← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀ ခြေထိုးခံခြင်း

ထိုပညာသင်သား၏ မေးခွန်းကို ကြားလိုက်ရချိန်တွင် ရှောင်းယန်ချီ၏ မျက်နှာထက်၌ နာကြည်းမှုနှင့် ခါးသီးမှု အရိပ်အယောင်များ ထင်ဟပ်သွားခဲ့သည်။

"ညီအစ်ကိုတို့ရာ... ဒါကို ခင်ဗျားတို့ မသိလောက်ပါဘူး၊ ကျွန်တော်တို့ မိသားစုက တစ်ချိန်တုန်းက တော်တော်လေး ချမ်းသာကြွယ်ဝခဲ့တာပါ။ မမျှော်လင့်ဘဲနဲ့ ကျွန်တော်တို့ အာဏာရှင်တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတယ်လေ။ သူက ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ရုံတင်မကဘဲ ကျွန်တော်တို့ကို ကျွန်အဖြစ်ပါ ရောင်းစားဖို့ ကြိုးစားခဲ့တာ။ ကျွန်တော့်ရဲ့ မိဘနှစ်ပါးလုံးလည်း အကျဥ်းထောင်ထဲမှာ နံရံကို ခေါင်းနဲ့ဆောင့်ပြီး အသက်အဆုံးခံသွားခဲ့ကြတယ်၊ ကျွန်တော် အခုလို ရှင်သန်နေရတာကလည်း သေမှာကို ကြောက်လို့ မဟုတ်ပါဘူး၊ ရင်ထဲမှာ သွေးကြွေးအာဃာတတွေ ရှိနေလို့ပါ။ ကလဲ့ချေတာလေးတောင် မလုပ်ပေးနိုင်ရင် သေဆုံးသွားတဲ့ မိဘတွေနဲ့ ဆွေမျိုးတွေကို မျက်နှာပြရဲမှာတောင် မဟုတ်တော့ဘူး"

ရှောင်းယန်ချီက အကွက်စေ့စေ့ ရှင်းပြနေသည်။

"ဘယ်အာဏာရှင်က ဒီလောက်တောင် ဥပဒေမဲ့ပြီး အာဏာပြရဲတာလဲ"

ပညာသင်သားအချို့က ဒေါသတကြီးဖြင့် ဝိုင်းမေးနေကြသည်။

သူတို့၏ အသံများထဲတွင် တရားမျှတမှုအတွက် မခံမရပ်နိုင်ဖြစ်မှုများ ပြည့်နှက်နေခဲ့၏။ ရှောင်းယန်ချီကတော့ တည်တည်ငြိမ်ငြိမ် ပြန်ပြောနေဆဲပင်။

"ဒီနေ့ ပြောပြတဲ့အကြောင်းတွေကို ကျွန်တော် ဘယ်သူ့ကိုမှ မပြောခဲ့ဖူးဘူး။ ခင်ဗျားတို့အားလုံးလည်း ဒီနေရာမှာတင် မေ့ပစ်လိုက်ကြဖို့နဲ့ တခြားသူတွေကို ထပ်မပြောကြဖို့ ကျွန်တော် တောင်းဆိုပါတယ်။ အဲ့ဒီအာဏာရှင်ရဲ့ နောက်ခံအင်အားက မခန့်မှန်းနိုင်အောင် ကြီးမားတာဆိုတော့ ကျွန်တော်တို့လိုလူတွေ ရန်စဖို့ မဖြစ်နိုင်ဘူးလေ။ တကယ်လို့ ဒီစကားတွေသာ သူတို့နားထဲ ရောက်သွားရင် ခင်ဗျားတို့အားလုံးပါ ဘေးဒုက္ခနဲ့ ကြုံရလိမ့်မယ်"

ထိုစကားကြောင့် ပညာသင်သားများ၏ မျက်နှာများ ချက်ချင်း ပြာနှမ်းသွားကြပြီး ဆက်မမေးရဲကြတော့ချေ။

စူးယောင်ကွမ်းက အကြားအာရုံ အလွန်ပါးနပ်သူဖြစ်သဖြင့် သူတို့၏ စကားဝိုင်းတစ်ခုလုံးကို အတိုင်းသား ကြားနေရသည်။

'ငါ့ရဲ့ အတိတ်ဘဝတုန်းက သူ့ဇနီးသည် ဖြစ်ခဲ့တာတောင် ရှောင်းယန်ချီရဲ့ ရင်ထဲမှာ ဒီလောက်အထိ နက်ရှိုင်းတဲ့ နာကြည်းမှုတွေ ရှိနေခဲ့မှန်း ငါ လုံးဝ မသိခဲ့ဘူး။ အခု သူ ပြောတာတွေက အမှန်တရားလား၊ ဒါမှမဟုတ် လိမ်ညာမှုလား ဆိုတာကိုတော့ ငါတောင် မခွဲခြားနိုင်တော့ဘူး'

ကျန်းကျောက်တိက ကြက်ပေါင်နှစ်ချောင်းကို စူးယောင်ကွမ်းနှင့် ကျိုးဝမ်ရှူတို့အတွက် တစ်ယောက်တစ်ချောင်းစီ ခွဲဝေပေးလိုက်ပြီးနောက် ဘဲကင်မှ ပေါင်ကိုတော့ ကျန်းကျင့်အား ထည့်ပေးလိုက်သည်။

ကျန်းကျင့်က အခြားဘဲကင်တစ်ပေါင်ကို ကျန်းကျောက်တိ၏ ပန်းကန်ထဲသို့ ချက်ချင်း ပြန်ထည့်ပေးလိုက်ရင်း သတိပေးလိုက်သည်။

"မွေးစားအမေ... မွေးစားအမေ မစားရင် သမီးတို့လည်း မစားဘူးနော်"

ကျန်းကျောက်တိက ခပ်ကျယ်ကျယ် ပြန်ပြောလိုက်သည်။

"စားကြ... စားကြ။ အသားတွေ အများကြီး ရှိနေတာပဲ၊ နင်တို့ များများစားကြစမ်းပါ"

ထိုဆူညံသံကို ကြားလိုက်ရချိန်တွင် ပညာသင်သားများက အထင်သေးသော မျက်လုံးများဖြင့် လှမ်းကြည့်လာကြသည်။

"ဒီနေ့ခေတ် 'အဆင့်မြင့်စားသောက်ဆိုင်ကြီး' ကတော့ လူစုံကို ဧည့်ခံနေတော့တာပဲ"

သူတို့၏ ရူထောင့်အရ ကျိုးဝမ်ရှူ၏ ကိုယ်ခန္ဓာက ကွယ်နေပြီး သူတို့ သူ့ကို လှမ်းမမြင်ရချေ။

ရှောင်းယန်ချီကတော့ ဆိုင်ထဲသို့ စဝင်လာကတည်းက သူ့ကို မြင်တွေ့ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ပညာသင်သားများက စကားဝိုင်းကို ကျိုးဝမ်ရှူဘက်သို့ လွှဲပြောင်းလိုက်သည့်တိုင်အောင် သူက တားဆီးခြင်း မပြုခဲ့ချေ။

"အဲ့ဒီ ကျိုးမျိုးရိုးကောင်က ခင်ဗျားနဲ့ ရွာတူတူပဲ မဟုတ်လား။ ကျွန်တော် ကြားတာတော့ သူက ရွာက ကောင်မလေးတစ်ယောက်ဆီမှာ အိမ်ပါသမက်လုပ်ဖို့ သူ့ကိုယ်သူ ရောင်းစားခဲ့တယ်ဆို... တောက်... တကယ့်ကို ကျွန်တော်တို့ ယောက်ျားတွေရဲ့ သိက္ခာကို ချပစ်လိုက်တာပဲ။ အဲ့လိုလူမျိုးက ဘယ်လိုလုပ်ပြီး စာသင်ကျောင်းကို လာရဲပြီးတော့ ကျွန်တော်တို့ရဲ့ အတန်းဖော် ဖြစ်လာနိုင်ရတာလဲဗျာ။ အဲ့လိုလူနဲ့ အတူတူ စာသင်နေရတာ ကျွန်တော်တော့ ခေါင်းတောင် မဖော်ရဲဘူး။ အစ်ကိုရှောင်း... သူက ခင်ဗျားနဲ့ ယှဉ်ရင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းတယ်။ ခင်ဗျားက ကောင်းကင်က တိမ်တိုက်ဆိုရင် သူကတော့ ရွှံ့နွံပဲ"

"ကျွန်‌တော် ကြားတာတော့ သူက ကြေးပြားဆယ်ပြားပဲ တန်တယ်ဆို... ဟား ဟား... အဲ့ဒီ ရွာက ကောင်မလေးကပဲ အရမ်းဆင်းရဲလွန်းတာလား၊ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ ဘာမှအသုံးမကျတာလားတော့ မသိဘူး။ ကြေးပြားဆယ်ပြားဆိုတာ အသားတစ်ကျင်းတောင် ဝယ်လို့မရတဲ့ ပိုက်ဆံပဲ၊ အခုတော့ လူတစ်ယောက်လုံးကိုတောင် ဝယ်လို့ ရတယ်တဲ့"

"ကျွန်တော် လွန်ခဲ့တဲ့ ရက်ပိုင်းက ဒီမှာ မရှိခဲ့ဘူး၊ ကျွန်တော် စာသင်ကျောင်းကို ပြန်ရောက်တော့ အဲ့ဒီရွာက ကောင်မလေး လာသွားတယ်လို့ ကြားခဲ့သေးတယ်။ ခင်ဗျားတို့ထဲက ဘယ်သူ သူ့ကို မြင်လိုက်သေးလဲ"

ပညာသင်သားတစ်ဦးက မေးလိုက်ပြီးနောက် အားလုံးက ခေါင်းခါပြကြသည်ကို မြင်သောအခါ ထိုလူက ရှောင်းယန်ချီဘက်သို့ လှည့်ပြီး ထပ်မေးလိုက်ပြန်သည်။

"အစ်ကိုရှောင်း... ခင်ဗျားက သူနဲ့ ရွာတူတူပဲဆိုတော့ အဲ့ဒီရွာက ကောင်မလေးကို မြင်ဖူးမှာပေါ့။ သူက ဘယ်လိုပုံစံမျိုးလဲ"

"ကျွန်တော် ဂရုမစိုက်မိဘူး"

ရှောင်းယန်ချီက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"တောရွာတွေမှာ ဘယ်လောက်တောင် ချောတဲ့မိန်းကလေး ရှိမှာမို့လို့လဲဗျာ။ ပြောစရာတောင် မလိုပါဘူး၊ သူက ဝူယန်လို ဘဲတွေလို ရုပ်ဆိုးမှာ အသေအချာပဲ။ အဲ့ဒီ ကျိုးဆိုတဲ့ကောင်က ကြည့်ပျော်ရှုပျော်ရှိတဲ့ မျက်နှာတစ်ခုပဲ ရှိတာလေ၊ အဲ့ဒီမျက်နှာကို သုံးပြီး မိန်းကလေးတွေ သူ့အပေါ် ပိုက်ဆံအကုန်ခံလာအောင် ဖျားယောင်းသွေးဆောင်နေတာ ဖြစ်မှာပေါ့"

ထိုစကားကို ကြားလိုက်ရသည်နှင့် ကျန်းကျောက်တိက စိတ်မထိန်းနိုင်တော့ဘဲ စားပွဲခုံကို ဒုန်းကနဲ ရိုက်ကာ မတ်တတ်ထရပ်လိုက်သည်။

ကျိုးဝမ်ရှူက ကျန်းကျောက်တိကို ညင်သာစွာ ပြန်ဆွဲထိုင်စေရင်း ဖြည်းဖြည်းချင်း ချော့မော့လိုက်သည်။

"အမေ... စိတ်မဆိုးပါနဲ့၊ မတန်ပါဘူး"

ကျိုးဝမ်ရှူ၏ အသံကြောင့် ပညာသင်သားများ မှင်တက်သွားကြသည်။

သို့သော်လည်း သူ၏ အလျော့ပေး စေ့စပ်လိုသော စကားကို ကြားလိုက်ရချိန်တွင် သူတို့၏ မျက်ဝန်းထဲ၌ အထင်သေးမှုများ ပိုထင်ဟပ်လာပြီး သူ့ကို လုံးဝ ထည့်မတွက်ကြတော့ချေ။

"လူတချို့ကတော့ အပြစ်မကင်းသလို ခံစားနေရပြီထင်တယ်"

ရှည်မျောမျောမျက်နှာနှင့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ပညာသင်သားတစ်ဦးက သရော်ဟန်ဖြင့် ပြောလိုက်သည်။

ကျန်းကျင့်က ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။

"ဒါတွေက ဘယ်လို ပညာတတ်တွေလဲ။ ပညာသင်သားဆိုတဲ့ ဂုဏ်ပုဒ်ကို ညှိုးနွမ်းစေတာပဲ။ သူတို့ကိုယ်သူတို့ ဘယ်သူလို့ ထင်နေလို့ တောရွာက လူတွေကို အမြဲတမ်း နှိမ်ချပြီး ပြောနေရတာလဲ၊ အတင်းပြောတတ်တဲ့ မိန်းမကြီးတွေထက်တောင် ပိုဆိုးနေသေးတယ်"

ထိုအချိန်တွင် အရပ်ရှည်ရှည် တောင့်ထင်းသော ခန္ဓာကိုယ်နှင့် သန်မာထွားကျိုင်းသော လူတစ်ဦးက ဆိုင်ထဲမှ ဖြတ်လျှောက်သွားခဲ့သည်။ ရှောင်းယန်ချီတို့ ထိုင်နေသည့် စားပွဲနားသို့ အရောက်တွင် သူ့ဒူးဆစ်ဆီမှ စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး စားပွဲခုံပေါ်သို့ လဲကျသွားတော့သည်။

"ဝုန်း" ဟူသော အသံကြီးနှင့်အတူ ထိုထွားကျိုင်းသောလူက စားပွဲပေါ်ရှိ ဟင်းပွဲများကို အကုန်ဆွဲချမိသွားရာ ဟင်းရည်များနှင့် စွပ်ပြုတ်ရည်များအားလုံးက ရှောင်းယန်ချီနှင့် အခြားပညာသင်သားများ၏ ကိုယ်ပေါ်သို့ ဖိတ်စင်ကျသွားတော့သည်။

ဤအဖြစ်အပျက်က ရုတ်တရက် ဖြစ်သွားခြင်းကြောင့် သူတို့အားလုံး တိမ်းရှောင်ရန် အချိန်မရလိုက်ကြချေ။ ဟင်းပွဲများကလည်း မီးဖိုထဲတွင် လောလောလတ်လတ် ချက်ပြုတ်ပြင်ဆင်ထားခြင်း ဖြစ်သဖြင့် ပူလောင်လှသော ဟင်းရည်များကြောင့် သူတို့အားလုံး နာကျင်စွာ အော်ဟစ်နေကြသည်။

ဆိုင်ရှင်နှင့် စားပွဲထိုးတို့ကလည်း ဆူညံသံကို ကြားသည်နှင့် ပြာပြာသလဲ ပြေးလာကြသည်။

"ဧည့်သည်တော်တို့... ဘာဖြစ်လို့လဲဗျာ၊ အဆင်ပြေရဲ့လား"

သူတို့က မေးမြန်းရင်း ရှောင်းယန်ချီနှင့် အခြားသူများကို တွဲထူပေးကြသည်။

ထိုထွားကျိုင်းသောလူက ကုန်းရုန်းထလိုက်ပြီး ပညာသင်သားတစ်ဦး၏ ရင်ဘတ်အင်္ကျီစကို ဆွဲကိုင်ကာ ဒေါသတကြီး စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။

"မင်း... ငါ့ကို တမင်တကာ ခြေထိုးလဲလိုက်တာမလား"

"ကျုပ် မလုပ်ဘူး။ ခင်ဗျားပဲ ကျုပ်တို့ စားပွဲခုံကို လာမှောက်တာလေ။ ဘာလို့ ဒီလောက်တောင် အကျိုးအကြောင်းမရှိ ပြောရတာလဲ"

ပညာသင်သားကလည်း ဒေါသတကြီး ပြန်ပြောလိုက်သည်။

"ငါက ငါ့လမ်းကို သေသေချာချာ လျှောက်နေတာကွ။ မင်းသာ ငါ့ကို ခြေမထိုးရင် ငါ လဲကျပါ့မလား"

ထိုလူထွားကြီးက ဇွတ်ငြင်းနေပြန်သည်။

"ဘာလဲ...မင်းတို့ ငါ့ဆီကနေ ငွေညှစ်ချင်လို့လား"

"ကျုပ် တကယ် မလုပ်ခဲ့ဘူး၊ အစ်ကိုရှောင်း... ကျွန်တော် သူ့ကို ခြေမထိုးခဲ့ဘူးဆိုတာ ခင်ဗျား သက်သေလုပ်ပေးလို့ရတယ်မလား"

ထိုပညာသင်သားက ရှောင်းယန်ချီဘက်သို့ လှည့်ကာ အကူအညီတောင်းလိုက်သည်။

ရှောင်းယန်ချီကလည်း ယခုလေးတင်မှ အဝတ်အစားသစ် လဲလှယ်လာခဲ့ခြင်း ဖြစ်ပြီး ယခု အဝတ်အစားများ အကုန် ပျက်စီးသွားခဲ့ရသဖြင့် စိတ်အခြေအနေ လုံးဝ မကောင်းတော့ချေ။ ထို့အပြင် ဟင်းရည်ကလည်း အလွန်ပူလောင်လွန်းသဖြင့် သူ့၏ ကိုယ်ခန္ဓာထက်တွင် အပူလောင်ဒဏ်ရာ အချို့ ရရှိသွားခဲ့သည်။

ဤအချိန်တွင် ရှောင်းယန်ချီအနေဖြင့် ထိုပညာသင်သားက လူထွားကြီးကို ခြေထိုးလဲခဲ့ခြင်း ရှိ မရှိ မသိသော်လည်း သူတို့နှင့် တစ်ဖွဲ့တည်းဖြစ်နေသဖြင့် သဘာဝကျစွာပင် ထိုပညာသင်သားဘက်မှ မားမားမတ်မတ် ရပ်တည်ပေးလိုက်သည်။ ထို့ကြောင့် ရလဒ်အနေဖြင့် ယခုအခြေအနေတွင် သူ ငြင်းဆန်ရန်သာ ရှိတော့သည်။

"အစ်ကိုကြီး... ကျွန်‌တော်တို့က ဒီမှာ ကောင်းကောင်းမွန်မွန် ထိုင်နေကြတာပါ၊ ခြေထောက်တွေကလည်း စားပွဲအောက်မှာပဲ ရှိနေတာလေ၊ ဘယ်လိုလုပ်ပြီး ခင်ဗျားကို ခြေထိုးနိုင်မှာလဲ"

ရှောင်းယန်ချီက တည်ကြည်လေးနက်စွာ ဆက်ပြောလိုက်သည်။

"ခင်ဗျားက ကျွန်တော်တို့ စားပွဲခုံကို မှောက်လှန်ပစ်လိုက်တာ၊ ကျွန်တော်တို့ ဟင်းတွေကိုတောင် တစ်လုတ်မှ မမြည်းရသေးဘူး၊ အဲ့ဒါကြောင့် ခင်ဗျား လျော်ပေးရမယ်။ ပြီးတော့ ကျွန်‌တော်တို့အားလုံးလည်း အပူလောင်ဒဏ်ရာတွေ ရထားကြလို့ ဆေးခန်းမှာ စမ်းသပ်ခနဲ့ ဆေးဖိုးဝါးခကိုပါ ခင်ဗျား ပေးရလိမ့်မယ်"

"မင်းတို့က ငါ့ဆီကနေ ငွေညှစ်ချင်တုန်းပဲပေါ့ ဟုတ်လား"

ထိုထွားကျိုင်းသောလူက ပညာသင်သား၏ အင်္ကျီစကို လွှတ်လိုက်ပြီး ရှောင်းယန်ချီ၏ မျက်နှာကို လက်သီးဖြင့် ထိုးပစ်လိုက်သည်။

"ငါ့ဆီက ငွေညှစ်ရဲတယ်လား၊ ဒီနေ့တော့ မင်းတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးရဦးမယ်"

ဆိုင်ရှင်နှင့် စားပွဲထိုးတို့က ကြားထဲမှ ချက်ချင်း ဝင်ရောက်တားဆီးလိုက်ကြသည်။

"သခင်ကြီးလီ... စိတ်လျှော့ပါဦးဗျာ၊ သခင်ကြီးလီ... စိတ်လျှော့ပါ။ အေးအေးဆေးဆေး စကားပြောကြရအောင်ပါ။ ဒီလိုလုပ်ပါ... ဒီဟင်းပွဲဖိုးကို ဆိုင်ကပဲ စိုက်လျော်ပေးပါ့မယ်၊ ဆိုင်ကပဲ ကျခံပေးပါ့မယ်"

"ဘာလို့ ဆိုင်က စိုက်လျော်ပေးရမှာလဲ"

စူးယောင်ကွမ်းက ထိုပညာသင်သားရှိရာ ဘက်သို့ လက်ညှိုးထိုးပြရင်း ဝင်ပြောလိုက်သည်။

"သူ အဲ့ဒီလူကို ခြေထိုးလဲလိုက်တာကို ကျွန်မ မျက်စိနဲ့ တပ်အပ် မြင်လိုက်တယ်"

ထိုပညာသင်သားက မျက်လုံးပြူးသွာူကာ ဒေါသတကြီး ဆဲဆိုလိုက်သည်။

"မင်း လိမ်နေတာ။ ငါ သူ့ကို ခြေမထိုးဘူး။ မင်းက တကယ့်ကို စိတ်ထားပုပ်တဲ့ မိန်းမယုတ်ပဲ၊ ဒီနေရာမှာ သူတပါးကို တမင်သက်သက် လာပြီး စွပ်စွဲနေတယ်"

သူ့ဘက်မှ သက်သေခံပေးမည့်သူ ရှိနေသည်ကို မြင်လိုက်သည့်နှင့် လီမျိုးရိုးအမည်ရှိသော ထွားကျိုင်းသည့်လူက အသံကို ပိုကျယ်လောင်စွာ မြှင့်တင်လိုက်သည်။

"မင်းတို့ ကောင်တွေ တမင်လုပ်တာ ငါ သိနေတယ်။ ဘာလဲ... စားပြီးတော့ ပိုက်ဆံမရှင်းချင်လို့ ငါ့အပေါ် အပြစ်ပုံချချင်တာလား"

"ကျုပ် ခင်ဗျားကို ခြေမထိုးခဲ့ဘူး၊ အဲ့ဒီမိန်းမက လျှောက်ပြောနေတာ။ သူက ကျုပ်တို့အပေါ် အာဃာတရှိလို့ ကျုပ်တို့ ဒုက္ခရောက်နေတာကို တမင်သက်သက် ဝင်ဖိနှိပ်နေတာ။ ဆိုင်ရှင်... ခင်ဗျား ကျွန်တော်တို့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးရမယ်နော်"

ဆိုင်ရှင်က ထိုထွားကျိုင်းသောလူကို မပြစ်မှားရဲသော်လည်း ဆင်းရဲသော ပညာသင်သားများကိုတော့ လုံးဝ ထည့်မတွက်ချေ။

သူက မကျေမနပ်ဖြစ်သော လေသံဖြင့် ပြန်ပြောလာခဲ့သည်။

"ပညာသင်သားကျန်း... စားပြီးရင် ပိုက်ဆံရှင်းရမှာပဲ။ ပိုက်ဆံမပေးချင်ရုံနဲ့ ဒီလိုနည်းလမ်းမျိုး သုံးပြီး သူတပါးဆီကနေ ငွေညှစ်လို့ မရဘူးလေ။ သူဌေးလီက ဒီအရပ်မှာ အများလေးစားရတဲ့ လူကုံတန်တစ်ယောက်ဗျ။ သူ့ရဲ့ လက်အောက်ငယ်သား ဒါဇင်ပေါင်းများစွာက သဘောတူ မတူကို ထည့်မမေးဘဲ မင်းက သူ့ကို တမင်သက်သက် လာစွပ်စွဲရဲတယ်လား"

"ကျွန်‌တော် မလုပ်ဘူး... ကျွန်‌တော် မလုပ်ဘူး"

ထိုပညာသင်သားက ဒေါသတကြီး ငြင်းခုံရင်း ရှောင်းယန်ချီကို ကြည့်လိုက်သည်။

"အစ်ကိုရှောင်း... ကျွန်‌တော် တကယ်ပဲ အပြစ်ကင်းပါတယ်ဗျာ"

ပတ်ဝန်းကျင်ရှိ လူများကလည်း ဆူညံသံကြောင့် ဝိုင်းအုံကြည့်လာကြ၏။ ဆိုင်ရှင်နှင့် လီမျိုးရိုးရှိသူတို့က သူတို့ကို ဖိအားပေး ခြိမ်းခြောက်နေသည်ကိုလည်းကောင်း၊ ပါးနပ်ပြီး ကောက်ကျစ်သော မိန်းမတစ်ဦးကလည်း သူတို့ကို တမင်သက်သက် မဟုတ်မမှန် စွပ်စွဲနေသည်ကိုလည်းကောင်း မြင်လိုက်ရသောကြောင့် ဤအမှုကိစ္စကို အရာရှိထံအထိ တိုင်ချက်ဖွင့်လျှင်ပင် သူတို့ လွတ်မြောက်နိုင်မည်မဟုတ်မှန်း ရှောင်းယန်ချီ နားလည်နေခဲ့သည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင်တော့ အရှုံးကိုသာ လက်ခံလိုက်ရသည်။

"ဘယ်လောက်ကျလဲ... ငါ ရှင်းမယ်"

ရှောင်းယန်ချီက အေးစက်စက် လေသံဖြင့် ဝင်ပြောလိုက်သည်။

All Chapters