← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅ သံသယများ

စူးယောင်ကွမ်းက ကျိုးဝမ်ရှူအတွက် စားသောက်ပွဲ စီစဉ်ပေးနေချိန်တွင် ကျန်းကျင့်က နွားလှည်းကို မောင်းကာ အဝတ်အထည်ဆိုင်မှ ပိုင်ရှင်ဖြစ်သူ ချွမ်းအော်ကို သွားရောက်ခေါ်ဆောင်ခဲ့သည်။ သူမတို့ ရောက်ရှိလာချိန်တွင် မှာထားသည့် ဟင်းလျာများကလည်း စားပွဲပေါ်သို့ ရောက်နှင့်နေချေပြီ။

ယနေ့တွင် ကျန်ရှိနေသည့် ငွေများကို အပြီးသတ် ရရှိလိုက်ကြသည့်အတွက် အားလုံး ပျော်ရွှင်နေကြပြီး စူးယောင်ကွမ်းကလည်း အောင်ပွဲခံသည့်အနေဖြင့် ကောင်းမွန်သည့် ဟင်းလျာအချို့ကို မှာယူထားခဲ့သည်။ အမှန်တကယ်တွင် သူတို့ အရက်သောက်ချင်နေကြသော်လည်း နောက်ပိုင်းတွင် နွားလှည်း မောင်းကာ ရွာပြန်ရဦးမည်ကို သတိရသွားသောကြောင့် ထိုအစီအစဥ်ကို ဖျက်သိမ်းလိုက်ရသည်။ ထို့အပြင် ကျန်းကျောက်တိကလည်း စားသောက်ဆိုင်မှ သေရည်ဈေးက အပြင်ထက် အဆပေါင်းများစွာ ဈေးကြီးလွန်းသဖြင့် ဝယ်သောက်ရန်မတန်ဟု ယူဆနေခဲ့သည်။ ထို့ကြောင့် အိမ်အပြန်လမ်းတွင် အရက်ဆိုင်မှ အရက် ဝယ်ယူကာ ညဘက်၌ အိမ်တွင် စိတ်ကြိုက် သောက်သုံးကြရန် ဆုံးဖြတ်လိုက်ကြသည်။

ပြန်ခါနီးတွင် ချွမ်းအော်က ရုတ်တရက် ပြောလာခဲ့သည်။

"အော်... ဟုတ်သားပဲ၊ ခုနက သူတောင်စားလေးတစ်ယောက်က နင်တို့ကို လာရှာသေးတယ်။ နင်တို့ ရှာခိုင်းထားတဲ့ ကိစ္စကို သူ သိပြီတဲ့၊ သူက ပျက်စီးနေတဲ့ ဘုရားကျောင်းဟောင်းမှာ စောင့်နေမယ်လို့ ပြောသွားသေးတယ်"

"ကျေးဇူးပါပဲ အစ်မချွမ်းအော်၊ ကျွန်မ သိပါပြီ"

စူးယောင်ကွမ်းက ပိုက်ဆံထည့်ထားသည့် အဝတ်အိတ်လေးတစ်လုံးကို ထုတ်ယူကာ ချွမ်ူအော်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ကျွန်မတို့ရဲ့ ကျန်နေတဲ့ကုန်ပစ္စည်းတွေကို ဆက်ရောင်းပေးဖို့ အစ်မကိုပဲ အားကိုးမယ်နော်"

"ငါတို့က တစ်မိသားစုတည်းလို ဖြစ်နေပြီပဲ၊ ဒါက ကူညီပေးတာပါ။ ပြောရရင် အဲ့ဒီဖောက်သည်တွေက နင်တို့ရဲ့ ကုန်ပစ္စည်းတွေကို လာဝယ်ရင်းနဲ့ ငါ့ဆိုင်က အဝတ်အစားတွေကိုလည်း ဝယ်ကြတော့ ငါလည်း တော်တော်လေး ရောင်းကောင်းလာတယ်"

ချွမ်းအော် ပြန်သွားပြီးနောက် ကျန်းကျောက်တိက လှမ်းမေးလိုက်သည်။

"သမီး... ချွမ်းအော် ပြောတဲ့ သူတောင်းစားလေးက ဘယ်သူလဲ"

"သမီး လမ်းဘေးက ကလေးလေးတစ်ယောက်ကို ကိစ္စလေးတစ်ခု စုံစမ်းခိုင်းထားတာပါ။ အမေတို့ အရင်ဆုံး လိုအပ်တာတွေ သွားဝယ်ကြပါ၊ သမီး ဘုရားကျောင်းပျက်ကို သွားလိုက်ဦးမယ်"

စူးယောင်ကွမ်းက ပြန်ဖြေလိုက်သည်။

"အဲ့ဒီလို လူသူကင်းမဲ့တဲ့ ဘုရားကျောင်းပျက်ကို တစ်ယောက်တည်း သွားတာက အန္တရာယ်များတယ်။ ချွန်းနီကို ခေါ်သွားပါလား"

ကျန်းဖန့်တိက ဝင်ပြောလိုက်သည်။

"ချွန်းနီက ခွန်အားရှိတယ်၊ တစ်ခုခုဆို အကူအညီရတာပေါ့"

ကျားချွန်းနီက ခွန်အားရှိသော်လည်း စူးယောင်ကွမ်းလောက်တော့ မသန်မာချေ။ သို့သော်လည်း တစ်ယောက်ယောက်က အကူအညီပေးရန် လိုအပ်သည့်အချိန်မျိုးအတွက်တော့ လူအပိုပါသွားခြင်းက ပိုကောင်းနေသေးသည်။

ညီအစ်မနှစ်ယောက် ဘုရားကျောင်းပျက်သို့ ရောက်ရှိသွားချိန်တွင် ဖုန်းချောင်ယန်ဟု ခေါ်သည့် သူတောင်းစားကောင်လေးက အဝင်ဝတွင် စောင့်နေခဲ့သည်။ သူမတို့ကို မြင်သည်နှင့် သူက အမြန်လျှောက်လာကာ လှမ်းနှုတ်ဆက်လိုက်သည်။

"အစ်မကြီး၊ ရောက်လာပြီလား"

"မင်းကို ငါ ရှာခိုင်းထားတာတွေ သိခဲ့ရပြီပေါ့၊ ပြောပြစမ်းပါဦး"

"အစ်မကြီးက အဲ့ဒီ ဝဝဖိုင့်ဖိုင့် အဖိုးကြီးကို စောင့်ကြည့်ခိုင်းထားတာလေ။ သူက သူ့လူတွေနဲ့အတူ အမြန်ထွက်လာခဲ့ပေမဲ့ မြို့ပြင်ကို ထွက်မသွားဘူး။ အဲ့ဒီအစား အလှကုန်ဆိုင်တစ်ခုကို ဝင်သွားခဲ့တယ်"

"အဲ့ဒီအလှကုန်ဆိုင်က မြို့ထဲမှာ အကြီးဆုံးအလှကုန်ဆိုင်ဖြစ်တဲ့ ကျင်းလဲ့ဖန့်ပါ"

သူတောင်းစားကောင်လေးက ထပ်ဖြည့်ပြောလိုက်သည်။

“ဝမ်းကွဲရယ်... အဲ့ဒီသူဌေးလီက လိမ်နေတာများလား”

စကားတိုင်းကို ဘေးမှ ကြားနေရသည့် ကျားချွန်းနီပင် တခုခုကို နားလည်သွားပြီး အတွေးများနေခဲ့သည်။

“ကျင်းလဲ့ဖန့်က လူတွေက ဘာလို့ ကျွန်မတို့ဆီက ပါးနီမှုန့်နဲ့ မျက်နှာချေမှုန့်တွေ လာဝယ်ရတာလဲ”

"အဲ့ဒီ ဝဝဖိုင့်ဖိုင့် အဖိုးကြီးက ကျင်းလဲ့ဖန့်ရဲ့ ပိုင်ရှင်လား"

စူးယောင်ကွမ်းက ကောင်လေးကို ပြန်မေးလိုက်သည်။

"မဟုတ်ပါဘူး၊ သူက ပိုင်ရှင်မဟုတ်ဘူး။ ကျင်းလဲ့ဖန့်ရဲ့ ပိုင်ရှင်က လူငယ်လေးတစ်ယောက်ပါ"

ကောင်လေးက သူ သိထားသည့်အချက်ကို ထပ်ပြောပြနေသည်။

"အဲ့ဒီ ဝဝဖိုင့်ဖိုင့် အဖိုးကြီးက အစေခံတစ်ယောက်ပဲ"

စူးယောင်ကွမ်းက ကြေးပြားတစ်တွဲကို ထုတ်ယူကာ ဖုန်းချောင်ယန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ဒါကိုယူပြီး မင်းတို့ လူတွေကို ခွဲဝေပေးလိုက်ဦး"

"အစ်မ... နောက်တစ်ခါ အလုပ်ကိစ္စရှိရင်လည်း ကျွန်တော့်ကို ပြောပါနော်"

ဖုန်းချောင်ယန်က ပိုက်ဆံများကို ဝမ်းသာအားရ လက်ခံလိုက်သည်။

"တကယ်တော့ အလုပ်တစ်ခု ရှိတယ်၊ ငါ့မှာ မင်းကို နောက်ထပ် ခိုင်းစရာ အလုပ် ရှိနေသေးတယ်"

ဘုရားကျောင်းပျက်မှ ထွက်လာချိန်အထိ ကျားချွန်းနီတစ်ယောက် နားမလည်နိုင်ဖြစ်နေဆဲပင်။

‘ဘာလို့ မြို့ထဲက အကြီးဆုံးအလှကုန်ဆိုင်ကြီးက ငါတို့ဆီကနေ ကုန်ပစ္စည်းတွေ လာဝယ်ရတာလဲ’

စူးယောင်ကွမ်းက သူမကို ခေါ်ဆောင်ကာ ကျင်းလဲ့ဖန့်၏ အရှေ့ဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

ဆိုင်ရှေ့တွင် လူများ ဝင်ထွက်သွားလာနေသည်ကို သူမတို့ မြင်နေရသည်။ ဝင်သွားသည့် ဝယ်သူအချို့၏ မျက်နှာတွင်တော့ မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များကိုပင် တွေ့မြင်နေရသည်။ စူးယောင်ကွမ်းက ကျားချွန်းနီကို အနီးအနားရှိ အဝတ်အထည်ဆိုင်ထဲ ဆွဲခေါ်သွားပြီး နှစ်ယောက်လုံးအတွက် အဝတ်အစားလှလှလေး တစ်စုံစီ ဝယ်လိုက်သည်။ ဖိနပ်နှင့် ခြေအိတ်များကိုပါ လဲလှယ်ဝတ်ဆင်ပြီးနောက် ဆိုင်ထဲရှိ အဝတ်လဲခန်းထဲတွင် မျက်နှာချေပါးပါးလေး လိမ်းချယ်လိုက်ကြသည်။ ထို့နောက် မျက်နှာဖုံးပပုဝါလေးများ တပ်ဆင်ကာ ကျင်းလဲ့ဖန့်ရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် ဖုန်းချောင်ယန်က သေတ္တာတစ်လုံးကို သယ်ဆောင်လာပြီး အမောတကော ရောက်ရှိလာခဲ့သည်။

"အစ်မကြီး... အစ်မကြီး ခိုင်းထားတာတွေ ရပြီ"

စူးယောင်ကွမ်းက လမ်းဘေးဆိုင်မှ ဝယ်ထားသည့် နှမ်းမုန့်များကို သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ကျေးဇူးပဲ၊ နောက်နေ့ကျမှပဲ သေချာ ကျေးဇူးဆပ်တော့မယ်၊ ဒီနေ့တော့ အလုပ်ကိစ္စ အရေးကြီးလို့"

ထိုသို့ပြောပြီးနောက် သူမက ထိုသေတ္တာအား ကျားချွန်းနီကို ကိုင်ခိုင်းလိုက်ပြီး ကျင်းလဲ့ဖန့်ဆိုင်အတွင်းသို့ ဦးဆောင်ဝင်သွားခဲ့သည်။

ဖုန်းချောင်ယန်က စူးယောင်ကွမ်းတို့ ဆိုင်ထဲသို့ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေခဲ့သည်။ အနီးအနားမှ သူတောင်းစားငယ်လေးအချို့က ပြေးလာကာ ဖုန်းချောင်ယန်ကို ဝိုင်းမေးလိုက်ကြသည်။

"အစ်ကိုကြီး... အဲ့ဒီစိတ်ကောင်းရှိတဲ့ အစ်မကြီးက ဘာပြောသွားသေးလဲ"

"သူ ငါတို့ကို နှမ်းမုန့်တွေ ဝယ်ကျွေးသွားတယ်။ ညီအစ်ကိုတွေ အကုန် ဝေစားကြ။ ပြီးတော့ သူ ငါ့ကို ကြေးပြားတစ်ရာလည်း ပေးသွားတယ်၊ တစ်ယောက်ကို ကြေးငါးပြားစီ ရမယ်"

ဖုန်းချောင်ယန်က ကလေးငယ်များအတွက် ဝေစုခွဲပေးလိုက်သည်။

ကလေးလေးများက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

ငွေငါးပြားဆိုသည်က သာမန်လူများအတွက် မုန့်ဖိုးလောက်သာ ဖြစ်သော်လည်း သူတို့အတွက်တော့ ဆယ်ရက် သို့မဟုတ် လတစ်ဝက်ခန့် စားသောက်နိုင်သော ငွေပမာဏ ဖြစ်နေလေသည်။

တစ်ဖက်တွင်လည်း စူးယောင်ကွမ်းတို့ ဆိုင်အတွင်းသို့ ရောက်သည်နှင့် ဆိုင်ရှေ့တွင် ရှိနေသော ကောင်လေးတစ်ယောက်က အပြုံးကြီးကြီးဖြင့် နှုတ်ဆက်နေသည်။

"ဧည့်သည်တော်တို့... ကြွပါခင်ဗျာ။ ဒီနေ့မှ အသစ်ရောက်ထားတဲ့ ကုန်ပစ္စည်းတွေကို အထူးလျော့ဈေးနဲ့ ရောင်းချပေးနေပါတယ်၊ ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့နော်"

"ဝါး..."

ကျားချွန်းနီက ခမ်းနားလှပသော အပြင်အဆင်နှင့် လူစည်ကားနေသော ဆိုင်ကို ကြည့်ကာ အံ့အားသင့်နေရှာသည်။

"လူတွေကလည်း များလိုက်တာ၊ ပိုက်ဆံတွေ ဘယ်လောက်တောင် ရနေလိုက်မလဲနော်"

"ဧည့်သည်တော်တို့ ဘာများ မှာယူချင်ပါသလဲခင်ဗျာ၊ ကျွန်မ မိတ်ဆက်ပေးပါရစေ"

ဆိုင်ဝန်ထမ်း မိန်းကလေးတစ်ယောက်က အပြုံးဖြင့် မေးမြန်းလာပြန်သည်။

"ဒီမှာ ကုန်ပစ္စည်းအသစ်တွေ ရောက်တယ်၊ ဒီနေ့ အထူးအစီအစဉ်လည်း ရှိတယ် ကြားမိလို့။ ဘာတွေများ အသစ်အဆန်း ရှိလဲဆိုတာ ကြည့်ချင်တယ်"

စူးယောင်ကွမ်းက ခပ်တည်တည် ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့၊ အကုန်လုံးက အရမ်း ကောင်းမွန်ပါတယ်ရှင့်။ ဟိုဘက်ကို ကြည့်လိုက်ပါ၊ လူတွေ ပြည့်နေတဲ့ နေရာတစ်ခု ရှိတယ်၊ အဲ့ဒါတွေက ကုန်ပစ္စည်းအသစ်တွေပါ"

ဆိုင်ဝန်ထမ်းက ညွှန်ပြနေသည်။

"လူတွေကလည်း များလိုက်တာ၊ ကျွန်မက တန်းစီရတာကို မကြိုက်ဘူး။ အရင်ဆုံး စမ်းကြည့်လို့ရအောင် နမူနာလေး နည်းနည်းလောက် ထုတ်ပေးလို့ မရဘူးလား၊ တကယ်လို့ ကျွန်မ သဘောကျရင် ငွေပိုပေးပြီး ဝယ်မှာပါ"

"ဟုတ်ကဲ့၊ ခဏလေး စောင့်ပေးပါရှင့်"

ဆိုင်ဝန်ထမ်း မိန်းကလေးက သစ်သားသေတ္တာ အကြီးကြီးတစ်လုံးကို ယူလာကာ ဖွင့်ပြလိုက်သည်။ သေတ္တာထဲတွင် အသားအရေထိန်းသိမ်းသည့် ပစ္စည်းမှစ၍ မျက်နှာချေမှုန့်များအထိ အစုံအလင် ပါဝင်နေသည်ကို တွေ့လိုက်ရသည်။

"ဒါက ဒီနေ့အတွက် ကျွန်မတို့ရဲ့ ကုန်ပစ္စည်းအသစ်တွေပါ။ ဒီတစ်စုံလုံးက တစ်မျိုးချင်းစီ ဝယ်မယ်ဆိုရင် ငွေလျန်ရှစ်ဆယ် ကျသင့်ပေမယ့် အခုတော့ လျန်ငါးဆယ်ပဲ ကျသင့်မှာပါ"

စူးယောင်ကွမ်းက ကြွေပုလင်းတစ်လုံးကို ဖွင့်ကြည့်လိုက်သည်။ အနံ့ကို ရှူကြည့်လိုက်သည့်အခါတွင်တော့ သူမနှင့် အလွန်ရင်းနှီးနေသည့် အနံ့မျိုးကို ရလိုက်သည်။

သူမ ပုလင်းအချို့ကို ထပ်ဖွင့်ကြည့်ရာ အားလုံးက သူမတို့၏ ကုန်ပစ္စည်းများနှင့် အရောင်အသွေးရော အနံ့ရော ထပ်တူကျနေသည်။ သို့သော် ပုလင်းပုံစံကတော့ သူမတို့နှင့် ကွဲပြားနေပြီး ကျင်းလဲ့ဖန့်၏ ပုလင်းများတွင် သူတို့၏ တံဆိပ်ပါရှိနေကာ ပိုမိုသေသပ်လှပနေသည်။

အမှန်စင်စစ်တွင် စူးယောင်ကွမ်းကလည်း သူမ၏ ပုလင်းများပေါ်တွင် တစ်မူထူးခြားသော အမှတ်အသားများ ရေးထိုးခိုင်းထားခဲ့သည်။ ပုလင်းအောက်ခြေတွင် "စူး" ဟူသော စာလုံးနှင့် မျက်နှာပြင်ပေါ်တွင် "ထောင်ယောင်ဖန့်" ဟူသော စာလုံးများကို ရေးထိုးထားသည်။

သူမက သူမ ဖွင့်မည့် ဆိုင်သစ်အတွက် အမည်ကို ကြိုစဥ်းစားကာ "ထောင်ယောင်ဖန့်" ဟု အမည်ပေးထားခဲ့သည်။

ကျားချွန်းနီက စူးယောင်ကွမ်း၏ လက်မောင်းကို ဆွဲကာ တိုးတိုးလေး မေးလိုက်သည်။

"ဝမ်းကွဲအစ်မ၊ ဘာဖြစ်လို့လဲ"

စူးယောင်ကွမ်းက ဒေါသကို မြိုသိပ်ထားရင်း ကျယ်လောင်စွာ ပြောလိုက်သည်။

"အိုး... တကယ်တော့ ဒီပစ္စည်းတွေက ကောင်းပါတယ်။ ဒါပေမဲ့ ဈေးနှုန်းက နည်းနည်း များလွန်းမနေဘူးလား၊ ကျွန်မ ဒီလိုမျိုး ပစ္စည်းတွေကို တခြားဆိုင်မှာ ဝယ်တုန်းက တစ်စုံလုံးကို ငွေနှစ်ဆယ့်ငါးလျန်ပဲ ပေးရတာလေ။ ဘာလို့ ဒီလောက်တောင် ဈေးကြီးနေရတာလဲ"

ကျင်းလဲ့ဖန့်က သူတို့၏ပစ္စည်းအသစ် မိတ်ဆက်ပွဲအတွက် ပုံမှန်ဖောက်သည်များကို ကြိုတင်ဖိတ်ခေါ်ထားခဲ့ပြီး စူးယောင်ကွမ်း၏ ကျယ်လောင်သော အသံကြောင့် လူတိုင်း လှည့်ကြည့်လာကြသည်။

ဆိုင်ဝန်ထမ်းက တစ်ခုခုမှားနေပြီဟု ခံစားမိကာ စူးယောင်ကွမ်းကို စကားဆက်မပြောနိုင်စေရန် တားဆီးဖို့ ကြိုးစားလိုက်သည်။ သို့သော် သူမ ဘာမှ မပြောရသေးခင်မှာပင် ကျားချွန်းနီက ကြားထဲမှ ဝင်ရပ်လိုက်ပြီး ဝန်ထမ်းမိန်းကလေး စူးယောင်ကွမ်းနားသို့ မကပ်နိုင်အောင် တားဆီးထားလိုက်သည်။

"ရှင် မဟုတ်တာတွေ လျှောက်ပြောနေတာ မဟုတ်လား၊ တစ်ထပ်တည်းတူနေတာကို ဘယ်လိုလုပ် ဈေးတစ်ဝက်ပဲ ရှိရမှာလဲ"

စူးယောင်ကွမ်းက ကျားချွန်းနီလက်ထဲမှ သေတ္တာကို ယူလိုက်ပြီး ဖွင့်ပြလိုက်သည်။ သေတ္တာထဲတွင် အရွယ်အစား အမျိုးမျိုးရှိသော ပုလင်းပေါင်း နှစ်ဆယ့်ငါးလုံးခန့် ရှိနေသည်။ မျက်နှာလိမ်းအလှဆီမှစ၍ အမွှေးဆီများအထိ၊ မျက်နှာချေမှုန့်၊ ပါးနီမှုန့်၊ နှုတ်ခမ်းဆိုးဆေးနှင့် ခေါင်းလျှော်ရည်များအထိ အားလုံးက ကျင်းလဲ့ဖန့်မှ ပုံစံအတိုင်း ဖြစ်ပြီး အနံ့ကလည်း တစ်ထပ်တည်း ဖြစ်နေလေသည်။

စူးယောင်ကွမ်း ကိုင်ထားသည့် ကြွေပုလင်းအတွဲနှင့် ကျင်းလဲ့ဖန့်၏ ကြွေပုလင်းအတွဲက ပုလင်းပုံစံသာ ကွဲပြားပြီး အတွင်း၌ ပါဝင်နေသည့် ပစ္စည်းများ တူညီနေသည်ကို လူတိုင်း သတိပြုမိသွားကြသည်။

"ဒီ 'ထောင်ယောင်ဖန့်’ အတွဲက အခုမှ ဖွင့်တဲ့ စူးမိသားစုဆိုင်က ပစ္စည်းအသစ်ပါ။ သူတို့က ဘိုးဘေးတွေ လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်းနည်းအတိုင်း ဖော်စပ်ထားတာလို့ ပြောကြတယ်။ ကျင်းလဲ့ဖန့်က ပစ္စည်းတွေကလည်း ရှေးဟောင်းနည်းလမ်းအတိုင်းပဲ လုပ်ထားတာ ဖြစ်မှာပေါ့၊ ဒါကြောင့်လည်း 'ထောင်ယောင်ဖန့်' နဲ့ တစ်ထပ်တည်း ဖြစ်နေတာ။ ဒါပေမဲ့ စူးဆိုင်က ဆိုင်သစ်ဖြစ်လို့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့အတွက် အရင်းဈေးလောက်နဲ့ပဲ ရောင်းပေးနေတာလေ၊ တစ်စုံလုံးကို ငွေနှစ်ဆယ့်ငါးလျန်ပဲ ပေးခဲ့ရတယ်"

All Chapters