← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀ လမ်းဆုံးရောက်နေပြီ

နေ့လယ်ခင်း.... နေ့လယ်စားချိန်....

အဘွားစူးက ဇလုံအောက်ခြေမှ ယာဂုများကို ဇွန်းကြီးဖြင့် အပြည့်ခပ်ယူနေသည်။ ဆန်စေ့ဖွေးဖွေးလေးများက ပျစ်နှစ်နေသောကြောင့် အလွန်စားချင်စဖွယ် ဖြစ်နေခဲ့သည်။ သူမက ထိုယာဂုပန်းကန်ကို ဦးလေးစူးရှေ့သို့ ချပေးလိုက်သည်။

ထို့နောက် ဒုတိယ၊ တတိယနှင့် စတုတ္ထပန်းကန်တို့ကိုလည်း ထိုနည်းအတိုင်း ခပ်ယူပေးလိုက်သည်။ နောက်ဆုံး တစ်ပန်းကန်သာ ကျန်တော့သည့်အချိန်တွင်တော့ သူမက ဇွန်းကို အဒေါ်စူးဆီသို့ ပစ်ပေးလိုက်သည်။

"စားချင်ရင် နင့်ဘာသာ ခပ်စား။ ချွေးမဆိုတာက သက်ကြီးရွယ်အိုကို ပြန်လုပ်ကျွေးရမှာ၊ နင့်ကျမှ ဘာလို့ ငါ့ကို အလုပ်ရှုပ်ခံပြီး ခပ်ခိုင်းနေတာလဲ။ မိုးကြိုးပစ်ခံရမှာ မကြောက်ဘူးလား"

အဒေါ်စူးကတော့ ထိုအခြေအနေမျိုးကို ရိုးနေပြီ ဖြစ်သည်။ သူမက ပခုံးကို တွန့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ယာဂုကို ဇွန်းဖြင့် ခပ်ယူလိုက်သည်။

စူးမိသားစုအိမ်က အမြဲ ထိုအတိုင်းသာ ဖြစ်သည်။ ပထမဦးဆုံးခပ်လိုက်သည့် ယာဂုက ဆန်စေ့အများဆုံးနှင့် အပျစ်ဆုံးဖြစ်ပြီး ၎င်းက သူမ၏ အဖိုးတန်သားဖြစ်သူအတွက် ဖြစ်သည်။ ဒုတိယတစ်ပန်ကန်းကတော့ သူမ၏ မြေးဖြစ်သူအတွက် ဖြစ်သည်။ တတိယတစ်ပန်းကန်ကတော့ သူမကိုယ်တိုင်အတွက်ဖြစ်ပြီး စတုတ္ထပန်းကန်ကတော့ သူမ၏ခင်ပွန်းအတွက် ဖြစ်သည်။ ခပ်လေလေ ယာဂုက ရေကျဲလာလေလေ ဖြစ်ပြီး နောက်ဆုံး ကျန်ရစ်သည့် ပန်းကန်တွင်တော့ ဆန်စေ့ပင် မဆယ်နိုင်တော့ပေ။ ၎င်းက အပြင်မှ ရောက်လာသည့် သူမအတွက်သာ ဖြစ်သည်။

အဒေါ်စူးက ငတုံးမဟုတ်ပေ။ သူမ ကြက်ဥတစ်လုံးကို အရင် ခိုးယူထားပြီး သူတို့ မမြင်အောင် အစိမ်းစားထားခဲ့ပြီး ဖြစ်သည်။ ကြက်များက နေ့တိုင်း ဥမဥသည့်အတွက် သူမ တစ်ခါတစ်ရံ ခိုးစားမိလျှင်ပင် မည်သူမျှ သတိထားမိမည်မဟုတ်ပေ။

အရည်ကျဲကျဲ ယာဂုအပြင် စားပွဲပေါ်၌ မုန့်ပြားများလည်း ရှိနေသေးသည်။ အဒေါ်စူးက အကြီးဆုံးတစ်ခုကို ကြည့်ကာ လက်လှမ်းလိုက်သော်လည်း အဘွားစူးက သူမလက်ကို ထမင်းစားတူဖြင့် ရိုက်ချလိုက်သည်။

အဒေါ်စူးက နာကျင်မှုကို သည်းခံကာ မုန့်ပြားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း ဆွဲယူလိုက်သည်။ အဘွားစူး အော်ဟစ်ဆဲဆိုရန် ပြင်နေတုန်းမှာပင် သူမက အကြီးဆုံးအပိုင်းကို အကိုက်ကြီးတစ်ကိုက် ကိုက်လိုက်ပြီး ယာဂုတစ်ငုံကို မော့သောက်ကာ မုန့်ကို မျိုချလိုက်သည်။

"နင်က ဆာလောင်နေတဲ့ တစ္ဆေကနေ လူပြန်ဖြစ်လာတာလား။ အရင်က တစ်ခါမှ မစားဖူးဘူးလား။ ဘာလို့ ဒီလောက် အများကြီး စားနေရတာလဲ။ အစားအသောက်ဆိုတာ ယောက်ျားသားတွေကို အရင်ပေးရမှာဟဲ့။ ယောက်ျားတွေက လယ်ယာ အလုပ်လုပ်ရတယ်၊ ခွန်အားစိုက်ထုတ်ရတယ်ဟဲ့"

အဒေါ်စူးကတော့ အဘွားစူးပြောနေသည့်စကားများက မကြားချင်ယောင်ဆောင်ကာ ခေါင်းငုံ့ထားပြီး သူမ၏ယာဂုကိုသာ ဆက်သောက်နေလိုက်သည်။

‘အော်ချင်သလောက် အော်လေ၊ ငါကတော့ ဗိုက်ဝအောင် စားပြီးသွားပြီ။ စားလို့ရသရွေ့တော့ ဘယ်လိုပဲ ဆဲဆဲ ငါကတော့ ဘာမှ မဖြစ်ဘူး’

ဦးလေးစူးက အဒေါ်စူးကို စိုက်ကြည့်လိုက်သည်။

"အမေပြောတာ မှန်တယ်၊ မင်း ဘာလို့ ဒီလောက် လောဘကြီးနေရတာလဲ"

စူးရှောင်ပေါင်ကလည်း ဦးလေးစူး၏ လေသံအတိုင်း လိုက်ပြောနေသည်။

"အမေက တကယ့်ကို လောဘကြီးတာပဲ၊ ကျွန်တော်တို့ရဲ့ မုန့်ပြားတွေကို ခိုးစားနေတယ်"

ထိုအချိန်တွင် အိမ်ဝင်းထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"အမေ... အဖေ... သမီး ပြန်လာပြီ"

ထိုအသံကို ကြားလိုက်သည်နှင့် အဒေါ်စူးက သူမ မုန့်ပြားကို အမြန်စားပြီး ယာဂုကို တစ်ကျိုက်တည်း မော့ချလိုက်သည်။

စူးကွေ့လန်က အိမ်ခန်းထဲသို့ ဝင်လာပြီး အိမ်သားများ အကုန်လုံး စားသောက်နေသည်ကို မြင်လိုက်ရသည့်အခါ သူမလည်း ထိုင်ချလိုက်ပြီး မုန့်ပြားတစ်ချပ်ကို ကောက်ကိုင်လိုက်သည်။

"နင်က ဘာလာလုပ်တာလဲ"

အဘွားစူးက သူမလက်ထဲမှ မုန့်ပြားကို ဆွဲလုလိုက်ပြီး နှစ်ပိုင်းခွဲကာ သူမအတွက် တစ်ဝက်သာ ပစ်ပေးလိုက်သည်။

"နင် ကြိုမပြောထားဘူးလေ၊ ငါတို့က နင့်အတွက် ဘာမှ မချက်ထားဘူး"

"ကျွန်မ ယာဂု မကြိုက်ဘူး။ ကြိုပြောထားရင်တောင် ဘာထူးမှာလဲ၊ ဒီယာဂုပဲ ဖြစ်မှာပေါ့။ အမေ... သမီး ကြက်ဥစားချင်တယ်၊ ကြက်ဥပြုတ်လေးများ ရနိုင်မလား"

စူးကွေ့လန်က သူမ၏ လိုအင်ဆန္ဒကို တောင်းဆိုလိုက်သည်။

အဒေါ်စူးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်သံဖြင့် ပြန်ပြောလိုက်သည်။

"နင်က တကယ့်ကို အတ္တကြီးတဲ့ ယောင်းမပါလား။ အိမ်မှာ စားစရာဆိုလို့ ဒီယာဂုကျဲကျဲပဲ ရှိတာကို၊ ရှိတဲ့ ကြက်ဥနည်းနည်းကလည်း ရှောင်ပေါင် ကြီးထွားဖို့အတွက် ချန်ထားတာလေ။ နင်က လူကြီး ဖြစ်နေပြီ၊ ကလေးတစ်ယောက်ရဲ့ စားစရာကို လုစားမလို့လား"

စူးကွေ့လန်က ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်မက အမေတို့အတွက် ကြီးမားတဲ့ ပြဿနာတစ်ခုကို ချက်ချင်း ဖြေရှင်းပေးနိုင်မှာနော်။ အဲ့ဒီအတွက် ကြက်ဥလေး နည်းနည်းလောက် စားတာက အများကြီးမှ မဟုတ်တာ"

ဦးလေးစူးက စိတ်ဝင်တစား မေးလိုက်သည်။

"ဘာကို ဆိုလိုတာလဲ"

"ကျွန်မ ဖုန်းမိသားစုဆီ သွားပြီး မေးကြည့်လိုက်တယ်။ သူတို့ပြောပုံအရ အကုန်လုံးက အစီအစဉ်အတိုင်းပဲတဲ့။ ကျန်းကျောက်တိက သူတို့ထောင်ချောက်ထဲ ရောက်သွားပြီး ငွေလျန်တစ်ရာ လျော်ကြေးပေးဖို အကြွေးစာချုပ်မှာ လက်မှတ်ထိုးခဲ့တယ်။ မနေ့က ကျန်းကျောက်တိ ပြန်လာတာကို ကြည့်လေ၊ အခြေအနေ သိပ်မကောင်းဘူး မဟုတ်လား။ အဲ့ဒါ ဖုန်းမိသားစုက သူ့ကို နှစ်ရက်နဲ့ နှစ်ည အစာငတ်ခံထားခိုင်းလိုက်လို့လေ"

အဒေါ်စူးက ဝင်မေးလိုက်ပြန်သည်။

"ဖုန်းမိသားစုနဲ့ ဒီအပေးအယူက ဘယ်လိုဖြစ်ပြီး လုပ်ဖြစ်သွားတာလဲ"

"အရင်ကတော့ ကျွန်မက ဖုန်းမိသားစုကို ပစ္စည်းတစ်ခုခု ဖျက်ဆီးခိုင်းပြီး ကျန်းကျောက်တိ လက်ချက်လို့ စွပ်စွဲခိုင်းမလို့ပဲ။ အဲ့ဒီပစ္စည်းက အရမ်းတန်ဖိုးကြီးပြီး ငွေလျန်တစ်ရာလောက် တန်တယ်လို့ ပြောခိုင်းထားတာ။ ဒါပေမဲ့ ဖုန်းမိသားစုမှာ မွေးလာတဲ့ကလေးက မိန်းခလေးလေ၊ ဒါကြောင့် သူတို့က ကျန်းကျောက်တိကို အဲ့ဒီသမီးလေးသေရတာ သူ့လက်ချက်လို့ စွပ်စွဲလိုက်ကြတာ။ ကျန်းကျောက်တိ ဘယ်လောက်ပဲ ရှင်းပြပါစေ၊ ဖုန်းမိသားစုက သူ သတ်တာလို့ အတင်းကို စွပ်စွဲပြီး ထင်းတဲထဲမှာ နှစ်ရက်နဲ့ နှစ်ည ပိတ်လှောင်ထားပြီး အစာငတ်ခံထားလိုက်တယ်။ နောက်ဆုံးတော့ သူလည်း သည်းမခံနိုင်တော့ဘဲ လျော်ကြေးငွေလျန်တစ်ရာ ပေးဖို့ သဘောတူလိုက်ရတယ်။ အပြင်ပန်းကြည့်ရင် ကျန်းကျောက်တိက တည်ငြိမ်နေသလို ထင်ရပေမဲ့ တကယ်တမ်းတော့ သူ အရမ်းကို စိုးရိမ်ပူပန်နေမှာပဲ"

"ကျွန်မ အာမခံပါတယ်၊ အခုဆိုရင် သူ ငွေရဖို့ နေရာအနှံ့ လိုက်ချေးငှားနေလောက်ပြီ။ စောင့်ကြည့်နေလိုက်၊ သူတို့ကိုယ်သူတို့ ရောင်းစားရင်တောင် ငွေလျန်တစ်ရာ မရနိုင်ဘူး။ နောက်ဆုံးတော့ သူတို့ ကျွန်မတို့ဆီကိုပဲ ရောက်လာရမှာ‌ပေါ့"

ဦးလေးစူးက မေးလိုက်ပြန်သည်။

"ဒါဆို မင်းက ဘာလုပ်ဖို့ စီစဉ်ထားတာလဲ"

"သူ့ကို တောင်းဆိုချက်တစ်ခု ထုတ်မယ်။ သူ့သမီးကို မုထုန်နဲ့ အိမ်ထောင်ချပေးမယ်ဆိုရင် ဖုန်းမိသားစုကို ကျွန်မ ကြားဝင်ပြောပေးမယ်၊ လျော်ကြေးငွေက လျန်တစ်ရာ မဟုတ်တော့ဘဲ လျန်နှစ်ဆယ်ပဲ ပေးရအောင် ညှိုနှိုင်းပေးမယ်လို့ ပြောမယ်။ သူ လက်မခံဘူးဆိုရင်တော့ ဖုန်းမိသားစုကို နေ့တိုင်းလာခိုင်းပြီး သူတို့ အေးအေးဆေးဆေး မနေနိုင်အောင် လုပ်ခိုင်းလိုက်မယ်။ သူ့မှာရှိတဲ့ လယ်ကွင်းတွေက လျန်သုံးဆယ်လောက် တန်တယ်။ သူက ငွေကို အရေးတကြီး လိုနေတော့ စျေးနှိမ်ပြီး ရောင်းမှာပဲ၊ အဲ့ဒီအခါ ဒုတိယအစ်ကိုတို့က ဝယ်လိုက်ပေါ့။ သူ ဖုန်းမိသားစုကို လျန်နှစ်ဆယ် ပေးလိုက်ပြီဆိုရင် သူတို့က ကျွန်မကို တစ်ဝက်ပြန်ပေးဖို့ သဘောတူထားတယ်။ ကျွန်မ အဲ့ဒီငွေဆယ်လျန်ကို ကိုယ်ကျိုးအတွက် မသုံးဘဲ အစ်ကိုတို့ဆီပဲ ပြန်ပေးမယ်။ ဒါဆို အစ်ကိုတို့အနေနဲ့ လျန်သုံးဆယ်တန်တဲ့ လယ်ကွင်းတွေကို ဆယ်လျန်နဲ့ ဝယ်လိုက်ရသလို ဖြစ်သွားမယ်။ တကယ့်ကို အမြတ်ကြီးတဲ့ အလုပ် မဟုတ်လား"

စူးမိသားစုဝင်များအားလုံး အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်ကြသည်။

"မနေ့က ကျွန်မ အထူးတလည် သွားကြည့်လိုက်တယ်၊ ကျန်းကျောက်တိရဲ့ အခြေအနေကို စုံစမ်းဖို့ပေါ့။ အဲ့ဒီကောင်မက ဟန်ဆောင်ကောင်းလွန်းလို့ သူ့ရဲ့ မျက်နှာက ဘာမှမထူးခြားဘူးလို့တောင် ထင်ရတယ်"

"မင်း မုန့်ပြားသုံးခုတောင် စားပြီးပြီ၊ ဘာလို့ ထပ်စားနေရတာလဲ"

ဒုတိယဦးလေးစူးက စူးကွေ့လန်ကို ကြည့်ရင်း ဒေါသတကြီးဖြင့် စားပွဲကို လက်သီးနှင့် ထုလိုက်သည်။ သူတို့ စားရမည့် မုန့်ပြားများကိုပါ သူမက အကုန်စားပစ်လိုက်သဖြင့် သူ စိတ်တိုသွားခြင်း ဖြစ်သည်။

စူးကွေ့လန်က သွားကြားထိုးရင်း စိတ်အလိုမကျစွာ ပြန်ပြောလိုက်သည်။

"ကျွန်မကြောင့်သာ မဟုတ်ရင် ဒုတိယအစ်ကိုတို့ ဒီလောက်ကြီးတဲ့ အကျိုးအမြတ်ကို ရနိုင်ပါ့မလား။ မုန့်ပြားလေး နည်းနည်းပါးပါး စားတာကိုများ ဘာလို့ ဒီလောက်တောင် တွန့်တိုနေရတာလဲ"

"တော်ပြီ၊ ဒါက မုန့်ပြားလေး နည်းနည်းပါးပါးပဲ။ ဒီကိစ္စသာ အဆင်ပြေသွားရင် မုန့်ပြားဆယ်ခုတောင် ကျွေးနိုင်တယ်"

အဘွားစူးက ဝင်ပြောလိုက်သည်။

"ဒီနေ့ အပြင်ကို သွားပြီး အလုပ်မလုပ်နဲ့တော့၊ ကျန်းကျောက်တိ ဘာတွေလုပ်နေလဲဆိုတာကို အရင် စုံစမ်းကြ"

အလုပ်သွားလုပ်စရာ မလိုတော့ဘဲ ကောလာဟလ လိုက်နားထောင်ရုံဆိုသည့် စကားကို ကြားလိုက်သည်နှင့် အဒေါ်စူးက ဘယ်သူ့ထက်မဆို ပိုတက်ကြွသွားသည်။ မကြာမီမှာပင် သူမက နောက်ဆုံးရသတင်းကို သယ်ဆောင်လာခဲ့သည်။

"ကျန်းကျောက်တိက တစ်ရွာလုံး လိုက်ပြီး ငွေချေးနေတယ်"

"ငွေလျန်တစ်ရာလေ၊ အဲ့ဒီလောက်များတဲ့ငွေကို ရွာထဲမှာ လိုက်ချေးနေတာလား"

အဘွားစူးက နှာခေါင်းရှုံ့လိုက်သည်။

"သူ တကယ့်ကို လမ်းဆုံးရောက်နေပြီပေါ့"

"ငွေလျန်တစ်ရာ မပြောနဲ့၊ ကြေးပြား တစ်ရာတောင် ချေးပေးမယ့်သူ ရှိပုံပေါ်ဘူး။ သူတို့သားအမိက မုဆိုးမနဲ့ အဖမဲ့ကလေး၊ ဝမ်းဆွဲအလုပ်နဲ့ပဲ အသက်မွေးနေရတာ။ ဝမ်းဆွဲအလုပ်ကလည်း အမြဲတမ်း လုပ်နေရတာမှ မဟုတ်တာ။ သူတို့ဆီ ငွေချေးတယ်ဆိုတာက ရေထဲကို ငွေတွေ ပစ်ချသလို ဖြစ်နေမှာပေါ့"

အဒေါ်စူးက ဆက်ပြောနေသည်။

"ကြားရသလောက်ဆိုရင်တော့ ဟိုအမြင်မရှိတဲ့ လီရှီဆီက ကြေးပြားငါးဆယ်ပဲ ရသေးတယ်တဲ့"

"ထားလိုက်ပါ၊ သူ နံရဲနဲ့ အပိတ်ခံရပြီး လမ်းမရှိတော့တဲ့အချိန်ရောက်ရင် ငါတို့ဆီကို လာရမှာပါ"

အဘိုးစူးက ဝင်ပြောလိုက်သည်။

"သူက တကယ့်ကို အရူးပဲ"

နေ့လယ်ခင်းတွင် ကျန်းကျောက်တိ တစ်ရွာလုံး အနှံ့ လိုက်ချေးငှားရာ စုစုပေါင်း အကြွေစေ့ သုံးရာသာ ရခဲ့သည်။ ယခုဆိုလျှင် ကျုံးလန်ဟွားတို့မိသားစုနှင့် အဘိုးစူး၊ အဘွားစူး၊ ဦးလေးစူးတို့မိသားစုဆီကသာ ချေးရန် ကျန်နေတော့သည်။

ထိုအချိန်တွင် စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့ ပြန်ရောက်လာကြသည်။

ကျန်းကျောက်တိက သူတို့နှစ်ယောက်ကို မြင်သည်နှင့် အိမ်ရှေ့တံခါးဝတွင် ငိုချလိုက်သည်။ ရွာသားများလည်း ထိုမြင်ကွင်းကို မြင်လိုက်ကြပြီး သူတို့မိသားစု အဘယ်ကြောင့် တစ်ရွာလုံး ငွေလိုက်ချေးနေရသည်ကို အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြသည်။

"အို... ဟန်ဆောင်ရတာ တကယ့်ကို ပင်ပန်းလိုက်တာ"

ကျန်းကျောက်တိက မျက်ရည်များကို သုတ်ရင်း အိမ်တံခါးကို ပိတ်လိုက်သည်။

"သမီးလေး၊ ငါ နင်မှာထားတဲ့အတိုင်း လုပ်ပြီးပြီ။ နောက်ထပ် ဘာဆက်လုပ်ရမှာလဲ"

All Chapters