သူမ၏ယခင်ဘဝတွင် စူးယောင်ကွမ်းတစ်ယောက် ရှောင်းယန်ချီကို ဝယ်ယူခဲ့ပြီး သူ စာပေလေ့လာနိုင်ရန် ထောက်ပံ့ပေးခဲ့သောကြောင့် ရှောင်းယန်ချီက ထိပ်တန်းသို့ တက်လှမ်းသွားနိုင်ခဲ့သည်။ စူးယောင်ကွမ်းလည်း သူမ၏ဆန္ဒအတိုင်း ထိပ်တန်းပညာရှင်၏ဇနီးဖြစ်လာခဲ့သည်။ သို့သော်လည်း သူက သူမကို လျစ်လျူရှုထားခဲ့ပြီး စူးယောင်ကွမ်းက အခန်းလွတ်လေးထဲတွင် တစ်ယောက်တည်း နေထိုင်ခဲ့ရသည်။ ထိပ်တန်းပညာရှင်က သစ်ခွပင်ကဲ့သို့ ပြေပြစ်ကာ ကျောက်စိမ်းကဲ့သို့ ဖြူစင်ပြီး အောင်မြင်လာပြီးသည်အထိ ဇနီးသည်ကို မမေ့မလျော့ သစ္စာရှိသည်ဟု ကျော်ကြားလာခဲ့သည်။ စူးယောင်ကွမ်းကလည်း သူမ အချစ်စစ်နှင့် တွေ့ဆုံခဲ့သည်ဟု ယူဆထားခဲ့သည်။ မမျှော်လင့်ဘဲ သူမ အပြင်းဖျားနေချိန်တွင် ရှောင်းယန်ချီက သူ၏လရောင်ဖြူလေးကို ခေါ်ကာ သူမ၏ကုတင်ရှေ့သို့ ရောက်ရှိလာခဲ့ပြီး သူ၏ရုပ်သွင်နှင့်တူသော ကလေးတစ်ယောက်ကိုပါ အတူတူ ခေါ်လာခဲ့သေးသည်။ "ဖေဖေ... မေမေ၊ သူက ဘယ်တော့သေမှာလဲ?" ကလေးက ရှောင်းယန်ချီ၏ အင်္ကျီစကို ဆွဲကာ မေးမြန်လိုက်သည်။ ရှောင်းယန်ချီ : "သိပ်မကြာခင်ပေါ့၊ ခဏတော့စောင့် ရဦးမယ်" ရှောင်းယန်ချီ၏ လရောင်ဖြူလေ သို့မဟုတ် စူးယောင်ကွမ်း၏ ကမ္ဘာမကြေရန်သူက သူမ၏မျက်နှာကို ဖုံးအုပ်ကာ တွန့်ဆုတ်မှုများပြည့်နေသည့် သနားကြင်နာမှုကို ထုတ်ပြလာခဲ့သည်။ "အစ်ကိုချီ၊ သူ့အတွက် သမားတော် ခေါ်ပေးလိုက်ပါ၊ သူက အရမ်း သနားဖို့ ကောင်းတယ်" ထိုအချိန်မှသာ စူးယောင်ကွမ်းက သူမ လူမှားပြီး ပုံအပ်ခဲ့မိကြောင်း သိလိုက်ရပြီး သူမကိုယ်သူမ လှောင်ပြောင် ရယ်မောလိုက်တော့သည်။ ......။.....။..... သူမ၏အသက်ဆယ့်ငါးနှစ်အရွယ်သို့ ပြန်ရောက်လာသော စူးယောင်ကွမ်းက ယခုတကြိမ်တွင် သွေးအလိမ်းလိမ်းဖြစ်နေသည့် ကောင်လေးကို လက်ညှိုးထိုးပြလိုက်သည်။ "ကျွန်မ သူ့ကို လိုချင်တယ်" ‘အရင်ဘဝတုန်းက သူမ ရှောင်းယန်ချီကို ဘာတွေပဲ ပေးခဲ့ပေးခဲ့ ဒီဘဝမှာတော့ သူမမှာ သူ့အတွက် အေးစက်မှုတွေပဲ ရှိတော့တယ်’ ယခုတစ်ကြိမ်တွင် ဝံပုလွေနှင့်တူသည့် ကောင်လေးက သူ့၏သတိချပ်မှုများကို စွန့်လွှတ်လိုက်ပြီး သူ့အစ်မအတွက် အကောင်းဆုံးအရာများကို ပေးနိုင်ရန် ကြိုးစားလာခဲ့သည်။ နောက်ဆုံးတွင် နို့နံ့သင်းသည့် အရွယ်သာ ရှိသေးသော ကောင်ငယ်လေးက စူးယောင်ကွမ်း၏နှလုံးသားကို အရည်ပျော်ကျသွားစေခဲ့သည်။ တစ်နေ့တွင် ထိုကောင်လေးက ရာထူးကြီးမြင့်လာခဲ့ပြီး အတိတ်မှ အရိပ်ဆိုးကို နောက်တစ်ကြိမ် ပြန်ရင်မဆိုင်ချင်တော့သည့် စူးယောင်ကွမ်းက သူမ၏ပိုင်ဆိုင်မှုကို ထုပ်ပိုးကာ ညတွင်းချင်း ထွက်ပြေးလာခဲ့သည်။ သူမ ထွက်လာပြီးသည်နှင့် တပြိုင်နက် နတ်ဘုရားကဲ့သို့ မြင့်မြတ်သည့်လူဆီသို့ တည့်တည့် ပြေးဝင်သွားမိတော့သည်။ "မင်း နေရာတိုင်းမှာ ငါတို့က မောင်နှမတွေလို့ ပြောနေတာကို ငါ ကြားခဲ့တယ်။ ကောင်းပြီ... မမရေ... ငါတို့ အခု အခေါ်အဝေါ်တွေ ပြောင်းသင့်ပြီ မဟုတ်ဘူးလား"

