← Chapters

အခန်း (၂၂၅-၂၂၇)

Vol. 22 Ch. 225-227

အခန်း (၂၂၅-၂၂၇)

Vol. 22 Ch. 225-227

အပိုင်း 225

ယွင်ယွီက အကြီးအကဲဟယ်နှင့် စကားခဏပြောပြီးနောက် ထွက်သွားလေ၏။ မထွက်ခွာခင် ရီချန်းက ပြန်ကောင်းလာပြီး မူမမှန်တာကို မခံစားမိပေ။

ယွင်ယွီသည် ချင်မိသားစု စံအိမ်သို့ ပြန်ရောက်လာပြီး ချင်နန်ချီက ညနေစောင်းအထိ ပြန်မလာပေ။ ယွင်ယွီက ညစာစားပြီးဖြစ်ကာ အန်းအန်းကို ပွေ့ချီလျက် ခြံဝင်းထဲ လမ်းတစ်ပတ်လျှောက်လိုက်သည်။ ချင်နန်ချီကလည်း ညစာစားပြီး ခြံဝင်းထဲတွင် ထိုင်လျက် သူတို့ကို ကြည့်နေ၏။

နေ့ရက်များက ဤအတိုင်း ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း သုံးလတာ ကုန်လွန်သွားသည်။ ဆောင်းဦးအစောပိုင်းဖြစ်ပြီး ရာသီဥတုက သိပ်မပူတော့ပေ။ မနက်ခင်းနှင့် ညနေခင်းက အတော်လေးအေး၏။ အန်းအန်းက ၆ လသား ရှိပြီဖြစ်ကာ သူမသည် ယွင်ယွီနှင့် ပိုတူလာ၏။

ချင်နန်ချီက ပြုံးပြီး ပြောလိုက်တော့သည်။

“အန်းအန်းက မင်းငယ်ငယ်တုန်းကနဲ့ တစ်ထပ်တည်းတူတာပဲ။ အဲဒီတုန်းက ကိုယ် နန်းတော်ကို ဝင်ချိန်၌ နေ့တိုင်း ကိုယ့်နားမှာ မင်းရှိနေတာ။ အမြဲတမ်း အစ်ကိုရှန်းလို့ ခေါ်ပြီး ထွက်ကစားဖို့ ခေါ်တတ်တဲ့ အန်းအန်းရဲ့ အကျင့်စရိုက်ကလည်း ညီမနဲ့ တော်တော်တူတယ်”

သူသည် မင်းသမီးလေးထက် အနည်းငယ်ကြီးပြီး သူမ ကြီးပြင်းအရွယ် ရောက်လာတာကို ကြည့်နေခဲ့သည်။ သူသည် သူမကို ငယ်ရွယ်စဉ်က ညီမငယ်တစ်ဦးပမာ ချစ်မြတ်နိုးခဲ့ပြီး တဖြည်းဖြည်းချင်း ချစ်မိသွားလေ၏။ သူသည် သူမ၏ ခင်ပွန်းဖြစ်လာလိမ့်မည်ဟု ထင်ခဲ့သော်ငြား သူတို့နှစ်ယောက် ဤအတိုင်း အဆုံးသတ်သွားလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိချေ။

ယွင်ယွီက အန်းအန်းကို ကြင်နာစွာ ကြည့်လိုက်၏။

ချင်နန်ချီက သူမကို ကြည့်ပြီး ပြောလိုက်သည်။

“အလုပ်ကိစ္စတချို့ ဆွေးနွေးဖို့ ရက်ပိုင်းအတွင်း နိုင်ငံခြားသွားရမယ်။ ယွီအာ... အိမ်မှာ လိမ္မာမာနေ။ မင်းဘယ်နေရာ သွားသွား ကိုယ်ရှာနိုင်တယ်ဆိုတာ မင်းသိပါတယ်”

ယွင်ယွီက တည်ငြိမ်စွာ ပြောလိုက်၏။

“ကျွန်မ သိပြီ”

၂ ရက်အကြာ၌ ချင်နန်ချီသည် တိုင်းပြည်မှ ထွက်သွားပြီးနောက် မသွားခင် ယွင်ယွီကို ပြောသွား၏။ ယွင်ယွီက ခေါင်းညိတ်လိုက်သည်။

ချင်နန်ချီ ထွက်သွားပြီးနောက် ယွင်ယွီသည် အန်းအန်းကို အချိန်အတော်ကြာ ပွေ့ချီထားပြီး သူမမျက်လုံးများက တဖြည်းဖြည်းချင်း နီမြန်းလာတော့သည်။ သူမသည် အန်းအန်း၏ နဖူးကို နမ်းပြီးနောက် တီးတိုးပြောလိုက်လေ၏။

“အန်းအန်း... မားမား ပြန်လာတာကို ခဏလေးစောင့်။ မားမား သေချာပေါက် ပြန်လာခဲ့မယ်။ မားမား သမီးကို ချစ်တယ်”

“သမီးရဲ့ အစ်ကို၊ သမီးရဲ့ အဖေနဲ့ ယွင်မိသားစုကိုလည်း မားမားချစ်တယ်”

သူမသည် ပြဿနာမဖြစ်စေပဲ တိတ်တဆိတ်ရွေ့ အန်းအန်းနှင့်အတူ ဤနေရာမှ မထွက်သွားနိုင်ပေ။

ယွင်ယွီက ခေါင်းငုံ့လျက် အန်းအန်း၏ နဖူးကို နမ်းပြီးနောက် ကလေးထိန်းကို ခေါ်ကာ ပြောလိုက်လေ၏။

“ဒီမနက် အပြင်သွားဦးမယ်။ ဒါကြောင့် အန်းအန်းကို ကြည့်ထားပေး”

သူမသည် ရီချန်းအား သူမ အပြင်ထွက်ပြီး အန်းအန်းအတွက် ပစ္စည်းဝယ်ချင်ကြောင်း ပြောခဲ့၏။

ရီချန်းက သူမကို ထိုနေရာသို့ ပို့ပေးချိန်၊ ယွင်ယွီက ပို့ပေးမည်ဟု ပြောချိန်၊ ယွင်ယွီက မငြင်းခဲ့ပေ။ မသွားခင် သူမက ငြိမ်းငြိမ်းချမ်းချမ်း အိပ်နေသော အန်းအန်းကို တစ်ချက်ကြည့်ပြီး လှည့်ပြောလိုက်သည်။

“သွားကြမယ်”

ကားပါကင်သို့ ရောက်သောအခါ ယွင်ယွီသည် လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်ရာ ရီချန်းသည် စတီယာရင်ပေါ်၌ အိပ်ပျော်သွား၏။

ယွင်ယွီသည် ကားထဲမှ ထွက်ပြီး ပါကင်မှ ထွက်လာသည်။ သူမသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က ယွီကျင်း တောင်တန်းဒေသ ဖြစ်ခဲ့သည့် ခွန်းလွန်တောင်ကို သွားခဲ့သည်။ ထိုသို့ သွားဖို့အတွက် တချို့လိုအပ်နေသေးသည်။ သူမက တက္ကစီဌာနသို့ တက္ကစီငှားပြီးနောက် လေဆိပ်သို့ သွားလိုက်၏။

225 02

သူမ အရာအားလုံးကို အချိန်အတိအကျ တွက်ချက်ထားသည်။ ရီချန်းက ကားပါကင်၌ အိပ်ပျော်နေသေး၏။

သူမ လေယာဉ်ပေါ်ရောက်ပြီး တိမ်တိုက်များကို ကြည့်မိချိန်၌ ယွင်ယွီသည် နည်းပညာများ အဆင့်မြင့်တက်လာပုံကို တွေ့နေမိ၏။ ယခင်က ယွီကျင်းတောင်ကို ရောက်ရန် ရက်ပေါင်းများစွာ အချိန်ယူခဲ့ရကြောင်း သူမ မှတ်မိသေးသည်။ သို့သော် ယခုမူ ထိုနေရာသို့ သွားရန် အချိန် ၂ နာရီသာ ယူရလေ၏။

သို့သော် သူမ တောင်ပေါ်သို့ သွားရဦးမည်။ ထိုစဉ်က နဂါးသွေးကြော ဤနေရာကို နဂါးသွေးကြော ဤနေရာကို သူမ မှတ်မိသေးပေ။ နှစ်ပေါင်း ၂၀၀၀ လွန်ပြီးနောက် တောင်တန်းဒေသ ပြောင်းလဲသွားပြီဖြစ်ကာ နဂါးသွေးကြော ပြောင်းလဲသွားပြီ ဖြစ်သော်ငြား နဂါးသွေးကြောက ရှိနေသေး၏။

သူမ နဂါးသွေးကြောကို မြင်နိုင်သော်ငြား နဂါးသွေးကြောသည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာပြီးနောက် ပြောင်းလဲသွားမှာကိုလည်း စိတ်ပူမိသည်။ နဂါးသွေးကြောအဟောင်းက သေသွားပြီး အသစ်ပေါ်လာတာ ဖြစ်လောက်၏။

ထိုသို့သာဆိုလျှင် သူ၏ အကျွင်းအကျန်များကို ရှာဖို့ လွယ်မှာ မဟုတ်ပေ။

ထိုလူနှစ်ယောက်၏ အကျွင်းအကျန်ကို အတူတကွ မြှုပ်နှံထားကြောင်း ပြောဖူး၏။

ယွင်ယွီသည် ဤခရီးစဉ်၏ နောက်ဆက်တွဲ မသေချာ မရေရာမှုကို တွေ့နေမိသည်။

၂ နာရီခွဲခန့် အကြာ၌ သူတို့သည် ခွန်းလွန်တောင်နှင့် အနီးဆုံးမြို့သို့ ရောက်သွား၏။ ပြီးနောက် သူတို့သည် တောင်ခြေသို့ သွားရန် အချိန်ယူရဦးမည်။ ယွင်ယွီက ကားငှားလိုက်၏။ ထို့ကြောင့် သူတို့သည် ၃ နာရီအတွင်း တောင်ခြေသို့ ရောက်သွားသည်။

၃ နာရီအကြာ၌ သူမ ခွန်းလွန်တောင်ခြေ၌ ရပ်ကာ ယာဉ်မောင်းကို ပိုက်ဆံလွှဲပေးလိုက်၏။ ပြီးနောက် ထိုယာဉ်မောင်းက သူ့ဘာသာသူ တီးတိုးပြောနေသည်။

“ဒီလိုလှတဲ့ မိန်းမငယ်လေးတစ်ယောက်၊ သူက တောင်တက်သမားလား သိချင်မိတယ်။ ကျောပိုးအိတ်တစ်လုံးပဲ လွယ်ပြီး တောင်ပေါ်သွားဖို့ ကြိုးစားနေတာ။ ဟူး...”

ယွင်ယွီသည် ယာဉ်မောင်း၏ ညည်းတွားသံကို လျစ်လျူရှုလျက် သူမ ပခုံးပေါ်ရှိ ကျောပိုးအိတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ တောင်ပေါ်သို့ လျှောက်လာခဲ့သည်။

သူမ တောင်ပေါ်မှ မည်သည့်အချိန်မှ ထွက်ခွာနိုင်မည်မှန်း မသိပေ။ သူမ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များ၊ အပူဒဏ်၊ အအေးဒဏ်၊ မြွေ၊ အင်းစက်ပိုးမွှားနှင့် တောင်ပေါ်ရှိ သတ္တဝါများကို မကြောက်ရွံ့ပေ။ သို့သော်ငြား သူမက အချိန်အတိုင်းအတာ တစ်ခုအထိ မြန်မြန်မသွားနိုင်သေးပေ။

ထို့ကြောင့် သူမသည် ဟင်္သာပဒါးရိုင်း အဆောင်များ၊ စက္ကူအဆောင်များ အပြင် သူမ၏ ကျောပိုးအိတ်ထဲ၌ ဆေးလုံးများ ပြုလုပ်ထား၏။ သို့သော်ငြား သူမသည် အချိန်အတိုင်းအတာ တစ်ခုအထိ အစာမခံနိုင်သေးချေ။ ထို့ကြောင့် သူမသည် အဆောင်များအပြင် ကျောပိုးအိတ်ထဲ၌ ဆေးလုံးတချို့လည်း ပြုလုပ်ထားသည်။ တစ်နေ့လျှင် ဆေးလုံးတစ်လုံး သောက်ခြင်းက သူမ၏ ဆာလောင်မှုကို ပြေလျော့စေနိုင်သေည်။ ထို့ပြင် သူမ ပြုလုပ်ထားသည့် ဝိညာဉ် ၇ ပါး ပြုပြင်ခြင်း သံများလည်း ရှိသည်။

ရီချန်းသည် ဖုန်းသံကြောင့် နိုးလာ၏။ သူနိုးလာချိန်၌ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သို့သော် တစ်စုံတစ်ခုကို မှတ်မိသွားချိန်၌ အမူအရာ ပြောင်းလဲသွား၏။ ကိုယ့်ပေါ်ရှိ ဖုန်းသံကို ကြားသောအခါ သူအမြန်ဖြေလိုက်သည်။ ချင်နန်ချီ၏ အသံက ဖုန်းထဲကနေ ထွက်လာ၏။

“မင်း ဘယ်မှာလဲ။ သူ ဘယ်သွားလဲ”

ရီချန်းက အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်တော့သည်။

“ဒုတိယသခင်လေး... မမလေးယွင်က လမ်းလျှောက်ထွက်ချင်တယ်လို့ ပြောတယ်။ ဒါကြောင့် သူ့ကို လိုက်ပို့ပေးတာ။ ဒါပေမယ့် ပါကင်ကို ရောက်ပြီးတော့ ဘယ်လိုဖြစ်သွားမှန်း မသိဘူး။ ကားထဲမှာ အိပ်ပျော်သွားတယ်”

သူ၏ နာရီကို တစ်ချက်ကြည့်ပြီး ဖြည့်ပြောလိုက်လေ၏။

“အခု ၁၀ နာရီ နီးပါး... ၁၀ နာရီလောက် လွန်ကျော်သွားပြီ”

ချင်နန်ချီက ပြောလေ၏။

“သွား... သူ့ပတ်စပို့ ရှိ၊ မရှိ သွားရှာ”

ယင်းသည် မှော်ပညာပင် ဖြစ်သည်။ ဤလောကထဲ၌ လူနည်းစုသာလျှင် သူမကို ချုပ်နှောင်ထားနိုင်၏။ ဤကဲ့သို့သောနေ့ အနှေးနှင့် အမြန် ရောက်လာမည်မှန်း သူသိနေသည်။

225 03

ရီချန်းက ဖုန်းချပြီးနောက် ယွင်ယွီ၏ တည်နေရာကို ချက်ချင်း စစ်ဆေးလိုက်သည်။ နာရီဝက် မပြည့်မီ၌ ရှာတွေ့သွားကာ ချင်နန်ချီကို ဆက်သွယ်လိုက်သည်။

“ဒုတိယသခင်လေး... မမလေးယွင်က ခွန်းလွန်တောင်ကို လွန်ခဲ့တဲ့ ၂ နာရီက ဝင်သွားပါတယ်”

ခွန်းလွန်တောင်… မမလေးယွင် ဘာလုပ်နေတာလဲ။ ဟယ်ချင်းကျေးရွာကို ပြန်သွားပြီ ထင်နေတာ။

ချင်နန်ချီသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေ၏။

“နားလည်ပြီ။ ကျန်တာကို စိတ်ပူနေစရာ မလိုတော့ဘူး။ အန်းအန်းကို ကောင်းကောင်း ဂရုစိုက်ဖို့ မှတ်ထား”

တချို့သော အကြောင်းရင်းကြောင့် ရီချန်းသည် ဒုတိယသခင်လေး၏ အသံက မမလေးယွင် ခွန်းလွန်တောင်ကို သွားသည့် အချက်ကို မအံ့ဩသည့်ပမာ အတော်လေး ခါးသက်နေသည်ဟု ခံစားမိသည်။

ချင်နန်ချီသည် ဖုန်းချပြီးနောက် စားပွဲပေါ်တွင် ထိုင်ကာ အချိန်အတော်ကြာ မလှုပ်ရှားခဲ့ပေ။ သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေ၏။ ဤကဲ့သို့သော ရလဒ် ပေါ်ထွက်လာမည်မှန်း သူသိသင့်သည်။

မကြာမီ၌ သူသည် သူ၏လက်ထောက်ကို ခွန်းလွန်တောင်ဆီ လေယာဉ်လက်မှတ် ဖြတ်ခိုင်းလိုက်သည်။ မည်သို့ပင်ဆိုစေ သူသည် သူမကို နောက်ဆုံးတစ်ခေါက် သွားတွေ့ရမည်။

ယွင်ယွီသည် ၂ ရက်ကြာ ခွန်းလွန်တောင်၌ လမ်းလျှောက်ခဲ့၏။ ထို ၂ ရက်အတွင်း သူမသည် အဆာခံဆေးလုံး ၂ လုံးကို သောက်ပြီးနောက် ရေဆာလျှင် ဝိညာဉ်စမ်းရေ သောက်သည်။ တောင်ပေါ်ရှိ မြေမျက်နှာသွင်ပြင်က ရှုပ်ထွေးပြီး နဂါးသွေးကြော နေရာရှိရာ နေရာကို သူမ လျှောက်လှမ်းနေ၏။

၂ ရက် လွန်သွားပြီး နောက်ဆုံး၌ နဂါးသွေးကြောဆီ ရောက်သွားပြီဖြစ်ကာ ၎င်းသည် ယခင်ကနှင့် မတူတော့တာ တွေ့လိုက်ရ၏။ ပြောင်းလဲသွားပြီ ဖြစ်သည်။ လူနှစ်ယောက်၏ အလောင်းကို မြှုပ်နှံထားသည့် နေရာကို ရှာဖို့ လိုသည်။ သူမ ဒီနေရာကို ဝေဝါးဝါး မှတ်မိ၏။ ထို့ကြောင့် သူမ နေရာပြောင်းကာ ၂ ရက်ကျော် ဆက်လျှောက်ခဲ့သည်။

၃ ရက်အကြာ၌ ယွင်ယွီသည် တာဝေမင်းဆက်၏ နဂါးသွေးကြောအဟောင်း ရှိရာဆီသို့ နောက်ဆုံး၌ ရောက်လာ၏။ သို့သော် ယခင်က ကဲ့သို့ မဟုတ်တော့ပေ။

ယခုက ဆောင်းဦးအစောပိုင်း ဖြစ်၏။ အတော်လေး အေးစိမ့်နေကာ အထူးသဖြင့် တောင်ထဲတွင် အေးလှပေ၏။ သစ်ပင်တချို့က ဆောင်းဦးသစ်ရွက်များကို ကြွေကျသွားစေ၏။ သူမ ဤနေရာသို့ ပထမဆုံး ရောက်လာစဉ်က နွေဦးအစောပိုင်းဖြစ်ပြီး တောင်ပေါ်က စိမ်းမြနေကာ ယခုနှင့် လုံးဝကွဲပြားခြားနားသော မြင်ကွင်းရှိသည်။

သို့သော် နှစ်ပေါင်း ၂၀၀၀ လွန်သွားပြီ၊ ပြောင်းလဲမှုက သိသာပေ၏။

ချင်နန်ချီက သေလွန်ပြီးနောက်... ချင်နန်ချီ ပြောခဲ့ဖူးသည်မှာ သူသေလွန်ပြီးနောက် သူ၏အလောင်းကို သူမနှင့်အတူ မြှုပ်နှံရန် လူတို့ကို မှာကြားခဲ့သည်။

နှစ်ပေါင်း ၂၀၀၀ လွန်ပြီးနောက် သူမသည် မူလအုတ်ဂူကို မမြင်တွေ့နိုင်တော့ပေ။ သို့သော် ဒီနေရာကို ဝေဝါးဝါး မှတ်မိနေသေး၏။ သူမ မျက်လုံးဖွင့်ပြီး လိုက်ရှာလိုက်ရာ ယင်စွမ်းအင် သိပ်သည်းသော နေရာကို ရှာတွေ့သွားသည်။ သူမ ကျောပိုးအိတ်ထဲရှိ ဂေါ်ပြားကို ယူကာ စတင်တူးတော့၏။ ၁ နာရီ အကြာ၌ သူမသည် ခေါင်းတလား တစ်ခုကို တွေ့၏။ ခေါင်းတလားက လူနှစ်ယောက်အတွက် ဖြစ်ကာ ကြံ့ခိုင်သစ်သားဖြင့် ပြုလုပ်ထား၏။ ၎င်းပေါ်၌ အစီအရင် တစ်မျိုးထွင်းထုထားပြီး ယင်စွမ်းအင် စုစည်းသည့် အစီအရင်ဖြစ်ကာ အလောင်းကို ထိန်းသိမ်းထားသည်။

ဤနည်းဖြင့် အလောင်းက ဆွေးပုပ်သိုးမှု နှေးကွေးသွားမည် ဖြစ်ကာ အရိုးအဖြစ် ပြောင်းလဲသွားလျှင်တောင် နှစ်ပေါင်းထောင်ချီ ရှိနေနိုင်ဦးမှာပင် ဖြစ်သည်။

သူမသည် ခေါင်းတလားကြီးကို စိုက်ကြည့်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သံကို ဖယ်ရှားကာ ခေါင်းတလားကို ဖွင့်လိုက်၏။ အထဲ၌ အရိုးဖြူများအဖြစ် ပြောင်းလဲသွားပြီဖြစ်သော အရိုးစုနှစ်စုကို တွေ့လိုက်ရပြီး တစ်စုက သေးသွယ်ကာ တစ်စုက ရှည်၏။

၎င်းတို့က ဖုယွီနှင့် ရှန်းလုလီ ၏ အရိုးခြောက်များပင် ဖြစ်သည်။

******

226 01

အပိုင်း 226

ယွင်ယွီသည် ခေါင်းတလားထဲရှိ အရိုးခြောက်ကို ကြည့်ပြီး သူမမျက်လုံးများက နောက်ဆုံး၌ နီမြန်းလာတော့သည်။ သူမ ရှန်လုလီနှင့် ပြုလုပ်ခဲ့သမျှ ကိစ္စတိုင်းကို အမှတ်ရလေ၏။ သူမသည် သူ့ကို မိသားစုသဖွယ် သဘောထား၏။ အခြေအနေများက မည်ကဲ့သို့ ပြောင်းလဲသွားရသနည်း။ သို့သော် သူ မကောင်းမှုများစွာ ကျူးလွန်ခဲ့၏။ နစ်နာသူများအားလုံးက အပြစ်ကင်းပြီး သူတို့က ဆွေမျိုးသားချင်းများရှိ၏။ သူ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် သူတို့သည် ပြန်လည်မွေးဖွားခွင့်မရသော ဝိညာဉ်များ ဖြစ်လာသည်။

ယွင်ယွီသည် ခေါင်းတလားထဲရှိ အရိုးခြောက်ကို အချိန်တော်ကြာ စိုက်ကြည့်နေပြီး သူမ၏လွယ်အိတ်ထဲမှ ဟင်္သာပြဒါးရိုင်းကို ထုတ်ပြီးနောက် အစီအရင်တစ်ခု စတင်ရေးဆွဲတော့သည်။ အစီအရင် ပြီးမြောက်သွားချိန်၌ နာရီဝက် လွန်သွားပြီဖြစ်သည်။ ဝိညာဉ်ဖြိုခွင်းခြင်း အစီအရင် ပြီးဆုံးပြီးနောက် ယွင်ယွီသည် ရှန်လုလီ၏ အရိုးခြောက်ကို အစီအရင်အလယ်သို့ ရွှေ့လိုက်သည်။ ပြီးနောက် သူမ၏လက်ကို ဓားဖြင့်ဖြတ်ပြီးနောက် သွေးများကို အစီအရင်ထဲ စီးကျသွားစေ၏။ သွေးစီးဆင်းမှုသည် မျက်နှာပြင်ပေါ်ရှိ အစီအရင်၏ ပုံသဏ္ဍာန်တစ်လျှောက် ပြည့်သွားပြီးလျှင် စီးဆင်းမှု ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။

သွေးများ ရပ်တန့်သွားပြီး မိနစ်အနည်းငယ်အတွင်း ယွင်ယွီ၏မျက်နှာက ဖြူဖျော့သွားသည်။

ကံကောင်းသည်မှာ ဤဝိညာဉ်ဖြိုခွင်းခြင်း အစီအရင်သည် ပူဇော်ရန် မလိုအပ်ပေ။ သူမ၏သွေးသာ လိုအပ်၏။ သွေးသည် အစီအရင်၏ မြောင်းလိုင်းကို ပြည့်သွားပြီးနောက် ယွင်ယွီသည် သွေးတိတ်စေရန် ဒဏ်ရာကို အနည်းငယ် ဖိလိုက်၏။ ပြီးနောက် ပတ်တီးစည်းလိုက်တော့သည်။ ၎င်းက သူမကို မသေစေနိုင်သော်လည်း သွေးများစွာ ကုန်ဆုံးစေ၏။ သူမသွေးများစွာ ဆုံးရှုံးသွားသည်။

သူမ ဝိညာဉ်စမ်းရေ သောက်ပြီးနောက် ခဏတစ်ဖြုတ် အနားယူပြီး ရှန်လုလီ၏ အရိုးခြောက်ကို အစီအရင်အလယ်သို့ ထားပြီးနောက် သူမ၏ ကျောပိုးအိတ်ထဲမှ ဝိညာဉ်ချုပ်နှောင်ခြင်းသံကို ထုတ်လိုက်သည်။ ၎င်းသည် နှစ် ၁၀၀ သက်တမ်းရှိသော မက်မွန်သားဖြင့် ပြုလုပ်ထား၏။ ၎င်းကို ပြုလုပ်ပြီးနောက် အနည်းဆုံး ၄၉ ရက်ကြာ ဝိညာဉ်စမ်းရေထဲ စိမ်ထား၏။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်များ ပြည့်နေသည်။ ထို့အပြင် ယင်းသည် မကောင်းဆိုးဝါးများ အကြောက်ရွံ့ဆုံး အရာဖြစ်သည်။

ဝိညာဉ်က ယင်ဓာတ်ဖြစ်၏။ ချင်နန်ချီသည် တစ္ဆေကျင့်ကြံသူဖြစ်၏။ သူ၏လက်ရှိ ကျင့်ကြံဆင့်က မြင့်မားလွန်းသည်။ သူတို့ ထိပ်တိုက်တိုက်ခိုက်လျှင် သူမအနိုင်ရနိုင်ခြေ မရှိပေ။ တစ္ဆေကျင့်ကြံသူများ ကြောက်ရွံ့သည့် တစ်ခုတည်းသော အရာက သူတို့အလောင်း ဖျက်ဆီးခံရမှာပဲ ဖြစ်သည်။ တစ္ဆေကျင့်ကြံသူက အစွမ်းထက်လေ ပိုကြောက်ရွံ့လေ ဖြစ်သည်။ တစ္ဆေကျင့်ကြံသူကို အနိုင်ယူရန် နည်းလမ်းနှစ်ခုရှိ၏။ တစ်ခုက တစ္ဆေကျင့်ကြံသူအား တိုက်ရိုက်တိုက်ခိုက်ပြီး ဝိညာဉ်ဖျက်ဆီးတာနှင့် နောက်တစ်ခုက သူတို့၏ အလောင်းကို ဖျက်ဆီးတာပဲ ဖြစ်သည်။ အလောင်းပျက်စီးသွားလျှင် တစ္ဆေကျင့်ကြံသူ၏ ကျင့်ကြံဆင့်က ပြိုကွဲသွားမည်ဖြစ်၏။ မပျက်စီးလျှင်တော့ အင်မတန် အားနည်းသွားလိမ့်မည်။ ထို့ကြောင့် တစ္ဆေကျင့်ကြံသူအများစုသည် သူတို့၏ ရန်သူများ သူတို့၏အလောင်းကို ရှာမတွေ့အောင် မဖျက်ဆီးအောင် ကာကွယ်ထားကြသည်။

ယွင်ယွီသည် နှစ်ပေါင်း ၂၀၀၀ လုံးလုံး ရှန်လုလီက သူ၏ ရုပ်အလောင်းကို မရွှေ့မပြောင်း ရှိနေလိမ့်မည်ဟု မထင်ထားပေ။

လွန်ခဲ့သည့် ၂ နှစ်ခန့်က သူတို့၏ ရုပ်ခန္ဓာများသာ မရှိတော့တာ ဖြစ်သည်။ သို့သော် သူတို့၏အရိုးခြောက်များက အကောင်းပကတိ ရှိနေသေးပြီ ဆိုလိုသည်က သူပြန်ရောက်လာပြီး သူတို့ကို တာရှည်ခံစေရန် အစီအရင် တည်ဆောက်ထားသောကြောင့် ဖြစ်၏။

ယွင်ယွီသည် ရှန်လုလီ၏ အရိုးခြောက်ကို ခဏတစ်ဖြုတ် စိုက်ကြည့်ပြီးနောက် သူမလက်ထဲရှိ ဝိညာဉ်တည်ငြိမ်ခြင်းသံကို အရိုးခြောက်၏ ခြေဖဝါးသို့ ရိုက်လိုက်သည်။

အပ်နှစ်ချောင်း ရိုက်ထည့်ပြီးနောက် ယွင်ယွီသည် အရိုးခြောက်၏ လက်ဖဝါးကို ဝိညာဉ်တည်ငြိမ်စေခြင်း သံနှစ်ချောင်းကို လက်ဖဝါး၌ ရိုက်လိုက်၏။

ပြီးနောက် ဗိုက်၊ ရင်ညွန့်ရိုး၊ နောက်ဆုံး၌ ဦးခေါင်းခွံ ဖြစ်သည်။

ဝမ်းဗိုက်ပိုင်းမှ စပြီး ဝိညာဉ်တည်ငြိမ်စေခြင်း သံကို ရိုက်ရန် အလွန်ခက်ခဲလာ၏။ ၎င်းသည် ရင်ညွန့်ရိုးနား ရောက်သည့်အချိန်၌ ယွင်ယွီ၏ မျက်နှာက ဖြူဖျော့လာလေ၏။

ရင်ညွန့်ရိုးကို သံရိုက်ထည့်ပြီးနောက် ယွင်ယွီသည် မောဟိုက်နေပြီး အနည်းငယ်တောင် အားနည်းလာ၏။ သူမသည် ဝိညာဉ်စမ်းရေ သောက်ပြီးနောက် အားပြန်ဖြည့်ကာ အလောင်း၏ ဦးခေါင်းခွံ၌ နောက်ဆုံးသော ဝိညာဉ်တည်ငြိမ်စေခြင်း သံကို ရိုက်ထည့်ရန် ဆုံးဖြတ်လိုက်သည်။

226 02

ထိုသံက ရိုက်ရန် အလွန်ခက်ခဲ၏။ ခွန်အား အကုန်သုံးသည့်တိုင် အနည်းငယ်မျှသာ ထိုးဖောက်နိုင်၏။ ဝိညာဉ်တည်ငြိမ်စေခြင်း သံတစ်ချောင်းလုံး ဦးခေါင်းခွံနှင့် အပြည့်အဝ မြုပ်ပြီးမှသာ ၎င်းကို ထိုးဖောက်နိုင်သည်။

“ ယွီအာ မင်းကိုယ့်ကို အဲ့လောက်မုန်းနေတာလား”

ချင်နန်ချီ၏ သုန်မှုန်နေသော အသံသည် နောက်မှ ရုတ်တရက် ပေါ်ထွက်လာ၏။

ယွင်ယွီက ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်စဉ် သေလုနီးပါး ဖြူဖျော့သော မျက်နှာဖြင့် လျှောက်လာသော ချင်နန်ချီကို တွေ့လိုက်ရသည်။

သူမ တည်ငြိမ်စွာ ပြောလိုက်၏။ “ ရှင်... အခုလို လုပ်ရပ်တွေ လုပ်ပြီး လူတွေရဲ့ အသက်ကို ယူနေတဲ့အချိန်တည်းက ဒီလိုနေ့ ရောက်လာမယ်ဆိုတာ သိထားသင့်တယ်”

ချင်နန်ချီက သူ့ရှေ့နား ရပ်လျက် သူမကို ငုံ့ကြည့်လိုက်သည်။ “အရင်တုန်းက ဖြစ်ခဲ့တာတွေ မှတ်မိသွားပြီလား”

“မှတ်မိပြီ”

ယွင်ယွီက မငြင်းဆန်ခဲ့ပေ။

အန်းအန်းကို မွေးပြီးနောက် သူမနေ့တိုင်း အိပ်မက်မက်ခဲ့ပြီး သူမတွေ့ကြုံခဲ့သမျှ အဖြစ်အပျက်များအားလုံးကို တဖြည်းဖြည်းချင်း သတိရလာသည်။ ၆ လအကြာ၌ သူမသည် ထိုစဉ်က အဖြစ်အပျက် အလုံးစုံကို အပြည့်အဝ မှတ်မိသွားပြီဖြစ်သည်။ သူမက မင်းသမီး ဖုယွီဖြစ်ပြီး ယွင်ယွီလည်း ဟုတ်၏။ သူမသည် နဂါးသွေးကြော၌ ပူဇော်ရာ၌ သေဆုံးသွားပြီးနောက် သူမယွင်ယွီ ဖြစ်လာသည်။

ယွင်ယွီကလည်း သူမ၏ရုပ်ခန္ဓာကို လိုလိုလားလား ပေးခဲ့၏။ ထို့ကြောင့် သူမချက်ချင်းပင် ယွင်ယွီဖြစ်လာကာ သူမနေရာတွင် ဆက်လက်ရှင်သန်နေထိုင်နိုင်သည်။

ပူးကပ်ခြင်းနှင့် ပေးအပ်ခြင်းက မတူညီပေ။ ပူးကပ်ခြင်းသည် ဆက်လက်နေထိုင်ရန် တစ်ပါးသူ၏ ခန္ဓာကိုယ်ကို ယူဆောင်ခြင်းဖြစ်ပြီး ပြစ်မှတ်က မည်သူမဆို ဖြစ်နိုင်ပြီး ပူးကပ်မှု နည်းစနစ်အောင်မြင်သရွေ့ ပူးကပ်မှု အောင်မြင်သွားမှာပဲ ဖြစ်သည်။

သို့သော် ပေးအပ်ခြင်းကမူ အခြေအနေများစွာ လိုအပ်သည်။ ပေးအပ်မည့်သူသည် သူတို့အသက်ကို ဆက်မရှင်နိုင်တော့မှန်း သိသည့်အချိန်၌ တစ်ပါးသူအား သူတို့ဘဝကို လိုလိုလားလား ပေးအပ်ရတာပဲ ဖြစ်သည်။

သူမက ယွင်ယွီနှင့် ဆင်တူ၏။ သူတို့ရုပ်ရည်က ဆင်တူ၏။ သူတို့ အရှိန်အဝါလည်း ဆင်တူသည်။ ထို့ကြောင့် သူမ နိုးထပြီး ယွင်ယွီ ဖြစ်လာတော့သည်။ သူမသည် ကလပ်ရှိ အဖြစ်အပျက်ကို တဖြည်းဖြည်းချင်း မှတ်မိလာပြီး ချင်ယွီစွေနှင့် သိကျွမ်းခဲ့မှု၊ သူတို့ လက်ထပ်ခဲ့ခြင်း၊ သူတို့ဆွေမျိုးသားချင်းများနှင့် ဟယ်ချင်းကျေးရွာကို မှတ်မိလာ၏။

ထို့ကြောင့် ရင်ကြောင့် သူမသည် ချင်နန်ချီကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှာရမည်။ တစ်သက်လုံး သူ၏ချုပ်နှောင်မှုကို လက်သင့်ခံရန် မရည်ရွယ်ထားပေ။ သူမနေချင်သည့် ဘဝက အလွန်ရိုးရှင်း၏။ ချင်ယွီစွေနှင့်အတူ သားတစ်ယောက် သမီးတစ်ယောက်နှင့် ဟယ်ချင်းကျေးရွာ၌ နေထိုင်ကာ တောင်နှင်းရေကန်ကို စောင့်ကြပ်ပြီး အပန်းဖြေစခန်းကို ကာကွယ်ကာ ဖုန်းရွှေပညာဖြင့် လူတို့ကို ကူညီပေးရန် ဖြစ်သည်။ ၎င်းက သူမအမြဲတစေ လိုလားတောင့်တနေသော ဘဝမျိုး ဖြစ်၏။

အောင်မြင်ခါနီးအချိန်၌ ရှန်လုလီ ပေါ်လာ၏။ သူ လူများစွာကို သတ်ဖြတ်ခဲ့သည်။ ထိုကဲ့သို့ အစွဲအလမ်း ဖြစ်ခဲ့သောကြောင့် လူများစွာကို ထိခိုက်စေခဲ့သည်။ သို့သော်ငြား ယင်းသည် အခြားသူများကို သူ၏ စွဲလမ်းမှုကြောင့် အခြားသူများကို ထိခိုက်မိစရာ အကြောင်းမရှိပေ။

သူမကြောင့် စတင်ပြီး သူမဖြင့်သာ အဆုံးသတ်ရမည်။

ချင်နန်ချီ၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားပြီး သူ၏မျက်လုံးနှင့် စိတ်ပျက်ဝမ်းနည်းကွဲကွာမှုများ ပေါ်လာတော့သည်။ “ ယွီအာ... ကိုယ့်နဲ့ တကယ် အတူမရှိချင်ဘူးလား။ မင်းကို ဒီလောက်ချစ်တာ။ မင်းကို နှစ်ပေါင်း ၂၀၀၀ လောက် ရှာနေခဲ့တာလေ။ ကိုယ့်ကို နည်းနည်းလေးတောင် အခွင့်အရေး မပေးခဲ့ဘူး”

ယွင်ယွီက တည်ငြိမ်စွာ ပြောလိုက်သည်။ “ ရှန်လုလီ... ကျွန်မက ရှင်ဒီလို ဖြစ်လာရတဲ့ အကြောင်းရင်း မဟုတ်ဘူး။ ရှင်တကိုယ်ကောင်းဆန်လို့ ဒီလိုဖြစ်လာတာပဲ။ ဒီနေရာထိ လိုက်လာတယ်ဆိုတော့ ဒီနေ့ အားလုံး ဖြေရှင်းကြရအောင်။ “

ပြောပြီးသည်နှင့် သူမသည် နောက်နှစ်လှမ်းဆုတ်ကာ လက်သင်္ကေတတစ်ခု ပြုလုပ်လျက် ဝိညာဉ်စွမ်းအင်များကို ချင်နန်ချီနား၌ ရစ်ဝဲသွားစေသည်။

ရှန်လုလီ၏ အရိုးခြောက်ကို ခုနစ်နေရာ၌ ခြောက်နေရာကို နေရာချထားပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံဆင့်က လျော့ပါးသွားပြီ ဖြစ်၏။ ဝိညာဉ်စွမ်းအင်ကို တွန်းထုတ်ရန် သူ၏လက်ကို မြှောက်လိုက်ချိန်၌ ဖယ်ရှားရုံသာ တတ်နိုင်သည်။ သူ နောက်သို့ နှစ်လှမ်းဆုတ်လျက် ယွင်ယွီနှင့် မီတာအနည်းငယ်အကွာ၌ ရပ်နေကာ လေးလံသော နှလုံးသား၊ ဝမ်းနည်းသော အကြည့်တို့ဖြင့် သူမကို ကြည့်နေလေ၏။

226 03

ပြီးနောက် ယွင်ယွီသည် မိုးကြိုး ၅ သွယ် အဆောင်နှစ်ခုကို ထပ်ထုတ်ပြီး ချင်နန်ချီထံ ပစ်လိုက်၏။ သူသည် ၎င်းတို့ကို ရှောင်လိုက်ပြီး သူ့၏မျက်နှာက ပိုတောင် ဖြူဖျော့လာ၏။

ယွင်ယွီသည် အခု သူတို့နှစ်ယောက် လက်ရည်ညီသွားမည်မှန်း သိလိုက်သည်။ သူ့၏ ကျင့်ကြံဆင့်က များစွာလျော့ကျလာ၏။ သူ့၏ကိုယ်၌ အဆောင်များစွာမှ အပ ဝိညာဉ်စွမ်းအင် အနည်းအကျဉ်းသာ ကျန်တော့သည်။ သူသည် တစ္ဆေကျင့်ကြံသူဖြစ်ပြီး ဝိညာဉ်စွမ်းအင်နှင့် မိုးကြိုး ၅ သွယ် အဆောင်၏ တိုက်ခိုက်မှုကို ကြောက်ရွံ့သည်။

သူမသည် ဤကာလအတွင်း မိုးကြိုး ၅ သွယ် အဆောင်များစွာ သိမ်းထား၏။ သူတို့ကို ချင်နန်ချီထံ တစ်ခုပြီးတစ်ခု ပစ်လိုက်သည်။ ချင်နန်ချီသည် အတိုင်းအတာ တစ်ခုအထိ သက်ရောက်ခံရသေးသည်။ အဆောင်က သူ့၏လက်ကို ထိသွားပြီး ပေါက်ကွဲသွားတော့၏။ သူ သွေးစက်များ မြေပြင်ပေါ် ကျသွားသည်။

ယွင်ယွီသည် သူ၏ လက်ပေါ်ရှိ ဒဏ်ရာကို ကြည့်ကာ နှုတ်ခမ်းတင်းတင်း စေ့လိုက်သည်။

“မင်းက တကယ် နှလုံးသား မရှိတာပဲ”

ချင်နန်ချီက ဒဏ်ရာရသည့် သူက သူမဟုတ်သည့်ပမာ မျက်မှောင်တစ်ချက်မတွန့်၊ လက်ပေါ်ရှိ ဒဏ်ရာကို ဂရုမစိုက်ဘဲ သူမကိုသာ စိုက်ကြည့်နေ၏။

ယွင်ယွီ၏ လက်က အနည်းငယ် တုန်နေသည်။ သူမသည် ဝိညာဉ်တည်ငြိမ်စေခြင်း သံကို အသုံးပြုစဉ်က သူမကျင့်ကြံမှုများစွာ အသုံးပြုခဲ့ပြီး ဖြစ်သည်။

ကောင်းကင်ယံ၌ မိုးခြိမ်းသံ ပေါ်ထွက်လာပြီး လျှပ်စီးက လိုက်ပါလာကာ မိုးစက်များက စတင်ရွာသွန်းကျလာတော့သည်။

အနား၌ သစ်ပင်များစွာရှိ၏။ သို့သော် မိုးဒဏ်ကို ကာကွယ်ပေးဖို့ မလုံလောက်ပေ။ သူတို့နှစ်ယောက်က မိုးစက်များကြောင့် စိုစွတ်လာပြီး ရုတ်တရက်ဆန်သော မိုးသည် အရိုးထဲထိအောင် အေးစေ၏။

ယွင်ယွီသည် မိုးစက်များကို သူမနှဖူးနှင့် ပါးပြင်ပေါ် ကျခွင့်ပေးလိုက်၏။ မိုးက သဲလွန်းနေပြီး နှစ်ယောက်သားက မိုးရေထဲ၌ မျက်နှာချင်းဆိုင် ရပ်နေသည်။

လက်ထဲ၌ မိုးကြိုး ၅ သွယ် အဆောင် မရှိတော့သဖြင့် ယွင်ယွီသည် လက်သီးကျစ်ကျစ်ဆုပ်ကာ ချင်နန်ချီကို လက်သီးဖြင့် ထိုးလိုက်သည်။

သူတို့နှစ်ယောက်သား ချက်ချင်း လုံးရင်းသွားတော့သည်။ နှစ်ယောက်သား ကျင့်ကြံမှု အနည်းအကျဉ်းသာ ကျန်တော့၏။ ယခု တစ်ယောက်နှင့်တစ်ယောက် လက်တို့ခြေတို့သာ သုံးပြီး တိုက်ခိုက်နိုင်၏။

မူလယွင်ယွီ၏ ကိုယ်ခံပညာ စွမ်းရည်သည် သူမထက် နိမ့်၏။ မူလသူမ၏ ရုပ်ခန္ဓာ စွမ်းရည်ကလည်း နိမ့်သည်။ ခဏတစ်ဖြုတ် တိုက်ခိုက်ပြီးနောက် သူသည် သူမ၏လည်ပင်းကို ဆွဲကိုင်နိုင်ခဲ့သည်။

ယွင်ယွီက ခေါင်းမော့လျက် သူ့ကို စိုက်ကြည့်လိုက်၏။ ချင်နန်ချီက မချိပြုံးပြုံးလိုက်တော့သည်။

“ ယွီအာ... ကိုယ့်ကို တကယ် သေစေချင်တာလား။ “

“ ကျွန်မ သေစေချင်တာ မဟုတ်ဘူး။ ရှင်ပဲ။ ရှင် ဒီအသက်ကို မစွန့်လွှတ်နိုင်တာ”

သူတို့နှစ်ယောက် အတူတကွ ကြီးပြင်းလာ၏။ ဖြစ်နိုင်မည် ဆိုလျှင် သူမ အဘယ်ကြောင့် သူ့ကို သတ်ချင်မည်နည်း။

“ သူကျတော့ ရပြီ။ ဘာကြောင့် ကိုယ်က မရတာလဲ။ မင်းကို အရင်ဆုံး တွေ့ခဲ့တဲ့သူက ကိုယ်။ ဒါပေမယ့် အဆုံးကျ သူက မင်းအတွက် ဝေ့မင်းဆက်ကို ကာကွယ်ပေးခဲ့တာကြောင့် သူ့ကို ချစ်မိသွားတယ်။ ဒါက ကံကြမ္မာလား”

သူ လက်မခံချင်ပေ။ သူသည် သူမကို ရတနာတစ်ပါးကဲ့သို့ ချစ်မြတ်နိုးခဲ့သည်။ ထို့သို့ဆိုလျှင် သူမအဖေကြောင့် ကုခေါ့နှင့် အတူရှိရသနည်း။

ယွင်ယွီက သူ့ကိုကြည့်ပြီး ပြောလိုက်သည်။ “သူနဲ့ရှင်ကြား အကြီးမားဆုံး ကွာဟချက်က သူက တခြားသူတွေကို ထိခိုက်အောင် မလုပ်သလို သူ့ရဲ့ဘဝကိုလည်း သစ္စာမဖောက်ခဲ့ဘူး”

ပြောနေစဉ် သူမသည် အင်္ကျီလက်ထဲမှ ဝိညာဉ်တည်ငြိမ်စေခြင်း သံကို သူမလက်ထုတ်ပြီး သူမလက်ဖဝါးထဲ ထည့်ကာ ချင်နန်ချီ၏ ဘဝထဲထဲက ဆက်ပြောလိုက်၏။

“ သူက တာဝန်ယူတတ်တယ်။ ဒီတစ်ခါ ရှင်နဲ့ ပြန်ကွဲသွားရင်တော့ သူက မူမူနဲ့ အန်းအန်းကို ကောင်းကောင်း ဂရုစိုက်ပေးပြီး ယွင်မိသားစုကို ဂရုစိုက်မှာ။ တစ်သက်လုံး သူတို့ကို အဖော်ပြုပေးလိမ့်မယ်”

226 04

ချင်နန်ချီသည် လက်တစ်ဖက်ဖြင့် သူမကို လည်ပင်းညှစ်လိုက်ကာ ငုံ့ကြည့်လိုက်သော်ငြား သူ၏မျက်လုံးထဲ၌ အမုန်းတရားများ မရှိ၊ စိတ်ရှုပ်ထွေးမှုများသာ ရှိနေ၏။ ချစ်ခြင်းတရားဟူသည် စိတ်ဆန္ဒ ပြင်းပြမှု၊ ရှိသင့်သည်ဟု ယုံကြည်မှုတို့ ဖြစ်၏။ သူမသေလွန်ပြီးနောက် သူတစ်ယောက်တည်း မနေချင်တော့ပေ။ သို့သော် ယင်းက မှားယွင်းနေသည်လော။

ထိုသို့ ပြောပြီးနောက် ယွင်ယွီသည် လှုပ်ရှားလျက် ဝိညာဉ်စမ်းရေထဲမှ ဝိညာဉ်စွမ်းအင်ကို ထုတ်ကာ သူမလက်ထဲရှိ ဝိညာဉ်တည်ငြိမ်စေခြင်း သံပေါ် စုဝေးလိုက်ပြီး ချင်နန်ချီ၏ နှဖူးကို ထိုးစိုက်လိုက်၏။

သံသည် ချင်နန်ချီ၏ နှဖူးကို ထိုးစိုက်သွားသည့် အချိန်၌ ဖောက်ထွက်သွားအသံ ထွက်လာကာ သွေးပွက်ပွက်များက ယွင်ယွီ၏ ပါးပေါ် စီးဆင်းလာသည်။

ချင်နန်ချီက ငြိမ်သက်စွာ ပြုံးလိုက်လေ၏။ သူ၏မျက်နှာက သေလူနီးပါး ဖြူဖျော့နေလေ၏။ ဝိညာဉ်တည်ငြိမ်စေခြင်းသံသည် သူ့၏ ဦးခေါင်းခွံကို ထိုးဖောက်သွားလေရာ ရှင်သန်နိုင်ရန် မဖြစ်နိုင်တော့ပေ။ ဝိညာဉ်တည်ငြိမ်စေခြင်း သံသည် သူ့၏ဝိညာဉ်နှင့် ခန္ဓာကို ထိုးဖောက်သွား၏။ သူသည် အရိုးထဲထိအောင် စိမ့်နေသည့် နာကျင်မှုကိုတောင် ခံစားရသည်။ သို့သော် သူမကို ရှာရန် နှစ်ပေါင်း ၂၀၀၀အတွင်း ခံစားခဲ့ရသည့် နာကျင်မှုလောက် မရှိပေ။

သို့သော် သူမကို ရှာတွေ့ခဲ့လျှင် နောက်ဘာများ အကျိုးထူးမည်နည်း။ သူမသည် သူ့ကို မုန်းတီးနေ၏။ မိုးက တဖြည်းဖြည်း တိတ်သွားတော့သည်။

ယွင်ယွီ၏ ခန္ဓာကိုယ်က မိုးကြောင့် စိုစွတ်နေပြီး မိုးရေစက်များက သူမ၏ ပါးပေါ် စီးကျနေ၏။ သူ့၏လက်ကျန် ခွန်အားဖြင့် ချင်နန်ချီသည် သူ၏လက်ကျန် ခွန်အားဖြင့် သူမကို ငုံ့ကြည့်ကာ ညင်သာစွာ ပြောလိုက်၏။

“ ယွီအာ... မင်းငိုနေတယ်”

သူ၏ မျက်လုံးနှင့် မျက်ခုံးတို့က နူးညံ့နေပြီး နှစ်ပေါင်း ၂၀၀၀ သူပြန်ရောက်သွားသည့် ပမာ၊ နန်းတော်ထဲ၌ သူမနှင့် အပြင်ထွက်ဆော့ရန် တိတ်တိတ်လေး လာခေါ်နေကြ၊ ပိုးသားဝတ်ရုံဝတ် လူငယ်လေးတစ်ယောက် အတွင်း ပြန်ရောက်သွားသလိုပင်။

“ ယွီအာ... ကိုယ့်ကို ချစ်ခဲ့ဖူးလား”

သူ၏အသံက တဖြည်းဖြည်းချင်း တိုးဖျော့သွားကာ နောက်ပြန်လှန်ကျသွား၏။ သို့သော်ငြား ယွင်ယွီ၏လည်ပင်းကို ဖိညှစ်ထားသည့် လက်က မလျော့သွားသဖြင့် ယွင်ယွီကလည်း သူ့ပေါ် ပြုတ်ကျသွားသည်။

သူ၏မျက်လုံးထဲ၌ အလင်းတစ်မျှင်သာ ကျန်တော့၏။ ထိုသို့တိုင်း သူမကို စိုက်ကြည့်နေသည်။

ယွင်ယွီ၏ ပါးပေါ် မိုးရေစက်များ ပိုကျလာ၏။ သူမစိတ်က တစ်ဝေဝေဝါးဝါး ဖြစ်နေကာ တစ်ကိုယ်လုံး တုန်ရီနေပြီး အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်သည်။

“အစ်ကိုရှန်”

ထိုအစ်ကိုရှန်က လုံလောက်သွားပုံပေါ်၏။ သူမ နောက်ထပ် ပြောချင်သည့် စကားကို သူသိနေကာ ညှင်သာစွာ ရယ်မောလျက် သူမလည်ပင်းကို ဖိညှစ်ထားသည်အား ဖြည်းဖြည်းချင်း ဖြေလျှော့ပေးပြီး သူမလက်ကို ကိုင်ရန် လက်ကျန်ခွန်အားကို သုံးလိုက်၏။

“ ယွီအာ... ကိုယ်တောင်းပန်ပါတယ်”

ထိုသို့ပြောပြီးနောက် မျက်လုံးဖြည်းဖြည်းချင်း မှိတ်သွားတော့သည်။ ယွီအာက တုန်ရီနေသော လက်ဖြင့် မျက်လုံးကို ကာထားလိုက်သည်။

သူမသည် လက်ဆန့်ထုတ်နေသော ဖြူဖွေးချောမောခန့်ညားသော လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရပုံပေါ်၏။ “ရှောင်ဖုယွီ... အပြင်မှာ ကစားဖို့ လာခေါ်တာ”

ယွင်ယွီက မျက်ရည်များ ကျလာတော့သည်။ အချိန်မည်မျှ ကုန်လွန်သွားသည်မသိ။ သို့သော် တဖြည်းဖြည်းချင်း မှောင်လာတော့သည်။ ယွင်ယွီက တဖြည်းဖြည်းချင်း ခေါင်းမော့လျက် မျက်လုံးများက နီမြန်းနေ၏။ သူမ ဖြည်းဖြည်းချင်း ထကာ ရှန်လုလီ၏ အရိုးကို ယူလျက် ခေါင်းတလားထဲ ထည့်လိုက်သည်။ ပြီးနောက် ချင်နန်ချီ၏ အလောင်းကိုလည်း ခေါင်းတလားထဲ ဖြည်းဖြည်းချင်း ထည့်လိုက်၏။ ခေါင်းတလားအတွင်း၌ ရှန်လုလီ၏အရိုးသည် ဖြည်းဖြည်းချင်း အမှုန့်ဖြစ်သွားတော့သည်။

ချင်နန်ချီ၏ အလောင်းနှင့် မင်းသမီး ဖုယွီ၏ အကြွင်းအကျန်များသာ ကျန်ရစ်၏။ သူ၏ ဝိညာဉ်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ခုနစ်ခုမြောက် ဝိညာဉ်တည်ငြိမ်စေခြင်း သံကို ချင်နန်ချီ၏ နှစ်ဖူးထဲ စိုက်ထားပြီး ဖြစ်ကာ သူ၏ဝိညာဉ်ကို ထိုးဖောက်သွား၏။ ထိုအပ်သည် ဝိညာဉ်စမ်းရေမှ ဝိညာဉ်စွမ်းအင်များစွာ စုပ်ယူထားသည်။ သူ့ဝိညာဉ်က မတည်မငြိမ် ဖြစ်နေပြီ ဖြစ်သောကြောင့် အသက်ပြန်ရှင်လာနိုင်မှာ မဟုတ်ပေ။ သူ ရှင်သန်လာရန် အခွင့်အရေး မရှိတော့ချေ။

226 05

ယွင်ယွီက ခေါင်းတလားအဖုံးကို ဖြည်းဖြည်းချင်း ဖွင့်လျက် ခေါင်းတလားထဲသို့ မြေလက်တစ်ဆုပ်စာ ထည့်လိုက်သည်။ ပြီးနောက် ခေါင်းတလားကို ဖြည်းဖြည်းချင်း ပိတ်ကာလိုက်၏။

ယွင်ယွီသည် မြေကြီး တဖြည်းဖြည်း မြင့်လာတာကို ကြည့်နေစဉ် သူမအားအင် ကုန်ခမ်းလာပြီး သတိလစ်သွားတော့သည်။

ချင်ယွီစွေသည် အဘိုးအိုဟယ် ရောက်လာတာကို မြင်သောအခါ သိပ်မအံ့ဩခဲ့ပေ။ ရှောင်ယွီအာသည် ထိုစဉ်က ဟယ်မိသားစုကို ကယ်တင်ခဲ့ကြောင်း သူသိထားသောကြောင့်ဖြစ်သည်။

သို့သော်ငြား ဗိုလ်ချုပ်လုံက သူ့ကို မြင်သောအခါ မမေးဘဲ မနေနိုင်တော့ပေ။ “အဘိုးကြီးဟယ်... ဒီမှာ ဘာလာလုပ်တာလဲ”

ရှောင်ယွီအာ ပျောက်သွားချိန်မှစပြီး သူသည် သူ့၏မြေးကို စိုးရိမ်ပူပန်နေသဖြင့် ဤနေရာတွင်သာ နေ၏။ သူ့၏မြေးသည် ဤရက်ပိုင်းအတွင်း ကိုယ်အလေးချိန်များစွာ ကျသွားသည်။ သို့သော် သူ မပြိုလဲသွားသေးတာ တော်သေးသည်။ တစ်ဖက်တွင် မူမူကလည်း ပိုပိုတိတ်ဆိတ်လာပြီး ခိုးငိုတတ်၏။

အဘိုးကြီးဟယ်က အထဲသို့ ဝင်လာပြီး သူ့၏မြေး ဟယ်ဆန်းကလည်း လိုက်လာသည်။ ဟယ်ဆန်းသည် ၆ လသားအရွယ်ခန့်ရှိသော ကလေးလေးတစ်ယောက်ကို ပွေ့ချီလာ၏။ သူမက ချစ်စဖွယ်ကောင်းသော အဝါရောင် ဖဲအင်္ကျီလေး ဝတ်ထားပြီး ဟယ်ဆန်း၏ လက်မောင်းပေါ်၌ အိပ်ပျော်နေသည်။ ဗိုလ်ချုပ်လုံက ကလေးမလေးကို တစ်ချက်ကြည့်ပြီးနောက် အဘိုးကြီးဟယ်အား သူ၏မြေးကို ကလေးခေါ်လာခိုင်းရသည့် အကြောင်းရင်းကို မေးရန် ပြင်လိုက်သည်။ ပြီးနောက် သူတို့သည် သူ၏မြေးလေးက ဟယ်ဆန်းဆီ လျှောက်သွားပြီး ကလေးမလေးကို ပွေ့ချီလိုက်တာကို တွေ့လိုက်ရသည်။ ဟယ်ဆန်းက ကလေးကို ချင်ယွီစွေအား ပေးလိုက်၏။

ဗိုလ်ချုပ်လုံက တအံ့တအော မေးလိုက်တော့သည်။ “ ယွီစွေ့... ဒါက... “

ချင်ယွီစွေသည် သူ့ရင်ခွင်ထဲရှိ ကလေးကိုကြည့်ကာ ကြင်နာစွာ ပြောလိုက်တော့သည်။ “ အဘိုး... ဒါ ကျွန်တော်နဲ့ ရှောင်ယွီအာရဲ့ သမီးလေး”

ဗိုလ်ချုပ်လုံက ထိတ်လန့်သွား၏။ သူက အမြန်ထကာ ချင်ယွီစွေဘက်သွားပြီး သူ့ရင်ခွင်ထဲရှိ ကလေးမလေးကို ကြည့်လိုက်၏။ ကလေး၏မျက်နှာက ရှောင်ယွီအာနှင့် တစ်ထပ်တည်း တူနေသည်။ မျက်တောင်ရှည်ပြီး မျက်ရစ်နှစ်ထပ်ရှိကာ နှာတံက အနည်းငယ် နီမြန်းနေလျက် မျက်လုံးနားက အနည်းငယ် စိုစွတ်နေ၏။ “

ဟယ်ဆန်းက မဝံ့မရဲ ပြုံးလိုက်၏။ “ အဘိုးလုံ... အန်းအန်းက တစ်လမ်းလုံး ငိုလာတာ။ မောပြီး အိပ်ပျော်သွားတယ်”

“ဘာဖြစ်တာလဲ” ဗိုလ်ချုပ်လုံသည် အကြီးအကဲဟယ်ကို မေးလိုက်သည်။

ဤရက်ပိုင်းများအတွင်း ရွှီလန်ထင်းကလည်း ဟယ်ချင်းကျေးရွာ၌ နေနေ၏။ သူလည်း သတင်းကြားပြီး ရောက်လာသည်။ သတင်းကြားသောအခါ သူက ချင်ယွီစွေဆီ လာကြည့်၏။ သူ့ရောက်ချိန်၌ ကလေးက ရှောင်ယွီအာနှင့် တစ်ထပ်တည်း တူနေတာ တွေ့လိုက်ရ၏။ သို့သော် ချင်ယွီစွေ၏ အရိပ်အယောင်ကိုလည်း မြင်ရသည်။

ပြီးနောက် အဘိုးအိုဟယ်က ပြောလိုက်သည်။ “ လွန်ခဲ့တဲ့ ၃ လတုန်းက အဘိုးရှက ငါ့ဆီဆက်သွယ်ပြီး ဆရာသခင်ယွင်က သူ့မြေးရဲ့ ပြဿနာကို ဖြေရှင်းပေးသွားတယ်လို့ ပြောတယ်။ ပြဿနာဖြေရှင်းပြီးတော့ ငါ့ဆီ တစ်ခုပြောခိုင်းလိုက်တယ်။ သူနဲ့ ချင်နန်ချီက ၃ လကြာပြီး ရုတ်တရက် ပျောက်သွားမယ်ဆိုရင် ချင်နန်ချီရဲ့ စံအိမ်ကို သွားပြီး အန်းအန်းကို ခေါ်သင့်တယ်တဲ့။ သူနဲ့ ချင်နန်ချီ ပျောက်သွားတာ ၃ လကြာသွားပြီ။ ၁၀ ရက်တောင် လွန်သွားပြီဆိုတော့ သတင်းလည်း မရသေးဘူး။ ဒါကြောင့် သူတို့စံအိမ်ကို သွားပြီး အန်းအန်းကို ခေါ်လာတာ”

စောင့်နေသည်သူများကတော့ ရှိသေးသည်။ သို့သော်ငြား သူသည် လူများစွာ ခေါ်သွားတာ ဖြစ်၏။ သူတို့အားလုံး အားသုံးပြီး ဝင်ရောက်ခဲ့သည်။

ဆရာသခင်ယွင်က ဖောက်ဝင်ရန် ပြောကာပြီး အန်းအန်းကို ခေါ်သွားကာ ဟယ်ချင်းကျေးရွာသို့ ပြန်ပို့ခိုင်းထားတာ ဖြစ်သည်။ ထိုစကားကို ကြားပြီး လူတိုင်း တိတ်ဆိတ်သွားလေ၏။

ချင်ယွီစွေက သူ့ရင်ခွင်ထဲရှိ အန်းအန်းကို ကြင်နာစွာ ကြည့်လိုက်သည်။ ယင်းက သူနှင့် ရှောင်ယွီအာ၏ သမီးလေးဖြစ်သည်။ မြို့တော်သို့ ရောက်လာပြီးနောက် ယွီအာသည် ကိုယ်ဝန်လွယ်ထားရပြီဖြစ်သော်ငြား သူတို့သတိမပြုခဲ့မိပေ။

226 06

ဗိုလ်ချုပ်လုံက မေးလိုက်၏။ “ချင်မိသားစုက လက်ရှိအခြေအနေ ဘယ်လိုလဲ။ ရှောင်ယွီအာနဲ့ ချင်နန်ချီ ဘယ်သွားတာလဲ”

သခင်ကြီးဟယ်က ခေါင်းခါလိုက်၏။ “အဲဒါကို မသိဘူး။ ဒါပေမယ့် စုံစမ်းခိုင်းထားတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်တုန်းက ဆရာသခင်ယွင်က ခွန်းလွန်တောင်ကို သွားပြီး ခြေရာလက်ရာမကျန် ပျောက်သွားတာ”

ယွင်ယွီက ခွန်းလွန်တောင်ကို သွားရသည့် အကြောင်းရင်းကို သူတို့ မသိပေ။ သို့သော် ချင်ယွီစွေကမူ ကြားလျှင်ကြားချင်း အကြောင်းရင်း သိသွား၏။ သူသည် တံခါးအပြင်ဘက်ကို လှမ်းကြည့်နေစဉ် ဗိုလ်ချုပ်လုံက မေးလာ၏။ “ ရှောင်ယွီအာကို သွားရှာချင်လား”

ချင်ယွီစွေက ဆိတ်ဆိတ်နေပြီး ယွင်မိသားစုကို စိတ်ပူနေသေးသည်။ အကြီးအကဲလုံသည် သူ၏ စိုးရိမ်ပူပန်မှုများကို သိကာ ပြောလိုက်၏။ “ခွန်းလွန်တောင်ကို သွားပြီး ရှောင်ယွီအာကို သွားရှာ။ ယွင်မိသားစုအတွက် စိတ်မပူနဲ့။ ချီရှောင်၊ ချီချန်းနဲ့ ဝမ့်ရင်းတို့ကို ခေါ်လိုက်မယ်။ ချင်နန်ချီ နောက်ထပ် လှုပ်ရှားလာမယ်ဆိုရင်တောင် သူတို့တွေ ယွင်မိသားစုကို ကာကွယ်နိုင်လိမ့်မယ်လို့ ယုံတယ်”

ရွှီလန်ထင်းကလည်း ပြောလိုက်၏။ “သွား။ ငါ လန်လန်နဲ့ အဖွားကို ကာကွယ်ပေးထားမယ်”

ထိုစဉ်က ယွင်လန်သည် မတော်တဆမှု ဖြစ်ခဲ့၏။ သူ ဆေးရုံ၌ ရက်ပေါင်းများစွာ နေခဲ့သည်။ ယွင်လန်က စိတ်ရုံမှ ဆင်းပြီးသည့်တိုင် သူက ထွက်မသွားဘဲ ယွင်လန်အိမ်တွင် နေကာ သူမကို ဂရုစိုက်ပေး၏။ သူမကို လိုက်ဖို့ အကြောင်း ဘာမှ ထပ်မပြောပေ။ သူတို့နှစ်ယောက်သားက ဤအတိုင်းသား ရှိနေသည်။

ရွှီမိသားစုက ဘာမှ မပြောခဲ့ပေ။ ရွှီလန်ထင်း၏ မိခင်ဆိုလျှင် ယွင်လန်ဆီတောင် လာရောက်လည်ပတ်ပြီး မင်းသူ့ကို မုန်းနေရင်တောင် သူ့ကို ဂရုစိုက်ခွင့်ပေးပါလို့ ပြောခဲ့သည်။

မင်္ဂလာပွဲ မည်သည့်အချိန်တွင် ကျင်းပမည်လည်းဟု တိတ်တိတ်လေး မေးခဲ့၏။

ဆိုရလျှင် သူမကလေးများက အသက်ကြီးနေပြီ ဖြစ်သည်။ ထို့အပြင် သူမက ယွင်လန်၏ မိသားစုအကြောင်း တိတ်တိတ်လေး စုံစမ်းထားပြီး ဖြစ်ကာ သူမ အကျင့်စရိုက်ကို သိ၏။ သူမ၏ ညီမ ယွင်ယွီ အရည်အချင်းရှိကြောင်း သိထားသော်ငြား ရွှီမိသားစုသည် မိန်းကလေး၏ အကျင့်စရိုက်ကို ပိုတန်ဖိုးထားပြီး သူတို့အားလုံးက ယွင်လန်ကို အလွန်နှစ်သက်၏။ သူ့သည် မိန်းမကောင်းလေးတစ်ယောက် ဖြစ်ပြီး သူတို့ လန်ထင်းနှင့် လိုက်ဖက်တာထက် ပိုသည်။

သူက အမေရွှီကို ပြောခဲ့၏။ “လန်လန် ပြန်ကောင်းလာပြီး ယွင်ယွီ အိမ်ပြန်ရောက်လာတဲ့ အချိန်ထိ စောင့်ကြတာပေါ့”

ယွင်ယွီ ပြန်မလာလျှင် လန်လန်နှင့် ယွင်မိသားစုသည် မင်္ဂလာပွဲ ကျင်းပရန် စိတ်ပါမှာ မဟုတ်ပေ။

“ကောင်းပြီ”ချင်ယွီစွေက နောက်ဆုံး၌ လက်ခံလိုက်၏။ သူက ယွီအာ၏ ဘေးကင်းလုံခြုံမှုကို စိတ်ပူသည်။ ချင်နန်ချီကို ယွီအာ သတ်လိုက်မှာ စိတ်မပူပေ။ အခြားသော အချက်များကို စိုးရိမ်ပူပန်နေခြင်း ဖြစ်၏။

ထို့ပြင် ချင်နန်ချီကလည်း ယခု ခွန်းလွန်တောင်ကို သွားပြီ ဖြစ်၏။ ထို့ကြောင့် ယွင်မိသားစုကို သူ ဖြေရှင်းနိုင်စရာ အကြောင်းမရှိပေ။

ဗိုလ်ချုပ်လုံသည် သူ၏ ညီမလုံနျန်စီကို ချက်ချင်း ဆက်သွယ်လိုက်ပြီး လုံချီရှောင်ကို ခေါ်လိုက်သည်။

နှစ်ယောက်လုံးသည် လာမည့်စိတ်ရှိကြောင်းနှင့် ချင်ယွီစွေကို လူရှာရန် အာရုံစိုက်ဖို့သာ ပြောလိုက်၏။ ထိုနေ့လည်ခင်း၌ လုံမိသားစုဝင်လေးယောက်၊ စုန့်ချင်းမင်၊ လီကျိုး၊ ရှောင်ရှောင်နှင့် ဝမ်ရူတို့ကလည်း လိုက်ပါလာသည်။ အနည်းငယ်သာ နေခဲ့ပြီး ကျန်သည့်လူများက သူနှင့်အတူ ရှောင်ယွီအာကို သွားရှာကြမည်ဟု ဆိုသည်။

ချင်ယွီစွေက ခေါင်းခါပြီး ငြင်းဆန်လိုက်၏။ “မလိုဘူး။ မင်းတို့တွေ ဟယ်ချင်းကျေးရွာမှာ နေလို့ရတယ်”

ချင်နန်ချီ အသက်ရှင်နေသေးပါက သူတို့သွားလည်း အကျိုးမထူးပေ။ သူတို့ သုံးယောက်ကြား အညှိုးအတေး၌ အခြားသူများ ဝင်ပါရန် မလိုအပ်ပေ။

နောက်ပိုင်း၌ သူတို့သည် ဟယ်ချင်းကျေးရွာ၌ နေလေ့၏။ သူတို့ရှိနေချိန် ချင်ယွီစွေက အနည်းနှင့်အများ စိတ်အေးသွားသည်။ သူတို့အားလုံး ကျင့်ကြံသူများ ဖြစ်သဖြင့် ယွင်မိသားစုကို ကာကွယ်ပေးနိုင်လိမ့်မည်။

နေ့လည်ခင်း၌ ချင်ယွီစွေသည် ခွန်းလွန်တောင်ခြေသို့ အမြန်သွားလိုက်၏။ ၇ နာရီ ထိုးနေပြီ ဖြစ်ကာ မှောင်နေပြီ ဖြစ်သည်။ တွန့်ဆုတ်မနေဘဲ သူသည် တောင်တက်များဆီ တန်းသွားလိုက်သည်။ သူသည် ပစ္စည်းကိရိယာများ ရေနှင့် အစားအသောက်များ တစ်ပါတည်း သယ်လာ၏။ ရေနှင့် အစားအသောက် မရှိလျှင်တောင် တောင်ပေါ်၌ ရှင်သန်နိုင်သေးသည်။

226 07

ထို့အပြင် သူသည် ယွင်ယွီနှင့် ချင်နန်ချီ မည်သည့်နေရာတွင် ရှိကြောင်း သိ၏။ မင်းသမီးလေး ဖုယွီကို မြှုပ်နှံထားသည့် နေရာပင် ဖြစ်သည်။

သူ ထိုနေရာကို မှတ်မိသည်။ ၃ ရက်အကြာ၌ ချင်ယွီစွေသည် ဖုယွီ ပူဇော်သည့် နေရာကို ရှာတွေ့သွား၏။ အရာအားလုံး စိုစွတ်ပြီး ရွှံ့ထူနေသောကြောင့် တောင်ပေါ်၌ မိုးရွာခဲ့တာ ဖြစ်မည်။ အဝေး၌ သူသည် ရွှံ့ထဲ၌ လဲနေသော သေးသွယ်သော ပုံရိပ်ကို တွေ့လိုက်ရ၏။

သူ၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားကာ အမြန်လျှောက်သွားလိုက်တော့သည်။ သူက ဆောင့်ကြောင့်ထိုင်ချလျက် သူမကို ပွေ့ချီလိုက်သည်။ သူမ ရေစိုနေသော ခန္ဓာကိုယ်က နွေးနေသေး၏။

ချင်ယွီစွေက ထိုလူကို တင်းကျပ်စွာ ပွေ့ထားပြီး သူ့၏တစ်ကိုယ်လုံး တုန်ယင်နေကာ တီးတိုးပြောလိုက်လေ၏။ “ ယွီအာ”

ယွင်ယွီ၏ မျက်နှာသည် သေလူနီးပါး ဖြူဖျော့နေ၏။ သူ့၏အသံကို ကြားသောအခါ မျက်တောင်များ အနည်းငယ် လှုပ်သွားသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်ချိန်၌ သူဖြစ်နေတာ တွေ့လိုက်ရသည်။ သူမက သူ့လက်ကို ဆွဲကိုင်လျက် အားတင်းပြုံးလိုက်၏။

“ယောက်ျား... နောက်ဆုံးတော့ ရောက်လာပြီပဲ”

“ ယွီအာ... အဆင်ပြေရဲ့လား”

ချင်ယွီစွေက သူမကို တင်းကျပ်စွာ ထွေးပွေ့ထားလျက် ရင်နာနေတော့သည်။

ယွင်ယွီက သူ့ကို မှီကာ မျက်လုံး မှိတ်လျက် ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။

“စိတ်မပူနဲ့။ ကျွန်မ အဆင်ပြေတယ်”

သူမ အားနည်းလွန်းနေရုံသာ ဖြစ်သည်။

ချင်ယွီစွေက သူမ လက်ကို ညှစ်လိုက်သည်။ “ အခု အိမ်ပြန်ကြရအောင်”

သူက ဆက်သွယ်ရေး ကရိယာကို ထုတ်လိုက်သည်။ ဝေးလန်သည့် တောတွင်းတောင် ပြင်ပလောကနှင့် ဆက်သွယ်နိုင်သည်။ သူသည် ရှဲ့နင်ကို ဆက်သွယ်ပြီး ကိုဩဒိနိတ်ပို့ပေးကာ ရဟတ်ယာဉ် လွှတ်ခိုင်းလိုက်၏။ ၎င်းက အမြန်ဆုံး နည်းလမ်း ဖြစ်သည်။

ရှဲ့နင်သည် ဆယ်နာရီ အကြာ၌ ရောက်လာမည်။

ချင်ယွီစွေက ယွင်ယွီကို ပွေ့ချီထားလျက် သစ်ပင်အောက်ရှိ အတော်လေး ခြောက်သွေ့သော နေရာကို ရှာကာ သူ၏ ကျောပိုးအိတ်ထဲမှ ပစ္စည်းကလေး တစ်ချို့ကို ထုတ်ပြီး ယွင်ယွီအား ကျွေးလိုက်သည်။

“ အရင် စားထားလိုက်ဦး။ ရှဲ့နင် ဒီကို မကြာခင် ရောက်လာလိမ့်မယ်။ အဆင်ပြေသွားမှာ”

ယွင်ယွီက တစ်စုံတစ်ခု စားခဲ့သည်။ ရှန်လုလီကို မြှုပ်နှံပြီးနောက် သူမ ရွံ့ထဲ၌ ၃ရက်ကြာ လဲနေကာ နေ့စဉ်နေ့တိုင်း ဝိညာဉ်စွမ်းအင် ဆေးရည် တစ်ချို့သာ သောက်ပြီး ခွန်အား ဖြည်းဖြည်းချင်း ဖြည့်နေရ၏။ ချင်ယွီစွေ မလာလျှင် သူမ မည်သို့ ရှိနေမည်မှန်း မသိပေ။

အနည်းငယ် စားသောက်ပြီး ရေသောက်ပြီးနောက် ယွင်ယွီသည် ချင်ယွီစွေ၏ ရင်ခွင်ထဲ၌ အိပ်ပျော်သွားသည်။

ဆယ်နာရီအကြာ၌ ရှဲ့နင် ရဟတ်ယာဉ်ဖြင့် ရောက်လာပြီး သူတို့ နှစ်ယောက်ကို ရှာတွေ့ကာ နေရာလွတ်တွင် ဆင်းသက်လိုက်သည်။

ချင်ယွီစွေက ယွင်ယွီကို ရဟတ်ယာဉ်ပေါ် ပွေ့ချီလာသည်။

ရှဲ့နင်က သူတို့ကို ကြည့်ပြီး နောက်ဆုံး၌ သက်ပြင်းချလိုက်လေ၏။ “ နောက်ဆုံးတော့ မရီးကို တွေ့သွားပြီ”

ချင်ယွီစွေက အိမ်ဟု ဖြေလျက် သူ့ ရင်ခွင်ထဲရှိ အမျိုးသမီးကို ကြည့်လိုက်သည်။ “အိမ်ပြန်ကြရအောင်”

သူတို့သည် ဟဲချင်းကျေးရွာသို့ တန်းပြန်သွားခဲ့သည်။

ဒုတိယမြောက် ညနေခင်းတွင် ဟယ်ချင်းကျေးရွာသို့ ရောက်သည်။ ယွင်ယွီက ရဟတ်ယာဉ်ပေါ်တွင် နိုးလာသော်ငြား သူတို့ အိမ်ပြန်လမ်းတွင် ရှိနေကြောင်း သဘောပေါက်သွားချိန်၌ အိပ်ပျော်သွားပြန်၏။

226 08

သူမ နိုးလာချိန်၌ ဟယ်ချင်းကျေးရွာသို့ ရောက်လာပြီး ဖြစ်သည်။

ရှဲ့နင်သည် ရွာထဲ၌ ရဟတ်ယာဉ်ကို ရပ်လိုက်ပြီး ချင်ယွီစွေက ယွင်ယွီကို ရဟတ်ယာဉ်ပေါ်မှ ချကာ ယွင်ယွီ အိမ်သို့ သယ်သွားသည်။

ယွင်ယွီသည် ယွင်မိသားစု အိမ်ဝသို့ ရောက်ချိန်၌ သူမ၏ အဘွား၊ အဘိုး၊ အစ်မနှင့် မောင်လေးတို့ ရပ်နေတာကို တွေ့လိုက်ရသည်။

ဗိုလ်ချုပ်လုံ၊ လုံချီရှောင်၊ စုန့်ချင်းမင်နှင့် ကျန်သည့်သူများလည်း ရှိနေပြီး လူများစွာက သူမကို စောင့်ဆိုင်းနေကြသည်။

ဗိုလ်ချုပ်လုံသည် မူမူ၏လက်ကို ကိုင်ထားစဉ် အမေယွင်ကမူ အန်းအန်းကို ပွေ့ချီထားသည်။

အဝေးကနေ သူတို့က ယွင်ယွီနှင့် ချင်ယွီစွေကို လက်လှမ်းပြနေသည်။

ယွင်ယွီ၏ မျက်လုံးက ဖြည်းဖြည်းချင်း စိုစွတ်လာပြီး သူမ ချင်ယွီစွေကို မော့ကြည့်ကာ တီးတို ပြောလိုက်တော့သည်။

“ကျွန်မတို့ အိမ်ပြန်လာပြီ”

ချင်ယွီစွေက သူမကို တင်းကျပ်စွာ ထွေးပွေ့လျက် ညင်သာစွာ ပြောလိုက်တော့သည်။ “ “ဟုတ်တယ် ယွီအာ၊ အိမ်ပြန်ကြရအောင်”

ယွင်ယွီသည် ချင်ယွီစွေကို တင်းကျပ်စွာ ထွေးပွေ့သည်။ သူမ နောက်ဆုံး၌ အိမ်ပြန်ရောက်လာပြီ ဖြစ်သည်။

ယင်းက သူမ၏ မိသားစု၊ သူမ အချစ်မြတ်နိုးရဆုံး၊ ဤနေရာ၌ သူမမိသားစု ဖြစ်ပြီး သူမ ချစ်မြတ်နိုးရသော အမျိုးသား၊ သူမ၏ ကလေးများ ရှိနေ၏။ နောင်ကျ အခက်အခဲ မည်မျှ တွေ့ကြုံရစေကာမူ ဤနေရာသည် သူမ၏ အကြီးမားဆုံး အားကိုးအားထားရာ အားတက်စရာနှင့် နွေးထွေးမှုတို့ ရှိသည့်နေရာပင် ဖြစ်သည်။

အပိုင်း 227

ယွင်ယွီသည် သုံးလတာ အနားယူပြီးနောက် သူမ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း ကောင်းမွန်လာ၏။ ယခုအခေါက်၌ ဒဏ်ရာပြင်းထန်ခဲ့သည်။ ရှန်လုလီ ခေါ်ဆောင်သွားတာ ခံရပြီးနောက် ကလေးမွေးခြင်းနှင့် ဟယ်မိသားစုကို ကူကောင်များ ဖယ်ရှားပေးခြင်းတို့အပြင် ရှန်လုလီနှင့် တိုက်ခိုက်ခဲ့ချိန်၌ သူမ၏ခန္ဓာကိုယ်က အတော်လေး ထိခိုက်သွား၏။

အထူးသဖြင့် တိုက်ပွဲကာလ၌ ရှန်လုလီ၏ ကျင့်ကြံစဉ်က မြင့်မားလွန်းနေသည်၊ သူမက အင်မတန် တောင့်ခံထားရတာပဲ ဖြစ်သည်။ ယခုအခေါက်၌ ပြန်လည်ထူထောင်သည့် အချိန်က အတော်လေး နှေးကွေးသည်။ ကံကောင်းသည်မှာ ဘာမှများများစားစား မဖြစ်ခဲ့ပေ။ ကုန်လွန်ခဲ့သည့် ခြောက်လတာအတွင်း သူမသည် ဗေဒင်ဟောခြင်း မပြုသလို၊ကျန်သည့် ဖုန်းရွှေကြည့်ပေးခြင်းလည်း မပြုလုပ်ခဲ့ပေ။

ရွာသူရွာသားများက ပြဿနာရှိလျှင် လုံမိသားစု၊ စုန့်ချင်းမင်၊ လီကျိုး သို့မဟုတ် ရှောင်ရှောင်တို့ကို အကူအညီတောင်းလေ၏။ အထူးဌာနက နှစ်စဉ်ခွင့်များ ရသည်။ စုန့်ချင်းမင်နှင့် ကျန်သည့်သူများက အလုပ်မရှိသောကြောင့် သူတို့ အတော်လေး အားလပ်နေ၏။ လတ်တလော၌ သူတို့ အပန်းဖြေစခန်း၌ နေသည်။ ဆောင်းရာသီ ရောက်ပြီ ဆိုသော်ငြား အပန်းဖြေစခန်း၌ ဧည့်သည်အနည်းအကျဉ်း ရှိနေသေးသည်။

ယွင်ယွီသည် ပထမဆုံး သုံးလတာကို အိပ်စက်နားနေခဲ့၏။ တဖြည်းဖြည်းချင်း ပြန်ပေါ်လာရန် အချိန်သုံးလ ယူခဲ့ရသည်။ သူမ ပထမဆုံး ပြန်လာစဉ်၌ ယွင်မိသားစုကို သေလုနီးပါး ထိတ်လန့်သွားစေခဲ့သည်။ မူမူက ပထမဆုံးအကြိမ် ကျယ်လောင်စွာ ငိုကြွေးခဲ့ကာ သူမ၏သွင်ပြင်ကြောင့် ထိတ်လန့်သွားပြီး သူမကို ဆုံးရှုံးရမှာ ကြောက်လန့်နေတာ သိသာ၏။

မူမူ အကြောင်း ဆိုရမည် ဆိုလျှင် ဤကလေးသည် မူကြိုတက်နေပြီ ဖြစ်သော်ငြား လက်ရှိတွင် ပိတ်ရက်ရထားသဖြင့် ဗိုလ်ချုပ်လုံနှင့် အန်တီကျောက်တို့က ကလေးနှစ်ယောက်ကို ကူပြီးဂရုစိုက်ပေးနေသည်။ ရှောင်အန်းအန်းကမူ အိမ်ရောက်လာတဲ့အခါ အခြေတကျ ဖြစ်လာပြီး ဂျီးကျခြင်း မရှိဘဲ လိမ်လိမ်မာမာ စားသောက် အိပ်စက်သည်။ သို့သော်ငြား သူ၏ အကျင့်စရိုက်သည် မူမူနှင့် မတူညီတာ သိသာ၏။ သူမသည် မူမူငယ်စဉ်ကနှင့် အနည်းငယ် ပိုတူသည်။

ယခု သူမ ပြန်ကောင်းလာချိန်၌ ချင်ယွီစွေက သူမကို ညနေခင်း၌ လမ်းလျှောက်ထွက်ရန် ခေါ်သွားတတ်သည်။ ညနေခင်းတွင် ညစာစားပြီးနောက် ဗိုလ်ချုပ်လုံနှင့် အန်တီကျောက်တို့သည် မူမူနှင့် အန်းအန်းတို့ကို ခေါ်ကာ ယွင်မိသားစု ခြံဝင်းထဲ၌ သွားဆော့ကြသည်။ ချင်ယွီစွေက ယွင်ယွီကို ရွာဝင်ဝသို့ ခေါ်သွား၏။

လူရှင်းသော လမ်းဖြစ်သဖြင့် လမ်းလျှောက်ရန် အသင့်တော်ဆုံး ဖြစ်သည်။ သူတို့ လမ်းလျှောက်နေစဉ် ချင်ယွီစွေက အချိန်တော်ကြာ တိတ်ဆိတ်နေပြီး နောက်ဆုံး၌ မေးလိုက်၏။

"သူ သေသွားပြီလား"

ကုန်လွန်ခဲ့သည့် သုံးလတာအတွင်း သူတို့နှစ်ယောက်သည် ရှန်လုလီအကြောင်း မပြောခဲ့ပေ။ ထိုနေ့ အိမ်ပြန်ရောက်လာချိန်မှစပြီး ချင်ယွီစွေသည် ယွီအာ၏ တိတ်ဆိတ်မှုနှင့် ဝမ်းနည်းမှုကို မြင်တွေ့ခဲ့ရသဖြင့် အချိန်အတိုင်းတာ တစ်ခုအထိ သူတို့နှစ်ယောက် မပြောရဲသော အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည်။

ယွင်ယွီက ခဏရပ်တန့်သွားကာ အင်း ဟူ၍ ဖြေလျက် ပြောလိုက်သည်။

"သူ့ရဲ့ ဝိညာဉ် ပြိုကွဲသွားလောက်ပြီ။ ဤကမ္ဘာမှာ ဘယ်တော့မှ ထပ်ပေါ်လာတော့မှာ မဟုတ်ဘူး"

ချင်ယွီစွေက သူမလက်ကို တင်းကြပ်စွာ ကိုင်ထားလိုက်၏။

"ဝမ်းမနည်းပါနဲ့"

ယွင်ယွီက ပြုံးလိုက်သည်။

"အဆင်ပြေပါတယ်။ သူ နောက်ဆုံးတော့ လွတ်မြောက်သွားပြီ"

တကယ်တော့ သူမသည် ရှန်လုလီကို အနိုင်ယူနိုင်စွမ်း မရှိမှန်း ကောင်းကောင်းသိ၏။ သူသည် နှစ်ပေါင်းနှစ်ထောင်ကြာ ကျင့်ကြံထားသည့် တစ္ဆေကျင့်ကြံသူ ဖြစ်သည်။ ဝိညာဉ် တည်ငြိမ်စေခြင်းသံများ သူ၏အရိုးထဲထိအောင် စိုက်သွင်းထားသည့်တိုင်၊ သူ၏ကျင့်ကြံမှုကို အားနည်းသွားစေသည့်တိုင် သူသည် သူမအလွယ်တကူ သတ်ဖြတ်နိုင်သည့်သူ မဟုတ်ပေ။

ထိုအသံသည် သူ့၏နဖူးကို ထိုးစိုက်သွားချိန်၌ သူ အလွယ်တကူ ရှောင်နိုင်ပြီး သူမကို အနိုင်ယူနိုင်သော်ငြား မလုပ်ခဲ့ပေ။ သူက ရှောင်ချင်စိတ်တောင် မရှိခဲ့။ သူသည် သူမအတွက် နှစ်ပေါင်းနှစ်ထောင်ကြာ ရှင်သန်နေထိုင်ခဲ့သည်။ ဤလောကထဲ၌ အခြားသူများ သူမကို သတ်နိုင်ခဲ့လျှင်တောင် သူကတော့ သတ်မှာမဟုတ်။ သူ့ကို သတ်နိုင်မည့်သူ ရှိလျှင်လည်း တခြားသူမရှိ၊ သူမသာလျှင် ဖြစ်မည်။

227 02

အဆုံးသတ်ကျ သူ၏တစ်ခုတည်းသော ဆန္ဒက သူမလက်တွင်း၌ သေဆုံးရန် ဖြစ်၏။ ယွင်ယွီကိုယ်တိုင်တောင် ယင်းကို သတိပြုမိသည်။ သူ၏ ဝိညာဉ် ပြိုကွဲသွားရခြင်းကမူ သူအတွက် အကောင်းဆုံး အဆုံးသတ် ဖြစ်လောက်သည်။ မဟုတ်လျှင် သူ၏ဝိညာဉ် မပြိုကွဲလျှင်တောင် သူ၏ကျင့်ကြံမှု အပြည့်အဝဖျက်ဆီးခံရမည် ဖြစ်ကာ ကျင့်ကြံမှု ဖျက်ဆီးခံရပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် တစ္ဆေကျင့်ကြံသူသည် တမန်တော်များ ဖမ်းယူတာ ခံရလိမ့်မည်။ ကြီးလေးသော ပြစ်ဒဏ်အရ မြေအောက်လောကသို့ သွားခဲ့လျှင်တောင် ပြန်လည်မွေးဖွားခွင့် ရမှာမဟုတ်ဘဲ အဆုံးမရှိ ပြစ်ဒဏ်သာ ခံစားရလိမ့်မည်။ ထိုအပြစ်ဒဏ်သည် သူ၏ဝိညာဉ် ပြိုကွဲသွားခြင်းထက် ပိုတောင်နာကျင်၏။ ထိုပြစ်ဒဏ်ကို မည်သူမှ ဘဝပေါင်းများစွာ ခံစားနိုင်မှာ မဟုတ်ပေ။ ထိုကဲ့သို့ ပြစ်ဒဏ်သည် လူတိုင်းကို ရူးသွပ်သွားစေနိုင်လောက်၏။ ဝိညာဉ်ပြိုကွဲပြီး ထွက်သွားတာက ပိုကောင်းသည်။

ယွင်ယွီက လက်သီးကျစ်ကျစ် ဆုပ်ထားကာ သူမမျက်လုံးများ နီမြန်းနေပြီး မျက်ရည်ဝဲနေတော့သည်။ သူမသည် သူမအစ်ကိုကြီးအဖြစ် သတ်မှတ်ထားရပြီး သူမ၏ ငယ်ဘဝ၌ အတူကြီးပြင်းလာသည့်သူ၊ ရှန်လုလီကို သတ်ခဲ့ရသည်။ သူမတစ်ဘဝလုံး အပြစ်ရှိစိတ်၊ အပြစ်မကင်းစိတ်၊ နာကျင်မှုတို့ဖြင့် ရှင်သန်ရလောက်သည်။ သို့သော် သူသည် သူဆရာ၏ ဆက်ခံသူဖြစ်ကာ ရွှမ်းမန်ဂိုဏ်းသားတစ်ယောက် ဖြစ်ပြီး သူသည် လူပေါင်းထောင်ချီကို သေဆုံးစေခဲ့၏။ ယင်းက သူမဖြေရှင်းရမည့် ကိစ္စဖြစ်သည်။ သူမ နောင်တမရလောက်ပေ။ စည်းမျဉ်းများရှိ၏၊ လောကကြီး၏ စည်းမျဉ်းများ၊ မိုးနှင့်မြေကြား စည်းမျဉ်းများ၊ ကောင်းကင်ဘုံ၏ နည်းလမ်း၌ စည်းမျဉ်းများရှိသည်။

ချင်ယွီစွေသည် ယွင်ယွီ၏ လက်ကို တင်းကြပ်စွာ ကိုင်ထားပြီး ကြင်နာစွာ ပြောလိုက်သည်။

"သူ့အကြောင်း ထပ်မပြောတော့ဘူး၊ ပြီးပြီးသားပဲ။ ကိုယ့်အမှားပါ၊ ကိုယ် ဒီအကြောင်း မပြောသင့်ဘူး"

ယွင်ယွီသည် သူ့ကို မော့ကြည့်လိုက်လျက် မျက်လုံးက အနည်းငယ် စိုစွတ်နေသေးသည်။ သူသည် သူမ၏ ဒုက္ခဝေဒနာများနှင့် မျက်ဝန်းထဲရှိ မျက်ရည်များကို နားလည်နိုင်သည်။ ရှန်လုလီအတွက် ခံစားချက်ကြောင့် ဆိုသော်ငြား ချစ်ခင်သောကြောင့် မဟုတ်ဘဲ မိသားစုချစ်ခြင်းတရားမျိုးကြောင့်သာ ဖြစ်သည်။ မကောင်းမှုများစွာ ကျူးလွန်ခဲ့သည့် ရင်းနှီးသော ဆွေမျိုးတစ်ယောက်ရှိခြင်းနှင့် တူ၏။ သို့သော် မိမိလက်ဖြင့် ထိုဆွေမျိုးကို သတ်ရမည်။ ဤလောကထဲ၌ လူမည်မျှက ထိုသို့ လုပ်နိုင်မည်နည်း။

ယွင်ယွီက ချင်ယွီစွေကို မော့ကြည့်ချိန် မျက်ရည်များ ကျလာလေ၏။ ချင်ယွီစွေက ရပ်တန့်သွားကာ တစ်ဖက်လက်လျက် ယွင်ယွီ၏ ပါးပြင်နှင့် မျက်တောင်ပေါ် ကျလာသည့် မျက်ရည်စများကို သုတ်ပေးလိုက်သည်။

"ယွီအာ... ကိုယ် မင်းကို ချစ်တယ်... မင်း နောက်ကျ ဘယ်လိုဒုက္ခဝေဒနာတွေပဲ ခံစားရ ခံစားရ၊ ကိုယ် အမြဲရှိနေမှာ"

သူမအတွက် သူ၏ချစ်ခြင်းမေတ္တာသည် ရှန်လုလီလောက် မလျော့ပေ။ ဖုယွီ သေဆုံးစဉ်က သူ၏နှလုံးသားသည် ရပ်တန့်သွားသည်ဟု ခံစားလိုက်ရ၏။ သို့သော် သူသေ၍မရပေ။ သူမဂရုစိုက်သည့် လူများကို ကာကွယ်ပေးဖို့ လိုအပ်၏။ သူမ ဂရုစိုက်သမျှကို သူ ကာကွယ်ပေးရမည်။

"ကောင်းပြီလေ"

ယွင်ယွီက သူ့ရင်ခွင်ထဲ တိုးဝင်ကာ ပြောရင်း ငိုရှိုက်လိုက်၏။

နွေဦးရောက်လာချိန်၌ အပန်းဖြေစခန်းက စည်ကားလာပြန်သည်။ ရွှီလန်ထင်းနှင့် ယွင်လန်၏ မင်္ဂလာဆောင်မည့်ရက်ကို ဧပြီလ၌ သတ်မှတ်ထားပြီးဖြစ်ကာ ထိုအချိန် ရာသီဥတု နွေးလာပြီး မက်မွန်ပွင့်များ ပွင့်ကာ ချယ်ရီပွင့်များ အပြည့်အဝ ဖူးပွင့်နေသည့် ကာလဖြစ်သည်။ ဟယ်ချင်ကျေးရွာ တစ်ခုလုံးက သုခဘုံပမာ ထင်မှတ်ရ၏။ ရွှီလန်ထင်းနှင့် ယွင်လန်၏ မင်္ဂလာပွဲကို အပန်းဖြေ ဟိုတယ်၌ ကျင်းပမှာပဲ ဖြစ်သည်။ ထိုနေ့၌ ဟိုတယ်တစ်ခုလုံး အပြင် ဧည့်သည်လက်မခံပေ။ မင်္ဂလာပွဲသို့လာသည့် ဧည့်သည်များကို ကြိုဆိုဖို့သာ အသုံးပြုလိုက်သည်။

မင်္ဂလာဆောင်အတွက် ပြင်ဆင်စရာများစွာရှိ၏။ သူတို့စုံတွဲသည် အနောက်တိုင်းပုံစံ ဆောင်ရန် ရွေးချယ်ခဲ့ကာ ဝတ်စုံများက အလွန်လှပ၏။ မင်္ဂလာပွဲမတိုင်ခင် ပြင်ဆင်စရာများစွာရှိပြီး ယွင်ယွီကလည်း နှစ်ဝက်ခန့် ပြန်လည်ကုစားနေကာ သက်သာလာတာ ကြာပြီဖြစ်၏။ သူမ အရာအားလုံး လိုက်ကူညီပေးသည်။

သူတို့သည် မကောင်းဆိုးဝါးဝိညာဉ်များကို ဖယ်ရှားပေးသည့် ကျောက်စိမ်း အဆောင်တစ်စုံကိုလည်း ပြင်ဆင်ခဲ့ပြီး ၎င်းတို့ကို ဝိညာဉ်စမ်းရေထဲ၌ စိမ်ထား၏။ ထိုတစ်စုံသည် အိမ်ကိုကာကွယ်ပေးမည့် အစောင့်လက်နက်များအဖြစ် ဆောင်ရွက်ပေးလိမ့်မည်။ သူမ၏ အစ်မနှင့် ခဲအိုကို ပေးလိုက်၏။

မင်္ဂလာပွဲကို သတို့သမီးအိမ်တွင် ကျင်းပမည်ဖြစ်ကာ ရွှီမိသားစုက လက်ခံခဲ့သည်။ ရွှီမိသားစုသည် ယွင်လန်ကို အလွန်ကောင်းမွန်စွာ ဆက်ဆံ၏။ ရွှီမိသားစုက ပညာတတ်မိသားစုဖြစ်ပြီး လူကြီးများကလည်း အလွန်ကြင်နာတတ်၏။

အမေရွှီကဆို ယွင်လန်ကိုတောင် ပြောသေး၏

227 03

"သမီးနှင့် လန်ထင်းတို့ အခုကစပြီး ဟယ်ချင်းကျေးရွာမှာ နေတာကောင်းတယ်။ လတ်လတ်ဆတ်ဆတ် အပန်းဖြေစခန်း စီမံဖို့ အာရုံစိုက်။ ကျန်တာတွေကို စိတ်မပူနဲ့၊ အမေတို့ ဂရုစိုက်လိုက်မယ်။ သမီးအဖေနဲ့ အမေ မကြာခဏ ဒီကိုလာလည်မယ်။ ကလေးရလာရင် သမီးအဖေနဲ့ အမေက ကလေးကို ဂရုစိုက်ဖို့ လာပေးမယ်။ ဒါပေမယ့် ကလေးယူဖို့ လောစရာမလိုဘူး။ အမေတို့ သမီးတို့ အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပေးမှာ"

ယွင်ယွီ ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာ၌ ရွှီလန်ထင်းနှင့် ယွင်လန်တို့သည် မင်္ဂလာပွဲကျင်းပမည့် ရက်ကို ရွေးချယ်ခဲ့ကြသည်။ ကုန်လွန်ခဲ့သည့် ခြောက်လတာအတွင်း သူတို့အိမ်က ယွင်ယွီတို့ အိမ်ဘေး၌ တည်ဆောက်ထားကာ မီတာရာချီ အနည်းငယ်မျှသာ ကွာဝေးသည်။ ယွင်ယွီကလည်း အိမ်နား၌ အစီအရင် တည်ဆောက်ထားပြီး မင်္ဂလာဦးအိမ်အဖြစ် အသုံးပြုရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

ရွှီသခင်မသည် သူမချွေးမလေးကို ကြည့်မိလေလေ ပိုစိတ်တိုင်းကျလာလေ ဖြစ်၏။ သူမကို အကောင်းဆုံးများသာ ပေးချင်သည်။ မိသားစု၏သားက ပြဿနာရှာတတ်လွန်းသည်၊ ငယ်ရွယ်စဉ်က အလွန်ဉာဏ်ကောင်းသော်ငြား စီမံရခက်ခဲပြီး မိဘစကားကို နားမထောင်ပေ။ ရွှီမိသားစုသည် သူလမ်းမှားလိုက်မှာကို စိုးရိမ်ခဲ့၏။ ချစ်သူရှာချင်စိတ် မရှိဘဲ စိတ်လှုပ်ရှားမှုကိုသာ လိုလားကာ ငြိမ်းချမ်းသော ဘဝကို မနှစ်သက်ခဲ့ပေ။

သို့သော် သူ ယွင်လန်ကို ချစ်မိသွားပြီး လက်ကျန်ဘဝအတွက် သူမနှင့်အတူ ကုန်ဆုံးချင်ကာ ဟယ်ချင်းကျေးရွာ၌ ငြိမ်းချမ်းသာယာသည့် ဘဝကို ဖြတ်သန်းချင်လာ၏။ ရွှီမိသားစုက ယွင်လန်ကို အင်မတန် ကျေးဇူးတင်နေသည်။ မင်္ဂလာပွဲ ကျင်းပမည့်ရက်က ပိုတောင်နီးလာသည်။ ယွင်လန်က ဘာမှမခံစားရသော်ငြား ယွင်ယွီက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။ ချင်ယွီစွေကမူ သူမ ယွင်လန်အတွက် ပျော်ရွှင်နေမှန်း သိ၏။

ယွီအာသည် ယွင်မိသားစုအတွက် ခံစားချက်များ ဖော်ပြရာ၌ မတော်သော်ငြား အားလုံးကို ရင်ထဲ ထည့်ထားသည်။ သူမ ဂရုစိုက်ဆုံး သူမ... အလွမ်းဆွတ်ဆုံးက သူမအစ်မ ဖြစ်၏။ သူမအစ်မသည် အလုပ်လုပ်ရင်း စာလေ့လာမှုကို လက်လျှော့ခဲ့ကာ သူမ၏ ပညာရေးအတွက် ပံ့ပိုးပေးခဲ့၏။ သူမ အကြီးမားဆုံး မျှော်လင့်ချက်က သူမအစ်မ ပျော်ရွှင်ရန် ဖြစ်သည်။

မင်္ဂလာပွဲ ကျင်းပမည့်ရက်က လျှင်မြန်စွာ ရောက်လာသည်။ ဧပြီလ ၁၅ ရက်နေ့ ကောင်းကင်က ကြည်လင်နေပြီး ဟယ်ချင်းကျေးရွာ၌ လေကောင်းလေသန့်များ ပြည့်နေသော နေ့တစ်နေ့ဖြစ်သည်။ ယွင်ယွီက တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ တစ်ညလုံး မအိပ်ဘဲ အားလုံး လိုက်ကူညီပေးသည်။ ပွဲကျင်းပချိန်၌ ဟိုတယ်ဝန်ထမ်းများကလည်း ပါဝင်ပစ္စည်းများ ပြင်ဆင်ရက် တစ်ညလုံး အလုပ်များနေ၏၊ ယွင်ယွီက စီမံပေးနေသည်။

မိုးသောက်ချိန်၌ အောင်သွယ်တော်က ယွင်လန်ကို ကောင်းချီးပေးမည့်သူသည် ယွင်လန်ကို ဆံပင်ဖြီးပေးရန် ရောက်လာပြီး သူမ၏ မိတ်ကပ်နှင့် အဝတ်အစားများကို ပြင်ဆင်ပေး၏။ ယွင်လန်က မင်္ဂလာဝတ်စုံဖြင့် အင်မတန် ရင်သပ်ရှုမောဖွယ် ကောင်းနေသည်။ သူမအစ်မကို ကြည့်ပြီး ယွင်လန်၏ မျက်လုံးများ မျက်ရည်ဝဲလာလေ၏။ ပြီးနောက် ဝတ်စုံပြည့်ဝတ်ထားသော ရွှီလန်ထင်းသည် သတို့သမီးကို လာကြို၏။

မင်္ဂလာပွဲ၌ ဆူညံပူညံ လုပ်လေ့မရှိ၊ ရွှီလန်ထင်းက သတို့သမီးကို ကြိုပြီး ယွင်မိသားစု ခြံဝင်းထဲမှ ခေါ်လာကာ ကားထဲ ထည့်ပေးပြီးနောက် ရွာတစ်ပတ်မောင်းပြီးမှ မင်္ဂလာဦးခန်းသို့ ပြန်လာ၏။ ပြီးနောက် မင်္ဂလာပွဲအခန်းအနားအတွက် ဟိုတယ်သို့ သွားသည်။ ရွှီလန်ထင်းသည် ယွင်လန်ကို ယွင်မိသားစု ခြံဝင်းထဲ ပြန်သယ်လာပြီး ယွင်မိသားစုဝင်များကို ကြည့်ကာ လေးနက်တည်ကြည်စွာ ပြောလိုက်၏။

227 04

"အဘွား၊ အမေ၊ ယွီအာ၊ ရှောင်ရှန်း... စိတ်မပူနဲ့။ ကျွန်တော် လန်လန်ကို ကောင်းကောင်း ဂရုစိုက်ပြီး တစ်သက်လုံး ချစ်မြတ်နိုးပြီး ကာကွယ်ပေးမယ်"

ယွင်မိသားစုဝင်များက မျက်ရည်များ ရစ်ဝဲနေ၏။ ယွင်လန်ကလည်း ထိုအတိုင်းပင် မျက်ရည်ကျလုနီးပါး ဖြစ်နေ၏။ ရွှီလန်ထင်းသည် ယွင်လန်ကို ကားထဲခေါ်သွားသည်။ ယွင်ယွီက ယွင်မိသားစု ခြံဝင်းရှေ့၌ ရပ်ကာ မူမူ၏ လက်ကို ကိုင်ထားသည်။ ချင်ယွီစွေက အန်းအန်းကို ပွေ့ချီထားပြီး သူမ၏ လက်တစ်ဖက်က ဇနီးကို ဖက်ထားလေ၏။ ယွင်ယွီသည် သူမအစ်မကို ကြည့်ပြီး မျက်ရည်များ ဝဲနေတော့သည်။ မင်္ဂလာဆောင်ကား ထွက်သွားပြီး ထောင့်ချိုး၌ ပျောက်ကွယ်သွားပြီးနောက် ယွင်ယွီသည် မထိန်းနိုင်ဘဲ ငိုတော့လေ၏။ အခြားသော အကြောင်းအရင်းကြောင့် မဟုတ်ဘဲ သူမအစ်မ ပျော်ရွှင်စွာ အိမ်ထောင်ကျသွားသည်ကို စိတ်လှုပ်ရှားလွန်းသဖြင့် ဖြစ်သည်။

"မားမား မငိုပါနဲ့"

မူမူသည် ယွင်ယွီ၏ လက်ကို ဆွဲလျက် နှစ်သိမ့်လိုက်၏။

"တီတီက ဦးဦးရွှီနဲ့ ယူလိုက်တာ... ဦးဦးရွှီက တီတီကို ကောင်းကောင်း ဆက်ဆံမှာ"

ယွင်ယွီသည် သူမရင်ထဲရှိ နွေးထွေးမှုနှင့် နူးညံ့မှုကို ခံစားလိုက်ရ၏။ ပြီးနောက် မူမူကို ပွေ့ချီကာ နှဖူးကို နမ်းပြီး ပြုံးလျက် ပြောလိုက်တော့သည်။

"မားက စိတ်လှုပ်ရှားနေရုံပါ"

သူမ ပြောပြီးချိန်၌ ဘေးရှိ ချင်ယွီစွေကို မော့ကြည့်လိုက်၏။ သူ့ရင်ခွင်ထဲရှိ အန်းအန်းကမူ ကလေးသံလေးဖြင့် ခေါ်လိုက်၏။

"မားးမားး... အာဘွား"

ကလေးသည် တစ်နှစ်ကျော် ရှိပြီဖြစ်ကာ စကားလုံးများကို ပြောနိုင်ပြီ ဖြစ်၏။ သူသည် အလွန်ဉာဏ်ကောင်းသည်။

ယွင်ယွီက ပြုံးလိုက်လျက် အန်းအန်း၏ ပန်းနုရောင် ပါးပြင်လေးကို နမ်းလိုက်သည်။ အန်းအန်းက တခစ်ခစ်ရယ်ကာ မျက်လုံးများက ကွေးသွားတော့သည်။ သူ၏ ချစ်ခင်မြတ်နိုးရသော ဇနီးနှင့် ကလေးကို ကြည့်ပြီး ချင်ယွီစွေက သူတို့ကို ကြင်နာစွာ ထွေးပွေ့ထားလိုက်၏။

အချက်ပို ဤတွင် ပြီးဆုံး။

******

All Chapters