“လောကကြီးက မင်းကို သတ်ဖို့ ကြံစည်နေခဲ့ရင်…” မင်းလုပ်ဖို့ လိုအပ်တာက တစ်ခုတည်း… အရာအားလုံးထက် မြန်မြန်သာ ဓားဆွဲထုတ်ဖို့ပဲ။ မိတ်ဆွေ… ဓားဆိုတာ ဘာလဲ။ တစ်နည်းမေးရရင်… ဓားရဲ့ ရည်ရွယ်ချက်က ဘာလဲ။ “အမျိုးမျိုး ရှိကောင်းရှိနိုင်ပါရဲ့… ဒါပေမဲ့…” “ငါ့ဓားကတော့ သတ်ဖြတ်ဖို့ပဲ… ငါ့ရဲ့ဓားမှာ အပိုလှုပ်ရှားမှုဆိုတာ မရှိဘူး…” ငါ့ရှေ့မှာ ရန်သူဆိုတာ… မလှုပ်ရှားနိုင်တော့တဲ့ အလောင်းပဲ ဖြစ်ရမယ်။ ကူးပြောင်းလာသူတိုင်း အခန့်သား သခင်လေးဘဝနဲ့ ဖြစ်နေချိန် ချူချင်းတစ်ယောက်မှာတော့ မျက်စိနှစ်လုံးပွင့်ရုံရှိသေး… လိုက်လံအမဲလိုက်၊ သတ်ဖြတ်ခံနေရတယ်တဲ့။ သိုင်းလောကဆိုတာက အရှုပ်သား။ မျက်လုံးနှစ်လုံးပွင့်ကတည်းက အရှုပ်အထွေးကြားရောက်နေတဲ့ ချူချင်းတစ်ယောက်… ဘာမှန်းသေချာမသိခင်ကတည်းက သေမင်းနှုတ်ခမ်းဝကို ရောက်နေသတဲ့လား။ ကံကောင်းတာက နတ်ဘုရားမတွေ အမြင်မမှုန်ကြသေး၊ အပျင်းပြေ ပွဲကြည့်ချင်ကြတယ် ထင်ပါရဲ့။ ဝှက်ဖဲတစ်ခုနဲ့ ရုန်းကန်ခွင့်တော့ ပေးခဲ့သေးတယ်။ “လုပ်ကြံသတ်ဖြတ်သူစနစ်” တဲ့…။ ဒီလိုနဲ့ပဲ…။

