရက်အကြာ၌ အဖိုးဟယ်သည် သူမကို ဆက်သွယ်လာသည်။ ကူကောင်းများကို ဖယ်ရှားရန် ဟယ်မိသားစုကို သူမ ကူညီပေးခဲ့ပြီးချိန်မှစပြီး ပြင်ပလောကနှင့် အဆက်အသွယ်မရှိခဲ့ပေ။
ထိုနေ့က သူမသည် လေဆိပ်၌ ချင်နန်ချီ ခေါ်သွားတာ ခံရပြီး လုံချီရှောင်၏ ဖုန်းနံပါတ်ကို မေးရန် မေ့ခဲ့၏။ ထို့ကြောင့် သူမ သူ့ကို မဆက်သွယ်နိုင်ခဲ့ချေ။ သခင်ကြီးဟယ်၏ ဖုန်းနံပါတ်ကို သိ၏။ သို့သော် ဤအိမ်နယ်အတွင်း သူမကို မည်သူဆက်သွယ်မှန်း ချင်နန်ချီ သိလောက်မည်မှန်း သိနေ၏။
224 02
ဖုန်းဖြေနေစဉ် သခင်ကြီးဟယ်က သူမ အခြေအနေအကြောင်း မေးသောအခါ သူမ ပြန်ပြောလိုက်၏။ "ကျွန်မ အဆင်ပြေပါတယ်။ တစ်ခုခုဖြစ်လို့လား အဖိုး"
အဖိုးသခင်ကြီးဟယ်က ပြောလိုက်၏။ "ကိစ္စတစ်ခုရှိတယ်။ ယွီအာ။ အခက်အခဲတချို့ ကြုံနေရတဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိတယ်။ သူက ပညာရှင်တစ်ယောက်ကို လာကြည့်ခိုင်းချင်တာ။ ဒါကြောင့် သမီးကို တွေးမိသွားတာပဲ။ သမီး အချိန်ရရဲ့လား"
ယွင်ယွီက ပြောလိုက်၏။ "ရပါတယ်။ ဒါဆို မနက်ဖြန် တစ်ချက် လာကြည့်လိုက်မယ်"
နောက်တစ်နေ့တွင် ချင်နန်ချီသည် ကုမ္ပဏီလုပ်ငန်းစုသို့ သွားလိုက်၏။
ယွင်ယွီက အဝတ်အစားလဲပြီး အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။ အပြင်မထွက်ခင် သူမသည် ကလေးထိန်းအား အန်းအန်းကို ကောင်းကောင်းဂရုစိုက်ရန် မှာခဲ့သည်။ သူမ ထွက်လာချိန်၌ ရီးချန်က နောက်မှလိုက်လာ၏။ ယွင်ယွီက ဘာမှမပြောပေ။ သူ ချင်မိသားစုထံ ပို့ပေးခိုင်းလိုက်၏။
သခင်ကြီးဟယ်က ရီးချန်ကို သိသည်။ သူသည် ယွင်ယွီ၏ အခြေအနေ အနည်းအကျဉ်းလည်း သိပြီး ဟယ်ချင်းရွာသို့ မပြန်ခဲ့ဘဲ လေဆိပ်၌ ချင်နန်ချီ ခေါ်သွားတာ ခံရကြောင်းလည်း သိသည်။ ရီးချန် လိုက်လာတာကို မြင်ပြီး အဖိုးအိုဟယ်သည် သူ့ကို ဖော်ရွေမှု မရှိခဲ့ပေ။ သူက ယွင်ယွီဘက် လှည့်ပြောလိုက်၏။
"ယွီအာ။ ဒီအဖိုးကြီးပဲ။ သူ့ကို အဖိုးရှ လို့ ခေါ်လို့ရတယ်။ သူ့မိသားစုက လတ်တလောမှာ အခက်အခဲတချို့ တွေ့နေလို့။ သူ့ရဲ့မြေးအကြီးဆုံးက တကယ် ကံဆိုးနေတယ်။ လမ်းလျှောက်ရင်တောင်မှ မကြာခဏ ချော်လဲကျပြီး စားသောက်ရင်လည်း သွားကျိုးတတ်တာ။ အဓိကအသီးအမွှားလေးတွေပဲ။ လမ်းပေါ်မှာ လမ်းလျှောက်နေတုန်း ပန်းအိုးနဲ့ ပန်းအိုးပြုတ်ကျလာလို့ ခေါင်းထိမိသေးတယ်။ တစ်နေ့တုန်းက သူ ရေမတော်တဆမှုကြောင့် ခြေထောက်ကျိုးပြီး ဆေးရုံရောက်နေပြီ။ သူနာပြုက သူ့ကို ဆေးမှားထိုးပေးလိုက်တယ်။ တိုတိုပြောရရင် သူ တကယ်ကံဆိုးနေတာ။ အဖိုးကြီးရှက သူ့အတွက် တစ်ချက်ကြည့်ပေးဖို့ လူရှာနေတာ"
ယွင်ယွီသည် အဖိုးအိုရှကို တစ်ချက်ကြည့်လိုက်၏။ သူ၏ မျက်နှာသွင်ပြင်က ကောင်းမွန်ပြီး ကြွယ်ဝသည့်ဘဝကို ပိုင်ဆိုင်ထားကာ အသက်ရှည်မည့်ဖြစ်ကြောင်း ညွှန်ပြနေ၏။ သို့သော် သူ့ကလေးများက အမူအကျင့်မကောင်းပေ။ သူ၏ မြေးများ လက်ထက်၌ တဖြည်းဖြည်းချင်း ယုတ်လျော့လာ၏။
ယွင်ယွီက ပြောလိုက်၏။ "အဖိုးရှမှာ ဘာမှမှားနေတာတော့ မတွေ့ဘူး။ အဖိုးရဲ့မြေး ဆေးရုံတက်နေတဲ့ နေရာကို တစ်ချက်သွားကြည့်လိုက်မယ်လေ"
"ကျေးဇူးပါပဲ ဆရာမလေး" အဖိုးရှသည် ယွင်ယွီကို အဖိုးအိုဟယ်နှင့် သက်တူရွယ်တူ ဖြစ်၏။ ဤအသက်အရွယ်ရှိ လူတို့သည် အခြားသူတို့အား အသက်အရွယ်ကြောင့် အကဲဖြတ်လေ့ မရှိပေ။ ထို့အပြင် ဟယ်မိသားစု၏ မျိုးဆက် ၃ဆက် လုံး အဆိပ်မိပြီး သေလုနီးပါး ဖြစ်တာကို သိခဲ့၏။ ယင်းကို သူတို့ မျက်မြင်တွေ့ခဲ့သည်။ ယခု သူတို့အားလုံး အဆင်ပြေနေတာ တွေ့လိုက်ရ။ သူတို့ကို ကူညီပေးခဲ့သည့်သူက ပညာရှင်ဖြစ်ကြောင်း ပြသနေ၏။ သူတို့အဖွဲ့သည် ဆေးရုံသို့ အမြန်ရောက်သွားပြီး ရီးချန်က တောက်လျှောက်ပါလာ၏။
သူက သတင်းကြားပြီး ချင်နန်ချီကို ဆက်သွယ်လိုက်ချိန်၌ သူက သတင်းကြားသောအခါ ပြောလေ၏။
"သူအပြင်ထွက်ပြီး လူတွေကို ကူညီပေးချင်တာလည်း ကောင်းပါတယ်။ သိပ်စိတ်မလှုပ်ရှားနဲ့"
သူမ မြို့တော်အတွင်း ရှိနေသရွေ့ သူမသည် သူ၏လက်တွင်းမှ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ပေ။
သူတို့ ဆေးရုံသို့ အမြန်ရောက်လာပြီး ယွင်ယွီသည် ပြဿနာကို တွေ့သွားလေ၏။ အကြီးအကဲရှ၏ မြေး၌ အကြီးအကဲရှ၏ မြေးကို ကပ်တွယ်နေသည့်သူက အနည်းဆုံး နှစ်ပေါင်းရာချီ ကျင့်ကြံထားသည့် ဖျံနီညိုတစ်ကောင် ဖြစ်နေသည်။ ၎င်းသည် မိစ္ဆာဖြစ်နေပြီသား ဝိညာဉ်ဖြစ်ကာ ဖြေရှင်းရလွယ်ကူ၏။
ယွင်ယွီသည် အဖိုးရှကို အမှန်အတိုင်း ပြောလိုက်သည်။ "သူတို့တွေက အငြိုးတွေကြီးတယ်။ အဖိုးရဲ့မြေး တစ်ခုခုလုပ်ထားသေးလား။ သူ့နောက်ကို ဝိညာဉ်လိုက်နေတယ်"
သူမက ဖျံနီညိုကို မြင်ချိန်၌ အတွေးနစ်သွားပုံပေါ်ပြီး အကြည့်တို့က မှေးမှိန်သွားလေ၏။
ထိုဖျံနီညိုမိစ္ဆာသည် နှစ်ပေါင်းရာချီ ကျင့်ကြံထားခဲ့ပြီး လူသားများကို မကြောက်ရွံ့တော့ပေ။ ပညာတချို့လည်း သိပေ၏။ ယွင်ယွီသည် ၎င်းက အလွန်ရက်စက်ကြမ်းကြုတ်တာ မဟုတ်မှန်း ပြောနိုင်သည်။ ထိုကဲ့သို့သော ဝိညာဉ်များသည် အချိန်ကြာမြင့်စွာ ကျင့်ကြံရသောကြောင့် ခဲယဉ်းစွာရသည့် အခွင့်အရေးကို တန်ဖိုးထားလေ့ရှိ၏။ ထို့ကြောင့် လူတို့ကို စဒုက္ခပေးတာ ရှားသည်။
ယွင်ယွီက ဖျံနီညိုကို မေးလိုက်၏။ "သူ့ကို ဘာလို့ ဒုက္ခပေးတာလဲ"
224 03
ဖျံနီညိုက ရက်စက်စွာ ပြောလိုက်တော့သည်။ "အဲဒီကောင် ဘာလုပ်ခဲ့လဲဆိုတာ ဘာလို့မမေးလဲ"
အဖိုးရှသည် ဖျံနီညိုများနှင့် သက်ဆိုင်နေတာကို ကြားသောအခါ သူ၏ အမူအရာက ပြောင်းလဲသွား၏။ သူက တိရစ္ဆာန်လေးဟု ကျိန်ဆဲလိုက်ကာ ဆေးရုံကုတင်ပေါ် လဲနေသည့် သူ၏မြေးကို စိန်းစိန်းဝါးဝါး ကြည့်လိုက်၏။ သူ၏မြေးကို ကျိန်ဆဲနေတာ သိသာသည်။
အဖိုးရှသည် ဖြစ်ကြောင်းကုန်စင် တစ်ခုလုံးကို ယွင်ယွီအား ရှင်းပြလိုက်၏။
သူ၏မြေး ရှဝမ်ပိုင်သည်။ သိပ်မကြာသေးခင်တုန်းက တောင်အတွင်းရှိ လယ်တောအိမ်သို့ သွားခဲ့၏။ လယ်သမားများ လယ်တောအိမ်များက တောင်အတွင်းနှင့် တောအုပ်ထဲ တည်ဆောက်ထားရသည့် အကြောင်းရင်းကို သူ မသိခဲ့ပေ။ ဘာမှလုပ်စရာ မရှိသည့်အချိန်၌ လူငယ်တချို့က ထိုနေရာသို့ သွားလေ့ရှိသည်။ ထိုနေရာ၌ အမဲလိုက်နိုင်ကြောင်းလည်း ကြားထား၏။ ၎င်းသည် တရားဝင် အမဲလိုက်ကွင်း ဖြစ်သည်။
ရှဝမ်ပေါ်က အသက် ၁၈ နှစ်သားရှိသေးပြီး ပုန်ကန်တတ်စ အရွယ်ဖြစ်သည်။ သူ ထိုနေရာ၌ သွားကစားရတာ နှစ်သက်ပြီး ယခုအချိန်ထိတိုင် သူ၏ မိတ်ဆွေ သူငယ်ချင်းများကို ဖိတ်ခေါ်ကာ ထိုနေရာ၌ သောက်စားပြီး အမဲလိုက်တတ်၏။
မထင်မှတ်ထားဘဲ ထိုနေ့က သူတို့သည် ဖျံနီညိုအသိုက်ကို တွေ့သွား၏။ သူတို့နှင့် လိုက်လာသည့် ကောင်လေးက ရှဝမ်ပိုင်ကို အကြံပေးလိုက်သည်။ "ဝမ်ပိုင် ဖျံနီညိုတွေကို မတိုက်ခိုက်ကြရအောင်။ ဖျံနီညိုတွေက အငြိုးကြီးတယ်လို့ ငါ့အဖိုး ပြောဖူးတယ်"
ရှဝမ်ပိုင်က ဆူငေါက်လိုက်၏။ "ငါတို့ ဘယ်ခေတ်မှာ နေနေတာလဲ။ လူတွေက ဒါမျိုး ယုံနေသေးတုန်းပဲ"
ထိုသို့ပြောပြီးနောက် သူသည် ဖျံနီညိုတစ်ကောင်ကို ပစ်သတ်လိုက်သည်။ ကြွားလုံးထုတ်ရန်အတွက် သူသည် ဖျံနီညိုအသေကောင်ကို တယူလာပြီး ဧည့်ခန်းထဲ၌ ချိတ်ဆွဲထားကာ ဂုဏ်ယူဝင့်ကြွား ပြင်ဆင်ထားသည်။
မထင်မှတ်ထားဘဲ ထိုညက ဖျံနီညိုတစ်ကောင် အိပ်မက်မက်လေ၏။ "မင်း ငါ့ရဲ့ မျိုးဆက်ကို ထိခိုက်အောင် လုပ်ခဲ့တယ်။ မင်းအသက်ကို ယူမယ်"
သူ ကြောက်လန့်လွန်းသဖြင့် နိုးလာပြီး ကြည့်လိုက်ချိန်၌ သူချိတ်ဆွဲထားသော ဖျံနီညိုအသေကောင်က မရှိတော့တာ တွေ့လိုက်ရသည်။ သူ အစ၌ မယုံနိုင်ပေ။ အကြိမ်နည်းငယ် ကျိန်ဆဲပြီးနောက် ပြန်အိပ်ရန် ပြင်ဆင်လိုက်၏။
နောက်နေ့ကစပြီး သူ စကံဆိုးတော့သည်။ သူရေနှင့် အစားအသောက် ဝါးနေချိန်တွင်လည်း နင်သီးတတ်သည်။ သူငယ်ချင်းများနှင့် အပြင်သွားနေစဉ် ချော်လဲကျပြီး ဒဏ်ရာရ၏။ မြို့တော်သို့ ပြန်လာချိန် သူ၏ကံက ပိုသာဆိုးလာ၏။ ယာဉ်က သူ့ကို ကြောက်လန့်စေခဲ့သည်။ သူသည် သူ၏အဖေကို ဖြစ်ခဲ့သမျှ ပြောပြခဲ့သော်ငြား သူ့အဖေက သူ့ကိုမယုံဘဲ ဆူပူနေကာ သူ့ကို ထွက်သွားဖို့သာ ပြော၏။
ရက်ပိုင်းအတွင်း ရှဝမ်ပေါ်သည် ကံဆိုးမိုးမှောင်ကျမှုကြောင့် ဆေးရုံတက်လိုက်ရသည်။
အကြောင်းရင်းကို ကြားပြီးနောက် ယွင်ယွီသည် အတန်ငယ် တိတ်ဆိတ်သွားပြီး လူနာစောင့် တံခါးဝ၌ စောင့်ကြောင့်ထိုင်နေသော ဖျံနီညိုဘက် လှည့်ကြည့်ပြီး ပြောလိုက်၏။
"မင်းအတွက် လျော်ကြေးပေးဖို့ ရှမိသားစုကို နည်းလမ်းတစ်ခု ရှာခိုင်းရင်ရော ဘယ်လိုလဲ။ ကျင့်ကြံရတာ မလွယ်ဘူးလေ။ ဒီကိစ္စမှာ ဒီကိစ္စအတွက် ဖြုန်းတီးလိုက်ဖို့ မလိုအပ်ဘူး။ တစ်ယောက်ယောက်ကို ထိခိုက်အောင်လုပ်ရင် မင်းရဲ့ ကျင့်ကြံမှုက ပိုခက်ခဲသွားတော့မှာ"
ဖျံနီညိုက လှည့်ကွက်တချို့ သုံးထားတာ ဖြစ်၏။ ထို့ကြောင့် သာမန်လူများ သူ့ကို မမြင်နိုင်ပေ။ ယခုမူ ယွင်ယွီ၏ စကားကို ကြားပြီး လူတိုင်းရှေ့၌ သွင်ပြင်ကို ထုတ်ပြလာ၏။ လူတိုင်းသည် ဖျံနီညိုကြီးတစ်ကောင် ရုတ်တရက် ပေါ်လာသောကြောင့် ထိတ်လန့်သွားတော့သည်။
ဖျံနီညိုက လူနာစောင့်တံခါးကို ဖွင့်လျက် ရှဝမ်ပိုင်ရှေ့သို့ လျှောက်လာပြီး သူကို စိုက်ကြည့်ကာ ပြောလိုက်တော့သည်။ "သူ အသက်ရှင်မရှင် ဂရုမစိုက်ဘူး။ ဒါပေမဲ့ သူတစ်သက်လုံး ငါ့ရဲ့ရှောင်ကျိုးအတွက် ပလ္လင်တစ်ခု လုပ်ပေးရမယ်။ မဟုတ်ရင် ငါ သူ့အသက်ကို ယူမယ်"
ရှဝမ်ပိုင်သည် စကားပြောသော ဖျံနီညိုနှင့် ပထမဆုံးတွေ့စဉ် သူ ကြောက်လန့်လွန်းသဖြင့် ဘောင်းဘီစိုလုနီးပါး ဖြစ်သွား၏။ သူ၏မျက်နှာက ဖြူဖျော့သွားကာ အထစ်ထစ်အငေါ့ငေါ့ ပြောတော့သည်။ "ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် မှားတာပါ။ ကျွန်တော် သေချာပေါက် ကိုးကွယ်ပြီး နေ့တိုင်း အမွှေးတိုင်ထွန်းပေးပါ့မယ်"
224 04
ဖျံနီညိုဝိညာဉ်က ပြောလိုက်၏။ "အခုတော့ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်။ ရက်ပိုင်းအတွင်း မင်း ပူဇော်စရာတွေ ပြင်ဆင်ပြီးတာနဲ့ တောင်ပေါ်ဂူအိမ်မှာ ပူဇော်ဖို့ ဘယ်လိုလုပ်ရမလဲ သင်ပေးမယ်"
ထိုသို့ပြောပြီး ၎င်း ထွက်သွားလေ၏။
ယွင်ယွီသည် ဤဖြေရှင်းနည်းက အတော်လေးကောင်းသည်ဟု ထင်သည်။ ထို့ကြောင့် အကြီးအကဲရှကို ပြောလိုက်၏။ "ဒီဖျံနီညိုက အနည်းဆုံး နှစ်ပေါင်းရာချီ ကျင့်ကြံထားတာ။ ကတိအတိုင်း သူ့ကို အရူးမလုပ်နဲ့။ မဟုတ်ရင် နောက်တစ်ခေါက်ကျ ကံဆိုးရုံတင်မကဘူး။ အဖိုးမြေးရဲ့ အသက်ကို ယူသွားလောက်တယ်"
အဖိုးရှက အမြန်ပြောလိုက်၏။ "ဒီကလေးက သင်ခန်းစာ ရနေပါပြီ။ သူ့ကို စောင့်ကြည့်ထားလိုက်မယ်။ ကျေးဇူးပါ ဆရာသခင်"
ယွင်ယွီက ခေါင်းခါလျက် အကြီးအကဲဟယ်ကို ပြောလိုက်သည်။ "ဒီကိစ္စ ဖြေရှင်းပြီးသွားပြီ အကြီးအကဲဟယ်။ အကြီးအကဲနဲ့တူ ဟယ်မိသားစု သွားရအောင်"
ဆေးရုံထဲမှ ထွက်လာပြီးနောက် အဖိုးရှက ယွင်ယွီအား ပေးချေမှုအဖြစ် ကတ်တစ်ကတ် ပေးလိုက်သည်။ ယွင်ယွီက ၎င်းကိုယူပြီးနောက် ရီးချန်နှင့်အတူ ဟယ်မိသားစုအိမ်သို့ ပြန်သွားသည်။
ဟယ်မိသားစုအိမ်သို့ ရောက်သောအခါ ယွင်ယွီက လက်ညိုးတစ်ချောင်း လှုပ်ရှားလိုက်ချိန်၌ ရီးချန်က ရုတ်တရက် တံခါးဘက် လျှောက်သွားတော့သည်။
အဖိုးအိုဟယ်က ဇဝေဇဝါဖြစ်သွားကာ ဘာတွေဖြစ်နေမှန်း သတိမပြုမိပေ။ ဤလူသည် ယွင်ယွီနောက် တစ်ချိန်လုံး လိုက်နေ၏။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ရုတ်တရက် အပြင်ထွက်သွားသနည်း။
ယွင်ယွီက ငြင်သာစွာ ပြောလိုက်၏။ "ဒါက ပညာတချို့ သုံးလိုက်တာပါ။ အကြီးအကဲဟယ်။ ကျွန်မရဲ့အခြေအနေအကြောင်း သိလောက်မှာပါ။ အခု ကျွန်မမိသားစုက မထွက်နိုင်သေးဘူး။ ဒါပေမဲ့ အကြီးအကဲဟယ်ကို အကူအညီတစ်ခု တောင်းချင်တာလေး ရှိလို့ပါ"
အဖိုးအိုဟယ်က ပြောလေ၏။ "အဖိုးကိုပြော။ ကူညီနိုင်တာရှိလား။ သေချာပေါက် လုပ်ပေးမယ်"
ယွင်ယွီသည် အကြီးအကဲဟယ်ကို ညွှန်ကြားချက်တချို့ ပြုလုပ်ပေးပြီးနောက် ယွင်ယွီသည် အဖိုးအိုဟယ်ကို ပြောပြလိုက်၏။ အဖိုးက နားထောင်ပြီးနောက် ပြောလိုက်သည်။ "ယွင်ဆရာ ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ။ ချင်နန်ချီကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး ဆိုတာ အမှန်ပဲလား"
ယွင်ယွီက ခေါင်းခါလျက် ဘာမှမပြောတော့ပေ။ လက်ရှိ၌ သူမတောင် ချင်နန်ချီကို မဖြေရှင်းနိုင်လေရာ အခြားသူများဆို ပိုဆိုးပေ၏။ သို့သော် သူမ၌ ဖြေရှင်းနည်းတစ်ခု ရှိသည်။
******