← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅ ခြိမ်းခြောက်ခြင်း

"အမေ... အမေ အခု သက်သာရဲ့လား"

စူးယောင်ကွမ်းတစ်ယောက် ကျန်းကျောက်တိကို ကြည့်ရင်း ရင်ထဲမှာ ဆို့နင်နေသလို ဖြစ်သွားရသည်။

ကျန်းကျောက်တိလည်း အစာနည်းနည်း ပါးစပ်ထဲ ရောက်သွားပြီး ရေနည်းနည်း သောက်လိုက်ရသောကြောင့် သတိပြန်ဝင်လာသည်။

သူမ အိပ်မက်မက်နေခြင်း မဟုတ်မှန်း သိလိုက်ရပြီး သူမ၏သမီးလေးက သူမအား အမှန်တကယ် လိုက်ရှာခဲ့သည်ကို မြင်လိုက်ရသောကြောင့် စိတ်လှုပ်ရှားသွားရသည်။

သူမ ထိုင်လိုက်ပြီး ဆံပင်များကို ပြန်သပ်လိုက်ကာ တတ်နိုင်သမျှ သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။

"အမေ... အမေ ဒီမှာ ပိတ်လှောင်ခံထားရတာ ကြာပြီလား"

"သိပ်မကြာပါဘူး... ငိုမနေပါနဲ့ကွယ်"

ကျန်းကျောက်တိက စူးယောင်ကွမ်း၏ ပါးပြင်ပေါ်မှ မျက်ရည်စက်များကို သုတ်ပေးလိုက်သည်။

"မိုက်မဲတဲ့ကောင်မလေး... ဒါက နားလည်မှုလွဲတာပါ၊ စကားပြောရှင်းလိုက်ရင် အဆင်ပြေသွားမှာပါ။ သူတို့ အခု ဒေါသထွက်နေလို့သာ ဘာပြောပြော နားမထောင်ဖြစ်နေတာပါ၊ စိတ်အေးသွားရင်တော့ အမှန်တရားကို လက်ခံလာမှာပါ"

"အမေ... အခု ဖြစ်ပျက်ခဲ့တာတွေကို အစအဆုံး သမီးကို ပြောပြပေးပါ၊ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ သမီး သိချင်တယ်"

"ဖုန်းသခင်မက ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်က တော်တော်ကို ကြီးနေတာ။ ကလေးမွေးခါနီးတော့ သူက အမေ့ကို ခေါ်ပြီး စောင့်ရှောက်ပေးဖို့ ပြောတယ်။ အမေလည်း သူနဲ့အတူ ခြံထဲမှာ လမ်းလျှောက်ပေးရင်းနဲ့ နည်းနည်းပါးပါး သင်ကြားပေးခဲ့တယ်။ သုံးရက်လောက်နေတော့ သူ စပြီး မီးဖွားချင်လာတယ်။ ဒါပေမယ့် နှစ်ရှီးချန် ကြာတာတောင် ကလေးက ထွက်မလာနိုင်ဘူး ဖြစ်နေတယ်။ အမေ သေချာကြည့်လိုက်တော့ ကလေးက ကန့်လန့်ဖြတ် ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အနေအထားကို ပြန်ပြင်ပေးလိုက်နိုင်လို့ ကလေးကို မွေးဖွားလိုက်နိုင်ပေမဲ့... မွေးပြီးတာနဲ့ သူက သွေးလွန်ပြီး သတိလစ်သွားရော။ အမေလည်း အရင်က ဆေးဆရာတစ်ယောက်ဆီမှာ ဒီလိုအခြေအနေမျိုးကို ဘယ်လိုပြုစုရမလဲဆိုတာ သင်ထားဖူးတော့ သူ့အသက်ကို ကယ်တင်ပေးနိုင်လိုက်တယ်။ အမေလည်း ပင်ပန်းလို့ ခဏအိပ်လိုက်ပြီး နိုးလာတဲ့အခါ... သူ့ရဲ့ မွေးကင်းစကလေးလေးက အဝတ်တွေထဲမှာပဲ အသက်ထွက်သွားပြီတဲ့။ သူတို့က အမေ သတ်လိုက်တာလို့ စွပ်စွဲကြတယ်။ ဘယ်လောက်ပဲ ရှင်းပြ ရှင်းပြ နားမထောင်ဘဲ ဒီနေရာမှာ ပိတ်လှောင်ထားလိုက်တာပဲ"

"ဒီမိသားစုက တကယ်ကို အကြောင်းမဲ့ စွပ်စွဲတာပဲ။ သူတို့က ငွေညှစ်ဖို့အတွက် အမေ့ကို တမင်သက်သက် စွပ်စွဲနေတာလို့ သမီး ထင်တယ်"

အပြင်ဘက်မှ အဘွားကြီးယွီက အော်ဟစ်လိုက်သည်။

"ဟဲ့ ကလေးမ၊ မင်း ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါတို့က ဘာမို့လို့ မင်းတို့လို လူတွေကို ငွေညှစ်ရမှာလဲ"

"အမေ... သွားရအောင်"

စူးယောင်ကွမ်းက ကျန်းကျောက်တိကို ကျောပိုးလိုက်သည်။

အဘွားကြီးယွီက တံခါးဝတွင် ပိတ်ရပ်ထားလိုက်ပြီး စူးယောင်ကွမ်းတို့သားအမိ အပြင်မထွက်နိုင်အောင် တားဆီးရင်း မျက်လုံးပြူး မျက်ဆံပြူးဖြင့် အော်ဟစ်လိုက်သည်။

"ငွေလျန်တစ်ရာ မပေးဘဲနဲ့တော့ ဒီကနေ တစ်လှမ်းမှ ထွက်သွားဖို့ စိတ်မကူးနဲ့"

ကျိုးဝမ်ရှူက မီးစာတိုင်ကို ထုတ်လိုက်ပြီး ဖူးကနဲ မှုတ်ကာ မီးတောက်တစ်ခု မီးညှိလိုက်သည်။

အဘွားကြီးယွီက သူ့ကို သတိကြီးစွာ ပြန်ကြည့်လိုက်သည်။

"မင်း တကယ် လုပ်ရဲလား"

ကျိုးဝမ်ရှူက မီးစာတိုင်ကို တံခါးဝရှိ ပြောင်းဖူးရိုးပုံကြီးဆီသို့ ချိန်ရွယ်လိုက်ရင်း ပြန်မေးလိုက်သည်။

"လောင်းကြေးထပ်ကြမလား... ကျုပ် လုပ်ရဲလား မလုပ်ရဲဘူးလားဆိုတာ ခင်ဗျားကိုယ်တိုင် ကြည့်လိုက်လေ"

"မင်း..."

"ဟိတ်... ကောင်မစုတ်လေး၊ မင်းက ငါ့ကို တကယ်ပဲ အထင်သေးနေတာကိုး။ ငါ့လက်သီးတစ်ချက်နဲ့တင် မင်းကို ငရဲပြည် ပို့လိုက်လို့ ရတယ်ဆိုတာ မသိဘူးလား"

ဖုန်းလောင်တာ့က လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး အရိုးအဆစ်များ တကြွပ်ကြွပ်မြည်အောင် လုပ်လိုက်သည်။

"ရှင်တို့က ကျွန်မ အမေ့ကို ပိတ်လှောင်ထားရဲတယ်ပေါ့လေ၊ ကျွန်မ အာဏာပိုင်တွေဆီ တိုင်လိုက်ရင် ရှင်တို့အားလုံး လွတ်မှာ မဟုတ်ဘူး"

စူးယောင်ကွမ်းက ကျန်းကျောက်တိကို ထင်းတဲအပြင်ဘက်သို့ ကျောပိုးခေါ်သွားပြီး ထိုင်စရာ ထိုင်ခုံတစ်ခု ရှာပေးလိုက်သည်။

သူမ၏ ရှေ့မှာ တိုက်ပွဲကြီးက စတင်တော့မည် ဖြစ်သည်။

"ကျွန်မ သေသွားတဲ့ ကလေးမလေးကို ကြည့်ချင်တယ်"

စူးယောင်ကွမ်းက တောင်းဆိုလိုက်သည်။

အဘွားကြီးယွီက စူးယောင်ကွမ်းကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။

"မင်း ဘာပြောလိုက်တယ်၊ ဟမ်... ကလေးက သေသွားတာ ကြာပြီ၊ မြေမြှုပ်ထားတာတောင် ကြာလှပြီကို မင်းက အခု ပြန်တူးဖော်ပြီး ကြည့်ဦးမလို့လား၊ မင်း စိတ်သဘောထားက တကယ်ကို ရက်စက်တာပဲ။ အပြစ်ကင်းစင်တဲ့ ငါ့မြေးမလေးက သူ့မိဘတွေကိုတောင် မတွေ့လိုက်ရဘဲ အသက်ထွက်သွားရတာလေ၊ သူ့ကို ငြိမ်းငြိမ်းချမ်းချမ်း အနားယူခွင့် မပေးဘူးဆိုရင် နောက်ဘဝမှာ သူ ဘယ်လိုလုပ်ပြီး ကောင်းတဲ့မိသားစုမှာ ပြန်မွေးဖွားလာနိုင်တော့မှာလဲ"

စူးယောင်ကွမ်းက အေးစက်စက် ပြန်ပြောလိုက်သည်။

"ရှင်တို့က ကလေးသေတာကို ကျွန်မအမေ့ကြောင့်လို့ စွပ်စွဲနေတာလေ။ တကယ်လို့ ရှင်တို့ဘက်က ကျွန်မတို့ကို တာဝန်ယူစေချင်တယ်ဆိုရင် ဒါက ကျွန်မအမေနဲ့ တကယ် ပတ်သက်နေတာကို သက်သေပြရမှာပေါ့။ ကလေးမွေးတုန်းက အခြေအနေကောင်းတယ်၊ ငိုသံကလည်း တအား ကျယ်လောင်တယ်လို့ အမေ ပြောပြထားတယ်။ မွေးခါစမှာ ကျန်းကျန်းမာမာနဲ့ ကလေးတစ်ယောက်က ဘာလို့ တစ်ရှီးချန်၊ နှစ်ရှီးချန်အတွင်း သေဆုံးသွားရတာလဲ၊ ကျွန်မ အမေက အဲ့ဒီနေ့က ညနက်တဲ့အထိ ပင်ပန်းအောင် လုပ်ပေးခဲ့ရပြီး ခဏလောက်ပဲ အိပ်ရသေးတယ်၊ ရှင်တို့က အမေ့ကို ပါးရိုက်ပြီး နှိုးလိုက်တာလေ"

ဖုန်းလောင်တာ့က ကြားဖြတ်အော်ပြောလိုက်သည်။

"ဒါက မင်းအမေရဲ့ အမှားပဲ။ ငါ့မိန်းမက မွေးခါနီးအထိ ကျန်းကျန်းမာမာပဲ။ မွေးဖွားတဲ့နေရာမှာ မင်းအမေ ပေါ့ဆလို့သာ သူတို့သားအမိ ထာဝရ ကွဲကွာသွားရတာ"

"အာဏာပိုင်တွေကို တိုင်ကြားမယ်"

စူးယောင်ကွမ်းက ခပ်ပြတ်ပြတ် ထပ်ပြောလိုက်သည်။

"ရှင်တို့မှာ လူကို အနိုင်ကျင့်ပိုင်ခွင့် မရှိဘူး။ ကျွန်မအမေ့ကြောင့် ကလေးသေတာလို့ ရှင်တို့ ယုံကြည်သလို ကျွန်မတို့ကလည်း ကျွန်မအမေမှာ အပြစ်မရှိဘူးလို့ ယုံကြည်တယ်။ ရှင်တို့ဘက်က အမေ့ကို တရားမဝင် ပိတ်လှောင်ထားတယ်လို့ ကျွန်မတို့ ယူဆတဲ့အတွက် ရုံးတော်ကပဲ အဆုံးအဖြတ် ပေးပါစေ"

"လူက သေသွားပြီ၊ အာဏာပိုင်တွေကို တိုင်လို့ ဘာထူးမှာလဲ၊ အာဏာပိုင်တွေကို တိုင်လိုက်ရင် ငါတို့ရဲ့ သနားစရာ ကလေးမလေးက ပြန်ရှင်လာမှာတဲ့လား၊ ငါ့ဇနီးက ငိုလွန်းလို့ သတိမေ့ပြီး ခုထိ ပြန်မနိုးလာသေးဘူး။ နောက်တစ်ခါ ထပ်ပြောမယ်၊ ငွေလျန်တစ်ရာ လျော်ကြေးပေးရင် ငါတို့ မင်းအမေကို ပြန်လွှတ်ပေးမယ်၊ ပြီးရင် ဘာမှမဖြစ်ခဲ့သလို နေပေးလိုက်မယ်"

"မရဘူး။ ကျွန်မတို့ မလုပ်တဲ့ အပြစ်အတွက် လုံးဝ ဝန်ခံမှာ မဟုတ်ဘူး။ လျန်တစ်ရာ ဟုတ်လား၊ တော်တော်ကို ကြီးမားတဲ့ ပမာဏပဲ"

စူးယောင်ကွမ်းက မဲ့ပြုံး ပြုံးကာ ဆက်ပြောလိုက်သည်။

"အခု ရှင်တို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ တစ်ခုက အာဏာပိုင်တွေဆီ တိုင်ကြားပြီး အမှုရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့၊ ရုံးတော်က ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ကျွန်မတို့ လက်ခံမယ်။ နောက်တစ်ခုကတော့ ကျွန်မအမေ့ကို ချက်ချင်း ပြန်လွှတ်ပေးပြီး ဒီရက်ပိုင်းအတွင်း အမေ ခံစားခဲ့ရတဲ့ စိတ်ဒုက္ခတွေအတွက် လျော်ကြေးပေးဖို့ပဲ။ ကျွန်မတို့က ရှင်တို့လို လျန်တစ်ရာ တောင်းမနေဘူး၊ ဆယ်လျန်ပဲ ယူမယ်။ အဲ့ဒါအပြင် ရှင်တို့ ကျွန်မရဲ့အမေ့ကို တောင်းပန်ရမယ်။ ရှင်တို့ မိသားစုတစ်ခုလုံးက အမေ့ကို လာတောင်းပန်ရမယ်။ ပြီးတော့ ကလေးမွေးဖွားပေးတဲ့အတွက် ပေးရမယ့် လုပ်ခကိုလည်း အပြည့်အဝ ပေးရမယ်"

ကျိုးဝမ်ရှူက ဘေးမှ လှမ်းသတိပေးလိုက်သည်။

"အဒေါ်ကျန်းက အမေနဲ့ ကလေးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာဆိုတော့ ကျေးဇူးဆပ်သင့်တာ မဟုတ်ဘူးလား"

"ဒီမိသားစုက ကျေးဇူးကန်းလွန်းလို့ သူတို့ဆီက ကျေးဇူးတင်စကားတောင် မျှော်လင့်လို့ရမှာ မဟုတ်ဘူး။ သူတို့ဆီက ငွေကိုလည်း ငါ မလိုချင်ဘူး"

စူးယောင်ကွမ်းက ဆက်ပြောလိုက်သည်။

ဖုန်းလောင်တာ့နှင့် အဘွားကြီးယွီတို့က အချင်းချင်း ကြည့်လိုက်ကြသည်။

‘ဒီကောင်မလေးက တကယ်ကို ခေါင်းမာလွန်းတယ်၊ ဒီအတိုင်းသာ ဆက်သွားနေရင် သူတို့ ဘာအသာစီးမှ ရတော့မှာ မဟုတ်ဘူး’

‘ဒါပေမဲ့လည်း သူတို့က ကျန်းကျောက်တိကို ဒီအတိုင်း လွှတ်ပေးလိုက်ဖို့ ဆန္ဒမရှိကြဘူးလေ’

‘သူတို့ အာဏာပိုင်တွေကိုလည်း မတိုင်ရဲဘူး၊ ဒီအတိုင်း လွှတ်ပေးလိုက်ရင်လည်း ဒီရက်ပိုင်းအတွင်း သူတို့ ကြိုးစားပမ်းစား လုပ်ထားသမျှ အလကား ဖြစ်သွားမှာပေါ့။ သူတို့ဘက်က မလိုက်နာမှတော့ နောက်ဆုံးတွင် အစွန်းရောက်တဲ့ နည်းလမ်းကိုပဲ ရွေးချယ်ရတော့မယ်’

ဖုန်းလောင်တာ့က အိမ်ဝင်းတံခါးကို ပိတ်လိုက်သည်။

သူက တံခါးရှေ့တွင် ပိတ်ရပ်ရင်း အဘွားကြီးယွီကို လှမ်းပြောလိုက်သည်။

"အမေ... သူတို့က လျော်ကြေး မပေးနိုင်ဘူးဆိုရင် အကုန်လုံးကို ဖမ်းပြီး ရောင်းစားလိုက်ကြရအောင်။ ရသလောက် ငွေပြန်ဖော်ရမှာပေါ့"

စူးယောင်ကွမ်းက အေးစက်စက် ပြန်ပြောလိုက်သည်။

"ရှင်တို့က ကျွန်မတို့ကို အနိုင်ကျင့်ဖို့ ကြံစည်နေတာပဲ။ အမေ... အမေ တွေ့ပြီလား၊ သူတို့ ဘာလို့ အာဏာပိုင်တွေကို မတိုင်ရဲတာလဲ။ ကလေးသေတဲ့အကြောင်းရင်းကို ဖော်ထုတ်လိုက်ရင် သူတို့ ပြဿနာတက်မှာ ကြောက်နေလို့လေ။ ကလေးမလေးက မိန်းကလေးမို့လို့ သူတို့ မလိုချင်တာ ဖြစ်မှာပေါ့။ ဒီကလေးကို သူတို့ကိုယ်တိုင် သတ်ပြီးမှ အမေ့ကို အပြစ်ပုံချပြီး ငွေညှစ်ဖို့ ကြံစည်နေတာလေ"

ကျန်းကျောက်တိက ပုံမှန်အားဖြင့် စိတ်ဓာတ်မာကျောသူ ဖြစ်သော်လည်း မွေးခါစမှာပင် သေဆုံးသွားခဲ့ရတဲ့ ကလေးမလေးကြောင့် သူတို့ပေးသမျှ ဒုက္ခကို အသံတိတ် ခံနေခဲ့ခြင်း ဖြစ်သည်။ ဤမိသားစုက မွေးကင်းစကလေးလေးကို ဆုံးရှုံးလိုက်ရသည့်အတွက် စိတ်ထိခိုက်နေကြပြီး သူမ၏ ရှင်းပြချက်များကို နားမထောင်ခြင်းဟုသာ သူမ ထင်မှတ်ထားခဲ့သည်။

ထို့ကြောင့်လည်း သူတို့ သူမအား ပိတ်လှောင်ထားစဉ်က သူမ မခုခံခဲ့ပေ။ ကလေးမလေး သေဆုံးရခြင်းက သူမနှင့် ဘာမှမဆိုင်ကြောင်းကိုသာ ရှင်းပြနေခဲ့သည်။ သူမ၏ ဝမ်းဆွဲ အတွေ့အကြုံအရ အကြောင်းရင်းများကို ခွဲခြမ်းစိတ်ဖြာပြီး သူတို့ကို နားချနိုင်ရန်သာ ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

ယခု စူးယောင်ကွမ်း ပြောလိုက်သည့် စကားတွေကို ကြားလိုက်ရမှသာ သူမ ဘယ်လောက် အလကားလူ ဖြစ်ခဲ့ရမှန်း သဘောပေါက်သွားတော့သည်။

‘သာမန်ဆိုရင် ငါက ဒီလောက် အားနည်းမနေဘူး။ ဒီလူတွေကို သင်ခန်းစာပေးဖို့ အပြေးသွားပြီး ဒီနှစ်ရက်အတွင်း ခံစားခဲ့ရတဲ့ ဒုက္ခတွေအတွက် ပြန်ပေးဆပ်ခိုင်းမှာ’ မြေကြီးပေါ် ဒူးထောက်ခိုင်းပြီး တောင်းပန်ခိုင်းမှာ’

အဘွားကြီးယွီက အပြစ်ရှိသလို ခံစားလာရပြီး စူးယောင်ကွမ်းကို တည့်တည့်မကြည့်ရဲတော့ပေ။ သူမက လက်နှစ်ဖက်ကို ပင့်တင်ရင်း စူးယောင်ကွမ်းကို အတင်းဆွဲရန် ကြိုးစားလိုက်သည်။

စူးယောင်ကွမ်းက အဘွားကြီးယွီ၏ လက်ကောက်ဝတ်ကို ပြန်ဖမ်းဆုပ်လိုက်ပြီး တစ်ချက်တည်းနဲ့ လက်ဆစ်ကို ဆွဲဖြုတ်လိုက်သည်။

"အား..."

အဘွားကြီးယွီက အော်ဟစ်လိုက်သည်။

ဖုန်းလောင်တာ့ကလည်း ဒေါသတကြီး ပြေးဝင်လာပြီး စူးယောင်ကွမ်းကို လှမ်းဆွဲရန် ကြိုးစားလိုက်သည်။

သို့သော် သူ စူးယောင်ကွမ်း၏အနားသို့ မကပ်နိုင်ခင်မှာပင် ကျိုးဝမ်ရှူက သူ့ကို ခုန်အုပ်လိုက်ပြီး မြေကြီးပေါ်၌ ပြားနေအောင် ဖိချထားလိုက်သည်။

"ယောင်ကွမ်း... ကြည့်၊ ငါ သူ့ကို ဖမ်းမိပြီ"

စူးယောင်ကွမ်း လှည့်ကြည့်လိုက်ချိန်တွင် ကျိုးဝမ်ရှူက အနီးနားမှ ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး ထုရိုက်ရန် ကြိုးစားနေသည်။

"မလုပ်နဲ့..."

စူးယောင်ကွမ်း တားဆီးရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ချေပြီ။ ကျိုးဝမ်ရှူက ကျောက်တုံးကို အားဖြင့် ထုချလိုက်သည်။

သို့သော်လည်း ကျောက်တုံးက သူ့ခေါင်းကို ထိမှန်သွားခြင်း မဟုတ်ဘဲ လက်မောင်းကိုသာ ထုမိသွားခဲ့သည်။

"အား..."

ဖုန်းလောင်တာ့လည်း အော်ဟစ်လိုက်ရပြန်သည်။

All Chapters