← Chapters

အခန်း (၂၅၁၃-၂၅၁၄)

Vol. 252 Ch. 2513-2514

အခန်း (၂၅၁၃-၂၅၁၄)

Vol. 252 Ch. 2513-2514

အခန်း (၂၅၁၃) - အသံတိတ်သွားခြင်း

တစ်ခါတစ်ရံတွင် မီးပွားကလေး တစ်စက်သည် တောမီးကိုပင် လောင်ကျွမ်းစေနိုင်သည်။

ရွှေဟွေး ကျောင်းတော်မှာ ထိုသို့သော မီးပွားဖြင့် အစပြုကာ လောင်ကျွမ်းသွားခဲ့သည်။

ဟုန်ဟိုင်မျိုးနွယ်စု ကျောင်းတော်။

ထိုနေရာတွင် လူသားမျိုးနွယ်စု ကျောင်းတော်နှင့်အတူ တူညီစွာပင် ကျောင်းတော်သားများ၊ ဆရာများ၊ ကာကွယ်ရေးဆရာများ အမြောက်အမြားမှာ ပင်လယ်ပြင်အထက်တွင် စုဝေးနေကြသည်။

ဆရာတစ်ယောက်မှာ စောင့်ကြည့်နေသော သူတော်စင်အချို့ကိုပင် ထိတ်လန့်သွားစေလောက်သည့် စကားများကို ထုတ်ဖော် ပြောဆိုနေသည်။

“အမလေး၊ ဒါ ဘာဖြစ်တာလဲဟ။ သူတို့က ကျောင်းတော်အုပ်ကြီးကို တော်လှန်ပုန်ကန်ဖို့ ကြံစည်နေတာလား”

ဟိုင်တာရှင်းက သူ၏ အစ်ကို၊ အစ်မများကို မသိစိတ်ဖြင့် ကြည့်လိုက်သည်။

ဟိုင်ရှင်းရှင်းမှာ မျက်နှာတည်တင်းစွာဖြင့် -

“ဆရာက အခုလေးတင်ပဲ ငါတို့ကို ဒီကိစ္စမှာ မပါဝင်ဖို့ မှာထားတယ်။”

“လူသားမျိုးနွယ်စုက ဖန့်ချန်ကြောင့် ရွှေဟွေး ကျောင်းတော်မှာ ဒီလောက်အထိ ရှုပ်ထွေးသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

ဟိုင်ရှောင်ရှင်းက သူတို့ကို တစ်ချက်ဝေ့ကြည့်ပြီး လေးနက်စွာ ပြောသည်။

“ကျောင်းတော်အုပ်ကြီးသာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးခံရရင် မင်းတို့ နှစ်ယောက်လည်း ဂရုစိုက်ကြဦး၊ မင်းတို့က ဖန့်ချန်နဲ့ ရင်းနှီးတော့ အပြစ်ပေးခံရမယ့်အထဲ ပါသွားနိုင်တယ်။”

“အစ်မ၊ ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ”

ဟိုင်ရှင်းရှင်းမှာ အံ့အားသင့်သွားကာ -

“ပြီးတော့ ဖန့်ချန်နဲ့ ဘာဆိုင်လို့လဲ”

“မင်းတို့ မသိပါဘူး၊ ဒီနောက်ကွယ်က အရာတွေက အရမ်း ရှုပ်ထွေးတယ်၊ လူသားမျိုးနွယ်စု ကျောင်းတော်မှာလည်း အခုလိုပဲ ဖြစ်နေမှာ သေချာတယ်။”

……

……

‌မီးပိုး မျိုးနွယ်စု ကျောင်းတော်။

မီးပိုး မျိုးနွယ်စု သူတော်စင် ဆယ်ဂဏန်းခန့်မှာ ရှက်ရွံ့စွာဖြင့် တစ်နေရာတည်းတွင် စုရပ်နေကြသည်။ သူတို့ထဲတွင် သူတော်စင် အဆင့်မရောက်သေးသူများ၊ စွမ်းအင်စုစည်းခြင်း၊ အသက်စွမ်းအင် ၊ ကမ္ဘာကြီးအဆင့် ရှိသူများသာမက ဆရာတစ်ယောက်လည်း ပါဝင်သည်။

ထိုစဉ် သူတို့အနီးတစ်ဝိုက်တွင် မီးပိုး မျိုးနွယ်စု သူတော်စင်များက ဝိုင်းဖွဲ့ထားကြပြီး ထူးဆန်းသော အကြည့်များဖြင့် သူတို့ကို စိုက်ကြည့်နေကြသည်။

“ချုံဝူကျီး၊ သူတို့ တကယ်ပဲ ဘာလုပ်နေတာလဲ”

“မသိဘူး။”

ချုံဝူကျီး၏ အမူအရာမှာ တည်တင်းနေသည်

“သူတို့ ကျောင်းတော်အုပ်ကြီးကို ရာထူးကနေ ဆင်းပေးဖို့ အော်နေကြတာလား”

“ဟုတ်ပုံပဲ။”

အတော်လေး ကြာအောင် ရှက်ရွံ့နေပြီးနောက် ချုံမင်က ရုတ်တရက် အော်ပြောလိုက်သည်။

(နာမည်တွေကို ပိုး အစား ချုံလို့ပဲ သုံးမယ်နော် )

“မင်းတို့ ဘယ်လောက်ကြာအောင် ထပ်ရပ်နေဦးမှာလဲ”

“……”

မီးပိုး မျိုးနွယ်စု သူတော်စင် ဆယ်ဂဏန်းမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ရှုပ်ထွေးသော အမူအရာများဖြင့် အသီးသီး ခွာထွက်သွားကြသည်။

ကြည့်စရာ မရှိတော့သည်ကို မြင်လျှင် ကျန်သူတော်စင်များလည်း လူစုကွဲသွားကြသည်။

……

……

ယန်တန်း မျိုးနွယ်စု ကျောင်းတော်။

ယန်တန်း ကျောင်းတော်သား အမြောက်အမြားမှာ ကာကွယ်ရေးဆရာ အချို့၏ ဦးဆောင်မှုအောက်တွင် ဆွေ့ဟုန်ကျူးနှင့် စစ်ဆေးရေးဌာနမှ သူတော်စင်များကို စိုက်ကြည့်နေကြသည်။

ဦးဆောင်သူမှာ တခြားသူ မဟုတ်၊ ယန်တန်််းမျိုးနွယ်စု ကျောင်းတော်၏ ကျောင်းအုပ် ဆရာကြီးပင် ဖြစ်သည်။

ဆွေ့ဟုန်ကျူးက အေးဆေးစွာ ပြောသည်။

“ဆွေ့ချီ၊ ရှင်က ကျောင်းအုပ် ဆရာကြီး ဖြစ်လျက်နဲ့ တကယ်ပဲ ပုန်ကန်ဖို့ ဦးဆောင်မှာလား။

စစ်ဆေးရေးဌာနက ရှင်တို့ကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။”

ဆွေ့ချီ၏ မျက်လုံးထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“ကျွန်တော်တို့က ပုန်ကန်ဖို့ ဦးဆောင်တာ မဟုတ်ဘူး၊ ကျောင်းတော်မှာ ပြဿနာ ကြီးကြီးမားမား ဖြစ်နေလို့ပါ။

ဆွေ့ရွှမ်လင်မှာ ကျွန်တော်တို့ ရွှေဟွေး ကျောင်းတော်ကို တန်လင်ထက် သာလွန်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းရည် မရှိရင်တောင်၊ အနည်းဆုံးတော့ ကျွန်တော်တို့ ရွှေဟွေးကို လင်ယောင်ရဲ့ ထောက်လှမ်းရေးတွေ ပေါက်ဖွားရာ နေရာ မဖြစ်စေပါနဲ့!”

“မှန်တယ် ဆွေ့ချီ ကျောင်းအုပ်ကြီး ပြောတာ မှန်တယ် ”

“ကျွန်တော်တို့ ရွှေဟွေး ကျောင်းတော်ကို ဘုန်းတန်ခိုး ထွန်းကားအောင် ဦးဆောင်နိုင်မယ့် ကျောင်းတော်အုပ်ကို လိုချင်တယ် ”

“လက်ရှိ ကျောင်းတော်အုပ်ကြီးက သူ့လက်အောက်က တပည့်ကိုတောင် မကာကွယ်နိုင်ဘဲ လင်ယောင်ဆီ အဖမ်းခံလိုက်ရတာ၊ ဒါက ကျွန်တော်တို့ ရွှေဟွေး ကို ဟာသဖြစ်သွားစေတာပဲ ”

ကာကွယ်ရေးဆရာ အများအပြားကလည်း ထောက်ခံ ပြောဆိုကြသည်။

ထို့နောက်တွင် သူတို့၏ လက်အောက်မှ ဆရာများ၊ ကျောင်းတော်သားများကပါ ပါဝင်လာသည်။

တစ်ခဏအတွင်းမှာပင် ယန်တန်််းကျောင်းတော်မှ အသံများမှာ လှိုင်းလုံးကြီးများကဲ့သို့ အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသည်။

ကျောင်းတော် အသီးသီးမှာလည်း ထိုအသံများကို ကြားလျှင် လက်ကို မြှောက်ကာ လိုက်ပါ ဟစ်အော်ကြသည်။

ယခုအခါ ကျောင်းတော်၏ ထောင့်တိုင်းတွင် တူညီသော အသံများ ပဲ့တင်ထပ်နေသည်။

ထိုကိစ္စတွင် မပါဝင်သော သူတော်စင်များမှာ အလွန်ပင် စိုးရိမ်တကြီး ဖြစ်နေကြသည်။

သို့သော် သူတို့က သူတို့ကို ဒေါသထွက်အောင် မလုပ်ဘဲ အေးစက်စက်သာ ကြည့်ရှုနေကြသည်။

ဆွေ့ချီက ဆွေ့ဟုန်ကျူးကို ကြည့်ကာ လေးနက်စွာ ပြောသည်။

“ဟုန်ကျူး၊ မင်းက စစ်ဆေးရေးဌာနက သူတော်စင် ဖြစ်ပေမဲ့ မင်းက ယန်တန်းမျိုးနွယ်စုကပဲ။

မင်း တကယ်ပဲ ရွှေဟွေး ကျောင်းတော်က ဒီလိုပုံစံ ဖြစ်သွားတာကို လိုချင်တာလား”

“ဘယ်လို ပုံစံလဲ။ ရွှေဟွေး ကျောင်းတော်က ရှင့် မျက်လုံးထဲမှာ ဘာပုံစံ ဖြစ်နေလို့လဲ”

ဆွေ့ဟုန်ကျူးက ရုတ်တရက် အေးစက်စက် ရယ်မောလိုက်သည်။

“ရှင်တို့ ဒီကိစ္စကို အသုံးချပြီး အကျိုးအမြတ် လိုချင်တာ ကျွန်မ မကန့်ကွက်ဘူး၊ ဒါပေမဲ့ ရှင်တို့က ကျောင်းတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင်၊ မဟာမိတ်အဖွဲ့ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်မယ်ဆိုရင်တော့ ကျွန်မ မတားရင်တောင် စစ်ဆေးရေးဌာနက လွှတ်ထားမှာ မဟုတ်ဘူး ”

“ဆွေ့ချီ၊ ကျွန်မ စကားကို နားထောင်ပါ၊ သူတို့ကို လူစုခွဲလိုက်ပါ။”

“တချို့ကိစ္စတွေက ကျွန်တော်တို့ ပါဝင်သင့်တာ မဟုတ်ရင် မပါဝင်သင့်ဘူး။”

“မငြိမ်မသက်မှုတွေ စတင်နေပြီ။”

ဆွေ့ချီက သက်ပြင်းချလိုက်သည်

“ဘယ်လိုပဲ ဖြစ်ဖြစ် ကျောင်းတော်အုပ်ကြီးကို ပြောင်းလဲရတော့မှာပါ။ ဆွေ့ရွှမ်လင်…… ကျွန်တော်တို့ကို ဘုန်းတန်ခိုး ထွန်းကားအောင် မပို့ဆောင်နိုင်ဘူး။”

“နင်တို့ကို တကယ့် အကျိုးအမြတ် မပေးနိုင်လို့ ဖြစ်မှာပေါ့။”

ရုတ်တရက် ကောင်းကင်မှ အတွင်းကမ္ဘာ ရာပေါင်းများစွာ ပျံသန်းလာသည်။

အတွင်းကမ္ဘာတစ်ခုစီတိုင်း၏ စွမ်းအင်မှာ အလွန်ပင် ပြတ်သား ထက်မြက်နေသည်။

“အဲဒါ ကောင်းကင်စစ်သည် မျိုးနွယ်စုပဲ……”

ယန်တန်း မျိုးနွယ်စု သူတော်စင်များမှာ မျက်နှာပျက်သွားသည်။

ဆွေ့ချီမှာ ကောင်းကင်စစ်သည် မျိုးနွယ်စု ရောက်လာသဖြင့် ကြောက်ရွံ့ခြင်း မရှိဘဲ အေးဆေးစွာ ပြောသည်။

“ဒီနေ့ရဲ့ လှိုင်းလုံးက အရှိန်အဟုန်ပြင်းနေပြီ။

ကျောင်းတော်အုပ်ကြီးကို မပြောင်းရင် လူထုရဲ့ ဒေါသကို မငြိမ်းသတ်နိုင်ဘူး။

ကျောင်းတော်အုပ်ကြီးကို မပြောင်းရင် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး ”

ကောင်းကင်စစ်သည် မျိုးနွယ်စုမှ အဆင့်မြင့်သူတော်စင် တစ်ဦးမှာ အတွင်းကမ္ဘာထဲမှ ထွက်လာပြီး ဆွေ့ချီကို အေးစက်စက် စိုက်ကြည့်သည်။

“ရှေ့တန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ နင်တို့က နောက်ကွယ်ကနေ ဒီလို အကွက်တွေ ရွှေ့နေတာလား။

ဆွေ့ချီ၊ နင် ဒီနေ့ သူတို့ကို လူစုမခွဲရင် ငါ့ဓားက အလကား မဟုတ်ဘူးဆိုတာ မှတ်ထား။”

ထို ကောင်းကင်စစ်သည် သူတော်စင်မှာ ခန္ဓာကိုယ် သွယ်လျပြီး အလွန်ပင် လှပကာ အေးစက်သော အမူအရာ ရှိသည်။

သူမ ဆွေ့ဟုန်ကျူးဘေးသို့ ရောက်လာသည်နှင့် ဆွေ့ချီတို့၏ ဖိအားမှာ လျော့ကျသွားသည်။

“လွမ်းဟုန်ချန်၊ မင်းက ကောင်းကင်စစ်သည်မျိုးနွယ်စု ကျောင်းတော်ရဲ့ ကျောင်းအုပ် ဆရာကြီးပဲ၊ အမှားအမှန်ကို ခွဲခြားနိုင်စွမ်း မရှိဘူးလား ”

ဆွေ့ချီက လေးနက်စွာ ပြောသည်။

“တချို့လူတွေရဲ့ စွမ်းရည် မရှိတာသာ မဟုတ်ရင် ရှေ့တန်းက ဒီလောက် ကြာအောင် တိုက်နေရပါ့မလား”

“ငါ့ကို ဒီလို လှည့်ပတ် ပြောမနေနဲ့၊ နင် ငါ့ဓားကို မြည်းစမ်းကြည့်ချင်တာလား”

လွမ်းဟုန်ချန်၏ မျက်လုံးများမှာ အေးစက်နေသည်။

စကားဆုံးသည်နှင့် သူမရှေ့တွင် အလွန်ထက်မြက်သော ဓားတစ်လက် ပေါ်လာသည်။

၎င်းပေါ်လာသည်နှင့် နေရာရှိ ယန်တန်း သူတော်စင်များမှာ အရေပြားကို အမြဲတစေ ဖြတ်တောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

“တကယ် တိုက်ကြရင်တော့ ကျောင်းတော်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားလိမ့်မယ်။”

“မင်းတို့ မရဲပါဘူး။”

ဆွေ့ချီက ရုတ်တရက် ရယ်မောလိုက်သည်။

ထိုအချိန်တွင် ဟင်းလင်းပြင်၌ အတွင်းကမ္ဘာ အမြောက်အမြား ပေါ်ထွန်းနေသည်။

၎င်းတို့၏ ပိုင်ရှင်များမှာ သူတော်စင်ကြီးများ ဖြစ်ကြသည်။

ကျောင်းတော်၏ သက်ကြီး ဝါရင့်ပုဂ္ဂိုလ်များ။

သို့သော် ယခုထိ မည်သည့် ဝါရင့်ပုဂ္ဂိုလ်မျှ ကိုယ်တိုင် မထွက်လာသေးပေ။

သူတို့သည် အရာအားလုံးကို အေးစက်စက် ကြည့်ရှုနေကြသည်။

ဆွေ့ချီဘက်က ဘယ်သူတွေ ရပ်တည်နေသလဲ၊ ဘယ်သူတွေ ဆန့်ကျင်နေသလဲ ဆိုသည်ကို မည်သူမျှ မသိပေ။

ရုတ်တရက် ဝါရင့်ပုဂ္ဂိုလ်များ၏ မျက်နှာများမှာ ပြောင်းလဲသွားသည်။

ထို့နောက် အတွင်းကမ္ဘာ တစ်ခုမှာ ပြင်းထန်စွာ ဖိချလိုက်သည်ကို မြင်လိုက်ရသည်။

“ကောင်းကင်ဘုံရှင် ”

“ရန်သူ လာတိုက်တာလား ”

ဝါရင့်ပုဂ္ဂိုလ်များမှာ အလိုအလျောက် အတွင်းကမ္ဘာကို လှုံ့ဆော်ကာ ကျောင်းတော် အထက်သို့ ပျံတက်သွားသည်။

လွမ်းဟုန်ချန်၊ ဆွေ့ဟုန်ကျူး၊ ဆွေ့ချီတို့မှာလည်း တစ်ခုခု မှားယွင်းနေမှန်း သိလိုက်သည်။

ဝါရင့်ပုဂ္ဂိုလ်များ ရောက်လာသည်ကို မြင်လျှင်ပင် နှုတ်ဆက်ချိန် မရလိုက်ဘဲ ကြီးမားလှသော အတွင်းကမ္ဘာ တစ်ခု ကျဆင်းလာသည်ကို မြင်လိုက်ရသည်။

ထိုအတွင်းကမ္ဘာမှာ အလွန်ပင် ကြီးကျယ်ခမ်းနားလှပြီး ပေါ်လာသည်နှင့် ကျောင်းတော်တွင်း ဆူညံသံများမှာ တိတ်ဆိတ်သွားသည်။

သူတော်စင်များအားလုံးမှာလည်း ထိုအတွင်းကမ္ဘာကို အသက်ရှူမှားလောက်အောင် စိုက်ကြည့်နေကြသည်။

“ဟေး၊ မင်းတို့ ရွှေဟွေး ကျောင်းတော်က တကယ်ပဲ စည်ကားတာပဲ၊ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ဦးမယ်၊ ငါက ဟေးယွမ် နဂါးမျိုးနွယ်စုရဲ့ ကောင်းကင်ဘုံရှင်၊ ဟေးဆန်း။

မင်းတို့ နောက်ဆိုရင် ငါ့ကို ဟေးကောင်းကင်ဘုံရှင် လို့ပဲ ခေါ်ကြတော့ ”

ဟေးဆန်း၏ အသံမှာ ကျောင်းတော်တစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်။

ဟေးယွမ် နဂါးမျိုးနွယ်စု

ဒါက လင်ယောင်……

“လင်ယောင်က ချင်းမင်ကို တိုက်ခိုက်တော့မယ် ”

ဤအချိန်တွင် ရွှေဟွေး ကျောင်းတော်မှ သူတော်စင်များမှာ ကြောက်လန့်လွန်း၍ အသက်တောင် ရှူမဝတော့ပေ။

လင်ယောင်၏ ကောင်းကင်ဘုံရှင်ကို ရွှေဟွေး ကျောင်းတော်သို့ ပွင့်လင်းစွာ လာခွင့်ပြုရလောက်အောင်ပင်။

ချင်းမင်က ဒီအချိန်တိုလေးအတွင်းမှာပဲ ပျက်စီးသွားပြီလား။

ထိုနေရာရှိ သူတော်စင်များမှာ ရန်သူကို တိုက်ခိုက်ရန် ပြင်ဆင်နေချိန်။

ဟေးဆန်းက ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်တို့ကို ခေါ်ဆောင်ကာ အတွင်းကမ္ဘာထဲမှ ထွက်လာသည်။

“စိတ်မလှုပ်ရှားကြပါနဲ့၊ ငါက ချင်းမင်က လင်ယောင်မှာ ထားရှိထားတဲ့ ထောက်လှမ်းရေးပါ၊ ဒီမှာ ဖန့်ချန်နဲ့ လွမ်းဟုန်ဟွမ်တို့ကို ခေါ်လာပေးတာ။”

“……”

ဆွေ့ချီတို့ တစ်စုမှာ တစ်ခဏချင်းပင် အသံတိတ်သွားကြသည်။

အခန်း (၂၅၁၄) - ပြန်လည်လူစုကွဲကြစို့

ရွှေဟွေး ကျောင်းတော်မှာ သေလောက်အောင် တိတ်ဆိတ်သွားသည်။

သေရမည့်တိုင် တိုက်ခိုက်ရန် ပြင်ဆင်ထားသော သူတော်စင်များမှာလည်း ယခုအခါ ကိုယ်ခန္ဓာအတွင်းရှိ အတွင်းကမ္ဘာစွမ်းအင်များကို ဖြည်းညှင်းစွာ ငြိမ်သက်သွားစေလိုက်ကြသည်။

သူတို့မှာ ဟေးဆန်းကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်၊ အသက်ဝင် လန်းဆန်းနေသော ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်ကို ကြည့်လိုက် လုပ်နေကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် ဦးစွာ မယုံကြည်နိုင်ခြင်းများ ဖြစ်ပေါ်လာပြီးနောက် သံသယများအဖြစ် ပြောင်းလဲသွားသည်။

အခုလေးတင် ပေါ်လာသော ဝါရင့်ပုဂ္ဂိုလ် အုပ်စုမှာလည်း အချင်းချင်း တိတ်တဆိတ် အချက်ပြ ဆက်သွယ်နေကြသည်။

ဟေးဆန်းကို ရှေ့ဆုံးမှ အရင်စကားစပြောရဲသည့် သူ တစ်ဦးမျှ မရှိပေ။

ဟေးဆန်းမှာ ထိုမြင်ကွင်းကို မြင်လျှင် ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်တို့ဘက်သို့ အားမလိုအားမရဖြင့် ကြည့်လိုက်သည်။

“မင်းတို့ နှစ်ယောက် တစ်ခုခု ပြောကြပါဦး၊ ငါက အဝေးကြီးကနေ အသက်အန္တရာယ်ကြားထဲ တိုးပြီးတော့ကို မင်းတို့ကို ပို့ပေးလိုက်တာ၊ အခုတော့ ငါ့ကို သူခိုးတစ်ယောက်လို ကြည့်နေကြတာလား”

ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ဘာမှ ပြန်မပြောကြသေးပေ။

ဖန့်ချန်မှာ ဤကိစ္စ ဘယ်လိုဖြစ်ပျက်နေမှန်း ခဏတာ နားမလည်သေးပေ။

ဟေးဆန်းဆိုတာ တကယ်ပဲ ချင်းမင်က လင်ယောင်၏ အဓိက မဟာမိတ်အဖွဲ့ဆီ စေလွှတ်ထားတဲ့ ထောက်လှမ်းရေး ဟုတ်ပါ့မလား။

ဒီကိစ္စမှာတော့ မေးခွန်းထုတ်စရာများစွာ ရှိနေသေးသည်။

ဒီပြဿနာကို ဖြေရှင်းနိုင်မည့်သူမှာ ကောင်းကင်ဘုံရှင်များသာ ရှိသည်။

ဆွေ့ချီတို့အဖွဲ့မှာလည်း ထိုမြင်ကွင်းကို မြင်ပြီးနောက် သူတို့၏ စိတ်အစဉ်များမှာ လျင်မြန်စွာ လည်ပတ်နေသည်။ သူတို့မှာ ဘာဆက်ဖြစ်မလဲဆိုတာကို အရင်စောင့်ကြည့်ဖို့အတွက် ငြိမ်နေလိုက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် ဆွေ့ဟုန်ကျူးက ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။

“ဟေးကောင်းကင်ဘုံရှင်၊ ရှင်က တကယ်ပဲ ချင်းမင်က လင်ယောင်ဆီ စေလွှတ်ထားတဲ့ ထောက်လှမ်းရေးလား”

“တကယ်ပါ”

ဟေးဆန်းမှာ ရိုးသားဖြောင့်မတ်သော မျက်နှာပေးဖြင့် ဖြေသည်။

ဆွေ့ဟုန်ကျူးက ခဏတာ စဉ်းစားပြီးနောက် -

“ဒီကိစ္စကိုတော့ ကောင်းကင်ဘုံရှင်တွေ ကိုယ်တိုင် ထွက်လာပြီး ဖြေရှင်းပေးပါလိမ့်မယ်၊ ဟေးကောင်းကင်ဘုံရှင် ခဏလောက် စောင့်ပေးပါဦး။”

စကားကို ခဏရပ်ပြီးနောက် သူမက ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်ကို လက်ယပ်ခေါ်လိုက်သည်။

“လာခဲ့ကြ။”

“ဟေး အကြီးအကဲ၊ ဒါဆို ကျွန်တော်တို့ သွားလိုက်တော့မယ်နော်”

ဖန့်ချန်က အသာအယာ ပြောလိုက်သည်။

ဟေးကောင်းကင်ဘုံရှင်က လက်ကို ဝှေ့ယမ်းပြပြီး -

“သွားကြ၊ သွားကြ၊ ငါက မင်းတို့ကို ဖမ်းဆီးထားရဦးမှာလား”

“ပြီးတော့ ထိုက်ဟောင်ဇုန်း တို့ကိုလည်း ခေါ်သွားလိုက်ဦး။”

ထိုက်ဟောင်ဇုန်း

နောက်တစ်စက္ကန့်တွင် သူတော်စင်အားလုံးမှာ အတွင်းကမ္ဘာတံခါးဝမှတစ်ဆင့် ရှန်လုနန်းတော်၏ တပည့် ရှစ်ဦးက ထိန်းချုပ်ခေါ်ဆောင်လာသော ထိုက်ဟောင်ဇုန်း နှင့် ထိုက်ဟောင်တန် တို့ကို မြင်လိုက်ရသည်။

ယခုကဲ့သို့ ကြီးမားသော စုဝေးမှုကို မြင်လိုက်ရသည့် ထိုတပည့် ရှစ်ဦးမှာ စိတ်လှုပ်ရှားနေကြပြီး အနည်းငယ်လည်း ကြောက်ရွံ့နေကြသည်။

ထိုနေရာမှာ ရွှေဟွေး ကျောင်းတော် မဟုတ်ပါလားသူတို့ အိပ်မက်ထဲတွင်တောင် လာချင်ခဲ့သည့် နေရာပင်။

“ဒီသစ္စာဖောက် တကယ်ပဲ အဖမ်းခံလာရတာလား”

“ကောင်းလိုက်တာ”

အရပ်ရပ်မှ သူတော်စင်များမှာ ဝမ်းသာလွန်း၍ မဆုံးနိုင်ကြပေ။

ရှီးမျိုးနွယ်စုဘက်မှလွဲလျှင်ပေါ့။ သူတို့၏ စိတ်အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးနေသည်။

ထိုက်ဟောင်ဇုန်း ကြောင့် ရှီးမျိုးနွယ်စု ကျောင်းတော်မှာ အကြိမ်ကြိမ် စစ်ဆေးခံထားရသည်။ စစ်ဆေးရေးဌာန၏ အဓိက ပစ်မှတ်လည်း ဖြစ်နေသည်။

ရှီးမျိုးနွယ်စု ကျောင်းအုပ် ဆုန်ချန်တောက်နှင့် ကျောင်းအုပ် ဆရာကြီး ယန်ယွမ်တို့မှာ ထိုင်ဟောင်ဇုန်း ကို မြင်သည်နှင့် တောက်ခေါက်ဆဲဆိုလိုက်ကြသည်။

“ထိုက်ဟောင်ဇုန်း ငါယိုးမသား”

“မင်းကြောင့် ငါ့ရဲ့ ရှီးမျိုးနွယ်စုတွေ ဒုက္ခရောက်ကုန်ပြီ ”

ထိုက်ဟောင်ဇုန်း မှာ မျက်နှာပျက်စီးကာ လှုပ်ရှား၍ မရသည့်အတွက် စကားလည်း မပြောနိုင်ပေ။ ထိုသူနှစ်ဦး၏ ဆဲဆိုမှုကိုသာ ငြိမ်ခံနေရသည်။

မကြာမီပင် ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်တို့မှာ ဆွေ့ဟုန်ကျူးရှေ့သို့ ရောက်လာကြသည်။

ထိုစဉ် မျက်လုံးတစ်လုံးမှာ ရုတ်တရက် ပေါ်လာပြီး ဖန့်ချန်၊ လွမ်းဟုန်ဟွမ်၊ ထိုက်ဟောင်ဇုန်း နှင့် ရှန်လုနန်းတော် တပည့်များကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက်တွင်တော့ ထိုမျက်လုံးမှာ ဘာအသံမှ မကြားရဘဲ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။

ဖန့်ချန်မှာ ထိုမျက်လုံးကို မှတ်မိလိုက်သည်။ ၎င်းမှာ အရင်က သစွာစကား အစည်းအဝေးခန်းမတွင် ပေါ်လာခဲ့သော မျက်လုံးပင် ဖြစ်သည်။

အမှားအမှန်ကို ခွဲခြားနိုင်သည့် စွမ်းရည် ရှိဟန်တူသည်။

မည်သည့် သူတော်စင်၏ စွမ်းအားလွန် သို့မဟုတ်ရတနာပစ္စည်းမှန်း သူ မသိနိုင်ပေ။

“သူတို့ပါပဲ။”

ဆွေ့ဟုန်ကျူးမှာ စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးလိုက်သည်။

ထို့နောက်တွင် သူတော်စင်တစ်ဦးက ရှန်လုနန်းတော် တပည့်များဆီမှ ထိုက်ဟောင်ဇုန်း ကို လွှဲပြောင်းယူလိုက်သည်။

“ဆွေ့ဟုန်ကျူး အကြီးအကဲ၊ ဒီ ထိုင်ဟောင်တန်လည်း ချင်းမင်ကို သစ္စာဖောက်ထားတာပါ။”

ဖန့်ချန်က ထိုက်ဟောင်တန် ကို လက်ညှိုးထိုးပြလိုက်သည်။

ထိုက်ဟောင်တန် ၏ မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေပြီး ဖန့်ချန်ကို အငြိုးတကြီး ကြည့်နေသည်။

“အတူတူပဲ ဖမ်းလိုက်ပါ။”

ဆွေ့ဟုန်ကျူးက ပြောသည်။ ထိုက်ဟောင်တန် ကိုလည်း စစ်ဆေးရေးဌာနက တာဝန်ယူလိုက်သည်။

“သူတို့ကိစ္စကိုတော့ စစ်ဆေးရေးဌာနကပဲ နောက်ဆုံး ဆုံးဖြတ်ပါလိမ့်မယ်။”

ဆွေ့ဟုန်ကျူးက ဖန့်ချန်နှင့် လွမ်းဟုန်ဟွမ်ကို ပြုံးကာ မေးသည်။

“မင်းတို့ နှစ်ယောက် ဘာဒဏ်ရာမှ မရကြဘူးမလား”

“မရပါဘူး၊ ဒီတစ်ခါတော့ ဖန့်ချန် ကြောင့်သာ ဒဏ်ရာမရတာပါ ”

လွမ်းဟုန်ဟွမ်က ဖန့်ချန်ကို ကြည့်ကာ လေးစားစွာ ပြောသည်။

အကယ်၍ ထိုလက်စွပ်သာ မရှိခဲ့လျှင် ဟေးဆန်းက သူတို့ကို လာကယ်နိုင်မည့် အချိန်အထိ သူတို့ ဘယ်လိုခံနိုင်ပါ့မလဲ။

စောစောစီးစီးကတည်းက ယဲ့ထျန်းကူ၏ လက်ချက်ဖြင့် အရိုးတောင် ကျန်မှာ မဟုတ်တော့ပေ။

ထိုစဉ် နင် ကျောင်းအုပ် ဆရာကြီးမှာ ချင်ဂွေ့စသည့် ကာကွယ်ရေးဆရာများ၊ ဆရာများ အုပ်စုနှင့်အတူ ရောက်ရှိလာသည်။

ဖန့်ချန်ကို ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်ရသောအခါ အများစုမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။

ချင်ဂွေ့ တစ်ဦးသာ မျက်နှာတောင့်တင်းနေပြီး ဖန့်ချန်ကို အကဲခတ်နေသည်။

“နင် ကျောင်းအုပ် ဆရာကြီး၊ တခြား အကြီးအကဲများ၊ ဒီတစ်ခါ စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ်။”

ဖန့်ချန်က ရှေ့သို့တက်ကာ အရိုအသေပေးလိုက်သည်။

“ကရုဏာတောင် က ကလေးတွေက လင်ယောင်ကို လိုက်သတ်ဖို့ ကြံနေတာ၊ ငါကပဲ တားထားရတယ်။

မင်း အခုလို ပြန်ရောက်လာတာ အချိန်ကိုက်ပဲ။”

နင် ကျောင်းအုပ် ဆရာကြီးက ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်ပြီးနောက် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

အလင်းရောင်တန်းတစ်ခုမှာ လူသားမျိုးနွယ်စု ကျောင်းတော် ကရုဏာတောင်ပေါ်သို့ ကျရောက်သွားသည်။

တစ်ခဏအတွင်းမှာပင် ကရုဏာတောင်၏ ပိတ်ဆို့မှုမှာ ပျက်ပြယ်သွားတော့သည်။ ကျန်းတောက်ယွဲ့တို့မှာ ထိုမြင်ကွင်းကို စောင့်မျှော်နေသည်မှာ ကြာပြီဖြစ်၍ ချက်ချင်းပင် ထွက်လာခဲ့ကြသည်။

“ဖန့်ညီလေး၊ ဘေးကင်းဘေးကင်း ပြန်ရောက်လာတာပဲ၊ ကောင်းပါပြီ။”

ကျန်းတောက်ယွဲ့က ပြုံးလျက် ခေါင်းညိတ်သည်။ ဝမ်ချုံစန်း တို့မှာလည်း ဖန့်ချန်ကို မြင်လျှင် ဝမ်းသာအားရ ဖြစ်သွားကြပြီး စိတ်ထဲရှိသော ပူပင်မှုများလည်း ပျောက်ကွယ်သွားသည်။

ထိုစဉ် ဆွေ့ဟုန်ကျူးက ဆွေ့ချီကို ကြည့်လိုက်သည်။

“ဆွေ့ချီ ကျောင်းအုပ် ဆရာကြီး၊ ရှင်တို့က ကျောင်းတော်အုပ်ကြီး အမှားလုပ်လို့ ကျောင်းတော်မှာ မငြိမ်သက်မှုတွေ ဖြစ်နေတယ်လို့ ပြောခဲ့တယ်မဟုတ်လား။

အခုတော့ ဘာဖြစ်သွားလဲ။ လင်ယောင်ရဲ့ ဟေးကောင်းကင်ဘုံရှင်က ကျွန်မတို့ ချင်းမင်ရဲ့ ထောက်လှမ်းရေး ဖြစ်နေတယ်။

ဒီတိုက်ပွဲမှာ ချင်းမင်ပဲ နိုင်သွားတာလား၊ လင်ယောင်ပဲ နိုင်သွားတာလား”

ဆွေ့ချီ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ဟေးဆန်းကို ကြည့်လိုက်သည်။ ဟေးဆန်းက သူ့ကို ပြုံးစစဖြင့် ကြည့်နေသည်ကို မြင်တော့ သူ စိတ်ထဲတွင် ချမ်းတုန်သွားသည်။ သူ ခဏတာ တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်အောင် ကြိုးစားကာ ပြောသည်။

“ကိစ္စတွေက အခုထိ အဖြေ မထွက်သေးပါဘူး။”

စကားပြောနေစဉ်အတွင်း အတွင်းကမ္ဘာ အတော်များများမှာ ချက်ချင်း ရောက်ရှိလာသည်။

ဤအတွင်းကမ္ဘာများမှာ အလွန် ခမ်းနားပြီး ဟေးဆန်းထက် ပိုမိုပြင်းထန်သော စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။

ကျောင်းတော်မှ သူတော်စင်များမှာ ထိုမြင်ကွင်းကို မြင်သောအခါ လေးနက်စွာဖြင့် ကြည့်လိုက်ကြသလို စိတ်သက်သာရာလည်း ရသွားကြသည်။

ချင်းမင်၏ ကောင်းကင်ဘုံရှင်များ ရောက်လာကြပြီ။

“ဟေးဆန်း၊ ငါတို့ တခြားနေရာ သွားပြောရအောင်။”

ဆွေ့ရွှမ်လင်၏ အသံမှာ ပဲ့တင်ထပ်လာသည်။

တစ်ပြိုင်နက်တည်းတွင် သူ၏ အတွင်းကမ္ဘာထဲမှ လူနှစ်ဦး ထွက်လာကြသည်။ ဖန့်ချန်တို့ သိထားသော လူသားမျိုးနွယ်စု ကျောင်းတော်၏ ကျောင်းတော်အုပ် ဆရာကြီးနှင့် လွမ်းချူးတျန်းတို့ ဖြစ်ကြသည်။

ဟေးဆန်းမှာ ထိုမြင်ကွင်းကို မြင်လျှင် ပြုံးကာ ခေါင်းညိတ်သည်။

“ကောင်းပြီ၊ ဒါဆို နေရာရွှေ့ပြီး ပြောကြတာပေါ့။”

ထိုစဉ် ဆွေ့ရွှမ်လင်၏ အသံမှာ တစ်ဖန် ထွက်ပေါ်လာသည်။

“ကျောင်းတော်ကိစ္စကို ငါပြန်လာမှပဲ ပြောကြရအောင်၊ စုနေတဲ့သူတွေလည်း ပြန်လိုက်ကြတော့။”

စကားဆုံးသည်နှင့် သူနှင့် ဟေးဆန်းတို့၏ အတွင်းကမ္ဘာမှာ ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားပြီး ပျောက်ကွယ်သွားသည်။

ကျောင်းတော် အသီးသီးမှာ ‌ဆွေ့ရွှမ်လင်၏ စကားကို ကြားပြီးနောက် စုဝေးနေသော သူတော်စင်များမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် အသီးသီး ပြန်သွားကြသည်။

အခုလေးတင် ဖြစ်ပေါ်နေသော မငြိမ်သက်မှုမှာ တစ်ခဏချင်းပင် ငြိမ်းသွားခဲ့သည်။ တစ်ဦးတစ်ယောက်မျှ ထိခိုက်မှု မရှိ၊ သွေးတစ်စက်ပင် မကျခဲ့ပေ။

ဆွေ့ချီမှာ ခဏတာ တိတ်ဆိတ်နေပြီးနောက် ဆွေ့ဟုန်ကျူးတို့ကို တစ်ချက်ကြည့်ကာ ချက်ချင်းပင် လှည့်ထွက်သွားသည်။

သူ့အတွက် စုဝေးလာခဲ့ကြသော ယန်တန်််းမျိုးနွယ်စု သူတော်စင်များမှာလည်း ဆက်မနေရဲကြတော့ဘဲ အသီးသီး ပြန်သွားကြသည်။ ဘာမှ မဖြစ်ခဲ့သလိုပင်။

သို့သော် သူတို့၏ မျက်နှာများမှာမူ လေးလံနေဆဲပင်။

ထိုစဉ် နင် ကျောင်းအုပ် ဆရာကြီးနှင့် အဖွဲ့မှာ ကျောင်းတော်အုပ် ဆရာကြီးကို မြင်လိုက်ရသောအခါ အားလုံး ဝမ်းသာသွားကြသည်။

“လူသား သူတော်စင်များ အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ၊ ငါတို့ အေးအေးဆေးဆေး စကားပြောကြရအောင်။”

ကျောင်းတော်အုပ် ဆရာကြီးက ပြုံးကာ ဖန့်ချန်ကို ပြောသည်။

“မင်း ငါ့နောက်ကို လိုက်ခဲ့။”

ပြောပြီးသည်နှင့် သူသည် ဖန့်ချန်ကို ခေါ်ဆောင်ကာ လူသားမျိုးနွယ်စု ကျောင်းတော်ဆီသို့ ပျံသန်းသွားသည်။

လွမ်းချူးတျန်းမှာ ဖန့်ချန်နှင့် စကားပြောရန် ကြိုးစားသေးသော်လည်း မရတော့ဘဲ လွမ်းဟုန်ဟွမ်ကို ကြည့်ကာ မေးလိုက်သည်။

“မင်း အဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ်၊ ဒီတစ်ခါ ခရီးစဉ်က နည်းနည်း ထူးဆန်းတယ်၊ အခု ပြန်တွေးကြည့်ရင်တော့ တကယ့်ကို ရှားပါးတဲ့ အတွေ့အကြုံပါပဲ။”

လွမ်းဟုန်ဟွမ်က ညှိုးငယ်စွာ ပြန်ပြောလိုက်သည်။

All Chapters