← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁ တရားမျှတမှု ရှာဖွေခြင်း

ရှောင်းယန်ချီက ဟင်းပွဲဖိုး ငွေရှင်းပေးလိုက်ပြီး ပညာသင်သားများနှင့်အတူ ဆိုင်ထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သူဌေးလီက သူတို့ကို လှမ်းတားလိုက်ပြန်သည်။

သူဌေးလီက ခြိမ်းခြောက်သော အမူအရာဖြင့် ထပ်ပြောလိုက်သည်။

"မင်းတို့က ငါ့ကို ထိခိုက်နာကျင်အောင် လုပ်ထားပြီးတော့ ဒီအတိုင်း လှည့်ထွက်သွားလို့ ရမယ်ထင်နေတာလား"

ရှောင်းယန်ချီက အေးစက်စွာ ပြန်မေးလိုက်သည်။

"ခင်ဗျားက ဘာလိုချင်သေးတာလဲ"

"ဆေးဆရာ ပြသခနဲ့ ဆေးဖိုးဝါးခ လျော်ကြေးလေ"

သူဌေးလီက သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ လက်ဆစ်သံများ တဖျတ်ဖျတ် မြည်သွားခဲ့သည်။

"ငါ့ကို ဘယ်သူကမှ အလကား လာအနိုင်ကျင့်လို့ မရဘူးဆိုတာ မင်းတို့ မသိဘူးလား"

ဤထူးခြားဆန်းပြားသော ပြပွဲကြီးကို အားပါးတရ စောင့်ကြည့်နေသည့် ကျန်းကျောက်တိကတော့ အဆက်မပြတ် စားသောက်နေဆဲပင်။

ဤပြဇာတ်ဆန်သော မြင်ကွင်းကြီးက သူမတို့၏ စားချင်စိတ်ကို ပိုတောက်လောင်စေခဲ့သည်။ ကျန်းကျောက်တိက စားပွဲထိုးကို လှမ်းခေါ်ကာ သိုးနံရိုးကင် တစ်ပွဲ ထပ်မံ မှာယူလိုက်သည်။

သိုးနံရိုးကင်က ဘဲကင်နှင့် သူဖုန်းစားကြက်ကင်တို့ထက် အဆပေါင်းများစွာ ပိုဈေးကြီးနေသည်။ အကယ်၍ စောစောက အခြေအနေမျိုးသာဆိုလျှင် ကျန်းကျောက်တိကိုယ်တိုင်လည်း မှာရဲမည်မဟုတ်သလို စူးယောင်ကွမ်းက မှာလျှင်ပင် သူမက ပြန်ဖျက်ခိုင်းမိပေလိမ့်မည်။

သို့သော်လည်း ထိုကဲ့သို့ မောက်မာလွန်းသော လူများ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဒုက္ခရောက်နေကြသည်ကို မြင်လိုက်ရသဖြင့် ကျန်းကျောက်တိတစ်ယောက် စိတ်အခြေအနေ အလွန်ကောင်းမွန်နေပြီး ပိုက်ဆံကုန်မည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။

ရှောင်းယန်ချီနှင့် ပညာသင်သားများက သူဌေးလီကို ထိပ်တိုက်ရင်ဆိုင်ရန် အလွန်ပင် အားနည်းလွန်းလှသည်။ သူတို့ အကျပ်ရိုက်နေကြသဖြင့် ကံကြမ္မာကိုသာ လက်ခံလိုက်ရပြီး လျော်ကြေးငွေများကို နာနာခံခံ ထုတ်ပေးလိုက်ရသည်။

ကျန်းကျောက်တိက အရပ်ပုလွန်းသဖြင့် တစ်ဖက်တွင် ငွေမည်မျှ ပေးနေသည်ကို လှမ်းမမြင်ရချေ။ သူမက တစ်ခါတရံတွင် ခြေဖျားထောက်ကာ ဝမ်းသာအားရ ခုန်ပေါက်နေသောကြောင့် သူမ၏ လှုပ်ရှားမှုများက ကလေးတစ်ယောက်ကဲ့သို့ အလွန် ချစ်စရာကောင်းနေလေသည်။

ဘေးနားမှ ကျိုးဝမ်ရှူက ပြောပြနေသည်။

"ငွေတစ်လျန်၊ အဲ့ဒါက သူတို့ဆီမှာ ရှိသမျှ ပိုက်ဆံအကုန်လုံးကို စုပေါင်းပြီး ပေးလိုက်ကြရတာလေ၊ အဲ့ဒါဆိုရင်တော့ လုံလောက်သွားပါပြီ"

"ဟား ဟား..."

ကျန်းကျောက်တိက လက်ခုပ်တီးကာ အားပေးလိုက်သည်။

"ဒါက ဝဋ်လည်တာပဲ၊ နောက်တစ်ခါ အတင်း ထပ်ပြောရဲဦးမလား ကြည့်ကြသေးတာပေါ့။ ကဲ... ငါတို့ ဆက်စားကြရအောင်၊ အဲ့ဒီ ပါးစပ်ဖွာတဲ့ လူတွေကို ဂရုစိုက်မနေနဲ့တော့"

ထိုလူစုက စားပွဲပေါ်ရှိ ဟင်းပွဲများအားလုံးကို အားပါးတရ ကုန်စင်အောင် စားသောက်လိုက်ကြသည်။ ကျန်းကျောက်တိဆိုလျှင် ထမင်းနှစ်ပန်းကန်ပင် ကုန်အောင် စားနိုင်ခဲ့သည်။

စားသောက်ပြီးနောက်တွင် စူးယောင်ကွမ်းက ကျန်းကျင့်ကို မျက်ရိပ်ပြလိုက်သည်။

ကျန်းကျင့်က ထိုအချက်ပြမှုကို ချက်ချင်း နားလည်လိုက်ပြီး ကျန်းကျောက်တိကို အပြင်သို့ ဆွဲခေါ်ကာ စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို စာသင်ကျောင်းသို့ ပြန်လိုက်ပို့မည်ဖြစ်ကြောင်း၊ သူမကတော့ ကျန်းကျောက်တိနှင့်အတူ နေ့စဉ်သုံးပစ္စည်းများ အရင်သွားဝယ်မည်ဖြစ်ကြောင်း ပြောပြနေသည်။

ကျန်းကျောက်တိ ထွက်သွားသည်နှင့် စူးယောင်ကွမ်းက ဟင်းပွဲဖိုး ငွေရှင်းလိုက်သည်။

ဟင်းပွဲအနည်းငယ်သာ စားခဲ့ရသော်လည်း ငွေတစ်လျန်၏ တဝက်ခန့် ကုန်ဆုံးသွားခဲ့ရသည်။

ကျိုးဝမ်ရှူက စူးယောင်ကွမ်း ငွေရှင်းနေသည်ကို ကြည့်ရင်း အတွေးနက်နေခဲ့သည်။

'စူးယောင်ကွမ်းက သာမန် ကျေးလက်တောရွာက မိန်းကလေးတွေနဲ့ မတူဘူးပဲ... သူမက ပါးနပ်ပြီး ပိုက်ဆံရှာတဲ့နေရာမှာလည်း တော်တယ်'

‘ငါ သူမလို မိန်းကလေးတစ်ယောက်ကို ငါ့အတွက် တစ်သက်လုံး ထောက်ပံ့ခိုင်းလို့ မဖြစ်တော့ဘူး။ ငါကိုယ်တိုင် ပိုက်ဆံရှာဖို့ စဉ်းစားသင့်နေပြီ’

သူ ထို့သို့တွေးနေသော်လည်း ယခုအချိန်တွင် သူ၏ အထောက်အထားကို လူသိခံ၍ မဖြစ်သေးသဖြင့် သူ၏ လက်ရေးလှနှင့် ပန်းချီကားများကို သုံးပြီး ပိုက်ဆံရှာရန် မဖြစ်နိုင်သေးချေ။

သူက စာသင်ကျောင်းတွင် ပညာသင်ကြားနေသူဖြစ်သဖြင့် အင်အားသုံးပြီး ပိုက်ဆံရှာရန်လည်း မဖြစ်နိုင်ပြန်ပေ။

‘ဟူး.... ဒီနည်းလမ်းလည်း မရ၊ ဟိုနည်းလမ်းလည်း မရနဲ့... ကြည့်ရတာ ငါက တကယ့်ကို အလကားစားတဲ့ အိမ်ပါသမက်တစ်ယောက် ဖြစ်နေပြီ ထင်တယ်’

'ထားလိုက်ပါတော့... ငါ အချိန်နည်းနည်း စောင့်လိုက်မယ်။ ငါ့ရဲ့ အထောက်အထားကို မပြနိုင်သေးသရွေ့တော့ သူတို့ကို ဒုက္ခခံခိုင်းရုံပဲ ရှိတော့တာပေါ့'

စူးယောင်ကွမ်းက ကျိုးဝမ်ရှူကို စာသင်ကျောင်းဝန်းထဲအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ သူမက ကျောင်းပေါက်ဝတွင် မတ်တတ်ရပ်ကာ သူ အထဲသို့ ဝင်သွားသည်ကို စောင့်ကြည့်ပြီးမှ လှည့်ထွက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ရှောင်းယန်ချီက သူမ၏ ရှေ့မှ လမ်းပိတ်ရပ်လိုက်သည်ကို တွေ့လိုက်ရသည်။

သူမ ဘေးသို့ ရှောင်တိမ်းလိုက်သော်လည်း ရှောင်းယန်ချီက သူမ သွားမည့် လမ်းဘက်သို့ လိုက်ပြီး ပိတ်ရပ်နေပြန်သည်။

"ခွေးကောင်းက လမ်းမပိတ်တတ်ဘူးဆိုတာကို နင် နားမလည်ဘူးလား"

စူးယောင်ကွမ်းက စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။

"မင်း ဘာလို့ ငါတို့ကို တမင်သက်သက် လာပြီး စွပ်စွဲရတာလဲ"

ရှောင်းယန်ချီက ဒေါသတကြီး မေးမြန်းနေလေသည်။

"အဲ့ဒီအခြေအနေက ငါတို့ရဲ့ အမှားမဟုတ်တာ ဒီလောက် သိသာနေတယ်လေ၊ မင်းက အဲ့ဒီ အရိုင်းအစိုင်းဘက်ကနေ ရပ်တည်ပေးပြီး ငါတို့ ဒုက္ခရောက်အောင် လုပ်ခဲ့တယ်"

"ဟုတ်တယ်... နင်တို့ သူ့ကို ခြေထိုးခံတာကို ငါ မမြင်ခဲ့ဘူး၊ ဒါပေမဲ့ ငါက အမြဲတမ်း စိတ်ပုပ်ပြီး တွက်ချက်တတ်တဲ့ မိန်းမစားမျိုးလေ။ နင်တို့တွေတောင် အတင်းအဖျင်းပြောတဲ့ မိန်းမကြီးတွေလို ငါတို့ကို အချိန်အကြာကြီး လှောင်ပြောင် ပြောဆိုခဲ့ကြတာပဲ၊ အခုကျမှ ငါက နင်တို့ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံရမယ်လို့ လာပြောနေတာလား"

စူးယောင်ကွမ်းက လက်ပိုက်လိုက်ရင်း သူ့ကို မောက်မာစွာ စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။

"မိန်းမတွေက အမြဲတမ်း စိတ်ကျဉ်းမြောင်းတတ်ကြတာပဲ၊ အဲ့ဒီထဲမှာ ငါက အဆိုးဆုံးပဲ။ ငါ့ကို လာပြစ်မှားရင်တော့ ရန်ကြွေးကို ခွင့်လွှတ်ချင်းနဲ့ ပြန်တုံ့ပြန်ရမယ်ဆိုတဲ့ ကျင့်ဝတ်မျိုး ငါ့မှာ မရှိဘူး"

"မင်းက ငါ့ကို အထူးတလည် မုန်းတီးနေသလိုပဲ၊ ဘာလို့လဲ... ငါတို့တွေက အရင်က ဆုံဖူးတာလည်း မဟုတ်ဘူး"

"နင် အတွေးလွန်နေပြီ ထင်တယ်၊ ဒါမှမဟုတ် နင်က ရုပ်လေး နည်းနည်း ချောတာနဲ့ပဲ ကမ္ဘာပေါ်က မိန်းမအားလုံး နင့်ကို ဝိုင်းအုံနေရမယ်လို့ ထင်နေတာလား၊ တကယ်လို့ သူတို့က နင့်ကို ဂရုမစိုက်ရင်ပဲ သူတို့မှာ တစ်ခုခု မှားယွင်းနေတယ်လို့ ထင်နေတာလား"

ရှောင်းယန်ချီက သူ့ရှေ့တွင် ရပ်နေသည့် ရိုင်းစိုင်းကာ မောက်မာပြီး ရုပ်ရည်လည်း မလှပသော တောသူမလေးကို ကြည့်ရင်း ဒေါသထွက်လွန်းသဖြင့် သူ စိတ်ရူးပေါက်ပြီး သူမ၏ အဓိပ္ပာယ်မရှိသော စကားများအတွက် အချိန်ဖြုန်းမိနေပြီဟု ခံစားလိုက်ရသည်။

"မင်းက မိန်းမတစ်ယောက် ဖြစ်နေရုံနဲ့ ငါက စာရင်းပြန်မရှင်းဘူးလို့ မထင်နဲ့၊ မင်းသာ ငါ့ကို ဒီလိုနည်းနဲ့ ဆက်ပြီး မဟုတ်မမှန် စွပ်စွဲနေဦးမယ်ဆိုရင်..."

စူးယောင်ကွမ်းက မြေပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်ပြီး ရှောင်းယန်ချီကို ထိတ်လန့်တုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်ကာ အော်ဟစ်လိုက်သည်။

"ရှင်... ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လုပ်နိုင်ရတာလဲ"

ရှောင်းယန်ချီ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး သူက တောင့်တောင့်ကြီး လှည့်ကြည့်လိုက်ရာ အပြင်မှ ပြန်လာသော ပညာသင်သား အနည်းငယ်ကို တွေ့လိုက်ရသည်။ သူတို့က မနီးမဝေးတွင် မတ်တတ်ရပ်နေကြပြီး သံသယမျက်လုံးများဖြင့် သူတို့နှစ်ဦးကို အကဲခတ်နေကြသည်။

"ဟုတ်ပါတယ်... အဲ့ဒီကျွန်ကုန်သည်က ရှင့်ကို ကျွန်မဆီ ရောင်းချင်ခဲ့တာပါ၊ ဒါပေမဲ့ ကျွန်မက ရှင့်ကို သဘောမကျလို့ မဝယ်ခဲ့တာလေ။ အဲ့ဒါကို ရှင်က ကျွန်မအပေါ် ဒီလိုမျိုး ကလဲ့စားချေတယ်တဲ့လား...ဟင့်..."

စူးယောင်ကွမ်းက ရုတ်တရက် ထရပ်ပြီး မျက်နှာကို လက်ဖြင့် အုပ်ကာ ငိုယိုလျက် ထွက်ပြေးသွားသည်။

ပညာသင်သားများက အချင်းချင်း မျက်လုံးချင်း အချက်ပြလိုက်ကြပြီး ရှောင်းယန်ချီကို ပြန်ကြည့်သည့်အချိန်တွင်တော့ သူတို့၏ မျက်ဝန်းများက အလွန်ပင် ထူးဆန်းသွားခဲ့ကြသည်။

'သူ့ကို မဝယ်ခဲ့ရုံနဲ့ အာဃာတ ထားတယ်ပေါ့လေ... ဒီလူက တကယ့်ကို စိတ်ယုတ်မာ ရှိပြီး အငြှိုးအတေးကြီးတဲ့လူပဲ'

'ဒီလိုလူမျိုးက ပညာ ဘယ်လောက်ပဲ တတ်တတ်၊ အပေါင်းအသင်း မလုပ်သင့်ဘူး၊ မဟုတ်ရင် တစ်နေ့နေ့မှာ ကိုယ့်ကို ကျောပြင်ကနေ ဓားနဲ့ ထိုးမယ့်သူပဲ'

ရှောင်းယန်ချီက ဒေါသတကြီးဖြင့် အံ့ကို တင်းတင်းကြိတ်ထားလိုက်သည်။

'တကယ့်ကို မုန်းစရာကောင်းတဲ့ တောသူမပဲ...'

‘သူမကို မဟုတ်မမှန် မစွပ်စွဲဖို့ အခုလေးတင် သတိပေးခဲ့ရုံရှိသေးတယ်၊ သူမက အခုချက်ချင်း သူ့ကို သိက္ခာချပစ်လိုက်ပြန်တယ်။ တကယ့်ကို 'မိန်းမသားတွေနဲ့ လူဖျင်းတွေက ထိန်းကျောင်းရအခက်ခဲဆုံးပဲ'

စူးယောင်ကွမ်းက အဝေးသို့ လျှောက်လာခဲ့ပြီးမှ စာသင်ကျောင်းရှိရာ ဘက်သို့ ပြန်လှည့်ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

'ဝမ်ရှူနဲ့ အဲ့ဒီလူက အမြဲတမ်း ဆုံနေကြရတာဆိုတော့... သူက ဝမ်ရှူကို အနိုင်ကျင့်မလား မသိဘူး၊ မဖြစ်ဘူး... နောက်တစ်ခါ ဝမ်ရှူနဲ့ တွေ့ရင် သူ့ကို ပြန်လည်တိုက်ခိုက်ရမယ့် နည်းလမ်းအချို့ သင်ပေးရမယ်။ မဟုတ်ရင် ဝမ်ရှူရဲ့ နူးညံ့သိမ်မွေ့တဲ့ စရိုက်နဲ့ဆိုရင် အဲ့ဒီ ဝံပုလွေတွေ၊ ကျားတွေရဲ့ ဝါးမြိုခြင်းကို ခံရလို့ အရိုးတောင် ကျန်မှာ မဟုတ်ဘူး'

စူးယောင်ကွမ်းက ကျန်းကျောက်တိနှင့် ကျန်းကျင့်တို့ကို ရှာဖွေရန် ကုန်စုံဆိုင်သို့ ထွက်လာခဲ့သည်။ သူမတို့ ဝယ်ယူရမည့် ပစ္စည်းများက အလွန်များပြားလှသဖြင့် မိန်းမသားသုံးယောက်တည်းနှင့် အိမ်သို့ သယ်ဆောင်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် စူးယောင်ကွမ်းက လက်ကို ဝှေ့ယမ်းပြရင်း အဆိုပြုလိုက်သည်။

"နွားလှည်းတစ်စီး ဝယ်လိုက်ကြရအောင်"

"နွားလှည်းက စျေးမပေါဘူး၊ ငါးလျန်တောင် ပေးရတာဟဲ့"

ကျန်းကျောက်တိက စိုးရိမ်တကြီး တားဆီးလိုက်သည်။

"အဲ့ဒါက အပေါဆုံး ဈေးနှုန်းပဲ ရှိသေးတာ၊ ပိုကောင်းတဲ့ လှည်းတွေဆိုရင် ဒီထက်မက ဈေးကြီးလိမ့်မယ်"

"အမေရယ်... ကျွန်မတို့မှာ နွားလှည်းတစ်စီး ရှိထားရင် ပိုပြီး အဆင်ပြေသွားတာပေါ့"

စူးယောင်ကွမ်းက ရှင်းပြလိုက်သည်။

"နွားလှည်းရှိရင် မိုးမလင်းခင်ကတည်းက ရွာထိပ်မှာ သွားစောင့်နေစရာလည်း မလိုတော့ဘူး၊ ရွာထဲက လူတွေနဲ့လည်း တိုးဝှေ့ပြီး နွားလှည်းလိုက်စီးနေစရာလည်း မလိုတော့ဘူးလေ။ ရွာက လူတွေက ဘယ်လောက်တောင် ပြောဖို့ဆိုဖို့ ခက်ကြလဲဆိုတာ အမေလည်း သိနေတာပဲ၊ အချိန်ကြာလာရင် သူတို့တွေ သမီးတို့ ဘာအလုပ်လုပ်လဲဆိုတာ သိသွားကြလိမ့်မယ်၊ အဲ့ဒါဆိုရင် သူတို့ကို ခါထုတ်ရတာက ပိုခက်ခံသွားလိမ့်မယ်"

"ကဲ...ဝယ်... ဒါဆိုရင်လည်း ဝယ်ကြတာပေါ့"

ကျန်းကျောက်တိက သဘောတူလိုက်သည်။

"ဒါပေမဲ့ နွားလှည်းဝယ်ပြီးရင် မောင်းရဦးမယ် မဟုတ်လား၊ ငါကတော့ မမောင်းတတ်ဘူး၊ ကျန်းကျင့်ကရော မောင်းတတ်လား"

ကျန်းကျင့်က ခေါင်းယမ်းပြရင်း ပြန်ပြောလိုက်သည်။

"သမီးလည်း မမောင်းတတ်ဘူး မွေးစားအမေ၊ ဒါပေမဲ့ သမီး သင်ယူလို့ ရပါတယ်"

"သမီး မောင်းတတ်တယ်"

စူးယောင်ကွမ်းက ဝင်ပြောလိုက်သည်။

"ကျန်းကျင့်နဲ့ သမီး တလှည့်စီ မောင်းကြတာပေါ့။ အမေက လှည်းအနောက်မှာ သန့်ရှင်းတဲ့ အဝတ်တစ်ထည် ခင်းပေးထား၊ ပြီးရင် ကျွန်မတို့ မိုးကာဖျင်နဲ့ အမိုးအကာလေး လုပ်ကြမယ်၊ နွေရာသီကျရင် နေပူဒဏ်ခံနိုင်ပြီး ဆောင်းရာသီကျရင်တော့ အအေးဒဏ် ခံနိုင်တာပေါ့။ တကယ်လို့ ပစ္စည်းအကြီးစားတွေ သယ်ဖို့လိုလာရင်လည်း အမိုးကို ဖြုတ်လိုက်တာနဲ့ သုံးရတာ ပိုပြီး အဆင်ပြေသွားလိမ့်မယ်"

သူတို့ သုံးယောက်သား တိုင်ပင်ပြီးသည်နှင့် နွားလှည်းတစ်စီး ဝယ်ယူရန် နွားဈေးသို့ ချက်ချင်း ထွက်ခွာလာခဲ့ကြသည်။

သူမတို့က နွားလှည်းကို မောင်းနှင်ကာ ရွာထဲသို့ ပြန်ဝင်လာသည့်အချိန်တွင် ရွာသားအများအပြားက စူးစမ်းလိုသော မျက်လုံးများဖြင့် ဝိုင်းအုံလာကြသည်။

အဒေါ်လီက အရင်ဆုံး လှမ်းမေးလိုက်သည်။

"ဒီနွားလှည်းက နင်တို့ အသစ်ဝယ်လာတာလား၊ နွားက တော်တော်လေး သန်မာပုံရတယ်၊ ဘယ်လောက် ပေးခဲ့ရလဲ"

စူးယောင်ကွမ်းက ပြန်ပြောလိုက်၏။

"အများကြီး မပေးရပါဘူး၊ ဒီနွားက အနာအဆာ နည်းနည်းပါလို့ ဈေးပေါပေါနဲ့ ရခဲ့တာပါ"

"ဘာအနာအဆာလဲ... ငါတော့ မမြင်မိပါဘူး၊ ကြည့်ရတာ ကောင်းကောင်းမွန်မွန်ကြီးပါပဲ"

"သူ အရင်က နေမကောင်းဖြစ်ဖူးထားလို့ ထင်တယ်၊ စိတ်လည်း သိပ်မမှန်ဘူး၊ တစ်ခါတလေကျရင် ရူးကြောင်ကြောင် ထလုပ်တတ်တယ်"

စူးယောင်ကွမ်းက ဝေဝါးဝါး ဆက်ပြောနေသေးသည်။

"ကျွန်မလည်း သေသေချာချာ မမှတ်မိတော့ဘူး။ ရောင်းတဲ့လူက ထူးဆန်းတာတွေ အများကြီး ပြောပြနေပေမဲ့ ကျွန်မ နားမလည်ပါဘူး၊ နွားက ဈေးပေါနေတာပဲ သိလို့ အရင်ဝယ်လိုက်တာ"

ထိုစကားကို ကြားလိုက်ရသည်နှင့် ရွာသားများက သူတို့၏လက်များကို အမြန်ပြန်ရုပ်သိမ်းလိုက်ကြပြီး နွားကို ဆက်မကိုင်ရဲကြတော့ချေ။

All Chapters