← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

အခန်း (၉၀) - ပြဇာတ်နှင့် နယ်မြို့လေး (၂)

အေးစိမ့်သော ဆောင်းဦးလေပြေက စားသောက်ဆိုင်၏အလံကို တိုက်ခတ်သွားပြီး ဖုန်မှုန့်များကို လွင့်ပျံစေချေသည်။

စားသောက်ဆိုင်ရှေ့တွင် ထိုင်နေသော စားပွဲထိုးလေး၏မျက်ဝန်းများမှာ အသက်မဲ့နေပြီး ခြောက်သွေ့နေသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ ခေါင်းပေါ်သို့ ကျရောက်လာသော ဖုန်မှုန့်များကိုပင် ဂရုမစိုက်ဘဲရှိနေချေသည်။

စားသောက်ဆိုင်၏ကောင်တာနောက်ကွယ်တွင် ဝတုတ်တုတ်အမျိုးသားကြီးတစ်ဦး ထိုင်နေပြီး လက်ထဲတွင် ရွှေဆံထိုးတစ်ချောင်းကိုကိုင်ကာ ပြုံးရွှင်စွာကြည့်ရှုနေလေသည်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါက ဤနေရာမှာ အလွန်တရာ ခြောက်ကပ်လှသော နယ်မြို့လေးတစ်ခု ဖြစ်ပေသည်။

လေထုမှာ လေးလံထိုင်းမှိုင်းနေပြီး လူနည်းစုရွာသူရွာသားများမှာ မိမိတို့၏အလုပ်များကို ကိုယ်စီလုပ်ကိုင်နေကြသည်။

အသားရောင်းသူက အရိုးများကို အားရပါးရခုတ်ထစ်နေသဖြင့် အသားစများနှင့်အရိုးမှုန့်များ လွင့်စင်နေချေသည်။

မုန့်ဟင်းခါးရောင်းသူမှာမူ မီးဖိုပေါ်တွင်မှောက်လျက် အိပ်ပျော်နေပြီး အချိန်အခါကိုပင် သတိမပြုမိတော့ချေသည်။

အဘွားအိုတစ်ဦးမှာ နံရံကိုမှီထိုင်ရင်း ရင်ခွင်ထဲတွင် ကလေးငယ်တစ်ဦးကို ပွေ့ပိုက်ထားကာ လမ်းပေါ်ရှိလူတိုင်းကို အေးစက်စက်ကြည့်ရှုနေလေသည်။

ချူချင်းနှင့်ဝမ်ရိုတို့၏ပထမဆုံးအမြင်မှာ ဤနယ်မြို့လေးသည် ပျက်စီးယိုယွင်းလုနီးပါး ဖြစ်နေသယောင် ခံစားရခြင်း ဖြစ်သည်။

သူတို့သည် ထိုဓားနံ့နောက်သို့ လိုက်ပါလာခဲ့ရာ တစ်ဝက်ခန့်ခရီးနှင်ပြီးနောက် ဤနေရာသို့ရောက်ရှိလာခြင်း ဖြစ်သည်။

သူတို့မြို့ထဲသို့လှမ်းဝင်လိုက်စဉ် ဘေးဘက်မှလူတစ်ဦး ရုတ်တရက်ပြေးထွက်လာပြီး လက်ထဲတွင် တံမြက်စည်းကိုကိုင်ကာ ရက်စက်သောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

"ထွက်သွား... သွားကြစမ်း... မင်းတို့လိုချင်တာ ဒီမှာမရှိဘူး..."

"အမြန်ထွက်သွား... မဟုတ်ရင် ငါရိုက်သတ်ပစ်မယ်..."

ချူချင်းက ဝမ်ရိုကို ဓားဖြင့်ကာကွယ်ပေးလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်လေသည်။

ထိုသူကို သေချာကြည့်လိုက်ရာ မုတ်ဆိတ်မွေး ဗရပွနှင့် ဖရိုဖရဲဖြစ်နေသော လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး လယ်သမားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားချေသည်။

သူ၏ဆံပင်များမှာလည်း ရှုပ်ပွနေပြီး မည်မျှကြာအောင်မပြင်ဆင်ရသေးသည်ကို မသိနိုင်ပေ။

သူ၏မျက်ဝန်းများမှာ သွေးချင်းချင်းနီနေပြီး ကြောက်မက်ဖွယ်ကောင်းလှချေသည်။

"မင်း..."

ချူချင်းက စကားတစ်လုံးစပြောလိုက်စဉ်မှာပင် ခြေသံအချို့ အနီးသို့ကပ်လာသည်ကို ကြားလိုက်ရသည်။

သူတို့မှာ သန်မာထွားကျိုင်းသောလူငယ်အချို့ ဖြစ်ကြပေသည်။

သူတို့၏ဝတ်စားဆင်ယင်မှုကို ကြည့်ရုံဖြင့် ဤနယ်မြို့မှ လူများဖြစ်ကြောင်း သိနိုင်သော်လည်း သူတို့၏ရုပ်ရည်မှာ ပိုမိုကောင်းမွန်လှချေသည်။

ခေါင်းဆောင်ဖြစ်သူက သက်ပြင်းချလိုက်ပြီး လက်ဝှေ့ယမ်းလိုက်ရာ နောက်ကွယ်မှလူနှစ်ဦးက ထိုအမျိုးသားကို ဖမ်းဆီးလိုက်လေသည်။

"ရူးနေရင် အပြင်မထွက်ပါနဲ့လို့ ပြောထားတယ်မဟုတ်လား..."

"ဧည့်သည်တွေကို လန့်အောင်လုပ်နေတယ်... တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."

"ခွေးမသားတွေ... ငါ့ကိုလွှတ်... ငါ့ကိုလွှတ်စမ်း..."

ဖမ်းဆီးခံထားရသောအမျိုးသားက ရုန်းကန်လှုပ်ရှားကာ လွတ်မြောက်ရန် ကြိုးစားနေလေသည်။

သို့သော် နောက်ကွယ်မှလူနှစ်ဦးက သူ့ကို တင်းတင်းကျပ်ကျပ်ဖမ်းဆီးထားသဖြင့် မည်သို့မျှမရုန်းကန်နိုင်ဘဲ ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။

သူဆွဲခေါ်ခံရစဉ်မှာပင် ဆဲဆိုလိုက်သေးသည်။

"မင်းတို့ကောင်တွေ... ဝဋ်လည်လိမ့်မယ်... သေချာပေါက် ဝဋ်လည်လိမ့်မယ်..."

ခေါင်းဆောင်ဖြစ်သူက ထိုအမျိုးသားကိုကြည့်နေရာမှ ချူချင်းနှင့်ဝမ်ရိုတို့ထံသို့ လှည့်ကြည့်လိုက်သည်။

သူက ပြုံးရွှင်စွာဖြင့်ပြောလိုက်သည်။

"နှစ်ယောက်လုံးကို တောင်းပန်ပါတယ်... ခုနကလူက စိတ်မမှန်လို့ပါ..."

သူက ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။

ထို့နောက် သူက ဆက်ပြောလိုက်သည်။

"အရင်နှစ်တွေက သူ့မိသားစုတစ်ခုလုံးဆုံးသွားလို့ စိတ်ဒဏ်ရာရသွားတာပါ... အခုဆို လူမြင်ရင် ရူးသွားတတ်တယ်..."

"တကယ်ကို သနားစရာကောင်းပါတယ်..."

"ဒါဆို မင်းတို့က သူ့ကိုဘယ်ခေါ်သွားမလို့လဲ..."

ချူချင်းက မေးလိုက်သည်။

"သမားတော်ဆီ ခေါ်သွားမလို့ပါ..."

ထိုသူက သက်ပြင်းချကာ ပြောလိုက်သည်။

"သူ့ကို ဒီအတိုင်းပစ်ထားလို့မရဘူးလေ... အပ်စိုက်ကုသလိုက်ရင် ငြိမ်သွားမှာပါ..."

"ဒါနဲ့ မင်းတို့ကဘယ်ကလာတာလဲ... လမ်းကြုံဝင်လာတာလား... ဒါမှမဟုတ် လူလာရှာတာလား..."

"လမ်းကြုံဝင်လာတာ..."

ချူချင်းက ပြုံးရင်း ပြောလိုက်သည်။

"ဒီနားမှာ စားသောက်ဆိုင်ရှိလား..."

"ရှိတာပေါ့..."

ထိုသူက လက်ညှိုးထိုးပြလိုက်သည်။

"ဟိုဘက်က ကျောက်မိသားစုစားသောက်ဆိုင်မှာ စားစရာတွေအများကြီး ရှိပါတယ်... ကျွန်တော်ကတော့ အာ့နျူဦးလေးကို စိတ်မချလို့လိုက်သွားဦးမယ်... မင်းတို့ဘာသာ သွားစားကြပါ..."

"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ်..."

ချူချင်းက လက်သီးစုပ်ကာ နှုတ်ဆက်လိုက်သည်။

ထိုသူကလည်း ချူချင်းကဲ့သို့လက်သီးစုပ်ကာ ပြန်လည်နှုတ်ဆက်ပြီးနောက် အလျင်အမြန်ထွက်ခွာသွားတော့သည်။

ချူချင်းက ထိုသူ၏ကျောပြင်ကိုကြည့်ရင်း ဝမ်ရိုကို မေးလိုက်သည်။

"အချိန်အများကြီးကြာသွားရင် အနံ့ပျောက်သွားနိုင်လား..."

"ပျောက်သွားနိုင်တယ်..."

ဝမ်ရိုက ပြတ်သားစွာ ပြောလိုက်သည်။

"အလွန်ဆုံးနှစ်ရက်ပဲ... နှစ်ရက်ကျော်ရင် အနံ့လုံးဝ ပျောက်သွားလိမ့်မယ်..."

"နှစ်ရက်ဆိုရင်... လုံလောက်ပါတယ်..."

ချူချင်းက ကျောက်မိသားစုစားသောက်ဆိုင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ဆိုင်ရှေ့တွင်ထိုင်နေသော စားပွဲထိုးလေးကို မြင်တွေ့လိုက်ရသည်။

ထိုပုံစံက သူ့အား အစ်ကိုလတ်ချူဖန်နှင့် စတင်တွေ့ဆုံစဉ်က လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးလေးကို သတိရစေချေသည်။

သူက ခေါင်းခါလိုက်ပြီး ဝမ်ရိုနှင့်အတူ စားသောက်ဆိုင်အတွင်းသို့ လှမ်းဝင်လိုက်လေသည်။

ထိုစဉ် လမ်းကွေ့တစ်ခု၏နောက်ကွယ်မှ လမ်းညွှန်ပေးခဲ့သောအမျိုးသားသည် သူတို့ကို ချောင်းမြောင်းကြည့်ရှုနေချေသည်။

သူ၏မျက်ဝန်းများထဲတွင် မကောင်းသောအကြံအစည်များ ရှိနေပုံရသည်။

"သခင်ကြီး... ဘာလို့ တိုက်ရိုက်မလှုပ်ရှားတာလဲ..."

နောက်ကွယ်မှ အသံတစ်သံ ထွက်ပေါ်လာချေသည်။

ထိုသူက လှည့်ကြည့်ရင်း ပြောလိုက်သည်။

"ဒီနှစ်ယောက်က သာမန်မဟုတ်ဘူး... သိုင်းဆရာတွေ ဖြစ်ရမယ်..."

"သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."

"သူတို့က ငယ်ပေမဲ့ သိုင်းပညာရှင်တွေဆိုတော့ ငါတို့နဲ့မတူဘူး..."

"ဟဲဟဲ... ဒါကြောင့် သခင်ကြီးက သူတို့ကို ကျောက်မိသားစုစားသောက်ဆိုင်ကို လွှတ်လိုက်တာကိုး..."

"အရင်ကလည်း သိုင်းဆရာတချို့ ရောက်လာပြီး ကျောက်မိသားစုစားသောက်ဆိုင်ထဲကို ဝင်သွားကြတာပဲ... နောက်ဆုံးတော့ အလောင်းပဲ ထွက်လာကြတယ်..."

"ကြားဖူးတာကတော့ အဲဒီထဲကမိန်းကလေးက ရူးသွားပြီး ထွက်ပြေးဖို့ကြိုးစားတာကို တတိယသခင်ကြီးက ဖမ်းမိပြီး လူတွေအများကြီးရှေ့မှာတင် အရေပြားကို အရှင်လတ်လတ် ဆွဲခွာပစ်လိုက်တာတဲ့..."

"အလောင်းကို သုံးလတောင် ချိတ်ဆွဲထားတာ..."

ထိုသူက ပြောရင်းနှင့်ပင် ရယ်မောလိုက်သည်။

"သခင်ကြီး... ဟိုမိန်းကလေးက ချောလိုက်တာ... ခဏနေရင် ကျွန်တော်တို့..."

သူက ပြောပြောဆိုဆိုဖြင့် လက်ဝါးချင်းပွတ်ကာ ရာဂစိတ်များ ထကြွနေချေသည်။

သခင်ကြီး၏မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားပြီး ပြောလိုက်သည်။

"မင်း သေချင်နေပြီလား..."

"ယောက်ျား‌လေးကိုတော့ မင်းကြိုက်သလိုလုပ်... မိန်းကလေးကိုတော့ သေချာပေါက် အထက်ကိုအပ်ရမယ်..."

"ဒီကောင်မလေးနဲ့ဆို ဒီတစ်ခေါက်တော့ လုံလောက်ပြီ... မဟုတ်ရင်တော့..."

သူက ပြောရင်းနှင့်ပင် မျက်နှာတွင် ကြောက်ရွံ့မှုများထွက်ပေါ်လာပြီး သက်ပြင်းချလိုက်သည်။

"မင်း နားလည်ထားရမှာက ငါတို့ အခုထိအသက်ရှင်နေရတာ ငါတို့တော်လို့မဟုတ်ဘူး..."

"ငါတို့တွေက ခိုင်းသမျှကို ကောင်းကောင်းနားထောင်လို့ပဲ..."

ထိုစကားကိုကြားလိုက်ရသောအခါ လက်အောက်ငယ်သားဖြစ်သူမှာ ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့ရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့... သခင်ကြီး... ကျွန်တော် နားလည်ပါပြီ..."

သခင်ကြီးက လက်ဝှေ့ယမ်းလိုက်ရင်း မေးလိုက်သည်။

"အာ့နျူရော..."

"ပိတ်လှောင်ထားပါတယ်... သူက ပိုသောင်းကျန်းလာတယ်... သတ်ပစ်လိုက်ရင် မကောင်းဘူးလား..."

"ဒီမှာ လူတွေကနည်းလာပြီ... မသတ်ဘဲ ထားလိုက်ဦး..."

"မဟုတ်ရင် ဒီနေရာက နယ်မြို့တစ်ခုနဲ့တောင် တူတော့မှာ မဟုတ်ဘူး..."

...

...

ထိုသူနှစ်ဦးစကားပြောနေစဉ်မှာပင် ချူချင်းနှင့်ဝမ်ရိုတို့သည် ကျောက်မိသားစုစားသောက်ဆိုင်အတွင်းသို့ လှမ်းဝင်လိုက်ကြပြီ ဖြစ်ပေသည်။

ဆိုင်ရှင်ဖြစ်သူသည် ခြေသံကြားသဖြင့် မော့ကြည့်လိုက်ပြီး လက်ထဲမှရွှေဆံထိုးကို အင်္ကျီလက်အောက်သို့ အမြန်ဝှက်လိုက်လေသည်။

ထို့နောက် သူက ပြုံးရွှင်စွာဖြင့် ကြိုဆိုလိုက်သည်။

"ဧည့်သည်တော်ကြီးနှစ်ဦး... အတွင်းကို ကြွပါ..."

သူက ပြောပြောဆိုဆိုဖြင့် စားပွဲထိုးလေး၏ကျောပြင်ကို ခြေထောက်ဖြင့်ကန်လိုက်လေသည်။

ငေးငိုင်နေသော စားပွဲထိုးလေးမှာ ထိုကန်ချက်ကြောင့် မြေပြင်ပေါ်သို့မှောက်လျက်လဲကျသွားပြီး မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီသွားချေသည်။

သူက ပျာပျာသလဲထရပ်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။

"ဧည့်သည်တော်တို့... ဘာသုံးဆောင်မလဲ..."

"ကျွန်တော်တို့ဆိုင်မှာ အမဲသားနဲ့ ဆိတ်သားတွေ ရှိပါတယ်... နှစ်ပေါင်းသုံးဆယ်သက်တမ်းရှိတဲ့ ကျူရွက်စိမ်းသေရည်လည်း ရှိပါတယ်..."

သူသည် မျက်နှာပေါ်ရှိ သွေးများကိုပင်သုတ်ရန် မေ့လျော့နေပြီး စားစရာများကို တရစပ်ပြောကြားနေလေသည်။

နှာခေါင်းမှ သွေးများစီးကျနေသော်လည်း သူဂရုမစိုက်နိုင်ပေ။

သွေးများမှာ တရွှင်ရွှင်စီးကျနေဆဲ ဖြစ်ပေသည်။

ချူချင်းက ထိုစားပွဲထိုးလေးကို သေချာကြည့်ရင်း ပြောလိုက်သည်။

"အရင်ဆုံး သွေးတွေကို သုတ်လိုက်ပါဦး..."

စားပွဲထိုးလေးမှာ ကြောင်အမ်းသွားပြီး ဆိုင်ရှင်ဖြစ်သူကမူ ပျာပျာသလဲဖြင့် မျက်နှာမှသွေးများကို သုတ်ပေးရင်း ပြောလိုက်သည်။

"မင်းကလည်းကွာ... ဘာလို့ ဒီလောက်တောင် သတိမရှိရတာလဲ... ဧည့်သည်တွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတယ်..."

ထို့နောက် သူက ချူချင်းဘက်သို့လှည့်ကာ မေးလိုက်သည်။

"ဧည့်သည်တော်တို့ ဘာသုံးဆောင်မလဲ..."

"အမဲသားနဲ့ ဆိတ်သား နည်းနည်းလှီးပေးပါ... ရေနွေးအေးပြင်ပေးပြီး ပေါက်စီနဲ့ ကိတ်မုန့် ရှိရင် အရင်ဆုံးဆယ်ခုလောက် ယူလာပေးပါ..."

"ကျန်တာတွေကိုတော့ အဆင်ပြေသလို ပြင်ပေးပါ... ငါတို့စားပြီးရင် ချက်ချင်းထွက်သွားမှာ..."

ချူချင်းနှင့် ဝမ်ရိုတို့သည် သင့်တော်သောနေရာတစ်ခုတွင် ထိုင်လိုက်ကြပြီး ဆိုင်ရှင်က ခေါင်းညိတ်ကာ သဘောတူလိုက်ပြီးနောက် စားပွဲထိုးလေး၏ ခေါင်းကိုပုတ်ရင်း ပြောလိုက်သည်။

"အမြန်သွားတော့လေ..."

သို့သော် သူ၏လှုပ်ရှားမှုမှာ ပြင်းထန်သွားသဖြင့် အင်္ကျီလက်ထဲတွင် ဝှက်ထားသောရွှေဆံထိုးမှာ မြေပြင်ပေါ်သို့ ဂျိခနဲကျသွားချေသည်။

ချူချင်းက မူလက ဂရုမစိုက်သော်လည်း ထိုရွှေဆံထိုးကို မြင်လိုက်ရသောအခါ မျက်ဝန်းများမှာ ချက်ချင်းအေးစက်သွားတော့သည်။

ဆိုင်ရှင်က ကောက်ယူရန်ပြင်လိုက်စဉ်မှာပင် ချူချင်းက လက်ကိုဆန့်ထုတ်လိုက်ရာ ရွှေဆံထိုးမှာ ဝှီးခနဲမြည်ကာ သူ၏လက်ဝါးထဲသို့ ရောက်ရှိသွားချေသည်။

ဆိုင်ရှင်သည် ထိုစွမ်းအားကို မြင်လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားပြီး တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။

"ဧည့်... ဧည့်သည်တော်... ဒါက... ကျွန်တော့်ဟာပါ..."

ချူချင်းက ထိုရွှေဆံထိုးကို သေချာကြည့်ရှုပြီးနောက် ခေါင်းညိတ်လိုက်ပြီး ဆိုင်ရှင်၏လည်ပင်းကို ဆတ်ခနဲညှစ်လိုက်လေသည်။

ဝတုတ်တုတ်ဆိုင်ရှင်ကြီးမှာ ချူချင်း၏လက်တစ်ဖက်တည်းဖြင့် မြေပြင်ပေါ်မှ မြှောက်တက်သွားချေသည်။

"ပြောစမ်း... ဒီရွှေဆံထိုးရဲ့ပိုင်ရှင် ဘယ်မှာလဲ…”

All Chapters