← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀ စူးကွေ့လန်

စူးယောင်ကွမ်းတစ်ယောက် နံနက်စောစောစီးစီး ရေခပ်ထွက်လာစဉ် ကျုံးလန်ဟွာတို့ သားအမိနှစ်ယောက် ကျန်းယီဟွေ့အား စာသင်ကျောင်းသို့ လိုက်ပို့နေကြသည်ကို တွေ့လိုက်ရသည်။ စူးယောင်ကွမ်းကို မြင်လိုက်ရသည့်နှင့် ကျန်းယီဟွေ့၏ မျက်နှာကြီး ချက်ချင်း ပုပ်သိုးသွားလေ၏။

စူးယောင်ကွမ်း တောဝက်ကို ခုတ်သတ်ခဲ့သည့် မြင်ကွင်းက သူ့ကို နှစ်ညတိုင်တိုင် အိပ်မက်ဆိုးလို ခြောက်လှန့်နေခဲ့သဖြင့် သူ့ခေါင်းထဲတွင် ယခုထိ မူးနောက်နေဆဲ ဖြစ်သည်။ ယခု စူးယောင်ကွမ်းကို ပြန်မြင်လိုက်ရသည့်အချိန်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ထိုပုံရိပ်ဆိုးများက ခေါင်းထဲသို့ တစ်ဖန် ပြန်လည် တိုးဝင်လာပြန်သည်။

စူးယောင်ကွမ်းက နှုတ်ခမ်းကို မဲ့လိုက်ရင်း သရော်သံဖြင့် လှမ်းပြောလိုက်သည်။

"စာတတ်ပေတတ်ဆိုပြီး ဘာမှ အသုံးမကျဘူး၊ ကျောရိုးမရှိတဲ့ ငကြောက်ပဲ"

"နင်..."

ကျုံးလန်ဟွာက စူးယောင်ကွမ်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ဘုရားရေ... အဒေါ်တို့အားလုံးပေါင်းပြီး ကျွန်မကို ဝိုင်းရိုက်ကြမလို့လား။ လူသုံးယောက်ပေါင်းပြီး တစ်ယောက်တည်းကို အနိုင်ကျင့်နေတာက လွန်လွန်းရာ မကျဘူးလား"

စူးယောင်ကွမ်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သဖြင့် လမ်းလျှောက်လာကြသော ရွာသားများ၏ အာရုံက သူတို့ဆီသို့ ရောက်ရှိလာကြသည်။

"အမေ... ဒီလို ရိုင်းစိုင်းတဲ့ တောသူမကို အဖက်လုပ်မနေပါနဲ့"

ကျန်းယီဟွေ့က အေးစက်စက် ပြောလိုက်သည်။

"ငါက တောသူမ ဟုတ်တယ်၊ ဒါဆို နင်တို့အမေကရော တောသူမ မဟုတ်ဘူးလား။ နင့်ညီမကရော တောသူမ မဟုတ်ဘူးလား။ ကျန်းမိသားစုက သခင်လေးကတော့ တကယ့်ကို ထူးခြားတာပဲ၊ ငါတို့လို တောသူတောင်သားတွေကို အထင်သေးနေတာပေါ့လေ"

"မိန်းမတွေနဲ့ လူညံ့တွေကို ကိုင်တွယ်ရတာ တကယ့်ကို ခက်ခဲလွန်းတယ်"

ကျန်းယီဟွေ့က ကျန်းရိဟွမ်း၏ လက်ထဲမှ စာအုပ်သေတ္တာကို ဆွဲယူကာ ခြေလှမ်းကျဲကြီးများဖြင့် ဒေါသတကြီး ထွက်ခွာသွားတော့သည်။

ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့က စူးယောင်ကွမ်းကို မကျေမနပ် စိုက်ကြည့်နေကြသည်။ လက်ရှိ စူးယောင်ကွမ်းတွင် ကြောက်စရာကောင်းသော ခွန်အားများ ရှိနေသည်ကို ထိုသားအမိနှစ်ယောက် သိထားကြသဖြင့် သူမကို အလွယ်တကူ ရန်မစရဲကြဘဲ လမ်းလျှောက်ရင်း တိုးတိုးတိတ်တိတ် ကျိန်ဆဲပြီး ထွက်သွားကြရုံသာ တတ်နိုင်တော့သည်။

စူးယောင်ကွမ်းကလည်း မျက်စောင်းပြထိုးလိုက်သည်။

စူးယောင်ကွမ်းက ထိုမိသားစုကို အလွန် မုန်းတီးပြီး သူတို့ကို မြင်ရသည့် အချိန်တိုင်း စိတ်မသက်မသာ ဖြစ်အောင် လုပ်ချင်နေခဲ့ခြင်း ဖြစ်သည်။ သူတို့ ပိုစိတ်မချမ်းသာလေလေ၊ သူမ ပိုစိတ်ချမ်းသာလေလေ ဖြစ်သည်။ ယခုအချိန်တွင်လည်း သူမ ရေထမ်းရသည်ကပင် အင်အားစိုက်ထုတ်နေစရာ မလိုတော့သလို ခံစားနေရသည်။

ကျန်းကျောက်တိက အပြင်မှ ပြန်လာပြီး စူးယောင်ကွမ်းကို ပြောလိုက်သည်။

"သမီးလေး... စောစောက လူတစ်ယောက် ရောက်လာတယ်။ ကိုယ်ဝန်ဆောင်တစ်ယောက် မီးဖွားတော့မှာမလို့ အမေ့ကို ကူညီပေးဖို့ လာခေါ်တာ"

"အမေရယ်... လက်သည်အလုပ်ကို နားလိုက်ပါတော့လား"

စူးယောင်ကွမ်းက တားလိုက်သည်။

"သမီးတို့ အလှကုန်ပစ္စည်းတွေ လုပ်ရောင်းပြီး ပိုက်ဆံ ရှာလို့ ရနေတာပဲ။ တခြားလူတွေအတွက် ကလေးမွေးပေးရတာက... ကျိုးကြောင်းမဆင်ခြင်တတ်တဲ့ လူမျိုးတွေနဲ့ တွေ့ရင် အမြဲတမ်း စိတ်ညစ်ရတယ်"

"ဒီမိသားစုက အခကြေးငွေ အများကြီး ပေးတာဆိုတော့ ငါ အလုပ်လက်ခံလိုက်ပြီ။ ဒီအလုပ်ကို အရင် ပြီးအောင် လုပ်လိုက်မယ်။ အခု နင့်ဘေးမှာ ဝမ်ရှူ ရှိနေပြီဆိုတော့ အရင်လို နင့်ကို အိမ်မှာ တစ်ယောက်တည်း ချန်ခဲ့ရမှာ တွေးပြီး စိုးရိမ်နေစရာ မလိုတော့ဘူးလေ"

"ဒါဆိုရင်လည်း ပြီးတာပါပဲ၊ သမီး အမေ့အတွက် အထုပ်အပိုး ပြင်ပေးမယ်လေ"

"မလိုပါဘူး၊ အမေ့ဘာသာ ပြင်လို့ ရပါတယ်"

ကျန်းကျောက်တိက သမီးဖြစ်သူ၏ လက်ကို ပုတ်ကာ ဘေးနားရှိ ကျိုးဝမ်ရှူကို လှမ်းပြောလိုက်သည်။

"ဝမ်ရှူ... ယောင်ကွမ်းကို သေချာ ဂရုစိုက်ပေးဦးနော်"

"စိတ်မပူပါနဲ့ အဒေါ်ရယ်"

ကျိုးဝမ်ရှူက တည်တည်ငြိမ်ငြိမ် အာမခံလိုက်သည်။

ကျန်းကျောက်တိက အထုပ်အပိုးများ ပြင်ဆင်ပြီးသည်နှင့် ထွက်ခွာသွားခဲ့သည်။

စူးယောင်ကွမ်းတစ်ယောက် ရေခပ်ထွက်နေသည့်အချိန်တွင် ကျိုးဝမ်ရှူကလည်း ထင်းခုတ်သည့်အလုပ်ကို လုပ်ဆောင်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ သူက တောင်းတစ်လုံးကို ကျောပိုးတင်ကာ တောင်ပေါ်သို့ တက်သွားသည်။ တစ်ဖက်တွင် တောကောင်အချို့ ရှာဖွေရန်ဖြစ်ပြီး နောက်တစ်ဖက်တွင်လည်း စူးယောင်ကွမ်း အလှကုန်ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းများကို ရှာဖွေပေးရန် ဖြစ်သည်။

ကျိုးဝမ်ရှူတစ်ယောက် တောင်ထိပ်ဆီသို့ ရောက်ရှိလုနီးပါး အချိန်တွင်မူ လူတစ်ယောက်က ခြံဝင်းထဲသို့ တိတ်တဆိတ် ချဉ်းကပ်ဝင်ရောက်လာခဲ့သည်။

စူးယောင်ကွမ်းက အဝတ်လျှော်ရာမှ ပြန်ရောက်လာပြီး အဝတ်များကို ခြံဝင်းထဲ၌ လှန်းထားလိုက်သည်။ အဝတ်လှန်းပြီးနောက် သူမ ရေငတ်လာသဖြင့် အအေးခံထားသော ရေနွေးတစ်ခွက်ကို မော့သောက်လိုက်၏။

ထို့နောက် သူမ လုပ်လက်စဖြစ်သော နှုတ်ခမ်းဆိုးဆေးနှင့် မျက်နှာချေမှုန့်များကို ထုတ်ယူကာ ဆက်လက်လုပ်ကိုင်နေခဲ့သည်။

'ထူးဆန်းလိုက်တာ... ငါ ဘာလို့ ဒီလောက်တောင် အားအင်ကုန်ခမ်းနေရတာလဲ...'

စူးယောင်ကွမ်းက လုပ်လက်စအလုပ်များကို ရပ်တန့်လိုက်ပြီး သူမ၏ခေါင်းကို နှိပ်နယ်ရင်း တွေးနေလေသည်။

'မကြာသေးခင်က ငါ အလုပ်တွေ အရမ်းပင်ပန်းသွားလို့များလား...'

သို့သော်လည်း ထိုသို့ဖြစ်ခဲ့လျှင်ပင် သူမအနေဖြင့် တစ်ကိုယ်လုံး အားအင် လုံးဝမရှိတော့သည်အထိတော့ မဖြစ်နိုင်ချေ။

စူးယောင်ကွမ်းက သူမ၏ အခန်းထဲသို့ ပြန်ဝင်ကာ ခုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။

သူမ ခုတင်ပေါ်တွင် လှဲချလိုက်သည်နှင့် တပြိုင်နက် တစ်ခုခု မှားယွင်းနေပြီကို ချက်ချင်း သတိပြုမိသွားခဲ့သည်။

သူမ ထိုရေကို သောက်ပြီးမှ ယခုကဲ့သို့ ဖြစ်သွားမှန်း စူးယောင်ကွမ်း ရိပ်မိသွားခဲ့သည်။ ထိုရေကို မသောက်ခင်အချိန်အထိ သူမ၏ခန္ဓာကိုယ်ထဲတွင် အားအင်များ အပြည့်ရှိနေပြီး ဘာမှ မဖြစ်ခဲ့ချေ။

သူမ အားတင်းကာ လှုပ်ရှားလိုက်ပြီး အပ်ချုပ်ခြင်းတောင်းထဲမှ အပ်တစ်ချောင်းကို ယူကာ သတိပြန်လည်လာစေရန် သူမ၏ လက်ညှိုးကို အပ်ဖြင့် ခပ်နာနာလေး ထိုးစိုက်ပြီး သွေးအနည်းငယ် ညှစ်ထုတ်ရင်း ခေါင်းကြည်အောင် ကြိုးစားလိုက်သည်။

သူမ အားအင်အနည်းငယ် ပြန်လည်ရှိလာချိန်တွင် မီးဖိုချောင်ဘက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားပြီး ရေနွေးအိုးကို စစ်ကြည့်လိုက်၏။ သူမ မျှော်လင့်ထားသည့်အတိုင်း ရေနွေးအိုးထဲတွင် ခပ်မှုန်မှုန် ဆေးမှုန့်တချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။

'ဘယ်သူက ဒါကို လုပ်တာလဲ... ငါ့ရဲ့ ရေထဲကို ဘယ်သူက ဆေးခတ်ရဲတာလဲ...'

ထိုအရာက အဆိပ်တော့ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမကို သတ်လိုက်ပါက လူသတ်မှုဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်ပြီး ထိုအရာက သူတို့အတွက် ဘာမှ အကျိုးအမြတ် ရှိလာမည်မဟုတ်ချေ။ သူမက ခွန်အားကြီးမားလွန်းသဖြင့် အားနည်းသွားအောင် လုပ်ခြင်းသာ ဖြစ်ရမည်။ သူမကို ဆေးခတ်သည့်လူက သူမအား ထိန်းချုပ်ပြီး သူတို့ပြောသမျှကို နာခံစေချင်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ရွာထဲတွင် သူမကို အန္တရာယ်ပြုချင်သည့် မိသားစုဟူ၍ နှစ်စုသာ ရှိသည်။ ဒုတိယဦးလေးစူး၏ မိသားစုနှင့် ကျုံးလန်ဟွာ၏ မိသားစုတို့ပင်။

ယခုအချိန်အထိ အကြီးမားဆုံး ပဋိပက္ခဖြစ်ထားသည်က ဦးလေးစူး၏ မိသားစုနှင့် ဖြစ်သည်။ ကျုံးလန်ဟွာနှင့် သူမ၏မိခင်တို့အကြား သဘောထားကွဲလွဲမှုများ ရှိနေခဲ့လျှင်ပင် ထိုအရာက သူမတို့အိမ်အထိ ရဲရဲတင်းတင်း လာရောက်ပြီး ဆေးခတ်ရလောက်သည်အထိ ဖြစ်လာစရာ အကြောင်းရင်း မရှိချေ။

ခြံဝင်းတံခါးဝ၏ အပြင်ဘက်တွင်တော့ စူးကွေ့လန်က ဘေးဘီဝဲယာကို ပျာပျာသလဲ လှည့်ပတ်ကြည့်ရှုရင်း လမ်းသွားလမ်းလာ မရှိကြောင်း အတည်ပြုနေခဲ့သည်။ ထို့နောက် သူမက ဘေးနားရှိ အရပ်ရှည်ရှည်နှင့် ဉာဏ်ရည်မမီသော ထုံထုံထိုင်းထိုင်း သားဖြစ်သူကို လှည့်ပြောလိုက်သည်။

"မြန်မြန်... အထဲကို အမြန်ဝင်တော့။ အထဲမှာ နင့်မိန်းမ ရှိတယ်။ အမေ ခုနက သင်ပေးလိုက်တာတွေကို မှတ်မိတယ်မလား။ သူ့ရဲ့ အဝတ်အစားတွေကို ချွတ်၊ ပုံထဲကအတိုင်း လုပ်လိုက်ရင် သူက နင့်မိန်းမ ဖြစ်သွားပြီ။ နင့်မှာ မိန်းမရှိသွားရင်... နင့်အတွက် ကလေးမွေးပေးမယ့်လူ၊ နင့်ကို ထမင်းချက်ကျွေးမယ့်လူ ရှိလာလိမ့်မယ်"

"ကျွန်တော် တခြားလူကို မလိုချင်ဘူး၊ အမေ့ကိုပဲ လိုချင်တာ။ အမေကပဲ ကျွန်တော့်ကို ထမင်းချက်ကျွေးရမယ်၊ အမေကပဲ ကျွန်တော့်အတွက် ကလေးမွေးပေးရမှာ"

ထိုအရပ်ရှည်ရှည်နှင့် ဉာဏ်ရည်မမီသော ရူးပေါပေါကြီးက နှပ်တရွှတ်ရွှတ်ဖြင့် ဂျီကျကာ အော်ဟစ်ပြောဆိုနေသည်။

ကျင်းနှစ်ရာကျော် လေးလံပြီး မုတ်ဆိတ်ဗရပွနှင့် ဤမျှ သန်မာထွားကျိုင်းလှသော လူကြီးက ယခုကဲ့သို့ ရှက်စရာကောင်းသည့် စကားများကို ပြောဆိုနေခြင်းပင်။ စူးကွေ့လန်ကတော့ ထိုအခြေအနေမျိုးကို ကျင့်သားရနေခဲ့ပြီ ဖြစ်သော်လည်း မျက်နှာတစ်ခုလုံး နီမြန်းသွားရရှာသည်။

"နင့်မှာ မိန်းမရသွားရင် အမေရော နင့်မိန်းမရော နှစ်ယောက်လုံးက နင့်ကို ထမင်းချက်ကျွေးကြမှာ၊ အဲ့လိုဆိုရင် စားကောင်းတာတွေ အများကြီးကို အမြဲတမ်း စားရတော့မှာပေါ့။ မြန်မြန်... အထဲကို အမြန်ဝင်တော့၊ မဟုတ်ရင် အမေ နင့်ကို ထမင်းချက်မကျွေးတော့ဘူးနော်"

"ကျွန်တော် ဝင်မယ်၊ အမေ စိတ်မဆိုးပါနဲ့နော်။ ကျွန်တော် အသားစားချင်တယ်၊ အသား..."

ထိုဉာဏ်ရည်မမီသော အရူးကြီးက တတွတ်တွတ် ပြောဆိုရင်း ခြံဝင်းထဲသို့ ဝင်သွားတော့သည်။

စူးကွေ့လန်က ထွက်ခွာသွားသော သားဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း အနောက်မှ အလျင်အမြန် တိုက်တွန်းနေသည်။

"အခန်းထဲကို မြန်မြန် ဝင်သွားတော့"

ထိုလူနုံကြီး စူးယောင်ကွမ်း၏ အခန်းထဲသို့ ဝင်သွားပြီးခါမှသာ စူးကွေ့လန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

‘ကျန်းကျောက်တိ တစ်ယောက် အိမ်မှာ မရှိဘဲ အပြင်မှာ အချိန်အကြာကြီး အလုပ်ရှုပ်နေအောင်လို့ မီးဖွားခါနီး ကိုယ်ဝန်ဆောင်တစ်ယောက်ကို အသည်းအသန် ရှာပြီး သွားခေါ်ခိုင်းခဲ့ရတာ။ အဲ့ဒါမှ ကျန်းကျောက်တိက သူမရဲ့ လက်သည်အတတ်ပညာကို ပြဖို့ သွားကူညီပေးရင်းနဲ့ အိမ်ကို ချက်ချင်း ပြန်မလာနိုင်မှာလေ။ ပြီးတော့ ဟိုကြေးပြားဆယ်ပြားတန် လင်လေး တောင်ပေါ်တက်သွားတာကိုလည်း ငါ တံခါးအပြင်မှာ တစ်နာရီလောက် စောင့်ကြည့်ပြီးမှ အတည်ပြုခဲ့တာ။ အဓိကအချက်က အဲ့ဒီဆေးက ဈေးလည်းကြီးသလို ဝယ်ရတာလည်း တကယ့်ကို မလွယ်ကူလှဘူး၊ ငါ တော်တော်လေး အားစိုက်ထုတ်ခဲ့ရတာ။ ဒီလောက်အထိ လုပ်ထားတာတောင်မှ အဆင်မပြေဘူးဆိုရင်တော့ ငါ့ဘာသာ မစင်ပဲ စားလိုက်တော့မယ်၊ အဲ့ဒီစူးယောင်ကွမ်း ကောင်မစုတ်လေးကသာ အခြေအနေကို နားလည်ပြီး ငါ့သားနဲ့ ရိုးရိုးသားသား လက်ထပ်ခဲ့မယ်ဆိုရင်... ငါတို့က အဒေါ်နဲ့ တူမ တော်စပ်နေတာမလို့ ငါ သူမကို နှိပ်စက်မှာ မဟုတ်ပါဘူး။ အခုတော့ သူမက အကောင်းပြောတာကို မသိတတ်ဘူးလေ။ ဒီလိုဖြစ်မှတော့ နင့်ရဲ့ သိက္ခာကို အကုန်ဖျက်ဆီးပစ်ရုံပေါ့၊ အဲ့ကျရင်တော့ နင် ငါ့သားနဲ့ မယူချင်ရင်တောင် မရတော့ဘူး'

ထိုအချိန်တွင် အခန်းထဲမှ 'ဒုန်း... ဒုန်း...' ဟူသော ပြင်းထန်သည့် အသံကြီးများ ထွက်ပေါ်လာသည်။

"အဆင်ပြေသွားပြီ၊ အဆင်ပြေသွားပြီ!"

စူးကွေ့လန်က စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။

ထို့နောက် သူမက မိမိ၏ ဒူးကို ရိုက်ကာ တမင်တကာ အသံကျယ်ကြီးဖြင့် အော်ဟစ်ငိုယိုလိုက်သည်။

"မုထုံရေ... မုထုံရဲ့... ငါတို့ ဘာလုပ်ကြမလဲ..."

"ဘာဖြစ်လို့လဲ... မုထုံအမေရဲ့"

လမ်းပေါ်တွင် လျှောက်နေသော အဒေါ်ကြီးတစ်ယောက်က စိုးရိမ်တကြီးဖြင့် မေးမြန်းလာခဲ့သည်။

"ကျွန်မရဲ့ သား လူမိုက်လေးက သူ့ဝမ်းကွဲ ယောင်ကွမ်းကို တွေ့ချင်တယ်လို့ပဲ ခဏခဏ ဂျီကျနေတာလေ၊ အခု အိမ်ရောက်တာနဲ့ သူ့ဆီကို ချက်ချင်း ပြေးဝင်သွားတော့တာပဲရှင်၊ အဒေါ်လည်း သိတဲ့အတိုင်းပဲ ကျွန်မသားက အသိဉာဏ်မှ မရှိတာ၊ သူက ယောင်ကွမ်းကို အနိုင်ကျင့်မိမှာကို ကျွန်မ တကယ်စိုးရိမ်မိလို့ပါ၊ အဒေါ်ရယ်... ကျွန်မနဲ့အတူ အထဲကို လိုက်ကြည့်ပေးပါဦးရှင်၊ ကျွန်မတစ်ယောက်တည်းဆိုရင် သူ့ကို ဆွဲထားလို့ နိုင်မှာ မဟုတ်ဘူး။ အဒေါ်က အားသန်တော့ ကျွန်မနဲ့အတူ ဝိုင်းဆွဲပေးပါဦး"

ထိုစကားကို ကြားလိုက်ရချိန်တွင် အဒေါ်ကြီးကလည်း ချက်ချင်း လောဆော်လိုက်သည်။

"ဒါဆိုရင်လည်း မြန်မြန် သွားကြည့်ကြတာပေါ့"

လမ်းလျှောက်လာကြသော ရွာသူရွာသားများကလည်း ဆူညံသံများကို ကြားလိုက်ရသဖြင့် မည်သည့်အကြောင်းအရာ ဖြစ်ပျက်နေသည်ကို သိရှိနိုင်ရန် အပြေးအလွှား ရောက်ရှိလာကြသည်။

ယခုအချိန်က လယ်ကွင်းထဲသို့ အလုပ်သွားလုပ်ကြမည့် အချိန်ဖြစ်သဖြင့် လမ်းပေါ်တွင် ဖြတ်သန်းသွားလာသူများ ပိုမိုများပြားလာပြီး အခြေအနေကို လာရောက်ကြည့်ရှုကြသည့် လူအုပ်ကြီးကလည်း တစ်စထက်တစ်စ ပိုပို စည်ကားလာခဲ့သည်။

ကျုံးလန်ဟွာကလည်း ဆူညံသံများကို ကြားရသဖြင့် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း သူမက စူးအိမ်၏ ခြံဝင်းထဲသို့ ရဲရဲတင်းတင်း မဝင်ရဲဘဲ ခြံဝင်းတံခါးဝမှသာ အထဲသို့ အကဲခတ်ကြည့်ရှုနေခဲ့သည်။

ကျုံးလန်ဟွာက စူးကွေ့လန်၏ စရိုက်ကို အလွန် ကောင်းမွန်စွာ သိရှိထားသဖြင့် ဤကိစ္စက ထင်သလောက် မရိုးရှင်းနိုင်ကြောင်း ရိပ်မိနေခဲ့၏။ ကျန်းကျောက်တိတစ်ယောက် ကလေးမွေးပေးရန် အပြင်သို့ ထွက်သွားသည်ကို သူမ ကြားသိထားခဲ့သလို စောစောက ထိုယောက်ျားလေး တောင်ပေါ်သို့ တက်သွားသည်ကိုလည်း သူမ မြင်ခဲ့ရသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် အခန်းထဲ၌ စူးယောင်ကွမ်းဟူသော မိန်းကလေးတစ်ယောက်တည်းသာ ရှိနေပေလိမ့်မည်။

'ဟင်း ဟင်း... ဒါကတော့ တကယ့်ကို ကြည့်ကောင်းမယ့် ပွဲပဲ'

All Chapters