← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅ ကိုယ်ဝန်ပျက်ကျခြင်း

ဆေးဆရာလင်းက အလွန်အမင်း စိုးရိမ်နေဟန်ဖြင့် အလောတကြီး ပြန်ဖြေနေသည်။

"ယောင်ကွမ်းရဲ့အမေ... အမြန်လိုက်ခဲ့ပါဦး။ အနောက်ဘက်ရွာက ယွိရှီဆီ သွားကြည့်ရအောင်။ သူက ကိုယ်ဝန်သည်လေ၊ အခု စားပွဲထောင့်နဲ့ ဆောင့်မိထားလို့ ကလေးက ဘာဖြစ်မလဲ မသိဘူး"

ကျန်းကျောက်တိက အံ့ဩသွားပြီး ပြန်ပြောလိုက်သည်။

"ဆေးဆရာလင်းရယ်... ကျွန်မကို ခက်ခဲအောင် မလုပ်ပါနဲ့။ ကျွန်မက ဝမ်းဆွဲသည်ပါ၊ သမားတော်မှ မဟုတ်တာ။ မီးဖွားခါနီးပြီဆိုရင်တော့ ကျွန်မကို လာရှာလို့ရတယ်။ အခုက မွေးဖွားဖို့လည်း မဟုတ်တော့ ကျွန်မ ဘာမှ မကူညီပေးနိုင်ဘူးလေ"

"အရင်ဆုံး သွားကြည့်ပေးပါဦး။ တခုခုတော့ ကူညီနိုင်မှာပါ"

ဆေးဆရာလင်းကလည်း ထပ်တောင်းဆိုနေပြန်သည်။

"ကျင့်အာ... အမြန်ထွက်ခဲ့၊ မွေးစားအမေနဲ့ လိုက်ခဲ့ပေးဦး"

ကျန်းကျောက်တိက အိမ်ထဲသို့ လှမ်းအော်လိုက်သည်။

ကျန်းကျင့်က အပြင်ဘက်မှ စကားသံများကို ကြားနေခဲ့ပြီးဖြစ်ကာ ကျန်းကျောက်တိ၏ ခေါ်သံကို ကြားသည်နှင့် ပြေးထွက်လာခဲ့သည်။

သူမက ဆေးဆရာလင်းကို လှမ်းမေးလိုက်သ်ည။

"ဦးလေးလင်း... ဒီနားတစ်ဝိုက်မှာ ဆေးဆရာဆိုလို့ ဦးလေးတစ်ယောက်တည်း ရှိတာလေ။ ရိုးရိုး ကိုယ်ဝန်ပျက်ကျတာဆိုရင် ဦးလေးဘာသာ ကုသပေးလို့ ရတာပဲ။ ဘာလို့ ကျွန်မတို့ရဲ့ အမေကို လာခေါ်နေရတာလဲ"

ဆေးဆရာလင်းက သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။

"လမ်းရောက်မှ ပြောပြမယ်။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ငါ မင်းတို့ရဲ့ အကူအညီကို လိုအပ်လိမ့်မယ်"

စူးယောင်ကွမ်းက နောက်မှ အမီလိုက်လာပြီး ဝင်ပြောလိုက်သည်။

"သမီးလည်း လိုက်ခဲ့မယ်။ တစ်ဖက်တစ်လမ်းကနေ ကူညီလို့ ရတာပေါ့"

စူးယောင်ကွမ်း၏ ထူးခြားသော ခွန်အားကို သတိရသွားသည့် ဆေးဆရာလင်းက ကျေကျေနပ်နပ် လက်ခံလိုက်သည်။

"မင်းရဲ့ အကူအညီကို တကယ် လိုအပ်ကောင်း လိုအပ်လာနိုင်တယ်၊ မင်းလို အားကောင်းတဲ့ မိန်းကလေးတစ်ယောက် ရှိရင် ပိုအဆင်ပြေတာပေါ့"

စူးယောင်ကွမ်း : "..."

‘ဒါက ချီးကျူးခံရသလို ရှိပေမယ့် ငါ မပျော်နိုင်ဘူးလေ’

'ဒါကပဲ ငါ့ရဲ့ ထူးခြားချက် ဖြစ်နေတာလား... အတိတ်ဘဝတုန်းကသာ ဒီလို ထူးခြားတဲ့ ခွန်အားမျိုး ရှိခဲ့ရင် ငါ ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံရမှာ မဟုတ်ဘူး'

ဆေးဆရာလင်းက မိခင်ဖြစ်သူနှင့် သမီးနှစ်ယောက်ကို ခေါ်ပြီး အနောက်ဘက်ရွာသို့ ဦးဆောင်နေသည်။ ရွာအဝင်သို့ ရောက်သောအခါ အမျိုးသမီးကြီးတစ်ဦးက ဆေးဆရာလင်းကို မြင်သည်နှင့် စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။

"ဘာလို့ အခုမှ ရောက်လာရတာလဲ"

"ခင်ဗျားတို့သားက ကျုပ်ကို ခင်ဗျားတို့ရဲ့ ချွေးမနား မကပ်ခိုင်းလို့လေ။ ဒါကြောင့် ရွာထဲမှာ ဆေးပညာတတ်မြောက်တဲ့ မိန်းကလေးတွေကို ရှာပြီး ခေါ်လာရတာ။ အမြန် လမ်းပြပေးပါဦး၊ မဟုတ်ရင် ကလေးရော အမေပါ အသက်အန္တရာယ် ရှိသွားလိမ့်မယ်"

ဆေးဆရာလင်းက ပြန်ဖြေလိုက်သည်။

လမ်းတွင် စူးယောင်ကွမ်းတို့ သိခဲ့ရသည်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ဆေးဆရာလင်းကို သူမအနားသို့ မကပ်ခိုင်းခြင်းကြောင့် ယခုကဲ့သို့ အခြေအနေ ဖြစ်နေရခြင်းပင်။

ထိုအမျိုးသမီးက ဆေးဆရာလင်းက သူ့အတွက် သင့်တော်သူဟု အထင်မှားခဲ့ဖူးသော အမျိုးသမီးဖြစ်သည်။ ဆေးဆရာလင်းက ဟူရှီဆိုသည့် မိန်းမကြီးကို ငြင်းပယ်လိုက်ခြင်းကြောင့် ဟူရှီက အမျက်ဒေါသထွက်သွားခဲ့သည်။ ထို့နောက် သူမက ဆေးဆရာလင်း သဘောကျနေသော ယွိရှီကို အငြိုးအတေးထားကာ ယွိရှီ၏ ခင်ပွန်းဖြစ်သူဆီ သွားရောက်ပြီး သွေးထိုးစကားများ ပြောခဲ့သည်။ ထိုစကားများကြောင့် ခင်ပွန်းဖြစ်သူက မနာလိုစိတ်ဝင်ကာ ယွိရှီကို ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ယွိရှီက ရုပ်ရည်ချောမောသူ ဖြစ်သော်လည်း ကိုယ်ဝန်ခြောက်လ ရှိနေပြီဖြစ်သည်။ သို့သော် သူမ၏ ပိန်သွယ်သော ခန္ဓာကိုယ် ရှိပြီး ပွပွယောင်းယောင်း အဝတ်အစားများကို ဝတ်ဆင်လေ့ရှိသဖြင့် ကိုယ်ဝန်ရှိမှန်း သတိထားမိရန် မလွယ်ကူခြင်းပင်။

ဝမ်ချန်းက သူ့ဇနီး ယွိရှီကို ရိုက်နှက်လိုက်သောကြောင့် ကိုယ်ဝန်ရှိနေသည့် ယွိရှီက ယိုင်သွားပြီး စားပွဲထောင့်နှင့် ဆောင့်မိရာမှ မြေပြင်ပေါ်သို့ လဲကျကာ နာကျင်တကြီး အော်ဟစ်ခဲ့သည်။ ထိုမြင်ကွင်းကြောင့် ဝမ်ချန်းလည်း ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။ သူ၏မိခင်ကသာ အနောက်ဘက်ရွာသို့ ပြေးလာပြီး ဆေးဆရာလင်းကို လာခေါ်ခဲ့ခြင်း ဖြစ်သည်။ ဆေးဆရာလင်း ရောက်လာချိန်တွင် ဝမ်ချန်းက ဆေးဆရာလင်းကို သူ့ဇနီး၏ အနားသို့ မကပ်ရန် တားဆီးနေပြန်သည်။

ထိုမျှမက ယွိရှီ၏ ကိုယ်ဝန်က ပျက်ကျမည့် အရိပ်အယောင်များ ပြသနေပြီး သူမက ဗိုက်ကို နာကျင်စွာ ဖိထားခဲ့သည်။ ဆေးဆရာလင်းအနေဖြင့် သူမ၏ သွေးထွက်မှုအခြေအနေကို စစ်ဆေးရမည်ဖြစ်သော်လည်း ဝမ်ချန်ကတော့ သူမ၏ အင်္ကျီစလေးကိုပင် အထိမခံ ဖြစ်နေကာ အပြင်းအထန် တားဆီးနေသည်။

ယခုအချိန်တွင် ဝမ်ချန်းက စိုးရိမ်တကြီးဖြင့် တံခါးဝတွင် ဟိုလျှောက် ဒီလျှောက် လုပ်နေခဲ့သည်။

ထိုလူက သာမန်သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။ ရုပ်ရည်က သာမာန် ဖြစ်နေရုံသာမက အရပ်အမောင်းကလည်း ပုနေကာ စူးယောင်ကွမ်းထက်ပင် အရပ်ပုနေသေးသည်။

ဆေးဆရာလင်းကို မြင်လိုက်သည်နှင့် ဝမ်ချန်းက မျက်စိမျက်နှာပျက်ကာ အော်ဟစ်လိုက်ပြန်သည်။

"ခင်ဗျား ဘာလို့ ထပ်ရောက်လာတာလဲ၊ ကျုပ်မိန်းမကို ကုသခွင့်မပေးဘူးလို့ ပြောထားတယ်မဟုတ်လား၊ အခုချက်ချင်း ထွက်သွား"

ဆေးဆရာလင်းက ကျန်းကျောက်တိကို လက်ညှိုးထိုးပြပြီး ပြန်ပြောလိုက်သည်။

"ငါက ဆေးကုပေးဖို့ လာတာ မဟုတ်ဘူး၊ ငါ ခေါ်လာတဲ့ ဒီအမျိုးသမီးက ကုပေးမှာ။ သူက အမျိုးသမီးရောဂါတွေကို အထူးကုသပေးနိုင်တဲ့သူပဲ၊ အမြန်ဝင်ခိုင်းလိုက်တော့"

ဝမ်ချန်းက ဆေးဆရာလင်းကို မယုံကြည်သလို ကြည့်ရင်း ထပ်မေးနေပြန်သည်။

"သူ ဝင်လို့ ရတယ်၊ ခင်ဗျားတော့ မဝင်ဘူးမလား"

"သေချာတာပေါ့"

"သားရယ်... မင်းဇနီးက မင်းရဲ့ ကလေးကို လွယ်ထားတာလေ။ မင်း အခုလို လမ်းမဖယ်ပေးရင် မိခင်ရော ကလေးပါ ဆုံးရှုံးရလိမ့်မယ်။ အခု အမျိုးသမီးဆေးဆရာ ရောက်လာပြီ၊ အမြန် လမ်းဖယ်ပေးလိုက်ပါတော့"

ဝမ်ချန်း၏ မိခင်က စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။

"အမေ... အမေ..."

ယွိရှီက အခန်းထဲမှ ငိုသံဖြင့် လှမ်းခေါ်နေရှာသည်။

"သမီး... သမီး အရမ်းနာတယ်... သွေးတွေလည်း အရမ်းထွက်နေတယ်..."

"လာပြီ၊ မကြောက်နဲ့တော့"

ဝမ်ချန်း၏ မိခင်က ဝမ်ချန်းကို တွန်းဖယ်လိုက်ပြီး ကျန်းကျောက်တိကို အသနားခံလိုက်သည်။

"ဆရာမရယ်... ကျွန်မရဲ့ ချွေးမလေးကို ကယ်ပေးပါဦး။ ကလေးက နောက်မှ ပြန်ယူလို့ရပါတယ်၊ ဒါပေမဲ့ မိခင်သာ ဆုံးပါးသွားရင်တော့ အရာအားလုံး ပြီးဆုံးသွားမှာပါ"

"စိတ်ချပါ၊ ကျွန်မတို့ အကောင်းဆုံး ကြိုးစားပေးပါ့မယ်"

ကျန်းကျောက်တိက ဆေးဆရာလင်းကို ကြည့်လိုက်ရာ သူကလည်း အကူအညီတောင်းသည့် မျက်ဝန်းများဖြင့် ပြန်ကြည့်နေသည်။ ထို့နောက်တွင် ကျန်းကျောက်တိက ကျန်းကျင့်နှင့် စူးယောင်ကွမ်းတို့ကို တစ်ချက်ကြည့်ကာ စိတ်ကို တင်းထားပြီး အခန်းထဲသို့ ဝင်သွားလိုက်သည်။

ကျန်းကျင့်က ဆေးဆရာလင်း ကိုင်ထားသော ဆေးသေတ္တာကို လှမ်းယူကာ ကျန်းကျောက်တိ၏ နောက်မှ လိုက်ပါသွားခဲ့သည်။

စူးယောင်ကွမ်းကတော့ တံခါးဝကို ပိတ်ရပ်လိုက်ပြီး ဝမ်ချန်းကို မနှစ်မြို့သည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။

"အမျိုးသမီးဆေးဆရာ ဝင်သွားပြီ။ ရှင့်ဇနီးကို သူများ အခွင့်ကောင်းယူမှာကို စိုးရိမ်နေသေးတာလား

ဝမ်ချန်းက ဒေါသတကြီး ပြန်ပြောလိုက်သည်။

"တခြားဆေးဆရာဆိုရင် ငါ ဘာမှ မပြောပါဘူး၊ ဒါပေမဲ့ ဒီလူကတော့ လုံးဝ မဖြစ်ဘူး။ သူက ငါ့ဇနီးအပေါ်မှာ အကြံအစည်ရှိနေတာ။ သူက တမင်တကာ ငါ့သားကို သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

"ညီလေးဝမ်ချန်း၊ ဒါက နားလည်မှုလွဲတာလို့ ငါ ပြောပြီးသားလေ"

ဝမ်ချန်က ချက်ချင်း ချေပနေပြန်သည်။

"အရင်ကတော့ နားလည်မှုလွဲတာ ဖြစ်နိုင်ပေမဲ့၊ အခု ခင်ဗျား ကျုပ်မိန်းမရဲ့ ခန္ဓာကိုယ်ကို မြင်သွားမယ်ဆိုရင် ဒါက နားလည်မှုလွဲတာ မဟုတ်တော့ဘူး။ ရွာသားတွေက ကျုပ်မိန်းမကို ဘာတွေပြောနေကြလဲဆိုတာ ခင်ဗျား သိလား"

စူးယောင်ကွမ်းက မြေပြင်ပေါ်မှ သစ်သားချောင်းတစ်ချောင်းကို ကောက်ယူကာ နှစ်ပိုင်းဖြစ်အောင် ချိုးလိုက်ပြီး မနှစ်မြို့သလို လေသံဖြင့် အော်ပြောလိုက်သည်။

"ပါးစပ်ကို ပိတ်ထားလိုက်စမ်း။ မဟုတ်ရင် ရှင် အိပ်မောကျသွားအောင် လုပ်ပေးမယ်"

ဝမ်ချန်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး စူးယောင်ကွမ်းကို ထိတ်လန့်တကြား လှမ်းကြည့်နေသည်။ သူ့အကြည့်များအရ စူးယောင်ကွမ်းကို လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်ဟု သတ်မှတ်သွားပုံရသည်။

ဝမ်ချန်း၏ မိခင်ကလည်း လည်ပင်းကို ဆန့်ထုတ်ပြီး အခန်းထဲသို့ လှမ်းကြည့်ကာ ဘေးနားရှိ ဆေးဆရာလင်းကို မေးမြန်းနေသည်။

"ဒီနားမှာ အမျိုးသမီးဆေးဆရာ ရှိတယ်ဆိုတာ ကျွန်မတို့ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ"

"အမျိုးသမီးဆေးဆရာ ရှိနေတာက ကြာပါပြီ၊ ဒါပေမဲ့ လူတွေက လိုအပ်မှသာ ကုသမှုခံယူကြတာလေ၊ ဒါကြောင့် ကျွန်တော်လည်း မပြောမိတာ"

ဆေးဆရာလင်းက ပြန်ဖြေပြီးနောက် အခန်းထဲသို့ လှမ်းမေးလိုက်သည်။

"ယောင်ကွမ်းရဲ့အမေ... ဝမ်ကတော်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ"

ကျန်းကျောက်တိက ပြန်ဖြေလိုက်သည်။

"ကလေးကတော့ ကယ်လို့ မရတော့ဘူး။ သွေးတွေ အများကြီး ဆုံးရှုံးသွားပြီ၊ ကယ်တင်ဖို့ တော်တော်လေး နောက်ကျသွားတယ်။ အဲ့ဒီတုန်းက ဖြစ်ဖြစ်ချင်း ကုသပေးနိုင်ရင်တော့ ကယ်နိုင်ကောင်းပါရဲ့"

ကျန်းကျောက်တိက ထိုစကားကို ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်း ဖြစ်သည်။

သူမ ထိုစကားကို မပြောခဲ့လျှင် ဝမ်ချန်းအနေဖြင့် သူ ဘယ်လောက် လူမိုက်ဆန်သည့် အလုပ်မျိုး လုပ်လိုက်မိမှန်း သိနိုင်မည် မဟုတ်ပေ။

"နှမြောဖို့ကောင်းလိုက်တာ... ကလေးက ယောက်ျားလေးဆိုတာတောင် သိသာနေပြီ"

ကျန်းကျောက်တိက သက်ပြင်းချရင်း ထပ်ပြောလိုက်သည်။

"သူက တော်တော်လေး ကြီးထွားနေပြီး သူ့အမေနဲ့တူတယ်။ ကြီးလာရင် ဘယ်လောက်တောင် ရုပ်ချောမလဲဆိုတာ ခန့်မှန်းကြည့်လို့ ရတယ်"

ကျန်းကျောက်တိ၏ စကားသံ အဆုံးတွင် ဝမ်ချန်း၏မိခင်က ငိုယိုရင်း ဝမ်ချန်းကို တွန်းထိုးရိုက်နှက်နေသည်။

"အကုန်လုံး မင်းအပြစ်တွေပဲ၊ မင်း အပြစ်တွေပဲ! ဆေးဆရာလင်းကို ကုခိုင်းပါလို့ ငါ ပြောခဲ့တယ်၊ မင်းကမှ သူ့ကို အထိမခံခဲ့တာ။ လူမိုက်... ငါ့ရဲ့မြေးကို ပြန်ပေးစမ်း... ငါ့မြေးကို ပြန်ပေးစမ်း"

ဝမ်ချန်းက တံခါးကို ထုရိုက်ကာ အခန်းထဲသို့ လှမ်းအော်လိုက်သည်။

"ကျွန်တော့်သားကို ကယ်ပေးပါ၊ ကယ်ပေးနိုင်ရင် ဘယ်လောက်ပေးရပေးရ ကျွန်တော် ပေးပါ့မယ်"

"အခုမှ သားကို စိတ်ပူပြနေတာလား၊ အဲ့အချိန်တုန်းက ဘာတွေ လုပ်နေတာလဲ"

စူးယောင်ကွမ်းက ဝမ်ချန်းကို တွန်းဖယ်လိုက်ပြီး တံခါးဝကို ပိတ်ရပ်ထားလိုက်သည်။

"ကလေးကတော့ ကယ်လို့ မရတော့ဘူး၊ ဒါပေမဲ့ မိခင်ကိုတော့ ကယ်လို့ ရသေးတယ်။ အခန်းထဲက ကုသမှုကို လာမနှောင့်ယှက်ပါနဲ့၊ ရှင် နှောင့်ယှက်ရင် ရှင့်မိန်းမပါ သေသွားလိမ့်မယ်၊ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက် ဖြစ်ပြီးတော့ နှလုံးသားက အပ်ဖျားလောက်တောင် မရှိဘူး။ ရှင့်ဘာသာ မိုက်မဲချင်သလောက် မိုက်မဲလို့ ရတယ်၊ ဒါပေမဲ့ ရှင့်ရဲ့ မိုက်မဲမှုကြောင့် ဇနီးသည်နဲ့ ကလေးကို မထိခိုက်စေနဲ့"

စူးယောင်ကွမ်းက စိတ်မကျေနပ်ဖြစ်နေကာ ဝမ်ချန်းကို ဆက်လက် ဆဲဆိုနေပြန်သည်။

ဝမ်ချန်း၏ မိခင်ကလည်း အချိန်အတော်ကြာ ငိုယိုပြီးနောက် နောက်ဆုံးတွင် အဖြစ်မှန်ကို လက်ခံသွားခဲ့သည်။ ထို့နောက် သူမက ချွေးမဖြစ်သူ၏ အခြေအနေကို မေးမြန်းနေသည်။

ကျန်းကျင့်က ယွိရှီကို အပ်စိုက်ပေးနေပြီး ကျန်းကျောက်တိက စောင့်ကြည့်ပေးနေခဲ့သည်။ အပ်စိုက်ပြီးနောက် သွေးအလွန်အကျွံ ထွက်နေသော ယွိရှီ၏ သွေးစီးဆင်းမှုက နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။

"ရေနွေးပူနဲ့ မသုံးရသေးတဲ့ အဖြူရောင်အဝတ်စရယ်၊ ရေဇလုံတစ်ခုရယ် ပြင်ထားပေး။ ကိုယ်ဝန်ဆောင်ရဲ့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ထုတ်ပြီး သန့်စင်ပေးရမယ်"

ကျန်းကျောက်တိက အပြင်ကို လှမ်းပြောလိုက်သည်။

All Chapters