← Chapters

အခန်း ၁၀၈

Vol. 6 Ch. 108

အခန်း ၁၀၈

Vol. 6 Ch. 108

အပိုင်း(၁၀၈) ချန်းရီကိုလုရန်

"ရှောင်ရီ... ရှင် တကယ်ရက်စက်တာပဲ... ရှုလီနာက ရှင့်ကို သဘောကျနေတာ ရှင် မသိလို့လား"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ရွှတ်နောက်နောက် လေသံဖြင့် ပြောလိုက်သည်။

ချန်းရီက နှုတ်ခမ်းကိုမဲ့ကာ "ငါ့ကို အရူးမှတ်နေလား... ငါ့ကို သဘောကျတာလား... ငါ့ဆီက ရိက္ခာတွေကို မျက်စိကျနေတာလား... မိန်းမတိုင်း ငါ့ကို သဘောကျလိမ့်မယ်လို့ ထင်ရလောက်တဲ့အထိ ငါ ကိုယ့်ကိုယ်ကိုယ် ဘဝင်မမြင့်သေးဘူး"

ဤအချက်နှင့် ပတ်သက်၍ ချန်းရီသည် အလွန် ရှင်းလင်းစွာ သိမြင်ထား၏။

ယခင်က ကျိုးလန်သည် သူ့အပေါ် စေတနာထားသကဲ့သို့ ပြသခဲ့သော်လည်း ၎င်းမှာ သူ သဘာဝလွန်လမ်းစဉ် နိုးကြားလာခဲ့သောကြောင့်သာ ဖြစ်သည်။

အချစ်တို့ ဘာတို့ဆိုတာက အသက်ထက် ဘယ်မှာ အရေးကြီးပါ့မလဲ။

"ရှင်ကတော့လေ... ကောင်မလေး မရှိတာလည်း မဆန်းပါဘူး"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အနည်းငယ် ဒေါသထွက်သွားသည်။

"အချစ် ဟုတ်လား... အခုချိန်မှာ ခွေးတောင် စိတ်ဝင်စားမှာ မဟုတ်ဘူး"

ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ ချန်းရီ၏ စကားကြောင့် မျက်နှာလေး အနည်းငယ် နီရဲသွားပြီး ခါးမှ ဓားရိုးကို လှမ်းကိုင်လိုက်သည်။

ဘာကြောင့်မှန်း မသိသော်လည်း ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ချန်းရီ၏ ဤမျက်နှာပေးကို အလွန် မုန်းတီးမိသည်။

ချန်းရီက ပန်းရောင်ဆံပင်နှင့် ကောင်မလေး ဒေါသပေါက်ကွဲတော့မည့် အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် ကမန်းကတန်း ထွက်ခွာသွားလေသည်။

ယခုလက်ရှိ သူ၏အခြေအနေဖြင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို တကယ်တမ်း တိုက်ခိုက်ရမည်ဆိုပါက ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

ရှုလီနာအတွက်ကတော့...

ထိုမိန်းမသည် ချန်းရီ ထွက်ခွာသွားသော ကျောပြင်ကို မျှော်လင့်ချက်မဲ့စွာ ကြည့်ရင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်ခြင်း၏ အရသာကို မြည်းစမ်းလိုက်ရသည်။

ဝမ်းနည်းရသလားဆိုလျှင်လည်း ထိုသို့တော့ မဟုတ်ပေ။

ချန်းရီ ပြောသည်မှာ မှန်ကန်ပေသည်။ သူမသည်လည်း ချန်းရီကို ချစ်မိသွားလောက်သည်အထိ မဟုတ်ဘဲ ချန်းရီ၏ ရိက္ခာများကို လိုချင်ရုံ သက်သက်သာ ဖြစ်သည်။

အားလုံးက ကိုယ်လိုချင်တာကို ကိုယ်ယူကြခြင်းသာ ဖြစ်၏။

သို့သော် ရှုလီနာသည် ချန်းရီထံမှ ကြီးမားသော ရှုံးနိမ့်မှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။

ယခင်က ရှုလီနာဆိုသည်မှာ မည်သည့်အခါကမျှ ရှုံးနိမ့်ဖူးခြင်း မရှိခဲ့ပေ။

"အမလီနာ... ကျွန်တော့်မှာ ရေကျန်သေးတယ်... သောက်လိုက်ပါဦး"

ကြည်လင်နေသော ရေသန့်ဘူးလေး တစ်ဘူးက ရှုလီနာ၏ ရှေ့သို့ ရောက်လာသည်။

ဘူးထဲတွင် အောက်ခြေ၌ ရေအနည်းငယ်သာ ကျန်ရှိတော့ပြီး တစ်ငုံစာပင် မလောက်နိုင်ပေ။

ရေဘူးကို ကမ်းပေးလာသူမှာ တက္ကသိုလ်ကျောင်းသား ရှောင်ဖူ ဖြစ်သည်။

ရှုလီနာ ငြင်းပယ်ခံလိုက်ရသည့် ဖြစ်စဉ်ကို ရှောင်ဖူက ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။

ဤရေတစ်ငုံစာမှာ သူ၏ ဒီနေ့အတွက် ကျန်ရှိနေသော ရိက္ခာဝေစုဖြစ်ပြီး တကယ်တမ်း မခံမရပ်နိုင်ဖြစ်လာချိန်ကျမှ သောက်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှုလီနာ၏ မျှော်လင့်ချက်မဲ့နေသော မျက်လုံးများကို မြင်လိုက်ရသောအခါ ရှောင်ဖူက ရေကို ယူလာပေးခဲ့ခြင်း ဖြစ်၏။

ရှုလီနာသည် ဘူးထဲရှိ ရေကို မြင်လိုက်ရသည်နှင့် သူမ၏ မျက်လုံးများက ကပ်ငြိသွားတော့သည်။

သူမက ချက်ချင်း လုယူလိုက်ပြီး ရှောင်ဖူ၏ အခြေအနေကို ဂရုမစိုက်တော့ဘဲ ဘူးအဖုံးကို ဖွင့်ကာ ပါးစပ်ထဲသို့ လောင်းချလိုက်လေသည်။

ကြည်လင်အေးမြသော ရေများက ပါးစပ်ထဲသို့ စီးဝင်သွားသောအခါ ရှုလီနာ တစ်ကိုယ်လုံး ခန္ဓာကိုယ်မှသည် စိတ်ဝိညာဉ်အထိ လန်းဆန်းသွားစေသည်။

ရှောင်ဖူ တစ်ယောက်သာ တံတွေးမျိုချရင်း ထိုရေအနည်းငယ် အခြားသူ သောက်သွားသည်ကို မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် ကြည့်နေရရှာသည်။

ဘူးထဲရှိ နောက်ဆုံး ရေတစ်စက်က ရှုလီနာ၏ ပါးစပ်ထဲသို့ စီးဝင်သွားသည့်တိုင်အောင်ပင်။

ထိုအခါမှသာ ရှုလီနာက ဘူးကို ရှောင်ဖူထံ ပြန်ပေးလိုက်သည်။

"ရှောင်ဖူ... ကျေးဇူးပဲနော်... နင်က လူကောင်းတစ်ယောက်ပါ"

ရှောင်ဖူက ဘူးကို လှမ်းယူလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေသည်။

"ရှောင်ဖူ... နင် ရေကို ငါ့အတွက် ချန်ထားပေးမယ်ဆို"

ဘေးနားရှိ မိန်းမတစ်ယောက်၏ မျက်နှာပေါ်တွင် မနာလို မုန်းတီးနေသော အကြည့်များ ထွက်ပေါ်လာသည်။

ထိုမိန်းမသည် ရှောင်ဖူနှင့် အသက်အရွယ်တူ တက္ကသိုလ်ကျောင်းသူ တစ်ယောက်ဖြစ်ပြီး ယခင်က ကုလားအုတ်ယာဉ်တန်းထဲတွင် "ကျွန်" အဖြစ် နေခဲ့ရသူ လီကျွမ်း ဖြစ်သည်။

ယာဉ်တန်းက သောက်သုံးရေကို ထိန်းချုပ်ထားသဖြင့် လူတိုင်းမှာ ရေလုံလောက်စွာ မရှိကြပေ။

လီကျွမ်းသည် သဘောကောင်းသော ရှောင်ဖူကို မျက်စိကျနေခဲ့သည်။

ရှောင်ဖူသည် အကြိမ်တိုင်း သူ၏ရေထဲမှ အချို့ကို လီကျွမ်းအတွက် ဖယ်ချန်ပေးလေ့ရှိသည်။

သို့သော် ယခုအကြိမ်တွင် ရှောင်ဖူက ရေကို ရှုလီနာအား ပေးလိုက်ခြင်း ဖြစ်သည်။

လီကျွမ်း တွေ့လိုက်ချိန်တွင်တော့ ရေကို ရှုလီနာက အကုန်သောက်ပြီးသွားခဲ့ပြီ ဖြစ်၏။

ရှောင်ဖူမှာ လီကျွမ်း၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ဘာပြောရမှန်း မသိတော့ဘဲ မျက်နှာလေး အနည်းငယ် နီရဲသွားသည်။

ရှုလီနာက လီကျွမ်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူမ၏ ခြေတံရှည်ကြီးများဖြင့် တိုက်ရိုက် ထွက်ခွာသွားလေသည်။

"ရှောင်ဖူ... နင်က ဒီလိုလူမျိုးဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး... နင်... ငါနင့်ကို အရမ်း စိတ်ပျက်သွားပြီ"

"နင်..."

လီကျွမ်းသည် ချက်ချင်း လှည့်ထွက်သွားပြီး လုံးဝ လှည့်မကြည့်တော့ပေ။

သို့သော် ယခုအချိန်တွင် လီကျွမ်းသည် သူမ၏ ဒီနေ့ဝေစုကို စောစောကတည်းက သောက်ပြီးသွားခဲ့ပြီဖြစ်ရာ မနက်ဖြန် မနက်ကျမှသာ ဝေစု အသစ်ရတော့မည် ဖြစ်သည်။

လီကျွမ်းက မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ အထီးကျန်နေသော ကျောပြင်တစ်ခုကို မြင်လိုက်ရသည်။

"ရွှီနန်... ရှင်က ရွှီနန် မဟုတ်လား"

"ရွှီနန်... မင်္ဂလာပါ... ကျွန်မက ရှင့်ရဲ့ ပရိသတ်ပါ... ရှင် အရင်က တိုက်ရိုက်ထုတ်လွှင့်တုန်းက ကျွန်မ ရှင့်ကို လက်ဆောင်တွေတောင် ပေးခဲ့ဖူးတယ်"

ယခင် ကုလားအုတ်ယာဉ်တန်းမှာဆိုလျှင် လီကျွမ်းအနေဖြင့် ရွှီနန်အနားသို့ ချဉ်းကပ်ရန် လုံးဝ မဖြစ်နိုင်ပေ။

ယခုအချိန်အထိတိုင်အောင်ပင် လီကျွမ်းသည် ယခင်က ဖော်လိုဝါ သန်းချီရှိခဲ့သော အင်တာနက်စတားကို အနည်းငယ် အထင်သေးနေဆဲ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အားလုံးက ယခင်က ကုလားအုတ်ယာဉ်တန်း တစ်ခုတည်းက ဖြစ်ကြပြီး ယာဉ်တန်းထဲမှ ကိစ္စများကို လူတိုင်း သိထားကြသည် မဟုတ်ပါလော။

သူမသည် ရွှီနန်တွင် ရေသန့်တစ်ဝက် ရှိနေသည်ကို သိထားသည်။

ရေတစ်ဝက် အတိအကျပင် ဖြစ်၏။

ယခုအချိန်တွင် ရွှီနန်သည် ယာဉ်တန်း၏ ဖယ်ကြဉ်ခြင်းကို ခံထားရရာ သူမသာ သူ့အနား ချဉ်းကပ်သွားလျှင် ရေအနည်းငယ် ရနိုင်မလား။

ဤရေတစ်ဝက်မှာ ပြီးခဲ့သည့်အကြိမ်က ချန်းရီက ရွှီနန်ကို ပေးထားခဲ့ခြင်း ဖြစ်သည်။

ရွှီနန်က ၎င်းကို အမြဲ သိမ်းဆည်းထားပြီး မသောက်ရက်ဘဲ ချန်ထားခဲ့သည်။

အလွန်အမင်း ရေဆာလွန်းသည့် အချိန်များကျမှသာ ပါးစပ်ကို အနည်းငယ် စိုစွတ်စေရန် ထုတ်ယူအသုံးပြုလေ့ရှိသည်။

"ထွက်သွားစမ်း"

လီကျွမ်း၏ ကျန်ရှိနေသော စကားများ ထွက်မလာခင်မှာပင် ရွှီနန်က အေးစက်ရက်စက်သော မျက်လုံးများဖြင့် လီကျွမ်းကို စိုက်ကြည့်လိုက်သည်။ အကြည့်များထဲတွင် အန္တရာယ်များ ကိန်းအောင်းနေသဖြင့် လီကျွမ်းမှာ ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်။

ယခုလက်ရှိ ရွှီနန်သည် ယခင်က ဖော်လိုဝါ သန်းချီရှိခဲ့သော အင်တာနက်နာမည်ကြီးနှင့် လုံးဝကို အခြေခံကျကျ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယာဉ်တန်းထဲတွင် ရေပြတ်လပ်သည့် အခြေအနေများက အချိန်တိုင်း ဖြစ်ပေါ်နေသည်။

လမ်းစဉ် အစွမ်းပိုင်ရှင်များပင်လျှင် ရေအရင်းအမြစ်များကို အလွယ်တကူ မဖြုန်းတီးရဲကြပေ။

ယာဉ်တန်း၏ လူအင်အားမှာ စတင် လျော့ကျလာသည်။

အသက်ရှင်ကျန်ရစ်သူ အချို့မှာ ရေပြတ်လပ်မှုကြောင့် ယာဉ်တန်းနောက်သို့ မလိုက်နိုင်တော့ဘဲ သဲကန္တာရထဲတွင် မေ့လဲကျသွားကြသည်။

လုပ်ဖော်ကိုင်ဖက်များ မေ့လဲကျသွားခြင်းအပေါ် ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများ၏ မျက်လုံးများက ထုံပေပေ ဖြစ်နေကြသည်။

ရက်အနည်းငယ်တိုတိုလေးအတွင်းမှာပင် လူဆယ်ယောက်ကျော်ခန့် ရေပြတ်လပ်မှုကြောင့် ယာဉ်တန်းနှင့် ကွဲကွာကျန်ရစ်ခဲ့ကြသည်။

အချိန်ကြာမြင့်စွာ အစာမစားရသဖြင့် ကုလားအုတ်များတွင်လည်း ပြဿနာ အမျိုးမျိုး စတင် ဖြစ်ပေါ်လာသည်။

အချို့မှာ လုံးဝ ဆက်မလျှောက်တော့ဘဲ သဲကျင်းထဲတွင် ဝပ်နေကာ ရှေ့သို့ တစ်လှမ်းမျှ ဆက်မတက်လိုတော့ပေ။

အချို့မှာမူ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားပြီး ပြန်မထနိုင်တော့ချေ။

ဤအခြေအနေမျိုးအတွက် ဦးလေးအားပေါင်တွင်လည်း ပိုကောင်းသော နည်းလမ်း မရှိတော့ပေ။

သူသည် အသားခြောက်များကို ပိုမိုများပြားစွာ ပြုလုပ်ပြီး သိမ်းဆည်းထားရန်သာ ကြိုးစားနိုင်တော့သည်။

ချန်းရီသည် ကျန်ရှိနေသော ရေသန့်အနည်းငယ်ကို ကြည့်ရင်း အနည်းငယ် စိုးရိမ်ပူပန်လာတော့သည်။

ငါတို့ တကယ်ပဲ ဒီသဲကန္တာရထဲမှာ ရေငတ်သေရတော့မှာလား။

ခေါင်းဆောင်ချူ ဘက်မှလည်း ရေအရင်းအမြစ်နှင့် ပတ်သက်သည့် သတင်း မရသေးပေ။

......

"အစ်ကိုကြီး... ကျွန်တော်တို့မှာလည်း ရေမရှိတော့ဘူး"

ဒုတိယအစ်ကိုက အခွံလွတ်နေသော ရေဘူးကို လှုပ်ယမ်းလိုက်ပြီး ခြောက်သွေ့နေသော နှုတ်ခမ်းကို သပ်ကာ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

အစ်ကိုကြီးက ချန်းရီရှိရာဘက်သို့ တစ်ချက် ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ ယခင်ကလို ခက်ထန်ရက်စက်မှုမျိုး မရှိတော့ဘဲ စိုးရိမ်သောကများသာ ပိုမို လွှမ်းမိုးနေ၏။

"ညီ၄... မင်းဆီမှာ ရေကျန်သေးလား"

ပိန်လှီနေသော လူငယ်လေးတစ်ယောက်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် "အစ်ကိုကြီး... ဒုတိယအစ်ကို... ကျွန်တော်... ကျွန်တော့်ဆီမှာလည်း ရေမရှိတော့ဘူး... နောက်ဆုံးကျန်တာကို မနက်ကပဲ သောက်လိုက်ပြီ"

"ခွေးမသား အစွမ်းပိုင်ရှင်တွေ... သူတို့ဆီမှာ ရေတွေ အများကြီး ရှိနေတာကို ငါတို့ကို ဘာလို့ နည်းနည်းလောက် ဝေမပေးရတာလဲ"

ဒုတိယအစ်ကိုက ကားအချို့ကို စူးစိုက်ကြည့်နေသည်။

ဤလူသုံးယောက်မှာ ယခင်က လုမြို့မှ ထွက်ပြေးလွတ်မြောက်လာသူများ ဖြစ်ကြသည်။ တတိယအစ်ကိုမှာ ယခင်က ချန်းရီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး အစ်ကိုကြီး၊ ဒုတိယအစ်ကိုနှင့် ညီ၄တို့သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

သူတို့အားလုံး၏ ရေများလည်း လုံးဝ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။

"အစ်ကိုကြီး... ကျွန်တော် တကယ်ကို ရေဆာလွန်းလို့ သေတော့မယ်... ကျွန်တော်တို့ ဟိုအစွမ်းပိုင်ရှင်တွေကို သွားပြီး လုလိုက်ရင် မကောင်းဘူးလား"

ဒုတိယအစ်ကိုသည် ဦးနှောက်မရှိသော တတိယအစ်ကိုနှင့် အတူဆုံးဖြစ်ပြီး ယခင်က သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာလည်း အကောင်းဆုံး ဖြစ်ခဲ့သည်။

အစ်ကိုကြီးမှာ ကောက်ကျစ်စဉ်းလဲပြီး၊ ဒုတိယအစ်ကိုမှာ ဦးနှောက်မရှိဘဲ ရက်စက်သည်။ တတိယအစ်ကိုမှာ ရိုင်းစိုင်းမောက်မာပြီး၊ ညီ၄မှာ သတ္တိကြောင်ကာ မိန်းမလိုက်စားသည်။

လုယက်ရန် အကြံပြုလာသူမှာ ဒုတိယအစ်ကိုပင် ဖြစ်သည်။

ညီ၄သည် ထိုစကားကို ကြားသောအခါ မျက်နှာကြီး ပျက်သွားပြီး "ဒုတိယအစ်ကို... ရူးနေလား... သူတို့က လမ်းစဉ် အစွမ်းပိုင်ရှင်တွေလေ... ကျွန်တော်တို့ အားလုံး ပေါင်းရင်တောင် သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

အစ်ကိုကြီး၏ မျက်နှာသည်လည်း မှောင်မိုက်သွားပြီး "ညီ၂... မင်း သေချင်ရင်လည်း ငါ့ကို လာဆွဲမထည့်နဲ့"

ဒုတိယအစ်ကို၏ မျက်နှာမှာလည်း သိပ်မကောင်းလှပေ။ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်မှသာ "အစ်ကိုကြီး... တစ်ခြားနည်းလမ်း နည်းနည်းလောက် ရှိသေးရင်တောင် ကျွန်တော် ဒီနည်းကို တွေးမိမှာ မဟုတ်ပါဘူး"

"ဒီနည်းလမ်းက အရမ်း မိုက်မဲတယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ တခြား နည်းလမ်းမှ မရှိတော့တာကိုး"

"တခြား အသက်ရှင်ကျန်ရစ်သူတွေဆီမှာလည်း ရေမရှိတော့ဘူးလေ... ကျွန်တော်တို့ သွားလုရင်တောင် ဘာမှ ရလာမှာ မဟုတ်ဘူး... ဒါ့အပြင် အားပေါင်ဆိုတဲ့ ဟိုအဘိုးကြီးရဲ့ အာရုံစိုက်တာကိုလည်း ခံရနိုင်သေးတယ်"

"ရေငတ်သေမယ့်အစား အကြီးအကျယ် တစ်ပွဲလောက် လုပ်လိုက်တာကမှ ပိုကောင်းဦးမယ်"

"ဒုတိယအစ်ကို... မင်းကတော့လေ..."

ညီ၄မှာ အသည်းတွေတောင် တုန်ရီလာသည်။

အစ်ကိုကြီးမှာမူ အတွေးထဲ နစ်မျောသွားပြီး "ညီ၂... မင်းက ဘယ်သူ့ကို လုပ်ချင်တာလဲ"

"အစ်ကိုကြီး... ကျွန်တော် ချန်းရီကို လုပ်ချင်တာ"

"မင်း ရူးသွားပြီလား... ညီ၃ ဘယ်လိုသေသွားလဲဆိုတာကို မင်း မေ့သွားပြီလား"

အစ်ကိုကြီးသည် ဒုတိယအစ်ကိုက ချန်းရီအပေါ် လက်စွမ်းပြလိုနေသည်ကို ကြားလိုက်ရသောအခါ မျက်နှာကြီး စိမ်းကားသွားတော့သည်။

ညီ၃၏ သေဆုံးမှုက သူ့အတွက် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ဒုတိယအစ်ကိုက သေလမ်းရှာပြီး ချန်းရီကိုပင် လုပ်ကြံလိုနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

သူ တကယ်ကို ရူးနေတာပဲ။

ဆက်ရန်...

All Chapters