← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇ ရောင်းထုတ်ခံရခြင်း

ကျုံးလန်ဟွာနှင့် ကျန်းရိဟွမ်းတို့ အိမ်သို့ ပြန်ရောက်လာကြချိန်တွင် ခြံဝင်းထဲ၌ ထင်းတစ်ချောင်းမှ ရှိမနေသည်ကို တွေ့လိုက်ရသဖြင့် စိတ်အလိုမကျ ဖြစ်သွားကြသည်။

"ကျန်းတာ့ချွမ်းက ဘယ်လိုဖြစ်တာလဲ။ သူ ထင်းတွေ ယူလာပေးမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား"

ကျုံးလန်ဟွာက ပြောပြောဆိုဆိုဖြင့် အိမ်နီးနားချင်း၏အိမ်တံခါးဆီသို့ အပြေးအလွှား သွားကာ အုန်းအုန်းဒိုင်းဒိုင်း ထုရိုက်နေလေသည်။

တံခါးပွင့်လာပြီးနောက် ကျန်းတာ့ချွမ်း၏ မိခင်က မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာဖြင့် ရပ်နေကာ လှမ်းမေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

"နင့်ရဲ့ တာ့ချွမ်းက ငါတို့ခြံထဲကို ထင်းတွေ လာပို့ပေးမယ်လို့ ပြောထားတာလေ။ ငါ အခုပဲ အိမ်ပြန်ရောက်တာ၊ ထင်းတစ်ချောင်းတောင် မမြင်ရဘူး။ သူ့ကို အပြင်ခေါ်ပြီး ဘယ်မှာ သွားပုံထားလဲဆိုတာ မေးပေးစမ်း"

"ငါ့သား တာ့ချွမ်း ခုတ်လာတဲ့ထင်းက ငါတို့ခြံထဲမှာ ရှိတယ်လေ။ နင်က သူ့ကို ပိုက်ဆံပေးထားလို့လား၊ ဒါမှမဟုတ် အဲ့ဒါက နင်တို့မိသားစုနဲ့ ဘာဆိုင်လို့လဲ။ ငါ့သားက နင်တို့အိမ်အတွက် ထင်းတွေကို ဘာလို့ သယ်ပေးရမှာလဲ"

"နင့်ရဲ့ တာ့ချွမ်းက..."

ကျုံးလန်ဟွာက ဆက်ပြီး ငြင်းခုံရန် ပြင်လိုက်သော်လည်း ကျန်းရိဟွမ်းက သူမကို နောက်သို့ ပြန်ဆွဲထားလိုက်သည်။

"အမေ... ထားလိုက်ပါတော့၊ အစ်ကိုတာ့ချွမ်း ခုတ်လာတဲ့ ထင်းတွေကို သမီးတို့ ယူလို့ မဖြစ်တော့ဘူး"

ကျန်းရိဟွမ်းက ကျုံးလန်ဟွာကို ဖျောင်းဖျလိုက်ပြီးနောက် ကျန်းတာ့ချွမ်း၏ မိခင်ဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။

"အဒေါ်... ကျွန်မရဲ့ အမေက စိတ်မကြည်မလင် ဖြစ်နေလို့ပါ၊ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်နော်"

ကျန်းတာ့ချွမ်း၏ မိခင်က ကျုံးလန်ဟွာနှင့် သူမသမီးတို့၏ ကျောပြင်များကို ကြည့်ကာ တံတွေးတစ်ချက် ထွေးလိုက်ရင်း ကျိန်ဆဲနေလေသည်။

"အရှက်မရှိတဲ့ မိန်းမယုတ်နှစ်ယောက်... ရွာထဲက ယောက်ျားတွေကို အမြဲတမ်း အမြတ်ထုတ်ဖို့ပဲ လိုက်ကြည့်နေကြတယ်။ ယောက်ျားတွေကသာ နင်တို့ရဲ့ လှည့်ကွက်တွေအောက်မှာ ပြားပြားဝပ်နေကြတာ၊ ငါက ယောက်ျား မဟုတ်ဘူး၊ နင်တို့ ငါ့ကို လာလှည့်စားလို့မရဘူး။ ငါ့ရဲ့ မိုက်မဲတဲ့ သားကပဲ နင်တို့ဆီမှာ အလွယ်တကူ လှည့်စား ခံရမှာ၊ သူကတော့ သူ့ကိုယ်သူပဲ သိတဲ့ ငတုံးဝက်ပဲ"

ကျန်းတာ့ချွမ်းက အိမ်ထဲမှ ထွက်လာပြီး အလောတကြီး ပြောလိုက်သည်။

"အမေ... ဘာလို့ ဒီလောက် ရိုင်းစိုင်းတဲ့ စကားတွေကို ပြောနေရတာလဲ။ ညီမရိဟွမ်းက အမေပြောသလို မဟုတ်ပါဘူး၊ သူက ကျွန်တော့်ကို တစ်ခါမှ မလိမ်ခဲ့ဘူး"

"သူက ပါးစပ်နဲ့ မလိမ်ဘူး၊ ဦးနှောက်နဲ့ လိမ်နေတာဟဲ့... ငတုံးကောင်ရဲ့။ နင်ကတော့ လူပါ အရောင်းခံလိုက်ရရင်တောင် ရောင်းတဲ့သူအတွက် ပိုက်ဆံ ကူရေပေးမယ့် ဝက်အိုကြီးပဲ"

ကျုံးလန်ဟွာတစ်ယောက် ပွစိပွစိ ညည်းညူနေချိန်တွင် ကျန်းကျောက်တိကတော့ သူမ၏ သမီးဖြစ်သူအပေါ် ချစ်ခင်ကြင်နာမှုများကို ပြသနေသည်။ ယခုအချိန်တွင် ကျန်းကျောက်တိက လက်သည်အလုပ်ကို မလုပ်တော့ဘဲ သူမ၏ သမီးနှစ်ယောက်နှင့်အတူ အလှကုန်ပစ္စည်းများ ပြုလုပ်သည့်အလုပ်ကို လုပ်ကိုင်နေပြီ ဖြစ်သည်။

ကျန်းကျောက်တိက သမီးနှစ်ယောက်နှင့်အတူ တောင်ပေါ်သို့ မကြာခဏ တက်ကာ ခြံဝင်းအတွင်း စိုက်ပျိုးရန်အတွက် ပန်းပင်အမြောက်အမြားကို သွားရောက် တူးယူလေ့ရှိသည်။ ယခုအချိန်တွင် စူးမိသားစု၏ ခြံဝင်းလေးက ပန်းရနံ့များဖြင့် သင်းပျံ့နေပြီး ရွာထဲတွင် တွေ့ရခဲသည့် လှပပြီး နေချင်စဖွယ်နေရာလေးတစ်ခု ဖြစ်နေခဲ့ချေပြီ။

"နောင်ကျရင် ဆိုင်ဖွင့်ဖို့ မြို့ထဲမှာ နေရာတစ်ခု ငှားတဲ့အခါ... ငါတို့ အလွမ်းဆုံးဖြစ်မှာက ဒီပန်းလေးတွေပဲ"

ကျန်းကျောက်တိက နှမြောတသဟန်ဖြင့် ပြောနေခဲ့သည်။

"မွေးစားအမေ... ဒီပန်းတွေက တစ်နေရာကနေ နောက်တစ်နေရာကို ပြန်ပြောင်းစိုက်လို့ ရတယ်လေ။ အဲ့ဒီအချိန်ကျရင် သမီးတို့ မြေကြီးပါ တူးပြီး ယူသွားကြတာပေါ့"

ကျန်းကျင့်က ပြောလိုက်သည်။

စျေးနေ့သို့ တစ်ဖန် ပြန်လည်ရောက်ရှိလာသောကြောင့် ကျန်းကျောက်တိက သူမ၏ သမီးနှစ်ယောက်ကို ခေါ်ကာ မြို့ထဲသို့ ထွက်လာခဲ့သည်။

ယနေ့တွင် စူးယောင်ကွမ်းက အရောင်းအဝယ် ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် ကျန်းကျင့်ကို မျက်နှာချေလိမ်းခြယ်ပေးခဲ့သည်။ သူမက ကျန်းကျင့်၏ မျက်နှာပေါ်မှ အမည်းစက်များကို မျက်နှာချေမှုန့်ဖြင့် ဖုံးအုပ်ပေးလိုက်ပြီး ကျန်းကျင့်၏ လှပသော ရုပ်ရည်သွင်ပြင် ပေါ်လွင်စေရန်အတွက် အနည်းငယ် ပြုပြင်မွမ်းမံပေးလိုက်သည်။

ကျန်းကျောက်တိက မွေးစားသမီးဖြစ်သူကို အထပ်ထပ်အခါခါ ကြည့်ရင်း အံ့သြတသသဖြင့် နှုတ်မှ တဖွဖွ ရေရွတ်နေလေသည်။

"ကြည့်ရတာ ငါ့သမီးက တခြားသူကို ရုပ်ရည်လေးနဲ့တင် ကောက်ယူလာခဲ့ပုံပဲ"

ကျန်းကျင့်က အခြားသူများ၏ အထင်သေးသော အကြည့်များကြောင့် စိတ်အားငယ်ခြင်း မရှိခဲ့သော်လည်း ယခုကဲ့သို့ ကျန်းကျောက်တိ၏ ချီးကျူးမြတ်နိုးသော အကြည့်များကို ရင်ဆိုင်ရသည့်အခါ သူမ၏စိတ်ထဲတွင် နွေးထွေးနေပြီး အတိုင်းမသိ ပျော်ရွှင်သွားရသည်။

အမျိုးသမီးသုံးယောက်က နွားလှည်းပေါ်တွင် ထိုင်နေကြပြီး ဘေးပတ်ပတ်လည်ရှိ ရွာသူရွာသားများက သူမတို့ကို ထူးဆန်းသော အကြည့်များဖြင့် ဝိုင်းကြည့်နေကြသည်။

အဒေါ်ကြီးတစ်ယောက်က လှမ်းမေးလိုက်သည်။

"ယောင်ကွမ်းအမေ... အဲ့ဒါ မျက်နှာချေလိမ်းထားတာလား။ ဘယ်လောက် ပေးရလဲ"

ကျန်းကျောက်တိက ပြန်ပြောလိုက်သည်။

"ကျွန်မတို့ဘာသာ ကိုယ်တိုင်လုပ်ထားတာပါ"

"ကိုယ်တိုင်လုပ်တာ ဟုတ်လား။ ဒါဆို ကုန်ကျစရိတ် အများကြီးမရှိလောက်ဘူးပေါ့။ နောက်ထပ် ရှိသေးလား။ ငါ့ကို နည်းနည်းလောက် ပေးပါလား။ ငါ့သမီးက အခု အိမ်ထောင်ဖက် ရှာနေတာလေ။ နှုတ်ခမ်းနီနဲ့ မျက်နှာချေမှုန့်သာ ရှိရင် ငါ့သမီးကို ပြင်ပေးလို့ရပြီး ပိုကောင်းတဲ့ အကြောင်းပါနိုင်မလားလို့ပါ"

"ကိုယ်တိုင်လုပ်တယ်ဆိုပေမယ့် ကုန်ကျစရိတ်ကတော့ တော်တော်များတယ်။ ဒီမျက်နှာချေမှုန့်ဆိုရင် အပေါဆုံးအမျိုးအစားကိုတောင် ကြေးပြားသုံးဆယ် ပေးရတယ်။ ဒီနှုတ်ခမ်းဆိုးဆေးကတော့ မကြာသေးခင်ကမှ ဘူးအသေးလေး ဖော်စပ်ထားတာ၊ ဆယ်ခါသုံးလို့ရတဲ့ တစ်ဘူးကို ကြေးပြားဆယ်ပြား။ ပြီးတော့ ပါးနီမှုန့်၊ မျက်နှာလိမ်းအလှဆီ၊ မျက်လုံးအလှဆီတွေလည်း ရှိသေးတယ်၊ ရှင်းရှင်းပြောရရင် ဒီလို မျက်နှာချေတစ်စုံလုံးကို အသေးဆုံးနဲ့ စျေးအသက်အသာဆုံး အမျိုးအစားကို ဝယ်မယ်ဆိုရင်တောင် ကြေးပြားတစ်ရာ့နှစ်ဆယ် ကျသင့်မှာပါ"

"နင်ကတော့ တကယ်ကို ပိုက်ဆံမက်တာပဲ"

ရွာမှ မိန်းမကြီးအချို့က ကျန်းကျောက်တိကို ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်ကာ ပြောနေကြပြန်သည်။

စူးယောင်ကွမ်းက အပြုံးဖြင့် ဝင်ပြောလိုက်သည်။

"အဒေါ်တို့၊ အစ်မတို့လည်း အလှကုန်ဆိုင်တွေကို ရောက်ဖူးကြမှာပဲ မဟုတ်ဘူးလား။ အဲ့ဒီဆိုင်တွေက ပစ္စည်းတွေက အခု ကျွန်မတို့ပြောတဲ့ ဈေးထက် ပိုပြီး စျေးကြီးတာ မဟုတ်ဘူးလား"

"အလှကုန်ဆိုင်က ပစ္စည်းတွေက ကျွမ်းကျင်တဲ့ ပညာရှင်တွေ လုပ်တာလေ။ နင်တို့ပစ္စည်းတွေကတော့ နင်တို့ဘာသာ နည်းလမ်းရှာပြီး လျှောက်လုပ်ထားတာ။ ဘယ်လိုလုပ်ပြီး အတူတူဖြစ်နိုင်မှာလဲ။ နင်နဲ့ နင့်အမေက ပါးနီမှုန့်နဲ့ မျက်နှာချေမှုန့် ဖော်စပ်နည်းကို သင်ယူဖူးတာလည်း မဟုတ်ဘဲ ဘယ်လိုလုပ် သေသေချာချာ လုပ်တတ်မှာလဲ။ အဆုံးကျတော့ နင်တို့က ဘာမှမသိတဲ့ လူတွေကို လှည့်စားနေတာပဲ။ ငါတို့က တစ်ရွာတည်းသား အိမ်နီးနားချင်းတွေဖြစ်နေလို့ နင်တို့ရဲ့ ညံ့ဖျင်းတဲ့ လက်ရာကို အထင်မသေးဘဲ စမ်းသုံးပေးမယ်လို့ ပြောနေတာလေ၊ ဘာဖြစ်လို့ ပေးမသုံးချင်ရတာလဲ"

'ဒီလူတွေက အလကားရချင်လို့ အကြောင်းပြချက် ပေးနေတာပဲ'

စူးယောင်ကွမ်းက စိတ်ထဲမှ တွေးလိုက်ပြီးနောက် ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

"အဒေါ်... အဲ့ဒါဆိုရင် အဒေါ်က အလကား ယူချင်တာပေါ့။ ဒီပါးနီမှုန့်နဲ့ မျက်နှာချေမှုန့်တွေက ပါဝင်ပစ္စည်းတွေ အများကြီး သုံးရတာရှင့်၊ တချို့ဆို ဆေးဖက်ဝင်အပင်တွေ ဖြစ်နေတော့ ကုန်ကြမ်းဖိုးက အရမ်းဈေးကြီးတယ်။ ပြောရရင် ဒီမျက်နှာချေမှုန့်တစ်ဗူးကို ကျွန်မတို့ ကြေးပြားသုံးဆယ်နဲ့ ရောင်းတာ၊ ဒါပေမဲ့ ကုန်ကြမ်းဖိုးတင် နှစ်ဆယ့်ရှစ်ပြား ကုန်တယ်။ ဒီမျက်နှာချေမှုန့် တစ်ဗူးဆိုရင် နေ့တိုင်းလိမ်းရင်တောင် နှစ်လလောက် အသုံးခံတယ်၊ အဲ့ဒါကို ဈေးကြီးတယ်လို့ ပြောလို့ရမလား"

ကျန်းကျင့်က ဘေးမှ နေပြီး သူမ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြကာ ဝင်ပြောလိုက်သည်။

"ကြည့်ကြပါဦး... ဒီပစ္စည်းတွေကို ကြိတ်ရလွန်းလို့ ကျွန်မရဲ့ လက်ချောင်း ဆယ်ချောင်းလုံးမှာ အဖုအပိမ့်တွေတောင် ထွက်နေပြီ"

ကျန်းကျောက်တိကလည်း သက်ပြင်းတစ်ချက် ချလိုက်ရင်း ညည်းတွားလိုက်သည်။

"မကြာသေးခင်က ကလေးမွေးဖွားပေးဖို့ ဘယ်သူမှ လာမခေါ်ကြလို့သာ... ကံစမ်းတဲ့အနေနဲ့ ဒီပါးနီမှုန့်နဲ့ မျက်နှာချေမှုန့်တွေကို ထိုင်လုပ်နေရတာပါ။ ဒီပစ္စည်းတွေက ထုတ်လုပ်မှုစရိတ် ကြီးသလောက် အမြတ်က အများကြီး မကျန်ပါဘူးဟယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် မူလက အနည်းငယ် မနာလိုဖြစ်နေကြသော အဒေါ်ကြီးများ၏ ငြူစူစိတ်များ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ကျန်းကျောက်တိက ဆက်ပြောနေသည်။

"နင့်သမီးက အိမ်ထောင်ဖက် ရှာတော့မှာဆိုပေမယ့် ဒီပစ္စည်းတွေက ဈေးကြီးလွန်းလို့ နင့်ကို အလကား ပေးမသုံးနိုင်ဘူး။ ဒါပေမဲ့ ငါ နင့်သမီးကို တစ်ရက်တစ်ခါ မျက်နှာချေပြင်ပေးမယ်၊ တစ်ခါပြင်ရင် ကြေးပြားငါးပြားပဲ ယူမယ်"

"ကောင်းသားပဲ... ဒါဆို အဆင်ပြေတာပေါ့။ အဲ့ဒီကျရင် ငါ နင်တို့ဆီ လာခဲ့မယ်"

တစ်ခါပြင်လျှင် ကြေးပြားငါးပြားဟူသော စကားကို ကြားလိုက်ရသည့်အခါ အဒေါ်ကြီး၏ မူလ မကျေမနပ်မှုများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။

စူးယောင်ကွမ်းကလည်း ဝင်ပြောလိုက်သည်။

“အဒေါ်... ကျွန်မတို့က တစ်ရွာတည်းသား အိမ်နီးနားချင်းတွေမို့လို့ အရင်းဈေးလောက်ပဲ ယူတာနော်။ နောက်ပိုင်း လိုအပ်တာရှိရင် ကျွန်မတို့ဆီကို အမြဲလာခဲ့လို့ ရပါတယ်၊ တစ်ခါပြင်ရင် ကြေးပြားငါးပြားပဲနော်"

မြို့ထဲသို့ ရောက်ရှိပြီးနောက် ကျန်းကျောက်တိနှင့် သူမ၏ သမီးနှစ်ယောက်တို့က ရွာသားများနှင့် လမ်းခွဲလိုက်ကြသည်။

ကျန်းကျင့်က လှမ်းမေးလိုက်သည်။

"အမေနဲ့ ယောင်ကွမ်း၊ သမီးတို့ အလှကုန်ပစ္စည်း လုပ်တဲ့အလုပ်ကို ဘာလို့ အားလုံးသိအောင် ချပြလိုက်ရတာလဲဟင်"

စူးယောင်ကွမ်းက ပြန်ဖြေလိုက်သည်။

"ငါတို့ အိမ်မှာ နေ့တိုင်း တဒုန်းဒုန်းနဲ့ လျှောက်လုပ်နေကြတာကို ရွာသားတွေ စိတ်ဝင်စားနေကြတာ ကြာနေလောက်ပြီ။ တချို့ဆို တံခါးကြားကနေတောင် ချောင်းကြည့်နေကြတာ။ သူတို့ကို ခိုးကြောင်ခိုးဝှက် စောင့်ကြည့်ခိုင်းမယ့်အစား အမှန်အတိုင်း ပြောပြလိုက်တာက ပိုကောင်းတယ်လေ။ အမှန်တရားကို သိသွားကြရင် သူတို့ရဲ့ စပ်စုချင်စိတ်လည်း ပျောက်သွားပြီး ငါတို့ကို ဆက်ပြီး စိုက်ကြည့်နေတော့မှာ မဟုတ်ဘူး၊ ပြီးတော့ သတင်းပါ တစ်ခါတည်း ဖြန့်လိုက်တာလေ၊ ပိုက်ဆံအနည်းငယ်ဆိုတာလည်း ပိုက်ဆံပဲ၊ ရှာနိုင်ငလောက် ရှာထားရမယ်။ ကြေးပြားငါးပြားဆိုပြီး အထင်မသေးနဲ့ဦး၊ ကြေးပြားငါးပြား အခါတစ်ရာဆိုရင် ကြေးပြား ငါးရာရတယ်၊ အခါနှစ်ရာဆိုရင်တော့ ငွေတစ်လျန် ဖြစ်သွားပြီ"

"တွေ့လား... ဒီကောင်မလေးကတော့ တစ်နေ့ထက်တစ်နေ့ ပိုက်ဆံ ပိုမက်လာပြီ"

ကျန်းကျောက်တိက ရယ်မောရင်း ဝင်ပြောလိုက်သည်။

မကြာသေးမီကစပြီး ကျန်းကျောက်တိတစ်ယောက် ပို၍ ပို၍ ပြုံးရွှင်လာနိုင်ခဲ့ပြီး သူမ၏ မျက်နှာသွင်ပြင်လည်း ပြောင်းလဲလာခဲ့သည်။ ယခင်အချိန်များတွင် သူမက သောကဗျာပါဒများထဲ၌ နေ့စဥ်ပိတ်မိနေကာ သူမ၏မျက်နှာကလည်း အပူနွံ့ထဲမှ ရုန်းမထွက်နိုင်သလို ညှိုးငယ်နေတတ်သည်။ ယခုအချိန်တွင်တော့ သူမက နေ့တိုင်း မျက်နှာလိမ်းအလှဆီကို လိမ်းနေပြီး သူမတို့ အသုံးပြုသော ခေါင်းလျှော်ရည်ကလည်း အသစ်ဖော်စပ်ထားသောအမျိုးအစား ဖြစ်သည့်အပြင် ရေချိုးဆပ်ပြာကပင် သူမ၏ ကျန်းမာရေးကောင်းမွန်စေရန် အထူးပြုလုပ်ပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ သိသိသာသာ နုပျိုဝင်းပလာခဲ့သည်။

"ညီမလေး... နင် နောက်ဆုံးတော့ ရောက်လာပြီပဲ"

ချွမ်းအော်က စူးယောင်ကွမ်းကို အလွန်တရာ တက်ကြွလှိုက်လှဲစွာဖြင့် လှမ်းနှုတ်ဆက်နေသည်။

"နင့်ရဲ့ ပစ္စည်းတွေ အကုန်ရောင်းကုန်ပြီဟေ့။ လာ... လာ... ပိုက်ဆံ လာရေလိုက်ဦး"

စူးယောင်ကွမ်းက အံ့အားသင့်ဟန်ဖြင့် ပြန်မေးလိုက်သည်။

"ဟယ်... ဘာလို့ ဒီလောက်တောင် မြန်မြန်ဆန်ဆန် ကုန်သွားရတာလဲ"

ချွမ်းအော်က ပြန်ရှင်းပြနေသည်။

"မကြာသေးခင်က ငါ ဖောက်သည်အကြီးကြီးတစ်ယောက်နဲ့ ဆုံခဲ့တာလေ။ သူက နင့်ပစ္စည်းတွေကို အရမ်း ချီးကျူးပြီး နင်နဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်တယ်လို့ ပြောနေတာ။ ငါကတော့ နင့်ရဲ့ သဘောထားကို အရင်မေးရဦးမယ်လို့ ပြောထားပြီး နင်လာမယ့်အချိန်ကိုပဲ မျှော်နေတာ"

All Chapters